Chapter_101

9.7K 769 16
                                    

{Zawgyi}

(ငါ့မြေးအတွက် ပစ္စည်းလေးတွေ ကြို ပြင်ထားတာ အဲ့တာဘာဖြစ်လဲ -၄)

လုပေရွှမ်း သူ့ရဲ့Master bedroomထဲရောက်တဲ့အချိန်မှာ အခန်းမီးကလင်းနေဆဲပင်။ ဒါဆပမယ့်လည်း လုပေရွှမ်းဟာ အခန်းထဲကို တိတ်တဆိတ်သာ ဝင်သွားကာ သူ့ဇနီးသည်ရီကျန်းကို ရှာဖွေလိုက်၏။ ရီကျန်းသည် ကုတင်ရဲ့အစွန်းတစ်ဖက်နား၌ မဂ္ဂဇင်းစာအုပ်ကို ကိုင်ထားရင်း အိပ်ပျော်လို့နေလေသည်။ လုပေရွှမ်းသည် ထိုမဂ္ဂဇင်းစာအုပ်ကို ရီကျန်းလက်ထဲမှ အသာအယာသာ ဆွဲထုတ်လိုက်ပေမယ့် ရီကျန်းက နိုးသွားခဲ့လေသည်။
" ရှင်ပြန်ရောက်ပြီပေါ့ "

ထိုအခါမှာ လုပေရွှမ်းသည် ဇနီးသည်၏နဖူးကို အနမ်းတစ်ပွင့်ပေးလိုက်ပြီး သူမရဲ့ဗိုက်ကို အနည်းငယ်ပွတ်သပ်ပေးလိုက်လေသည်။ ရီကျန်းက သူ၏ကိုယ်ဝန်ကို လွယ်ထားရသည်မှာ၂လကျော်ခဲ့ပြီဖြစ်ပြီး ဒီကာလဟာ သေချာဂရုစိုက်နေထိုင်ရသည့် ကာလပင်ဖြစ်၏။
" ဒီနေ့ ဘယ်လိုနေသေးလဲ "

" ပိုဝလာတယ်လို့ ခံစားရတယ် " ထို့သို့ပြောရင်း သူမဗိုက်ကို ညွှန်ပြလိုက်လေသည်။

သူမကိုယ်ဝန်ရှိနေပြီကိုကြားပြီးနောက်မှာ အမေလုသည် သူမအားတစ်နေ့ကို ၈ကြိမ်လောက် စားဖို့ သောက်ဖို့ ပြင်ဆင်ပေးလေတယ်။ ဒါကြောင့်လည်း ကိုယ်ဝန်သက်တမ်းတိုတိုလေးသာရှိသေးပေမယ့် သူမတွင် မေးနှစ်ထပ်ပင်ဖြစ်တော့မည့်အပြင် ဗိုက်ကလည်း ပိုပိုပူလာရချေ ၏။ ကလေးမွေးပြီးနောက်မှာ သူမဘယ်လောက်တောင်ဝလာမလဲ ဆိုတာကိုတွေးပူလို့နေရပေသည်။

" ကိုယ်ဝန်က၂လတောင်ရှိနေပြီလေ အဲ့ဒါကြောင့်ဗိုက်နည်းနည်းပူလာတာနေမှာပါ ပြီးတော့ မင်း weightတက်လာရင် ပိုတောင်ကောင်းသေးတယ်လေ " လုပေရွှမ်းကပြုံးရင်း ထိုသို့ပြန်ပြောလေသည်။ ထို့နောက် ဇနီးသည်ကို တစ်ချက်ပြန်ကြည့်လိုက်ကာ " စောနက ဧည့်ခန်းထဲမှာ အမေ့ကို တွေ့ခဲ့တယ် ကြည့်ရတာဝမ်းနည်းနေတဲ့ပုံပဲ ဘာဖြစ်ထားကြတာလဲ "

" ဘာမှထွေထွေထူးထူး မဟုတ်ပါဘူး " ထို့နောက် တစ်ခဏလောက်တိတ်ဆိတ်သွားပြီးမှ ရီကျန်းက လုပေရွှမ်းကိုတစ်ဖန်ပြန်ကြည့်လိုက်ရုင်း
" အမေက ကလေးကို အရမ်းအလိုလိုက်လွန်းတယ်လို့ မထင်ဘူးလားဟင် "

ဗီလိန်ရဲ့ကိုယ်ဝန်ကိုလွယ်ထားရပြီ/ ဗီလိန္ရဲ႕ကိုယ္ဝန္ကိုလြယ္ထားရၿပီ(mm translation)Where stories live. Discover now