Chapter 200 to 202

2.7K 432 6
                                    

Zawgyi
Chapter 200
{ ကျွန်မက ဒုတိယမျိုးဆက်ကသူတစ်ယောက်ကို ဒေါသထွက်အောင် လုပ်မိရင် ရှင့်အတွက် ပြဿနာရှိနိုင်လား - ၂ }

လုရှောင်ယန် ပြောသည်က မှန်ပေတယ်...

ယူကျန်းရဲ့မိဘနှစ်ပါးဟာ သူငယ်စဉ်ကပင် သေဆုံးသွားခဲ့တာကြောင့် အဖိုးဖြစ်သူသာ စောင့်ရှောက်လာခဲ့ခြင်းဖြစ်ပြီး ယူကျန်းရဲ့အဖိုးဟာ သူ့မြေးကို အရမ်းချစ်တာကြောင့် သူလိုချင်သမျှ အရာအားလုံးကို ပေးခဲ့လေသည်... အဖိုးဖြစ်သူဟာ သူအသက်ရွယ်ရလာချိန်မှသာ မြေးဖြစ်သူကို အလွန်အမင်းအလိုလိုက်ခဲ့မိပြီဟု တွေးမိတော့၏... သို့သော် ထိုချိန်တွင် အတော်လေးအချိန်နှောင်းခဲ့လေပြီဖြစ်လေတယ်... ယူကျန်းဟာ မိသားစုပိုင်ဆိုင်မှုများကို စီမံနိုင်လိမ့်မည်ဟု ကြိုတွေးမိတာကြောင့်လည်း စီမံခွင့်တို့ကို
ယုံကြည်ရလောက်သည့်သူ လက်ထဲတွင် ထားထားလေ၏... ထို့မှသာ ယူကျန်းက မိသားစုပိုင်ဆိုင်မှုတို့ကို ဖြုန်းချိန်တွင်တောင် သူ့တစ်သက်စာ စားနိုင်ရန် အနည်းအကျဉ်းကျန်ရှိမည်လေ...

ကုမ္မဏီတော်တော်များများက ယူကျန်းအား မျက်နှာသာပေးခြင်းဟာ သူ့အဖိုးရဲ့သြဇာကြီးမှုကြောင့်သာဖြစ်လေတယ်... သို့သော် လုပေရွှမ်းကတော့ ထိုသိုမဟုတ်ချေ...

ယူကျန်းသည် ကားစီယာတိုင်ကို ဒေါသတကြီး ထပ်ရိုက်လိုက်ပြန်သည်...

" ငါပြောတာ နားထောင်... ဒေါသတကြီး မလုပ်လိုက်နဲ့အုံး ဟုတ်ပြီလား... တစ်ခုခု မလုပ်ခင် ရေရှည်ကို အရင်စဉ်းစား... "

လုရှောင်ယန်သည် ယူကျန်းရဲ့အကျင့်ကို ကောင်းကောင်းသိပေ၏... သူဟာ တခြားကိစ္စတွင် ယခုလိုဒေါသမကြီးတတ်သော်ငြား မိန့်ကျဲနှင့် ပတ်သက်ပြီး အတော်လေး စိတ်ပေါက်တတ်သူပင်...

လုရှောင်ယန်သည် လုပေရွှမ်းနှင့် ယူကျန်းတို့ကြားတွင် ဘယ်လိုပြဿနာဖြစ်အောင် လုပ်ရမလဲဟု စဉ်းစားနေသည်မှာ ကြာခဲ့လေပြီဖြစ်သည်... ယခုတွင် မမျှော်လင့်ပါဘဲ လုပေရွှမ်းဟာ ယူကျန်းရှေ့တွင် ပိတ်ရပ်လိုက်လေ၏...

ယူကျန်းသည် လုရှောင်ယန်ပြောသည့်စကားကို ခေတ္တမျှတွေးတောလိုက်ပြီးနောက် " စိတ်မပူနဲ့... ငါဘာလုပ်ရမယ်ဆိုတာ ငါသိတယ်... "

ဗီလိန်ရဲ့ကိုယ်ဝန်ကိုလွယ်ထားရပြီ/ ဗီလိန္ရဲ႕ကိုယ္ဝန္ကိုလြယ္ထားရၿပီ(mm translation)Where stories live. Discover now