ထိုမှစခဲ့သော အချစ်များစွာသည်

By Fiendyy

638K 69.1K 1K

Translation of ❛ The Long-awaited Mr. Han『韩先生,情谋已久』❜ written by the author As If Dawn『恍若晨曦』. Story Cover is n... More

INTRO
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36
37
38
39
40
41
42
43
44
45
46
47
48
49
50
51
52
53
54
55
56
57
58
59
60
61
62
63
64
65
66
67
68
69
70 + Paid Group Details
71
72
73
74
75
76
77
78
79
80
81
82
83
84
85
86
87
88
89
90
91
92
93
94
95
96
97
98
99
100
102
103
104
105
106
107
108
109
110
111 ~ 113
114 ~ 115
116 ~ 120
121 ~ 125
126 ~ 130
131 ~ 135
136 ~ 140
141 ~ 145
146 ~ 150
151 ~ 155
156 ~ 160
161 ~ 165
166 ~ 170
171 ~ 175
176 ~ 180
181 ~ 185
186 ~ 190
191 + 192
193 + 194
195 + 196
197 + 198
199 + 200
201 + 202
203 + 204
205 + 206
207 + 208
209 + 210

101

2.7K 275 0
By Fiendyy

Unicode:

အခန်း [ ၁၀၁ ]

“ သိပါတယ် ”
ယဲ့ရှောင်ရှင်း သုတ်သုတ်ထွက်သွားလေသည်။

ထိုစဥ်မှာ လုမန်က ဟန်ကျိုးလီရုံးခန်းတွင် ထိုင်နေခဲ့သည်။ တော်တော်ကြာပြီဆိုပေမယ့် ဘယ်သူမှတော့ သောက်စရာ လာမပို့သေးပေ။

သေးနုပ်သောကိစ္စဖြစ်ကာ သည်းမခံနိုင်တာမျိုးမဟုတ်ပေမယ့် လောလောဆယ် သူမ ရေတအားဆာနေ၏။

ထို့ပြင် အစည်းအဝေးက ဘယ်တော့မှ ပြီးမည် မသိ။ ဟန်ကျိုးလီနှင့် ပြောရေးရှိတာကို အက်ရှရှအသံကြီးနဲ့ဆိုလျှင် မဖြစ်ချေ။ 

ထို့ကြောင့် သူဌေးရုံးခန်း၏ အခြားတစ်ဖက်ရှိ အတွင်းရေးမှူးရုံးခန်းသို့ ထွက်လာခဲ့ရကာ..

ယဲ့ရွှမ်းရွှမ်းရဲ့ရုံးစားပွဲက တံခါးအနီးမှာ ရှိနေပြီး..

“ တစ်ဆိတ်လောက် .. သောက်ရေတစ်ခွက်လောက် ရမလားရှင် ”

စားပွဲရှေ့မှာ ရပ်ပြီး ယဥ်ကျေးစွာ မေးလိုက်တာကို ယဲ့ရွှမ်းရွှမ်းက တစ်ချက်ပဲ မော့ကြည့်ပြီး လက်သည်းတွေ တံစဥ်းတိုက်ရအောင် ပြန်ငုံ့သွားသည်။ ပြီးမှ

“ တို့မအားဘူး၊ ကိုယ့်ဘာသာ သွားခပ်ပါလား ”

လုမန် မျက်နှာ မှုန်ကုပ်ကုပ်လေးဖြစ်သွားသည်။ အလုပ်ထဲကိုရောက်တာ ပထမဆုံးနေ့ဆိုပေမယ့် ပြည်သူ့ဆက်ဆံရေးဌာနကလူတွေအားလုံး အဆိုးတွေမြင်နေခဲ့တာကို လုချီယွမ်ကြောင့်မှန်း သိနေ၍ နားလည်ပေးလို့ရသည်။ 

ဒါပေမဲ့ ရှေ့က တစ်ယောက်က ဘာဖြစ်တာလဲ၊

ဘယ်သူမှန်း မသိတဲ့ဟာ ဘာဖြစ်လို့ ရန်လုပ်တဲ့လေသံနဲ့ ဆိုနေတာလဲ..

ဝန်ထမ်းကတ်ကို မသိမသာ ကြည့်လိုက်တော့ ယဲ့ရွှမ်းရွှမ်း လို့ရေးထားတာကို တွေ့သည်။

ကိုယ့်ဘာသာအကြည့်လွှဲပြီး ပြန်လျှောက်လာခဲ့တော့ အနောက်ဘက်မှ လေသံသဲ့သဲ့လေးက နားထဲရောက်လာခဲ့၏။

“ အလုပ်အကျွေးပြုရအောင် သူ့ကိုယ်သူ ဘာထင်နေလဲမသိဘူး၊ ဦးဆုံး ခေါင်းဆောင်လည်းမဟုတ်၊ နောက် ဖောက်သည်အဝယ်တော်လည်းမဟုတ်တာကို ဘာအခွင့်အရေးတွေရှိနေလို့ .. ”

လုမန် သွားနေတာကိုရပ်ပြီး ပြန်လှည့်လိုက်ကာ..
“ ရှင့်ကို စော်ကားသလို ရိုင်းပျတာမျိုး ကျွန်မပြောမိ လုပ်မိခဲ့လို့လား၊ မသိခဲ့တဲ့အရင်က စော်ကားမိတာတွေရော ရှိခဲ့ဖူးလို့လား ”

ယဲ့ရွှမ်းရွှမ်း မှင်တက်ဒေါသဖြစ်သွားလျက်
“ တို့ကို ပြောနေတာလား ”

လူသစ်ကများ အောက်ကျို့နာခံတတ်ခြင်းမရှိ .. သူမနဲ့ ထိပ်တိုက်ရင်ဆိုင်ချင်တာလား..

“ ဟုတ်တယ် ”
လုမန်က ယဲ့ရွှမ်းရွှမ်းနှင့် မျက်နှာချင်းဆိုင်ဖြစ်အောင် ပြန်လျှောက်သွားလိုက်သည်။
“ ကျွန်မ ဒီနေ့မှ အလုပ်ကို ရောက်တာပါ၊ ဒါပေမဲ့ ရှင့်ကိုတော့ အရင်က လုံးဝ မတွေ့ဖူးဘူး၊ ဒီတော့ ပုတ်ခတ်စော်ကားခဲ့မိတာမျိုး မရှိနိုင်ဘူး ”

“ တို့အလုပ်ကို နှောင့်ယှက်တယ်လေ၊ ဒါ စော်ကားလိုက်တာပဲ ”
သူမလို ဝါရင့်ဝန်ထမ်းကို ပြန်ခံပြောရဲနေတာကို ယဲ့ရွှမ်းရွှမ်း မယုံကြည်နိုင်ပါ။

“ အလုပ်... ”
သံယောင်လိုက်ရွတ်ရင်း လုမန်က ပြုံး၏။
“ ဒါဆို ရှင့်အလုပ်က လက်သည်းတိတာပေါ့နော်၊ ခု သိရပြီပဲ၊ နောက် အစည်းအဝေးပြီးတော့မှ လက်ထောက်ကျန့်ကို သွားမေးကြည့်ပါဦးမယ်၊ ဒီလိုသင့်တင့်ကောင်းမွန်တဲ့အလုပ်အတွက် ရာထူးနေရာလစ်သေးလားလို့၊ ရှိရင် ကျွန်မလည်း လုပ်ချင်တာပေါ့ ”

“ နင်! ”
ယဲ့ရွှမ်းရွှမ်း ဒေါပွပြီး နေရာမှ ထရပ်ပစ်လိုက်ကာ
“ နင်က ငါ့ကို တိုင်ပြောချင်တာလား ”

ရောက်တာနေ့တစ်ပိုင်းလားရှိသေးတယ် အတိုင်အတောထူချင်နေပြီ ကုမ္ပဏီမှာ အလုပ်ဆက်လုပ်ချင်သေးရဲ့လား!

“ ကျွန်မက ဒီတိုင်း အလုပ်နဲ့ပတ်သက်တဲ့ မသိတဲ့ကိစ္စကို မေးချင်ရုံပါ ”
လုမန် မပီမပြင်ပြုံးပြီး ထွက်လာခဲ့သည်။

ယဲ့ရွှမ်းရွှမ်းက ထိတ်ထိတ်ပျာပျာဖြစ်ကျန်ခဲ့၏။ ကျန့်ထျန်းမင်ကို တကယ်ပြောပစ်လိုက်မှာတော့ ကြောက်သည်။

အလုပ်မပြုတ်ပေမယ့် အဆူခံရမယ့်အရေးကနေ လွတ်လမ်းမရှိတာ သေချာနေ၏။

ပြီးတော့ ဒီလို မျက်နှာငယ် ကျန်ခဲ့ရတာကိုလည်း လက်မခံနိုင်ကာ..

“ ဟေ့ ရပ်လိုက်စမ်း..! ”
အသည်းအသန်လှမ်းအော်လိုက်သံက ခပ်ကျယ်ကျယ်ဖြစ်ပြီး တစ်ထပ်လုံး ကြားရလောက်၏။

အလုပ်စားပွဲကို ကွေ့ပတ်ထွက်ပြီး လုမန်နောက်လိုက်မည်ပြင်တော့ လုပ်ဖော်ကိုင်ဖက်က ဖမ်းဆွဲထားကာ
“ ဘာတွေလုပ်နေတာလဲ၊ အစည်းအဝေးခန်းက ဒီနဲ့ မလှမ်းမကမ်းလေးမှာ၊ ခုချိန်ဆို လူကြီးတွေအားလုံး စုံနေကြပြီ၊ လုမန် တိုင်ရင် အဆူခံရရုံပဲရှိမှာ၊ လူကြီးတွေ ကြားသွားရင်တော့ ဆူတာနဲ့တင်ပြီးသွားမှာ မဟုတ်ဘူး၊ နင် ဒီမှာ အလုပ်ဆက်မလုပ်ချင်တော့ဘူးလား ”

ထို့ကြောင့် ယဲ့ရွှမ်းရွှမ်း ရပ်တန့်လိုက်ရပေမယ့် ကိုယ့်ကံကြမ္မာကို ကြိတ်မှိတ်လက်မခံလိုသေး။
“ ဒါဆို ဒီတိုင်း ခွင့်ပြုပေးလိုက်ရမှာလား၊ တကယ် အထင်သေးမိသွားတာ၊ ပထမဆုံးနေ့သာဆိုတယ် မောက်မာလိုက်တာ! ”

“ နောက်ထပ် အခွင့်အရေးတွေ ရှိသေးတယ်မဟုတ်လား၊ နောင်ရေးဟာ ရှည်လျားပါတယ်၊ စစ်မရောက်ခင် မြားကုန်ခံမလို့လား ”

ထိုအခါမှ ယဲ့ရွှမ်းရွှမ်းကို စည်းရုံးလိုက်နိုင်၏။
“ ဒီတိုင်း မကျေပေးနိုင်ဘူး ”

သူမက ဘာပြောနိုင်မှာလဲ..

ပြီးတော့ လုမန်ကို ယဲ့ရွှမ်းရွှမ်းပြဿနာရှာတာကို မကြိုက်ပါ၊ လုမန်က ပုတ်ခတ်ခဲ့တာမှမဟုတ်ဘဲ။ 

ယဲ့ရွှမ်းရွှမ်းညီမကလည်း တကယ် ဘာမှကောင်းတာကိုမရှိပေ၊ သူတစ်ပါးအေးအေးချမ်းချမ်းနေရရင် မခံနိုင်ဖြစ်ပြီး အထက်ဖားအောက်ဖိသည့် လူစားမျိုး။

ယဲ့ရှောင်ရှင်းသာ အဲ့လိုပဲ ဆက်ဖြစ်နေမယ်ဆိုရင် တစ်နေ့နေ့ တစ်ချိန်ချိန်မှာ ယဲ့ရွှမ်းရွှမ်းလည်း သူ့လိုပဲ ဖြစ်သွားလိမ့်မှာသေချာပါသည်။

ယဲ့ရွှမ်းရွှမ်း နေရာမှာ ပြန်ထိုင်ဖို့ ပြင်လိုက်စဥ်မှာ ဟန်ကျိုးလီရဲ့ဦးကြီး ဟန်တုံးဖျင်က ၂၄ နှစ်အရွယ် ကောင်မချောလေးတစ်ဦးနှင့်အတူ ရုံးခန်းသို့ ရောက်ချလာလေသည်။

*****

Zawgyi:

အခန္း [ ၁၀၁ ]

“ သိပါတယ္ ”
ယဲ့ေရွာင္ရွင္း သုတ္သုတ္ထြက္သြားေလသည္။

ထိုစဥ္မွာ လုမန္က ဟန္က်ိဳးလီရံုးခန္းတြင္ ထိုင္ေနခဲ့သည္။ ေတာ္ေတာ္ၾကာၿပီဆိုေပမယ့္ ဘယ္သူမွေတာ့ ေသာက္စရာ လာမပို႔ေသးေပ။

ေသးႏုပ္ေသာကိစၥျဖစ္ကာ သည္းမခံႏိုင္တာမ်ိဳးမဟုတ္ေပမယ့္ ေလာေလာဆယ္ သူမ ေရတအားဆာေန၏။

ထို႔ျပင္ အစည္းအေဝးက ဘယ္ေတာ့မွ ၿပီးမည္ မသိ။ ဟန္က်ိဳးလီႏွင့္ ေျပာေရးရိွတာကို အက္ရွရွအသံႀကီးနဲ႔ဆိုလ်ွင္ မျဖစ္ေခ်။ 

ထို႔ေၾကာင့္ သူေဌးရံုးခန္း၏ အျခားတစ္ဖက္ရိွ အတြင္းေရးမွဴးရံုးခန္းသို႔ ထြက္လာခဲ့ရကာ..

ယဲ့ရႊမ္းရႊမ္းရဲ့ရံုးစားပြဲက တံခါးအနီးမွာ ရိွေနၿပီး..

“ တစ္ဆိတ္ေလာက္ .. ေသာက္ေရတစ္ခြက္ေလာက္ ရမလားရွင္ ”

စားပြဲေရ႔ွမွာ ရပ္ၿပီး ယဥ္ေက်းစြာ ေမးလိုက္တာကို ယဲ့ရႊမ္းရႊမ္းက တစ္ခ်က္ပဲ ေမာ့ၾကည့္ၿပီး လက္သည္းေတြ တံစဥ္းတိုက္ရေအာင္ ျပန္ငံု႔သြားသည္။ ၿပီးမွ

“ တို႔မအားဘူး၊ ကိုယ့္ဘာသာ သြားခပ္ပါလား ”

လုမန္ မ်က္ႏွာ မႈန္ကုပ္ကုပ္ေလးျဖစ္သြားသည္။ အလုပ္ထဲကိုေရာက္တာ ပထမဆံုးေန့ဆိုေပမယ့္ ျပည္သူ႔ဆက္ဆံေရးဌာနကလူေတြအားလံုး အဆိုးေတျြမင္ေနခဲ့တာကို လုခ်ီယြမ္ေၾကာင့္မွန္း သိေန၍ နားလည္ေပးလို႔ရသည္။ 

ဒါေပမဲ့ ေရ႔ွက တစ္ေယာက္က ဘာျဖစ္တာလဲ၊

ဘယ္သူမွန္း မသိတဲ့ဟာ ဘာျဖစ္လို႔ ရန္လုပ္တဲ့ေလသံနဲ႔ ဆိုေနတာလဲ..

ဝန္ထမ္းကတ္ကို မသိမသာ ၾကည့္လိုက္ေတာ့ ယဲ့ရႊမ္းရႊမ္း လို႔ေရးထားတာကို ေတြ့သည္။

ကိုယ့္ဘာသာအၾကည့္လႊဲၿပီး ျပန္ေလ်ွာက္လာခဲ့ေတာ့ အေနာက္ဘက္မွ ေလသံသဲ့သဲ့ေလးက နားထဲေရာက္လာခဲ့၏။

“ အလုပ္အေကြၽးျပဳရေအာင္ သူ႔ကိုယ္သူ ဘာထင္ေနလဲမသိဘူး၊ ဦးဆံုး ေခါင္းေဆာင္လည္းမဟုတ္၊ ေနာက္ ေဖာက္သည္အဝယ္ေတာ္လည္းမဟုတ္တာကို ဘာအခြင့္အေရးေတြရိွေနလို႔ .. ”

လုမန္ သြားေနတာကိုရပ္ၿပီး ျပန္လွည့္လိုက္ကာ..
“ ရွင့္ကို ေစာ္ကားသလို ရိုင္းပ်တာမ်ိဳး ကြၽန္မေျပာမိ လုပ္မိခဲ့လို႔လား၊ မသိခဲ့တဲ့အရင္က ေစာ္ကားမိတာေတြေရာ ရိွခဲ့ဖူးလို႔လား ”

ယဲ့ရႊမ္းရႊမ္း မွင္တက္ေဒါသျဖစ္သြားလ်က္
“ တို႔ကို ေျပာေနတာလား ”

လူသစ္ကမ်ား ေအာက္က်ိဳ႕နာခံတတ္ျခင္းမရိွ .. သူမနဲ႔ ထိပ္တိုက္ရင္ဆိုင္ခ်င္တာလား..

“ ဟုတ္တယ္ ”
လုမန္က ယဲ့ရႊမ္းရႊမ္းႏွင့္ မ်က္ႏွာခ်င္းဆိုင္ျဖစ္ေအာင္ ျပန္ေလ်ွာက္သြားလိုက္သည္။
“ ကြၽန္မ ဒီေန့မွ အလုပ္ကို ေရာက္တာပါ၊ ဒါေပမဲ့ ရွင့္ကိုေတာ့ အရင္က လံုးဝ မေတြ့ဖူးဘူး၊ ဒီေတာ့ ပုတ္ခတ္ေစာ္ကားခဲ့မိတာမ်ိဳး မရိွႏိုင္ဘူး ”

“ တို႔အလုပ္ကို ေနွာင့္ယွက္တယ္ေလ၊ ဒါ ေစာ္ကားလိုက္တာပဲ ”
သူမလို ဝါရင့္ဝန္ထမ္းကို ျပန္ခံေျပာရဲေနတာကို ယဲ့ရႊမ္းရႊမ္း မယံုၾကည္ႏိုင္ပါ။

“ အလုပ္... ”
သံေယာင္လိုက္ရြတ္ရင္း လုမန္က ၿပံဳး၏။
“ ဒါဆို ရွင့္အလုပ္က လက္သည္းတိတာေပါ့ေနာ္၊ ခု သိရၿပီပဲ၊ ေနာက္ အစည္းအေဝးၿပီးေတာ့မွ လက္ေထာက္က်န္႔ကို သြားေမးၾကည့္ပါဦးမယ္၊ ဒီလိုသင့္တင့္ေကာင္းမြန္တဲ့အလုပ္အတြက္ ရာထူးေနရာလစ္ေသးလားလို႔၊ ရိွရင္ ကြၽန္မလည္း လုပ္ခ်င္တာေပါ့ ”

“ နင္! ”
ယဲ့ရႊမ္းရႊမ္း ေဒါပြၿပီး ေနရာမွ ထရပ္ပစ္လိုက္ကာ
“ နင္က ငါ့ကို တိုင္ေျပာခ်င္တာလား ”

ေရာက္တာေန့တစ္ပိုင္းလားရိွေသးတယ္ အတိုင္အေတာထူခ်င္ေနၿပီ ကုမၸဏီမွာ အလုပ္ဆက္လုပ္ခ်င္ေသးရဲ့လား!

“ ကြၽန္မက ဒီတိုင္း အလုပ္နဲ႔ပတ္သက္တဲ့ မသိတဲ့ကိစၥကို ေမးခ်င္ရံုပါ ”
လုမန္ မပီမျပင္ၿပံဳးၿပီး ထြက္လာခဲ့သည္။

ယဲ့ရႊမ္းရႊမ္းက ထိတ္ထိတ္ပ်ာပ်ာျဖစ္က်န္ခဲ့၏။ က်န္႔ထ်န္းမင္ကို တကယ္ေျပာပစ္လိုက္မွာေတာ့ ေၾကာက္သည္။

အလုပ္မျပဳတ္ေပမယ့္ အဆူခံရမယ့္အေရးကေန လြတ္လမ္းမရိွတာ ေသခ်ာေန၏။

ၿပီးေတာ့ ဒီလို မ်က္ႏွာငယ္ က်န္ခဲ့ရတာကိုလည္း လက္မခံႏိုင္ကာ..

“ ေဟ့ ရပ္လိုက္စမ္း..! ”
အသည္းအသန္လွမ္းေအာ္လိုက္သံက ခပ္က်ယ္က်ယ္ျဖစ္ၿပီး တစ္ထပ္လံုး ၾကားရေလာက္၏။

အလုပ္စားပြဲကို ေကြ့ပတ္ထြက္ၿပီး လုမန္ေနာက္လိုက္မည္ျပင္ေတာ့ လုပ္ေဖာ္ကိုင္ဖက္က ဖမ္းဆြဲထားကာ
“ ဘာေတြလုပ္ေနတာလဲ၊ အစည္းအေဝးခန္းက ဒီနဲ႔ မလွမ္းမကမ္းေလးမွာ၊ ခုခ်ိန္ဆို လူႀကီးေတြအားလံုး စံုေနၾကၿပီ၊ လုမန္ တိုင္ရင္ အဆူခံရရံုပဲရိွမွာ၊ လူႀကီးေတြ ၾကားသြားရင္ေတာ့ ဆူတာနဲ႔တင္ၿပီးသြားမွာ မဟုတ္ဘူး၊ နင္ ဒီမွာ အလုပ္ဆက္မလုပ္ခ်င္ေတာ့ဘူးလား ”

ထို႔ေၾကာင့္ ယဲ့ရႊမ္းရႊမ္း ရပ္တန္႔လိုက္ရေပမယ့္ ကိုယ့္ကံၾကမၼာကို ႀကိတ္မိွတ္လက္မခံလိုေသး။
“ ဒါဆို ဒီတိုင္း ခြင့္ျပဳေပးလိုက္ရမွာလား၊ တကယ္ အထင္ေသးမိသြားတာ၊ ပထမဆံုးေန့သာဆိုတယ္ ေမာက္မာလိုက္တာ! ”

“ ေနာက္ထပ္ အခြင့္အေရးေတြ ရိွေသးတယ္မဟုတ္လား၊ ေနာင္ေရးဟာ ရွည္လ်ားပါတယ္၊ စစ္မေရာက္ခင္ ျမားကုန္ခံမလို႔လား ”

ထိုအခါမွ ယဲ့ရႊမ္းရႊမ္းကို စည္းရံုးလိုက္ႏိုင္၏။
“ ဒီတိုင္း မေက်ေပးႏိုင္ဘူး ”

သူမက ဘာေျပာႏိုင္မွာလဲ..

ၿပီးေတာ့ လုမန္ကို ယဲ့ရႊမ္းရႊမ္းျပႆနာရွာတာကို မႀကိဳက္ပါ၊ လုမန္က ပုတ္ခတ္ခဲ့တာမွမဟုတ္ဘဲ။ 

ယဲ့ရႊမ္းရႊမ္းညီမကလည္း တကယ္ ဘာမွေကာင္းတာကိုမရိွေပ၊ သူတစ္ပါးေအးေအးခ်မ္းခ်မ္းေနရရင္ မခံႏိုင္ျဖစ္ၿပီး အထက္ဖားေအာက္ဖိသည့္ လူစားမ်ိဳး။

ယဲ့ေရွာင္ရွင္းသာ အဲ့လိုပဲ ဆက္ျဖစ္ေနမယ္ဆိုရင္ တစ္ေန့ေန့ တစ္ခ်ိန္ခ်ိန္မွာ ယဲ့ရႊမ္းရႊမ္းလည္း သူ႔လိုပဲ ျဖစ္သြားလိမ့္မွာေသခ်ာပါသည္။

ယဲ့ရႊမ္းရႊမ္း ေနရာမွာ ျပန္ထိုင္ဖို႔ ျပင္လိုက္စဥ္မွာ ဟန္က်ိဳးလီရဲ့ဦးႀကီး ဟန္တံုးဖ်င္က ၂၄ ႏွစ္အရြယ္ ေကာင္မေခ်ာေလးတစ္ဦးႏွင့္အတူ ရံုးခန္းသို႔ ေရာက္ခ်လာေလသည္။

*****

Continue Reading

You'll Also Like

19.7K 1.2K 69
绝色倾城 ဆိုတဲ့စကားလုံးက အရိုးရှင်းဆုံးဆိုရလျှင် 'မိန်း​မောသွား​လောက်တဲ့ထိစွဲလမ်းခြင်း' လို့အဓိပ္ပါယ်ရပါတယ်။လူတစ်​​ယောက်ကိုပဲဖြစ်ဖြစ် အရာဝတ္ထုတစ်ခုကိုပဲဖ...
4.2K 87 3
After enduring months of unimaginable loss, Maisie Monroe rebuilds her life alongside her family. As she navigates the challenges of college and grap...
38.1K 2K 17
When Boun Guntachai's parents discovered their son was gay, they vowed to never interfere or sabotage his relationships, but he never imagined in a m...
3.7M 293K 96
RANKED #1 CUTE #1 COMEDY-ROMANCE #2 YOUNG ADULT #2 BOLLYWOOD #2 LOVE AT FIRST SIGHT #3 PASSION #7 COMEDY-DRAMA #9 LOVE P.S - Do let me know if you...