Near the love (Complete)

By KhineLay443

51.7K 2.8K 188

Uni ဒါလေးက My son or boyfriend ရဲ့ Season 2 လေးဖြစ်ပါတယ်... Zaw ဒါေလးက My son or boyfriend ရဲ႕ Season 2 ေလးျဖ... More

Note
Near the love 1
Near the love 2
Near the love 3
Near the love 4
Near the love 5
Near the love 6
Near the love 7
Near the love 8
Near the love 9
Near the love 10
Near the love 11
Near the love 12
Near the Love 13
Near the love 14
Near the love 15
Near the love 16
Near the love 17
Near the love 18
Near the love 19
Near the love 20
Near the love 21
Near the love 23
Near the love 24
Near the love 25
Near the love 26
Near the love 27
Near the love 28
Near the love 29
Near the love 30
Sorry
Near the love 31
Near the love 32
Near the love 33
Near the love 34
Near the love 35
Near the love 36
Near the Love 37
Near the love 38
Near the Love 39
Near the Love 40
Near the love 41
Near the Love 42
Near the Love 43
Near the Love 44
Near the Love 45
Near the love 46
Near the Love 47
Near the Love 48
Near the Love 49
Near the Love 50
Near the Love 51
Near the Love 52
Near the Love 53
Near the Love 54
Near the Love 55
Near the Love 56 Final
Thanks

Near the love 22

741 52 0
By KhineLay443

Uni

အမေရှိစဥ်တုန်းက မသိခဲ့ရသော အဖေ့အကျင့်တွေက ဘူးပေါ်သလိုပေါ်လာခဲ့သည်။ ငယ်လွန်းတဲ့မိမိကပဲမသိတာလား။ အမေကပဲသိသိရက်နဲ့ဖုံးထားတာလား။

အိမ်ပြန်လာတဲ့ရက်တွေကလဲ နည်းသထက်နည်းလာသည်။ တစ်ခါတစ်လေ ကိုယ်တောင်မသိလိုက်ပဲ မြန်မာပြည်ကိုရောက်ရောက်သွားတဲ့ အကြိမ်ကလည်းမနည်း။

တစ်ခါတစ်လေ မူးပြီးပြန်လာပြီး ဘေးမှာ မိန်းမတစ်ယောက် ဒါမှမဟုတ် ယောက်ျားတစ်ယောက်ပါလာတတ်သည်။

ဒါတွေမြင်ပါများလာတော့ လူကဂရုတောင်မစိုက်မိတော့...

'ဒေါက်..ဒေါက် '
"သား...အဖေဝင်လာမယ်နော်" ဆိုကာဝင်လာသည်။

"ငါ့သားလေး နေကောင်းရဲ့လား။"
"ဘာကိစ္စရှိလို့လဲ"

"သြော်...သားလဲအလယ်တန်းပြီးလို့ အထက်တန်းတောင်ရောက်တော့မယ်။ အရပ်ကြီးကလဲရှည်လိုက်လိုက်တာ။ ဒါနဲ့ သားကို အဖေပြောစရာရှိတယ်။"

ထင်သားပဲ အရင်ကအဲ့လောက်အရေးတယူမရှိတဲ့ အဖေက ဒီနေ့မှ သေချာစကားတွေလာပြောနေတာကြောင့် ထူးဆန်းနေပါတယ်လို့

"သား ကို အဖေ လက်ဆင့်ကမ်းအမွေပေးစရာရှိတယ်"
"ဘာကိုလဲ"

"လာ...အဖေ့အနောက်လိုက်ခဲ့" ဆိုတာကြောင့် Don လဲ လိုက်သွားလိုက်သည်။

ဒီအိမ်တော်မှာ ငယ်ငယ်ကတည်းက နေခဲ့သော်လဲ ခုလိုလျှို့ဝှက်မြေအောက်ခန်းရှိတာ Donအခုမှသိသည်။

အိမ်ကကျယ်သောကြောင့် ဒါရှိတာ သိတဲ့သူရှားမဲ့ပုံ
မြေအောက်ရောက်သွားတာနဲ့ ညှီနံ့တွေကလှိုက်တတ်လာတော့ လူကပျို့ချင်လာလေသည်။

ထောင့်တစ်နေရာရောက်တော့ အခန်းတစ်ခန်းထဲကို ဝင်သွားသောအဖေ...
Don လဲလိုက်ဝင်သွားတော့ လက်နက်တွေတွေအစုံနှင့်ရှိသော အခန်းတစ်ခု.....

အရမ်းအံ့သြသွားသောကြောင့် ဘာမှတောင်မပြောနိုင်....

"ဒီလောက်ဆို အဖေ့လုပ်ငန်းတစ်ချို့ကို သိပြီထင်တယ်။"
ဒါဆို အဖေက အမှောင်ဘက်ကသူပေါ့

"သားလေ့ကျင့်ချင်တာရှိရင် အချိန်မရွေးလေ့ကျင့် အဖေလဲသင်ပေးမယ်...."

အရာရာအံ့သြစိတ်ကြောင့် တစ်ခုခု တုံ့ပြန်ဖို့ရာ​မေ့ကောင်းမေ့နေလိမ့်မည်။
ဖခင်၏သွေးပါသူပြီပြီ စိတ်မဝင်စားဖူးဆို လိမ်ရာကျသွားမှာပေါ့....
______________

"ညနေငါတို့ လျှောက်လ‌ည်ကြမယ်လေ"
"မလိုက်ဘူး"

"မင်းကလဲ...ငါလဲပါမှာကို။ လိုက်ပါကွာ...နော်...နော်လို့"
"Roshan ငါမလိုက်ဘူး။ အတန်းထဲကသူတွေပါမှာဘဲ မင်းဘာသာသွားပေါ့။ ငါပါတာမှ အနှောက်အယှက်ဖြစ်မှာ"

အဲ့လိုပဲ သူနဲ့ခင်သွားထဲက လူကိုအမျိုးမျိုးတစ်ခုပြီးတစ်ခု လိုက်ဂျီကျနေတတ်သည်။ မိမိကလဲ မောင်းမထုတ်ဘဲ ခင်တွယ်နေမိသည်။

အမေ့အုတ်ဂူဘေးမှာ သူ့ပုခုံးကိုမှီရင်း ငိုခဲ့ဖူးသည်။ အဲ့ချိန်မှစပြီး Roshan အပေါ်သံယောဇဥ်ရှိလာခဲ့လေသည်။

"နေပါစေ...မင်းမလိုက်ဘူးဆို ငါလဲမလိုက်ဘူး"
အံမယ်ပြောသာပြောတာနောက်ပိုင်းဘာပြောတော့မလဲ Don အလွတ်ရနေပြီ

"ဟင့်...ကြက်ကြော်လေးစားလိုက်.... နောက်တော့ ကာရာအိုကေ လေးသွားဆိုမယ်။ ပြီးရင် လမ်းဘေးက မုန့်ချိုချိုလေးတွေစားလိုက်...ပြေးလွှားဆော့လိုက်.... ဟင့်...သွားချင်လိုက်တာ"

စပြီ...တစ်နေ့လုံးမလိုက်မချင်း ​မပြီးနိုင်တဲ့ ဒီစကားပဲ.....နားငြီးလာတာကြောင့် Don လဲ
"တော်တော့...နားငြီးတယ် ။ လိုက်ရင်ပြီးရောမှတ်လား"

"ရေးးးး Don က အကောင်းဆုံးပဲ။ ဒါကြောင့် မင်းကို ချစ်နေရတာ"
Don လဲ မဲ့ရှုံးပြလိုက်တော့ တခစ်ခစ်နဲ့ ရယ်နေပါတော့သည်။ သူငယ်ချင်း လေး တစ်ယောက်ထားမိပါတယ် သူ့ကြောင့် မရောက်ဖူးတာလဲမရှိတော့အောင် တော်တော်အလည်အပတ်ကြိုက်သူပင်။

သူငယ်ချင်းသံယောဇဉ် ဆိုတဲ့ အဖြူရောင်  ကြိုးလေးက တစ်စတစ်စနဲ့ မြဲမံလာတာနဲ့အလျောက် နှစ်ယောက်ကြားက ကြိုးလေးကို တစ်ဖက်က အရောင်ဆိုးလိုက်ရင် ခွင့်လွှတ်ပါ့မလား....
_____________

ဆေးတက္ကသိုလ် တတ်ချင်သူ Roshan မှာတော့ ခုအထက်တန်း နောက်ဆုံးနှစ်မှာ စာအုပ်ထဲခေါင်းစိုက်နေလေသည်။ တစ်ခါက အလည်အပတ်ကြိုက်သူလေးကတော့ ခုချိန်ကတည်းက ဘယ်မှလဲမသွားရတော့ သိပ်တော့အဆင်မပြေလှ

ဒါပင်မဲ့ ရည်မှန်းချက်ကလဲဖြစ်နေတာ​ကြောင့် သည်းခံရသည်။
"ငါလာတယ်"

နှစ်ဦးမရှိတဲ့သူတော့ရောက်လာပြီ....ကျောင်းမှာလဲတွေ့ရတယ်ဆိုပင်မဲ့ ခုလိုကျောင်းပိတ်ရက်ကျပြန်တော့လဲ အိမ်ကိုမုန့်ထုပ်တွေနဲ့ရောက်ချလာတတ်သည်။

"ဟီးးးDon ကအကောင်းဆုံးပဲ" အိမ်ကိုလဲ ဘယ်အချိန်ဖြစ်ဖြစ် စားချင်တာပြောရင် ရပင်မဲ့ Don ဝယ်လာသောမုန့်တွေက ပိုအရသာရှိသလိုလို...

"စာကျက်နေတာလား"
"အင်း...ဒါပင်မဲ့ ခုပြီးပြီ"

"ဒါနဲ့ Don ရော စာတွေရပြီလား"
"အင်း.. ဒါပင်မဲ့ ငါက မင်းလောက်မှမလိုတာ"

ဒါတော့ အမှန်.... အချိန်တန်ရင်ဦးစီးမဲ့အလုပ်က Don အတွက်ရှိပြီးသားပင်။

"ဒါနဲ့ ကောင်မလေးတစ်ယောက် မင်းဆီကဖုန်းနံပါတ်လာတောင်းတယ်ဆို...ပေးလိုက်သေးလား"
ဘာကြောင့်မှန်းတော့မရေရာ ကောင်မလေးတစ်ယောက်နဲ့ နီးစပ်သွားမှာ Roshan မလိုလားပေ။
မေးလိုက်တော့ မျက်နှာတည်နဲ့ပြန်အကြည့်ခံလိုက်ရသောကြောင့် တုန်လှုပ်သွားမိသည်။

"ဟားးငါ့အကြောင်းမသိတာကျလို့" ဆိုကာ Roshan ဆံပင်တွေကို ဆွဲဖွလိုက်သည်။

Roshan မှာတော့ Don ပြုံးတာမြင်ရခဲတာကြောင့် ကြောင်သာကြည့်နေမိသည်။
Don ပြုံးလိုက်တိုင်း သူ့ဘေးနားကနေ အရောင်တွေပဲထွက်လာသလား။ သိပ်ကို တောက်ပလွန်းသည်။

အများရှေ့မှာ ခုလို မပြုံးရယ်ပဲ မိမိရှေ့တွင်သာရယ်တတ်သော Don ကြောင့် Roshan ကျေနပ်ရပြန်သည်။

ထိုချိန်~~~
Don အိတ်ကပ်ထဲက ဖုန်းမြည်လာသောကြောင့် Don ဖုန်းကိုင်လိုက်ကာ ဝရန်တာကိုထွက်ပြီး စကားသွားပြောနေသည်။

Don ကို ဖုန်းဆက်တာဆိုလို့ ကိုယ်မဟုတ်ရင် သူ့အဖေပဲရှိတာ။

ပါလာသော မုန့်ထုပ်တွေကို တစ်ခုချင်းဖွင့်ကြည့်ရင်း Roshan ထိုင်စားနေလိုက်သည်။

ခဏနေတော့ Don က မျက်နှာမကောင်းစွာ ပြန်ဝင်လာကာ
"ငါ့အဖေခေါ်နေတယ်...ကိစ္စရှိလို့တဲ့။"
"ဟုတ်လား ဒါဆိုလဲ သွားလေ။ ငါလိုက်ပို့ပေးမယ်"

Don ကို မပြန်စေချင်သေးသော်လဲ အဖေဆိုသောကြောင့် Roshan လဲမတတ်နိုင်။
.
.
.
အိမ်ထဲဝင်ဝင်ချင်း ဧည့်ခန်းထဲကနေ စီးကြိုဆိုတဲ့အဖေ....
"ဒီတစ်ခေါက် မြန်မာပြည်ပြန်တာ နည်းနည်း ကြာသွားတယ်သားရယ်"
"ဘယ်တုန်းကကော မကြာဖူးလို့လဲ"

ဘောက်ဆက်ဆက် ပြန်ပြောတဲ့သားကြောင့် ဖခင်ကရယ်သွားသည်။
"ဒါပေမယ့် ခုပြန်လာတာ သားအတွက် လက်ဆောင်အကြီးကြီးပါတယ်။ လာသား"

အဖေဆွဲခေါ်ရာကိုလိုက်လာမိတော့ တွေ့ပါပြီ....
ခုံလေးပေါ်မှာ ခေါင်းလေးငုံ့ကာ ထိုင်နေသော သူ...
ဆံပင်ခပ်အုပ်အုပ် နောက်ကဆံပင်ကလဲ အနည်းငယ်ရှည်နေသေးသည်
အသားကလဲဖြူဖြူဝါဝါလေးနဲ့

"နှုတ်ဆက်လိုက်..."
အဖေ့ရဲ့ အမိန့်သံကြားတာနဲ့ ချက်ချင်းမတ်တပ်ရပ်ကာ မိမိအား ခေါင်းငုံ့နှုတ်ဆက်သောသူ...

"တွေ့...တွေ့ရတာဝမ်းသာပါတယ်... "
ခေါင်းငုံ့နှုတ်ဆက်ရာမှ ပြန်မတ်လိုက်တော့မှ 'ဘုရားရေ' လို့ Don တမိသွားသည်။

________________________

28.3.2021
Khine Lay

အမှန်ကမနေ့ကတင်မို့ပဲ သိတယ်မှတ်လား ဒါကြောင့် အဲ့နေ့ကြီးမတင်ချင်လို့......

Zaw

အေမရွိစဥ္တုန္းက မသိခဲ့ရေသာ အေဖ့အက်င့္ေတြက ဘူးေပၚသလိုေပၚလာခဲ့သည္။ ငယ္လြန္းတဲ့မိမိကပဲမသိတာလား။ အေမကပဲသိသိရက္နဲ႕ဖုံးထားတာလား။

အိမ္ျပန္လာတဲ့ရက္ေတြကလဲ နည္းသထက္နည္းလာသည္။ တစ္ခါတစ္ေလ ကိုယ္ေတာင္မသိလိုက္ပဲ ျမန္မာျပည္ကိုေရာက္ေရာက္သြားတဲ့ အႀကိမ္ကလည္းမနည္း။

တစ္ခါတစ္ေလ မူးၿပီးျပန္လာၿပီး ေဘးမွာ မိန္းမတစ္ေယာက္ ဒါမွမဟုတ္ ေယာက္်ားတစ္ေယာက္ပါလာတတ္သည္။

ဒါေတြျမင္ပါမ်ားလာေတာ့ လူကဂ႐ုေတာင္မစိုက္မိေတာ့...

'ေဒါက္..ေဒါက္ '
"သား...အေဖဝင္လာမယ္ေနာ္" ဆိုကာဝင္လာသည္။

"ငါ့သားေလး ေနေကာင္းရဲ႕လား။"
"ဘာကိစၥရွိလို႔လဲ"

"ေၾသာ္...သားလဲအလယ္တန္းၿပီးလို႔ အထက္တန္းေတာင္ေရာက္ေတာ့မယ္။ အရပ္ႀကီးကလဲရွည္လိုက္လိုက္တာ။ ဒါနဲ႕ သားကို အေဖေျပာစရာရွိတယ္။"

ထင္သားပဲ အရင္ကအဲ့ေလာက္အေရးတယူမရွိတဲ့ အေဖက ဒီေန႕မွ ေသခ်ာစကားေတြလာေျပာေနတာေၾကာင့္ ထူးဆန္းေနပါတယ္လို႔

"သား ကို အေဖ လက္ဆင့္ကမ္းအေမြေပးစရာရွိတယ္"
"ဘာကိုလဲ"

"လာ...အေဖ့အေနာက္လိုက္ခဲ့" ဆိုတာေၾကာင့္ Don လဲ လိုက္သြားလိုက္သည္။

ဒီအိမ္ေတာ္မွာ ငယ္ငယ္ကတည္းက ေနခဲ့ေသာ္လဲ ခုလိုလွ်ို႔ဝွက္ေျမေအာက္ခန္းရွိတာ Donအခုမွသိသည္။

အိမ္ကက်ယ္ေသာေၾကာင့္ ဒါရွိတာ သိတဲ့သူရွားမဲ့ပုံ
ေျမေအာက္ေရာက္သြားတာနဲ႕ ညွီနံ႕ေတြကလွိုက္တတ္လာေတာ့ လူကပ်ိဳ႕ခ်င္လာေလသည္။

ေထာင့္တစ္ေနရာေရာက္ေတာ့ အခန္းတစ္ခန္းထဲကို ဝင္သြားေသာအေဖ...
Don လဲလိုက္ဝင္သြားေတာ့ လက္နက္ေတြေတြအစုံႏွင့္ရွိေသာ အခန္းတစ္ခု.....

အရမ္းအံ့ၾသသြားေသာေၾကာင့္ ဘာမွေတာင္မေျပာနိုင္....

"ဒီေလာက္ဆို အေဖ့လုပ္ငန္းတစ္ခ်ိဳ႕ကို သိၿပီထင္တယ္။"
ဒါဆို အေဖက အေမွာင္ဘက္ကသူေပါ့

"သားေလ့က်င့္ခ်င္တာရွိရင္ အခ်ိန္မေ႐ြးေလ့က်င့္ အေဖလဲသင္ေပးမယ္...."

အရာရာအံ့ၾသစိတ္ေၾကာင့္ တစ္ခုခု တုံ႕ျပန္ဖို႔ရာ​ေမ့ေကာင္းေမ့ေနလိမ့္မည္။
ဖခင္၏ေသြးပါသူၿပီၿပီ စိတ္မဝင္စားဖူးဆို လိမ္ရာက်သြားမွာေပါ့....
______________

"ညေနငါတို႔ ေလွ်ာက္လ‌ည္ၾကမယ္ေလ"
"မလိုက္ဘူး"

"မင္းကလဲ...ငါလဲပါမွာကို။ လိုက္ပါကြာ...ေနာ္...ေနာ္လို႔"
"Roshan ငါမလိုက္ဘူး။ အတန္းထဲကသူေတြပါမွာဘဲ မင္းဘာသာသြားေပါ့။ ငါပါတာမွ အႏွောက္အယွက္ျဖစ္မွာ"

အဲ့လိုပဲ သူနဲ႕ခင္သြားထဲက လူကိုအမ်ိဳးမ်ိဳးတစ္ခုၿပီးတစ္ခု လိုက္ဂ်ီက်ေနတတ္သည္။ မိမိကလဲ ေမာင္းမထုတ္ဘဲ ခင္တြယ္ေနမိသည္။

အေမ့အုတ္ဂူေဘးမွာ သူ႕ပုခုံးကိုမွီရင္း ငိုခဲ့ဖူးသည္။ အဲ့ခ်ိန္မွစၿပီး Roshan အေပၚသံေယာဇဥ္ရွိလာခဲ့ေလသည္။

"ေနပါေစ...မင္းမလိုက္ဘူးဆို ငါလဲမလိုက္ဘူး"
အံမယ္ေျပာသာေျပာတာေနာက္ပိုင္းဘာေျပာေတာ့မလဲ Don အလြတ္ရေနၿပီ

"ဟင့္...ၾကက္ေၾကာ္ေလးစားလိုက္.... ေနာက္ေတာ့ ကာရာအိုေက ေလးသြားဆိုမယ္။ ၿပီးရင္ လမ္းေဘးက မုန့္ခ်ိဳခ်ိဳေလးေတြစားလိုက္...ေျပးလႊားေဆာ့လိုက္.... ဟင့္...သြားခ်င္လိုက္တာ"

စၿပီ...တစ္ေန႕လုံးမလိုက္မခ်င္း ​မၿပီးနိုင္တဲ့ ဒီစကားပဲ.....နားၿငီးလာတာေၾကာင့္ Don လဲ
"ေတာ္ေတာ့...နားၿငီးတယ္ ။ လိုက္ရင္ၿပီးေရာမွတ္လား"

"ေရးးးး Don က အေကာင္းဆုံးပဲ။ ဒါေၾကာင့္ မင္းကို ခ်စ္ေနရတာ"
Don လဲ မဲ့ရႈံးျပလိုက္ေတာ့ တခစ္ခစ္နဲ႕ ရယ္ေနပါေတာ့သည္။ သူငယ္ခ်င္း ေလး တစ္ေယာက္ထားမိပါတယ္ သူ႕ေၾကာင့္ မေရာက္ဖူးတာလဲမရွိေတာ့ေအာင္ ေတာ္ေတာ္အလည္အပတ္ႀကိဳက္သူပင္။

သူငယ္ခ်င္းသံေယာဇဥ္ ဆိုတဲ့ အျဖဴေရာင္  ႀကိဳးေလးက တစ္စတစ္စနဲ႕ ၿမဲမံလာတာနဲ႕အေလ်ာက္ ႏွစ္ေယာက္ၾကားက ႀကိဳးေလးကို တစ္ဖက္က အေရာင္ဆိုးလိုက္ရင္ ခြင့္လႊတ္ပါ့မလား....
_____________

ေဆးတကၠသိုလ္ တတ္ခ်င္သူ Roshan မွာေတာ့ ခုအထက္တန္း ေနာက္ဆုံးႏွစ္မွာ စာအုပ္ထဲေခါင္းစိုက္ေနေလသည္။ တစ္ခါက အလည္အပတ္ႀကိဳက္သူေလးကေတာ့ ခုခ်ိန္ကတည္းက ဘယ္မွလဲမသြားရေတာ့ သိပ္ေတာ့အဆင္မေျပလွ

ဒါပင္မဲ့ ရည္မွန္းခ်က္ကလဲျဖစ္ေနတာ​ေၾကာင့္ သည္းခံရသည္။
"ငါလာတယ္"

ႏွစ္ဦးမရွိတဲ့သူေတာ့ေရာက္လာၿပီ....ေက်ာင္းမွာလဲေတြ႕ရတယ္ဆိုပင္မဲ့ ခုလိုေက်ာင္းပိတ္ရက္က်ျပန္ေတာ့လဲ အိမ္ကိုမုန့္ထုပ္ေတြနဲ႕ေရာက္ခ်လာတတ္သည္။

"ဟီးးးDon ကအေကာင္းဆုံးပဲ" အိမ္ကိုလဲ ဘယ္အခ်ိန္ျဖစ္ျဖစ္ စားခ်င္တာေျပာရင္ ရပင္မဲ့ Don ဝယ္လာေသာမုန့္ေတြက ပိုအရသာရွိသလိုလို...

"စာက်က္ေနတာလား"
"အင္း...ဒါပင္မဲ့ ခုၿပီးၿပီ"

"ဒါနဲ႕ Don ေရာ စာေတြရၿပီလား"
"အင္း.. ဒါပင္မဲ့ ငါက မင္းေလာက္မွမလိုတာ"

ဒါေတာ့ အမွန္.... အခ်ိန္တန္ရင္ဦးစီးမဲ့အလုပ္က Don အတြက္ရွိၿပီးသားပင္။

"ဒါနဲ႕ ေကာင္မေလးတစ္ေယာက္ မင္းဆီကဖုန္းနံပါတ္လာေတာင္းတယ္ဆို...ေပးလိုက္ေသးလား"
ဘာေၾကာင့္မွန္းေတာ့မေရရာ ေကာင္မေလးတစ္ေယာက္နဲ႕ နီးစပ္သြားမွာ Roshan မလိုလားေပ။
ေမးလိုက္ေတာ့ မ်က္ႏွာတည္နဲ႕ျပန္အၾကည့္ခံလိုက္ရေသာေၾကာင့္ တုန္လႈပ္သြားမိသည္။

"ဟားးငါ့အေၾကာင္းမသိတာက်လိဳ႕" ဆိုကာ Roshan ဆံပင္ေတြကို ဆြဲဖြလိုက္သည္။

Roshan မွာေတာ့ Don ၿပဳံးတာျမင္ရခဲတာေၾကာင့္ ေၾကာင္သာၾကည့္ေနမိသည္။
Don ၿပဳံးလိုက္တိုင္း သူ႕ေဘးနားကေန အေရာင္ေတြပဲထြက္လာသလား။ သိပ္ကို ေတာက္ပလြန္းသည္။

အမ်ားေရွ႕မွာ ခုလို မၿပဳံးရယ္ပဲ မိမိေရွ႕တြင္သာရယ္တတ္ေသာ Don ေၾကာင့္ Roshan ေက်နပ္ရျပန္သည္။

ထိုခ်ိန္~~~
Don အိတ္ကပ္ထဲက ဖုန္းျမည္လာေသာေၾကာင့္ Don ဖုန္းကိုင္လိုက္ကာ ဝရန္တာကိုထြက္ၿပီး စကားသြားေျပာေနသည္။

Don ကို ဖုန္းဆက္တာဆိုလို႔ ကိုယ္မဟုတ္ရင္ သူ႕အေဖပဲရွိတာ။

ပါလာေသာ မုန့္ထုပ္ေတြကို တစ္ခုခ်င္းဖြင့္ၾကည့္ရင္း Roshan ထိုင္စားေနလိုက္သည္။

ခဏေနေတာ့ Don က မ်က္ႏွာမေကာင္းစြာ ျပန္ဝင္လာကာ
"ငါ့အေဖေခၚေနတယ္...ကိစၥရွိလို႔တဲ့။"
"ဟုတ္လား ဒါဆိုလဲ သြားေလ။ ငါလိုက္ပို႔ေပးမယ္"

Don ကို မျပန္ေစခ်င္ေသးေသာ္လဲ အေဖဆိုေသာေၾကာင့္ Roshan လဲမတတ္နိုင္။
.
.
.
အိမ္ထဲဝင္ဝင္ခ်င္း ဧည့္ခန္းထဲကေန စီးႀကိဳဆိုတဲ့အေဖ....
"ဒီတစ္ေခါက္ ျမန္မာျပည္ျပန္တာ နည္းနည္း ၾကာသြားတယ္သားရယ္"
"ဘယ္တုန္းကေကာ မၾကာဖူးလို႔လဲ"

ေဘာက္ဆက္ဆက္ ျပန္ေျပာတဲ့သားေၾကာင့္ ဖခင္ကရယ္သြားသည္။
"ဒါေပမယ့္ ခုျပန္လာတာ သားအတြက္ လက္ေဆာင္အႀကီးႀကီးပါတယ္။ လာသား"

အေဖဆြဲေခၚရာကိုလိုက္လာမိေတာ့ ေတြ႕ပါၿပီ....
ခုံေလးေပၚမွာ ေခါင္းေလးငုံ႕ကာ ထိုင္ေနေသာ သူ...
ဆံပင္ခပ္အုပ္အုပ္ ေနာက္ကဆံပင္ကလဲ အနည္းငယ္ရွည္ေနေသးသည္
အသားကလဲျဖဴျဖဴဝါဝါေလးနဲ႕

"ႏႈတ္ဆက္လိုက္..."
အေဖ့ရဲ႕ အမိန့္သံၾကားတာနဲ႕ ခ်က္ခ်င္းမတ္တပ္ရပ္ကာ မိမိအား ေခါင္းငုံ႕ႏႈတ္ဆက္ေသာသူ...

"ေတြ႕...ေတြ႕ရတာဝမ္းသာပါတယ္... "
ေခါင္းငုံ႕ႏႈတ္ဆက္ရာမွ ျပန္မတ္လိုက္ေတာ့မွ 'ဘုရားေရ' လို႔ Don တမိသြားသည္။

________________________

28.3.2021
Khine Lay

အမွန္ကမေန႕ကတင္မို႔ပဲ သိတယ္မွတ္လား ဒါေၾကာင့္ အဲ့ေန႕ႀကီးမတင္ခ်င္လို႔......

Continue Reading

You'll Also Like

2K 335 12
Psychology အရ အနမ်းက စိတ်ဖိစီးမှုတွေ ၊ ဝမ်းနည်းမှုတွေ နဲ့ ဒေါသတွေ ၊ နာကျင်မှုတွေကို ဖယ်ထုတ် ပစ်နိုင်တယ်တဲ့ ။ ဒါပေမဲ့ အနမ်းတွေ အရမ်းများလာရင်တော့ ကျွန...
61.2K 3.6K 13
[ Felix x Jisung ] [ Stray Kids short horror story! ] Felix is a happy person, everyone knows that. But on the inside he's afraid. Not afraid of wha...
18.1K 169 107
Lucas, is a quiet guy, who's just moved to the area and the school. Due to troubles in his past. He struggles a lot, with his fathers abuse and his o...
35.8K 1.7K 70
Tên Hán Việt: Thiên đồng / 天瞳 Tác giả: Bạch Trạch Tang Dụng Phẩm Điếm (Cửa hàng tang lễ Bạch Trạch) / 白泽丧葬用品店 Chuyển ngữ: Ndmot99 🐬🐬🐬 Độ...