Unicode.
မူယန်သည် ရွှမ့်ရှန်ခန်းမဆောင်မှထွက်လာခဲ့ပြီး အရင်ဆုံး တိဗက်ကျမ်းစာတိုက်သို့သွားလိုက်သည်။သူက လင်းကျစ်ရန်အတွက် ကျင့်ကြံနိုင်မည့်နည်းလမ်းနှင့် ထူးဆန်းသည့်ခန္ဓာကိုယ်တည်ဆောက်ပုံများအကြောင်းရေးသားထားသည့် စာအုပ်များကိုရှာဖွေချင်သည်။အရင်ဆုံးလင်းကျစ်ရန်၏ခန္ဓာကိုယ်ကို နားလည်ထားသင့်သည်။မဟုတ်ပါက သူဘယ်လိုပဲကြိုးစားနေပါစေ အချည်းအနှီးဖြစ်နေလိမ့်မည်သာ။
မူယန်သည် တိဗက်ကျမ်းစာတိုက်တွင် သုံးရက်ကြာအောင်ရှာဖွေခဲ့သော်လည်း လင်းကျစ်ရန်၏ ခန္ဓာကိုယ်ဖွဲ့စည်းပုံအကြောင်းရှာမတွေ့ခဲ့သဖြင့် အလွန်စိတ်ပျက်သွားလေသည်။ထားလိုက်ပါတော့..အရင်ဆုံး လင်းကျစ်ရန်ကိုသွားတွေ့ရမည်။သူမရှိဘဲ အဆင်မှပြေရဲ့လား။
မူယန်သည် ပေါင့်ကျန်းတောင်ထွတ်ဆီသို့ပြန်လာခဲ့၏။ လင်းကျစ်ရန်မှာ ဒီရက်များအတွင်းအလွန်သက်တောင့်သက်သာရှိနေသည်ပင်။သူက လက်မောင်းကိုညှစ်ကြည့်လိုက်သော် ပိုပြီးပြည့်လာသလိုခံစားလိုက်ရသည်။စည်းကမ်းကြပ်မတ်ရေးနန်းဆောင်၏ အကြီးအကဲဖြစ်သူကျိုးယွဲ့မှာ အလုပ်ကိစ္စနှင့်တောင်အောင်သို့ဆင်းသွားခဲ့သောကြောင့် လတ်တလောတွင် သူတစ်ဦးတည်းပင်။
တစ်နေ့တွင် သူတောင်ပေါ်သို့သွားရန်လမ်းလျှောက်လာစဥ် မူယန်ပြန်လာတာကို ရုတ်တရက်မြင်လိုက်ရလေသည်။ မတွေ့တာကြာပြီဖြစ်ပါသော်ငြားမူယန်က မပြောင်းမလဲပင်။ လင်းကျစ်ရန်မှာအလွန်အံ့သြသွားခဲ့ပြီးနောက်ဆို၏။
" အားယန်! "
မူယန်က အလျင်စလိုပင် အရှေ့သို့လျှောက်လာပြီး လင်းကျစ်ရန်ကို ခြေဆုံးခေါင်းဆုံး ကြည့်ကာဆို၏။ " မင်း ဒီရက်ပိုင်း ကောင်းကောင်းနေခဲ့ရပုံပဲ "
လင်းကျစ်ရန်မှာ အနည်းငယ်ရှက်ရွံ့သွားမိသည်။မူယန်က သူကိုယ်အလေးချိန်တက်လာတာကိုသတိပြုမိနေသည်။သူက အမူအရာကိုတည်ငြိမ်အောင်ထိန်းထားရင်းချောင်းဖွဖွဆိုးကာ စကားလမ်းကြောင်းပြောင်းလိုက်သည်။ " မင်းဆရာနဲ့အဆင်ပြေရဲ့လား "
မူယန်က ပြုံးလိုက်သည်။ " အဆင်ပြေတယ် "
လင်းကျစ်ရန်မှာ မူယန််၏မျက်နှာမှ ချစ်ခင်စွဲလမ်းမှုအနည်းငယ်ကိုရှာတွေ့ဖို့ကြိုးစားပေမယ့် ဘာမှမထူးခြား။သာမန်အတိုင်းသာ။ကြည့်ရတာ အချိန်အချိန်တစ်ခုအထိ စောင့်ဆိုင်းဖို့လိုမည်ပင်။ရွှမ်းယန်က နှစ်ချို့ရေခဲတုံးကြီးဖြစ်သည်။ဇာတ်ညွှန်းအရ မူယန်ဟာ အချိန်အတော်ကြာပြီးတဲ့နောက် ရွှမ်းရန်ကိုချစ်မိသွားခဲ့ကာ လီယဲ့ကိုမကြာခဏရင်ဖွင့်လေ့ရှိသည်။
လင်းကျစ်ရန်သည် သူ့အတွေးများကိုလက်စ,သပ်လိုက်၏။ဒီဇာတ်ကွက်တွေက ပေါ့ပါးပြီးကန့်သတ်ချက်မရှိ။ရင်ဖွင့်သမျှကိုနားထောင်ပေးတဲ့သူငယ်ချင်းကောင်းတစ်ယောက်ဖြစ်ပေးဖို့သာ လို၏။
မတွေ့ရတာတစ်လကျော်ကြာခဲ့ပြီမို့ မူယန်ဟာ လင်းကျစ်ရန်ကိုပြောပြစရာတွေအများကြီးရှိခဲ့သည်။ သို့သော် တကယ်တမ်းတွင်မူ ဘာပြောရမှန်းမသိတော့ပေ။ လင်းကျစ်ရန်ကို ကူညီပေးနိုင်ဖို့နည်းလမ်းရှာမတွေ့သေးသဖြင့် အနည်းငယ် အရှက်ရနေလျက်။
မူယန်က အပြစ်မကင်းသောအမူအရာနှင့်အတူ နှုတ်ခမ်းသပ်ပြီးနောက်ဆို၏။ " တကယ်တော့ ငါမနေ့က တိဗက်ကျမ်းစာတိုက်ကိုသွားခဲ့တယ်..ဒါပေမယ့် မင်းရဲ့ခန္ဓာကိုယ်ဖွဲ့စည်းပုံနဲ့ပတ်သတ်ပြီး ဖြေရှင်းချက်တစ်ခုတောင်မရှာနိုင်ခဲ့ဘူး... "
လင်းကျစ်ရန်ကတွေးမိသည်။ဒီနတ်မိမယ်လေးက ကြင်နာတတ်ပေမယ့်ဒီကိစ္စအတွက်စိတ်ပူပေးဖို့တကယ်ပင်မလိုအပ်။သူက ပေါ့ပါးစွာပြောလိုက်၏။ " ကိစ္စမရှိပါဘူး..အခုလည်း ငါ့အတွက် အဆင်ပြေပါတယ် "
သို့ပေမဲ့ လင်းကျစ်ရန်၏ ရောင့်ရဲနိုင်သောအမူအရာကိုကြည့်ရင်း မူယန်ဟာ စိတ်မကောင်းဖြစ်မိသည်။စင်ကြယ်သောနန်းတော်ရှိလူတိုင်းမှာ ကျင့်ကြံသူများပင်။အောက်ခြေသိမ်း တံမြက်စည်းလှည်းသူပင် သာမန်နှင့်မတူသည့် ကျင့်ကြံမှုအဆင့်ရှိ၏။လင်းကျစ်ရန်သည် သူနှင့်အတူဒီနေရာသို့ပြတ်သားစွာလိုက်လာခဲ့သော်လည်း မကျင့်ကြံနိုင်သည့် တစ်ဦးတည်းသောသူဖြစ်၏။ ဖိအားတွေ ခံခဲ့ရမှန်းသိသာသော်လည်း သူ့အရှေ့တွင်မူ တည်ငြိမ်သောအမူအရာနှင့်သာ။သူ့ကိုအခက်မတွေ့စေချင်လို့ပင်။သူဒီကိုထွက်မလာခဲ့စဥ်က လင်းကျစ်ရန်ကို ကောင်းကောင်းစောင့်ရှောက်ပေးပြီး ကျင့်ကြံနိုင်မယ့်နည်းလမ်းရှာပေးမယ်လို့ မူရာကျူးကိုကတိပေးခဲ့သည်။သူ ကတိပေးထားတဲ့အတိုင်း တည်နိုင်အောင်ကြိုးစားရမည်။
သူကစိတ်ထဲတွင်ထိုသို့တွေးနေသည့်တိုင် ဒီအကြောင်းအရာကိုထပ်ပြီးပြောလျှင်လည်းအသုံးမဝင်သောကြောင့် စကားပြောင်းပြီးပြောလိုက်၏။ " ဒါနဲ့ ရှန်ရွှမ်ခန်းမဆောင်က ဘယ်လိုပုံစံလဲမင်းသိလား..တကယ်ကို ကြီးမားပြီးနန်းဆောင်တစ်ခုလုံးကို အရည်အသွေးမြင့်တဲ့ကျောက်စိမ်းတွေနဲ့လုပ်ထားတာ..ဒီလောက်ခမ်းနားလှပတဲ့နေရာကိုငါမမြင်ခဲ့ဖူးဘူး... "
သာမန်ဆယ်ကျော်သက်လေးအနေဖြင့် ထူးဆန်းသောအရပ်သို့ပထမဆုံးရောက်ဖူးသည့်အချိန်တွင်အတွေ့အကြုံများကို သူငယ်ချင်းအားပြန်လည်မျှဝေပေးချင်သည့်သဘောဖြင့် မူယန်သည် လင်းကျစ်ရန်အား စိတ်အားထက်သန်စွာပြောပြနေ၏။
လင်းကျစ်ရန်ဟာ မူယန်ပြောသမျှကို ဂရုတစိုက်နားထောင်ပေးနေပြီး နူးညံ့သောအကြည့်ဖြင့်ကြည့်နေလေသည်။ဒီနတ်မိမယ်လေးက ချစ်ဖို့ကောင်းလွန်းသည်။ ကျောက်စိမ်းနန်းတော်အကြောင်းပြောနေသည့်ပုံစံကပင် အရမ်းကိုချစ်စရာကောင်းလွန်းသည်။ သူ့ရဲ့ အကြည့်တွေက အဲ့ဒီနေရာကို အရမ်းသဘောကျနေပုံပင်။
တကယ်တမ်းတွင် လင်းကျစ်ရန်ဟာဇာတ်ညွှန်းကိုဖတ်ပြီး မူယန်က လီယဲ့အစား ဘာလို့များရွှမ်းရန်ကိုချစ်မိသွားခဲ့ရလဲလို့ တွေးမိခဲ့သည်။ မူယန်ဟာ လီယဲ့ကိုကာကွယ်ဖို့ သူ့ဆရာကိုတောင်အတိုက်အခံလုပ်ခဲ့ပေမယ့် ဇာတ်လမ်းအစမှအဆုံးထိသူတို့ဟာသာမန် သူငယ်ချင်းများသာ။
နောက်ပိုင်းတွင် လင်းကျစ်ရန်မှာ လီယဲ့နေရာသို့ရောက်လာခဲ့ပြီးချိန်တွင်တော့ နားလည်သွားခဲ့ရသည်။မူယန်ဟာ လီယဲ့အတွက်တော့ ပေးကမ်းသူပင်။လီယဲ့ဘေးတွင်အမြဲရှိနေပြီးကာကွယ်ပေးခဲ့သည်။ လီယဲ့ကိုနွံထဲမှဆွဲထုတ်ပြီး မျှော်လင့်ချက်နှင့်အလင်းရောင်တို့ကိုပေးခဲ့၏...သို့သော်လီယဲ့ကတော့ သူ့ကို ဘာမှပြန်ပြီးမပေးနိုင်ခဲ့။
မူယန်နှင့် လီယဲ့ကြားတွင် မျှတသည့် ဆက်ဆံရေးမျိုးဘယ်တုန်းကမှမရှိခဲ့။လီယဲ့ဟာ ဒါကိုတစ်ချိန်လုံးနားလည်နေခဲ့တာမို့ သူမူယန်ကိုအမှန်တကယ်ချစ်မြတ်နိုးတယ်ဆိုလျှင်တောင်မှ သူကမူယန်နဲ့မထိုက်တန်ဘူးလို့သာခံစားခဲ့ရ၏။သူ့အချစ်များက နိမ့်ကျလွန်းသည်။
ရွှမ်းရန်ကတော့မတူ။သူက ဇာတ်လိုက်ဖြစ်သည့်အလျှောက် လွှမ်းမိုးနိုင်သည့်အရှိန်အဝါရှိသည်။ ချီရန်မသေမျိုးလောကရှိလူအများ၏အမြင်တွင် သူက အတုမရှိသောနတ်ဘုရားတစ်ပါးပင်။
မူယန်သည် ရွှမ်းရန်၏ရှေ့မှောက်တွင်မူ ရွှမ်းရန်ကပေးကမ်းသူပင်။ရွှမ်းရန်က သူ့ကိုသင်ကြားပျိုးထောင်ပေးကာ လိုအပ်သမျှကိုဖြည့်ဆည်းပေးခဲ့သည်။မူယန်က သူ့ကိုပြန်ပြီးပေးဖို့ ဘယ်တုန်းကမှမလိုအပ်ခဲ့..မူယန်နှင့် ရွှမ်းရန်ကြားမှ ဆက်ဆံရေးမှာလည်းမျှတမှုမရှိ။အချစ်တွင် နှစ်ဦးနှစ်ဖက် မျှတမှုရှိသင့်ပါသော်လည်း ဒီလူသုံးယောက်လုံးမှာလုံးဝ မမျှတသည်ပေ။
ဒါကဘယ်လိုလဲဆိုလျှင်ဖြင့် - လီယဲ့၏ နှိမ့်ချသောအချစ်၊ မူယန်၏ ခက်ခဲသောအချစ်နှင့် ထိပ်ဆုံးတွင်ရှိနေသည့် ရွှမ်းရန်၏ အေးစက်ပြီး အကြင်နာမဲ့မှုတို့ပင်။သူက ဘယ်သူ့အကူအညီကိုမှမလိုအပ်သလို ဘယ်သူ့ကိုမှလည်းချစ်ဖို့မလိုသည့် အထီးကျန်နတ်ဘုရားတစ်ပါးသာ။သန်မာလွန်းသဖြင့် ဘာကိုမှဂရုစိုက်စရာမလို။နောက်ဆုံးတွင် လီယဲ့ကမူယန်ကိုချစ်မိသွားခဲ့ပြီးမူယန်ကမူ ရွှမ်းရန်ကိုချစ်မိသွားခဲ့ကာ ဒီအချစ်ဇာတ်လမ်းတစ်ခုလုံးတွင် လီယဲ့နှင့် မူယန် နှစ်ဦးစလုံးမှာ သူတို့မတောင့်တကြသည့် ခက်ခဲမှုများကိုမြည်းစမ်းကြည့်ခဲ့ရသည်။
ကံကောင်းစွာနဲ့ပဲ ရွှမ်းရန်က မင်းကိုပြန်ကြိုက်မှာပါ..ရွှမ်းရန်ကို ရင်ခုန်သွားအောင်လုပ်နိုင်တာက သေချာပေါက် ဇာတ်လိုက်shouရဲ့ လူတိုင်းကိုဆွဲဆောင်နိုင်တဲ့ရောင်ခြည်ကြောင့်ပဲ ဖြစ်ရမယ်လေ...
သူတို့စကားပြောနေရင်းဖြင့် အချိန်တွေက ကုန်လွန်လာခဲ့ရာ မှောင်ရီပျိုးချိန်သို့ပင်ရောက်လာခဲ့တော့သည်။
တကယ်တော့ မူယန်ကသာ တိုင်ခံပြောနေခဲ့သည်ပင်။လီယဲ့က အနေအေးသောကြောင့် စကားအများကြီးမပြောမိစေရန် လင်းကျစ်ရန်ဟာ ကိုယ့်ကိုယ်ကို သတိပေးနေခဲ့ရသည်။သူက စကားပြောချင်မိသည့် အခါတိုင်း စိတ်ထဲတွင် တိတ်တိတ်လေးရေရွတ်နေ၏။ မင်းက အေးစက်ပြီး မာနကြီးတဲ့ မိစ္ဆာတစ်ကောင်ပဲ! မင်းက အေးစက်ပြီးမာနကြီးတဲ့မိစ္ဆာတစ်ကောင်ပဲ!မင်းက အေးစက်ပြီးမာနကြီးတဲ့ မိစ္ဆာတစ်....
ဒီစကားလုံးများကိုရွတ်ရင်း သူ့ကိုယ်သူအေးစက်သည့်မိစ္ဆာတစ်ကောင်လို့နှလုံးသွင်းနိုင်ရန်ကြိုးစားနေခဲ့ရသည်။
[လင်းကျစ်ရန် - သုံးနာရီအတွင်း စကားသုံးခွန်းပဲပြောဖို့က ငါ့အတွက်တကယ်မလွယ်ဘူး... ]
[System - ....]
[လင်းကျစ်ရန် - ဒါပေမယ့်..ရပါတယ်..စကား၃ခွန်းပဲပြောရလည်းအဆင်ပြေတယ် ]
[System- ....] ဒီကစားသမားတော့ တော်တော်ခက်နေပြီ။
[လင်းကျစ်ရန်: မင်း ငါနဲ့ စကားပြောပေးပါ့လား]
[System - .... ]
" အော်...ဒါနဲ့လေ " မူယန်က မျက်တောင် ပုတ်ခတ်ပုတ်ခတ်လုပ်ကာဆို၏။ " ငါမနက်ဖြန်မှ ပြန်မလို့..ဒီညမင်းနဲ့အတူအိပ်မယ်လေ "
လင်းကျစ်ရန်မှာနောက်ဆုံးတွင် စိတ်သက်သာရာရ သွားလေပြီး ပြန်ဖြေလိုက်သည်။ " ကောင်းပြီ ငါမင်းအတွက် အခန်းရှင်းပေးမယ် "
မူယန်က အလိုမကျဖြစ်သွားပြီး ခဏလောက်တွေဝေနေပြီးမှဆို၏။ " ဒါက တစ်ညပဲကို..ငါတို့အတူအိပ်ပြီးစကားတွေပြောကြမယ်လေ "
ဘာ?မင်းမှာ ပြောစရာတွေရှိသေးတာလား..အခုလေးတင်ပြောပြီးတာကို မလုံလောက်သေးဘူးပေါ့?
ခဏလေး! အဲ့ဒါက အရေးမကြီးဘူး..အဓိကက ငါတို့ အတူအိပ်လို့မရဘူး!ငါက ညဆို ငြိမ်ငြိမ်အိပ်တတ်တာမဟုတ်ဘူး!
လင်းကျစ်ရန်မှာ ပြတ်ပြတ်သားသားပင် ငြင်းဆိုလေ၏။အရင်တစ်ခေါက်ကလို သူအရှက်မကွဲချင်။ သူက အခက်တွေ့နေသောအသံဖြင့်ဆို၏။ " ငါ့အိပ်ရာကသေးလွန်းတော့ လူနှစ်ယောက်အိပ်ရင် အရမ်းကျပ်သွားလိမ့်မယ်..မင်းအဆင်မပြေဖြစ်နေမှာ ငါစိုးရိမ်တယ် "
မူယန်က ဂရုမစိုက်။ သူ့ မျက်ဝန်းတွေက တောက်ပနေကာ ပြုံးလျက်ဆို၏။
" ငါ့အတွက်အဆင်ပြေပါတယ်..ဒီလိုပဲလုပ်ကြတာပေါ့ "
လင်းကျစ်ရန်: ". ... "
မူယန်က ဆုံးဖြတ်ပြီးသွားမှတော့ မူယန့်ဆန္ဒကို ဘယ်တော့မှငြင်းဆန်နိုင်မှာမဟုတ်တဲ့ ခွေးလိမ္မာလေးအနေဖြင့် သူက ဘာပြောနိုင်တော့မှာလဲ။ ကျေးဇူးတင်စွာဖြင့် သဘောတူပေးရုံသာတတ်နိုင်သည်ပင်။
လင်းကျစ်ရန် - ရှိုက်ငို...
လူနှစ်ယောက်မှာ သစ်သားကုတင်ပေါ်တွင် ကျပ်ညှပ်စွာ လှဲလျောင်းနေကြပါလျက်။ လင်းကျစ်ရန်ဟာ မူယန်၏ခန္ဓာကိုယ်နှင့် ပူးကပ်နေပြီး အဝတ်များမှတစ်ဆင့် တစ်ဖက်လူ၏ ကိုယ်ငွေ့ကိုပင် ခံစားမိနေသောကြောင့်အလွန်ပင်စိတ်မသက်မသာဖြစ်လို့နေပါလျက်။
ငါတို့က ညီအစ်ကိုကောင်းတွေပဲ...
ဟူး..ထားလိုက်ပါတော့..ဒီညကို အိပ်ရေးပျက်တဲ့ ညတစ်ညလို့ မှတ်လိုက်ပြီး မနက်ဖြန် မူယန်ပြန်သွားမယ့်အချိန်ကိုပဲစောင့်နေလိုက်တော့မယ်...
ဒီတစ်ခါတော့ သူလုံးဝ အိပ်ပျော်သွားလို့မဖြစ်။ မဟုတ်လျှင် အိပ်မက်ထဲတွင် ငှက်မဟုတ် သားရဲမဟုတ် ထူးထူးဆန်းဆန်း အကောင်တစ်ကောင်ဖြစ်သွားနိုင်သည်မို့။
မူယန်သည် လင်းကျစ်ရန်နှင့် အလွန်နီးကပ်စွာရှိနေသောကြောင့် စိတ်လှုပ်ရှားနေပါသော်လည်း အခုတစ်ခါတွင်မူကောင်းစွာပြင်ဆင်ထားခဲ့ပြီး အသက်ရှုသံကိုတည်ငြိမ်စွာထိန်းထားဖို့သင်ယူထားခဲ့သောကြောင့်ပုံမှန်အတိုင်းသာဖြစ်နေသည်။သို့သော် သေချာကြည့်လျှင် သူ့နားရွက်ဖျားများ နီရဲနေတာကိုမြင်နိုင်၏။ ဒါကသူ့ရဲ့ ရုတ်တရက်ဆုံးဖြတ်ချက်တစ်ခုဖြစ်သော်လည်း နောင်တမရမိ။သူဒီလူနဲ့ပိုပြီးရင်းနှီးချင်သည်။
သူ့ဘေးတွင်လှဲလျောင်းနေသူ၏ ဝင်သက်ထွက်သက်များကို နားထောင်ရင်း နှလုံးခုန်သံက တစ်ဖြည်းဖြည်းမြန်ဆန်လာချေ၏။ မူယန်ဟာ သူ့ကိုယ်သူတည်ငြိမ်အောင်လုပ်နေပေမယ့်လို့ တကယ်တမ်းတွင်မူ တစ်ကိုယ်လုံးတောင့်တင်းလို့နေသည်။သူက လင်းကျစ်ရန်နှင့် စကားခဏပြောလိုက်ပြီးနောက် အိပ်သွားလေတော့သည်။
လင်းကျစ်ရန်သည် နောက်ဆုံးတွင် မူယန်အိပ်သွားပြီလို့ တွေးလိုက်မိသော်လည်း သူကမူ မအိပ်ဝံ့သောကြောင့် ငိုက်မျဥ်းလာတိုင်း သူ့ကိုယ်သူခပ်ပြင်းပြင်းဆွဲဆိတ်လိုက်သည်။တစ်ညလုံးမျက်လုံးဖွင့်ထားရပါသောကြောင့်သူ၏ မျက်ဝန်းများမှာသွေးကြောများပေါက်ထွက်လုမတတ်နီရဲနေပါလျက်...သူက ဘေးတွင်အိပ်နေသောမူယန်ကို တိတ်တိတ်လေးစောင်းကြည့်လိုက်၏။ မူယန်ကို ကြည့်မိသော် သူ့မျက်လုံးအိမ်ထဲတွင် မျက်ရည်များဖြင့်ပြည့်လျှံလာလုမတတ်။ ဘိုးအေလေးရယ်....
တကယ်တော့ မူယန်သည်လည်း အိပ်ချင်ယောင်ဆောင်နေခဲ့ခြင်းပင်။ သူက အရင်တစ်ခေါက်ကလို လင်းကျစ်ရန် သူ့ကိုပွေ့ဖက်လာလိမ့်မယ်လို့ မျှော်လင့်မိခဲ့သည့်တိုင် လင်းကျစ်ရန်ကမူ မလှုပ်မယှက်နှင့် လုံးဝငြိမ်သက်နေလေ၏။
ဘာတွေဖြစ်နေတာပါလိမ့်...
မူယန်ဟာ မျက်လုံးဖွင့်ပြီးကြည့်လိုက်ချင်သည့်တိုင် လင်းကျစ်ရန်သိသွားမှာကိုလည်း စိုးရွံ့နေပြန်၏။ သူတို့နှစ်ဦးလုံးမှာ အခက်အခဲကိုယ်စီ ရင်ဝယ်ပိုက်လျက်ပင်။
နောက်ဆုံးတွင်တော့ တစ်ညလုံးတစ်ရေးမှမရခဲ့ကြဘဲ နောက်နေ့နံနက် မိုးလင်းချိန်တွင် ငိုက်မျဥ်းနေကြပါတော့သည်။
မူယန်၏ မျက်နှာကပူကျစ်နေလျက် သူက လေးပင်စွာပြောလာခဲ့သည်။ " ငါ ရှန့်ရွှမ်ခန်းမဆောင်ကိုပြန်တော့မယ်နော်..နောက်မှမင်းကိုပြန်လာတွေ့မယ် "
လင်းကျစ်ရန်မှာလည်း လုံးဝတောင့်ခံမထားနိုင်တော့ပါချေ။သူအရမ်း အိပ်ချင်နေပြီပင်။ သူကရှုပ်ထွေးသောအမူအရာဖြင့် ပြန်ဖြေလိုက်သည်။ " ကောင်းပြီ "
မြန်မြန်သွားတော့!ဒီဖေဖေ ပြန်အိပ်ဖို့ပြင်တော့မယ်...
မူယန်က လှည့်ထွက်သွားလေသည်။ လင်းကျစ်ရန်မှာ အခန်းထဲသို့ပြန်ဝင်လာခဲ့ပြီး အိပ်ရာပေါ်လို့ မှောက်လျက်ပစ်လှဲလိုက်တော့သည်။ဒီညက ဇာတ်ကွက်ပေါင်းရာကျော်လောက်သရုပ်ဆောင်ရတာထက်ပင် ပိုခက်နေသေးသည်။ သူအရမ်းအိပ်ချင်နေပြီ။ ဒီနေ့ သူအိပ်မပျော်ရင် သူ့မျိုးရိုးကလင်း မဟုတ်တော့ဘူး!
………………
မူယန်သည် ပေါင့်ကျန်းတောင်ထွတ်ဆီမှ ထွက်လာခဲ့ပြီး ရှန့်ရွှမ်ခန်းမဆောင်ဆီသိို့ပြလာလာခဲ့သည်။ကျင့်ကြံသူတစ်ဦးအနေဖြင့် တစ်ညလောက်အိပ်ရေးပျက်တာက ဘာမှမဖြစ်။သို့သော် အနည်းငယ်ပင်ပန်းနေသည့်ပုံစံကမူ စိတ်ဖိစီးမှုကြောင့်သာ။
လင်းကျစ်ရန်က တစ်ညလုံး သူ့ဘက်သို့ တိုးကပ်လာခြင်းမရှိသဖြင့် မူယန်ဟာ စိတ်ဓာတ်ကျနေပြီး အလိုမကျဖြစ်နေပါ၏။ လင်းကျစ်ရန်က သူ့ရဲ့ရည်ရွယ်ချက်ကို သိသွားတာတော့ မဟုတ်လောက်ဘူးမို့လား?
မူယန်သည် သူ့အခန်းဆီသို့သာ တန်းတန်းမတ်မတ်လျှောက်လာခဲ့ပါသော်လည်း ပင်မခန်းမဆောင်သို့ဖြတ်လျှောက်လာသောအခါ တုန့်ဆိုင်းသွားမိ၏။ လင်းကျစ်ရန်၏ ခန္ဓာကိုယ်ဖွဲ့စည်းပုံနှင့် ပတ်သတ်၍ သူဘာမှမတတ်နိုင်သော်ငြား သူ့ဆရာကမူ အင်မတန်စွမ်းအားကြီးသူတစ်ယောက်ဖြစ်လင့်ကစား သူဆိုရင်ရော တတ်နိုင်လောက်ပေမလား? သူ့အတွက်မူ လင်းကျစ်ရန်၏ ကံကြမ္မာကိုပြောင်းလဲပေးရန်မခက်လောက်..
ဒီလို ကိစ္စအတွက်နှင့် အနှောင့်အယှက်ပေးလိုက်ပါလျှင်လည်း သူ့ဆရာက စိတ်အလိုမကျများဖြစ်သွားလေမလား?
မူယန်ဟာ စိတ်ထဲတွင် ပြင်းစွာ လွန်ဆွဲနေသည့်တိုင် နောက်ဆုံးတွင်တော့ မေးရန်သာဆုံးဖြတ်လိုက်ပါတော့သည်။အနည်းဆုံးတော့ သူကြိုးစားကြည့်သင့်သည်ပင်။တကယ်လို့ သူ့ဆရာကငြင်းဆန်လိုက်ပါလျှင်လည်း သူ့အနေဖြင့်တစ်ခြားနည်းလမ်းပြောင်းပြီးစဥ်းစားရတော့မည်ပေ။
သူဟာ ပင်မနန်းဆောင်ရှေ့တွင် ရိုးကျိုးစွာရပ်လိုက်ကာ ဆို၏။ " ဆရာ..ကျွန်တော်တစ်ခုလောက် တောင်းဆိုလို့ရနိုင်မလား "
အချိန်ခဏလောက်ကြာပြီးနောက် အတွင်းဘက်မှ ပြန်လည်ဖြေကြားလာခဲ့၏။ " ဘာကိစ္စလဲ "
မူယန်က အလျင်စလိုပင်ပြောလိုက်သည်။ " ကျွန်တော့်မှာ မွေးရာပါ ထူးခြားပြီး ကျင့်ကြံလို့မရတဲ့ ခန္ဓာကိုယ်နဲ့သူငယ်ချင်းတစ်ယောက်ရှိပါတယ်..ဒါကြောင့် သူ့ခန္ဓာကိုယ်ကို တိုးတက်အောင် ကူညီပေးနိုင်မယ့် နည်းလမ်းတစ်ခုခုရှိမလား သိချင်မိလို့ ဆရာ့ကိုအကူအညီတောင်းခံတာပါ "
" လူတိုင်းမှာ သူတို့ရဲ့ကိုယ်ပိုင်ဘဝရှိတယ်..အတင်း မလုပ်ယူနဲ့..ဒီတိုင်းထားလိုက်ပါ.. "
ဒီလိုအဖြေမျိုးကို မျှော်လင့်ထားခဲ့ပြီးသားဖြစ်၍ အထူးတလည် အံ့သြမိခြင်းမရှိသော်လည်း စိတ်ပျက်မိသွားဆဲသာ။ဒါ့အပြင် သူတို့ရဲ့ဆရာတပည့်ဆက်ဆံရေးမှာလည်း မကြာသေးမီကမှစတင်ခဲ့သည်ဖြစ်ရာ အလိုက်မသိစွာဖြင့် ဒီလိုကိစ္စကိုအကူအညီတောင်းခဲ့မိသေးသည်။ သူ့ဆရာက မဆူခဲ့တာကပင် ကံကောင်းလှချေပြီ။
မူယန်ဟာ တိတ်ဆိတ်သောအမူအရာဖြင့်ထွက်သွားလေတော့သည်။ ရွှမ်းရန်သည် ပင်မခန်းမဆောင်ထဲတွင်ထိုင်နေလျက်။ ကြီးမား လေးလံသောတံခါးဖြင့် ပိုင်းခြားထားခဲ့သောကြောင့် မူယန်ဟာရွှမ်းရန်တွင် တစ်ခုခုမှားနေမှန်း သတိပြုမိလိမ့်မည်မဟုတ်။
အနှီချောမောလှသောမျက်နှာထက်တွင် ဒီတစ်ကြိမ်မှာတော့ နာကျင်မှုနှင့်မတည်ငြိမ်မှုတို့ ကြီးစိုးနေပါလျက်။ရွှမ်းရန်ဟာ လက်ကောက်ဝတ်ရှိ ပုတီးစေ့များကို တင်းကျပ်စွာဆုပ်ကိုင်ထားခဲ့သည်။
ပုတီးစေ့များမှာလည်း ဒီတစ်ခါတွင် စူးရှစွာလင်းလက်နေသည့်တိုင်အသံကိုတော့ဖိနှိပ်နိုင်စွမ်းမရှိလေတော့။
သူ့နားထဲရှိ စူးရဲစွာအော်ဟစ်နေသောအသံမှာ အရိုးများကိုခြစ်ထုတ်နေသည့် ဓားသွားတစ်ခုပမာ။
' မင်း ကြည့်စမ်း!သူတို့ အခု တစ်ကုတင်တည်း အတူတူတောင်အိပ်ပြီးကြပြီ!သေစမ်း! ငါ အဲ့ဒီ မုန်းစရာကောင်စုတ်လေးမူယန်ကို သတ်ပစ်မယ်!
လီယဲ့က ငါ့အပိုင်ပဲ..ငါကလွဲပြီး ဘယ်သူမှသူ့ကိုထိတွေ့လို့မရဘူး! '
ရွှမ်းရန်က အသက်ပြင်းပြင်းရှူရှိုက်လိုက်ပြီးဖြည်းညှင်းစွာဆို၏။ " သူတို့ကြားမှာ ဘာမှမဖြစ်ခဲ့ဘူး "
သို့သော် အသံမှာ စိတ်လျော့သွားခြင်းမရှိ။
' ဒီတစ်ခါ မဖြစ်ပေမယ့် နောက်တစ်ခါဆိုရင်ရော..မူယန်ရဲ့အတွေးတွေက ဒီလောက်သိသာနေတာ..လီယဲ့ကို ငါဆီကခိုးယူခွင့်မပြုနိုင်ဘူး..
လီယဲ့က ငါ့အပိုင်ပဲဖြစ်ရမယ်! '
ထို့နောက် အသံက ညှို့ငင်သည့်ဘက်သို့ပြောင်းလာခဲ့ကာ။
' ဒါမှမဟုတ် မင်းဘာဖြစ်လို့ မူယန်ကို မဝါးမျိုလိုက်တာလဲ..ဒါဆို လီယဲ့က မင်းသဘောကျတဲ့လူက မင်းပဲဖြစ်လာမှာ '
ရွှမ်းရန်က မျက်မှောင်ကို ခပ်တင်းတင်းကြုတ်လိုက်လျက် အေးစက်စွာဖြင့်ဆို၏။ " သူက မင်းအပိုင်မဟုတ်ဘူး..ငါမင်းကိုအဲ့လိုလုပ်ခွင့်မပြုဘူး "
' ဟားဟား! စောင့်ကြည့်ကြသေးတာပေါ့ '
ရွှမ်းရန်က မျက်လုံးများကို တင်းတင်းစေ့မှိတ်ထားခဲ့လျက်ပင်။ ဒီ စိတ်ထဲရှိမကောင်းဆိုးဝါးက ဆူညံပြီးအနှောင့်အယှက်ပေးလွန်းသည်။ လင်းကျစ်ရန်နှင့် မူယန်တို့အတူရှိနေတာကို မြင်ပြီးခဲ့ကတည်းက ထိန်းမနိုင်သိမ်းမရဖြစ်ကာပွက်လောရိုက်နေခဲ့ပြီး အခုတွင်မူခေါင်းပင်ကိုက်လာစေတော့သည်။
သူက အသက်ပြင်းပြင်းရှုရှိုက်ကာ အာရုံစူးစိုက်ပြီး မကောင်းဆိုးဝါးကိုဖိနှိပ်ဖို့ ကြိုးစားပြန်၏။
………………
တစ်နာရီကြာပြီးနောက်တွင်။
ရွှမ်းရန်သည် မျက်ဝန်းများကိုစေ့မှိတ်ထားလျက် ငြိမ်သက်စွာထိုင်နေဆဲပင်။သူ၏ ရှည်လျားပြီးနက်မှောင်သောဆံနွယ်များက နောက်ကျောမှတစ်ဆင့် အောက်သို့ဝဲကျနေပါလျက်။
သူက ရုတ်တရတ်ပင် မျက်လုံးကိုဖြည်းညှင်းစွာဖွင့်လာလေသည်။ နဂိုက တွင်းနက်တစ်ခုကဲ့သို့ မဲနက်နေသောမျက်ဝန်းများမှာ ယခုတွင်မူ အနက်ရွှေရောင်အဖြစ်သို့ပြောင်းလဲသွားခဲ့ချေသည်။
သူ၏နှုတ်ခမ်းထောင့်များက အနည်းငယ်ကော့တက်သွားခဲ့ပြီး ရယ်သံတစ်ချို့ ထွက်ပြူလာခဲ့ပါလျက်။ သူဟာခန်းမဆောင်အပြင်ဘက်သို့ထွက်ခွာသွားခဲ့ကာ ရုတ်တရတ်ပင် မူယန်၏အခန်းရှေ့သို့ရောက်လာပေတော့သည်။
တိချန်ထားမှာလည်း သူ၏အသက်ရှူသံကိုခံစားမိသဖြင့် အခန်းအပြင်သို့ ထွက်လာခဲ့ပြီး ဓားဦးထိပ်က သူ့အားချိန်ရွယ်ထားလျက် ကြောက်ရွံ့ဖွယ် သတိပေးသံများကိုထုတ်လွှတ်နေ၏။
ရွှမ်းရန်က လှောင်ရယ်လိုက်သည်။ " ဟက်!..မင်း! လူအိုကြီးကတော့ တော်တော်လေး ကြိုတွေးထားခဲ့တာပဲ..မင်းရဲ့ အသုံးအဆောင်ပစ္စည်းကိုတောင် မူယန်ကိုပေးထားခဲ့တယ်... "
ဒီခန္ဓာကိုယ်ကို သူ ယာယီထိန်းချုပ်နိုင်သော်လည်း အချိန်တော့ အကြာကြီးမရပေ။ ပြီးတော့ မူယန်ကို အလျင်အမြန် မသတ်ပစ်နိုင်အောင်တိချန်ဓားက ကာကွယ်ပေးထားခဲ့လေသည်။
ထားလိုက်ပါတော့...
သူက ချက်ချင်းပင်လှည့်ထွက်သွားခဲ့ပြီးနောက် အခိုက်အတန့်တစ်ခုအတွင်းမှာပင် ပေါင့်ကျန်းတောင်၏အနောက်ဘက်ခြံဝန်းအတွင်၌ပေါ်လာခဲ့ပြန်၏။
ဟုတ်ပေ၏..ဒါက ရွှမ်းရန်မဟုတ်ဘဲ ရွှမ်းရန်၏ ခန္ဓာကိုယ်ကိုထိန်းချုပ်ထားသောမကောင်းဆိုဝါးပေ။
စိတ်ထဲရှိမကောင်းဆိုးဝါးမှာ နောက်ဆုံးတွင် ရွှမ်းရန်၏ မပြင်ဆင်ထားမိမှုအပေါ် အခွင့်ကောင်းယူပြီး ဟာကွက်တစ်ခုရှာကာ ခန္ဓာကိုယ်ကိုထိန်းချုပ်ပစ်လိုက်တော့သည်။သူက မူယန်ကို အရင်ဆုံးသတ်ပစ်ပြီး လင်းကျစ်ရန်ကိုလာတွေ့ချင်ခဲ့ပေမယ့် မူယန်ကို တိချန်ဓားကကာကွယ်ပေးထားခဲ့ပါသောကြောင့်ဒီအကြံအစည်ကို ယာယီစွန့်လွှတ်ထားလိုက်ရ၏။
သူ့အတွက်မူ လင်းကျစ်ရန်က ပိုပြီးအရေးကြီးသည်။ တံခါးကိုညင်သာစွာတွန်းဖွင့်လိုက်လေသော် ကုတင်ပေါ်တွင် လှဲလျောင်းနေသည့် လူငယ်လေးကိုတွေ့လိုက်ရ၏။
လူငယ်လေးမှာ ပင်ပန်းနွမ်းနယ်စွာဖြင့် နှစ်ခြိုက်စွာအိပ်မောကျနေပြီးဝင်သက်ထွက်သက်များကို ညီညာစွာရှုရှိုက်နေလေရာ ရင်ဘက်က နိမ့်ခြည်မြင့်ခြည်ဖြစ်လို့နေသည်။ စိတ်ထဲရှိမကောင်းဆိုးဝါးမှာ ဖြည်းညှင်းစွာတိုးကပ်လာကာ လူငယ်လေး၏မျက်နှာကို အပေါ်မှငုံ့မိုးကြည့်လိုက်ရင်း အနက်ရွှေရောင်သူငယ်အိမ်များမှာ ရီဝေလို့နေ၏။ဒီလူက သူ့စိတ်ကိုအမြဲစိုးမိုးထားခဲ့ပါသော တစ်ဦးတည်းသောသူပင်။ထိုစဥ်က သူဟာ မလှုပ်ရှားနိုင်ရုံမက စကားလည်းမပြောနိုင်သလိုမျက်စိလည်းမမြင်ရသဖြင့် လူငယ်လေး၏အသံကို နားဖြင့်သာကောင်းစွာကြားနိုင်ခဲ့သည်။
သူက သူ့ကိုစောင့်ရှောက်ပေးခဲ့ပြီး စားစရာများကိုပေးကမ်းခဲ့သည်...
သူက သူ့အတွက်တော့ အရာရာပင်...
သူက အရမ်းညစ်ပေနေပြီး ရုပ်ဆိုးလွန်းသောကြောင့် သူဖုန်းစားကတောင်ဂရုစိုက်ချင်မှာမဟုတ်သော်ငြား ဒီကောင်လေးကမူ သူ့ကို ဘယ်တုန်းကမှမနှစ်မြို့ခြင်းမရှိခဲ့...
မျက်ဝန်းထဲတွင် တတ်မက်မှုလိုအင်ဆန္ဒများနှင့်တောင်လောင် လာခဲ့ပါလျက်။သူဟာ တုံ့ဆိုင်းနေမိသည့်တိုင်နောက်ဆုံးတွင်တော့ ခေါင်းကိုဖြည်းညင်းစွာငုံ့လာကာ လူငယ်လေး၏ နူးညံ့သောနှုတ်ခမ်းလွှာများကို နမ်းရှိုက်လိုက်ပါတော့၏။ အနှီစွဲမက်ဖွယ်ကောင်းလှသောအရသာက သူ့ရင်ထဲရှိအကျည်းတန်သောစိတ်ဆန္ဒများကို ချိတ်ကောက်တစ်ခုသဖွယ်ဆွဲယူနေသည်။ ချုပ်တည်းထားလို့မရနိုင်တော့ပြီ...
သူဟာ မကောင်းဆိုးဝါးတစ်ကောင်ဖြစ်ပြီး သူလိုချင်သမျှကို တစ်နည်းနည်းဖြင့် ရအောင်ယူရလိမ့်မည်ပင်။သူ ဒီလူကို ပိုင်ဆိုင်ချင်သည်! ဒါက သေဆုံးသွားချိန်တွင်ကျန်ရစ်ခဲ့သည့် သူ၏အနက်ရှိုင်းဆုံးစွဲလမ်းမှုတစ်ခုပင်။
စိတ်ထဲရှိမကောင်းဆိုးဝါးသည် လူငယ်လေးကို ရင်ခွင်ထဲသို့ဆွဲသွင်းလိုက်ကာ လူငယ်လေး၏ နှုတ်ခမ်း၊ မျက်လုံးနှင့် နှာခေါင်းတို့ကို ငတ်မွတ်စွာနမ်းရှိုက်နေလေသည်။နေရာလပ်မချန် သူ၏ခန္ဓာကိုယ်အတွင်းသို့ စုပ်ယူပစ်ချင်သကဲ့သို့။
လူငယ်လေးက သူ၏လှုပ်ရှားမှုများကြောင့် စိတ်အနှောက့်အယှက်ဖြစ်သွားခဲ့ပုံရသည်။ သူက စိတ်ရှုပ်စွာဖြင့် မျက်မှောင်ကြုတ်လိုက်ပြီး မျက်ခွံများက တသိမ့်သိမ့်တုန်လာခဲ့ကာ နိုးလာတော့မလိုမျိုးပင် ဖြစ်လာလေသော် စိတ်ထဲရှိမကောင်းဆိုးဝါးမှာ လူငယ်လေး၏ မျက်ခုံးစပ်နေရာအား လက်ညှိုးဖြင့်ခပ်ဖွဖွဖိလိုက်၏။ လူငယ်လေးမှာ ပြန်၍ နှစ်ခြိုက်စွာအိပ်မောကျသွားလေတော့သည်။
မကောင်းဆိုးဝါးက ထပ်မံ၍ခေါင်းငုံ့လာခဲ့ပြန်၏...
ရိုးရှင်းပြီး အကြမ်းထည်ဆန်သောအခန်းအတွင်းဝယ်...
အဝတ်များဖရိုဖရဲဖြစ်နေသည့် လူငယ်လေးအား နက်မှောင်သောဆံနွယ်နှင့် ဝတ်ရုံဖြူဝတ်ထားသောချောမောလှသည့်အမျိုးသားက ထွေးပွေ့ထားလို့....
………………
အချိန်တွေက တဖြည်းဖြည်းကုန်လွန်လာခဲ့ပြီး နောက်ဆုံးအဆင့်သို့ ရောက်လုစဲစဲ တွင်။
စိတ်ထဲရှိမကောင်းဆိုးဝါးမှာ ရုတ်တရက် အမူအရာပြောင်းလဲသွားလေသည်။သူ၏ မျက်လုံးတစ်ဖက်မှာ အနက်ရွှေရောင်ဖြစ်နေလျက်၊ ကျန်တစ်ဖက်မှာမူ မှင်ကဲ့သို့နက်မှောင်နေကာ မျက်နှာတစ်ခြမ်းက အလွန်ပင်ခက်ထန်နေလေ၏။ သူက ဖိနှိပ်ထားရမှ ရုတ်တရက် ထွက်ပေါ်လာသလိုမျိုး အမိန့်ဆန်သော စကားနှစ်လုံးကိုပြောလိုက်လေသည်။ " ရပ်စမ်း "
ရွှမ်းရန်၏ ခန္ဓာကိုယ်ကို ထိန်းချုပ်နိုင်ခဲ့သည့်တိုင်အသိစိတ်ကမူ တည်ငြိမ်စွာကျန်ရှိနေလျက်ပင်။ ကြီးမားသောအမှားတစ်ခုကျူးလွန်တော့မည်ကို မြင်လိုက်ရသောအခါတွင် လွန်စွာပူပန်သွားခဲ့ပုံရသည်။ ထိုအချိန်၌ နောက်ဆုံးတွင် သူ့ခန္ဓာကိုယ်တစ်ဝက်ကို ပြန်ပြီးထိန်းချုပ်နိုင်သွားခဲ့လေ၏။
ရွှမ်းရန်၏ မျက်နှာတစ်ခြမ်းကမူ လှောင်ထေ့လျက်။ " ငါမရပ်နိုင်ဘူး..မင်းငါ့ကိုဘာလုပ်နိုင်မှာတဲ့လဲ "
မိမိကိုယ်ကို စကားပြောနေပုံကအရမ်းကိုထူးဆန်းလွန်းသည်။ ပြောရင်းဆိုရင်းပင် ရွှမ်းရန်ဟာ ကိုယ်ကို ကိုင်းချလိုက်ပြီး လူငယ်လေးကိုထိတွေ့ရန်ပြင်လိုက်သော်...သူ ထိတွေ့မိခါနီးတွင် သူ၏မျက်နှာက ရုတ်တရတ်ပြောင်းလဲသွားခဲ့လေသည်။ သူ၏ညာလက်မှာ ထိန်းချုပ်မှုအောက်မှ လွတ်ထွက်သွားခဲ့ပြီး လက်ချောင်းနှစ်ခုက လင်းကျစ်ရန်၏ လည်မျိုအားဓားသွားတစ်စင်းနှယ်ချိန်ရွယ်ထားလိုက်လေ၏...!
သူ၏ မျက်နှာက လုံးဝပျက်ယွင်းနေလျက် ပါးစပ်ကိုဖြည်းညှင်းစွာဖွင့်ပြီး အလွန်တရာမှအေးစက်သောအသံဖြင့်ဆိုလာခဲ့၏။ " မင်းမရပ်ရင်..ငါသူ့ကို သတ်ပစ်မယ်! "
❤❤❤❤❤
zawgyi.
မူယန္သည္ ႐ႊမ့္႐ွန္ခန္းမေဆာင္မွထြက္လာခဲ့ၿပီး အရင္ဆုံး တိဗက္က်မ္းစာတိုက္သို႔သြားလိုက္သည္။သူက လင္းက်စ္ရန္အတြက္ က်င့္ၾကံႏိုင္မည့္နည္းလမ္းႏွင့္ ထူးဆန္းသည့္ခႏၶာကိုယ္တည္ေဆာက္ပုံမ်ားအေၾကာင္းေရးသားထားသည့္ စာအုပ္မ်ားကို႐ွာေဖြခ်င္သည္။အရင္ဆုံးလင္းက်စ္ရန္၏ခႏၶာကိုယ္ကို နားလည္ထားသင့္သည္။မဟုတ္ပါက သူဘယ္လိုပဲႀကိဳးစားေနပါေစ အခ်ည္းအႏွီးျဖစ္ေနလိမ့္မည္သာ။
မူယန္သည္ တိဗက္က်မ္းစာတိုက္တြင္ သုံးရက္ၾကာေအာင္႐ွာေဖြခဲ့ေသာ္လည္း လင္းက်စ္ရန္၏ ခႏၶာကိုယ္ဖြဲ႕စည္းပုံအေၾကာင္း႐ွာမေတြ႕ခဲ့သျဖင့္ အလြန္စိတ္ပ်က္သြားေလသည္။ထားလိုက္ပါေတာ့..အရင္ဆုံး လင္းက်စ္ရန္ကိုသြားေတြ႕ရမည္။သူမ႐ွိဘဲ အဆင္မွေျပရဲ႕လား။
မူယန္သည္ ေပါင့္က်န္းေတာင္ထြတ္ဆီသို႔ျပန္လာခဲ့၏။ လင္းက်စ္ရန္မွာ ဒီရက္မ်ားအတြင္းအလြန္သက္ေတာင့္သက္သာ႐ွိေနသည္ပင္။သူက လက္ေမာင္းကိုညႇစ္ၾကည့္လိုက္ေသာ္ ပိုၿပီးျပည့္လာသလိုခံစားလိုက္ရသည္။စည္းကမ္းၾကပ္မတ္ေရးနန္းေဆာင္၏ အႀကီးအကဲျဖစ္သူက်ိဳးယြဲ႕မွာ အလုပ္ကိစၥႏွင့္ေတာင္ေအာင္သို႔ဆင္းသြားခဲ့ေသာေၾကာင့္ လတ္တေလာတြင္ သူတစ္ဦးတည္းပင္။
တစ္ေန႔တြင္ သူေတာင္ေပၚသို႔သြားရန္လမ္းေလွ်ာက္လာစဥ္ မူယန္ျပန္လာတာကို ႐ုတ္တရက္ျမင္လိုက္ရေလသည္။ မေတြ႕တာၾကာၿပီျဖစ္ပါေသာ္ျငားမူယန္က မေျပာင္းမလဲပင္။ လင္းက်စ္ရန္မွာအလြန္အံ့ၾသသြားခဲ့ၿပီးေနာက္ဆို၏။
" အားယန္! "
မူယန္က အလ်င္စလိုပင္ အေ႐ွ႕သို႔ေလွ်ာက္လာၿပီး လင္းက်စ္ရန္ကို ေျခဆုံးေခါင္းဆုံး ၾကည့္ကာဆို၏။ " မင္း ဒီရက္ပိုင္း ေကာင္းေကာင္းေနခဲ့ရပုံပဲ "
လင္းက်စ္ရန္မွာ အနည္းငယ္႐ွက္႐ြံ႕သြားမိသည္။မူယန္က သူကိုယ္အေလးခ်ိန္တက္လာတာကိုသတိျပဳမိေနသည္။သူက အမူအရာကိုတည္ၿငိမ္ေအာင္ထိန္းထားရင္းေခ်ာင္းဖြဖြဆိုးကာ စကားလမ္းေၾကာင္းေျပာင္းလိုက္သည္။ " မင္းဆရာနဲ႔အဆင္ေျပရဲ႕လား "
မူယန္က ျပဳံးလိုက္သည္။ " အဆင္ေျပတယ္ "
လင္းက်စ္ရန္မွာ မူယန္္၏မ်က္ႏွာမွ ခ်စ္ခင္စြဲလမ္းမႈအနည္းငယ္ကို႐ွာေတြ႕ဖို႔ႀကိဳးစားေပမယ့္ ဘာမွမထူးျခား။သာမန္အတိုင္းသာ။ၾကည့္ရတာ အခ်ိန္အခ်ိန္တစ္ခုအထိ ေစာင့္ဆိုင္းဖို႔လိုမည္ပင္။႐ႊမ္းယန္က ႏွစ္ခ်ိဳ႕ေရခဲတုံးႀကီးျဖစ္သည္။ဇာတ္ၫႊန္းအရ မူယန္ဟာ အခ်ိန္အေတာ္ၾကာၿပီးတဲ့ေနာက္ ႐ႊမ္းရန္ကိုခ်စ္မိသြားခဲ့ကာ လီယဲ့ကိုမၾကာခဏရင္ဖြင့္ေလ့႐ွိသည္။
လင္းက်စ္ရန္သည္ သူ႕အေတြးမ်ားကိုလက္စ,သပ္လိုက္၏။ဒီဇာတ္ကြက္ေတြက ေပါ့ပါးၿပီးကန္႔သတ္ခ်က္မ႐ွိ။ရင္ဖြင့္သမွ်ကိုနားေထာင္ေပးတဲ့သူငယ္ခ်င္းေကာင္းတစ္ေယာက္ျဖစ္ေပးဖို႔သာ လို၏။
မေတြ႕ရတာတစ္လေက်ာ္ၾကာခဲ့ၿပီမို႔ မူယန္ဟာ လင္းက်စ္ရန္ကိုေျပာျပစရာေတြအမ်ားႀကီး႐ွိခဲ့သည္။ သို႔ေသာ္ တကယ္တမ္းတြင္မူ ဘာေျပာရမွန္းမသိေတာ့ေပ။ လင္းက်စ္ရန္ကို ကူညီေပးႏိုင္ဖို႔နည္းလမ္း႐ွာမေတြ႕ေသးသျဖင့္ အနည္းငယ္ အ႐ွက္ရေနလ်က္။
မူယန္က အျပစ္မကင္းေသာအမူအရာႏွင့္အတူ ႏႈတ္ခမ္းသပ္ၿပီးေနာက္ဆို၏။ " တကယ္ေတာ့ ငါမေန႔က တိဗက္က်မ္းစာတိုက္ကိုသြားခဲ့တယ္..ဒါေပမယ့္ မင္းရဲ႕ခႏၶာကိုယ္ဖြဲ႕စည္းပုံနဲ႔ပတ္သတ္ၿပီး ေျဖ႐ွင္းခ်က္တစ္ခုေတာင္မ႐ွာႏိုင္ခဲ့ဘူး... "
လင္းက်စ္ရန္ကေတြးမိသည္။ဒီနတ္မိမယ္ေလးက ၾကင္နာတတ္ေပမယ့္ဒီကိစၥအတြက္စိတ္ပူေပးဖို႔တကယ္ပင္မလိုအပ္။သူက ေပါ့ပါးစြာေျပာလိုက္၏။ " ကိစၥမ႐ွိပါဘူး..အခုလည္း ငါ့အတြက္ အဆင္ေျပပါတယ္ "
သို႔ေပမဲ့ လင္းက်စ္ရန္၏ ေရာင့္ရဲႏိုင္ေသာအမူအရာကိုၾကည့္ရင္း မူယန္ဟာ စိတ္မေကာင္းျဖစ္မိသည္။စင္ၾကယ္ေသာနန္းေတာ္႐ွိလူတိုင္းမွာ က်င့္ၾကံသူမ်ားပင္။ေအာက္ေျခသိမ္း တံျမက္စည္းလွည္းသူပင္ သာမန္ႏွင့္မတူသည့္ က်င့္ၾကံမႈအဆင့္႐ွိ၏။လင္းက်စ္ရန္သည္ သူႏွင့္အတူဒီေနရာသို႔ျပတ္သားစြာလိုက္လာခဲ့ေသာ္လည္း မက်င့္ၾကံႏိုင္သည့္ တစ္ဦးတည္းေသာသူျဖစ္၏။ ဖိအားေတြ ခံခဲ့ရမွန္းသိသာေသာ္လည္း သူ႕အေ႐ွ႕တြင္မူ တည္ၿငိမ္ေသာအမူအရာႏွင့္သာ။သူ႕ကိုအခက္မေတြ႕ေစခ်င္လို႔ပင္။သူဒီကိုထြက္မလာခဲ့စဥ္က လင္းက်စ္ရန္ကို ေကာင္းေကာင္းေစာင့္ေ႐ွာက္ေပးၿပီး က်င့္ၾကံႏိုင္မယ့္နည္းလမ္း႐ွာေပးမယ္လို႔ မူရာက်ဴးကိုကတိေပးခဲ့သည္။သူ ကတိေပးထားတဲ့အတိုင္း တည္ႏိုင္ေအာင္ႀကိဳးစားရမည္။
သူကစိတ္ထဲတြင္ထိုသို႔ေတြးေနသည့္တိုင္ ဒီအေၾကာင္းအရာကိုထပ္ၿပီးေျပာလွ်င္လည္းအသုံးမဝင္ေသာေၾကာင့္ စကားေျပာင္းၿပီးေျပာလိုက္၏။ " ဒါနဲ႔ ႐ွန္႐ႊမ္ခန္းမေဆာင္က ဘယ္လိုပုံစံလဲမင္းသိလား..တကယ္ကို ႀကီးမားၿပီးနန္းေဆာင္တစ္ခုလုံးကို အရည္အေသြးျမင့္တဲ့ေက်ာက္စိမ္းေတြနဲ႔လုပ္ထားတာ..ဒီေလာက္ခမ္းနားလွပတဲ့ေနရာကိုငါမျမင္ခဲ့ဖူးဘူး... "
သာမန္ဆယ္ေက်ာ္သက္ေလးအေနျဖင့္ ထူးဆန္းေသာအရပ္သို႔ပထမဆုံးေရာက္ဖူးသည့္အခ်ိန္တြင္အေတြ႕အၾကဳံမ်ားကို သူငယ္ခ်င္းအားျပန္လည္မွ်ေဝေပးခ်င္သည့္သေဘာျဖင့္ မူယန္သည္ လင္းက်စ္ရန္အား စိတ္အားထက္သန္စြာေျပာျပေန၏။
လင္းက်စ္ရန္ဟာ မူယန္ေျပာသမွ်ကို ဂ႐ုတစိုက္နားေထာင္ေပးေနၿပီး ႏူးညံ့ေသာအၾကည့္ျဖင့္ၾကည့္ေနေလသည္။ဒီနတ္မိမယ္ေလးက ခ်စ္ဖို႔ေကာင္းလြန္းသည္။ ေက်ာက္စိမ္းနန္းေတာ္အေၾကာင္းေျပာေနသည့္ပုံစံကပင္ အရမ္းကိုခ်စ္စရာေကာင္းလြန္းသည္။ သူ႕ရဲ႕ အၾကည့္ေတြက အဲ့ဒီေနရာကို အရမ္းသေဘာက်ေနပုံပင္။
တကယ္တမ္းတြင္ လင္းက်စ္ရန္ဟာဇာတ္ၫႊန္းကိုဖတ္ၿပီး မူယန္က လီယဲ့အစား ဘာလို႔မ်ား႐ႊမ္းရန္ကိုခ်စ္မိသြားခဲ့ရလဲလို႔ ေတြးမိခဲ့သည္။ မူယန္ဟာ လီယဲ့ကိုကာကြယ္ဖို႔ သူ႕ဆရာကိုေတာင္အတိုက္အခံလုပ္ခဲ့ေပမယ့္ ဇာတ္လမ္းအစမွအဆုံးထိသူတို႔ဟာသာမန္ သူငယ္ခ်င္းမ်ားသာ။
ေနာက္ပိုင္းတြင္ လင္းက်စ္ရန္မွာ လီယဲ့ေနရာသို႔ေရာက္လာခဲ့ၿပီးခ်ိန္တြင္ေတာ့ နားလည္သြားခဲ့ရသည္။မူယန္ဟာ လီယဲ့အတြက္ေတာ့ ေပးကမ္းသူပင္။လီယဲ့ေဘးတြင္အၿမဲ႐ွိေနၿပီးကာကြယ္ေပးခဲ့သည္။ လီယဲ့ကိုႏြံထဲမွဆြဲထုတ္ၿပီး ေမွ်ာ္လင့္ခ်က္ႏွင့္အလင္းေရာင္တို႔ကိုေပးခဲ့၏...သို႔ေသာ္လီယဲ့ကေတာ့ သူ႕ကို ဘာမွျပန္ၿပီးမေပးႏိုင္ခဲ့။
မူယန္ႏွင့္ လီယဲ့ၾကားတြင္ မွ်တသည့္ ဆက္ဆံေရးမ်ိဳးဘယ္တုန္းကမွမ႐ွိခဲ့။လီယဲ့ဟာ ဒါကိုတစ္ခ်ိန္လုံးနားလည္ေနခဲ့တာမို႔ သူမူယန္ကိုအမွန္တကယ္ခ်စ္ျမတ္ႏိုးတယ္ဆိုလွ်င္ေတာင္မွ သူကမူယန္နဲ႔မထိုက္တန္ဘူးလို႔သာခံစားခဲ့ရ၏။သူ႕အခ်စ္မ်ားက နိမ့္က်လြန္းသည္။
႐ႊမ္းရန္ကေတာ့မတူ။သူက ဇာတ္လိုက္ျဖစ္သည့္အေလွ်ာက္ လႊမ္းမိုးႏိုင္သည့္အ႐ွိန္အဝါ႐ွိသည္။ ခ်ီရန္မေသမ်ိဳးေလာက႐ွိလူအမ်ား၏အျမင္တြင္ သူက အတုမ႐ွိေသာနတ္ဘုရားတစ္ပါးပင္။
မူယန္သည္ ႐ႊမ္းရန္၏ေ႐ွ႕ေမွာက္တြင္မူ ႐ႊမ္းရန္ကေပးကမ္းသူပင္။႐ႊမ္းရန္က သူ႕ကိုသင္ၾကားပ်ိဳးေထာင္ေပးကာ လိုအပ္သမွ်ကိုျဖည့္ဆည္းေပးခဲ့သည္။မူယန္က သူ႕ကိုျပန္ၿပီးေပးဖို႔ ဘယ္တုန္းကမွမလိုအပ္ခဲ့..မူယန္ႏွင့္ ႐ႊမ္းရန္ၾကားမွ ဆက္ဆံေရးမွာလည္းမွ်တမႈမ႐ွိ။အခ်စ္တြင္ ႏွစ္ဦးႏွစ္ဖက္ မွ်တမႈ႐ွိသင့္ပါေသာ္လည္း ဒီလူသုံးေယာက္လုံးမွာလုံးဝ မမွ်တသည္ေပ။
ဒါကဘယ္လိုလဲဆိုလွ်င္ျဖင့္ - လီယဲ့၏ ႏွိမ့္ခ်ေသာအခ်စ္၊ မူယန္၏ ခက္ခဲေသာအခ်စ္ႏွင့္ ထိပ္ဆုံးတြင္႐ွိေနသည့္ ႐ႊမ္းရန္၏ ေအးစက္ၿပီး အၾကင္နာမဲ့မႈတို႔ပင္။သူက ဘယ္သူ႕အကူအညီကိုမွမလိုအပ္သလို ဘယ္သူ႕ကိုမွလည္းခ်စ္ဖို႔မလိုသည့္ အထီးက်န္နတ္ဘုရားတစ္ပါးသာ။သန္မာလြန္းသျဖင့္ ဘာကိုမွဂ႐ုစိုက္စရာမလို။ေနာက္ဆုံးတြင္ လီယဲ့ကမူယန္ကိုခ်စ္မိသြားခဲ့ၿပီးမူယန္ကမူ ႐ႊမ္းရန္ကိုခ်စ္မိသြားခဲ့ကာ ဒီအခ်စ္ဇာတ္လမ္းတစ္ခုလုံးတြင္ လီယဲ့ႏွင့္ မူယန္ ႏွစ္ဦးစလုံးမွာ သူတို႔မေတာင့္တၾကသည့္ ခက္ခဲမႈမ်ားကိုျမည္းစမ္းၾကည့္ခဲ့ရသည္။
ကံေကာင္းစြာနဲ႔ပဲ ႐ႊမ္းရန္က မင္းကိုျပန္ႀကိဳက္မွာပါ..႐ႊမ္းရန္ကို ရင္ခုန္သြားေအာင္လုပ္ႏိုင္တာက ေသခ်ာေပါက္ ဇာတ္လိုက္shouရဲ႕ လူတိုင္းကိုဆြဲေဆာင္ႏိုင္တဲ့ေရာင္ျခည္ေၾကာင့္ပဲ ျဖစ္ရမယ္ေလ...
သူတို႔စကားေျပာေနရင္းျဖင့္ အခ်ိန္ေတြက ကုန္လြန္လာခဲ့ရာ ေမွာင္ရီပ်ိဳးခ်ိန္သို႔ပင္ေရာက္လာခဲ့ေတာ့သည္။
တကယ္ေတာ့ မူယန္ကသာ တိုင္ခံေျပာေနခဲ့သည္ပင္။လီယဲ့က အေနေအးေသာေၾကာင့္ စကားအမ်ားႀကီးမေျပာမိေစရန္ လင္းက်စ္ရန္ဟာ ကိုယ့္ကိုယ္ကို သတိေပးေနခဲ့ရသည္။သူက စကားေျပာခ်င္မိသည့္ အခါတိုင္း စိတ္ထဲတြင္ တိတ္တိတ္ေလးေရ႐ြတ္ေန၏။ မင္းက ေအးစက္ၿပီး မာနႀကီးတဲ့ မိစၧာတစ္ေကာင္ပဲ! မင္းက ေအးစက္ၿပီးမာနႀကီးတဲ့မိစၧာတစ္ေကာင္ပဲ!မင္းက ေအးစက္ၿပီးမာနႀကီးတဲ့ မိစၧာတစ္....
ဒီစကားလုံးမ်ားကို႐ြတ္ရင္း သူ႕ကိုယ္သူေအးစက္သည့္မိစၧာတစ္ေကာင္လို႔ႏွလုံးသြင္းႏိုင္ရန္ႀကိဳးစားေနခဲ့ရသည္။
[လင္းက်စ္ရန္ - သုံးနာရီအတြင္း စကားသုံးခြန္းပဲေျပာဖို႔က ငါ့အတြက္တကယ္မလြယ္ဘူး... ]
[System - ....]
[လင္းက်စ္ရန္ - ဒါေပမယ့္..ရပါတယ္..စကား၃ခြန္းပဲေျပာရလည္းအဆင္ေျပတယ္ ]
[System- ....] ဒီကစားသမားေတာ့ ေတာ္ေတာ္ခက္ေနၿပီ။
[လင္းက်စ္ရန္: မင္း ငါနဲ႔ စကားေျပာေပးပါ့လား]
[System - .... ]
" ေအာ္...ဒါနဲ႔ေလ " မူယန္က မ်က္ေတာင္ ပုတ္ခတ္ပုတ္ခတ္လုပ္ကာဆို၏။ " ငါမနက္ျဖန္မွ ျပန္မလို႔..ဒီညမင္းနဲ႔အတူအိပ္မယ္ေလ "
လင္းက်စ္ရန္မွာေနာက္ဆုံးတြင္ စိတ္သက္သာရာရ သြားေလၿပီး ျပန္ေျဖလိုက္သည္။ " ေကာင္းၿပီ ငါမင္းအတြက္ အခန္း႐ွင္းေပးမယ္ "
မူယန္က အလိုမက်ျဖစ္သြားၿပီး ခဏေလာက္ေတြေဝေနၿပီးမွဆို၏။ " ဒါက တစ္ညပဲကို..ငါတို႔အတူအိပ္ၿပီးစကားေတြေျပာၾကမယ္ေလ "
ဘာ?မင္းမွာ ေျပာစရာေတြ႐ွိေသးတာလား..အခုေလးတင္ေျပာၿပီးတာကို မလုံေလာက္ေသးဘူးေပါ့?
ခဏေလး! အဲ့ဒါက အေရးမႀကီးဘူး..အဓိကက ငါတို႔ အတူအိပ္လို႔မရဘူး!ငါက ညဆို ၿငိမ္ၿငိမ္အိပ္တတ္တာမဟုတ္ဘူး!
လင္းက်စ္ရန္မွာ ျပတ္ျပတ္သားသားပင္ ျငင္းဆိုေလ၏။အရင္တစ္ေခါက္ကလို သူအ႐ွက္မကြဲခ်င္။ သူက အခက္ေတြ႕ေနေသာအသံျဖင့္ဆို၏။ " ငါ့အိပ္ရာကေသးလြန္းေတာ့ လူႏွစ္ေယာက္အိပ္ရင္ အရမ္းက်ပ္သြားလိမ့္မယ္..မင္းအဆင္မေျပျဖစ္ေနမွာ ငါစိုးရိမ္တယ္ "
မူယန္က ဂ႐ုမစိုက္။ သူ႕ မ်က္ဝန္းေတြက ေတာက္ပေနကာ ျပဳံးလ်က္ဆို၏။
" ငါ့အတြက္အဆင္ေျပပါတယ္..ဒီလိုပဲလုပ္ၾကတာေပါ့ "
လင္းက်စ္ရန္: ". ... "
မူယန္က ဆုံးျဖတ္ၿပီးသြားမွေတာ့ မူယန္႔ဆႏၵကို ဘယ္ေတာ့မွျငင္းဆန္ႏိုင္မွာမဟုတ္တဲ့ ေခြးလိမၼာေလးအေနျဖင့္ သူက ဘာေျပာႏိုင္ေတာ့မွာလဲ။ ေက်းဇူးတင္စြာျဖင့္ သေဘာတူေပး႐ုံသာတတ္ႏိုင္သည္ပင္။
လင္းက်စ္ရန္ - ႐ိႈက္ငို...
လူႏွစ္ေယာက္မွာ သစ္သားကုတင္ေပၚတြင္ က်ပ္ညႇပ္စြာ လွဲေလ်ာင္းေနၾကပါလ်က္။ လင္းက်စ္ရန္ဟာ မူယန္၏ခႏၶာကိုယ္ႏွင့္ ပူးကပ္ေနၿပီး အဝတ္မ်ားမွတစ္ဆင့္ တစ္ဖက္လူ၏ ကိုယ္ေငြ႕ကိုပင္ ခံစားမိေနေသာေၾကာင့္အလြန္ပင္စိတ္မသက္မသာျဖစ္လို႔ေနပါလ်က္။
ငါတို႔က ညီအစ္ကိုေကာင္းေတြပဲ...
ဟူး..ထားလိုက္ပါေတာ့..ဒီညကို အိပ္ေရးပ်က္တဲ့ ညတစ္ညလို႔ မွတ္လိုက္ၿပီး မနက္ျဖန္ မူယန္ျပန္သြားမယ့္အခ်ိန္ကိုပဲေစာင့္ေနလိုက္ေတာ့မယ္...
ဒီတစ္ခါေတာ့ သူလုံးဝ အိပ္ေပ်ာ္သြားလို႔မျဖစ္။ မဟုတ္လွ်င္ အိပ္မက္ထဲတြင္ ငွက္မဟုတ္ သားရဲမဟုတ္ ထူးထူးဆန္းဆန္း အေကာင္တစ္ေကာင္ျဖစ္သြားႏိုင္သည္မို႔။
မူယန္သည္ လင္းက်စ္ရန္ႏွင့္ အလြန္နီးကပ္စြာ႐ွိေနေသာေၾကာင့္ စိတ္လႈပ္႐ွားေနပါေသာ္လည္း အခုတစ္ခါတြင္မူေကာင္းစြာျပင္ဆင္ထားခဲ့ၿပီး အသက္႐ႈသံကိုတည္ၿငိမ္စြာထိန္းထားဖို႔သင္ယူထားခဲ့ေသာေၾကာင့္ပုံမွန္အတိုင္းသာျဖစ္ေနသည္။သို႔ေသာ္ ေသခ်ာၾကည့္လွ်င္ သူ႕နား႐ြက္ဖ်ားမ်ား နီရဲေနတာကိုျမင္ႏိုင္၏။ ဒါကသူ႕ရဲ႕ ႐ုတ္တရက္ဆုံးျဖတ္ခ်က္တစ္ခုျဖစ္ေသာ္လည္း ေနာင္တမရမိ။သူဒီလူနဲ႔ပိုၿပီးရင္းႏွီးခ်င္သည္။
သူ႕ေဘးတြင္လွဲေလ်ာင္းေနသူ၏ ဝင္သက္ထြက္သက္မ်ားကို နားေထာင္ရင္း ႏွလုံးခုန္သံက တစ္ျဖည္းျဖည္းျမန္ဆန္လာေခ်၏။ မူယန္ဟာ သူ႕ကိုယ္သူတည္ၿငိမ္ေအာင္လုပ္ေနေပမယ့္လို႔ တကယ္တမ္းတြင္မူ တစ္ကိုယ္လုံးေတာင့္တင္းလို႔ေနသည္။သူက လင္းက်စ္ရန္ႏွင့္ စကားခဏေျပာလိုက္ၿပီးေနာက္ အိပ္သြားေလေတာ့သည္။
လင္းက်စ္ရန္သည္ ေနာက္ဆုံးတြင္ မူယန္အိပ္သြားၿပီလို႔ ေတြးလိုက္မိေသာ္လည္း သူကမူ မအိပ္ဝံ့ေသာေၾကာင့္ ငိုက္မ်ဥ္းလာတိုင္း သူ႕ကိုယ္သူခပ္ျပင္းျပင္းဆြဲဆိတ္လိုက္သည္။တစ္ညလုံးမ်က္လုံးဖြင့္ထားရပါေသာေၾကာင့္သူ၏ မ်က္ဝန္းမ်ားမွာေသြးေၾကာမ်ားေပါက္ထြက္လုမတတ္နီရဲေနပါလ်က္...သူက ေဘးတြင္အိပ္ေနေသာမူယန္ကို တိတ္တိတ္ေလးေစာင္းၾကည့္လိုက္၏။ မူယန္ကို ၾကည့္မိေသာ္ သူ႕မ်က္လုံးအိမ္ထဲတြင္ မ်က္ရည္မ်ားျဖင့္ျပည့္လွ်ံလာလုမတတ္။ ဘိုးေအေလးရယ္....
တကယ္ေတာ့ မူယန္သည္လည္း အိပ္ခ်င္ေယာင္ေဆာင္ေနခဲ့ျခင္းပင္။ သူက အရင္တစ္ေခါက္ကလို လင္းက်စ္ရန္ သူ႕ကိုေပြ႕ဖက္လာလိမ့္မယ္လို႔ ေမွ်ာ္လင့္မိခဲ့သည့္တိုင္ လင္းက်စ္ရန္ကမူ မလႈပ္မယွက္ႏွင့္ လုံးဝၿငိမ္သက္ေနေလ၏။
ဘာေတြျဖစ္ေနတာပါလိမ့္...
မူယန္ဟာ မ်က္လုံးဖြင့္ၿပီးၾကည့္လိုက္ခ်င္သည့္တိုင္ လင္းက်စ္ရန္သိသြားမွာကိုလည္း စိုး႐ြံ႕ေနျပန္၏။ သူတို႔ႏွစ္ဦးလုံးမွာ အခက္အခဲကိုယ္စီ ရင္ဝယ္ပိုက္လ်က္ပင္။
ေနာက္ဆုံးတြင္ေတာ့ တစ္ညလုံးတစ္ေရးမွမရခဲ့ၾကဘဲ ေနာက္ေန႔နံနက္ မိုးလင္းခ်ိန္တြင္ ငိုက္မ်ဥ္းေနၾကပါေတာ့သည္။
မူယန္၏ မ်က္ႏွာကပူက်စ္ေနလ်က္ သူက ေလးပင္စြာေျပာလာခဲ့သည္။ " ငါ ႐ွန္႔႐ႊမ္ခန္းမေဆာင္ကိုျပန္ေတာ့မယ္ေနာ္..ေနာက္မွမင္းကိုျပန္လာေတြ႕မယ္ "
လင္းက်စ္ရန္မွာလည္း လုံးဝေတာင့္ခံမထားႏိုင္ေတာ့ပါေခ်။သူအရမ္း အိပ္ခ်င္ေနၿပီပင္။ သူက႐ႈပ္ေထြးေသာအမူအရာျဖင့္ ျပန္ေျဖလိုက္သည္။ " ေကာင္းၿပီ "
ျမန္ျမန္သြားေတာ့!ဒီေဖေဖ ျပန္အိပ္ဖို႔ျပင္ေတာ့မယ္...
မူယန္က လွည့္ထြက္သြားေလသည္။ လင္းက်စ္ရန္မွာ အခန္းထဲသို႔ျပန္ဝင္လာခဲ့ၿပီး အိပ္ရာေပၚလို႔ ေမွာက္လ်က္ပစ္လွဲလိုက္ေတာ့သည္။ဒီညက ဇာတ္ကြက္ေပါင္းရာေက်ာ္ေလာက္သ႐ုပ္ေဆာင္ရတာထက္ပင္ ပိုခက္ေနေသးသည္။ သူအရမ္းအိပ္ခ်င္ေနၿပီ။ ဒီေန႔ သူအိပ္မေပ်ာ္ရင္ သူ႕မ်ိဳး႐ိုးကလင္း မဟုတ္ေတာ့ဘူး!
………………
မူယန္သည္ ေပါင့္က်န္းေတာင္ထြတ္ဆီမွ ထြက္လာခဲ့ၿပီး ႐ွန္႔႐ႊမ္ခန္းမေဆာင္ဆီသိိဳ႕ျပလာလာခဲ့သည္။က်င့္ၾကံသူတစ္ဦးအေနျဖင့္ တစ္ညေလာက္အိပ္ေရးပ်က္တာက ဘာမွမျဖစ္။သို႔ေသာ္ အနည္းငယ္ပင္ပန္းေနသည့္ပုံစံကမူ စိတ္ဖိစီးမႈေၾကာင့္သာ။
လင္းက်စ္ရန္က တစ္ညလုံး သူ႕ဘက္သို႔ တိုးကပ္လာျခင္းမ႐ွိသျဖင့္ မူယန္ဟာ စိတ္ဓာတ္က်ေနၿပီး အလိုမက်ျဖစ္ေနပါ၏။ လင္းက်စ္ရန္က သူ႕ရဲ႕ရည္႐ြယ္ခ်က္ကို သိသြားတာေတာ့ မဟုတ္ေလာက္ဘူးမို႔လား?
မူယန္သည္ သူ႕အခန္းဆီသို႔သာ တန္းတန္းမတ္မတ္ေလွ်ာက္လာခဲ့ပါေသာ္လည္း ပင္မခန္းမေဆာင္သို႔ျဖတ္ေလွ်ာက္လာေသာအခါ တုန္႔ဆိုင္းသြားမိ၏။ လင္းက်စ္ရန္၏ ခႏၶာကိုယ္ဖြဲ႕စည္းပုံႏွင့္ ပတ္သတ္၍ သူဘာမွမတတ္ႏိုင္ေသာ္ျငား သူ႕ဆရာကမူ အင္မတန္စြမ္းအားႀကီးသူတစ္ေယာက္ျဖစ္လင့္ကစား သူဆိုရင္ေရာ တတ္ႏိုင္ေလာက္ေပမလား? သူ႕အတြက္မူ လင္းက်စ္ရန္၏ ကံၾကမၼာကိုေျပာင္းလဲေပးရန္မခက္ေလာက္..
ဒီလို ကိစၥအတြက္ႏွင့္ အေႏွာင့္အယွက္ေပးလိုက္ပါလွ်င္လည္း သူ႕ဆရာက စိတ္အလိုမက်မ်ားျဖစ္သြားေလမလား?
မူယန္ဟာ စိတ္ထဲတြင္ ျပင္းစြာ လြန္ဆြဲေနသည့္တိုင္ ေနာက္ဆုံးတြင္ေတာ့ ေမးရန္သာဆုံးျဖတ္လိုက္ပါေတာ့သည္။အနည္းဆုံးေတာ့ သူႀကိဳးစားၾကည့္သင့္သည္ပင္။တကယ္လို႔ သူ႕ဆရာကျငင္းဆန္လိုက္ပါလွ်င္လည္း သူ႕အေနျဖင့္တစ္ျခားနည္းလမ္းေျပာင္းၿပီးစဥ္းစားရေတာ့မည္ေပ။
သူဟာ ပင္မနန္းေဆာင္ေ႐ွ႕တြင္ ႐ိုးက်ိဳးစြာရပ္လိုက္ကာ ဆို၏။ " ဆရာ..ကြၽန္ေတာ္တစ္ခုေလာက္ ေတာင္းဆိုလို႔ရႏိုင္မလား "
အခ်ိန္ခဏေလာက္ၾကာၿပီးေနာက္ အတြင္းဘက္မွ ျပန္လည္ေျဖၾကားလာခဲ့၏။ " ဘာကိစၥလဲ "
မူယန္က အလ်င္စလိုပင္ေျပာလိုက္သည္။ " ကြၽန္ေတာ္႕မွာ ေမြးရာပါ ထူးျခားၿပီး က်င့္ၾကံလို႔မရတဲ့ ခႏၶာကိုယ္နဲ႔သူငယ္ခ်င္းတစ္ေယာက္႐ွိပါတယ္..ဒါေၾကာင့္ သူ႕ခႏၶာကိုယ္ကို တိုးတက္ေအာင္ ကူညီေပးႏိုင္မယ့္ နည္းလမ္းတစ္ခုခု႐ွိမလား သိခ်င္မိလို႔ ဆရာ့ကိုအကူအညီေတာင္းခံတာပါ "
" လူတိုင္းမွာ သူတို႔ရဲ႕ကိုယ္ပိုင္ဘဝ႐ွိတယ္..အတင္း မလုပ္ယူနဲ႔..ဒီတိုင္းထားလိုက္ပါ.. "
ဒီလိုအေျဖမ်ိဳးကို ေမွ်ာ္လင့္ထားခဲ့ၿပီးသားျဖစ္၍ အထူးတလည္ အံ့ၾသမိျခင္းမ႐ွိေသာ္လည္း စိတ္ပ်က္မိသြားဆဲသာ။ဒါ့အျပင္ သူတို႔ရဲ႕ဆရာတပည့္ဆက္ဆံေရးမွာလည္း မၾကာေသးမီကမွစတင္ခဲ့သည္ျဖစ္ရာ အလိုက္မသိစြာျဖင့္ ဒီလိုကိစၥကိုအကူအညီေတာင္းခဲ့မိေသးသည္။ သူ႕ဆရာက မဆူခဲ့တာကပင္ ကံေကာင္းလွေခ်ၿပီ။
မူယန္ဟာ တိတ္ဆိတ္ေသာအမူအရာျဖင့္ထြက္သြားေလေတာ့သည္။ ႐ႊမ္းရန္သည္ ပင္မခန္းမေဆာင္ထဲတြင္ထိုင္ေနလ်က္။ ႀကီးမား ေလးလံေသာတံခါးျဖင့္ ပိုင္းျခားထားခဲ့ေသာေၾကာင့္ မူယန္ဟာ႐ႊမ္းရန္တြင္ တစ္ခုခုမွားေနမွန္း သတိျပဳမိလိမ့္မည္မဟုတ္။
အႏွီေခ်ာေမာလွေသာမ်က္ႏွာထက္တြင္ ဒီတစ္ႀကိမ္မွာေတာ့ နာက်င္မႈႏွင့္မတည္ၿငိမ္မႈတို႔ ႀကီးစိုးေနပါလ်က္။႐ႊမ္းရန္ဟာ လက္ေကာက္ဝတ္႐ွိ ပုတီးေစ့မ်ားကို တင္းက်ပ္စြာဆုပ္ကိုင္ထားခဲ့သည္။
ပုတီးေစ့မ်ားမွာလည္း ဒီတစ္ခါတြင္ စူး႐ွစြာလင္းလက္ေနသည့္တိုင္အသံကိုေတာ့ဖိႏွိပ္ႏိုင္စြမ္းမ႐ွိေလေတာ့။
သူ႕နားထဲ႐ွိ စူးရဲစြာေအာ္ဟစ္ေနေသာအသံမွာ အ႐ိုးမ်ားကိုျခစ္ထုတ္ေနသည့္ ဓားသြားတစ္ခုပမာ။
' မင္း ၾကည့္စမ္း!သူတို႔ အခု တစ္ကုတင္တည္း အတူတူေတာင္အိပ္ၿပီးၾကၿပီ!ေသစမ္း! ငါ အဲ့ဒီ မုန္းစရာေကာင္စုတ္ေလးမူယန္ကို သတ္ပစ္မယ္!
လီယဲ့က ငါ့အပိုင္ပဲ..ငါကလြဲၿပီး ဘယ္သူမွသူ႕ကိုထိေတြ႕လို႔မရဘူး! '
႐ႊမ္းရန္က အသက္ျပင္းျပင္း႐ွဴ႐ိႈက္လိုက္ၿပီးျဖည္းညႇင္းစြာဆို၏။ " သူတို႔ၾကားမွာ ဘာမွမျဖစ္ခဲ့ဘူး "
သို႔ေသာ္ အသံမွာ စိတ္ေလ်ာ့သြားျခင္းမ႐ွိ။
' ဒီတစ္ခါ မျဖစ္ေပမယ့္ ေနာက္တစ္ခါဆိုရင္ေရာ..မူယန္ရဲ႕အေတြးေတြက ဒီေလာက္သိသာေနတာ..လီယဲ့ကို ငါဆီကခိုးယူခြင့္မျပဳႏိုင္ဘူး..
လီယဲ့က ငါ့အပိုင္ပဲျဖစ္ရမယ္! '
ထို႔ေနာက္ အသံက ညိႇဳ႕ငင္သည့္ဘက္သို႔ေျပာင္းလာခဲ့ကာ။
' ဒါမွမဟုတ္ မင္းဘာျဖစ္လို႔ မူယန္ကို မဝါးမ်ိဳလိုက္တာလဲ..ဒါဆို လီယဲ့က မင္းသေဘာက်တဲ့လူက မင္းပဲျဖစ္လာမွာ '
႐ႊမ္းရန္က မ်က္ေမွာင္ကို ခပ္တင္းတင္းၾကဳတ္လိုက္လ်က္ ေအးစက္စြာျဖင့္ဆို၏။ " သူက မင္းအပိုင္မဟုတ္ဘူး..ငါမင္းကိုအဲ့လိုလုပ္ခြင့္မျပဳဘူး "
' ဟားဟား! ေစာင့္ၾကည့္ၾကေသးတာေပါ့ '
႐ႊမ္းရန္က မ်က္လုံးမ်ားကို တင္းတင္းေစ့မွိတ္ထားခဲ့လ်က္ပင္။ ဒီ စိတ္ထဲ႐ွိမေကာင္းဆိုးဝါးက ဆူညံၿပီးအေႏွာင့္အယွက္ေပးလြန္းသည္။ လင္းက်စ္ရန္ႏွင့္ မူယန္တို႔အတူ႐ွိေနတာကို ျမင္ၿပီးခဲ့ကတည္းက ထိန္းမႏိုင္သိမ္းမရျဖစ္ကာပြက္ေလာ႐ိုက္ေနခဲ့ၿပီး အခုတြင္မူေခါင္းပင္ကိုက္လာေစေတာ့သည္။
သူက အသက္ျပင္းျပင္း႐ႈ႐ိႈက္ကာ အာ႐ုံစူးစိုက္ၿပီး မေကာင္းဆိုးဝါးကိုဖိႏွိပ္ဖို႔ ႀကိဳးစားျပန္၏။
………………
တစ္နာရီၾကာၿပီးေနာက္တြင္။
႐ႊမ္းရန္သည္ မ်က္ဝန္းမ်ားကိုေစ့မွိတ္ထားလ်က္ ၿငိမ္သက္စြာထိုင္ေနဆဲပင္။သူ၏ ႐ွည္လ်ားၿပီးနက္ေမွာင္ေသာဆံႏြယ္မ်ားက ေနာက္ေက်ာမွတစ္ဆင့္ ေအာက္သို႔ဝဲက်ေနပါလ်က္။
သူက ႐ုတ္တရတ္ပင္ မ်က္လုံးကိုျဖည္းညႇင္းစြာဖြင့္လာေလသည္။ နဂိုက တြင္းနက္တစ္ခုကဲ့သို႔ မဲနက္ေနေသာမ်က္ဝန္းမ်ားမွာ ယခုတြင္မူ အနက္ေ႐ႊေရာင္အျဖစ္သို႔ေျပာင္းလဲသြားခဲ့ေခ်သည္။
သူ၏ႏႈတ္ခမ္းေထာင့္မ်ားက အနည္းငယ္ေကာ့တက္သြားခဲ့ၿပီး ရယ္သံတစ္ခ်ိဳ႕ ထြက္ျပဴလာခဲ့ပါလ်က္။ သူဟာခန္းမေဆာင္အျပင္ဘက္သို႔ထြက္ခြာသြားခဲ့ကာ ႐ုတ္တရတ္ပင္ မူယန္၏အခန္းေ႐ွ႕သို႔ေရာက္လာေပေတာ့သည္။
တိခ်န္ထားမွာလည္း သူ၏အသက္႐ွဴသံကိုခံစားမိသျဖင့္ အခန္းအျပင္သို႔ ထြက္လာခဲ့ၿပီး ဓားဦးထိပ္က သူ႕အားခ်ိန္႐ြယ္ထားလ်က္ ေၾကာက္႐ြံ႕ဖြယ္ သတိေပးသံမ်ားကိုထုတ္လႊတ္ေန၏။
႐ႊမ္းရန္က ေလွာင္ရယ္လိုက္သည္။ " ဟက္!..မင္း! လူအိုႀကီးကေတာ့ ေတာ္ေတာ္ေလး ႀကိဳေတြးထားခဲ့တာပဲ..မင္းရဲ႕ အသုံးအေဆာင္ပစၥည္းကိုေတာင္ မူယန္ကိုေပးထားခဲ့တယ္... "
ဒီခႏၶာကိုယ္ကို သူ ယာယီထိန္းခ်ဳပ္ႏိုင္ေသာ္လည္း အခ်ိန္ေတာ့ အၾကာႀကီးမရေပ။ ၿပီးေတာ့ မူယန္ကို အလ်င္အျမန္ မသတ္ပစ္ႏိုင္ေအာင္တိခ်န္ဓားက ကာကြယ္ေပးထားခဲ့ေလသည္။
ထားလိုက္ပါေတာ့...
သူက ခ်က္ခ်င္းပင္လွည့္ထြက္သြားခဲ့ၿပီးေနာက္ အခိုက္အတန္႔တစ္ခုအတြင္းမွာပင္ ေပါင့္က်န္းေတာင္၏အေနာက္ဘက္ျခံဝန္းအတြင္၌ေပၚလာခဲ့ျပန္၏။
ဟုတ္ေပ၏..ဒါက ႐ႊမ္းရန္မဟုတ္ဘဲ ႐ႊမ္းရန္၏ ခႏၶာကိုယ္ကိုထိန္းခ်ဳပ္ထားေသာမေကာင္းဆိုဝါးေပ။
စိတ္ထဲ႐ွိမေကာင္းဆိုးဝါးမွာ ေနာက္ဆုံးတြင္ ႐ႊမ္းရန္၏ မျပင္ဆင္ထားမိမႈအေပၚ အခြင့္ေကာင္းယူၿပီး ဟာကြက္တစ္ခု႐ွာကာ ခႏၶာကိုယ္ကိုထိန္းခ်ဳပ္ပစ္လိုက္ေတာ့သည္။သူက မူယန္ကို အရင္ဆုံးသတ္ပစ္ၿပီး လင္းက်စ္ရန္ကိုလာေတြ႕ခ်င္ခဲ့ေပမယ့္ မူယန္ကို တိခ်န္ဓားကကာကြယ္ေပးထားခဲ့ပါေသာေၾကာင့္ဒီအၾကံအစည္ကို ယာယီစြန္႔လႊတ္ထားလိုက္ရ၏။
သူ႕အတြက္မူ လင္းက်စ္ရန္က ပိုၿပီးအေရးႀကီးသည္။ တံခါးကိုညင္သာစြာတြန္းဖြင့္လိုက္ေလေသာ္ ကုတင္ေပၚတြင္ လွဲေလ်ာင္းေနသည့္ လူငယ္ေလးကိုေတြ႕လိုက္ရ၏။
လူငယ္ေလးမွာ ပင္ပန္းႏြမ္းနယ္စြာျဖင့္ ႏွစ္ၿခိဳက္စြာအိပ္ေမာက်ေနၿပီးဝင္သက္ထြက္သက္မ်ားကို ညီညာစြာ႐ႈ႐ိႈက္ေနေလရာ ရင္ဘက္က နိမ့္ျခည္ျမင့္ျခည္ျဖစ္လို႔ေနသည္။ စိတ္ထဲ႐ွိမေကာင္းဆိုးဝါးမွာ ျဖည္းညႇင္းစြာတိုးကပ္လာကာ လူငယ္ေလး၏မ်က္ႏွာကို အေပၚမွငုံ႔မိုးၾကည့္လိုက္ရင္း အနက္ေ႐ႊေရာင္သူငယ္အိမ္မ်ားမွာ ရီေဝလို႔ေန၏။ဒီလူက သူ႕စိတ္ကိုအၿမဲစိုးမိုးထားခဲ့ပါေသာ တစ္ဦးတည္းေသာသူပင္။ထိုစဥ္က သူဟာ မလႈပ္႐ွားႏိုင္႐ုံမက စကားလည္းမေျပာႏိုင္သလိုမ်က္စိလည္းမျမင္ရသျဖင့္ လူငယ္ေလး၏အသံကို နားျဖင့္သာေကာင္းစြာၾကားႏိုင္ခဲ့သည္။
သူက သူ႕ကိုေစာင့္ေ႐ွာက္ေပးခဲ့ၿပီး စားစရာမ်ားကိုေပးကမ္းခဲ့သည္...
သူက သူ႕အတြက္ေတာ့ အရာရာပင္...
သူက အရမ္းညစ္ေပေနၿပီး ႐ုပ္ဆိုးလြန္းေသာေၾကာင့္ သူဖုန္းစားကေတာင္ဂ႐ုစိုက္ခ်င္မွာမဟုတ္ေသာ္ျငား ဒီေကာင္ေလးကမူ သူ႕ကို ဘယ္တုန္းကမွမႏွစ္ၿမိဳ႕ျခင္းမ႐ွိခဲ့...
မ်က္ဝန္းထဲတြင္ တတ္မက္မႈလိုအင္ဆႏၵမ်ားႏွင့္ေတာင္ေလာင္ လာခဲ့ပါလ်က္။သူဟာ တုံ႔ဆိုင္းေနမိသည့္တိုင္ေနာက္ဆုံးတြင္ေတာ့ ေခါင္းကိုျဖည္းညင္းစြာငုံ႔လာကာ လူငယ္ေလး၏ ႏူးညံ့ေသာႏႈတ္ခမ္းလႊာမ်ားကို နမ္း႐ိႈက္လိုက္ပါေတာ့၏။ အႏွီစြဲမက္ဖြယ္ေကာင္းလွေသာအရသာက သူ႕ရင္ထဲ႐ွိအက်ည္းတန္ေသာစိတ္ဆႏၵမ်ားကို ခ်ိတ္ေကာက္တစ္ခုသဖြယ္ဆြဲယူေနသည္။ ခ်ဳပ္တည္းထားလို႔မရႏိုင္ေတာ့ၿပီ...
သူဟာ မေကာင္းဆိုးဝါးတစ္ေကာင္ျဖစ္ၿပီး သူလိုခ်င္သမွ်ကို တစ္နည္းနည္းျဖင့္ ရေအာင္ယူရလိမ့္မည္ပင္။သူ ဒီလူကို ပိုင္ဆိုင္ခ်င္သည္! ဒါက ေသဆုံးသြားခ်ိန္တြင္က်န္ရစ္ခဲ့သည့္ သူ၏အနက္႐ိႈင္းဆုံးစြဲလမ္းမႈတစ္ခုပင္။
စိတ္ထဲ႐ွိမေကာင္းဆိုးဝါးသည္ လူငယ္ေလးကို ရင္ခြင္ထဲသို႔ဆြဲသြင္းလိုက္ကာ လူငယ္ေလး၏ ႏႈတ္ခမ္း၊ မ်က္လုံးႏွင့္ ႏွာေခါင္းတို႔ကို ငတ္မြတ္စြာနမ္း႐ိႈက္ေနေလသည္။ေနရာလပ္မခ်န္ သူ၏ခႏၶာကိုယ္အတြင္းသို႔ စုပ္ယူပစ္ခ်င္သကဲ့သို႔။
လူငယ္ေလးက သူ၏လႈပ္႐ွားမႈမ်ားေၾကာင့္ စိတ္အေႏွာက့္အယွက္ျဖစ္သြားခဲ့ပုံရသည္။ သူက စိတ္႐ႈပ္စြာျဖင့္ မ်က္ေမွာင္ၾကဳတ္လိုက္ၿပီး မ်က္ခြံမ်ားက တသိမ့္သိမ့္တုန္လာခဲ့ကာ ႏိုးလာေတာ့မလိုမ်ိဳးပင္ ျဖစ္လာေလေသာ္ စိတ္ထဲ႐ွိမေကာင္းဆိုးဝါးမွာ လူငယ္ေလး၏ မ်က္ခုံးစပ္ေနရာအား လက္ညိႇဳးျဖင့္ခပ္ဖြဖြဖိလိုက္၏။ လူငယ္ေလးမွာ ျပန္၍ ႏွစ္ၿခိဳက္စြာအိပ္ေမာက်သြားေလေတာ့သည္။
မေကာင္းဆိုးဝါးက ထပ္မံ၍ေခါင္းငုံ႔လာခဲ့ျပန္၏...
႐ိုး႐ွင္းၿပီး အၾကမ္းထည္ဆန္ေသာအခန္းအတြင္းဝယ္...
အဝတ္မ်ားဖ႐ိုဖရဲျဖစ္ေနသည့္ လူငယ္ေလးအား နက္ေမွာင္ေသာဆံႏြယ္ႏွင့္ ဝတ္႐ုံျဖဴဝတ္ထားေသာေခ်ာေမာလွသည့္အမ်ိဳးသားက ေထြးေပြ႕ထားလို႔....
………………
အခ်ိန္ေတြက တျဖည္းျဖည္းကုန္လြန္လာခဲ့ၿပီး ေနာက္ဆုံးအဆင့္သို႔ ေရာက္လုစဲစဲ တြင္။
စိတ္ထဲ႐ွိမေကာင္းဆိုးဝါးမွာ ႐ုတ္တရက္ အမူအရာေျပာင္းလဲသြားေလသည္။သူ၏ မ်က္လုံးတစ္ဖက္မွာ အနက္ေ႐ႊေရာင္ျဖစ္ေနလ်က္၊ က်န္တစ္ဖက္မွာမူ မွင္ကဲ့သို႔နက္ေမွာင္ေနကာ မ်က္ႏွာတစ္ျခမ္းက အလြန္ပင္ခက္ထန္ေနေလ၏။ သူက ဖိႏွိပ္ထားရမွ ႐ုတ္တရက္ ထြက္ေပၚလာသလိုမ်ိဳး အမိန္႔ဆန္ေသာ စကားႏွစ္လုံးကိုေျပာလိုက္ေလသည္။ " ရပ္စမ္း "
႐ႊမ္းရန္၏ ခႏၶာကိုယ္ကို ထိန္းခ်ဳပ္ႏိုင္ခဲ့သည့္တိုင္အသိစိတ္ကမူ တည္ၿငိမ္စြာက်န္႐ွိေနလ်က္ပင္။ ႀကီးမားေသာအမွားတစ္ခုက်ဴးလြန္ေတာ့မည္ကို ျမင္လိုက္ရေသာအခါတြင္ လြန္စြာပူပန္သြားခဲ့ပုံရသည္။ ထိုအခ်ိန္၌ ေနာက္ဆုံးတြင္ သူ႕ခႏၶာကိုယ္တစ္ဝက္ကို ျပန္ၿပီးထိန္းခ်ဳပ္ႏိုင္သြားခဲ့ေလ၏။
႐ႊမ္းရန္၏ မ်က္ႏွာတစ္ျခမ္းကမူ ေလွာင္ေထ့လ်က္။ " ငါမရပ္ႏိုင္ဘူး..မင္းငါ့ကိုဘာလုပ္ႏိုင္မွာတဲ့လဲ "
မိမိကိုယ္ကို စကားေျပာေနပုံကအရမ္းကိုထူးဆန္းလြန္းသည္။ ေျပာရင္းဆိုရင္းပင္ ႐ႊမ္းရန္ဟာ ကိုယ္ကို ကိုင္းခ်လိုက္ၿပီး လူငယ္ေလးကိုထိေတြ႕ရန္ျပင္လိုက္ေသာ္...သူ ထိေတြ႕မိခါနီးတြင္ သူ၏မ်က္ႏွာက ႐ုတ္တရတ္ေျပာင္းလဲသြားခဲ့ေလသည္။ သူ၏ညာလက္မွာ ထိန္းခ်ဳပ္မႈေအာက္မွ လြတ္ထြက္သြားခဲ့ၿပီး လက္ေခ်ာင္းႏွစ္ခုက လင္းက်စ္ရန္၏ လည္မ်ိဳအားဓားသြားတစ္စင္းႏွယ္ခ်ိန္႐ြယ္ထားလိုက္ေလ၏...!
သူ၏ မ်က္ႏွာက လုံးဝပ်က္ယြင္းေနလ်က္ ပါးစပ္ကိုျဖည္းညႇင္းစြာဖြင့္ၿပီး အလြန္တရာမွေအးစက္ေသာအသံျဖင့္ဆိုလာခဲ့၏။ " မင္းမရပ္ရင္..ငါသူ႕ကို သတ္ပစ္မယ္! "
❤❤❤❤❤