Uni
"Moon ကဘာပြောလဲ"
"သူကစဥ်းစားဦးမယ်လို့တော့ပြောသေးတယ်"
"မင်းကကော သူဖွင့်ချင်ရင် ခွင့်ပြုမှာလား"
ဆိုင်ခွဲအသစ်ကိစ္စကို Death က Roshan ကို တိုင်ပင်နေခြင်းပင်....
"ငါမပြောတတ်ဘူး...baby ပျော်နေတာလေး မြင်ပြန်တော့ မတားရပ်တာတော့အမှန် နောက်တစ်ဆိုင်သာထက်ဖွင့်ရင် baby ပိုပင်ပန်းမှာ အသေအချာပဲလေ။ ငါ baby ကိုအပင်ပန်းမခံစေချင်ဘူး။"
ကိုယ်ချစ်တဲ့သူက အခြားသူတစ်ယောက်ကို ဂရုစိုက်နေကြောင်း ကိုယ့်ရှေ့လာပြောပြနေတာ ဘယ်သူကကော သည်းခံနိုင်ပါ့မလဲ....
Roshan အတွက်တော့ ရိုးသွားပြီပဲလားမပြောတတ် သည်းခံနေရသည်။
"အဲ့တာတော့ ငါမပြောတတ်ဘူး။ ခုလောလောဆယ် Moon စိတ်ချမ်းသာနေတာတော့ မင်းလဲမျက်မြင်ကိုယ်တွေ့လေ။ သူအတိတ်မေ့နေတာက လွဲလို့ပေါ့"
"ငါဘာလုပ်ရမလဲ..."
"ခုလောလောဆယ် မတွေးနဲ့ဦး။ မင်းလဲ ကိုယ့်အလုပ်ကိစ္စနဲ့ကိုယ် ရှုပ်နေတာမှတ်လား။ ပြီးတော့ ဟိုတစ်ခါ ဆေးလိမ်ယူတဲ့တစ်ယောက်အခြေအနေကော"
"အဲ့ကောင်က အပုန်းကောင်းတာပဲလား။ သူ့ကို ကာကွယ်ပေးနေတဲ့ အကောင်က ကြီးတာပဲလားတော့မပြောတတ်ဘူး။ သိပ်တော့ မကြာတော့ဘူး တွေ့မှာပါ
အဲ့ကျမှ အရေခွံပါလှန်ပြစ်မယ်"
အရှေ့က ရှူးရှူးရှဲရှဲ ဖြစ်နေသော Death ကိုကြည့်ရင်း Roshan ပြုံးမိသွားသည်။
Death အရင်ကထက်ပြောင်းလဲသွားပင်မဲ့ ဒေါသကြီးတာကတော့ ကျန်နေသေးသည်လေ...
မျက်နှာအောက်ကိုငုံ့နေသော Death ကိုကြည့်ရင်း Roshan ရင်ခုန်လာပြန်သည်။
နှာဖူးပြင်ပေါ်သို့ ကျရောက်သွားသော အနမ်းတစ်ပွင့်ကြောင့် Death လဲ အံ့သြကာမော့ကြည့်ရှာသည်။
ကြည်လဲ့နေသော မျက်ဝန်းနဲ့စုံမိတော့ Death ရင်ထဲရေတံခွန်တစ်ခုအလား ဖြစ်ထွန်းသွားလေသည်။
Roshan နဲ့ ဒီထက်ရင်းနှီးတဲ့ အထိအတွေ့ရှိခဲ့ဖူးပင်မဲ့ ခု Death မှာ ရင်ထဲလှိုက်ဖိုသွားသည်။
မိမိကိုယ်ကို မသိလိုက်ခင်မှာပဲ Roshan ပါးနှစ်ဖက်ကိုအုပ်ကိုင်ကာ နှုတ်ခမ်းပါးကို အနမ်းခြွေမိသည်။
ထိရုံမျှသာထိကပ်ပင်မဲ့ Roshan က Death ကိုအတင်းဆွဲကပ်လိုက်ကာ ပြင်းရှသော အနမ်းကြမ်းများကို ပေးမိသည်။
အထိအတွေ့တွေ ပြင်းရှလာတာနဲ့အမျှ Death တစ်ယောက် အသိဝင်လာကာ Roshan ကို တွန်းဖယ်မိသွားသည်။ ရုတ်တရက် အရှိန်ကြောင့် Roshan ဖင်ထိုင်ရပ်လဲကျသွားလေသည်။
ပြီးမှ မိမိလုပ်ရပ်ကြောင့် Roshan ကိုအားနာကာ ပြေးထူပင်မဲ့ ဖယ်ခွာခံလိုက်ရသည်။
ကိုယ့်ဘာသာထကာ Death ကိုကြည့်ရင်း Roshan ပြုံးရယ်လိုက်ကာ...နှုတ်ခမ်းပေါ်က သွေးစကိုလက်နဲ့ဖယ်ပြီး
"ငါပြန်ပြီ"
Death မပြန်စေချင်ပင်မဲ့ ကိုယ်တိုင် လိုက်မတားမိ ဘာကြောင့်လဲမေးရင် မိမိမှာလဲအဖြေမရှိ....
ဘာတွေဘယ်လိုဖြစ်သွားတာလဲ မိမိနဲ့ ငယ်သူငယ်ချင်း ဆိုတဲ့သံယောဇဥ်အပေါ်ဘာတွေအရောင်စိုးမိနေပြီလဲ.....
________________
မြန်မာပြည်နဲ့ Landon ကိုခေါက်တုံ့ခေါက်ပြန်သွားဖို့မဖြစ်နိုင်သော လွန်းထက်သာ မှာ ဒီနေ့တော့ အလုပ်ကိစ္စနဲ့ မြန်မာပြည်ကို ပြန်ရတော့မည်။
ဒီဆိုင်လေးမှာပဲ မနက်စာလာစားကာတွေ့လိုတွေ့ငြားလာကြည့်မိပြန်သည်။
ဒီနေ့တော့ ပြုံးရယ်နေတာတွေ့ရပြီမို့ လွန်းထက်သာ အနည်းငယ်တော့ စိတ်အေးရပြန်သည်။
"ပြန်တော့ မလို့လား"
ဝမ်းနည်းရိပ်ကလေးသန်းနေသော မျက်ဝန်းလေးတွေနဲ့မေးလာသူ....
အိတ်တွေတွေ့တာကြောင့် ထူးစစ်သော် လဲ မေးလိုက်မိခြင်းဖြစ်သည်။
"အင်း...အလုပ်က မြန်မာပြည် မှာလေ...ဒီကိုက ကိစ္စရှိမှလာတာ။ ခုပြီးသွားပြီဆိုတော့ မြန်မာပြည်က အလုပ်တွေလဲကြာကြာပြစ်ထားလို့မရပြန်ဘူး။
ဒါနဲ့ Moon ကော မြန်မာပြည် ပြန်မလာချင်ဘူးလား"
မြန်မာပြည် ဆိုတဲ့စကားကြောင့် ထူးစစ်သော် လွမ်းရိပ်ကလေးသန်းသွားသည်။
"ကျွန်တော် မသိဘူး။"
"တကယ်လို့ အလယ်လာချင်ရင် ကိုယ့်ကိုကြိုပြောလေ။ ကိုယ့်ဆီပါ လာပေါ့.... ရော့ ဒါကိုယ့်ကဒ်သိမ်းထားနော်"
ကမ်းပေးလာသော ကဒ်အပေါ်က လွန်းထက်သာ ဆိုတဲ့စာလုံးလေးကို ထူးစစ်သော် ကိုင်ကြည့်ကာ မျက်လုံးထဲမျက်ရည်လေးတွေ အလိုလိုရစ်သိုင်းလာသည်။
"ဒီကို ပြန်လာဦးမှာလား"
"ကိုယ် ပြန်လာမှာ.... စောင့်နေပေးနော်။ လေယာဥ်ချိန်နီးနေလို့ ခွင့်ပြုဦး..."
"ကျွန်တော် လိုက်မပို့တော့ဘူး နော်"
ဆိုတာ ဆိုင်အနောက်ဘက်သို့ ပြေးဝင်သွားသူကြောင့် လွန်းထက်သာ လဲ စိတ်တွေလေးလံလာသည်။
စိတ်ချပါ။ ကိုယ်ဒီမှာ လူတွေလွှတ်ထားတယ်။ မင်းလုံခြုံဖို့အတွက်....
ကိုယ်ပြန်လာခဲ့မယ်...မင်းကို Death ဆိုတဲ့ သူဆီကနေ ကိုယ်ရအောင် ပြန်ယူမှာမို့....
ခဏလောက်ပဲ သည်းခံစောင့်ပေးပါ....
____________
Time Back ~~~~~~~
ကျောင်းသား ကျောင်းသူများ ကျောင်းလွှတ်ချိန်ဖြစ်တာနဲ့အညီ ဖွေးဖွေးလှုပ်နေသော ကျောင်းရင်ပြင်...
ပြေးလွှားဆော့ကစားကာ ထွက်လာသော ကျောင်းသားများရှိသလို ငြိမ်ငြိမ်အေးအေးနဲ့လမ်းလျှောက်နေသောကျောင်းသူများလဲရှိလေသည်။
ကိုယ်ပိုင်ကျောင်းဖြစ်တာတောင် U ဆိုတဲ့ကျောင်းက တကယ့်နာမည်ကြီး သားသမီးလူချမ်းသာတွေသာတတ်နိုင်သောကျောင်းဖြစ်သည်။
ထမင်းချိုင့်ကလေးကိုကိုင်ကာ အိမ်က လာကြိုမှာကိုစောင့်နေသော ကောင်လေးတစ်ယောက်.....
"မင်းက ငါတို့ အတန်းထဲကမှတ်လား။ ပြီးတော့ မြန်မာနော်...ငါလဲမြန်မာပဲ...ငါ့နာမည်က Roshan မင်းကကော"
စကားတွေတသွပ်သွပ်ပြောနေသော ကလေးတစ်ယောက်ကို ကျန်တစ်ယောက်က ကြည့်သာကြည့်နေလေသည်။ ဒီနေ့မှကျောင်းစတတ်သော အတန်းသားငယ်ငယ်တွေဖြစ်သော်လဲ သွက်လှသော Roshan ကတော့ မိတ်ဖွဲ့နေလေရဲ့.....
အိမ်ကကားမြင်တာနဲ့ မိမိကိုတောင်ပြန်နှုတ်မဆက်သွားသော သူကြောင့် Roshan မှာ စိတ်ဆိုးသွားသည်။ မိမိကတော့ မြန်မာ အချင်းချင်း ဖြစ်တာကြောင့် သူငယ်ချင်းဖြစ်ချင်နေတာပင်။
ဒီမှာကနိုင်ငံသားချင်းမတူပင်မဲ့ သူငယ်ချင်း ဖြစ်နိုင်ပါသည်။ ဒါပင်မဲ့ Roshan ကတော့ မြန်မာစကား အချင်းချင်း ပြောလို့ရသော သူငယ်ချင်း တစ်ဦးလိုချင်နေတာပင်။
.
.
.
"သား...အိမ်ပြန်လာပြီလား...ကျောင်းကော တတ်ရတာအဆင်ပြေလား"
အမေဖြစ်သူက တယုတယမေးသော်လဲ ကောင်လေးမှာ ခေါင်းသာ တစ်ချက်ငြိမ့်ပြီးအပေါ်တတ်သွားသည်။
ဒီအပြုအမူက မိမိသားရဲ့ အကျင့်စရိုက်ဖြစ်တာကြောင့် အမေကလဲ ဘာမှအထွေအထူးမဖြစ်....
တစ်ဦးတည်းသောသားဖြစ်ပြီး ဖခင်ကိုယ်တိုင်က သူဌေးကြီး တစ်ယောက် ဖြစ်တာကြောင့် သားဆိုရင် ဘယ်ကလေးမှ သိပ်မပေါင်းရဲ...
ဒါက သားရဲ့အဖေကြောင့်ကြီးပဲလားဆိုတော့မဟုတ်။
သားဖြစ်သူကလဲ သူငယ်ချင်းမထားသလို လူနဲ့မလိုက်အောင် အေးစက်စက် နေတတ်နေတာပင်။
အဲ့တာကြောင့် ဒီအရွယ်ထိသူငယ်ချင်းဆိုတာ မရှိသလို သူ့အတွက်လဲမလိုဘူးတဲ့.....
ကားပေါ်ထဲက မိမိအား စကားလာပြောသော ကောင်လေးကိုမျက်လုံးထဲပြန်မြင်ယောင်နေသည်။
ဘယ်လိုမှန်းမသိ...မိမိဆိုရုပ်တည်လွန်းလို့ သူငယ်ချင်းလုပ်မဲ့သူတောင်မရှိတာ။ သူကဘာလို့ စကားလာပြောတာလဲ....
သိပ်မတွေးချင်တော့တာနဲ့ ကျောင်းကပါလာသော အိမ်စာကိုသာထုတ်၍လုပ်လိုက်သည်။
တစ်ဖက်ကကောင်လေးမှာလဲ မိမိအားအချေကြီးချေမိုးသွားသူကြောင့် မချိတင်ကဲဖြစ်နေလေသည်။
ဒါပင်မဲ့ လက်မလျော့သေးပါ။ သူနဲ့ခင်မင်မှုရအောင် အစွမ်းကုန်ကြိုးစားဦးမှာလေ....
_________
21.3.2022
Khine Lay
ဒါလေးက ဘယ်သူတွေရဲ့နောက်ကျောင်းလဲဆိုတာ သိတယ်ဟုတ်....
Thanks for vote and comments
Zaw
"Moon ကဘာေျပာလဲ"
"သူကစဥ္းစားဦးမယ္လို႔ေတာ့ေျပာေသးတယ္"
"မင္းကေကာ သူဖြင့္ခ်င္ရင္ ခြင့္ျပဳမွာလား"
ဆိုင္ခြဲအသစ္ကိစၥကို Death က Roshan ကို တိုင္ပင္ေနျခင္းပင္....
"ငါမေျပာတတ္ဘူး...baby ေပ်ာ္ေနတာေလး ျမင္ျပန္ေတာ့ မတားရပ္တာေတာ့အမွန္ ေနာက္တစ္ဆိုင္သာထက္ဖြင့္ရင္ baby ပိုပင္ပန္းမွာ အေသအခ်ာပဲေလ။ ငါ baby ကိုအပင္ပန္းမခံေစခ်င္ဘူး။"
ကိုယ္ခ်စ္တဲ့သူက အျခားသူတစ္ေယာက္ကို ဂ႐ုစိုက္ေနေၾကာင္း ကိုယ့္ေရွ႕လာေျပာျပေနတာ ဘယ္သူကေကာ သည္းခံနိုင္ပါ့မလဲ....
Roshan အတြက္ေတာ့ ရိုးသြားၿပီပဲလားမေျပာတတ္ သည္းခံေနရသည္။
"အဲ့တာေတာ့ ငါမေျပာတတ္ဘူး။ ခုေလာေလာဆယ္ Moon စိတ္ခ်မ္းသာေနတာေတာ့ မင္းလဲမ်က္ျမင္ကိုယ္ေတြ႕ေလ။ သူအတိတ္ေမ့ေနတာက လြဲလို႔ေပါ့"
"ငါဘာလုပ္ရမလဲ..."
"ခုေလာေလာဆယ္ မေတြးနဲ႕ဦး။ မင္းလဲ ကိုယ့္အလုပ္ကိစၥနဲ႕ကိုယ္ ရႈပ္ေနတာမွတ္လား။ ၿပီးေတာ့ ဟိုတစ္ခါ ေဆးလိမ္ယူတဲ့တစ္ေယာက္အေျခအေနေကာ"
"အဲ့ေကာင္က အပုန္းေကာင္းတာပဲလား။ သူ႕ကို ကာကြယ္ေပးေနတဲ့ အေကာင္က ႀကီးတာပဲလားေတာ့မေျပာတတ္ဘူး။ သိပ္ေတာ့ မၾကာေတာ့ဘူး ေတြ႕မွာပါ
အဲ့က်မွ အေရခြံပါလွန္ျပစ္မယ္"
အေရွ႕က ရႉးရႉးရွဲရွဲ ျဖစ္ေနေသာ Death ကိုၾကည့္ရင္း Roshan ၿပဳံးမိသြားသည္။
Death အရင္ကထက္ေျပာင္းလဲသြားပင္မဲ့ ေဒါသႀကီးတာကေတာ့ က်န္ေနေသးသည္ေလ...
မ်က္ႏွာေအာက္ကိုငုံ႕ေနေသာ Death ကိုၾကည့္ရင္း Roshan ရင္ခုန္လာျပန္သည္။
ႏွာဖူးျပင္ေပၚသို႔ က်ေရာက္သြားေသာ အနမ္းတစ္ပြင့္ေၾကာင့္ Death လဲ အံ့ၾသကာေမာ့ၾကည့္ရွာသည္။
ၾကည္လဲ့ေနေသာ မ်က္ဝန္းနဲ႕စုံမိေတာ့ Death ရင္ထဲေရတံခြန္တစ္ခုအလား ျဖစ္ထြန္းသြားေလသည္။
Roshan နဲ႕ ဒီထက္ရင္းႏွီးတဲ့ အထိအေတြ႕ရွိခဲ့ဖူးပင္မဲ့ ခု Death မွာ ရင္ထဲလွိုက္ဖိုသြားသည္။
မိမိကိုယ္ကို မသိလိုက္ခင္မွာပဲ Roshan ပါးႏွစ္ဖက္ကိုအုပ္ကိုင္ကာ ႏႈတ္ခမ္းပါးကို အနမ္းေႁခြမိသည္။
ထိ႐ုံမွ်သာထိကပ္ပင္မဲ့ Roshan က Death ကိုအတင္းဆြဲကပ္လိုက္ကာ ျပင္းရွေသာ အနမ္းၾကမ္းမ်ားကို ေပးမိသည္။
အထိအေတြ႕ေတြ ျပင္းရွလာတာနဲ႕အမွ် Death တစ္ေယာက္ အသိဝင္လာကာ Roshan ကို တြန္းဖယ္မိသြားသည္။ ႐ုတ္တရက္ အရွိန္ေၾကာင့္ Roshan ဖင္ထိုင္ရပ္လဲက်သြားေလသည္။
ၿပီးမွ မိမိလုပ္ရပ္ေၾကာင့္ Roshan ကိုအားနာကာ ေျပးထူပင္မဲ့ ဖယ္ခြာခံလိုက္ရသည္။
ကိုယ့္ဘာသာထကာ Death ကိုၾကည့္ရင္း Roshan ၿပဳံးရယ္လိုက္ကာ...ႏႈတ္ခမ္းေပၚက ေသြးစကိုလက္နဲ႕ဖယ္ၿပီး
"ငါျပန္ၿပီ"
Death မျပန္ေစခ်င္ပင္မဲ့ ကိုယ္တိုင္ လိုက္မတားမိ ဘာေၾကာင့္လဲေမးရင္ မိမိမွာလဲအေျဖမရွိ....
ဘာေတြဘယ္လိုျဖစ္သြားတာလဲ မိမိနဲ႕ ငယ္သူငယ္ခ်င္း ဆိုတဲ့သံေယာဇဥ္အေပၚဘာေတြအေရာင္စိုးမိေနၿပီလဲ.....
________________
ျမန္မာျပည္နဲ႕ Landon ကိုေခါက္တုံ႕ေခါက္ျပန္သြားဖို႔မျဖစ္နိုင္ေသာ လြန္းထက္သာ မွာ ဒီေန႕ေတာ့ အလုပ္ကိစၥနဲ႕ ျမန္မာျပည္ကို ျပန္ရေတာ့မည္။
ဒီဆိုင္ေလးမွာပဲ မနက္စာလာစားကာေတြ႕လိုေတြ႕ျငားလာၾကည့္မိျပန္သည္။
ဒီေန႕ေတာ့ ၿပဳံးရယ္ေနတာေတြ႕ရၿပီမို႔ လြန္းထက္သာ အနည္းငယ္ေတာ့ စိတ္ေအးရျပန္သည္။
"ျပန္ေတာ့ မလို႔လား"
ဝမ္းနည္းရိပ္ကေလးသန္းေနေသာ မ်က္ဝန္းေလးေတြနဲ႕ေမးလာသူ....
အိတ္ေတြေတြ႕တာေၾကာင့္ ထူးစစ္ေသာ္ လဲ ေမးလိုက္မိျခင္းျဖစ္သည္။
"အင္း...အလုပ္က ျမန္မာျပည္ မွာေလ...ဒီကိုက ကိစၥရွိမွလာတာ။ ခုၿပီးသြားၿပီဆိုေတာ့ ျမန္မာျပည္က အလုပ္ေတြလဲၾကာၾကာျပစ္ထားလို႔မရျပန္ဘူး။
ဒါနဲ႕ Moon ေကာ ျမန္မာျပည္ ျပန္မလာခ်င္ဘူးလား"
ျမန္မာျပည္ ဆိုတဲ့စကားေၾကာင့္ ထူးစစ္ေသာ္ လြမ္းရိပ္ကေလးသန္းသြားသည္။
"ကြၽန္ေတာ္ မသိဘူး။"
"တကယ္လို႔ အလယ္လာခ်င္ရင္ ကိုယ့္ကိုႀကိဳေျပာေလ။ ကိုယ့္ဆီပါ လာေပါ့.... ေရာ့ ဒါကိုယ့္ကဒ္သိမ္းထားေနာ္"
ကမ္းေပးလာေသာ ကဒ္အေပၚက လြန္းထက္သာ ဆိုတဲ့စာလုံးေလးကို ထူးစစ္ေသာ္ ကိုင္ၾကည့္ကာ မ်က္လုံးထဲမ်က္ရည္ေလးေတြ အလိုလိုရစ္သိုင္းလာသည္။
"ဒီကို ျပန္လာဦးမွာလား"
"ကိုယ္ ျပန္လာမွာ.... ေစာင့္ေနေပးေနာ္။ ေလယာဥ္ခ်ိန္နီးေနလို႔ ခြင့္ျပဳဦး..."
"ကြၽန္ေတာ္ လိုက္မပို႔ေတာ့ဘူး ေနာ္"
ဆိုတာ ဆိုင္အေနာက္ဘက္သို႔ ေျပးဝင္သြားသူေၾကာင့္ လြန္းထက္သာ လဲ စိတ္ေတြေလးလံလာသည္။
စိတ္ခ်ပါ။ ကိုယ္ဒီမွာ လူေတြလႊတ္ထားတယ္။ မင္းလုံၿခဳံဖို႔အတြက္....
ကိုယ္ျပန္လာခဲ့မယ္...မင္းကို Death ဆိုတဲ့ သူဆီကေန ကိုယ္ရေအာင္ ျပန္ယူမွာမို႔....
ခဏေလာက္ပဲ သည္းခံေစာင့္ေပးပါ....
____________
Time Back ~~~~~~~
ေက်ာင္းသား ေက်ာင္းသူမ်ား ေက်ာင္းလႊတ္ခ်ိန္ျဖစ္တာနဲ႕အညီ ေဖြးေဖြးလႈပ္ေနေသာ ေက်ာင္းရင္ျပင္...
ေျပးလႊားေဆာ့ကစားကာ ထြက္လာေသာ ေက်ာင္းသားမ်ားရွိသလို ၿငိမ္ၿငိမ္ေအးေအးနဲ႕လမ္းေလွ်ာက္ေနေသာေက်ာင္းသူမ်ားလဲရွိေလသည္။
ကိုယ္ပိုင္ေက်ာင္းျဖစ္တာေတာင္ U ဆိုတဲ့ေက်ာင္းက တကယ့္နာမည္ႀကီး သားသမီးလူခ်မ္းသာေတြသာတတ္နိုင္ေသာေက်ာင္းျဖစ္သည္။
ထမင္းခ်ိဳင့္ကေလးကိုကိုင္ကာ အိမ္က လာႀကိဳမွာကိုေစာင့္ေနေသာ ေကာင္ေလးတစ္ေယာက္.....
"မင္းက ငါတို႔ အတန္းထဲကမွတ္လား။ ၿပီးေတာ့ ျမန္မာေနာ္...ငါလဲျမန္မာပဲ...ငါ့နာမည္က Roshan မင္းကေကာ"
စကားေတြတသြပ္သြပ္ေျပာေနေသာ ကေလးတစ္ေယာက္ကို က်န္တစ္ေယာက္က ၾကည့္သာၾကည့္ေနေလသည္။ ဒီေန႕မွေက်ာင္းစတတ္ေသာ အတန္းသားငယ္ငယ္ေတြျဖစ္ေသာ္လဲ သြက္လွေသာ Roshan ကေတာ့ မိတ္ဖြဲ႕ေနေလရဲ႕.....
အိမ္ကကားျမင္တာနဲ႕ မိမိကိုေတာင္ျပန္ႏႈတ္မဆက္သြားေသာ သူေၾကာင့္ Roshan မွာ စိတ္ဆိုးသြားသည္။ မိမိကေတာ့ ျမန္မာ အခ်င္းခ်င္း ျဖစ္တာေၾကာင့္ သူငယ္ခ်င္းျဖစ္ခ်င္ေနတာပင္။
ဒီမွာကနိုင္ငံသားခ်င္းမတူပင္မဲ့ သူငယ္ခ်င္း ျဖစ္နိုင္ပါသည္။ ဒါပင္မဲ့ Roshan ကေတာ့ ျမန္မာစကား အခ်င္းခ်င္း ေျပာလို႔ရေသာ သူငယ္ခ်င္း တစ္ဦးလိုခ်င္ေနတာပင္။
.
.
.
"သား...အိမ္ျပန္လာၿပီလား...ေက်ာင္းေကာ တတ္ရတာအဆင္ေျပလား"
အေမျဖစ္သူက တယုတယေမးေသာ္လဲ ေကာင္ေလးမွာ ေခါင္းသာ တစ္ခ်က္ၿငိမ့္ၿပီးအေပၚတတ္သြားသည္။
ဒီအျပဳအမူက မိမိသားရဲ႕ အက်င့္စရိုက္ျဖစ္တာေၾကာင့္ အေမကလဲ ဘာမွအေထြအထူးမျဖစ္....
တစ္ဦးတည္းေသာသားျဖစ္ၿပီး ဖခင္ကိုယ္တိုင္က သူေဌးႀကီး တစ္ေယာက္ ျဖစ္တာေၾကာင့္ သားဆိုရင္ ဘယ္ကေလးမွ သိပ္မေပါင္းရဲ...
ဒါက သားရဲ႕အေဖေၾကာင့္ႀကီးပဲလားဆိုေတာ့မဟုတ္။
သားျဖစ္သူကလဲ သူငယ္ခ်င္းမထားသလို လူနဲ႕မလိုက္ေအာင္ ေအးစက္စက္ ေနတတ္ေနတာပင္။
အဲ့တာေၾကာင့္ ဒီအ႐ြယ္ထိသူငယ္ခ်င္းဆိုတာ မရွိသလို သူ႕အတြက္လဲမလိုဘူးတဲ့.....
ကားေပၚထဲက မိမိအား စကားလာေျပာေသာ ေကာင္ေလးကိုမ်က္လုံးထဲျပန္ျမင္ေယာင္ေနသည္။
ဘယ္လိုမွန္းမသိ...မိမိဆို႐ုပ္တည္လြန္းလို႔ သူငယ္ခ်င္းလုပ္မဲ့သူေတာင္မရွိတာ။ သူကဘာလို႔ စကားလာေျပာတာလဲ....
သိပ္မေတြးခ်င္ေတာ့တာနဲ႕ ေက်ာင္းကပါလာေသာ အိမ္စာကိုသာထုတ္၍လုပ္လိုက္သည္။
တစ္ဖက္ကေကာင္ေလးမွာလဲ မိမိအားအေခ်ႀကီးေခ်မိဳးသြားသူေၾကာင့္ မခ်ိတင္ကဲျဖစ္ေနေလသည္။
ဒါပင္မဲ့ လက္မေလ်ာ့ေသးပါ။ သူနဲ႕ခင္မင္မႈရေအာင္ အစြမ္းကုန္ႀကိဳးစားဦးမွာေလ....
_________
21.3.2022
Khine Lay
ဒါေလးက ဘယ္သူေတြရဲ႕ေနာက္ေက်ာင္းလဲဆိုတာ သိတယ္ဟုတ္....
Thanks for vote and comments