Unicode :
အခန်း [ ၉၉ ]
အဲ့ဒါသာ ကြည့်တော့!
သူမ ကြင်ကြင်နာနာမရှိတာတောင် ကုမ္ပဏီမှာ သတင်းတွေထွက်ရင် သူမအတွက် မကောင်းမှန်းသိလို့ သူ့မှာတော့ ဟိုလိုလေးကောင်းမလား ဒီလိုလေးကောင်းမလားနဲ့ အကောင်းဆုံးဖြစ်ဖို့တွေ စဥ်းစားပြီး ဒေါင်ချာစိုင်းနေရတုန်း..
နောက်ပြီး လုပ်ဖော်ကိုင်ဖက်တွေကပါ ဝိုင်းကြဥ်နေကြပြီဆိုတော့ နောက်ဆိုရင် အနိုင်ကျင့်ခံရတာတွေ ရှိလာမှာလည်း စိုးရသေးတာ..
ဒီလိုခိုးကြောင်ခိုးဝှက်တွေ လုပ်ပေးနေရတာက လုမန်စိတ်ကို သူ သိနေလို့။
ပြီးတော့ သူနှင့် ပတ်သက်သည့် သူမ၏ အမြင်တွေ သဘောထားတွေသည် လုံးလုံးလျားလျား ပြောင်းလဲခြင်း မရှိသေးသည့်အတွက် သူသာ မိုက်မိုက်ကန်းကန်းတွေ ဆက်လုပ်နေလိုက်လျှင် ပိုဝေးသွားဖို့ပဲ ရှိနေသည်။
“ ဟုတ်ကဲ့ ”
ကျန့်ထျန်းမင်က ပြောပြီး ခဏလောက် စောင့်နေသေးသည်။ ဟန်ကျိုးလီ ဘာမှမပြောတော့ဘူးဆိုမှ ထွက်သွားလေ၏။
ယဲ့ရှောင်ရှင်း အတွင်းရေးမှူးဌာနကနေ ပြန်တော့မည့်အချိန်မှာ ဝူလီကျဲကို မန်နေဂျာဝူ ဖုန်းဆက်ပြောနေတာကို ကြားလိုက်ရ၏။
“ မန်နေဂျာဝူ .. ခင်ဗျားအကြံပြုထားတဲ့ ကိစ္စကို သူဌေးက စဥ်းစားပြီး သဘောတူလိုက်ပါပြီ .. လုမန်တင်ပြတဲ့ ပလန်က သူဌေးလိုချင်တာနဲ့ ကိုက်ညီမှုရှိနေမယ်ဆိုရင် စမ်းသပ်ကာလကို အောင်ပြီလို့ မှတ်ယူနိုင်ပါပြီ၊ လုမန်ကိုလည်း ဒီအကြောင်းလေးပြောပြပြီး သူဌေးရဲ့ရုံးခန်းကို လာခဲ့ဖို့ ပြောလိုက်ပါ၊ သူဌေးက သူ့မှာ ဒီလိုအခွင့်အရေးပေးရလောက်အောင် အရည်အချင်း တကယ်ရှိမရှိကို ကိုယ်တိုင် တွေ့ကြည့်ချင်တယ်တဲ့ ”
“ ကောင်းပါပြီဗျာ.. ”
ဝူလီကျဲ ဝမ်းသာသွားသည်။
ဟိုတစ်နေ့က ဆေးရုံမှာ ဖြစ်ခဲ့သည့် ကိစ္စကြောင့် လုမန်အတွက် သူ့မှာ တာဝန်ရှိသည်ထင်သဖြင့် ထိုသို့ အကြံပြုပေးလိုက်တာဖြစ်သည်။
ဒါပေမဲ့ သူဌေးကို တကယ် လက်ခံမယ်လို့တော့ မထင်ထားဘူး!
ဝူလီကျဲ ရုံးခန်းတံခါးကိုဖွင့်ပြီး လုမန်ကို လှမ်းခေါ်လိုက်သည်။
“ လုမန် ခဏလာခဲ့ပါဦး ”
လုမန် ဘာမှမမေးဘဲ ရုံးခန်းကို သွားလိုက်၏။
သူမ ထွက်သွားသည်နှင့် လုပ်ဖော်ကိုင်ဖက်တွေအားလုံး လှုပ်လှုပ်ရွရွ ဖြစ်ကုန်ကြသည်။
“ မန်နေဂျာဝူက တကယ်ကြီး ကြွေသွားတာလား၊ တစ်မနက်ထဲမှာတင် ခေါ်တာနှစ်ခါရှိပြီ ”
ရှမုံ့ရွှမ်း တိုးတိုး ပြောလိုက်သည်။
“ ဒီမိန်းကလေးက အတွက်အချက်ကြီးလွန်းတယ် .. ငါတော့ မကြိုက်ဘူး ”
အစ်မလိကလည်း ခေါင်းလေးခါ၏။
“ ကဲ .. တော်ကြပါတော့ .. လုချီယွမ်ပြောသွားတာတွေကြောင့်မို့လား .. တကယ့်အမှန်က ဘာလဲဆိုတာ ခင်ဗျားတို့ သိကြလို့လား .. လုမန်က သူ့ဟာသူနေတာ .. ခင်ဗျားတို့ကသာ လုချီယွမ်ပြောသွားတာတွေကို နားယောင်ပြီး ပုဒ်မတွေလိုက်တပ်နေတာ အဲ့ဒါ တရားသလား .. ပြီးတော့ သတင်းမှာပါလာတာတွေကို မမြင်ကြဘူးလား .. လုချီရဲ့လက်ရှိအခြေအနေနဲ့ဆိုရင် သူတို့ ပြောသွားတာတွေက ယုံချင်စရာ ကောင်းနေလို့လား၊ လုမန်က ခုမှ ရောက်လာတဲ့ဥစ္စာ နားလည်ပေးဖို့ ကြိုးစားမယ်မရှိဘူး .. လွယ်လွယ်အကဲဖြတ်ပစ်လိုက်တယ် .. အဲ့ဒါ ကောင်းသလား ..! ”
မတော်တော့၍ ချန်ရှီးမြန် ဝင်ပြောရတော့သည်။
လုပ်ဖော်ကိုင်ဖက်တွေ လုမန်ကို ခွဲခြား ခွဲခြား ဆက်ဆံနေတယ်ဆိုတာ သိလိုက်ရကတည်းက သူ ပြောချင်နေတာ ကြာပြီ။
ပြီးတော့ လုမန်က သူတို့ကို ဘာမှပြောတာလည်း မဟုတ်ဘူး၊ ဘာမှလည်း လုပ်တာမဟုတ်ဘူး၊ ဒီမှာရှိနေတဲ့သူတွေအားလုံး အရွယ်ရောက်ပြီးသားလူတွေချည်းပဲ အဲ့ဒါကို အရင်ဆုံး သိအောင် မကြိုးစားဘဲ ထင်သလိုဝေဖန်နေရသလား..
“ အောင်မယ်လေး .. နင်က ဘာလို့ သူ့ဘက်က ဝင်နာနေတာလဲ .. တအားလှလို့ နင်ပါ ကြိုက်သွားတာလား .. အဲ့ဒါဆိုရင်တော့ လက်လျှော့ဖို့ အခုပဲ ပြောလိုက်မယ် .. ဟိုက မြင့်မြင့်ကြီးတွေကိုမှ မှန်းတာနော် .. မန်နေဂျာဝူကိုပဲ ကြိုက်တာ.. နင့်ကို ကြိုက်မှာ မဟုတ်ဘူး ..”
ချန်ရှီးမြန် စားပွဲကို ဒုန်းခနဲ ထုပစ်လိုက်၏။
“ ရှမုံ့ရွှမ်း နင် ဒီစကားတွေကို မန်နေဂျာဝူရှေ့မှာ သွားပြောရဲလား ”
သူ့အသံက အကျယ်ကြီးမို့ အားလုံး ထိတ်လန့်ကုန်ကြကာ အစ်ကိုကျန်းက လာဆွဲအုပ်သည်။
“ ရှောင်ချန် .. မင်း ဘာထဖြစ်တာလဲ .. မင်းတို့ ဘာမဟုတ်တဲ့ ကိစ္စလေးအတွက်နဲ့ ဒီလောက်ထိဖြစ်ဖို့ မတန်ပါဘူးကွာ.. ”
ချန်ရှီးမြန်က အစ်ကိုကျန်းလက်ထဲကနေ ရုန်းဖယ်ထွက်ကာ ရှမုံ့ရွှမ်းစားပွဲဘေးကို လျှောက်သွားလိုက်သဖြင့် ရှမုံ့ရွှမ်းကိုယ်လေး နောက်တွန့်သွားသည်။
“ ချန်ရှီးမြန် .. အရူးကောင် .. နင်ဘာလုပ်တာလဲ ”
ချန်ရှီးမြန်က ရှမုံ့ရွှမ်းကိုယ်လေးကို ဆွဲမသည်။
“ ခုပဲ ရုံးခန်းထဲကိုသွားပြီး ခုနက နင်ပြောတဲ့ဟာတွေကို မန်နေဂျာဝူရှေ့မှာ သွားပြော .. နင် ပြောရဲရင် ချန်ရှီးမြန်ဆိုတဲ့ ငါက နင့်ကို အစ်မကြီးရှလို့ တလေးတစား ခေါ်ပေးလိုက်မယ် .. ပြီးတော့ နင့်မကောင်းကြောင်းဆို လုံးဝ မပြောမိစေရဘူး .. လာခဲ့ .. ”
“ လွှတ်စမ်း ချန်ရှီးမြန်! ကောင်စုတ်.. ငါ့ကိုလွှတ်၊ မသွားဘူး... ”
ရှမုံ့ရွှမ်း ထိုင်ရာကနေ ဆွဲထုတ်ခံရတော့မှာမို့ ကြောက်လန့်တကြား မျက်ရည်တွေဝဲသွားကာ စားပွဲကို လက်နဲ့ ဆွဲဆုပ်ထားလိုက်သည်။
အစ်ကိုကျန်းက ချန်ရှီးမြန်ကို ဆွဲထိန်းထားကာ
“ ရှောင်ချန် တော်တော့! မန်နေဂျာဝူထွက်လာအောင် သောင်းကျန်းမလို့လား ”
ထိုအခါမှ ချန်ရှီးမြန် ရှမုံ့ရွှမ်းကို လွှတ်လေသည်။
“ ရှမုံ့ရွှမ်း .. အေး .. နင့်ပါးစပ်ကို ဆင်ခြင်နော် .. မဟုတ်တမ်းတရားတွေ ဟောတာရပ် .. သူများတွေကတော့ နင်နဲ့လိုက်ပြိုင်ပြီး ရန်ဖြစ်နေမှာ မဟုတ်ဘူး၊ ဒါပေမဲ့ ငါကတော့ နင့်ရဲ့ဒီအကျင့်ဆိုးကြီးကို သည်းမခံနိုင်ဘူး၊ လုမန် ရုံးခန်းထဲကို သွားတာ မန်နေဂျာဝူကို မြှူဆွယ်တယ်ဖြစ်ရောလား၊ လူတွေကို နင်တို့ အဲ့လိုအနိုင်ကျင့်နေတာကို ငါ ငြိမ်ကြည့်မနေနိုင်လို့ သူ့ဘက်က ဝင်ပြောပေးတာ .. အဲ့ဒါလည်း နင့်ပါးစပ်ထဲမှာ ငါ သူ့ကို ကြိုက်လို့ ဖြစ်ရပြန်ရော .. နင့်ပါးစပ်က ဒီလိုဟာမျိုးတွေပြောဖို့ဆို သိပ်တော်တာပဲ ”
*****
Zawgyi :
အခန္း [ ၉၉ ]
အဲ့ဒါသာ ၾကည့္ေတာ့!
သူမ ၾကင္ၾကင္နာနာမရိွတာေတာင္ ကုမၸဏီမွာ သတင္းေတြထြက္ရင္ သူမအတြက္ မေကာင္းမွန္းသိလို႔ သူ႔မွာေတာ့ ဟိုလိုေလးေကာင္းမလား ဒီလိုေလးေကာင္းမလားနဲ႔ အေကာင္းဆံုးျဖစ္ဖို႔ေတြ စဥ္းစားၿပီး ေဒါင္ခ်ာစိုင္းေနရတုန္း..
ေနာက္ၿပီး လုပ္ေဖာ္ကိုင္ဖက္ေတြကပါ ဝိုင္းၾကဥ္ေနၾကၿပီဆိုေတာ့ ေနာက္ဆိုရင္ အႏိုင္က်င့္ခံရတာေတြ ရိွလာမွာလည္း စိုးရေသးတာ..
ဒီလိုခိုးေၾကာင္ခိုးဝွက္ေတြ လုပ္ေပးေနရတာက လုမန္စိတ္ကို သူ သိေနလို႔။
ၿပီးေတာ့ သူႏွင့္ ပတ္သက္သည့္ သူမ၏ အျမင္ေတြ သေဘာထားေတြသည္ လံုးလံုးလ်ားလ်ား ေျပာင္းလဲျခင္း မရိွေသးသည့္အတြက္ သူသာ မိုက္မိုက္ကန္းကန္းေတြ ဆက္လုပ္ေနလိုက္လ်ွင္ ပိုေဝးသြားဖို႔ပဲ ရိွေနသည္။
“ ဟုတ္ကဲ့ ”
က်န္႔ထ်န္းမင္က ေျပာၿပီး ခဏေလာက္ ေစာင့္ေနေသးသည္။ ဟန္က်ိဳးလီ ဘာမွမေျပာေတာ့ဘူးဆိုမွ ထြက္သြားေလ၏။
ယဲ့ေရွာင္ရွင္း အတြင္းေရးမွဴးဌာနကေန ျပန္ေတာ့မည့္အခ်ိန္မွာ ဝူလီက်ဲကို မန္ေနဂ်ာဝူ ဖုန္းဆက္ေျပာေနတာကို ၾကားလိုက္ရ၏။
“ မန္ေနဂ်ာဝူ .. ခင္ဗ်ားအႀကံျပဳထားတဲ့ ကိစၥကို သူေဌးက စဥ္းစားၿပီး သေဘာတူလိုက္ပါၿပီ .. လုမန္တင္ျပတဲ့ ပလန္က သူေဌးလိုခ်င္တာနဲ႔ ကိုက္ညီမႈရိွေနမယ္ဆိုရင္ စမ္းသပ္ကာလကို ေအာင္ၿပီလို႔ မွတ္ယူႏိုင္ပါၿပီ၊ လုမန္ကိုလည္း ဒီအေၾကာင္းေလးေျပာျပၿပီး သူေဌးရဲ့ရံုးခန္းကို လာခဲ့ဖို႔ ေျပာလိုက္ပါ၊ သူေဌးက သူ႔မွာ ဒီလိုအခြင့္အေရးေပးရေလာက္ေအာင္ အရည္အခ်င္း တကယ္ရိွမရိွကို ကိုယ္တိုင္ ေတြ့ၾကည့္ခ်င္တယ္တဲ့ ”
“ ေကာင္းပါၿပီဗ်ာ.. ”
ဝူလီက်ဲ ဝမ္းသာသြားသည္။
ဟိုတစ္ေန့က ေဆးရံုမွာ ျဖစ္ခဲ့သည့္ ကိစၥေၾကာင့္ လုမန္အတြက္ သူ႔မွာ တာဝန္ရိွသည္ထင္သျဖင့္ ထိုသို႔ အႀကံျပဳေပးလိုက္တာျဖစ္သည္။
ဒါေပမဲ့ သူေဌးကို တကယ္ လက္ခံမယ္လို႔ေတာ့ မထင္ထားဘူး!
ဝူလီက်ဲ ရံုးခန္းတံခါးကိုဖြင့္ၿပီး လုမန္ကို လွမ္းေခၚလိုက္သည္။
“ လုမန္ ခဏလာခဲ့ပါဦး ”
လုမန္ ဘာမွမေမးဘဲ ရံုးခန္းကို သြားလိုက္၏။
သူမ ထြက္သြားသည္ႏွင့္ လုပ္ေဖာ္ကိုင္ဖက္ေတြအားလံုး လႈပ္လႈပ္ရြရြ ျဖစ္ကုန္ၾကသည္။
“ မန္ေနဂ်ာဝူက တကယ္ႀကီး ေႂကြသြားတာလား၊ တစ္မနက္ထဲမွာတင္ ေခၚတာႏွစ္ခါရိွၿပီ ”
ရွမံု႔ရႊမ္း တိုးတိုး ေျပာလိုက္သည္။
“ ဒီမိန္းကေလးက အတြက္အခ်က္ႀကီးလြန္းတယ္ .. ငါေတာ့ မႀကိဳက္ဘူး ”
အစ္မလိကလည္း ေခါင္းေလးခါ၏။
“ ကဲ .. ေတာ္ၾကပါေတာ့ .. လုခ်ီယြမ္ေျပာသြားတာေတြေၾကာင့္မို႔လား .. တကယ့္အမွန္က ဘာလဲဆိုတာ ခင္ဗ်ားတို႔ သိၾကလို႔လား .. လုမန္က သူ႔ဟာသူေနတာ .. ခင္ဗ်ားတို႔ကသာ လုခ်ီယြမ္ေျပာသြားတာေတြကို နားေယာင္ၿပီး ပုဒ္မေတြလိုက္တပ္ေနတာ အဲ့ဒါ တရားသလား .. ၿပီးေတာ့ သတင္းမွာပါလာတာေတြကို မျမင္ၾကဘူးလား .. လုခ်ီရဲ့လက္ရိွအေျခအေနနဲ႔ဆိုရင္ သူတို႔ ေျပာသြားတာေတြက ယံုခ်င္စရာ ေကာင္းေနလို႔လား၊ လုမန္က ခုမွ ေရာက္လာတဲ့ဥစၥာ နားလည္ေပးဖို႔ ႀကိဳးစားမယ္မရိွဘူး .. လြယ္လြယ္အကဲျဖတ္ပစ္လိုက္တယ္ .. အဲ့ဒါ ေကာင္းသလား ..! ”
မေတာ္ေတာ့၍ ခ်န္ရွီးျမန္ ဝင္ေျပာရေတာ့သည္။
လုပ္ေဖာ္ကိုင္ဖက္ေတြ လုမန္ကို ခြဲျခား ခြဲျခား ဆက္ဆံေနတယ္ဆိုတာ သိလိုက္ရကတည္းက သူ ေျပာခ်င္ေနတာ ၾကာၿပီ။
ၿပီးေတာ့ လုမန္က သူတို႔ကို ဘာမွေျပာတာလည္း မဟုတ္ဘူး၊ ဘာမွလည္း လုပ္တာမဟုတ္ဘူး၊ ဒီမွာရိွေနတဲ့သူေတြအားလံုး အရြယ္ေရာက္ၿပီးသားလူေတြခ်ည္းပဲ အဲ့ဒါကို အရင္ဆံုး သိေအာင္ မႀကိဳးစားဘဲ ထင္သလိုေဝဖန္ေနရသလား..
“ ေအာင္မယ္ေလး .. နင္က ဘာလို႔ သူ႔ဘက္က ဝင္နာေနတာလဲ .. တအားလွလို႔ နင္ပါ ႀကိဳက္သြားတာလား .. အဲ့ဒါဆိုရင္ေတာ့ လက္ေလ်ွာ့ဖို႔ အခုပဲ ေျပာလိုက္မယ္ .. ဟိုက ျမင့္ျမင့္ႀကီးေတြကိုမွ မွန္းတာေနာ္ .. မန္ေနဂ်ာဝူကိုပဲ ႀကိဳက္တာ.. နင့္ကို ႀကိဳက္မွာ မဟုတ္ဘူး ..”
ခ်န္ရွီးျမန္ စားပြဲကို ဒုန္းခနဲ ထုပစ္လိုက္၏။
“ ရွမံု႔ရႊမ္း နင္ ဒီစကားေတြကို မန္ေနဂ်ာဝူေရ႔ွမွာ သြားေျပာရဲလား ”
သူ႔အသံက အက်ယ္ႀကီးမို႔ အားလံုး ထိတ္လန္႔ကုန္ၾကကာ အစ္ကိုက်န္းက လာဆြဲအုပ္သည္။
“ ေရွာင္ခ်န္ .. မင္း ဘာထျဖစ္တာလဲ .. မင္းတို႔ ဘာမဟုတ္တဲ့ ကိစၥေလးအတြက္နဲ႔ ဒီေလာက္ထိျဖစ္ဖို႔ မတန္ပါဘူးကြာ.. ”
ခ်န္ရွီးျမန္က အစ္ကိုက်န္းလက္ထဲကေန ရုန္းဖယ္ထြက္ကာ ရွမံု႔ရႊမ္းစားပြဲေဘးကို ေလ်ွာက္သြားလိုက္သျဖင့္ ရွမံု႔ရႊမ္းကိုယ္ေလး ေနာက္တြန္႔သြားသည္။
“ ခ်န္ရွီးျမန္ .. အရူးေကာင္ .. နင္ဘာလုပ္တာလဲ ”
ခ်န္ရွီးျမန္က ရွမံု႔ရႊမ္းကိုယ္ေလးကို ဆြဲမသည္။
“ ခုပဲ ရံုးခန္းထဲကိုသြားၿပီး ခုနက နင္ေျပာတဲ့ဟာေတြကို မန္ေနဂ်ာဝူေရ႔ွမွာ သြားေျပာ .. နင္ ေျပာရဲရင္ ခ်န္ရွီးျမန္ဆိုတဲ့ ငါက နင့္ကို အစ္မႀကီးရွလို႔ တေလးတစား ေခၚေပးလိုက္မယ္ .. ၿပီးေတာ့ နင့္မေကာင္းေၾကာင္းဆို လံုးဝ မေျပာမိေစရဘူး .. လာခဲ့ .. ”
“ လႊတ္စမ္း ခ်န္ရွီးျမန္! ေကာင္စုတ္.. ငါ့ကိုလႊတ္၊ မသြားဘူး... ”
ရွမံု႔ရႊမ္း ထိုင္ရာကေန ဆြဲထုတ္ခံရေတာ့မွာမို႔ ေၾကာက္လန္႔တၾကား မ်က္ရည္ေတြဝဲသြားကာ စားပြဲကို လက္နဲ႔ ဆြဲဆုပ္ထားလိုက္သည္။
အစ္ကိုက်န္းက ခ်န္ရွီးျမန္ကို ဆြဲထိန္းထားကာ
“ ေရွာင္ခ်န္ ေတာ္ေတာ့! မန္ေနဂ်ာဝူထြက္လာေအာင္ ေသာင္းက်န္းမလို႔လား ”
ထိုအခါမွ ခ်န္ရွီးျမန္ ရွမံု႔ရႊမ္းကို လႊတ္ေလသည္။
“ ရွမံု႔ရႊမ္း .. ေအး .. နင့္ပါးစပ္ကို ဆင္ျခင္ေနာ္ .. မဟုတ္တမ္းတရားေတြ ေဟာတာရပ္ .. သူမ်ားေတြကေတာ့ နင္နဲ႔လိုက္ၿပိဳင္ၿပီး ရန္ျဖစ္ေနမွာ မဟုတ္ဘူး၊ ဒါေပမဲ့ ငါကေတာ့ နင့္ရဲ့ဒီအက်င့္ဆိုးႀကီးကို သည္းမခံႏိုင္ဘူး၊ လုမန္ ရံုးခန္းထဲကို သြားတာ မန္ေနဂ်ာဝူကို ျမႇဴဆြယ္တယ္ျဖစ္ေရာလား၊ လူေတြကို နင္တို႔ အဲ့လိုအႏိုင္က်င့္ေနတာကို ငါ ၿငိမ္ၾကည့္မေနႏိုင္လို႔ သူ႔ဘက္က ဝင္ေျပာေပးတာ .. အဲ့ဒါလည္း နင့္ပါးစပ္ထဲမွာ ငါ သူ႔ကို ႀကိဳက္လို႔ ျဖစ္ရျပန္ေရာ .. နင့္ပါးစပ္က ဒီလိုဟာမ်ိဳးေတြေျပာဖို႔ဆို သိပ္ေတာ္တာပဲ ”
*****