အခန်း [ ၉၆ ]
ရှချင်းဝေက အကြာကြီး ငြိမ်သက်နေပြီးမှ..
" ဟုတ်ပါတယ် .. အမေတို့တွေ ရွံစရာကောင်းတဲ့ယောက်ျားတွေနဲ့ ဆုံခဲ့ကြတယ် .. ဒါပေမယ့် အဲ့လိုဆိုတိုင်း ယောက်ျားတွေအားလုံး ဒီလိုချည်းပဲလို့ တထစ်ချ ပြောလို့မရဘူး သမီး .. မေမေက သမီးကို တခြားတစ်ယောက်ကို အားကိုးခိုင်းနေတာမဟုတ်ဘူး .. သူတစ်ပါးကစားစရာလုပ်သွားမှာကိုလည်း မလိုချင်ဘူး .. အချစ်ဆိုတဲ့အရာကို သမီး အစွဲလို့ထင်ပြီး ထွက်ပြေးနေမယ့်အဖြစ်ကို မလိုချင်တာ .. တို့နှစ်ယောက်လုံး ယုတ်ညံ့တဲ့ယောက်ျားတွေနဲ့ ဆုံခဲ့ကြတာနဲ့ပဲ ယောက်ျားတွေအားလုံးကို ရှောင်စရာမလိုပါဘူး .. အဲ့ဒါတွေကို ခေါင်းထဲကဖယ်ထုတ်ပြီး တစ်ယောက်ယောက်ကို လက်ခံသဘောကျကြည့်ဖို့ သမီးရဲ့နှလုံးသားတံခါးကို ဖွင့်ပေးစေချင်တာ .. အမေက သမီးနဲ့အတူ တစ်သက်လုံး မနေပေးနိုင်ဘူးနော် .. အခု အမေရှိနေတုန်းမို့ ငါ့သမီးလေး နောက်တစ်ယောက် မရှာချင်လည်း ဖြစ်တယ် .. ဒါပေမယ့် အမေ မရှိတော့တဲ့အခါ သမီးတစ်ယောက်တည်းကျန်ခဲ့ရမှာ .. အဲ့ဒီအတွက် အမေ ဘယ်လိုများ စိတ်ဖြောင့်နိုင်မှာလဲ .. မကျေနပ်ဖို့တွေရှိလာရင် ရင်ဖွင့်တိုင်ပင်ဖို့ တစ်ယောက်တော့ လိုတယ် .. ဒုက္ခကြုံတဲ့အခါ ကိုယ့်အနားမှာနေပြီး လက်ကလေးကိုင် အားပေးစကားတွေပြောပေးမယ့် အဖော်ဆိုတာ ရှိမှ.. "
" မေမေ တော်တော့ .. မေမေ့ရဲ့ခန္ဓာကိုယ်က ကောင်းလာဖို့ပဲရှိတဲ့ဟာ .. ဘာလို့ ကျန်ခဲ့မယ် ထားခဲ့မယ်ဆိုတာတွေချည်း ပြောနေတာလဲ! နောက်ကို အဲ့ဒါတွေ မပြောပါနဲ့ .. "
" အေးပါ အေးပါ .. မပြောတော့ပါဘူးအေ "
ရှချင်းဝေ စည်းရုံးရေး မဆက်ဖြစ်တော့ပေ။ လွန်ကဲသွားရင် လုမန် စိတ်အနှောင့်အယှက်ဖြစ်သွားမှာလည်း ကြောက်ရသည်။
***
တနင်္လာနေ့တွင် လုမန် ဟန်ကော်ပိုရေးရှင်းသို့ သွားလိုက်သည်။
အလုပ်ဝင်ဖို့ လိုအပ်တာတွေ လုပ်ဆောင်ပြီးတာနှင့် PR ဌာနမှာ ယိုလီလီကို သွားရှာလိုက်၏။
" တို့နောက်ကိုလိုက်ခဲ့ "
မျက်နှာတည်တည်တင်းတင်းကြီးနှင့် ယိုလီလီက အရင်တစ်ခါလို သဘောမကောင်းတော့ပေ။
သို့ပေမယ့် လုချီယွမ်ပြဿနာလာရှာသွားသည်ဆိုကတည်းက လုမန်က သူမစိတ်ကို ပြင်ဆင်ထားပြီးဖြစ်သည်။
" ဒါက နင်အလုပ်လုပ်ရမယ့် နေရာ .. နားမလည်တာရှိရင် အစ်ကိုကျန်းကို မေးပေါ့ "
ပြောပြီး ယိုလီလီ ခြေလှမ်းပြင်လိုက်လျှင်..
" ဟေ့ .. မရဘူး .. ဒီမှာ ငါ အလုပ်များနေတယ် ..
အဲ့ကောင်မလေးကို လုပ်ငန်းအထာကျအောင် သင်ပေးဖို့ အချိန်မရှိဘူး.. "
လုမန်ဘေးအလုပ်စားပွဲက အစ်ကိုကျန်းဆိုသူက မကူညီချင်သလိုလို ထပြောလေသည်။
" အဲ့ဒါဆို အစ်မလိကရော "
ယိုလီလီက လုမန်အနောက်မှာ ထိုင်နေသော အစ်မလိကို လှမ်းမေးသည်။
" မရဘူး .. ငါ ရှောင်ရှင်းကို သင်ပေးနေတုန်းပဲရှိသေးတာ "
" ဟုတ်တယ် .. တို့ဆရာမက အတော်အလုပ်များ
တာ လီလီရယ် .. ဒီပြင်လူကို ရှာလိုက်နော် "
ယဲ့ရှောင်ရှင်းက အစ်မလိဘက်က ဝင်ပြောပေးသည်။
ယိုလီလီလည်း စိတ်မရှည်တော့ပေ။
" ဒါဆို အလုပ်မများတဲ့သူ ဘယ်သူရှိလဲဟေ့ .. သူ့ကို သင်ပြပေးရုံလေးပဲဥစ္စာ .. "
တစ်ယောက်မှလည်း အသံထွက်မလာကြပေ။
ဟိုတစ်နေ့က လုချီယွမ်ပြဿနာလာရှာသွားတော့ သူတို့အားလုံး ရှိနေခဲ့ကြသည်။ ပြောတာတွေကိုတောင် ကြားခဲ့ကြ၏။
သက်သေ သာဓက ရယ်လို့ ပြစရာ မရှိပေမယ့် လုမန်နှင့် ခပ်ဝေးဝေးနေတာ ပိုကောင်းသည်။
မှန်မှန် မှားမှား ဝေးဝေးမှာ နေလိုက်တာ အန္တရာယ်အကင်းဆုံး ..
နောက်ပြီး လုချီယွမ်ရဲ့ပြုမူပြောဆိုပုံတွေအရဆို လုမန်လည်း ဒီပုတ်ထဲကဒီပဲ ဖြစ်လောက်မှာပါ ..
" အားလုံး မအားကြဘူး၊ အဲ့တော့ မတတ်နိုင်ဘူး၊ တကယ်လို့ နင် မသိတာဘာညာရှိရင် ဘယ်သူအားလဲကြည့်ပြီး အားတဲ့သူကို မေးလိုက် "
ယိုယိုလီက ပြောပြီးတာနှင့် ထွက်သွားသည်။
အားလုံးက နေရာတကျ ထိုင်နေကြကာ နှစ်နေရာမှာတော့ လူလွတ်နေသည်။ ဒါပေမယ့်
စားပွဲတစ်လုံးပေါ်မှာ ပစ္စည်းပစ္စယတွေပုံနေတာမို့ တစ်ယောက် နေရာယူထားပြီဆိုတာ သိသာ၏။
ထောင့်ကျကျမှာရှိနေသည့် စားပွဲတစ်လုံးမှာပဲ ထိုင်သူမရှိ နေရာလပ်နေလေသည်။
ကိုယ့်အပေါ်မှာ လုပ်ဖော်ကိုင်ဖက်တွေအားလုံး အဆိုးမြင်နေကြမှာကို သိသည်။ ဒါပေမယ့် ဘယ်သူ့ကိုမှ မျက်နှာချိုသွေးချင်စိတ် မရှိ၍ လွတ်သည့် စားပွဲနေရာမှာပဲ ဝင်ထိုင်လိုက်ကာ ကွန်ပျူတာကို ဖွင့်လိုက်၏။
" လုမန် .. ခဏလောက် လာခဲ့ပါဦး "
ဝူလီကျဲက ရုံးခန်းတံခါးကို ဖွင့်ပြီး တံခါးဝကနေ လှမ်းခေါ်သည်။
လုမန် ထရပ်လိုက်ရပြန်ကာ ဝူလီကျဲရုံးခန်းထဲသို့ ဝင်သွား၍ တံခါးပိတ်ပြီးမှ စားပွဲရှေ့တွင် မတ်တပ်ရပ်လိုက်ပြီး..
" မန်နေဂျာဝူ "
" ထိုင်ပါ "
ဝူလီကျဲက သူ့ရုံးစားပွဲရှေ့က ထိုင်ခုံကို လက်ဟန်ပြသည်။
လုမန်လည်း ဝင်ထိုင်လိုက်သည်။ သူမရဲ့ကျောဘက် တစ်နည်း ဝူလီကျဲရဲ့မျက်နှာမူရပ်မှာ မှန်ပြတင်းကြီး ရှိနေလို့ ရုံးခန်းအပြင်မှာ ဖြစ်နေတာတွေကို သူ မြင်နေရသည်။
အပြင်က လူတွေလည်း သူ့ကို မြင်ရ၏။
" ငါ မင်းကို တောင်းပန်စကားပြောချင်လို့ပါ၊ ဟိုတစ်နေ့က ငါ့အမေပြောလိုက်တဲ့စကားတွေကို မင်း အားလုံး ကြားလိုက်တယ် ထင်တယ်၊ ငါကပဲ တောင်းပန်ပါတယ်၊ စိတ်ထဲမထားစေချင်ဘူး။ အမေက မကောင်းတဲ့သူမဟုတ်ပါဘူး၊ ဒီတိုင်း တစ်ခါတလေ သဘောထားသေးသိမ်သွားတတ်တာပါ။ အဲ့ဒါကြောင့် သူပြောသွားတာတွေကို မင်း နားမယောင်ပါနဲ့ "
" ရပါတယ်ရှင် .. သူပြောသွားတာ အားလုံးက မှန်နေတာပါပဲ .. သူများတွေဆိုရင်လည်း ဒီလိုပဲ ထင်ကြမှာပါ .. နောက်ပြီး အန်တီချိုင်ပြောတာတွေကို ကျွန်မ စိတ်မဆိုးပါဘူး "
*****
အခန္း [ ၉၆ ]
ရွခ်င္းေဝက အၾကာႀကီး ၿငိမ္သက္ေနၿပီးမွ..
" ဟုတ္ပါတယ္ .. အေမတို႔ေတြ ရြံစရာေကာင္းတဲ့ေယာက္်ားေတြနဲ႔ ဆံုခဲ့ၾကတယ္ .. ဒါေပမယ့္ အဲ့လိုဆိုတိုင္း ေယာက္်ားေတြအားလံုး ဒီလိုခ်ည္းပဲလို႔ တထစ္ခ် ေျပာလို႔မရဘူး သမီး .. ေမေမက သမီးကို တျခားတစ္ေယာက္ကို အားကိုးခိုင္းေနတာမဟုတ္ဘူး .. သူတစ္ပါးကစားစရာလုပ္သြားမွာကိုလည္း မလိုခ်င္ဘူး .. အခ်စ္ဆိုတဲ့အရာကို သမီး အစြဲလို႔ထင္ၿပီး ထြက္ေျပးေနမယ့္အျဖစ္ကို မလိုခ်င္တာ .. တို႔ႏွစ္ေယာက္လံုး ယုတ္ညံ့တဲ့ေယာက္်ားေတြနဲ႔ ဆံုခဲ့ၾကတာနဲ႔ပဲ ေယာက္်ားေတြအားလံုးကို ေရွာင္စရာမလိုပါဘူး .. အဲ့ဒါေတြကို ေခါင္းထဲကဖယ္ထုတ္ၿပီး တစ္ေယာက္ေယာက္ကို လက္ခံသေဘာက်ၾကည့္ဖို႔ သမီးရဲ့ႏွလံုးသားတံခါးကို ဖြင့္ေပးေစခ်င္တာ .. အေမက သမီးနဲ႔အတူ တစ္သက္လံုး မေနေပးႏိုင္ဘူးေနာ္ .. အခု အေမရိွေနတုန္းမို႔ ငါ့သမီးေလး ေနာက္တစ္ေယာက္ မရွာခ်င္လည္း ျဖစ္တယ္ .. ဒါေပမယ့္ အေမ မရိွေတာ့တဲ့အခါ သမီးတစ္ေယာက္တည္းက်န္ခဲ့ရမွာ .. အဲ့ဒီအတြက္ အေမ ဘယ္လိုမ်ား စိတ္ေျဖာင့္ႏိုင္မွာလဲ .. မေက်နပ္ဖို႔ေတြရိွလာရင္ ရင္ဖြင့္တိုင္ပင္ဖို႔ တစ္ေယာက္ေတာ့ လိုတယ္ .. ဒုကၡႀကံဳတဲ့အခါ ကိုယ့္အနားမွာေနၿပီး လက္ကေလးကိုင္ အားေပးစကားေတြေျပာေပးမယ့္ အေဖာ္ဆိုတာ ရိွမွ.. "
" ေမေမ ေတာ္ေတာ့ .. ေမေမ့ရဲ့ခႏၶာကိုယ္က ေကာင္းလာဖို႔ပဲရိွတဲ့ဟာ .. ဘာလို႔ က်န္ခဲ့မယ္ ထားခဲ့မယ္ဆိုတာေတြခ်ည္း ေျပာေနတာလဲ! ေနာက္ကို အဲ့ဒါေတြ မေျပာပါနဲ႔ .. "
" ေအးပါ ေအးပါ .. မေျပာေတာ့ပါဘူးေအ "
ရွခ်င္းေဝ စည္းရံုးေရး မဆက္ျဖစ္ေတာ့ေပ။ လြန္ကဲသြားရင္ လုမန္ စိတ္အေနွာင့္အယွက္ျဖစ္သြားမွာလည္း ေၾကာက္ရသည္။
***
တနလၤာေန့တြင္ လုမန္ ဟန္ေကာ္ပိုေရးရွင္းသို႔ သြားလိုက္သည္။
အလုပ္ဝင္ဖို႔ လိုအပ္တာေတြ လုပ္ေဆာင္ၿပီးတာႏွင့္ PR ဌာနမွာ ယိုလီလီကို သြားရွာလိုက္၏။
" တို႔ေနာက္ကိုလိုက္ခဲ့ "
မ်က္ႏွာတည္တည္တင္းတင္းႀကီးႏွင့္ ယိုလီလီက အရင္တစ္ခါလို သေဘာမေကာင္းေတာ့ေပ။
သို႔ေပမယ့္ လုခ်ီယြမ္ျပႆနာလာရွာသြားသည္ဆိုကတည္းက လုမန္က သူမစိတ္ကို ျပင္ဆင္ထားၿပီးျဖစ္သည္။
" ဒါက နင္အလုပ္လုပ္ရမယ့္ ေနရာ .. နားမလည္တာရိွရင္ အစ္ကိုက်န္းကို ေမးေပါ့ "
ေျပာၿပီး ယိုလီလီ ေျခလွမ္းျပင္လိုက္လ်ွင္..
" ေဟ့ .. မရဘူး .. ဒီမွာ ငါ အလုပ္မ်ားေနတယ္ ..
အဲ့ေကာင္မေလးကို လုပ္ငန္းအထာက်ေအာင္ သင္ေပးဖို႔ အခ်ိန္မရိွဘူး.. "
လုမန္ေဘးအလုပ္စားပြဲက အစ္ကိုက်န္းဆိုသူက မကူညီခ်င္သလိုလို ထေျပာေလသည္။
" အဲ့ဒါဆို အစ္မလိကေရာ "
ယိုလီလီက လုမန္အေနာက္မွာ ထိုင္ေနေသာ အစ္မလိကို လွမ္းေမးသည္။
" မရဘူး .. ငါ ေရွာင္ရွင္းကို သင္ေပးေနတုန္းပဲရိွေသးတာ "
" ဟုတ္တယ္ .. တို႔ဆရာမက အေတာ္အလုပ္မ်ား
တာ လီလီရယ္ .. ဒီျပင္လူကို ရွာလိုက္ေနာ္ "
ယဲ့ေရွာင္ရွင္းက အစ္မလိဘက္က ဝင္ေျပာေပးသည္။
ယိုလီလီလည္း စိတ္မရွည္ေတာ့ေပ။
" ဒါဆို အလုပ္မမ်ားတဲ့သူ ဘယ္သူရိွလဲေဟ့ .. သူ႔ကို သင္ျပေပးရံုေလးပဲဥစၥာ .. "
တစ္ေယာက္မွလည္း အသံထြက္မလာၾကေပ။
ဟိုတစ္ေန့က လုခ်ီယြမ္ျပႆနာလာရွာသြားေတာ့ သူတို႔အားလံုး ရိွေနခဲ့ၾကသည္။ ေျပာတာေတြကိုေတာင္ ၾကားခဲ့ၾက၏။
သက္ေသ သာဓက ရယ္လို႔ ျပစရာ မရိွေပမယ့္ လုမန္ႏွင့္ ခပ္ေဝးေဝးေနတာ ပိုေကာင္းသည္။
မွန္မွန္ မွားမွား ေဝးေဝးမွာ ေနလိုက္တာ အႏၲရာယ္အကင္းဆံုး ..
ေနာက္ၿပီး လုခ်ီယြမ္ရဲ့ျပဳမူေျပာဆိုပံုေတြအရဆို လုမန္လည္း ဒီပုတ္ထဲကဒီပဲ ျဖစ္ေလာက္မွာပါ ..
" အားလံုး မအားၾကဘူး၊ အဲ့ေတာ့ မတတ္ႏိုင္ဘူး၊ တကယ္လို႔ နင္ မသိတာဘာညာရိွရင္ ဘယ္သူအားလဲၾကည့္ၿပီး အားတဲ့သူကို ေမးလိုက္ "
ယိုယိုလီက ေျပာၿပီးတာႏွင့္ ထြက္သြားသည္။
အားလံုးက ေနရာတက် ထိုင္ေနၾကကာ ႏွစ္ေနရာမွာေတာ့ လူလြတ္ေနသည္။ ဒါေပမယ့္
စားပြဲတစ္လံုးေပၚမွာ ပစၥည္းပစၥယေတြပံုေနတာမို႔ တစ္ေယာက္ ေနရာယူထားၿပီဆိုတာ သိသာ၏။
ေထာင့္က်က်မွာရိွေနသည့္ စားပြဲတစ္လံုးမွာပဲ ထိုင္သူမရိွ ေနရာလပ္ေနေလသည္။
ကိုယ့္အေပၚမွာ လုပ္ေဖာ္ကိုင္ဖက္ေတြအားလံုး အဆိုးျမင္ေနၾကမွာကို သိသည္။ ဒါေပမယ့္ ဘယ္သူ႔ကိုမွ မ်က္ႏွာခ်ိဳေသြးခ်င္စိတ္ မရိွ၍ လြတ္သည့္ စားပြဲေနရာမွာပဲ ဝင္ထိုင္လိုက္ကာ ကြန္ပ်ူတာကို ဖြင့္လိုက္၏။
" လုမန္ .. ခဏေလာက္ လာခဲ့ပါဦး "
ဝူလီက်ဲက ရံုးခန္းတံခါးကို ဖြင့္ၿပီး တံခါးဝကေန လွမ္းေခၚသည္။
လုမန္ ထရပ္လိုက္ရျပန္ကာ ဝူလီက်ဲရံုးခန္းထဲသို႔ ဝင္သြား၍ တံခါးပိတ္ၿပီးမွ စားပြဲေရ႔ွတြင္ မတ္တပ္ရပ္လိုက္ၿပီး..
" မန္ေနဂ်ာဝူ "
" ထိုင္ပါ "
ဝူလီက်ဲက သူ႔ရံုးစားပြဲေရ႔ွက ထိုင္ခံုကို လက္ဟန္ျပသည္။
လုမန္လည္း ဝင္ထိုင္လိုက္သည္။ သူမရဲ့ေက်ာဘက္ တစ္နည္း ဝူလီက်ဲရဲ့မ်က္ႏွာမူရပ္မွာ မွန္ျပတင္းႀကီး ရိွေနလို႔ ရံုးခန္းအျပင္မွာ ျဖစ္ေနတာေတြကို သူ ျမင္ေနရသည္။
အျပင္က လူေတြလည္း သူ႔ကို ျမင္ရ၏။
" ငါ မင္းကို ေတာင္းပန္စကားေျပာခ်င္လို႔ပါ၊ ဟိုတစ္ေန့က ငါ့အေမေျပာလိုက္တဲ့စကားေတြကို မင္း အားလံုး ၾကားလိုက္တယ္ ထင္တယ္၊ ငါကပဲ ေတာင္းပန္ပါတယ္၊ စိတ္ထဲမထားေစခ်င္ဘူး။ အေမက မေကာင္းတဲ့သူမဟုတ္ပါဘူး၊ ဒီတိုင္း တစ္ခါတေလ သေဘာထားေသးသိမ္သြားတတ္တာပါ။ အဲ့ဒါေၾကာင့္ သူေျပာသြားတာေတြကို မင္း နားမေယာင္ပါနဲ႔ "
" ရပါတယ္ရွင္ .. သူေျပာသြားတာ အားလံုးက မွန္ေနတာပါပဲ .. သူမ်ားေတြဆိုရင္လည္း ဒီလိုပဲ ထင္ၾကမွာပါ .. ေနာက္ၿပီး အန္တီခ်ိဳင္ေျပာတာေတြကို ကြၽန္မ စိတ္မဆိုးပါဘူး "
*****