ဒီတစ်ခါလည်းဇာတ်လမ်းသွေဖည်သွား...

By Dilly_Dally20

484K 69.4K 2.6K

Just a fan translation. Eng name- Did the affectionate love interest collapse today. cover pic from pintere... More

Synopsis
Arc(1): အပိုင်း(၁)
အပိုင်း(၂)
အပိုင်း(၃.၁)
အပိုင်း(၃.၂)
အပိုင်း(၄.၁)
အပိုင်း(၄.၂)
အပိုင်း(၅.၁)
အပိုင်း(၅.၂)
အပိုင်း(၆.၁)
အပိုင်း(၆.၂)
အပိုင်း(၇.၁)
အပိုင်း(၇.၂)
အပိုင်း(၈.၁)
အပိုင်း(၈.၂)
အပိုင်း(၉.၁)
အပိုင်း(၉.၂)
အပိုင်း(၁၀.၁)
အပိုင်း(၁၀.၂)
အပိုင်း(၁၁.၁)
အပိုင်း(၁၁.၂)
အပိုင်း(၁၂.၁)
အပိုင်း(၁၂.၂)
အပိုင်း(၁၃.၁)
အပိုင်း(၁၃.၂)
အပိုင်း(၁၄.၁)
အပိုင်း(၁၄.၂)
အပိုင်း(၁၅.၁)
အပိုင်း(၁၅.၂)
အပိုင်း(၁၆.၁)
အပိုင်း(၁၆.၂)
အပိုင်း(၁၇.၁)
အပိုင်း(၁၇.၂)
အပိုင်း (၁၈)
အပိုင်း(၁၉)
အပိုင်း(၂၀)
Arc(2) အပိုင်း(၂၁.၁)
အပိုင်း(၂၁.၂)
အပိုင်း(၂၁.၃)
အပိုင်း(၂၂.၁)
အပိုင်း(၂၂.၂)
အပိုင်း(၂၃.၁)
အပိုင်း(၂၃.၂)
အပိုင်း(၂၄.၁)
အပိုင်း(၂၄.၂)
အပိုင်း(၂၄.၃)
အပိုင်း(၂၅.၁)
အပိုင်း(၂၅.၂)
အပိုင်း(၂၅.၃)
အပိုင်း(၂၆.၁)
အပိုင်း(၂၆.၂)
အပိုင်း(၂၆.၃)
အပိုင်း(၂၇.၁)
အပိုင်း(၂၇.၂)
အပိုင်း(၂၇.၃)
အပိုင်း(၂၈.၁)
အပိုင်း(၂၉.၁)
အပိုင်း(၂၉.၂)
အပိုင်း(၃၀.၁)
အပိုင်း(၃၀.၂)
အပိုင်း(၃၁.၁)
အပိုင်း(၃၁.၂)
အပိုင်း(၃၂.၁)
အပိုင်း(၃၂.၂)
အပိုင်း(၃၃.၁)
အပိုင်း(၃၃.၂)
အပိုင်း(၃၃.၃)
အပိုင်း(၃၄.၁)
အပိုင်း(၃၄.၂)
အပိုင်း(၃၄.၃)
အပိုင်း(၃၅.၁)
အပိုင်း(၃၅.၂)
အပိုင်း(၃၅.၃)
အပိုင်း(၃၆.၁)
အပိုင်း(၃၆.၂)
အပိုင်း(၃၆.၃)
အပိုင်း(၃၇.၁)
အပိုင်း (၃၇.၂)
အပိုင်း(၃၇.၃)
အပိုင်း(၃၈.၁)
အပိုင်း(၃၈.၂)
အပိုင်း(၃၈.၃)
အပိုင်း(၃၉.၁)
အပိုင်း(၃၉.၂)
အပိုင်း(၃၉.၃)
အပိုင်း(၄၀.၁)
အပိုင်း(၄၀.၂)
အပိုင်း(၄၀.၃)
အပိုင်း(၄၁.၁)
အပိုင်း(၄၁.၂)
အပိုင်း(၄၁.၃)
အပိုင်း(၄၂.၁)
အပိုင်း(၄၂.၂)
အပိုင်း(၄၂.၃)
အပိုင်း(၄၃.၁)
အပိုင်း(၄၃.၂)
အပိုင်း(၄၃.၃)
အပိုင်း(၄၄.၁)
အပိုင်း(၄၄.၂)
အပိုင်း(၄၄.၃-Final Episode)

အပိုင်း(၂၈.၂)

4K 771 34
By Dilly_Dally20

Unicode.

မူယန်သည် နှုတ်ခမ်းကိုတင်းတင်းစေ့ထားလျက် မျက်ဝန်းထဲတွင် ပြတ်သားသောဆုံးဖြတ်ချက်တစ်ခုနှင့်အတူ တောင်ကမ်းပါးဆီသို့တွယ်တက်ကာ ခုန်ချလိုက်သည်။ တောင်ကမ်းပါးကြီးမှာ မီတာ တစ်ထောင်မျှနက်ရှိုင်းလေပြီး တကယ်လို့ သူပြုတ်ကျသွားပါလျှင် အရိုးတစ်ခြားအသားတစ်ခြား ဖြစ်သွားနိုင်ပေသည်။လင်းယုန်တစ်ကောင်က ပျံဝဲလာစဥ် သူဟာ ချက်ချင်းခုန်အုပ်လိုက်ပြီး လင်းယုန်၏ လည်ပင်းအား ခိုစီးခဲ့ခြင်းပင်။

လင်းယုန်ကြီးက စတင်၍ အပြင်းအထန် ရုန်းကန်လာပါသော် သူက လင်းယုန်၏ လည်ပင်းကို မြဲမြံစွာဆုပ်ကိုင်ထားပြီး တစ်ချိန်တည်းမှာပင် ဦးခေါင်းကိုလက်သီးဖြင့်ထိုးနှက်လိုက်လေသည်။လင်းယုန်ကြီးမှာ နာကျင်လွန်းပြီး လန့်ဖြန့်သွားလေပြီး ခန္ဓာကိုယ်ကို စတင်၍ ခါရမ်းလေတော့သည်။မူယန်က လင်းယုန်ကြီးကိုချက်ချင်းမသတ်ပစ်ပေ။ မဟုတ်ပါက သူမြေပြင်ပေါ်သို့ ပြုတ်ကျသွားနိုင်သောကြောင့် လင်းယုန်၏ လည်ပင်းကိုသာညှစ်ထားလေသည်။

လင်းယုန်ကြီးက အချိန်အတော်ကြာအောင်အထိ မူယန်ကို ခါမချနိုင်ခဲ့။ ထို့အစား ထိုးနှက်ချက်များစွာကို ခံစားခဲ့ရပြီး စူးရှသောအော်သံများဖြင့်ဆူညံသွားစေခဲ့ပြီးနောက် ရုန်းကန်မှုကိုရုပ်တန့်လိုက်ကာ ကြိတ်မှိတ်သည်းခံပြီး ကောင်းမွန်စွာပျံသန်းလေတော့သည်။

မူယန်သည် လင်းယုန်ကြီးကို စီးပြီးတောင်များကို ဖြတ်ကျော်လာခဲ့စဥ် သူ့၏ မြင်ကွင်းထဲတွင် မြင့်မားသော တောင်ထွတ်တစ်ခုပေါ်လာခဲ့၏။တောင်ထွတ်အား နှင်းထုများဖြင့်ဖုံးလွှမ်းထားလေပြီး သေးငယ်သောတောင်စဥ်တစ်ခုက ဘေးပတ်ပတ်လည်တွင်ကာရံထားလေရာ ကျိူးယွဲ့ပေးသောစာလိပ်ထဲတွင်ဖော်ပြထားခဲ့သည့် ဓားသင်္ချိုင်းတည်ရှိရာနေရာနှင့် အလွန်ပင်တူလှချေ၏။

မူယန်၏ မျက်ဝန်းများက တောက်ပသွားလေပြီး လင်းယုန်ကြီး၏ဦးခေါင်းကိုရိုက်လိုက်ပြန်၏။ လင်းယုန်ကြီးက နာခံစွာပင် ထိုနေရာသို့ သက်ဆင်းပေးသည်။ ထို့နောက်သူဟာလင်းယုန်​၏ ကျောပေါ်မှခုန်ဆင်းလိုက်ပြီး စမ်းချောင်းအားဖြတ်ကာ ထိုတောင်ကြီးဆီသို့ တန်းတန်းမတ်မတ် လျှောက်လာခဲ့သည်။

လင်းယုန်ကြီးသည်လည်း သူ့ကိုတွယ်ကပ်ပြီးဒုက္ခပေးနေသော ကပ်ပါးကောင်ကြီးမှာ သူ့အလိုလိုကွာကျသွားလိမ့်မယ်လို မထင်ထားခဲ့ပါသောကြောင့် ချက်ချင်းပင် တောင်ပံများကို ခတ်ကာအဝေးသို့ အရှိန်အဟုန်ပြင်းပြင်းနှင့် ပျံသန်းသွားလေတော့သည်။မူယန်သည် တောင်ပေါ်သို့တစ်လှမ်းချင်း လျှောက်လာခဲ့၏။ဒီနေရာရှိ ရာသီဥတုကအေးခဲနေပြီး ရာစုနှစ်ပေါင်းများစွာ ကြာခဲ့သည့်တိုင်အောင် တည်ရှိနေပါသော အေးခဲမှုမျိုးဖြစ်ကာ အတွင်းထဲသို့ရောက်လာလေ အပူချိန်က ကျဆင်းလာလေ၊ သူ၏ မျက်တောင်မွှေးများနှင့် ဆံပင်များတွင် နှင်းဖက်များတွဲခိုလာလေပင် ဖြစ်ချေ၏။

မူယန်သည် တောင်ပတ်ပတ်လည်ကို လျှောက်ကြည့်လိုက်လေသော် လှိုဏ်ဂူတစ်ခုကိုရှာတွေ့ခဲ့၏။ ဂူဝင်ပေါက်မှာ မှောင်မဲနေသောကြောင့် သူက ညလင်းပုလဲတစ်လုံးအား ထုတ်ယူလိုက်ပြီး မှိန်ပြသောအလင်းရောင်တစ်ခုကိုဖန်တီးလိုက်လေသည်။ ဂူဝင်ပေါက်က သေးငယ်သော်လည်း ဂူအတွင်းပိုင်းကမူ အလွန်ကျယ်ဝန်းလှသည်။ဂူ၏မြေပြင်နှင့် နံရံပေါ်တွင် လက်နက်မျိုးစုံတို့ဖြင့်ပြည့်နှက်နေလေပြီး မြေပြင်ပေါ်တွင် လျှောက်လမ်းကလွဲ၍ နေရာလပ်ဟူသည်မရှိ။

မူယန်ကတွေးလိုက်၏။ ဒါက ဓားသင်္ချိုင်းဖြစ်ရမည်။

စင်ကြယ်သောနန်းတော်၏ ပင်မခန်းမဆောင်ကြီးထဲတွင်မူ အကြီးအကဲချီဖုန်းသည်ဒီမြင်ကွင်းကိုစိတ်လှုပ်ရှားစွာဖြင့် ကြည့်နေလေသည်။မူယန်ဒီနေရာသို့ရောက်လာခဲ့စဥ်ကတည်းကပင် သူ့နှလုံးသားမှာ လည်ပင်းသို့ ခုန်တက်သွားခဲ့၏။အရှင်က ဒီနေရာမှာ သူရဲ့ဓားကို ထားခဲ့မှန်းသူတစ်ဦးတည်းသာသိနေသည်လေ။ ထိုနတ်ဓားဟာ ၄င်းနှင့်ထိုက်တန်သော လူကိုစောင့်ဆိုင်းနေခဲ့၏။

ဒီမြင်ကွင်းကို ကျိုးယွဲ့လည်း ကြည့်နေပါသောကြောင့် မူယန်၏ စွမ်းဆောင်ရည်များအပေါ် စိတ်လှုပ်ရှားသွားပြီး စိတ်လည်းပူမိသည်။ အကယ်၍မူယန်က ဘာလက်နက်မှ မရခဲ့လျှင် တစ်ခြားနည်းလမ်းတစ်ခုနှင့် သူ့အတွက် နတ်လက်နက်တစ်ခုရှာပေးရမယ်လို့ သူအစကတွေးမိခဲ့ချေ၏။ သို့သော်ဒီကလေးက အင်မတန်မှကို တည်ငြိမ်ပြီးပြတ်သားလှသည်။ ဓားသင်္ချိုင်းကိုတောင် မတော်တဆရှာတွေ့ခဲ့ပေ၏။

အခြားအကြီးအကဲများသည်ကား အစပိုင်းတွင်မူယန်ကို အာရုံမစိုက်ကြ။သူတို့အားလုံးတွင် ကိုယ်ပိုင် မျိုးစေ့ကောင်းများနှင့် တပည့်အလောင်းအလျာများကိုယ်စီရှိခဲ့ကြလေ၏။ အကယ်၍များ တစ်ယောက်ယောက်က မတော်တဆမူယန်ကိုကြည့်မိပါသော် ချက်ချင်းအကြည့်လွှဲသွားခဲ့ကြလေသည်။ဒီကောင်လေး ရောက်သွားတဲ့နေရာက သိပ်မကောင်း။ ပြီးတော့ သူ့ရဲ့ ကျင့်ကြံမှုအဆင့်ကလည်းမမြင့်။ တောင်ကြားထဲက ရအောင်မထွက်နိုင်မှာကိုပင် စိုးမိသည်။ သို့သော် အဲ့ဒါက မူယန်ဓားသင်္ချိုင်းသို့ရောက်မလာခဲ့သည်အထိပင်။

အားလုံးက တအံ့တသြဖြင့် ကြည့်ရှုနေကြပါလျက်။ ဒီကောင်လေးက အရမ်းကို ကံကောင်းလွန်းနေတာပဲ မဟုတ်လား။ဓားသင်္ချိုင်းက ရှေးခေတ်နတ်ဘုရားများ၏ စစ်မြေပြင်ဖြစ်ခဲ့သည့်အလျောက် ရှေးခေတ်ကျင့်ကြံသူများ၏ မရေမတွက်နိုင်သော နတ်လက်နက်များကျန်ရစ်ခဲ့လေပြီး နောက်ပိုင်းတွင် ပြိုဘက်ကင်းမှော်စွမ်းအားများနှင့် ပြည့်နှက်နေသော မြင့်​မြတ်သည့်တောင်ထွတ် တည်ရှိရာနေရာဖြစ်လာခဲ့သည်။

အကြီးအကဲများမှာမူယန်ကိုသာ စူးစိုက်ပြီးကြည့်နေကြလေသည်။ဒီနေရာက ရတနာများဖြင့်ပြည့်နှက်နေသည့်တိုင် ရနိုင်၊မရနိုင်ကမူ ခွန်အားနှင့်ကံကြမ္မာပေါ်တွင်သာ မူတည်နေချေသည်။ဒီ နတ်လက်နက်များမှာ အလွန်ပင်မောက်မာကြပြီး အဆင့်နိမ့်သောကျင့်ကြံသူများအပေါ်တွင် အထင်သေးလေ့ရှိကြသည်ပင်။လူငယ်လေးက ကံကောင်း ပေမယ့် ကံမကောင်းသည်ပေ။ကံကောင်းတာက သူဒီနေရာကို ရောက်လာနိုင်ခဲ့လို့။ ကံမကောင်းတာက ရတနာတစ်ခုကိုပင် ရအောင်မယူခဲ့နိုင်မှာ စိုးရိမ်မိသည်။

သို့သည့်တိုင် ဒီလူငယ်လေးက ဘယ်လက်နက်ကိုများ ရွေးချယ်လိမ့်မလဲ သိချင်ကြသောကြောင့် မူယန်အား စိတ်ဝင်တစားကြည့်နေကြချေ၏။လူငယ်လေးမှာ အပြာရောင်နီလာကျောက်များဖြင့် စီချယ်ထားသော ဓားအိမ်ရှိသည့် ဆောင်ဓားရှည်ဆီသို့လျှောက်သွားလိုက်လေသော်။

အကြီးအကဲအားလုံးသည်ကား အသက်ရှုပင် ကြပ်လာကြချေ၏။ဒါက ရာဇဝင်ထဲကနတ်ဘုရား ချင်းလင်၏ နတ်လက်နက်ဖြစ်ပြီး ရေဝိညာဥ် အခြေပြုကျင့်ကြံသူတစ်ယောက်၏ဓားဖြစ်သည်ဟု ဆိုကြ၏။

သို့သော် လူငယ်လေးက မယူဘဲ လှည့်ထွက်သွားလိုက်ပြီးနောက် အနက်ရောင်ဓားရှည်တစ်လက်၏ရှေ့တွင်ရပ်လိုက်သည်။ အကြီးအကဲအားလုံးမှာလည်း စိတ်ပူသွားကြရပြန်၏။ ဒါက လွန်ခဲ့တဲ့နှစ်ပေါင်းထောင်ချီတုန်းက မိစ္ဆာလောကရဲ့စစ်သူကြီးကိုင်ဆောင်ခဲ့တဲ့ ဓားဖြစ်ပြီး အညှိုးအတေးစွမ်းအားကြီးလွန်းလို့ လူတို့ရဲ့ စိတ်ဝိညာဥ်နဲ့ အသိဥာဏ်ကိုဖျက်စီးပစ်တတ်ပေသည်။ဒီကောင်လေး အဲ့ဒါကို မထိသင့်ဘူး!

ကောင်လေးက ၄င်းကို မထိဘဲ လှည့်ထွက်သွားခဲ့ပြီးနောက် ပုတီးကုံးတစ်ခုကို ကန်ထုတ်မိလိုက်သော် အောက်သို့ငုံ့ကြည့်လိုက်သည်။အကြီးအကဲအားလုံးမှာ ဒီတစ်ခါတွင်တော့ စိတ်သက်သာရာရသွားခဲ့ကြသည်။ဒါက အသွင်ပြောင်းနတ်ဘုရားရဲ့ ပုတီးကုံးဖြစ်သည့်အလျောက် ထိပ်တန်းအဆင့်မှော်ပစ္စည်းတစ်ခုဖြစ်ကာ ပုတီးစေ့တစ်ခုက ခန္ဓာကိုယ်တစ်ခုကိုဖန်တီးနိုင်လေပြီး ဒါဇင်မကသော အသက်ရှိခြင်းနှင့်ညီမျှလေသည်။ဒီရတနာမျိုးက လက်တွေ့အသုံးချလို့ရပြီး အန္တရာယ်မရှိ။မြန်မြန်ယူလိုက်တော့!

သို့သော်လူငယ်လေးက မယူဘဲလှည့်ထွက်သွားခဲ့ပြန်၏။ထို့နောက်သူဟာ ကျောက်ဖျာထဲတွင်စိုက်နေသော မီးခိုးရောင် ဓားရှည်၏ ရှေ့တွင် ရပ်လိုက်ပြီး ညှို့ငင်ဆွဲဆောင်ခံလိုက်ရသည့်နှယ် စိုက်ကြည့်နေလေသော်...အကြီးအကဲများအားလုံးမှာကြေကွဲသွားကြလေတော့သည်။အသွင်ပြောင်းနတ်ဘုရားရဲ့ ရတနာကိုပဲ ယူခဲ့ပြီးငါတို့ဆီပြန်ရောင်းလိုက်ပါတော့လား။ဒါက ဘယ်လို ဓားမျိုးပါလိမ့်။ ဖုန်မှုန့်များဖြင့်ဖုံးလွှမ်းထားပြီး သူတို့ အရင်ကတစ်ခါမှမမြင်ဖူးခဲ့။ရှေးဟောင်းနတ်ဘုရားတွေရဲ့ အဆင့်မြင့်နတ်လက်နက်မဟုတ်ဘဲ ဒီတိုင်းကျန်ရစ်ခဲ့တဲ့ သာမန်ဓားတစ်လက်ပဲဖြစ်ရမည်။

အကြီးအကဲ ချီဖုန်း တစ်ဦးတည်းသာလျှင် အသက်အောင့်ထားလေသည်။သို့ပေသော် အကြီးအကဲများကို အံ့သြသွားစေသည်က မည်သည့်တန်ဖိုးကြီးရတနာကိုမှစိတ်ဝင်စားခြင်းမရှိခဲ့သည့် လူငယ်လေးသည် သူ၏အဖြူရောင်ကျောက်စိမ်းတမျှဖြူသွယ်သော လက်ချောင်းများဖြင့်ဓားလက်ကိုင်ရိုးကို ဆုပ်ကိုင်လိုက်ခြင်းပါပေ။

အကြီးအကဲများ :...ဟူး!

တစ်စက္ကန့်အကြာ၌။

အကြီးအကဲများ:...ဟင်!

လူငယ်လေးက ဓားကိုဆွဲနှုတ်လိုက်လေသော် ဖုန်မှုန်များမှာလွင့်စင်သွားပြီး ဆောင်းဦးကာလရှိနှင်းရည်ကြည်ပမာကြည်လင်သော ဓား၏ကိုယ်ထည်သည် ပေါ်ထွက်လာခဲ့လေသည်။ထိုအချိန်တွင် ဓား၏အသရေဟာ ဂူတစ်ခုလုံးကို ထိန်ညီးသွားစေလျက်မြောက်မြားလှသော နတ်လက်နက်များမှာ တုန်ခါလာကြပါတော့သည်။ဒါ...ဒါက ဘယ်လို နတ်လက်နက်မျိုးလဲ.....ဒါ...မဟုတ်ဘူး__

အားလုံးမှာ ခုံမြင့်ပေါ်ရှိချောမောသော အမျိုးသားအား ကြောင်းအမ်းစွာပင် ကြည့်လိုက်ကြချေ၏။မြင်းမြှီးယပ်ကို ကိုင်ထားသည့် သခင်ချီဖုန်း၏လက်သည်လည်းတုန်ရီနေပါလျက်။ အနှီလူက မျက်လုံးများကို ဖြည်းညှင်းစွာဖွင့်လာခဲ့ပြီးနောက် ရေကန့်လန့်ကာပေါ်ရှိလူငယ်လေးကို စူးရဲသောမျက်ဝန်းများဖြင့်စိုက်ကြည့်လိုက်လေသည်။

နောက်ဆုံးတွင် အကြီးအကဲများမှာ သတိပြန်ဝင်လာခဲ့ကြပြီး တစ်ပြိုင်နက် ဂါရဝပြုကြတော့သည်။

" ကြီးမြတ်သောအရှင်! "

ကျိုးယွဲ့သည်လည်း ကြမ်းပြင်ပေါ်တွင်ဒူးထောက်နေရင်းမှ ပူပန်နေမိချေ၏။ အစကတည်းက သူဟာ မူယန်အားလုယူကြမှာကို စိုးရိမ်မိခဲ့ချေရာ အခုတွင် မူယန်က အရှင်ရွှမ်းရန်၏ဓားကိုပင် ရသွားခဲ့ပြီဖြစ်ပါ၍ ပိုလို့ပင် စိုးရိမ်နေမိချေသည်။ဒါပေမယ့် နားမလည်နိုင်တာက ဘာလို့ အရှင်က သူ့ရဲ့ဓားကို အဲ့ဒိနေရာမှာ စိုက်ထားခဲ့ရသလဲ ဆိုတာပင်။

ရွှမ်းရန်က လူအုပ်ဆီသို့ သမံကာလျှံကာ တစ်ချက်ကြည့်လိုက်ပြီးနောက်ဆို၏။ " ဒီနေ့ကစပြီး သူကငါ့ရဲ့တပည့်ဖြစ်လာလိမ့်မယ် "

ကျိုးယွဲ့မှာကား မျက်ဝန်းများနီရဲလို့လာလေပြီး မျက်ရည်ပင်ကျလုမတတ်။သူရဲ့ တပည့်အလောင်းအလျာလေးက ဒီလိုမျိုး အဝေးကိုပြေးထွက်သွားခဲ့သည်တဲ့လေ။သူဟာ အခြား အကြီးအကဲများနှင့် တိုက်ပွဲပေါင်းသုံးရာလောက်ဆင်နွှဲနိုင်သည့်တိုင် ရွှမ်းရန်၏ရှေ့တွင်မူ ခေါင်းပင်မမော့ရဲပေ။ ကြောက်ရွံ့ဖွယ်ကောင်းလိုက်လေခြင်း!ငါရဲ့ ချစ်တပည့်လေးရေ မင်းနဲ့ငါက ဒီဘဝတော့ ဆရာတပည့်ဖြစ်ဖို့ ကံမပါတော့ဘူး!ဝူးဝူးဝူး!

..................

လင်းကျစ်ရန်သည် ခြေကလိန်ချိတ်၍ သစ်ပင်ပေါ်ပေါ်တွင်လှဲထိုင်နေပြီး လေနုအေးအေးအောက်ဝယ် နှစ်ခြိုက်စွာအိပ်မောကျသွားခဲ့သည်က ကျယ်လောင်သောဆူညံသံများကြောင့်နိုးမလာခင်အထိပင်။ အလင်းတန်းများက မြင့်မြတ်သောတောင်ထွတ်အောက်သို့ သက်ဆင်းလာကြပြီး၄င်းတို့မှာ မှော်စက်ဝန်းဖြင့် အပြင်သို့ ပို့ဆောင်ခံလိုက်ရပါသော တပည့်များပင်။ထိုသူတို့အနက် တစ်ချို့မှာဒဏ်ရာအပြင်းအထန်ရကြသည်။ တစ်ချို့မှာပုံမှန်အတိုင်း၊ တစ်ချို့ကမူ အဆင်မပြေသောအမူအရာနှင့်၊ တစ်ချို့က ပျော်ရွှင်နေကြပြီ ကျန်တစ်ချို့က စိတ်ရှုပ်ထွေးနေကြသလိုလို။

မူယန်က လူအုပ်ကြီး၏အနောက်တွင်ပေါ်လာခဲ့လေသည်။ ဝတ်ရုံ လက်တစ်ဖက်က ပြဲနေပြီး ဆံပင်များက အနည်းငယ်ရှုပ်ပွနေကာ အနေရခက်နေသည်က လွဲလျှင်လုံးဝပုံမှန်အတိုင်း။ပြီးတော့ လက်ထဲတွင် ရေခဲချွန်တစ်ခုကဲ့သို့ကြည်လင်သော ဓားရှည်ကိုဆုပ်ကိုင်ထားသည်။ ဒါက ရွှမ်းရန်ရဲ့ ဓားဖြစ်မှန်းလင်းကျစ်ရန်သိသည်။ မူယန်က ရွှမ်းယန်၏ ဝိညာဥ်အပိုင်းအစတစ်ခုမှ အသွင်ပြောင်းလာခဲ့သောကြောင့် သူကသာလျှင် ရွှမ်းရန်၏ ဓားကိုဆွဲနှုတ်နိုင်သည့် တစ်ဦးတည်းသောသူဖြစ်ပြီး သန့်စင်သောနတ်ဓားမှ အသိအမှတ်ပြုခြင်းကိုခံရကာ ရွှမ်းရန်၏အမွေကိုဆက်ခံနိုင်လိမ့်မည်ပင်။

ရွှမ်းရန်သည် ဟိုးရှေးရှေးတုန်းကတည်းက အခုထိ နေထိုင်လာခဲ့ပါသော ဖန်ဆင်းရှင်နတ်ဘုရားတစ်ပါးဖြစ်ပြီး ပြိုင်ဘက်ကင်း အစွမ်းသတ္တိရှိလေရာ ဘယ်သူကမှ သူနှင့် မတုပနိုင်၍ သူ၏အမွေကိုမဆက်ခံနိုင်ကြချေ။မူယန်မွေးဖွားလာခဲ့ခြင်းက လုံးဝမမျှော်လင့်ထားခဲ့သော ဖြစ်ရပ်တစ်ခုသာ။ ဆန့်ကျင့်ဘက်အားဖြင့် မူယန်က သူ၏အမွေကို ဆက်ခံနိုင်သောကြောင့် တပည့်အဖြစ်လက်ခံခဲ့ခြင်းပင်။ သူက မူယန်အား တပည့် တစ်ယောက်လိုမျိုးပင် သဘောထားခဲ့သည်။

လင်းကျစ်ရန်သည် အတွေးများကိုခါချလိုက်ပြီး သစ်ပင်ပေါ်မှာခုန်ဆင်းကာ မူယန်ဆီသို့သွားရန်ပြင်လိုက်စဥ် ရွှမ်းရန်နှင့်အတူ အကြီးအကဲများက လမ်းလျှောက်လာကြတာကိုမြင်သော် လူအုပ်ကြားတွင် ဆက်ပြီးပုန်းနေလိုက်တော့သည်။ ဒါက သူထွက်လာသင့်တဲ့ အချိန်မဟုတ်သေးဘူး။

ရွှမ်းရန်က အရှေ့ဆုံးတွင်တစ်ဦးတည်းလမ်းလျှောက်လာခဲ့ပြီး အကြီးအကဲချီဖုန်းမှာ ခေါင်းငုံ့ပြီးအနောက်မှကျိုးနွံစွာလိုက်ပါလာခဲ့သည်။ရောက်ရှိနေခဲ့ကြတဲ့ ပုရိသအားလုံးမှာလည်း အံ့သြတုန်လှုပ်နေကြလျက်။ သူတို့အားလုံးက ရွှမ်းရန်ကိုမမြင်ဖူးခဲ့ကြသည့်တိုင် စင်ကြယ်သောနန်းတော်မှ အကြီးအကဲချီဖုန်းမှာ ချီရန်မသေမျိုးလောက ၏ အလေးစားခံရဆုံး ပုဂ္ဂိုလ်ထူးတစ်ယောက်ပင်ဖြစ်လင့်ကစား ဘယ်သူက သူ့ကိုဒီလောက်အထိ ကျိုးနွံစေနိုင်မှာလဲ။

အားလုံးက အသက်ရှုပင်ရပ်လုမတတ်ဖြစ်နေကြပြီး ရွှမ်းရန်ကို သတိတကြီးဖြင့် မဝံမရဲ ငေးမောကြည့်နေကြလျက်။ဒီလူမှာ နတ်ဘုရားကဲ့သို့ နှစ်လိုဖွယ်ကောင်းသော ရုပ်ရည်နှင့်အတူ လွှမ်းမိုးနိုင်သောအရှိန်အဝါရှိသည်။သူ့ကိုစေ့စေ့ ကြည့်မိရုံနှင့် သူတို့ဟာ မြေပြင်တွင် ချက်ချင်းဝပ်တွားပေးလိုက်ဖို့ မစောင့်နိုင်တော့သည့်နှယ်။

လင်းကျစ်ရန်သည်လည်း ရွှမ်းရန်ကိုအဝေးမှာ တိတ်တဆိတ်စိုက်ကြည့်နေလိုက်၏။ဒါက သုံးလောကတွင် ရင်သပ်ရှုမောဖွယ်အကောင်းဆုံး အလှတရားတစ်ခုပင်။မူယန်က ချစ်စဖွယ်ကောင်းသောအလှလေးဖြစ်လျှင် ရွှမ်းရန်မှာ သူမတူအောင်ချောမောသော အလှတရားပင်ဖြစ်သည်။မူယန်က ချောမောလွန်းသောရုပ်ရည်နှင့်မွေးလာခဲ့တာအဆန်းမဟုတ်။ ဒါက မျိုးရိုက်လိုက်ခြင်းပင်....

ဇာတ်လိုက်gong က အရမ်းကိုချောမောလွန်းနေသောကြောင့် လင်းကျစ်ရန်လည်း မနေနိုင်ဘဲနောက်ထပ်အကြိမ်အနည်းငယ်လောက် ငေးကြည့်နေမိပြီးနောက် ဆရာတပည့်ကြားက နက်ရှိုင်းသောချစ်မေတ္တာကိုတွေးကြည့်မိလိုက်၏...ရွှမ်းရန်က မူယန်၏ရှေ့တွင် ရပ်လိုက်ပြီး သိမ့်မွေ့သောလူငယ်လေးကိုတည်ငြိမ်စွာစိုက်ကြည့်လိုက်လေသည်။

ဒါက ကောင်းကင်နှင့် ကမ္ဘာမြေတခွင်သို့ ပြန်ကျဲသွားသောနတ်ဝိညာဥ်အပိုင်းအစများမှ ဖြစ်တည်လာခြင်းပင်။ သူ့ဆီမှ ဆင်းသက်လာခဲ့သော်ငြား သူတို့နှစ်ဦးက မသက်ဆိုင်ပေ။၄င်းထက် တူညီသော မူလဇစ်မြစ်တစ်ခုရှိသည်ဟုသာဆိုနိုင်ပေ၏။သန့်စင်သောနတ်ဓားက ဒီလူငယ်လေးဆီမှ ကျွမ်းဝင်မှုရှိသည့်ဝိညာဥ်စွမ်းအားကို အာရုံခံခဲ့မိသောကြောင့် မတွန်းလှန်ခဲ့ခြင်းပင်။ဒါပေမယ့် သူဒိထက်ပိုပြီးစွမ်းဆောင်နိုင်မလား၊ ဓားရဲ့အသိအမှတ်ပြုတာကိုခံရနိုင်မလားဆိုတာက သူ့အပေါ်တွင်သာမူတည်၏။

ရွှမ်းရန်ကဆို၏။ " မနက်ဖြန် ရှန့်ရွှမ်ခန်းမဆောင်မှာ ငါ့ကိုလာတွေ့ပါ "

ထို့နောက် သူကလှည့်ထွက်သွားခဲ့လေပြီး သူ၏ဖြူလွှသောပုံရိပ်က ပို၍ဝေးကွာသွားတော့သည်။ သူထွက်သွားခဲ့တာကိုကြည့်ရင်း လင်းကျစ်ရန်မှနောက်ဆုံးတွင်သက်ပြင်းချနိုင်သွားသည်။ သူက လူအုပ်ကြားမှတိုးထွက်ပြီးမူယန်အနားသို့ ခပ်သုတ်သုတ်ပင် ရောက်လာခဲ့တော့သည်။

သူက ဝမ်းမြောက်စွာဖြင့် မူယန်ကိုပြောလိုက်သည်။ " မင်းဒဏ်ရာမရတာ အရမ်းကံကောင်းတယ် "

မူယန်က ပြုံးလိုက်သည်။ခပ်လှမ်းလှမ်းရှိ ရွှမ်းရန်မှာ ခြေလှမ်းများကိုရပ်တန့်လိုက်ပြီး ခေါင်းလှည့်ကြည့်လိုက်သည်။

လင်းကျစ်ရန်သည်လည်း စကားပြောပြီး၍ မူယန်နှင့်အတူ ထွက်ခွာဖို့ အဆင်သင့်ဖြစ်နေချေပြီ။သူက ခေါင်းလှည့်လိုက်သော် အဆုံးမရှိသောတွင်းနက်ကဲ့သို့ နက်ရှိုင်းသောမျက်ဝန်းတစ်စုံနှင့် မတော်တဆ ဆုံတွေ့မိသွားလေသည်။အနှီမျက်ဝန်းများထဲရှိ အမှောင်ထုမှာ ကမ္ဘာလောကတစ်ခုလုံးအား လွှမ်းခြုံထားသည့် ညည့်နက်သန်းခေါင်အချိန်ရှိ အဆုံးမဲ့ မှောင်မှိုက်လှသောမိုးကောင်းကင်ကြီးအလားပင်။

သူဟာ အသက်ရှုပင် ရပ်တန့်သွားတော့မလိုခံစားလိုက်ရပြီး ဦးရေပြားက ထုံကျဥ်လာက လုံးဝမလှုပ်ရှားဝံ့တော့ပေ.....

🖤🖤🖤🖤🖤

Zawgyi.

မူယန္သည္ ႏွုတ္ခမ္းကိုတင္းတင္းေစ့ထားလ်က္ မ်က္ဝန္းထဲတြင္ ျပတ္သားေသာဆုံးျဖတ္ခ်က္တစ္ခုႏွင့္အတူ ေတာင္ကမ္းပါးဆီသို႔တြယ္တက္ကာ ခုန္ခ်လိုက္သည္။ ေတာင္ကမ္းပါးႀကီးမွာ မီတာ တစ္ေထာင္မၽွနက္ရွိုင္းေလၿပီး တကယ္လို႔ သူျပဳတ္က်သြားပါလၽွင္ အရိုးတစ္ျခားအသားတစ္ျခား ျဖစ္သြားနိုင္ေပသည္။လင္းယုန္တစ္ေကာင္က ပ်ံဝဲလာစဥ္ သူဟာ ခ်က္ခ်င္းခုန္အုပ္လိုက္ၿပီး လင္းယုန္၏ လည္ပင္းအား ခိုစီးခဲ့ျခင္းပင္။

လင္းယုန္ႀကီးက စတင္၍ အျပင္းအထန္ ႐ုန္းကန္လာပါေသာ္ သူက လင္းယုန္၏ လည္ပင္းကို ျမဲၿမံစြာဆုပ္ကိုင္ထားၿပီး တစ္ခ်ိန္တည္းမွာပင္ ဦးေခါင္းကိုလက္သီးျဖင့္ထိုးႏွက္လိုက္ေလသည္။လင္းယုန္ႀကီးမွာ နာက်င္လြန္းၿပီး လန့္ျဖန့္သြားေလၿပီး ခႏၶာကိုယ္ကို စတင္၍ ခါရမ္းေလေတာ့သည္။မူယန္က လင္းယုန္ႀကီးကိုခ်က္ခ်င္းမသတ္ပစ္ေပ။ မဟုတ္ပါက သူေျမျပင္ေပၚသို႔ ျပဳတ္က်သြားနိုင္ေသာေၾကာင့္ လင္းယုန္၏ လည္ပင္းကိုသာညႇစ္ထားေလသည္။

လင္းယုန္ႀကီးက အခ်ိန္အေတာ္ၾကာေအာင္အထိ မူယန္ကို ခါမခ်နိုင္ခဲ့။ ထို႔အစား ထိုးႏွက္ခ်က္မ်ားစြာကို ခံစားခဲ့ရၿပီး စူးရွေသာေအာ္သံမ်ားျဖင့္ဆူညံသြားေစခဲ့ၿပီးေနာက္ ႐ုန္းကန္မွုကို႐ုပ္တန့္လိုက္ကာ ႀကိတ္မွိတ္သည္းခံၿပီး ေကာင္းမြန္စြာပ်ံသန္းေလေတာ့သည္။

မူယန္သည္ လင္းယုန္ႀကီးကို စီးၿပီးေတာင္မ်ားကို ျဖတ္ေက်ာ္လာခဲ့စဥ္ သူ႔၏ ျမင္ကြင္းထဲတြင္ ျမင့္မားေသာ ေတာင္ထြတ္တစ္ခုေပၚလာခဲ့၏။ေတာင္ထြတ္အား ႏွင္းထုမ်ားျဖင့္ဖုံးလႊမ္းထားေလၿပီး ေသးငယ္ေသာေတာင္စဥ္တစ္ခုက ေဘးပတ္ပတ္လည္တြင္ကာရံထားေလရာ က်ိဴးယြဲ႕ေပးေသာစာလိပ္ထဲတြင္ေဖာ္ျပထားခဲ့သည့္ ဓားသခၤ်ိဳင္းတည္ရွိရာေနရာႏွင့္ အလြန္ပင္တူလွေခ်၏။

မူယန္၏ မ်က္ဝန္းမ်ားက ေတာက္ပသြားေလၿပီး လင္းယုန္ႀကီး၏ဦးေခါင္းကိုရိုက္လိုက္ျပန္၏။ လင္းယုန္ႀကီးက နာခံစြာပင္ ထိုေနရာသို႔ သက္ဆင္းေပးသည္။ ထို႔ေနာက္သူဟာလင္းယုန္​၏ ေက်ာေပၚမွခုန္ဆင္းလိုက္ၿပီး စမ္းေခ်ာင္းအားျဖတ္ကာ ထိုေတာင္ႀကီးဆီသို႔ တန္းတန္းမတ္မတ္ ေလၽွာက္လာခဲ့သည္။

လင္းယုန္ႀကီးသည္လည္း သူ႔ကိုတြယ္ကပ္ၿပီးဒုကၡေပးေနေသာ ကပ္ပါးေကာင္ႀကီးမွာ သူ႔အလိုလိုကြာက်သြားလိမ့္မယ္လို မထင္ထားခဲ့ပါေသာေၾကာင့္ ခ်က္ခ်င္းပင္ ေတာင္ပံမ်ားကို ခတ္ကာအေဝးသို႔ အရွိန္အဟုန္ျပင္းျပင္းႏွင့္ ပ်ံသန္းသြားေလေတာ့သည္။မူယန္သည္ ေတာင္ေပၚသို႔တစ္လွမ္းခ်င္း ေလၽွာက္လာခဲ့၏။ဒီေနရာရွိ ရာသီဥတုကေအးခဲေနၿပီး ရာစုႏွစ္ေပါင္းမ်ားစြာ ၾကာခဲ့သည့္တိုင္ေအာင္ တည္ရွိေနပါေသာ ေအးခဲမွုမ်ိဳးျဖစ္ကာ အတြင္းထဲသို႔ေရာက္လာေလ အပူခ်ိန္က က်ဆင္းလာေလ၊ သူ၏ မ်က္ေတာင္ေမႊးမ်ားႏွင့္ ဆံပင္မ်ားတြင္ ႏွင္းဖက္မ်ားတြဲခိုလာေလပင္ ျဖစ္ေခ်၏။

မူယန္သည္ ေတာင္ပတ္ပတ္လည္ကို ေလွ်ာက္ၾကည့္လိုက္ေလေသာ္ လိႈဏ္ဂူတစ္ခုကို႐ွာေတြ႕ခဲ့၏။ ဂူဝင္ေပါက္မွာ ေမွာင္မဲေနေသာေၾကာင့္ သူက ညလင္းပုလဲတစ္လုံးအား ထုတ္ယူလိုက္ၿပီး မွိန္ျပေသာအလင္းေရာင္တစ္ခုကိုဖန္တီးလိုက္ေလသည္။ ဂူဝင္ေပါက္က ေသးငယ္ေသာ္လည္း ဂူအတြင္းပိုင္းကမူ အလြန္က်ယ္ဝန္းလွသည္။ဂူ၏ေျမျပင္ႏွင့္ နံရံေပၚတြင္ လက္နက္မ်ိဳးစုံတို႔ျဖင့္ျပည့္ႏွက္ေနေလၿပီး ေျမျပင္ေပၚတြင္ ေလွ်ာက္လမ္းကလြဲ၍ ေနရာလပ္ဟူသည္မ႐ွိ။

မူယန္ကေတြးလိုက္၏။ ဒါက ဓားသခ်ႋဳင္းျဖစ္ရမည္။

စင္ၾကယ္ေသာနန္းေတာ္၏ ပင္မခန္းမေဆာင္ႀကီးထဲတြင္မူ အႀကီးအကဲခ်ီဖုန္းသည္ဒီျမင္ကြင္းကိုစိတ္လႈပ္႐ွားစြာျဖင့္ ၾကည့္ေနေလသည္။မူယန္ဒီေနရာသို႔ေရာက္လာခဲ့စဥ္ကတည္းကပင္ သူ႕ႏွလုံးသားမွာ လည္ပင္းသို႔ ခုန္တက္သြားခဲ့၏။အ႐ွင္က ဒီေနရာမွာ သူရဲ႕ဓားကို ထားခဲ့မွန္းသူတစ္ဦးတည္းသာသိေနသည္ေလ။ ထိုနတ္ဓားဟာ ၎ႏွင့္ထိုက္တန္ေသာ လူကိုေစာင့္ဆိုင္းေနခဲ့၏။

ဒီျမင္ကြင္းကို က်ိဳးယြဲ႕လည္း ၾကည့္ေနပါေသာေၾကာင့္ မူယန္၏ စြမ္းေဆာင္ရည္မ်ားအေပၚ စိတ္လႈပ္႐ွားသြားၿပီး စိတ္လည္းပူမိသည္။ အကယ္၍မူယန္က ဘာလက္နက္မွ မရခဲ့လွ်င္ တစ္ျခားနည္းလမ္းတစ္ခုႏွင့္ သူ႕အတြက္ နတ္လက္နက္တစ္ခု႐ွာေပးရမယ္လို႔ သူအစကေတြးမိခဲ့ေခ်၏။ သို႔ေသာ္ဒီကေလးက အင္မတန္မွကို တည္ၿငိမ္ၿပီးျပတ္သားလွသည္။ ဓားသခ်ႋဳင္းကိုေတာင္ မေတာ္တဆ႐ွာေတြ႕ခဲ့ေပ၏။

အျခားအႀကီးအကဲမ်ားသည္ကား အစပိုင္းတြင္မူယန္ကို အာ႐ုံမစိုက္ၾက။သူတို႔အားလုံးတြင္ ကိုယ္ပိုင္ မ်ိဳးေစ့ေကာင္းမ်ားႏွင့္ တပည့္အေလာင္းအလ်ာမ်ားကိုယ္စီ႐ွိခဲ့ၾကေလ၏။ အကယ္၍မ်ား တစ္ေယာက္ေယာက္က မေတာ္တဆမူယန္ကိုၾကည့္မိပါေသာ္ ခ်က္ခ်င္းအၾကည့္လႊဲသြားခဲ့ၾကေလသည္။ဒီေကာင္ေလး ေရာက္သြားတဲ့ေနရာက သိပ္မေကာင္း။ ၿပီးေတာ့ သူ႕ရဲ႕ က်င့္ၾကံမႈအဆင့္ကလည္းမျမင့္။ ေတာင္ၾကားထဲက ရေအာင္မထြက္ႏိုင္မွာကိုပင္ စိုးမိသည္။ သို႔ေသာ္ အဲ့ဒါက မူယန္ဓားသခ်ႋဳင္းသို႔ေရာက္မလာခဲ့သည္အထိပင္။

အားလုံးက တအံ့တၾသျဖင့္ ၾကည့္႐ႈေနၾကပါလ်က္။ ဒီေကာင္ေလးက အရမ္းကို ကံေကာင္းလြန္းေနတာပဲ မဟုတ္လား။ဓားသခ်ႋဳင္းက ေ႐ွးေခတ္နတ္ဘုရားမ်ား၏ စစ္ေျမျပင္ျဖစ္ခဲ့သည့္အေလ်ာက္ ေ႐ွးေခတ္က်င့္ၾကံသူမ်ား၏ မေရမတြက္ႏိုင္ေသာ နတ္လက္နက္မ်ားက်န္ရစ္ခဲ့ေလၿပီး ေနာက္ပိုင္းတြင္ ၿပိဳဘက္ကင္းေမွာ္စြမ္းအားမ်ားႏွင့္ ျပည့္ႏွက္ေနေသာ ျမင့္​ျမတ္သည့္ေတာင္ထြတ္ တည္႐ွိရာေနရာျဖစ္လာခဲ့သည္။

အႀကီးအကဲမ်ားမွာမူယန္ကိုသာ စူးစိုက္ၿပီးၾကည့္ေနၾကေလသည္။ဒီေနရာက ရတနာမ်ားျဖင့္ျပည့္ႏွက္ေနသည့္တိုင္ ရႏိုင္၊မရႏိုင္ကမူ ခြန္အားႏွင့္ကံၾကမၼာေပၚတြင္သာ မူတည္ေနေခ်သည္။ဒီ နတ္လက္နက္မ်ားမွာ အလြန္ပင္ေမာက္မာၾကၿပီး အဆင့္နိမ့္ေသာက်င့္ၾကံသူမ်ားအေပၚတြင္ အထင္ေသးေလ့႐ွိၾကသည္ပင္။လူငယ္ေလးက ကံေကာင္း ေပမယ့္ ကံမေကာင္းသည္ေပ။ကံေကာင္းတာက သူဒီေနရာကို ေရာက္လာႏိုင္ခဲ့လို႔။ ကံမေကာင္းတာက ရတနာတစ္ခုကိုပင္ ရေအာင္မယူခဲ့ႏိုင္မွာ စိုးရိမ္မိသည္။

သို႔သည့္တိုင္ ဒီလူငယ္ေလးက ဘယ္လက္နက္ကိုမ်ား ေ႐ြးခ်ယ္လိမ့္မလဲ သိခ်င္ၾကေသာေၾကာင့္ မူယန္အား စိတ္ဝင္တစားၾကည့္ေနၾကေခ်၏။လူငယ္ေလးမွာ အျပာေရာင္နီလာေက်ာက္မ်ားျဖင့္ စီခ်ယ္ထားေသာ ဓားအိမ္႐ွိသည့္ ေဆာင္ဓား႐ွည္ဆီသို႔ေလွ်ာက္သြားလိုက္ေလေသာ္။

အႀကီးအကဲအားလုံးသည္ကား အသက္႐ႈပင္ ၾကပ္လာၾကေခ်၏။ဒါက ရာဇဝင္ထဲကနတ္ဘုရား ခ်င္းလင္၏ နတ္လက္နက္ျဖစ္ၿပီး ေရဝိညာဥ္ အေျချပဳက်င့္ၾကံသူတစ္ေယာက္၏ဓားျဖစ္သည္ဟု ဆိုၾက၏။

သို႔ေသာ္ လူငယ္ေလးက မယူဘဲ လွည့္ထြက္သြားလိုက္ၿပီးေနာက္ အနက္ေရာင္ဓား႐ွည္တစ္လက္၏ေ႐ွ႕တြင္ရပ္လိုက္သည္။ အႀကီးအကဲအားလုံးမွာလည္း စိတ္ပူသြားၾကရျပန္၏။ ဒါက လြန္ခဲ့တဲ့ႏွစ္ေပါင္းေထာင္ခ်ီတုန္းက မိစၧာေလာကရဲ႕စစ္သူႀကီးကိုင္ေဆာင္ခဲ့တဲ့ ဓားျဖစ္ၿပီး အညိႇဳးအေတးစြမ္းအားႀကီးလြန္းလို႔ လူတို႔ရဲ႕ စိတ္ဝိညာဥ္နဲ႔ အသိဥာဏ္ကိုဖ်က္စီးပစ္တတ္ေပသည္။ဒီေကာင္ေလး အဲ့ဒါကို မထိသင့္ဘူး!

ေကာင္ေလးက ၎ကို မထိဘဲ လွည့္ထြက္သြားခဲ့ၿပီးေနာက္ ပုတီးကုံးတစ္ခုကို ကန္ထုတ္မိလိုက္ေသာ္ ေအာက္သို႔ငုံ႔ၾကည့္လိုက္သည္။အႀကီးအကဲအားလုံးမွာ ဒီတစ္ခါတြင္ေတာ့ စိတ္သက္သာရာရသြားခဲ့ၾကသည္။ဒါက အသြင္ေျပာင္းနတ္ဘုရားရဲ႕ ပုတီးကုံးျဖစ္သည့္အေလ်ာက္ ထိပ္တန္းအဆင့္ေမွာ္ပစၥည္းတစ္ခုျဖစ္ကာ ပုတီးေစ့တစ္ခုက ခႏၶာကိုယ္တစ္ခုကိုဖန္တီးႏိုင္ေလၿပီး ဒါဇင္မကေသာ အသက္႐ွိျခင္းႏွင့္ညီမွ်ေလသည္။ဒီရတနာမ်ိဳးက လက္ေတြ႕အသုံးခ်လို႔ရၿပီး အႏၲရာယ္မ႐ွိ။ျမန္ျမန္ယူလိုက္ေတာ့!

သို႔ေသာ္လူငယ္ေလးက မယူဘဲလွည့္ထြက္သြားခဲ့ျပန္၏။ထို႔ေနာက္သူဟာ ေက်ာက္ဖ်ာထဲတြင္စိုက္ေနေသာ မီးခိုးေရာင္ ဓား႐ွည္၏ ေ႐ွ႕တြင္ ရပ္လိုက္ၿပီး ညိႇဳ႕ငင္ဆြဲေဆာင္ခံလိုက္ရသည့္ႏွယ္ စိုက္ၾကည့္ေနေလေသာ္...အႀကီးအကဲမ်ားအားလုံးမွာေၾကကြဲသြားၾကေလေတာ့သည္။အသြင္ေျပာင္းနတ္ဘုရားရဲ႕ ရတနာကိုပဲ ယူခဲ့ၿပီးငါတို႔ဆီျပန္ေရာင္းလိုက္ပါေတာ့လား။ဒါက ဘယ္လို ဓားမ်ိဳးပါလိမ့္။ ဖုန္မႈန္႔မ်ားျဖင့္ဖုံးလႊမ္းထားၿပီး သူတို႔ အရင္ကတစ္ခါမွမျမင္ဖူးခဲ့။ေ႐ွးေဟာင္းနတ္ဘုရားေတြရဲ႕ အဆင့္ျမင့္နတ္လက္နက္မဟုတ္ဘဲ ဒီတိုင္းက်န္ရစ္ခဲ့တဲ့ သာမန္ဓားတစ္လက္ပဲျဖစ္ရမည္။

အႀကီးအကဲ ခ်ီဖုန္း တစ္ဦးတည္းသာလွ်င္ အသက္ေအာင့္ထားေလသည္။သို႔ေပေသာ္ အႀကီးအကဲမ်ားကို အံ့ၾသသြားေစသည္က မည္သည့္တန္ဖိုးႀကီးရတနာကိုမွစိတ္ဝင္စားျခင္းမ႐ွိခဲ့သည့္ လူငယ္ေလးသည္ သူ၏အျဖဴေရာင္ေက်ာက္စိမ္းတမွ်ျဖဴသြယ္ေသာ လက္ေခ်ာင္းမ်ားျဖင့္ဓားလက္ကိုင္႐ိုးကို ဆုပ္ကိုင္လိုက္ျခင္းပါေပ။

အႀကီးအကဲမ်ား :...ဟူး!

တစ္စကၠန္႔အၾကာ၌။

အႀကီးအကဲမ်ား:...ဟင္!

လူငယ္ေလးက ဓားကိုဆြဲႏႈတ္လိုက္ေလေသာ္ ဖုန္မႈန္မ်ားမွာလြင့္စင္သြားၿပီး ေဆာင္းဦးကာလ႐ွိႏွင္းရည္ၾကည္ပမာၾကည္လင္ေသာ ဓား၏ကိုယ္ထည္သည္ ေပၚထြက္လာခဲ့ေလသည္။ထိုအခ်ိန္တြင္ ဓား၏အသေရဟာ ဂူတစ္ခုလုံးကို ထိန္ညီးသြားေစလ်က္ေျမာက္ျမားလွေသာ နတ္လက္နက္မ်ားမွာ တုန္ခါလာၾကပါေတာ့သည္။ဒါ...ဒါက ဘယ္လို နတ္လက္နက္မ်ိဳးလဲ.....ဒါ...မဟုတ္ဘူး__

အားလုံးမွာ ခုံျမင့္ေပၚ႐ွိေခ်ာေမာေသာ အမ်ိဳးသားအား ေၾကာင္းအမ္းစြာပင္ ၾကည့္လိုက္ၾကေခ်၏။ျမင္းၿမႇီးယပ္ကို ကိုင္ထားသည့္ သခင္ခ်ီဖုန္း၏လက္သည္လည္းတုန္ရီေနပါလ်က္။ အႏွီလူက မ်က္လုံးမ်ားကို ျဖည္းညႇင္းစြာဖြင့္လာခဲ့ၿပီးေနာက္ ေရကန္႔လန္႔ကာေပၚ႐ွိလူငယ္ေလးကို စူးရဲေသာမ်က္ဝန္းမ်ားျဖင့္စိုက္ၾကည့္လိုက္ေလသည္။

ေနာက္ဆုံးတြင္ အႀကီးအကဲမ်ားမွာ သတိျပန္ဝင္လာခဲ့ၾကၿပီး တစ္ၿပိဳင္နက္ ဂါရဝျပဳၾကေတာ့သည္။

" ႀကီးျမတ္ေသာအ႐ွင္! "

က်ိဳးယြဲ႕သည္လည္း ၾကမ္းျပင္ေပၚတြင္ဒူးေထာက္ေနရင္းမွ ပူပန္ေနမိေခ်၏။ အစကတည္းက သူဟာ မူယန္အားလုယူၾကမွာကို စိုးရိမ္မိခဲ့ေခ်ရာ အခုတြင္ မူယန္က အ႐ွင္႐ႊမ္းရန္၏ဓားကိုပင္ ရသြားခဲ့ၿပီျဖစ္ပါ၍ ပိုလို႔ပင္ စိုးရိမ္ေနမိေခ်သည္။ဒါေပမယ့္ နားမလည္ႏိုင္တာက ဘာလို႔ အ႐ွင္က သူ႕ရဲ႕ဓားကို အဲ့ဒိေနရာမွာ စိုက္ထားခဲ့ရသလဲ ဆိုတာပင္။

႐ႊမ္းရန္က လူအုပ္ဆီသို႔ သမံကာလွ်ံကာ တစ္ခ်က္ၾကည့္လိုက္ၿပီးေနာက္ဆို၏။ " ဒီေန႔ကစၿပီး သူကငါ့ရဲ႕တပည့္ျဖစ္လာလိမ့္မယ္ "

က်ိဳးယြဲ႕မွာကား မ်က္ဝန္းမ်ားနီရဲလို႔လာေလၿပီး မ်က္ရည္ပင္က်လုမတတ္။သူရဲ႕ တပည့္အေလာင္းအလ်ာေလးက ဒီလိုမ်ိဳး အေဝးကိုေျပးထြက္သြားခဲ့သည္တဲ့ေလ။သူဟာ အျခား အႀကီးအကဲမ်ားႏွင့္ တိုက္ပြဲေပါင္းသုံးရာေလာက္ဆင္ႏႊဲႏိုင္သည့္တိုင္ ႐ႊမ္းရန္၏ေ႐ွ႕တြင္မူ ေခါင္းပင္မေမာ့ရဲေပ။ ေၾကာက္႐ြံ႕ဖြယ္ေကာင္းလိုက္ေလျခင္း!ငါရဲ႕ ခ်စ္တပည့္ေလးေရ မင္းနဲ႔ငါက ဒီဘဝေတာ့ ဆရာတပည့္ျဖစ္ဖို႔ ကံမပါေတာ့ဘူး!ဝူးဝူးဝူး!

..................

လင္းက်စ္ရန္သည္ ေျခကလိန္ခ်ိတ္၍ သစ္ပင္ေပၚေပၚတြင္လွဲထိုင္ေနၿပီး ေလႏုေအးေအးေအာက္ဝယ္ ႏွစ္ၿခိဳက္စြာအိပ္ေမာက်သြားခဲ့သည္က က်ယ္ေလာင္ေသာဆူညံသံမ်ားေၾကာင့္ႏိုးမလာခင္အထိပင္။ အလင္းတန္းမ်ားက ျမင့္ျမတ္ေသာေတာင္ထြတ္ေအာက္သို႔ သက္ဆင္းလာၾကၿပီး၎တို႔မွာ ေမွာ္စက္ဝန္းျဖင့္ အျပင္သို႔ ပို႔ေဆာင္ခံလိုက္ရပါေသာ တပည့္မ်ားပင္။ထိုသူတို႔အနက္ တစ္ခ်ိဳ႕မွာဒဏ္ရာအျပင္းအထန္ရၾကသည္။ တစ္ခ်ိဳ႕မွာပုံမွန္အတိုင္း၊ တစ္ခ်ိဳ႕ကမူ အဆင္မေျပေသာအမူအရာႏွင့္၊ တစ္ခ်ိဳ႕က ေပ်ာ္႐ႊင္ေနၾကၿပီ က်န္တစ္ခ်ိဳ႕က စိတ္႐ႈပ္ေထြးေနၾကသလိုလို။

မူယန္က လူအုပ္ႀကီး၏အေနာက္တြင္ေပၚလာခဲ့ေလသည္။ ဝတ္႐ုံ လက္တစ္ဖက္က ၿပဲေနၿပီး ဆံပင္မ်ားက အနည္းငယ္႐ႈပ္ပြေနကာ အေနရခက္ေနသည္က လြဲလွ်င္လုံးဝပုံမွန္အတိုင္း။ၿပီးေတာ့ လက္ထဲတြင္ ေရခဲခြၽန္တစ္ခုကဲ့သို႔ၾကည္လင္ေသာ ဓား႐ွည္ကိုဆုပ္ကိုင္ထားသည္။ ဒါက ႐ႊမ္းရန္ရဲ႕ ဓားျဖစ္မွန္းလင္းက်စ္ရန္သိသည္။ မူယန္က ႐ႊမ္းယန္၏ ဝိညာဥ္အပိုင္းအစတစ္ခုမွ အသြင္ေျပာင္းလာခဲ့ေသာေၾကာင့္ သူကသာလွ်င္ ႐ႊမ္းရန္၏ ဓားကိုဆြဲႏႈတ္ႏိုင္သည့္ တစ္ဦးတည္းေသာသူျဖစ္ၿပီး သန္႔စင္ေသာနတ္ဓားမွ အသိအမွတ္ျပဳျခင္းကိုခံရကာ ႐ႊမ္းရန္၏အေမြကိုဆက္ခံႏိုင္လိမ့္မည္ပင္။

႐ႊမ္းရန္သည္ ဟိုးေ႐ွးေ႐ွးတုန္းကတည္းက အခုထိ ေနထိုင္လာခဲ့ပါေသာ ဖန္ဆင္း႐ွင္နတ္ဘုရားတစ္ပါးျဖစ္ၿပီး ၿပိဳင္ဘက္ကင္း အစြမ္းသတၱိ႐ွိေလရာ ဘယ္သူကမွ သူႏွင့္ မတုပႏိုင္၍ သူ၏အေမြကိုမဆက္ခံႏိုင္ၾကေခ်။မူယန္ေမြးဖြားလာခဲ့ျခင္းက လုံးဝမေမွ်ာ္လင့္ထားခဲ့ေသာ ျဖစ္ရပ္တစ္ခုသာ။ ဆန္႔က်င့္ဘက္အားျဖင့္ မူယန္က သူ၏အေမြကို ဆက္ခံႏိုင္ေသာေၾကာင့္ တပည့္အျဖစ္လက္ခံခဲ့ျခင္းပင္။ သူက မူယန္အား တပည့္ တစ္ေယာက္လိုမ်ိဳးပင္ သေဘာထားခဲ့သည္။

လင္းက်စ္ရန္သည္ အေတြးမ်ားကိုခါခ်လိုက္ၿပီး သစ္ပင္ေပၚမွာခုန္ဆင္းကာ မူယန္ဆီသို႔သြားရန္ျပင္လိုက္စဥ္ ႐ႊမ္းရန္ႏွင့္အတူ အႀကီးအကဲမ်ားက လမ္းေလွ်ာက္လာၾကတာကိုျမင္ေသာ္ လူအုပ္ၾကားတြင္ ဆက္ၿပီးပုန္းေနလိုက္ေတာ့သည္။ ဒါက သူထြက္လာသင့္တဲ့ အခ်ိန္မဟုတ္ေသးဘူး။

႐ႊမ္းရန္က အေ႐ွ႕ဆုံးတြင္တစ္ဦးတည္းလမ္းေလွ်ာက္လာခဲ့ၿပီး အႀကီးအကဲခ်ီဖုန္းမွာ ေခါင္းငုံ႔ၿပီးအေနာက္မွက်ိဳးႏြံစြာလိုက္ပါလာခဲ့သည္။ေရာက္႐ွိေနခဲ့ၾကတဲ့ ပုရိသအားလုံးမွာလည္း အံ့ၾသတုန္လႈပ္ေနၾကလ်က္။ သူတို႔အားလုံးက ႐ႊမ္းရန္ကိုမျမင္ဖူးခဲ့ၾကသည့္တိုင္ စင္ၾကယ္ေသာနန္းေတာ္မွ အႀကီးအကဲခ်ီဖုန္းမွာ ခ်ီရန္မေသမ်ိဳးေလာက ၏ အေလးစားခံရဆုံး ပုဂၢိဳလ္ထူးတစ္ေယာက္ပင္ျဖစ္လင့္ကစား ဘယ္သူက သူ႕ကိုဒီေလာက္အထိ က်ိဳးႏြံေစႏိုင္မွာလဲ။

အားလုံးက အသက္႐ႈပင္ရပ္လုမတတ္ျဖစ္ေနၾကၿပီး ႐ႊမ္းရန္ကို သတိတႀကီးျဖင့္ မဝံမရဲ ေငးေမာၾကည့္ေနၾကလ်က္။ဒီလူမွာ နတ္ဘုရားကဲ့သို႔ ႏွစ္လိုဖြယ္ေကာင္းေသာ ႐ုပ္ရည္ႏွင့္အတူ လႊမ္းမိုးႏိုင္ေသာအ႐ွိန္အဝါ႐ွိသည္။သူ႕ကိုေစ့ေစ့ ၾကည့္မိ႐ုံႏွင့္ သူတို႔ဟာ ေျမျပင္တြင္ ခ်က္ခ်င္းဝပ္တြားေပးလိုက္ဖို႔ မေစာင့္ႏိုင္ေတာ့သည့္ႏွယ္။

လင္းက်စ္ရန္သည္လည္း ႐ႊမ္းရန္ကိုအေဝးမွာ တိတ္တဆိတ္စိုက္ၾကည့္ေနလိုက္၏။ဒါက သုံးေလာကတြင္ ရင္သပ္႐ႈေမာဖြယ္အေကာင္းဆုံး အလွတရားတစ္ခုပင္။မူယန္က ခ်စ္စဖြယ္ေကာင္းေသာအလွေလးျဖစ္လွ်င္ ႐ႊမ္းရန္မွာ သူမတူေအာင္ေခ်ာေမာေသာ အလွတရားပင္ျဖစ္သည္။မူယန္က ေခ်ာေမာလြန္းေသာ႐ုပ္ရည္ႏွင့္ေမြးလာခဲ့တာအဆန္းမဟုတ္။ ဒါက မ်ိဳး႐ိုက္လိုက္ျခင္းပင္....

ဇာတ္လိုက္gong က အရမ္းကိုေခ်ာေမာလြန္းေနေသာေၾကာင့္ လင္းက်စ္ရန္လည္း မေနႏိုင္ဘဲေနာက္ထပ္အႀကိမ္အနည္းငယ္ေလာက္ ေငးၾကည့္ေနမိၿပီးေနာက္ ဆရာတပည့္ၾကားက နက္႐ိႈင္းေသာခ်စ္ေမတၱာကိုေတြးၾကည့္မိလိုက္၏...႐ႊမ္းရန္က မူယန္၏ေ႐ွ႕တြင္ ရပ္လိုက္ၿပီး သိမ့္ေမြ႕ေသာလူငယ္ေလးကိုတည္ၿငိမ္စြာစိုက္ၾကည့္လိုက္ေလသည္။

ဒါက ေကာင္းကင္ႏွင့္ ကမ႓ာေျမတခြင္သို႔ ျပန္က်ဲသြားေသာနတ္ဝိညာဥ္အပိုင္းအစမ်ားမွ ျဖစ္တည္လာျခင္းပင္။ သူ႕ဆီမွ ဆင္းသက္လာခဲ့ေသာ္ျငား သူတို႔ႏွစ္ဦးက မသက္ဆိုင္ေပ။၎ထက္ တူညီေသာ မူလဇစ္ျမစ္တစ္ခု႐ွိသည္ဟုသာဆိုႏိုင္ေပ၏။သန္႔စင္ေသာနတ္ဓားက ဒီလူငယ္ေလးဆီမွ ကြၽမ္းဝင္မႈ႐ွိသည့္ဝိညာဥ္စြမ္းအားကို အာ႐ုံခံခဲ့မိေသာေၾကာင့္ မတြန္းလွန္ခဲ့ျခင္းပင္။ဒါေပမယ့္ သူဒိထက္ပိုၿပီးစြမ္းေဆာင္ႏိုင္မလား၊ ဓားရဲ႕အသိအမွတ္ျပဳတာကိုခံရႏိုင္မလားဆိုတာက သူ႕အေပၚတြင္သာမူတည္၏။

႐ႊမ္းရန္ကဆို၏။ " မနက္ျဖန္ ႐ွန္႔႐ႊမ္ခန္းမေဆာင္မွာ ငါ့ကိုလာေတြ႕ပါ "

ထို႔ေနာက္ သူကလွည့္ထြက္သြားခဲ့ေလၿပီး သူ၏ျဖဴလႊေသာပုံရိပ္က ပို၍ေဝးကြာသြားေတာ့သည္။ သူထြက္သြားခဲ့တာကိုၾကည့္ရင္း လင္းက်စ္ရန္မွေနာက္ဆုံးတြင္သက္ျပင္းခ်ႏိုင္သြားသည္။ သူက လူအုပ္ၾကားမွတိုးထြက္ၿပီးမူယန္အနားသို႔ ခပ္သုတ္သုတ္ပင္ ေရာက္လာခဲ့ေတာ့သည္။

သူက ဝမ္းေျမာက္စြာျဖင့္ မူယန္ကိုေျပာလိုက္သည္။ " မင္းဒဏ္ရာမရတာ အရမ္းကံေကာင္းတယ္ "

မူယန္က ျပဳံးလိုက္သည္။ခပ္လွမ္းလွမ္း႐ွိ ႐ႊမ္းရန္မွာ ေျခလွမ္းမ်ားကိုရပ္တန္႔လိုက္ၿပီး ေခါင္းလွည့္ၾကည့္လိုက္သည္။

လင္းက်စ္ရန္သည္လည္း စကားေျပာၿပီး၍ မူယန္ႏွင့္အတူ ထြက္ခြာဖို႔ အဆင္သင့္ျဖစ္ေနေခ်ၿပီ။သူက ေခါင္းလွည့္လိုက္ေသာ္ အဆုံးမ႐ွိေသာတြင္းနက္ကဲ့သို႔ နက္႐ိႈင္းေသာမ်က္ဝန္းတစ္စုံႏွင့္ မေတာ္တဆ ဆုံေတြ႕မိသြားေလသည္။အႏွီမ်က္ဝန္းမ်ားထဲ႐ွိ အေမွာင္ထုမွာ ကမ႓ာေလာကတစ္ခုလုံးအား လႊမ္းျခဳံထားသည့္ ညည့္နက္သန္းေခါင္အခ်ိန္႐ွိ အဆုံးမဲ့ ေမွာင္မိႈက္လွေသာမိုးေကာင္းကင္ႀကီးအလားပင္။

သူဟာ အသက္႐ႈပင္ ရပ္တန္႔သြားေတာ့မလိုခံစားလိုက္ရၿပီး ဦးေရျပားက ထုံက်ဥ္လာက လုံးဝမလႈပ္႐ွားဝံ့ေတာ့ေပ.....

🖤🖤🖤🖤🖤

Continue Reading

You'll Also Like

2.1M 162K 36
No descriptions here
2.7M 75K 20
"ညိုလဲ လူတွေထဲက လူသားတစ်ယောက်ပါ ညို့ရဲ့ ဖြစ်တည်မှုက ဘယ်သူတွေကို ထိခိုက်နေလို့လဲ..မေမေ" "ညို မရှင်သန်ချင်တော့ဘူး... ဒီလောကကြီးမှာ ညိုတို့လိုလူတွေအတွက်...
133K 5.6K 64
အချစ်က အဆိပ်တစ်ခွက်ဖြစ်နေခဲ့ရင်တောင် ပျားရည်အမှတ်နဲ့ကျွန်တော်ကတော့ သောက်သုံးနေမိအုံးမှာဘဲ။
409K 16.7K 34
𝑨𝒓𝒕𝒊𝒔𝒕 : 𝒉𝒖𝒎𝒂𝒏_𝒍𝒐𝒖𝒗𝒓𝒆 𝑻𝒓𝒂𝒏𝒔𝒍𝒂𝒕𝒊𝒐𝒏 : 𝑨𝑷𖣔 and ℳ𝖊𝖊☁️ Latest translator..Twakitt9795