ဒီတစ်ခါလည်းဇာတ်လမ်းသွေဖည်သွား...

By Dilly_Dally20

484K 69.4K 2.6K

Just a fan translation. Eng name- Did the affectionate love interest collapse today. cover pic from pintere... More

Synopsis
Arc(1): အပိုင်း(၁)
အပိုင်း(၂)
အပိုင်း(၃.၁)
အပိုင်း(၃.၂)
အပိုင်း(၄.၁)
အပိုင်း(၄.၂)
အပိုင်း(၅.၁)
အပိုင်း(၅.၂)
အပိုင်း(၆.၁)
အပိုင်း(၆.၂)
အပိုင်း(၇.၁)
အပိုင်း(၇.၂)
အပိုင်း(၈.၁)
အပိုင်း(၈.၂)
အပိုင်း(၉.၁)
အပိုင်း(၉.၂)
အပိုင်း(၁၀.၁)
အပိုင်း(၁၀.၂)
အပိုင်း(၁၁.၁)
အပိုင်း(၁၁.၂)
အပိုင်း(၁၂.၁)
အပိုင်း(၁၂.၂)
အပိုင်း(၁၃.၁)
အပိုင်း(၁၃.၂)
အပိုင်း(၁၄.၁)
အပိုင်း(၁၄.၂)
အပိုင်း(၁၅.၁)
အပိုင်း(၁၅.၂)
အပိုင်း(၁၆.၁)
အပိုင်း(၁၆.၂)
အပိုင်း(၁၇.၁)
အပိုင်း(၁၇.၂)
အပိုင်း (၁၈)
အပိုင်း(၁၉)
အပိုင်း(၂၀)
Arc(2) အပိုင်း(၂၁.၁)
အပိုင်း(၂၁.၂)
အပိုင်း(၂၁.၃)
အပိုင်း(၂၂.၁)
အပိုင်း(၂၂.၂)
အပိုင်း(၂၃.၁)
အပိုင်း(၂၃.၂)
အပိုင်း(၂၄.၁)
အပိုင်း(၂၄.၂)
အပိုင်း(၂၄.၃)
အပိုင်း(၂၅.၁)
အပိုင်း(၂၅.၂)
အပိုင်း(၂၅.၃)
အပိုင်း(၂၆.၁)
အပိုင်း(၂၆.၂)
အပိုင်း(၂၆.၃)
အပိုင်း(၂၇.၁)
အပိုင်း(၂၇.၂)
အပိုင်း(၂၇.၃)
အပိုင်း(၂၈.၂)
အပိုင်း(၂၉.၁)
အပိုင်း(၂၉.၂)
အပိုင်း(၃၀.၁)
အပိုင်း(၃၀.၂)
အပိုင်း(၃၁.၁)
အပိုင်း(၃၁.၂)
အပိုင်း(၃၂.၁)
အပိုင်း(၃၂.၂)
အပိုင်း(၃၃.၁)
အပိုင်း(၃၃.၂)
အပိုင်း(၃၃.၃)
အပိုင်း(၃၄.၁)
အပိုင်း(၃၄.၂)
အပိုင်း(၃၄.၃)
အပိုင်း(၃၅.၁)
အပိုင်း(၃၅.၂)
အပိုင်း(၃၅.၃)
အပိုင်း(၃၆.၁)
အပိုင်း(၃၆.၂)
အပိုင်း(၃၆.၃)
အပိုင်း(၃၇.၁)
အပိုင်း (၃၇.၂)
အပိုင်း(၃၇.၃)
အပိုင်း(၃၈.၁)
အပိုင်း(၃၈.၂)
အပိုင်း(၃၈.၃)
အပိုင်း(၃၉.၁)
အပိုင်း(၃၉.၂)
အပိုင်း(၃၉.၃)
အပိုင်း(၄၀.၁)
အပိုင်း(၄၀.၂)
အပိုင်း(၄၀.၃)
အပိုင်း(၄၁.၁)
အပိုင်း(၄၁.၂)
အပိုင်း(၄၁.၃)
အပိုင်း(၄၂.၁)
အပိုင်း(၄၂.၂)
အပိုင်း(၄၂.၃)
အပိုင်း(၄၃.၁)
အပိုင်း(၄၃.၂)
အပိုင်း(၄၃.၃)
အပိုင်း(၄၄.၁)
အပိုင်း(၄၄.၂)
အပိုင်း(၄၄.၃-Final Episode)

အပိုင်း(၂၈.၁)

4.1K 725 38
By Dilly_Dally20

Unicode.

မူယန်သည် မြင့်မြတ်သောတောင်ထွတ်ဖွင့်မည့် ကြုံတောင့်ကြုံခဲ ဖြစ်ရပ်မျိုးကို ကြုံတွေ့ရလိမ့်မယ်လို့ မထင်ထားခဲ့ပေ။ သူက လင်းကျစ်ရန်အား စိတ်အားထက်သန်စွာပင်မေးလာခဲ့လေသည်။

" ငါ့အတွက် သင့်တော်တဲ့ နတ်လက်နက်ကို ငါတကယ်ရှာတွေ့နိုင်မယ်လို့မင်းထင်လား "

လင်းကျစ်ရန်က တိတ်တဆိတ်တွေးလိုက်လေသည်။ဘယ်လို နတ်လက်နက်အမျိုးအစားလဲ?မင်းကိုင်ဆောင်ရမှာက သုံးလောကရဲ့ဖန်ဆင်းရှင်နတ်ဘုရားရဲ့ ဒဏ္ဍာရီထဲကနတ်လက်နက်ပဲကွ!မင်းအတွက် ရွှမ်းရန်က သူ့ရဲ့ကိုယ်ပိုင်နတ်ဓားကိုတောင်ပေးလိုက်တာ။

သူက မူယန်ကို နှစ်သိမ့်ပေးလိုက်သည်။

" မင်းရှာတွေ့မယ်လို့ငါယုံတယ် "

မူယန်က လင်းကျစ်ရန်ပြောတာကိုကြားသော် သိပ်ပြီးစိတ်မပူမိတော့။ပြီးတော့ သူက အကောင်းမြင်အတွေးရှိသည်။ ပိုကောင်းတဲ့ နတ်လက်နက်ရှာတွေ့နိုင်မလားဆိုတာ အရေးမကြီးပေ။ ထို့ကြောင့်သူက ပြုံးလိုက်ကာဆို၏။

" အင်း..ဟုတ်ပြီ "

ထိုညတွင်၊ လင်းကျစ်ရန်တစ်ယောက် အိပ်ရာပေါ်တွင် မှောက်လိုက် လှန်လိုက်နှင့် မျက်စိကြောင်နေလေသည်။ သုံးရက်ကြာပြီးနောက် မူယန်၏ ရင်သပ်ရှုမောဖွယ်စွမ်းဆောင်ရည်များအပေါ် စိတ်လှုပ်ရှားလို့နေသည်။မူယန်က ဓားကိုဆွဲနှုတ်နိုင်ခဲ့သည့်အချိန်တွင် ရွှမ်းရန်က သူ့ကိုတပည့်အဖြစ်လက်ခံကာ ထိုမှစ၍ သူက အခြေတည်ကျင့်ကြံမှု လမ်းကြောင်းပေါ်သို့ရောက်ရှိသွားလိမ့်မည်။သို့သော် မကြာခင်မှာပင်မူယန်ဟာ အနှီနှလုံးသားမရှိတဲ့အဖိုးကြီးကို ချစ်မိသွားခဲ့ပြီး ငယ်ငယ်ရွယ်ရွယ်နှင့် နတ်ဘုရားတစ်ပါးကိုတစ်ဖက်သက်ကြိုက်မိသွားခဲ့လိမ့်မည်ပင်။တစ်ဖက်သက်အချစ်၏ ပင်ပန်းမှုဒါဏ်ကို မူယန်တစ်ယောက်အလူးအလိမ့်ခံစားရမည်ကိုတွေးကြည့်ရင်း မတတ်နိုင်စွာဖြင့် စိတ်မကောင်းဖြစ်လာရပြန်၏။

မင်းဖေဖေက ဒါကိုလက်မခံနိုင်ဘူး!မင်းဘယ်သူ့ကိုမဆိုကြိုက်လို့ရပါတယ်..ဒါပေမယ့် ဘာလို့မင်းဆရာကိုမှကြိုက်သွားရတာလဲ။နတ်ဘုရားတွေက လူတစ်ယောက်ကို အလွယ်တကူသဘောကျမှာမဟုတ်ဘူး။ထားပါတော့..မင်းရဲ့ဒီဖေဖေက မင်းနဲ့ ရွှမ်းရန် ပေါင်းစည်းနိုင်အောင် အသက်ပဲသေပါစေ ရေကုန်ရေခမ်း​ကြိုးစားပေးမယ်ဟုတ်ပြီလား။ မင်းက သူ့ရဲ့အချစ်စစ်ဆိုတာ ရွှမ်းရန်သိလာစေရမယ်!

ညက အများကြီး တွေးခဲ့သောကြောင့် နောက်တစ်နေ့နံနက် အိပ်ရာထချိန်တွင်လင်းကျစ်ရန်မှာ မျက်ခွံတွေလေးလံလို့နေသည်။သူက အပြင်သို့ထွက်လာခါနီးတွင် အသံတစ်ခုကိုကြားလိုက်ရသဖြင့် ခြေလှမ်းများရပ်တန့်သွားခဲ့သည်။ကျိုးယွဲ့ရောက်လာခဲ့ပြန်ပြီမှန်းသူသိလိုက်ရသည်။

အပြာရောင် ဝတ်ရုံဝတ်ထားသည့် ဝဝဖိုင့်ဖိုင့် တာအိုပညာရှင်ဆရာကြီးမှာ မူယန်အားပြုံးပြလိုက်ကာ ဆို၏။

" မြင့်မြတ်တဲ့တောင်ထွတ်က ဖွင့်တော့မှာ..မင်းအဆင်သင့်ဖြစ်ပြီလား "

မူယန်က လေးလေးစားစား ပြန်ပြီးဖြေကြားလာခဲ့သည်။

" ကျွန်တော်အဆင်သင့်ဖြစ်ပါပြီ "

ကျိုးယွဲ့က ဟိတ်ဟန်ထုတ်ဖို့ သူ၏မုတ်ဆိတ်များကိုပွတ်သပ်ရန်ပြင်လိုက်စဥ် သူမှာမုတ်ဆိတ်မရှိမှန်းသတိရသွားဖြင့် လက်က လေထဲတွင်သာရပ်တန်လို့သွားခဲ့ပြီး ပြုံးကာ။" ဒါက အရမ်းကိုရှားပါးတဲ့အခွင့်အရေးတစ်ခုပဲ..မြင့်မြတ်တဲ့တောင်ထွတ်ထဲမှာ အဖိုးတန်ရတနာတွေနဲ့ပြည့်နေတယ်ဆိုပေမယ့် ဒီလူအိုကြီးသိသလောက်ကတော့ အကောင်းဆုံးက ရှေးပဝေသဏီကတည်းကရှိခဲ့တဲ့နတ်လက်နက်တွေပဲ..ဒါပေမယ့် သူတို့က အာဃာတကြီးတယ်..မင်းလိုချင်တယ်ဆိုရင်တောင် သူတို့ကဆန္ဒရှိမှာမဟုတ်ဘူး..ဒါပေမယ့် မင်းအရည်အချင်းနဲ့ လက်ဗလာပြန်လာခဲ့မှာမဟုတ်ဘူးဆိုတာတော့ ငါယုံတယ် "
မူယန်က ပေါ့ပါးစွာပြုံးလိုက်ပြီး: " ကျွန်တော် အကောင်းဆုံးကြိုးစားမှာပါ "

" ဒီလက်နက်တွေက ဓားသင်္ချိုင်းထဲမှာရှိနေတာ..ဓားသင်္ချိုင်းက မြင့်မြတ်တဲ့တောင်ထွတ်ရဲ့ အတွင်းဘက်ဆုံးကျတဲ့နေရာမှာရှိတယ်..သာမန်လူတွေ ရှာမတွေ့နိုင်ဘူး " ထို့နောက် သူက စကားခဏရပ်ကာ ဝတ်ရုံလက်စထဲမှ ဆန်းကြယ်သော စာလိပ်တစ်ခုကို ထုတ်ယူလိုက်ပြီးနောက် မူယန်အားကမ်းပေးလိုက်ကာ။ " ဒါက ဒီလူအိုကြီး မနေ့ညက တိဗက်ကျမ်းစာတိုက်ကနေရှာဖွေလာတဲ့ ဓားသင်္ချိုင်းနဲ့ ပတ်သတ်တဲ့ မှတ်တမ်းတွေပါ..ဓားသင်္ချိုင်းကို ဟိုးရှေးရှေးတုန်းကတည်းက ၃ ကြိမ်ပဲဖွင့်ခဲ့ဖူးလို့ မှတ်တမ်းတွေ အရမ်းနည်းတယ်..ဒါကြောင့် ဒီလူအို​ကြီး ခက်ခက်ခဲခဲ ရှာထားရတာ..ရော့ ယူထားလိုက်.. ဒီမှတ်တမ်းတွေကို သေချာလေ့လာထားရင် လက်နက်ကောင်းတစ်ခုကို ရှာတွေ့ဖို့လွယ်ကူလိမ့်မယ် "

မူယန်က အံ့အားသင့်နေသော အကြည့်ဖြင့် ကျိုးယွဲ့အားကြည့်လိုက်သည်။အကြီးအကဲ ကျိုးယွဲ့က သူ့အပေါ်အရမ်းကြင်နာတာပဲ။

သူက ခဏလောက်တွေးလိုက်ပြီးနောက် စာလိပ်ကိုယူလိုက်ကာ တည်ကြည်လေးနက်စွာဆို၏။ " အကြီးအကဲကျိုးရဲ့ စေတနာကို ကျွန်တော်လက်ခံပါတယ်..မူယန်က ထုံထိုင်းသူဖြစ်လို့ အကြီးအကဲ ရှေ့လျောက် ဂရုစိုက်ပေးဖို့ မျှော်လင့်ပါတယ် "

မူယန်က စာလိပ်ကိုယူကာ ဒီစကားတွေပြောလာတာကိုကြားသော် ကျိုးယွဲ့ဟာ နားရွက်ချိတ်မတတ်ပြုံးလိုက်လေသည်။ တကယ်ကို လိမ္မာပါးနပ်ပြီးထက်မြက်တဲ့ကလေးတစ်ယောက်ပါပဲလား။ဒါက သူ့ကို ဆရာအဖြစ်လက်ခံလိုက်သလိုမျိုးပင်ဖြစ်လေရာ ကြိုးစားအားထုတ်မှုနှင့် အမှန်ပင်ထိုက်တန်ပါချေ၏။

မူယန်က သူ့ကိုရွေးချယ်ဖို့ ဆန္ဒရှိနေသရွေ့ အဲ့ဒီလူအိုကြီးတွေလုယူမှာကို စိတ်ပူနေဖို့မလိုတော့ဘူး။ကျိုးယွဲ့က မူယန်၏ ပုခုံးကို ပုတ်ပေးလိုက်ပြီး ကျေနပ်နေသောအပြုံးဖြင့်ဆို၏။ " ဒါပေါ့..စောင့်ရှောက်ပေးရမှာပေါ့ "

ထို့နောက် သူက အပျော်လွန်နေသောခြေလှမ်းများဖြင့် ​လျှောက်ထွက်သွားလေတော့သည်။ လင်းကျစ်ရန်မှာတံခါးကြားမှ ဒီလူဝကြီး၏မျက်နှာကိုကြည့်ပြီး သနားမိသည်။

ကျိုးယွဲ့က ဒီတပည့်ကိုရဖို့ လွန်စွာ ကြိုးစားအားထုတ်ခဲ့ပြီး မူယန်ကလည်းကတိတည်သူပင်။မူလအစကမူ သေချာခဲ့သော်လည်း လမ်းတစ်ဝက်တွင် လုယူမယ့်သူပေါ်လာလိမ့်မယ်လို့ ဘယ်သူထင်ထားခဲ့ပါ့မလဲ။ပြီးတော့ သူ့ဆီက လုယူမယ့်သူမှာ အရမ်းကိုသန်မာလွန်းနေသည်။ခင်ဗျားဘယ်လိုပဲ ကြိုးစားနေပါစေ..အဆုံးသတ်မှာရှုံးနိမ့်ဖို့ သတ်မှတ်ထားပြီးသားပဲ။

ဒါပေမယ့် အချည်းအနှီးလို့တော့မဆိုနိုင်။ မူယန်က ကျေးဇူးတရားနှင့်ရန်ကြွေးကိုမှတ်ထားတတ်သူပင်။ကျိုးယွဲ့က လီယဲ့ကို စင်ကြယ်သောနန်းတော်ဆီသို့ ခေါ်လာနိုင်ရန်ကူညီပေးခဲ့သည့်အတွက် သူ၏တပည့်ဖြစ်မလာနိုင်သော်လည်း နောက်တွင်သူနှင့် ပို၍ရင်းနှီးလာလိမ့်မည်ဖြစ်၏။

ဇာတ်လိုက်နှင့် ရင်းနှီးနေလို့သာမဟုတ်ပါက ကျိုးယွဲ့က ဖြတ်လျှောက်ဇာတ်ပို့တစ်ယောက်ပင်ဖြစ်ခွင့်ရလိမ့်မည်မဟုတ်။ လင်းကျစ်ရန်သည် အခန်းထဲမှ ထွက်လာခဲ့ပြီးနောက် မူယန်အားပြောလိုက်သည်။ " မင်းတကယ်ပဲ အကြီးအကဲကျိုးကိုဆရာတင်တော့မှာပေါ့..ဒီထက်ပိုပြီးမတွေးတော့ဘူးလား..မင်းအရည်အချင်းနဲ့ဆို ပိုပြီးအဆင့်​မြင့်တဲ့အကြီးအကဲတစ်ယောက်ကိုတောင် ဆရာတင်လို့ရတယ် "

မူယန်က ပြုံးပြီးခေါင်းခါလိုက်ကာ ဆို၏။ " အကြီးအကဲကျိုးက ငါ့အပေါ် အရမ်းကောင်းတယ်..ငါသူ့ကိုအရမ်းသဘောကျတယ်..ပြီးတော့ ဒီလိုဆို ငါတို့လည်းခွဲနေစရာမလိုတော့ဘူး "

လင်းကျစ်ရန်က ဒီစကားကိုကြားသော် အလွန်ပင်သဘောကျသွားမိသည်။ဒီနတ်မိမယ်လေးက ကြင်နာတတ်လွန်းပြီး ချစ်ဖို့ကောင်းသည်။တကယ်လို့သူသာ ရွှမ်းရန်ကို မချစ်မိသွားခဲ့ပါလျှင် လီယဲ့အတွက် မုန်တိုင်းတိုက်ပြီးနောက် သက်တန့်ရောင်လွှမ်းသော နေ့သစ်တစ်ခုလိုမျိုးဖြစ်နေလိမ့်မည်ပင်။ သို့သော် သနားစရာကောင်းတာက မူယန်ဟာ ဒီနေရာတွင်နေလို့မရလေဘူး။
………………

သုံရက်မြောက်နေ့တွင်။

မူယန်နှင့် လင်းကျစ်ရန်တို့သည် အာရုဏ်မတက်ခင် အိပ်ရာမှထကာ မြင့်မြတ်သောတောင်ထွတ်သို့သွားရန်ပြင်ဆင်ကြသည်။

လင်းကျစ်ရန်က မြင့်မြတ်သောတောင်ထွတ်ထဲသို့ ဝင်ရောက်ရန် အရည်အချင်းမမှီသော်ငြား ဇာတ်ညွှန်းအရ အပြင်ဘက်တွင်စောင့်ဆိုင်းနေရမှာဖြစ်သည်။လီယဲ့၏ ဇာတ်ကောင်က ဇာတ်လိုက်shouကို စွဲလမ်းနေသာဇာတ်ပို့gong ဖြစ်သည့်အလျောက် သဘာဝကျစွာပင် မူယန်ကြောင့် ထိုနေရာသို့လိုက်လာခဲ့ရမှာဖြစ်ပြီး ဒီလိုအရေးကြီးတဲ့အခိုက်အတန့်ကို လက်လွှတ်ခံမှာလုံးဝမဟုတ်ပေ။ဘာကိုမှ အတွန့်မတက်ဘဲ တိတ်တဆိတ်အဖော်ပြုပေးကာ တစ်ယောက်တည်းကြိတ်မှိတ်ခံစားနေဖို့က ကြင်နာတတ်သောအရန်ဇာတ်ပို့gongတစ်ယောက်၏ပုံမှန်တာဝန်ပင်။

မြင့်မြတ်သောတောင်ထွတ်ထဲသို့ဝင်ရောက်ကြမည့် တပည့်များအပြင် အပြင်လူအများအပြားလည်းရှိနေကြသည်။ တစ်ချို့မှာ အပြင်စည်းဂိုဏ်းဝင်တပည့်များဖြစ်ကြပြီး တစ်ချို့မှာမူ တောင်ထွတ်အသီးသီးမှာ တောက်တိုမယ်ရအစေခံများပင်။ အကျဥ်းချုပ်ပြောရလျှင် လူတိုင်းက နှစ်ထောင်သောင်းချီမှ တစ်ခါကြုံခွင့်ရသော မြင့်မြတ်သောတောင်ထွတ်၏ဖွင့်ပွဲကြီးကို မြင်ဖူးချင်ကြသောကြောင့် စုံညီစွာရောက်ရှိနေကြသည်ပင်။

မြင့်မြတ်သောတောင်ထွတ်၏တောင်ခြေတွင် အကြီးအကဲတစ်ဒါဇင်ခန့်မျှရပ်နေကြပြီး ထိုအထဲတွင် ကျိုးယွဲ့လည်းပါဝင်သည်။သို့သော် ဒီတစ်ခါတွင်တော့ သူ၏အမူအရာက အလွန်လေးနက်တည်ကြည်နေလေ၏။

အရှေ့ဆုံးအတန်းရှိ မုတ်ဆိတ်ဖြူနှင့် တောက်ဓမ္မပညာရှင်မှာ အကြီးအကဲချီဖုန်းပင်။ အကြီးအကဲချီဖုန်းက တည်ကြည်စွာပြောလာခဲ့လေသည်။" မြင့်မြတ်တဲ့တောင်ထွတ်က ၂၄နာရီကြာအောင်ဖွင့်ထားလိမ့်မယ်..ဒီနေရာက အခွင့်အလမ်းတွေနဲ့ပြည့်နှက်နေပေမယ့် အန္တရာယ်လည်းများတယ်..မင်းတို့ တတ်နိုင်သလောက်အကောင်းဆုံးကြိုးစားကြရမယ်..အန္တရာယ်တစ်ခုခုနဲ့ ကြုံတွေ့ရင် ဒါမှမဟုတ် အချိန်စေ့သွားရင် အပြင်ကိုပြန်ထွက်ရမယ် "

တပည့်အားလုံးက တစ်ယောက်ပြီးတစ်ယောက်တုန့်ပြန်ဖြေကြား လာကြသည်။အကြီးအကဲ ချီဖုန်းက ခေါင်းငြိမ့်ပြခဲ့ပြီးနောက် သူ့လက်ထဲရှိမြင်းမြှီးယပ်ကိုဝှေ့ယမ်းလိုက်လေသော် သူတို့အရှေ့မြင်ကွင်းတွင် ပိတ်ကာထားသောမြူခိုးများမှာ နှစ်ခြမ်းကွဲသွားကာတစ်ဖက်ဆီသို့ လွင့်စင်သွားလျက် ရှည်လျားသော လျှို့ဝှက်လမ်းသွယ်တစ်ခုကို ပေါ်ထွက်လာစေသည်။သူကဆို၏။ " မင်းတို့ဝင်သွားလို့ရပြီ "

တပည့်များက ယုံကြည်ချက်အပြည့်နှင့် စည်းကမ်းတကျ ဝင်သွားကြလေသည်။တပည့်များအားလုံးဝင်ရောက်ပြီးသော် အကြီးအကဲချီဖုန်းက သူ၏လက်ကိုတစ်ဖန်ဝှေ့ယမ်းလိုက်ပါသော် မြင့်မြတ်သောတောင်ထွတ်သို့ဖြတ်သန်းသွားလာနိုင်သည့် ထိုလမ်းမှာ အစောပိုင်းကလို မြူခိုးများဖြင့် အုံ့ဆိုင်းသွားချေတော့သည်။

စိတ်ဝင်တစားကြည့်ရှုနေသူက အနည်းငယ်မျှသာရှိလေသည်။ သူ့မြင်ကွင်းတွင် ဖြူလွင်သောမြူခိုးထုကြီးသာပိတ်ကာထားပြီး ဘာမှမမြင်ရသဖြင့် လင်းကျစ်ရန်မှာတကယ်ကို ပျင်းရိလာခဲ့ကာ မျက်လုံးကစားကြည့်လိုက်သော် အနားယူလို့ကောင်းမည့်သစ်ပင် တစ်ပင်ကိုတွေ့လိုက်ရသည်။မူယန်ထွက်လာဖို့က အတော်လေးကြာမြင့်မှာဖြစ်သောကြောင့် အရင်ဆုံးသစ်ပင်ပေါ်တက်ပြီး အိပ်ရန်တွေးလိုက်သည်။

………………

မူယန်သည် တိမ်များနှင့် မြူခိုးများအလယ်တွင် လမ်းလျှောက်လာခဲ့သည်။ ပတ်ဝန်းကျင် ရှုခင်းကို ကောင်းကောင်းမြင်ရသည့်အချိန်တွင် သူဟာ ကျဥ်းမြောင်းသောတောင်ကြားလမ်းတစ်ခုတွင်ရပ်နေမှန်းသိလိုက်ရပြီး လူသူကင်းမဲ့လို့နေသည်။သို့သော် သူက ထိတ်လန့်ခြင်းလုံးဝမရှိဘဲ အရှေ့သို့ဆက်လျှောက်လာခဲ့သည်။

တစ်ချို့က တောအုပ်ထဲတွင်ပေါ်လာခဲ့သည်။

တစ်ချို့က စမ်းချောင်းဘေးတွင် ပေါ်လာခဲ့သည်။

တစ်ချို့ကမူ ရေကန်ထဲတွင်...

တစ်ချို့က တစ်ဦးတည်းဖြစ်ပြီး တစ်ချို့ကမူ နှစ်ယောက်တွဲသုံးယောက်တွဲပင်။

အကုန်လုံးက ကျပန်းဖြစ်သည်။

.........

စင်ကြယ်သောနန်းတော်၏ ပင်မ ခန်းမဆောင်ကြီးထဲတွင်။

အကြီးအကဲများက တစ်ဖက်တစ်ချက်စီတွင်တည်ငြိမ်စွာရပ်နေကြသည်။ ချီရန်မသေမျိုးလောကရှိ ကျင့်ကြံသူများကို အုပ်စုနှစ်ခုခွဲထားခဲ့သည်။တစ်ခုမှာ ချီရန်မသေမျိုးလောကရှိ ဇာတိခံကျင့်ကြံသူများဖြစ်ကြလေပြီး ကျန်တစ်ခုမှာမူ သေမျိုးလောကမှကျင့်ကြံသူများပင်။အမျိုးမျိုးသော အကြောင်းအရင်းများကြောင့် ထိုအုပ်စုနှစ်ခုမှာမသင့်မြတ်ကြ။

ကျိုးယွဲ့သည် သေမျိုးကျင့်ကြံသူများ၏ဘေးတွင်ရပ်နေပြီး ဖော်ရွေတတ်သောအပြုံးက ပျောက်ကွယ်နေခဲ့ကာ သူ့အရှေ့ရှိ မီးခိုရောင်ဝတ်ရုံဝတ်ထားသော ကျင့်ကြံသူကို အမူအရာမဲ့စွာဖြင့်ကြည့်နေလေသည်။ချီရန် မသေမျိုးလောကဇာတိခံဖြစ်သည့်အလျောက် ဒီလူက သူ့ကိုအမြဲတမ်းအထင်သေးပြီးနှိမ့်ချတတ်သည်။တစ်ခါက၊ သူ၏တပည့်များကို ကျက်သရေနန်းဆောင်သို့ တစ်နေကုန်စေလွှတ်ခဲ့ပြီး သူနှင့်အတူ စည်းကမ်းကြပ်မတ်ရေးနန်းဆောင်တစ်ခုလုံးကိုအခက်တွေ့စေခဲ့သည်။ကျိုးယွဲ့က သူ့ကို ဆူးညှောင့်တစ်ခုလိုမြင်နေခဲ့တာ ကြာလေလှချေပြီ။

ကျင့်ကြံသူကျီသည်လည်း ကျိုးယွဲ့ကို အမှုရာမဲ့စွာစိုက်ကြည့်နေကာ မျက်ခုံးပင့်ပြီး မထီမဲ့မြင်ပြုလိုက်ပါလျက်: မင်း အရမ်းကြိုးစားပြီးအောင်မြင်သွားခဲ့ရင်တောင်..မင်းတစ်ယောက်တည်းအခွင့်အရေးရှိတာ မဟုတ်ဘူး။

သူတို့နှစ်ဦးက အရင်းအမြစ်များနှင့် အရည်အချင်းရှိသောတပည့်များကို အပြိုင်အဆိုင်လုကြရင်း တစ်ယောက်နှင့်တစ်ယောက်ရန်ဆောင်လာခဲ့တာ အချိန်အတော်ကြာခဲ့လေပြီဖြစ်ပါသောကြောင့် ဘယ်သူမှ မအံ့သြကြတော့ပေ။

ပုံမှန်အားဖြင့်ဆိုလျှင် သူတို့နှစ်ဦးမှာ အဆိပ်ပြင်းသောစကားလုံးများဖြင့် တစ်ယောက်နှင့်တစ်ယောက် အကြိမ်ရာချီမကစကားနိုင်လုခဲ့ကြပါသော်လည်း ဒီနေ့တွင်မူ နှစ်ဦးစလုံးက ကျိုးနွံစွာဖြင့်ရပ်နေကြပါလျက်။သို့သော် တစ်ဦးနှင့်တစ်ဦး အကြည့်ဖြင့် တိုက်စစ်ဆင်နေကြလျက်သာ။

ခန်းမ​ဆောင်တစ်ခုလုံးမှာ တိတ်ဆိတ်ငြိမ်သက်နေပါ၏။ဒါတွေအားလုံးက စင်မြင့်ပေါ်ရှိ ထိုင်ခုံထက်တွင် ထိုင်နေပါသောလူတစ်ဦးကြောင့်ပင် ဖြစ်ချေသည်။

အကြီးအကဲချီဖုန်းမှာ လက်ထဲတွင်မြင်း​မြှီးယပ်ကို ကိုင်ထားရင်း ခေါင်းကိုငုံ့ထားက ရိုသေစွာဖြင့် ရွှမ်းရန်၏ဘေးတွင်ရပ်နေလေ၏။ ရွှမ်းရန်က နားထင်ကိုလက်ဖြင့်ထောက်ထားပြီး မျက်ဝန်းများကိုမှိတ်ထားခဲ့လျက် အိပ်စက်အနားယူနေသလိုမျိုးပင်။သူ၏ ရှည်လျားပြီးနက်မှောင်သောဆံနွယ်များက ပုခုံးထက်သို့ ရေတံခွန်သဖွယ်ဝဲကျလို့နေကာ သူ၏ နှင်းကဲ့သို့ဖြူဆွတ်နေသောဝတ်ရုံမှာလည်း ကြမ်းပြင်ပေါ်သို့ပုံကျနေလျက်၊ ကျောက်ရုပ်တုတစ်ခုကဲ့သို့ မလှုပ်မယှက်ပင်။

သို့သော် အကြီးအကဲများမှာ အသက်ပင်ပြင်းပြင်းမရှူရဲကြ။အကြီးအကဲ တစ်ချို့မှာ နှစ်ထောင်ပေါင်းများစွာကြာသည်အထိ နေထိုင်ပြီးခဲ့ကြသော်လည်း ဘယ်သူကမှရွှမ်းရန်ကို မမြင်ဖူးကြပေ။ဒါက ဒဏ္ဍာရီထဲက အကျော်အမော်တစ်ယောက်သာ ဖြစ်လေပြီး ဘိုဘေးများအစဥ်အဆက်ယုံကြည်လေးစားခဲ့ကြသော နတ်ဘုရားတစ်ပါးပင်ဖြစ်ပါချေသည်။

ချီဖုန်းက ဘာဖြစ်လို့များသူ့ရဲ့ ဆရာသခင်ကို အပြင်သို့ ​ခေါ်ဆောင်လာခဲ့ရတာလဲ။ သိကျွင်းက အပြင်လောကကို ကိုယ်တိုင်ထွက်မလာခဲ့တာ နှစ်ပေါင်းသုံးသောင်းမျှကြာမြင့်ခဲ့ပြီမဟုတ်ပါလား။လူတိုင်းမှာလည်း အတွေးကိုယ်စီရှိနေခဲ့ကြလျက်။

ထိုအချိန်တွင် မြင့်မြတ်သောတောင်ထွတ်ရှိ အကဲဖြတ်မှုက စတင်နေပြီဖြစ်၏။ အကြီးအကဲအားလုံးမှာသူတို့၏အရှေ့ရှိ ရေကန့်လန့်ကာ ဆီသို့မျှော်ကြည့်လိုက်ကြသည်။ရေကန့်လန့်ကာကို နှစ်ပိုင်းခွဲထားပြီး ၄င်းမျက်နှာပြင်တွင် မြင့်မြတ်သောတောင်ထွတ်ထဲရှိ တပည့်များ၏မြင်ကွင်းအဖုံဖုံကို ပြသနေလေသည်။

ကျိုးယွဲ့က တစ်ချက်ကြည့်လိုက်သည်နှင့် မူယန်ကို မြင်လိုက်ရလေသော်မျက်ဝန်းများက တောက်ပလာ၏။

ကျိုးယွဲ့က မူယန်၏အရည်အချင်းကို သိထားခဲ့ပါသော်လည်း တစ်ခါမှလူကြားထဲသို့ ထုတ်ဖော်ပြောကြားခဲ့ခြင်းမရှိလေရာ သူ့တွင်ဒီလိုထူးခြားတဲ့ပါရမီရှင်လေးတစ်ယောက်ရှိနေမှန်းဘယ်သူမှမသိကြပေ။မူယန်ကို သူ့ဆီမှ ဘယ်သူမှမလုယူကြဖို့မျှော်လင့်မိခဲ့သည်။ကံကောင်းစွာဖြင့် မူယန်ကိုယ်တိုင်ကလည်း သဘောတူညီခဲ့သည်။

မူယန်ကို တပည့်အဖြစ်အောင်မြင်စွာလက်ခံနိုင်ပြီးသည့်အချိန်တွင် ထိုလူအိုကြီးများကို အနိုင်ပိုင်းပစ်လို့ရသည်။

အကြီးအကဲချီဖုန်းမှာလည်း ရေကန့်လန့်ကာကို စေ့စေ့ကြည့်ရှုနေလေသည်။ သို့သော် သူက လူတစ်ဦးတည်းကိုပဲမကြည့်လေဘဲ လူတိုင်းကိုလေ့လာကြည့်ရှုနေပြီး အထူးသဖြင့်တပည့်အသစ်များအပေါ်တွင် ပို၍အာရုံစိုက်ထားလေသည်။ဒီတစ်ခေါက်တွင် တပည့်သစ်နှစ်ဆယ့်သုံးယောက်မျှရှိသည်။ ဘယ်သူက အရှင်ပြောတဲ့လူလဲ။ပြီးတော့ ကပ်ဆိုးကို ဘယ်လိုရင်ဆိုင်သင့်လဲ။သူကိုယ်တိုင်တောင်မစွမ်းဆောင်နိုင်တာ။အခုမှစတင်ကျင့်ကြံမယ့် ကလေးတစ်ယောက်အပေါ်မှီခိုလို့ရနိုင်ပါ့မလား။

ဒါပေမယ့် ချီဖုန်းက ရွှမ်းရန်ကိုဘယ်တုန်းကမှ မေးခွန်းမထုတ်ရဲခဲ့လေဘူး။အရှင်က ဒီလိုပြောခဲ့မှတော့ အရှင်ပြောတဲ့အတိုင်းဖြစ်ကိုဖြစ်ရမယ်!

Note:

Dilly မနက်ဖြန် ဘဲဘဲနဲ့လည်လည်ထွက်မလို့ updateမရှိပါဖူးနော်ಠ_ಠ

🖤🖤🖤🖤🖤

Zawgyi.

မူယန္သည္ ျမင့္ျမတ္ေသာေတာင္ထြတ္ဖြင့္မည့္ ၾကဳံေတာင့္ၾကဳံခဲ ျဖစ္ရပ္မ်ိဳးကို ၾကဳံေတြ႕ရလိမ့္မယ္လို႔ မထင္ထားခဲ့ေပ။ သူက လင္းက်စ္ရန္အား စိတ္အားထက္သန္စြာပင္ေမးလာခဲ့ေလသည္။

" ငါ့အတြက္ သင့္ေတာ္တဲ့ နတ္လက္နက္ကို ငါတကယ္႐ွာေတြ႕ႏိုင္မယ္လို႔မင္းထင္လား "

လင္းက်စ္ရန္က တိတ္တဆိတ္ေတြးလိုက္ေလသည္။ဘယ္လို နတ္လက္နက္အမ်ိဳးအစားလဲ?မင္းကိုင္ေဆာင္ရမွာက သုံးေလာကရဲ႕ဖန္ဆင္း႐ွင္နတ္ဘုရားရဲ႕ ဒ႑ာရီထဲကနတ္လက္နက္ပဲကြ!မင္းအတြက္ ႐ႊမ္းရန္က သူ႕ရဲ႕ကိုယ္ပိုင္နတ္ဓားကိုေတာင္ေပးလိုက္တာ။

သူက မူယန္ကို ႏွစ္သိမ့္ေပးလိုက္သည္။

" မင္း႐ွာေတြ႕မယ္လို႔ငါယုံတယ္ "

မူယန္က လင္းက်စ္ရန္ေျပာတာကိုၾကားေသာ္ သိပ္ၿပီးစိတ္မပူမိေတာ့။ၿပီးေတာ့ သူက အေကာင္းျမင္အေတြး႐ွိသည္။ ပိုေကာင္းတဲ့ နတ္လက္နက္႐ွာေတြ႕ႏိုင္မလားဆိုတာ အေရးမႀကီးေပ။ ထို႔ေၾကာင့္သူက ျပဳံးလိုက္ကာဆို၏။

" အင္း..ဟုတ္ၿပီ "

ထိုညတြင္၊ လင္းက်စ္ရန္တစ္ေယာက္ အိပ္ရာေပၚတြင္ ေမွာက္လိုက္ လွန္လိုက္ႏွင့္ မ်က္စိေၾကာင္ေနေလသည္။ သုံးရက္ၾကာၿပီးေနာက္ မူယန္၏ ရင္သပ္႐ႈေမာဖြယ္စြမ္းေဆာင္ရည္မ်ားအေပၚ စိတ္လႈပ္႐ွားလို႔ေနသည္။မူယန္က ဓားကိုဆြဲႏႈတ္ႏိုင္ခဲ့သည့္အခ်ိန္တြင္ ႐ႊမ္းရန္က သူ႕ကိုတပည့္အျဖစ္လက္ခံကာ ထိုမွစ၍ သူက အေျခတည္က်င့္ၾကံမႈ လမ္းေၾကာင္းေပၚသို႔ေရာက္႐ွိသြားလိမ့္မည္။သို႔ေသာ္ မၾကာခင္မွာပင္မူယန္ဟာ အႏွီႏွလုံးသားမ႐ွိတဲ့အဖိုးႀကီးကို ခ်စ္မိသြားခဲ့ၿပီး ငယ္ငယ္႐ြယ္႐ြယ္ႏွင့္ နတ္ဘုရားတစ္ပါးကိုတစ္ဖက္သက္ႀကိဳက္မိသြားခဲ့လိမ့္မည္ပင္။တစ္ဖက္သက္အခ်စ္၏ ပင္ပန္းမႈဒါဏ္ကို မူယန္တစ္ေယာက္အလူးအလိမ့္ခံစားရမည္ကိုေတြးၾကည့္ရင္း မတတ္ႏိုင္စြာျဖင့္ စိတ္မေကာင္းျဖစ္လာရျပန္၏။

မင္းေဖေဖက ဒါကိုလက္မခံႏိုင္ဘူး!မင္းဘယ္သူ႕ကိုမဆိုႀကိဳက္လို႔ရပါတယ္..ဒါေပမယ့္ ဘာလို႔မင္းဆရာကိုမွႀကိဳက္သြားရတာလဲ။နတ္ဘုရားေတြက လူတစ္ေယာက္ကို အလြယ္တကူသေဘာက်မွာမဟုတ္ဘူး။ထားပါေတာ့..မင္းရဲ႕ဒီေဖေဖက မင္းနဲ႔ ႐ႊမ္းရန္ ေပါင္းစည္းႏိုင္ေအာင္ အသက္ပဲေသပါေစ ေရကုန္ေရခမ္း​ႀကိဳးစားေပးမယ္ဟုတ္ၿပီလား။ မင္းက သူ႕ရဲ႕အခ်စ္စစ္ဆိုတာ ႐ႊမ္းရန္သိလာေစရမယ္!

ညက အမ်ားႀကီး ေတြးခဲ့ေသာေၾကာင့္ ေနာက္တစ္ေန႔နံနက္ အိပ္ရာထခ်ိန္တြင္လင္းက်စ္ရန္မွာ မ်က္ခြံေတြေလးလံလို႔ေနသည္။သူက အျပင္သို႔ထြက္လာခါနီးတြင္ အသံတစ္ခုကိုၾကားလိုက္ရသျဖင့္ ေျခလွမ္းမ်ားရပ္တန္႔သြားခဲ့သည္။က်ိဳးယြဲ႕ေရာက္လာခဲ့ျပန္ၿပီမွန္းသူသိလိုက္ရသည္။

အျပာေရာင္ ဝတ္႐ုံဝတ္ထားသည့္ ဝဝဖိုင့္ဖိုင့္ တာအိုပညာ႐ွင္ဆရာႀကီးမွာ မူယန္အားျပဳံးျပလိုက္ကာ ဆို၏။

" ျမင့္ျမတ္တဲ့ေတာင္ထြတ္က ဖြင့္ေတာ့မွာ..မင္းအဆင္သင့္ျဖစ္ၿပီလား "

မူယန္က ေလးေလးစားစား ျပန္ၿပီးေျဖၾကားလာခဲ့သည္။

" ကြၽန္ေတာ္အဆင္သင့္ျဖစ္ပါၿပီ "

က်ိဳးယြဲ႕က ဟိတ္ဟန္ထုတ္ဖို႔ သူ၏မုတ္ဆိတ္မ်ားကိုပြတ္သပ္ရန္ျပင္လိုက္စဥ္ သူမွာမုတ္ဆိတ္မ႐ွိမွန္းသတိရသြားျဖင့္ လက္က ေလထဲတြင္သာရပ္တန္လို႔သြားခဲ့ၿပီး ျပဳံးကာ။" ဒါက အရမ္းကို႐ွားပါးတဲ့အခြင့္အေရးတစ္ခုပဲ..ျမင့္ျမတ္တဲ့ေတာင္ထြတ္ထဲမွာ အဖိုးတန္ရတနာေတြနဲ႔ျပည့္ေနတယ္ဆိုေပမယ့္ ဒီလူအိုႀကီးသိသေလာက္ကေတာ့ အေကာင္းဆုံးက ေ႐ွးပေဝသဏီကတည္းက႐ွိခဲ့တဲ့နတ္လက္နက္ေတြပဲ..ဒါေပမယ့္ သူတို႔က အာဃာတႀကီးတယ္..မင္းလိုခ်င္တယ္ဆိုရင္ေတာင္ သူတို႔ကဆႏၵ႐ွိမွာမဟုတ္ဘူး..ဒါေပမယ့္ မင္းအရည္အခ်င္းနဲ႔ လက္ဗလာျပန္လာခဲ့မွာမဟုတ္ဘူးဆိုတာေတာ့ ငါယုံတယ္ "
မူယန္က ေပါ့ပါးစြာျပဳံးလိုက္ၿပီး: " ကြၽန္ေတာ္ အေကာင္းဆုံးႀကိဳးစားမွာပါ "

" ဒီလက္နက္ေတြက ဓားသခ်ႋဳင္းထဲမွာ႐ွိေနတာ..ဓားသခ်ႋဳင္းက ျမင့္ျမတ္တဲ့ေတာင္ထြတ္ရဲ႕ အတြင္းဘက္ဆုံးက်တဲ့ေနရာမွာ႐ွိတယ္..သာမန္လူေတြ ႐ွာမေတြ႕ႏိုင္ဘူး " ထို႔ေနာက္ သူက စကားခဏရပ္ကာ ဝတ္႐ုံလက္စထဲမွ ဆန္းၾကယ္ေသာ စာလိပ္တစ္ခုကို ထုတ္ယူလိုက္ၿပီးေနာက္ မူယန္အားကမ္းေပးလိုက္ကာ။ " ဒါက ဒီလူအိုႀကီး မေန႔ညက တိဗက္က်မ္းစာတိုက္ကေန႐ွာေဖြလာတဲ့ ဓားသခ်ႋဳင္းနဲ႔ ပတ္သတ္တဲ့ မွတ္တမ္းေတြပါ..ဓားသခ်ႋဳင္းကို ဟိုးေ႐ွးေ႐ွးတုန္းကတည္းက ၃ ႀကိမ္ပဲဖြင့္ခဲ့ဖူးလို႔ မွတ္တမ္းေတြ အရမ္းနည္းတယ္..ဒါေၾကာင့္ ဒီလူအို​ႀကီး ခက္ခက္ခဲခဲ ႐ွာထားရတာ..ေရာ့ ယူထားလိုက္.. ဒီမွတ္တမ္းေတြကို ေသခ်ာေလ့လာထားရင္ လက္နက္ေကာင္းတစ္ခုကို ႐ွာေတြ႕ဖို႔လြယ္ကူလိမ့္မယ္ "

မူယန္က အံ့အားသင့္ေနေသာ အၾကည့္ျဖင့္ က်ိဳးယြဲ႕အားၾကည့္လိုက္သည္။အႀကီးအကဲ က်ိဳးယြဲ႕က သူ႕အေပၚအရမ္းၾကင္နာတာပဲ။

သူက ခဏေလာက္ေတြးလိုက္ၿပီးေနာက္ စာလိပ္ကိုယူလိုက္ကာ တည္ၾကည္ေလးနက္စြာဆို၏။ " အႀကီးအကဲက်ိဳးရဲ႕ ေစတနာကို ကြၽန္ေတာ္လက္ခံပါတယ္..မူယန္က ထုံထိုင္းသူျဖစ္လို႔ အႀကီးအကဲ ေ႐ွ႕ေလ်ာက္ ဂ႐ုစိုက္ေပးဖို႔ ေမွ်ာ္လင့္ပါတယ္ "

မူယန္က စာလိပ္ကိုယူကာ ဒီစကားေတြေျပာလာတာကိုၾကားေသာ္ က်ိဳးယြဲ႕ဟာ နား႐ြက္ခ်ိတ္မတတ္ျပဳံးလိုက္ေလသည္။ တကယ္ကို လိမၼာပါးနပ္ၿပီးထက္ျမက္တဲ့ကေလးတစ္ေယာက္ပါပဲလား။ဒါက သူ႕ကို ဆရာအျဖစ္လက္ခံလိုက္သလိုမ်ိဳးပင္ျဖစ္ေလရာ ႀကိဳးစားအားထုတ္မႈႏွင့္ အမွန္ပင္ထိုက္တန္ပါေခ်၏။

မူယန္က သူ႕ကိုေ႐ြးခ်ယ္ဖို႔ ဆႏၵ႐ွိေနသေ႐ြ႕ အဲ့ဒီလူအိုႀကီးေတြလုယူမွာကို စိတ္ပူေနဖို႔မလိုေတာ့ဘူး။က်ိဳးယြဲ႕က မူယန္၏ ပုခုံးကို ပုတ္ေပးလိုက္ၿပီး ေက်နပ္ေနေသာအျပဳံးျဖင့္ဆို၏။ " ဒါေပါ့..ေစာင့္ေ႐ွာက္ေပးရမွာေပါ့ "

ထို႔ေနာက္ သူက အေပ်ာ္လြန္ေနေသာေျခလွမ္းမ်ားျဖင့္ ​ေလွ်ာက္ထြက္သြားေလေတာ့သည္။ လင္းက်စ္ရန္မွာတံခါးၾကားမွ ဒီလူဝႀကီး၏မ်က္ႏွာကိုၾကည့္ၿပီး သနားမိသည္။

က်ိဳးယြဲ႕က ဒီတပည့္ကိုရဖို႔ လြန္စြာ ႀကိဳးစားအားထုတ္ခဲ့ၿပီး မူယန္ကလည္းကတိတည္သူပင္။မူလအစကမူ ေသခ်ာခဲ့ေသာ္လည္း လမ္းတစ္ဝက္တြင္ လုယူမယ့္သူေပၚလာလိမ့္မယ္လို႔ ဘယ္သူထင္ထားခဲ့ပါ့မလဲ။ၿပီးေတာ့ သူ႕ဆီက လုယူမယ့္သူမွာ အရမ္းကိုသန္မာလြန္းေနသည္။ခင္ဗ်ားဘယ္လိုပဲ ႀကိဳးစားေနပါေစ..အဆုံးသတ္မွာ႐ႈံးနိမ့္ဖို႔ သတ္မွတ္ထားၿပီးသားပဲ။

ဒါေပမယ့္ အခ်ည္းအႏွီးလို႔ေတာ့မဆိုႏိုင္။ မူယန္က ေက်းဇူးတရားႏွင့္ရန္ေႂကြးကိုမွတ္ထားတတ္သူပင္။က်ိဳးယြဲ႕က လီယဲ့ကို စင္ၾကယ္ေသာနန္းေတာ္ဆီသို႔ ေခၚလာႏိုင္ရန္ကူညီေပးခဲ့သည့္အတြက္ သူ၏တပည့္ျဖစ္မလာႏိုင္ေသာ္လည္း ေနာက္တြင္သူႏွင့္ ပို၍ရင္းႏွီးလာလိမ့္မည္ျဖစ္၏။

ဇာတ္လိုက္ႏွင့္ ရင္းႏွီးေနလို႔သာမဟုတ္ပါက က်ိဳးယြဲ႕က ျဖတ္ေလွ်ာက္ဇာတ္ပို႔တစ္ေယာက္ပင္ျဖစ္ခြင့္ရလိမ့္မည္မဟုတ္။ လင္းက်စ္ရန္သည္ အခန္းထဲမွ ထြက္လာခဲ့ၿပီးေနာက္ မူယန္အားေျပာလိုက္သည္။ " မင္းတကယ္ပဲ အႀကီးအကဲက်ိဳးကိုဆရာတင္ေတာ့မွာေပါ့..ဒီထက္ပိုၿပီးမေတြးေတာ့ဘူးလား..မင္းအရည္အခ်င္းနဲ႔ဆို ပိုၿပီးအဆင့္​ျမင့္တဲ့အႀကီးအကဲတစ္ေယာက္ကိုေတာင္ ဆရာတင္လို႔ရတယ္ "

မူယန္က ျပဳံးၿပီးေခါင္းခါလိုက္ကာ ဆို၏။ " အႀကီးအကဲက်ိဳးက ငါ့အေပၚ အရမ္းေကာင္းတယ္..ငါသူ႕ကိုအရမ္းသေဘာက်တယ္..ၿပီးေတာ့ ဒီလိုဆို ငါတို႔လည္းခြဲေနစရာမလိုေတာ့ဘူး "

လင္းက်စ္ရန္က ဒီစကားကိုၾကားေသာ္ အလြန္ပင္သေဘာက်သြားမိသည္။ဒီနတ္မိမယ္ေလးက ၾကင္နာတတ္လြန္းၿပီး ခ်စ္ဖို႔ေကာင္းသည္။တကယ္လို႔သူသာ ႐ႊမ္းရန္ကို မခ်စ္မိသြားခဲ့ပါလွ်င္ လီယဲ့အတြက္ မုန္တိုင္းတိုက္ၿပီးေနာက္ သက္တန္႔ေရာင္လႊမ္းေသာ ေန႔သစ္တစ္ခုလိုမ်ိဳးျဖစ္ေနလိမ့္မည္ပင္။ သို႔ေသာ္ သနားစရာေကာင္းတာက မူယန္ဟာ ဒီေနရာတြင္ေနလို႔မရေလဘူး။
………………

သုံရက္ေျမာက္ေန႔တြင္။

မူယန္ႏွင့္ လင္းက်စ္ရန္တို႔သည္ အာ႐ုဏ္မတက္ခင္ အိပ္ရာမွထကာ ျမင့္ျမတ္ေသာေတာင္ထြတ္သို႔သြားရန္ျပင္ဆင္ၾကသည္။

လင္းက်စ္ရန္က ျမင့္ျမတ္ေသာေတာင္ထြတ္ထဲသို႔ ဝင္ေရာက္ရန္ အရည္အခ်င္းမမွီေသာ္ျငား ဇာတ္ၫႊန္းအရ အျပင္ဘက္တြင္ေစာင့္ဆိုင္းေနရမွာျဖစ္သည္။လီယဲ့၏ ဇာတ္ေကာင္က ဇာတ္လိုက္shouကို စြဲလမ္းေနသာဇာတ္ပို႔gong ျဖစ္သည့္အေလ်ာက္ သဘာဝက်စြာပင္ မူယန္ေၾကာင့္ ထိုေနရာသို႔လိုက္လာခဲ့ရမွာျဖစ္ၿပီး ဒီလိုအေရးႀကီးတဲ့အခိုက္အတန္႔ကို လက္လႊတ္ခံမွာလုံးဝမဟုတ္ေပ။ဘာကိုမွ အတြန္႔မတက္ဘဲ တိတ္တဆိတ္အေဖာ္ျပဳေပးကာ တစ္ေယာက္တည္းႀကိတ္မွိတ္ခံစားေနဖို႔က ၾကင္နာတတ္ေသာအရန္ဇာတ္ပို႔gongတစ္ေယာက္၏ပုံမွန္တာဝန္ပင္။

ျမင့္ျမတ္ေသာေတာင္ထြတ္ထဲသို႔ဝင္ေရာက္ၾကမည့္ တပည့္မ်ားအျပင္ အျပင္လူအမ်ားအျပားလည္း႐ွိေနၾကသည္။ တစ္ခ်ိဳ႕မွာ အျပင္စည္းဂိုဏ္းဝင္တပည့္မ်ားျဖစ္ၾကၿပီး တစ္ခ်ိဳ႕မွာမူ ေတာင္ထြတ္အသီးသီးမွာ ေတာက္တိုမယ္ရအေစခံမ်ားပင္။ အက်ဥ္းခ်ဳပ္ေျပာရလွ်င္ လူတိုင္းက ႏွစ္ေထာင္ေသာင္းခ်ီမွ တစ္ခါၾကဳံခြင့္ရေသာ ျမင့္ျမတ္ေသာေတာင္ထြတ္၏ဖြင့္ပြဲႀကီးကို ျမင္ဖူးခ်င္ၾကေသာေၾကာင့္ စုံညီစြာေရာက္႐ွိေနၾကသည္ပင္။

ျမင့္ျမတ္ေသာေတာင္ထြတ္၏ေတာင္ေျခတြင္ အႀကီးအကဲတစ္ဒါဇင္ခန္႔မွ်ရပ္ေနၾကၿပီး ထိုအထဲတြင္ က်ိဳးယြဲ႕လည္းပါဝင္သည္။သို႔ေသာ္ ဒီတစ္ခါတြင္ေတာ့ သူ၏အမူအရာက အလြန္ေလးနက္တည္ၾကည္ေနေလ၏။

အေ႐ွ႕ဆုံးအတန္း႐ွိ မုတ္ဆိတ္ျဖဴႏွင့္ ေတာက္ဓမၼပညာ႐ွင္မွာ အႀကီးအကဲခ်ီဖုန္းပင္။ အႀကီးအကဲခ်ီဖုန္းက တည္ၾကည္စြာေျပာလာခဲ့ေလသည္။" ျမင့္ျမတ္တဲ့ေတာင္ထြတ္က ၂၄နာရီၾကာေအာင္ဖြင့္ထားလိမ့္မယ္..ဒီေနရာက အခြင့္အလမ္းေတြနဲ႔ျပည့္ႏွက္ေနေပမယ့္ အႏၲရာယ္လည္းမ်ားတယ္..မင္းတို႔ တတ္ႏိုင္သေလာက္အေကာင္းဆုံးႀကိဳးစားၾကရမယ္..အႏၲရာယ္တစ္ခုခုနဲ႔ ၾကဳံေတြ႕ရင္ ဒါမွမဟုတ္ အခ်ိန္ေစ့သြားရင္ အျပင္ကိုျပန္ထြက္ရမယ္ "

တပည့္အားလုံးက တစ္ေယာက္ၿပီးတစ္ေယာက္တုန္႔ျပန္ေျဖၾကား လာၾကသည္။အႀကီးအကဲ ခ်ီဖုန္းက ေခါင္းၿငိမ့္ျပခဲ့ၿပီးေနာက္ သူ႕လက္ထဲ႐ွိျမင္းၿမႇီးယပ္ကိုေဝွ႔ယမ္းလိုက္ေလေသာ္ သူတို႔အေ႐ွ႕ျမင္ကြင္းတြင္ ပိတ္ကာထားေသာျမဴခိုးမ်ားမွာ ႏွစ္ျခမ္းကြဲသြားကာတစ္ဖက္ဆီသို႔ လြင့္စင္သြားလ်က္ ႐ွည္လ်ားေသာ လွ်ိဳ႕ဝွက္လမ္းသြယ္တစ္ခုကို ေပၚထြက္လာေစသည္။သူကဆို၏။ " မင္းတို႔ဝင္သြားလို႔ရၿပီ "

တပည့္မ်ားက ယုံၾကည္ခ်က္အျပည့္ႏွင့္ စည္းကမ္းတက် ဝင္သြားၾကေလသည္။တပည့္မ်ားအားလုံးဝင္ေရာက္ၿပီးေသာ္ အႀကီးအကဲခ်ီဖုန္းက သူ၏လက္ကိုတစ္ဖန္ေဝွ႔ယမ္းလိုက္ပါေသာ္ ျမင့္ျမတ္ေသာေတာင္ထြတ္သို႔ျဖတ္သန္းသြားလာႏိုင္သည့္ ထိုလမ္းမွာ အေစာပိုင္းကလို ျမဴခိုးမ်ားျဖင့္ အုံ႔ဆိုင္းသြားေခ်ေတာ့သည္။

စိတ္ဝင္တစားၾကည့္႐ႈေနသူက အနည္းငယ္မွ်သာ႐ွိေလသည္။ သူ႕ျမင္ကြင္းတြင္ ျဖဴလြင္ေသာျမဴခိုးထုႀကီးသာပိတ္ကာထားၿပီး ဘာမွမျမင္ရသျဖင့္ လင္းက်စ္ရန္မွာတကယ္ကို ပ်င္းရိလာခဲ့ကာ မ်က္လုံးကစားၾကည့္လိုက္ေသာ္ အနားယူလို႔ေကာင္းမည့္သစ္ပင္ တစ္ပင္ကိုေတြ႕လိုက္ရသည္။မူယန္ထြက္လာဖို႔က အေတာ္ေလးၾကာျမင့္မွာျဖစ္ေသာေၾကာင့္ အရင္ဆုံးသစ္ပင္ေပၚတက္ၿပီး အိပ္ရန္ေတြးလိုက္သည္။

………………

မူယန္သည္ တိမ္မ်ားႏွင့္ ျမဴခိုးမ်ားအလယ္တြင္ လမ္းေလွ်ာက္လာခဲ့သည္။ ပတ္ဝန္းက်င္ ႐ႈခင္းကို ေကာင္းေကာင္းျမင္ရသည့္အခ်ိန္တြင္ သူဟာ က်ဥ္းေျမာင္းေသာေတာင္ၾကားလမ္းတစ္ခုတြင္ရပ္ေနမွန္းသိလိုက္ရၿပီး လူသူကင္းမဲ့လို႔ေနသည္။သို႔ေသာ္ သူက ထိတ္လန္႔ျခင္းလုံးဝမ႐ွိဘဲ အေ႐ွ႕သို႔ဆက္ေလွ်ာက္လာခဲ့သည္။

တစ္ခ်ိဳ႕က ေတာအုပ္ထဲတြင္ေပၚလာခဲ့သည္။

တစ္ခ်ိဳ႕က စမ္းေခ်ာင္းေဘးတြင္ ေပၚလာခဲ့သည္။

တစ္ခ်ိဳ႕ကမူ ေရကန္ထဲတြင္...

တစ္ခ်ိဳ႕က တစ္ဦးတည္းျဖစ္ၿပီး တစ္ခ်ိဳ႕ကမူ ႏွစ္ေယာက္တြဲသုံးေယာက္တြဲပင္။

အကုန္လုံးက က်ပန္းျဖစ္သည္။

.........

စင္ၾကယ္ေသာနန္းေတာ္၏ ပင္မ ခန္းမေဆာင္ႀကီးထဲတြင္။

အႀကီးအကဲမ်ားက တစ္ဖက္တစ္ခ်က္စီတြင္တည္ၿငိမ္စြာရပ္ေနၾကသည္။ ခ်ီရန္မေသမ်ိဳးေလာက႐ွိ က်င့္ၾကံသူမ်ားကို အုပ္စုႏွစ္ခုခြဲထားခဲ့သည္။တစ္ခုမွာ ခ်ီရန္မေသမ်ိဳးေလာက႐ွိ ဇာတိခံက်င့္ၾကံသူမ်ားျဖစ္ၾကေလၿပီး က်န္တစ္ခုမွာမူ ေသမ်ိဳးေလာကမွက်င့္ၾကံသူမ်ားပင္။အမ်ိဳးမ်ိဳးေသာ အေၾကာင္းအရင္းမ်ားေၾကာင့္ ထိုအုပ္စုႏွစ္ခုမွာမသင့္ျမတ္ၾက။

က်ိဳးယြဲ႕သည္ ေသမ်ိဳးက်င့္ၾကံသူမ်ား၏ေဘးတြင္ရပ္ေနၿပီး ေဖာ္ေ႐ြတတ္ေသာအျပဳံးက ေပ်ာက္ကြယ္ေနခဲ့ကာ သူ႕အေ႐ွ႕႐ွိ မီးခိုေရာင္ဝတ္႐ုံဝတ္ထားေသာ က်င့္ၾကံသူကို အမူအရာမဲ့စြာျဖင့္ၾကည့္ေနေလသည္။ခ်ီရန္ မေသမ်ိဳးေလာကဇာတိခံျဖစ္သည့္အေလ်ာက္ ဒီလူက သူ႕ကိုအၿမဲတမ္းအထင္ေသးၿပီးႏွိမ့္ခ်တတ္သည္။တစ္ခါက၊ သူ၏တပည့္မ်ားကို က်က္သေရနန္းေဆာင္သို႔ တစ္ေနကုန္ေစလႊတ္ခဲ့ၿပီး သူႏွင့္အတူ စည္းကမ္းၾကပ္မတ္ေရးနန္းေဆာင္တစ္ခုလုံးကိုအခက္ေတြ႕ေစခဲ့သည္။က်ိဳးယြဲ႕က သူ႕ကို ဆူးေညႇာင့္တစ္ခုလိုျမင္ေနခဲ့တာ ၾကာေလလွေခ်ၿပီ။

က်င့္ၾကံသူက်ီသည္လည္း က်ိဳးယြဲ႕ကို အမႈရာမဲ့စြာစိုက္ၾကည့္ေနကာ မ်က္ခုံးပင့္ၿပီး မထီမဲ့ျမင္ျပဳလိုက္ပါလ်က္: မင္း အရမ္းႀကိဳးစားၿပီးေအာင္ျမင္သြားခဲ့ရင္ေတာင္..မင္းတစ္ေယာက္တည္းအခြင့္အေရး႐ွိတာ မဟုတ္ဘူး။

သူတို႔ႏွစ္ဦးက အရင္းအျမစ္မ်ားႏွင့္ အရည္အခ်င္း႐ွိေသာတပည့္မ်ားကို အၿပိဳင္အဆိုင္လုၾကရင္း တစ္ေယာက္ႏွင့္တစ္ေယာက္ရန္ေဆာင္လာခဲ့တာ အခ်ိန္အေတာ္ၾကာခဲ့ေလၿပီျဖစ္ပါေသာေၾကာင့္ ဘယ္သူမွ မအံ့ၾသၾကေတာ့ေပ။

ပုံမွန္အားျဖင့္ဆိုလွ်င္ သူတို႔ႏွစ္ဦးမွာ အဆိပ္ျပင္းေသာစကားလုံးမ်ားျဖင့္ တစ္ေယာက္ႏွင့္တစ္ေယာက္ အႀကိမ္ရာခ်ီမကစကားႏိုင္လုခဲ့ၾကပါေသာ္လည္း ဒီေန႔တြင္မူ ႏွစ္ဦးစလုံးက က်ိဳးႏြံစြာျဖင့္ရပ္ေနၾကပါလ်က္။သို႔ေသာ္ တစ္ဦးႏွင့္တစ္ဦး အၾကည့္ျဖင့္ တိုက္စစ္ဆင္ေနၾကလ်က္သာ။

ခန္းမ​ေဆာင္တစ္ခုလုံးမွာ တိတ္ဆိတ္ၿငိမ္သက္ေနပါ၏။ဒါေတြအားလုံးက စင္ျမင့္ေပၚ႐ွိ ထိုင္ခုံထက္တြင္ ထိုင္ေနပါေသာလူတစ္ဦးေၾကာင့္ပင္ ျဖစ္ေခ်သည္။

အႀကီးအကဲခ်ီဖုန္းမွာ လက္ထဲတြင္ျမင္း​ၿမႇီးယပ္ကို ကိုင္ထားရင္း ေခါင္းကိုငုံ႔ထားက ႐ိုေသစြာျဖင့္ ႐ႊမ္းရန္၏ေဘးတြင္ရပ္ေနေလ၏။ ႐ႊမ္းရန္က နားထင္ကိုလက္ျဖင့္ေထာက္ထားၿပီး မ်က္ဝန္းမ်ားကိုမွိတ္ထားခဲ့လ်က္ အိပ္စက္အနားယူေနသလိုမ်ိဳးပင္။သူ၏ ႐ွည္လ်ားၿပီးနက္ေမွာင္ေသာဆံႏြယ္မ်ားက ပုခုံးထက္သို႔ ေရတံခြန္သဖြယ္ဝဲက်လို႔ေနကာ သူ၏ ႏွင္းကဲ့သို႔ျဖဴဆြတ္ေနေသာဝတ္႐ုံမွာလည္း ၾကမ္းျပင္ေပၚသို႔ပုံက်ေနလ်က္၊ ေက်ာက္႐ုပ္တုတစ္ခုကဲ့သို႔ မလႈပ္မယွက္ပင္။

သို႔ေသာ္ အႀကီးအကဲမ်ားမွာ အသက္ပင္ျပင္းျပင္းမ႐ွဴရဲၾက။အႀကီးအကဲ တစ္ခ်ိဳ႕မွာ ႏွစ္ေထာင္ေပါင္းမ်ားစြာၾကာသည္အထိ ေနထိုင္ၿပီးခဲ့ၾကေသာ္လည္း ဘယ္သူကမွ႐ႊမ္းရန္ကို မျမင္ဖူးၾကေပ။ဒါက ဒ႑ာရီထဲက အေက်ာ္အေမာ္တစ္ေယာက္သာ ျဖစ္ေလၿပီး ဘိုေဘးမ်ားအစဥ္အဆက္ယုံၾကည္ေလးစားခဲ့ၾကေသာ နတ္ဘုရားတစ္ပါးပင္ျဖစ္ပါေခ်သည္။

ခ်ီဖုန္းက ဘာျဖစ္လို႔မ်ားသူ႕ရဲ႕ ဆရာသခင္ကို အျပင္သို႔ ​ေခၚေဆာင္လာခဲ့ရတာလဲ။ သိကြၽင္းက အျပင္ေလာကကို ကိုယ္တိုင္ထြက္မလာခဲ့တာ ႏွစ္ေပါင္းသုံးေသာင္းမွ်ၾကာျမင့္ခဲ့ၿပီမဟုတ္ပါလား။လူတိုင္းမွာလည္း အေတြးကိုယ္စီ႐ွိေနခဲ့ၾကလ်က္။

ထိုအခ်ိန္တြင္ ျမင့္ျမတ္ေသာေတာင္ထြတ္႐ွိ အကဲျဖတ္မႈက စတင္ေနၿပီျဖစ္၏။ အႀကီးအကဲအားလုံးမွာသူတို႔၏အေ႐ွ႕႐ွိ ေရကန္႔လန္႔ကာ ဆီသို႔ေမွ်ာ္ၾကည့္လိုက္ၾကသည္။ေရကန္႔လန္႔ကာကို ႏွစ္ပိုင္းခြဲထားၿပီး ၎မ်က္ႏွာျပင္တြင္ ျမင့္ျမတ္ေသာေတာင္ထြတ္ထဲ႐ွိ တပည့္မ်ား၏ျမင္ကြင္းအဖုံဖုံကို ျပသေနေလသည္။

က်ိဳးယြဲ႕က တစ္ခ်က္ၾကည့္လိုက္သည္ႏွင့္ မူယန္ကို ျမင္လိုက္ရေလေသာ္မ်က္ဝန္းမ်ားက ေတာက္ပလာ၏။

က်ိဳးယြဲ႕က မူယန္၏အရည္အခ်င္းကို သိထားခဲ့ပါေသာ္လည္း တစ္ခါမွလူၾကားထဲသို႔ ထုတ္ေဖာ္ေျပာၾကားခဲ့ျခင္းမ႐ွိေလရာ သူ႕တြင္ဒီလိုထူးျခားတဲ့ပါရမီ႐ွင္ေလးတစ္ေယာက္႐ွိေနမွန္းဘယ္သူမွမသိၾကေပ။မူယန္ကို သူ႕ဆီမွ ဘယ္သူမွမလုယူၾကဖို႔ေမွ်ာ္လင့္မိခဲ့သည္။ကံေကာင္းစြာျဖင့္ မူယန္ကိုယ္တိုင္ကလည္း သေဘာတူညီခဲ့သည္။

မူယန္ကို တပည့္အျဖစ္ေအာင္ျမင္စြာလက္ခံႏိုင္ၿပီးသည့္အခ်ိန္တြင္ ထိုလူအိုႀကီးမ်ားကို အႏိုင္ပိုင္းပစ္လို႔ရသည္။

အႀကီးအကဲခ်ီဖုန္းမွာလည္း ေရကန္႔လန္႔ကာကို ေစ့ေစ့ၾကည့္႐ႈေနေလသည္။ သို႔ေသာ္ သူက လူတစ္ဦးတည္းကိုပဲမၾကည့္ေလဘဲ လူတိုင္းကိုေလ့လာၾကည့္႐ႈေနၿပီး အထူးသျဖင့္တပည့္အသစ္မ်ားအေပၚတြင္ ပို၍အာ႐ုံစိုက္ထားေလသည္။ဒီတစ္ေခါက္တြင္ တပည့္သစ္ႏွစ္ဆယ့္သုံးေယာက္မွ်႐ွိသည္။ ဘယ္သူက အ႐ွင္ေျပာတဲ့လူလဲ။ၿပီးေတာ့ ကပ္ဆိုးကို ဘယ္လိုရင္ဆိုင္သင့္လဲ။သူကိုယ္တိုင္ေတာင္မစြမ္းေဆာင္ႏိုင္တာ။အခုမွစတင္က်င့္ၾကံမယ့္ ကေလးတစ္ေယာက္အေပၚမွီခိုလို႔ရႏိုင္ပါ့မလား။

ဒါေပမယ့္ ခ်ီဖုန္းက ႐ႊမ္းရန္ကိုဘယ္တုန္းကမွ ေမးခြန္းမထုတ္ရဲခဲ့ေလဘူး။အ႐ွင္က ဒီလိုေျပာခဲ့မွေတာ့ အ႐ွင္ေျပာတဲ့အတိုင္းျဖစ္ကိုျဖစ္ရမယ္!

Note:

Dilly မနက္ျဖန္ ဘဲဘဲနဲ႔လည္လည္ထြက္မလို႔ updateမ႐ွိပါဖူးေနာ္ಠ_ಠ

🖤🖤🖤🖤🖤

Continue Reading

You'll Also Like

917K 68.5K 109
"host ရဲ့တာဝန်ကဇာတ်လိုက်ကိုကယ်တင်ပေးရမှာပါ" "ငါကဘာလို့လဲ!" "host ရဲ႕တာဝန္ကဇာတ္လိုက္ကိုကယ္တင္ေပးရမွာပါ" "ငါကဘာလို႔လဲ!" Start Date -27.7.2022 End Date...
2.1M 162K 36
No descriptions here
133K 5.6K 64
အချစ်က အဆိပ်တစ်ခွက်ဖြစ်နေခဲ့ရင်တောင် ပျားရည်အမှတ်နဲ့ကျွန်တော်ကတော့ သောက်သုံးနေမိအုံးမှာဘဲ။