ဒီတစ်ခါလည်းဇာတ်လမ်းသွေဖည်သွား...

Por Dilly_Dally20

483K 69.4K 2.6K

Just a fan translation. Eng name- Did the affectionate love interest collapse today. cover pic from pintere... Más

Synopsis
Arc(1): အပိုင်း(၁)
အပိုင်း(၂)
အပိုင်း(၃.၁)
အပိုင်း(၃.၂)
အပိုင်း(၄.၁)
အပိုင်း(၄.၂)
အပိုင်း(၅.၁)
အပိုင်း(၅.၂)
အပိုင်း(၆.၁)
အပိုင်း(၆.၂)
အပိုင်း(၇.၁)
အပိုင်း(၇.၂)
အပိုင်း(၈.၁)
အပိုင်း(၈.၂)
အပိုင်း(၉.၁)
အပိုင်း(၉.၂)
အပိုင်း(၁၀.၁)
အပိုင်း(၁၀.၂)
အပိုင်း(၁၁.၁)
အပိုင်း(၁၁.၂)
အပိုင်း(၁၂.၁)
အပိုင်း(၁၂.၂)
အပိုင်း(၁၃.၁)
အပိုင်း(၁၃.၂)
အပိုင်း(၁၄.၁)
အပိုင်း(၁၄.၂)
အပိုင်း(၁၅.၁)
အပိုင်း(၁၅.၂)
အပိုင်း(၁၆.၁)
အပိုင်း(၁၆.၂)
အပိုင်း(၁၇.၁)
အပိုင်း(၁၇.၂)
အပိုင်း (၁၈)
အပိုင်း(၁၉)
အပိုင်း(၂၀)
Arc(2) အပိုင်း(၂၁.၁)
အပိုင်း(၂၁.၂)
အပိုင်း(၂၁.၃)
အပိုင်း(၂၂.၁)
အပိုင်း(၂၂.၂)
အပိုင်း(၂၃.၁)
အပိုင်း(၂၃.၂)
အပိုင်း(၂၄.၁)
အပိုင်း(၂၄.၂)
အပိုင်း(၂၄.၃)
အပိုင်း(၂၅.၁)
အပိုင်း(၂၅.၂)
အပိုင်း(၂၅.၃)
အပိုင်း(၂၆.၁)
အပိုင်း(၂၆.၂)
အပိုင်း(၂၆.၃)
အပိုင်း(၂၇.၂)
အပိုင်း(၂၇.၃)
အပိုင်း(၂၈.၁)
အပိုင်း(၂၈.၂)
အပိုင်း(၂၉.၁)
အပိုင်း(၂၉.၂)
အပိုင်း(၃၀.၁)
အပိုင်း(၃၀.၂)
အပိုင်း(၃၁.၁)
အပိုင်း(၃၁.၂)
အပိုင်း(၃၂.၁)
အပိုင်း(၃၂.၂)
အပိုင်း(၃၃.၁)
အပိုင်း(၃၃.၂)
အပိုင်း(၃၃.၃)
အပိုင်း(၃၄.၁)
အပိုင်း(၃၄.၂)
အပိုင်း(၃၄.၃)
အပိုင်း(၃၅.၁)
အပိုင်း(၃၅.၂)
အပိုင်း(၃၅.၃)
အပိုင်း(၃၆.၁)
အပိုင်း(၃၆.၂)
အပိုင်း(၃၆.၃)
အပိုင်း(၃၇.၁)
အပိုင်း (၃၇.၂)
အပိုင်း(၃၇.၃)
အပိုင်း(၃၈.၁)
အပိုင်း(၃၈.၂)
အပိုင်း(၃၈.၃)
အပိုင်း(၃၉.၁)
အပိုင်း(၃၉.၂)
အပိုင်း(၃၉.၃)
အပိုင်း(၄၀.၁)
အပိုင်း(၄၀.၂)
အပိုင်း(၄၀.၃)
အပိုင်း(၄၁.၁)
အပိုင်း(၄၁.၂)
အပိုင်း(၄၁.၃)
အပိုင်း(၄၂.၁)
အပိုင်း(၄၂.၂)
အပိုင်း(၄၂.၃)
အပိုင်း(၄၃.၁)
အပိုင်း(၄၃.၂)
အပိုင်း(၄၃.၃)
အပိုင်း(၄၄.၁)
အပိုင်း(၄၄.၂)
အပိုင်း(၄၄.၃-Final Episode)

အပိုင်း(၂၇.၁)

4K 738 18
Por Dilly_Dally20

Unicode.

လူအုပ်ကြီးကြားတွင် လင်းကျစ်ရန်တစ်ယောက် အတွန်းခံလိုက်ရအတိုက်ခံလိုက်ရဖြင့် ကြားညှပ်လို့နေတော့သည် ။ ဒါက အိုင်ဒေါတွေကိုအပြိုင်အဆိုင်အားပေးကြသည့် မြင်ကွင်းလိုမျိုးပင် ။ စိတ်ကြီးဝင်နေသည့် လူအုပ်ကြီးမှာ သူတို့သဘောကျသည့်အိုင်ဒေါနှင့် ပရိတ်သတ်အုပ်စု ကိုယ်စီရှိကြသည် ။ ပရိတ်သတ်တွေတွေးကြတာက သူတို့ရဲ့အိုင်ဒေါကသာ အတော်ဆုံးဟု ။ ဒါပေမယ့်သူတို့မသိကြတာက အဲ့ဒီအမြှောက်စာNPC တွေအကုန်ပေါင်းလိုက်ရင်တောင် သူ့ရဲ့နတ်မိမယ်လေးမူယန်ရဲ့ လက်ချောင်းတစ်ချောင်းစာလောက်တောင် အစွမ်းရှိမှာမဟုတ်ဘူး ။

လင်းကျစ်ရန်သည် ဂုဏ်ယူမှုအပြည့်နှင့် ။ တကယ်လို့ မူယန်မှာ ပရိတ်သတ်တစ်ယောက်ပဲရှိတယ်ဆိုရင်တောင် လင်းကျစ်ရန်ကသူ့အတွက် အလံလွှင့်ပြီး အားပေးမည် ။ ဒါက အမှန်တရားပဲ ။

လင်းကျစ်ရန်သည် လက်ခုပ်နှစ်ဖက်ကို ပါးစပ်နားသို့ ကပ်ပြီးရဲရဲတောက်မျက်ဝန်းများဖြင့်အရှေ့သို့ကြည့်ကာ အော်ဟစ်လိုက်ပြန်၏ ။ " မူယန်က အတော်ဆုံး..မူယန်က ကမ္ဘာပေါ်မှာ နံပါတ်တစ်ပဲ! "

ပတ်ပတ်လည်ရှိလူများမှာ သူက အလွန်အမင်း ကျယ်လောင်စွာအော်ဟစ်လိုက်သောကြောင့် လန့်ဖြန့်ကုန်ကြပြီးနောက် သူတို့လည်းအားကြမခံ အော်ဟစ်ကြလေသည် ။ မူအိမ်တော်က မိုင်ရာချီဝေးတဲ့ စုန်ကျိုးမြို့ငယ်လေးကနေလာပြိုင်တာ ။ သူတို့ လူအုပ်ကြီးက ဖုန်းဟယ်မြို့ခံတွေ ပင်။ ဘယ်လိုလုပ်ပြီး အပြင်လူတစ်ယောက်ကို အရှုံးပေးနိုင်ရမှာလဲ ။

ဘေးနှစ်ဖက်က အားပေးသံများမှာ ပို၍ကျယ်လောင်လာသည် ။ ​စင်မြင့်ထက်ရှိပြိုင်ပွဲက မစရသေးသော်ငြား ပွဲကြည့်ပရိတ်သတ်၏ အားပေးမှုများက မြင့်တက်လာလေသည်။

လင်းကျစ်ရန်သည် အားကြိုးမာန်တက်အော်ဟစ်သော်လည်း လူအုပ်ကြီးကိုမယှဥ်နိုင်သဖြင့် သူ့အသံမှာတဖြည်းဖြည်း ဖုံးလွှမ်းခံလိုက်ရကာ စိတ်ပျက်အားလျော့သွားတော့သည် ။ ထိုစဥ်မှာပင် မူယန်က ရုတ်တရက်ခေါင်းလှည့်လာပြီး လင်းကျစ်ရန်ကို စိုက်ကြည့်လာသည် ။ မူယန်က သူ့အသံကိုကြားရတာလား ။ လင်းကျစ်ရန်က သူ့ကို အားပေးသောအကြည့်ဖြင့် တည်ကြည်စွာကြည့်လိုက်သည် ။

မူယန်သည် လူအုပ်ကြီးဘက်သို့ လှည့်လာပြီး တစ်ချက်ကြည့်လိုက်ရုံဖြင့် ပိန်လှီသော ဆယ်ကျော်သက်ကောင်လေးကိုမြင်လိုက်ရပြီး ထိုကောင်လေးကသူ့အားမမှိတ်မသုန်စိုက်ကြည့်နေလျက် ။ စင်အောက်တွင် လူတွေဘယ်လောက်တောင် အုံဖွဲ့နေပါစေ သူ့မျက်လုံးထဲတွင် ထိုကောင်လေးတစ်ဦးတည်းကိုသာ မြင်ရပြီး တစ်ချက်ကြည့်လိုက်ရုံဖြင့် ရှာတွေ့နိုင်သလိုမျိုးပင် ထိုကောင်လေးဘက်ကလည်းအတူတူပင် ။

မူယန်၏ နှုတ်ခမ်းထောင့်များသည် အလိုအလျောက် ကော့တက်သွားရသည် ။ စိတ်ချပါ..ငါမင်းကို စိတ်မပျက်စေရဘူး ။

မကြာခင်မှာပင် ပြိုင်ပွဲဝင်အားလုံး စုံညီစွာရောက်ရှိလာကြသည် ။ စင်မြင့်ထက်မှ ခေါင်းလောင်းသံ ကြားသည်နှင့် ပရိတ်သတ်လူအုပ်ကြီးသည်လည်း ချက်ချင်း တိတ်ဆိတ်သွားကြလေ၏ ။

အပြာရောင်ဝတ်ရုံဝတ်ထားသည့် သက်လတ်ပိုင်းအရွယ်တာအိုပညာရှင်တစ်ယောက်က အရှေ့သို့လျှောက်လာသည် ။ သူဟာ နက်ပြာရောင်ဝတ်ရုံကို ဝတ်ဆင်ထားပြီး ခန္ဓာကိုယ်ကဝ​ဖြိုးကာ မျက်နှာခပ်ဝိုင်းဝိုင်းနှင့်အတူ ရည်မွန်သောအပြုံးတစ်ပွင့်ရှိ၏ ။ ခါးထက်တွင် သေရည်ထည့်သည့်ဘူးသီးခြောက်တစ်လုံးကို ချိတ်ဆွဲထားပြီး ခုနှစ်ထွာမျှရှည်လျားသောဓားရှည်တစ်လက်ကိုကျောတွင်လွယ်ထားကာ ၄င်းဓားရှည်က သူ၏အသွင်အပြင်နှင့်သွေဖည်နေချေသည် ။ ရှည်လျားပြီးသေးသွယ်သော အသွားနှစ်ဖက်ဓားရှည်၏ လက်ကိုင်ရိုးတွင် ပန်းဆီရောင်ပန်းပွားတစ်ခု ချိတ်ဆွဲထားရာ အမျိုးသမီးကျင့်ကြံသူများကိုင်ဆောင်သော ဓားရှည်နှင့်ဆင်တူပေသည် ။

ကျင့်ကြံသူများမှာ အလွန်ထူးခြားသော ပင်ကိုယ်အရည်အသွေးများရှိကြပြီး အားလုံးက ထူးခြားသောလူများဖြစ်ကြပါသော်လည်း ဒီလူကမူ အရမ်းမထူးဆန်းလှပေ ။

သူက ပတ်ပတ်လည်ကိုကြည့်လိုက်ပြီး ပြုံးကာဆို၏ ။ " အခု ရွေးချယ်ပွဲကို တရားဝင်စတင်ပါမယ် "

သူက သာမန်အတိုင်းသာပြောလိုက်သော်လည်း သူ၏အသံမှာ ပရိတ်သတ်တစ်ယောက်ချင်းစီ၏ နားထဲသို့ပြတ်သားစွာဝင်ရောက်သွားလေသည် ။ အဲ့ဒီ အန္တရာယ်ကင်းတဲ့အပြုံးကိုပဲ ကြည့်ပြီးမဆုံးဖြတ်လိုက်နှင့်... ။ သူက စင်ကြယ်သောနန်းတော်ရှိ စည်းကမ်းကြပ်မတ်ရေးနန်းဆောင်မှအကြီးအကဲ ကျိုးယွဲ့ပင်ဖြစ်လေပြီး ဖုန်းဟယ်မြို့အပါအဝင်မြို့ပေါင်းကိုးမြို့နယ်အတွက်ရွေးချယ်မှုတွင် တာဝန်ကျသည့် စစ်ဆေးရေးမှုးပင် ဖြစ်သည် ။

" ဒါက အရမ်းကိုရိုးရှင်းပါတယ်..နည်းလမ်းဟောင်းအတိုင်းပါပဲ..အားလုံး မစိုးရိမ်ကြပါနဲ့ " ကျိုးယွဲ့က ရယ်မောကာ လက်ဖဝါးအရွယ်အစားလောက်ရှိသည့် ပုံဆောင်ခဲတစ်ခုကိုထုတ်လိုက်ပြီး မြေပြင်ပေါ်သို့ပစ်ချလိုက်သည် ။ အနှီပုံဆောင်ခဲမှာ မြေပြင်နှင့်ထိခတ်မိလိုက်ပြီးနောက် ဆယ်မီတာမျှကြီးမားသော နံရံကြီးအဖြစ်သို့ပြောင်းလဲသွားလေသည် ။

လင်းကျစ်ရန်က ဇတ်ညွှန်းဖတ်ထားပြီးသား ဖြစ်၍ ရွေးချယ်သည့်နည်းလမ်းကိုသိထား၏ ။ ဒီကျောက်နံရံက စင်ကြယ်သောနန်းတော်မှ ပြုလုပ်ထားသော ဆန်းသပ်မှော်လက်နက်တစ်ခုဖြစ်ပြီး အလွန်ထူးခြားသည် ။ ဒါက တစ်ဖက်လူ၏ တိုက်ခိုက်မှုအားကိုစုပ်ယူပြီး ခွန်အားနှင့် စွမ်းရည်ကို ဆုံးဖြတ်ပေးနိုင်သည် ။ နည်းလမ်းက အရမ်းကိုရိုးရှင်းသည်...လူတိုင်းက ဒီကျောက်နံရံကို အားသုံး၍ လက်ဝါးဖြင့်တစ်ချက်ရိုက်လိုက်ရုံဖြင့် ၄င်းက တိုက်ခိုက်သူ၏ ဝိညာဥ်စွမ်းအားနှင့် သန့်စင်မှုကို အကဲဖြတ်ပေးလိမ့်မည် ။ အသက်အရွယ်မှာ ကန့်သတ်မှုရှိပြီး နှစ်ဆယ်အောက်ဖြစ်ရမည် ။ ဆေးဝါးများအသုံးပြုလျှင်လည်း အသုံးမဝင်ပေ ။ပြင်ပစွမ်းအားအကူ မပါဘဲဝိညာဥ်စွမ်းအားနှင့် သန့်စင်မှုအဆင့်အလိုက် ကျောက်နံရံက ပို၍တောက်ပလာလိမ့်မည်ပင် ။

စင်မြင့်ထက်ရှိ ဆယ်ကျော်သက်လေးများအားလုံးမှာ မိမိကိုယ်ကို ယုံကြည်မှုအပြည့်နှင့်ပင် ။ သူတို့အားလုံးက မျိုးရိုးမြင့်မိသားစုများမှ ဆင်းသက်လာကြသူများပီပီ မာနကြီးပြီး ကိုယ်ရည်သွေးလေ့ရှိကြသည် ။ ပိုတော်တဲ့လူက အမြဲရှိနေမှန်း သူတို့မသိကြပေ ။

ကျိုးယွဲ့သည် သူ့အရှေ့ရှိ လူငယ်လေးကို ကြင်နာစွာကြည့်လိုက်သည် ။ ထို့နောက် ငွေရောင်ပိုးထည်ဝတ်ထားသည့် ထိုလူငယ်လေးကို လက်ညှိုးထိုးလိုက်ကာ ညင်သာစွာဆို၏ ။ " ဒီက လူလေး အရင်ဆုံးစလိုက်...ဘာမှမစိုးရိမ်နဲ့...အားကုန်သုံးပြီး တစ်ချက်ရိုက်လိုက်..ကျောက်နံရံ ကွဲသွားမှာ ကြောက်ဖို့မလိုဘူး "

ငွေရောင်ပိုးထည်ဝတ်ထားသည့် လူငယ်လေးမှာ အသက်ပြင်းပြင်းရှုပြီးကျောက်နံရံဆီသို့ လျှောက်လာလိုက်သည် ။ စင်အောက်ရှိ သူ၏ ပရိတ်သတ်များက အော်ဟစ်အားပေးနေကြလျက် ။ ဒါက သူ့ကို အနည်းငယ်ဖိအားဖြစ်စေသည် ။ သူက မျက်လုံးမှိတ်ကာ လက်ဖဝါးတွင် ဝိညာဥ်စွမ်းအား အကုန်ထည့်လိုက်ပြီး ကျောက်နံရံကို ရိုက်လိုက်လေသည် ။

ချက်ချင်းဆိုသလိုပင် ပွဲကြည့်ပရိတ်သတ်၏ အသံများမှာ ပျောက်ရှသွားပြီး မြင်ကွင်းတစ်ခုလုံးတိတ်ဆိတ်သွားလေ၏ ။ လူငယ်လေးမှာ အရမ်းကိုစိတ်လှုပ်ရှားနေသည် ။ သူအောင်မြင်သွားတာလား ၊ ဒါမှမဟုတ်ရှုံးနိမ့်သွားတာလား ။ ဘာလို့ ရုတ်တရက်တိတ်ဆိတ်သွားရတာလဲ ။

သူက မျက်လုံးကိုဖြည်းညှင်းစွာဖွင့်ကြည့်လိုက်သော် ကျောက်နံရံပေါ်တွင် မှိန်ဖျော့သောအလင်းတစ်ခုကိုသာမြင်လိုက်ရပြီး လျင်မြန်စွာပင် ပျောက်ကွယ်သွားလေသည် ။ ဒါ မဖြစ်နိုင်ဘူး ။ လူငယ်လေး၏မျက်နှာက ဖြူဖျော့သွား၏ ။ ဘာဖြစ်လို့ ဒီလောက်အထိအ​ခြေအနေဆိုးရတာလဲ ။

ကျိုးယွဲ့က ပြုံးလျက်ပင် လူငယ်လေး၏ ပုခုံးကိုပုတ်ပေးလိုက်ပြီးဆို၏ ။ " ဒါပုံမှန်ပဲ..ဒီလူအိုကြီးကဒါဇင်ထက်မကတဲ့လူရွေးပွဲတွေကို ကြီးကြပ်ဖူးတယ်..မင်းက လုံးဝသာမန်ပါပဲ...လူအများစုက မင်းနဲ့အဆင့်အတူတူပဲ...ဒီကလေးကတော်ပေမယ့် စင်ကြယ်သောနန်းတော်ကို ဝင်ဖို့ အရည်အချင်းတော့မမှီဘူး..သွားတော့..နောက်တစ်ယောက်လာခဲ့ "

အခြားသော ဆယ်ကျော်သက်လေးများမှာ ဖြူဖျော့သွားကြလေသည် ။ ". ... "

ဘာ၊ အများစုက အတူတူပဲ တဲ့လား။ ဒီစမ်းသပ်မှုက ဒီလောက်တောင်ခက်တာလား ။ စင်ပေါ်ရှိ လူများသည် တစ်ဦးနှင့်တစ်ဦး အခုမှသာစတင်သိကျွမ်းကြပြီး သူတို့က လိုက်ဖက်တဲ့ပြိုင်ဘက်ကောင်းတွေလို့ ခံစားခဲ့ရသည် ။ သို့သော် ဘယ်သူထင်ထားပါ့မလဲ...။

ဒီမြင်ကွင်းကိုကြည့်နေသည့် လင်းကျစ်ရန်မှ ဝါးလုံးကွဲအောင် ရယ်မောမိတော့ မလိုပင် ။ ဒီလိုပြောတာက သူတို့ကို ပိုပြီးစိုးရိမ်သွားစေမယ်ဆိုတာ ဒီလူဝကြီးမသိဘူးလား ။

ဒီအကြောင်းကိုပြောရလျှင် ကျိုးယွဲ့က ဇာတ်ညွှန်းတွင် နာမည်ပါသောဖြတ်လျှောက်ဇာတ်ပို့ တစ်ယောက်ပင် ။ စည်းကမ်းကြပ်မတ်ရေးနန်းဆောင်၏ အကြီးအကဲတစ်ဦးဖြစ်သည့်ကျိုးယွဲ့မှာ ရဲရင့်ပြီး ပျော်ပျော်နေတတ်ကာ အစားအသောက်များကို သဘောကျသည် ။ သူက စင်ကြယ်သောနန်းတော်တွင် မူယန်၏ မိတ်ဆွေကောင်းတစ်ယောက်ဖြစ်လာလိမ့်မည် ။ ဒါပေမယ့် ဒီလောက် စကားအပြောဆိုး လိမ့်မယ်လို့ မထင်ထားဘူး...။

ဆယ်ကျော်သက်လေးအားလုံးမှာ စိုးရိမ်ပြီး ထိတ်လန့်နေကြသော်လည်း ခေါင်းငုံ့ကာ တစ်ယောက်ချင်းစီ အရှေ့သို့ထွက်လာကြသည် ။ ရလဒ်က ကျိုးယွဲ့ပြောခဲ့သည့်အတိုင်းပင် ။ အခု စမ်းသပ်လိုက်သောလူငယ်လေး၏အဆင့်က ကျန်ရှိနေသောလူအများစု၏အဆင့်နှင့် အတူတူပင် ဖြစ်သည်ဟု ။

ကိုးဆယ်ရာခိုင်နှုန်းသော လူငယ်များမှာ ဖျော့တော့သောအလင်းကိုသာ ထုတ်လွှတ်နိုင်ပြီး လူအနည်းစုလောက်သာ ကျောက်နံရံကို စက္ကန့်အနည်းငယ်ကြာအောင်အထိတောက်ပအောင်စွမ်းဆောင်နိုင်ကြသည် ။ ဒါပေမယ့် စင်ကြယ်သောနန်းတော်၏ သတ်မှတ်ထားသောစံနှုန်းကို မပြည့်မှီပေ ။ ပွဲကြည့်ပရိတ်သတ်၏ စိတ်ဝင်စားမှုမှာလည်း ဖြည်းဖြည်းချင်း လျော့ကျသွားပြီး မြင်ကွင်းက တိတ်ဆိတ်လို့နေသည် ။

ဘယ်လိုတောင် စိတ်ဓာတ်ကျဖို့ကောင်းလိုက်လဲ ။ သူတို့၏ အမြင်တွင် အရမ်းကိုပါရမီကောင်းသည့် မာနကြီးသော လူငယ်လေးများမှာ စင်ကြယ်သောနန်းတော်သို့ ဝင်ရန်အရည်အချင်းမမှီကြ ။

လင်းကျစ်ရန်က အမြင်ရှင်းသည် ။ ဒီကောင်လေးတွေက ဘယ်လိုလုပ်ပြီး မူယန်ကိုယှဥ်နိုင်မှာလဲ ။ မူယန်က မွေးကတည်းက ထိပ်ဆုံးမှာရှိနေတာ ။ ရွှေဇွန်းကိုက်ပြီးမွေးလာတယ်လို့ ပြောရင်တောင်သူ့ရဲ့အောင်မြင်မှုနဲ့ အဆင့်အတန်းကို ဖော်ပြဖို့လုံလောက်မှာမဟုတ် ။

သုံးလောကမှာ တကယ်လို့ ရွှမ်းရန်က သူတို့ကို ကမ္ဘာပေါ်မှာဒုတိယ လို့ပြောလိုက်လျှင် မည်သူကမှ သူတို့ကိုယ်သူတို့ နံပါတ်တစ်လို့ မကျွေးကြော်ရဲကြ။ မူယန်ရဲ့ခန္ဓာကိုယ်က ရွှမ်းရန်ရဲ့ ဝိညာဥ်အပိုင်းအစတစ်ခုသာဖြစ်ပေမယ့် အဲ့ဒါက နတ်ဘုရားတစ်ပါးအဖြစ်မွေးဖွားလာသလိုမျိုးနှင့် တူညီသည် ။ တစ်ခြားလူများကမူ အားကျနေရုံသာတတ်နိုင်သည် ။

မကြာခင်မှာပင် မူယန်သည် ကျောက်နံရံ၏ရှေ့သို့ရောက်လာ၏ ။ အရှေ့က လူများ၏ ရှုံးနိမ့်မှုများကြောင့် ပွဲကြည့်ပရိတ်သတ်မှာ စိတ်ဝင်စားမှုကျဆင်းလာပြီး ဒီတစ်ခါလည်း အတူတူပဲလို့ ထင်မှတ်ကြသည် ။ တစ်ချို့ဆို အိမ်ပြန်ဖို့တောင် ပြင်ကြလေပြီ ။ ကျိုးယွဲ့ကိုယ်တိုင်ကပင် မျက်လွှာချကာ ငိုက်မျဥ်းပြီး ပင်ပန်းနေပုံပေါ်သည် ။

မူယန်ကမူ ဘာကိုမှ ဂရုမစိုက်ပေ ။ ကျောက်နံရံကိုကြည့်လိုက်ပြီး တွေဝေခြင်းလုံးဝမရှိ ။ သူက ဘာအကွက်မှထုတ်မသုံးဘဲ ရိုးရှင်းစွာပင် လက်ဝါးဖြင့် တစ်ချက်ရိုက်လိုက်သည် ။ တစ်ခဏအတွင်းမှာပင် လူအားလုံးမှာ မျက်လုံးမှိတ်လိုက်​ကြလေသည် ။ တောက်ပသောအလင်းရောင်သည် ကောင်းကင်ပေါ်သို့ဆန်တက်သွားကာ အရပ်လေးမျက်နှာကို ထွန်းလင်းလိုက်လေသည် ။ အရှေ့က ဖျော့တော့သော အလင်းတန်းများနှင့်ယှဥ်လျှင် ပိုးစုန်းကြူး၏ သေးငယ်သော အလင်းပျောက်နှင့် လရောင်ပမာကွာခြားလှပေသည် ။

လင်းကျစ်ရန်ကအစောပိုင်းကတည်းက မျက်လုံးကို ကြိုပြီးမှိတ်ထားခဲ့သည် ။ အလင်းရောင်က ဖြည်းဖြည်းချင်းမှိန်သွားမှ ပတ်ပတ်လည်ရှိလူများ၏ ကြောင်အမ်းနေသောအမူအရာကိုကြည့်ရင်း ဂုဏ်ယူနေမိသည် ။ ကျိုးယွဲ့၏ ကျုံ့ထားသောမျက်လုံးများက ဖြည်းညှင်းစွာ ​ပြူးကျယ်လာပြီး ပါးစပ်ပင်မစေ့နိုင်ဖြစ်ကာ အံ့သြမှင်တက်လို့နေသည် ။

သူက ဒါဇင်ထက်မကတဲ့ လူရွေးပွဲတွေကို ကြီးကြပ်ဖူးသော်လည်း ယခုလိုမြင်ကွင်းမျိုးကို တစ်ခါမှ မမြင်ဖူးခဲ့ရုံသာမက ကြားပင်မကြားဖူးခဲ့ချေ ။ ဝိညာဥ်ကျောက်တုံးအား ဒီလိုအလင်းရောင်မျိုး ထုတ်လွှတ်စေနိုင်သည့် လူများရှိသော်လည်း ဒီတောက်ပမှုကမူ ကျောက်တုံး၏ ခံနိုင်ရည်ထက်ပင်ကျော်လွန်နေလေသည် ။

အရမ်းကို ထူးခြားလွန်းတဲ့ ပါရမီရှင်ပါလား!

❤❤❤❤❤

Zawgyi.

လူအုပ္ႀကီးၾကားတြင္ လင္းက်စ္ရန္တစ္ေယာက္ အတြန္းခံလိုက္ရအတိုက္ခံလိုက္ရျဖင့္ ၾကားညႇပ္လို႔ေနေတာ့သည္ ။ ဒါက အိုင္ေဒါေတြကိုအၿပိဳင္အဆိုင္အားေပးၾကသည့္ ျမင္ကြင္းလိုမ်ိဳးပင္ ။ စိတ္ႀကီးဝင္ေနသည့္ လူအုပ္ႀကီးမွာ သူတို႔သေဘာက်သည့္အိုင္ေဒါႏွင့္ ပရိတ္သတ္အုပ္စု ကိုယ္စီ႐ွိၾကသည္ ။ ပရိတ္သတ္ေတြေတြးၾကတာက သူတို႔ရဲ႕အိုင္ေဒါကသာ အေတာ္ဆုံးဟု ။ ဒါေပမယ့္သူတို႔မသိၾကတာက အဲ့ဒီအေျမႇာက္စာNPC ေတြအကုန္ေပါင္းလိုက္ရင္ေတာင္ သူ႕ရဲ႕နတ္မိမယ္ေလးမူယန္ရဲ႕ လက္ေခ်ာင္းတစ္ေခ်ာင္းစာေလာက္ေတာင္ အစြမ္း႐ွိမွာမဟုတ္ဘူး ။

လင္းက်စ္ရန္သည္ ဂုဏ္ယူမႈအျပည့္ႏွင့္ ။ တကယ္လို႔ မူယန္မွာ ပရိတ္သတ္တစ္ေယာက္ပဲ႐ွိတယ္ဆိုရင္ေတာင္ လင္းက်စ္ရန္ကသူ႕အတြက္ အလံလႊင့္ၿပီး အားေပးမည္ ။ ဒါက အမွန္တရားပဲ ။

လင္းက်စ္ရန္သည္ လက္ခုပ္ႏွစ္ဖက္ကို ပါးစပ္နားသို႔ ကပ္ၿပီးရဲရဲေတာက္မ်က္ဝန္းမ်ားျဖင့္အေ႐ွ႕သို႔ၾကည့္ကာ ေအာ္ဟစ္လိုက္ျပန္၏ ။ " မူယန္က အေတာ္ဆုံး..မူယန္က ကမ႓ာေပၚမွာ နံပါတ္တစ္ပဲ! "

ပတ္ပတ္လည္႐ွိလူမ်ားမွာ သူက အလြန္အမင္း က်ယ္ေလာင္စြာေအာ္ဟစ္လိုက္ေသာေၾကာင့္ လန္႔ျဖန္႔ကုန္ၾကၿပီးေနာက္ သူတို႔လည္းအားၾကမခံ ေအာ္ဟစ္ၾကေလသည္ ။ မူအိမ္ေတာ္က မိုင္ရာခ်ီေဝးတဲ့ စုန္က်ိဳးၿမိဳ႕ငယ္ေလးကေနလာၿပိဳင္တာ ။ သူတို႔ လူအုပ္ႀကီးက ဖုန္းဟယ္ၿမိဳ႕ခံေတြ ပင္။ ဘယ္လိုလုပ္ၿပီး အျပင္လူတစ္ေယာက္ကို အ႐ႈံးေပးႏိုင္ရမွာလဲ ။

ေဘးႏွစ္ဖက္က အားေပးသံမ်ားမွာ ပို၍က်ယ္ေလာင္လာသည္ ။ ​စင္ျမင့္ထက္႐ွိၿပိဳင္ပြဲက မစရေသးေသာ္ျငား ပြဲၾကည့္ပရိတ္သတ္၏ အားေပးမႈမ်ားက ျမင့္တက္လာေလသည္။

လင္းက်စ္ရန္သည္ အားႀကိဳးမာန္တက္ေအာ္ဟစ္ေသာ္လည္း လူအုပ္ႀကီးကိုမယွဥ္ႏိုင္သျဖင့္ သူ႕အသံမွာတျဖည္းျဖည္း ဖုံးလႊမ္းခံလိုက္ရကာ စိတ္ပ်က္အားေလ်ာ့သြားေတာ့သည္ ။ ထိုစဥ္မွာပင္ မူယန္က ႐ုတ္တရက္ေခါင္းလွည့္လာၿပီး လင္းက်စ္ရန္ကို စိုက္ၾကည့္လာသည္ ။ မူယန္က သူ႕အသံကိုၾကားရတာလား ။ လင္းက်စ္ရန္က သူ႕ကို အားေပးေသာအၾကည့္ျဖင့္ တည္ၾကည္စြာၾကည့္လိုက္သည္ ။

မူယန္သည္ လူအုပ္ႀကီးဘက္သို႔ လွည့္လာၿပီး တစ္ခ်က္ၾကည့္လိုက္႐ုံျဖင့္ ပိန္လွီေသာ ဆယ္ေက်ာ္သက္ေကာင္ေလးကိုျမင္လိုက္ရၿပီး ထိုေကာင္ေလးကသူ႕အားမမွိတ္မသုန္စိုက္ၾကည့္ေနလ်က္ ။ စင္ေအာက္တြင္ လူေတြဘယ္ေလာက္ေတာင္ အုံဖြဲ႕ေနပါေစ သူ႕မ်က္လုံးထဲတြင္ ထိုေကာင္ေလးတစ္ဦးတည္းကိုသာ ျမင္ရၿပီး တစ္ခ်က္ၾကည့္လိုက္႐ုံျဖင့္ ႐ွာေတြ႕ႏိုင္သလိုမ်ိဳးပင္ ထိုေကာင္ေလးဘက္ကလည္းအတူတူပင္ ။

မူယန္၏ ႏႈတ္ခမ္းေထာင့္မ်ားသည္ အလိုအေလ်ာက္ ေကာ့တက္သြားရသည္ ။ စိတ္ခ်ပါ..ငါမင္းကို စိတ္မပ်က္ေစရဘူး ။

မၾကာခင္မွာပင္ ၿပိဳင္ပြဲဝင္အားလုံး စုံညီစြာေရာက္႐ွိလာၾကသည္ ။ စင္ျမင့္ထက္မွ ေခါင္းေလာင္းသံ ၾကားသည္ႏွင့္ ပရိတ္သတ္လူအုပ္ႀကီးသည္လည္း ခ်က္ခ်င္း တိတ္ဆိတ္သြားၾကေလ၏ ။

အျပာေရာင္ဝတ္႐ုံဝတ္ထားသည့္ သက္လတ္ပိုင္းအ႐ြယ္တာအိုပညာ႐ွင္တစ္ေယာက္က အေ႐ွ႕သို႔ေလွ်ာက္လာသည္ ။ သူဟာ နက္ျပာေရာင္ဝတ္႐ုံကို ဝတ္ဆင္ထားၿပီး ခႏၶာကိုယ္ကဝ​ၿဖိဳးကာ မ်က္ႏွာခပ္ဝိုင္းဝိုင္းႏွင့္အတူ ရည္မြန္ေသာအျပဳံးတစ္ပြင့္႐ွိ၏ ။ ခါးထက္တြင္ ေသရည္ထည့္သည့္ဘူးသီးေျခာက္တစ္လုံးကို ခ်ိတ္ဆြဲထားၿပီး ခုႏွစ္ထြာမွ်႐ွည္လ်ားေသာဓား႐ွည္တစ္လက္ကိုေက်ာတြင္လြယ္ထားကာ ၎ဓား႐ွည္က သူ၏အသြင္အျပင္ႏွင့္ေသြဖည္ေနေခ်သည္ ။႐ွည္လ်ားၿပီးေသးသြယ္ေသာ အသြားႏွစ္ဖက္ဓား႐ွည္၏ လက္ကိုင္႐ိုးတြင္ ပန္းဆီေရာင္ပန္းပြားတစ္ခု ခ်ိတ္ဆြဲထားရာ အမ်ိဳးသမီးက်င့္ၾကံသူမ်ားကိုင္ေဆာင္ေသာ ဓား႐ွည္ႏွင့္ဆင္တူေပသည္ ။

က်င့္ၾကံသူမ်ားမွာ အလြန္ထူးျခားေသာ ပင္ကိုယ္အရည္အေသြးမ်ား႐ွိၾကၿပီး အားလုံးက ထူးျခားေသာလူမ်ားျဖစ္ၾကပါေသာ္လည္း ဒီလူကမူ အရမ္းမထူးဆန္းလွေပ ။

သူက ပတ္ပတ္လည္ကိုၾကည့္လိုက္ၿပီး ျပဳံးကာဆို၏ ။ " အခု ေ႐ြးခ်ယ္ပြဲကို တရားဝင္စတင္ပါမယ္ "

သူက သာမန္အတိုင္းသာေျပာလိုက္ေသာ္လည္း သူ၏အသံမွာ ပရိတ္သတ္တစ္ေယာက္ခ်င္းစီ၏ နားထဲသို႔ျပတ္သားစြာဝင္ေရာက္သြားေလသည္ ။ အဲ့ဒီ အႏၲရာယ္ကင္းတဲ့အျပဳံးကိုပဲ ၾကည့္ၿပီးမဆုံးျဖတ္လိုက္ႏွင့္... ။ သူက စင္ၾကယ္ေသာနန္းေတာ္႐ွိ စည္းကမ္းၾကပ္မတ္ေရးနန္းေဆာင္မွအႀကီးအကဲ က်ိဳးယြဲ႕ပင္ျဖစ္ေလၿပီး ဖုန္းဟယ္ၿမိဳ႕အပါအဝင္ၿမိဳ႕ေပါင္းကိုးၿမိဳ႕နယ္အတြက္ေ႐ြးခ်ယ္မႈတြင္ တာဝန္က်သည့္ စစ္ေဆးေရးမႈးပင္ ျဖစ္သည္ ။

" ဒါက အရမ္းကို႐ိုး႐ွင္းပါတယ္..နည္းလမ္းေဟာင္းအတိုင္းပါပဲ..အားလုံး မစိုးရိမ္ၾကပါနဲ႔ " က်ိဳးယြဲ႕က ရယ္ေမာကာ လက္ဖဝါးအ႐ြယ္အစားေလာက္႐ွိသည့္ ပုံေဆာင္ခဲတစ္ခုကိုထုတ္လိုက္ၿပီး ေျမျပင္ေပၚသို႔ပစ္ခ်လိုက္သည္ ။ အႏွီပုံေဆာင္ခဲမွာ ေျမျပင္ႏွင့္ထိခတ္မိလိုက္ၿပီးေနာက္ ဆယ္မီတာမွ်ႀကီးမားေသာ နံရံႀကီးအျဖစ္သို႔ေျပာင္းလဲသြားေလသည္ ။

လင္းက်စ္ရန္က ဇတ္ၫႊန္းဖတ္ထားၿပီးသား ျဖစ္၍ ေ႐ြးခ်ယ္သည့္နည္းလမ္းကိုသိထား၏ ။ ဒီေက်ာက္နံရံက စင္ၾကယ္ေသာနန္းေတာ္မွ ျပဳလုပ္ထားေသာ ဆန္းသပ္ေမွာ္လက္နက္တစ္ခုျဖစ္ၿပီး အလြန္ထူးျခားသည္ ။ ဒါက တစ္ဖက္လူ၏ တိုက္ခိုက္မႈအားကိုစုပ္ယူၿပီး ခြန္အားႏွင့္ စြမ္းရည္ကို ဆုံးျဖတ္ေပးႏိုင္သည္ ။ နည္းလမ္းက အရမ္းကို႐ိုး႐ွင္းသည္...လူတိုင္းက ဒီေက်ာက္နံရံကို အားသုံး၍ လက္ဝါးျဖင့္တစ္ခ်က္႐ိုက္လိုက္႐ုံျဖင့္ ၎က တိုက္ခိုက္သူ၏ ဝိညာဥ္စြမ္းအားႏွင့္ သန္႔စင္မႈကို အကဲျဖတ္ေပးလိမ့္မည္ ။ အသက္အ႐ြယ္မွာ ကန္႔သတ္မႈ႐ွိၿပီး ႏွစ္ဆယ္ေအာက္ျဖစ္ရမည္ ။ ေဆးဝါးမ်ားအသုံးျပဳလွ်င္လည္း အသုံးမဝင္ေပ ။ျပင္ပစြမ္းအားအကူ မပါဘဲဝိညာဥ္စြမ္းအားႏွင့္ သန္႔စင္မႈအဆင့္အလိုက္ ေက်ာက္နံရံက ပို၍ေတာက္ပလာလိမ့္မည္ပင္ ။

စင္ျမင့္ထက္႐ွိ ဆယ္ေက်ာ္သက္ေလးမ်ားအားလုံးမွာ မိမိကိုယ္ကို ယုံၾကည္မႈအျပည့္ႏွင့္ပင္ ။ သူတို႔အားလုံးက မ်ိဳး႐ိုးျမင့္မိသားစုမ်ားမွ ဆင္းသက္လာၾကသူမ်ားပီပီ မာနႀကီးၿပီး ကိုယ္ရည္ေသြးေလ့႐ွိၾကသည္ ။ ပိုေတာ္တဲ့လူက အၿမဲ႐ွိေနမွန္း သူတို႔မသိၾကေပ ။

က်ိဳးယြဲ႕သည္ သူ႕အေ႐ွ႕႐ွိ လူငယ္ေလးကို ၾကင္နာစြာၾကည့္လိုက္သည္ ။ ထို႔ေနာက္ ေငြေရာင္ပိုးထည္ဝတ္ထားသည့္ ထိုလူငယ္ေလးကို လက္ညိႇဳးထိုးလိုက္ကာ ညင္သာစြာဆို၏ ။ " ဒီက လူေလး အရင္ဆုံးစလိုက္...ဘာမွမစိုးရိမ္နဲ႔...အားကုန္သုံးၿပီး တစ္ခ်က္႐ိုက္လိုက္..ေက်ာက္နံရံ ကြဲသြားမွာ ေၾကာက္ဖို႔မလိုဘူး "

ေငြေရာင္ပိုးထည္ဝတ္ထားသည့္ လူငယ္ေလးမွာ အသက္ျပင္းျပင္း႐ႈၿပီးေက်ာက္နံရံဆီသို႔ ေလွ်ာက္လာလိုက္သည္ ။ စင္ေအာက္႐ွိ သူ၏ ပရိတ္သတ္မ်ားက ေအာ္ဟစ္အားေပးေနၾကလ်က္ ။ ဒါက သူ႕ကို အနည္းငယ္ဖိအားျဖစ္ေစသည္ ။ သူက မ်က္လုံးမွိတ္ကာ လက္ဖဝါးတြင္ ဝိညာဥ္စြမ္းအား အကုန္ထည့္လိုက္ၿပီး ေက်ာက္နံရံကို ႐ိုက္လိုက္ေလသည္ ။

ခ်က္ခ်င္းဆိုသလိုပင္ ပြဲၾကည့္ပရိတ္သတ္၏ အသံမ်ားမွာ ေပ်ာက္႐ွသြားၿပီး ျမင္ကြင္းတစ္ခုလုံးတိတ္ဆိတ္သြားေလ၏ ။ လူငယ္ေလးမွာ အရမ္းကိုစိတ္လႈပ္႐ွားေနသည္ ။ သူေအာင္ျမင္သြားတာလား ၊ ဒါမွမဟုတ္႐ႈံးနိမ့္သြားတာလား ။ ဘာလို႔ ႐ုတ္တရက္တိတ္ဆိတ္သြားရတာလဲ ။

သူက မ်က္လုံးကိုျဖည္းညႇင္းစြာဖြင့္ၾကည့္လိုက္ေသာ္ ေက်ာက္နံရံေပၚတြင္ မွိန္ေဖ်ာ့ေသာအလင္းတစ္ခုကိုသာျမင္လိုက္ရၿပီး လ်င္ျမန္စြာပင္ ေပ်ာက္ကြယ္သြားေလသည္ ။ ဒါ မျဖစ္ႏိုင္ဘူး ။ လူငယ္ေလး၏မ်က္ႏွာက ျဖဴေဖ်ာ့သြား၏ ။ ဘာျဖစ္လို႔ ဒီေလာက္အထိအ​ေျခအေနဆိုးရတာလဲ ။

က်ိဳးယြဲ႕က ျပဳံးလ်က္ပင္ လူငယ္ေလး၏ ပုခုံးကိုပုတ္ေပးလိုက္ၿပီးဆို၏ ။ " ဒါပုံမွန္ပဲ..ဒီလူအိုႀကီးကဒါဇင္ထက္မကတဲ့လူေ႐ြးပြဲေတြကို ႀကီးၾကပ္ဖူးတယ္..မင္းက လုံးဝသာမန္ပါပဲ...လူအမ်ားစုက မင္းနဲ႔အဆင့္အတူတူပဲ...ဒီကေလးကေတာ္ေပမယ့္ စင္ၾကယ္ေသာနန္းေတာ္ကို ဝင္ဖို႔ အရည္အခ်င္းေတာ့မမွီဘူး..သြားေတာ့..ေနာက္တစ္ေယာက္လာခဲ့ "

အျခားေသာ ဆယ္ေက်ာ္သက္ေလးမ်ားမွာ ျဖဴေဖ်ာ့သြားၾကေလသည္ ။ ". ... "

ဘာ၊ အမ်ားစုက အတူတူပဲ တဲ့လား။ ဒီစမ္းသပ္မႈက ဒီေလာက္ေတာင္ခက္တာလား ။ စင္ေပၚ႐ွိ လူမ်ားသည္ တစ္ဦးႏွင့္တစ္ဦး အခုမွသာစတင္သိကြၽမ္းၾကၿပီး သူတို႔က လိုက္ဖက္တဲ့ၿပိဳင္ဘက္ေကာင္းေတြလို႔ ခံစားခဲ့ရသည္ ။ သို႔ေသာ္ ဘယ္သူထင္ထားပါ့မလဲ...။

ဒီျမင္ကြင္းကိုၾကည့္ေနသည့္ လင္းက်စ္ရန္မွ ဝါးလုံးကြဲေအာင္ ရယ္ေမာမိေတာ့ မလိုပင္ ။ ဒီလိုေျပာတာက သူတို႔ကို ပိုၿပီးစိုးရိမ္သြားေစမယ္ဆိုတာ ဒီလူဝႀကီးမသိဘူးလား ။

ဒီအေၾကာင္းကိုေျပာရလွ်င္ က်ိဳးယြဲ႕က ဇာတ္ၫႊန္းတြင္ နာမည္ပါေသာျဖတ္ေလွ်ာက္ဇာတ္ပို႔ တစ္ေယာက္ပင္ ။ စည္းကမ္းၾကပ္မတ္ေရးနန္းေဆာင္၏ အႀကီးအကဲတစ္ဦးျဖစ္သည့္က်ိဳးယြဲ႕မွာ ရဲရင့္ၿပီး ေပ်ာ္ေပ်ာ္ေနတတ္ကာ အစားအေသာက္မ်ားကို သေဘာက်သည္ ။ သူက စင္ၾကယ္ေသာနန္းေတာ္တြင္ မူယန္၏ မိတ္ေဆြေကာင္းတစ္ေယာက္ျဖစ္လာလိမ့္မည္ ။ ဒါေပမယ့္ ဒီေလာက္ စကားအေျပာဆိုး လိမ့္မယ္လို႔ မထင္ထားဘူး...။

ဆယ္ေက်ာ္သက္ေလးအားလုံးမွာ စိုးရိမ္ၿပီး ထိတ္လန္႔ေနၾကေသာ္လည္း ေခါင္းငုံ႔ကာ တစ္ေယာက္ခ်င္းစီ အေ႐ွ႕သို႔ထြက္လာၾကသည္ ။ ရလဒ္က က်ိဳးယြဲ႕ေျပာခဲ့သည့္အတိုင္းပင္ ။ အခု စမ္းသပ္လိုက္ေသာလူငယ္ေလး၏အဆင့္က က်န္႐ွိေနေသာလူအမ်ားစု၏အဆင့္ႏွင့္ အတူတူပင္ ျဖစ္သည္ဟု ။

ကိုးဆယ္ရာခိုင္ႏႈန္းေသာ လူငယ္မ်ားမွာ ေဖ်ာ့ေတာ့ေသာအလင္းကိုသာ ထုတ္လႊတ္ႏိုင္ၿပီး လူအနည္းစုေလာက္သာ ေက်ာက္နံရံကို စကၠန္႔အနည္းငယ္ၾကာေအာင္အထိေတာက္ပေအာင္စြမ္းေဆာင္ႏိုင္ၾကသည္ ။ ဒါေပမယ့္ စင္ၾကယ္ေသာနန္းေတာ္၏ သတ္မွတ္ထားေသာစံႏႈန္းကို မျပည့္မွီေပ ။ ပြဲၾကည့္ပရိတ္သတ္၏ စိတ္ဝင္စားမႈမွာလည္း ျဖည္းျဖည္းခ်င္း ေလ်ာ့က်သြားၿပီး ျမင္ကြင္းက တိတ္ဆိတ္လို႔ေနသည္ ။

ဘယ္လိုေတာင္ စိတ္ဓာတ္က်ဖို႔ေကာင္းလိုက္လဲ ။ သူတို႔၏ အျမင္တြင္ အရမ္းကိုပါရမီေကာင္းသည့္ မာနႀကီးေသာ လူငယ္ေလးမ်ားမွာ စင္ၾကယ္ေသာနန္းေတာ္သို႔ ဝင္ရန္အရည္အခ်င္းမမွီၾက ။

လင္းက်စ္ရန္က အျမင္႐ွင္းသည္ ။ ဒီေကာင္ေလးေတြက ဘယ္လိုလုပ္ၿပီး မူယန္ကိုယွဥ္ႏိုင္မွာလဲ ။ မူယန္က ေမြးကတည္းက ထိပ္ဆုံးမွာ႐ွိေနတာ ။ ေ႐ႊဇြန္းကိုက္ၿပီးေမြးလာတယ္လို႔ ေျပာရင္ေတာင္သူ႕ရဲ႕ေအာင္ျမင္မႈနဲ႔ အဆင့္အတန္းကို ေဖာ္ျပဖို႔လုံေလာက္မွာမဟုတ္ ။

သုံးေလာကမွာ တကယ္လို႔ ႐ႊမ္းရန္က သူတို႔ကို ကမ႓ာေပၚမွာဒုတိယ လို႔ေျပာလိုက္လွ်င္ မည္သူကမွ သူတို႔ကိုယ္သူတို႔ နံပါတ္တစ္လို႔ မေကြၽးေၾကာ္ရဲၾက။ မူယန္ရဲ႕ခႏၶာကိုယ္က ႐ႊမ္းရန္ရဲ႕ ဝိညာဥ္အပိုင္းအစတစ္ခုသာျဖစ္ေပမယ့္ အဲ့ဒါက နတ္ဘုရားတစ္ပါးအျဖစ္ေမြးဖြားလာသလိုမ်ိဳးႏွင့္ တူညီသည္ ။ တစ္ျခားလူမ်ားကမူ အားက်ေန႐ုံသာတတ္ႏိုင္သည္ ။

မၾကာခင္မွာပင္ မူယန္သည္ ေက်ာက္နံရံ၏ေ႐ွ႕သို႔ေရာက္လာ၏ ။ အေ႐ွ႕က လူမ်ား၏ ႐ႈံးနိမ့္မႈမ်ားေၾကာင့္ ပြဲၾကည့္ပရိတ္သတ္မွာ စိတ္ဝင္စားမႈက်ဆင္းလာၿပီး ဒီတစ္ခါလည္း အတူတူပဲလို႔ ထင္မွတ္ၾကသည္ ။ တစ္ခ်ိဳ႕ဆို အိမ္ျပန္ဖို႔ေတာင္ ျပင္ၾကေလၿပီ ။ က်ိဳးယြဲ႕ကိုယ္တိုင္ကပင္ မ်က္လႊာခ်ကာ ငိုက္မ်ဥ္းၿပီး ပင္ပန္းေနပုံေပၚသည္ ။

မူယန္ကမူ ဘာကိုမွ ဂ႐ုမစိုက္ေပ ။ ေက်ာက္နံရံကိုၾကည့္လိုက္ၿပီး ေတြေဝျခင္းလုံးဝမ႐ွိ ။ သူက ဘာအကြက္မွထုတ္မသုံးဘဲ ႐ိုး႐ွင္းစြာပင္ လက္ဝါးျဖင့္ တစ္ခ်က္႐ိုက္လိုက္သည္ ။ တစ္ခဏအတြင္းမွာပင္ လူအားလုံးမွာ မ်က္လုံးမွိတ္လိုက္​ၾကေလသည္ ။ ေတာက္ပေသာအလင္းေရာင္သည္ ေကာင္းကင္ေပၚသို႔ဆန္တက္သြားကာ အရပ္ေလးမ်က္ႏွာကို ထြန္းလင္းလိုက္ေလသည္ ။ အေ႐ွ႕က ေဖ်ာ့ေတာ့ေသာ အလင္းတန္းမ်ားႏွင့္ယွဥ္လွ်င္ ပိုးစုန္းၾကဴး၏ ေသးငယ္ေသာ အလင္းေပ်ာက္ႏွင့္ လေရာင္ပမာကြာျခားလွေပသည္ ။

လင္းက်စ္ရန္ကအေစာပိုင္းကတည္းက မ်က္လုံးကို ႀကိဳၿပီးမွိတ္ထားခဲ့သည္ ။ အလင္းေရာင္က ျဖည္းျဖည္းခ်င္းမွိန္သြားမွ ပတ္ပတ္လည္႐ွိလူမ်ား၏ ေၾကာင္အမ္းေနေသာအမူအရာကိုၾကည့္ရင္း ဂုဏ္ယူေနမိသည္ ။ က်ိဳးယြဲ႕၏ က်ံဳ႕ထားေသာမ်က္လုံးမ်ားက ျဖည္းညႇင္းစြာ ​ျပဴးက်ယ္လာၿပီး ပါးစပ္ပင္မေစ့ႏိုင္ျဖစ္ကာ အံ့ၾသမွင္တက္လို႔ေနသည္ ။

သူက ဒါဇင္ထက္မကတဲ့ လူေ႐ြးပြဲေတြကို ႀကီးၾကပ္ဖူးေသာ္လည္း ယခုလိုျမင္ကြင္းမ်ိဳးကို တစ္ခါမွ မျမင္ဖူးခဲ့႐ုံသာမက ၾကားပင္မၾကားဖူးခဲ့ေခ် ။ ဝိညာဥ္ေက်ာက္တုံးအား ဒီလိုအလင္းေရာင္မ်ိဳး ထုတ္လႊတ္ေစႏိုင္သည့္ လူမ်ား႐ွိေသာ္လည္း ဒီေတာက္ပမႈကမူ ေက်ာက္တုံး၏ ခံႏိုင္ရည္ထက္ပင္ေက်ာ္လြန္ေနေလသည္ ။

အရမ္းကို ထူးျခားလြန္းတဲ့ ပါရမီ႐ွင္ပါလား!

❤❤❤❤❤

Seguir leyendo

También te gustarán

2.7M 74.9K 20
"ညိုလဲ လူတွေထဲက လူသားတစ်ယောက်ပါ ညို့ရဲ့ ဖြစ်တည်မှုက ဘယ်သူတွေကို ထိခိုက်နေလို့လဲ..မေမေ" "ညို မရှင်သန်ချင်တော့ဘူး... ဒီလောကကြီးမှာ ညိုတို့လိုလူတွေအတွက်...
2.9M 191K 103
ဘုန်းပြည့်ချမ်းဟန်ဆိုတာ ချမ်း, တစ်ယောက် တည်းရဲ့အမည်နာမပဲဖြစ်စေရမယ်...။ 1.10.2021 >> 6.2.2022
740K 56.7K 103
All photos I use are not mine. It's all from google. Both Unicode and Zawgyi. "ငါမင္းကိုသိပ္မုန္းတယ္ေမာင္" "ေမာင္မင္းကိုရေအာင္ျပန္ကယ္မယ္ ေမာင့္လူဆိုး...
646K 71.5K 90
ကူးပြောင်းပြီးတော့ ရှေးခေတ် ကိုယ်ထဲ ရောက်သွားတဲ့ ဟာလေးပါ။ သူ့ဘဲကြီး က လွတ်ချစ်တာပါ။ သဝန်လည်းတိုပါတယ်။ ကဲ အပိုင်း ၆၀ ကျော်ပေမယ့် စာလုံးရေ က တစ်ပိုင်း...