ဝင်္ကပါထဲက သရဲစံအိမ် [Complet...

By cuttiehsumindooly

122K 18.8K 14.6K

မကြောက်တတ်သူများ ဖတ်ပါ 😌😌 ငိုချင်သူများ နှင့်​ မရယ်​ချင်​သူများမဖတ်​ရ🙊🙊 ✌Kim Namjoon ✌Kim Seok Jin ... More

ဝင်္ကပါ (နိဒါန်း)
ဝင်္ကပါ (မှတ်တမ်း - ၁)
ဝင်္ကပါ ( မှတ်တမ်း - ၂)
ဝင်္ကပါ ( မှတ်တမ်း - ၃ )
ဝင်္ကပါ (မှတ်တမ်း - ၄)
ဝင်္ကပါ (မှတ်တမ်း - ၅)
ဝင်္ကပါ (မှတ်တမ်း - ၆)
ဝင်္ကပါ (မှတ်တမ်း - ၇)
ဝင်္ကပါ (မှတ်တမ်း - ၈)
ဝင်္ကပါ ( မှတ်တမ်း - ၉)
ဝင်္ကပါ (မှတ်တမ်း - ၁၀)
ဝင်္ကပါ (မှတ်တမ်း - ၁၁)
ဝင်္ကပါ (မှတ်တမ်း - ၁၂)
ဝင်္ကပါ (မှတ်တမ်း - ၁၃)
ဝင်္ကပါ (မှတ်တမ်း - ၁၄)
ဝင်္ကပါ (မှတ်တမ်း - ၁၅)
ဝင်္ကပါ (မှတ်တမ်း - ၁၆)
ဝင်္ကပါ (မှတ်တမ်း - ၁၇)
ဝင်္ကပါ (မှတ်တမ်း - ၁၈)
ဝင်္ကပါ (မှတ်တမ်း - ၁၉)
ဝင်္ကပါ (မှတ်တမ်း - ၂၀)
ဝင်္ကပါ (နိဂုံး - အဆုံး)
Surprise ? Season 3 ?
👻Horror Fics👻
Instock 📣
Give Away 📣 [Closed]
Winner Announcement 🎉

ဝင်္ကပါ ( နိဂုံး - အစ)

2.8K 507 226
By cuttiehsumindooly

Unicode 📌

ဒီစံအိမ်ကြီးက တကယ်ပဲ ဘာလဲ .....။

ပြန်ပြုပြင်ထားတာဆိုရင်ရော
ဘယ်သူက လုပ်ထားတာလဲ....။

အဘယ်သို့ ထူးဆန်းမှုတွေ
တည်ရှိနေသေးတာလဲ ...။

နောက်ပြီး Admin ဘိုးတော်ကရော ဘာ့ကြောင့် ဒီမြေအောက်ခန်းကိုမှ အသည်းအသန်ရှာနေရတာလဲ ...။

အဖြေမရှိတဲ့ အမေးတွေကသာ ကိုယ်စီကိုယ်စီ အတွေးဝယ် လှည့်လည်ကျက်စားနေခဲ့လေတော့တယ် ။

ထိုအချိန်မှာပဲ

တိတ်ဆိတ်နေတဲ့ သူတို့ကြား အသံတခုက
ဟိုဆော့အနားမှ ပေါ်ထွက်လာတော့
အားလုံးလန့်ဖြန့်ကုန်ကြလေတော့တယ်။

ထိုအရာကတော့ ........။

************

အမှောင်မိုက်ဆုံးအချိန်ဟာ
အလင်းရောင်ထွက်ပေါ်လာဖို့
အနီးကပ်ဆုံးအချိန်တဲ့

အလင်းနဲ့ ဆုံစည်းနိုင်ဖို့
အမှောင်မိုက်ဆုံးကို ဖြတ်ကျော်ရမှာ
ဓမ္မတာပါပဲလေ။

မာယာလှည့်ကွက်တွေရဲ့
အဆုံးသတ်
ဝင်္ကပါရဲ့ လမ်းဆုံးမှာတော့
ရောင်နီသဲ့သဲ့
ထွက်​ပေါက်တချပ်
ကမ်းလင့်လို့ကြိုတယ် ။

ပြောလိုက်စမ်းပါ
ဒါဟာ အဆုံးသတ် တိုက်ပွဲ လို့။

®®®®® ဝင်္ကပါထဲက သရဲစံအိမ် ®®®®®

"ဟလို.... ဂျစ် ... ဂျစ်... ကြားလား"

ဟိုဆော့ လက်ထဲ ကိုင်ဆောင်ထားတဲ့ ဝေါ်ကီတော်ကီစက်မှ Admin ဘိုးတော်ရဲ့ အသံကြီးက ရုတ်တရက် ထိုသို့ ထွက်ပေါ်လာသည်မို့ အားလုံး လန့်ဖြန့်သွားမိကြလေတယ်။

တကယ်ဆို သူတို့ ထိုဘိုးတော်ကို မေ့လျော့နေခဲ့ကြလေတာ။

ဖုတ်လေတဲ့ ငပိ ရှိတယ်လို့တောင် မထင်ရလောက်အောင် မေ့လျော့ပြီး အာရုံကိုယ်စီနဲ့ အန္တရာယ်တွေကြား တိုက်ပွဲနေခဲ့ရလေတော့ ထိုဘိုးတော်နဲ့ အပြန်အလှန် အဆက်အသွယ်လုပ်ဖို့ကိုပင် စိတ်ကူးမရှိဖြစ်နေခဲ့ကြတယ်မလားလေ။

ဒါ့ကြောင့်လဲ မကြားတာ ကြာနေပြီဖြစ်တာမို့ တဂျစ်ဂျစ် ထကာ မြည်လာတတ်တဲ့ ထိုဝေါ်ကီတော်ကီစက်သံကြီးကို အခုလို ရုတ်တရက် ကြားကြားချင်းမှာ ပြန်ပြီး လန့်ဖြန့်သွားမိခဲ့ကြခြင်းပင်။

"လျို့ဝှက် မြေအောက် ခန်း (ဂျစ်ဂျစ်)
ရှာတွေ့ခဲ့ပြီပဲ ဟားဟားဟား (ဂျစ်)
တော်တယ်ကွာ (ဂျစ်) မင်းတို့က .....။
နောက်ဆုံးတော့... (ဂျစ်ဂျစ်)
ငါတို့ရဲ့ ပန်းတိုင်ရောက်တော့မယ်ကွ (ဂျစ်)"

ဝမ်းသာအားရ အော်ဟစ်ပျော်ရွှင်နေတဲ့ ဘိုးတော်အသံက လေလှိုင်းကြားမှ ပျံ့လွင့်လျက်ရှိတယ်။

'သူက ငါတို့ လျို့ဝှက်ခန်းရှာတွေ့တာကို ဘယ်လိုလုပ်ပြီး တန်းသိသွားတာလဲ' ဟု ယွန်းဂီ တွေးလိုက်မိခြင်းမှာပဲ ချက်ချင်း နမ်ဂျွန်း လက်ထဲက ကင်မရာလေးကို မြင်လိုက်မိတယ်။

နမ်ဂျွန်း နဲ့ ဟိုဆော့က ဘိုးတော်ရဲ့အမိန့်အတိုင်း ကင်မရာလေးတွေ ကိုင်ရင်း တောက်လျှောက် video ရိုက်ကူးမှုကို လုပ်ပေးနေခဲ့ရတယ် ဆိုတာ ယွန်းဂီ ရုတ်တရက် မေ့သွားမိတာ။

"ငါတို့အခုပဲ စံအိမ်ထဲကို (ဂျစ်) ဝင်လာခဲ့တော့မယ် (ဂျစ်ဂျစ်) မင်းတို့ အဲ့ဒီမှာပဲနေ (ဂျစ်)
ဘယ်မှမသွားနဲ့ ကြားလား(ဂျစ်) "

အမိန့်ဆန်စွာဖြင့်ပြောသွားတဲ့ Admin ဘိုးတော်ရဲ့ စကားသံအဆုံးမှာတော့ ဝေါ်ကီတော်ကီစက်လေးထဲမှ အသံထွက်ပေါ်ခြင်း မရှိတော့ဘဲ ရပ်တန့်သွားခဲ့လေတယ်။

အသံက ရပ်သွားပေမဲ့ သူပြောသွားတဲ့စကားအဓိပ္ပါယ်ကို ပြန်စဉ်းစားရင်း သူတို့ ၇ ယောက် အတွေးတွေကတော့ ရပ်တန့်ခြင်း မရှိဘဲ ပိုရှုပ်ထွေးသွားခဲ့ကြလေတော့တယ်။

Admin နဲ့ သူ့လူတွေ ဝင်လာမယ်ဆိုကထဲက လွန်စွာ ထူးဆန်းနေလေပြီ မဟုတ်လား။

"သူတို့က ဝင်လာတော့မှာလား ၊ ဘာလုပ်ဖို့လဲ ၊
ဘာ့အတွက်ကြောင့်လဲ
အဲ့တော့ ငါတို့ဘယ်လိုလုပ်မလဲ သူပြောတဲ့အတိုင်းပဲ သူ့ကို ယုံကြည်ပြီး စောင့်နေရမှာလား"

ဆော့ဂျင် အားလုံးထံမှ အဖြေကို သိလိုစိတ်ဖြင့် ဆွေးနွေးမှုကို စတင်တဲ့ မေးခွန်းအား ထုတ်လိုက်တယ်။

"သူတို့က ဘယ်လောက်ထိ ယုံကြည်ရမလဲဆိုတာကိုလဲ ငါတို့ သိတာမဟုတ်ဘူး
ငါ့သဘောကတော့ မြေအောက်ခန်းထဲကို ငါတို့ဘာသာပဲ အရင်ဝင်ကြည့်ကြရင်ကောင်းမလားလို့"

နမ်ဂျွန်းရဲ့ ​ထိုစကားကို
ဟိုဆော့လဲ ထောက်ခံသဘောတူကြောင်း
ခေါင်းငြိမ့်ပြလိုက်ရင်း

"ငါ့အိမ်မက်ထဲကလိုသာဆို သူတို့က လုံးဝဥသုံ ယုံကြည်ရတဲ့အထဲမှာပါတာမဟုတ်တဲ့အတွက်
ဘာပဲဖြစ်ဖြစ် ငါတို့လျို့ဝှက်မြေအောက်ခန်းထဲ
ဝင်ကြည့်ပြီး အဲ့ကနေမှတဆင့် စံအိမ်ကနေ တကယ့်ထွက်ပေါက် လွတ်မြောက်မဲ့လမ်း ရှိမလားဆိုတာ ရှာကြည့်စေချင်တယ် " ဟု ပြောလိုက်တယ်။

နောက်ဆုံးမှာတော့ Admin တို့ကိုပဲ မိုက်ရူးရဲဆန်စွာနဲ့ ယုံကြည်ပြီး စောင့်နေတာထက် ဦးစွာ လက်ဦးမှုရအောင် စွန့်စားတာက ပိုကောင်းတယ်လို့ ယူဆပြီး အားလုံးကလဲ သဘောတူ လက်ခံလိုက်ကြလေတော့တယ်။

ကင်မရာနဲ့ Video ရိုက်ကူးခြင်းကိုလဲ ထပ်မလုပ်တော့ဖို့ ဆုံးဖြတ်လိုက်ပြီးနောက် လျို့ဝှက်မြေအောက်ခန်း ဝင်ပေါက်ကနေ နမ်ဂျွန်းက ထိပ်ဆုံးကနေ ဦးဆောင်၍ ဝင်သွားတယ်။

သူ့နောက်က ယွန်းဂီ ။
ဂျီမင်း ၊ ထယ်ယောင်း ၊ ဂျောင်ကု ၊ ဆော့ဂျင် ။
နောက်ဆုံးက ဟိုဆော့ ။

စသည်ဖြင့် အစဉ်လိုက် တယောက်ပြီး တယောက် ဝင်ပေါက်အတွင်း ဝင်ကာ လှေကားမှ တဆင့် မှောင်မိုက်နေတယ်လို့ ထင်ရတဲ့ မြေအောက်ခန်းအတွင်းသို့ ဆင်းသွားကြလေတော့သည်။

အကယ်၍ သူတို့ လုပ်ရပ်က အရဲစွန့်လွန်းရာကျနေပြီး မှားယွင်းတဲ့ဆုံးဖြတ်ချက်တစ်ခု ဖြစ်ခဲ့တယ်ဆိုတာကိုသာ ကြိုသိနိုင်ခဲ့မည် ဆိုရင်ဖြင့် ။

======= Ghost House =======

Ghost House Page ရဲ့ Admin ကတော့
ကောင်လေး ၇ ယောက်ထံသို့ ဝေါ်ကီတော်ကီ စက်ဖြင့် အဆက်အသွယ်လုပ်ကာ စံအိမ်အတွင်းသို့ သူတို့ဝင်ရောက်လာမည့်အကြောင်း ပြောကြားပြီးနောက်မှာပဲ ချက်ချင်း တစုံတယောက်အား ဖုန်းဖြင့် ဆက်သွယ်လိုက်လေတယ်။

"လျို့ဝှက်မြေအောက်ခန်း ရှာတွေ့ပြီ
မင်းတို့အဖွဲ့ ခုချက်ချင်း စံအိမ်ဆီ လာခဲ့လိုက်တော့"

"ဟုတ်ကဲ့ ဆရာ အားလုံးအသင့်ပါဘဲ"

တဖက်မှလဲ ရိုကျိုးစွာ နာခံလေတဲ့ဟန်ဖြင့်။

ထိုသူနှင့် ဖုန်းပြောအပြီးမှာတော့ မကြာခင် ပြီးဆုံးတော့မဲ့ ကိစ္စအားတွေးရင်း Admin ရဲ့ မျက်နှာထက်ဝယ် အပြုံးတပွင့်က ပွင့်လန်းလာလေတယ်။

"ကဲ... လာ ... ငါတို့လဲ စံအိမ်ထဲ ဝင်ကြစို့"

တက်ကြွတဲ့ ခြေလှမ်းတွေနဲ့ သူ့တပည့် ၂ ယောက်အား ခေါ်ဆောင်ပြီး စံအိမ်အတွင်းသို့ ချည်းနင်းဝင်ရောက်သွားတော့တယ်။

======= Ghost House =======

လက်ထဲက ဓာတ်မီးဖြင့် အလင်းပြရင်း
မြေအောက်ခန်း လှေကားထစ်များအား
ခပ်ဖြေးဖြေးချင်း ဆင်းလျက် အ​ရှေ့ဝယ် ဘာတွေ ရှိနေမလဲ ၊ ဘာတွေကြုံတွေ့ရမလဲ ဆိုတာ စဉ်းစားပြီး နမ်ဂျွန်း အနည်းငယ်တော့ လန့်မိတယ်။

ဟိုဆော့ အိမ်မက်ထဲမှာတုန်းက မြေအောက်ခန်းမှာ ခေါင်းတလားတွေ ရှိနေပြီး သရဲမကြီးကလဲ သူတို့အား အမျိုးမျိုးပြုစားကာ ခြောက်လှန့်ခဲ့တယ်ဆိုတဲ့ အကြောင်းက မတွေးမိပါဘဲနဲ့
အလိုအလျောက် ရောက်လာတယ်။

အခုလဲ ခေါင်းတလားတွေများ ရှိနေမည်လား ။

စိုးထိတ်ရပြန်ပါတယ်။

" S T O P ....S T O P "

အရှေ့ဆုံးမှ ဦးဆောင် ဆင်းနေတဲ့ နမ်ဂျွန်း အောက်ဆုံး လှေကားထစ်ကို ရောက်ချိန်မှာတော့
တခုခုအားတွေ့မိသွားပုံရသည်။

ဒါ့ကြောင့်လဲ အားလုံးကို သတိပေး ဟန့်တားလိုက်သံက မတိုးမကျယ် ထွက်လာခဲ့ခြင်းပင်။

"ဂျွန်း ... ဘာလို့လဲ"

ထယ်ယောင်းထံမှ သူတို့အားလုံးကြားယုံလောက် လေသံလေးနဲ့ မေးလိုက်တဲ့ အသံခပ်တိုးတိုးလေးကသာ သူတို့နားဆီသို့ ရောက်လာတယ်။

"အရှေ့မှာ အလင်းရောင်တွေ ထွက်နေတယ်
ဒီမြေအောက်ခန်းထဲမှာ အလင်းရောင်ပျပျ ရှိနေတယ် .... တစ်ယောက်ယောက်များ ရှိနေသလားပဲ"

အံ့သြသင့်နေဟန်နဲ့ ထိုသို့နမ်ဂျွန်း ပြောလိုက်မှ အရှေ့သို့ သူတို့လှမ်းမျှော်ကြည့်လိုက်မိကြတယ်။

သူတို့ လှေကားကနေ ဆင်းလာတဲ့ လမ်းအဆုံးမှာ လမ်းချိုးလေးတခုသို့ ကွေ့ဝင်သွားရမည်ဖြစ်ပြီး ထိုနေရာမှ အလင်းသဲ့သဲ့ ထွက်ပေါ်နေတာကို သူတို့ မြင်မိလိုက်ကြတော့တယ်။

/ထိုလမ်းချိုးထဲကို ချိုးဝင်လိုက်ရင် သူတို့ ဘာတွေ့မှာလဲ ... သူတို့အား စောင့်ကြိုနေမဲ့အရာက ဘာလဲ/

အခုမှ ရုတ်တရက် ကြက်သီးတဖြန်းဖြန်း ထလာမိရင်း လန့်နေမိကြတယ်ဆိုလဲ မမှား။

အပေါ်သို့ ပြန်ပြေးတက်ချင်စိတ်ကလဲ လွန်ဆွဲနေသေး၏။

နောက်ဆုံး ဘယ်လိုမှ ရှောင်လွှဲလို့ရမည်မဟုတ်တော့လည်း တိုးတိုးတိတ်တိတ်အချက်ပြရင်းနဲ့ ထိုနေရာသို့ အသံမထွက်စေအောင် ခြေလှမ်းခပ်ဖွဖွလှမ်းရင်း ချည်းကပ်သွားလိုက်ကြတယ်။

လမ်းအချိုးအကွေ့အရောက်မှာတော့ အမှောင်အကွယ်မှနေ ချောင်းကြည့်လိုက်ကြတယ် ဆိုရင်ပဲသူတို့မြင်လိုက်ရသည့် အရာများအားကြည့်ပြီး မျက်လုံးတွေ ကိုယ်စီကိုယ်စီ ပြူးကျယ်သွားကာ ရှော့ရသွားသည့်အသွင်သို့ ပြောင်းလဲကုန်ကြတော့တယ်။

အဘယ်သို့အရာအား တွေ့မြင်လိုက်ကြပါသနည်း။

အချုပ်ခန်းသဖွယ် သံတိုင်တွေနဲ့ တည်ဆောက်ထားတဲ့ အခန်းတွေက တခန်းနဲ့တခန်း မျက်နှာချင်းဆိုင် အနေအထားနဲ့ ၄ ခန်းမျှရှိနေကာ ထိုထဲတွင်တော့ ကြိုးဖြင့်တုတ်ကာ ချည်နှောင်ထားပြီး မျက်နှာကျက်မှသည် တန်းလန်းချိတ်ဆွဲထားသော လူအချို့ရှိနေလေတယ်။

တချို့မှာ အသက်ရှိနေသေးသည့်ပုံပေါ်ပေမဲ့ တချို့မှာ သေဆုံးနေသည့် အလောင်းကောင် များ ဖြစ်သည်။

အားလုံးပေါင်း အနည်းဆုံး ၁၀ ယောက်ခန့် ရှိမည်ဟု ခန့်မှန်းရသည်။

သူတို့ရဲ့ ခန္ဓာကိုယ်မှာတော့ အရေပြားတွေအား ဆွဲဆုတ်ယူခြင်း ခံထားရကာ အသားတွေပြဲလန်ပြီး မြင်မကောင်းရှုမကောင်းအောင်ပင် ။ မသေခင်အနေအထားတွင်လဲ မရှုမလှ နှိပ်စက်ခံထားရပုံရသည်။

မသေသေးသော လူတချို့ထံမှ နာကျင်လွန်းလို့ ညည်းညူသံသဲ့သဲ့ကိုတောင် သေချာနားထောင်ကြည့်လျှင် ကြားနိုင်သည်။

ထို့အတူ သေပြီးသားများအားလဲ ဒီစံအိမ်အတွင်းကနေ ထွက်ခွာ၍ မရအောင် သရဲအဖြစ်ပြန်လည်ပိတ်နှောင်ထားခြင်းများလားဟု အတွေးရောက်စေတယ်။

မြင်နေရသည့် ထိုအချင်းအရာများအား ကြည့်ပြီး ကျက်သေသေနေသော ကောင်လေး ၇ ယောက် ။
မြင်လိုက်ရတဲ့ မြင်ကွင်းက သူတို့အား အဆုံးစွန် သွေးပျက်ခြင်းကို ဖြစ်စေသည်။ သူတို့လုံးဝ မထင်မှတ်ထားပါသော အရာမို့ ။

ကိုရီးယားနိုင်ငံလို စည်းစနစ်ကျပြီး ပြစ်မှုနည်းတဲ့၊ မကောင်းမှုမှန်သမျှ ဖော်ထုတ်နိုင်တဲ့ ဒီနိုင်ငံမှာ အခုလို ရာဇဝတ်မှုကျူးလွန်ပြီး လူသတ်ကာ ခန္ဓာအစိတ်အပိုင်းတွေ ယူငင်နေခြင်းမှာ မဖြစ်တန်ရာ။ သူတို့ကို ဖမ်းဆီးမဲ့ ဉပဒေဘက်တော်သားတွေ မရှိလေရော့သလား။

အတွေးတွေ အမျိုးမျိုး ဝင်ရောက်ရင်း ပျံ့လွင့်နေတဲ့ စိတ်အစဉ်ဟာ ရုတ်တရက် သူတို့ထံသို့ အရှေ့တည့်တည့်မှ အလင်းတချက် ဝင်ရောက်လာမှပဲ
ထိတ်လန့်စွာနဲ့ ထိုအရာဆီသို့ အာရုံပြုလိုက်မိကြသည်။

"မဖိတ်ခေါ်ထားတဲ့ ဧည့်သည်ကြီးတွေ ရောက်နေကြပါလား"

သူတို့ရှိရာဆီ ဓာတ်မီးထိုးလိုက်ရင်း အသံနဲ့အတူ
တဖြေးဖြေး လျှောက်လှမ်းလာတဲ့ အရာ။ ထိုသူက အလင်းဘက်ခြမ်းက သူတို့၇ယောက်က အမှောင်ဘက်က ။

နေရာကတော့ လမ်းအချိုးအကွေ့ရဲ့ ဒေါင့်နားလေးမှာ ။

၇ ယောက်လုံး တစ်ယောက်အနား တစ်ယောက် တိုးကပ်ထားလိုက်ပြီး ထိုအရာကို ရင်ဆိုင်ရန်
အသင့်ပြင်ထားလေတယ်။

သူတို့နဲ့ မလှမ်းမကမ်း နေရာသို့ ထိုလူတွေ ရောက်လာချိန်မှာတော့ သူတို့ပုံစံအား ထင်ထင်ရှားရှားမြင်တွေ့လိုက်ရသည်။

အနက်ရောင်ဝတ်စုံများ ဝတ်ထားသော လူ ၃ ယောက် ။ အလယ်က လူက အရပ်ရှည်ကာ ခန္ဓာကိုယ်အတင့်အသင့်နဲ့ ခေါင်းဆောင်သဖွယ်ဖြစ်ဟန်တူပြီး ဘေးက၂ ယောက်က လူကောင်ထွားကာ မာဖီယားဂိုဏ်းက ကြောက်စရာ လူဆိုးတွေပုံစံမျိုးဖြစ်တယ်။ လက်မှာလဲ သံတုတ်တွေ ကိုင်ထားပြန်တယ်။

အနားရောက်လာချိန်မှာတော့ အလယ်မှ လူက လက်ခုပ် ခပ်ဖြေးဖြေးတီးရင်း

"သရဲစံအိမ်အကြောင်း ရိုက်ကူးရေးလုပ်သလိုလိုနဲ့ နောက်ဆုံးတော့ အခုလို မြေအောက်ခန်း ကို ရအောင် ရှာနိုင်တဲ့အတွက် ချီးကျူးပါတယ်နော်
ကိုယ့်လူတို့"

ခပ်ရွဲ့ရွဲ့စကားလုံးတွေက သူ့နှုတ်ဖျားမှာ အပိုင်စားယူလျက်။ ဒီစံအိမ်ကို သူတို့ရောက်နေတယ်ဆိုတာကိုလဲ ကြိုသိနေပုံရတယ်။ မြေအောက်ခန်းကို ရှာမတွေ့မချင်း လွှတ်ပေးထားပုံ ပေါ်လေတယ်။

"ဧည့်သည်တော်တို့က ရုပ်လေးတွေကလဲ ခပ်ချောချောလေးတွေဆိုတော့ မော်ဒယ်တွေလား မင်းသားတွေလား ...
ရဲတော့ မဟုတ်ဘူး ထင်ပါတယ်"

"ဒါပေမဲ့ ဘယ်လိုလုပ်မလဲ စပ်စပ်စုစုလုပ်ပြီး ဒီနေရာကို အလည်လာပြီးရင် အသက်ရှင်လျက် ပြန်ထွက်ခွင့်တော့ မရှိဘူးဆိုတာ သိတယ် ဟုတ်"

"ဟား.... ဟား ... ဟား"

ထိုလူသား ၃ ယောက်လုံးရဲ့ ရွံရှာဖွယ်ကောင်းစွာ ရယ်မောသံတွေကသာ ထိုနေရာအား စိုးမိုးထားလေတယ်။

ဟိုဆော့ သူ့ဘေးက နမ်ဂျွန်းကို ကြည့်လိုက်မိသလို သူတို့ ၇ ယောက်လုံး တစ်ယောက်နဲ့တစ်ယောက် အရိပ်အကဲ ကြည့်ပြီး လှုပ်ရှားဖို့ မျက်လုံးနဲ့ပဲ အချက်ပြ နေမိတယ်။

"ခင်ဗျားတို့ ဒါ ဥပဒေမဲ့ လုပ်ရက်တွေ လုပ်နေတာပဲ သိရဲ့လား ... လူသတ်တယ် ...
နောက်ပြီးအရေပြားနဲ့ ကိုယ်တွင်းအင်္ဂါတွေ ရောင်းဝယ်တယ်
လူမဆန်လိုက်တာများ...
အဆုံးစွန်ထိ ခင်ဗျားတို့ လုပ်ချင်တိုင်း လုပ်လို့ရမယ် ထင်မနေနဲ့"

နမ်ဂျွန်းက ကြောက်လန့်ခြင်းမရှိတဲ့ ပုံစံမျိုးနဲ့ ထိုသူတွေအား တည့်တည့်စိုက်ကြည့်ကာ ပြတ်ပြတ်သားသား ပြောဆိုလိုက်တယ် ။

မဲ့ပြုံးပြုံးပြီး နမ်ဂျွန်းအား ကြည့်နေလေသော လူဆိုးတွေကတော့ ဘယ်အရာကိုမှ မမှုလေသည့်ပုံဖြင့် ။

"ငါတို့က ဘယ်အရာကိုမှ မကြောက်လို့ ဒီသရဲအိမ်တောင် ရောက်အောင်ဝင်လာသေးတာပဲ ခင်ဗျားတို့ လူဆိုးတွေကိုရော ကြောက်မယ် ထင်နေတာလား Shit .... "

ယွန်းဂီကလဲ မကြောက်ဘူးဆိုတာ သိသာအောင် ခပ်မာမာလေသံနဲ့ ဝင်ဟန့်တယ်။

ထိုသို့ မကြောက်ဘူးဆိုတဲ့ပုံစံမျိုးနဲ့ ပြောဆိုနေတော့ သူတို့ ၇ ယောက်ကြား အချင်းချင်း ပိုအားတက်စေလာတယ်ဆိုလဲ မမှား ။ လိုအပ်ရင်ထိုလူဆိုးတွေနဲ့ တိုက်ခိုက်ပစ်လိုက်မယ်ဆိုတဲ့ စိတ်တွေက ထကြွနေပြီ။

"ကြာပါတယ် ဆရာရယ် ... လေကျယ်နေတဲ့ ဒီကောင်တွေကို ပညာပေးလိုက်ရအောင်ပါ ... "

"ပြီးတာနဲ့ သူတို့ ကိုယ်တွင်းအင်္ဂါတွေလဲ ထုတ်ရဦးမှာမလား အချိန်မရှိဘူး ... ၇ ယောက်တောင် ဆိုတော့ အချီကြီးပွတာပဲမလား ဟားဟားဟား"

လက်ထဲက တုတ်ကို ဝေ့ယမ်းရင်း ရယ်သွမ်းနေတဲ့ လူထွားကြီးဟာ ရွံစရာအတိ။

"အထူးတလည် တိုက်ခိုက်နေစရာမလိုပါဘူး
ငါ့ကောင်တို့ရယ် ... ဒါလေးနဲ့ ကျည်ဆံ ၇ တောင့် နှလုံးသားထဲကို ဖောက်ပြီးတာနဲ့ ပွဲသိမ်းပါပဲ "

ရုတ်တရက် ဘောင်းဘီအိတ်ကပ်ထဲက ထုတ်လိုက်တဲ့ သေနတ်တလက်က ခေါင်းဆောင်ဖြစ်သူ လက်ထဲမှာ ။

အခြေအနေက အနည်းငယ်တော့ စိုးရိမ်စဖွယ် ဖြစ်သွားတယ်။

အပြန်အလှန်တိုက်ခိုက်ရမှာထက် လက်နက်တွေပါ ရှိနေတဲ့သူတို့က ဘယ်လိုပဲဖြစ်ဖြစ် အသာစီးက။

ယွန်းဂီတို့ သူငယ်ချင်း ၇ ယောက်က အားလပ်ချိန်တွေတုန်းက တိုက်ကွမ်ဒို ၊ ကရာတေး လေ့လာဆည်းပူးထားဖူးကြသည်မို့ လက်ရည်ချင်း ယှဉ်တိုက်ခိုက်ရမည်ဆိုလျှင် မကြောက်သော်လည်း လက်နက်နဲ့ အနိုင်ယူမည်ဆိုလျှင်တော့ သူတို့ဘက်က အရေးမလှ ။

ဘယ်လို လုပ်ရမလဲ ။

စဉ်းစားစမ်း ၊ စဉ်းစားစမ်း

အသက်ကိုပါ ခြိမ်းခြောက်နေပြီဖြစ်တဲ့ အခြေအနေမှာ သူတို့ ဘာလုပ်ရမည်နည်း ။

လူဆိုးခေါင်းဆောင်ကတော့ သူနဲ့ မျက်နှာချင်းဆိုင် တည့်တည့်ဝယ်ရှိနေသည့်
နမ်ဂျွန်းအား ဦးဆုံး သေနတ်ဖြင့် ချိန်ရွယ်ထားလိုက်ပြီ ဖြစ်တယ်။

"မလုပ်နဲ့ ... နမ်ဂျွန်းကို မထိနဲ့"

ဟိုဆော့ထံမှ အော်သံစူးစူးက ထွက်သွားတော့

"ဘာလဲ ဒါဆို မင်းကို ပစ်ရမှာလား ဟက်"

သေနတ်ပြောင်းဝက ဟိုဆော့ဘက်သို့ လှည့်သွားတယ်။

အဲ့အချိန်မှာပဲ အခွင့်ကောင်းကို စောင့်နေတဲ့
ဂျောင်ကုက အာရုံများနေတဲ့ လူဆိုးခေါင်းဆောင်ရဲ့လက်ထဲက သေနတ်ကို ​လျင်မြန်စွာနဲ့ပဲ ခြေထောက်ကစ်တချက်ပေးရင်း ပြေးကန်ပစ်ကန်လေတယ် ။

"ဝှီး"

သေနတ်ဟာ မြေပြင်ပေါ်သို့ လျောကနဲ လွင့်စင်သွားတယ်။

"မလောက်လေး မလောက်စားနဲ့ မင်းကများ"

ထိုအချိန် ဘေးက လူထွားနှစ်ယောက်ကလဲ အခုမှ အသက်ဝင်လာသလိုမျိုး လှုပ်ရှားလာပြီး ဂျောင်ကု ကို ဝင်ရိုက်ဖို့ ပြင်လေတယ်။

ကျန်တဲ့ ကောင်လေး ၆ ယောက်ကလဲ ဂျောင်ကုကို အထိမခံနိုင်တာမို့ ထိုလူဆိုး ၃ ယောက်လုံးစီ ဝင်လုံးလေတော့တယ်။

ရိုက်နှက် တိုက်ခိုက် ဆွဲထိုးသံတွေဟာ ညံသွားတယ်။

အခြေအနေတွေဟာ တကယ့်ကို ရုတ်ရုတ်သဲသဲ။

ဒါပေမဲ့ သေနတ်တလက်ပဲ ဆောင်ထားတာမဟုတ်တဲ့ လူဆိုးခေါင်းဆောင်က ​လူယုတ်မာပြုံးကြီး ပြုံးပြီး ဘောင်းဘီအိတ်ကပ်နောက်တဖက်ထဲမှာ ရှိတဲ့ သေနတ်ကို ဆွဲထုတ်ကာ သူ့အနားရောက်နေတဲ့ ဂျောင်ကုကို ပစ်ဖို့ လုပ်လိုက်ချိန်မှာပဲ ....

"လက်ထဲက လက်နက်ကို ချလိုက်စမ်း"

"မင်းတို့အားလုံးကို ငါတို့ဝိုင်းထားပြီ
ပြေးဖို့မကြံနဲ့ ပြေးမလွတ်ပါဘူး"

ဆိုတဲ့ အောင်မြင်လှတဲ့ အသံတခုဟာ
​မြေအောက်ခန်း လှေကား ခြေရင်းလောက်ကနေ
ပေါ်ထွက်လာလေတယ်။

ထိုအသံပိုင်ရှင် ရှိရာထံကို သူတို့ရဲ့ အကြည့်တွေက ရောက်ရှိသွားချိန်မှာပဲ မြင်လိုက်ရတာကတော့
Ghost House Page Admin လို့ သူတို့ သိထားတဲ့ ဘိုးတော်နဲ့ အတူ သူ့တပည့် နှစ်ယောက် ။

ဒါ့အပြင် သူတို့ ဘေးမှာ လူသုံးယောက်။

အားလုံးရဲ့ လက်ထဲမှာတော့ သေနတ်ကိုယ်စီဖြင့်။

ပြောင်းလဲသွားတဲ့ အခြေအနေတွေဟာ
လိုက်လို့မမှီလောက်အောင် ထူးခြားနေခဲ့လေတယ်။

သူတို့သိထားတဲ့ Admin ဘိုးတော်ရဲ့ မူရင်းပုံစံအစစ်ဟာ ဘာလဲ ။

မြေအောက်ခန်းအတွင်းဝယ် အခန်းတွင်းမွန်းကြပ်မှုတွေနဲ့အတူ စိတ်မွန်းကြပ်မှုတွေကဟာ ပိုပြီး ဆိုးရွားနေခဲ့တယ်။

သို့ပေမဲ့

အခုချိန်ထိ ဘာဖြစ်ကုန်တာလဲဆိုတဲ့ အခြေအနေအမှန် ၊ အကြောင်းအရာမှန်ကို မသိရှိခဲ့သေးပါဘူး။

လျို့ဝှက်ချက်တွေဟာ များပြားနေဆဲ ။

.

.

ဝင်္ကပါထဲက သရဲစံအိမ်
(နိဂုံး-အဆုံး)
Coming Soon ~~ ✍️

ချစ်ခင်ခြင်းများစွာဖြင့်
Cuttiehsumindooly



🖤🖤🖤




Zawgyi 📌

ဒီစံအိမ္ႀကီးက တကယ္ပဲ ဘာလဲ .....။

ျပန္ျပဳျပင္ထားတာဆိုရင္ေရာ
ဘယ္သူက လုပ္ထားတာလဲ....။

အဘယ္သို႔ ထူးဆန္းမႈေတြ
တည္ရိွေနေသးတာလဲ ...။

ေနာက္ၿပီး Admin ဘိုးေတာ္ကေရာ ဘာ့ေၾကာင့္ ဒီေျမေအာက္ခန္းကိုမွ အသည္းအသန္ရွာေနရတာလဲ ...။

အေျဖမရိွတဲ့ အေမးေတြကသာ ကိုယ္စီကိုယ္စီ အေတြးဝယ္ လွည့္လည္က်က္စားေနခဲ့ေလေတာ့တယ္ ။

ထိုအခ်ိန္မွာပဲ

တိတ္ဆိတ္ေနတဲ့ သူတို႔ၾကား အသံတခုက
ဟိုေဆာ့အနားမွ ေပၚထြက္လာေတာ့
အားလံုးလန္႔ျဖန္႔ကုန္ၾကေလေတာ့တယ္။

ထိုအရာကေတာ့ ........။

************

အေမွာင္မိုက္ဆံုးအခ်ိန္ဟာ
အလင္းေရာင္ထြက္ေပၚလာဖို႔
အနီးကပ္ဆံုးအခ်ိန္တဲ့

အလင္းနဲ႔ ဆံုစည္းႏိုင္ဖို႔
အေမွာင္မိုက္ဆံုးကို ျဖတ္ေက်ာ္ရမွာ
ဓမၼတာပါပဲေလ။

မာယာလွည့္ကြက္ေတြရဲ့
အဆံုးသတ္
ဝကၤပါရဲ့ လမ္းဆံုးမွာေတာ့
ေရာင္နီသဲ့သဲ့
ထြက္​ေပါက္တခ်ပ္
ကမ္းလင့္လို႔ႀကိဳတယ္ ။

ေျပာလိုက္စမ္းပါ
ဒါဟာ အဆံုးသတ္ တိုက္ပြဲ လို႔။

®®®®® ဝကၤပါထဲက သရဲစံအိမ္ ®®®®®

"ဟလို.... ဂ်စ္ ... ဂ်စ္... ၾကားလား"

ဟိုေဆာ့ လက္ထဲ ကိုင္ေဆာင္ထားတဲ့ ေဝၚကီေတာ္ကီစက္မွ Admin ဘိုးေတာ္ရဲ့ အသံႀကီးက ရုတ္တရက္ ထိုသို႔ ထြက္ေပၚလာသည္မို႔ အားလံုး လန္႔ျဖန္႔သြားမိၾကေလတယ္။

တကယ္ဆို သူတို႔ ထိုဘိုးေတာ္ကို ေမ့ေလ်ာ့ေနခဲ့ၾကေလတာ။

ဖုတ္ေလတဲ့ ငပိ ရိွတယ္လို႔ေတာင္ မထင္ရေလာက္ေအာင္ ေမ့ေလ်ာ့ၿပီး အာရံုကိုယ္စီနဲ႔ အႏၲရာယ္ေတြၾကား တိုက္ပြဲေနခဲ့ရေလေတာ့ ထိုဘိုးေတာ္နဲ႔ အျပန္အလွန္ အဆက္အသြယ္လုပ္ဖို႔ကိုပင္ စိတ္ကူးမရိျွဖစ္ေနခဲ့ၾကတယ္မလားေလ။

ဒါ့ေၾကာင့္လဲ မၾကားတာ ၾကာေနၿပီျဖစ္တာမို႔ တဂ်စ္ဂ်စ္ ထကာ ျမည္လာတတ္တဲ့ ထိုေဝၚကီေတာ္ကီစက္သံႀကီးကို အခုလို ရုတ္တရက္ ၾကားၾကားခ်င္းမွာ ျပန္ၿပီး လန္႔ျဖန္႔သြားမိခဲ့ၾကျခင္းပင္။

"လ်ိဳ႕ဝွက္ ေျမေအာက္ ခန္း (ဂ်စ္ဂ်စ္)
ရွာေတြ့ခဲ့ၿပီပဲ ဟားဟားဟား (ဂ်စ္)
ေတာ္တယ္ကြာ (ဂ်စ္) မင္းတို႔က .....။
ေနာက္ဆံုးေတာ့... (ဂ်စ္ဂ်စ္)
ငါတို႔ရဲ့ ပန္းတိုင္ေရာက္ေတာ့မယ္ကြ (ဂ်စ္)"

ဝမ္းသာအားရ ေအာ္ဟစ္ေပ်ာ္ရႊင္ေနတဲ့ ဘိုးေတာ္အသံက ေလလိႈင္းၾကားမွ ပ်ံ့လြင့္လ်က္ရိွတယ္။

'သူက ငါတို႔ လ်ိဳ႕ဝွက္ခန္းရွာေတြ့တာကို ဘယ္လိုလုပ္ၿပီး တန္းသိသြားတာလဲ' ဟု ယြန္းဂီ ေတြးလိုက္မိျခင္းမွာပဲ ခ်က္ခ်င္း နမ္ဂြၽန္း လက္ထဲက ကင္မရာေလးကို ျမင္လိုက္မိတယ္။

နမ္ဂြၽန္း နဲ႔ ဟိုေဆာ့က ဘိုးေတာ္ရဲ့အမိန္႔အတိုင္း ကင္မရာေလးေတြ ကိုင္ရင္း ေတာက္ေလ်ွာက္ video ရိုက္ကူးမႈကို လုပ္ေပးေနခဲ့ရတယ္ ဆိုတာ ယြန္းဂီ ရုတ္တရက္ ေမ့သြားမိတာ။

"ငါတို႔အခုပဲ စံအိမ္ထဲကို (ဂ်စ္) ဝင္လာခဲ့ေတာ့မယ္ (ဂ်စ္ဂ်စ္) မင္းတို႔ အဲ့ဒီမွာပဲေန (ဂ်စ္)
ဘယ္မွမသြားနဲ႔ ၾကားလား(ဂ်စ္) "

အမိန္႔ဆန္စြာျဖင့္ေျပာသြားတဲ့ Admin ဘိုးေတာ္ရဲ့ စကားသံအဆံုးမွာေတာ့ ေဝၚကီေတာ္ကီစက္ေလးထဲမွ အသံထြက္ေပၚျခင္း မရိွေတာ့ဘဲ ရပ္တန္႔သြားခဲ့ေလတယ္။

အသံက ရပ္သြားေပမဲ့ သူေျပာသြားတဲ့စကားအဓိပၸါယ္ကို ျပန္စဉ္းစားရင္း သူတို႔ ၇ ေယာက္ အေတြးေတြကေတာ့ ရပ္တန္႔ျခင္း မရိွဘဲ ပိုရႈပ္ေထြးသြားခဲ့ၾကေလေတာ့တယ္။

Admin နဲ႔ သူ႔လူေတြ ဝင္လာမယ္ဆိုကထဲက လြန္စြာ ထူးဆန္းေနေလၿပီ မဟုတ္လား။

"သူတို႔က ဝင္လာေတာ့မွာလား ၊ ဘာလုပ္ဖို႔လဲ ၊
ဘာ့အတြက္ေၾကာင့္လဲ
အဲ့ေတာ့ ငါတို႔ဘယ္လိုလုပ္မလဲ သူေျပာတဲ့အတိုင္းပဲ သူ႔ကို ယံုၾကည္ၿပီး ေစာင့္ေနရမွာလား"

ေဆာ့ဂ်င္ အားလံုးထံမွ အေျဖကို သိလိုစိတ္ျဖင့္ ေဆြးေနြးမႈကို စတင္တဲ့ ေမးခြန္းအား ထုတ္လိုက္တယ္။

"သူတို႔က ဘယ္ေလာက္ထိ ယံုၾကည္ရမလဲဆိုတာကိုလဲ ငါတို႔ သိတာမဟုတ္ဘူး
ငါ့သေဘာကေတာ့ ေျမေအာက္ခန္းထဲကို ငါတို႔ဘာသာပဲ အရင္ဝင္ၾကည့္ၾကရင္ေကာင္းမလားလို႔"

နမ္ဂြၽန္းရဲ့ ​ထိုစကားကို
ဟိုေဆာ့လဲ ေထာက္ခံသေဘာတူေၾကာင္း
ေခါင္းၿငိမ့္ျပလိုက္ရင္း

"ငါ့အိမ္မက္ထဲကလိုသာဆို သူတို႔က လံုးဝဥသံု ယံုၾကည္ရတဲ့အထဲမွာပါတာမဟုတ္တဲ့အတြက္
ဘာပဲျဖစ္ျဖစ္ ငါတို႔လ်ိဳ႕ဝွက္ေျမေအာက္ခန္းထဲ
ဝင္ၾကည့္ၿပီး အဲ့ကေနမွတဆင့္ စံအိမ္ကေန တကယ့္ထြက္ေပါက္ လြတ္ေျမာက္မဲ့လမ္း ရိွမလားဆိုတာ ရွာၾကည့္ေစခ်င္တယ္ " ဟု ေျပာလိုက္တယ္။

ေနာက္ဆံုးမွာေတာ့ Admin တို႔ကိုပဲ မိုက္ရူးရဲဆန္စြာနဲ႔ ယံုၾကည္ၿပီး ေစာင့္ေနတာထက္ ဦးစြာ လက္ဦးမႈရေအာင္ စြန္႔စားတာက ပိုေကာင္းတယ္လို႔ ယူဆၿပီး အားလံုးကလဲ သေဘာတူ လက္ခံလိုက္ၾကေလေတာ့တယ္။

ကင္မရာနဲ႔ Video ရိုက္ကူးျခင္းကိုလဲ ထပ္မလုပ္ေတာ့ဖို႔ ဆံုးျဖတ္လိုက္ၿပီးေနာက္ လ်ိဳ႕ဝွက္ေျမေအာက္ခန္း ဝင္ေပါက္ကေန နမ္ဂြၽန္းက ထိပ္ဆံုးကေန ဦးေဆာင္၍ ဝင္သြားတယ္။

သူ႔ေနာက္က ယြန္းဂီ ။
ဂ်ီမင္း ၊ ထယ္ေယာင္း ၊ ေဂ်ာင္ကု ၊ ေဆာ့ဂ်င္ ။
ေနာက္ဆံုးက ဟိုေဆာ့ ။

စသည္ျဖင့္ အစဉ္လိုက္ တေယာက္ၿပီး တေယာက္ ဝင္ေပါက္အတြင္း ဝင္ကာ ေလွကားမွ တဆင့္ ေမွာင္မိုက္ေနတယ္လို႔ ထင္ရတဲ့ ေျမေအာက္ခန္းအတြင္းသို႔ ဆင္းသြားၾကေလေတာ့သည္။

အကယ္၍ သူတို႔ လုပ္ရပ္က အရဲစြန္႔လြန္းရာက်ေနၿပီး မွားယြင္းတဲ့ဆံုးျဖတ္ခ်က္တစ္ခု ျဖစ္ခဲ့တယ္ဆိုတာကိုသာ ႀကိဳသိႏိုင္ခဲ့မည္ ဆိုရင္ျဖင့္ ။

======= Ghost House =======

Ghost House Page ရဲ့ Admin ကေတာ့
ေကာင္ေလး ၇ ေယာက္ထံသို႔ ေဝၚကီေတာ္ကီ စက္ျဖင့္ အဆက္အသြယ္လုပ္ကာ စံအိမ္အတြင္းသို႔ သူတို႔ဝင္ေရာက္လာမည့္အေၾကာင္း ေျပာၾကားၿပီးေနာက္မွာပဲ ခ်က္ခ်င္း တစံုတေယာက္အား ဖုန္းျဖင့္ ဆက္သြယ္လိုက္ေလတယ္။

"လ်ိဳ႕ဝွက္ေျမေအာက္ခန္း ရွာေတြ့ၿပီ
မင္းတို႔အဖြဲ႔ ခုခ်က္ခ်င္း စံအိမ္ဆီ လာခဲ့လိုက္ေတာ့"

"ဟုတ္ကဲ့ ဆရာ အားလံုးအသင့္ပါဘဲ"

တဖက္မွလဲ ရိုက်ိဳးစြာ နာခံေလတဲ့ဟန္ျဖင့္။

ထိုသူႏွင့္ ဖုန္းေျပာအၿပီးမွာေတာ့ မၾကာခင္ ၿပီးဆံုးေတာ့မဲ့ ကိစၥအားေတြးရင္း Admin ရဲ့ မ်က္ႏွာထက္ဝယ္ အၿပံဳးတပြင့္က ပြင့္လန္းလာေလတယ္။

"ကဲ... လာ ... ငါတို႔လဲ စံအိမ္ထဲ ဝင္ၾကစို႔"

တက္ႂကြတဲ့ ေျခလွမ္းေတြနဲ႔ သူ႔တပည့္ ၂ ေယာက္အား ေခၚေဆာင္ၿပီး စံအိမ္အတြင္းသို႔ ခ်ည္းနင္းဝင္ေရာက္သြားေတာ့တယ္။

======= Ghost House =======

လက္ထဲက ဓာတ္မီးျဖင့္ အလင္းျပရင္း
ေျမေအာက္ခန္း ေလွကားထစ္မ်ားအား
ခပ္ေျဖးေျဖးခ်င္း ဆင္းလ်က္ အ​ေရ႔ွဝယ္ ဘာေတြ ရိွေနမလဲ ၊ ဘာေတြႀကံဳေတြ့ရမလဲ ဆိုတာ စဉ္းစားၿပီး နမ္ဂြၽန္း အနည္းငယ္ေတာ့ လန္႔မိတယ္။

ဟိုေဆာ့ အိမ္မက္ထဲမွာတုန္းက ေျမေအာက္ခန္းမွာ ေခါင္းတလားေတြ ရိွေနၿပီး သရဲမႀကီးကလဲ သူတို႔အား အမ်ိဳးမ်ိဳးျပဳစားကာ ေျခာက္လွန္႔ခဲ့တယ္ဆိုတဲ့ အေၾကာင္းက မေတြးမိပါဘဲနဲ႔
အလိုအေလ်ာက္ ေရာက္လာတယ္။

အခုလဲ ေခါင္းတလားေတြမ်ား ရိွေနမည္လား ။

စိုးထိတ္ရျပန္ပါတယ္။

" S T O P ....S T O P "

အေရ႔ွဆံုးမွ ဦးေဆာင္ ဆင္းေနတဲ့ နမ္ဂြၽန္း ေအာက္ဆံုး ေလွကားထစ္ကို ေရာက္ခ်ိန္မွာေတာ့
တခုခုအားေတြ့မိသြားပံုရသည္။

ဒါ့ေၾကာင့္လဲ အားလံုးကို သတိေပး ဟန္႔တားလိုက္သံက မတိုးမက်ယ္ ထြက္လာခဲ့ျခင္းပင္။

"ဂြၽန္း ... ဘာလို႔လဲ"

ထယ္ေယာင္းထံမွ သူတို႔အားလံုးၾကားယံုေလာက္ ေလသံေလးနဲ႔ ေမးလိုက္တဲ့ အသံခပ္တိုးတိုးေလးကသာ သူတို႔နားဆီသို႔ ေရာက္လာတယ္။

"အေရ႔ွမွာ အလင္းေရာင္ေတြ ထြက္ေနတယ္
ဒီေျမေအာက္ခန္းထဲမွာ အလင္းေရာင္ပ်ပ် ရိွေနတယ္ .... တစ္ေယာက္ေယာက္မ်ား ရိွေနသလားပဲ"

အံ့ၾသသင့္ေနဟန္နဲ႔ ထိုသို႔နမ္ဂြၽန္း ေျပာလိုက္မွ အေရ႔ွသို႔ သူတို႔လွမ္းေမ်ွာ္ၾကည့္လိုက္မိၾကတယ္။

သူတို႔ ေလွကားကေန ဆင္းလာတဲ့ လမ္းအဆံုးမွာ လမ္းခ်ိဳးေလးတခုသို႔ ေကြ့ဝင္သြားရမည္ျဖစ္ၿပီး ထိုေနရာမွ အလင္းသဲ့သဲ့ ထြက္ေပၚေနတာကို သူတို႔ ျမင္မိလိုက္ၾကေတာ့တယ္။

/ထိုလမ္းခ်ိဳးထဲကို ခ်ိဳးဝင္လိုက္ရင္ သူတို႔ ဘာေတြ့မွာလဲ ... သူတို႔အား ေစာင့္ႀကိဳေနမဲ့အရာက ဘာလဲ/

အခုမွ ရုတ္တရက္ ၾကက္သီးတျဖန္းျဖန္း ထလာမိရင္း လန္႔ေနမိၾကတယ္ဆိုလဲ မမွား။

အေပၚသို႔ ျပန္ေျပးတက္ခ်င္စိတ္ကလဲ လြန္ဆြဲေနေသး၏။

ေနာက္ဆံုး ဘယ္လိုမွ ေရွာင္လႊဲလို႔ရမည္မဟုတ္ေတာ့လည္း တိုးတိုးတိတ္တိတ္အခ်က္ျပရင္းနဲ႔ ထိုေနရာသို႔ အသံမထြက္ေစေအာင္ ေျခလွမ္းခပ္ဖြဖြလွမ္းရင္း ခ်ည္းကပ္သြားလိုက္ၾကတယ္။

လမ္းအခ်ိဳးအေကြ့အေရာက္မွာေတာ့ အေမွာင္အကြယ္မွေန ေခ်ာင္းၾကည့္လိုက္ၾကတယ္ ဆိုရင္ပဲသူတို႔ျမင္လိုက္ရသည့္ အရာမ်ားအားၾကည့္ၿပီး မ်က္လံုးေတြ ကိုယ္စီကိုယ္စီ ျပဴးက်ယ္သြားကာ ေရွာ့ရသြားသည့္အသြင္သို႔ ေျပာင္းလဲကုန္ၾကေတာ့တယ္။

အဘယ္သို႔အရာအား ေတြ့ျမင္လိုက္ၾကပါသနည္း။

အခ်ဳပ္ခန္းသဖြယ္ သံတိုင္ေတြနဲ႔ တည္ေဆာက္ထားတဲ့ အခန္းေတြက တခန္းနဲ႔တခန္း မ်က္ႏွာခ်င္းဆိုင္ အေနအထားနဲ႔ ၄ ခန္းမ်ွရိွေနကာ ထိုထဲတြင္ေတာ့ ႀကိဳးျဖင့္တုတ္ကာ ခ်ည္ေနွာင္ထားၿပီး မ်က္ႏွာက်က္မွသည္ တန္းလန္းခ်ိတ္ဆြဲထားေသာ လူအခ်ိဳ႕ရိွေနေလတယ္။

တခ်ိဳ႕မွာ အသက္ရိွေနေသးသည့္ပံုေပၚေပမဲ့ တခ်ိဳ႕မွာ ေသဆံုးေနသည့္ အေလာင္းေကာင္ မ်ား ျဖစ္သည္။

အားလံုးေပါင္း အနည္းဆံုး ၁၀ ေယာက္ခန္႔ ရိွမည္ဟု ခန္႔မွန္းရသည္။

သူတို႔ရဲ့ ခႏၶာကိုယ္မွာေတာ့ အေရျပားေတြအား ဆြဲဆုတ္ယူျခင္း ခံထားရကာ အသားေတြၿပဲလန္ၿပီး ျမင္မေကာင္းရႈမေကာင္းေအာင္ပင္ ။ မေသခင္အေနအထားတြင္လဲ မရႈမလွ ႏိွပ္စက္ခံထားရပံုရသည္။

မေသေသးေသာ လူတခ်ိဳ႕ထံမွ နာက်င္လြန္းလို႔ ညည္းၫူသံသဲ့သဲ့ကိုေတာင္ ေသခ်ာနားေထာင္ၾကည့္လ်ွင္ ၾကားႏိုင္သည္။

ထို႔အတူ ေသၿပီးသားမ်ားအားလဲ ဒီစံအိမ္အတြင္းကေန ထြက္ခြာ၍ မရေအာင္ သရဲအျဖစ္ျပန္လည္ပိတ္ေနွာင္ထားျခင္းမ်ားလားဟု အေတြးေရာက္ေစတယ္။

ျမင္ေနရသည့္ ထိုအခ်င္းအရာမ်ားအား ၾကည့္ၿပီး က်က္ေသေသေနေသာ ေကာင္ေလး ၇ ေယာက္ ။
ျမင္လိုက္ရတဲ့ ျမင္ကြင္းက သူတို႔အား အဆံုးစြန္ ေသြးပ်က္ျခင္းကို ျဖစ္ေစသည္။ သူတို႔လံုးဝ မထင္မွတ္ထားပါေသာ အရာမို႔ ။

ကိုရီးယားႏိုင္ငံလို စည္းစနစ္က်ၿပီး ျပစ္မႈနည္းတဲ့၊ မေကာင္းမႈမွန္သမ်ွ ေဖာ္ထုတ္ႏိုင္တဲ့ ဒီႏိုင္ငံမွာ အခုလို ရာဇဝတ္မႈက်ူးလြန္ၿပီး လူသတ္ကာ ခႏၶာအစိတ္အပိုင္းေတြ ယူငင္ေနျခင္းမွာ မျဖစ္တန္ရာ။ သူတို႔ကို ဖမ္းဆီးမဲ့ ဉပေဒဘက္ေတာ္သားေတြ မရိွေလေရာ့သလား။

အေတြးေတြ အမ်ိဳးမ်ိဳး ဝင္ေရာက္ရင္း ပ်ံ့လြင့္ေနတဲ့ စိတ္အစဉ္ဟာ ရုတ္တရက္ သူတို႔ထံသို႔ အေရ႔ွတည့္တည့္မွ အလင္းတခ်က္ ဝင္ေရာက္လာမွပဲ
ထိတ္လန္႔စြာနဲ႔ ထိုအရာဆီသို႔ အာရံုျပဳလိုက္မိၾကသည္။

"မဖိတ္ေခၚထားတဲ့ ဧည့္သည္ႀကီးေတြ ေရာက္ေနၾကပါလား"

သူတို႔ရိွရာဆီ ဓာတ္မီးထိုးလိုက္ရင္း အသံနဲ႔အတူ
တေျဖးေျဖး ေလ်ွာက္လွမ္းလာတဲ့ အရာ။ ထိုသူက အလင္းဘက္ျခမ္းက သူတို႔၇ေယာက္က အေမွာင္ဘက္က ။

ေနရာကေတာ့ လမ္းအခ်ိဳးအေကြ့ရဲ့ ေဒါင့္နားေလးမွာ ။

၇ ေယာက္လံုး တစ္ေယာက္အနား တစ္ေယာက္ တိုးကပ္ထားလိုက္ၿပီး ထိုအရာကို ရင္ဆိုင္ရန္
အသင့္ျပင္ထားေလတယ္။

သူတို႔နဲ႔ မလွမ္းမကမ္း ေနရာသို႔ ထိုလူေတြ ေရာက္လာခ်ိန္မွာေတာ့ သူတို႔ပံုစံအား ထင္ထင္ရွားရွားျမင္ေတြ့လိုက္ရသည္။

အနက္ေရာင္ဝတ္စံုမ်ား ဝတ္ထားေသာ လူ ၃ ေယာက္ ။ အလယ္က လူက အရပ္ရွည္ကာ ခႏၶာကိုယ္အတင့္အသင့္နဲ႔ ေခါင္းေဆာင္သဖြယ္ျဖစ္ဟန္တူၿပီး ေဘးက၂ ေယာက္က လူေကာင္ထြားကာ မာဖီယားဂိုဏ္းက ေၾကာက္စရာ လူဆိုးေတြပံုစံမ်ိဳးျဖစ္တယ္။ လက္မွာလဲ သံတုတ္ေတြ ကိုင္ထားျပန္တယ္။

အနားေရာက္လာခ်ိန္မွာေတာ့ အလယ္မွ လူက လက္ခုပ္ ခပ္ေျဖးေျဖးတီးရင္း

"သရဲစံအိမ္အေၾကာင္း ရိုက္ကူးေရးလုပ္သလိုလိုနဲ႔ ေနာက္ဆံုးေတာ့ အခုလို ေျမေအာက္ခန္း ကို ရေအာင္ ရွာႏိုင္တဲ့အတြက္ ခ်ီးက်ူးပါတယ္ေနာ္
ကိုယ့္လူတို႔"

ခပ္ရြဲ႔ရြဲ႔စကားလံုးေတြက သူ႔ႏႈတ္ဖ်ားမွာ အပိုင္စားယူလ်က္။ ဒီစံအိမ္ကို သူတို႔ေရာက္ေနတယ္ဆိုတာကိုလဲ ႀကိဳသိေနပံုရတယ္။ ေျမေအာက္ခန္းကို ရွာမေတြ့မခ်င္း လႊတ္ေပးထားပံု ေပၚေလတယ္။

"ဧည့္သည္ေတာ္တို႔က ရုပ္ေလးေတြကလဲ ခပ္ေခ်ာေခ်ာေလးေတြဆိုေတာ့ ေမာ္ဒယ္ေတြလား မင္းသားေတြလား ...
ရဲေတာ့ မဟုတ္ဘူး ထင္ပါတယ္"

"ဒါေပမဲ့ ဘယ္လိုလုပ္မလဲ စပ္စပ္စုစုလုပ္ၿပီး ဒီေနရာကို အလည္လာၿပီးရင္ အသက္ရွင္လ်က္ ျပန္ထြက္ခြင့္ေတာ့ မရိွဘူးဆိုတာ သိတယ္ ဟုတ္"

"ဟား.... ဟား ... ဟား"

ထိုလူသား ၃ ေယာက္လံုးရဲ့ ရြံရွာဖြယ္ေကာင္းစြာ ရယ္ေမာသံေတြကသာ ထိုေနရာအား စိုးမိုးထားေလတယ္။

ဟိုေဆာ့ သူ႔ေဘးက နမ္ဂြၽန္းကို ၾကည့္လိုက္မိသလို သူတို႔ ၇ ေယာက္လံုး တစ္ေယာက္နဲ႔တစ္ေယာက္ အရိပ္အကဲ ၾကည့္ၿပီး လႈပ္ရွားဖို႔ မ်က္လံုးနဲ႔ပဲ အခ်က္ျပ ေနမိတယ္။

"ခင္ဗ်ားတို႔ ဒါ ဥပေဒမဲ့ လုပ္ရက္ေတြ လုပ္ေနတာပဲ သိရဲ့လား ... လူသတ္တယ္ ...
ေနာက္ၿပီးအေရျပားနဲ႔ ကိုယ္တြင္းအဂၤါေတြ ေရာင္းဝယ္တယ္
လူမဆန္လိုက္တာမ်ား...
အဆံုးစြန္ထိ ခင္ဗ်ားတို႔ လုပ္ခ်င္တိုင္း လုပ္လို႔ရမယ္ ထင္မေနနဲ႔"

နမ္ဂြၽန္းက ေၾကာက္လန္႔ျခင္းမရိွတဲ့ ပံုစံမ်ိဳးနဲ႔ ထိုသူေတြအား တည့္တည့္စိုက္ၾကည့္ကာ ျပတ္ျပတ္သားသား ေျပာဆိုလိုက္တယ္ ။

မဲ့ၿပံဳးၿပံဳးၿပီး နမ္ဂြၽန္းအား ၾကည့္ေနေလေသာ လူဆိုးေတြကေတာ့ ဘယ္အရာကိုမွ မမႈေလသည့္ပံုျဖင့္ ။

"ငါတို႔က ဘယ္အရာကိုမွ မေၾကာက္လို႔ ဒီသရဲအိမ္ေတာင္ ေရာက္ေအာင္ဝင္လာေသးတာပဲ ခင္ဗ်ားတို႔ လူဆိုးေတြကိုေရာ ေၾကာက္မယ္ ထင္ေနတာလား Shit .... "

ယြန္းဂီကလဲ မေၾကာက္ဘူးဆိုတာ သိသာေအာင္ ခပ္မာမာေလသံနဲ႔ ဝင္ဟန္႔တယ္။

ထိုသို႔ မေၾကာက္ဘူးဆိုတဲ့ပံုစံမ်ိဳးနဲ႔ ေျပာဆိုေနေတာ့ သူတို႔ ၇ ေယာက္ၾကား အခ်င္းခ်င္း ပိုအားတက္ေစလာတယ္ဆိုလဲ မမွား ။ လိုအပ္ရင္ထိုလူဆိုးေတြနဲ႔ တိုက္ခိုက္ပစ္လိုက္မယ္ဆိုတဲ့ စိတ္ေတြက ထႂကြေနၿပီ။

"ၾကာပါတယ္ ဆရာရယ္ ... ေလက်ယ္ေနတဲ့ ဒီေကာင္ေတြကို ပညာေပးလိုက္ရေအာင္ပါ ... "

"ၿပီးတာနဲ႔ သူတို႔ ကိုယ္တြင္းအဂၤါေတြလဲ ထုတ္ရဦးမွာမလား အခ်ိန္မရိွဘူး ... ၇ ေယာက္ေတာင္ ဆိုေတာ့ အခ်ီႀကီးပြတာပဲမလား ဟားဟားဟား"

လက္ထဲက တုတ္ကို ေဝ့ယမ္းရင္း ရယ္သြမ္းေနတဲ့ လူထြားႀကီးဟာ ရြံစရာအတိ။

"အထူးတလည္ တိုက္ခိုက္ေနစရာမလိုပါဘူး
ငါ့ေကာင္တို႔ရယ္ ... ဒါေလးနဲ႔ က်ည္ဆံ ၇ ေတာင့္ ႏွလံုးသားထဲကို ေဖာက္ၿပီးတာနဲ႔ ပြဲသိမ္းပါပဲ "

ရုတ္တရက္ ေဘာင္းဘီအိတ္ကပ္ထဲက ထုတ္လိုက္တဲ့ ေသနတ္တလက္က ေခါင္းေဆာင္ျဖစ္သူ လက္ထဲမွာ ။

အေျခအေနက အနည္းငယ္ေတာ့ စိုးရိမ္စဖြယ္ ျဖစ္သြားတယ္။

အျပန္အလွန္တိုက္ခိုက္ရမွာထက္ လက္နက္ေတြပါ ရိွေနတဲ့သူတို႔က ဘယ္လိုပဲျဖစ္ျဖစ္ အသာစီးက။

ယြန္းဂီတို႔ သူငယ္ခ်င္း ၇ ေယာက္က အားလပ္ခ်ိန္ေတြတုန္းက တိုက္ကြမ္ဒို ၊ ကရာေတး ေလ့လာဆည္းပူးထားဖူးၾကသည္မို႔ လက္ရည္ခ်င္း ယွဉ္တိုက္ခိုက္ရမည္ဆိုလ်ွင္ မေၾကာက္ေသာ္လည္း လက္နက္နဲ႔ အႏိုင္ယူမည္ဆိုလ်ွင္ေတာ့ သူတို႔ဘက္က အေရးမလွ ။

ဘယ္လို လုပ္ရမလဲ ။

စဉ္းစားစမ္း ၊ စဉ္းစားစမ္း

အသက္ကိုပါ ၿခိမ္းေျခာက္ေနၿပီျဖစ္တဲ့ အေျခအေနမွာ သူတို႔ ဘာလုပ္ရမည္နည္း ။

လူဆိုးေခါင္းေဆာင္ကေတာ့ သူနဲ႔ မ်က္ႏွာခ်င္းဆိုင္ တည့္တည့္ဝယ္ရိွေနသည့္
နမ္ဂြၽန္းအား ဦးဆံုး ေသနတ္ျဖင့္ ခ်ိန္ရြယ္ထားလိုက္ၿပီ ျဖစ္တယ္။

"မလုပ္နဲ႔ ... နမ္ဂြၽန္းကို မထိနဲ႔"

ဟိုေဆာ့ထံမွ ေအာ္သံစူးစူးက ထြက္သြားေတာ့

"ဘာလဲ ဒါဆို မင္းကို ပစ္ရမွာလား ဟက္"

ေသနတ္ေျပာင္းဝက ဟိုေဆာ့ဘက္သို႔ လွည့္သြားတယ္။

အဲ့အခ်ိန္မွာပဲ အခြင့္ေကာင္းကို ေစာင့္ေနတဲ့
ေဂ်ာင္ကုက အာရံုမ်ားေနတဲ့ လူဆိုးေခါင္းေဆာင္ရဲ့လက္ထဲက ေသနတ္ကို ​လ်င္ျမန္စြာနဲ႔ပဲ ေျခေထာက္ကစ္တခ်က္ေပးရင္း ေျပးကန္ပစ္ကန္ေလတယ္ ။

"ဝွီး"

ေသနတ္ဟာ ေျမျပင္ေပၚသို႔ ေလ်ာကနဲ လြင့္စင္သြားတယ္။

"မေလာက္ေလး မေလာက္စားနဲ႔ မင္းကမ်ား"

ထိုအခ်ိန္ ေဘးက လူထြားႏွစ္ေယာက္ကလဲ အခုမွ အသက္ဝင္လာသလိုမ်ိဳး လႈပ္ရွားလာၿပီး ေဂ်ာင္ကု ကို ဝင္ရိုက္ဖို႔ ျပင္ေလတယ္။

က်န္တဲ့ ေကာင္ေလး ၆ ေယာက္ကလဲ ေဂ်ာင္ကုကို အထိမခံႏိုင္တာမို႔ ထိုလူဆိုး ၃ ေယာက္လံုးစီ ဝင္လံုးေလေတာ့တယ္။

ရိုက္ႏွက္ တိုက္ခိုက္ ဆြဲထိုးသံေတြဟာ ညံသြားတယ္။

အေျခအေနေတြဟာ တကယ့္ကို ရုတ္ရုတ္သဲသဲ။

ဒါေပမဲ့ ေသနတ္တလက္ပဲ ေဆာင္ထားတာမဟုတ္တဲ့ လူဆိုးေခါင္းေဆာင္က ​လူယုတ္မာၿပံဳးႀကီး ၿပံဳးၿပီး ေဘာင္းဘီအိတ္ကပ္ေနာက္တဖက္ထဲမွာ ရိွတဲ့ ေသနတ္ကို ဆြဲထုတ္ကာ သူ႔အနားေရာက္ေနတဲ့ ေဂ်ာင္ကုကို ပစ္ဖို႔ လုပ္လိုက္ခ်ိန္မွာပဲ ....

"လက္ထဲက လက္နက္ကို ခ်လိုက္စမ္း"

"မင္းတို႔အားလံုးကို ငါတို႔ဝိုင္းထားၿပီ
ေျပးဖို႔မႀကံနဲ႔ ေျပးမလြတ္ပါဘူး"

ဆိုတဲ့ ေအာင္ျမင္လွတဲ့ အသံတခုဟာ
​ေျမေအာက္ခန္း ေလွကား ေျခရင္းေလာက္ကေန
ေပၚထြက္လာေလတယ္။

ထိုအသံပိုင္ရွင္ ရိွရာထံကို သူတို႔ရဲ့ အၾကည့္ေတြက ေရာက္ရိွသြားခ်ိန္မွာပဲ ျမင္လိုက္ရတာကေတာ့
Ghost House Page Admin လို႔ သူတို႔ သိထားတဲ့ ဘိုးေတာ္နဲ႔ အတူ သူ႔တပည့္ ႏွစ္ေယာက္ ။

ဒါ့အျပင္ သူတို႔ ေဘးမွာ လူသံုးေယာက္။

အားလံုးရဲ့ လက္ထဲမွာေတာ့ ေသနတ္ကိုယ္စီျဖင့္။

ေျပာင္းလဲသြားတဲ့ အေျခအေနေတြဟာ
လိုက္လို႔မမွီေလာက္ေအာင္ ထူးျခားေနခဲ့ေလတယ္။

သူတို႔သိထားတဲ့ Admin ဘိုးေတာ္ရဲ့ မူရင္းပံုစံအစစ္ဟာ ဘာလဲ ။

ေျမေအာက္ခန္းအတြင္းဝယ္ အခန္းတြင္းမြန္းၾကပ္မႈေတြနဲ႔အတူ စိတ္မြန္းၾကပ္မႈေတြကဟာ ပိုၿပီး ဆိုးရြားေနခဲ့တယ္။

သို႔ေပမဲ့

အခုခ်ိန္ထိ ဘာျဖစ္ကုန္တာလဲဆိုတဲ့ အေျခအေနအမွန္ ၊ အေၾကာင္းအရာမွန္ကို မသိရိွခဲ့ေသးပါဘူး။

လ်ိဳ႕ဝွက္ခ်က္ေတြဟာ မ်ားျပားေနဆဲ ။

.

.

ဝကၤပါထဲက သရဲစံအိမ္
(နိဂံုး-အဆံုး)
Coming Soon ~~ ✍️



ခ်စ္ခင္ျခင္းမ်ားစြာျဖင့္
Cuttiehsumindooly

























Continue Reading

You'll Also Like

10.3K 821 5
အဝါရောင်လွှမ်းနေတဲ့နေကြာခင်းကြီးထဲက အစ်ကိုက ကျွန်တော့်ရဲ့တစ်ဦးတည်းသော အဖြူရောင်နေကြာလေး ... [completed ] 🌻 {Kim Namjoon - Kim Seokjin }🌻 -inspir...
449K 69.7K 185
ဘာသာပြန်သူ- စွဲညို့အသင်း (ဘာသာပြန်သူတစ်ဦးတည်း မဟုတ်ပါ) MC ကျန်းလော့က အနိုင်မခံ အရှုံးမပေးတတ်တဲ့ စိတ်နေသဘောသဘာဝကို ပိုင်ဆိုင်ထားပါတယ်။ ML ချီယုံကကျ စ...
28.7K 3.9K 45
ဘာသာပြန်သူ- စွဲညို့အသင်း ခေတ်ကာလ အပြောင်းအလဲ နှစ်ပေါင်းများစွာ ကြာပြီးတဲ့နောက် ရုတ်တရက် စည်းပွင့်သွားလို့ နိုးထလာရတဲ့ သရဲဘုရင်ကြီးတစ်ယောက် လူသားလောကမ...
34.4K 3K 15
#aeternummeansforever #coverbyjaejoonghtike