Near the love (Complete)

By KhineLay443

47.5K 2.8K 188

Uni ဒါလေးက My son or boyfriend ရဲ့ Season 2 လေးဖြစ်ပါတယ်... Zaw ဒါလေးက My son or boyfriend ရဲ့ Season 2 လေးဖြ... More

Note
Near the love 1
Near the love 2
Near the love 3
Near the love 4
Near the love 5
Near the love 6
Near the love 7
Near the love 8
Near the love 9
Near the love 10
Near the love 11
Near the love 12
Near the Love 13
Near the love 14
Near the love 15
Near the love 17
Near the love 18
Near the love 19
Near the love 20
Near the love 21
Near the love 22
Near the love 23
Near the love 24
Near the love 25
Near the love 26
Near the love 27
Near the love 28
Near the love 29
Near the love 30
Sorry
Near the love 31
Near the love 32
Near the love 33
Near the love 34
Near the love 35
Near the love 36
Near the Love 37
Near the love 38
Near the Love 39
Near the Love 40
Near the love 41
Near the Love 42
Near the Love 43
Near the Love 44
Near the Love 45
Near the love 46
Near the Love 47
Near the Love 48
Near the Love 49
Near the Love 50
Near the Love 51
Near the Love 52
Near the Love 53
Near the Love 54
Near the Love 55
Near the Love 56 Final
Thanks

Near the love 16

816 52 0
By KhineLay443

Uni

Roshan ဆိုတာ Death ရဲ့ သူငယ်ချင်း ဖြစ်သလို Death ကိုငယ်စဥ်ထဲက တစ်ဖက်သက်ကြိုက်နေသူဆိုလဲ မမှားပေ။

နှစ်ယောက်သား အရင်ထဲက တစ်ပူးပူးတတွဲတွဲနေနေတာကြောင့် Death သတိမထားမိပင်မဲ့ Roshan ကတော့ Death ကို ရင်ထဲကအနက်ရှိုင်းဆုံးအထိ နှစ်နှစ်ကာကာချစ်နေတယ်ဆိုလဲမမှား....

ဒါကို Death ကတော့ မသိရှာခဲ့......

"သောက်တာတော်တော့ Death... "
"......"
"တော်တော့...မင်းများနေပြီ"
"ဖယ်ကွာ...ငါသောက်ချင်သေးတယ်"

"အေး....သေသွားရင် ဟိုကောင်လေးတစ်ယောက်ထဲကျန်ခဲ့မှာသိလား ဟမ်!!!"
ဒီလောက်မူးရူးနေတာတောင် ဆက်သောက်နေသေးတာမို့ Roshan အော်မိလိုက်သည်။ ဟိုကောင်လေးနဲ့ ကိုင်ပေါက်တော့ သောက်တာကိုရပ်လိုက်သည်။...ဟက်...ဒီကောင်လေးက Death ကို တော်တော် စိုးမိုးနိုင်တာပဲ.....

"ငါအဲ့လောက်မမူးသေးပါဘူး Roshan ရာ" အမှန်လဲ တကယ် Death တစ်ယောက် ဆိုးဆိုးဝါးဝါး မမူးသေး...

ပုံစံကသာအမူးလွန်နေပုံနှင့် တကယ်တော့ Death က အသိစိတ်ရှိသေးသည်။

"ဒါကလဲ တိုက်ဆိုင်မှုနေမှာပါ...လူမှားတာလဲ ဖြစ်နိုင်တာပဲလေ။ မင်းပဲစဥ်းစားကြည့် ထူးစစ်သော် က တစ်ကောင်ကြွက်။ သူ့ကိုဘယ်လိုလူက ဒီလောက်အဖြစ်သည်းမှာလဲ။ ငါပြောချင်တာကွာ သူ့မှာချစ်သူလဲ မရှိဘူးလေ......
သူ့သူငယ်ချင်းလိုတပည့်ကလဲ ခုမြန်မာပြည်မှာ..."

Roshan ပြောနေတာကို Death ငြိမ်ကာနားထောင်နေလေသည်။
"ငါပြောသလိုပဲ...မင်းသူ့ကိုအရမ်းမချုပ်နဲ့ မဟုတ်ရင် အရင်ကသူလို"
"တော်တော့!! Roshan ထက်မပြောနဲ့တော့...ငါ babyကို ဒီလိုထက်အဖြစ်မခံဘူး"

"ဒါဆို မင်းဆင်ခြင်ပေါ့ကွာ"

Roshan လဲ ခုမှပြောလို့ရတော့တဲ့ Death ကြောင့် သက်ပြင်းသာချနိုင်တော့သည်။
နှစ်ယောက်သား ဉာဥ့်နက်တဲ့အထိသောက်ပြီးတာနဲ့ ပြန်ဖို့ရွယ်လိုက်ပင်မဲ့...Death မှ
"ငါဒီညမပြန်ချင်ဘူး...Hotel မှပဲသွားနေရအောင်။ Roshan မင်းလဲလိုက်ခဲ့နော်...."

Death စကားဆို မပြယ်ချဖူးသူကတော့ ခေါင်းငြိမ့်ကာ နှစ်ယောက်သား Hotel တွင်ထက်သောက်ရန် ဆုံးဖြတ်လိုက်ကြလေသည်။

"ငါမသောက်ချင်တော့ဘူး"
"ဟာ...မင်းကလဲ အမျိုးမျိုး.... " အခုတစ်မျိုး တော်ကြာတစ်မျိုး လုပ်နေသော Death ကြောင့် Roshan တောင် နားမလည်ဖြစ်သွားသည်။

"ငါပြောစရာရှိလို့"
"အင်းပြောလေ"

"ငါ့ကို တစ်ယောက်ရှာပေး"
"ဟမ်! မင်း...မင်းပြောတာ one night အတွက်လား"

Death စကားကြောင့် Roshan လန့်သွားသည်မှာအမှန်ပင်။
"အင်း....ငါဒီညတစ်ယောက်လိုနေတယ်"
Roshan လဲ Death ရဲ့အောက်ပိုင်းရပ်ဝန်းကိုကြည့်မိတော့ အမှန်တကယ်လိုအပ်နေသည်ပင်။

"ငါ...မရတော့ဘူး Roshan"
ကုတင်ပေါ် ခြေပြစ်လက်ပြစ်လှဲကာ Death ပြောလိုက်လေသည်။

Roshan ကတော့ ထိုအခြေအနေအတွက် ခေါင်းရှုပ်သွားလေသည်။ ဒါပင်မဲ့ ဆုံးဖြတ်ချက်တစ်ခုကို Roshan ချလိုက်ကာ....
"ငါကူမယ်..."

လှဲအိပ်နေသော Death အပေါ်ကို Roshan ခွထိုင်လိုက်လေသည်။
"Ro...Roshan "
"ငါ့ကိုယူ...ငါ့ကိုယူ Death"

"မဟုတ်သေးဘူး... Roshan..ငါတို့ အွတ်..."
ငြင်းနေသောကြောင့် Roshan စကားအပိုမပြောတော့ဘဲ နှုတ်ခမ်းတွေကိုပိတ်အောင် နမ်းပြစ်လိုက်တော့သည်။

ပြီးတော့ Roshan ကိုယ်တိုင်ပဲ အဝတ်တွေကိုချွတ်ပြစ်လိုက်ကာ Death သာယာစေဖို့ ကြိုးစားတော့သည်။
ကြာကြာမခံနိုင်တော့ဘဲ Death တစ်ယောက်လဲ Roshan ရဲ့ အပြုအစုကြားမှာ နစ်မြောကာ လိုချင်တဲ့ခရီးကို လျှောက်လှမ်းလိုက်တော့သည်။

ဒီအတွက် Roshan နောင်တမရပါဘူး...မိမိချစ်တဲ့သူကို ဆန္ဒဖြည့်ဆည်းပေးရတာလောက် Roshan ပျော်တာမရှိဘူး.......
__________________

မနက်နိုးတာနဲ့ ဆိုင်ကိုသွားဖို့ ထူးစစ်သော် ပြင်ဆင်နေမိသည်။
အဝတ်အစားလဲ လဲပြီးတာနဲ့ အောက်ထပ်ကိုဆင်းကာ မနက်စာစားတဲ့အထိ Death ကိုမတွေ့သေး...

ဒါပင်မဲ့ မနေ့ကဖြစ်ထားတဲ့အဖြစ်အပျက်ကြောင့် ထူးစစ်သော် ဘယ်သူ့ကိုမှ စကားမပြောချင်။
စားသောက်ပြီးတာနဲ့ အိမ်ရှေ့ကိုထွက်လာတော့ ဒါရိုက်ဘာ က အသင့်စောင့်နေလေသည်။

သူလဲ အေးဆေးကားပေါ်တတ်ကာ ဆိုင်သို့~~~~

ဆိုင်ရောက်ကတည်းက စီမံတာတွေလုပ်ပြီး မောသွားတာကြောင့် သံပုရာရည်လေးသောက်ကာ bar တန်းရှေ့တွင်ထိုင်နေလေသည်။

ခဏအကြာ ဆိုင်ထဲဝင်လာသူကြောင့် ထူးစစ်သော် ကိုယ်ပါမတ်သွားလေသည်။

လွန်းထက်သာ လဲ ထူးစစ်သော် ကိုမြင်ပင်မဲ့ အရင်လို အတင်းအကြပ်မလုပ်တော့ဘဲ ကိုယ်ထိုင်မဲ့ စားပွဲဆီသို့သာသွားပြီးအေးဆေးထိုင်နေလိုက်သည်။

မှာစရာရှိတာမှာပြီးတာနဲ့ လာချမှာကိုစောင့်ပြီး အပြင်သို့ငေးနေလိုက်လေသည်။
စုံစမ်းချက်အရ ဒီဆိုင်ကဖွင့်ထားတာ မကြာသေးဘူးတဲ့။ ထူးစစ်သော် ကကော ဘာကြောင့် မိမိကို မမှတ်မိရတာလဲ...

စားသောက်ပြီးတဲ့အထိ ထူးစစ်သော် ကြည့်နေတာကို လွန်းထက်သာ သိပါသည်။ ဒါပင်မဲ့ ဂရုမစိုက်သူလို အေးဆေးစားစရာရှိတာစားပြီး ထသွားလိုက်လေသည်။

ဒီကိစ္စကအရမ်းကြီး ဇွတ်လုပ်လို့မရပေ။
.
.
.
ဒီနေ့နဲ့ဆို ဆိုင်ကို မနက်စာလာစားသည်မှာ တစ်ပတ်ကျော်ကျော်ရှိနေလေပြီ။ ခုတော့ ထူးစစ်သော် ပုံစံမှာ မိမိရှိလဲ သိပ်ဂရုမထားဘဲ အေးဆေးဆိုင်ထိုင်နေပုံကြောင့် တိုးတတ်လာမှန်း လွန်းထက်သာ ရိပ်စားမိသည်။

"အခုလို အမြဲလာအားပေးတဲ့အတွက် မေတ္တာလက်ဆောင်အနေနဲ့ ဆိုင်ကကျွေးတာပါ" အချိုပွဲချိုချိုလေးတစ်ပွဲကို ရှေ့၌ချလာကာ စကားစလာသူ....

"ဟုတ်ကဲ့ ကျွန်တော်လဲ ဆိုင်ရဲ့အစားအသောက်ကောင်းမှုကြောင့် ခုလိုလာစားတာပါ"
"ဟုတ်...ခုလိုပြောပေးလို့ကျေးဇူးပါဗျ...အမှန်ပြောရရင် ဒီမှာက ကျွန်တော့်အတွက် မြန်မာအသိမိတ်ဆွေမရှိဘူး....ဒါကြောင့် ဒီက~~~"

သံရှည်ဆွဲကာပြောလာသူကို လွန်းထက်သာ ပြုံးပြကာ..
"လွန်းထက်သာ ပါ"
"သြော် အစ်ကို လွန်းထက်သာ... ကျွန်တော်က Moon ပါ....."

ရှေ့က ပြုံးပြုံးရွှင်ရွှင်ပြောနေသော ထူးစစ်သော် က သူ့ကိုယ်သူ Moon လို့မိတ်ဆက်လိုက်တော့ လွန်းထက်သာ ကြောင်ငေးသွားပင်မဲ့ အမြန်ထိန်းကာ..
"Moon...."
"ဟုတ်...ဟီးးး"

သွားလေးဖြဲကာရယ်ပြနေသော သူကြောင့် လွန်းထက်သာ ​ပြုံးမိသွားသည်။
ခဏအကြာ ဘေးဘက်ကိုကြည့်ရင်း ပြာပြာသလဲဖြင့်...
"ဒါက အချိုပွဲလေး....စားလိုက်နော်...Moon ကိစ္စရှိလို့..သွားပြီနော်"

လျစ်ခနဲထပြေးသွားသော ကောင်လေးကို ကြည့်လိုက် ပတ်ဝန်းကျင် ကို မသိမသာကြည့်လိုက်နဲ့ လွန်းထက်သာ အကဲခတ်နေလိုကိသည်။
_____________

နှစ်ယောက်သားအတူတူနေခဲ့တဲ့ညမှစပြီး နောက်ပိုင်း Death တစ်ယောက် Roshan ကို မျက်နှာချင်းမဆိုင်ရဲသေး....

ထိုနေ့ကလဲ ဘယ်လိုဖြစ်လို့ စိတ်ကိုမထိန်းနိုင်ဖြစ်ခဲ့တာလဲမပြောတတ်တော့.....
အရင်ကဒီလိုဆို တစ်ယောက်ထဲ လက်သမားအနေနဲ့ဖြေလျော့ခဲ့ပင်မဲ့...အဲ့နေ့ကတော့......

ခုလဲ စာကြည့်ခန်းထဲမှာနေနေမိတာ ဘယ်လောက်တောင် ကြာသွားလဲမသိ....
"Death ငါဝင်လာပြီ..."

သတိပေးတာလား ခွင့်တောင်းတာလားမသိ Roshan တစ်ယောက်ကတော့ ဝင်လာကာ...
"မင်း.....Death..... "
___________
3.3.2022
Khine Lay

Zaw




"......"









"ငါမသောက်ချင်တော့ဘူး"

"ငါပြောစရာရှိလို့"
"အင်းပြောလေ"



"ငါ...မရတော့ဘူး Roshan"

"ငါကူမယ်..."

"Ro...Roshan "



__________________









.
.
.



"လွန်းထက်သာ ပါ"

"Moon...."
"ဟုတ်...ဟီးးး"


_____________



"Death ငါဝင်လာပြီ..."

"မင်း.....Death..... "
___________
3.3.2022
Khine Lay

Continue Reading

You'll Also Like

30.7K 454 18
Kuroko is a boy from Teiko junior high, he decided to join Seirin after some drama with the GoM, you see, Teiko's priority was to win, everything els...
2K 82 24
ညာဏ်လင်းမြတ် + စိုင်းညာဏ်ခ
27.7K 3.8K 38
˚✧ Protagonist˚✧ Gemini Kleverron "ជេមមីណាយ ឃ្លេវវើរ៉នន៍" ♡ Fourth Sydenzverd "ហ្វូត សាយឌេនវើត" /////// •Hate to love💅🏻?????
562K 34.6K 88
THE BILLIONAIRE'S MARRIAGE SERIES #Book1 :- YOURS BY CHANCE - THE BILLIONAIRE'S OBSESSION {ongoing} I love him but maybe love wasn't enough...!! I t...