Near the love (Complete)

By KhineLay443

47.5K 2.8K 188

Uni ဒါလေးက My son or boyfriend ရဲ့ Season 2 လေးဖြစ်ပါတယ်... Zaw ဒါေလးက My son or boyfriend ရဲ႕ Season 2 ေလးျဖ... More

Note
Near the love 1
Near the love 2
Near the love 3
Near the love 4
Near the love 5
Near the love 6
Near the love 7
Near the love 8
Near the love 9
Near the love 10
Near the love 11
Near the love 12
Near the love 14
Near the love 15
Near the love 16
Near the love 17
Near the love 18
Near the love 19
Near the love 20
Near the love 21
Near the love 22
Near the love 23
Near the love 24
Near the love 25
Near the love 26
Near the love 27
Near the love 28
Near the love 29
Near the love 30
Sorry
Near the love 31
Near the love 32
Near the love 33
Near the love 34
Near the love 35
Near the love 36
Near the Love 37
Near the love 38
Near the Love 39
Near the Love 40
Near the love 41
Near the Love 42
Near the Love 43
Near the Love 44
Near the Love 45
Near the love 46
Near the Love 47
Near the Love 48
Near the Love 49
Near the Love 50
Near the Love 51
Near the Love 52
Near the Love 53
Near the Love 54
Near the Love 55
Near the Love 56 Final
Thanks

Near the Love 13

874 66 2
By KhineLay443

Uni

"စားပါ babyရယ်...ဆန်ပြုတ် မကြိုက်ဘူးလား။ ကိုယ် ဘာလုပ်ခိုင်းလိုက်ရမလဲ။ Baby စားချင်တာပြောလေ"
"ကျွန်တော် တစ်ယောက်ထဲ နေချင်တယ်..."

တစ်ဖက်သို့ မျက်နှာ လွှဲသွားသူလေးကြောင့် Death စိတ်မကောင်းဖြစ်မိသည်။

လွန်ခဲ့တဲ့ တစ်လက ကားအက်စီးဒန့် ကြောင့် baby ကိုထိခိုက်မိစေပြီး အတိတ်ပါမေ့စေခဲ့သည်။ အဆိုးထဲက အကောင်းပဲပြောရမလား အတိတ်မေ့နေသော baby ကို ကိုယ်တို့တွေက ချစ်သူတွေပါဆိုပြီး လိုသလိုပုံဖော်လို့ ရတော့မှာပင်။

အိမ်ပြောင်း တဲ့ နေ့က အလုပ်ကိစ္စအရေးကြီးသောကြောင့် မိမိကအရင်သွားနှင့်ခဲ့သည်လေ။ လေယာဉ် နဲ့ ကျွန်းပေါ်ကနေ ကလေးကိုခေါ်ခဲ့ပြီး Landon မြို့အရောက်မှာတော့ ကားနဲ့ အိမ်သို့ခေါ်ခဲ့သည်။

ဖြစ်ချင်တော့ လမ်းမှာ ကုန်ကားတစ်စီးချို့ယွင်းချက်ကြောင့် ခုလို baby ပါထိခိုက်မိစေခဲ့သည်။

တကယ်လို့သာ မိမိလဲ ထိုအထဲမှာ ပါခဲ့လျှင် baby ကို သေချာပေါက် ကာကွယ်နိုင်ခဲ့မှာ.....

ခုတော့ baby စိတ်ဆန္ဒအတိုင်း အခန်းထဲကနေ ထွက်လာခဲ့ပြီး တစ်စုံတစ်ခုထားရာ အခန်းဆီသို့....

ထိုအခန်းကိုဖွင့်လိုက်တာနဲ့ မွှေးပျံ့နေသော ပန်းပေါင်းစုံရနံ့ကို မွှေးကြိုင်စွာ ရရှိလေသည်။
_________

"ကိုထက်ပိုင်....ကျွန်တော့်ကို ဒါလေးရှာပေးပါလား"
လွန်းထက်သာ ပေးသောFileကို ထက်ပိုင် ကြည့်ပြီး
"ဒါက..."

"ထူးစစ်သော် ထွက်သွားတဲ့ လက ဖြစ်ခဲ့ accidents တွေ...လူအသေအပျောက်မရှိလဲ သေးသေးလေးကအစပြန်စစ်ပေးပါ...."
"ဒါကို ဘယ်ကရတာလဲ"

ဟုတ်ပါတယ်.... ဒါကရဲတွေသာကြည့်ရတဲ့ မှတ်တမ်းလေ ခုဟာက အပြင်လူဆီကတောင် ရဲဖြစ်တဲ့ ထက်ပိုင်က ပြန်ကြည့်နေရတာ....

"အင်း...အသိဆီက။ လွယ်လွယ်ရခဲ့တာတော့မဟုတ်ဘူးပေါ့..."
"အင်းပါ...ဘာပဲဖြစ်ဖြစ် ဆရာ့ကိုရှာတဲ့အထဲမှာ ကိုလွန်းထက်သာ အားစိုက်ထုတ်တာ ပထမပဲ...ဒါကိုသာ ဆရာသိရင်..."

ပြောရင်း တိတ်သွားသူကြောင့် လွန်းထက်သာ မျက်ခုံးပင့်ရင်း
"ဆက်ပြောလေ"
"သြော်...ဆရာသိရင် သူ့ကိုခင်သူတွေပေါတယ်လို့ ပြောမှာပါလို့ အဲ့တာပြောတာ ဟဲဟဲ..."

ထက်ပိုင် အမှန်က 'သူချစ်တဲ့သူက သူ့ကို အရမ်း စိတ်ပူနေတယ်ဆိုပြီး ပျော်တောင်ပျော်နေမှာ' လို့ ပြောလိုက်ချင်သည်။ ခက်တာက ဆရာရယ် ဘယ်တွေများ ရောက်နေလဲဟင်....ခုလိုမျိုး ဆရာတွေ့ရင်ပျော်နေမှာ တပည့်သိတယ်....

"သြော်...မေ့တော့မလို့ သူ့မိဘတွေနဲ့ ပက်သက်တဲ့ fileပေးဦး ငါလုပ်စရာရှိလို့"
"အင်းပါ...."

ထက်ပိုင် ဆီက file ကို လွန်းထက်သာ ကိုင်ရင်း ရဲစခန်းထဲက ထွက်လာလိုက်သည်။
ကားပေါ်ရောက်တာနဲ့ တစ်စုံတစ်ဦးကို ဖုန်းဆက်ပြီး
"ငါ File ပို့လိုက်မယ်...အဲ့ကိစ္စစုံစမ်း.."
"....."

"အင်း...ရတဲ့အထိဖော်ပြီးရှာ.....အဓိကက သူတို့နှစ်ယောက်ရဲ့သား ငယ်ငယ်ကအကြောင်းတွေပါအကုန် စုံစမ်းပေး...."

ဖုန်းချပြီးတာနဲ့ ကုမ္ပဏီကို သွားရတော့သည်။ အဖေ့ရဲ့ အမွေဖြစ်ကို အဖေစိတ်ချနိုင်အောင် အကောင်းဆုံးလုပ်ရပေဦးမယ်....

တစ်ဦးထဲတစ်ယောက်ထဲ ဖြတ်သန်းနေရသော ဘဝက အထီးကျန်တော့ဆန်သား...
မိမိအိမ်ပြန်လာမှာကို စောင့်မျှော်နေမဲ့သူ မရှိသလို အချိန်မှန်ပြန်လာအောင်လဲ ဆွဲဆောင်နိုင်တဲ့သူ အိမ်မှာရှိမနေ။

ဒါကြောင့် မိမိကိုယ်တိုင်လဲ အိမ်ကို တစ်ပတ်နေမှ တစ်ခေါက်လောက်သာ ပြန်ဖြစ်သည်။
အလုပ်ခန်းတွင်သာ အိပ်ပြီးနေတတ်နေတာ အကျင့်လိုတောင်ဖြစ်နေသည်။

တစ်ခါတစ်လေ  အိမ်ပြန်လို မိမိကုတင်ပေါ်တွင် အိပ်နေရတာက မိမိအတွက် သက်တောင့်သက်သာ တောင်မဖြစ်တော့သလို...
အလုပ်ခန်းထဲက ဆိုဖာကသာ အိပ်လို့ကောင်းသရောင်ရောင်....

တစ်ယောက်ထဲ ဆိုသောကြောင့် ဖြစ်သလိုသာနေဖြစ်နေသည်.....

ခုတော့ ဒါတွေ ဂရုမစိုက်နိုင်အား ထူးစစ်သော် ကိုရှာဖို့သာ စိတ်အားထက်သန်နေမိသည်။ ဒီကောင်လေးက မိမိလိုတစ်ကောင်ကြွက်ဖြစ်သောကြောင့် သနားမိခြင်းလဲဖြစ်သည်။
_____________

"ကိုကို...."
"ဗျာ....."

"ဒီမှာ လာကြည့်ပေးပါဦး....သားလုပ်နေတာ အဆင်ပြေလားလို့...."
ဘာစိတ်ကူးပေါက်နေလဲမသိ ခုတလော koreaအစားအစာတွေကို ဓာတ်ကျနေသူလေးက ခုလဲတော့ပိုကီတဲ့ ဆန်ချောင်းဖြစ်ဖို့ ဆန်မှုန့်ကို ကိုယ်တိုင်နယ်နေလေရဲ့ Ready make ကို မသုံးချင်ပဲ ကိုယ်တိုင်လုပ်ချင်တာတဲ့....

"သားလေ ကောက်ညှင်းမှုန့်ပါ နည်းနည်းထည့်နယ်ထားတယ်..."
"အင်း...ကိုယ်ဘာလုပ်ပေးရမလဲ"

"အဲ့အိုးထဲက ပေါ်လာတဲ့ ဆန်ချောင်းတွေဆည်ပေး"
လပြည့်ဝန်း ပြောတဲ့အတိုင်း ပေါ်လာသော ဆန်ချောင်းတွေကို ဂရုတစိုက် ဆယ်ယူနေရသည်။

ဆန်ချောင်းရတာနဲ့မကပ်စေရန် ရေအေးလေးနဲ့စိမ်ထားလိုက်သည်။

လပြည့်ဝန်း အနှစ်ချက်နေပုံက တကယ့်စားဖိုမှူးလိုလိုပင်။
အနှစ်အတွက် ကိုရီးယားအနှစ်၊ပဲငန်ပြာရည်အကြည်၊ ခရုဆီ၊သကြား၊ ငရုပ်ကောင်း၊ အစိမ်းမှုန့်နည်းနည်းကိုသေချာပြစ်တဲ့အထိချက်လိုက်ပြီး....

ရတာနဲ့ ပြုတ်ပြီးသား အကင်ကိုထည့် ဆန်ချောင်းကိုထည့်ပြီး ပြစ်လာတာနဲ့မီးဖိုပေါ်ကချလိုက်သည်။

ဇေရဲမာန် မှာတော့ သူ့ကလေးကူခိုင်းသမျှကို apron ကြီးတကားကားနှင့် လုပ်ပေးရရှာသည်။
"ရပြီကိုကို...လာ...စားကြရအောင်"

ခြံထဲက ဘန်ဂလို ထဲတွင်နှစ်ယောက်သား ပြင်ဆင်ပြီး တော့ပိုကီ ကို ဆိုဂျူနှင့် ညနေခင်းကို အေးဆေးဖြတ်သန်းတော့မည်....

"ကလေး ခဏ....ရော့...ဒါစားပြီးမှ ဆိုဂျူ သောက်မယ်။ ကလေးခုထိဘာမှမစားရသေးဘူးလေ"
ဇေရဲမာန်ပေးသော ပန်းကန်ထဲက ထမင်းအနည်းငယ်ကိုစားလိုက်ရတော့သည်..

ခုလိုအထိလိုက်ဂရုစိုက်ပေးသော ကိုကို့ကိုလဲချစ်သည်....
_____________

"မလုပ်ရဘူး!!! baby ရာ လိုချင်တာရှိရင် ကိုယ်အကုန်ဖြည့်ဆည်းပေးလို့ရတာပဲ။ ဘာအလုပ်မှ လုပ်စရာကိုမလိုတာ"
"ကျွန်တော် ဒီအတိုင်း ကြီးပဲနေရတာ ကြာလာတော့ ပျင်းပြီးသေသွားလိမ့်မယ်...."

နှုတ်ခမ်းဆူကာ ကပ်ချွဲလာသူလေးကြောင့် Death သည်းမခံနိုင်တော့...ခုလဲကြည့် အိမ်မှာ အေးဆေးနေလို့ရနေတဲ့ဟာက အလုပ်လုပ်မည်ကြီး ဂျီကျနေလေသည်။

ဒီကိုရောက်ထဲက အတိတ်မေ့နေတာကြောင့် Death ခံသာနေလေသည်။
"ဒါဆို ခဏစောင့် ကိုယ်တိုင်ပင်လိုက်ဦးမယ်...babyက ဘာအလုပ်လုပ်ချင်တာလဲ"

"စားသောက်ဆိုင်.... barလဲပါမယ်...အဲ့လိုလေးဖွင့်ချင်တာ"
"okok....ခဏတော့စောင့်နော်"

Death အပြင်ကို အလျင်အမြန်ထွက်သွားပြီး ဆရာဝန်ဖြစ်သူကို ဖုန်းဆက်ကာ တွေ့ဖို့ချိန်းလိုက်တော့သည်။
.
.
.
"အင်းးးမကောင်းဘူးရယ်တော့မဟုတ်ပါဘူး။ သတိထားရမှာက သူကျင်လည်ခဲ့ဖူးတဲ့ပတ်ဝန်းကျင်သာ မထိတွေ့မိစေနဲ့ပေါ့"
"ဒါဆို Roshan ငါဖွင့်ပေးသင့်လား။"

ဆရာဝန်ဖြစ်သူ Roshan မှာ Death ၏ သူငယ်ချင်း ဖြစ်သလို ယုံကြည်ရသူလဲဖြစ်ပေသည်။
"ဒါကတော့ မင်းသဘောပါ။ ဖွင့်ပေးပြီး သူသတိရနိုင်မဲ့ ပတ်ဝန်းကျင်ကိုတော့ မထိတွေ့စေနဲ့ပေါ့"

Roshan စကားကို Death တွေးမိသည်။ babyလဲ စိတ်ချမ်းသာမှာဖြစ်တာကြောင့် သူလိုက်လျောဖို့သာ ဆုံးဖြတ်ချက်ချလိုက်လေသည်။
.
.
.
မရင်းနှီးတဲ့ ပတ်ဝန်းကျင် အခြေအနေကြောင့် ထူးစစ်သော် မှာ အပြင်ကိုကြည့်ရင်း အူကြောင်ကြောင် ဖြစ်နေလေသည်။
Deathက သွားစရာရှိတယ်ဆိုကာ ခေါ်လာပင်မဲ့ ဘယ်လဲသူမမေးမိ...
"babyရောက်ပြီ.."
ကားတံခါးဖွင့်ကာ ကိုယ်တိုင်လာခေါ်ရာ Death နောက်သို့ ထူးစစ်သော် လိုက်လာမိသည်။

"ဒါ..ဒါ...က"
___________

15.2.2022
Khine Lay

လွန်း နဲ့ ထူး ကိုတွေ့ပေးပါ့မယ်နော် ခဏလေးပဲစောင့်ပါတော့.....
ခုတလောမအားလို့ upတာမမှန်ဘူးဖြစ်နေတာပါ

Zaw

"စားပါ babyရယ္...ဆန္ျပဳတ္ မႀကိဳက္ဘူးလား။ ကိုယ္ ဘာလုပ္ခိုင္းလိုက္ရမလဲ။ Baby စားခ်င္တာေျပာေလ"
"ကြၽန္ေတာ္ တစ္ေယာက္ထဲ ေနခ်င္တယ္..."

တစ္ဖက္သို႔ မ်က္ႏွာ လႊဲသြားသူေလးေၾကာင့္ Death စိတ္မေကာင္းျဖစ္မိသည္။

လြန္ခဲ့တဲ့ တစ္လက ကားအက္စီးဒန့္ ေၾကာင့္ baby ကိုထိခိုက္မိေစၿပီး အတိတ္ပါေမ့ေစခဲ့သည္။ အဆိုးထဲက အေကာင္းပဲေျပာရမလား အတိတ္ေမ့ေနေသာ baby ကို ကိုယ္တို႔ေတြက ခ်စ္သူေတြပါဆိုၿပီး လိုသလိုပုံေဖာ္လို႔ ရေတာ့မွာပင္။

အိမ္ေျပာင္း တဲ့ ေန႕က အလုပ္ကိစၥအေရးႀကီးေသာေၾကာင့္ မိမိကအရင္သြားႏွင့္ခဲ့သည္ေလ။ ေလယာဥ္ နဲ႕ ကြၽန္းေပၚကေန ကေလးကိုေခၚခဲ့ၿပီး Landon ၿမိဳ႕အေရာက္မွာေတာ့ ကားနဲ႕ အိမ္သို႔ေခၚခဲ့သည္။

ျဖစ္ခ်င္ေတာ့ လမ္းမွာ ကုန္ကားတစ္စီးခ်ိဳ႕ယြင္းခ်က္ေၾကာင့္ ခုလို baby ပါထိခိုက္မိေစခဲ့သည္။

တကယ္လို႔သာ မိမိလဲ ထိုအထဲမွာ ပါခဲ့လွ်င္ baby ကို ေသခ်ာေပါက္ ကာကြယ္နိုင္ခဲ့မွာ.....

ခုေတာ့ baby စိတ္ဆႏၵအတိုင္း အခန္းထဲကေန ထြက္လာခဲ့ၿပီး တစ္စုံတစ္ခုထားရာ အခန္းဆီသို႔....

ထိုအခန္းကိုဖြင့္လိုက္တာနဲ႕ ေမႊးပ်ံ့ေနေသာ ပန္းေပါင္းစုံရနံ႕ကို ေမႊးႀကိဳင္စြာ ရရွိေလသည္။
_________

"ကိုထက္ပိုင္....ကြၽန္ေတာ့္ကို ဒါေလးရွာေပးပါလား"
လြန္းထက္သာ ေပးေသာFileကို ထက္ပိုင္ ၾကည့္ၿပီး
"ဒါက..."

"ထူးစစ္ေသာ္ ထြက္သြားတဲ့ လက ျဖစ္ခဲ့ accidents ေတြ...လူအေသအေပ်ာက္မရွိလဲ ေသးေသးေလးကအစျပန္စစ္ေပးပါ...."
"ဒါကို ဘယ္ကရတာလဲ"

ဟုတ္ပါတယ္.... ဒါကရဲေတြသာၾကည့္ရတဲ့ မွတ္တမ္းေလ ခုဟာက အျပင္လူဆီကေတာင္ ရဲျဖစ္တဲ့ ထက္ပိုင္က ျပန္ၾကည့္ေနရတာ....

"အင္း...အသိဆီက။ လြယ္လြယ္ရခဲ့တာေတာ့မဟုတ္ဘူးေပါ့..."
"အင္းပါ...ဘာပဲျဖစ္ျဖစ္ ဆရာ့ကိုရွာတဲ့အထဲမွာ ကိုလြန္းထက္သာ အားစိုက္ထုတ္တာ ပထမပဲ...ဒါကိုသာ ဆရာသိရင္..."

ေျပာရင္း တိတ္သြားသူေၾကာင့္ လြန္းထက္သာ မ်က္ခုံးပင့္ရင္း
"ဆက္ေျပာေလ"
"ေၾသာ္...ဆရာသိရင္ သူ႕ကိုခင္သူေတြေပါတယ္လို႔ ေျပာမွာပါလို႔ အဲ့တာေျပာတာ ဟဲဟဲ..."

ထက္ပိုင္ အမွန္က 'သူခ်စ္တဲ့သူက သူ႕ကို အရမ္း စိတ္ပူေနတယ္ဆိုၿပီး ေပ်ာ္ေတာင္ေပ်ာ္ေနမွာ' လို႔ ေျပာလိုက္ခ်င္သည္။ ခက္တာက ဆရာရယ္ ဘယ္ေတြမ်ား ေရာက္ေနလဲဟင္....ခုလိုမ်ိဳး ဆရာေတြ႕ရင္ေပ်ာ္ေနမွာ တပည့္သိတယ္....

"ေၾသာ္...ေမ့ေတာ့မလို႔ သူ႕မိဘေတြနဲ႕ ပက္သက္တဲ့ fileေပးဦး ငါလုပ္စရာရွိလို႔"
"အင္းပါ...."

ထက္ပိုင္ ဆီက file ကို လြန္းထက္သာ ကိုင္ရင္း ရဲစခန္းထဲက ထြက္လာလိုက္သည္။
ကားေပၚေရာက္တာနဲ႕ တစ္စုံတစ္ဦးကို ဖုန္းဆက္ၿပီး
"ငါ File ပို႔လိုက္မယ္...အဲ့ကိစၥစုံစမ္း.."
"....."

"အင္း...ရတဲ့အထိေဖာ္ၿပီးရွာ.....အဓိကက သူတို႔ႏွစ္ေယာက္ရဲ႕သား ငယ္ငယ္ကအေၾကာင္းေတြပါအကုန္ စုံစမ္းေပး...."

ဖုန္းခ်ၿပီးတာနဲ႕ ကုမၸဏီကို သြားရေတာ့သည္။ အေဖ့ရဲ႕ အေမြျဖစ္ကို အေဖစိတ္ခ်နိဳင္ေအာင္ အေကာင္းဆုံးလုပ္ရေပဦးမယ္....

တစ္ဦးထဲတစ္ေယာက္ထဲ ျဖတ္သန္းေနရေသာ ဘဝက အထီးက်န္ေတာ့ဆန္သား...
မိမိအိမ္ျပန္လာမွာကို ေစာင့္ေမွ်ာ္ေနမဲ့သူ မရွိသလို အခ်ိန္မွန္ျပန္လာေအာင္လဲ ဆြဲေဆာင္နိုင္တဲ့သူ အိမ္မွာရွိမေန။

ဒါေၾကာင့္ မိမိကိုယ္တိုင္လဲ အိမ္ကို တစ္ပတ္ေနမွ တစ္ေခါက္ေလာက္သာ ျပန္ျဖစ္သည္။
အလုပ္ခန္းတြင္သာ အိပ္ၿပီးေနတတ္ေနတာ အက်င့္လိုေတာင္ျဖစ္ေနသည္။

တစ္ခါတစ္ေလ  အိမ္ျပန္လို မိမိကုတင္ေပၚတြင္ အိပ္ေနရတာက မိမိအတြက္ သက္ေတာင့္သက္သာ ေတာင္မျဖစ္ေတာ့သလို...
အလုပ္ခန္းထဲက ဆိုဖာကသာ အိပ္လို႔ေကာင္းသေရာင္ေရာင္....

တစ္ေယာက္ထဲ ဆိုေသာေၾကာင့္ ျဖစ္သလိုသာေနျဖစ္ေနသည္.....

ခုေတာ့ ဒါေတြ ဂ႐ုမစိုက္နိုင္အား ထူးစစ္ေသာ္ ကိုရွာဖို႔သာ စိတ္အားထက္သန္ေနမိသည္။ ဒီေကာင္ေလးက မိမိလိုတစ္ေကာင္ႂကြက္ျဖစ္ေသာေၾကာင့္ သနားမိျခင္းလဲျဖစ္သည္။
_____________

"ကိုကို...."
"ဗ်ာ....."

"ဒီမွာ လာၾကည့္ေပးပါဦး....သားလုပ္ေနတာ အဆင္ေျပလားလို႔...."
ဘာစိတ္ကူးေပါက္ေနလဲမသိ ခုတေလာ koreaအစားအစာေတြကို ဓာတ္က်ေနသူေလးက ခုလဲေတာ့ပိုကီတဲ့ ဆန္ေခ်ာင္းျဖစ္ဖို႔ ဆန္မႈန့္ကို ကိုယ္တိုင္နယ္ေနေလရဲ႕ Ready make ကို မသုံးခ်င္ပဲ ကိုယ္တိုင္လုပ္ခ်င္တာတဲ့....

"သားေလ ေကာက္ညွင္းမႈန့္ပါ နည္းနည္းထည့္နယ္ထားတယ္..."
"အင္း...ကိုယ္ဘာလုပ္ေပးရမလဲ"

"အဲ့အိုးထဲက ေပၚလာတဲ့ ဆန္ေခ်ာင္းေတြဆည္ေပး"
လျပည့္ဝန္း ေျပာတဲ့အတိုင္း ေပၚလာေသာ ဆန္ေခ်ာင္းေတြကို ဂ႐ုတစိုက္ ဆယ္ယူေနရသည္။

ဆန္ေခ်ာင္းရတာနဲ႕မကပ္ေစရန္ ေရေအးေလးနဲ႕စိမ္ထားလိုက္သည္။

လျပည့္ဝန္း အႏွစ္ခ်က္ေနပုံက တကယ့္စားဖိုမႉးလိုလိုပင္။
အႏွစ္အတြက္ ကိုရီးယားအႏွစ္၊ပဲငန္ျပာရည္အၾကည္၊ ခ႐ုဆီ၊သၾကား၊ င႐ုပ္ေကာင္း၊ အစိမ္းမႈန့္နည္းနည္းကိုေသခ်ာျပစ္တဲ့အထိခ်က္လိုက္ၿပီး....

ရတာနဲ႕ ျပဳတ္ၿပီးသား အကင္ကိုထည့္ ဆန္ေခ်ာင္းကိုထည့္ၿပီး ျပစ္လာတာနဲ႕မီးဖိုေပၚကခ်လိဳက္သည္။

ေဇရဲမာန္ မွာေတာ့ သူ႕ကေလးကူခိုင္းသမွ်ကို apron ႀကီးတကားကားႏွင့္ လုပ္ေပးရရွာသည္။
"ရၿပီကိုကို...လာ...စားၾကရေအာင္"

ၿခံထဲက ဘန္ဂလို ထဲတြင္ႏွစ္ေယာက္သား ျပင္ဆင္ၿပီး ေတာ့ပိုကီ ကို ဆိုဂ်ဴႏွင့္ ညေနခင္းကို ေအးေဆးျဖတ္သန္းေတာ့မည္....

"ကေလး ခဏ....ေရာ့...ဒါစားၿပီးမွ ဆိုဂ်ဴ ေသာက္မယ္။ ကေလးခုထိဘာမွမစားရေသးဘူးေလ"
ေဇရဲမာန္ေပးေသာ ပန္းကန္ထဲက ထမင္းအနည္းငယ္ကိုစားလိုက္ရေတာ့သည္..

ခုလိုအထိလိုက္ဂ႐ုစိုက္ေပးေသာ ကိုကို႔ကိုလဲခ်စ္သည္....
_____________

"မလုပ္ရဘူး!!! baby ရာ လိုခ်င္တာရွိရင္ ကိုယ္အကုန္ျဖည့္ဆည္းေပးလို႔ရတာပဲ။ ဘာအလုပ္မွ လုပ္စရာကိုမလိုတာ"
"ကြၽန္ေတာ္ ဒီအတိုင္း ႀကီးပဲေနရတာ ၾကာလာေတာ့ ပ်င္းၿပီးေသသြားလိမ့္မယ္...."

ႏႈတ္ခမ္းဆူကာ ကပ္ခြၽဲလာသူေလးေၾကာင့္ Death သည္းမခံနိုင္ေတာ့...ခုလဲၾကည့္ အိမ္မွာ ေအးေဆးေနလို႔ရေနတဲ့ဟာက အလုပ္လုပ္မည္ႀကီး ဂ်ီက်ေနေလသည္။

ဒီကိုေရာက္ထဲက အတိတ္ေမ့ေနတာေၾကာင့္ Death ခံသာေနေလသည္။
"ဒါဆို ခဏေစာင့္ ကိုယ္တိုင္ပင္လိုက္ဦးမယ္...babyက ဘာအလုပ္လုပ္ခ်င္တာလဲ"

"စားေသာက္ဆိုင္.... barလဲပါမယ္...အဲ့လိုေလးဖြင့္ခ်င္တာ"
"okok....ခဏေတာ့ေစာင့္ေနာ္"

Death အျပင္ကို အလ်င္အျမန္ထြက္သြားၿပီး ဆရာဝန္ျဖစ္သူကို ဖုန္းဆက္ကာ ေတြ႕ဖို႔ခ်ိန္းလိုက္ေတာ့သည္။
.
.
.
"အင္းးးမေကာင္းဘူးရယ္ေတာ့မဟုတ္ပါဘူး။ သတိထားရမွာက သူက်င္လည္ခဲ့ဖူးတဲ့ပတ္ဝန္းက်င္သာ မထိေတြ႕မိေစနဲ႕ေပါ့"
"ဒါဆို Roshan ငါဖြင့္ေပးသင့္လား။"

ဆရာဝန္ျဖစ္သူ Roshan မွာ Death ၏ သူငယ္ခ်င္း ျဖစ္သလို ယုံၾကည္ရသူလဲျဖစ္ေပသည္။
"ဒါကေတာ့ မင္းသေဘာပါ။ ဖြင့္ေပးၿပီး သူသတိရနိုင္မဲ့ ပတ္ဝန္းက်င္ကိုေတာ့ မထိေတြ႕ေစနဲ႕ေပါ့"

Roshan စကားကို Death ေတြးမိသည္။ babyလဲ စိတ္ခ်မ္းသာမွာျဖစ္တာေၾကာင့္ သူလိုက္ေလ်ာဖို႔သာ ဆုံးျဖတ္ခ်က္ခ်လိဳက္ေလသည္။
.
.
.
မရင္းႏွီးတဲ့ ပတ္ဝန္းက်င္ အေျခအေနေၾကာင့္ ထူးစစ္ေသာ္ မွာ အျပင္ကိုၾကည့္ရင္း အူေၾကာင္ေၾကာင္ ျဖစ္ေနေလသည္။
Deathက သြားစရာရွိတယ္ဆိုကာ ေခၚလာပင္မဲ့ ဘယ္လဲသူမေမးမိ...
"babyေရာက္ၿပီ.."
ကားတံခါးဖြင့္ကာ ကိုယ္တိုင္လာေခၚရာ Death ေနာက္သို႔ ထူးစစ္ေသာ္ လိုက္လာမိသည္။

"ဒါ..ဒါ...က"
___________

15.2.2022
Khine Lay

လြန္း နဲ႕ ထူး ကိုေတြ႕ေပးပါ့မယ္ေနာ္ ခဏေလးပဲေစာင့္ပါေတာ့.....
ခုတေလာမအားလို႔ upတာမမွန္ဘူးျဖစ္ေနတာပါ

Continue Reading

You'll Also Like

5K 273 44
DISCLAIMER: THIS A TRANSLATION BOOK, I DO NOT OWN THIS BOOK. THIS BOOK IS BELONG TO THE RIGHTFUL OWNER. BL CHINESE NOVEL Author Name: 雩玖 county: Chin...
223K 6.5K 61
𝐁𝐄𝐈𝐍𝐆 𝐓𝐇𝐄 𝐄𝐋𝐃𝐄𝐒𝐓 child of the Kamado family was no easy task. You took on chores with your mother, and soon enough, you had to take car...
13.9K 551 63
AOT modern au !! Sasha suffers from severe anxiety that takes over her entire life...along with two roommates named Connie and Jean who monitor ever...
2.1K 82 24
ညာဏ်လင်းမြတ် + စိုင်းညာဏ်ခ