Unicode.
လင်းကျစ်ရန်သည် အပြင်ဘက်တွင်ရေနွေးတည်နေရင်း အတွေးများကလွင့်ပျံနေသည် ။ မူရာကျူး မူယန့်ကိုဘာပြောမလို့လဲ ။
ခဏအကြာတွင် မူယန်ပြန်ထွက်လာသည် ။ သူက တည်ငြိမ်သောအမူအရာဖြင့် လင်းကျစ်ရန်ကိုပြုံးပြလိုက်ကာ ။
" ငါကူညီပေးဖို့လိုသေးလား "
လင်းကျစ်ရန်က စကားမဆိုဘဲ သူ့ကိုကြည့်လိုက်၏ ။ မူယန်က သူ၏ပုခုံးကိုသိုင်းဖက်လိုက်ပြီး လေးနက်စွာပြောလာသည် ။
" ဒေါ်လေးမူက မင်းမြို့ထဲမှာအနိုင်ကျင့်ခံရမှာစိုးလို့..ကျင့်ကြံရာမှာကူညီပေးနိုင်မယ့် နည်းလမ်းရှိမရှိမေးတာပါ "
လင်းကျစ်ရန်က သူ့စကားကိုမယုံ ။
မူယန်သည် ဒီစကားကိုပြောပြီး ခဏရပ်လိုက်သည် ။ သူ၏မျက်ဝန်းများက ဝင်းလဲ့သွားပြီး နည်းလမ်းတစ်ခုခုရှာတွေ့သလိုမျိုးဖြင့် ။
" ခဏစောင့် "
ထို့နောက် အမြန်လှည့်ထွက်သွားလေသည် ။
လင်းကျစ်ရန်:...
ငါဘာလို့ နိမိတ်မကောင်းတဲ့ ခံစားချက်တွေရနေတာလဲ ။
လင်းကျစ်ရန်သည် မူရာကျူး၏အခန်းထဲသို့ဝင်လာသော် ခဏမျှ တွေဝေနေသော်လည်း သိချင်လွန်းသဖြင့် မေးကြည့်လိုက်သည် ။
" အမေ..မူယန့်ကို ဘာတွေပြောလိုက်တာလဲ "
မူရာကျူးက ပေါ့ပါးစွာပြုံးလိုက်သည် ။
" ဘာမှမဟုတ်ပါဘူး..သားကို ဂရုစိုက်ပေးဖို့ တောင်းဆိုလိုက်တာပါ "
လင်းကျစ်ရန်: ". ... "
လင်းကျစ်ရန်သည် မူရာကျူးအခန်းမှ ပြန်ထွက်လာခဲ့ပြီးသူ့အခန်းသို့အမြန်ပြန်လာခဲ့သည် ။ ဒီလောက်မရိုးရှင်းမှန်း သူခံစားနေရသော်လည်း မူယန်၏အမူအရာကတည်ငြိမ်နေပြီး သူ့ကိုကူညီပေးချင်နေသည် ။ ဘာမှလည်းမထူးဆန်း ။ မူရာကျူးက တကယ်ပဲအကူအညီတောင်းခဲ့တာလား ။
နေဝင်ရီတရောအချိန်တွင် မူယန်ပြန်ရောက်လာသည် ။ သူက တံခါးခေါက်ပြီး ။
" အားယဲ့..တံခါးလာဖွင့်ပေးဦး "
လင်းကျစ်ရန်သည် တံခါးကို မြန်မြန်သွားဖွင့်ပေးလိုက်၏ ။
တံခါးဖွင့်လိုက်သည်နှင့် မူယန်က လင်းကျစ်ရန်၏လက်ကိုဆွဲကာ အခန်းထဲသို့ဝင်လာလိုက်သည် ။ သူ၏ မျက်ဝန်းများကဝင်းလဲ့နေ၏ ။ ထို့နောက် ကျင့်စဥ်စာအုပ်အထူကြီးကိုထုတ်ကာ ။
" ဒါတွေက ငါ့အိမ်က ကျင်းခန်းဆောင်ထဲကနေရှာလာတဲ့ အခြေခံကျင့်စဥ်စာအုပ်တွေ..မင်းအတွက် အသုံးဝင်မလား စမ်းကြည့်ရအောင် "
လင်းကျစ်ရန်သည် ကျင့်စဥ်စာအုပ်များကိုကြည့်ရင်း ရုတ်တရက်ခေါင်းကိုင်လာတော့သည် ။ အထက်တန်း တတိယနှစ်ကိုပြန်ရောက်သွားသလိုပင် ။ ဒါတွေက သူ့အတွက်အသုံးမဝင်ဘူးလို့ အော်ပြောချင်သည် ။ တကယ်လည်း အားလုံးက အသုံးမဝင် ။ သို့သော် မူယန်၏ အားတက်သရောအကြည့်အောက်တွင် သူဟာ ရင်ထဲရှိ စကားများကိုမျိုသိပ်ထားလိုက်ရသည် ။
" အင်း.. "
မူယန်က ပြုံးပြီး ပြန်ပြောသည် ။
" ဒေါ်လေးမူလည်း မင်းကို သင်ပေးလို့ရမှန်းသိပါတယ်..ဒါပေမယ့် သူ့ကျင့်စဥ်တွေက မင်းနဲ့မကိုက်ညီဘူး..ဒီထဲမှာတော့ သင့်တော်တဲ့ဟာ တစ်ခုခုတွေ့လောက်မှာပါ "
လင်းကျစ်ရန်သည် သူနှင့် ဘယ်ကျင့်စဥ်မှမသင့်တော်မှန်းသိထားသော်လည်း မူယန့်၏ စေတနာကို ငြင်းရခက်သည် ။ အရမ်းကို သန်မာချင်နေတဲ့ လီယဲ့အတွက် ပြောနေစရာပင်မလို ။ သူဟာ စိတ်လှုပ်ရှားပြီးလေးနက်စွာပြောလိုက်သည် ။
" ကျေးဇူးတင်ပါတယ် "
မူယန်က လက်ကိုယမ်းလိုက်ပြီး ။
" ငါတို့က သူငယ်ချင်းတွေပဲလေ..ကျေးဇူးတင်ဖို့မလိုဘူး..လာ..ငါရှင်းပြပေးမယ် "
ထို့နောက် စာအုပ်တစ်အုပ်ကိုဆွဲယူကာ နိဒါန်းမှစ၍ အဆင့်ဆင့်ရှင်းပြတော့သည် ။ သူ့အသံက ကျောက်စိမ်းတမျှ ကြည်လင်ပြီးနားထောင်လို့ကောင်းသောကြောင့် နားထဲတွင်ပျော်ဝင်သွားသည် ။
လင်းကျစ်ရန်သည် မူယန့်ကိုသာ ငေးကြည့်နေမိသည် ။ ဒီလိုစိတ်ရှုပ်စရာတွေနားထောင်နေရသည့်အချိန်တွင် အလှလေးကိုကြည့်နေရခြင်းက တစ်ခုတည်းသောထွက်ပေါက်လေးပင် ။
အချိန်အတော်ကြာပြီးနောက် သူအရမ်းအိပ်ငိုက်လာသဖြင့် မူယန့်ကို ဖြတ်ပြီးပြောလိုက်သည် ။
" ဒီနေ့နောက်ကျနေပြီ..ကျန်တာ ငါ့ဟာငါဆက်ပြီးလေ့လာလိုက်မယ်..နားမလည်ရင် မင်းကိုပြန်မေးမယ်လေ "
မူယန်က အပြင်ဘက်ရှိကောင်းကင်ကိုကြည့်လိုက်သော် နောက်ကျနေပြီ ။ သူက ပြုံးလိုက်ပြီး ညင်သာစွာပြော၏ ။
" ကောင်းပြီ..ငါမနက်ဖြန်မှ ထပ်လာခဲ့မယ် "
လင်းကျစ်ရန်က သူ့ကိုကြည့်ရင်း ကြေကွဲသွားသည် ။
" အင်း... "
နောက်ဆုံးတွင် မူယန့်ကိုပြန်လွှတ်နိုင်ခဲ့သည် ။ လင်းကျစ်ရန်သည် တံခါးပေါက်နှင့် ပြတင်းပေါက်ကို သေချာပိတ်လိုက်ပြီးမှ နာကျင်သောအမူအရာကိုပြလိုက်သည် ။ သူဟာ စာအုပ်များကို ခါးသီးစွာစိုက်ကြည့်ရင်း ဘေးသို့ဖယ်လိုက်သည် ။ ဒါတွေကို သူမဖတ်ပါဘူး ။
ဒီအရာတွေက လီယဲ့အတွက်အသုံးမဝင် ။ ယဲ့လျှိုရင်နှင့်တွေ့သည့်အခါ မိစ္ဆာကျင့်စဥ်ကိုသင်ပေးလိမ့်မည် ။ အဲ့လိုဆို သူ အခက်အခဲကင်းကင်းနှင့် ကျင့်ကြံနိုင်ပြီး စွမ်းအားကြီးလာလိမ့်မည်ပင် ။ ဘယ်သူက ဒီလိုအသုံးမဝင်တဲ့ဟာတွေနဲ့ အချိန်ဖြုန်းချင်မှာလဲ ။
ဒီတစ်ကြိမ်တွင်တော့ အိပ်ရတာ ပိုကောင်းလာခဲ့၏ ။ လင်းကျစ်ရန်သည် တစ်ညလုံး ကောင်းကောင်းအိပ်ပျော်ခဲ့သည်။
နောက်တစ်နေ့နံနက်တွင် ပြတင်းပေါက်မှခေါက်သံကြောင့်နိုးလာခဲ့သည်။
မျက်လုံးများကို ပွတ်ပြီး ပြတင်းပေါက်ကိုဖွင့်လိုက်သော် ။
" ... "
မူယန်သည် ဒီနေ့တွင် အဖြူရောင် ၀တ်ရုံရှည်ကို ၀တ်ဆင်ထားပြီး ရှည်လျားနက်မှောင်သော ဆံနွယ်များကို တင်းတင်းကျပ်ကျပ် စည်းနှောင်ထားသည်။ သူ၏ ချောမောသော မျက်နှာမှာ အဖြူရောင် ကျောက်စိမ်းကဲ့သို့ကြည်လင်နေပြီး နေမင်းကြီးကဲ့သို့တောက်ပသော အပြုံးတစ်ခုကို ချိတ်ဆွဲထားသည်။
လင်းကျစ်ရန်သည် ဒီအပြုံးကြောင့် အေးစက်သောခံစားချက်ကို ပထမဆုံးရလိုက်သည် ။
သူ လာပြီ! ... သူ...ရောက်လာပြီ...!
ဆရာမူက အိမ်စာတွေနဲ့အတူရောက်လာပြီ ။ ခဏနေ အားကြိုးမာန်တက် သင်ခန်းစာတွေပို့ချတော့မယ် ။
[လင်းကျစ်ရန်၏ လေသံမှာ အလွန်ဝမ်းနည်းနေ၏- တကယ်တော့ သူ ငါ့အပေါ် ဒီလောက်ကောင်းနေဖို့ မလိုပါဘူး]
[System- လူကြီးမင်းပဲ သူ့ခြေသလုံးကိုဖက်ထားချင်တာမဟုတ်ဘူးလား ]
[လင်းကျစ်ရန် - ငါ့အမေတော့ ငါ့ကို သေတွင်းတူးပေးလိုက်ပြီထင်တယ်...]
[System - သူမက လူကြီးမင်းကောင်းဖို့အတွက် လုပ်ပေးတာပါ ]
[လင်းကျစ်ရန် :...ရှိုက်ငို.. ]
[System- လူကြီးမင်းက ခရက်ဒစ်လိုချင်တယ်လို့သာပြောနေတာ ဒီလို ပြဿနာအသေးအမွှားလေးတွေကိုတောင်သေချာမလုပ်နိုင်ဘူးလား.. .လူကြီးမင်းရဲ့ ဇွဲလုံ့လနဲ့ ရည်မှန်းချက်ကိုတောင် သံသယဖြစ်လာမိပါပြီ ]
[လင်းကျစ်ရန်:.... ]
သူချစ်သောသရုပ်ဆောင်ခြင်းအပေါ်ကြိုးစားချင်စိတ်ကို သံသရဝင်ခံရသောကြောင့် လင်းကျစ်ရန်သည်းမခံနိုင်ဖြစ်လာ၏ ။ သူသည် အမြဲကိုယ့်ဒုက္ခကိုယ်ရှာတတ်သော ကျောင်းသားတစ်ယောက်သာ ။ သို့သော် ဒီလိုအခက်အခဲလေးကိုတောင် ကျော်လွှားနိုင်စွမ်းမရှိသလို အပြောခံရသဖြင့် စိတ်ဆိုးမိသည် ။
လင်းကျစ်ရန်သည် စိတ်ပိုင်းဖြတ်လိုက်ပြီး မူယန့်ကို တည်ငြိမ်စွာကြည့်လိုက်၏ ။ ကြိုးစားချင်ယောင်ဆောင်ယုံပဲမို့လား ။ သူ လုပ်နိုင်တာပေါ့ ။
မူယန် က သူ့အား ပြုံးပြရင်း ။
"မင်း မနေ့က ဘာတွေလေ့ကျင့်ခဲ့လဲ"
လင်းကျစ်ရန်သည် ခဏမျှ တိတ်ဆိတ်နေပြီး စိတ်ဓာတ်ကျနေဟန်ဖြင့် ။
"မင်းပြောတဲ့အတိုင်း ငါလေ့ကျင့်ခဲ့ပေမယ့် ..နည်းလမ်းတော်တော်များများကို ပြောင်းပြီးကြိုစားလေ့ကျင့်တာတောင် ခုထိ နည်းနည်းလေးမှ မခံစားနိုင်သေးဘူး..."
သူ့ပုံစံကြောင့် မူယန်သည် အနည်းငယ်စိတ်မကောင်းဖြစ်သွားပြီး နှစ်သိမ့်သည် ။
" ကိစ္စမရှိဘူး..နောက်ထပ် အစပျိုးကျင့်စဥ်တွေအများကြီးရှိသေးတယ်..ထပ်ပြီးကြိုးစားလို့ရပါတယ် "
"ဒီနေ့ ' စီးမျောတိမ်အေးခဲနည်း ' ကို လေ့ကျင့် ကြည့်ကြမယ်..."
မူယန်က နောက်ထပ် စာအုပ်တစ်အုပ်ကိုထပ်ထုတ်လိုက်ပြီး ။
"ဒီစာအုပ်က ရေဝိညာဉ်တွေ.. အစပျိုးလေ့ကျင့်ဖို့အတွက်အရမ်း သင့်တော်တယ် ..ချီယန်မသေမျိုးလောက မှာ ဒါကိုလေ့ကျင့်တဲ့သူတွေ အများကြီးရှိတယ်... အဆင့်မြင့်နည်းလမ်း မဟုတ်ပေမဲ့ စကျင့်ဖို့လွယ်ကူပြီးတော့ သတ်မှတ်ချက်လည်းနည်းတယ်...ဒါကြောင့် ဒီနည်းကို လေ့ကျင့်တဲ့သူတွေအများကြီးရှိနေတာ... "
လင်းကျစ်ရန်သည် ဂရုတစိုက် နားထောင်နေပုံရသော်လည်း တကယ်တမ်းတော့သူဘာမှ မကြားလိုက် ။ မူယန်၏ လှပသောမျက်နှာကို ငေးကြည့်နေရင်းသာ အချိန်မြန်မြန်ကုန်ရန် အာရုံလွှဲထားသည် ။
တစ်အုပ်ပြီးတစ်အုပ် ရှင်းပြပြီးနောက် အချိန်တွေလည်း ကုန်လာခဲ့သည် ။
မျက်စိတစ်မှိတ်အတွင်းမှာပင် ညဉ့်နက်လာ၏။ ထိုစဥ် မူယန် က သူ့ကို ရုတ်တရက်ထပြောလေသည် ။
" ရုပ်ပိုင်းဆိုင်ရာ အကြောင်းပြချက်တွေကြောင့် ခန္ဓာကိုယ်ထဲကို ဝိညာဉ်စွမ်းအင်စုဆောင်းဖို့ ခက်ခဲနေရင် ဆေးသောက်ပြီး ဆေးရေချိုးပေးရလိမ့်မယ် "
လင်းကျစ်ရန် သည် စိတ်ပျက်မသွားဘဲ
"အင်း..."ဟုသာပြောလိုက်သည်။
နောက်ဆုံးတော့ မူယန်ပြန်သွားခဲ့သည်။
တစ်နေ့တာသင်တန်းပြီးဆုံးပြီးနောက် လင်းကျစ်ရန်သည် ဆားသိပ်ထားသောငါးတစ်ကောင်လို ကုတင်ပေါ်သို့ လဲကျသွားသည် ။
အိပ်ပျော်ခါနီးတွင် တံခါးခေါက်သံကို ထပ်ကြားလိုက်ရပြန်၏ ။
လင်းကျစ်ရန် သည် မထချင်ထချင်ဖြင့် ထကာ တံခါးဖွင့်ပေးရန်မှတပါး ရွေးချယ်စရာမရှိပေ။ တံခါးဖွင့်လိုက်သည်နှင့် မူယန်သည် ဆေးပုံးကြီးတစ်ခုနှင့်အတူ အထဲသို့ဝင်လာပြီး သူဟာ ဆေးပုံးကို မြေပြင်ပေါ်သို့ ချထားလိုက်သည်။
လင်းကျစ်ရန်က အံ့သြနေလျက် ။
မူယန်သည် သူ့ကို ကြည့်ရင်း အတည်ပေါက်ဖြင့် ပြောလာသည် ။
"မင်းရဲ့အဝတ်တွေကို ချွတ်လိုက် "
လင်းကျစ်ရန် : "....."
နှစ်ယောက်သား တစ်ယောက်ကို တစ်ယောက် စိုက်ကြည့်မိနေကြသည်။ လင်းကျစ်ရန်ကအနည်းငယ်ရှက်သွားသော်လည်း မူယန် ၏မျက်ဝန်းများကမူ ကြည်လင်နေပြီးမကောင်းသောအတွေးများကင်းစင်နေကာ ရှက်ရွံ့နေမှုလည်းမရှိ ။
လင်းကျစ်ရန်ကသာ အမှောင်ဖုံးနေခြင်းပင် ။
[လင်းကျစ်ရန် : ဒါက ဘယ်လောက်တောင်ရှက်ဖို့ကောင်းလိုက်လဲ]
[System -...... ]
တစ်ယောက်ကို တစ်ယောက် အကြာကြီး ကြည့်နေပြီးနောက် လင်းကျစ်ရန်သည် မူယန် ကို ရှုံးပေးလိုက်ရပြီး သူ့အဝတ်များကို နာခံစွာချွတ်လိုက်သည်။
ညစ်ပတ်နေသောအဝတ်ဟောင်းက မြေပြင်ပေါ်သို့ လျှောကျသွားသည်။ လင်းကျစ်ရန်၏ခန္ဓာကိုယ်သည် မသက်မသာဖြစ်နေပြီး တောင့်တင်းကာ ပိန်ပါးနေလေသည်။ အရိုးသာရှိသောနောက်ကျောတွင်လည်း အမာရွတ်များနှင့် ဒဏ်ရာအသစ်များ၊ အဟောင်းများ အမျိုးမျိုးဖြင့် ရစရာမရှိအောင် ဖုံးအုပ်ထား၏ ။
ဒီမြင်ကွင်းကိုမြင်လိုက်ရသော် မူယန်သည် ရင်ထဲတွင် တင်းကျပ်လာပြီး စကားပင်မဆိုနိုင်တော့ပေ ။
~~~~~~
Zawgyi.
လင္းက်စ္ရန္သည္ အျပင္ဘက္တြင္ေရေႏြးတည္ေနရင္း အေတြးမ်ားကလြင့္ပ်ံေနသည္ ။ မူရာက်ဴး မူယန္႔ကိုဘာေျပာမလို႔လဲ ။
ခဏအၾကာတြင္ မူယန္ျပန္ထြက္လာသည္ ။ သူက တည္ၿငိမ္ေသာအမူအရာျဖင့္ လင္းက်စ္ရန္ကိုျပဳံးျပလိုက္ကာ ။
" ငါကူညီေပးဖို႔လိုေသးလား "
လင္းက်စ္ရန္က စကားမဆိုဘဲ သူ႕ကိုၾကည့္လိုက္၏ ။ မူယန္က သူ၏ပုခုံးကိုသိုင္းဖက္လိုက္ၿပီး ေလးနက္စြာေျပာလာသည္ ။
" ေဒၚေလးမူက မင္းၿမိဳ႕ထဲမွာအႏိုင္က်င့္ခံရမွာစိုးလို႔..က်င့္ၾကံရာမွာကူညီေပးႏိုင္မယ့္ နည္းလမ္း႐ွိမ႐ွိေမးတာပါ "
လင္းက်စ္ရန္က သူ႕စကားကိုမယုံ ။
မူယန္သည္ ဒီစကားကိုေျပာၿပီး ခဏရပ္လိုက္သည္ ။ သူ၏မ်က္ဝန္းမ်ားက ဝင္းလဲ့သြားၿပီး နည္းလမ္းတစ္ခုခု႐ွာေတြ႕သလိုမ်ိဳးျဖင့္ ။
" ခဏေစာင့္ "
ထို႔ေနာက္ အျမန္လွည့္ထြက္သြားေလသည္ ။
လင္းက်စ္ရန္:...
ငါဘာလို႔ နိမိတ္မေကာင္းတဲ့ ခံစားခ်က္ေတြရေနတာလဲ ။
လင္းက်စ္ရန္သည္ မူရာက်ဴး၏အခန္းထဲသို႔ဝင္လာေသာ္ ခဏမွ် ေတြေဝေနေသာ္လည္း သိခ်င္လြန္းသျဖင့္ ေမးၾကည့္လိုက္သည္ ။
" အေမ..မူယန္႔ကို ဘာေတြေျပာလိုက္တာလဲ "
မူရာက်ဴးက ေပါ့ပါးစြာျပဳံးလိုက္သည္ ။
" ဘာမွမဟုတ္ပါဘူး..သားကို ဂ႐ုစိုက္ေပးဖို႔ ေတာင္းဆိုလိုက္တာပါ "
လင္းက်စ္ရန္: ". ... "
လင္းက်စ္ရန္သည္ မူရာက်ဴးအခန္းမွ ျပန္ထြက္လာခဲ့ၿပီးသူ႕အခန္းသို႔အျမန္ျပန္လာခဲ့သည္ ။ ဒီေလာက္မ႐ိုး႐ွင္းမွန္း သူခံစားေနရေသာ္လည္း မူယန္၏အမူအရာကတည္ၿငိမ္ေနၿပီး သူ႕ကိုကူညီေပးခ်င္ေနသည္ ။ ဘာမွလည္းမထူးဆန္း ။ မူရာက်ဴးက တကယ္ပဲအကူအညီေတာင္းခဲ့တာလား ။
ေနဝင္ရီတေရာအခ်ိန္တြင္ မူယန္ျပန္ေရာက္လာသည္ ။ သူက တံခါးေခါက္ၿပီး ။
" အားယဲ့..တံခါးလာဖြင့္ေပးဦး "
လင္းက်စ္ရန္သည္ တံခါးကို ျမန္ျမန္သြားဖြင့္ေပးလိုက္၏ ။
တံခါးဖြင့္လိုက္သည္ႏွင့္ မူယန္က လင္းက်စ္ရန္၏လက္ကိုဆြဲကာ အခန္းထဲသို႔ဝင္လာလိုက္သည္ ။ သူ၏ မ်က္ဝန္းမ်ားကဝင္းလဲ့ေန၏ ။ ထို႔ေနာက္ က်င့္စဥ္စာအုပ္အထူႀကီးကိုထုတ္ကာ ။
" ဒါေတြက ငါ့အိမ္က က်င္းခန္းေဆာင္ထဲကေန႐ွာလာတဲ့ အေျခခံက်င့္စဥ္စာအုပ္ေတြ..မင္းအတြက္ အသုံးဝင္မလား စမ္းၾကည့္ရေအာင္ "
လင္းက်စ္ရန္သည္ က်င့္စဥ္စာအုပ္မ်ားကိုၾကည့္ရင္း ႐ုတ္တရက္ေခါင္းကိုင္လာေတာ့သည္ ။ အထက္တန္း တတိယႏွစ္ကိုျပန္ေရာက္သြားသလိုပင္ ။ ဒါေတြက သူ႕အတြက္အသုံးမဝင္ဘူးလို႔ ေအာ္ေျပာခ်င္သည္ ။ တကယ္လည္း အားလုံးက အသုံးမဝင္ ။ သို႔ေသာ္ မူယန္၏ အားတက္သေရာအၾကည့္ေအာက္တြင္ သူဟာ ရင္ထဲ႐ွိ စကားမ်ားကိုမ်ိဳသိပ္ထားလိုက္ရသည္ ။
" အင္း.. "
မူယန္က ျပဳံးၿပီး ျပန္ေျပာသည္ ။
" ေဒၚေလးမူလည္း မင္းကို သင္ေပးလို႔ရမွန္းသိပါတယ္..ဒါေပမယ့္ သူ႕က်င့္စဥ္ေတြက မင္းနဲ႔မကိုက္ညီဘူး..ဒီထဲမွာေတာ့ သင့္ေတာ္တဲ့ဟာ တစ္ခုခုေတြ႕ေလာက္မွာပါ "
လင္းက်စ္ရန္သည္ သူႏွင့္ ဘယ္က်င့္စဥ္မွမသင့္ေတာ္မွန္းသိထားေသာ္လည္း မူယန္႔၏ ေစတနာကို ျငင္းရခက္သည္ ။ အရမ္းကို သန္မာခ်င္ေနတဲ့ လီယဲ့အတြက္ ေျပာေနစရာပင္မလို ။ သူဟာ စိတ္လႈပ္႐ွားၿပီးေလးနက္စြာေျပာလိုက္သည္ ။
" ေက်းဇူးတင္ပါတယ္ "
မူယန္က လက္ကိုယမ္းလိုက္ၿပီး ။
" ငါတို႔က သူငယ္ခ်င္းေတြပဲေလ..ေက်းဇူးတင္ဖို႔မလိုဘူး..လာ..ငါ႐ွင္းျပေပးမယ္ "
ထို႔ေနာက္ စာအုပ္တစ္အုပ္ကိုဆြဲယူကာ နိဒါန္းမွစ၍ အဆင့္ဆင့္႐ွင္းျပေတာ့သည္ ။ သူ႕အသံက ေက်ာက္စိမ္းတမွ် ၾကည္လင္ၿပီးနားေထာင္လို႔ေကာင္းေသာေၾကာင့္ နားထဲတြင္ေပ်ာ္ဝင္သြားသည္ ။
လင္းက်စ္ရန္သည္ မူယန္႔ကိုသာ ေငးၾကည့္ေနမိသည္ ။ ဒီလိုစိတ္႐ႈပ္စရာေတြနားေထာင္ေနရသည့္အခ်ိန္တြင္ အလွေလးကိုၾကည့္ေနရျခင္းက တစ္ခုတည္းေသာထြက္ေပါက္ေလးပင္ ။
အခ်ိန္အေတာ္ၾကာၿပီးေနာက္ သူအရမ္းအိပ္ငိုက္လာသျဖင့္ မူယန္႔ကို ျဖတ္ၿပီးေျပာလိုက္သည္ ။
" ဒီေန႔ေနာက္က်ေနၿပီ..က်န္တာ ငါ့ဟာငါဆက္ၿပီးေလ့လာလိုက္မယ္..နားမလည္ရင္ မင္းကိုျပန္ေမးမယ္ေလ "
မူယန္က အျပင္ဘက္႐ွိေကာင္းကင္ကိုၾကည့္လိုက္ေသာ္ ေနာက္က်ေနၿပီ ။ သူက ျပဳံးလိုက္ၿပီး ညင္သာစြာေျပာ၏ ။
" ေကာင္းၿပီ..ငါမနက္ျဖန္မွ ထပ္လာခဲ့မယ္ "
လင္းက်စ္ရန္က သူ႕ကိုၾကည့္ရင္း ေၾကကြဲသြားသည္ ။
" အင္း... "
ေနာက္ဆုံးတြင္ မူယန္႔ကိုျပန္လႊတ္ႏိုင္ခဲ့သည္ ။ လင္းက်စ္ရန္သည္ တံခါးေပါက္ႏွင့္ ျပတင္းေပါက္ကို ေသခ်ာပိတ္လိုက္ၿပီးမွ နာက်င္ေသာအမူအရာကိုျပလိုက္သည္ ။ သူဟာ စာအုပ္မ်ားကို ခါးသီးစြာစိုက္ၾကည့္ရင္း ေဘးသို႔ဖယ္လိုက္သည္ ။ ဒါေတြကို သူမဖတ္ပါဘူး ။
ဒီအရာေတြက လီယဲ့အတြက္အသုံးမဝင္ ။ ယဲ့လွ်ိဳရင္ႏွင့္ေတြ႕သည့္အခါ မိစၧာက်င့္စဥ္ကိုသင္ေပးလိမ့္မည္ ။ အဲ့လိုဆို သူ အခက္အခဲကင္းကင္းႏွင့္ က်င့္ၾကံႏိုင္ၿပီး စြမ္းအားႀကီးလာလိမ့္မည္ပင္ ။ ဘယ္သူက ဒီလိုအသုံးမဝင္တဲ့ဟာေတြနဲ႔ အခ်ိန္ျဖဳန္းခ်င္မွာလဲ ။
ဒီတစ္ႀကိမ္တြင္ေတာ့ အိပ္ရတာ ပိုေကာင္းလာခဲ့၏ ။ လင္းက်စ္ရန္သည္ တစ္ညလုံး ေကာင္းေကာင္းအိပ္ေပ်ာ္ခဲ့သည္။
ေနာက္တစ္ေန႔နံနက္တြင္ ျပတင္းေပါက္မွေခါက္သံေၾကာင့္ႏိုးလာခဲ့သည္။
မ်က္လုံးမ်ားကို ပြတ္ၿပီး ျပတင္းေပါက္ကိုဖြင့္လိုက္ေသာ္ ။
" ... "
မူယန္သည္ ဒီေန႔တြင္ အျဖဴေရာင္ ၀တ္႐ုံ႐ွည္ကို ၀တ္ဆင္ထားၿပီး ႐ွည္လ်ားနက္ေမွာင္ေသာ ဆံႏြယ္မ်ားကို တင္းတင္းက်ပ္က်ပ္ စည္းေႏွာင္ထားသည္။ သူ၏ ေခ်ာေမာေသာ မ်က္ႏွာမွာ အျဖဴေရာင္ ေက်ာက္စိမ္းကဲ့သို႔ၾကည္လင္ေနၿပီး ေနမင္းႀကီးကဲ့သို႔ေတာက္ပေသာ အျပဳံးတစ္ခုကို ခ်ိတ္ဆြဲထားသည္။
လင္းက်စ္ရန္သည္ ဒီအျပဳံးေၾကာင့္ ေအးစက္ေသာခံစားခ်က္ကို ပထမဆုံးရလိုက္သည္ ။
သူ လာၿပီ! ... သူ...ေရာက္လာၿပီ...!
ဆရာမူက အိမ္စာေတြနဲ႔အတူေရာက္လာၿပီ ။ ခဏေန အားႀကိဳးမာန္တက္ သင္ခန္းစာေတြပို႔ခ်ေတာ့မယ္ ။
[လင္းက်စ္ရန္၏ ေလသံမွာ အလြန္ဝမ္းနည္းေန၏- တကယ္ေတာ့ သူ ငါ့အေပၚ ဒီေလာက္ေကာင္းေနဖို႔ မလိုပါဘူး]
[System- လူႀကီးမင္းပဲ သူ႕ေျခသလုံးကိုဖက္ထားခ်င္တာမဟုတ္ဘူးလား ]
[လင္းက်စ္ရန္ - ငါ့အေမေတာ့ ငါ့ကို ေသတြင္းတူးေပးလိုက္ၿပီထင္တယ္...]
[System - သူမက လူႀကီးမင္းေကာင္းဖို႔အတြက္ လုပ္ေပးတာပါ ]
[လင္းက်စ္ရန္ :...႐ိႈက္ငို.. ]
[System- လူႀကီးမင္းက ခရက္ဒစ္လိုခ်င္တယ္လို႔သာေျပာေနတာ ဒီလို ျပႆနာအေသးအမႊားေလးေတြကိုေတာင္ေသခ်ာမလုပ္ႏိုင္ဘူးလား.. .လူႀကီးမင္းရဲ႕ ဇြဲလုံ႔လနဲ႔ ရည္မွန္းခ်က္ကိုေတာင္ သံသယျဖစ္လာမိပါၿပီ ]
[လင္းက်စ္ရန္:.... ]
သူခ်စ္ေသာသ႐ုပ္ေဆာင္ျခင္းအေပၚႀကိဳးစားခ်င္စိတ္ကို သံသရဝင္ခံရေသာေၾကာင့္ လင္းက်စ္ရန္သည္းမခံႏိုင္ျဖစ္လာ၏ ။ သူသည္ အၿမဲကိုယ့္ဒုကၡကိုယ္႐ွာတတ္ေသာ ေက်ာင္းသားတစ္ေယာက္သာ ။ သို႔ေသာ္ ဒီလိုအခက္အခဲေလးကိုေတာင္ ေက်ာ္လႊားႏိုင္စြမ္းမ႐ွိသလို အေျပာခံရသျဖင့္ စိတ္ဆိုးမိသည္ ။
လင္းက်စ္ရန္သည္ စိတ္ပိုင္းျဖတ္လိုက္ၿပီး မူယန္႔ကို တည္ၿငိမ္စြာၾကည့္လိုက္၏ ။ ႀကိဳးစားခ်င္ေယာင္ေဆာင္ယုံပဲမို႔လား ။ သူ လုပ္ႏိုင္တာေပါ့ ။
မူယန္ က သူ႕အား ျပဳံးျပရင္း ။
"မင္း မေန႔က ဘာေတြေလ့က်င့္ခဲ့လဲ"
လင္းက်စ္ရန္သည္ ခဏမွ် တိတ္ဆိတ္ေနၿပီး စိတ္ဓာတ္က်ေနဟန္ျဖင့္ ။
"မင္းေျပာတဲ့အတိုင္း ငါေလ့က်င့္ခဲ့ေပမယ့္ ..နည္းလမ္းေတာ္ေတာ္မ်ားမ်ားကို ေျပာင္းၿပီးႀကိဳစားေလ့က်င့္တာေတာင္ ခုထိ နည္းနည္းေလးမွ မခံစားႏိုင္ေသးဘူး..."
သူ႕ပုံစံေၾကာင့္ မူယန္သည္ အနည္းငယ္စိတ္မေကာင္းျဖစ္သြားၿပီး ႏွစ္သိမ့္သည္ ။
" ကိစၥမ႐ွိဘူး..ေနာက္ထပ္ အစပ်ိဳးက်င့္စဥ္ေတြအမ်ားႀကီး႐ွိေသးတယ္..ထပ္ၿပီးႀကိဳးစားလို႔ရပါတယ္ "
"ဒီေန႔ ' စီးေမ်ာတိမ္ေအးခဲနည္း ' ကို ေလ့က်င့္ ၾကည့္ၾကမယ္..."
မူယန္က ေနာက္ထပ္ စာအုပ္တစ္အုပ္ကိုထပ္ထုတ္လိုက္ၿပီး ။
"ဒီစာအုပ္က ေရဝိညာဥ္ေတြ.. အစပ်ိဳးေလ့က်င့္ဖို႔အတြက္အရမ္း သင့္ေတာ္တယ္ ..ခ်ီယန္မေသမ်ိဳးေလာက မွာ ဒါကိုေလ့က်င့္တဲ့သူေတြ အမ်ားႀကီး႐ွိတယ္... အဆင့္ျမင့္နည္းလမ္း မဟုတ္ေပမဲ့ စက်င့္ဖို႔လြယ္ကူၿပီးေတာ့ သတ္မွတ္ခ်က္လည္းနည္းတယ္...ဒါေၾကာင့္ ဒီနည္းကို ေလ့က်င့္တဲ့သူေတြအမ်ားႀကီး႐ွိေနတာ... "
လင္းက်စ္ရန္သည္ ဂ႐ုတစိုက္ နားေထာင္ေနပုံရေသာ္လည္း တကယ္တမ္းေတာ့သူဘာမွ မၾကားလိုက္ ။ မူယန္၏ လွပေသာမ်က္ႏွာကို ေငးၾကည့္ေနရင္းသာ အခ်ိန္ျမန္ျမန္ကုန္ရန္ အာ႐ုံလႊဲထားသည္ ။
တစ္အုပ္ၿပီးတစ္အုပ္ ႐ွင္းျပၿပီးေနာက္ အခ်ိန္ေတြလည္း ကုန္လာခဲ့သည္ ။
မ်က္စိတစ္မွိတ္အတြင္းမွာပင္ ညဥ့္နက္လာ၏။ ထိုစဥ္ မူယန္ က သူ႕ကို ႐ုတ္တရက္ထေျပာေလသည္ ။
" ႐ုပ္ပိုင္းဆိုင္ရာ အေၾကာင္းျပခ်က္ေတြေၾကာင့္ ခႏၶာကိုယ္ထဲကို ဝိညာဥ္စြမ္းအင္စုေဆာင္းဖို႔ ခက္ခဲေနရင္ ေဆးေသာက္ၿပီး ေဆးေရခ်ိဳးေပးရလိမ့္မယ္ "
လင္းက်စ္ရန္ သည္ စိတ္ပ်က္မသြားဘဲ
"အင္း..."ဟုသာေျပာလိုက္သည္။
ေနာက္ဆုံးေတာ့ မူယန္ျပန္သြားခဲ့သည္။
တစ္ေန႔တာသင္တန္းၿပီးဆုံးၿပီးေနာက္ လင္းက်စ္ရန္သည္ ဆားသိပ္ထားေသာငါးတစ္ေကာင္လို ကုတင္ေပၚသို႔ လဲက်သြားသည္ ။
အိပ္ေပ်ာ္ခါနီးတြင္ တံခါးေခါက္သံကို ထပ္ၾကားလိုက္ရျပန္၏ ။
လင္းက်စ္ရန္ သည္ မထခ်င္ထခ်င္ျဖင့္ ထကာ တံခါးဖြင့္ေပးရန္မွတပါး ေ႐ြးခ်ယ္စရာမ႐ွိေပ။ တံခါးဖြင့္လိုက္သည္ႏွင့္ မူယန္သည္ ေဆးပုံးႀကီးတစ္ခုႏွင့္အတူ အထဲသို႔ဝင္လာၿပီး သူဟာ ေဆးပုံးကို ေျမျပင္ေပၚသို႔ ခ်ထားလိုက္သည္။
လင္းက်စ္ရန္က အံ့ၾသေနလ်က္ ။
မူယန္သည္ သူ႕ကို ၾကည့္ရင္း အတည္ေပါက္ျဖင့္ ေျပာလာသည္ ။
"မင္းရဲ႕အဝတ္ေတြကို ခြၽတ္လိုက္ "
လင္းက်စ္ရန္ : "....."
ႏွစ္ေယာက္သား တစ္ေယာက္ကို တစ္ေယာက္ စိုက္ၾကည့္မိေနၾကသည္။ လင္းက်စ္ရန္ကအနည္းငယ္႐ွက္သြားေသာ္လည္း မူယန္ ၏မ်က္ဝန္းမ်ားကမူ ၾကည္လင္ေနၿပီးမေကာင္းေသာအေတြးမ်ားကင္းစင္ေနကာ ႐ွက္႐ြံ႕ေနမႈလည္းမ႐ွိ ။
လင္းက်စ္ရန္ကသာ အေမွာင္ဖုံးေနျခင္းပင္ ။
[လင္းက်စ္ရန္ : ဒါက ဘယ္ေလာက္ေတာင္႐ွက္ဖို႔ေကာင္းလိုက္လဲ]
[System -...... ]
တစ္ေယာက္ကို တစ္ေယာက္ အၾကာႀကီး ၾကည့္ေနၿပီးေနာက္ လင္းက်စ္ရန္သည္ မူယန္ ကို ႐ႈံးေပးလိုက္ရၿပီး သူ႕အဝတ္မ်ားကို နာခံစြာခြၽတ္လိုက္သည္။
ညစ္ပတ္ေနေသာအဝတ္ေဟာင္းက ေျမျပင္ေပၚသို႔ ေလွ်ာက်သြားသည္။ လင္းက်စ္ရန္၏ခႏၶာကိုယ္သည္ မသက္မသာျဖစ္ေနၿပီး ေတာင့္တင္းကာ ပိန္ပါးေနေလသည္။ အ႐ိုးသာ႐ွိေသာေနာက္ေက်ာတြင္လည္း အမာ႐ြတ္မ်ားႏွင့္ ဒဏ္ရာအသစ္မ်ား၊ အေဟာင္းမ်ား အမ်ိဳးမ်ိဳးျဖင့္ ရစရာမ႐ွိေအာင္ ဖုံးအုပ္ထား၏ ။
ဒီျမင္ကြင္းကိုျမင္လိုက္ရေသာ္ မူယန္သည္ ရင္ထဲတြင္ တင္းက်ပ္လာၿပီး စကားပင္မဆိုႏိုင္ေတာ့ေပ ။
~~~~~~