ဒီတစ်ခါလည်းဇာတ်လမ်းသွေဖည်သွား...

By Dilly_Dally20

542K 74.1K 2.8K

Just a fan translation. Eng name- Did the affectionate love interest collapse today. cover pic from pintere... More

Synopsis
Arc(1): အပိုင်း(၁)
အပိုင်း(၂)
အပိုင်း(၃.၁)
အပိုင်း(၃.၂)
အပိုင်း(၄.၁)
အပိုင်း(၄.၂)
အပိုင်း(၅.၁)
အပိုင်း(၅.၂)
အပိုင်း(၆.၁)
အပိုင်း(၆.၂)
အပိုင်း(၇.၁)
အပိုင်း(၇.၂)
အပိုင်း(၈.၁)
အပိုင်း(၈.၂)
အပိုင်း(၉.၁)
အပိုင်း(၉.၂)
အပိုင်း(၁၀.၁)
အပိုင်း(၁၀.၂)
အပိုင်း(၁၁.၁)
အပိုင်း(၁၁.၂)
အပိုင်း(၁၂.၁)
အပိုင်း(၁၂.၂)
အပိုင်း(၁၃.၁)
အပိုင်း(၁၃.၂)
အပိုင်း(၁၄.၁)
အပိုင်း(၁၄.၂)
အပိုင်း(၁၅.၁)
အပိုင်း(၁၅.၂)
အပိုင်း(၁၆.၁)
အပိုင်း(၁၆.၂)
အပိုင်း(၁၇.၁)
အပိုင်း(၁၇.၂)
အပိုင်း (၁၈)
အပိုင်း(၁၉)
အပိုင်း(၂၀)
Arc(2) အပိုင်း(၂၁.၁)
အပိုင်း(၂၁.၃)
အပိုင်း(၂၂.၁)
အပိုင်း(၂၂.၂)
အပိုင်း(၂၃.၁)
အပိုင်း(၂၃.၂)
အပိုင်း(၂၄.၁)
အပိုင်း(၂၄.၂)
အပိုင်း(၂၄.၃)
အပိုင်း(၂၅.၁)
အပိုင်း(၂၅.၂)
အပိုင်း(၂၅.၃)
အပိုင်း(၂၆.၁)
အပိုင်း(၂၆.၂)
အပိုင်း(၂၆.၃)
အပိုင်း(၂၇.၁)
အပိုင်း(၂၇.၂)
အပိုင်း(၂၇.၃)
အပိုင်း(၂၈.၁)
အပိုင်း(၂၈.၂)
အပိုင်း(၂၉.၁)
အပိုင်း(၂၉.၂)
အပိုင်း(၃၀.၁)
အပိုင်း(၃၀.၂)
အပိုင်း(၃၁.၁)
အပိုင်း(၃၁.၂)
အပိုင်း(၃၂.၁)
အပိုင်း(၃၂.၂)
အပိုင်း(၃၃.၁)
အပိုင်း(၃၃.၂)
အပိုင်း(၃၃.၃)
အပိုင်း(၃၄.၁)
အပိုင်း(၃၄.၂)
အပိုင်း(၃၄.၃)
အပိုင်း(၃၅.၁)
အပိုင်း(၃၅.၂)
အပိုင်း(၃၅.၃)
အပိုင်း(၃၆.၁)
အပိုင်း(၃၆.၂)
အပိုင်း(၃၆.၃)
အပိုင်း(၃၇.၁)
အပိုင်း (၃၇.၂)
အပိုင်း(၃၇.၃)
အပိုင်း(၃၈.၁)
အပိုင်း(၃၈.၂)
အပိုင်း(၃၈.၃)
အပိုင်း(၃၉.၁)
အပိုင်း(၃၉.၂)
အပိုင်း(၃၉.၃)
အပိုင်း(၄၀.၁)
အပိုင်း(၄၀.၂)
အပိုင်း(၄၀.၃)
အပိုင်း(၄၁.၁)
အပိုင်း(၄၁.၂)
အပိုင်း(၄၁.၃)
အပိုင်း(၄၂.၁)
အပိုင်း(၄၂.၂)
အပိုင်း(၄၂.၃)
အပိုင်း(၄၃.၁)
အပိုင်း(၄၃.၂)
အပိုင်း(၄၃.၃)
အပိုင်း(၄၄.၁)
အပိုင်း(၄၄.၂)
အပိုင်း(၄၄.၃-Final Episode)
အပိုင်း(၄၅)
အပိုင်း(၄၅.၁)

အပိုင်း(၂၁.၂)

6.8K 888 53
By Dilly_Dally20

Unicode.

လင်းကျစ်ရန်သည် မနေနိုင်ဘဲတွေးလိုက်မိ၏။ နတ်ဘုရား ရွှမ်းရန်က တစ်ဦးတည်းသီးသန့်နေထိုင်လာခဲ့တာနှစ်ရာချီနေပြီး အချစ်နဲ့လုံးဝထိတွေ့ခြင်းမရှိသောနတ်ဘုရားတစ်ပါပင် ။ သို့သော် နောက်ဆုံးတွင် သူ၏ဝိညာဥ်အပိုင်းအစမှလူဝင်စားလာသော မူယန်ကိုချစ်မိသွားခဲ့သည်တဲ့ ။ ဒါက နည်းနည်းတော့ ရူးကြောင်ကြောင်နိုင်သည် ။ အဟမ်း..တစ်နည်းအားဖြင့် ဒီလိုမျိုးခက်ခဲသည့်ဆက်ဆံရေးတွင် gongနှင့်shouတို့ လက်ထပ်နိုင်ရသည့်အကြောင်းအရင်းမှာ ဇာတ်ပို့အမျိုးသား၏ ကြိုးစားအားထုတ်မှုကြောင့်လည်းဖြစ်၏ ။

ဇာတ်ပို့အမျိုးသား လီယဲ့ကိုလည်း စုန့်ကျိုးမြို့တွင်မွေးဖွားခဲ့သည် ။ ကောင်းကင်၏ချစ်သားပမာ လူတိုင်းအားကျရသည့် မူယန်နှင့်မတူ၊ သူဟာ မူယန်၏ ဆွေမျိုးများထဲမှမွေးလာခဲ့ပြီး အဖေမပေါ်သည့် မျိုးမစစ်တစ်ယောက်သာဖြစ်သည် ။ အမေတစ်ခု သားတစ်ခုဘဝတွင်နေလာကြရင်း မကြာခဏဆိုသလိုအလှောင်ပြောင်ခံရသည် ။ အနိုင်ကျင့်ခံရလွန်း၍ ဝမ်းမနည်းမိတော့ ။နတ်ဘုရားရွှမ်းရန်ယှဥ်လျှင် တိမ်နှင့် ဖုန်မှုန့်ပမာ ကွာခြားလွန်းသော ဒီအညတရမှာ နောက်ပိုင်းတွင် ရွှမ်းရန်ကိုခေါင်းကိုက်စေမည့် ဇာတ်ပို့ကဏ္ဍအား ဘာကြောင့်​ရထားရသလဲဆိုလျှင်ဖြင့်... ။

လီယဲ့တွင် ထူးခြားသောနောက်ခံရှိသောကြောင့်ပင် ။ တကယ်တော့ လီယဲ့၏ အဖေအရင်းမှာ မိစ္ဆာဘုရင် ယဲ့လျှိုရင် ပင်ဖြစ်သည် ။ ယဲ့လျှိုရင်ဟာ ချီယန် မသေမျိုးနယ်မြေထဲသို့ ကျူးကျော်ဝင်ရောက်ဖို့ လက်မလျှော့ခဲ့ ။ လွန်ခဲ့သော ဆယ်နှစ်ကျော်က သူဟာ အက်ကွဲကြောင်းမှတစ်ဆင့်မသေမျိုးနယ်မြေထဲသို့ဝင်ရောက်လာကာ လီယဲ့၏မိခင်ကိုအဓမ္မပြုကျင့်ခဲ့ပြီး သူ၏ကလေးကိုမွေးဖွားစေခဲ့ခြင်းပင် ။

လီယဲ့ဟာ သူ့ဘဝဇာတ်ကြောင်းကို မသိ ။ သူဟာ ငယ်လေးကတည်းက ရှောင်ဖယ်ခံလာခဲ့ရပြီး ပုရွက်ဆိတ်များထက်နိမ့်ကျသောဘဝတွင်နေလာခဲ့ရသည် ။ မျှော်လင့်ချက်လည်းမရှိ ၊ နွေးထွေးမှုဆိုတာဘာမှန်းတောင်မသိပေ...အဲ့တာက မူယန်သူ့အရှေ့တွင်ပေါ်မလာခင်အထိသာ ။

မူယန်ဟာ စိတ်ထားကောင်းပြီးပျော်ပျော်နေတတ်သောလူငယ်လေးပင် ။ သူသည် လီယဲ့၏ မှောင်မိုက်သောဘဝတွင် လမ်းပြကြယ်တစ်ခုဖြစ်ခဲ့ပြီးရှင်သန်ခြင်း၏အဓိပ္ပါယ်ကို ထွန်းလင်းပြသပေးခဲ့သည် ။ လီယဲ့ဟာ မူယန်နှင့်အတူပျော်ရွှင်သောဘဝတစ်ခုကို လောဘကြီးစွာတောင့်တခဲ့သော်လည်း သူ၏အဆင့်အတန်းက မူယန်ထက်အလွန်နိမ့်ကျလွန်းသောကြောင့် ခံစားချက်များကိုဖုံးကွယ်ထားခဲ့၏ ။ မူယန့်ဘေးတွင်နေနိုင်သရွေ့ သူ့အတွက်မဟာကံကောင်းခြင်းပင် ။

လီယဲ့ကအလွန်နိမ့်ကျ သော်လည်း မူယန်ကမူ ညီအစ်ကိုကောင်းတစ်ယောက်အဖြစ်သတ်မှတ်ခဲ့သည် ။ နောက်ပိုင်းတွင် လီယဲ့ဟာ သူ​၏လက္ခဏာများကို မတော်တဆထုတ်ဖော်မိလိုက်ပြီး မိစ္ဆာကျင့်ကြံသူတစ်ယောက်အဖြစ်သတ်မှတ်ခံလိုက်ရကာ သုတ်သင်ခံရတော့မည့်အချိန်တွင် မူယန်သည် သူ့ကိုကယ်ဖို့ သူ၏ဆရာရွှမ်းရန်နှင့်ရင်ဆိုင်ခဲ့သည် ။ သူဟာ အပြစ်ပေးခံပြီး လီယဲ့ထွက်ပြေးဖို့ကူညီခဲ့သည်ပေ ။ သူ့အစ်ကိုအတွက်ဆို မူယန်ဟာ အသွားနှစ်ပါသောလက်ဓားရှည်တစ်လက်ပင် ။

လီယဲ့ထွက်ပြေးလာခဲ့ပြီးနောက် သူ့အမေမှာ သူ၏မိသားစုလက်ချက်ဖြင့်အသတ်ခံခဲ့ရသည်ကိုကြေကွဲဖွယ်တွေ့ခဲ့ရသည် ။ အဖက်မဆယ်နိုင်သော ပူဆွေးမှုများကြောင့်လီယဲ့ဟာ ယဲ့လျှိုရင်၏ဖြားယောင် မှုနောက်လိုက်ကာ မိစ္ဆာလမ်းစဥ်ကိုလိုက်ကာကျင့်ကြံပြီး မိစ္ဆာဖြစ်လာခဲ့သည် ။ သူက ကမ္ဘာလောကကြီးတစ်ခုလုံးကိုရန်သူအဖြစ်မြင်လာခဲ့သည့်အချိန်မှာတောင် မူယန်က သူ့ကိုထားမသွားခဲ့ ။ သူ့နှလုံးသားက ကယ်တင်လို့ရနိုင်သေးတုန်းဟု ယုံကြည်ပေးခဲ့သည် ။

နောက်ပိုင်း ရွှမ်းရန်က လီယဲ့ကို အပြစ်ပေးမည့်အချိန်တွင် မူယန်သည် လီယဲ့ရှေ့တွင်မားမားမတ်မတ်ရပ်တည်ကာ သူ့၏ချစ်လှစွာသောဆရာအား အတိုက်အခံလုပ်ရန် မတုံ့ဆိုင်းခဲ့ ။ ဒီဆက်ဆံရေးဟာ အချစ်မပါသော်လည်း ညီအစ်ကိုနှစ်ယောက်ကြားက မေတ္တာကိုထိထိမိမိပုံဖော်ထားသောဇာတ်လမ်းတစ်ပုဒ်ဖြစ်၏ ။ မူယန်ကတော့ လီယဲ့အပေါ် ဘာခံစားချက်မှမရှိပေ ။

[လင်းကျစ်ရန် - နိဂုံးချုပ်ပြောရရင် သူက ကျွန်တော့်ကို အစ်ကိုတစ်ယောက်အနေနဲ့ပဲ မြင်ပေမယ့် ကျွန်တော်ကတော့ သူနဲ့ အတူအိပ်ချင်တယ်... ]

[System- ......]

လီယဲ့နှင့်ရွှမ်းရန်၊ နှစ်ယောက်ထဲက တစ်ယောက်သာ ကျန်ရစ်နိုင်မှာဖြစ်ပြီး မူယန်က လီယဲ့အတွက် အသက်ကိုပင်စွန့်နိုင်သောလုပ်ရပ်များကြောင့် ရွှမ်းရန်ကို မူယန့်အပေါ်သူ၏ခံစားချက်များအား နားလည်လာစေပြီး သဝန်တိုမီးပွားလေးများ စတင်ပေါ်ပေါက်လာခဲ့သည် ။ ဒါဟာ ဇာတ်လမ်းတွင် အလွန်အရေးကြီးသောအချိုးအကွေ့တစ်ခုဖြစ်ပြီး လီယဲ့ဟာလည်း gongနှင့်shou၏ ခံစားချက်ရေယာဥ်ကို အမှန်တကယ်မောင်းနှင်ပေးခဲ့သည် ။

မူယန်၏အချစ်ကလီယဲ့အတွက်မဟုတ်သည့်အတွက် သနားဖွယ်ပင် ။ လီယဲ့၏ ခံစားချက်များမှာ သူ့နှလုံးသားထဲတွင် သိမ်းဆည်းထားရန်သာတတ်နိုင်၏ ။ နောက်ဆုံးတွင် မိစ္ဆာဘုရင်ယဲ့လျှိုရင်၏ အကြံအစည်ပေါက်ထွက်လာခဲ့ပြီး လီယဲ့ဟာလည်းမူယန်ကြောင့် လမ်းမှန်ပေါ်ပြန်ရောက်လာခဲ့သည် ။ လီယဲ့ဟာသူချစ်သောမူယန်နှင့် လောကသုံးပါးကိုကာကွယ်ရန်အတွက် ဖြောင့်မတ်သောလမ်းကိုရွေးခဲ့ပြီး သူ၏သွေးရင်းများကိုသတ်ပစ်ကာ သူ့အ​ဖေနှင့်အတူအဆုံးစီရင်ခဲ့သည် ။ သူဟာ အချစ်အတွက် သနားစဖွယ်ခြေနင်းတုံးတစ်ခုဖြစ်ခဲ့သည်တည့် ။

[ တင်! ၊ ကမ္ဘာကိုစတင်လည်ပတ်ပြီးပါပြီ။ ]

လင်းကျစ်ရန် ဖြည်းညှင်းစွာသူရဲ့မျက်လုံးများကိုဖွင့်လိုက်သည်။

သူ့ကိုယ်သူ ငုံ့ကြည့်လိုက်သော် မီးခိုးရောင်ပေါက်နေပြီး ညစ်ပတ်နံစော်နေသော ၀တ်စုံအား ၀တ်ဆင်ထားသည်။ သူ့ခြေဖဝါးတွင်စီးထားသော ကောက်ရိုးဖိနပ်မှာလည်း သူ့ခြေချောင်းတွေကိုတောင် မြင်နေရသည်။ လောလောဆယ်တွင် ရာသီဥတုက အရမ်းအေးနေသောကြောင့် သူ အသံပင် မထွက်နိုင်။ သူ့ခြေချောင်းတွေအကုန်လုံးမှာ အေးလွန်းသောကြောင့်ကွေးကောက်နေပြီး ဒီလိုပုံစံနှင့်စတင်ရသည့်သူ့အဖြစ်မှာ နည်းနည်းတော့ သနားစရာကောင်းလွန်းသည်ဟု ကိုယ့်ဘာသာတွေးလိုက်မိသည် ။ လီယဲ့ ၏ငယ်ဘဝမှာ အလွန်ကြေကွဲဖွယ်နောက်ခံရှိကာ ငယ်စဥ်က အရမ်းခက်ခဲပင်ပန်း​ပြီး သနားဖို့ကောင်းမယ်လို့ သူတွေးထားခဲ့ပေမယ့် အခုလောက်ထိဆင်းရဲနွမ်းပါးနေမှုအဆင့်က သူ့စိတ်ကူးကိုပင် ကျော်လွန်သွားခဲ့သည်...

လင်းကျစ်ရန် သည် သူ့လက်များကို ငုံ့ကြည့်လိုက်ရာ မည်းညစ်နေပြီး လက်သည်းအောက်ခြေတွင်လည်း ရွှံ့များ ရှိနေသည်။ ပထမတစ်ဦးစွာ သူသည် အပြင်တွင်ဖရိုဖရဲ နေ့တိုင်းထွက်ပြေးနေရသောကြောင့် သူ့လက်နှင့် ခြေထောက်များသည်လည်း ဝါးလုံးတွေလိုပင် ပိန်ကပ်နေသည်။

ဒီအချိန်တွင်၊လီယဲ့သည် လူတိုင်းကမုန်းတီးသည့် ခွေးတစ်ကောင်ဖြစ်ပြီး မည်သူမဆို သူ့အား စော်ကားနိုင်သည်။ သူ၏ မိစ္ဆာသွေးကြောင့် ချီရန်မသေမျိုးလမ်းစဥ်၏ ကျင့်​ကြံ​ခြင်းကိုလည်း မလေ့ကျင့်နိုင်ခဲ့ပေ။ ထို့ကြောင့် အသုံးမဝင်သော သွေးကြောပိုင်ရှင်အဖြစ် သတ်မှတ်ခံရပြီး လူတိုင်းက သူ့အားအထင်သေးကြသည်။

​ပြီးခဲ့သောကမ္ဘာတွင် သူဟာ ချမ်းသာပြီး ရက်ရောသော ဥက္ကဌဖြစ်ခဲ့ပြီး ရွှေဘုံစံဘဝနှင့် ယစ်မှုးစွာ နေထိုင်ခဲ့ရသည်။ ဒီကမ္ဘာတွင်တော့ သနားစရာဖြစ်လာပြီးစားစရာနေစရာပင်မရှိ ကွာဟချက်က ကြီးမားလွန်းသည်...

ကျပန်းဟုတ်လား၊ ဒီကျပန်းက လွန်လွန်းတယ်။

[System- ဇာတ်ကြောင်းကိုဖတ်ပြီးရင် အခုပဲပြေးဖို့ အကြံပြုချင်ပါတယ်။ ]

[လင်းကျစ်ရန် : ? ]

လူတစ်စုက သူ့နောက်သို့ လိုက်ဖမ်းနေကြသည်။ ဦးဆောင်ထားသူမှာ သားသားနားနားဝတ်ဆင်ထားသော လူငယ်တစ်ဦးဖြစ်ပြီး ထိုသူ၏နောက်လိုက်များက တင်းပုတ်များတုတ်များကို ကိုင်ဆောင်ထားကာ အားလုံးကသူ့ကို စားမတတ်ဝါးမတတ်ပင် စိုက်ကြည့်နေကြသည်။

ကောင်လေးက မာနကြီးစွာ မထီမဲ့မြင်ဖြင့်သူ့အား ကြည့်နေပြီး။

" ဟေ့ သူခိုးလေး။ မင်းအခုဘယ်ကိုပြေးနိုင်သေးလဲဆိုတာ ငါကြည့်ဦးမယ်! "

လင်းကျစ်ရန် : "..."

ဘာတွေဖြစ်နေမှန်း မသိပေမယ့် သူပြေးဖို့လိုတာတော့သိသည်။ လင်းကျစ်ရန်သည် ခေါင်းကို လှည့်ကာ မဆိုင်းမတွပင် ပြေးတော့သည် ။ နာကျင်မှုကို မခံစားရသော်လည်း အကြောင်းပြချက်မသိဘဲ အမြောက်စာများ၏ ရိုက်နှက်ခြင်းကို အနည်းငယ်ပင်မခံချင်ပေ...

သူသည် စုန်ကျိုးမြို့ထဲမှ လျင်မြန်စွာ ထွက်ပြေးလာသော်လည်း အပြင်ဘက်တွင် ဘာမှမရှိဘဲ ပုန်းစရာနေရာလည်းမရှိပေ။ ဒီတိုင်းဆို အနှေးနဲ့အမြန် သူ့အား ဖမ်းမိသွားလိမ့်မည်။ လင်းကျစ်ရန်ဟာ ပတ်ဝန်းကျင်ကို သေချာကြည့်လိုက်တော့ သူ့နဲ့ မနီးမဝေးရှိမြစ်တစ်စင်းအား ရုတ်တရက် တွေ့လိုက်ရသည်။ သူသည် တစ်ဖက်သို့ အပြေးသွားလိုက်ပြီး နောက်ဆုံးတွင် မြစ်ကမ်းဘေးတွင် ရပ်ကာ အသက်ကိုပြင်းပြင်းရှူလိုက်သည်။ မြစ်သည် ကွေ့ကောက်ကာ ရေစီးသန်သည်။ သူ ဒီတိုင်းမခုန်ချရဲပေ..

သားနားသောပိုးထည်ကိုဝတ်ထားသော အနှီလူငယ်သည် သူ့နောက်သို့ လိုက်လာရင်းမှလှောင်ပြောင်ကာ။

"မင်းအခုဆက်ပြီးပြေးဦးလေ ၊ငါကြည့်နေမယ်"

ငါလူးး!

လင်းကျစ်ရန်မှာ အသက်ကိုခပ်ပြင်းပြင်းရှူပြီး နောက်ခုန်ဆင်းလိုက်သည်။ လူငယ်ဟာ လင်းကျစ်ရန်ကို အမှန်တကယ်ခုန်ချသွားမည်ဟု မမျှော်လင့်ထားသောကြောင့် ကမ်းစပ်မှာတင်ရပ်ပြီး မချိတင်ကဲ လှမ်းကြည့်နေလေသည်။

ကံကောင်းစွာပဲ ဒီလောင်ဇီက ရေကူးနိုင်တယ်ကွ။ လင်းကျစ်ရန် သည် ကံကောင်းစွာပင် ရေတွင်မျောနေသော သစ်သားတစ်တုံးကို ဖမ်းယူနိုင် ခဲ့သည်။ သူသည် ရေစီးကြောင်းနဲ့အတူ မျောပါမသွားခင် ပြုံးပြီး လူငယ်အား လက်ခလယ်ထောင်ပြခဲ့သည်။

မင်းသိသည်ဖြစ်စေ မသိသည်ဖြစ်စေ မင်းရဲ့ဒီအဖေဖေက အရမ်းဒေါထွက်လွန်းလို့ ဒီနေ့ထွက်ပြေးခဲ့ရတာကွ။

ရေစီးကြောင်းက မြန်၍ အေးသည်။ လင်းကျစ်ရန် ခုန်ချလိုက်သည့်အချိန်က ဒီအကြောင်းကို စဉ်းစားဖို့ အချိန်မရှိခဲ့ပေ။ ရေစီးကြောင့် သူသည် မြို့နှင့် ဝေးရာသို့အလျင်အမြန် မျောပါလာခဲ့သည်။ တဖြည်းဖြည်း အေးခဲလာသောကြောင့်သူ ဒီလိုမျိုး ဆက်နေဖို့ မသင့်တော်တော့ ။ သူဟာ အနည်းငယ် ကြီးသော ကျောက်ဆောင်တစ်ခုကိုရုတ်တရတ်တွေ့လိုက်ရာ ရေပေါ်တွင်မျောနေသော သစ်သားအပိုင်းအစအား လွှတ်၍ခုန်တက်လိုက်ပြီး ထိုင်ချလိုက်သည် ။ ထို့နောက် မတ်တပ်ရပ်ကာ အသက်ပြင်းပြင်းရှူပြီး မျက်လုံးကိုမှိတ်ကာ မြေပြင်ပေါ်သို့ခုန်ကူးလိုက်သည်။

သူအောင်မြင်သွားခဲ့သည် ။ လင်းကျစ်ရန်ဟာမြေပြင်ပေါ်တွင် လူးလိမ့်ပြီး မတ်တပ်ရပ်လိုက်သည်။ သူ့ ခြေဖဝါးအောက်ရှိမြေကြီးမှာ စိုစွတ်နေပြီး ၊ သူ့ရှေ့တွင် တောင်နံရံတစ်ခုရှိသည်၊ ဒါ ဘယ်နေရာလဲ ။ သူသည် ဂိမ်းထဲသို့ ဝင်ရုံတင်ရှိသေး ပြင်းထန်သော ရိုက်နှက်ခံရမှုမှလက်မတင်လေးတင် လွတ်မြောက်ကာ အခု ဇာတ်လိုက်ကိုပင် မမြင်ရဘဲ လျိုမြောင်ထဲတွင် ပိတ်မိပြီးသေဆုံးသွားရမည့်ကိန်း ဖြစ်နေသည် ။

ဒီအခြေအနေက သူအားတကယ်ပင် စိတ်ဓာတ်ကျ သွားစေနိုင်သည် ။ ဟူးး !၊ အရမ်းစိတ်မပျက်နဲ့ ။

[လင်းကျစ်ရန် က ချီတုံချတုံဖြင့်- ဒီကမ္ဘာက အရင်ကမ္ဘာထက် ဘာလို့ ပိုခက်ခဲနေတာလဲ...]

[System - ဂိမ်းကကမ္ဘာများကို ကျပန်းရွေးချယ်ပြီး၊ အခက်အခဲကလည်း ကွဲပြားနိုင်ပါတယ်။ အရင်ကထက် ပိုခက်ခဲလာတာကလည်း ပုံမှန်ပါပဲ။ ]

[လင်းကျစ်ရန် : ...... ]

လင်းကျစ်ရန်စီးထားသောဖိနပ်က ရေထဲတွင်မျောပါသွားသော ကြောင့် ခြေဗလာဖြင့်သာ မြေပြင်ပေါ်ကိုလမ်းလျှောက်လာခဲ့သည်။ သူဘယ်နေရာကြည့်ကြည့် လူသူကင်းမဲ့နေသည်။ နောက်ဆုံးတွင် သူသည် တောင်ကုန်းတစ်ခုပေါ်သို့တက်ပြီးနောက် တောနက်ထဲသို့ ရောက်သွားခဲ့သည်။ ထိုစဥ်မိုးရွာချလာသည် ။ ကံဆိုးမ သွားရာ မိုးလိုက်လို့ရွာသည်ပင် ။

လီယဲ့က နောက်ပိုင်းတွင် မိစ္ဆာလောက၏ ကြမ်းကြုတ်သောသခင်လေးတစ်ယောက်ဖြစ်လာမည် ဆိုပေမယ့် အခုတွင်တော့ ကျင့်ကြံခြင်းအဆင့်နိမ့်သော သာမန်ညောင်ည လူတစ်ယောက်ဖြစ်နေဆဲပင် ။ လင်းကျစ်ရန်ဟာ လက်နှစ်ဖက်ကိုဆန့်ပြီး ပုခုံးကိုဆုပ်ကိုင်ကာ ခန္ဓာကိုယ်တစ်ခုလုံးကို ဘောလုံးလိုကျုံ့ပြီး မိုးခိုရန်နေရာလိုက်ရှာပေတော့သည် ။ ထိုစဥ်ရုတ်တရတ် သူ့အရှေ့တွင် လှိုဏ်ဂူတစ်ခုကို မသည်းမကွဲမြင်လိုက်ရသော် မြက်ပင်များကိုဆွဲဖယ်ပြီး အလောတကြီးဝင်လာခဲ့တော့သည် ။

ဂူထဲတွင်ခါးတစ်ပိုင်းလောက်မြင့်သော ပေါင်းမြက်ပင်များဖြင့်ပြည့်နှက်နေသည် ။ လင်းကျစ်ရန်မှာ အကြိမ်အနည်းငယ်လောက်နှာချေလိုက်သည် ။ သူဟာ အလျင်လိုနေသောကြောင့် သတိမထားမိစဥ် ခြေထောက်က တစ်စုံတစ်ရာနှင့် ခလုတ်တိုက်မိသွားပြီး ခွေးတစ်ကောင်အီးပုံစားနေသလိုမျိုး မြေပြင်ပေါ်သို့ မှောက်ရက်လဲကျသွားလေသည် ။ သူက တစ်ချက်ကြည့်လိုက်သော်...

အာာားးးးးး အလောင်းကြီး!

[System-...ကစားသမား ကျေးဇူးပြုပြီး စိတ်အေးအေးထားပါ... ]

[လင်းကျစ်ရန် က ဒေါသတကြီး​ပြန်ပြောသည်- မင်းပဲ စိတ်အေးအေးထားလိုက် ]

[System- မသေသေးပါဘူး...]

လင်းကျစ်ရန် : ...

မသေသေးဘူးလား?

ခုနကဟာက ပုပ်ပွနေတဲ့အလောင်းနှင့်တူသော်လည်း systemက မသေသေးဘူးလို့ပြောသောကြောင့် လင်းကျစ်ရန်သည် မြက်ပင်များကိုဖယ်ပြီးအနီးကပ်ငုံ့ကြည့်လိုက်သည် ။ ထိုလူ၏ မီးခိုးနှင့်အဖြူရောင် ဆံပင်များက မြက်ခြောက်များနှင့်ရောနေပြီး မျက်နှာက ညစ်ပတ်နေကာ ရုပ်ကိုသေချာမမြင်ရ ။ သို့သော် မျက်ခွံပေါ်ရှိဓားဒဏ်ရာများကမူရှင်းလင်းပြတ်သားနေရာ ထိုလူသည်မျက်စိကွယ်သွားမည်မှာ အသိအသာပင် ။ အဝတ်များကလည်း စုတ်ပြဲနေပြီး ဒီနေရာမှာဘယ်လောက်ကြာအောင် လဲနေခဲ့လည်း မသိ..အပုပ်နံ့တောင်ထွက်နေရာ ပထမတစ်ချက်ကြည့်လိုက်ရုံနှင့် ပုပ်ပွနေလို့အလောင်းတစ်ခုလိုမျိုးဖြစ်နေ၏ ။

လင်းကျစ်ရန်ဟာ အနှီကံဆိုးသောလူကိုသေချာကြည့်နေလိုက်သည် ။ နောက်ဆုံးတော့ သူ့ထက်ကံဆိုးသူကိုရှာတွေ့ခဲ့ပြီ ။ သနားဖို့ကောင်းတာကိုအပြစ်တင်ရမည် ။ လင်းကျစ်ရန်တွင် စာနာစိတ်များပေါ်လာခဲ့၏ ။ သူဟာမြေပြင်ကို သန့်ရှင်းသွားစေရန်မျက်ပင်များကိုဆွဲနှုတ်ပြီး ထိုလူအားနေရာချလိုက်သည် ။

" ငါတို့က အတူတူပါပဲ "

ဂွီ....

သူဗိုက်ဆာလာသည် ။ ထိုင်နေရင်း လင်းကျစ်ရန်ဟာ သူ့ခါးတွင်အိတ်စုတ်တစ်ခုချည်ထားသည်ကိုတွေ့လိုက်ရ၏ ။ သူ့ဖိနပ်က တစ်ဖက်ပျောက်သွားပြီးတစ်ဖက်တော့ကျန်သေးသည် ။ ဒီအရာကို ဘာလို့ လီယဲ့က ရတနာတစ်ခုလိုသဘောထားလဲ သိချင်သောကြောင့်ဖွင့်ကြည့်လိုက်သည် ။

လင်းကျစ်ရန်:. ..

အေးစက်ပြီး ရေစိုနေသောပေါက်စီသုံးလုံးသာ ။ သူဗိုက်အရမ်းဆာနေလျှင်တောင်မစားချင် ။ ဒီကလေးက အလွန်သနားဖွယ်ကောင်းသည် ။ ဒါက ဝှက်ထားသင့်တဲ့ရတနာလား ။ လင်းကျစ်ရန်မှာ စိတ်မကောင်းဖြစ်သွားရသည် ။

~~~~~~

Zawgyi.

လင္းက်စ္ရန္သည္ မေနႏိုင္ဘဲေတြးလိုက္မိ၏။ နတ္ဘုရား ႐ႊမ္းရန္က တစ္ဦးတည္းသီးသန္႔ေနထိုင္လာခဲ့တာႏွစ္ရာခ်ီေနၿပီး အခ်စ္နဲ႔လုံးဝထိေတြ႕ျခင္းမ႐ွိေသာနတ္ဘုရားတစ္ပါပင္ ။ သို႔ေသာ္ ေနာက္ဆုံးတြင္ သူ၏ဝိညာဥ္အပိုင္းအစမွလူဝင္စားလာေသာ မူယန္ကိုခ်စ္မိသြားခဲ့သည္တဲ့ ။ ဒါက နည္းနည္းေတာ့ ႐ူးေၾကာင္ေၾကာင္ႏိုင္သည္ ။ အဟမ္း..တစ္နည္းအားျဖင့္ ဒီလိုမ်ိဳးခက္ခဲသည့္ဆက္ဆံေရးတြင္ gongႏွင့္shouတို႔ လက္ထပ္ႏိုင္ရသည့္အေၾကာင္းအရင္းမွာ ဇာတ္ပို႔အမ်ိဳးသား၏ ႀကိဳးစားအားထုတ္မႈေၾကာင့္လည္းျဖစ္၏ ။

ဇာတ္ပို႔အမ်ိဳးသား လီယဲ့ကိုလည္း စုန္႔က်ိဳးၿမိဳ႕တြင္ေမြးဖြားခဲ့သည္ ။ ေကာင္းကင္၏ခ်စ္သားပမာ လူတိုင္းအားက်ရသည့္ မူယန္ႏွင့္မတူ၊ သူဟာ မူယန္၏ ေဆြမ်ိဳးမ်ားထဲမွေမြးလာခဲ့ၿပီး အေဖမေပၚသည့္ မ်ိဳးမစစ္တစ္ေယာက္သာျဖစ္သည္ ။ အေမတစ္ခု သားတစ္ခုဘဝတြင္ေနလာၾကရင္း မၾကာခဏဆိုသလိုအေလွာင္ေျပာင္ခံရသည္ ။ အႏိုင္က်င့္ခံရလြန္း၍ ဝမ္းမနည္းမိေတာ့ ။နတ္ဘုရား႐ႊမ္းရန္ယွဥ္လွ်င္ တိမ္ႏွင့္ ဖုန္မႈန္႔ပမာ ကြာျခားလြန္းေသာ ဒီအညတရမွာ ေနာက္ပိုင္းတြင္ ႐ႊမ္းရန္ကိုေခါင္းကိုက္ေစမည့္ ဇာတ္ပို႔က႑အား ဘာေၾကာင့္​ရထားရသလဲဆိုလွ်င္ျဖင့္... ။

လီယဲ့တြင္ ထူးျခားေသာေနာက္ခံ႐ွိေသာေၾကာင့္ပင္ ။ တကယ္ေတာ့ လီယဲ့၏ အေဖအရင္းမွာ မိစၧာဘုရင္ ယဲ့လွ်ိဳရင္ ပင္ျဖစ္သည္ ။ ယဲ့လွ်ိဳရင္ဟာ ခ်ီယန္ မေသမ်ိဳးနယ္ေျမထဲသို႔ က်ဴးေက်ာ္ဝင္ေရာက္ဖို႔ လက္မေလွ်ာ့ခဲ့ ။ လြန္ခဲ့ေသာ ဆယ္ႏွစ္ေက်ာ္က သူဟာ အက္ကြဲေၾကာင္းမွတစ္ဆင့္မေသမ်ိဳးနယ္ေျမထဲသို႔ဝင္ေရာက္လာကာ လီယဲ့၏မိခင္ကိုအဓမၼျပဳက်င့္ခဲ့ၿပီး သူ၏ကေလးကိုေမြးဖြားေစခဲ့ျခင္းပင္ ။

လီယဲ့ဟာ သူ႕ဘဝဇာတ္ေၾကာင္းကို မသိ ။ သူဟာ ငယ္ေလးကတည္းက ေ႐ွာင္ဖယ္ခံလာခဲ့ရၿပီး ပု႐ြက္ဆိတ္မ်ားထက္နိမ့္က်ေသာဘဝတြင္ေနလာခဲ့ရသည္ ။ ေမွ်ာ္လင့္ခ်က္လည္းမ႐ွိ ၊ ေႏြးေထြးမႈဆိုတာဘာမွန္းေတာင္မသိေပ...အဲ့တာက မူယန္သူ႕အေ႐ွ႕တြင္ေပၚမလာခင္အထိသာ ။

မူယန္ဟာ စိတ္ထားေကာင္းၿပီးေပ်ာ္ေပ်ာ္ေနတတ္ေသာလူငယ္ေလးပင္ ။ သူသည္ လီယဲ့၏ ေမွာင္မိုက္ေသာဘဝတြင္ လမ္းျပၾကယ္တစ္ခုျဖစ္ခဲ့ၿပီး႐ွင္သန္ျခင္း၏အဓိပၸါယ္ကို ထြန္းလင္းျပသေပးခဲ့သည္ ။ လီယဲ့ဟာ မူယန္ႏွင့္အတူေပ်ာ္႐ႊင္ေသာဘဝတစ္ခုကို ေလာဘႀကီးစြာေတာင့္တခဲ့ေသာ္လည္း သူ၏အဆင့္အတန္းက မူယန္ထက္အလြန္နိမ့္က်လြန္းေသာေၾကာင့္ ခံစားခ်က္မ်ားကိုဖုံးကြယ္ထားခဲ့၏ ။ မူယန္႔ေဘးတြင္ေနႏိုင္သေ႐ြ႕ သူ႕အတြက္မဟာကံေကာင္းျခင္းပင္ ။

လီယဲ့ကအလြန္နိမ့္က် ေသာ္လည္း မူယန္ကမူ ညီအစ္ကိုေကာင္းတစ္ေယာက္အျဖစ္သတ္မွတ္ခဲ့သည္ ။ ေနာက္ပိုင္းတြင္ လီယဲ့ဟာ သူ​၏လကၡဏာမ်ားကို မေတာ္တဆထုတ္ေဖာ္မိလိုက္ၿပီး မိစၧာက်င့္ႀကံသူတစ္ေယာက္အျဖစ္သတ္မွတ္ခံလိုက္ရကာ သုတ္သင္ခံရေတာ့မည့္အခ်ိန္တြင္ မူယန္သည္ သူ႔ကိုကယ္ဖို႔ သူ၏ဆရာရႊမ္းရန္ႏွင့္ရင္ဆိုင္ခဲ့သည္ ။ သူဟာ အျပစ္ေပးခံၿပီး လီယဲ့ထြက္ေျပးဖို႔ကူညီခဲ့သည္ေပ ။ သူ႔အစ္ကိုအတြက္ဆို မူယန္ဟာ အသြားႏွစ္ပါေသာလက္ဓားရွည္တစ္လက္ပင္ ။

လီယဲ့ထြက္ေျပးလာခဲ့ၿပီးေနာက္ သူ႕အေမမွာ သူ၏မိသားစုလက္ခ်က္ျဖင့္အသတ္ခံခဲ့ရသည္ကိုေၾကကြဲဖြယ္ေတြ႕ခဲ့ရသည္ ။ အဖက္မဆယ္ႏိုင္ေသာ ပူေဆြးမႈမ်ားေၾကာင့္လီယဲ့ဟာ ယဲ့လွ်ိဳရင္၏ျဖားေယာင္ မႈေနာက္လိုက္ကာ မိစၧာလမ္းစဥ္ကိုလိုက္ကာက်င့္ၾကံၿပီး မိစၧာျဖစ္လာခဲ့သည္ ။ သူက ကမ႓ာေလာကႀကီးတစ္ခုလုံးကိုရန္သူအျဖစ္ျမင္လာခဲ့သည့္အခ်ိန္မွာေတာင္ မူယန္က သူ႕ကိုထားမသြားခဲ့ ။ သူ႕ႏွလုံးသားက ကယ္တင္လို႔ရႏိုင္ေသးတုန္းဟု ယုံၾကည္ေပးခဲ့သည္ ။

ေနာက္ပိုင္း ႐ႊမ္းရန္က လီယဲ့ကို အျပစ္ေပးမည့္အခ်ိန္တြင္ မူယန္သည္ လီယဲ့ေ႐ွ႕တြင္မားမားမတ္မတ္ရပ္တည္ကာ သူ႕၏ခ်စ္လွစြာေသာဆရာအား အတိုက္အခံလုပ္ရန္ မတုံ႔ဆိုင္းခဲ့ ။ ဒီဆက္ဆံေရးဟာ အခ်စ္မပါေသာ္လည္း ညီအစ္ကိုႏွစ္ေယာက္ၾကားက ေမတၱာကိုထိထိမိမိပုံေဖာ္ထားေသာဇာတ္လမ္းတစ္ပုဒ္ျဖစ္၏ ။ မူယန္ကေတာ့ လီယဲ့အေပၚ ဘာခံစားခ်က္မွမ႐ွိေပ ။

[လင္းက်စ္ရန္ - နိဂုံးခ်ဳပ္ေျပာရရင္ သူက ကြၽန္ေတာ့္ကို အစ္ကိုတစ္ေယာက္အေနနဲ႔ပဲ ျမင္ေပမယ့္ ကြၽန္ေတာ္ကေတာ့ သူနဲ႔ အတူအိပ္ခ်င္တယ္... ]

[System- ......]

လီယဲ့ႏွင့္႐ႊမ္းရန္၊ ႏွစ္ေယာက္ထဲက တစ္ေယာက္သာ က်န္ရစ္ႏိုင္မွာျဖစ္ၿပီး မူယန္က လီယဲ့အတြက္ အသက္ကိုပင္စြန္႔ႏိုင္ေသာလုပ္ရပ္မ်ားေၾကာင့္ ႐ႊမ္းရန္ကို မူယန္႔အေပၚသူ၏ခံစားခ်က္မ်ားအား နားလည္လာေစၿပီး သဝန္တိုမီးပြားေလးမ်ား စတင္ေပၚေပါက္လာခဲ့သည္ ။ ဒါဟာ ဇာတ္လမ္းတြင္ အလြန္အေရးႀကီးေသာအခ်ိဳးအေကြ႕တစ္ခုျဖစ္ၿပီး လီယဲ့ဟာလည္း gongႏွင့္shou၏ ခံစားခ်က္ေရယာဥ္ကို အမွန္တကယ္ေမာင္းႏွင္ေပးခဲ့သည္ ။

မူယန္၏အခ်စ္ကလီယဲ့အတြက္မဟုတ္သည့္အတြက္ သနားဖြယ္ပင္ ။ လီယဲ့၏ ခံစားခ်က္မ်ားမွာ သူ႕ႏွလုံးသားထဲတြင္ သိမ္းဆည္းထားရန္သာတတ္ႏိုင္၏ ။ ေနာက္ဆုံးတြင္ မိစၧာဘုရင္ယဲ့လွ်ိဳရင္၏ အၾကံအစည္ေပါက္ထြက္လာခဲ့ၿပီး လီယဲ့ဟာလည္းမူယန္ေၾကာင့္ လမ္းမွန္ေပၚျပန္ေရာက္လာခဲ့သည္ ။ လီယဲ့ဟာသူခ်စ္ေသာမူယန္ႏွင့္ ေလာကသုံးပါးကိုကာကြယ္ရန္အတြက္ ေျဖာင့္မတ္ေသာလမ္းကိုေ႐ြးခဲ့ၿပီး သူ၏ေသြးရင္းမ်ားကိုသတ္ပစ္ကာ သူ႕အ​ေဖႏွင့္အတူအဆုံးစီရင္ခဲ့သည္ ။ သူဟာ အခ်စ္အတြက္ သနားစဖြယ္ေျခနင္းတုံးတစ္ခုျဖစ္ခဲ့သည္တည့္ ။

[ တင္! ၊ ကမ႓ာကိုစတင္လည္ပတ္ၿပီးပါၿပီ။ ]

လင္းက်စ္ရန္ ျဖည္းညႇင္းစြာသူရဲ႕မ်က္လုံးမ်ားကိုဖြင့္လိုက္သည္။

သူ႕ကိုယ္သူ ငုံ႔ၾကည့္လိုက္ေသာ္ မီးခိုးေရာင္ေပါက္ေနၿပီး ညစ္ပတ္နံေစာ္ေနေသာ ၀တ္စုံအား ၀တ္ဆင္ထားသည္။ သူ႕ေျခဖဝါးတြင္စီးထားေသာ ေကာက္႐ိုးဖိနပ္မွာလည္း သူ႕ေျခေခ်ာင္းေတြကိုေတာင္ ျမင္ေနရသည္။ ေလာေလာဆယ္တြင္ ရာသီဥတုက အရမ္းေအးေနေသာေၾကာင့္ သူ အသံပင္ မထြက္ႏိုင္။ သူ႕ေျခေခ်ာင္းေတြအကုန္လုံးမွာ ေအးလြန္းေသာေၾကာင့္ေကြးေကာက္ေနၿပီး ဒီလိုပုံစံႏွင့္စတင္ရသည့္သူ႕အျဖစ္မွာ နည္းနည္းေတာ့ သနားစရာေကာင္းလြန္းသည္ဟု ကိုယ့္ဘာသာေတြးလိုက္မိသည္ ။ လီယဲ့ ၏ငယ္ဘဝမွာ အလြန္ေၾကကြဲဖြယ္ေနာက္ခံ႐ွိကာ ငယ္စဥ္က အရမ္းခက္ခဲပင္ပန္း​ၿပီး သနားဖို႔ေကာင္းမယ္လို႔ သူေတြးထားခဲ့ေပမယ့္ အခုေလာက္ထိဆင္းရဲႏြမ္းပါးေနမႈအဆင့္က သူ႕စိတ္ကူးကိုပင္ ေက်ာ္လြန္သြားခဲ့သည္...

လင္းက်စ္ရန္ သည္ သူ႕လက္မ်ားကို ငုံ႔ၾကည့္လိုက္ရာ မည္းညစ္ေနၿပီး လက္သည္းေအာက္ေျခတြင္လည္း ႐ႊံ႕မ်ား ႐ွိေနသည္။ ပထမတစ္ဦးစြာ သူသည္ အျပင္တြင္ဖ႐ိုဖရဲ ေန႔တိုင္းထြက္ေျပးေနရေသာေၾကာင့္ သူ႕လက္ႏွင့္ ေျခေထာက္မ်ားသည္လည္း ဝါးလုံးေတြလိုပင္ ပိန္ကပ္ေနသည္။

ဒီအခ်ိန္တြင္၊လီယဲ့သည္ လူတိုင္းကမုန္းတီးသည့္ ေခြးတစ္ေကာင္ျဖစ္ၿပီး မည္သူမဆို သူ႕အား ေစာ္ကားႏိုင္သည္။ သူ၏ မိစၧာေသြးေၾကာင့္ ခ်ီရန္မေသမ်ိဳးလမ္းစဥ္၏ က်င့္​ၾကံ​ျခင္းကိုလည္း မေလ့က်င့္ႏိုင္ခဲ့ေပ။ ထို႔ေၾကာင့္ အသုံးမဝင္ေသာ ေသြးေၾကာပိုင္႐ွင္အျဖစ္ သတ္မွတ္ခံရၿပီး လူတိုင္းက သူ႕အားအထင္ေသးၾကသည္။

​ၿပီးခဲ့ေသာကမ႓ာတြင္ သူဟာ ခ်မ္းသာၿပီး ရက္ေရာေသာ ဥကၠဌျဖစ္ခဲ့ၿပီး ေ႐ႊဘုံစံဘဝႏွင့္ ယစ္မႈးစြာ ေနထိုင္ခဲ့ရသည္။ ဒီကမ႓ာတြင္ေတာ့ သနားစရာျဖစ္လာၿပီးစားစရာေနစရာပင္မ႐ွိ ကြာဟခ်က္က ႀကီးမားလြန္းသည္...

က်ပန္းဟုတ္လား၊ ဒီက်ပန္းက လြန္လြန္းတယ္။

[System- ဇာတ္ေၾကာင္းကိုဖတ္ၿပီးရင္ အခုပဲေျပးဖို႔ အၾကံျပဳခ်င္ပါတယ္။ ]

[လင္းက်စ္ရန္ : ? ]

လူတစ္စုက သူ႕ေနာက္သို႔ လိုက္ဖမ္းေနၾကသည္။ ဦးေဆာင္ထားသူမွာ သားသားနားနားဝတ္ဆင္ထားေသာ လူငယ္တစ္ဦးျဖစ္ၿပီး ထိုသူ၏ေနာက္လိုက္မ်ားက တင္းပုတ္မ်ားတုတ္မ်ားကို ကိုင္ေဆာင္ထားကာ အားလုံးကသူ႕ကို စားမတတ္ဝါးမတတ္ပင္ စိုက္ၾကည့္ေနၾကသည္။

ေကာင္ေလးက မာနႀကီးစြာ မထီမဲ့ျမင္ျဖင့္သူ႕အား ၾကည့္ေနၿပီး။

" ေဟ့ သူခိုးေလး။ မင္းအခုဘယ္ကိုေျပးႏိုင္ေသးလဲဆိုတာ ငါၾကည့္ဦးမယ္! "

လင္းက်စ္ရန္ : "..."

ဘာေတြျဖစ္ေနမွန္း မသိေပမယ့္ သူေျပးဖို႔လိုတာေတာ့သိသည္။ လင္းက်စ္ရန္သည္ ေခါင္းကို လွည့္ကာ မဆိုင္းမတြပင္ ေျပးေတာ့သည္ ။ နာက်င္မႈကို မခံစားရေသာ္လည္း အေၾကာင္းျပခ်က္မသိဘဲ အေျမာက္စာမ်ား၏ ႐ိုက္ႏွက္ျခင္းကို အနည္းငယ္ပင္မခံခ်င္ေပ...

သူသည္ စုန္က်ိဳးၿမိဳ႕ထဲမွ လ်င္ျမန္စြာ ထြက္ေျပးလာေသာ္လည္း အျပင္ဘက္တြင္ ဘာမွမ႐ွိဘဲ ပုန္းစရာေနရာလည္းမ႐ွိေပ။ ဒီတိုင္းဆို အေႏွးနဲ႔အျမန္ သူ႕အား ဖမ္းမိသြားလိမ့္မည္။ လင္းက်စ္ရန္ဟာ ပတ္ဝန္းက်င္ကို ေသခ်ာၾကည့္လိုက္ေတာ့ သူ႕နဲ႔ မနီးမေဝး႐ွိျမစ္တစ္စင္းအား ႐ုတ္တရက္ ေတြ႕လိုက္ရသည္။ သူသည္ တစ္ဖက္သို႔ အေျပးသြားလိုက္ၿပီး ေနာက္ဆုံးတြင္ ျမစ္ကမ္းေဘးတြင္ ရပ္ကာ အသက္ကိုျပင္းျပင္း႐ွဴလိုက္သည္။ ျမစ္သည္ ေကြ႕ေကာက္ကာ ေရစီးသန္သည္။ သူ ဒီတိုင္းမခုန္ခ်ရဲေပ..

သားနားေသာပိုးထည္ကိုဝတ္ထားေသာ အႏွီလူငယ္သည္ သူ႕ေနာက္သို႔ လိုက္လာရင္းမွေလွာင္ေျပာင္ကာ။

"မင္းအခုဆက္ၿပီးေျပးဦးေလ ၊ငါၾကည့္ေနမယ္"

ငါလူးး!

လင္းက်စ္ရန္မွာ အသက္ကိုခပ္ျပင္းျပင္း႐ွဴၿပီး ေနာက္ခုန္ဆင္းလိုက္သည္။ လူငယ္ဟာ လင္းက်စ္ရန္ကို အမွန္တကယ္ခုန္ခ်သြားမည္ဟု မေမွ်ာ္လင့္ထားေသာေၾကာင့္ ကမ္းစပ္မွာတင္ရပ္ၿပီး မခ်ိတင္ကဲ လွမ္းၾကည့္ေနေလသည္။

ကံေကာင္းစြာပဲ ဒီေလာင္ဇီက ေရကူးႏိုင္တယ္ကြ။ လင္းက်စ္ရန္ သည္ ကံေကာင္းစြာပင္ ေရတြင္ေမ်ာေနေသာ သစ္သားတစ္တုံးကို ဖမ္းယူႏိုင္ ခဲ့သည္။ သူသည္ ေရစီးေၾကာင္းနဲ႔အတူ ေမ်ာပါမသြားခင္ ျပဳံးၿပီး လူငယ္အား လက္ခလယ္ေထာင္ျပခဲ့သည္။

မင္းသိသည္ျဖစ္ေစ မသိသည္ျဖစ္ေစ မင္းရဲ႕ဒီအေဖေဖက အရမ္းေဒါထြက္လြန္းလို႔ ဒီေန႔ထြက္ေျပးခဲ့ရတာကြ။

ေရစီးေၾကာင္းက ျမန္၍ ေအးသည္။ လင္းက်စ္ရန္ ခုန္ခ်လိုက္သည့္အခ်ိန္က ဒီအေၾကာင္းကို စဥ္းစားဖို႔ အခ်ိန္မ႐ွိခဲ့ေပ။ ေရစီးေၾကာင့္ သူသည္ ၿမိဳ႕ႏွင့္ ေဝးရာသို႔အလ်င္အျမန္ ေမ်ာပါလာခဲ့သည္။ တျဖည္းျဖည္း ေအးခဲလာေသာေၾကာင့္သူ ဒီလိုမ်ိဳး ဆက္ေနဖို႔ မသင့္ေတာ္ေတာ့ ။ သူဟာ အနည္းငယ္ ႀကီးေသာ ေက်ာက္ေဆာင္တစ္ခုကို႐ုတ္တရတ္ေတြ႕လိုက္ရာ ေရေပၚတြင္ေမ်ာေနေသာ သစ္သားအပိုင္းအစအား လႊတ္၍ခုန္တက္လိုက္ၿပီး ထိုင္ခ်လိုက္သည္ ။ ထို႔ေနာက္ မတ္တပ္ရပ္ကာ အသက္ျပင္းျပင္း႐ွဴၿပီး မ်က္လုံးကိုမွိတ္ကာ ေျမျပင္ေပၚသို႔ခုန္ကူးလိုက္သည္။

သူေအာင္ျမင္သြားခဲ့သည္ ။ လင္းက်စ္ရန္ဟာေျမျပင္ေပၚတြင္ လူးလိမ့္ၿပီး မတ္တပ္ရပ္လိုက္သည္။ သူ႕ ေျခဖဝါးေအာက္႐ွိေျမႀကီးမွာ စိုစြတ္ေနၿပီး ၊ သူ႕ေ႐ွ႕တြင္ ေတာင္နံရံတစ္ခု႐ွိသည္၊ ဒါ ဘယ္ေနရာလဲ ။ သူသည္ ဂိမ္းထဲသို႔ ဝင္႐ုံတင္႐ွိေသး ျပင္းထန္ေသာ ႐ိုက္ႏွက္ခံရမႈမွလက္မတင္ေလးတင္ လြတ္ေျမာက္ကာ အခု ဇာတ္လိုက္ကိုပင္ မျမင္ရဘဲ လ်ိဳေျမာင္ထဲတြင္ ပိတ္မိၿပီးေသဆုံးသြားရမည့္ကိန္း ျဖစ္ေနသည္ ။

ဒီအေျခအေနက သူအားတကယ္ပင္ စိတ္ဓာတ္က် သြားေစႏိုင္သည္ ။ ဟူးး !၊ အရမ္းစိတ္မပ်က္နဲ႔ ။

[လင္းက်စ္ရန္ က ခ်ီတုံခ်တုံျဖင့္- ဒီကမ႓ာက အရင္ကမ႓ာထက္ ဘာလို႔ ပိုခက္ခဲေနတာလဲ...]

[System - ဂိမ္းကကမ႓ာမ်ားကို က်ပန္းေ႐ြးခ်ယ္ၿပီး၊ အခက္အခဲကလည္း ကြဲျပားႏိုင္ပါတယ္။ အရင္ကထက္ ပိုခက္ခဲလာတာကလည္း ပုံမွန္ပါပဲ။ ]

[လင္းက်စ္ရန္ : ...... ]

လင္းက်စ္ရန္စီးထားေသာဖိနပ္က ေရထဲတြင္ေမ်ာပါသြားေသာ ေၾကာင့္ ေျခဗလာျဖင့္သာ ေျမျပင္ေပၚကိုလမ္းေလွ်ာက္လာခဲ့သည္။ သူဘယ္ေနရာၾကည့္ၾကည့္ လူသူကင္းမဲ့ေနသည္။ ေနာက္ဆုံးတြင္ သူသည္ ေတာင္ကုန္းတစ္ခုေပၚသို႔တက္ၿပီးေနာက္ ေတာနက္ထဲသို႔ ေရာက္သြားခဲ့သည္။ ထိုစဥ္မိုး႐ြာခ်လာသည္ ။ ကံဆိုးမ သြားရာ မိုးလိုက္လို႔႐ြာသည္ပင္ ။

လီယဲ့က ေနာက္ပိုင္းတြင္ မိစၧာေလာက၏ ၾကမ္းၾကဳတ္ေသာသခင္ေလးတစ္ေယာက္ျဖစ္လာမည္ ဆိုေပမယ့္ အခုတြင္ေတာ့ က်င့္ၾကံျခင္းအဆင့္နိမ့္ေသာ သာမန္ေညာင္ည လူတစ္ေယာက္ျဖစ္ေနဆဲပင္ ။ လင္းက်စ္ရန္ဟာ လက္ႏွစ္ဖက္ကိုဆန္႔ၿပီး ပုခုံးကိုဆုပ္ကိုင္ကာ ခႏၶာကိုယ္တစ္ခုလုံးကို ေဘာလုံးလိုက်ံဳ႕ၿပီး မိုးခိုရန္ေနရာလိုက္႐ွာေပေတာ့သည္ ။ ထိုစဥ္႐ုတ္တရတ္ သူ႕အေ႐ွ႕တြင္ လိႈဏ္ဂူတစ္ခုကို မသည္းမကြဲျမင္လိုက္ရေသာ္ ျမက္ပင္မ်ားကိုဆြဲဖယ္ၿပီး အေလာတႀကီးဝင္လာခဲ့ေတာ့သည္ ။

ဂူထဲတြင္ခါးတစ္ပိုင္းေလာက္ျမင့္ေသာ ေပါင္းျမက္ပင္မ်ားျဖင့္ျပည့္ႏွက္ေနသည္ ။ လင္းက်စ္ရန္မွာ အႀကိမ္အနည္းငယ္ေလာက္ႏွာေခ်လိုက္သည္ ။ သူဟာ အလ်င္လိုေနေသာေၾကာင့္ သတိမထားမိစဥ္ ေျခေထာက္က တစ္စုံတစ္ရာႏွင့္ ခလုတ္တိုက္မိသြားၿပီး ေခြးတစ္ေကာင္အီးပုံစားေနသလိုမ်ိဳး ေျမျပင္ေပၚသို႔ ေမွာက္ရက္လဲက်သြားေလသည္ ။ သူက တစ္ခ်က္ၾကည့္လိုက္ေသာ္...

အာာားးးးးး အေလာင္းႀကီး!

[System-...ကစားသမား ေက်းဇူးျပဳၿပီး စိတ္ေအးေအးထားပါ... ]

[လင္းက်စ္ရန္ က ေဒါသတႀကီး​ျပန္ေျပာသည္- မင္းပဲ စိတ္ေအးေအးထားလိုက္ ]

[System- မေသေသးပါဘူး...]

လင္းက်စ္ရန္ : ...

မေသေသးဘူးလား?

ခုနကဟာက ပုပ္ပြေနတဲ့အေလာင္းႏွင့္တူေသာ္လည္း systemက မေသေသးဘူးလို႔ေျပာေသာေၾကာင့္ လင္းက်စ္ရန္သည္ ျမက္ပင္မ်ားကိုဖယ္ၿပီးအနီးကပ္ငုံ႔ၾကည့္လိုက္သည္ ။ ထိုလူ၏ မီးခိုးႏွင့္အျဖဴေရာင္ ဆံပင္မ်ားက ျမက္ေျခာက္မ်ားႏွင့္ေရာေနၿပီး မ်က္ႏွာက ညစ္ပတ္ေနကာ ႐ုပ္ကိုေသခ်ာမျမင္ရ ။ သို႔ေသာ္ မ်က္ခြံေပၚ႐ွိဓားဒဏ္ရာမ်ားကမူ႐ွင္းလင္းျပတ္သားေနရာ ထိုလူသည္မ်က္စိကြယ္သြားမည္မွာ အသိအသာပင္ ။ အဝတ္မ်ားကလည္း စုတ္ၿပဲေနၿပီး ဒီေနရာမွာဘယ္ေလာက္ၾကာေအာင္ လဲေနခဲ့လည္း မသိ..အပုပ္နံ႔ေတာင္ထြက္ေနရာ ပထမတစ္ခ်က္ၾကည့္လိုက္႐ုံႏွင့္ ပုပ္ပြေနလို႔အေလာင္းတစ္ခုလိုမ်ိဳးျဖစ္ေန၏ ။

လင္းက်စ္ရန္ဟာ အႏွီကံဆိုးေသာလူကိုေသခ်ာၾကည့္ေနလိုက္သည္ ။ ေနာက္ဆုံးေတာ့ သူ႕ထက္ကံဆိုးသူကို႐ွာေတြ႕ခဲ့ၿပီ ။ သနားဖို႔ေကာင္းတာကိုအျပစ္တင္ရမည္ ။ လင္းက်စ္ရန္တြင္ စာနာစိတ္မ်ားေပၚလာခဲ့၏ ။ သူဟာေျမျပင္ကို သန္႔႐ွင္းသြားေစရန္မ်က္ပင္မ်ားကိုဆြဲႏႈတ္ၿပီး ထိုလူအားေနရာခ်လိုက္သည္ ။

" ငါတို႔က အတူတူပါပဲ "

ဂြီ....

သူဗိုက္ဆာလာသည္ ။ ထိုင္ေနရင္း လင္းက်စ္ရန္ဟာ သူ႕ခါးတြင္အိတ္စုတ္တစ္ခုခ်ည္ထားသည္ကိုေတြ႕လိုက္ရ၏ ။ သူ႕ဖိနပ္က တစ္ဖက္ေပ်ာက္သြားၿပီးတစ္ဖက္ေတာ့က်န္ေသးသည္ ။ ဒီအရာကို ဘာလို႔ လီယဲ့က ရတနာတစ္ခုလိုသေဘာထားလဲ သိခ်င္ေသာေၾကာင့္ဖြင့္ၾကည့္လိုက္သည္ ။

လင္းက်စ္ရန္:. ..

ေအးစက္ၿပီး ေရစိုေနေသာေပါက္စီသုံးလုံးသာ ။ သူဗိုက္အရမ္းဆာေနလွ်င္ေတာင္မစားခ်င္ ။ ဒီကေလးက အလြန္သနားဖြယ္ေကာင္းသည္ ။ ဒါက ဝွက္ထားသင့္တဲ့ရတနာလား ။ လင္းက်စ္ရန္မွာ စိတ္မေကာင္းျဖစ္သြားရသည္ ။

~~~~~~~~

Continue Reading

You'll Also Like

1.8M 300K 198
ဝိဉာဥ္ကူးေျပာင္းခဲ့ၿပီးေနာက္ ေသာက္တလြဲေတြ ျဖစ္ကုန္ၿပီ..! ... သူလုပ်ခဲ့မိသမျှထဲက အဆိုးဆုံးတစ်ခုကို ပြောပါဆိုရင် -'ရာဇဝင်ထဲက အင်အားအကြီးဆုံးအရှင်' ဆိုတ...
3M 186K 58
"ညိုလဲ လူတွေထဲက လူသားတစ်ယောက်ပါ ညို့ရဲ့ ဖြစ်တည်မှုက ဘယ်သူတွေကို ထိခိုက်နေလို့လဲ..မေမေ" "ညို မရှင်သန်ချင်တော့ဘူး... ဒီလောကကြီးမှာ ညိုတို့လိုလူတွေအတွက်...