ဒီတစ်ခါလည်းဇာတ်လမ်းသွေဖည်သွား...

By Dilly_Dally20

478K 69.1K 2.6K

Just a fan translation. Eng name- Did the affectionate love interest collapse today. cover pic from pintere... More

Synopsis
Arc(1): အပိုင်း(၁)
အပိုင်း(၂)
အပိုင်း(၃.၁)
အပိုင်း(၃.၂)
အပိုင်း(၄.၁)
အပိုင်း(၄.၂)
အပိုင်း(၅.၁)
အပိုင်း(၅.၂)
အပိုင်း(၆.၁)
အပိုင်း(၆.၂)
အပိုင်း(၇.၁)
အပိုင်း(၇.၂)
အပိုင်း(၈.၁)
အပိုင်း(၈.၂)
အပိုင်း(၉.၁)
အပိုင်း(၉.၂)
အပိုင်း(၁၀.၁)
အပိုင်း(၁၀.၂)
အပိုင်း(၁၁.၁)
အပိုင်း(၁၁.၂)
အပိုင်း(၁၂.၁)
အပိုင်း(၁၂.၂)
အပိုင်း(၁၃.၁)
အပိုင်း(၁၃.၂)
အပိုင်း(၁၄.၁)
အပိုင်း(၁၄.၂)
အပိုင်း(၁၅.၁)
အပိုင်း(၁၅.၂)
အပိုင်း(၁၆.၁)
အပိုင်း(၁၆.၂)
အပိုင်း(၁၇.၁)
အပိုင်း(၁၇.၂)
အပိုင်း (၁၈)
အပိုင်း(၁၉)
အပိုင်း(၂၀)
အပိုင်း(၂၁.၂)
အပိုင်း(၂၁.၃)
အပိုင်း(၂၂.၁)
အပိုင်း(၂၂.၂)
အပိုင်း(၂၃.၁)
အပိုင်း(၂၃.၂)
အပိုင်း(၂၄.၁)
အပိုင်း(၂၄.၂)
အပိုင်း(၂၄.၃)
အပိုင်း(၂၅.၁)
အပိုင်း(၂၅.၂)
အပိုင်း(၂၅.၃)
အပိုင်း(၂၆.၁)
အပိုင်း(၂၆.၂)
အပိုင်း(၂၆.၃)
အပိုင်း(၂၇.၁)
အပိုင်း(၂၇.၂)
အပိုင်း(၂၇.၃)
အပိုင်း(၂၈.၁)
အပိုင်း(၂၈.၂)
အပိုင်း(၂၉.၁)
အပိုင်း(၂၉.၂)
အပိုင်း(၃၀.၁)
အပိုင်း(၃၀.၂)
အပိုင်း(၃၁.၁)
အပိုင်း(၃၁.၂)
အပိုင်း(၃၂.၁)
အပိုင်း(၃၂.၂)
အပိုင်း(၃၃.၁)
အပိုင်း(၃၃.၂)
အပိုင်း(၃၃.၃)
အပိုင်း(၃၄.၁)
အပိုင်း(၃၄.၂)
အပိုင်း(၃၄.၃)
အပိုင်း(၃၅.၁)
အပိုင်း(၃၅.၂)
အပိုင်း(၃၅.၃)
အပိုင်း(၃၆.၁)
အပိုင်း(၃၆.၂)
အပိုင်း(၃၆.၃)
အပိုင်း(၃၇.၁)
အပိုင်း (၃၇.၂)
အပိုင်း(၃၇.၃)
အပိုင်း(၃၈.၁)
အပိုင်း(၃၈.၂)
အပိုင်း(၃၈.၃)
အပိုင်း(၃၉.၁)
အပိုင်း(၃၉.၂)
အပိုင်း(၃၉.၃)
အပိုင်း(၄၀.၁)
အပိုင်း(၄၀.၂)
အပိုင်း(၄၀.၃)
အပိုင်း(၄၁.၁)
အပိုင်း(၄၁.၂)
အပိုင်း(၄၁.၃)
အပိုင်း(၄၂.၁)
အပိုင်း(၄၂.၂)
အပိုင်း(၄၂.၃)
အပိုင်း(၄၃.၁)
အပိုင်း(၄၃.၂)
အပိုင်း(၄၃.၃)
အပိုင်း(၄၄.၁)
အပိုင်း(၄၄.၂)
အပိုင်း(၄၄.၃-Final Episode)

Arc(2) အပိုင်း(၂၁.၁)

10.4K 873 57
By Dilly_Dally20

Unicode.

[တင်! ဂိမ်းပြီးစီးသွားပြီး အဆင့်ကို အကဲဖြတ်နေပါသည်—]

[အဆင့်- B]

[လင်းကျစ်ရန်သည် အနည်းငယ် အံ့အားသင့်သွားသည်- ဇာတ်ကွက်တွေက ဒီလောက်တောင် အမိုက်စား ရှုပ်ထွေးသွားတာကို..  ဘယ်လိုလုပ်ငါက B အဆင့်ရနိုင်သေးတာလဲ ]Dအဆင့်လောက်ဖြစ်မယ်ထင်ထားတာ...

[ System- ပင်မဇာတ်ကြောင်းကပြိုလဲသွားပေမယ့်..ဇာတ်ကောင်ကတော့ပြိုပျက်မသွားဘူး..ပြီးတော့ ဇာတ်လမ်းမြှုပ်ကွက်တွေကိုဖော်နိုင်တဲ့အတွက် ဘောနပ်စ်အမှတ်တွေအများကြီးရပါတယ်...ဆက်လက်ကြိုးစားပေးပါဦး]

[လင်းကျစ်ရန်:…အာ... ငါ့ရဲ့ ဇာတ်ရုပ်က တကယ်မပျက်စီးခဲ့ဘူးလား..  ]တကယ်တော့ သူ ခဏခဏအမှားလုပ်မိတယ်ထင်တာ...

[System- လူကြီးမင်းရဲ့လျှို့ဝှက်ချက်ကို NPC ကရှာမတွေ့သရွေ့ အဲ့တာကို ပျက်စီးတယ်လို့မယူဆနိုင်ပါဘူး]

[ လင်းကျစ်ရန်: တောင်းဆိုချက်တွေက အရမ်းနည်းနေသလားလို့]

[System- ထင်သလောက်တော့မလွယ်ပါဘူး  ]

[လင်းကျစ်ရန်:…]

[System- အခုနောက်ထပ်ဂိမ်းတစ်ခုထဲကို ဝင်လိုပါသလား  ]

[လင်းကျစ်ရန်: ခဏစောင့်ပါဦး ]

မနေ့က ဂိမ်းဦးထုပ်ကိုရခဲ့ပြီး လင်းကျစ်ရန်မှာအရမ်းစိတ်လှုပ်ရှားစွာဖြင့်ထိုင်ဆော့နေခဲ့သည် ။ သို့သော် တကယ်တမ်းတော့ တစ်နေကုန်သွားခဲ့ပြီ ။ လင်းကျစ်ရန်ဟာ ဗိုက်လည်း အလွန်ဆာနေသည် ။ ဂိမ်းကပျော်ဖို့ကောင်းသော်လည်း စားဖို့သောက်ဖို့က ပိုအရေးကြီးသည် ။ ဗိုက်ဖြည့်ပြီးမှ စစ်ပွဲအတွက်အဆင်သင့်ဖြစ်နိုင်မည် ။

B အဆင့်ရနိုင်မည်ဟု သူမမျှော်လင့်ထားမိ ။ သို့သော် A အဆင့်နှင့်သိပ်မဝေးပေ ။ ဒါကလင်းကျစ်ရန်ကို A အဆင့်ရနိုင်သည်ဟု ထင်ယောင်ထင်မှားဖြစ်လာစေ၏ ။ လင်းကျစ်ရန်ဟာ ဂိမ်းဦးထုပ်ကိုချွတ်လိုက်ပြီး သက်ပြင်းတစ်ချက်ချလိုက်သည် ။ အိပ်ခန်းအတွင်း၌မူ သူတစ်ဦးတည်းသာရှိနေပြီး ကျန်လူများက ဘယ်ရောက်သွားမှန်းမသိ ။ သူကမျက်နှာသစ်ပြီး အခန်းအပြင်သို့ထွက်လာခဲ့လိုက်သည် ။

ကန်တင်းတွင်စားစရာများကျန်သေးပြီး လူသိပ်မများတော့ပေ ။ လင်းကျစ်ရန်သည် ပန်းကန်ပြားကြီးကြီးတစ်ခုထဲသို့ စားစရာများထည့်ကာ ဖြည်းဖြည်းချင်းထိုင်စားရန်ထောင့်တွင်ထိုင်လိုက်သည် ။ သူဟာဂိမ်းထဲတွင် ဇိမ်ကျကျနေလာခဲ့သည်မို့ ကန်းတင်ကိုပင် ရုတ်တရတ်မကျေမနပ်ဖြစ်ချင်လာ၏...

သူက စားနေရင်း ဂိမ်းထဲကအကြောင်းအရာများကိုတွေးနေသည် ။ ဘယ်အပိုင်းက ဇတ်ကြောင်းကို အဖက်ဆယ်လို့မရအောင်ပျက်စီးစေတာလဲ ။ ထိုအခိုက်အတန့် သူ့အရှေ့တွင် ရုန်းရင်းဆန်ခတ်ဖြစ်သံများကြားလိုက်ရသည် ။ လင်းကျစ်ရန်သည် မသိစိတ်မှ လှမ်းကြည့်လိုက်သော် အရပ်ရှည်ရှည်နှင့် ချောမောသောလူငယ်တစ်ယောက်ဝင်လာတာကို တွေ့လိုက်ရသည် ။ တည်ငြိမ်သောအငွေ့အသက်နှင့် ထင်ရှားသောရုပ်ရည်ရှိသောထိုလူက ရယ်မောရင်းလမ်းလျှောက်လာပုံမှာ နွေဦးလေပြေညှင်းတစ်ချက်ပမာ ။ ရိုးရှင်းသော အဖြူရောင်ရှပ်နှင့် စတိုင်pantအနက်ရောင်ကိုတွဲဖက်ဝတ်ထားပြီး အပေါ်မှ ကာကီရောင်လေကာအနွေးထည်ကိုထပ်ဝတ်ထားသော်လည်း ၊ ချောမောလှသော ယောက်ျားပျို၊ မိန်းမပျိုများနှင့်ပြည့်နှက်နေသော အကယ်ဒမီတွင် ထင်ပေါ်နေဆဲပင် ။ .… ဒါက နာမည်ကြီး စီနီယာ ကျီချန်း မို့လား။

သူက ဘွဲ့မရသေးခင်ကပင် နံမည်ကြီးနေပြီ ။ ချောမောပြီးသရုပ်ဆောင်ကောင်းကာ တောက်ပသောအနာဂါတ်ရှိသည်  ။ သူဟာ လူအများစုရဲ့စိတ်ကူးယဥ်ကြသည့် ပုံစံမျိုးပင် ။ အထူးသဖြင့် ထိုfan girl ကောင်မလေးတွေက စပြီးအော်ဟစ်ကြသည် ။ တကယ်တော့ ဒီနတ်ဘုရားက ကျောင်းမှာပေါ်လာတာရှားသည် ။

လင်းကျစ်ရန်က သူ့အကြည့်ကို ရုတ်သိမ်းရန်ပြင်လိုက်စဥ်မှာ ကျီချန်းက ခေါင်းလှည့်ပြီးသူ့ကိုကြည့်လာသည် ။ သူ၏ မျက်ဝန်းများက နက်ရှိုင်းလွန်းလို့ လင်းကျစ်ရန် ရုန်းမထွက်နိုင်ပင်ဖြစ်နေ၏...လင်းကျစ်ရန်ဟာ ဆက်မကြည့်ဝံ့တော့ဘဲ ခပ်ထားသည့် ဟင်းများကိုသာ ဆက်စားနေလိုက်သည် ။

ထားပါ..သူက အရမ်းကြည့်ကောင်းနေရုံပဲ ။ သူနှင့်ဘာမျှမဆိုင် ။ ကျီချန်းနှင့်သူက နတ်ဘုရားနှင့်ငရဲသားလိုမျိုးကွာခြားသည် ။ ချောက်ကမ်းပါးအစွန်းတွင် တင်နေသည့် လင်းကျစ်ရန်လိုလူအမျိုးအတွက်ကိုယ့်ကိုယ်ကို အလွန်သတိထားရမည်ပင် ။ အခုနှစ်ရဲ့ ရည်မှန်းချက်က ခရက်ဒစ်အမှတ်တွေပဲ..ခရက်ဒစ်!

လင်းကျစ်ရန်သည် ဂိမ်းအကြောင်းကိုပြန်တွေးလိုက်သည် ။ သူ စားသောက်ပြီးသော် ကျီချန်း မရှိတော့ ။ သူက ကန်တင်းမှထွက်လာပြီး စူပါမားကတ်သို့သွားကာ စည်သွပ်ဘူးများ၊ ခေါက်ဆွဲခြောက်များ၊ အသင့်စား အစားအသောက်များနှင့် အဆာပြေမုန့်မျိုးစုံတို့ကိုဝယ်ကာ အဆောင်သို့ပြန်လာခဲ့သည် ။ လင်းကျစ်ရန်သည် စားသောက်စရာများကို ရေခဲသေတ္တာထဲသို့ထည့်လိုက်ပြီး ဂိမ်းဦးထုပ်ကိုဆောင်းကာ systemကိုခေါ်လိုက်သည် ။ ဒါဂိမ်းတစ်ခုပဲ မလား ။ ငါ A  မရနိုင်ဘူးလို့ မယုံဘူး။

[လင်းကျစ်ရန်: ငါပြန်လာပြီ.. စလိုက်ကြရအောင်!  ]

[System- ကောင်းပြီ။  ]

[တင်! ကမ္ဘာသစ်ကို ​ပြင်ဆင်နေပါသည်-]

[တင်! ကမ္ဘာသစ် စတင်နေသည်-]

ဒီကမ္ဘာကို ' ချီရန် မသေမျိုးလောက ' ဟုခေါ်သည် ။ ချီရန် မသေမျိုးလောကတွင် နေထိုင်သူများကို နှစ်မျိုးခွဲထားသည်__ တစ်မျိုးမှာ သေမျိုးနယ်ပယ်မှ ကျင့်ကြံ၍ အဆင့်တက်လာကြသူများဖြစ်ပြီး၊ ကျန်တစ်မျိုးမှာ ချီရန်မသေမျိုးလောက၏ဇာတိခံမျိုးနွယ်များပင် ။

သို့သော် ချီရန်မသေမျိုးလောကရှိလူများက အဆင့်တက်လာသော မသေမျိုးကျင့်ကြံသူများထက်အားကောင်းသည်လို့တော့မဆိုလို ။ ဆန့်ကျင်ဘက်အားဖြင့် ချီရန်မသေမျိုးလောက၏ ချီသည် သေမျိုးလောကထက်အဆပေါင်းမျာစွာပိုပြီးကြွယ်ဝပြီး ဒေသခံသက်ရှိများသည်လည်း စင်​ကြယ်သောဝိညာဥ်အရင်းအမြစ်ဖြင့်မွေးဖွားလာကာ အဆင့်တက်ရန်ပို၍လွယ်ကူသည် ။ သို့သော် ကနဦးအဆင့်က သေမျိုးများထက် ပို၍ အဆင့်မြင့်သည့်တိုင် သန်မာလာရန်ကျင့်ကြံဖို့လိုသေးသည် ။

တစ်ဖက်ကကြည့်လျှင် ချီရန်မသေမျိုးလောကရှိ သက်ရှိအရေအတွက်မှာ နည်းပါးပြီး သူတို့၏​နေထိုင်မှုပုံစံမှာ ယေဘူယျအားဖြင့် အေးချမ်းသည် ။ ပါရမီနှင့် ဇွဲလုံ့လက သေမျိုးများထက် နိမ့်ကျသည် ။ ထို့ကြောင့်အောင်မြင်သော ကျင့်ကြံသူအများအပြားမရှိ ။ သို့သော် သေမျိုးနယ်ပယ်မှ တရားကျင့်ပြီးအောင်မြင်စွာအဆင့်တက်လာကြသူများမှာ ပင်ကိုပါရမီရင့်သန်ပြီး ဇွဲလုံ့လကောင်းကာ စွမ်းအားကြီးသူများပင် ။ ထို့ကြောင့် ယခုချီရန်မသေမျိုးလောကရှိ သက်ရှိသန်းပေါင်း ဆယ်ဂဏန်းမှ၊ သန်မာသောသူများထဲတွင် ဒေသခံမျိုးနွယ်များနှင့် သေမျိုးနယ်ပယ်မှအဆင့်တက်လာသူအရေအတွက်မှာတူညီလုနီးပါးဖြစ်သည် ။ ချီရန်မသေမျိုးလောကရှိ အခြားသောသတ္တဝါအများစုမှာ သေမျိုးများနှင့်တူညီကြသည် ။

ဒီကမ္ဘာကို ဘာလို့ ချီရန်မသေမျိုးလောကဟု ခေါ်ဆိုရသလဲဆိုလျှင် သမိုင်းနောက်ခံများရှိသည် ။ ဒဏ္ဍာရီအရ ။ လွန်ခဲ့သောနှစ်ထောင်ပေါင်းများစွာက ချီရန်မသေမျိုးလောကမရှိခဲ့ပေ ။ ထိုအချိန်တွင် လောကသုံးပါးမှာ ပရမ်းပတာဖြစ်နေပြီး၊ နတ်ဘုရားများ၊ နတ်ဆိုးများနှင့် လူသားများဟာတစ်နေရာတည်းတွင် စုစည်းနေထိုင်ကြပြီးအဆုံးမရှိသော တိုက်ပွဲများကိုဆင်နွှဲကြရသည်...သို့သော် ၄င်းက အနန္တတန်ခိုးရှင်တစ်ယောက်မမွေးဖွားခင်အထိပင် ။ ထိုသူဟာကောင်ကင်နှင့်ကမ္ဘာမြေအားဖြတ်ကျော်နိုင်သည့်အစွမ်းသတ္တိကိုပိုင်ဆိုင်ပြီး သေမျိူးနယ်ပယ်၊ မကောင်းဆိုးဝါးနယ်ပယ်နှင့် မသေမျိုးနယ်ပယ်သုံးရပ်အား ပိုင်းခြားပစ်ရန်သူ၏ အမြင့်မားဆုံးသောကျင့်စဥ်ကိုအသုံးပြုခဲ့သည် ။ ထိုအချိန်မှစ၍ မသေမျိုး၊ သေမျိုး နှင့် မကောင်းဆိုးဝါးဟူသော လောကသုံးပါး ဖြစ်တည်လာလေသည် ။ ဘုံသုံးပါးကွဲပြီးနောက် ထိုအနန္တတန်ခိုးရှင်ဟာ မသေမျိုးနယ်ပယ်၌နေထိုင်ပြီး ' ချီရန်မသေမျိုးလောက ' ဟုအမည်ပေးခဲ့သည်တည့် ။

လင်းကျစ်ရန်သည် စိတ်မထိန်းနိုင်ဘဲ လျှာကိုက်မိသွားသည် ။ ဒီလို နယ်မြေသုံးရပ်ကို ကိုယ်ပိုင်အရည်အချင်းနှင့် ပိုင်းခြားနိုင်သောစွမ်းရည်ရှိလျှင် ဖန်ကု တောင် သူ့ကို အစ်ကိုကြီးလို့ခေါ်ရမည် ။

အစွမ်းထက်လွန်းလို့ ဘယ်သူမှယှဥ်နိုင်မှာတောင်မဟုတ်ဘူး ။ ဟေး ဆက်ရအောင်… ။

ဒီ တန်ခိုးရှင်က နယ်မြေသုံးပါးကို ပိုင်းခြားပြီးသော် ဘုံသုံးရပ်ရှိငြင်းခုန်မှုများလည်းရပ်တန့်သွားကာ လူတိုင်းကသူ့ကို " ဖန်ဆင်းရှင် နတ်ဘုရား " လို့ ခေါ်ဝေါ်သမုတ်ပြီး ဂုဏ်ပြုကြသည် ။ သူဟာ ချီရန်မသေမျိုးလောကကို မကောင်းဆိုးဝါးနယ်မြေ၏ ကျူးကျော်ခြင်းမှကာကွယ်ရန် မကောင်းဆိုးဝါးလောကကို ချိတ်ပိတ်ကာ မသေမျိုးလောကတွင် ကောင်းကင်မဏ္ဍိုင် ကိုးဆယ့်ကိုးတိုင်ကို ကိုယ်တိုင်ကိုယ်ကျတည်ဆောက်ခဲ့ပြီး လုံခြုံစေခဲ့သည် ။ ဒီဖန်ဆင်းရှင်နတ်ဘုရား ရွှမ်းရန် မှာ ဒီကမ္ဘာ၏ အဓိကဇာတ်လိုက်ပင်ဖြစ်သည် ။

ဇာတ်လိုက် gong ကိုပြောလျှင် ဇာတ်လိုက်shou ကိုလည်းချန်ထားခဲ့လို့မရပေ ။ gong နှင့် shouကြားကဆက်ဆံရေးနှင့်ပတ်သတ်ပြီး ဇာတ်လမ်းတွင် ဘယ်သူမှမသိနိုင်သော လျှို့ဝှက်ချက်တစ်ခုပါဝင်၏ ။

နတ်ဘုရားရွှမ်းရန်ဟာ နယ်မြေသုံးရပ်ကို ကန့်သတ်ပြီး မကောင်းဆိုးဝါးလောကကို ချိတ်ပိတ်ရန်ကြိုးစားသောအခါ၊ မကောင်းဆိုးဝါးလောက၏ သဘာဝအလျောက် ​ခုခံတိုက်ခိုက်ခြင်းခံရလေသည် ။ ရွှမ်းရန်နှင့် မကောင်းဆိုးဝါးဘုရင် ယဲ့လျှိုရင်တို့ တိုက်ပွဲသည် တောင်တန်းများကိုပြိုစေပြီး မြစ်များကိုကွဲစေသည်အထိ ပြင်းထန်ကာ လောကသုံးပါးလုံးကို ဖိတ်ဖိတ်တုန်စေခဲ့သည် ။ ရွှမ်းရန်ဟာ ယဲ့လျှိုရင် ကိုအနိုင်ယူပြီး မကောင်းဆိုးဝါးလောကကိုချိတ်ပိတ်နိုင်ခဲ့သည် သို့သော်... ။ သူ၏ အရင်းအမြစ်သည် ယဲ့လျှိုရင်၏တိုက်ခိုက်ခြင်းခံရပြီး ဝိညာဥ်ဟာကွဲထွက်ကာ ကမ္ဘာအနှံ့သို့ပြန်ကျဲသွားခဲ့လေသည် ။

ထိအချိန်မှစ၍ နှစ်ပေါင်းရာချီကုန်လွန်ခဲ့ပြီးသော် ထိုဝိညာဥ်အပိုင်းအစများသည် ချီရန်မသေမျိုးလောကတွင် လူဝင်စားခဲ့ပြီး ဆယ်ကျော်သက်တစ်ယောက်ဖြစ်လာခဲ့သည် ။ လူငယ် မူယန်သည် ဒီဇာတ်လမ်း၏ ဇာတ်လိုက်ပင် ။

ချီရန်မသေမျိုးလောကတွင်ကား မြို့ပေါင်းကိုယ့်ဆယ့်ကိုးမြို့နှင့် စင်ကြယ်သောနန်းတော်တစ်ခုရှိသည် ။ ကိုးဆယ့်ကိုးမြို့သောမြို့များကို ကောင်းကင်မဏ္ဍိုင် ကိုးဆယ်ကိုးတိုင်ဘေးတွင်တည်ဆောက်ထားပြီး စင်ကြယ်သောနန်းတော်ကမူ ရွှမ်းရန်တည်ထောင်ထားသော ဂိုဏ်းတစ်ခုပင် ။ ရွှမ်းရန်ဟာ ဒဏ္ဍာရီတစ်ခုဖြစ်လာသော်ငြား စင်ကြယ်သောနန်းတော်မှာ တာအိုလမ်းစဥ်ကျင့်ကြံသူများအဖို့အမွန်မြတ်အခမ်းနားဆုံးနေရာတစ်ခုဖြစ်၏ ။ ချီရန်မသေမျိူးလောကရှိမည့်သည့် သက်ရှိ၊ မည်သည့်ကျင့်ကြံသူမဆို စင်ကြယ်သောနန်းတော်အား အလေးအမြတ်ထားကြသည် ။

မူယန်သည် စုန့်ကျိုး​မြို့သခင်၏သားတစ်ယောက်ဖြစ်သည် ။ ထူးချွန်ထက်မြတ်လွန်ပြီး မိသားစုက သူ့အပေါ်တွင်ရည်မှန်းချက်ကြီးခဲ့သည် ။ နောက်ပိုင်းတွင် သူဟာစင်ကြယ်သောနန်းတော်သို့ဝင်ရောက်နိုင်ခဲ့ပြီး အလွန် ကြိုးစားလေ့ကျင့်သောကြောင့် လောကီရေးရာများကြားမှ ကြာမြင့်စွာနှုတ်ထွက်ခဲ့သော ရွှမ်းရန်၏တစ်ဦးတည်းသောတပည့်ဖြစ်လာခဲ့သည် ။

အခုအချိန်ထိ အောင်မြင်မည့် ပါရမီရှင်လေးတစ်ယောက်၏ ဇာတ်လမ်းကောင်းတစ်ခုဖြစ်နေသေးသည် ။ သို့သော် မူယန်က သူ့ဆရာကိုချစ်မိသွားလေသည် ။

ဆရာတပည့် ဆက်ဆံရေးတွင် မူယန်သည် မကြာခဏဆိုသလို သူ၏ စွမ်းအားကြီးလှသောဆရာအပေါ် သဘောကျမှုကိုပြသခဲ့သည် ။ သို့သော် ရွှမ်းရန်က မူယန်အားတပည့်တစ်ယောက်လိုမျိုးသာချစ်ခင်၏ ။ သူ မူယန်ကို တပည့်အဖြစ်လက်ခံရခြင်းမှာ မူယန်ကသာ သူ့နေရာကိုဆက်ခံနိုင်သောကြောင့် ။ ချစ်ချင်းမေတ္တာနှင့် တွယ်ငြိ ခြင်းတို့မရှိတော့သော ရွှမ်းရန်ဟာ မူယန့်အပေါ်သွေးအေးနေခဲ့ပြီး နောက်ပိုင်း မူယန့်၏ ခံစားချက်များကိုသိသော် ရှောင်ဖယ်နေခဲ့သည် ။ သို့သော် မူယန်ကတော့ ပိုးဖလံမျိုးမီးကိုတိုး သကဲ့သို့ အရှုံးမပေးခဲ့ပေ ။ ထိုမှစ၍ ဆရာတပည့်ကြားမှ အချစ်ခရီးမှစတင် စတော့သည် ။

[လင်းကျစ်ရန်: ဝိုး... ဒါက ရာဇဝင်တွင်မယ့် တစ်ဖက်သက်အချစ်ပဲ  ]

[System:……]

~~~~~~~

Zawgyi.

[တင္! ဂိမ္းၿပီးစီးသြားၿပီး အဆင့္ကို အကဲျဖတ္ေနပါသည္—]

[အဆင့္- B]

[လင္းက်စ္ရန္သည္ အနည္းငယ္ အံ့အားသင့္သြားသည္- ဇာတ္ကြက္ေတြက ဒီေလာက္ေတာင္ အမိုက္စား ႐ႈပ္ေထြးသြားတာကို..  ဘယ္လိုလုပ္ငါက B အဆင့္ရႏိုင္ေသးတာလဲ ]Dအဆင့္ေလာက္ျဖစ္မယ္ထင္ထားတာ...

[ System- ပင္မဇာတ္ေၾကာင္းကၿပိဳလဲသြားေပမယ့္..ဇာတ္ေကာင္ကေတာ့ၿပိဳပ်က္မသြားဘူး..ၿပီးေတာ့ ဇာတ္လမ္းျမႇဳပ္ကြက္ေတြကိုေဖာ္ႏိုင္တဲ့အတြက္ ေဘာနပ္စ္အမွတ္ေတြအမ်ားႀကီးရပါတယ္...ဆက္လက္ႀကိဳးစားေပးပါဦး]

[လင္းက်စ္ရန္:…အာ... ငါ့ရဲ႕ ဇာတ္႐ုပ္က တကယ္မပ်က္စီးခဲ့ဘူးလား..  ]တကယ္ေတာ့ သူ ခဏခဏအမွားလုပ္မိတယ္ထင္တာ...

[System- လူႀကီးမင္းရဲ႕လွ်ိဳ႕ဝွက္ခ်က္ကို NPC က႐ွာမေတြ႕သေ႐ြ႕ အဲ့တာကို ပ်က္စီးတယ္လို႔မယူဆႏိုင္ပါဘူး]

[ လင္းက်စ္ရန္: ေတာင္းဆိုခ်က္ေတြက အရမ္းနည္းေနသလားလို႔]

[System- ထင္သေလာက္ေတာ့မလြယ္ပါဘူး  ]

[လင္းက်စ္ရန္:…]

[System- အခုေနာက္ထပ္ဂိမ္းတစ္ခုထဲကို ဝင္လိုပါသလား  ]

[လင္းက်စ္ရန္: ခဏေစာင့္ပါဦး ]

မေန႔က ဂိမ္းဦးထုပ္ကိုရခဲ့ၿပီး လင္းက်စ္ရန္မွာအရမ္းစိတ္လႈပ္႐ွားစြာျဖင့္ထိုင္ေဆာ့ေနခဲ့သည္ ။ သို႔ေသာ္ တကယ္တမ္းေတာ့ တစ္ေနကုန္သြားခဲ့ၿပီ ။ လင္းက်စ္ရန္ဟာ ဗိုက္လည္း အလြန္ဆာေနသည္ ။ ဂိမ္းကေပ်ာ္ဖို႔ေကာင္းေသာ္လည္း စားဖို႔ေသာက္ဖို႔က ပိုအေရးႀကီးသည္ ။ ဗိုက္ျဖည့္ၿပီးမွ စစ္ပြဲအတြက္အဆင္သင့္ျဖစ္ႏိုင္မည္ ။

B အဆင့္ရႏိုင္မည္ဟု သူမေမွ်ာ္လင့္ထားမိ ။ သို႔ေသာ္ A အဆင့္ႏွင့္သိပ္မေဝးေပ ။ ဒါကလင္းက်စ္ရန္ကို A အဆင့္ရႏိုင္သည္ဟု ထင္ေယာင္ထင္မွားျဖစ္လာေစ၏ ။ လင္းက်စ္ရန္ဟာ ဂိမ္းဦးထုပ္ကိုခြၽတ္လိုက္ၿပီး သက္ျပင္းတစ္ခ်က္ခ်လိုက္သည္ ။ အိပ္ခန္းအတြင္း၌မူ သူတစ္ဦးတည္းသာ႐ွိေနၿပီး က်န္လူမ်ားက ဘယ္ေရာက္သြားမွန္းမသိ ။ သူကမ်က္ႏွာသစ္ၿပီး အခန္းအျပင္သို႔ထြက္လာခဲ့လိုက္သည္ ။

ကန္တင္းတြင္စားစရာမ်ားက်န္ေသးၿပီး လူသိပ္မမ်ားေတာ့ေပ ။ လင္းက်စ္ရန္သည္ ပန္းကန္ျပားႀကီးႀကီးတစ္ခုထဲသို႔ စားစရာမ်ားထည့္ကာ ျဖည္းျဖည္းခ်င္းထိုင္စားရန္ေထာင့္တြင္ထိုင္လိုက္သည္ ။ သူဟာဂိမ္းထဲတြင္ ဇိမ္က်က်ေနလာခဲ့သည္မို႔ ကန္းတင္ကိုပင္ ႐ုတ္တရတ္မေက်မနပ္ျဖစ္ခ်င္လာ၏...

သူက စားေနရင္း ဂိမ္းထဲကအေၾကာင္းအရာမ်ားကိုေတြးေနသည္ ။ ဘယ္အပိုင္းက ဇတ္ေၾကာင္းကို အဖက္ဆယ္လို႔မရေအာင္ပ်က္စီးေစတာလဲ ။ ထိုအခိုက္အတန္႔ သူ႕အေ႐ွ႕တြင္ ႐ုန္းရင္းဆန္ခတ္ျဖစ္သံမ်ားၾကားလိုက္ရသည္ ။ လင္းက်စ္ရန္သည္ မသိစိတ္မွ လွမ္းၾကည့္လိုက္ေသာ္ အရပ္႐ွည္႐ွည္ႏွင့္ ေခ်ာေမာေသာလူငယ္တစ္ေယာက္ဝင္လာတာကို ေတြ႕လိုက္ရသည္ ။ တည္ၿငိမ္ေသာအေငြ႕အသက္ႏွင့္ ထင္႐ွားေသာ႐ုပ္ရည္႐ွိေသာထိုလူက ရယ္ေမာရင္းလမ္းေလွ်ာက္လာပုံမွာ ေႏြဦးေလေျပညႇင္းတစ္ခ်က္ပမာ ။ ႐ိုး႐ွင္းေသာ အျဖဴေရာင္႐ွပ္ႏွင့္ စတိုင္pantအနက္ေရာင္ကိုတြဲဖက္ဝတ္ထားၿပီး အေပၚမွ ကာကီေရာင္ေလကာအေႏြးထည္ကိုထပ္ဝတ္ထားေသာ္လည္း ၊ ေခ်ာေမာလွေသာ ေယာက်္ားပ်ိဳ၊ မိန္းမပ်ိဳမ်ားႏွင့္ျပည့္ႏွက္ေနေသာ အကယ္ဒမီတြင္ ထင္ေပၚေနဆဲပင္ ။ .… ဒါက နာမည္ႀကီး စီနီယာ က်ီခ်န္း မို႔လား။

သူက ဘြဲ႕မရေသးခင္ကပင္ နံမည္ႀကီးေနၿပီ ။ ေခ်ာေမာၿပီးသ႐ုပ္ေဆာင္ေကာင္းကာ ေတာက္ပေသာအနာဂါတ္႐ွိသည္  ။ သူဟာ လူအမ်ားစုရဲ႕စိတ္ကူးယဥ္ၾကသည့္ ပုံစံမ်ိဳးပင္ ။ အထူးသျဖင့္ ထိုfan girl ေကာင္မေလးေတြက စၿပီးေအာ္ဟစ္ၾကသည္ ။ တကယ္ေတာ့ ဒီနတ္ဘုရားက ေက်ာင္းမွာေပၚလာတာ႐ွားသည္ ။

လင္းက်စ္ရန္က သူ႕အၾကည့္ကို ႐ုတ္သိမ္းရန္ျပင္လိုက္စဥ္မွာ က်ီခ်န္းက ေခါင္းလွည့္ၿပီးသူ႕ကိုၾကည့္လာသည္ ။ သူ၏ မ်က္ဝန္းမ်ားက နက္႐ိႈင္းလြန္းလို႔ လင္းက်စ္ရန္ ႐ုန္းမထြက္ႏိုင္ပင္ျဖစ္ေန၏...လင္းက်စ္ရန္ဟာ ဆက္မၾကည့္ဝံ့ေတာ့ဘဲ ခပ္ထားသည့္ ဟင္းမ်ားကိုသာ ဆက္စားေနလိုက္သည္ ။

ထားပါ..သူက အရမ္းၾကည့္ေကာင္းေန႐ုံပဲ ။ သူႏွင့္ဘာမွ်မဆိုင္ ။ က်ီခ်န္းႏွင့္သူက နတ္ဘုရားႏွင့္ငရဲသားလိုမ်ိဳးကြာျခားသည္ ။ ေခ်ာက္ကမ္းပါးအစြန္းတြင္ တင္ေနသည့္ လင္းက်စ္ရန္လိုလူအမ်ိဳးအတြက္ကိုယ့္ကိုယ္ကို အလြန္သတိထားရမည္ပင္ ။ အခုႏွစ္ရဲ႕ ရည္မွန္းခ်က္က ခရက္ဒစ္အမွတ္ေတြပဲ..ခရက္ဒစ္!

လင္းက်စ္ရန္သည္ ဂိမ္းအေၾကာင္းကိုျပန္ေတြးလိုက္သည္ ။ သူ စားေသာက္ၿပီးေသာ္ က်ီခ်န္း မ႐ွိေတာ့ ။ သူက ကန္တင္းမွထြက္လာၿပီး စူပါမားကတ္သို႔သြားကာ စည္သြပ္ဘူးမ်ား၊ ေခါက္ဆြဲေျခာက္မ်ား၊ အသင့္စား အစားအေသာက္မ်ားႏွင့္ အဆာေျပမုန္႔မ်ိဳးစုံတို႔ကိုဝယ္ကာ အေဆာင္သို႔ျပန္လာခဲ့သည္ ။ လင္းက်စ္ရန္သည္ စားေသာက္စရာမ်ားကို ေရခဲေသတၱာထဲသို႔ထည့္လိုက္ၿပီး ဂိမ္းဦးထုပ္ကိုေဆာင္းကာ systemကိုေခၚလိုက္သည္ ။ ဒါဂိမ္းတစ္ခုပဲ မလား ။ ငါ A  မရႏိုင္ဘူးလို႔ မယုံဘူး။

[လင္းက်စ္ရန္: ငါျပန္လာၿပီ.. စလိုက္ၾကရေအာင္!  ]

[System- ေကာင္းၿပီ။  ]

[တင္! ကမ႓ာသစ္ကို ​ျပင္ဆင္ေနပါသည္-]

[တင္! ကမ႓ာသစ္ စတင္ေနသည္-]

ဒီကမ႓ာကို ' ခ်ီရန္ မေသမ်ိဳးေလာက ' ဟုေခၚသည္ ။ ခ်ီရန္ မေသမ်ိဳးေလာကတြင္ ေနထိုင္သူမ်ားကို ႏွစ္မ်ိဳးခြဲထားသည္__ တစ္မ်ိဳးမွာ ေသမ်ိဳးနယ္ပယ္မွ က်င့္ၾကံ၍ အဆင့္တက္လာၾကသူမ်ားျဖစ္ၿပီး၊ က်န္တစ္မ်ိဳးမွာ ခ်ီရန္မေသမ်ိဳးေလာက၏ဇာတိခံမ်ိဳးႏြယ္မ်ားပင္ ။

သို႔ေသာ္ ခ်ီရန္မေသမ်ိဳးေလာက႐ွိလူမ်ားက အဆင့္တက္လာေသာ မေသမ်ိဳးက်င့္ၾကံသူမ်ားထက္အားေကာင္းသည္လို႔ေတာ့မဆိုလို ။ ဆန္႔က်င္ဘက္အားျဖင့္ ခ်ီရန္မေသမ်ိဳးေလာက၏ ခ်ီသည္ ေသမ်ိဳးေလာကထက္အဆေပါင္းမ်ာစြာပိုၿပီးႂကြယ္ဝၿပီး ေဒသခံသက္႐ွိမ်ားသည္လည္း စင္​ၾကယ္ေသာဝိညာဥ္အရင္းအျမစ္ျဖင့္ေမြးဖြားလာကာ အဆင့္တက္ရန္ပို၍လြယ္ကူသည္ ။ သို႔ေသာ္ ကနဦးအဆင့္က ေသမ်ိဳးမ်ားထက္ ပို၍ အဆင့္ျမင့္သည့္တိုင္ သန္မာလာရန္က်င့္ၾကံဖို႔လိုေသးသည္ ။

တစ္ဖက္ကၾကည့္လွ်င္ ခ်ီရန္မေသမ်ိဳးေလာက႐ွိ သက္႐ွိအေရအတြက္မွာ နည္းပါးၿပီး သူတို႔၏​ေနထိုင္မႈပုံစံမွာ ေယဘူယ်အားျဖင့္ ေအးခ်မ္းသည္ ။ ပါရမီႏွင့္ ဇြဲလုံ႔လက ေသမ်ိဳးမ်ားထက္ နိမ့္က်သည္ ။ ထို႔ေၾကာင့္ေအာင္ျမင္ေသာ က်င့္ၾကံသူအမ်ားအျပားမ႐ွိ ။ သို႔ေသာ္ ေသမ်ိဳးနယ္ပယ္မွ တရားက်င့္ၿပီးေအာင္ျမင္စြာအဆင့္တက္လာၾကသူမ်ားမွာ ပင္ကိုပါရမီရင့္သန္ၿပီး ဇြဲလုံ႔လေကာင္းကာ စြမ္းအားႀကီးသူမ်ားပင္ ။ ထို႔ေၾကာင့္ ယခုခ်ီရန္မေသမ်ိဳးေလာက႐ွိ သက္႐ွိသန္းေပါင္း ဆယ္ဂဏန္းမွ၊ သန္မာေသာသူမ်ားထဲတြင္ ေဒသခံမ်ိဳးႏြယ္မ်ားႏွင့္ ေသမ်ိဳးနယ္ပယ္မွအဆင့္တက္လာသူအေရအတြက္မွာတူညီလုနီးပါးျဖစ္သည္ ။ ခ်ီရန္မေသမ်ိဳးေလာက႐ွိ အျခားေသာသတၱဝါအမ်ားစုမွာ ေသမ်ိဳးမ်ားႏွင့္တူညီၾကသည္ ။

ဒီကမ႓ာကို ဘာလို႔ ခ်ီရန္မေသမ်ိဳးေလာကဟု ေခၚဆိုရသလဲဆိုလွ်င္ သမိုင္းေနာက္ခံမ်ား႐ွိသည္ ။ ဒ႑ာရီအရ ။ လြန္ခဲ့ေသာႏွစ္ေထာင္ေပါင္းမ်ားစြာက ခ်ီရန္မေသမ်ိဳးေလာကမ႐ွိခဲ့ေပ ။ ထိုအခ်ိန္တြင္ ေလာကသုံးပါးမွာ ပရမ္းပတာျဖစ္ေနၿပီး၊ နတ္ဘုရားမ်ား၊ နတ္ဆိုးမ်ားႏွင့္ လူသားမ်ားဟာတစ္ေနရာတည္းတြင္ စုစည္းေနထိုင္ၾကၿပီးအဆုံးမ႐ွိေသာ တိုက္ပြဲမ်ားကိုဆင္ႏႊဲၾကရသည္...သို႔ေသာ္ ၎က အနႏၲတန္ခိုး႐ွင္တစ္ေယာက္မေမြးဖြားခင္အထိပင္ ။ ထိုသူဟာေကာင္ကင္ႏွင့္ကမ႓ာေျမအားျဖတ္ေက်ာ္ႏိုင္သည့္အစြမ္းသတၱိကိုပိုင္ဆိုင္ၿပီး ေသမ်ိဴးနယ္ပယ္၊ မေကာင္းဆိုးဝါးနယ္ပယ္ႏွင့္ မေသမ်ိဳးနယ္ပယ္သုံးရပ္အား ပိုင္းျခားပစ္ရန္သူ၏ အျမင့္မားဆုံးေသာက်င့္စဥ္ကိုအသုံးျပဳခဲ့သည္ ။ ထိုအခ်ိန္မွစ၍ မေသမ်ိဳး၊ ေသမ်ိဳး ႏွင့္ မေကာင္းဆိုးဝါးဟူေသာ ေလာကသုံးပါး ျဖစ္တည္လာေလသည္ ။ ဘုံသုံးပါးကြဲၿပီးေနာက္ ထိုအနႏၲတန္ခိုး႐ွင္ဟာ မေသမ်ိဳးနယ္ပယ္၌ေနထိုင္ၿပီး ' ခ်ီရန္မေသမ်ိဳးေလာက ' ဟုအမည္ေပးခဲ့သည္တည့္ ။

လင္းက်စ္ရန္သည္ စိတ္မထိန္းႏိုင္ဘဲ လွ်ာကိုက္မိသြားသည္ ။ ဒီလို နယ္ေျမသုံးရပ္ကို ကိုယ္ပိုင္အရည္အခ်င္းႏွင့္ ပိုင္းျခားႏိုင္ေသာစြမ္းရည္႐ွိလွ်င္ ဖန္ကု ေတာင္ သူ႕ကို အစ္ကိုႀကီးလို႔ေခၚရမည္ ။

အစြမ္းထက္လြန္းလို႔ ဘယ္သူမွယွဥ္ႏိုင္မွာေတာင္မဟုတ္ဘူး ။ ေဟး ဆက္ရေအာင္… ။

ဒီ တန္ခိုး႐ွင္က နယ္ေျမသုံးပါးကို ပိုင္းျခားၿပီးေသာ္ ဘုံသုံးရပ္႐ွိျငင္းခုန္မႈမ်ားလည္းရပ္တန္႔သြားကာ လူတိုင္းကသူ႕ကို " ဖန္ဆင္း႐ွင္ နတ္ဘုရား " လို႔ ေခၚေဝၚသမုတ္ၿပီး ဂုဏ္ျပဳၾကသည္ ။ သူဟာ ခ်ီရန္မေသမ်ိဳးေလာကကို မေကာင္းဆိုးဝါးနယ္ေျမ၏ က်ဴးေက်ာ္ျခင္းမွကာကြယ္ရန္ မေကာင္းဆိုးဝါးေလာကကို ခ်ိတ္ပိတ္ကာ မေသမ်ိဳးေလာကတြင္ ေကာင္းကင္မ႑ိဳင္ ကိုးဆယ့္ကိုးတိုင္ကို ကိုယ္တိုင္ကိုယ္က်တည္ေဆာက္ခဲ့ၿပီး လုံျခဳံေစခဲ့သည္ ။ ဒီဖန္ဆင္း႐ွင္နတ္ဘုရား ႐ႊမ္းရန္ မွာ ဒီကမ႓ာ၏ အဓိကဇာတ္လိုက္ပင္ျဖစ္သည္ ။

ဇာတ္လိုက္ gong ကိုေျပာလွ်င္ ဇာတ္လိုက္shou ကိုလည္းခ်န္ထားခဲ့လို႔မရေပ ။ gong ႏွင့္ shouၾကားကဆက္ဆံေရးႏွင့္ပတ္သတ္ၿပီး ဇာတ္လမ္းတြင္ ဘယ္သူမွမသိႏိုင္ေသာ လွ်ိဳ႕ဝွက္ခ်က္တစ္ခုပါဝင္၏ ။

နတ္ဘုရား႐ႊမ္းရန္ဟာ နယ္ေျမသုံးရပ္ကို ကန္႔သတ္ၿပီး မေကာင္းဆိုးဝါးေလာကကို ခ်ိတ္ပိတ္ရန္ႀကိဳးစားေသာအခါ၊ မေကာင္းဆိုးဝါးေလာက၏ သဘာဝအေလ်ာက္ ​ခုခံတိုက္ခိုက္ျခင္းခံရေလသည္ ။ ႐ႊမ္းရန္ႏွင့္ မေကာင္းဆိုးဝါးဘုရင္ ယဲ့လွ်ိဳရင္တို႔ တိုက္ပြဲသည္ ေတာင္တန္းမ်ားကိုၿပိဳေစၿပီး ျမစ္မ်ားကိုကြဲေစသည္အထိ ျပင္းထန္ကာ ေလာကသုံးပါးလုံးကို ဖိတ္ဖိတ္တုန္ေစခဲ့သည္ ။ ႐ႊမ္းရန္ဟာ ယဲ့လွ်ိဳရင္ ကိုအႏိုင္ယူၿပီး မေကာင္းဆိုးဝါးေလာကကိုခ်ိတ္ပိတ္ႏိုင္ခဲ့သည္ သို႔ေသာ္... ။ သူ၏ အရင္းအျမစ္သည္ ယဲ့လွ်ိဳရင္၏တိုက္ခိုက္ျခင္းခံရၿပီး ဝိညာဥ္ဟာကြဲထြက္ကာ ကမ႓ာအႏွံ႔သို႔ျပန္က်ဲသြားခဲ့ေလသည္ ။

ထိအခ်ိန္မွစ၍ ႏွစ္ေပါင္းရာခ်ီကုန္လြန္ခဲ့ၿပီးေသာ္ ထိုဝိညာဥ္အပိုင္းအစမ်ားသည္ ခ်ီရန္မေသမ်ိဳးေလာကတြင္ လူဝင္စားခဲ့ၿပီး ဆယ္ေက်ာ္သက္တစ္ေယာက္ျဖစ္လာခဲ့သည္ ။ လူငယ္ မူယန္သည္ ဒီဇာတ္လမ္း၏ ဇာတ္လိုက္ပင္ ။

ခ်ီရန္မေသမ်ိဳးေလာကတြင္ကား ၿမိဳ႕ေပါင္းကိုယ့္ဆယ့္ကိုးၿမိဳ႕ႏွင့္ စင္ၾကယ္ေသာနန္းေတာ္တစ္ခု႐ွိသည္ ။ ကိုးဆယ့္ကိုးၿမိဳ႕ေသာၿမိဳ႕မ်ားကို ေကာင္းကင္မ႑ိဳင္ ကိုးဆယ္ကိုးတိုင္ေဘးတြင္တည္ေဆာက္ထားၿပီး စင္ၾကယ္ေသာနန္းေတာ္ကမူ ႐ႊမ္းရန္တည္ေထာင္ထားေသာ ဂိုဏ္းတစ္ခုပင္ ။ ႐ႊမ္းရန္ဟာ ဒ႑ာရီတစ္ခုျဖစ္လာေသာ္ျငား စင္ၾကယ္ေသာနန္းေတာ္ရာမွာ တာအိုလမ္းစဥ္က်င့္ၾကံသူမ်ားအဖို႔အမြန္ျမတ္အခမ္းနားဆုံးေနရာတစ္ခုျဖစ္၏ ။ ခ်ီရန္မေသမ်ိဴးေလာက႐ွိမည့္သည့္ သက္႐ွိ၊ မည္သည့္က်င့္ၾကံသူမဆို စင္ၾကယ္ေသာနန္းေတာ္ရာအား အေလးအျမတ္ထားၾကသည္ ။

မူယန္သည္ စုန္႔က်ိဳး​ၿမိဳ႕သခင္၏သားတစ္ေယာက္ျဖစ္သည္ ။ ထူးခြၽန္ထက္ျမတ္လြန္ၿပီး မိသားစုက သူ႕အေပၚတြင္ရည္မွန္းခ်က္ႀကီးခဲ့သည္ ။ ေနာက္ပိုင္းတြင္ သူဟာစင္ၾကယ္ေသာနန္းေတာ္ရာသို႔ဝင္ေရာက္ႏိုင္ခဲ့ၿပီး အလြန္ ႀကိဳးစားေလ့က်င့္ေသာေၾကာင့္ ေလာကီေရးရာမ်ားၾကားမွ ၾကာျမင့္စြာႏႈတ္ထြက္ခဲ့ေသာ ႐ႊမ္းရန္၏တစ္ဦးတည္းေသာတပည့္ျဖစ္လာခဲ့သည္ ။

အခုအခ်ိန္ထိ ေအာင္ျမင္မည့္ ပါရမီ႐ွင္ေလးတစ္ေယာက္၏ ဇာတ္လမ္းေကာင္းတစ္ခုျဖစ္ေနေသးသည္ ။ သို႔ေသာ္ မူယန္က သူ႕ဆရာကိုခ်စ္မိသြားေလသည္ ။

ဆရာတပည့္ ဆက္ဆံေရးတြင္ မူယန္သည္ မၾကာခဏဆိုသလို သူ၏ စြမ္းအားႀကီးလွေသာဆရာအေပၚ သေဘာက်မႈကိုျပသခဲ့သည္ ။ သို႔ေသာ္ ႐ႊမ္းရန္က မူယန္အားတပည့္တစ္ေယာက္လိုမ်ိဳးသာခ်စ္ခင္၏ ။ သူ မူယန္ကို တပည့္အျဖစ္လက္ခံရျခင္းမွာ မူယန္ကသာ သူ႕ေနရာကိုဆက္ခံႏိုင္ေသာေၾကာင့္ ။ ခ်စ္ခ်င္းေမတၱာႏွင့္ တြယ္ၿငိ ျခင္းတို႔မ႐ွိေတာ့ေသာ ႐ႊမ္းရန္ဟာ မူယန္႔အေပၚေသြးေအးေနခဲ့ၿပီး ေနာက္ပိုင္း မူယန္႔၏ ခံစားခ်က္မ်ားကိုသိေသာ္ ေ႐ွာင္ဖယ္ေနခဲ့သည္ ။ သို႔ေသာ္ မူယန္ကေတာ့ ပိုးဖလံမ်ိဳးမီးကိုတိုး သကဲ့သို႔ အ႐ႈံးမေပးခဲ့ေပ ။ ထိုမွစ၍ ဆရာတပည့္ၾကားမွ အခ်စ္ခရီးမွ စတင္စေတာ့သည္ ။

[လင္းက်စ္ရန္: ဝိုး... ဒါက ရာဇဝင္တြင္မယ့္ တစ္ဖက္သက္အခ်စ္ပဲ  ]

[System:……]

~~~~~~

Continue Reading

You'll Also Like

741K 29.7K 50
ဒုတိယအကြိမ် ပြန်တင်ခြင်း....
243K 20.7K 54
What's going on with savage male empress Ru Ru from heaven ? MAHARVERSE SEASON 2|| START DATE - June 26 2023 END DATE - May 9 2024
649K 87.8K 159
Unicode + Zawgyi ကိုယ်တိုင်ဖတ်ချင်မိတဲ့အတွက် ဘာသာပြန်ခြင်း ဖြစ်ပါတယ် ပျော်စရာကောင်းသော နေ့ရက်လေးများ ပိုင်ဆိုင်ကြပါစေ
1.8M 186K 69
BL ဝတ္ထုရေးတဲ့ စာရေးဆရာတစ်ယောက်က သူဘယ်လောက်ဘဲ ကြိုးစားရေးနေပါစေ စာဖတ်သူတွေက အကြိုက်မတွေ့ဘူး။ယုတ္တိမရှိဘူးဆိုပြီး ဆိုးဝါးတဲ့ မှတ်ချက်တွေပေးတယ်။ တစ်နေ့...