ဝင်္ကပါထဲက သရဲစံအိမ် [Complet...

By cuttiehsumindooly

122K 18.9K 14.6K

မကြောက်တတ်သူများ ဖတ်ပါ 😌😌 ငိုချင်သူများ နှင့်​ မရယ်​ချင်​သူများမဖတ်​ရ🙊🙊 ✌Kim Namjoon ✌Kim Seok Jin ... More

ဝင်္ကပါ (နိဒါန်း)
ဝင်္ကပါ (မှတ်တမ်း - ၁)
ဝင်္ကပါ ( မှတ်တမ်း - ၂)
ဝင်္ကပါ ( မှတ်တမ်း - ၃ )
ဝင်္ကပါ (မှတ်တမ်း - ၄)
ဝင်္ကပါ (မှတ်တမ်း - ၅)
ဝင်္ကပါ (မှတ်တမ်း - ၆)
ဝင်္ကပါ (မှတ်တမ်း - ၇)
ဝင်္ကပါ (မှတ်တမ်း - ၈)
ဝင်္ကပါ ( မှတ်တမ်း - ၉)
ဝင်္ကပါ (မှတ်တမ်း - ၁၀)
ဝင်္ကပါ (မှတ်တမ်း - ၁၁)
ဝင်္ကပါ (မှတ်တမ်း - ၁၂)
ဝင်္ကပါ (မှတ်တမ်း - ၁၃)
ဝင်္ကပါ (မှတ်တမ်း - ၁၄)
ဝင်္ကပါ (မှတ်တမ်း - ၁၅)
ဝင်္ကပါ (မှတ်တမ်း - ၁၆)
ဝင်္ကပါ (မှတ်တမ်း - ၁၈)
ဝင်္ကပါ (မှတ်တမ်း - ၁၉)
ဝင်္ကပါ (မှတ်တမ်း - ၂၀)
ဝင်္ကပါ ( နိဂုံး - အစ)
ဝင်္ကပါ (နိဂုံး - အဆုံး)
Surprise ? Season 3 ?
👻Horror Fics👻
Instock 📣
Give Away 📣 [Closed]
Winner Announcement 🎉

ဝင်္ကပါ (မှတ်တမ်း - ၁၇)

3.3K 563 199
By cuttiehsumindooly


Unicode 📌

အိမ်မက်ထဲကအတိုင်း လျို့ဝှက်မြေအောက်ခန်းဖွင့်နိုင်မည့် ခလုပ်ရှိရာသို့ ညွှန်ပြရန်
ဟိုဆော့က သူ့ပုံစံလေးအတိုင်းပဲ သွက်လက်စွာနဲ့
ထမင်းစားပွဲရှိရာသို့ သွားပြီး စားပွဲရဲ့ အောက်ဘက်ခြမ်းက ခလုပ် ရှိမဲ့နေရာအား မှန်းဆရင်း
"ဒီနေရာမှာ ရှာတွေ့တာ" ဟု ပြောလိုက်လေတယ်။

ပြီးနောက် ပြုံးလျက်ဖြင့်
ထိုနေရာအား ငုံ့ကြည့်လိုက်လေတော့တယ်။

သို့သော်

ချက်ချင်း ပြောင်းလဲသွားသော သူ့မျက်နှာသွင်ပြင် ။
အံ့သြမှုများစွာနဲ့ ။

•~•~•~•

မျှော်လင့်ထားသလိုမဖြစ်လာဘဲ
မမျှော်လင့်တဲ့အရာတွေလဲ ကြုံနိုင်တာပဲ

ပြောင်းလဲခြင်းတွေကြားမှာ
ပြောင်းလဲမှုအတိုင်း
လိုက်လျောညီထွေနေနိုင်ဖို့
လိုအပ်သော်လည်း

အော် အဆုံးထိတိုင် လွဲချော်နေဆဲ
လမ်းပျောက်နေမြဲ  ။

®®®® ဝင်္ကပါထဲက သရဲစံအိမ် ®®®®

ဟိုဆော့ စားပွဲအောက်သို့ ငုံ့ကြည့်လိုက်ချိန်မှာတော့ ဘာခလုပ်မှ ရှိမနေခြင်းက သူ့အား အကြီးအကျယ် စိတ်ပျက်သွားစေဖို့ တွန်းပို့နေခဲ့သည်။

ချက်ချင်းပြောင်းလဲသွားတဲ့ မျက်နှာသွင်ပြင်အနေအထားနဲ့အတူ စားပွဲအောက်ဒေါင့်ပတ်ချာလည် နေရာအနှံ့အား သူအသည်းအသန် လိုက်ရှာကြည့်ပါသော်လည်း ဘာမှရှိမနေခဲ့ ။

အိမ်မက်အရ ဆိုလျှင် ထမင်းစားခန်းထဲမှာ တာဝန်ကျခဲ့တဲ့ ဆော့ဂျင်က အမှတ်မထင် စားပွဲနှင့်တိုက်မိပြီး လက်က စားပွဲအောက်ဒေါင့်အတွင်းဘက်ရှိ
ခလုပ်ကို မတော်တဆ ဖိနှိပ်လိုက်မိရာမှ ထိုလျို့ဝှက်အခန်းတံခါးပွင့်သွားခဲ့ခြင်း ဆိုတာကို ဟိုဆော့ သေချာပေါက် မှတ်မိနေလေတယ်။

အခုတော့ အဘယ့်ကြောင့် ဒီနေရာဝယ် ခလုပ်နဲ့တူသော အရာဟူ၍ ဘာတစ်ခုမှ ရှိမနေခဲ့ရသလဲ ။

ဒီအခန်းထဲမှာသာ လျို့ဝှက်အခန်းမရှိနေခဲ့ဘူးဆိုလျှင် ဘယ်မှာများရှိနေမှာလဲ ။

လျို့ဝှက်မြေအောက်ခန်းက တကယ်ပဲ ရှိရော ရှိနေပါရဲ့လား။

အဘယ့်ကြောင့် အိမ်မက်နဲ့ လက်တွေ့ မတူရပါသလဲ။

လျို့ဝှက်အခန်း စောစောရှာတွေ့ပြီး အိမ်မြန်မြန် ပြန်နိုင်လိမ့်မယ်လို့ မျှော်လင့်ထားတာ အခုတော့ စိတ်ကူးတွေဟာ ကြက်ပျောက်ငှက်ပျောက် ပျောက်ဆုံးသွားပြီတဲ့လား ။

အတွေးအမျိုးမျိုး ကွန့်ရင်းမှ ရေရေရာရာ အဖြေမရှိလေတော့ ဟိုဆော့တစ်ယောက် မူလ ပျော်ရွှင်နေခဲ့တဲ့ မျက်နှာမှသည် စိတ်ပျက်လက်မှိုင်ချတဲ့ အသွင်သို့ အလိုအလျောက် ကူးပြောင်းသွားလေတော့တယ်။

သူ့နည်းတူ နမ်ဂျွန်းရော ဆော့ဂျင်ပါ လက်မှိုင်ချမိသွားကြတယ်။

ဒါပေမဲ့ အကောင်းမြင်စိတ်များတဲ့ ပန်းရောင်မာရီယိုကမ္ဘာ တည်ဆောက်ချင်သော University Wide Handsome ဆော့ဂျင်က

"အိမ်မက်ထဲမှာတုန်းက ဒီအခန်းထဲကနေ လျို့ဝှက်မြေအောက်ခန်းကို ရှာတွေ့ခဲ့တာမလား ...
ဒီစားပွဲအောက်မှာ ခလုပ်ရှိမနေပဲ ကျန်တဲ့ တစ်နေရာရာမှာ ရှိနေတာလဲ ဖြစ်နိုင်တာပဲ ...
ဆော့ကီ နဲ့ ဂျွန်းရယ်... လာပါ ... ငါတို့အတူတူ ဆက်ရှာကြည့်ကြတာပေါ့"

ဟု အားတက်ဖွယ်စကားကို ဆိုလိုက်တော့မှ ကျန်သူငယ်ချင်း နှစ်ယောက်လဲ လက်မှိုင်ကျနေသော မျက်နှာလေးအား အချိုးပြင်လိုက်ကာ မျက်နှာထက်ဝယ်အပြုံးလေးတွေ ပြန်ပြီး ဆင်မြန်းရင်း
အားပြန်ရှိသွားတော့တယ်။

နောက်တော့လဲ

ဤ ထမင်းစားခန်းအနှံ့ ရိုက်ကူးရေး လုပ်ပေးရမဲ့အတူတူ တခါထဲ ရိုက်လဲရိုက်ရင်း ထူးဆန်းတဲ့နေရာမှန်သမျှကိုလဲ သေချာကြည့်ပြီး လျို့ဝှက်အခန်းတံခါးဖွင့်နိုင်ဖို့ကို ဦးစားပေး ရှာဖွေကြည့်ကြဖို့ သုံးယောက်သား တိုင်ပင်ဖြစ်ခဲ့ကြတော့တယ်။

ဒီတခါ ရိုက်ကူးရေး အလှည့်ကျသူက ဆော့ဂျင်မို့ ကင်မရာအား Selfie Stick ထဲ ထည့်ကိုင်၍ သူ့မျက်နှာဘက်သို့ လှည့်ကာချိန်ထားပြီး ဖြစ်တယ်။

ကင်မရာထဲဝယ် ပေါ်နေတဲ့ နွမ်းလျလျမျက်နှာလေးအား ကြည့်ကာ ဆော့ဂျင် စိတ်မကောင်း ။

အမြဲပြုံးပျော်ရင်း ချောမောခန့်ညားနေတဲ့ မိမိမျက်နှာလေးက ညတွင်းချင်းပင် နွမ်းလျ၍ စိတ်မရွှင်တဲ့ သဏ္ဍာန်ပေါက်နေခဲ့ပြီမလား ။

သို့ပေမဲ့ ဘယ်လိုအခြေအနေပဲရောက်ရောက် University Wide Handsome ပီပီ ချောမြဲချောဆဲ ဖြစ်နေလို့တော့ တော်သေးတယ် ဟု ဆော့ဂျင် ကောက်ချက်ချလိုက်သည်။

တချို့မသမာသူ လူတစ်စုကတော့ မိမိအား Confident Level High ချက်ပဲဟုဆိုကာ
အတင်းတုပ်နိုင်ကြသော်လည်း Confident Level High နိုင်တဲ့ ရုပ်ရည်သွင်ပြင် ရှိလို့လဲ High တာဆိုတာကို ထိုသူတွေအား သိစေချင်မိ၏ ။

အတွေးတွေကို ရုတ်သိမ်းရင်း ဆော့ဂျင် ကင်မရာကိုပဲ တည့်တည့်ကြည့်ပြီး နှုတ်ခမ်းထူထူလှလှလေးအား ခပ်ဖွဖွလေး ဆူကာ Fly kiss လေး ပေးလိုက်မိတယ်။

ကင်မရာထဲက မိမိ ပုံရိပ်လေးက ချစ်စဖွယ်ကောင်းနေလွန်းတော့လဲ မိမိကိုယ်မိမိ Kiss လေး ပြန်ပေးခြင်းသာ ။ Love Myself တာ အကောင်းဆုံးပဲ
မလား။

ဆော့ဂျင် ရိုက်ကူးရေး မစခင် ကင်မရာအား ထိုသို့အစမ်းရိုက်ကြည့်နေစဉ်မှာ နမ်ဂျွန်းနဲ့ ဟိုဆော့ကတော့ အခန်းတွင်း ဟိုနေရာ ခလုပ်တွေ့နိုးနိုး ၊
ဒီနေရာမှာ ခလုပ်ရှိနိုးနိုးနဲ့ ရှာကြည့်လျက်ရှိလေတယ်။ ဒါ့ကြောင့်လဲ ဆော့ဂျင်တစ်ယောက် ဘာတွေလုပ်နေလဲဆိုတာ သူတို့ သတိမထားမိခဲ့ခြင်းပင်။

နောက်ဆုံးတော့ ဆော့ဂျင်လဲ အစမ်းရိုက်ကူးပြီးပြီမို့ အတည်စတင်ရိုက်ကူးလေတော့တယ်။

ထမင်းစားပွဲ နား ရပ်လျက် ၊ မီးဖိုဘေး မှီလျက် ၊
ဘေစင်နား ဟန်ပြလျက် ၊ မီးဖိုခန်းအတွင်း ပတ်လျက် စသည်ဖြင့် အခန်းတွင်းအနှံ့ ကင်မရာတစ်လုံးနဲ့ စကားတတွတ်တွတ်ပြောရင်း ဆော့ဂျင် ရိုက်ကူးရေးကို အကောင်းဆုံးလုပ်ခဲ့၏ ။

ဆော့ဂျင်ရိုက်ကူးမှု Video ထဲတွင် သူ့အနောက်ကနေ နမ်ဂျွန်းက သူ့ပုခုံးအား လာဖက်လျက် နှစ်ယောက်သား စကားတပြောပြောနဲ့ အခန်းတွင်း ပတ်ပြီး ရိုက်ပြတာလဲ ပါသလို ဟိုဆော့နဲ့ နမ်ဂျွန်း အတူတူ လျို့ဝှက်ခလုပ်ရှာဖွေနေပုံတွေလဲ ကင်မရာရိုက်ကွင်းအတွင်း ပါဝင်ခဲ့တယ်။

ထို့အတူ ဟိုဆော့ ခါးအား ဆော့ဂျင် လှမ်းဖက်ပြီး အနားတိုးကပ်ကာ မျက်နှာညိုးငယ်နေတဲ့ ဟိုဆော့အား ဘာမှစိတ်ဓာတ်မကျဖို့ အားပေးတဲ့ Video Clip လေးတောင် ပါခဲ့သေး၏ ။

ဤသို့ဤပုံဖြင့် ထမင်းစားခန်းအတွင်း ရိုက်ကူးမှုလဲ နေရာအနှံ့ရှိသွားခဲ့လေပြီ ။ သို့သော် လျို့ဝှက်မြေအောက်ခန်း ဖွင့်နိုင်မည့် ခလုပ်ကတော့ ဘယ်ဆီဘယ်ဝယ်မသိ ။ မည်သို့မျှ အစရှာ၍ မရပေ။

အဘယ်သို့ ဆက်လုပ်ရမလဲဆိုတာ မသိတော့အောင်။

ဆော့ဂျင်ကတော့ ကင်မရာအား Stop ပြီး ရိုက်ကူးရေးကိုပဲ လက်စသတ်ရန် ကြံရွယ်လိုက်မိတော့တယ်။

ဒါ့ကြောင့်လဲ Selfie ပုံစံမျိုး သူ့ဘက်လှည့်ထားတဲ့ ကင်မရာထဲမှာပေါ်နေတဲ့ သူ့မျက်နှာလေးအား သေချာကြည့်ပြီးနောက် ပိတ်ရန် ဟန်ပြင်လိုက်တယ်။

ထိုအချိန်မှာပဲ ကင်မရာထဲဝယ် သူ အမှတ်တမဲ့ မြင်လိုက်မိတာက သူ့အနောက်တည့်တည့်က တံခါးဝမှာ ရပ်နေတဲ့ အမျိုးသားတစ်ယောက်ကို ။

သူ့အနောက်ခပ်လှမ်းလှမ်းမှာ လူရှိနေတယ်ဆိုတဲ့ ခံစားချက်နဲ့ ရုတ်တရက် လန့်ဖြန့်သွားမိတယ်။ အော်ဟစ်ရလောက်သည်အထိတော့လဲ သူ မကြောက်။

ထိုသူက ထမင်းစားခန်းဝင်ပေါက် တံခါးနားမှာ ရပ်နေတာဖြစ်ပြီး ဝင်ပေါက်ကို နောက်ကျောပေးပြီး Selfie ရိုက်နေတဲ့ ဆော့ဂျင်ရဲ့ ကင်မရာထဲမှာ ထိုသူ့ရုပ်ပုံက ပေါ်လာခြင်းဖြစ်တယ်။

သူ့မျက်နှာသွင်ပြင်က တည်တံ့လွန်းပြီး ခံစားချက်အမူအရာမရှိ ၊ ​ကျောက်ရုပ်သဖွယ်ပုံစံမျိုးနဲ့ အနောက်ကနေ ဆော့ဂျင်ကို စိုက်ကြည့်နေခြင်းသာ ။

ထို့ထက်ထူးခြားတာက ထိုအမျိုးသားရဲ့ အဝတ်အစားက အဖြူရောင် ကိုရီးယားရိုးရာဝတ်စုံကို ဝတ်ဆင်ထားခြင်းဖြစ်ပြီး ပေတိပေကျံနဲ့ ဟောင်းနွမ်းနေတဲ့ဟန်ရှိကာ သူ့ပုံစံကလဲ နွမ်းလျနေတယ်။

ထိုသူက ဘယ်ကနေ ဘယ်လိုလုပ် ရောက်လာတာလဲ။

ဆော့ဂျင် ကင်မရာထဲဝယ် မြင်နေရတဲ့ ထိုသူ့ပုံစံအား ခေါင်းစ ခြေဆုံး အကဲဖြတ်ကြည့်ရှုမိပြီးနောက် ထိုသူက ဘယ်ကရောက်လာတဲ့လူလဲ သိနိုင်ရန် ချက်ချင်း နောက်သို့လှည့်ကာ ဝင်ပေါက်တံခါးဆီ လှမ်းကြည့်လိုက်မိတယ်။

သို့သော်

သူ့အထင်နဲ့အမြင်လွဲသွားလေတာက
ထိုဝင်ပေါက်တံခါးဝယ် မည်သူမျှ ရှိမနေ ။

ဒါ့ထက်ပိုထူးတာက ဝင်ပေါက်တံခါးက ပိတ်ထားလျက်ဖြစ်ပြီး သူတို့အခန်းထဲဝင်လာတုန်းက
မည်သည့်အနှောက်အယှက်မှ ဝင်မလာနိုင်အောင်
ဆိုပြီး နမ်ဂျွန်း အထဲကနေ ဂလန့်ထိုးကာ ပိတ်ထားခဲ့တယ်ဆိုတာကိုပါ ဆော့ဂျင် အခုမှ ပြန်သတိရမိသွားတယ်။

သို့ပေမဲ့ သူ့ကင်မရာ ပုံရိပ်ထဲမှာက ထိုအခန်းတံခါးကြီးက ပွင့်နေပြီး ထိုလူကြီးက တံခါးကိုမှီလျက် ရပ်နေလေတာ မလား ။

သေချာပေါက် တခုခုတော့ လွဲနေလေပြီ ။

ဆော့ဂျင် ကင်မရာထဲကို ပြန်ကြည့်လိုက်မိတယ်။

ထိုသူက ပွင့်နေတဲ့ တံခါးနားဝယ် ရှိနေဆဲဖြစ်ပြီး သူ့ကို သေချာစိုက်ကြည့်နေတုန်းပဲ ။

ဆော့ဂျင် ရင်တုန်စပြုလာတယ်။

တံခါးဝဘက် သူပြန်လှည့်ကြည့်လိုက်မိတယ်။
တကယ့်လက်တွေ့ တံခါးဟာ ပိတ်ထားလျက်သာရှိနေဆဲပဲ ။ လူတစ်ယောက်မှ မရှိ ။

ကင်မရာထဲ သူပြန်ကြည့်မိတယ်။

ထိုသူက တံခါးဝနားမှာ မဟုတ်တော့ ။ ရှေ့တိုးလာနေပြီ ဖြစ်တယ်ဆိုတာကို ဆော့ဂျင် တွေ့လိုက်ရတယ်။

ခြေဖျားလက်ဖျားတွေပါ အေးစက်သွားကာ နောက်ကျောပါမလုံတော့သလို ခံစားရတဲ့ဆော့ဂျင် အနောက်ကို ချက်ချင်း ပြန်လှည့်ကြည့်လိုက်မိပေမဲ့ အခုချိန်ထိ လက်တွေ့မှာ သူ့အနောက်ဝယ် ဘာဆို ဘာမှ ရှိမနေ ။

စိုးထိတ်နေတဲ့စိတ်နဲ့အတူ ချွေးသီးချွေးပေါက်တွေပါ ကျလာတဲ့ ဆော့ဂျင် ။

ကတုန်ကယင်နဲ့ပဲ သူ့အကြည့်တွေကို ကင်မရာဆီ ပြန်ပို့လိုက်မိချိန်မှာတော့ သွေးရောင်မရှိတဲ့ မျက်နှာဖြူစုပ်စုပ်ကြီးနဲ့ ထိုလူကြီးဟာ ဆော့ဂျင်နဲ့အနီးဆုံးမှာရောက်နေလေပြီ ဖြစ်ပြီးတော့ သူ့အနောက်
တည့်တည့် ကပ်လျက်နေရာကနေ 'ဘွားကနဲ' ပေါ်လာကာ သွေးတွေရဲနေတဲ့ ပါးစပ်ကြီးနဲ့ သွားအစွယ်ရဲရဲကြီးကိုပါ ဟပြပြီး ဆော့ဂျင်လည်ပင်းအား လှမ်းကိုက်လိုက်တဲ့ပုံမျိုးလုပ်ပြလိုက်တဲ့အခါမှာတော့ .... ။

လွန်စွာကျယ်လောင်လွန်းတဲ့ 'အား' ဟူသည့် အော်ဟစ်လိုက်သံနဲ့အတူ ဆော့ဂျင်တစ်ယောက် မျက်လုံးတွေ ပြာဝေလာကာ တဖြေးဖြေး အမှောင်ထုကသာ ဖုံးလွှမ်းသွားခဲ့လေတော့သည်။

အိမ်မက်ထဲကလို 'ရုပ်ချောရတာ မကောင်းပါလား' ဟူ၍တော့ ဒီတခါဝယ် သူ မတွေးလိုက်နိုင်တော့ပေ။

"ဆော့ဂျင် ... ဆော့ဂျင် "

ခပ်တိုးတိုးခေါ်သံတွေ

ဝေးလာလိုက် နီးလာလိုက်နဲ့ ။

"ဆော့ဂျင်နီး... ဆော့ဂျင်နီး"

ထပ်မံကြားမိတဲ့ အသံလေး။

ခေါ်သံတွေကြောင့် သူပြန်နိုးထလာမိတယ်။

ကြမ်းပြင်ပေါ်ဝယ် လဲကျနေတဲ့ သူ့ကို ထွေးပွေ့ထားရင်း စိုးရိမ်ပူပန်တဲ့ မျက်နှာလေးတွေနဲ့ သူ့အား အပေါ်ကနေ အုပ်မိုးပြီး ကြည့်နေကြတဲ့ နမ်ဂျွန်း နဲ့ ဟိုဆော့ ကို မြင်လိုက်ရချိန်မှာတော့ ဆော့ဂျင် 
ယောင်္ကျားပီပီသသ စိတ်တင်းထားတဲ့ကြားက ဝမ်းနည်းစိတ်တွေ တိုးဝှေ့လာပြီး
မျက်ရည်စလေး တပေါက် ခုန်ဆင်းသွားတယ်လို့တောင် ထင်မိတယ်။

သူ့ဖြစ်စဉ် အစအဆုံးအား ပြောပြလိုက်မိသလို
ဘေးဘီဝဲယာ မျက်လုံးကစားကာ ထိုသရဲတစ္ဆေကောင်ကြီး ရှိသေးလားဆိုတာကိုပါ လိုက်ရှာမိ၏ ။

"ဘာမှ မရှိတော့ပါဘူး မကြောက်နဲ့နော် ..ဂျင်နီး.. "
နမ်ဂျွန်းရဲ့ အားပေးစကားသံ ချိုချိုလေး။

"ငါတို့ ဒီအခန်းထဲက အမြန်ဆုံး ထွက်ပြီး အခြေအနေတွေ ပိုမဆိုးခင် အပေါ်ထပ်မှာ အားလုံး အတူတူ လူစုနေကြမယ် ... "

"လျို့ဝှက်အခန်းအကြောင်းနဲ့ ဖြစ်ပျက်သမျှအားလုံးကိုလဲ သူတို့ကို ပြောပြပြီး အားလုံးသတိထားဖို့ အသိပေးရဦးမယ်"

စိတ်ပူစွာ ဆိုလေတဲ့ ဟိုဆော့။

ဟိုဆော့ စကားကို နမ်ဂျွန်းရော ဆော့ဂျင်ပါ လက်ခံခေါင်းငြိမ့်ပြလိုက်ကြပြီးနောက် ချက်ချင်း သူတို့အခန်းထဲက အမြန်ထွက်ခဲ့လိုက်ကြတော့တယ်။

သူတို့အခန်းထဲက ထွက်လိုက်တာနဲ့ 'ဂျိန်း' ကနဲ အလိုအလျောက် ပိတ်သွားသော တံခါး ။

ထိုအချိန်ဝယ်

အခန်းအတွင်းမှ လိုဏ်ခေါင်းထဲမှာ ကြားရတတ်တဲ့ အသံမျိုးနဲ့  ခပ်သဲ့သဲ့ ရယ်သံလေး တစွန်းတစကိုတော့ ဆော့ဂျင် နားနဲ့ ဆတ်ဆတ် ကြားဖြစ်အောင် ကြားခဲ့လိုက်မိပါ၏ ။

-------- Ghost House ---------

အပေါ်ထပ်ဝယ် တာဝန်ကျနေတဲ့ ယွန်းဂီ ဦးဆောင်တဲ့ သူငယ်ချင်း ၄ ယောက်ကတော့ ရေချိုးခန်းအတွင်းမှ ထွက်ခွာလာခဲ့ပြီ ဖြစ်တယ်။

ယွန်းဂီ နဲ့ ဂျီမင်းက နောက်ထပ်အခန်းတစ်ခုကို ဝင်ဖို့ ခပ်သွက်သွက် လှုပ်ရှားနေသလို သူတို့နောက်ကပ်လျက်ဖြင့် ထယ်ယောင်းကလဲ လိုက်ပါလျက်ရှိတယ်။

ဂျောင်ကုကတော့ နောက်ဆုံးမှာ
ခပ်အေးအေးပုံစံဖြင့်သာ ။ တချက်တချက် တခြားသူတွေအလစ်မှာ မျက်လုံးအရောင်တွေ ပြောင်းသွားတတ်တာကလွဲလို့ သိပ်ပြီး ခံစားချက်မရှိသလိုမျိုးနဲ့ စက်ရုပ်တရုပ်လိုသာ လှုပ်ရှားနေတယ် ။

ဂျောင်ကု ဘာဖြစ်သွားတာလဲဟုတော့ သူတို့တွေးမိပေမဲ့ ထို့ထက် လေးလေးနက်နက်တော့ မစဉ်းစားခဲ့။

အပေါ်ထပ်ဝယ် သူတို့ ရိုက်ကူးရေးလုပ်ဖို့ ၂ ခန်းသာ ကျန်တော့တယ် ။ တခန်းက ဘာတွေရှိမှန်းမသိသေးပေမဲ့ တခန်းကတော့ အိပ်ခန်း ။

သူတို့ အပေါ်ထပ်ရောက်ကာစက ဝင်ပေါက်ကနေပဲ အသာလှမ်းကြည့်မိပြီး အထဲသို့ ခရေစေ့တွင်းကျ
မလေ့လာခဲ့ရသေးသော ထိုအိပ်ခန်းအတွင်းသို့ 'ကျွီ' ကနဲ တံခါးကို ဖွင့်ရင်း ထပ်မံ ခြေချလိုက်ပြီ ဖြစ်တယ်။

နှစ်ယောက်အိမ် ကုတင်ကျယ်ကြီးကတော့ ယွန်းဂီအား သေချာပေါက် ဆွဲဆောင်နေလေပြီ ။

ဖုန်တွေတက်နေပြီဖြစ်သော်လည်း ဖုန်တွေအား
ဖယ်ခါပြီးရင်တော့ အညောင်းပြေ အညာပြေ ကျောဆန့်ရင်း အိပ်နိုင်မှာမို့ အဆင်ပြေတယ်ဟုပဲ ယွန်းဂီ ယူဆနေမိတယ်။

ကုတင်ခြေရင်းမှာတော့ အဝတ်ဗီဒိုကြီး ၂ လုံးက နေရာယူထားတယ် ။

ကုတင်ဘေးဝယ်တော့ ထူးခြားစွာ မှန်တင်ခုံလှလှလေး ရှိနေ၏ ။

ကြီးမားတဲ့ မှန်ကြီးထဲ မိမိရုပ်သွင်ပြင်ကို ရှင်းရှင်းလင်းလင်း မြင်တွေ့နိုင်လေတယ်။

မှန်တင်ခုံဘေး မလှမ်းမကမ်းရှိ ပြတင်းပေါက်လေးကတော့ ပွင့်လျက်ရှိကာ ခပ်အေးအေး လေပြေနုနုလေးတွေက တိုးဝှေ့ဝင်ရောက်နေပြန်တယ်။ ထုံးစံအတိုင်း ခန်းစီးစလေးက တလွင့်လွင့်ပေါ့ ။

ပြတင်းပေါက်မှ မြင်နေရတဲ့ ညရှုခင်းကတော့
အမှောင်ဖုံးလွှမ်းနေတဲ့ တောအုပ်ကမ္ဘာမို့
သေချာမကြည့်ရဲလောက်အောင် စိတ်ခြောက်ခြားစေတယ်။

ဒီတခေါက်အခန်းအတွင်း ရိုက်ကူးရေးက
ထယ်ယောင်းတာဝန်ယူထားသည်မို့ ကင်မရာကို သူ့လက်ထဲ ကိုင်ဆောင်ထားပြီး ဖြစ်တယ်။

အခန်းသွင်ပြင်အား ထယ်ယောင်း ဝေ့ဝိုက်ကြည့်လိုက်ပြီး တခြား ထူးဆန်းတာတော့ မတွေ့ ။ သာမန်အိပ်ခန်းတစ်ခုသာ ။ ပရိဘောဂ ပစ္စည်းများအနေနဲ့ကလဲ အိပ်ခန်းတစ်ခုအတွင်း လိုအပ်သည့် အရာများထက် ကျန်တာဘာမှမပို ။

ဒါ့ကြောင့်လဲ မြန်မြန်ဆန်ဆန်နဲ့ ဖွယ်ဖွယ်ရာရာ စကားလေးတွေ ပြောရင်း အခန်းအတွင်း နေရာအနှံ့ ကို ကင်မရာနဲ့ ချိန်ပြီး ရိုက်ပြလိုက်တယ်။

ထယ်ယောင်းရိုက်ကူးရေးလုပ်နေတဲ့ အချိန်မှာ
ယွန်းဂီကတော့ ကုတင်သန့်ရှင်းရေး လုပ်နေလေတယ်။ ဂျီမင်းကပါ ကူညီပေးနေသည့်မို့ နှစ်ယောက်သား တက်ညီလက်ညီ ။

ထယ်ယောင်းကလဲ သူ့အလုပ်သူလုပ်ပြီး ဂျီမင်းနဲ့ယွန်းဂီကလဲ သူ့ကိစ္စနဲ့သူ ၊ ကိုယ်စီကိုယ်စီ အလုပ်ရှုပ်လျက်ရှိလေတယ်။

ဂျောင်ကုကတော့ စကားတစ်လုံးမှ ဝင်ပြောခြင်းမရှိဘဲ သူတို့ကို ကြည့်ငေးယုံပဲ ငေးနေလေတယ်။

ထယ်ယောင်းအခန်းတွင်းအကုန်ရိုက်ကူးပြီးချိန်မှာတော့ သူ့အာရုံထဲ ရောက်လာတဲ့အရာက
အခန်းရဲ့ ဝရံတာဘက်သို့ ထွက်သည့်တံခါးဆီသို့ ။

အိပ်ခန်းနဲ့ ဝရံတာလေးက တဆက်ထဲမို့ အိပ်ခန်းတံခါးကိုဖွင့်ပြီး ထွက်လိုက်တာနဲ့ ဝရံတာဆီ ရောက်နိုင်၏ ။

ဘာ့ကြောင့်ရယ်မသိ ... ထယ်ယောင်းစိတ်ထဲမှာ
ထိုဝရံတာဘက်သို့ သွားကြည့်ချင်နေမိတယ်။

ဒါ့ကြောင့်လဲ ရိုက်ကူးမှု Video ကို Stop မလုပ်ပဲ ကင်မရာလေး ကိုင်ရင်း ထိုဝရံတာဆီသို့ သူလျှောက်လှမ်းလာမိတယ်။

အခန်းတွင်းရောက်ကထဲက ဘာမှမလုပ်ဘဲ ငြိမ်နေခဲ့တဲ့ ဂျောင်ကုက ထူးခြားစွာပင် ထယ်ယောင်းနောက်သို့ ခပ်ဖြေးဖြေးချင်း လိုက်သွားလေတယ်။

သို့သော် ဘယ်သူမှ သူ့အား အထူးတလည်
သတိမထားမိ။

အခန်းတံခါးကို ဖွင့်လိုက်တာနဲ့ ထယ်ယောင်းအား
ဆီးကြိုနေတာက ဝရံတာကြီး  ။ ထိုဝရံတာပေါ်သို့ ခြေချလိုက်တော့   စံအိမ်ဘေးပတ်ပတ်လည် ဝန်းရံထားသည့် သစ်ပင်များအား ရှင်းလင်းစွာ မြင်တွေ့ရတယ်။

စံအိမ်ရှေ့မျက်နှာစာကို သေချာမြင်တွေ့ရပြီး သူတို့ စံအိမ်ထဲ ဝင်လာခဲ့တုန်းက ဖြတ်ကျော်ခဲ့ရသည့်
ခြုံနွယ်များ၊ မြက်ပင်ရိုင်းများနဲ့ သစ်ပင်ကြီးငယ် အသွယ်သွယ်ကို အပေါ်စီးကနေ သေချာမြင်နေရလေတယ်။

ဝရံတာအစွန်ဆုံးအထိ ထယ်ယောင်းရောက်သွားပြီး ဝရံတာ လက်ရန်းပေါ်သို့ လက်တဖက်တောင် သူတင်လိုက်မိသေးတယ်။ ထို့နောက် ထယ်ယောင်း
မရည်ရွယ်မိပါဘဲ တစုံတရာရဲ့ ညို့အားကြောင့်ထင် အိမ်အောက်တည့်တည့်ကို ရုတ်တရက် ငုံ့ကြည့်လိုက်မိတော့ ...။

သူမြင်လိုက်ရသည်က .....။

သူ့အားမော့ကြည့်နေပါသော ကလေးတစ်ယောက်။ သူ့သဏ္ဍာန်က ဖြူဖျော့ဖျော့လေး။ လက်ထဲမှာ ဘောလုံးလေးအား ကိုင်ထားလေတယ်။

ဒီလိုအချိန် ဒီနေရာကြီးမှာ ဘယ်က ကလေးက ရှိနေနိုင်မှာလဲ ။ သူက လူမဖြစ်နိုင်လောက်ဘူး။
သရဲများလား။

ထယ်ယောင်း အတွေးတွေ များရင်း ထိုကလေးအား ကြည့်နေမိသည့် အကြည့်တွေကိုတော့
မရုတ်သိမ်းမိ ။

သူ့အာရုံက ထိုကောင်လေးထံ၌သာ ကပ်ငြိနေမိခဲ့သည်။ ဆွဲအားပြင်းပြင်း နဲ့ အညို့ခံနေရသလိုမျိုး။

ထိုအချိန်မှာပဲ

ထယ်ယောင်းအနောက်ကနေ ခပ်ဖြေးဖြေး
တိုးကပ်လာသော လူတစ်ယောက် ။
တစ်နည်းအားဖြင့်  လက်တစ်စုံ ။

လက်တစ်စုံရဲ့ ရည်ရွယ်ရာက သတိလက်လွတ်
ငုံ့ကြည့်နေသော ထယ်ယောင်းအား အနောက်ကနေ တွန်းချပစ်လိုက်ဖို့ ဦးတည်နေတယ်ဆိုတာ သိသာနေလေတယ်။

ထယ်ယောင်း လက်က မြှောက်ကိုင်ထားမိတဲ့ ကင်မရာထဲမှာတော့ အနောက်က တိုးကပ်လာတဲ့သူရဲ့ မျက်နှာက ပေါ်နေတယ်။

သို့ပေမဲ့ ထယ်ယောင်းရဲ့အကြည့်တွေက ကင်မရာမှာ မရှိလေတော့ သူဘာမှမသိ။ အန္တရာယ်က လက်တစ်ကမ်းမှာဆိုတာ သူမသိခဲ့ပေ။

အကယ်၍ ကင်မရာကိုသာ ထယ်ယောင်းကြည့်လိုက်မိမယ်ဆိုပါက သူမြင်တွေ့လိုက်ရမဲ့
သူသည်ကား....။

********

ဝင်္ကပါထဲက သရဲစံအိမ်

To Be Continued ~~~



A/N ဒီကြားထဲ update မလုပ်ဖြစ်တာ နည်းနည်းကြာသွားတယ် ။ အကြောင်းရင်းကတော့ လေလွင့်တာ များသွားလို့ပါ (ဘဲမရှိတော့လဲ အဲ့လိုပဲ) 😅😆

Cb မှာတမျိုး ၊ Wall မှာ တဖုံ Update လာတောင်းပေးကြတဲ့ သူလေးတွေနဲ့ မျှော်နေပေးကြတဲ့
သူလေးတွေရေ ... ချစ်တယ်နော် 💜

အားလုံးကို ချစ်မြတ်နိုးစွာဖြင့်

Cuttiehsumindooly

🖤🖤🖤



Zawgyi 📌

အိမ္မက္ထဲကအတိုင္း လ်ိဳ႕ဝွက္ေျမေအာက္ခန္းဖြင့္ႏိုင္မည့္ ခလုပ္ရိွရာသို႔ ၫႊန္ျပရန္
ဟိုေဆာ့က သူ႔ပံုစံေလးအတိုင္းပဲ သြက္လက္စြာနဲ႔
ထမင္းစားပြဲရိွရာသို႔ သြားၿပီး စားပြဲရဲ့ ေအာက္ဘက္ျခမ္းက ခလုပ္ ရိွမဲ့ေနရာအား မွန္းဆရင္း
"ဒီေနရာမွာ ရွာေတြ့တာ" ဟု ေျပာလိုက္ေလတယ္။

ၿပီးေနာက္ ၿပံဳးလ်က္ျဖင့္
ထိုေနရာအား ငံု႔ၾကည့္လိုက္ေလေတာ့တယ္။

သို႔ေသာ္

ခ်က္ခ်င္း ေျပာင္းလဲသြားေသာ သူ႔မ်က္ႏွာသြင္ျပင္ ။
အံ့ၾသမႈမ်ားစြာနဲ႔ ။

•~•~•~•

ေမ်ွာ္လင့္ထားသလိုမျဖစ္လာဘဲ
မေမ်ွာ္လင့္တဲ့အရာေတြလဲ ႀကံဳႏိုင္တာပဲ

ေျပာင္းလဲျခင္းေတြၾကားမွာ
ေျပာင္းလဲမႈအတိုင္း
လိုက္ေလ်ာညီေထြေနႏိုင္ဖို႔
လိုအပ္ေသာ္လည္း

ေအာ္ အဆံုးထိတိုင္ လြဲေခ်ာ္ေနဆဲ
လမ္းေပ်ာက္ေနၿမဲ  ။

®®®® ဝကၤပါထဲက သရဲစံအိမ္ ®®®®

ဟိုေဆာ့ စားပြဲေအာက္သို႔ ငံု႔ၾကည့္လိုက္ခ်ိန္မွာေတာ့ ဘာခလုပ္မွ ရိွမေနျခင္းက သူ႔အား အႀကီးအက်ယ္ စိတ္ပ်က္သြားေစဖို႔ တြန္းပို႔ေနခဲ့သည္။

ခ်က္ခ်င္းေျပာင္းလဲသြားတဲ့ မ်က္ႏွာသြင္ျပင္အေနအထားနဲ႔အတူ စားပြဲေအာက္ေဒါင့္ပတ္ခ်ာလည္ ေနရာအႏွံ႔အား သူအသည္းအသန္ လိုက္ရွာၾကည့္ပါေသာ္လည္း ဘာမွရိွမေနခဲ့ ။

အိမ္မက္အရ ဆိုလ်ွင္ ထမင္းစားခန္းထဲမွာ တာဝန္က်ခဲ့တဲ့ ေဆာ့ဂ်င္က အမွတ္မထင္ စားပြဲႏွင့္တိုက္မိၿပီး လက္က စားပြဲေအာက္ေဒါင့္အတြင္းဘက္ရိွ
ခလုပ္ကို မေတာ္တဆ ဖိႏိွပ္လိုက္မိရာမွ ထိုလ်ိဳ႕ဝွက္အခန္းတံခါးပြင့္သြားခဲ့ျခင္း ဆိုတာကို ဟိုေဆာ့ ေသခ်ာေပါက္ မွတ္မိေနေလတယ္။

အခုေတာ့ အဘယ့္ေၾကာင့္ ဒီေနရာဝယ္ ခလုပ္နဲ႔တူေသာ အရာဟူ၍ ဘာတစ္ခုမွ ရိွမေနခဲ့ရသလဲ ။

ဒီအခန္းထဲမွာသာ လ်ိဳ႕ဝွက္အခန္းမရိွေနခဲ့ဘူးဆိုလ်ွင္ ဘယ္မွာမ်ားရိွေနမွာလဲ ။

လ်ိဳ႕ဝွက္ေျမေအာက္ခန္းက တကယ္ပဲ ရိွေရာ ရိွေနပါရဲ့လား။

အဘယ့္ေၾကာင့္ အိမ္မက္နဲ႔ လက္ေတြ့ မတူရပါသလဲ။

လ်ိဳ႕ဝွက္အခန္း ေစာေစာရွာေတြ့ၿပီး အိမ္ျမန္ျမန္ ျပန္ႏိုင္လိမ့္မယ္လို႔ ေမ်ွာ္လင့္ထားတာ အခုေတာ့ စိတ္ကူးေတြဟာ ၾကက္ေပ်ာက္ငွက္ေပ်ာက္ ေပ်ာက္ဆံုးသြားၿပီတဲ့လား ။

အေတြးအမ်ိဳးမ်ိဳး ကြန္႔ရင္းမွ ေရေရရာရာ အေျဖမရိွေလေတာ့ ဟိုေဆာ့တစ္ေယာက္ မူလ ေပ်ာ္ရႊင္ေနခဲ့တဲ့ မ်က္ႏွာမွသည္ စိတ္ပ်က္လက္မိႈင္ခ်တဲ့ အသြင္သို႔ အလိုအေလ်ာက္ ကူးေျပာင္းသြားေလေတာ့တယ္။

သူ႔နည္းတူ နမ္ဂြၽန္းေရာ ေဆာ့ဂ်င္ပါ လက္မိႈင္ခ်မိသြားၾကတယ္။

ဒါေပမဲ့ အေကာင္းျမင္စိတ္မ်ားတဲ့ ပန္းေရာင္မာရီယိုကမ႓ာ တည္ေဆာက္ခ်င္ေသာ University Wide Handsome ေဆာ့ဂ်င္က

"အိမ္မက္ထဲမွာတုန္းက ဒီအခန္းထဲကေန လ်ိဳ႕ဝွက္ေျမေအာက္ခန္းကို ရွာေတြ့ခဲ့တာမလား ...
ဒီစားပြဲေအာက္မွာ ခလုပ္ရိွမေနပဲ က်န္တဲ့ တစ္ေနရာရာမွာ ရိွေနတာလဲ ျဖစ္ႏိုင္တာပဲ ...
ေဆာ့ကီ နဲ႔ ဂြၽန္းရယ္... လာပါ ... ငါတို႔အတူတူ ဆက္ရွာၾကည့္ၾကတာေပါ့"

ဟု အားတက္ဖြယ္စကားကို ဆိုလိုက္ေတာ့မွ က်န္သူငယ္ခ်င္း ႏွစ္ေယာက္လဲ လက္မိႈင္က်ေနေသာ မ်က္ႏွာေလးအား အခ်ိဳးျပင္လိုက္ကာ မ်က္ႏွာထက္ဝယ္အၿပံဳးေလးေတြ ျပန္ၿပီး ဆင္ျမန္းရင္း
အားျပန္ရိွသြားေတာ့တယ္။

ေနာက္ေတာ့လဲ

ဤ ထမင္းစားခန္းအႏွံ႔ ရိုက္ကူးေရး လုပ္ေပးရမဲ့အတူတူ တခါထဲ ရိုက္လဲရိုက္ရင္း ထူးဆန္းတဲ့ေနရာမွန္သမ်ွကိုလဲ ေသခ်ာၾကည့္ၿပီး လ်ိဳ႕ဝွက္အခန္းတံခါးဖြင့္ႏိုင္ဖို႔ကို ဦးစားေပး ရွာေဖြၾကည့္ၾကဖို႔ သံုးေယာက္သား တိုင္ပင္ျဖစ္ခဲ့ၾကေတာ့တယ္။

ဒီတခါ ရိုက္ကူးေရး အလွည့္က်သူက ေဆာ့ဂ်င္မို႔ ကင္မရာအား Selfie Stick ထဲ ထည့္ကိုင္၍ သူ႔မ်က္ႏွာဘက္သို႔ လွည့္ကာခ်ိန္ထားၿပီး ျဖစ္တယ္။

ကင္မရာထဲဝယ္ ေပၚေနတဲ့ ႏြမ္းလ်လ်မ်က္ႏွာေလးအား ၾကည့္ကာ ေဆာ့ဂ်င္ စိတ္မေကာင္း ။

အၿမဲျပံဳးေပ်ာ္ရင္း ေခ်ာေမာခန္႔ညားေနတဲ့ မိမိမ်က္ႏွာေလးက ညတြင္းခ်င္းပင္ ႏြမ္းလ်၍ စိတ္မရႊင္တဲ့ သ႑ာန္ေပါက္ေနခဲ့ၿပီမလား ။

သို႔ေပမဲ့ ဘယ္လိုအေျခအေနပဲေရာက္ေရာက္ University Wide Handsome ပီပီ ေခ်ာၿမဲေခ်ာဆဲ ျဖစ္ေနလို႔ေတာ့ ေတာ္ေသးတယ္ ဟု ေဆာ့ဂ်င္ ေကာက္ခ်က္ခ်လိုက္သည္။

တခ်ိဳ႕မသမာသူ လူတစ္စုကေတာ့ မိမိအား Confident Level High ခ်က္ပဲဟုဆိုကာ
အတင္းတုပ္ႏိုင္ၾကေသာ္လည္း Confident Level High ႏိုင္တဲ့ ရုပ္ရည္သြင္ျပင္ ရိွလို႔လဲ High တာဆိုတာကို ထိုသူေတြအား သိေစခ်င္မိ၏ ။

အေတြးေတြကို ရုတ္သိမ္းရင္း ေဆာ့ဂ်င္ ကင္မရာကိုပဲ တည့္တည့္ၾကည့္ၿပီး ႏႈတ္ခမ္းထူထူလွလွေလးအား ခပ္ဖြဖြေလး ဆူကာ Fly kiss ေလး ေပးလိုက္မိတယ္။

ကင္မရာထဲက မိမိ ပံုရိပ္ေလးက ခ်စ္စဖြယ္ေကာင္းေနလြန္းေတာ့လဲ မိမိကိုယ္မိမိ Kiss ေလး ျပန္ေပးျခင္းသာ ။ Love Myself တာ အေကာင္းဆံုးပဲ
မလား။

ေဆာ့ဂ်င္ ရိုက္ကူးေရး မစခင္ ကင္မရာအား ထိုသို႔အစမ္းရိုက္ၾကည့္ေနစဉ္မွာ နမ္ဂြၽန္းနဲ႔ ဟိုေဆာ့ကေတာ့ အခန္းတြင္း ဟိုေနရာ ခလုပ္ေတြ့ႏိုးႏိုး ၊
ဒီေနရာမွာ ခလုပ္ရိွႏိုးႏိုးနဲ႔ ရွာၾကည့္လ်က္ရိွေလတယ္။ ဒါ့ေၾကာင့္လဲ ေဆာ့ဂ်င္တစ္ေယာက္ ဘာေတြလုပ္ေနလဲဆိုတာ သူတို႔ သတိမထားမိခဲ့ျခင္းပင္။

ေနာက္ဆံုးေတာ့ ေဆာ့ဂ်င္လဲ အစမ္းရိုက္ကူးၿပီးၿပီမို႔ အတည္စတင္ရိုက္ကူးေလေတာ့တယ္။

ထမင္းစားပြဲ နား ရပ္လ်က္ ၊ မီးဖိုေဘး မွီလ်က္ ၊
ေဘစင္နား ဟန္ျပလ်က္ ၊ မီးဖိုခန္းအတြင္း ပတ္လ်က္ စသည္ျဖင့္ အခန္းတြင္းအႏွံ႔ ကင္မရာတစ္လံုးနဲ႔ စကားတတြတ္တြတ္ေျပာရင္း ေဆာ့ဂ်င္ ရိုက္ကူးေရးကို အေကာင္းဆံုးလုပ္ခဲ့၏ ။

ေဆာ့ဂ်င္ရိုက္ကူးမႈ Video ထဲတြင္ သူ႔အေနာက္ကေန နမ္ဂြၽန္းက သူ႔ပုခံုးအား လာဖက္လ်က္ ႏွစ္ေယာက္သား စကားတေျပာေျပာနဲ႔ အခန္းတြင္း ပတ္ၿပီး ရိုက္ျပတာလဲ ပါသလို ဟိုေဆာ့နဲ႔ နမ္ဂြၽန္း အတူတူ လ်ိဳ႕ဝွက္ခလုပ္ရွာေဖြေနပံုေတြလဲ ကင္မရာရိုက္ကြင္းအတြင္း ပါဝင္ခဲ့တယ္။

ထို႔အတူ ဟိုေဆာ့ ခါးအား ေဆာ့ဂ်င္ လွမ္းဖက္ၿပီး အနားတိုးကပ္ကာ မ်က္ႏွာညိုးငယ္ေနတဲ့ ဟိုေဆာ့အား ဘာမွစိတ္ဓာတ္မက်ဖို႔ အားေပးတဲ့ Video Clip ေလးေတာင္ ပါခဲ့ေသး၏ ။

ဤသို႔ဤပံုျဖင့္ ထမင္းစားခန္းအတြင္း ရိုက္ကူးမႈလဲ ေနရာအႏွံ႔ရိွသြားခဲ့ေလၿပီ ။ သို႔ေသာ္ လ်ိဳ႕ဝွက္ေျမေအာက္ခန္း ဖြင့္ႏိုင္မည့္ ခလုပ္ကေတာ့ ဘယ္ဆီဘယ္ဝယ္မသိ ။ မည္သို႔မ်ွ အစရွာ၍ မရေပ။

အဘယ္သို႔ ဆက္လုပ္ရမလဲဆိုတာ မသိေတာ့ေအာင္။

ေဆာ့ဂ်င္ကေတာ့ ကင္မရာအား Stop ၿပီး ရိုက္ကူးေရးကိုပဲ လက္စသတ္ရန္ ႀကံရြယ္လိုက္မိေတာ့တယ္။

ဒါ့ေၾကာင့္လဲ Selfie ပံုစံမ်ိဳး သူ႔ဘက္လွည့္ထားတဲ့ ကင္မရာထဲမွာေပၚေနတဲ့ သူ႔မ်က္ႏွာေလးအား ေသခ်ာၾကည့္ၿပီးေနာက္ ပိတ္ရန္ ဟန္ျပင္လိုက္တယ္။

ထိုအခ်ိန္မွာပဲ ကင္မရာထဲဝယ္ သူ အမွတ္တမဲ့ ျမင္လိုက္မိတာက သူ႔အေနာက္တည့္တည့္က တံခါးဝမွာ ရပ္ေနတဲ့ အမ်ိဳးသားတစ္ေယာက္ကို ။

သူ႔အေနာက္ခပ္လွမ္းလွမ္းမွာ လူရိွေနတယ္ဆိုတဲ့ ခံစားခ်က္နဲ႔ ရုတ္တရက္ လန္႔ျဖန္႔သြားမိတယ္။ ေအာ္ဟစ္ရေလာက္သည္အထိေတာ့လဲ သူ မေၾကာက္။

ထိုသူက ထမင္းစားခန္းဝင္ေပါက္ တံခါးနားမွာ ရပ္ေနတာျဖစ္ၿပီး ဝင္ေပါက္ကို ေနာက္ေက်ာေပးၿပီး Selfie ရိုက္ေနတဲ့ ေဆာ့ဂ်င္ရဲ့ ကင္မရာထဲမွာ ထိုသူ႔ရုပ္ပံုက ေပၚလာျခင္းျဖစ္တယ္။

သူ႔မ်က္ႏွာသြင္ျပင္က တည္တံ့လြန္းၿပီး ခံစားခ်က္အမူအရာမရိွ ၊ ​ေက်ာက္ရုပ္သဖြယ္ပံုစံမ်ိဳးနဲ႔ အေနာက္ကေန ေဆာ့ဂ်င္ကို စိုက္ၾကည့္ေနျခင္းသာ ။

ထို႔ထက္ထူးျခားတာက ထိုအမ်ိဳးသားရဲ့ အဝတ္အစားက အျဖဴေရာင္ ကိုရီးယားရိုးရာဝတ္စံုကို ဝတ္ဆင္ထားျခင္းျဖစ္ၿပီး ေပတိေပက်ံနဲ႔ ေဟာင္းႏြမ္းေနတဲ့ဟန္ရိွကာ သူ႔ပံုစံကလဲ ႏြမ္းလ်ေနတယ္။

ထိုသူက ဘယ္ကေန ဘယ္လိုလုပ္ ေရာက္လာတာလဲ။

ေဆာ့ဂ်င္ ကင္မရာထဲဝယ္ ျမင္ေနရတဲ့ ထိုသူ႔ပံုစံအား ေခါင္းစ ေျခဆံုး အကဲျဖတ္ၾကည့္ရႈမိၿပီးေနာက္ ထိုသူက ဘယ္ကေရာက္လာတဲ့လူလဲ သိႏိုင္ရန္ ခ်က္ခ်င္း ေနာက္သို႔လွည့္ကာ ဝင္ေပါက္တံခါးဆီ လွမ္းၾကည့္လိုက္မိတယ္။

သို႔ေသာ္

သူ႔အထင္နဲ႔အျမင္လြဲသြားေလတာက
ထိုဝင္ေပါက္တံခါးဝယ္ မည္သူမ်ွ ရိွမေန ။

ဒါ့ထက္ပိုထူးတာက ဝင္ေပါက္တံခါးက ပိတ္ထားလ်က္ျဖစ္ၿပီး သူတို႔အခန္းထဲဝင္လာတုန္းက
မည္သည့္အေနွာက္အယွက္မွ ဝင္မလာႏိုင္ေအာင္
ဆိုၿပီး နမ္ဂြၽန္း အထဲကေန ဂလန္႔ထိုးကာ ပိတ္ထားခဲ့တယ္ဆိုတာကိုပါ ေဆာ့ဂ်င္ အခုမွ ျပန္သတိရမိသြားတယ္။

သို႔ေပမဲ့ သူ႔ကင္မရာ ပံုရိပ္ထဲမွာက ထိုအခန္းတံခါးႀကီးက ပြင့္ေနၿပီး ထိုလူႀကီးက တံခါးကိုမွီလ်က္ ရပ္ေနေလတာ မလား ။

ေသခ်ာေပါက္ တခုခုေတာ့ လြဲေနေလၿပီ ။

ေဆာ့ဂ်င္ ကင္မရာထဲကို ျပန္ၾကည့္လိုက္မိတယ္။

ထိုသူက ပြင့္ေနတဲ့ တံခါးနားဝယ္ ရိွေနဆဲျဖစ္ၿပီး သူ႔ကို ေသခ်ာစိုက္ၾကည့္ေနတုန္းပဲ ။

ေဆာ့ဂ်င္ ရင္တုန္စျပဳလာတယ္။

တံခါးဝဘက္ သူျပန္လွည့္ၾကည့္လိုက္မိတယ္။
တကယ့္လက္ေတြ့ တံခါးဟာ ပိတ္ထားလ်က္သာရိွေနဆဲပဲ ။ လူတစ္ေယာက္မွ မရိွ ။

ကင္မရာထဲ သူျပန္ၾကည့္မိတယ္။

ထိုသူက တံခါးဝနားမွာ မဟုတ္ေတာ့ ။ ေရ႔ွတိုးလာေနၿပီ ျဖစ္တယ္ဆိုတာကို ေဆာ့ဂ်င္ ေတြ့လိုက္ရတယ္။

ေျခဖ်ားလက္ဖ်ားေတြပါ ေအးစက္သြားကာ ေနာက္ေက်ာပါမလံုေတာ့သလို ခံစားရတဲ့ေဆာ့ဂ်င္ အေနာက္ကို ခ်က္ခ်င္း ျပန္လွည့္ၾကည့္လိုက္မိေပမဲ့ အခုခ်ိန္ထိ လက္ေတြ့မွာ သူ႔အေနာက္ဝယ္ ဘာဆို ဘာမွ ရိွမေန ။

စိုးထိတ္ေနတဲ့စိတ္နဲ႔အတူ ေခြၽးသီးေခြၽးေပါက္ေတြပါ က်လာတဲ့ ေဆာ့ဂ်င္ ။

ကတုန္ကယင္နဲ႔ပဲ သူ႔အၾကည့္ေတြကို ကင္မရာဆီ ျပန္ပို႔လိုက္မိခ်ိန္မွာေတာ့ ေသြးေရာင္မရိွတဲ့ မ်က္ႏွာျဖဴစုပ္စုပ္ႀကီးနဲ႔ ထိုလူႀကီးဟာ ေဆာ့ဂ်င္နဲ႔အနီးဆံုးမွာေရာက္ေနေလၿပီ ျဖစ္ၿပီးေတာ့ သူ႔အေနာက္
တည့္တည့္ ကပ္လ်က္ေနရာကေန 'ဘြားကနဲ' ေပၚလာကာ ေသြးေတြရဲေနတဲ့ ပါးစပ္ႀကီးနဲ႔ သြားအစြယ္ရဲရဲႀကီးကိုပါ ဟျပၿပီး ေဆာ့ဂ်င္လည္ပင္းအား လွမ္းကိုက္လိုက္တဲ့ပံုမ်ိဳးလုပ္ျပလိုက္တဲ့အခါမွာေတာ့ .... ။

လြန္စြာက်ယ္ေလာင္လြန္းတဲ့ 'အား' ဟူသည့္ ေအာ္ဟစ္လိုက္သံနဲ႔အတူ ေဆာ့ဂ်င္တစ္ေယာက္ မ်က္လံုးေတြ ျပာေဝလာကာ တေျဖးေျဖး အေမွာင္ထုကသာ ဖံုးလႊမ္းသြားခဲ့ေလေတာ့သည္။

အိမ္မက္ထဲကလို 'ရုပ္ေခ်ာရတာ မေကာင္းပါလား' ဟူ၍ေတာ့ ဒီတခါဝယ္ သူ မေတြးလိုက္ႏိုင္ေတာ့ေပ။

"ေဆာ့ဂ်င္ ... ေဆာ့ဂ်င္ "

ခပ္တိုးတိုးေခၚသံေတြ

ေဝးလာလိုက္ နီးလာလိုက္နဲ႔ ။

"ေဆာ့ဂ်င္နီး... ေဆာ့ဂ်င္နီး"

ထပ္မံၾကားမိတဲ့ အသံေလး။

ေခၚသံေတြေၾကာင့္ သူျပန္ႏိုးထလာမိတယ္။

ၾကမ္းျပင္ေပၚဝယ္ လဲက်ေနတဲ့ သူ႔ကို ေထြးေပြ့ထားရင္း စိုးရိမ္ပူပန္တဲ့ မ်က္ႏွာေလးေတြနဲ႔ သူ႔အား အေပၚကေန အုပ္မိုးၿပီး ၾကည့္ေနၾကတဲ့ နမ္ဂြၽန္း နဲ႔ ဟိုေဆာ့ ကို ျမင္လိုက္ရခ်ိန္မွာေတာ့ ေဆာ့ဂ်င္ 
ေယာက်ၤားပီပီသသ စိတ္တင္းထားတဲ့ၾကားက ဝမ္းနည္းစိတ္ေတြ တိုးေဝ႔ွလာၿပီး
မ်က္ရည္စေလး တေပါက္ ခုန္ဆင္းသြားတယ္လို႔ေတာင္ ထင္မိတယ္။

သူ႔ျဖစ္စဉ္ အစအဆံုးအား ေျပာျပလိုက္မိသလို
ေဘးဘီဝဲယာ မ်က္လံုးကစားကာ ထိုသရဲတစၧေကာင္ႀကီး ရိွေသးလားဆိုတာကိုပါ လိုက္ရွာမိ၏ ။

"ဘာမွ မရိွေတာ့ပါဘူး မေၾကာက္နဲ႔ေနာ္ ..ဂ်င္နီး.. "
နမ္ဂြၽန္းရဲ့ အားေပးစကားသံ ခ်ိဳခ်ိဳေလး။

"ငါတို႔ ဒီအခန္းထဲက အျမန္ဆံုး ထြက္ၿပီး အေျခအေနေတြ ပိုမဆိုးခင္ အေပၚထပ္မွာ အားလံုး အတူတူ လူစုေနၾကမယ္ ... "

"လ်ိဳ႕ဝွက္အခန္းအေၾကာင္းနဲ႔ ျဖစ္ပ်က္သမ်ွအားလံုးကိုလဲ သူတို႔ကို ေျပာျပၿပီး အားလံုးသတိထားဖို႔ အသိေပးရဦးမယ္"

စိတ္ပူစြာ ဆိုေလတဲ့ ဟိုေဆာ့။

ဟိုေဆာ့ စကားကို နမ္ဂြၽန္းေရာ ေဆာ့ဂ်င္ပါ လက္ခံေခါင္းၿငိမ့္ျပလိုက္ၾကၿပီးေနာက္ ခ်က္ခ်င္း သူတို႔အခန္းထဲက အျမန္ထြက္ခဲ့လိုက္ၾကေတာ့တယ္။

သူတို႔အခန္းထဲက ထြက္လိုက္တာနဲ႔ 'ဂ်ိန္း' ကနဲ အလိုအေလ်ာက္ ပိတ္သြားေသာ တံခါး ။

ထိုအခ်ိန္ဝယ္

အခန္းအတြင္းမွ လိုဏ္ေခါင္းထဲမွာ ၾကားရတတ္တဲ့ အသံမ်ိဳးနဲ႔  ခပ္သဲ့သဲ့ ရယ္သံေလး တစြန္းတစကိုေတာ့ ေဆာ့ဂ်င္ နားနဲ႔ ဆတ္ဆတ္ ၾကားျဖစ္ေအာင္ ၾကားခဲ့လိုက္မိပါ၏ ။

-------- Ghost House ---------

အေပၚထပ္ဝယ္ တာဝန္က်ေနတဲ့ ယြန္းဂီ ဦးေဆာင္တဲ့ သူငယ္ခ်င္း ၄ ေယာက္ကေတာ့ ေရခ်ိဳးခန္းအတြင္းမွ ထြက္ခြာလာခဲ့ၿပီ ျဖစ္တယ္။

ယြန္းဂီ နဲ႔ ဂ်ီမင္းက ေနာက္ထပ္အခန္းတစ္ခုကို ဝင္ဖို႔ ခပ္သြက္သြက္ လႈပ္ရွားေနသလို သူတို႔ေနာက္ကပ္လ်က္ျဖင့္ ထယ္ေယာင္းကလဲ လိုက္ပါလ်က္ရိွတယ္။

ေဂ်ာင္ကုကေတာ့ ေနာက္ဆံုးမွာ
ခပ္ေအးေအးပံုစံျဖင့္သာ ။ တခ်က္တခ်က္ တျခားသူေတြအလစ္မွာ မ်က္လံုးအေရာင္ေတြ ေျပာင္းသြားတတ္တာကလြဲလို႔ သိပ္ၿပီး ခံစားခ်က္မရိွသလိုမ်ိဳးနဲ႔ စက္ရုပ္တရုပ္လိုသာ လႈပ္ရွားေနတယ္ ။

ေဂ်ာင္ကု ဘာျဖစ္သြားတာလဲဟုေတာ့ သူတို႔ေတြးမိေပမဲ့ ထို႔ထက္ ေလးေလးနက္နက္ေတာ့ မစဉ္းစားခဲ့။

အေပၚထပ္ဝယ္ သူတို႔ ရိုက္ကူးေရးလုပ္ဖို႔ ၂ ခန္းသာ က်န္ေတာ့တယ္ ။ တခန္းက ဘာေတြရိွမွန္းမသိေသးေပမဲ့ တခန္းကေတာ့ အိပ္ခန္း ။

သူတို႔ အေပၚထပ္ေရာက္ကာစက ဝင္ေပါက္ကေနပဲ အသာလွမ္းၾကည့္မိၿပီး အထဲသို႔ ခေရေစ့တြင္းက်
မေလ့လာခဲ့ရေသးေသာ ထိုအိပ္ခန္းအတြင္းသို႔ 'ကြၽီ' ကနဲ တံခါးကို ဖြင့္ရင္း ထပ္မံ ေျခခ်လိုက္ၿပီ ျဖစ္တယ္။

ႏွစ္ေယာက္အိမ္ ကုတင္က်ယ္ႀကီးကေတာ့ ယြန္းဂီအား ေသခ်ာေပါက္ ဆြဲေဆာင္ေနေလၿပီ ။

ဖုန္ေတြတက္ေနၿပီျဖစ္ေသာ္လည္း ဖုန္ေတြအား
ဖယ္ခါၿပီးရင္ေတာ့ အေညာင္းေျပ အညာေျပ ေက်ာဆန္႔ရင္း အိပ္ႏိုင္မွာမို႔ အဆင္ေျပတယ္ဟုပဲ ယြန္းဂီ ယူဆေနမိတယ္။

ကုတင္ေျခရင္းမွာေတာ့ အဝတ္ဗီဒိုႀကီး ၂ လံုးက ေနရာယူထားတယ္ ။

ကုတင္ေဘးဝယ္ေတာ့ ထူးျခားစြာ မွန္တင္ခံုလွလွေလး ရိွေန၏ ။

ႀကီးမားတဲ့ မွန္ႀကီးထဲ မိမိရုပ္သြင္ျပင္ကို ရွင္းရွင္းလင္းလင္း ျမင္ေတြ့ႏိုင္ေလတယ္။

မွန္တင္ခံုေဘး မလွမ္းမကမ္းရိွ ျပတင္းေပါက္ေလးကေတာ့ ပြင့္လ်က္ရိွကာ ခပ္ေအးေအး ေလေျပႏုႏုေလးေတြက တိုးေဝ႔ွဝင္ေရာက္ေနျပန္တယ္။ ထံုးစံအတိုင္း ခန္းစီးစေလးက တလြင့္လြင့္ေပါ့ ။

ျပတင္းေပါက္မွ ျမင္ေနရတဲ့ ညရႈခင္းကေတာ့
အေမွာင္ဖံုးလႊမ္းေနတဲ့ ေတာအုပ္ကမ႓ာမို႔
ေသခ်ာမၾကည့္ရဲေလာက္ေအာင္ စိတ္ေျခာက္ျခားေစတယ္။

ဒီတေခါက္အခန္းအတြင္း ရိုက္ကူးေရးက
ထယ္ေယာင္းတာဝန္ယူထားသည္မို႔ ကင္မရာကို သူ႔လက္ထဲ ကိုင္ေဆာင္ထားၿပီး ျဖစ္တယ္။

အခန္းသြင္ျပင္အား ထယ္ေယာင္း ေဝ့ဝိုက္ၾကည့္လိုက္ၿပီး တျခား ထူးဆန္းတာေတာ့ မေတြ့ ။ သာမန္အိပ္ခန္းတစ္ခုသာ ။ ပရိေဘာဂ ပစၥည္းမ်ားအေနနဲ႔ကလဲ အိပ္ခန္းတစ္ခုအတြင္း လိုအပ္သည့္ အရာမ်ားထက္ က်န္တာဘာမွမပို ။

ဒါ့ေၾကာင့္လဲ ျမန္ျမန္ဆန္ဆန္နဲ႔ ဖြယ္ဖြယ္ရာရာ စကားေလးေတြ ေျပာရင္း အခန္းအတြင္း ေနရာအႏွံ႔ ကို ကင္မရာနဲ႔ ခ်ိန္ၿပီး ရိုက္ျပလိုက္တယ္။

ထယ္ေယာင္းရိုက္ကူးေရးလုပ္ေနတဲ့ အခ်ိန္မွာ
ယြန္းဂီကေတာ့ ကုတင္သန္႔ရွင္းေရး လုပ္ေနေလတယ္။ ဂ်ီမင္းကပါ ကူညီေပးေနသၫ့္မို႔ ႏွစ္ေယာက္သား တက္ညီလက္ညီ ။

ထယ္ေယာင္းကလဲ သူ႔အလုပ္သူလုပ္ၿပီး ဂ်ီမင္းနဲ႔ယြန္းဂီကလဲ သူ႔ကိစၥနဲ႔သူ ၊ ကိုယ္စီကိုယ္စီ အလုပ္ရႈပ္လ်က္ရိွေလတယ္။

ေဂ်ာင္ကုကေတာ့ စကားတစ္လံုးမွ ဝင္ေျပာျခင္းမရိွဘဲ သူတို႔ကို ၾကည့္ေငးယံုပဲ ေငးေနေလတယ္။

ထယ္ေယာင္းအခန္းတြင္းအကုန္ရိုက္ကူးၿပီးခ်ိန္မွာေတာ့ သူ႔အာရံုထဲ ေရာက္လာတဲ့အရာက
အခန္းရဲ့ ဝရံတာဘက္သို႔ ထြက္သည့္တံခါးဆီသို႔ ။

အိပ္ခန္းနဲ႔ ဝရံတာေလးက တဆက္ထဲမို႔ အိပ္ခန္းတံခါးကိုဖြင့္ၿပီး ထြက္လိုက္တာနဲ႔ ဝရံတာဆီ ေရာက္ႏိုင္၏ ။

ဘာ့ေၾကာင့္ရယ္မသိ ... ထယ္ေယာင္းစိတ္ထဲမွာ
ထိုဝရံတာဘက္သို႔ သြားၾကည့္ခ်င္ေနမိတယ္။

ဒါ့ေၾကာင့္လဲ ရိုက္ကူးမႈ Video ကို Stop မလုပ္ပဲ ကင္မရာေလး ကိုင္ရင္း ထိုဝရံတာဆီသို႔ သူေလ်ွာက္လွမ္းလာမိတယ္။

အခန္းတြင္းေရာက္ကထဲက ဘာမွမလုပ္ဘဲ ၿငိမ္ေနခဲ့တဲ့ ေဂ်ာင္ကုက ထူးျခားစြာပင္ ထယ္ေယာင္းေနာက္သို႔ ခပ္ေျဖးေျဖးခ်င္း လိုက္သြားေလတယ္။

သို႔ေသာ္ ဘယ္သူမွ သူ႔အား အထူးတလည္
သတိမထားမိ။

အခန္းတံခါးကို ဖြင့္လိုက္တာနဲ႔ ထယ္ေယာင္းအား
ဆီးႀကိဳေနတာက ဝရံတာႀကီး  ။ ထိုဝရံတာေပၚသို႔ ေျခခ်လိုက္ေတာ့   စံအိမ္ေဘးပတ္ပတ္လည္ ဝန္းရံထားသည့္ သစ္ပင္မ်ားအား ရွင္းလင္းစြာ ျမင္ေတြ့ရတယ္။

စံအိမ္ေရ႔ွမ်က္ႏွာစာကို ေသခ်ာျမင္ေတြ့ရၿပီး သူတို႔ စံအိမ္ထဲ ဝင္လာခဲ့တုန္းက ျဖတ္ေက်ာ္ခဲ့ရသည့္
ၿခံဳႏြယ္မ်ား၊ ျမက္ပင္ရိုင္းမ်ားနဲ႔ သစ္ပင္ႀကီးငယ္ အသြယ္သြယ္ကို အေပၚစီးကေန ေသခ်ာျမင္ေနရေလတယ္။

ဝရံတာအစြန္ဆံုးအထိ ထယ္ေယာင္းေရာက္သြားၿပီး ဝရံတာ လက္ရန္းေပၚသို႔ လက္တဖက္ေတာင္ သူတင္လိုက္မိေသးတယ္။ ထို႔ေနာက္ ထယ္ေယာင္း
မရည္ရြယ္မိပါဘဲ တစံုတရာရဲ့ ညို႔အားေၾကာင့္ထင္ အိမ္ေအာက္တည့္တည့္ကို ရုတ္တရက္ ငံု႔ၾကည့္လိုက္မိေတာ့ ...။

သူျမင္လိုက္ရသည္က .....။

သူ႔အားေမာ့ၾကည့္ေနပါေသာ ကေလးတစ္ေယာက္။ သူ႔သ႑ာန္က ျဖဴေဖ်ာ့ေဖ်ာ့ေလး။ လက္ထဲမွာ ေဘာလံုးေလးအား ကိုင္ထားေလတယ္။

ဒီလိုအခ်ိန္ ဒီေနရာႀကီးမွာ ဘယ္က ကေလးက ရိွေနႏိုင္မွာလဲ ။ သူက လူမျဖစ္ႏိုင္ေလာက္ဘူး။
သရဲမ်ားလား။

ထယ္ေယာင္း အေတြးေတြ မ်ားရင္း ထိုကေလးအား ၾကည့္ေနမိသည့္ အၾကည့္ေတြကိုေတာ့
မရုတ္သိမ္းမိ ။

သူ႔အာရံုက ထိုေကာင္ေလးထံ၌သာ ကပ္ၿငိေနမိခဲ့သည္။ ဆြဲအားျပင္းျပင္း နဲ႔ အညို႔ခံေနရသလိုမ်ိဳး။

ထိုအခ်ိန္မွာပဲ

ထယ္ေယာင္းအေနာက္ကေန ခပ္ေျဖးေျဖး
တိုးကပ္လာေသာ လူတစ္ေယာက္ ။
တစ္နည္းအားျဖင့္  လက္တစ္စံု ။

လက္တစ္စံုရဲ့ ရည္ရြယ္ရာက သတိလက္လြတ္
ငံု႔ၾကည့္ေနေသာ
ထယ္ေယာင္းအား အေနာက္ကေန တြန္းခ်ပစ္လိုက္ဖို႔ ဦးတည္ေနတယ္ဆိုတာ သိသာေနေလတယ္။

ထယ္ေယာင္း လက္က ေျမႇာက္ကိုင္ထားမိတဲ့ ကင္မရာထဲမွာေတာ့ အေနာက္က တိုးကပ္လာတဲ့သူရဲ့ မ်က္ႏွာက ေပၚေနတယ္။

သို႔ေပမဲ့ ထယ္ေယာင္းရဲ့အၾကည့္ေတြက ကင္မရာမွာ မရိွေလေတာ့ သူဘာမွမသိ။ အႏၲရာယ္က လက္တစ္ကမ္းမွာဆိုတာ သူမသိခဲ့ေပ။

အကယ္၍ ကင္မရာကိုသာ ထယ္ေယာင္းၾကည့္လိုက္မိမယ္ဆိုပါက သူျမင္ေတြ့လိုက္ရမဲ့
သူသည္ကား....။

********

ဝကၤပါထဲက သရဲစံအိမ္

To Be Continued ~~~



A/N ဒီၾကားထဲ update မလုပ္ျဖစ္တာ နည္းနည္းၾကာသြားတယ္ ။ အေၾကာင္းရင္းကေတာ့ ေလလြင့္တာ မ်ားသြားလို႔ပါ (ဘဲမရိွေတာ့လဲ အဲ့လိုပဲ) 😅😆

Cb မွာတမ်ိဳး ၊ Wall မွာ တဖံု Update လာေတာင္းေပးၾကတဲ့ သူေလးေတြနဲ႔ ေမ်ွာ္ေနေပးၾကတဲ့
သူေလးေတြေရ ... ခ်စ္တယ္ေနာ္ 💜

အားလံုးကို ခ်စ္ျမတ္ႏိုးစြာျဖင့္

Cuttiehsumindooly































































Continue Reading

You'll Also Like

1.1M 233K 168
MinervaLance အရင် acc က ဝင်မရလို့ အခု Acc အသစ်မှာ အဆက်ကို ဆက်တင်ပေးနေတာပါ။ ပထမအုပ်ကို My Works Reading List ထဲမှာ ရှာလို့ရပါတယ်။ ဟုတ်ကဲ့... အရင်က Mi...
30.4K 2.5K 56
ဘာသာပြန်သူ - စွဲညို့အသင်း စူးမြောင်အာက အပနှင်သူတစ်ဦး ဖြစ်ပြီးတော့ မတော်တဆ ကျောက်စိမ်းလည်ဆွဲလေးကို ဝတ်ဆင်မိရာကနေ တစ္ဆေတစ်ကောင်က သူ့နောက်ကို တကောက်ကောက...
88K 10.6K 22
သူအမြဲလျစ်လျူရှုနေပေမဲ့ ကျွန်တော်ကတော့ အချစ်တွေပေးနေဆဲ.... အချစ်လေးနည်းနည်းလောက် ပေးပါလား အစ်ကို
117K 18.3K 103
ဘာသာပြန်သူ - စွဲညို့အသင်း။ တစ်ဦးတည်း ပြန်ဆိုခြင်း မဟုတ်ပါ။ အပိုင်း ၁၁၁ မှ အဆုံးထိ တင်သွားပါမည်။