အခန္း [ ၉၃ ]
ရွခ်င္းေဝ ၿပံဳးလိုက္မိသည္။
" လီက်ဲကို ဒုကၡမေပးတာအေကာင္းဆံုးေပါ့ရွင္၊ ဘာပဲျဖစ္ျဖစ္ လုမန္က အလုပ္ရသြားတာပဲေလ၊ မေကာင္းဘူးလား "
" ေကာင္းပါတယ္.. လုမန္ကိုယ္တိုင္က တကယ္ထူးခြၽန္တာပါ .. ဘယ္သူ႔အကူအညီမွ မပါလည္း သူ႔ဟာနဲ႔သူ အလုပ္ရမွာပါပဲ "
ဝူလီက်ဲက ၿပံဳးေနသည္။
လုမန္ လုခ်ီယြမ္ရဲ့သမီးျဖစ္ေနတယ္ဆိုတာကို သူ ခုထိ မယံုၾကည္ႏိုင္ေသးေပ။
ႏွစ္ေယာက္က မိုးႏွင့္ေျမလို ကြာျခားေနတာလည္း ပါသည္။
ၿပီးေတာ့ လုမန္ကို ဘယ္လိုၾကည့္ၾကည့္ လုခ်ီနဲ႔လုခ်ီယြမ္ေျပာသြားတာေတြနဲ႔ နည္းနည္းမွ မတူ..
" ေဆးရံုက အခန္းေဖာ္ရဲ့သမီးက တအားသနားစရာေကာင္းတာ သားရယ္ .. ဖေအရင္းက ပေထြးႀကီးက်လို႔ .. မိေထြးနဲ႔ မိေထြးပါသမီးကလည္း အဲ့မိန္းကေလးကို ႏိုင္စားၾကတယ္ " တဲ့။
ဟိုတုန္းက အေမ တစ္ခါ ေျပာဖူးသည္။
အဲ့ဒါ လုမန္မ်ားလား ...
ဟုတ္ေနရင္ အားလံုး အဓိပၸာယ္ေတာ့ရိွေနၿပီ..
" အဲ့ဒါဆိုလည္း လုမန္ အလုပ္စဆင္းတဲ့အခါ သားက ေသခ်ာ ၾကည့္ရႈေစာင့္ေရွာက္ေပးပါ "
ဝူက်ိေကာ္က နည္းနည္းေတာင္ မစဥ္းစားဘဲ ခ်က္ခ်င္းကို ေျပာသည္။
" ဟုတ္ကဲ့ပါ "
ဝူလီက်ဲက ၿပံဳးၿပီး ေခါင္းညိတ္သည္။
အန္တီခ်ိဳင္က ဘာတစ္ခြန္းမွဝင္မေျပာေပမယ့္ ဖ်စ္ၫွစ္ၿပံဳးထားရသလို မ်က္ႏွာႀကီးႏွင့္။
ဝူက်ိေကာ္က အထုပ္ေတြသိမ္းဆည္းၿပီးသြားလို႔ ရွခ်င္းေဝႏွင့္ လုမန္ကို ႏႈတ္ဆက္စကားေျပာၿပီးေနာက္တြင္ ဝူလီက်ဲတို႔ အန္တီခ်ိဳင္တို႔ႏွင့္အတူ အိမ္ကိုျပန္ဖို႔ ခရီးဆက္ေလသည္။
ရုတ္တရက္ ရွခ်င္းေဝ အမွတ္ရသြားကာ..
" ေအာင္မယ္ေလးေတာ္! အန္တီခ်ိဳင္အတြက္ သမီးလုပ္ထားတဲ့ မုန္႔ေလ အဲ့ဒါ ေပးၿပီးၿပီလား "
" အာ .. မန္ေနဂ်ာဝူကိုျမင္ၿပီး လန္႔သြားတာ .. လံုးလံုးကို သတိမရဘူး၊ ခုထိ လက္ထဲမွာပဲ "
လုမန္က လက္ကေလးေျမာက္ၿပီး ၾကည့္သည္။
" သြား .. ျမန္ျမန္လိုက္ေပးလိုက္ .. ခုေလာက္ဆို အျပင္မေရာက္ေလာက္ေသးဘူး "
" ဟုတ္ "
လုမန္ ေခါင္းညိတ္ၿပီး အျမန္လိုက္,လိုက္သည္။
ေတာ္ေသးလို႔ .. အန္တီခ်ိဳင္တို႔အုပ္စုက ဓာတ္ေလွကားေရ႔ွမွာ ေစာင့္ေနတုန္းပဲ ျဖစ္၏။
သူတို႔အနား သြားမယ္ျပင္လိုက္ေတာ့ အန္တီခ်ိဳင့္စကားသံက နားထဲေရာက္လာသည္။
" လီက်ဲ .. ေစာေစာက မင္းအေဖေျပာတဲ့ လုမန္ကို ေသခ်ာ ၾကည့္ရႈေစာင့္ေရွာက္ေပးပါ ဆိုတာမွာ .. ၾကည့္ရႈေစာင့္ေရွာက္လို႔ရတယ္ ဒါေပမယ့္ အရည္မေပ်ာ္သြားရဘူးေနာ္ "
ဝူလီက်ဲ မ်က္ေမွာင္ၾကဳတ္မိသြားသည္။
" အေမကလည္းဗ်ာ .. ရုတ္တရက္ႀကီး ဘာလို႔ အဲ့ဒါေတြေျပာေနတာလဲ .. လုမန္နဲ႔ကြၽန္ေတာ္နဲ႔က မေန့ကမွ ေတြ့ဖူးတာပါ .. အဲ့ဒီ တစ္ခါေလးပဲ .. သူ႔အရည္အခ်င္းကို ကြၽန္ေတာ္ ေလးစားတယ္ .. ဒါေပမယ့္ တျခားဘာအကန္႔မွမရိွဘူး .. အေမကစၿပီး အဲ့လိုစကားေတြ မေျပာပါနဲ႔၊ မေတာ္လို႔ သူမ်ားၾကားရင္ တစ္မ်ိဳးထင္သြားပါဦးမယ္ .. ကြၽန္ေတာ္က ေယာက္်ားသားမို႔ ကိစၥမရိွေပမယ့္ အဲ့ဒါ လုမန္အတြက္ မေကာင္းဘူး .. သိလား .. အထူးသျဖင့္ သူက ကြၽန္ေတာ့္လက္ေအာက္က ဝန္ထမ္း၊ ကြၽန္ေတာ္က သူ႔အထက္လူႀကီးျဖစ္ေနတဲ့အတြက္ ဒီလိုေျပာတာ သူ႔ဂုဏ္သိကၡာကို ထိခိုက္ေစႏိုင္တယ္ "
" ငါကလည္း ခုနကမွ ေျပာတာေလ .. မင္းရဲ့ကုမၸဏီကို လိုက္ၿပီး ျမည္တြန္ေတာက္တီးေနတာ မဟုတ္ဘူး .. လုမန္ကို မင္းႀကိဳက္ေနပါတယ္လို႔လည္း မစြပ္စြဲဘူး .. သတိေပးေနတာ .. တကယ္ဆို လုမန္က တအားလွတာမို႔ မင္း ႀကိဳက္တယ္ဆိုရင္ေတာင္ ဒါဟာ အဆန္းမဟုတ္ဘူး .. ဒါေပမဲ့ အေမ အခုေျပာေနတာက ငါ့သားကို သူနဲ႔ သေဘာမတူႏိုင္တဲ့အေၾကာင္း.. "
ေျပာရင္း အန္တီခ်ိဳင္က စိတ္မရွည္စြာနဲ႔ ဝူက်ိေကာ္ရဲ့လက္ကို တြန္းဖယ္ပစ္လိုက္ကာ..
" ရွင္က ဘယ္လိုျဖစ္လို႔ အတင္းဆြဲေနတာလဲ "
" လုမန္က မိန္းမေကာင္းေလးပါ၊ မိဘအေပၚမွာသိတတ္တယ္ .. ဒူေပနာေပလည္း ခံႏိုင္တယ္ .. အဲ့ဒီလိုကေလးမ်ိဳးကို မင္းက ဘယ့္ႏွယ္ေၾကာင့္ ဒီလိုေျပာလိုက္တာလဲ၊ မင္းပဲ သူ႔ကို သေဘာေတြက်ေနတာမဟုတ္ဘူးလား၊ သူက အခု မင္းကို ေစာ္ကားေမာ္ကားေျပာလႊတ္လိုက္လို႔လား.. "
" ကြၽန္မ သေဘာက်တာမွန္ပါတယ္၊ ဒါေပမယ့္ လူငယ္ျဖစ္လို႔ ရိုးရိုးတန္းတန္း သေဘာက်ရံုပဲ၊ ေနာက္ၿပီး သူက အကူအညီလိုအပ္ေနတဲ့သူ .. ကိုယ္ေတြ သူ႔ကို မကူညီတာလည္း မဟုတ္ဘူး။ ဟုတ္တယ္ .. ကူညီဖို႔ေတြ ရိွလာရင္ တတ္ႏိုင္သမ်ွ အစြမ္းကုန္ ႀကိဳးစားကူညီေပးသြားမယ္။ ဒါေပမဲ့ အဲ့ဒီထဲမွာ ေခြၽးမအျဖစ္ လက္ခံမယ္ဆိုတာေတာ့ မပါဘူး .. ကူညီတာက ကူညီတာပဲ .. အေျခအေနကိုလည္း ထည့္တြက္ဖို႔ လိုတယ္ရွင့္၊ လုမန္အေမရဲ့က်န္းမာေရးက ဒီလိုရိွေနတယ္.. သူ႔ရဲ့ခြဲစိတ္မႈ ေအာင္ျမင္သြားရင္ေတာင္ ခ်ူခ်ာတာကိုေတာ့ ကုလို႔မရဘူး၊ အနားမွာ ျပဳစုေပးရမယ္ .. က်န္းမာေအာင္ ေဆးေတြကူဖို႔လိုမယ္။ အဲ့ဒါႀကီးက မဆံုးႏိုင္တဲ့ သံသရာလိုပဲ .. ေနာက္မ်ားဆိုရင္ ေငြကုန္ေၾကးက်ေတြ ပိုၿပီးေတာ့ မ်ားလာဦးမယ္.. ခြဲစိတ္ၿပီးတာနဲ႔ အလံုးစံု အဆင္ေျပေကာင္းမြန္ေနမွာမွ မဟုတ္တာ .. လုမန္ရဲ့အေဖကလည္း ျပႆနာမရွာရင္ပဲ ေတာ္လွပါၿပီ လို႔ ေျပာရေလာက္တဲ့ လူတစ္မ်ိဳး .. အဲ့လိုအေဖကို ဘယ္နားမွာ သြားအားကိုးရမလဲ .. ကုန္ကုန္ေျပာရရင္ လုမန္ကို ယူတဲ့ဘယ္သူမဆို လုမန္တစ္ေယာက္တည္းနဲ႔ပဲ ေပါင္းရမွာ မဟုတ္ဘူး.. "
ဝူက်ိေကာ္ အတင္းဖိဆြဲေနတာမို႔ အန္တီခ်ိဳင္က ေဒါသျဖင့္ ေဆာင့္တြန္းပစ္လိုက္သည္။
" ရွင့္ကို မဆြဲနဲ႔လို႔ ေျပာေနတယ္! "
*****
အခန်း [ ၉၃ ]
ရှချင်းဝေ ပြုံးလိုက်မိသည်။
" လီကျဲကို ဒုက္ခမပေးတာအကောင်းဆုံးပေါ့ရှင်၊ ဘာပဲဖြစ်ဖြစ် လုမန်က အလုပ်ရသွားတာပဲလေ၊ မကောင်းဘူးလား "
" ကောင်းပါတယ်.. လုမန်ကိုယ်တိုင်က တကယ်ထူးချွန်တာပါ .. ဘယ်သူ့အကူအညီမှ မပါလည်း သူ့ဟာနဲ့သူ အလုပ်ရမှာပါပဲ "
ဝူလီကျဲက ပြုံးနေသည်။
လုမန် လုချီယွမ်ရဲ့သမီးဖြစ်နေတယ်ဆိုတာကို သူ ခုထိ မယုံကြည်နိုင်သေးပေ။
နှစ်ယောက်က မိုးနှင့်မြေလို ကွာခြားနေတာလည်း ပါသည်။
ပြီးတော့ လုမန်ကို ဘယ်လိုကြည့်ကြည့် လုချီနဲ့လုချီယွမ်ပြောသွားတာတွေနဲ့ နည်းနည်းမှ မတူ..
" ဆေးရုံက အခန်းဖော်ရဲ့သမီးက တအားသနားစရာကောင်းတာ သားရယ် .. ဖအေရင်းက ပထွေးကြီးကျလို့ .. မိထွေးနဲ့ မိထွေးပါသမီးကလည်း အဲ့မိန်းကလေးကို နိုင်စားကြတယ် " တဲ့။
ဟိုတုန်းက အမေ တစ်ခါ ပြောဖူးသည်။
အဲ့ဒါ လုမန်များလား ...
ဟုတ်နေရင် အားလုံး အဓိပ္ပာယ်တော့ရှိနေပြီ..
" အဲ့ဒါဆိုလည်း လုမန် အလုပ်စဆင်းတဲ့အခါ သားက သေချာ ကြည့်ရှုစောင့်ရှောက်ပေးပါ "
ဝူကျိကော်က နည်းနည်းတောင် မစဥ်းစားဘဲ ချက်ချင်းကို ပြောသည်။
" ဟုတ်ကဲ့ပါ "
ဝူလီကျဲက ပြုံးပြီး ခေါင်းညိတ်သည်။
အန်တီချိုင်က ဘာတစ်ခွန်းမှဝင်မပြောပေမယ့် ဖျစ်ညှစ်ပြုံးထားရသလို မျက်နှာကြီးနှင့်။
ဝူကျိကော်က အထုပ်တွေသိမ်းဆည်းပြီးသွားလို့ ရှချင်းဝေနှင့် လုမန်ကို နှုတ်ဆက်စကားပြောပြီးနောက်တွင် ဝူလီကျဲတို့ အန်တီချိုင်တို့နှင့်အတူ အိမ်ကိုပြန်ဖို့ ခရီးဆက်လေသည်။
ရုတ်တရက် ရှချင်းဝေ အမှတ်ရသွားကာ..
" အောင်မယ်လေးတော်! အန်တီချိုင်အတွက် သမီးလုပ်ထားတဲ့ မုန့်လေ အဲ့ဒါ ပေးပြီးပြီလား "
" အာ .. မန်နေဂျာဝူကိုမြင်ပြီး လန့်သွားတာ .. လုံးလုံးကို သတိမရဘူး၊ ခုထိ လက်ထဲမှာပဲ "
လုမန်က လက်ကလေးမြောက်ပြီး ကြည့်သည်။
" သွား .. မြန်မြန်လိုက်ပေးလိုက် .. ခုလောက်ဆို အပြင်မရောက်လောက်သေးဘူး "
" ဟုတ် "
လုမန် ခေါင်းညိတ်ပြီး အမြန်လိုက်,လိုက်သည်။
တော်သေးလို့ .. အန်တီချိုင်တို့အုပ်စုက ဓာတ်လှေကားရှေ့မှာ စောင့်နေတုန်းပဲ ဖြစ်၏။
သူတို့အနား သွားမယ်ပြင်လိုက်တော့ အန်တီချိုင့်စကားသံက နားထဲရောက်လာသည်။
" လီကျဲ .. စောစောက မင်းအဖေပြောတဲ့ လုမန်ကို သေချာ ကြည့်ရှုစောင့်ရှောက်ပေးပါ ဆိုတာမှာ .. ကြည့်ရှုစောင့်ရှောက်လို့ရတယ် ဒါပေမယ့် အရည်မပျော်သွားရဘူးနော် "
ဝူလီကျဲ မျက်မှောင်ကြုတ်မိသွားသည်။
" အမေကလည်းဗျာ .. ရုတ်တရက်ကြီး ဘာလို့ အဲ့ဒါတွေပြောနေတာလဲ .. လုမန်နဲ့ကျွန်တော်နဲ့က မနေ့ကမှ တွေ့ဖူးတာပါ .. အဲ့ဒီ တစ်ခါလေးပဲ .. သူ့အရည်အချင်းကို ကျွန်တော် လေးစားတယ် .. ဒါပေမယ့် တခြားဘာအကန့်မှမရှိဘူး .. အမေကစပြီး အဲ့လိုစကားတွေ မပြောပါနဲ့၊ မတော်လို့ သူများကြားရင် တစ်မျိုးထင်သွားပါဦးမယ် .. ကျွန်တော်က ယောက်ျားသားမို့ ကိစ္စမရှိပေမယ့် အဲ့ဒါ လုမန်အတွက် မကောင်းဘူး .. သိလား .. အထူးသဖြင့် သူက ကျွန်တော့်လက်အောက်က ဝန်ထမ်း၊ ကျွန်တော်က သူ့အထက်လူကြီးဖြစ်နေတဲ့အတွက် ဒီလိုပြောတာ သူ့ဂုဏ်သိက္ခာကို ထိခိုက်စေနိုင်တယ် "
" ငါကလည်း ခုနကမှ ပြောတာလေ .. မင်းရဲ့ကုမ္ပဏီကို လိုက်ပြီး မြည်တွန်တောက်တီးနေတာ မဟုတ်ဘူး .. လုမန်ကို မင်းကြိုက်နေပါတယ်လို့လည်း မစွပ်စွဲဘူး .. သတိပေးနေတာ .. တကယ်ဆို လုမန်က တအားလှတာမို့ မင်း ကြိုက်တယ်ဆိုရင်တောင် ဒါဟာ အဆန်းမဟုတ်ဘူး .. ဒါပေမဲ့ အမေ အခုပြောနေတာက ငါ့သားကို သူနဲ့ သဘောမတူနိုင်တဲ့အကြောင်း.. "
ပြောရင်း အန်တီချိုင်က စိတ်မရှည်စွာနဲ့ ဝူကျိကော်ရဲ့လက်ကို တွန်းဖယ်ပစ်လိုက်ကာ..
" ရှင်က ဘယ်လိုဖြစ်လို့ အတင်းဆွဲနေတာလဲ "
" လုမန်က မိန်းမကောင်းလေးပါ၊ မိဘအပေါ်မှာသိတတ်တယ် .. ဒူပေနာပေလည်း ခံနိုင်တယ် .. အဲ့ဒီလိုကလေးမျိုးကို မင်းက ဘယ့်နှယ်ကြောင့် ဒီလိုပြောလိုက်တာလဲ၊ မင်းပဲ သူ့ကို သဘောတွေကျနေတာမဟုတ်ဘူးလား၊ သူက အခု မင်းကို စော်ကားမော်ကားပြောလွှတ်လိုက်လို့လား.. "
" ကျွန်မ သဘောကျတာမှန်ပါတယ်၊ ဒါပေမယ့် လူငယ်ဖြစ်လို့ ရိုးရိုးတန်းတန်း သဘောကျရုံပဲ၊ နောက်ပြီး သူက အကူအညီလိုအပ်နေတဲ့သူ .. ကိုယ်တွေ သူ့ကို မကူညီတာလည်း မဟုတ်ဘူး။ ဟုတ်တယ် .. ကူညီဖို့တွေ ရှိလာရင် တတ်နိုင်သမျှ အစွမ်းကုန် ကြိုးစားကူညီပေးသွားမယ်။ ဒါပေမဲ့ အဲ့ဒီထဲမှာ ချွေးမအဖြစ် လက်ခံမယ်ဆိုတာတော့ မပါဘူး .. ကူညီတာက ကူညီတာပဲ .. အခြေအနေကိုလည်း ထည့်တွက်ဖို့ လိုတယ်ရှင့်၊ လုမန်အမေရဲ့ကျန်းမာရေးက ဒီလိုရှိနေတယ်.. သူ့ရဲ့ခွဲစိတ်မှု အောင်မြင်သွားရင်တောင် ချူချာတာကိုတော့ ကုလို့မရဘူး၊ အနားမှာ ပြုစုပေးရမယ် .. ကျန်းမာအောင် ဆေးတွေကူဖို့လိုမယ်။ အဲ့ဒါကြီးက မဆုံးနိုင်တဲ့ သံသရာလိုပဲ .. နောက်များဆိုရင် ငွေကုန်ကြေးကျတွေ ပိုပြီးတော့ များလာဦးမယ်.. ခွဲစိတ်ပြီးတာနဲ့ အလုံးစုံ အဆင်ပြေကောင်းမွန်နေမှာမှ မဟုတ်တာ .. လုမန်ရဲ့အဖေကလည်း ပြဿနာမရှာရင်ပဲ တော်လှပါပြီ လို့ ပြောရလောက်တဲ့ လူတစ်မျိုး .. အဲ့လိုအဖေကို ဘယ်နားမှာ သွားအားကိုးရမလဲ .. ကုန်ကုန်ပြောရရင် လုမန်ကို ယူတဲ့ဘယ်သူမဆို လုမန်တစ်ယောက်တည်းနဲ့ပဲ ပေါင်းရမှာ မဟုတ်ဘူး.. "
ဝူကျိကော် အတင်းဖိဆွဲနေတာမို့ အန်တီချိုင်က ဒေါသဖြင့် ဆောင့်တွန်းပစ်လိုက်သည်။
" ရှင့်ကို မဆွဲနဲ့လို့ ပြောနေတယ်! "
*****