အခန္း [ ၉၂ ]
ေန့ခင္းက်ေတာ့ အန္တီခ်ိဳင္ ေရခ်ိဳးခန္းဝင္သြားသျဖင့္ လုမန္ ရွခ်င္းေဝႏွင့္ တိုင္ပင္ေတာ့သည္။
" ေမေမ .. အန္တီခ်ိဳင္က ေမေမ့ကို ေတာ္ေတာ္ေလး ၾကည့္ေပးခဲ့တာေနာ္၊ သူ မနက္ျဖန္ ေဆးရံုဆင္းေတာ့မွာဆိုေတာ့ တစ္ခုခုေပးခ်င္တယ္ "
" ေအး ဟုတ္တယ္ .. ေက်းဇူးတင္စရာပဲကို .. "
ဒါေပမယ့္ အန္တီခ်ိဳင္ကို ဘယ္လိုေက်းဇူးတံုျပန္ရမလဲဆိုတာက ေမးခြန္းခက္ခက္။
သူတို႔မွာ ဟန္က်ိဳးလီဆီကေန ေဆးရံုစရိတ္ေတြေခ်းထားရသျဖင့္ လက္ေဆာင္ေပးဖို႔က်ေတာ့လည္း အမ်ားႀကီး မတတ္ႏိုင္။
" အဲ့ေတာ့ ဘာေပးၾကမလဲ "
ရွခ်င္းေဝ ပူပင္ထိတ္လန္႔လာ၏။
လုမန္က ထပ္စဥ္းစားလိုက္ၿပီးမွ
" ဟို .. မုန္႔တို႔ဘာတို႔ ကိုယ္တိုင္လုပ္ၿပီးေပးရင္ေကာ .. အိမ္ကို သယ္သြားလို႔လည္း ရတယ္ "
လုမန္အႀကံ ေကာင္းတယ္လို႔ ထင္သည္။
ထို႔ေၾကာင့္ လုမန္က အိမ္ကိုျပန္ေရာက္သည္ႏွင့္ ရွခ်င္းေဝအတြက္ ညစာခ်က္ျပဳတ္ၿပီးေတာ့ တရုတ္မုန္႔ပဲသေရစာေတြ လုပ္လိုက္သည္။ က်ိဳးခ်န္ႏွင့္ ရႊီေဟြ့အတြက္ပါ မုန္႔ပိုလုပ္လိုက္၏။
သို႔ေသာ္ ကံဆိုးသည္မွာ သူမ ခ်က္ျပဳတ္ျပင္ဆင္ေပးေနေသာ သူတို႔အဖို႔ စားေသာက္စရာေတြကို ဟန္က်ိဳးလီလက္ဝါးႀကီးအုပ္ၿပီး ေမာင္ပိုင္စီးထားသည္ဆိုတာကို လုမန္တစ္ေယာက္ မသိရွာ။ ဒီေန့လုပ္တဲ့ မုန္႔ပဲသေရစာေတြသည္လည္း ခ်မ္းသာရာရမည္ မဟုတ္ေပ။
ထိုအခ်ိန္မွာ ဒီေန့ လုမန္ကို အိမ္လိုက္ပို႔ေပးေသာ က်ိဳးခ်န္တစ္ေယာက္ဟာ မုန္႔ပဲသေရစာေတြကို မ်က္လံုးျပဴးၾကည့္ေနခဲ့သည္။ ျမင္ရံုႏွင့္ ဗိုက္ေဟာင္းေလာင္းျဖစ္ကာ သြားရည္က်မွာစိုး၍ တံေတြးေတြကို ဦးေအာင္ မ်ိဳခ်ထားလိုက္ရ၏။ ထိုမုန္႔ပဲသေရစာမ်ားမွာ သူတို႔အတြက္ အထူးျပဳလုပ္ထားျခင္း ျဖစ္သည္။ သို႔ေသာ္ ဝမ္းနည္းစိတ္မေကာင္းစြာႏွင့္ က်ိဳးခ်န္တို႔မွာ ျမင္ေနရေသာ္လည္း မၾကင္ရေသာ အျဖစ္။
***
လုမန္က ရွခ်င္းေဝကို ေစာင့္ေပးရင္း ေဆးရံုမွာပဲ ညအိပ္တာျဖစ္သည္။
ထို႔ေၾကာင့္ ေနာက္တစ္ေန့မွာ မနက္ေစာေစာထ၍ အိမ္ကို ျပန္ၿပီး မေန့ညက လုပ္ထားေသာ မုန္႔ေတြကို ေရခဲေသတၲာထဲကေန ထုတ္ယူလိုက္သည္။
ထိုကေန ျပန္ေရာက္တာႏွင့္ လူနာခန္းဆီမွ ရယ္သံေတြကို ၾကားလိုက္ရ၏။
" အစ္မခ်ိဳင္သားက လူေခ်ာေလးပဲ.. "
ရွခ်င္းေဝအသံက ၿပံဳးရႊင္ေနေသာ အသံ။
" ပံုမွန္ဆို သူက သိပ္အလုပ္မ်ားတာေလ .. ငါျဖင့္ ခုလို ေဆးရံုတက္ေနတာကို သူ လာေတြ့မယ္လို႔ေတာင္ မထင္ထားဘူး "
အန္တီခ်ိဳင္က ညည္းတြားေနေပမယ့္ ေလသံက သူ႔သားကို ဂုဏ္ယူဝင့္ႂကြားေနမွန္း သိသာ၏။
" အလုပ္လုပ္တာေကာင္းပါတယ္ အစ္မရယ္ .. လူငယ္ေတြအလုပ္မ်ားတယ္ဆိုတာ ရည္မွန္းခ်က္ ႀကီးၾကလို႔ေပါ့၊ အရည္အခ်င္းက မရိွ .. ဘာအလုပ္မွလည္းမလုပ္ဘဲ .. အိမ္မွာတစ္ေနကုန္ေရသာခိုေနရင္သာ အစ္မခ်ိဳင္ စိတ္ဆိုးရမွာပါ .. ၿပီးေတာ့ ကေလးက မိဘအေပၚမွာ သိတတ္ပါတယ္ "
ရွခ်င္းေဝက ၿပံဳးၿပီး ေျပာသည္။
" မအားတဲ့ၾကားထဲကေနေတာင္ အစ္မတို႔ေတြကို လာၾကည့္ရွာတာေလ.. "
" အဲ့ဒါေတာ့ ဟုတ္တယ္၊ အလုပ္မ်ားေပမယ့္ သိတတ္လို႔ နားလည္ေပးေနရတာ၊ မဟုတ္လို႔ကေတာ့ စြန္႔ပစ္လိုက္တာၾကာေပါ့ "
အန္တီခ်ိဳင္က သူ႔သားကို သိပ္ေတာ္တယ္လို႔ ထင္ၿပီးသားမို႔ ရွခ်င္းေဝ ခ်ီးက်ူးလိုက္ေတာ့ စတင္ႂကြားဝါေလေတာ့၏။
ဘယ္လိုလဲဆို .. သူ႔သားအေၾကာင္းကို သူတစ္ေယာက္ပဲ မေကာင္းေျပာမည္။ သူမ်ားဝင္ေျပာလ်ွင္ ရန္ဖက္ပစ္မည္ ဆိုတာမ်ိဳး။
" မန္မန္ ျပန္လာၿပီလား "
တံခါးဝက လုမန္ကိုျမင္ေတာ့ ရွခ်င္းေဝက လက္ယပ္ေခၚသည္။
" အခ်ိန္မီကေလးပဲ၊ သမီးအန္တီခ်ိဳင္က ေဆးရံုဆင္းရၿပီ .. ခု ျပန္ၾကေတာ့မွာ .. လာ.. "
လုမန္ ဝင္သြားလိုက္ေတာ့ အန္တီခ်ိဳင့္ခုတင္ေဘးမွာ ေယာက္်ားတစ္ေယာက္က ေက်ာေပးရပ္ေနကာ အေတာ္ေလး ရင္းႏွီးသလိုရိွေပမယ့္ ဘယ္မွာ ျမင္ဖူးမွန္းေတာ့ မသိ။
သူမ ၾကည့္ေနတုန္းမွာ ထိုတစ္ေယာက္က ရွခ်င္းေဝေျပာတာကို ၾကားၿပီး ဒီဘက္လွည့္လာသည္။ ေစာေစာက ၿပံဳးေနေသာ မ်က္ႏွာသည္ လုမန္ကို ျမင္တာႏွင့္ အံ့ၾသသည့္ အျဖစ္သို႔ ေရာက္၏။
လုမန္လည္း ပါးစပ္အေဟာင္းသားျဖစ္သြားကာ သိသလိုလိုျဖစ္ေနသည္မွာ မဆန္းေလေတာ့...
" မန္ေနဂ်ာဝူ "
" လုမန္ "
မန္ေနဂ်ာဝူကလည္း ၿပံဳးသည္။
" တိုက္ဆိုင္လိုက္တာေနာ္ "
လုမန္က မယံုၾကည္ႏိုင္ေသာ မ်က္ႏွာေလးႏွင့္
" ဟုတ္တယ္ .. တိုက္ဆိုင္လိုက္တာေနာ္ "
အန္တီခ်ိဳင္က လုမန္ကို ၾကည့္သည္။ ၿပီးေတာ့ ဝူလီက်ဲဘက္ကို လွည့္၍
" သိၾကတာလား "
" ဟုတ္တယ္ .. ဒီေလာက္တိုက္ဆိုင္မယ္လို႔မထင္ထားဘူး .. လုမန္က မေန့က ကြၽန္ေတာ္တို႔ဌာနမွာအလုပ္ေလ်ွာက္သြားတာေလ၊ ကြၽန္ေတာ္ပဲ သူ႔ကို အင္တာဗ်ူးခဲ့တာပါ "
ဝူလီက်ဲက ၿပံဳးၿပံဳးႀကီး ေျပာေလသည္။
အလုပ္မ်ားလို႔ ေဆးရံုကိုေတာ့ သူ လာခဲသည္။
ထို႔အတူ လုမန္ကလည္း အရင္က လုခ်ီလက္ေထာက္ျဖစ္လို႔ လုခ်ီအတြက္ ဗ်ာမ်ားရင္း အလုပ္ေတြ မ်ားသထက္ မ်ားေနခဲ့ရသျဖင့္ ရွခ်င္းေဝကို ေဆးရံုမွာ လာေတြ့ျဖစ္သည့္အႀကိမ္ေရက ဝူလီက်ဲထက္ေတာင္ နည္းေနႏိုင္သည္။
ထို႔ေၾကာင့္ ဒီေန့အထိ မဆံုဖူးၾကျခင္းျဖစ္ရာ..
ေဘးက ဝူက်ိေကာ္က စကားဆက္၏။
" လုမန္ .. ဘာလို႔ ဟန္ေကာ္ပိုေရးရွင္းမွာ အလုပ္ေလ်ွာက္တဲ့အေၾကာင္း ဦးကို မေျပာခဲ့တာလဲ၊ ၿပီးေတာ့ တို႔သားရဲ့ဌာနမွာဆိုတာကိုေရာပဲ .. သမီးက ကုမၸဏီျဖစ္ျဖစ္ ဌာနျဖစ္ျဖစ္ ေျပာျပခဲ့ရင္ ဦးတို႔က ဆက္စပ္ေတြးၾကည့္လို႔ရမွာပဲ .. သားကိုဆက္သြယ္ၿပီးေတာ့လည္း အလုပ္ခန္႔ဖို႔ ေျပာေပးလို႔ ရတာေပါ့ .. အင္တာဗ်ူးေျဖစရာေတာင္ မလိုေလာက္ဘူး "
*****
အခန်း [ ၉၂ ]
နေ့ခင်းကျတော့ အန်တီချိုင် ရေချိုးခန်းဝင်သွားသဖြင့် လုမန် ရှချင်းဝေနှင့် တိုင်ပင်တော့သည်။
" မေမေ .. အန်တီချိုင်က မေမေ့ကို တော်တော်လေး ကြည့်ပေးခဲ့တာနော်၊ သူ မနက်ဖြန် ဆေးရုံဆင်းတော့မှာဆိုတော့ တစ်ခုခုပေးချင်တယ် "
" အေး ဟုတ်တယ် .. ကျေးဇူးတင်စရာပဲကို .. "
ဒါပေမယ့် အန်တီချိုင်ကို ဘယ်လိုကျေးဇူးတုံပြန်ရမလဲဆိုတာက မေးခွန်းခက်ခက်။
သူတို့မှာ ဟန်ကျိုးလီဆီကနေ ဆေးရုံစရိတ်တွေချေးထားရသဖြင့် လက်ဆောင်ပေးဖို့ကျတော့လည်း အများကြီး မတတ်နိုင်။
" အဲ့တော့ ဘာပေးကြမလဲ "
ရှချင်းဝေ ပူပင်ထိတ်လန့်လာ၏။
လုမန်က ထပ်စဥ်းစားလိုက်ပြီးမှ
" ဟို .. မုန့်တို့ဘာတို့ ကိုယ်တိုင်လုပ်ပြီးပေးရင်ကော .. အိမ်ကို သယ်သွားလို့လည်း ရတယ် "
လုမန်အကြံ ကောင်းတယ်လို့ ထင်သည်။
ထို့ကြောင့် လုမန်က အိမ်ကိုပြန်ရောက်သည်နှင့် ရှချင်းဝေအတွက် ညစာချက်ပြုတ်ပြီးတော့ တရုတ်မုန့်ပဲသရေစာတွေ လုပ်လိုက်သည်။ ကျိုးချန်နှင့် ရွှီဟွေ့အတွက်ပါ မုန့်ပိုလုပ်လိုက်၏။
သို့သော် ကံဆိုးသည်မှာ သူမ ချက်ပြုတ်ပြင်ဆင်ပေးနေသော သူတို့အဖို့ စားသောက်စရာတွေကို ဟန်ကျိုးလီလက်ဝါးကြီးအုပ်ပြီး မောင်ပိုင်စီးထားသည်ဆိုတာကို လုမန်တစ်ယောက် မသိရှာ။ ဒီနေ့လုပ်တဲ့ မုန့်ပဲသရေစာတွေသည်လည်း ချမ်းသာရာရမည် မဟုတ်ပေ။
ထိုအချိန်မှာ ဒီနေ့ လုမန်ကို အိမ်လိုက်ပို့ပေးသော ကျိုးချန်တစ်ယောက်ဟာ မုန့်ပဲသရေစာတွေကို မျက်လုံးပြူးကြည့်နေခဲ့သည်။ မြင်ရုံနှင့် ဗိုက်ဟောင်းလောင်းဖြစ်ကာ သွားရည်ကျမှာစိုး၍ တံတွေးတွေကို ဦးအောင် မျိုချထားလိုက်ရ၏။ ထိုမုန့်ပဲသရေစာများမှာ သူတို့အတွက် အထူးပြုလုပ်ထားခြင်း ဖြစ်သည်။ သို့သော် ဝမ်းနည်းစိတ်မကောင်းစွာနှင့် ကျိုးချန်တို့မှာ မြင်နေရသော်လည်း မကြင်ရသော အဖြစ်။
***
လုမန်က ရှချင်းဝေကို စောင့်ပေးရင်း ဆေးရုံမှာပဲ ညအိပ်တာဖြစ်သည်။
ထို့ကြောင့် နောက်တစ်နေ့မှာ မနက်စောစောထ၍ အိမ်ကို ပြန်ပြီး မနေ့ညက လုပ်ထားသော မုန့်တွေကို ရေခဲသေတ္တာထဲကနေ ထုတ်ယူလိုက်သည်။
ထိုကနေ ပြန်ရောက်တာနှင့် လူနာခန်းဆီမှ ရယ်သံတွေကို ကြားလိုက်ရ၏။
" အစ်မချိုင်သားက လူချောလေးပဲ.. "
ရှချင်းဝေအသံက ပြုံးရွှင်နေသော အသံ။
" ပုံမှန်ဆို သူက သိပ်အလုပ်များတာလေ .. ငါဖြင့် ခုလို ဆေးရုံတက်နေတာကို သူ လာတွေ့မယ်လို့တောင် မထင်ထားဘူး "
အန်တီချိုင်က ညည်းတွားနေပေမယ့် လေသံက သူ့သားကို ဂုဏ်ယူဝင့်ကြွားနေမှန်း သိသာ၏။
" အလုပ်လုပ်တာကောင်းပါတယ် အစ်မရယ် .. လူငယ်တွေအလုပ်များတယ်ဆိုတာ ရည်မှန်းချက် ကြီးကြလို့ပေါ့၊ အရည်အချင်းက မရှိ .. ဘာအလုပ်မှလည်းမလုပ်ဘဲ .. အိမ်မှာတစ်နေကုန်ရေသာခိုနေရင်သာ အစ်မချိုင် စိတ်ဆိုးရမှာပါ .. ပြီးတော့ ကလေးက မိဘအပေါ်မှာ သိတတ်ပါတယ် "
ရှချင်းဝေက ပြုံးပြီး ပြောသည်။
" မအားတဲ့ကြားထဲကနေတောင် အစ်မတို့တွေကို လာကြည့်ရှာတာလေ.. "
" အဲ့ဒါတော့ ဟုတ်တယ်၊ အလုပ်များပေမယ့် သိတတ်လို့ နားလည်ပေးနေရတာ၊ မဟုတ်လို့ကတော့ စွန့်ပစ်လိုက်တာကြာပေါ့ "
အန်တီချိုင်က သူ့သားကို သိပ်တော်တယ်လို့ ထင်ပြီးသားမို့ ရှချင်းဝေ ချီးကျူးလိုက်တော့ စတင်ကြွားဝါလေတော့၏။
ဘယ်လိုလဲဆို .. သူ့သားအကြောင်းကို သူတစ်ယောက်ပဲ မကောင်းပြောမည်။ သူများဝင်ပြောလျှင် ရန်ဖက်ပစ်မည် ဆိုတာမျိုး။
" မန်မန် ပြန်လာပြီလား "
တံခါးဝက လုမန်ကိုမြင်တော့ ရှချင်းဝေက လက်ယပ်ခေါ်သည်။
" အချိိန်မီကလေးပဲ၊ သမီးအန်တီချိုင်က ဆေးရုံဆင်းရပြီ .. ခု ပြန်ကြတော့မှာ .. လာ.. "
လုမန် ဝင်သွားလိုက်တော့ အန်တီချိုင့်ခုတင်ဘေးမှာ ယောက်ျားတစ်ယောက်က ကျောပေးရပ်နေကာ အတော်လေး ရင်းနှီးသလိုရှိပေမယ့် ဘယ်မှာ မြင်ဖူးမှန်းတော့ မသိ။
သူမ ကြည့်နေတုန်းမှာ ထိုတစ်ယောက်က ရှချင်းဝေပြောတာကို ကြားပြီး ဒီဘက်လှည့်လာသည်။ စောစောက ပြုံးနေသော မျက်နှာသည် လုမန်ကို မြင်တာနှင့် အံ့သြသည့် အဖြစ်သို့ ရောက်၏။
လုမန်လည်း ပါးစပ်အဟောင်းသားဖြစ်သွားကာ သိသလိုလိုဖြစ်နေသည်မှာ မဆန်းလေတော့...
" မန်နေဂျာဝူ "
" လုမန် "
မန်နေဂျာဝူကလည်း ပြုံးသည်။
" တိုက်ဆိုင်လိုက်တာနော် "
လုမန်က မယုံကြည်နိုင်သော မျက်နှာလေးနှင့်
" ဟုတ်တယ် .. တိုက်ဆိုင်လိုက်တာနော် "
အန်တီချိုင်က လုမန်ကို ကြည့်သည်။ ပြီးတော့ ဝူလီကျဲဘက်ကို လှည့်၍
" သိကြတာလား "
" ဟုတ်တယ် .. ဒီလောက်တိုက်ဆိုင်မယ်လို့မထင်ထားဘူး .. လုမန်က မနေ့က ကျွန်တော်တို့ဌာနမှာအလုပ်လျှောက်သွားတာလေ၊ ကျွန်တော်ပဲ သူ့ကို အင်တာဗျူးခဲ့တာပါ "
ဝူလီကျဲက ပြုံးပြုံးကြီး ပြောလေသည်။
အလုပ်များလို့ ဆေးရုံကိုတော့ သူ လာခဲသည်။
ထို့အတူ လုမန်ကလည်း အရင်က လုချီလက်ထောက်ဖြစ်လို့ လုချီအတွက် ဗျာများရင်း အလုပ်တွေ များသထက် များနေခဲ့ရသဖြင့် ရှချင်းဝေကို ဆေးရုံမှာ လာတွေ့ဖြစ်သည့်အကြိမ်ရေက ဝူလီကျဲထက်တောင် နည်းနေနိုင်သည်။
ထို့ကြောင့် ဒီနေ့အထိ မဆုံဖူးကြခြင်းဖြစ်ရာ..
ဘေးက ဝူကျိကော်က စကားဆက်၏။
" လုမန် .. ဘာလို့ ဟန်ကော်ပိုရေးရှင်းမှာ အလုပ်လျှောက်တဲ့အကြောင်း ဦးကို မပြောခဲ့တာလဲ၊ ပြီးတော့ တို့သားရဲ့ဌာနမှာဆိုတာကိုရောပဲ .. သမီးက ကုမ္ပဏီဖြစ်ဖြစ် ဌာနဖြစ်ဖြစ် ပြောပြခဲ့ရင် ဦးတို့က ဆက်စပ်တွေးကြည့်လို့ရမှာပဲ .. သားကိုဆက်သွယ်ပြီးတော့လည်း အလုပ်ခန့်ဖို့ ပြောပေးလို့ ရတာပေါ့ .. အင်တာဗျူးဖြေစရာတောင် မလိုလောက်ဘူး "
*****