I accidentally became a Villa...

Από MrDerick

670K 56.9K 7.8K

အလွန်အဆဲသန်ပြီး wattpad ဖတ်တိုင်း ဇာတ်ကောင်များကို အချိုးမပြေလျှင် မဟားတရား ဆဲတတ်သော ကောင်လေးတစ်ယောက် သူ ပိုး... Περισσότερα

Episode 1 (U+Z)
Episode 2 (U+Z)
Episode 3 (U+Z)
Episode 4 (U+Z)
Episode 5 (U+Z)
Episode 6 (U+Z)
Episode 7 (U+Z)
Episode 8 (U+Z)
Epidsoe 9 (U+Z)
Episode 10 (U+Z)
Episode 11 (U+Z)
Episode 12 (U+Z)
Episode 13 (U+Z)
Episode 14 (U+Z)
Episode 15 (U+Z)
Episode 16 (U+Z) 🛑⛔🚫
Episode 17 (U+Z) (Slightly 📛📛)
Episode 18(U+Z)
Episode 19 (U+Z)
Episode 20 (U+Z)
Episode 21 (U+Z)
Episode 22 (U+Z)
Episode 23 (U+Z)
Episode 24 (U+Z)
Episode 25 (U+Z)
Episode 26 (U+Z)
Episode 27 (U+Z)
Episode 28 (U+Z)
Episode 29 (U+Z)
Episode 30 (U+Z)
Episode 31 (U+Z)
Episode 32 (U+Z)
Episode 33 (U+Z)
Episode 34 (U+Z)
Episode 35 (U+Z)
Episode 36 (U+Z)
Episode 37 (U+Z)
Episode 38 (U+Z)
Episode 39 (U+Z)
Episode 40 (U+Z)
Episode 41 (U+Z)
Episode 42 (U+Z)
Episode 43 (U+Z)
Episode 44 (U+Z)
Episode 45 (U+Z)
Episode 46 (U+Z)
Episode 47 (U+Z)
Episode 48 (U+Z) 🛑⛔📛
Episode 49 (U+Z)
Episode 50 (U+Z)
Episode 51 (U+Z)
Episode 52 (U+Z)
Episode 53 (U+Z)
Episode 54 (U+Z)
Episode 55 (U+Z)
Episode 56 (U+Z)
Episode 57 (U+Z)
Description for Extra Side Story
Episode 58 (U+Z) 🛑⛔📛
Episode 59 (U+Z) (Final Episode)
Extra Side Story Episode 2
Extra Side Story Episode 3
Erxtra Side Story Episode 4 (Slightly 🚫⛔)
Extra Side Story Episode 5
Extra Side Story Episode 6
Extra Side Story Episode 7
Extra Side Story Episode 8
Extra Side Story Episode 9
Extra Side Story Episode 10
Extra Side Story Episode 11 🛑⛔📛🚫
Extra Side Story Episode 12
Extra Side Story Episode 13
Extra Side Story Episode 14
Extra Side Story Episode 15
Extra Side Story Episode 16
Extra Side Story Episode 17
Extra Side Story Episode 18
Extra Side Story Episode 19
Extra Side Story Final Episode 🛑⛔📛

Extra Side Story Episode 1

9.1K 491 90
Από MrDerick

အချပ်ပို အပိုင်း ၁

Eric ဆိုသော ကောင်လေးသည် အသက် ၂၀ နှစ်အရွယ် လူငယ်လေးတစ်ယောက်သာ ဖြစ်သော်လည်း အချစ်ရေး မှာတော့ ယောကျ်ားကျမ်း ကျေနေသူ တစ်ယောက် ဖြစ်သည် ။
Eric သည် ရုပ်ကလေး ချောသလောက် ပွေသည် ၊ ရှုပ်သည် ၊ မျက်နှာများတတ်သည် ။
သူ့ ဆွဲဆောင်မှုအောက်တွင် ယောကျ်ားအများစုက ကျရှုံးကြရသည် ။

သူ ပွေရှုပ်မှန်း သိသိလျက်နှင့် သူ့ဘက်က ချဥ်းကပ်လာမှုကို ငြင်းဆိုနိုင်သော ယောကျ်ားသားဟူ၍ မရှိသလောက် ရှားပါးလှသည် ။
ထို့ကြောင့်လည်း Gay လောကတွင် Eric ကို မသိသူ ဟူ၍ ခပ်ရှားရှားပင် ဖြစ်လေသည် ။
သူ့ နာမည်ရင်း ကျော်ဇင်သာ ဟူသော အမည်ပင် ပျောက်သွားခဲ့ပြီး Eric ဟုပင် လူတိုင်းက သိကြလေသည် ။

အသက် ၂၀ အရွယ်တွင် Eric နှင့် တွဲဖူးသော ယောကျ်ားပေါင်းက အယောက် ၂၀ မကတော့ပေ ။
ထို့အပြင် ရည်းစားကို နှစ်ယောက် သုံးယောက် လေးယောက် စသည်ဖြင့် တစ်ပြိုင်တည်း တွဲတတ်သည်လည်း ရှိသေးသည် ။
သူ့တွင် ရည်းစားပြတ်လပ်နေသည့်ကာလဟူ၍ မရှိခဲ့ဖူးပေ ။

Eric အတွက် အချစ်ဆိုသော စကားက အလွန်ရယ်စရာကောင်းသော စကားတစ်ခု ဖြစ်သည် ။
သူ အချစ်ဆိုသော အရာကို လုံးဝ အယုံအကြည် မရှိပေ ။
သူ့မိဘများက သူ့ကို မွေးပြီးသည်နှင့် ကွာရှင်းခဲ့ကြသည် ။

သူ့အဖေက သူ့အမေနှင့် ကွာရှင်းပြီးနောက်တွင် မိန်းမ ၃ယောက် ထပ်ယူထားသေးသည် ။
သူ့အမေက နောက်ယောကျ်ား ထပ်မယူသော်လည်း ကောင်လေးငယ်ငယ်လေးများနှင့် တွဲခုတ်နေဆဲ ဖြစ်သည် ။
မိဘနှစ်ပါးလုံးက Eric ကို ဂရုမစိုက်ချင်ကြ ။

သူ့ငယ်ဘဝတွင် မိဘနှစ်ပါးက သူ့ကို မစောင့်ရှောက်ချင်ကြဘဲ ဟိုဘက်ထိုးပေး ဒီဘက်ထိုးပေးနှင့် ခေါင်းရှောင်ခဲ့ကြသောကြောင့် အဖွားဖြစ်သူ လက်ထဲတွင်ပင် ကြီးပျင်းခဲ့ရသည် ။
မိဘများ၏ အဖြစ်အပျက်ကြောင့် သူ ကလေးတစ်ယောက်ကို လွယ်လွယ်ကူကူ လူ့လောကအတွင်းသို့ ခေါ်ခြင်းသည် အပြစ်တစ်ခုဖြစ်ကြောင်း သိမြင်လာခဲ့ရသည် ။

ထို့ကြောင့်ပင် Eric သည် အချစ်ကို မယုံကြည်ဘဲ ယောကျ်ားတကာ၏ အသည်းကို လွယ်လွယ်ဆွဲဆောင်ပြီး လွယ်လွယ်ခွဲပစ်တတ်သော Playboy လေး တစ်ယောက် ဖြစ်လာခဲ့ရလေသည် ။
ထိုသို့သော ဘဝကို သူ ကျေနပ်သည်လည်း မဟုတ်သလို ငြီးငွေ့ခြင်းလည်း မရှိလှ ။
ဤအရာကို သူ့ဘဝ၏ ပုံမှန် လုပ်ငန်းဆောင်တာ တစ်ခုလိုပင် သဘောထားနေခြင်းမျှသာ ဖြစ်သည် ။

တစ်နေ့တော့ သူ့ရည်းစားနှစ်ယောက် ရန်ဖြစ်ကြသည် ။
ရန်ဖြစ်ကြသည့် ကိစ္စကလည်း သူ့ကြောင့်ပင် ဖြစ်သည် ။
သူ့ရည်းစားတစ်ယောက်နှင့် ကလပ်သို့ အတူတူ လာသည်ကို အခြားရည်းစားတစ်ယောက်၏ သူငယ်ချင်းက မြင်သွားခဲ့ကာ သူ့သူငယ်ချင်းကို ဖုန်းဆက်အကြောင်းကြားခဲ့သည် ။

မကြာခင်၌ သူ့နောက်ရည်းတစ်ယောက်က ကလပ်သို့ ချက်ချင်း လိုက်လာခဲ့ပြီးနောက် ထိုနှစ်ယောက်သား ရန်ဖြစ်ကြလေတော့သည် ။
ရန်ပွဲက အစက သိပ်မကြီးသေးသော်လည်း နှစ်ဖက်လုံးက အသိုင်းအဝိုင်းကြီးပြီး အပေါင်းအသင်းများသော သူများမို့ နှစ်ဖက်လုံး၏ လူများ ပါလာကြကာ ပုံမှန်ရန်ပွဲလေးမှ ရန်ပွဲအကြီးကြီး ဖြစ်သွားရလေသည် ။

အစက ရန်ပွဲအသေးလေးမို့ ပွဲကြည့်ပရိတ်သတ်လုပ်ပြီး ကျေနပ်နေခဲ့သော Eric တစ်ယောက် ကလပ်တစ်ခုလုံး ရုန်းရင်းဆန်ခတ် ဖြစ်လာသော ရန်ပွဲကြောင့် သူပါ မနေနိုင်တော့ဘဲ ဝင်ထိန်းရလေသည့် အခြေအနေ ဖြစ်သွားရလေသည် ။

" ရန်မဖြစ်ကြနဲ့တော့... ရန်မဖြစ်ကြနဲ့တော့... ရပ်ကြတော့... "

သူ့ရည်းစားနှစ်ယောက်က သူ့စကားကြောင့် ခဏတော့ ငြိမ်သွားကြသည် ။
ထို့နောက် နှစ်ယောက်လုံးက သူ့ကို မေးလာကြသည်  ။

" Eric က ကိုယ်တို့နှစ်ယောက်ထဲက ဘယ်သူ့ကို ရွေးမှာလဲ ..."

သူ အဖြေရကျပ်သွားမိလေသည် ။
အမှန်တော့ သူက ထိုနှစ်ယောက်လုံးကို အပျော်သဘောလောက်သာ သဘောထားခြင်းဖြစ်သည် ။

" ခင်ဗျားတို့ နှစ်ယောက်လုံး ဘယ်သူ့ကိုမှ မရွေးဘူး... ကျွန်တော့်မှာ နောက်တစ်ယောက် ရှိပြီးသား... ဟုတ်ပြီလား...  "

သူ့အဖြေကြောင့် နှစ်ယောက်လုံး နာကျင်သွားကြပုံ ပေါ်လေသည် ။

" မရွေးရင် ဆက်ချတယ်ကွာ... "

ရန်ပွဲက သူကိုယ်တိုင်လည်း မတားနိုင်တော့သည်အထိ ကြီးကျယ်သွားလေသည် ။
နောက်ဆုံးတော့ ထိုနှစ်ယောက်ကြားထဲသို့ဝင်၍ သူ ဆွဲရလေတော့သည် ။

" တော်ကြပါတော့... တော်ကြပါတော့... "

သို့သော် သူ မထင်မှတ်ထားသည်က ထိုနှစ်ယောက်သား ရန်ဖြစ်ရာ၌ တစ်ယောက်ကိုတစ်ယောက် အားသုံးပြီး အရှိန်ဖြင့် လွှဲရိုက်လိုက်သော ဘီယာပုလင်း နှစ်လုံးသည် သူ့ခေါင်းဆီသို့ တည့်တည့် လာမှန်လေခြင်းပင် ဖြစ်လေသည် ။

" အား... သေပါပြီ... "

သူ နာကျင်လွန်းသောကြောင့် အော်လိုက်မိလေသည် ။
Eric ခမျာ အားနှင့် အရိုက်ခံရပြီးသည်နှင့် သွေးများစီးကျလာပြီး ချက်ချင်းပင် ခွေခွေလေး သတိလစ်သွားလေတော့သည် ။

*******************

သူ သတိပြန်ရလာချိန်တွင် မှောင်မဲသော အခန်းတစ်ခုထဲသို့ ရောက်နေခဲ့လေသည် ။
သူ အခန်းထဲတွင် ဘာကိုမှ မမြင်နိုင်သော်လည်း အသံတစ်သံကိုတော့ ပီပီသသ ကြားလိုက်ရသည် ။

" System ကနေ ကြိုဆိုပါတယ် ဟူးမန်း... "

ဘယ်ကို system ကနေ ကြိုဆိုနေတာတုန်း... ။
System ဆိုတာကကော ဘာကြီးတုန်း ။
ကြည့်ရတာ သူ သေသွားခဲ့ပြီ ထင်သည် ။
သေသွားပြီး လူ့ဘဝက အကုသိုလ်တွေ များလွန်းသောကြောင့် ငရဲပြည် ရောက်လာပုံပေါ်လေသည် ။

" ဘာ system လဲ... system ဆိုတာ ငရဲကြီး ရှစ်ထပ်ထဲက ဘယ်အထပ်ရဲ့ နာမည်လဲ... "

သူ ပြန်မေးလိုက်တော့ တစ်ဖက်က ကြောင်သွားပုံ ပေါ်ပြီး ဘာမှ ပြန်ဖြေမလာပေ ။

" အံမယ်... ဒီငရဲသားက သူ့ကိုယ်သူ ဘယ်အထပ်ကလဲ ဆိုတာတောင် မသိပါလား... လအကောင်ပဲ... "

" ဘယ်က ငရဲပြည်ကမှာတုန်း ဟူးမန်း... ဒါက ငရဲပြည် မဟုတ်ပါဘူး... system ထဲ ရောက်နေတာပါ... "

" System... ? System ဆိုတာ ဘာကြီးတုန်း... "

" တစ်နည်းပြောရရင် ဟူးမန်းက ဝတ္ထုစာအုပ်ထဲ ရောက်သွားတာပါ... "

" ဖွီး... အဓိပ္ပါယ်မရှိတာကြီးကို...  လူက ဘယ်လိုလုပ် ဝတ္ထုစာအုပ်ထဲ ဝင်လို့ရမှာတုန်း... ဝတ္ထုစာအုပ်က လူထဲ ဝင်သွားတာဆိုရင်တောင် ဟုတ်ဦးမယ်... "

" ဟူးမန်းကို ရှင်းပြရတာ လေကုန်လိုက်တာ... အခုက ဝတ္ထုတစ်ပုဒ်ရဲ့ ဇာတ်ကောင်နေရာကို ဟူးမန်းက ရောက်သွားတာ ... မူရင်းဝတ္ထုမှာ အဲ့ဇာတ်ကောင်က မထင်မရှား အရန်ဇာတ်ကောင်လေး... "

" ငါက အရန်ဇာတ်ကောင်ဖြစ်သွားတယ်... ဘယ်လိုလဲ... သရုပ်ဆောင်လုပ်ရမှာကို ပြောတာလား... "

" မဟုတ်ဘူး... ဟူးမန်းက အဲ့ဇာတ်ကောင်အဖြစ် ပြောင်းလဲသွားမှာ... "

Eric သူ့အဖြစ်ကိုသူ မယုံကြည်နိုင်သေးဘဲ အသံရှင်ကိုသာ သံသယနှင့် မေးနေမိသည် ။

" မင်းက ကိုသူရ ရဲ့ လူလား ကိုလရောင်ရဲ့လူလား... "

" အဲ့တာတွေက ဘယ်သူတွေတုန်း... ငါ မသိဘူးလေ ဟူးမန်းရ... "

" အဲ့တာ ငါ့ဘဲနှစ်ယောက်လေ... မင်းကို ဘယ်သူခိုင်းတာလဲ... ငါ့ကို ပြန်ပေးဆွဲထားတာ မဟုတ်လား... လွှတ်ပေး... အခုလွှတ်ပေး... "

နောက်ဆုံးတော့ System guide တစ်ယောက် Eric ကို နားလည်အောင် မရှင်းပြတတ်တော့လေသောကြောင့် အသံပါ ငိုမဲ့မဲ့ ဖြစ်လာလေသည် ။

" တကယ့်ကို ဟူးမန်းက system ထဲ ရောက်နေတာပါဆိုဗျာ ... ဘုရားစူးရပါစေရဲ့... ဘယ်သူမှ ပြန်ပေးဆွဲခိုင်းတာ မဟုတ်ရပါဘူး... "

" နေစမ်းပါဦး... ငါက ဘာလို့ system ထဲကို ရောက်လာရတာတုန်း... "

" ဟူးမန်းရဲ့ မူလကမ္ဘာက ဝိဉာဥ်က အပြင်ကို ထွက်လာပြီး ဒီ system ကမ္ဘာကို ရောက်လာတာ... "

" သြော်... ဝိဉာဥ်အလည်ထွက်တဲ့ သဘောပေါ့... နေစမ်းပါဦး... ဝိဉာဥ်က အပြင်ထွက်တာနဲ့ပဲ system ထဲ ရောက်သွားရောပေါ့... အဓိပ္ပါယ်ကို မရှိတာ... "

System guide ခမျာ ဘယ်လို ဆက်ရှင်းပြရမှန်းမသိရအောင် ဖြစ်နေလေသည် ။
ဟိုတစ်လောက နေတာရာ နေရာကို ဝင်ရမည့် ဗီလိန်ဇာတ်ကောင်အစားထိုး ဟူးမန်းဆိုလျှင် သူ သိပ်ပင် ရှင်းပြစရာမလိုဘဲ နားလည်နေခဲ့သည် ။
အခု ဟူးမန်းကတော့ တကယ့်ကို နလပိန်းတုံးပင် ဖြစ်ရမည် ။

" ဒါနဲ့ ဟူးမန်း System ဝတ္ထုတွေ မဖတ်ဖူးဘူးလား... "

" ငါက အဲ့လို အဓိပ္ပါယ်မရှိတဲ့ ဝတ္ထုတွေကို ဘာလို့ ဖတ်ရမှာလဲ... တစ်နေ့တစ်နေ့ ဘဲတွေနဲ့ ဒိတ်လို့တောင် လက်မလည်တဲ့ ကိစ္စကို... "

ထိုအဖြေကြောင့် system ဂိုက် ခမျာ ဆွံ့အသွားရလေသည် ။

" အဆဲသန်တဲ့ တစ်ယောက်နဲ့ ဘဲများတဲ့ တစ်ယောက်... ငါ့ကို တာဝန်ပေးပဲ ပေးတတ်ပါလေတယ်...  သောက် system သခင်ကတော့ ငါ့ကို သတ်နေသလား အောက်မေ့ရတယ်... "

system guide ခမျာ ညည်းညူဖို့သာ တတ်နိုင်လေတော့သည် ။
ပြီးတော့ ဒီတစ်လော နေတာရာဇာတ်ကောင် ဟူးမန်းဆီက အကျင့်တွေကူးပြီး သူပါ အဆဲသန်လာလေပြီ ။
ဒီအကျင့်ကို သူ အမြန်ဖျောက်ဖျက်ပစ်မှဖြစ်တော့မည် ။

" ဒါနဲ့ ခင်ဗျားနာမည်က ဘယ်သူလဲ... "

Eric က ထို ဂိုက်ဆိုသူကို နာမည်မေးလိုက်သည် ။

" ငါ့မှာ နာမည်မရှိဘူး... ငါက ဟူးမန်းကို လမ်းညွှန်ပေးတဲ့ ဂိုက်ပဲ... "

" နာမည် မရှိတာဆိုရင် မကောင်းဘူးလေ... နာမည်လေးတော့ ရှိမှပေါ့... ဒါမှ နာမည်နဲ့ ခေါ်လို့ရမှာ... "

" system guide တွေက အမှတ်စဥ်တွေပဲ ရှိတယ်... နာမည်မရှိဘူး... "

" ဒါဆို ငါ မင်းကို နာမည်ပေးမယ်လေ... "

" ရတယ်... ငါ နာမည်မလိုဘူး... ကျေးဇူးပဲ... "

" ရတယ်လေ... ဒါဆို မင်းကို ငါ အချစ်လေးလို့ပဲ ခေါ်မယ်လေ... မကောင်းဘူးလား... မင်းအသံလေးကလည်း ချိုချိုသာသာလေးဆိုတော့ အသံလေးနဲ့တင် ငါ သဘောကျနေပါပြီ... "

" ဟမ်... ဟူးမန်း... ဘာစကားပြောတာလဲ... "

ဂိုက်ကောင်ခမျာ အထိတ်တလန့် ပြန်မေးရရှာလေသည် ။
အခု သူ အကြူခံလိုက်ရတာများလားဟု တွေးလိုက်မိသည် ။

" ဟဲဟဲ... အသံလေးကို သဘောကျလို့ အီကြည့်တာလေ... မရဘူးလား... "

System guide ခမျာ ငိုပါငိုချင်သွားရသည် ။
သူ ဤ system တွင် အလုပ်လုပ်လာသည်မှာ နှစ်များစွာ ကြာနေပြီ ဖြစ်သော်လည်း သူ့ကို လာပြီး အီစီကလီလုပ်သည်ကို ယခုမှ ပထမဆုံး ကြုံလိုက်ရခြင်းဖြစ်သည် ။

" system guide ဆိုတာ ဟူးမန်းနဲ့ ဘဝချင်း မတူပါဘူး... အဲ့လို ပေါက်ကရတွေ မပြောဖို့ တားမြစ်ပါတယ် ဟူးမန်း... "

" အာ... ငါတောင် system ထဲ ရောက်လာသေးတာပဲ ... system guide နဲ့ကော ဘာလို့ ကြိုက်လို့ မရရမှာလဲ... ဟုတ်တယ်မလား... "

" ဒါက နောက်စရာမဟုတ်ပါ ဟူးမန်း... အခုကစပြီး ပြောမယ့်စကားကို အာရုံစိုက်ပါ... "

" အာရုံစိုက်စေချင်ရင် ငါ့ကို ကိုကိုလို့ခေါ်... "

" ဖွီး... "

ဂိုက်ကောင်ခမျာ တံတွေးပင် သီးသွားရလေသည် ။

" ထပ်ပြောင်နေရင် ဟူးမန်းကို system က ထုတ်ပယ်လိုက်ပြီး လေလွင့်ဝိဉာဥ် ဘဝကို ပို့ပစ်တော့မှာပါ... "

Eric တစ်ယောက် ကြောင်သွားရသည် ။
ကြည့်ရသည်မှာ ဤ system guide ကောင်က သူ့ကို လေလွင့်ဝိဉာဥ် တောင် ဖြစ်အောင်လုပ်နိုင်သည်ပေါ့ ။
ဒါဆိုရင်တော့ ဒီကောင်က တော်တော်လေး အစွမ်းရှိတဲ့ကောင်ပဲနေမှာ ။

ဘာပဲဖြစ်ဖြစ် သူကလည်း အဲ့လိုမျိုးကိုမှ ပိုကြိုက်တာ ဖြစ်သည် ။
ဒီ ဂိုက်ကောင်သာ သူ့ကို ပြန်ကြိုက်လာလျှင် သူ့အတွက် ဤ system ထဲတွင် အနေအစားချောင်လောက်သည် ။

" ကဲကဲ... အချစ်လေး... ပြောစရာရှိတာပြောပါ... ကိုကို နားထောင်နေမယ်.. "

" ဖွီး... ငလူးကောင် ဟူးမန်း... တောင်းပန်ပါတယ်နော်... ငါ့ကို အဲ့လို ကြက်သီးထအောင် မခေါ်စမ်းပါနဲ့ ..."

သူ့ဂိုက်သက်တမ်းတစ်လျှောက် အခုမှပင် ပထမဆုံးနေ့ ရောက်လာသူ ဟူးမန်းကို တောင်းပန်ရဖူးသေးသည် ။
ဒါကြီးက လူတကာ ဖိန့်ဖိန့်တုန်အောင် လေးစားကြောက်ရွံ့ရသော တည်ကြည်ပြီး အကူအညီ ပေးတတ်သည့် စိတ်ကောင်းစေတနာရှိသော သူ့လို system guide ကို စော်ကားသလိုခံစားရစေသည် ။

" ကဲပါလေ... ဒါဆိုလည်းပြော... "

" ဟူးမန်းက ဒီဝတ္ထုထဲက အရန်ဇာတ်ကောင်နေရာကို ဝင်သွားရမှာ... ဝတ္ထုထဲက ဒုတိယဇာတ်လိုက်ရဲ့ လူယုံအတွင်းရေးမှူးနေရာကို ဝင်ရမှာပေါ့လေ ... အခုအချိန်က စပြီး ဟူးမန်းရဲ့ memory ထဲကို ဇာတ်ကြောင်းနဲ့ မှတ်ဉာဏ်တွေ install စလုပ်ပေးတော့မယ်... "

ခဏအကြာတွင်တော့ သူ့ ဦးနှောက်မှတ်ဉာဏ်ထဲသို့ သူဝင်ရမည့် system ဇာတ်ကောင်၏ ကိုယ်ရေးအချက်အလက်များ အားလုံး ရောက်လာလေတော့သည် ။

' အမည်... Eric '
အိုး... ဒီ အရန်ဇာတ်ကောင်နာမည်က သူ့ မူလကမ္ဘာဆီတုန်းက ဂေးလောကတွင် သိကြသော သူ့ နာမည်နှင့် အတူတူပင်ဖြစ်နေသည် ။

' အသက်... ၁၉နှစ် '
မူလကမ္ဘာမှ သူက အသက် ၂၀ ဖြစ်သောကြောင့် အသက်ကတော့ ကွာခြားမှု သိပ်မရှိလှ ။

' ဖခင်ဖြစ်သူက ကျောက်တူးနေစဥ်အချိန်တွင် ဇဏ်မင်းမောင်ဆိုသည့် ဇာတ်ကောင်ကို ကာကွယ်ပေးရင်း အသက်ဆုံးရှုံးခဲ့ရ '
ဒါကြီးကတော့ မြန်မာ ဒရာမာ ကားတွေထဲက အကွက်မျိုးတွေပဲ မဟုတ်ဘူးလား ။
အပြင်မှာ ဘယ်သူကများ သူ့အသက်ကို သူ စွန့်ပြီး သူများကို ကာကွယ်ပေးမှာမို့လို့တုန်း ။

' ဇဏ်မင်းမောင် ဆိုသူက Eric ဆိုသော ကောင်လေးကို သူ့အဖေပေါ် တင်နေသည့် ကျေးဇူးကြွေးများ ဆပ်သည့်အနေဖြင့် အတူနေရန် ခေါ်ထားပြီး အတွင်းရေးမှူးလုပ်ခိုင်းမည်ဖြစ်သည် '

' Eric ၏ ကျွမ်းကျင်မှု... တိုက်ခိုက်ရေး ကျွမ်းကျင်ပြီး သေနတ်ပစ် လက်အလွန်ဖြောင့်သူ ဖြစ်သည် '
ဒီ စွမ်းရည်ကိုတော့ သူ အလွန်သဘောကျမိသည် ။
၁၉ နှစ်နှင့် တိုက်ခိုက်ရည် စွမ်းရည် မြင့်မားသည့် ကာရိုက်တာကိုတော့ သူ ကြိုက်သည် ။
သူဆိုလျှင်တော့ ရန်ဖြစ်သူနှစ်ယောက်ကို ဝင်ဆွဲရင်း ခေါင်းကွဲသွားခဲ့သည်သာ ဖြစ်သည် ။

" ဟူးမန်း လုပ်ရမယ့် mission က အရမ်းကြီးမခက်သလို အရမ်းကြီးလည်း မလွယ်နေပြန်ဘူး ... "

" ဘာများလဲ... ပြောပါဦး... "
သူ စိတ်လှုပ်ရှားပြီး သိလိုစိတ် ပြင်းထန်စွာ မေးလိုက်မိသည် ။

" ဇဏ်မင်းမောင်ဆိုတဲ့ ဇာတ်ကောင်က ဟူးမန်းကို ပြန်ကြိုက်လာအောင် လုပ်ရမှာပဲ... "

Eric က ခွက်ထိုးခွက်လန်ရယ်ရင်း ဂိုက်ကောင်ကို ပေါ့ပေါ့ပါးပါးသာ လှောင်လျက် ဆိုလိုက်သည် ။

" ဘာများလဲလို့ကွာ... လွယ်လိုက်တဲ့ mission... ငါ ဒီအသက်အရွယ်အထိ ​လိုက်လို့မရတဲ့ ယောကျ်ားဆိုတာ မရှိခဲ့​ဖူးဘူး... ယောကျ်ားတိုင်း ငါ့ဆွဲဆောင်မှုအောက်ကနေ မလွတ်နိုင်ဘူး... လွတ်သွားရင်လည်း အဲ့တာ ယောကျ်ားမဟုတ်လို့ပဲ... ဟဲဟဲ... ဘာလိုလိုနဲ့ ငါ့ကို ဒီနေ့မှတွေ့တဲ့ မင်းတောင် အခုထဲက ကြွေသွားပြီမဟုတ်လား... "

" ... "

System guide ခမျာ ပြောစရာစကားများ မဲ့ပြီး ဆွံ့အသွားရလေသည် ။
ဤ ဟူးမန်း၏ ကွန်ဖီးဒန့် လယ်ဗယ်သည် ဤ စကြာဝဠာ ၏ အပြင်ဘက်အထိပင် ကျော်လွန်နေလောက်သလား မပြောတတ်ပေ ။

" ကဲ... ဝတ္ထုထဲက ဇာတ်ကွက်တစ်ခုကို ဟူးမန်းကို ငါ ပို့ပေးတော့မယ်နော်... "

" ဘယ်ဇာတ်ကွက်လဲ... "

" ဇဏ်မင်းမောင် ဆိုတဲ့ ဇာတ်ကောင်က ဟူးမန်းကို ရွာမှာ လာခေါ်တဲ့ ဇာတ်ကွက်... "

ထို့နောက်တွင်မူ အလွန်တရာလျင်မြန်သော လေပွေတစ်ခုက သူ့ကို ဆွဲခေါ်သွားကာ မျက်စိတစ်မှိတ်အတွင်းမှာပင် Eric တစ်ယောက် System ထဲသို့ ရောက်ရှိသွားလေတော့သည် ။

" Eric... ဦးဇဏ်ပြောတာ သေသေချာချာ ဆုံးဖြတ်ပါဦး... မလိုက်ဘူးချည်းပဲ ဘူးခံ ငြင်းမနေပါနဲ့နော်... "

ဇဏ်မင်းမောင် က Eric ကို သူနှင့်အတူ မြို့ပေါ် လိုက်ဖို့ ခေါ်နေသောအခန်းဖြစ်သည် ။
တကယ့်ဝတ္ထုထဲတွင် အမောင် Eric က သူ့ သူငယ်ချင်းများနှင့် သူ့ရွာကို မခွဲနိုင်သောကြောင့် ဇဏ်မင်းမောင် နှင့် အတူလိုက်ဖို့ကို အတင်းငြင်းဆန်နေသော အခန်းဖြစ်သည် ။

Eric ဇဏ်မင်းမောင် ဆိုသူကို လှည့်၍ ကြည့်ကြည့်လိုက်သည် ။
အာ... ဒီဘဲကြီးက သောက်ရမ်းကြီးကို မိုက်တာပဲ ။
ဗလတောင့်တောင့် အညိုဆင်ကိုမှ ရုပ်ခပ်ဖြောင့်ဖြောင့်နဲ့ ။
ဒါကြီးက သူ့အကြိုက်မှ သူ့အကြိုက်စစ်စစ် ၊ သူ့ type စစ်စစ်ကြီး ဖြစ်သည် ။

မူရင်းဇာတ်ကောင် Eric က ရူးနေလို့သာ ဒီလို အညိုဆင် အတောင့်ဆင်ကြီးကို အတူလိုက်သွားဖို့ ငြင်းလိုက်ခြင်း ဖြစ်လိမ့်မည် ။
သူကတော့ ငြင်းဖို့ စဥ်းစား၍တောင်မရပေ ။

" ဟုတ်ကဲ့... ကျွန်တော် မငြင်းတော့ပါဘူး... ဦးဇဏ်... ကျွန်တော် ဦးဇဏ်နဲ့ တူတူလိုက်ခဲ့ပါတော့မယ်... "

သူ့မှာ ဒီလို အဆင်ကြီးနှင့် နေရတော့မည် ဖြစ်သောကြောင့် ပျော်လွန်းလို့ပင် ထ က ချင်နေသော်လည်း ဇာတ်ကွက်အရ သူက အဖေကို ဆုံးရှုံးထားတာ မကြာသေးသော သနားစရာလူငယ်လေး ဖြစ်နေသည် ။
ထိုသို့ မဟုတ်လျှင် သူ ထ က မိလောက်သည် ။

" ဒါဆို Eric ဦးဇဏ်နဲ့ လိုက်ခဲ့မှာပေါ့နော်... "

ဇဏ်မင်းမောင်ဆိုသူက သူ့ကို စိတ်လိုလက်ရ ပြုံးပြပြီး မေးလာလေသည် ။

" လိုက်မှာ လိုက်မှာ... တစ်ခါထဲ လိုက်ခဲ့မှာပါ ဦးဇဏ်... "

သူ ဇဏ်မင်းမောင် ဆိုသူအနားသို့  ကပ်သွားပြီး ဝမ်းနည်းနေပုံလုပ်ပြကာ ဦးဇဏ်၏ လက်မောင်းကြီးကို အားကိုးရာပုံစံဖြင့်ကိုင်ချလိုက်သည် ။
အား... လက်မောင်းကြီးတွေက ကြွက်သားတွေနဲ့ တောင့်တင်းနေတာပဲ  ... ။
ကိုင်ရတာ အားရစရာ ကောင်းလိုက်ပါဘိ ။
သူ့မှာ ထိုလက်မောင်းကြီးကို အားရပါးရ ပွတ်သပ်ဆုပ်နယ်ချင်နေသော စိတ်ရိုင်းတို့ကို ထိန်းနေရလေသည် ။

" အဖေလည်း မရှိတော့ဘူးဆိုတော့ ဒီနေ့ကစပြီး ဦးဇဏ်ကိုပဲ ဆွေမျိုးသားချင်းအရင်းအချာလို အားကိုးပြီး နေပါရစေနော် ဦးဇဏ်... "

သူ ဦးဇဏ်ကို ဖက်လိုက်ပြီး ဦးဇဏ်ရင်ခွင်ထဲသို့ အားနည်းနေသော ကလေးငယ်လေးလို ဝင်ချပစ်လိုက်သည် ။
ထိုဘဲကြီး၏ ယောကျ်ားဆန်သော အရိုင်းဆန်ဆန် ရနံ့တို့ကိုပင် ခိုးရှူလိုက်သေးသည် ။
ဦးဇဏ်က သူ့ကို အားငယ်နေရှာသည် ထင်ပြီး ခေါင်းကို ပွတ်သပ်ကာ နှစ်သိမ့်ပေးနေလေသည် ။

" ဒီနေ့ကစပြီး ငါ Eric ကို တူလေး သားလေး တစ်ယောက်လို စောင့်ရှောက်ပေးဖို့ တမလွန်က Eric ရဲ့ အဖေကို ကတိပေးပါတယ်ကွာ... "

" ဟုတ်ကဲ့... ကျေးဇူးတင်ပါတယ် ဦးဇဏ်ရယ် ... "

သူ အားငယ်ပြီး ထမင်းခုနစ်ရက်မစားထားသော အသံကို တမင် လုပ်ယူကာ ပြောလိုက်လေခြင်းဖြစ်သည် ။
Eric တစ်ယောက် ကြိတ်ကာ သာယာစွာ ပြုံးနေမိပြီး စိတ်ထဲကတော့ တူလေး သားလေးလို မဟုတ်ဘဲ မယားတစ်ယောက်လို စောင့်ရှောက်ချင်လည်း စိတ်မဆိုးပါဘူး ဟုသာ အကြံဆိုးကြီးကို တွေးနေမိလေတော့သည် ။

အခ်ပ္ပို အပိုင္း ၁

Eric ဆိုေသာ ေကာင္ေလးသည္ အသက္ ၂၀ ႏွစ္အ႐ြယ္ လူငယ္ေလးတစ္ေယာက္သာ ျဖစ္ေသာ္လည္း အခ်စ္ေရး မွာေတာ့ ေယာက်္ားက်မ္း ေက်ေနသူ တစ္ေယာက္ ျဖစ္သည္ ။
Eric သည္ ႐ုပ္ကေလး ေခ်ာသေလာက္ ေပြသည္ ၊ ရႈပ္သည္ ၊ မ်က္ႏွာမ်ားတတ္သည္ ။
သူ႕ ဆြဲေဆာင္မႈေအာက္တြင္ ေယာက်္ားအမ်ားစုက က်ရႈံးၾကရသည္ ။

သူ ေပြရႈပ္မွန္း သိသိလ်က္ႏွင့္ သူ႕ဘက္က ခ်ဥ္းကပ္လာမႈကို ျငင္းဆိုနိုင္ေသာ ေယာက်္ားသားဟူ၍ မရွိသေလာက္ ရွားပါးလွသည္ ။
ထို႔ေၾကာင့္လည္း Gay ေလာကတြင္ Eric ကို မသိသူ ဟူ၍ ခပ္ရွားရွားပင္ ျဖစ္ေလသည္ ။
သူ႕ နာမည္ရင္း ေက်ာ္ဇင္သာ ဟူေသာ အမည္ပင္ ေပ်ာက္သြားခဲ့ၿပီး Eric ဟုပင္ လူတိုင္းက သိၾကေလသည္ ။

အသက္ ၂၀ အ႐ြယ္တြင္ Eric ႏွင့္ တြဲဖူးေသာ ေယာက်္ားေပါင္းက အေယာက္ ၂၀ မကေတာ့ေပ ။
ထို႔အျပင္ ရည္းစားကို ႏွစ္ေယာက္ သုံးေယာက္ ေလးေယာက္ စသည္ျဖင့္ တစ္ၿပိဳင္တည္း တြဲတတ္သည္လည္း ရွိေသးသည္ ။
သူ႕တြင္ ရည္းစားျပတ္လပ္ေနသည့္ကာလဟူ၍ မရွိခဲ့ဖူးေပ ။

Eric အတြက္ အခ်စ္ဆိုေသာ စကားက အလြန္ရယ္စရာေကာင္းေသာ စကားတစ္ခု ျဖစ္သည္ ။
သူ အခ်စ္ဆိုေသာ အရာကို လုံးဝ အယုံအၾကည္ မရွိေပ ။
သူ႕မိဘမ်ားက သူ႕ကို ေမြးၿပီးသည္ႏွင့္ ကြာရွင္းခဲ့ၾကသည္ ။

သူ႕အေဖက သူ႕အေမႏွင့္ ကြာရွင္းၿပီးေနာက္တြင္ မိန္းမ ၃ေယာက္ ထပ္ယူထားေသးသည္ ။
သူ႕အေမက ေနာက္ေယာက်္ား ထပ္မယူေသာ္လည္း ေကာင္ေလးငယ္ငယ္ေလးမ်ားႏွင့္ တြဲခုတ္ေနဆဲ ျဖစ္သည္ ။
မိဘႏွစ္ပါးလုံးက Eric ကို ဂ႐ုမစိုက္ခ်င္ၾက ။

သူ႕ငယ္ဘဝတြင္ မိဘႏွစ္ပါးက သူ႕ကို မေစာင့္ေရွာက္ခ်င္ၾကဘဲ ဟိုဘက္ထိုးေပး ဒီဘက္ထိုးေပးႏွင့္ ေခါင္းေရွာင္ခဲ့ၾကေသာေၾကာင့္ အဖြားျဖစ္သူ လက္ထဲတြင္ပင္ ႀကီးပ်င္းခဲ့ရသည္ ။
မိဘမ်ား၏ အျဖစ္အပ်က္ေၾကာင့္ သူ ကေလးတစ္ေယာက္ကို လြယ္လြယ္ကူကူ လူ႕ေလာကအတြင္းသို႔ ေခၚျခင္းသည္ အျပစ္တစ္ခုျဖစ္ေၾကာင္း သိျမင္လာခဲ့ရသည္ ။

ထို႔ေၾကာင့္ပင္ Eric သည္ အခ်စ္ကို မယုံၾကည္ဘဲ ေယာက်္ားတကာ၏ အသည္းကို လြယ္လြယ္ဆြဲေဆာင္ၿပီး လြယ္လြယ္ခြဲပစ္တတ္ေသာ Playboy ေလး တစ္ေယာက္ ျဖစ္လာခဲ့ရေလသည္ ။
ထိုသို႔ေသာ ဘဝကို သူ ေက်နပ္သည္လည္း မဟုတ္သလို ၿငီးေငြ႕ျခင္းလည္း မရွိလွ ။
ဤအရာကို သူ႕ဘဝ၏ ပုံမွန္ လုပ္ငန္းေဆာင္တာ တစ္ခုလိုပင္ သေဘာထားေနျခင္းမွ်သာ ျဖစ္သည္ ။

တစ္ေန႕ေတာ့ သူ႕ရည္းစားႏွစ္ေယာက္ ရန္ျဖစ္ၾကသည္ ။
ရန္ျဖစ္ၾကသည့္ ကိစၥကလည္း သူ႕ေၾကာင့္ပင္ ျဖစ္သည္ ။
သူ႕ရည္းစားတစ္ေယာက္ႏွင့္ ကလပ္သို႔ အတူတူ လာသည္ကို အျခားရည္းစားတစ္ေယာက္၏ သူငယ္ခ်င္းက ျမင္သြားခဲ့ကာ သူ႕သူငယ္ခ်င္းကို ဖုန္းဆက္အေၾကာင္းၾကားခဲ့သည္ ။

မၾကာခင္၌ သူ႕ေနာက္ရည္းတစ္ေယာက္က ကလပ္သို႔ ခ်က္ခ်င္း လိုက္လာခဲ့ၿပီးေနာက္ ထိုႏွစ္ေယာက္သား ရန္ျဖစ္ၾကေလေတာ့သည္ ။
ရန္ပြဲက အစက သိပ္မႀကီးေသးေသာ္လည္း ႏွစ္ဖက္လုံးက အသိုင္းအဝိုင္းႀကီးၿပီး အေပါင္းအသင္းမ်ားေသာ သူမ်ားမို႔ ႏွစ္ဖက္လုံး၏ လူမ်ား ပါလာၾကကာ ပုံမွန္ရန္ပြဲေလးမွ ရန္ပြဲအႀကီးႀကီး ျဖစ္သြားရေလသည္ ။

အစက ရန္ပြဲအေသးေလးမို႔ ပြဲၾကည့္ပရိတ္သတ္လုပ္ၿပီး ေက်နပ္ေနခဲ့ေသာ Eric တစ္ေယာက္ ကလပ္တစ္ခုလုံး ႐ုန္းရင္းဆန္ခတ္ ျဖစ္လာေသာ ရန္ပြဲေၾကာင့္ သူပါ မေနနိုင္ေတာ့ဘဲ ဝင္ထိန္းရေလသည့္ အေျခအေန ျဖစ္သြားရေလသည္ ။

" ရန္မျဖစ္ၾကနဲ႕ေတာ့... ရန္မျဖစ္ၾကနဲ႕ေတာ့... ရပ္ၾကေတာ့... "

သူ႕ရည္းစားႏွစ္ေယာက္က သူ႕စကားေၾကာင့္ ခဏေတာ့ ၿငိမ္သြားၾကသည္ ။
ထို႔ေနာက္ ႏွစ္ေယာက္လုံးက သူ႕ကို ေမးလာၾကသည္  ။

" Eric က ကိုယ္တို႔ႏွစ္ေယာက္ထဲက ဘယ္သူ႕ကို ေ႐ြးမွာလဲ ..."

သူ အေျဖရက်ပ္သြားမိေလသည္ ။
အမွန္ေတာ့ သူက ထိုႏွစ္ေယာက္လုံးကို အေပ်ာ္သေဘာေလာက္သာ သေဘာထားျခင္းျဖစ္သည္ ။

" ခင္ဗ်ားတို႔ ႏွစ္ေယာက္လုံး ဘယ္သူ႕ကိုမွ မေ႐ြးဘူး... ကြၽန္ေတာ့္မွာ ေနာက္တစ္ေယာက္ ရွိၿပီးသား... ဟုတ္ၿပီလား...  "

သူ႕အေျဖေၾကာင့္ ႏွစ္ေယာက္လုံး နာက်င္သြားၾကပုံ ေပၚေလသည္ ။

" မေ႐ြးရင္ ဆက္ခ်တယ္ကြာ... "

ရန္ပြဲက သူကိုယ္တိုင္လည္း မတားနိုင္ေတာ့သည္အထိ ႀကီးက်ယ္သြားေလသည္ ။
ေနာက္ဆုံးေတာ့ ထိုႏွစ္ေယာက္ၾကားထဲသို႔ဝင္၍ သူ ဆြဲရေလေတာ့သည္ ။

" ေတာ္ၾကပါေတာ့... ေတာ္ၾကပါေတာ့... "

သို႔ေသာ္ သူ မထင္မွတ္ထားသည္က ထိုႏွစ္ေယာက္သား ရန္ျဖစ္ရာ၌ တစ္ေယာက္ကိုတစ္ေယာက္ အားသုံးၿပီး အရွိန္ျဖင့္ လႊဲရိုက္လိုက္ေသာ ဘီယာပုလင္း ႏွစ္လုံးသည္ သူ႕ေခါင္းဆီသို႔ တည့္တည့္ လာမွန္ေလျခင္းပင္ ျဖစ္ေလသည္ ။

" အား... ေသပါၿပီ... "

သူ နာက်င္လြန္းေသာေၾကာင့္ ေအာ္လိုက္မိေလသည္ ။
Eric ခမ်ာ အားႏွင့္ အရိုက္ခံရၿပီးသည္ႏွင့္ ေသြးမ်ားစီးက်လာၿပီး ခ်က္ခ်င္းပင္ ေခြေခြေလး သတိလစ္သြားေလေတာ့သည္ ။

*******************

သူ သတိျပန္ရလာခ်ိန္တြင္ ေမွာင္မဲေသာ အခန္းတစ္ခုထဲသို႔ ေရာက္ေနခဲ့ေလသည္ ။
သူ အခန္းထဲတြင္ ဘာကိုမွ မျမင္နိုင္ေသာ္လည္း အသံတစ္သံကိုေတာ့ ပီပီသသ ၾကားလိုက္ရသည္ ။

" System ကေန ႀကိဳဆိုပါတယ္ ဟူးမန္း... "

ဘယ္ကို system ကေန ႀကိဳဆိုေနတာတုန္း... ။
System ဆိုတာကေကာ ဘာႀကီးတုန္း ။
ၾကည့္ရတာ သူ ေသသြားခဲ့ၿပီ ထင္သည္ ။
ေသသြားၿပီး လူ႕ဘဝက အကုသိုလ္ေတြ မ်ားလြန္းေသာေၾကာင့္ ငရဲျပည္ ေရာက္လာပုံေပၚေလသည္ ။

" ဘာ system လဲ... system ဆိုတာ ငရဲႀကီး ရွစ္ထပ္ထဲက ဘယ္အထပ္ရဲ႕ နာမည္လဲ... "

သူ ျပန္ေမးလိုက္ေတာ့ တစ္ဖက္က ေၾကာင္သြားပုံ ေပၚၿပီး ဘာမွ ျပန္ေျဖမလာေပ ။

" အံမယ္... ဒီငရဲသားက သူ႕ကိုယ္သူ ဘယ္အထပ္ကလဲ ဆိုတာေတာင္ မသိပါလား... လအေကာင္ပဲ... "

" ဘယ္က ငရဲျပည္ကမွာတုန္း ဟူးမန္း... ဒါက ငရဲျပည္ မဟုတ္ပါဘူး... system ထဲ ေရာက္ေနတာပါ... "

" System... ? System ဆိုတာ ဘာႀကီးတုန္း... "

" တစ္နည္းေျပာရရင္ ဟူးမန္းက ဝတၳဳစာအုပ္ထဲ ေရာက္သြားတာပါ... "

" ဖြီး... အဓိပ္ပါယ်မရှိတာကြီးကို...  လူက ဘယ္လိုလုပ္ ဝတၳဳစာအုပ္ထဲ ဝင္လို႔ရမွာတုန္း... ဝတၳဳစာအုပ္က လူထဲ ဝင္သြားတာဆိုရင္ေတာင္ ဟုတ္ဦးမယ္... "

" ဟူးမန္းကို ရွင္းျပရတာ ေလကုန္လိုက္တာ... အခုက ဝတၳဳတစ္ပုဒ္ရဲ႕ ဇာတ္ေကာင္ေနရာကို ဟူးမန္းက ေရာက္သြားတာ ... မူရင္းဝတၳဳမွာ အဲ့ဇာတ္ေကာင္က မထင္မရွား အရန္ဇာတ္ေကာင္ေလး... "

" ငါက အရန္ဇာတ္ေကာင္ျဖစ္သြားတယ္... ဘယ္လိုလဲ... သ႐ုပ္ေဆာင္လုပ္ရမွာကို ေျပာတာလား... "

" မဟုတ္ဘူး... ဟူးမန္းက အဲ့ဇာတ္ေကာင္အျဖစ္ ေျပာင္းလဲသြားမွာ... "

Eric သူ႕အျဖစ္ကိုသူ မယုံၾကည္နိုင္ေသးဘဲ အသံရွင္ကိုသာ သံသယႏွင့္ ေမးေနမိသည္ ။

" မင္းက ကိုသူရ ရဲ႕ လူလား ကိုလေရာင္ရဲ႕လူလား... "

" အဲ့တာေတြက ဘယ္သူေတြတုန္း... ငါ မသိဘူးေလ ဟူးမန္းရ... "

" အဲ့တာ ငါ့ဘဲႏွစ္ေယာက္ေလ... မင္းကို ဘယ္သူခိုင္းတာလဲ... ငါ့ကို ျပန္ေပးဆြဲထားတာ မဟုတ္လား... လႊတ္ေပး... အခုလႊတ္ေပး... "

ေနာက္ဆုံးေတာ့ System guide တစ္ေယာက္ Eric ကို နားလည္ေအာင္ မရွင္းျပတတ္ေတာ့ေလေသာေၾကာင့္ အသံပါ ငိုမဲ့မဲ့ ျဖစ္လာေလသည္ ။

" တကယ့္ကို ဟူးမန္းက system ထဲ ေရာက္ေနတာပါဆိုဗ်ာ ... ဘုရားစူးရပါေစရဲ႕... ဘယ္သူမွ ျပန္ေပးဆြဲခိုင္းတာ မဟုတ္ရပါဘူး... "

" ေနစမ္းပါဦး... ငါက ဘာလို႔ system ထဲကို ေရာက္လာရတာတုန္း... "

" ဟူးမန္းရဲ႕ မူလကမၻာက ဝိဉာဥ္က အျပင္ကို ထြက္လာၿပီး ဒီ system ကမၻာကို ေရာက္လာတာ... "

" ေၾသာ္... ဝိဉာဥ္အလည္ထြက္တဲ့ သေဘာေပါ့... ေနစမ္းပါဦး... ဝိဉာဥ္က အျပင္ထြက္တာနဲ႕ပဲ system ထဲ ေရာက္သြားေရာေပါ့... အဓိပ္ပါယ်ကို မရွိတာ... "

System guide ခမ်ာ ဘယ္လို ဆက္ရွင္းျပရမွန္းမသိရေအာင္ ျဖစ္ေနေလသည္ ။
ဟိုတစ္ေလာက ေနတာရာ ေနရာကို ဝင္ရမည့္ ဗီလိန္ဇာတ္ေကာင္အစားထိုး ဟူးမန္းဆိုလွ်င္ သူ သိပ္ပင္ ရွင္းျပစရာမလိုဘဲ နားလည္ေနခဲ့သည္ ။
အခု ဟူးမန္းကေတာ့ တကယ့္ကို နလပိန္းတုံးပင္ ျဖစ္ရမည္ ။

" ဒါနဲ႕ ဟူးမန္း System ဝတၳဳေတြ မဖတ္ဖူးဘူးလား... "

" ငါက အဲ့လို အဓိပ္ပါယ်မရှိတဲ့ ဝတၳဳေတြကို ဘာလို႔ ဖတ္ရမွာလဲ... တစ္ေန႕တစ္ေန႕ ဘဲေတြနဲ႕ ဒိတ္လို႔ေတာင္ လက္မလည္တဲ့ ကိစၥကို... "

ထိုအေျဖေၾကာင့္ system ဂိုက္ ခမ်ာ ဆြံ႕အသြားရေလသည္ ။

" အဆဲသန္တဲ့ တစ္ေယာက္နဲ႕ ဘဲမ်ားတဲ့ တစ္ေယာက္... ငါ့ကို တာဝန္ေပးပဲ ေပးတတ္ပါေလတယ္...  ေသာက္ system သခင္ကေတာ့ ငါ့ကို သတ္ေနသလား ေအာက္ေမ့ရတယ္... "

system guide ခမ်ာ ညည္းၫူဖို႔သာ တတ္နိုင္ေလေတာ့သည္ ။
ၿပီးေတာ့ ဒီတစ္ေလာ ေနတာရာဇာတ္ေကာင္ ဟူးမန္းဆီက အက်င့္ေတြကူးၿပီး သူပါ အဆဲသန္လာေလၿပီ ။
ဒီအက်င့္ကို သူ အျမန္ေဖ်ာက္ဖ်က္ပစ္မွျဖစ္ေတာ့မည္ ။

" ဒါနဲ႕ ခင္ဗ်ားနာမည္က ဘယ္သူလဲ... "

Eric က ထို ဂိုက္ဆိုသူကို နာမည္ေမးလိုက္သည္ ။

" ငါ့မွာ နာမည္မရွိဘူး... ငါက ဟူးမန္းကို လမ္းၫႊန္ေပးတဲ့ ဂိုက္ပဲ... "

" နာမည္ မရွိတာဆိုရင္ မေကာင္းဘူးေလ... နာမည္ေလးေတာ့ ရွိမွေပါ့... ဒါမွ နာမည္နဲ႕ ေခၚလို႔ရမွာ... "

" system guide ေတြက အမွတ္စဥ္ေတြပဲ ရွိတယ္... နာမည္မရွိဘူး... "

" ဒါဆို ငါ မင္းကို နာမည္ေပးမယ္ေလ... "

" ရတယ္... ငါ နာမည္မလိုဘူး... ေက်းဇူးပဲ... "

" ရတယ္ေလ... ဒါဆို မင္းကို ငါ အခ်စ္ေလးလို႔ပဲ ေခၚမယ္ေလ... မေကာင္းဘူးလား... မင္းအသံေလးကလည္း ခ်ိဳခ်ိဳသာသာေလးဆိုေတာ့ အသံေလးနဲ႕တင္ ငါ သေဘာက်ေနပါၿပီ... "

" ဟမ္... ဟူးမန္း... ဘာစကားေျပာတာလဲ... "

ဂိုက္ေကာင္ခမ်ာ အထိတ္တလန့္ ျပန္ေမးရရွာေလသည္ ။
အခု သူ အၾကဴခံလိုက္ရတာမ်ားလားဟု ေတြးလိုက္မိသည္ ။

" ဟဲဟဲ... အသံေလးကို သေဘာက်လိဳ႕ အီၾကည့္တာေလ... မရဘူးလား... "

System guide ခမ်ာ ငိုပါငိုခ်င္သြားရသည္ ။
သူ ဤ system တြင္ အလုပ္လုပ္လာသည္မွာ ႏွစ္မ်ားစြာ ၾကာေနၿပီ ျဖစ္ေသာ္လည္း သူ႕ကို လာၿပီး အီစီကလီလုပ္သည္ကို ယခုမွ ပထမဆုံး ႀကဳံလိုက္ရျခင္းျဖစ္သည္ ။

" system guide ဆိုတာ ဟူးမန္းနဲ႕ ဘဝခ်င္း မတူပါဘူး... အဲ့လို ေပါက္ကရေတြ မေျပာဖို႔ တားျမစ္ပါတယ္ ဟူးမန္း... "

" အာ... ငါေတာင္ system ထဲ ေရာက္လာေသးတာပဲ ... system guide နဲ႕ေကာ ဘာလို႔ ႀကိဳက္လို႔ မရရမွာလဲ... ဟုတ္တယ္မလား... "

" ဒါက ေနာက္စရာမဟုတ္ပါ ဟူးမန္း... အခုကစၿပီး ေျပာမယ့္စကားကို အာ႐ုံစိုက္ပါ... "

" အာ႐ုံစိုက္ေစခ်င္ရင္ ငါ့ကို ကိုကိုလို႔ေခၚ... "

" ဖြီး... "

ဂိုက္ေကာင္ခမ်ာ တံေတြးပင္ သီးသြားရေလသည္ ။

" ထပ္ေျပာင္ေနရင္ ဟူးမန္းကို system က ထုတ္ပယ္လိုက္ၿပီး ေလလြင့္ဝိဉာဥ္ ဘဝကို ပို႔ပစ္ေတာ့မွာပါ... "

Eric တစ္ေယာက္ ေၾကာင္သြားရသည္ ။
ၾကည့္ရသည္မွာ ဤ system guide ေကာင္က သူ႕ကို ေလလြင့္ဝိဉာဥ္ ေတာင္ ျဖစ္ေအာင္လုပ္နိုင္သည္ေပါ့ ။
ဒါဆိုရင္ေတာ့ ဒီေကာင္က ေတာ္ေတာ္ေလး အစြမ္းရွိတဲ့ေကာင္ပဲေနမွာ ။

ဘာပဲျဖစ္ျဖစ္ သူကလည္း အဲ့လိုမ်ိဳးကိုမွ ပိုႀကိဳက္တာ ျဖစ္သည္ ။
ဒီ ဂိုက္ေကာင္သာ သူ႕ကို ျပန္ႀကိဳက္လာလွ်င္ သူ႕အတြက္ ဤ system ထဲတြင္ အေနအစားေခ်ာင္ေလာက္သည္ ။

" ကဲကဲ... အခ်စ္ေလး... ေျပာစရာရွိတာေျပာပါ... ကိုကို နားေထာင္ေနမယ္.. "

" ဖြီး... ငလူးေကာင္ ဟူးမန္း... ေတာင္းပန္ပါတယ္ေနာ္... ငါ့ကို အဲ့လို ၾကက္သီးထေအာင္ မေခၚစမ္းပါနဲ႕ ..."

သူ႕ဂိုက္သက္တမ္းတစ္ေလွ်ာက္ အခုမွပင္ ပထမဆုံးေန႕ ေရာက္လာသူ ဟူးမန္းကို ေတာင္းပန္ရဖူးေသးသည္ ။
ဒါႀကီးက လူတကာ ဖိန့္ဖိန့္တုန္ေအာင္ ေလးစားေၾကာက္႐ြံ႕ရေသာ တည္ၾကည္ၿပီး အကူအညီ ေပးတတ္သည့္ စိတ္ေကာင္းေစတနာရွိေသာ သူ႕လို system guide ကို ေစာ္ကားသလိုခံစားရေစသည္ ။

" ကဲပါေလ... ဒါဆိုလည္းေျပာ... "

" ဟူးမန္းက ဒီဝတၳဳထဲက အရန္ဇာတ္ေကာင္ေနရာကို ဝင္သြားရမွာ... ဝတၳဳထဲက ဒုတိယဇာတ္လိုက္ရဲ႕ လူယုံအတြင္းေရးမႉးေနရာကို ဝင္ရမွာေပါ့ေလ ... အခုအခ်ိန္က စၿပီး ဟူးမန္းရဲ႕ memory ထဲကို ဇာတ္ေၾကာင္းနဲ႕ မွတ္ဉာဏ္ေတြ install စလုပ္ေပးေတာ့မယ္... "

ခဏအၾကာတြင္ေတာ့ သူ႕ ဦးႏွောက္မွတ္ဉာဏ္ထဲသို႔ သူဝင္ရမည့္ system ဇာတ္ေကာင္၏ ကိုယ္ေရးအခ်က္အလက္မ်ား အားလုံး ေရာက္လာေလေတာ့သည္ ။

' အမည္... Eric '
အိုး... ဒီ အရန္ဇာတ္ေကာင္နာမည္က သူ႕ မူလကမၻာဆီတုန္းက ေဂးေလာကတြင္ သိၾကေသာ သူ႕ နာမည္ႏွင့္ အတူတူပင္ျဖစ္ေနသည္ ။

' အသက္... ၁၉ႏွစ္ '
မူလကမၻာမွ သူက အသက္ ၂၀ ျဖစ္ေသာေၾကာင့္ အသက္ကေတာ့ ကြာျခားမႈ သိပ္မရွိလွ ။

' ဖခင္ျဖစ္သူက ေက်ာက္တူးေနစဥ္အခ်ိန္တြင္ ဇဏ္မင္းေမာင္ဆိုသည့္ ဇာတ္ေကာင္ကို ကာကြယ္ေပးရင္း အသက္ဆုံးရႈံးခဲ့ရ '
ဒါႀကီးကေတာ့ ျမန္မာ ဒရာမာ ကားေတြထဲက အကြက္မ်ိဳးေတြပဲ မဟုတ္ဘူးလား ။
အျပင္မွာ ဘယ္သူကမ်ား သူ႕အသက္ကို သူ စြန့္ၿပီး သူမ်ားကို ကာကြယ္ေပးမွာမို႔လို႔တုန္း ။

' ဇဏ္မင္းေမာင္ ဆိုသူက Eric ဆိုေသာ ေကာင္ေလးကို သူ႕အေဖေပၚ တင္ေနသည့္ ေက်းဇူးေႂကြးမ်ား ဆပ္သည့္အေနျဖင့္ အတူေနရန္ ေခၚထားၿပီး အတြင္းေရးမႉးလုပ္ခိုင္းမည္ျဖစ္သည္ '

' Eric ၏ ကြၽမ္းက်င္မႈ... တိုက္ခိုက္ေရး ကြၽမ္းက်င္ၿပီး ေသနတ္ပစ္ လက္အလြန္ေျဖာင့္သူ ျဖစ္သည္ '
ဒီ စြမ္းရည္ကိုေတာ့ သူ အလြန္သေဘာက်မိသည္ ။
၁၉ ႏွစ္ႏွင့္ တိုက္ခိုက္ရည္ စြမ္းရည္ ျမင့္မားသည့္ ကာရိုက္တာကိုေတာ့ သူ ႀကိဳက္သည္ ။
သူဆိုလွ်င္ေတာ့ ရန္ျဖစ္သူႏွစ္ေယာက္ကို ဝင္ဆြဲရင္း ေခါင္းကြဲသြားခဲ့သည္သာ ျဖစ္သည္ ။

" ဟူးမန္း လုပ္ရမယ့္ mission က အရမ္းႀကီးမခက္သလို အရမ္းႀကီးလည္း မလြယ္ေနျပန္ဘူး ... "

" ဘာမ်ားလဲ... ေျပာပါဦး... "
သူ စိတ္လႈပ္ရွားၿပီး သိလိုစိတ္ ျပင္းထန္စြာ ေမးလိုက္မိသည္ ။

" ဇဏ္မင္းေမာင္ဆိုတဲ့ ဇာတ္ေကာင္က ဟူးမန္းကို ျပန္ႀကိဳက္လာေအာင္ လုပ္ရမွာပဲ... "

Eric က ခြက္ထိုးခြက္လန္ရယ္ရင္း ဂိုက္ေကာင္ကို ေပါ့ေပါ့ပါးပါးသာ ေလွာင္လ်က္ ဆိုလိုက္သည္ ။

" ဘာမ်ားလဲလို႔ကြာ... လြယ္လိုက္တဲ့ mission... ငါ ဒီအသက္အ႐ြယ္အထိ လိုက္လို႔မရတဲ့ ေယာက်္ားဆိုတာ မရွိခဲ့ဖူးဘူး... ေယာက်္ားတိုင္း ငါ့ဆြဲေဆာင္မႈေအာက္ကေန မလြတ္နိုင္ဘူး... လြတ္သြားရင္လည္း အဲ့တာ ေယာက်္ားမဟုတ္လို႔ပဲ... ဟဲဟဲ... ဘာလိုလိုနဲ႕ ငါ့ကို ဒီေန႕မွေတြ႕တဲ့ မင္းေတာင္ အခုထဲက ေႂကြသြားၿပီမဟုတ္လား... "

" ... "

System guide ခမ်ာ ေျပာစရာစကားမ်ား မဲ့ၿပီး ဆြံ႕အသြားရေလသည္ ။
ဤ ဟူးမန္း၏ ကြန္ဖီးဒန့္ လယ္ဗယ္သည္ ဤ စၾကာဝဠာ ၏ အျပင္ဘက္အထိပင္ ေက်ာ္လြန္ေနေလာက္သလား မေျပာတတ္ေပ ။

" ကဲ... ဝတၳဳထဲက ဇာတ္ကြက္တစ္ခုကို ဟူးမန္းကို ငါ ပို႔ေပးေတာ့မယ္ေနာ္... "

" ဘယ္ဇာတ္ကြက္လဲ... "

" ဇဏ္မင္းေမာင္ ဆိုတဲ့ ဇာတ္ေကာင္က ဟူးမန္းကို ႐ြာမွာ လာေခၚတဲ့ ဇာတ္ကြက္... "

ထို႔ေနာက္တြင္မူ အလြန္တရာလ်င္ျမန္ေသာ ေလေပြတစ္ခုက သူ႕ကို ဆြဲေခၚသြားကာ မ်က္စိတစ္မွိတ္အတြင္းမွာပင္ Eric တစ္ေယာက္ System ထဲသို႔ ေရာက္ရွိသြားေလေတာ့သည္ ။

" Eric... ဦးဇဏ္ေျပာတာ ေသေသခ်ာခ်ာ ဆုံးျဖတ္ပါဦး... မလိုက္ဘူးခ်ည္းပဲ ဘူးခံ ျငင္းမေနပါနဲ႕ေနာ္... "

ဇဏ္မင္းေမာင္ က Eric ကို သူႏွင့္အတူ ၿမိဳ႕ေပၚ လိုက္ဖို႔ ေခၚေနေသာအခန္းျဖစ္သည္ ။
တကယ့္ဝတၳဳထဲတြင္ အေမာင္ Eric က သူ႕ သူငယ္ခ်င္းမ်ားႏွင့္ သူ႕႐ြာကို မခြဲနိုင္ေသာေၾကာင့္ ဇဏ္မင္းေမာင္ ႏွင့္ အတူလိုက္ဖို႔ကို အတင္းျငင္းဆန္ေနေသာ အခန္းျဖစ္သည္ ။

Eric ဇဏ္မင္းေမာင္ ဆိုသူကို လွည့္၍ ၾကည့္ၾကည့္လိုက္သည္ ။
အာ... ဒီဘဲႀကီးက ေသာက္ရမ္းႀကီးကို မိုက္တာပဲ ။
ဗလေတာင့္ေတာင့္ အညိုဆင္ကိုမွ ႐ုပ္ခပ္ေျဖာင့္ေျဖာင့္နဲ႕ ။
ဒါႀကီးက သူ႕အႀကိဳက္မွ သူ႕အႀကိဳက္စစ္စစ္ ၊ သူ႕ type စစ္စစ္ႀကီး ျဖစ္သည္ ။

မူရင္းဇာတ္ေကာင္ Eric က ႐ူးေနလို႔သာ ဒီလို အညိုဆင္ အေတာင့္ဆင္ႀကီးကို အတူလိုက္သြားဖို႔ ျငင္းလိုက္ျခင္း ျဖစ္လိမ့္မည္ ။
သူကေတာ့ ျငင္းဖို႔ စဥ္းစား၍ေတာင္မရေပ ။

" ဟုတ္ကဲ့... ကြၽန္ေတာ္ မျငင္းေတာ့ပါဘူး... ဦးဇဏ္... ကြၽန္ေတာ္ ဦးဇဏ္နဲ႕ တူတူလိုက္ခဲ့ပါေတာ့မယ္... "

သူ႕မွာ ဒီလို အဆင္ႀကီးႏွင့္ ေနရေတာ့မည္ ျဖစ္ေသာေၾကာင့္ ေပ်ာ္လြန္းလို႔ပင္ ထ က ခ်င္ေနေသာ္လည္း ဇာတ္ကြက္အရ သူက အေဖကို ဆုံးရႈံးထားတာ မၾကာေသးေသာ သနားစရာလူငယ္ေလး ျဖစ္ေနသည္ ။
ထိုသို႔ မဟုတ္လွ်င္ သူ ထ က မိေလာက္သည္ ။

" ဒါဆို Eric ဦးဇဏ္နဲ႕ လိုက္ခဲ့မွာေပါ့ေနာ္... "

ဇဏ္မင္းေမာင္ဆိုသူက သူ႕ကို စိတ္လိုလက္ရ ၿပဳံးျပၿပီး ေမးလာေလသည္ ။

" လိုက္မွာ လိုက္မွာ... တစ္ခါထဲ လိုက္ခဲ့မွာပါ ဦးဇဏ္... "

သူ ဇဏ္မင္းေမာင္ ဆိုသူအနားသို႔  ကပ္သြားၿပီး ဝမ္းနည္းေနပုံလုပ္ျပကာ ဦးဇဏ္၏ လက္ေမာင္းႀကီးကို အားကိုးရာပုံစံျဖင့္ကိုင္ခ်လိဳက္သည္ ။
အား... လက္ေမာင္းႀကီးေတြက ႂကြက္သားေတြနဲ႕ ေတာင့္တင္းေနတာပဲ  ... ။
ကိုင္ရတာ အားရစရာ ေကာင္းလိုက္ပါဘိ ။
သူ႕မွာ ထိုလက္ေမာင္းႀကီးကို အားရပါးရ ပြတ္သပ္ဆုပ္နယ္ခ်င္ေနေသာ စိတ္ရိုင္းတို႔ကို ထိန္းေနရေလသည္ ။

" အေဖလည္း မရွိေတာ့ဘူးဆိုေတာ့ ဒီေန႕ကစၿပီး ဦးဇဏ္ကိုပဲ ေဆြမ်ိဳးသားခ်င္းအရင္းအခ်ာလို အားကိုးၿပီး ေနပါရေစေနာ္ ဦးဇဏ္... "

သူ ဦးဇဏ္ကို ဖက္လိုက္ၿပီး ဦးဇဏ္ရင္ခြင္ထဲသို႔ အားနည္းေနေသာ ကေလးငယ္ေလးလို ဝင္ခ်ပစ္လိုက္သည္ ။
ထိုဘဲႀကီး၏ ေယာက်္ားဆန္ေသာ အရိုင္းဆန္ဆန္ ရနံ႕တို႔ကိုပင္ ခိုးရႉလိုက္ေသးသည္ ။
ဦးဇဏ္က သူ႕ကို အားငယ္ေနရွာသည္ ထင္ၿပီး ေခါင္းကို ပြတ္သပ္ကာ ႏွစ္သိမ့္ေပးေနေလသည္ ။

" ဒီေန႕ကစၿပီး ငါ Eric ကို တူေလး သားေလး တစ္ေယာက္လို ေစာင့္ေရွာက္ေပးဖို႔ တမလြန္က Eric ရဲ႕ အေဖကို ကတိေပးပါတယ္ကြာ... "

" ဟုတ္ကဲ့... ေက်းဇူးတင္ပါတယ္ ဦးဇဏ္ရယ္ ... "

သူ အားငယ္ၿပီး ထမင္းခုနစ္ရက္မစားထားေသာ အသံကို တမင္ လုပ္ယူကာ ေျပာလိုက္ေလျခင္းျဖစ္သည္ ။
Eric တစ္ေယာက္ ႀကိတ္ကာ သာယာစြာ ၿပဳံးေနမိၿပီး စိတ္ထဲကေတာ့ တူေလး သားေလးလို မဟုတ္ဘဲ မယားတစ္ေယာက္လို ေစာင့္ေရွာက္ခ်င္လည္း စိတ္မဆိုးပါဘူး ဟုသာ အႀကံဆိုးႀကီးကို ေတြးေနမိေလေတာ့သည္ ။

Συνέχεια Ανάγνωσης

Θα σας αρέσει επίσης

My Beloved Prince... Από YellowieSwan734

Ιστορικό φαντασίας

8.8K 554 29
ကၽြႏ္ုပ္၏ ျမတ္ႏိုးရပါေသာ အရွင္... [Not a Translation] ကျွန်ုပ်၏ မြတ်နိုးရပါသော အရှင်... [Not a Translation]
1.9M 126K 82
ကိုယ့္ကိုမခ်စ္ဘူး အႀကိမ္ႀကိမ္ေျပာလည္း ကိုယ္ကေတာ့ ေနာင့္ကိုအၿမဲခ်စ္သြားမွာ❣️
14 2 2
"ငါမင်းကို မချစ်ဘူးလို့ ဘယ်နှခါပြောရမှာလဲ ခွန်းဆက်အောင်" "ဒါမဲ့ ငါကတော့မင်းကိုချစ် ငါတို့ကတရားဝင်ယူထားကြတာ စစ်သူသျှင်" "ငါ့သဘောပါခဲ့လို့လား?" ဒီfiလေး...