Near the love (Complete)

By KhineLay443

47.5K 2.8K 188

Uni ဒါလေးက My son or boyfriend ရဲ့ Season 2 လေးဖြစ်ပါတယ်... Zaw ဒါေလးက My son or boyfriend ရဲ႕ Season 2 ေလးျဖ... More

Note
Near the love 1
Near the love 2
Near the love 4
Near the love 5
Near the love 6
Near the love 7
Near the love 8
Near the love 9
Near the love 10
Near the love 11
Near the love 12
Near the Love 13
Near the love 14
Near the love 15
Near the love 16
Near the love 17
Near the love 18
Near the love 19
Near the love 20
Near the love 21
Near the love 22
Near the love 23
Near the love 24
Near the love 25
Near the love 26
Near the love 27
Near the love 28
Near the love 29
Near the love 30
Sorry
Near the love 31
Near the love 32
Near the love 33
Near the love 34
Near the love 35
Near the love 36
Near the Love 37
Near the love 38
Near the Love 39
Near the Love 40
Near the love 41
Near the Love 42
Near the Love 43
Near the Love 44
Near the Love 45
Near the love 46
Near the Love 47
Near the Love 48
Near the Love 49
Near the Love 50
Near the Love 51
Near the Love 52
Near the Love 53
Near the Love 54
Near the Love 55
Near the Love 56 Final
Thanks

Near the love 3

1.2K 89 0
By KhineLay443

Uni

ဥက္ကာ ပိုင်တဲ့ Sushi ဆိုင်ရှေ့ကားနှစ်စီးမှာ ရှေ့ဆင့်နောက်ဆင့်ရောက်လာလေသည်။ ဥက္ကာကိုတော့ အရင်ပြန်ခိုင်းလိုက်သည်လေ...

VIP Roomကိုယူထားလိုက်ကာ ကားပေါ်ကဆင်းထဲက လက်ကိုသေချာတွဲထားကြသော နှစ်ယောက်ကိုကြည့်ရင်း မြင့်မိုရ်ရိပ် စိတ်ထဲတစ်မျိုးဖြစ်သွားသည်။

Sushiတစ်ခုပြီးတစ်ခုကိုလဲ စိတ်တိုင်းကျပန်းကန်ထဲထည့်ပေးနေပြန်ရော....
မြင့်မိုရ်ရိပ် တစ်ယောက်ကတော့ တူကိုလက်ကကိုင်ထားရင်း ရှေ့ကနှစ်ယောက်ကိုကြည့်ကာ ငေးငိုင်လျက်......

"စားလေ...မမြင့်မိုရ်ရိပ်...မကြိုက်လို့လား"
"အာ...မ...မဟုတ်ပါဘူး...ဒါနဲ့...သူက"
လပြည့်ဝန်း ကိုလက်ညှိုးထိုးကာမေးသောသူမ....

"သူလေးက ကျွန်တော့်ခင်ပွန်းလေးလေ လပြည့်ဝန်း တဲ့။ ကလေး...သူမက မြင့်မိုရ်ရိပ် တဲ့ ကိုယ့်ရဲ့စီးပွားဖက်..."

လပြည့်ဝန်း ၏ ဖြူစင်သောအကြည့်လေးက သူမကို တဒင်္ဂငြိမ်သက်သွားစေသည်။
"မင်္ဂလာပါ မမ..."
"ဟုတ်ကဲ့...."

"စားလေ...ကလေး...ဘာသောက်ဦးမလဲ"
"မသောက်ချင်တော့ဘူး ဗိုက်တင်းနေပြီ"

ရှေ့ကနှစ်ယောက်ကိုကြည့်ကာ သူမငြိမ်သက်သွားမိသည်။ သူမသဘောကျတဲ့သူက အိမ်ထောင်နဲ့လား ပြီးတော့ အိမ်ထောင်ကယောက်ျားလေးတဲ့လေ.....
____________

📱သားရယ်...နှစ်နှစ်တောင် ကျော်နေပြီ အဖေ့ဆီ ပြန်လာပါဦးလား။ ငါ့သားကိုတွေ့ချင်လှပြီကွာ📱
ဖခင်ဖြစ်သူ၏ စကားကြောင့် လွန်းထက်သာ လဲ စိတ်မကောင်းဖြစ်မိသည်။

ဟုတ်လဲဟုတ်ပါတယ်။ ရှိတာမှဖခင်တစ်ယောက်ကို ခုလိုပြစ်ထားမိပြန်သည်။
"ဟုတ်ကဲ့ပါ အဖေ ဒီမှာလက်စသတ်ပြီး ကျွန်​တော်ပြန်လာခဲ့ပါ့မယ်။ ခုတလောကမှ မတော်တဆ ဖြစ်ထားလို့ သားလက်လွှဲလို့မရသေးလို့ပါ...သားတောင်းပန်ပါတယ်။"

📱တောင်းပန်ဖို့တော့မလိုပါဘူးကွာ...သားအဖတွေပဲနော့်...ဒါဆိုဒါပဲနော်သား📱
"ဟုတ်ကဲ့ အဖေ ဆေးလဲပုံမှန်သောက်နော်"

အဖေကကျန်းမာရေးလဲသိပ်မကောင်းတော့တာကြောင့် မိမိပြန်မှဖြစ်တော့မည်။ ဒီမှာအားလုံး လက်လွှဲလို့ရတာနဲ့ မြန်မာပြည်ကိုပြန်တော့ဖို့ လွန်းထက်သာ ဆုံးဖြတ်လိုက်တော့သည်။

ဟိုကောင်လေးကိုလဲ Suprise တိုက်ရမည်။ ဒါနဲ့သူကောအဆင်ပြေရဲ့လား စကားမပြောတာတောင် ကြာလှပေ့.......
_____________

"ဘာ...သူကတရားခံမဟုတ်ဘူးပေါ့"
"ဟုတ်တယ် ဆရာ...သူကမူးမူးရူးရူးတဲ့ နှာထရုံပဲ...ပြီးတော့ အဲ့နေ့ညက အဲ့ရပ်ကွက်မှာမဟုတ်ဘဲ နောက်ရပ်ကွက်တစ်ခုမှာ မိန်းကလေးတစ်ယောက် ပျောက်သွားတယ် "

"ဒါဆို အဲ့လူက ငါတို့လာစောင့်နေတယ်ဆိုတာသိလို့များလား။ ဒါမှမဟုတ် သူလိုချင်တဲ့ သားကောင်က အဲ့ရပ်ကွက်ကများလား"

ထူးစစ်သော် မိန်းကလေးတစ်ယောက် လို အသွင်ယူတဲ့ညက ဖမ်းမိတဲ့သူက အရက်သမားငမူးသက်သက်ပင်။ ထိုလူ၏ အမျိုးသမီး ကလဲ တောင်းတောင်းပန်ပန်နဲ့ အာမခံကာ ပြန်ထုတ်သွားပြီ။

လူပျောက်တာကတော့ ဆက်လက်ရှိနေတုန်းပင်။
နံရံပေါ်ရှိ ပျောက်ဆုံးသွားသော မိန်းကလေးသုံးယောက်ပုံကိုကြည့်မိတော့ သုံးယောက်လုံးက အသက်၂၀ဝန်းကျင် မိန်းကလေးတွေပင်။ ပြီးတော့ အဆောင်နေတဲ့သူတွေ....

ရုပ်ရည်အားဖြင့် အသင့်အတင့်ရှိလေသည်။ ထူးခြားချက်က ကောင်မလေးတွေပျောက်သောနေရာတွေမှာ သူတို့ရဲ့ အိတ်တွေကျန်နေခဲ့သည်။

ထူးစစ်သော်စဥ်းစားမရပေ။ သဲလွန်စကျန်ခဲ့တာမရှိပေ။ သေချာတာက ဒီလူကသိပ်ကိုပိရိနေတာပင်။

"ဆရာ....မျက်မြင်သက်သေတစ်ယောက်ရှိတယ်လို့ သတင်းရလို့"
ထက်ပိုင် လာပြောလို့ ထူးစစ်သော်နဲ့ နှစ်ယောက်သားမျက်မြင်သက်သေရှိရာသို့......
.
.
.
'ဒေါက်...ဒေါက်' လိပ်စာအတိုင်း ရောက်လာကာ တံခါးခေါက်ကြည့်လိုက်သည်။ အထဲကနေ အမျိုးသမီးတစ်ဦးထွက်လာကာ
"ဘယ်သူတွေလဲရှင့်"

"ကျွန်တော် ရဲမှူး ထူးစစ်သော် ပါ... ဒီကမျက်မြင်သက်သေလားမသိဘူး။"
"သြော်...ကျွန်မမဟုတ်ဘူး ကျွန်မသမီးပါ...အထဲကိုကြွပါရှင်...."

ထိုအမျိုးသမီးက သူတို့ကို ဧည့်ခန်းမှာထိုင်စေပြီး သမီးဖြစ်သူကိုအပေါ်ထပ်သို့ သွားခေါ်ကာ ပြန်ဆင်းလာလေသည်။

"ဆရာတို့ အေးဆေးစကားပြောကြပါနော်။ ကျွန်မသောက်စရာလေးသွားယူလိုက်ပါဦးမယ်"

အမျိုးသမီး ထွက်သွားတော့မှ အရှေ့ကသမီးဖြစ်သူကိုကြည့်တော့ ပုံစံလေးက ပျောက်သွားသော မိန်းကလေးတွေနဲ့ ရွယ်တူလောက်ပင်။ နုံနုံအအပုံစံလေးကြောင့် ထူးစစ်သော် စိတ်ထဲ သေချာပြန်ပြောနိုင်ပါစေလို့သာ ဆုတောင်း နေမိသည်။

"ဒီကညီမ အစ်ကိုတို့ကိုမကြောက်ပါနဲ့။ အမှန်တိုင်း ပြောပြပေးပါ။"
"ဟို...သမီးအမှန်တိုင်းပြောလို့...လူဆိုးတွေကသိသွားရင် သမီးကိုအန္တရာယ်"

"အဲ့အတွက် စိတ်မပူပါနဲ့။ ဒီကညီမနဲ့ ညီအမေဖြစ်သူလုံခြုံရေးကို ကျွန်တော်တို့ ကာကွယ်ပေးပါ့မယ်..."
ထူးစစ်သော် အသံဖမ်းစက်လေးကို ရှေ့ကစားပွဲပေါ်မှာတင်လိုက်ကာ....
"ပြောပြပါဦး ညီမဘာတွေမြင်တွေ့ခဲ့လဲလို့"

"ဒီလိုပါ...သမီး လမ်းထိပ်ကနေ ပြန်လာတုန်း လမ်းအကွေ့တစ်ခုမှာ လူသုံးယောက် ရုတ်ရုတ် ရုတ်ရုတ် ဖြစ်နေတာတွေ့လို့ အကွယ်ကနေချောင်းကြည့်နေမိတယ်။
သေချာကြည့်တော့ ကောင်မလေးတစ်ယောက်ကို လူနှစ်ယောက်က ဆွဲနေသလိုကြီး...ပြီးတော့ အဲ့လူနှစ်ယောက်က လက်ထဲမှာလဲ သံတုတ်တွေနဲ့ လူပြတ်တဲ့နေရာတွေမို့ ဘယ်သူမှမရှိဘူး။

ခဏကြာတော့ကောင်မလေးကို ကားတစ်စီးပေါ် တင်ခေါ်သွားတယ်..."

"ကားနံပါတ် ကိုကော မှတ်မိလိုက်လား"
"ဟင့်အင်း...မှောင်နေတော့သေချာမမြင်ခဲ့ရဘူး"

ကောင်မလေးဖြစ်သူ၏အဖြေကြောင့် ထူးစစ်သော်တို့ လမ်းစရပင်မဲ့ ပျောက်နေတုန်းပဲဆိုရမလား။
မိခင်ဖြစ်သူကရောက်လာပြီး...
"ဆရာတို့ အအေးလေးသောက်လိုက်ပါဦး"

ထူးစစ်သော် လဲ စခန်းကိုphဆက်ကာ လူတစ်ချို့အိမ်နားမှာ ကင်းချထားလိုက်သည်။ မျက်မြင်သက်သေမိသားစု လုံခြုံဖို့အတွက် ဆရာတပည့်နှစ်ယောက် ကတော့ အခင်းဖြစ်ပွားရာနေရာသို့ တစ်ခါပြန်လာကြည့်လိုက်သည်။

"ဆရာ...တရားခံတွေက လူကိုပဲလိုချင်တာလား"
"ဖြစ်နိုင်တယ်.... နောက်တစ်ခုက အခုအမှုသုံးခုလုံးကို အဖွဲ့တစ်ခုထဲက ကျူးလွန်နေတာ သေချာသလောက်ရှိနေပြီ"

နှစ်ယောက်သား စခန်းကိုပြန်လာကာ ပြန်ပေးဆွဲခံရသော ကောင်မလေးသုံးယောက်လုံးရဲ့ အလီဘိုင်ကို နှံ့စပ်စွာ ရှာရတော့သည်။
____________

အကျိုးတူ ကုမ္ပဏီ တစ်ခု၏ Dinner ပွဲတစ်ခုသို့ လွန်းထက်သာ ရောက်နေခြင်းဖြစ်သည်။

"လွန်း....မင်း မြန်မာပြည်ကိုပြန်တော့မယ်ဆို"
သူငယ်ချင်း ဖြစ်သူ၏ အမေးကို လွန်းထက်သာ ခေါင်းညိမ့်ကာ...
"အင်း...ငါ ဒီကအလုပ်တွေကို လက်စသတ်ပြီးတာနဲ့ သွားတော့မှာ "

"မင်းပြောတော့ အနည်းဆုံး ၅နှစ်လောက်နေမှာဆို"
"ဟုတ်တယ် အစက ငါအဲ့လိုလုပ်မလို့ပဲ ခတ်တာက အဖေလေ အဖေက ကျန်းမာရေး သိပ်မကောင်းတော့ဘူး....ငါပြန်မှဖြစ်မှာ...ဒီကိုခေါ်ဖို့ကျ အဖေ​ကမနေချင်ဘူးတဲ့ မြန်မာပြည်ကို ပဲ ချစ်တယ်တဲ့လေ"

"ဟုတ်ပါတယ် လေ....ငါတော့ မင်းကိုလွမ်းနေတော့မှာဘဲ"
ဒီကိုရောက်ထဲက အကျိုးတူစီးပွားဖက်ဖြစ်သလို သူငယ်ချင်း ဖြစ်လာခဲ့သော သူအဖို့ သံယောဇဉ် တော့ ရှိကြသား....

Dinner ပွဲကအပြန် လမ်းခုလက်တစ်နေရာမှာ လမ်းချိုးကနေကွေ့လာသော ကားကြောင့် လွန်းထက်သာ ကားကိုအမြန် break အုပ်လိုက်ရသည်။

ဒါတောင် အနည်းငယ်ရှေ့ပိုင်းလေး ညိသွားသေး...
အရှိန်ကြောင့် လွန်းထက်သာ ဇတ်အနည်းငယ်နာသွားကာ ကားတံခါးကို ဖွင့်ပြီးဆင်းကြည့်လိုက်တော့ တစ်ဖက်ကားက လူကလဲဆင်းလာကာ....

"ဟက်...သူသေကိုယ်သေပဲလုပ်မလို့ ခုတော့ ကိုယ်မသေချင်တော့ဘူး...မင်းကိုပဲ အရင်သတ်မယ်"
ဆိုကာ လွန်းထက်သာ ဆီပြေးလာပြီး လက်ထဲကဓားနဲ့ ဗိုက်ကို ထိုးချလိုက်သည်။

ရုတ်တရက် ကြောင့်ကော ကားမီးအလင်းကြောင့်ကော တစ်ဖက်လူကို လွန်းထက်သာ သေချာမမြင်ရဘူး။ မိမိအားတစ်ခုခုနဲ့ ဗိုက်ကိုလာထိုးမှ ထိုလူ့မျက်နှာကိုသေချာကြည့်တော့....

ဒါစက်ရုံမှာ ပြဿနာ ဖြစ်ခဲ့တဲ့ တာဝန်ခံ ပဲ......

လွန်းထက်သာ ဗိုက်ထဲက ဓားကိုဆွဲထုတ်ကာ ထိုလူက နောက်တစ်ချက်ထက်ထိုးဖို့ ရွယ်လိုက်လေသည်.......
______________

7.1.2022
Khine Lay

Zaw

ဥကၠာ ပိုင္တဲ့ Sushi ဆိုင္ေရွ႕ကားႏွစ္စီးမွာ ေရွ႕ဆင့္ေနာက္ဆင့္ေရာက္လာေလသည္။ ဥကၠာကိုေတာ့ အရင္ျပန္ခိုင္းလိုက္သည္ေလ...

VIP Roomကိုယူထားလိုက္ကာ ကားေပၚကဆင္းထဲက လက္ကိုေသခ်ာတြဲထားၾကေသာ ႏွစ္ေယာက္ကိုၾကည့္ရင္း ျမင့္မိုရ္ရိပ္ စိတ္ထဲတစ္မ်ိဳးျဖစ္သြားသည္။

Sushiတစ္ခုၿပီးတစ္ခုကိုလဲ စိတ္တိုင္းက်ပန္းကန္ထဲထည့္ေပးေနျပန္ေရာ....
ျမင့္မိုရ္ရိပ္ တစ္ေယာက္ကေတာ့ တူကိုလက္ကကိုင္ထားရင္း ေရွ႕ကႏွစ္ေယာက္ကိုၾကည့္ကာ ေငးငိုင္လ်က္......

"စားေလ...မျမင့္မိုရ္ရိပ္...မႀကိဳက္လို႔လား"
"အာ...မ...မဟုတ္ပါဘူး...ဒါနဲ႕...သူက"
လျပည့္ဝန္း ကိုလက္ညွိုးထိုးကာေမးေသာသူမ....

"သူေလးက ကြၽန္ေတာ့္ခင္ပြန္းေလးေလ လျပည့္ဝန္း တဲ့။ ကေလး...သူမက ျမင့္မိုရ္ရိပ္ တဲ့ ကိုယ့္ရဲ႕စီးပြားဖက္..."

လျပည့္ဝန္း ၏ ျဖဴစင္ေသာအၾကည့္ေလးက သူမကို တဒဂၤၿငိမ္သက္သြားေစသည္။
"မဂၤလာပါ မမ..."
"ဟုတ္ကဲ့...."

"စားေလ...ကေလး...ဘာေသာက္ဦးမလဲ"
"မေသာက္ခ်င္ေတာ့ဘူး ဗိုက္တင္းေနၿပီ"

ေရွ႕ကႏွစ္ေယာက္ကိုၾကည့္ကာ သူမၿငိမ္သက္သြားမိသည္။ သူမသေဘာက်တဲ့သူက အိမ္ေထာင္နဲ႕လား ၿပီးေတာ့ အိမ္ေထာင္ကေယာက္်ားေလးတဲ့ေလ.....
____________

📱သားရယ္...ႏွစ္ႏွစ္ေတာင္ ေက်ာ္ေနၿပီ အေဖ့ဆီ ျပန္လာပါဦးလား။ ငါ့သားကိုေတြ႕ခ်င္လွၿပီကြာ📱
ဖခင္ျဖစ္သူ၏ စကားေၾကာင့္ လြန္းထက္သာ လဲ စိတ္မေကာင္းျဖစ္မိသည္။

ဟုတ္လဲဟုတ္ပါတယ္။ ရွိတာမွဖခင္တစ္ေယာက္ကို ခုလိုျပစ္ထားမိျပန္သည္။
"ဟုတ္ကဲ့ပါ အေဖ ဒီမွာလက္စသတ္ၿပီး ကြၽန္​ေတာ္ျပန္လာခဲ့ပါ့မယ္။ ခုတေလာကမွ မေတာ္တဆ ျဖစ္ထားလို႔ သားလက္လႊဲလို႔မရေသးလို႔ပါ...သားေတာင္းပန္ပါတယ္။"

📱ေတာင္းပန္ဖို႔ေတာ့မလိုပါဘူးကြာ...သားအဖေတြပဲေနာ့္...ဒါဆိုဒါပဲေနာ္သား📱
"ဟုတ္ကဲ့ အေဖ ေဆးလဲပုံမွန္ေသာက္ေနာ္"

အေဖကက်န္းမာေရးလဲသိပ္မေကာင္းေတာ့တာေၾကာင့္ မိမိျပန္မွျဖစ္ေတာ့မည္။ ဒီမွာအားလုံး လက္လႊဲလို႔ရတာနဲ႕ ျမန္မာျပည္ကိုျပန္ေတာ့ဖို႔ လြန္းထက္သာ ဆုံးျဖတ္လိုက္ေတာ့သည္။

ဟိုေကာင္ေလးကိုလဲ Suprise တိုက္ရမည္။ ဒါနဲ႕သူေကာအဆင္ေျပရဲ႕လား စကားမေျပာတာေတာင္ ၾကာလွေပ့.......
_____________

"ဘာ...သူကတရားခံမဟုတ္ဘူးေပါ့"
"ဟုတ္တယ္ ဆရာ...သူကမူးမူး႐ူး႐ူးတဲ့ ႏွာထ႐ုံပဲ...ၿပီးေတာ့ အဲ့ေန႕ညက အဲ့ရပ္ကြက္မွာမဟုတ္ဘဲ ေနာက္ရပ္ကြက္တစ္ခုမွာ မိန္းကေလးတစ္ေယာက္ ေပ်ာက္သြားတယ္ "

"ဒါဆို အဲ့လူက ငါတို႔လာေစာင့္ေနတယ္ဆိုတာသိလို႔မ်ားလား။ ဒါမွမဟုတ္ သူလိုခ်င္တဲ့ သားေကာင္က အဲ့ရပ္ကြက္ကမ်ားလား"

ထူးစစ္ေသာ္ မိန္းကေလးတစ္ေယာက္ လို အသြင္ယူတဲ့ညက ဖမ္းမိတဲ့သူက အရက္သမားငမူးသက္သက္ပင္။ ထိုလူ၏ အမ်ိဳးသမီး ကလဲ ေတာင္းေတာင္းပန္ပန္နဲ႕ အာမခံကာ ျပန္ထုတ္သြားၿပီ။

လူေပ်ာက္တာကေတာ့ ဆက္လက္ရွိေနတုန္းပင္။
နံရံေပၚရွိ ေပ်ာက္ဆုံးသြားေသာ မိန္းကေလးသုံးေယာက္ပုံကိုၾကည့္မိေတာ့ သုံးေယာက္လုံးက အသက္၂၀ဝန္းက်င္ မိန္းကေလးေတြပင္။ ၿပီးေတာ့ အေဆာင္ေနတဲ့သူေတြ....

႐ုပ္ရည္အားျဖင့္ အသင့္အတင့္ရွိေလသည္။ ထူးျခားခ်က္က ေကာင္မေလးေတြေပ်ာက္ေသာေနရာေတြမွာ သူတို႔ရဲ႕ အိတ္ေတြက်န္ေနခဲ့သည္။

ထူးစစ္ေသာ္စဥ္းစားမရေပ။ သဲလြန္စက်န္ခဲ့တာမရွိေပ။ ေသခ်ာတာက ဒီလူကသိပ္ကိုပိရိေနတာပင္။

"ဆရာ....မ်က္ျမင္သက္ေသတစ္ေယာက္ရွိတယ္လို႔ သတင္းရလို႔"
ထက္ပိုင္ လာေျပာလို႔ ထူးစစ္ေသာ္နဲ႕ ႏွစ္ေယာက္သားမ်က္ျမင္သက္ေသရွိရာသို႔......
.
.
.
'ေဒါက္...ေဒါက္' လိပ္စာအတိုင္း ေရာက္လာကာ တံခါးေခါက္ၾကည့္လိုက္သည္။ အထဲကေန အမ်ိဳးသမီးတစ္ဦးထြက္လာကာ
"ဘယ္သူေတြလဲရွင့္"

"ကြၽန္ေတာ္ ရဲမႉး ထူးစစ္ေသာ္ ပါ... ဒီကမ်က္ျမင္သက္ေသလားမသိဘူး။"
"ေၾသာ္...ကြၽန္မမဟုတ္ဘူး ကြၽန္မသမီးပါ...အထဲကိုႂကြပါရွင္...."

ထိုအမ်ိဳးသမီးက သူတို႔ကို ဧည့္ခန္းမွာထိုင္ေစၿပီး သမီးျဖစ္သူကိုအေပၚထပ္သို႔ သြားေခၚကာ ျပန္ဆင္းလာေလသည္။

"ဆရာတို႔ ေအးေဆးစကားေျပာၾကပါေနာ္။ ကြၽန္မေသာက္စရာေလးသြားယူလိုက္ပါဦးမယ္"

အမ်ိဳးသမီး ထြက္သြားေတာ့မွ အေရွ႕ကသမီးျဖစ္သူကိုၾကည့္ေတာ့ ပုံစံေလးက ေပ်ာက္သြားေသာ မိန္းကေလးေတြနဲ႕ ႐ြယ္တူေလာက္ပင္။ ႏုံႏုံအအပုံစံေလးေၾကာင့္ ထူးစစ္ေသာ္ စိတ္ထဲ ေသခ်ာျပန္ေျပာနိုင္ပါေစလို႔သာ ဆုေတာင္း ေနမိသည္။

"ဒီကညီမ အစ္ကိုတို႔ကိုမေၾကာက္ပါနဲ႕။ အမွန္တိုင္း ေျပာျပေပးပါ။"
"ဟို...သမီးအမွန္တိုင္းေျပာလို႔...လူဆိုးေတြကသိသြားရင္ သမီးကိုအႏၱရာယ္"

"အဲ့အတြက္ စိတ္မပူပါနဲ႕။ ဒီကညီမနဲ႕ ညီအေမျဖစ္သူလုံၿခဳံေရးကို ကြၽန္ေတာ္တို႔ ကာကြယ္ေပးပါ့မယ္..."
ထူးစစ္ေသာ္ အသံဖမ္းစက္ေလးကို ေရွ႕ကစားပြဲေပၚမွာတင္လိုက္ကာ....
"ေျပာျပပါဦး ညီမဘာေတြျမင္ေတြ႕ခဲ့လဲလို႔"

"ဒီလိုပါ...သမီး လမ္းထိပ္ကေန ျပန္လာတုန္း လမ္းအေကြ႕တစ္ခုမွာ လူသုံးေယာက္ ႐ုတ္႐ုတ္ ႐ုတ္႐ုတ္ ျဖစ္ေနတာေတြ႕လို႔ အကြယ္ကေနေခ်ာင္းၾကည့္ေနမိတယ္။
ေသခ်ာၾကည့္ေတာ့ ေကာင္မေလးတစ္ေယာက္ကို လူႏွစ္ေယာက္က ဆြဲေနသလိုႀကီး...ၿပီးေတာ့ အဲ့လူႏွစ္ေယာက္က လက္ထဲမွာလဲ သံတုတ္ေတြနဲ႕ လူျပတ္တဲ့ေနရာေတြမို႔ ဘယ္သူမွမရွိဘူး။

ခဏၾကာေတာ့ေကာင္မေလးကို ကားတစ္စီးေပၚ တင္ေခၚသြားတယ္..."

"ကားနံပါတ္ ကိုေကာ မွတ္မိလိုက္လား"
"ဟင့္အင္း...ေမွာင္ေနေတာ့ေသခ်ာမျမင္ခဲ့ရဘူး"

ေကာင္မေလးျဖစ္သူ၏အေျဖေၾကာင့္ ထူးစစ္ေသာ္တို႔ လမ္းစရပင္မဲ့ ေပ်ာက္ေနတုန္းပဲဆိုရမလား။
မိခင္ျဖစ္သူကေရာက္လာၿပီး...
"ဆရာတို႔ အေအးေလးေသာက္လိုက္ပါဦး"

ထူးစစ္ေသာ္ လဲ စခန္းကိုphဆက္ကာ လူတစ္ခ်ိဳ႕အိမ္နားမွာ ကင္းခ်ထားလိုက္သည္။ မ်က္ျမင္သက္ေသမိသားစု လုံၿခဳံဖို႔အတြက္ ဆရာတပည့္ႏွစ္ေယာက္ ကေတာ့ အခင္းျဖစ္ပြားရာေနရာသို႔ တစ္ခါျပန္လာၾကည့္လိုက္သည္။

"ဆရာ...တရားခံေတြက လူကိုပဲလိုခ်င္တာလား"
"ျဖစ္နိုင္တယ္.... ေနာက္တစ္ခုက အခုအမႈသုံးခုလုံးကို အဖြဲ႕တစ္ခုထဲက က်ဴးလြန္ေနတာ ေသခ်ာသေလာက္ရွိေနၿပီ"

ႏွစ္ေယာက္သား စခန္းကိုျပန္လာကာ ျပန္ေပးဆြဲခံရေသာ ေကာင္မေလးသုံးေယာက္လုံးရဲ႕ အလီဘိုင္ကို ႏွံ႕စပ္စြာ ရွာရေတာ့သည္။
____________

အက်ိဳးတူ ကုမၸဏီ တစ္ခု၏ Dinner ပြဲတစ္ခုသို႔ လြန္းထက္သာ ေရာက္ေနျခင္းျဖစ္သည္။

"လြန္း....မင္း ျမန္မာျပည္ကိုျပန္ေတာ့မယ္ဆို"
သူငယ္ခ်င္း ျဖစ္သူ၏ အေမးကို လြန္းထက္သာ ေခါင္းညိမ့္ကာ...
"အင္း...ငါ ဒီကအလုပ္ေတြကို လက္စသတ္ၿပီးတာနဲ႕ သြားေတာ့မွာ "

"မင္းေျပာေတာ့ အနည္းဆုံး ၅ႏွစ္ေလာက္ေနမွာဆို"
"ဟုတ္တယ္ အစက ငါအဲ့လိုလုပ္မလို႔ပဲ ခတ္တာက အေဖေလ အေဖက က်န္းမာေရး သိပ္မေကာင္းေတာ့ဘူး....ငါျပန္မွျဖစ္မွာ...ဒီကိုေခၚဖို႔က် အေဖ​ကမေနခ်င္ဘူးတဲ့ ျမန္မာျပည္ကို ပဲ ခ်စ္တယ္တဲ့ေလ"

"ဟုတ္ပါတယ္ ေလ....ငါေတာ့ မင္းကိုလြမ္းေနေတာ့မွာဘဲ"
ဒီကိုေရာက္ထဲက အက်ိဳးတူစီးပြားဖက္ျဖစ္သလို သူငယ္ခ်င္း ျဖစ္လာခဲ့ေသာ သူအဖို႔ သံေယာဇဥ္ ေတာ့ ရွိၾကသား....

Dinner ပြဲကအျပန္ လမ္းခုလက္တစ္ေနရာမွာ လမ္းခ်ိဳးကေနေကြ႕လာေသာ ကားေၾကာင့္ လြန္းထက္သာ ကားကိုအျမန္ break အုပ္လိုက္ရသည္။

ဒါေတာင္ အနည္းငယ္ေရွ႕ပိုင္းေလး ညိသြားေသး...
အရွိန္ေၾကာင့္ လြန္းထက္သာ ဇတ္အနည္းငယ္နာသြားကာ ကားတံခါးကို ဖြင့္ၿပီးဆင္းၾကည့္လိုက္ေတာ့ တစ္ဖက္ကားက လူကလဲဆင္းလာကာ....

"ဟက္...သူေသကိုယ္ေသပဲလုပ္မလို႔ ခုေတာ့ ကိုယ္မေသခ်င္ေတာ့ဘူး...မင္းကိုပဲ အရင္သတ္မယ္"
ဆိုကာ လြန္းထက္သာ ဆီေျပးလာၿပီး လက္ထဲကဓားနဲ႕ ဗိုက္ကို ထိုးခ်လိဳက္သည္။

႐ုတ္တရက္ ေၾကာင့္ေကာ ကားမီးအလင္းေၾကာင့္ေကာ တစ္ဖက္လူကို လြန္းထက္သာ ေသခ်ာမျမင္ရဘူး။ မိမိအားတစ္ခုခုနဲ႕ ဗိုက္ကိုလာထိုးမွ ထိုလူ႕မ်က္ႏွာကိုေသခ်ာၾကည့္ေတာ့....

ဒါစက္႐ုံမွာ ျပႆနာ ျဖစ္ခဲ့တဲ့ တာဝန္ခံ ပဲ......

လြန္းထက္သာ ဗိုက္ထဲက ဓားကိုဆြဲထုတ္ကာ ထိုလူက ေနာက္တစ္ခ်က္ထက္ထိုးဖို႔ ႐ြယ္လိုက္ေလသည္.......
______________

7.1.2022
Khine Lay

Continue Reading

You'll Also Like

13.9K 551 63
AOT modern au !! Sasha suffers from severe anxiety that takes over her entire life...along with two roommates named Connie and Jean who monitor ever...
160K 4.4K 23
(Y/N) (L/N) has a passion for ice skating and has fantasized about pursuing her dream as an international ice skater. Sadly, her focus has been blurr...
29.8K 4.1K 40
˚✧ Protagonist˚✧ Gemini Kleverron "ជេមមីណាយ ឃ្លេវវើរ៉នន៍" ♡ Fourth Sydenzverd "ហ្វូត សាយឌេនវើត" /////// •Hate to love💅🏻?????
26.9K 469 41
I do not own Helluva Boss. It's owned by Vivziepop. You are a 15-year-old Imp. Your parents are Millie and Moxxie. You work with your parents and Bo...