ဝင်္ကပါထဲက သရဲစံအိမ် [Complet...
By cuttiehsumindooly
120K 18.8K 14.6K
မကြောက်တတ်သူများ ဖတ်ပါ 😌😌 ငိုချင်သူများ နှင့်​ မရယ်​ချင်​သူများမဖတ်​ရ🙊🙊 ✌Kim Namjoon ✌Kim Seok Jin ... More
ဝင်္ကပါ (နိဒါန်း)
ဝင်္ကပါ (မှတ်တမ်း - ၁)
ဝင်္ကပါ ( မှတ်တမ်း - ၂)
ဝင်္ကပါ ( မှတ်တမ်း - ၃ )
ဝင်္ကပါ (မှတ်တမ်း - ၄)
ဝင်္ကပါ (မှတ်တမ်း - ၅)
ဝင်္ကပါ (မှတ်တမ်း - ၆)
ဝင်္ကပါ (မှတ်တမ်း - ၇)
ဝင်္ကပါ (မှတ်တမ်း - ၈)
ဝင်္ကပါ ( မှတ်တမ်း - ၉)
ဝင်္ကပါ (မှတ်တမ်း - ၁၀)
ဝင်္ကပါ (မှတ်တမ်း - ၁၁)
ဝင်္ကပါ (မှတ်တမ်း - ၁၃)
ဝင်္ကပါ (မှတ်တမ်း - ၁၄)
ဝင်္ကပါ (မှတ်တမ်း - ၁၅)
ဝင်္ကပါ (မှတ်တမ်း - ၁၆)
ဝင်္ကပါ (မှတ်တမ်း - ၁၇)
ဝင်္ကပါ (မှတ်တမ်း - ၁၈)
ဝင်္ကပါ (မှတ်တမ်း - ၁၉)
ဝင်္ကပါ (မှတ်တမ်း - ၂၀)
ဝင်္ကပါ ( နိဂုံး - အစ)
ဝင်္ကပါ (နိဂုံး - အဆုံး)
Surprise ? Season 3 ?
👻Horror Fics👻
Instock 📣
Give Away 📣 [Closed]
Winner Announcement 🎉
ဝင်္ကပါ (မှတ်တမ်း - ၁၂)
3.2K 603 428
By cuttiehsumindooly
Unicode 📌
"ကျွီ" ဆိုတဲ့ အသံခပ်တိုးတိုးနဲ့အတူ အခန်းတစ်ခုရဲ့ တံခါးက ခပ်ဖြေးဖြေးချင်း သူ့အလိုလို
ပွင့်လာပြီးနောက် ထိုအခန်းထဲမှ ထွက်လာသော
အရိပ်မဲတစ်ခုက သန့်စင်ခန်းလိုက်ရှာနေကြသော ကောင်လေး ၄ ယောက်အနောက်ကနေ တရွေ့ရွေ့ချဉ်းနင်းရင်း လိုက်ပါသွားလေပြီ ဖြစ်သည်။
ထိုအရာသည် ဘယ်သူလဲ ။
စံအိမ်သို့ အတွဲချောင်းရန် ရောက်နှင့်နေကြသူများ သိရင် ပြောပြခဲ့ပါလား ။
®®®® ဝင်္ကပါထဲကသရဲစံအိမ် ®®®®
ယွန်းဂီ ဦးဆောင်ကာ ထယ်ယောင်း နှင့်
ဂျောင်ကု တို့အတူ သူတို့၏ ချစ်သူငယ်ချင်းလေး
ဂျီမင်း၏ လက်ပေါ်က ငှက်ချေး ဆေးကြောရန် နှင့် ရိုက်ကူးမှု စတင်ရန်အတွက် သန့်စင်ခန်းအား လိုက်ရှာနေကြလေပြီ ဖြစ်တယ်။
မရောက်ဖူးသေးသော နေရာအသစ်အဆန်းဖြစ်သည်က တစ်ကြောင်း ၊ မီးရောင်အားကိုးနဲ့ အမှောင်ကို အတတ်နိုင်ဆုံး ဖြိုခွင်းကာ စမ်းတဝါးဝါးသွားနေရတာက တစ်ကြောင်းကြောင့် သိပ်ပြီး ခရီးမတွင်လှ ။ ခပ်ဖြေးဖြေးချင်းသာ အိပဲ့အိပဲ့ဖြင့် ။
ပထမဆုံးအခန်းတစ်ခုရဲ့ တံခါးလက်ကိုင်ကို ယွန်းဂီအသာလှည့်ကာ ဖွင့်လိုက်တော့ 'ကျွီ' ကနဲ သံရှည်ဆွဲသံလေးနဲ့အတူ တံခါးက ခပ်ဖြေးဖြေးပွင့်သွားတယ်။
ဖုန်နံ့တွေကတော့ သူတို့ နှာခေါင်းထံသို့
အလုံးအရင်းလိုက် ပြေးဝင်လာတယ်။
"အခန်းတွေကလဲ နံလိုက်တာ"
ယွန်းဂီ စိတ်ပျက်လက်ပျက် ညီးညူလိုက်တယ်။
ကျန်သူများလဲ ထပ်တူ ခံစားနေကြမှာ အမှန်။
"ဟွန်း ... ဒါက အိပ်ခန်းသီးသန့် ထင်တယ်"
ကုတင်တွေ ၊ ဗီဒိုတွေ ၊ ပရိဘောဂပစ္စည်းအပြည့်အစုံနဲ့ ရှုပ်ပွနေတဲ့ အခန်းဟောင်း ခပ်ကျယ်ကျယ်တစ်ခုကို အဝင်ဝကနေပဲ အသာလှမ်းကြည့်ပြီး ယွန်းဂီ ပြောလိုက်တယ် ။ အခန်းထဲထိတော့ ဝင်ခြင်းမရှိ။
အိပ်ခန်းနဲ့ သန့်စင်ခန်း တွဲရက်ရှိနေတာမျိုး မဟုတ်တဲ့ အတွက်ကြောင့်လဲ အိပ်ခန်းသီးသန့် ဟု သူသုံးနှုန်းလိုက်ခြင်းပင် ။
"ဒီအခန်းမဟုတ်သေးဘူး ...
လာ နောက်တခန်းသွားရအောင် "
ပြောလဲပြော တံခါးကိုလဲ ဆွဲပိတ်လိုက်တဲ့ ယွန်းဂီ။
"ဂျိန်း" ကနဲ မြည်ဟီးသွားတဲ့ တံခါးသံကြီးကတော့ နားဝင်မချိုလှ ။
"အာ... ဖြေးဖြေးပိတ်ပါ ဂီ ရယ် ... အသံကျယ်ကျယ်ကြားရင်ကို လန့်နေရပါတယ် ဆိုမှ"
ယွန်းဂီနောက်မှာ ကပ်နေတဲ့ ထယ်ယောင်းက ခပ်တိုးတိုး ညည်းတယ်။
"ကိုယ်လဲ အသာပဲ ဆွဲ ပိတ်လိုက်တာပါ ယောင်းငယ်ရာ ။ သူ့အလိုလို တံခါးကြီးက အထဲကနေ
တယောက်ယောက်က ဆောင့်ပိတ်လိုက်တဲ့အတိုင်း ဖြစ်သွားတာကတော့ ထူးဆန်းတယ်"
သူ့အထင်အမြင်ကို ဖွင့်ဟလာတဲ့ ယွန်းဂီ
စကားကြောင့် ကျန် ၃ ယောက်လုံး ဘဝင်မကျတော့ ဖြစ်မိသွားတယ်။ အခန်းက ထူးဆန်းနေတာလား
ဘာလားပေါ့ အတွေးနည်းနည်းများသွားမိတယ်။
ဒါပေမဲ့ ရှေ့ကနေ ထွက်ခွာကာ တခြားအခန်းတွေဆီ ဦးတည်နေတဲ့ ယွန်းဂီကြောင့် သူတို့လဲ အနောက်ကနေ အသာလိုက်သွားမိတော့တယ်။
တကယ်လို့သာ အခန်းတံခါးရဲ့ အတွင်းဘက်ခြမ်းတစ်ဖက်ဝယ် တံခါးကို ပင့်ကူသဖွယ် ကုတ်ကပ်ထားပြီး မျောက်တစ်ကောင်လို မှီတွယ်နေတဲ့ အရိုးခြောက်ခန္ဓာနဲ့ သရဲတစ်ကောင် ရှိနေခဲ့တယ်ဆိုတာကိုများ သူတို့အားလုံး သိနိုင်ခဲ့မယ် ဆိုရင်ဖြင့် ... ။
•••••••••• Ghost House •••••••••
အနောက်ကနေ တရှပ်ရှပ် နဲ့ ခြေသံတိုးတိုးလေးလိုလို  ကြားလိုက်မိသယောင်မို့ ထယ်ယောင်းအသေအချာ ပြန်ပြီး နားစွင့်ထားလိုက်မိတယ် ။
"ရှပ် ... ရှပ်"
ဟုတ်တယ် ၊ အသေအချာကို သူကြားမိတာ။
အနောက်ဆုံးကနေ သူသွားနေသည်မို့ သူ့နောက်ဝယ် ဘယ်သူမှ ရှိနေရမည်မဟုတ်။ ထိပ်ဆုံးက ယွန်းဂီ နဲ့ ဂျောင်ကုက ယှဉ်တွဲကာ လျှောက်လျက် ၊  အလယ်မှာ ဂျီမင်း ။ နောက်ဆုံးက သူ ။
သူနောက်ကျော သိပ်မလုံချင်တော့ ။
ကြက်သီးတွေကလဲ အလိုအလျောက် ထလာတယ်။ စိတ်ထဲမှာ လေးလံလျက်။
နောက်ကို လှည့်ကြည့်ရမှာလဲ သူကြောက်တယ်။
မတော်လို့များ သရဲမျက်နှာ ဖြူစုတ်စုတ်ကြီးက သူ့အနောက်ကနေ ကပ်ကာ သူ့အား ပြူးပြဲကြည့်နေပြီး လျှာကြီးပါ ထုတ်ပြနေခဲ့ပါလျှင်။
အတွေးနဲ့တင် ရူးမတတ်ဖြစ်သွားတာမို့ သူ့အတွေးကို ပယ်ပျောက်စေဖို့ ခေါင်းခါရမ်းကာ အာရုံပြောင်းရင်းကြိုးစားဖြေဖျောက်လိုက်ရတယ်။
ဒါပေမဲ့ မိမိက ယောင်္ကျားမလား ၊ အလကားနေရင်း အသားလွတ်ကြောက်နေစရာတော့လဲ အကြောင်းမရှိ ။ မဖြစ်သေးတဲ့အရာ ၊ တကယ်မရှိတဲ့အရာမျိုးပေါ် အတွေးနဲ့တင် လန့်နေတာဟာ သတ္တိမရှိတဲ့ ငကြောက်တွေရဲ့ လုပ်ရပ်။
ဒါ့ကြောင့် ထယ်ယောင်း ယောင်္ကျားပီပီသသ သေချာအောင် အရင်စူးစမ်းကြည့်ဖို့ ဆုံးဖြတ်ချက်ချလိုက်သလို အနောက်သို့ ချာကနဲ လှည့်ကြည့်လိုက်မိတော့တယ်။
"ဟူး"
တော်ပါသေးရဲ့ ။
သူ့အနောက်ဝယ် ဘာမှ ရှိမနေ ။
သက်ပြင်းမောသာ အသာချလိုက်မိရင်း
အရှေ့သို့သာ ပေါ့ပေါ့ပါးပါးပဲ ပြန်လှည့်လိုက်တယ်။
သို့ပေမဲ့ သူ့အကြည့်တွေက သူ့ဘေး အခန်းနံရံပေါ်ဝယ် ထင်ဟပ်နေတဲ့ သူတို့ လေးယောက်ရဲ့ အရိပ်ကို လှမ်းမြင်လိုက်ပြီးနောက်မှာတော့ ....။
အရိပ်ထဲဝယ် မြင်နေရသည်က သူတို့လေးယောက်အပြင် သူ့အနောက်ဝယ် လေထဲလွင့်နေတဲ့ အငွေ့လို ရှည်ရှည်မျောမျော လက်ကြီးနှစ်ဖက်သဏ္ဍာန်အရာကြီးက ရှိနေပြီး
တရွေ့ရွေ့ဖြင့် သူ့အနား ချဉ်းကပ်လာကာ သူ့လည်ပင်းအား ထိတော့မတတ် နီးကပ်နေတာကို
မြင်လိုက်ရတယ်ဆိုရင်ပဲ ... ။
"Omma... Appa...."
၅ နှစ်သား ကလေးတစ်ယောက်သဖွယ် မိဘနှစ်ပါးအား တိုင်တန်းနေသလိုလို ၊ အကူအညီတောင်းနေသလိုလို ကြောက်အားလန့်အားနဲ့ ဟစ်အော်လိုက်တဲ့ ထယ်ယောင်းရဲ့ သြရှရှအသံလေးက ကျန်သုံးယောက်အား အလန့်တကြား ဖြစ်သွားစေဖို့ လုံလောက်ခဲ့လေတော့တယ်။
"ဘာဖြစ်တာလဲ ယောင်း"
"ဘာတွေ့လိုက်လို့လဲဟင်"
"ယောင်း...."
သုံးယောက်လုံးထံမှ စိုးရိမ်တကြီး မေးလိုက်တဲ့ အသံလေးထွက်ကျလာသလို
ဂျီမင်းအား ပြေးကပ်ထားမိတဲ့
ယောင်းငယ်ကတော့ နံရံပေါ်က အရိပ်ကိုပဲ
ကြည့်ငေးကြောက်လန့်နေမိဆဲ ။
"ဟိုမယ် ... ဟိုမယ် ငါတို့ အနောက်မယ်
သရဲလက်ကြီး ... သရဲ... သရဲလိုက်လာတယ် "
ထယ်ယောင်းပြောတဲ့ ထူးဆန်းတဲ့စကားကြောင့်
သုံးယောက်လုံးရဲ့ အကြည့်တွေက သူတို့အရိပ်ကျနေတဲ့ နံရံဆီပေါ်သို့  မဆိုင်းမတွ ချက်ချင်း ရောက်ရှိသွားတယ်။
ဂျီမင်းကတော့ ​ထယ်ယောင်းရဲ့လက်လေးအား
ခပ်တင်းတင်း ဆုပ်ကိုင်ထားပေးရင်းနဲ့ပေါ့ ။
"ဟ ..ဟ ..ဟ ယောင်းရာ"
ဂျောင်ကုရဲ့ ခပ်တိုးတိုး ရယ်သံလေးကြောင့်
ထယ်ယောင်းရဲ့ မျက်လုံးဝိုင်းဝိုင်းလေးထံမှ အကြည့်တွေက ဂျောင်ကုဆီ ပြေးကပ်တယ် ။
မျက်နှာလေးကတော့ အူလည်လည်လေးနဲ့ ။
ဂျောင်ကုက ဘာလို့ ရယ်နေသလဲပေါ့ ။
"အဲ့တာ သရဲ မဟုတ်ပါဘူး ... ဟိုးမှာ ကြည့်လိုက်"
ဂျောင်ကု ညွှန်ရာသို့ အားလုံး ကြည့်လိုက်မိတော့ ...
သူတို့ရောက်နေတဲ့ နေရာက တဖက်က အခန်းတစ်ခုဖြစ်သလို တစ်ဖက်ကတော့ နေရာလွတ်ကြီးဖြစ်ကာ မလှမ်းမကမ်းဝယ် ပြတင်းပေါက်တခုရှိလေတယ်။
ထိုပြတင်းပေါက်မှာ ပွင့်နေ၍ စံအိမ်အပြင်ဘက်မှာ ကပ်ပြီးပေါက်နေတဲ့ သစ်ပင်ကြီးရဲ့ ရှည်ရှည်မျောမျော သစ်ကိုင်းအခက်တစ်ခုက ပြတင်းပေါက်နားထိ တိုးဝင်နေပြီး လေတိုက်တိုင်း လှုပ်ယိမ်းနေကာ လရောင်သဲ့သဲ့ရဲ့ အကူအညီနဲ့ ရောစပ်ပြီး သူတို့ဘေးက နံရံပေါ်သို့ မတော်တဆ အရိပ်ကျရောက်နေခြင်းပင်။
ဒါ့ကြောင့်လဲ ထယ်ယောင်းက သူ့အနောက်သို့ လက်ရှည်ရှည်ကြီး လိုက်လာတာလို့ ထင်မိပြီး ကြောက်သွားတာ ဖြစ်ရမယ် ဟု ဂျောင်ကုက
ချက်ကျ လက်ကျ ရှင်းပြလိုက်လေတယ်။
အားလုံးလဲ အကျိုးသင့်အကြောင်းသင့် ပြောပြသွားတဲ့ ဂျောင်ကု စကားကို လက်သင့်ခံလိုက်ကြတယ်။ ဘာလို့လဲ ဆိုတော့ နံရံထက်ဝယ် ထိုသစ်ကိုင်းအရိပ်က ပေါ်နေဆဲဖြစ်ပြီး လှုပ်ယမ်းနေတုန်းပဲလေ။
ထယ်ယောင်းကတော့ သူ့ကြောက်အားလန့်အား
ဖြစ်သွားခဲ့မိတဲ့ ကိစ္စအပေါ်ကို ရှက်သွားမိပြီး ရှက်ကိုးရှက်ကန်းလေးနဲ့ပဲ လေးထောင့်ပုံစံ နှုတ်ခမ်းလေးဟကာ သွားလေးတွေ စိပြီး ဂျောင်ကုကို ရယ်ပြလိုက်တယ်။
"ချစ်ဖို့ကောင်းတယ်"
ဂျောင်ကုက ပြုံးရင်းနဲ့ပဲ ထယ်ယောင်းရဲ့ မေးစေ့အောက် လည်ပင်းပေါ်က အသားနုနုလေးကို
လက်လေးနဲ့ အသာပွတ်ဆွဲပြီး ပြောလိုက်လေတော့ ထယ်ယောင်းပါးလေးတွေပေါ်မှာပါ အနီရောင်သွေးကြောလေးတွေ ရုတ်တရက် ရှပ်ပြေးသွားခဲ့တာကို မီးရောင်အောက်မှာ သေချာမြင်နိုင်ခဲ့ရင်တော့ ကောင်းမှာပါပဲလေ ။
"ဟုတ်တယ်... ကိုယ်တို့ရဲ့ ယောင်းငယ်လေးက
ချစ်ဖို့သိပ်ကောင်း "
ယွန်းဂီဝင်ပြောလိုက်သလို ဂျီမင်းကလဲ ထယ်ယောင်းအား ချစ်မြတ်နိုးစွာဖြင့် ခါးကနေ ဆွဲဖက်လိုက်ရင်း ရှေ့က အခန်းဆီ အတူတူ ဆက်သွားဖို့ ဟန်ပြင်လိုက်တော့တယ်။
အားလုံးဟာ တယောက်ကို တယောက် ချစ်ခင်စွာ ။ နားလည်စွာ ။ ကာကွယ်ရင်း ။ ဖေးမကူညီ စောင့်ရှောက်ရင်း ။
တကယ်တမ်း ထယ်ယောင်း အနောက်မှာ
ဝိဉာဉ်အရိပ်တစ်ခု ကပ်ပါလာခဲ့တာက အမှန်ပဲဆိုတာကိုများ သိနိုင်ခဲ့ရင်တော့ .....။
********** Ghost House ********
တွေ့ရာ အခန်းတစ်ခုပြီးတစ်ခု ဖွင့်ကြည့်ရင်းနဲ့မှ နောက်ဆုံးမှာတော့ သန့်စင်ခန်းသို့
သူတို့ လေးယောက်လုံး ဆိုက်ဆိုက်မြိုက်မြိုက် ရောက်ရှိခဲ့ပြီ ဖြစ်တယ်။
အခန်းမှာ တော်တော်ကျယ်ပြီး အိမ်သာမှာလဲ ၃ လုံးရှိပြီး ဘေစင်၃ခုကို တွေ့ရတယ် ။ ဒီစံအိမ်က အပန်းဖြေစံအိမ် အဖြစ်လုပ်ခဲ့တာလား ဒါမှမဟုတ်ဟိုတယ်အသေးစားအနေနဲ့ ဧည့်သည်လက်ခံခဲ့တာများလား ဟု အတွေးများစရာဖြစ်သွားတယ်။
အကယ်၍သာ ဤသန့်စင်ခန်းအား ဟိုဆော့ မြင်တွေ့ခဲ့ပါကလဲ သူ့အိပ်မက်ထဲကအတိုင်းပဲဟု ကြောက်အားလန့်အားနဲ့ ကတုန်ကယင်ဖြစ်ကာ ပြောလာမည်မှာ အသေအချာပင် ။
အိပ်မက်ထဲဝယ် အကြီးအကျယ် သရဲခြောက်ခံခဲ့ရသော ထိုသန့်စင်ခန်းကြီးအား သူဘယ်မေ့နိုင်နိုင်ပါ့မလဲလေ ။
အခုတော့ ယွန်းဂီ ၊ ဂျီမင်း ၊ ထယ်ယောင်း ၊ ဂျောင်ကု လေးယောက်လုံး သူတို့တခါမှ မမြင်ဖူးခဲ့သေးသော ထိုသန့်စင်ခန်းအား အထူးအဆန်းသဖွယ်ကြည့်ရင်း လေ့လာစပ်စုနေကြလေတယ်။
"ပင့်ကူအိမ်တွေကလဲ ပေါချက်ပဲ"
အခန်းတွင်း ယှက်သွယ်နေကြသော ပင့်ကူအိမ်တချို့ကို ဖယ်ရှားလိုက်ရင်းမှ ဂျောင်ကု ရေရွတ်လိုက်တယ်။
ဘေစင်နား ရောက်သွားပြီဖြစ်သော ထယ်ယောင်းကတော့ သူ့ရှေ့ဝယ်ရှိတဲ့ ဖုန်အလိမ်းလိမ်းထနေသော နံရံကပ် မှန်ထဲမှာ ဝိုးတဝါးပေါ်နေတဲ့ သူ့ရုပ်လေးအား အမှတ်တမဲ့ ကြည့်နေမိတယ်။
ဂျီမင်း ကတော့ ဘေစင်မှ ရေရသေးလား ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ရေပိုက်ခေါင်း တခုပြီး တခု ဖွင့်ကြည့်နေမိတယ်။
နောက်ဆုံး ဘေစင်ရောက်မှပဲ ရေပိုက်ခေါင်းအား
လှည့်ကြည့်လိုက်တော့ ရေအနည်းငယ် ကျလာသည်မို့ ဂျီမင်း ပြုံးပြီး ကျေနပ်နေမိတော့တယ်။
ရေပိုက်ခေါင်း အနားမှာ ဆပ်ပြာရည်ဗူးအဟောင်းတခု လဲကျနေတာကိုပါ တွေ့လိုက်သည်မို့ ဆပ်ပြာရှိသေးလား ညှစ်ထုတ်ကြည့်တော့ အကြွင်းအကျန်အနည်းငယ် အသုံးပြုလို့ ရနိုင်သေး၍ ဂျီမင်း ပိုပျော်သွားတယ်။
ဒါ့ကြောင့် သူ့လက်မှာ ပေနေတဲ့ ငှက်ချေးတွေကိုလက်တဖက်နဲ့ ခပ်ကြမ်းကြမ်းပွတ်တိုက်ပြီး ဆပ်ပြာရေနဲ့ပါ ဆေးကြောချလိုက်တယ်။
နောက်ဆုံးမှာတော့ ဂျီမင်း လက်ကလေး
ပြန်လည်သန့်စင်သွားခဲ့ပြီ ။
ယွန်းဂီကတော့ သယ်ဆောင်လာတဲ့ ကင်မရာအား Selfie Stick ပေါ်တပ်ဆင်ရင်းနဲ့ ရိုက်ကူးရေး စတင်ဖို့ အလုပ်ရှုပ်နေတော့တယ်။
ထိုအချိန်မှာပဲ ဂျောင်ကု ကိုင်ထားတဲ့ ဝေါ်ကီတော်ကီစက်အတွင်းမှ
"ဟေ့... ဂျစ် ... ဂျစ် ... အပေါ်ထပ်ကို တာဝန်ယူထားတဲ့ အဖွဲ့က .... ဂျစ် ဂျစ် ... ရိုက်ကူးရေး
ဂျစ် ဂျစ် ... မစကြသေးဘူးလားကွ "
ဆိုတဲ့ Admin ရဲ့ ဆော်သြတဲ့အသံကြီးက လေလှိုင်းထဲမှ တဂျစ်ဂျစ်ထနေတဲ့ လိုင်းပူးသံနဲ့အတူ တွဲပြီး ထွက်လာတော့ ရုတ်တရက်မို့ သူတို့အားလုံး လန့်ဖြန့်သွားကြတယ်။
ဂျောင်ကုကတော့ အစကထဲက ကြောက်စိတ်နည်းသူမို့ အရမ်းကြီး လန့်မသွားသော်လည်း
ယောင်တတ်တဲ့ ယွန်းဂီကတော့
"အမေ့ ပလုတ်တုတ် ဂေါ်ဖီထုပ် နဲ့ ကွေကာအုပ်"
ဆိုပြီး လန့်ကာ ယောင်မိသွားလေတယ်။
ပြီးမှ သူ့ဘာသူ ရှက်သွားပြီး "Shit...." ကနဲ
ခပ်တိုးတိုးလေး ကျိန်ဆဲလိုက်လေတော့တယ်။
"ဟုတ် ...ဂျစ်  Admin ...ဂျစ် .ကျွန်တော်တို့ အခု ဂျစ်...သန့်စင်ခန်းထဲရောက်နေတာ ...ဂျစ်.. ရိုက်ကူးရေး စတော့မလို့ပါပဲ"
ဂျောင်ကုပဲ တာဝန်ယူကာ ပြန်လည်ပြောဆိုလိုက်တော့ Admin ဆီမှ ပွစိစကားသံ နားဒုက္ခ အန္တရာယ်တခု အေးသွားတော့တယ်။
ဒါ့ကြောင့်လဲ အားလုံး တည်ငြိမ်သွားပြီ ဖြစ်တဲ့အတွက် ရိုက်ကူးရေးစတင်တော့မယ် ဟု ယွန်းဂီမှ ပြောယုံရှိသေး
ထိုအချိန်မှာပဲ
အိမ်အောက်ထပ်မှ
" အား......... "
ဆိုတဲ့ နမ်ဂျွန်း ၊ ဟိုဆော့ နှင့် ဆော့ဂျင် တို့ရဲ့ သုံးယောက်ပေါင်းကာ ဟစ်အော်လိုက်တဲ့ အသံကြီးက မိုးထက်သို့ညံလောက်အောင် ဖောက်ထွင်းပြီး
သူတို့နားစည်အထိ တိုးဝင်လာခဲ့တော့
ယွန်းဂီ ၊ ဂျီမင်း ၊ ထယ်ယောင်း နှင့် ဂျောင်ကု
လေးယောက်သား လုပ်လက်စ အားလုံး ရပ်တန့်သွားကာ မတိုင်ပင်ထားပါဘဲ တယောက်နဲ့တစ်ယောက် ပြိုင်တူ မော့ကြည့်ရင်း ထိတ်လန့်ခြင်းတွေ ဖမ်းစားခံလိုက်ရတော့တယ်။
/ အောက်ထပ်မှာ သူတို့သူငယ်ချင်း သုံးယောက်
ဘာဖြစ်သွားကြတာလဲ /
တွေးပူမှုကလဲ အမြင့်ဆုံး ဒီဂရီသို့ ရောက်ရှိသွားပြီ ဖြစ်တယ်။
သို့အတွက်ကြောင့် ဂျီမင်း သူသယ်ဆောင်လာသော Iphone 13 Pro Max ကို ထုတ်လိုက်ပြီး ဟိုဆော့ ထံသို့ ဖုန်းခေါ်လိုက်တယ်။
"တူ .... တူ.... တူ.... "
တတူတူ အသံပဲ ကြားရပြီး လေလှိုင်းက မမိသေးပေ။ ဆက်သွယ်မှု ဧရိယာပြင်ပသို့ ရောက်နေလေတယ်။
ကြည့်ရတာ ဒီနေရာသည် ဖုန်းလိုင်းရရန် မတူ ။
ဂျီမင်း စိတ်ပျက်လက်ပျက် ဖြစ်သွားတယ်။
"ဟာ... အကြံရပြီ ... ခုနကလို Admin ဆီကို
ဝေါ်ကီတော်ကီနဲ့ လှမ်း မေး လို့ရတာပဲ"
ထက်ထက်မြတ်မြတ်ရှိလှလွန်းတဲ့ ဂျောင်ကုက ချက်ချင်း အတွေးပေါက်ကာ ပြောလာလေတယ်။
သူ့အကြံအတိုင်း မဆိုင်းမတွချက်ချင်း စက်ခလုပ်နှိပ်ကာ Admin ဆီသို့ အောက်ထပ်က သူငယ်ချင်း ၃ ယောက် ဘာဖြစ်သွားကြတာလဲ မေးမြန်းပြောဆိုလိုက်တော့ တဂျစ်ဂျစ်အသံတွေပူးရင်းမှ Admin ပြောပြလာတာကတော့
.................။
******* Ghost House ********
ပိတ်စဖြူအား နမ်ဂျွန်း
'ဖြတ်ကနဲ' ဆွဲဖယ်ကြည့်လိုက်ပြီးတဲ့အခါမှာတော့
ပထမ စူးစမ်းသိချင်စိတ် ၊ နောက်တော့
ပြောင်းလဲသွားတဲ့ အံ့သြထိတ်လန့်မှုစိတ်က အစားထိုးဝင်ရောက်သွားတယ်။
သူတို့တွေ့လိုက်ရတဲ့ အရာကတော့
ကုတင်ပေါ်ဝယ် Dead Body ကနေမှ အရိုးတွေပဲ ကြွင်းကျန်နေပြီဖြစ်တဲ့ ခန္ဓာကိုယ်အပိုင်းအစကြီးက အနည်းငယ် ခပ်ကွေးကွေးလေး လဲလျောင်းလို့ ။
အရိုးခေါင်းကြီး ၊ မေးရိုးနဲ့ သွားတန်းကြီး ။ သွေးချင်းချင်းနီနေတဲ့ လက်သည်းခွံရှည်ရှည်ကြီးတွေရှိတဲ့ အရိုးလက်ကြီး ။ ခန္ဓာကိုယ် အရိုးတန်းကြီး ။ အားလုံးဟာ တဆက်ထဲဖြင့် ။
ထိုအရာကြီးက အဖြူရောင်ပိတ်စအောက်ဝယ် ဖုံးလွှမ်းခြင်း ခံထားရလေတယ်တဲ့လား။
ဘာ့အတွက်ကြောင့် ။
ရုတ်တရက် အံ့သြသွားတဲ့စိတ်နဲ့အတူ တုတ်တုတ်မျှ မလှုပ်ပဲ ကြည့်နေမိစဉ်မှာပဲ ...
ထိုအရိုးခန္ဓာကြီးမှာ ငြိမ်သက်နေရာကနေ တဖြည်းဖြည်းချင်း လှုပ်လှုပ်ယွယွ ဖြစ်လာကာ
ထထိုင်လိုက်လေတော့
"အား........"
နမ်ဂျွန်း ၊ ဆော့ဂျင် ၊ ဟိုဆော့ သုံးယောက်လုံးရဲ့
အာ​ခေါင်ခြစ်ကာ ကြောက်အားလန့်အား အော်ဟစ်လိုက်တဲ့ အသံကြီးကသာ ထိုသရဲစံအိမ်ရဲ့ အမှောင်ညကို ဖြိုခွင်းထွင်းဖောက်သွားခဲ့လေတော့တယ်။
တိတ်ဆိတ်ခြင်းတွေ ခြုံလွှမ်းထားသလို
တခါတရံ ထိတ်လန့်ဟစ်ကြွေးသံတွေလဲ
မိုးထိညံနိုင်တယ်။
မကြောက်ပါဘူးလို့
ငြင်းဆိုထားပေမဲ့လဲ
ကြောက်ရွံခြင်းတွေက
အသွေးအသားထဲ ပျော်ဝင်နေခဲ့။
To Be Continued ~~~~
A/N အရင်ရက်က Update ပျက်ကွက်ထားတာလေးတွေ ရှိတာမို့ အစားထိုးအနေနဲ့ ဒီည နောက်ထပ် Up နိုင်အောင် ကြိုးစားရင်း Double Update လုပ်ပေးပါ့မယ်နော် 😍
ညတုန်းက ရေးရင်းရေးရင်း အရမ်းညနက်သွားတာမို့ မ up လိုက်တော့တာ ။ ဒါမဲ့ စိတ်စွဲသွားလို့လားပဲ ဂျောင်ကုက  "ချစ်စရာကောင်းတယ်" လို့ ပြောတဲ့အခန်းလေးကို အိပ်မက် မက်နေသေးတယ် ဟိ ။
အိပ်မက်ထဲ ရိုတဲ့ အခန်းလေးပဲ ကွက်မက်ပြီး
သရဲတွေ ပါမလာလို့တော့ တော်သေးတယ် 🤧😁
Fic လေး Viewer 27K နဲ့ Vote 5K ပြည့်သွားတဲ့အတွက်တော့ ဖတ်ပေးတဲ့သူ Vote ပေးတဲ့သူ အားလုံးကို ကျေးဇူးတင်ပါတယ်လို့ 😍
အချစ်များစွာဖြင့်
Cuttiehsumindooly 🌸
🖤🖤🖤
Zawgyi 📌
ထိုအရာသည် ဘယ်သူလဲ ။
သိရင် ပြောပြခဲ့ပါလား ။
®®®® ဝင်္ကပါထဲကသရဲစံအိမ် ®®®®
"ဒီအခန်းမဟုတ်သေးဘူး ...
•••••••••• Ghost House •••••••••
"ရှပ် ... ရှပ်"
စိတ်ထဲမှာ လေးလံလျက်။
"ဟူး"
တော်ပါသေးရဲ့ ။
"Omma... Appa...."
"ဘာဖြစ်တာလဲ ယောင်း"
"ယောင်း...."
"ဟ ..ဟ ..ဟ ယောင်းရာ"
"ချစ်ဖို့ကောင်းတယ်"
ချစ်ဖို့သိပ်ကောင်း "
********** Ghost House ********