ထိုမှစခဲ့သော အချစ်များစွာသည်

By Fiendyy

673K 70.6K 1K

Translation of ❛ The Long-awaited Mr. Han『韩先生,情谋已久』❜ written by the author As If Dawn『恍若晨曦』. Story Cover is n... More

INTRO
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36
37
38
39
40
41
42
43
44
45
46
47
48
49
50
51
52
53
54
55
56
57
58
59
60
61
62
63
64
65
66
67
68
69
70 + Paid Group Details
71
72
73
74
75
76
77
78
79
80
81
82
83
84
85
86
87
88
90
91
92
93
94
95
96
97
98
99
100
101
102
103
104
105
106
107
108
109
110
111 ~ 113
114 ~ 115
116 ~ 120
121 ~ 125
126 ~ 130
131 ~ 135
136 ~ 140
141 ~ 145
146 ~ 150
151 ~ 155
156 ~ 160
161 ~ 165
166 ~ 170
171 ~ 175
176 ~ 180
181 ~ 185
186 ~ 190
191 + 192
193 + 194
195 + 196
197 + 198
199 + 200
201 + 202
203 + 204
205 + 206
207 + 208
209 + 210
211

89

3.4K 395 1
By Fiendyy

အခန်း [ ၈၉ ]

ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ.. ချူထျန်းထုတ်ကုန်တစ်ခုက အဲ့လောက် စျေးမပေါဘူး..

ထုပ်ပိုးမှုပုံစံကို ကြည့်ရုံနဲ့ ဒါကို သိသည်။

“ မန်မန်ဟာလေ .. မင်း ဒီလောက် ဂရုစိုက်တာကို အန်တီ့ကို ပြောပြရကောင်းမှန်း မသိတတ်ဘူး .. ခုက အန်တီဆေးရုံတက်နေတုန်းဆိုတော့ အဆင်မပြေဘူးကွဲ့ .. နောက် ဆေးရုံဆင်းတော့မှ အန်တီ့အိမ်မှာ ထမင်းလိုက်စားရမယ်နော် ”

လုမန်ကို ဆူပူကြိမ်းမောင်းသလို အသံနဲ့ပေမယ့် မျက်လုံးတွေက ပြုံးနေသည်။

နောက်တစ်ခုခုလည်း ရှိနေသလိုပါလား..

“ ဟုတ်ကဲ့ပါ ”
ဟန်ကျိုးလီက ဝမ်းသာစွာ ခေါင်းညိတ်၏။

ကြည့်နေတုန်း မတ်တပ်ထရပ်လိုက်တာကြောင့် အရပ်ကြီး မိုးထိုးနေတာကို ခံစားမိလိုက်သည်။

ဘေးမှာရပ်နေရင်း လုမန် သိမ်ငယ်သွားသလိုလို၊

“ အန်တီ .. ကျွန်တော် .. နေ့လယ်စာ စားချိန်နားတုန်းမှာ ဒီကို ဝင်ခဲ့တာ .. ခု အလုပ်ကို ပြန်သွားရတော့မယ် .. အကြာကြီးမို့ နှောင့်ယှက်သလိုဖြစ်သွားခဲ့ရင် တောင်းပန်ပါတယ် .. နောက်လည်း လာတွေ့ပါဦးမယ် ”

ဟန်ကျိုးလီနေထိုင်ပြောဆိုပုံတွေ ဣန္ဒြေရရရှိ၍ ရှချင်းဝေ အထင်ကြီးနေ၏။

“ ဟုတ်ပါ့ .. အလုပ်က ပိုအရေးကြီးတာပေါ့ .. သွားလေ .. အန်တီဆေးရုံဆင်းရင်တော့ အိမ်ကို လာခဲ့ရမယ်နော် ”

ရှချင်းဝေပြုံးနေတာ မျက်လုံးတွေမှေးကုန်သည်အထိ။ ထိုမျက်လုံးတွေဟာ ဟန်ကျိုးလီဆီကနေ နည်းနည်းလေးတောင် အကြည့်မလွှဲပေ။ 

“ မန်မန် ရှောင်ဟန်ကို လိုက်ပို့လိုက်ဦး .. ”

ရှချင်းဝေကို နှုတ်ဆက်ပြီးသည့်နောက် လုမန် ဟန်ကျိုးလီကို အပြင်လိုက်ပို့သည်။

တံခါးမှာ ကျိုးချန်နှင့် ရွှီဟွေ့က ဆန့်ဆန့်ကြီး ရပ်နေကြတုန်း။

“ သခင်လေးဟန် ”

ဟန်ကျိုးလီ ခေါင်းညိတ်လိုက်ရင်း
“ နှစ်ယောက်လုံး တာဝန်ကျေပါတယ် ”

ချီးကျူးလိုက်တော့ အားတက်သွားကြ၏။

ထိုအချိန်မှာ လုမန်က သူ့နောက်ကနေ ဓာတ်လှေကားဆီသို့ လိုက်နေရင်း
“ သခင်လေးဟန်က ဒီနေ့ ဒီကို ဘာကိစ္စနဲ့ .. ”

“ ထိခိုက်ဒဏ်ရာရတဲ့ ကိုယ့်သူငယ်ချင်းတစ်ယောက်လည်း ဒီဆေးရုံမှာပဲ တက်နေတာ .. ကိုယ် သူ့ကို လာတွေ့တာလေ .. လမ်းကြုံတာနဲ့ အန်တီ့ကိုပါ ဝင်တွေ့လိုက်တာ ”

ဓာတ်လှေကားရှေ့မှာရပ်ပြီး ဟန်ကျိုးလီက ခလုတ်နှိပ်လိုက်ကာ..

“  မင်း ဒီနေ့ ဟန်ကော်ပိုရေးရှင်းမှာ အင်တာဗျူးလာဖြေတယ်ဆို ”

“ ဟုတ်တယ် ”

ဟန်ကျိုးလီကို လိုက်ပို့ပြီးရင် PR ဌာနကို ဆက်သွယ်ပြီး အလုပ်ခန့်ဦးမှာလား ဟု မေးသင့် မမေးသင့် စဥ်းစားနေ၍ စိတ်နှင့်ကိုယ် သိပ်မကပ်ချင်။

“ မေးစရာ ဘာမှ မရှိဘူးလား ”
သူမ အာရုံထွေပြားနေတာကို သူ မြင်သည်။ လှမ်းဆွဲပြီး ပွေ့ဖက်ထားချင်စိတ်ဖြစ်နေတာကလည်း မသေး..။

ချူထျန်းစကားတွေကို သွားအမှတ်ရလိုက်၍ လှမ်းနေမိသော လက်ကို ဘေးမှာ အတင်းပြန်ချကပ်လိုက်ရသည်။

ဒါပေမယ့် လုမန်က ငေးငေးငိုင်ငိုင်လေးရှိနေဆဲ၊ ဓာတ်လှေကားတံခါး ပွင့်သွားသဖြင့် ဟန်ကျိုးလီက လက်ဆွဲပြီး အထဲဝင်လိုက်သည်။

တံခါးတွေပိတ်သွားတော့  ပထမထပ်သို့ ခလုတ်ကို နှိပ်လိုက်ကာ..
“ မင်းပြန်သွားပြီးတော့ လုချီယွမ် ပီအာဌာနကိုရောက်လာပြီး မင်းဆိုးကြောင်းတွေ ပြောတယ် ”

ထင်ပါတယ်..

လုမန်ကိုယ်လေး တောင့်ခနဲ မတ်သွားပြီး လက်သီးဆုပ်လေးတွေ ဖြစ်သွားသည်။

လက်သည်းတွေ အသားထဲကို ဖောက်ဝင်နေတာတောင် နာကျင်မှုကို မခံစားရပေ။

ဖအေအရင်းက ချောက်တွန်းတာနှင့်ယှဥ်ရလျှင် ဒီလိုပြင်ပဒဏ်ရာက စာမဖွဲ့လောက်။

မျက်လုံးတွေမှေးစင်းပြီး ကြည့်နေရင်း ဟန်ကျိုးလီက သတိထားမိလို့ သူမလက်သီးဆုပ်လေးကို ဖွဖွလေး ဖမ်းဆွဲလိုက်ကာ လက်မဖြင့် ပွတ်သပ်၍ ​ပြေသွားအောင် လုပ်သည်။

လက်သည် ပြန့်သွားတာနှင့် ဖဝါးမှာ ခရမ်းနီရောင်ကုတ်ဖဲ့ရာတွေ ပေါ်လာခဲ့၏။

ထိုအရာတွေကို လက်ချောင်းလေးနဲ့ တို့ထိရင်း ဟန်ကျိုးလီ မျက်မှောင်ကုတ်လေး ဖြစ်လာကာ ဖွဖွ​ဖြည်းဖြည်းလေး ပွတ်တိုက်နေမိလျက်။

ရုတ်တရက်မို့ ဓာတ်လိုက်သလို တွန့်ခနဲ ဖြစ်ကာ လုမန် လက်ကို သူ့လက်ထဲကနေ ပြန်ဆွဲထုတ်လိုက်သည်။

ခဏလေး သတိလက်လွတ် ဖြစ်သွားတာနှင့် သူ့ကို လက်ကိုင်ခိုင်းထားသလို ဖြစ်သွားခဲ့တာပင်။ လက်ဖဝါးကနေ နှလုံးသွေးကြောတွေထဲထိ ပျံ့နှံ့လာသော သူ့လက်ဖဝါးဆီမှ အနွေးဓာတ်ကို ခုထိ ခံစားမိနေဆဲဖြစ်ကာ လူက ထုံထုံကျင်ကျင်နှင့် ကတုန်ကယင်တွေ ဖြစ်လာ၏။

“ ဆောရီး .. ရုတ်တရက်မို့.. ”
ဟန်ကျိုးလီ ခပ်ယဲ့ယဲ့လေး ပြုံးပြီး လေဟာနယ်ထဲက လက်တွေကို ပြန်ရုပ်လိုက်သည်။

လုမန်မှာတော့ ဖုံးဖိ၍ မရသော အံ့သြမှုတွေနှင့်။ ဘာလဲ .. ဒီလူ ရုတ်တရက်ကြီး စိတ်​သဘောထားပြောင်းလဲသွားတာလား။

ဟိုတစ်ခါ တွေ့ကြတော့ လူကို နည်းနည်းလေးမှ လေးစားမှုမရှိ အခွင့်ရရင် ရသလို ပွေ့လို့ဖက် နမ်းလို့ရှုပ်နဲ့ .. ခုကျတော့ လက်ကိုင်မိတာလေးကို အတည်ကြီး တောင်းပန်နေပြန်ပါကော.. 

ဒီနေ့ နေ့လယ် တွေ့ကြကတည်းက သူ လူကြီးလူကောင်းလို ပြုမူနေတာ အံ့သြစရာ..

“ အရင်တစ်ခါ ကိုယ်စာပို့ပြီး ပြောထားပါတယ် .. ဒါပေမယ့် လူချင်း မျက်နှာချင်းဆိုင်တွေ့ပြီး ပြောတာ ပိုကောင်းမယ်လို့ ထင်တယ် .. အရင်က ကိုယ့်ရဲ့ရိုင်းရိုင်းစိုင်းစိုင်းအပြုအမူတွေအတွက် တကယ် တောင်းပန်ပါတယ် .. ကိုယ်က အဲ့ဒီလိုမတော်တရော်လုပ်တတ်တဲ့ လူ မဟုတ်ပါဘူး .. မင်းခွင့်လွှတ်နိုင်မယ်လို့ မျှော်လင့်ပါတယ် ”

 *****

အခန္း [ ၈၉ ]

ဘယ္လိုလုပ္ျဖစ္ႏိုင္မွာလဲ.. ခ်ူထ်န္းထုတ္ကုန္တစ္ခုက အဲ့ေလာက္ ေစ်းမေပါဘူး..

ထုပ္ပိုးမႈပံုစံကို ၾကည့္ရံုနဲ႔ ဒါကို သိသည္။

“ မန္မန္ဟာေလ .. မင္း ဒီေလာက္ ဂရုစိုက္တာကို အန္တီ့ကို ေျပာျပရေကာင္းမွန္း မသိတတ္ဘူး .. ခုက အန္တီေဆးရံုတက္ေနတုန္းဆိုေတာ့ အဆင္မေျပဘူးကြဲ႔ .. ေနာက္ ေဆးရံုဆင္းေတာ့မွ အန္တီ့အိမ္မွာ ထမင္းလိုက္စားရမယ္ေနာ္ ”

လုမန္ကို ဆူပူႀကိမ္းေမာင္းသလို အသံနဲ႔ေပမယ့္ မ်က္လံုးေတြက ၿပံဳးေနသည္။

ေနာက္တစ္ခုခုလည္း ရိွေနသလိုပါလား..

“ ဟုတ္ကဲ့ပါ ”
ဟန္က်ိဳးလီက ဝမ္းသာစြာ ေခါင္းညိတ္၏။

ၾကည့္ေနတုန္း မတ္တပ္ထရပ္လိုက္တာေၾကာင့္ အရပ္ႀကီး မိုးထိုးေနတာကို ခံစားမိလိုက္သည္။

ေဘးမွာရပ္ေနရင္း လုမန္ သိမ္ငယ္သြားသလိုလို၊

“ အန္တီ .. ကြၽန္ေတာ္ .. ေန့လယ္စာ စားခ်ိန္နားတုန္းမွာ ဒီကို ဝင္ခဲ့တာ .. ခု အလုပ္ကို ျပန္သြားရေတာ့မယ္ .. အၾကာႀကီးမို႔ ေနွာင့္ယွက္သလိုျဖစ္သြားခဲ့ရင္ ေတာင္းပန္ပါတယ္ .. ေနာက္လည္း လာေတြ့ပါဦးမယ္ ”

ဟန္က်ိဳးလီေနထိုင္ေျပာဆိုပံုေတြ ဣႁႏၵေရရရိွ၍ ရွခ်င္းေဝ အထင္ႀကီးေန၏။

“ ဟုတ္ပါ့ .. အလုပ္က ပိုအေရးႀကီးတာေပါ့ .. သြားေလ .. အန္တီေဆးရံုဆင္းရင္ေတာ့ အိမ္ကို လာခဲ့ရမယ္ေနာ္ ”

ရွခ်င္းေဝၿပံဳးေနတာ မ်က္လံုးေတြေမွးကုန္သည္အထိ။ ထိုမ်က္လံုးေတြဟာ ဟန္က်ိဳးလီဆီကေန နည္းနည္းေလးေတာင္ အၾကည့္မလႊဲေပ။ 

“ မန္မန္ ေရွာင္ဟန္ကို လိုက္ပို႔လိုက္ဦး .. ”

ရွခ်င္းေဝကို ႏႈတ္ဆက္ၿပီးသည့္ေနာက္ လုမန္ ဟန္က်ိဳးလီကို အျပင္လိုက္ပို႔သည္။

တံခါးမွာ က်ိဳးခ်န္ႏွင့္ ရႊီေဟြ့က ဆန္႔ဆန္႔ႀကီး ရပ္ေနၾကတုန္း။

“ သခင္ေလးဟန္ ”

ဟန္က်ိဳးလီ ေခါင္းညိတ္လိုက္ရင္း
“ ႏွစ္ေယာက္လံုး တာဝန္ေက်ပါတယ္ ”

ခ်ီးက်ူးလိုက္ေတာ့ အားတက္သြားၾက၏။

ထိုအခ်ိန္မွာ လုမန္က သူ႔ေနာက္ကေန ဓာတ္ေလွကားဆီသို႔ လိုက္ေနရင္း
“ သခင္ေလးဟန္က ဒီေန့ ဒီကို ဘာကိစၥနဲ႔ .. ”

“ ထိခိုက္ဒဏ္ရာရတဲ့ ကိုယ့္သူငယ္ခ်င္းတစ္ေယာက္လည္း ဒီေဆးရံုမွာပဲ တက္ေနတာ .. ကိုယ္ သူ႔ကို လာေတြ့တာေလ .. လမ္းႀကံဳတာနဲ႔ အန္တီ့ကိုပါ ဝင္ေတြ့လိုက္တာ ”

ဓာတ္ေလွကားေရ႔ွမွာရပ္ၿပီး ဟန္က်ိဳးလီက ခလုတ္ႏိွပ္လိုက္ကာ..

“  မင္း ဒီေန့ ဟန္ေကာ္ပိုေရးရွင္းမွာ အင္တာဗ်ူးလာေျဖတယ္ဆို ”

“ ဟုတ္တယ္ ”

ဟန္က်ိဳးလီကို လိုက္ပို႔ၿပီးရင္ PR ဌာနကို ဆက္သြယ္ၿပီး အလုပ္ခန္႔ဦးမွာလား ဟု ေမးသင့္ မေမးသင့္ စဥ္းစားေန၍ စိတ္ႏွင့္ကိုယ္ သိပ္မကပ္ခ်င္။

“ ေမးစရာ ဘာမွ မရိွဘူးလား ”
သူမ အာရံုေထျြပားေနတာကို သူ ျမင္သည္။ လွမ္းဆြဲၿပီး ေပြ့ဖက္ထားခ်င္စိတ္ျဖစ္ေနတာကလည္း မေသး..။

ခ်ူထ်န္းစကားေတြကို သြားအမွတ္ရလိုက္၍ လွမ္းေနမိေသာ လက္ကို ေဘးမွာ အတင္းျပန္ခ်ကပ္လိုက္ရသည္။

ဒါေပမယ့္ လုမန္က ေငးေငးငိုင္ငိုင္ေလးရိွေနဆဲ၊ ဓာတ္ေလွကားတံခါး ပြင့္သြားသျဖင့္ ဟန္က်ိဳးလီက လက္ဆြဲၿပီး အထဲဝင္လိုက္သည္။

တံခါးေတြပိတ္သြားေတာ့  ပထမထပ္သို႔ ခလုတ္ကို ႏိွပ္လိုက္ကာ..
“ မင္းျပန္သြားၿပီးေတာ့ လုခ်ီယြမ္ ပီအာဌာနကိုေရာက္လာၿပီး မင္းဆိုးေၾကာင္းေတြ ေျပာတယ္ ”

ထင္ပါတယ္..

လုမန္ကိုယ္ေလး ေတာင့္ခနဲ မတ္သြားၿပီး လက္သီးဆုပ္ေလးေတြ ျဖစ္သြားသည္။

လက္သည္းေတြ အသားထဲကို ေဖာက္ဝင္ေနတာေတာင္ နာက်င္မႈကို မခံစားရေပ။

ဖေအအရင္းက ေခ်ာက္တြန္းတာႏွင့္ယွဥ္ရလ်ွင္ ဒီလိုျပင္ပဒဏ္ရာက စာမဖြဲ႔ေလာက္။

မ်က္လံုးေတြေမွးစင္းၿပီး ၾကည့္ေနရင္း ဟန္က်ိဳးလီက သတိထားမိလို႔ သူမလက္သီးဆုပ္ေလးကို ဖြဖြေလး ဖမ္းဆြဲလိုက္ကာ လက္မျဖင့္ ပြတ္သပ္၍ ​ေျပသြားေအာင္ လုပ္သည္။

လက္သည္ ျပန္႔သြားတာႏွင့္ ဖဝါးမွာ ခရမ္းနီေရာင္ကုတ္ဖဲ့ရာေတြ ေပၚလာခဲ့၏။

ထိုအရာေတြကို လက္ေခ်ာင္းေလးနဲ႔ တို႔ထိရင္း ဟန္က်ိဳးလီ မ်က္ေမွာင္ကုတ္ေလး ျဖစ္လာကာ ဖြဖြ​ျဖည္းျဖည္းေလး ပြတ္တိုက္ေနမိလ်က္။

ရုတ္တရက္မို႔ ဓာတ္လိုက္သလို တြန္႔ခနဲ ျဖစ္ကာ လုမန္ လက္ကို သူ႔လက္ထဲကေန ျပန္ဆြဲထုတ္လိုက္သည္။

ခဏေလး သတိလက္လြတ္ ျဖစ္သြားတာႏွင့္ သူ႔ကို လက္ကိုင္ခိုင္းထားသလို ျဖစ္သြားခဲ့တာပင္။ လက္ဖဝါးကေန ႏွလံုးေသြးေၾကာေတြထဲထိ ပ်ံ့ႏွံ႔လာေသာ သူ႔လက္ဖဝါးဆီမွ အေနြးဓာတ္ကို ခုထိ ခံစားမိေနဆဲျဖစ္ကာ လူက ထံုထံုက်င္က်င္ႏွင့္ ကတုန္ကယင္ေတြ ျဖစ္လာ၏။

“ ေဆာရီး .. ရုတ္တရက္မို႔.. ”
ဟန္က်ိဳးလီ ခပ္ယဲ့ယဲ့ေလး ၿပံဳးၿပီး ေလဟာနယ္ထဲက လက္ေတြကို ျပန္ရုပ္လိုက္သည္။

လုမန္မွာေတာ့ ဖံုးဖိ၍ မရေသာ အံ့ၾသမႈေတြႏွင့္။ ဘာလဲ .. ဒီလူ ရုတ္တရက္ႀကီး စိတ္​သေဘာထားေျပာင္းလဲသြားတာလား။

ဟိုတစ္ခါ ေတြ့ၾကေတာ့ လူကို နည္းနည္းေလးမွ ေလးစားမႈမရိွ အခြင့္ရရင္ ရသလို ေပြ့လို႔ဖက္ နမ္းလို႔ရႈပ္နဲ႔ .. ခုက်ေတာ့ လက္ကိုင္မိတာေလးကို အတည္ႀကီး ေတာင္းပန္ေနျပန္ပါေကာ.. 

ဒီေန့ ေန့လယ္ ေတြ့ၾကကတည္းက သူ လူႀကီးလူေကာင္းလို ျပဳမူေနတာ အံ့ၾသစရာ..

“ အရင္တစ္ခါ ကိုယ္စာပို႔ၿပီး ေျပာထားပါတယ္ .. ဒါေပမယ့္ လူခ်င္း မ်က္ႏွာခ်င္းဆိုင္ေတြ့ၿပီး ေျပာတာ ပိုေကာင္းမယ္လို႔ ထင္တယ္ .. အရင္က ကိုယ့္ရဲ့ရိုင္းရိုင္းစိုင္းစိုင္းအျပဳအမူေတြအတြက္ တကယ္ ေတာင္းပန္ပါတယ္ .. ကိုယ္က အဲ့ဒီလိုမေတာ္တေရာ္လုပ္တတ္တဲ့ လူ မဟုတ္ပါဘူး .. မင္းခြင့္လႊတ္ႏိုင္မယ္လို႔ ေမ်ွာ္လင့္ပါတယ္ ”

 *****

Continue Reading

You'll Also Like

690K 99.1K 38
Yaduvanshi Series #3 it is a book under yaduvanshi series. But it could be read as standalone too. Nitya Raghavendra is a telugu businesswoman earnin...
136K 4.1K 144
Part 1 of "The Hunter's Gonna Lay Low" Introduction: Hunter Cha Eui-jae, who was dispatched to seal a rift that appeared over the West Sea, was flung...
1.1M 35.2K 61
Silent, unforgiving and strikingly gorgeous, Rylan Parker is a cold-hearted businessman. An intimidating CEO, perfectly fitted in tailored suits and...
4.3M 283K 61
"Why the fuck you let him touch you!!!"he growled while punching the wall behind me 'I am so scared right now what if he hit me like my father did to...