Uni
'ထားခဲ့တဲ့သူထက် ကျန်ခဲ့တဲ့ သူက ပိုလွမ်းရတယ်' တဲ့ ဒီစကားကို အရင်က အမှုမဲ့ အမှတ်မဲ့ တွေးခဲ့ပင်မဲ့ ခုတော့တကယ်ကို လေးလေးနက်နက် တွေးကြည့်ရင် မှန်တယ်ပဲဆိုရမလား...........
နေ့စဥ်ရက်စက် Email... message.... Chatbox ကိုအပြေးလွှားဖွင့်ကြည့်မိနေတာက အလုပ်တစ်ခုလိုပဲ......
ခုလဲ Line ဖွင့်ထားပင်မဲ့ ဘာမှတတ်မလာသေးပြန်ဘူး....
"ရဲမှူး!!"
"အမေ့!!"
"ခေါ်လိုက်ရတာဗျာ....ဘာတွေငိုင်နေသေးတာလဲ...သွားတဲ့သူကသွားပြီလေ....သေသောသူကြာရင်မေ့တောင်ရှိသေး အ့.."
"မင်းကြီးတော်ကြီး...နမိတ်မရှိတာတွေ မပြောနဲ့..နောက်တစ်ခါထက်ပြောရင်မင်းအသေပဲ"
ထူးစစ်သော် ၏ ခြေသံပြောင်ချက်က တတ်နင်းခံရသော ထက်ပိုင်မှာ အသံတောင်ထက်မထွက်တော့ဘူး...
ရှူးရှူးရှဲရှဲနဲ့ ထွက်သွားသော ထူးစစ်သော် ကိုကြည့်ရင်း ထက်ပိုင်သက်ပြင်းချမိပြန်ရော....
မိမိဆရာအကြောင်း မိမိအသိဆုံးပင် ထွက်သွားသူကလဲ ၂နှစ်တောင်ရှိနေပြီ။
ရန်ဖန်ရန်ခါသာဆက်သွယ်တတ်တာလဲ မိမိအသိပင်။ ဒါဆို ဆရာဖြစ်သူက အမြဲတမ်း မျှော်နေတတ်သည်။
သြော်....အချစ်အချစ်....
.
.
.
စိတ်ရှုတ်လာတိုင်း ဆေးလိပ်သောက်တတ်သော မိမိအကျင့်တစ်ခုကပိုလာပြန်သည်။
မဆက်သွယ်တာလဲ တစ်လနီးပါးရှိနေပြီ အလုပ်တွေများရှုပ်နေတာများလား....
စခန်းတွင်းရှိ အပင်အိုကြီးကိုမှီကာ ဆေးလိပ်ကိုတစ်ရှိုက်ဖွာလိုက်မိသည်။
မေ့ဖို့လား ကြိုးစားကြည့်ဖူးပါတယ်....ကျွန်တော့်အတွက်တော့ မလွယ်ဘူးဗျ....
__________________
"ကလေး....ကျစ်....ကိုယ်ပူနေပြန်ပြီ" ကိုယ်ငွေ့ကနွေးနွေးလေးပင်မဲ့ ဇေရဲမာန် စိတ်ပူမိသည်။
အခုတလော မိမိကလေးက ခြူခြာလာသလိုပဲ...ဂရုစိုက်နေတဲ့ကြားထဲက ခုဖျားပြန်ပြီ....
ဘေးနားကဖုန်းကိုအမြန်ကောက်ကိုင်ကာ ဥက္ကာကိုဖုန်းဆက်ပြီး ဆရာဝန်ကိုပါခေါ်ဖို့ပြောလိုက်တယ်။ အိမ်အကူကောင်မလေးတွေကိုလဲ ကြက်သားစွပ်ပြုတ်လေးပြင်ဆင်ထားခိုင်းလိုက်သည်။
ဒီနေ့အဖို့ ဇေရဲမာန် အလုပ်မသွားဖြစ်တော့ပေ။
"ကို..ကို..."
အဝတ်လဲပေးနေတုန်း လူးလွန့်ကာနိုးလာသော ကလေး....
"ဟင်...ကိုကိုရှိတယ် ကလေး...ခဏလေးနော်..ဘောင်းဘီလေးဝတ်ပေးဦးမယ်နော်"
နွေးနွေးထွေးထွေးလေး ထားပြီးမှ အနားသို့သွားကာ ရင်ခွင်ထဲသို့ထည့်ကာ ဖက်ထားလိုက်သည်။ ကိုယ်လေးနွေးနေသောကြောင့် ဇေရဲမာန် စိတ်အလိုမကျတော့ပေ ဆရာဝန် ကလဲကြာနေသေးသည်။
"ခဏလေးနော် ကိုယ်ဆရာဝန်ခေါ်ထားပြီးပြီ"
ခဏနေ ဆရာဝန်လဲရောက်လာကာ စမ်းသပ်ပြီး ဆေးတစ်လုံးထိုးပေးသွားသည်။
"ဥက္ကာ ဒီနေ့ငါရုံးမတတ်ဘူး။ အရေးကြီးတာတွေလဲ ရက်ရွှေ့လို့ရရင်ရွှေ့ထား"
"ဟုတ်ကဲ့Boss"
ဥက္ကာထွက်သွားတော့မှ ဆေးအရှိန်ကြောင့် အိပ်နေသောကလေးပါးကိုဖွဖွနမ်းကာ စောင်သေချာခြုံပေးပြီး အောက်သို့ဆင်းလာလိုက်သည်။
မီးဖိုချောင်ကိုဝင်တော့ အဆင်သင့်ဖြစ်ခါနီး ကြက်သားစွပ်ပြုတ်ကို ကိုယ်တိုင်ပဲလက်စသတ်လိုက်သည်။ ဖျော်ရည်သောက်ရန် နေမကောင်းသေးတာကြောင့် ဓာတ်ဆားရေသာဖျော်လိုက်သည်။
နွေးနွေးလေးဖြစ်ရန်လဲ မီးကိုအသင့်အနေထား ထားထားသည်။ ကလေးနိုးလာရင် အဆင်သင့်ဖြစ်စေရန် ဖြစ်သည်။
ခဏနေအခန်းထဲပြန်ဝင်သွားတုန်း
"ကိုကို "
"ကလေးနိုးနေပြီလား"
ချက်ချင်းအနားရောင်သွားကာ ကိုယ်ပူစမ်းလိုက်တော့ ကိုယ်ငွေ့လေးကျသွားလို့တော်သေး....
"ဗိုက်ဆာနေပြီလား"
"ဟင့်အင်း မစားချင်သေးဘူး...ကိုကိုဘယ်ရောက်သွားတာလဲ...သားအနားမှာလဲမနေဘူး"
အဲ့တာသာကြည့် ချွဲခါနီးဆို သား ဖြစ်သွားရော..ခုတလောကလေးက သူ့ကိုယ်သူ သား လို့ပြောရတာ သဘောကျနေပုံပင်။
"ကလေးစားဖို့ ကိုယ် ကိုယ်တိုင်သွားစီစဥ်နေလို့ပါ...ခုတစ်ခုခုစားရမယ် ဆေးသောက်ရမှာမို့"
ယူလာပေးသော ကြက်သားစွပ်ပြုတ် အား သောက်ကာ ဆေးလဲသောက်သောကြောင့် လပြည့်ဝန်း အတော် လိမ္မာနေလေသည်။
"ကဲ...မနေ့က ကိုယ်ဘာပြောလဲ ရာသီဥတုအေးနေပါတယ်ဆိုမှ ရေကြာကြာမချိုးပါနဲ့ပြောတာ ခုကြည့်ဖျားပြီ"
"သားက ရေနွေးနဲ့ ချိုးတာပဲလေ"
"ဘာနဲ့ချိုးချိုး ကလေးကခုတလော ကျန်းမာရေး ခြူခြာနေလို့ ကိုယ်ကပြောတာကို"
"မွ...ဟုတ် သားနောက်တစ်ခါဆင်ခြင်ပါ့မယ်နော် ယောက်ျား "
ဇေရဲမာန် ပါးကိုမွေးကြူကာ အချွဲစိန်လေးလုပ်လိုက်ပြန်ပြီ
"ဟင်းးနေမကောင်းလို့ သက်သာသွားတယ်မှတ်"
"ဟီးး..."
"အင်း....အိပ်တော့ နိုးရင်ဘာစားချင်သေးလဲ"
"ဒင်းဆမ်း...."
"okပါဗျာ...အချဥ်ရည်တော့မရဘူးနော်"
"ဟုတ်"
နှုတ်ခမ်းလေးဆူကာ စကားနားထောင်ပြန်တော့ ဇေရဲမာန် မှာ ချစ်လို့မဆုံး စောင်သေချာခြုံပေးထားကာ...ဇေရဲမာန် တော့ ဒီနေ့အဖို့ အိမ်ကနေပဲအလုပ်လုပ်ရတော့သည်။
__________________
"အင်း...ဒါကိုအထက်က ကွင်းဆက်လို့မသက်မှတ်သေးပင်မဲ့ အရေးကြီးအခြေအနေလို့တော့ မှတ်ယူထားတယ်"
ရဲမှူးချုပ်ဝေယံ ရဲ့ ရှင်းပြချက်တွေကို သေချာနားထောင်နေရသည်။
ည၁၀နာရီဝန်းကျင်ခန့်တွင် ရပ်ကွက်တစ်ခုထဲမှာ မိန်းမပျိုလေးတွေပျောက်နေခြင်းပင်။ ဒါနဲ့ဆို ၂ယောက်ရှိပြီဖြစ်သည်။
ဒီမိန်းကလေး၂ယောက်ကလဲ တစ်ဦးထဲပြန်လာသူတွေဖြစ်သလို အဆောက်နေသူတွေမို့ ဆွေမျိုးတွေကဒီမှာမရှိကြပေ။
"ဒါဆို အသွင်ယူရင်ကော" လက်ထောက်ရဲမှူး ထက်ပိုင်၏ အဆိုပြုချက်သည် ဒီလောက်ခက်ခဲသွားမယ်မှန်း ထူးစစ်သော် သိရင် ထောက်ခံမှာတောင်မဟုတ်ဘူး.......
_____________
နိုင်ငံခြားရုံးခွဲတွင် တာဝန်ယူနေရသော လွန်းထက်သာ မှာ ဂိုထောင်တွင်း မတော်တဆမှုတစ်ခုကြောင့် အလုပ်သမားအချို့ထိခိုက်သွားရာ သူလဲပဲအလုပ်ပိုရှုပ်သွားသည်။
"ဒီအရေအသွေးမမှီတာကို မင်းတို့ မစစ်ဆေးခဲ့ဘူးလား ဟမ်!!" လွန်းထက်သာ ၏ ပေါက်ကွဲသံကြောင့် ဘယ်အလုပ်သမားမှ မလှုပ်ရဲကြပေ။
"ဟူးးး...တာဝန်ခံကြီး....ဒါမင်းရဲ့ ပေါ့ဆမှုဆိုတာကို ဝန်ခံလား"
"ဟုတ်... ဟုတ်ကဲ့...ဆရာ... ဒါပင်မဲ့ လေ...ကျွန်တော် ဒီလိုလုပ်တာက အိမ်မှာကျွန်တော့်သမီးလေးက နှလုံးခွဲစိတ်မှရမှာပါ။ ငွေကလဲအရမ်းလိုနေသေးလို့ ကျွန်တော် ခုလို လုပ်မိတာပါ..."
"ဒီလိုတော့ ဘယ်ရမလဲ ထိခိုက်သွားတဲ့သူတွေက တစ်ယောက်နှစ်ယောက်မဟုတ်ဘူးလေ။ မင်းကြောင့် ခုဆိုသူတို့မိသားစုတွေပါ စိတ်ဆင်းရဲရပြီ"
"တောင်းပန်ပါတယ် ဆရာ ကျွန်တော့်ကို ခွင့်လွှတ်ပေးပါ"
လွန်းထက်သာ လဲ မလုပ်ချင်ပါဘူး။ သို့သော်အရည်အသွေးနိမ့်ပစ္စည်းတွေကြောင့် အလုပ်သမားတွေမတော်တဆထိခိုက်ကုန်ပြီလေ....
ခုလိုတွေဖြစ်မှာဆိုးလို့ အရည်အသွေးမြင့်ပစ္စည်းတွေကို မှာထားပေးပါလျက် တစ်ဖက်လက်နဲ့ အရည်အသွေးနိမ့်ပစ္စည်းတွေနဲ့လဲကာ ရောင်းစားတာကြောင့် ခုလူတွေထိခိုက်မိကုန်ပြီလေ.....
"ကျွန်တော်လဲ မတတ်နိုင်ဘူး။ ထိခိုက်မိတဲ့သူရဲ့မိသားစုတွေကိုယ်တိုင်က တာဝန်ခံကြီးကို တရားစွဲတာလေ...ခုတော့ သွားပါတော့ "
ခြေထောက်ဖက်ကာ အကြိမ်ကြိမ် တောင်းပန်နေသော တာဝန်ခံကြီး မှာ လာခေါ်သော ရဲတွေနောက်ရုန်းကန်ရင်း ပါသွားတော့သည်။
လွန်းထက်သာ လဲ ခေါင်းရှောင်တာမဟုတ်သော်လဲ မိမိလဲမတတ်နိုင် မိမိတို့ဘက်ကလဲ လျော်ကြေးပေးခဲ့ရသေးသည်။
အလုပ်တွေရှုပ်ကာ စိတ်ညစ်နေတာနဲ့ ဟိုကောင်လေးနဲ့တောင် စကားမပြောရတာကြာပြီ....
______________
1.1.2022
Khine Lay
Zaw
'ထားခဲ့တဲ့သူထက္ က်န္ခဲ့တဲ့ သူက ပိုလြမ္းရတယ္' တဲ့ ဒီစကားကို အရင္က အမႈမဲ့ အမွတ္မဲ့ ေတြးခဲ့ပင္မဲ့ ခုေတာ့တကယ္ကို ေလးေလးနက္နက္ ေတြးၾကည့္ရင္ မွန္တယ္ပဲဆိုရမလား...........
ေန႕စဥ္ရက္စက္ Email... message.... Chatbox ကိုအေျပးလႊားဖြင့္ၾကည့္မိေနတာက အလုပ္တစ္ခုလိုပဲ......
ခုလဲ Line ဖြင့္ထားပင္မဲ့ ဘာမွတတ္မလာေသးျပန္ဘူး....
"ရဲမႉး!!"
"အေမ့!!"
"ေခၚလိုက္ရတာဗ်ာ....ဘာေတြငိုင္ေနေသးတာလဲ...သြားတဲ့သူကသြားၿပီေလ....ေသေသာသူၾကာရင္ေမ့ေတာင္ရွိေသး အ့.."
"မင္းႀကီးေတာ္ႀကီး...နမိတ္မရွိတာေတြ မေျပာနဲ႕..ေနာက္တစ္ခါထက္ေျပာရင္မင္းအေသပဲ"
ထူးစစ္ေသာ္ ၏ ေျခသံေျပာင္ခ်က္က တတ္နင္းခံရေသာ ထက္ပိုင္မွာ အသံေတာင္ထက္မထြက္ေတာ့ဘူး...
ရႉးရႉးရွဲရွဲနဲ႕ ထြက္သြားေသာ ထူးစစ္ေသာ္ ကိုၾကည့္ရင္း ထက္ပိုင္သက္ျပင္းခ်မိျပန္ေရာ....
မိမိဆရာအေၾကာင္း မိမိအသိဆုံးပင္ ထြက္သြားသူကလဲ ၂ႏွစ္ေတာင္ရွိေနၿပီ။
ရန္ဖန္ရန္ခါသာဆက္သြယ္တတ္တာလဲ မိမိအသိပင္။ ဒါဆို ဆရာျဖစ္သူက အၿမဲတမ္း ေမွ်ာ္ေနတတ္သည္။
ေၾသာ္....အခ်စ္အခ်စ္....
.
.
.
စိတ္ရႈတ္လာတိုင္း ေဆးလိပ္ေသာက္တတ္ေသာ မိမိအက်င့္တစ္ခုကပိုလာျပန္သည္။
မဆက္သြယ္တာလဲ တစ္လနီးပါးရွိေနၿပီ အလုပ္ေတြမ်ားရႈပ္ေနတာမ်ားလား....
စခန္းတြင္းရွိ အပင္အိုႀကီးကိုမွီကာ ေဆးလိပ္ကိုတစ္ရွိုက္ဖြာလိုက္မိသည္။
ေမ့ဖို႔လား ႀကိဳးစားၾကည့္ဖူးပါတယ္....ကြၽန္ေတာ့္အတြက္ေတာ့ မလြယ္ဘူးဗ်....
__________________
"ကေလး....က်စ္....ကိုယ္ပူေနျပန္ၿပီ" ကိုယ္ေငြ႕ကႏြေးႏြေးေလးပင္မဲ့ ေဇရဲမာန္ စိတ္ပူမိသည္။
အခုတေလာ မိမိကေလးက ျခဴျခာလာသလိုပဲ...ဂ႐ုစိုက္ေနတဲ့ၾကားထဲက ခုဖ်ားျပန္ၿပီ....
ေဘးနားကဖုန္းကိုအျမန္ေကာက္ကိုင္ကာ ဥကၠာကိုဖုန္းဆက္ၿပီး ဆရာဝန္ကိုပါေခၚဖို႔ေျပာလိုက္တယ္။ အိမ္အကူေကာင္မေလးေတြကိုလဲ ၾကက္သားစြပ္ျပဳတ္ေလးျပင္ဆင္ထားခိုင္းလိုက္သည္။
ဒီေန႕အဖို႔ ေဇရဲမာန္ အလုပ္မသြားျဖစ္ေတာ့ေပ။
"ကို..ကို..."
အဝတ္လဲေပးေနတုန္း လူးလြန့္ကာနိုးလာေသာ ကေလး....
"ဟင္...ကိုကိုရွိတယ္ ကေလး...ခဏေလးေနာ္..ေဘာင္းဘီေလးဝတ္ေပးဦးမယ္ေနာ္"
ႏြေးႏြေးေထြးေထြးေလး ထားၿပီးမွ အနားသို႔သြားကာ ရင္ခြင္ထဲသို႔ထည့္ကာ ဖက္ထားလိုက္သည္။ ကိုယ္ေလးႏြေးေနေသာေၾကာင့္ ေဇရဲမာန္ စိတ္အလိုမက်ေတာ့ေပ ဆရာဝန္ ကလဲၾကာေနေသးသည္။
"ခဏေလးေနာ္ ကိုယ္ဆရာဝန္ေခၚထားၿပီးၿပီ"
ခဏေန ဆရာဝန္လဲေရာက္လာကာ စမ္းသပ္ၿပီး ေဆးတစ္လုံးထိုးေပးသြားသည္။
"ဥကၠာ ဒီေန႕ငါ႐ုံးမတတ္ဘူး။ အေရးႀကီးတာေတြလဲ ရက္ေ႐ႊ႕လို႔ရရင္ေ႐ႊ႕ထား"
"ဟုတ္ကဲ့Boss"
ဥကၠာထြက္သြားေတာ့မွ ေဆးအရွိန္ေၾကာင့္ အိပ္ေနေသာကေလးပါးကိုဖြဖြနမ္းကာ ေစာင္ေသခ်ာၿခဳံေပးၿပီး ေအာက္သို႔ဆင္းလာလိုက္သည္။
မီးဖိုေခ်ာင္ကိုဝင္ေတာ့ အဆင္သင့္ျဖစ္ခါနီး ၾကက္သားစြပ္ျပဳတ္ကို ကိုယ္တိုင္ပဲလက္စသတ္လိုက္သည္။ ေဖ်ာ္ရည္ေသာက္ရန္ ေနမေကာင္းေသးတာေၾကာင့္ ဓာတ္ဆားေရသာေဖ်ာ္လိုက္သည္။
ႏြေးႏြေးေလးျဖစ္ရန္လဲ မီးကိုအသင့္အေနထား ထားထားသည္။ ကေလးနိုးလာရင္ အဆင္သင့္ျဖစ္ေစရန္ ျဖစ္သည္။
ခဏေနအခန္းထဲျပန္ဝင္သြားတုန္း
"ကိုကို "
"ကေလးနိုးေနၿပီလား"
ခ်က္ခ်င္းအနားေရာင္သြားကာ ကိုယ္ပူစမ္းလိုက္ေတာ့ ကိုယ္ေငြ႕ေလးက်သြားလို႔ေတာ္ေသး....
"ဗိုက္ဆာေနၿပီလား"
"ဟင့္အင္း မစားခ်င္ေသးဘူး...ကိုကိုဘယ္ေရာက္သြားတာလဲ...သားအနားမွာလဲမေနဘူး"
အဲ့တာသာၾကည့္ ခြၽဲခါနီးဆို သား ျဖစ္သြားေရာ..ခုတေလာကေလးက သူ႕ကိုယ္သူ သား လို႔ေျပာရတာ သေဘာက်ေနပုံပင္။
"ကေလးစားဖို႔ ကိုယ္ ကိုယ္တိုင္သြားစီစဥ္ေနလို႔ပါ...ခုတစ္ခုခုစားရမယ္ ေဆးေသာက္ရမွာမို႔"
ယူလာေပးေသာ ၾကက္သားစြပ္ျပဳတ္ အား ေသာက္ကာ ေဆးလဲေသာက္ေသာေၾကာင့္ လျပည့္ဝန္း အေတာ္ လိမၼာေနေလသည္။
"ကဲ...မေန႕က ကိုယ္ဘာေျပာလဲ ရာသီဥတုေအးေနပါတယ္ဆိုမွ ေရၾကာၾကာမခ်ိဳးပါနဲ႕ေျပာတာ ခုၾကည့္ဖ်ားၿပီ"
"သားက ေရႏြေးနဲ႕ ခ်ိဳးတာပဲေလ"
"ဘာနဲ႕ခ်ိဳးခ်ိဳး ကေလးကခုတေလာ က်န္းမာေရး ျခဴျခာေနလို႔ ကိုယ္ကေျပာတာကို"
"မြ...ဟုတ္ သားေနာက္တစ္ခါဆင္ျခင္ပါ့မယ္ေနာ္ ေယာက္်ား "
ေဇရဲမာန္ ပါးကိုေမြးၾကဴကာ အခြၽဲစိန္ေလးလုပ္လိုက္ျပန္ၿပီ
"ဟင္းးေနမေကာင္းလို႔ သက္သာသြားတယ္မွတ္"
"ဟီးး..."
"အင္း....အိပ္ေတာ့ နိုးရင္ဘာစားခ်င္ေသးလဲ"
"ဒင္းဆမ္း...."
"okပါဗ်ာ...အခ်ဥ္ရည္ေတာ့မရဘူးေနာ္"
"ဟုတ္"
ႏႈတ္ခမ္းေလးဆူကာ စကားနားေထာင္ျပန္ေတာ့ ေဇရဲမာန္ မွာ ခ်စ္လို႔မဆုံး ေစာင္ေသခ်ာၿခဳံေပးထားကာ...ေဇရဲမာန္ ေတာ့ ဒီေန႕အဖို႔ အိမ္ကေနပဲအလုပ္လုပ္ရေတာ့သည္။
__________________
"အင္း...ဒါကိုအထက္က ကြင္းဆက္လို႔မသက္မွတ္ေသးပင္မဲ့ အေရးႀကီးအေျခအေနလို႔ေတာ့ မွတ္ယူထားတယ္"
ရဲမႉးခ်ဳပ္ေဝယံ ရဲ႕ ရွင္းျပခ်က္ေတြကို ေသခ်ာနားေထာင္ေနရသည္။
ည၁၀နာရီဝန္းက်င္ခန့္တြင္ ရပ္ကြက္တစ္ခုထဲမွာ မိန္းမပ်ိဳေလးေတြေပ်ာက္ေနျခင္းပင္။ ဒါနဲ႕ဆို ၂ေယာက္ရွိၿပီျဖစ္သည္။
ဒီမိန္းကေလး၂ေယာက္ကလဲ တစ္ဦးထဲျပန္လာသူေတြျဖစ္သလို အေဆာက္ေနသူေတြမို႔ ေဆြမ်ိဳးေတြကဒီမွာမရွိၾကေပ။
"ဒါဆို အသြင္ယူရင္ေကာ" လက္ေထာက္ရဲမႉး ထက္ပိုင္၏ အဆိုျပဳခ်က္သည္ ဒီေလာက္ခက္ခဲသြားမယ္မွန္း ထူးစစ္ေသာ္ သိရင္ ေထာက္ခံမွာေတာင္မဟုတ္ဘူး.......
_____________
နိုင္ငံျခား႐ုံးခြဲတြင္ တာဝန္ယူေနရေသာ လြန္းထက္သာ မွာ ဂိုေထာင္တြင္း မေတာ္တဆမႈတစ္ခုေၾကာင့္ အလုပ္သမားအခ်ိဳ႕ထိခိုက္သြားရာ သူလဲပဲအလုပ္ပိုရႈပ္သြားသည္။
"ဒီအေရအေသြးမမွီတာကို မင္းတို႔ မစစ္ေဆးခဲ့ဘူးလား ဟမ္!!" လြန္းထက္သာ ၏ ေပါက္ကြဲသံေၾကာင့္ ဘယ္အလုပ္သမားမွ မလႈပ္ရဲၾကေပ။
"ဟူးးး...တာဝန္ခံႀကီး....ဒါမင္းရဲ႕ ေပါ့ဆမႈဆိုတာကို ဝန္ခံလား"
"ဟုတ္... ဟုတ္ကဲ့...ဆရာ... ဒါပင္မဲ့ ေလ...ကြၽန္ေတာ္ ဒီလိုလုပ္တာက အိမ္မွာကြၽန္ေတာ့္သမီးေလးက ႏွလုံးခြဲစိတ္မွရမွာပါ။ ေငြကလဲအရမ္းလိုေနေသးလို႔ ကြၽန္ေတာ္ ခုလို လုပ္မိတာပါ..."
"ဒီလိုေတာ့ ဘယ္ရမလဲ ထိခိုက္သြားတဲ့သူေတြက တစ္ေယာက္ႏွစ္ေယာက္မဟုတ္ဘူးေလ။ မင္းေၾကာင့္ ခုဆိုသူတို႔မိသားစုေတြပါ စိတ္ဆင္းရဲရၿပီ"
"ေတာင္းပန္ပါတယ္ ဆရာ ကြၽန္ေတာ့္ကို ခြင့္လႊတ္ေပးပါ"
လြန္းထက္သာ လဲ မလုပ္ခ်င္ပါဘူး။ သို႔ေသာ္အရည္အေသြးနိမ့္ပစၥည္းေတြေၾကာင့္ အလုပ္သမားေတြမေတာ္တဆထိခိုက္ကုန္ၿပီေလ....
ခုလိုေတြျဖစ္မွာဆိုးလို႔ အရည္အေသြးျမင့္ပစၥည္းေတြကို မွာထားေပးပါလ်က္ တစ္ဖက္လက္နဲ႕ အရည္အေသြးနိမ့္ပစၥည္းေတြနဲ႕လဲကာ ေရာင္းစားတာေၾကာင့္ ခုလူေတြထိခိုက္မိကုန္ၿပီေလ.....
"ကြၽန္ေတာ္လဲ မတတ္နိုင္ဘူး။ ထိခိုက္မိတဲ့သူရဲ႕မိသားစုေတြကိုယ္တိုင္က တာဝန္ခံႀကီးကို တရားစြဲတာေလ...ခုေတာ့ သြားပါေတာ့ "
ေျခေထာက္ဖက္ကာ အႀကိမ္ႀကိမ္ ေတာင္းပန္ေနေသာ တာဝန္ခံႀကီး မွာ လာေခၚေသာ ရဲေတြေနာက္႐ုန္းကန္ရင္း ပါသြားေတာ့သည္။
လြန္းထက္သာ လဲ ေခါင္းေရွာင္တာမဟုတ္ေသာ္လဲ မိမိလဲမတတ္နိုင္ မိမိတို႔ဘက္ကလဲ ေလ်ာ္ေၾကးေပးခဲ့ရေသးသည္။
အလုပ္ေတြရႈပ္ကာ စိတ္ညစ္ေနတာနဲ႕ ဟိုေကာင္ေလးနဲ႕ေတာင္ စကားမေျပာရတာၾကာၿပီ....
______________
1.1.2022
Khine Lay