ဆယ်နှစ်ထက်မကမင်းကိုပိုပြီးချစ...

By pngon677

264K 24.4K 686

..Myanmar Translation of The Ten Years that I loved You Most COO ..81Chapters +5extras Original Author 无仅死 ... More

Announced(U+Z)
စာမြှားချိတ် (U+Z)
Start To(U+Z)
EP1(U+Z)
EP2(U+Z)
EP3(U+Z)
EP4(U+Z)
EP5(U+Z)
EP6(U+Z)
EP7(U+Z)
EP8(U+Z)
EP9(U+Z)
EP10(U+Z)
EP11(U+Z)
EP12(U+Z)
EP13(U+Z)
EP14(U+Z)
EP15(U+Z)
EP16(U+Z)
EP17(U+Z)
EP18(U+Z)
EP19(U+Z)
EP20(U+Z)
EP21(U+Z)
EP22(U+Z)
EP23(U+Z)
EP24(U+Z)
EP25(U+Z)
EP26(U+Z)
EP27(U+Z)
EP28(U+Z)
EP29(U+Z)
EP30(U+Z)
EP31(U+Z)
EP32(U+Z)
EP33(U+Z)
EP34(U+Z)
EP35(U+Z)
EP36(U+Z)
EP37(U+Z)
EP38(U+Z)
EP39(U+Z)
EP40(U+Z)
EP41(U+Z)
EP42(U+Z)
EP43(U+Z)
EP44(U+Z)
EP45(U+Z)
EP46(U+Z)
EP47(U+Z)
EP48(U+Z)
EP49(U+Z)
EP50(U+Z)
EP51(U+Z)
EP52(U+Z)
EP53(U+Z)
EP54(U+Z)
EP55(U+Z)
EP56(U+Z)
EP57(U+Z)
EP58(U+Z)
EP59(U+Z)
EP60(U+Z)
EP61(U+Z)
EP62(Ū+Z)
EP63(U+Z)
EP64(U+Z)
EP65(U+Z)
EP66(U+Z)
EP67(U+Z)
EP68(U+Z)
EP69(U+Z)
EP70(U+Z)
EP71(U+Z)
EP72(U+Z)
EP73(U+Z)
EP74(U+Z)
EP75(U+Z)
EP76(U+Z)
EP77(U+Z)
EP78(U+Z)
EP79(U+Z)
EP80(U+Z)
EP82(U+Z)
EP83(U+Z)
EP84(U+Z)
EP85(U+Z)
EP86(U+Z)
Thank You (U+Z)
Announce (U+Z)

EP81(U+Z)

2.9K 212 7
By pngon677

EP81 သူအေးစက်သွားခဲ့တယ်

နောက်နှစ်ရက်မျှ ကြာသည်အထိ သူလာ
ကြည့်ခဲ့တယ်။ထို ဗလာကျင်းနေသောအိမ်လေးကဘဲ ကျန်းဝမ်ရွှီအား စောင့်ကြိုနေခဲ့ လျက်သူ့ရဲ့ နောက်ဆုံးသော ကြိုးစားအားထုတ်မှုအား အဝေးသို့ တွန်းပို့ခဲ့လျက်ရှိနေခဲ့တယ်။ဒါပေမယ့် သူဆက်စောင့်နေဆဲပဲ၊အနည်းဆုံး သူ့မှာစောင့်နေပိုင်ခွင့်လေးတော့ ရှိနေသေးတယ် မဟုတ်လား ?။

ကျန်းဝမ်ရွှီ ဒီလောက်ထိ ပြတ်ပြတ်သားသား ထွက်သွားရက်ကြတာကို ဝမ်းနည်းနေမိတယ် သို့မဟုတ် ဒီအနီးအနားရှိ တစ်စုံတစ်ယောက်က ဒီအိမ်နဲ့ ပတ်သက်သော အရာတစ်ခုခုကိုများ သိရှိကြလေမလား ဟု သူတွေးနေမိတယ်။

ဟယ်ကျစ်ရှု ထွက်သွားပြီးချိန်ထဲက
ကျန်းဝမ်ရွှီရဲ့ ခံစားချက်များက အသုံးမဝင်မှုနဲ့အတူ နာကျင်နေခဲ့ရသည်။ကျစ်ရှု သူ့ဆီမှ ထွက်သွားပြီးချိန်မှစပြီးသူ့အား ကျစ်ရှု ပွေ့ဖက်ခဲ့သည်ကို တကြိမ်ထက်မကသူပြန်သတိရနေမိခဲ့သည်။ထိုနေ့က သူသာ အိမ်မှ ထွက်မလာမိခဲ့ပါက သူကျစ်ရှုအားထွေးပွေ့
ခွင့်ရနိုင်ပေဦးမည် ၊ယခုအချိန်ကဲ့သို့ အခြေအနေများ ကွဲပြားခဲ့စရာ
အကြောင်းလဲ ရှိမနေနိုင်ဘူး မဟုတ်လား ?

သူ့ကို ဘယ်သူမှ အဖြေမပေးနိုင်ခဲ့။

တကယ်လို့ တစ်စုံတစ်ယောက်ကများ
သူ့ကို ပြောလာခဲ့ပါလျှင် လွန်ခဲ့တဲ့ 14နှစ်ကလားလို့ သာ သူ့ကို မေးကြလိမ့်မယ်။

"မင်းနဲ့ သူ ရှိနေခဲ့ရင် မင်းကျစ်ရှုကို စိတ်ချမ်းသာအောင်ထားမှာ လား ?"

အဲဒီအခါကျ သူတို့ ငါ့ကို ပြောကြလိမ့်မယ် ,
ဒီ 4နှစ်အတွင်းကကောဘာလို့ မပါခဲ့တာလို့ပေါ့ ၊မင်းအပြင်မှာ အပျော်တွေရှာနေခဲ့ချိန်မှာ
ဟယ်ကျစ်ရှုရဲ့ အချစ်စစ်အချစ်မှန် အတွက်
မင်း မှာအပြစ်ရှိတယ်လို့မခံစားခဲ့ရဘူးလား ?

မင်းနှလုံးသားတွေကကျောက်စိုင်ကျောက်ခဲ တွေများလား ?

မင်းအလွန်မြတ်နိုးသင့်သော သူတစ်ဦးကို
မင်းဘယ်လို စိတ်တွေနဲ့များ ဒီလောက်ထိ
ဆိုးဝါးအောင် ရက်စက်စွာ ဆက်ဆံနိုင်ခဲ့ရတာလဲ ?

ထိုသို့သာ တစ်စုံတစ်ယောက်ကများ သတိပေးခဲ့ပါလျှင်မူ ကျန်းဝမ်ရွှီ မည်သို့သော အမှားတွေကိုမှ လုပ်ခဲ့မည်မဟုတ်ခဲ့။

ယခုကတော့မူ ကျန်းဝမ်ရွှီအတွက် ကျူးလွန်ခဲ့သော အပြစ်များစွာက သူ့အား ဒဏ်ခတ်နေခဲ့ပြီလား ၊သူ ကြောက်ရွံ့မိတယ်။
သူ ရှေ့လျှောက် ဘာဆက်လုပ်ရမှန်းမသိအောင်အထိ သူ မသိတော့ဘူးတောင်
ဖြစ်နေခဲ့တယ်။သူဘာဆက်လုပ်ရမှာလဲ ?။

ဒီရက်တွေမှာ သူနဲ့ လက်ထောက်စုန်တို့ သူတို့ နှစ်ယောက်ဘယ်နေရာမှာများ ရှိနေနိုင်မလဲ ဆိုတာကို နေရာအစုံလိုက်ရှာခဲ့မိတယ်။
ကျန်းဝမ်ရွီ ကားထဲမှာသာအိပ်ခဲ့တယ်။
ကျစ်ရှု နေထိုင်ခဲ့တဲ့ လက်ဖက် ဥယျာဥ်လေးနားမှာဘဲ သူလာစောင့်နေခဲ့တယ်။

လေးရက်မြောက်နေ့၊သူ ဟန်ကျိုးကို လာခဲ့တဲ့
ကြာချိန် အပါအဝင်ဆို တပတ်ပြည့်တဲ့နေ့ ။
ထိုနေ့က နောက်ဆုံးတော့ ဘဝတစ်ခုရဲ့ အလှည့်အပြောင်းအဖြစ်ရှိနေခဲ့တယ်။ကျန်းဝမ်ရွှီ စိတ်ဓာတ်တွေယိမ်းယိုင်ကာပြိုကွဲလုနီးပါး ဖြစ်နေစဥ်မှာဘဲ တစ်စုံတစ်ယောက်ပေါ်လာခဲ့တယ်။

အဲဒီလူက အိုက်ကျိယွီ ဖြစ်နေခဲ့တယ်။သူ တစ်ယောက်တည်းပေါ့၊သူက အနက်ရောင် ကုတ်အကျီရှည်ကို ဝတ်ဆင်ထားလျက် သူ့လက်ထဲမှာ ခရီးဆောင် သေတ္တာအသေးလေး တစ်လုံးဆွဲလျက် တရွေ့ရွေ့ လှမ်းလာတာကို တွေ့ရတယ်။လွန်ခဲ့တဲ့ လဝက်လောက်ကထက် ကိုယ်အလေးချိန် အများကြီး ကျသွားခဲ့တယ်။ပိန်ချုံးနေတဲ့ အိုက်ကျိယွီ ကိုကြည့်ပြီးကျန်းဝမ်ရွှီချက်ခြင်းမှတ်တောင်မမှတ်မိခဲ့။

အိုက်ကျိယွီ ဒီမနက်ဘဲ ပြန်လာခဲ့တယ်။
သူက တက်စီနဲ့ ပြန်လာခဲ့ချိန် ကျန်းဝမ်ရွှီ ကလည်း လာစောင့်နေခဲ့တယ်။ကျန်းဝမ်ရွှီ နှစ်ခါ မတွေးတော့ ၊သူ ကားတံခါးကို ချက်ခြင်းဖွင့်လိုက်တာမို့ အိုက်ကျိယွီဆီ ပြေးသွားလိုက်တယ်။

"အိုက်ကျိယွီ ...အိုက်ကျိယွီ ကျစ်ရှု ဘယ်မှာလဲ ?ကျစ်ရှု ဘယ်မှာလဲ လို့ ? ဘယ်ဆေးရုံမှာ တင်ထားတာလဲ ?ဟမ် ပြောလေကွာ ၊မင်း ဒီကို ပြန်လာတော့ သူ့ကို အခု ဘယ်သူစောင့်ရှောက်နေလဲ ?ငါ့ကို ပြောပါကွာ "

ကျန်းဝမ်ရွှီ အိုက်ကျိယွီ ဘယ်လို အနေအထားရှိနေတာကို သူသိနေသော်လည်း သူ မေးခွန်းများကို တရစပ်မေးနေမိတယ်။အိုက်ကျိယွီရဲ့ သွေးခြေဥနေတဲ့
မျက်လုံးတွေကို သူအရမ်းကြောက်နေတယ်။

အိုက်ကျိယွီ ကျန်းဝမ်ရွှီ ရှိနေတယ်ဆိုတဲ့ အသိသာသူမှာရှိတော့တယ်။သူ့မျက်လုံးများက စိတ်ခံစားမှု ကင်းမဲ့ နေခဲ့တယ်။သူ ထိုသု့အား မုန်းတီးမှု ၊နာကြည်းမှုနဲ့ မကျေနပ်မှု စတဲ့ ခံစားမှု များကလည်း လုံးဝကိုပင်ရပ်တန့် သွားခဲ့တယ်။

အိုက်ကျိယွီ သူ့ လက်လေးကို မြှောက်ကာ လေထဲကို မော့ကြည့်လာရင်း ကျန်းဝမ်ရွှီရဲ့
စကားတွေအတိုင်း အရူးတစ်ယောက်လို သူ့ဘာသာ သူ ပြန်ပြောနေမိတယ်။

"ကျစ်ရှု ...ရှူလေး ...ဘယ်မှာလဲဟင် ?
ကျစ်ရှု ဘယ်မှာလဲ လို့ "

အိုက်ကျိယွီ အသံက တိတ်ဆိတ် ငြိမ်သက်သွားခဲ့တယ်။သူ့ အသံတိုင်းက သူ့ ပါးစပ်လှုပ်ရုံသောက်သာ အသံတိုးတိုးလေး ထွက်လာခဲ့တယ်။

"သူ ထွက်သွားခဲ့ ပြီ ...ကျွန်တော့်လက်မောင်း ပေါ်မှာဘဲ ..တဖြေးဖြေး နဲ့ တဖြေးဖြေး နဲ့ သူအေးစက်လာခဲ့တယ် "

သူ အဆုံးမဲ့ တိတ်ဆိတ်သွားခဲ့တယ်။ထိုခဏ
ကျန်းဝမ်ရွှီ သူဘာမှ မကြားလိုက်ဘူးဟု တွေးလိုက်တယ်၊သူ ပါးစပ်ကို ဖွင့်ဟလိုက်သော်လည်း သူ ဘာသံမှ ထွက်မလာနိုင်ခဲ့။
တစ် ကမ္ဘာလုံး သူ့ ဘေးပတ်လည်မှာရှိတဲ့
အရောင်တွေ ၊လေပြည်ညင်းတွေ အားလုံး ပျောက်ကွယ် သွားခဲ့တယ်။ မဟုတ်ဘူးလေ
သူနားကြားမှားတာနေမှာပါ ။ ပတ်ဝန်းကျင်က လေတိုး သံတွေကြောင့် သူနားကြား
မှားမိတာ ။

တစ်စုံတစ်ယောက်က ဗီဒီယို ကြည့်နေရာမှ ခလုတ်နှိပ်ပြီး ရပ်ပစ်လိုက်သလိုဘဲ
အိုက်ကျိယွီ ကော်လာအား သူရုတ်တရက်
အမြန်ဆွဲကိုင်လိုက်တယ်။သူ မျက်လုံးတွေက အရူးတစ်ယောက်လို နီရဲနေတယ်။
ကျန်းဝမ်ရွှီ လူသံနှင့်တောင်မတူသောအသံများ ဗလုံးဗထွေးထွက်လာတယ်၊သွားများကလျှာကို တောင်ကိုက်မိလာခဲ့လို့သွေးများပင်ထွက်လာခဲ့တယ်။သွေးများအား ထွေးထုတ်လိုက်ရင်း နာကျင်မှု ဖြင့် ပြောလိုက်တယ်။

"မင်း ငါ့ကို လိမ်နေတာ ၊မဖြစ်နိုင်ဘူး ၊
မင်း လိမ်တာ ၊လုံးဝမဖြစ်နိုင်ဘူး "

'မင်းပြောတော့ သူ အဆင်ပြေတယ်ဆို "

"မင်း သူ့ကို ဂရုစိုက်နေပါတယ်ဆို ?"

"မဖြစ်နိုင်ဘူး မင်းလိမ်နေတာ မင်းသူ့ကို အဝေး တစ်နေရာရာမှာ များ ဖွက်ထားတာလား ဟမ် ?"

"ကျေးဇူးပြုပြီး ငါ့ကို အဲလို မပြောပါနဲ့ ၊
ငါသူ့ကိူ ပြန်မခေါ်ပါဘူးကွာ ၊ငါ့ကို
အဲလို မနောက်ပါနဲ့ "

မမျှော်လင့်ဘဲ ကျန်းဝမ်ရွှီ အိုက်ကျိယွီ အား ဒူးထောက်တောင်းပန်လာခဲ့ရင်း,

"ပြောပေးပါ ..မင်းငါ့ကိုလိမ်နေတာလို့
အဲလိုသာဆို ငါ မင်းရှေ့ကို ဘယ်တော့မှ
ပေါ်မလာတော့ပါဘူးကွာ ၊ငါတောင်းပန်ပါတယ် ကွာ ၊ငါ့ကို ပြောပါ "

အိုက်ကျိယွီ ကျန်းဝမ်ရွှီ အား မြေပြင်ပေါ်မှ ဆွဲထူလိုက်ပြီး,

"မင်း ကိုယ့်ကိုကိုယ် လိမ်နေတာကို
ပျော်စရာလို့ မှတ်နေတာလား?,
ကျစ်ရှု ဆုံးသွားပြီ ၊ရှုလေး ...ရှုလေး ဆုံးသွားပြီ ,အတိအကျပြောရရင် ဒီနေ့ ဆို
တပတ်ပြည့်ပြီ"

အိုက်ကျိယွီ ကျန်းဝမ်ရွှီ အားငုံ့ကြည့်လိုက်ရင်း မျက်ရည်များစွာ စီးကျလာခဲ့သည်။
သူ့စိတ်ခံစားချက်ကို သူဘယ်လိုမှ မထိန်းချုပ်နိုင်တော့ဘဲ မျက်ရည်များ တသွင်သွင်စီးကျနေခဲ့သည်။

ကျစ်ရှု လွန်ခဲ့တဲ့ တပတ်က ဆုံးပါးခဲ့သည်။
အိုက်ကျိယွီ ကျစ်ရှုရဲ့ စျာပနအခမ်းအနားနှင့် သေဆုံးစာရွက်စာတမ်းများအား မည်သို့ အေးဆေးတည်ငြိမ်စွာ ကိုင်တွယ် ခဲ့မည်ကို ပင် မသိနိုင်ခဲ့။ မျက်ရည်မကျဘဲ လူတစ်ယောက်ရဲ့ လက်ထဲ ကျစ်ရှု အိပ်ပျော်နေရာမှ ပြာ အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်ကို သူ ကြည့်နေခဲ့ရသည်။သူ့အား လျစ်လျူရှု ခဲ့မှုကြောင့် သူ အလွန်ပင်ကြောက်လန့် နေခဲ့မိသည်။

သို့သော် ယခု အိုက်ကျိယွီ သူတို့ အတူ နေခဲ့သော ခြံလေးထဲတွင် နောက်တကြိမ် မတ်တပ်ရပ်နေခဲ့ သည်။သူတို့ရဲ့ ခွေးလေး ရေကန်ထဲသို့ ခုန်ချသွားခဲ့သည့် ရေကန်ကို ကြည့်နေခဲ့ပြီး ကျစ်ရှု ထိုင်ခဲ့သောခုံလေး ၊သူ ကျစ်ရှု အတွက် ဝယ်ပေးခဲ့သော ဒုတိယထပ် ပြတင်းပေါက်နားမှ ကော်ဇောလေး နှင့် သူ စိုက်ပျိုးပေးခဲ့သော သေဆုံးနေပြီဖြစ်တဲ့ စံပယ်ပင်လေးများ ၊သူ့ နှလုံးသားတွေ အရမ်းနာနေသည်။သူ သုံးရက်ကြာစုဆောင်းထားခဲ့ရသော နာကြင်မှုများအား
ထုတ်ဖော်ခဲ့လိုက်သည်။သူ့ရှေ့က လူက သူ့ကို မေးလာတယ် ။ကျစ်ရှု ဘယ်မှာလဲ တဲ့ ၊
ပြီးတော့ သူ့က ကျစ်ရှုကိုကောင်းကောင်း
စောင့်ရှောက်မယ်လို့မပြောခဲ့ဘူးလားတဲ့ ။
သူ မျက်ရည်တွေ ထပ်မကျနိုင်တော့ဘူး ၊
ဒီတစ်ခါက ကျစ်ရှု ဆုံးပါးသွားပြီးနောက်
ပထမ ဆုံးအကြိမ် ငိုခြင်းနဲ့ ကျန်းဝမ်ရွှီ
အရှေ့တွင်သူငို မိခဲ့ခြင်း ဖြစ်သည်။

ကျန်းဝမ်ရွှီ ခြေလှမ်းများ နောက်သို့ ယိုင်သွားသည်။သူ့ကိုယ်သူ မနည်း တည်ငြိမ်အောင် ကြိုးပမ်းနေရသည်။ပြီးနောက် ရယ် လာခဲ့ရင်း ,

"ငါ မယုံဘူး ၊ငါမင်းကို မယုံဘူး ၊
ကျစ်ရှုက ငါ့ကို ထားသွားမယ့်သူ ဆိုတာကို
ငါမယုံဘူး ...သူ "

ကျန်းဝမ်ရွှီ ကျစ်ရှုက သူ့အား မည်သို့သော အခွင့်အရေး ကိုမျှ မပေးတော့ဘဲ ထွက်ခွာသွားလိမ့်မယ် ၊သူ့ကို မြင်တွေ့ခွင့် မပေးတော့ဘဲ ထွက်ခွာသွားလိမ့်မယ်လို့ သူ လုံးဝမတွေးမိခဲ့။

အိုက်ကျိယွီ ကျန်းဝမ်ရွှီ အား အဆိပ်ပြင်းသော မျက်လုံးများဖြင့် ကြည့်ကာ
ပြောလာခဲ့တယ်။

"မဟုတ်ဘူး ၊ဘယ်သူက သူ့ကို ဒီလိုမျိုး အဆုံးသတ်စေခဲ့တာလဲ ?"

"မင်း သိလား ကျစ်ရှု ဘာမှ ထားမသွားခဲ့ဘူး ၊အဆုံးသတ်တဲ့ သေချင်တဲ့ ဆန္ဒလုံးဝမရှိခဲ့ဘူး ၊သူ့ရဲ့ စျာပနာ အစီအစဥ်ကလွဲလို့ပေါ့ ၊
ဒီ ကမ္ဘာကြီးက သူ့ကို ကြာရှည် မနေစေချင်ခဲ့ဘူး "

အိုက်ကျိယွီ ရဲ့ အပြုံးက ငိုနေရင်းမှ ထွက်ပေါ် လာခဲ့သည်။

" သူ နောက်ဆုံး ဘာတွေထားခဲ့လဲ ခင်ဗျားသိလား ....ဥက္ကဌ ကျန်း "

"သူ ဟန်ကျိုး ကို လာတဲ့ အချိန် သူဝတ်ခဲ့တဲ့ အဝတ်အစားနဲ့ ယွမ် 150000ဘဲ ရှိတဲ့ ဘဏ်ကဒ်တစ်ခုဘဲ "

အိုက်ကျိယွီ ကျန်းဝမ်ရွှီ ရဲ့ အကျီအား ဆုပ်ကိုင်လိုက်ရင်း သူတို့ နှစ်ဦး လုံးမှာ တုန်ယင်လျက်ရှိနေခဲ့သည်။

"150000သိလား အဲ့ဒီပိုက်ဆံက သဂြိုလ်
စားရိတ်တောင် မလောက်ငှဘူး ၊
ကျန်းဝမ်ရွှီ ခင်ဗျား ဘယ်လို တောင် ရက်စက်ခဲ့တာလဲ ?သူ ခင်ဗျားနဲ့ အတူ ဆယ်နှစ်ကျော် တောင် နေလာခဲ့တာ ၊သူနေမကောင်းခဲ့ဘူး ၊
သူ့ နှလုံးသားလဲ နာကျင်ရတယ် ၊
နောက်ဆုံးတော့ သူ့ခမျာ သဂြိုလ်စရိတ်တောင် မတတ်နိုင်ရှာဘူး ၊ပြောစမ်းပါဦး ၊
ဥက္ကဌကျန်း ခင်ဗျားရဲ့ အိမ်သူအပေါ်
150000ထက်တောင် ပိုပြီး သုံးခဲ့ဖူးရဲ့လား?"

ကျန်းဝမ်ရွှီ ဘာမှ မပြောနိုင်ခဲ့။သူ့ နှုတ်ခမ်းများကထိတ်လန့် တုန်လှုပ်မှုကြောင့် ပြာနှမ်းလာခဲ့ပြီး သူ့မျက်နှာမှာ ဖြူဖျော့ လာခဲ့ရသည်။သူ့ လည်ချောင်းတစ်လျှောက်ပိတ်ဆို့လာခဲ့သည်မို့ သူ ခေါင်းဆိုးလိုက်ရာ သွေးများပါလာခဲ့သည်။

တချိန်တည်းမှာဘဲ လက်ထောက်စုန်ရောက်လာသည်။ကျန်းဝမ်ရွှီ ရင်ဘတ်အား
လက်ဖြင့်ဖိကာ အဝတ်များက သွေးများဖြင့် ဖုံးလွှမ်းနေလျက် မပီမပြင် အော်ဟစ် နေခဲ့သည်။

"တစ်စုံတစ်ယောက်ကငါ့ကို ပြောတယ်
ကျစ်ရှု မရှိတော့ဘူး တဲ့ "

ကျန်းဝမ်ရွှီ လဲ ကျသွားခဲ့သည်။

လက်ထောက်စုန်က အရေးပေါ်ကို ဖုန်းဆက်ခေါ်ခဲ့သည်။ဆေးစစ်ချက်အရ အစာအိမ်ပေါက်ခြင်း ကြောင့်ဖြစ်သည်။အရက်အလွန်အကျွံသောက်ခြင်းနဲ့ အလွန်အမင်း ပင်ပန်းခြင်းတို့ကြောင့် ဖြစ်သည်။လက်ထောက်စုန် ကျန်းဝမ်ရွှီ နိုးလာသည်ကို တွေ့သောအခါ ကျန်းဝမ်ရွှီ မျက်နှာကျက်အား ငေးကြည့်နေခဲ့သည်။မျက်လုံးများ က
အဓိပ္ပါယ်မဲ့နေလျက် ရှိနေခဲ့သည်။

"သူဌေး ..

လက်ထောက်စုန် ဘာမှမပြောနိုင်ပေမယ့်

"အရမ်း ဝမ်းနည်းမနေပါနဲ့ "

"ငါ့ကို လက်မှတ်ဘိုကင်လုပ်ပေး ...ငါ ပေကျင်းကို ပြန်သွားရမယ် "

ကျန်းဝမ်ရွီ အသံက အားနည်းကာ ဖျော့တော့ နေခဲ့တယ်။

"ကျစ်ရှုက ငါလုပ်ခဲ့တဲ့ လုပ်ရပ်တွေကြောင့် ငါ့ကို စိတ်ဆိုးနေတယ် ၊ငါ အခု ငါမှားမှန်းသိပါပြီ ၊သူ ငါ့ကို စိတ်ဆိုးမှာကြောက်တယ် ၊
သူငါ့ကို တော့ အိမ်မှာ စောင့်နေလောက်ပါတယ် ဟုတ်တယ်မလား ?"

ကျန်းဝမ်ရွှီ သူ့ မျက်လုံးများအား လက်ဖြင့် အုပ်လိုက်ပြီး ပြောလာတယ်။

"ငါခုန က ကျစ်ရှုကို အိပ်မက်မက်တယ် ၊
သူငါ့ကို အရမ်းလွမ်းနေပြီလိူ့ ပြောတယ်
အဲဒါကြောင့်မို့ ငါသူ့ကို အိမ်ပြန်ပြီး
သွားတွေ့မှ ရမယ် "

'သူဌေး "

လက်ထောက်စုန် သူ့စကားအား ဖြတ်တောက်လိုက်တယ်။သူသိတယ် ကျန်းဝမ်ရွှီ အစွဲကြီးကာ စိတ် ကစဥ့် ကလျားဖြစ်နေပြီဆိုတာကို ,

ကျွန်တော် တောင်းပန်ပါတယ် "

"ဘာအတွက် တောင်းပန်တာလဲ ?"

ကျန်းဝမ်ရွှီ ရုတ်တရက် ထလာတယ်။သူ့လက်မှာ ဆေးသွင်းထားလျက်ရှိနေသော
အပ်ကိုဆွဲ ဖြုတ်လိုက်ပြီး,

"မင်း လုပ်သမျှ တွေအားလုံး က သူ့ကို ကျိန်ဆဲ နေသလိုပဲ ၊သူဘယ်လိုလုပ်သေနိုင်မှာလဲ ?၊သူငါ့ကို ဘယ်လိုလုပ်စွန့်ပစ် မှာလဲ ?"

ဝါကျ အဆုံးမှာတော့သူတိတ်ဆိတ် သွားခဲ့တယ်။

ကျန်းဝမ်ရွှီ ငိုလုနီးပါးဖြစ်နေခဲ့တယ်။

"အားလုံးက ငါ့ကို စွန့်ပစ်ခဲ့ရင်တောင်
ကျစ်ရှု ကတော့ လုပ်မှာမဟုတ်ဘူး "

လက်ထောက်စုန် ကျန်းဝမ်ရွှီ အား နားမချတော့ဘူး ၊မွန်းလွဲပိုင်းတွင် လေယာဥ်ဖြင့်
ပေကျင်းသို့ ပြန်သွားခဲ့တယ်။လေယာဥ်မပျံသန်းမီ သူ့ ဖုန်းမှ မက်ဆေ့ တစ်ခု လက်ခံရရှိခဲ့တယ်၊သူ ကြည့်လိုက်ရာ အိုက်ကျိယွီ
ဆီမှ ဖြစ်နေခဲ့သည်။

"ကျစ်ရှုက သူသေခါနီးမင်းကို မှာခဲ့တယ်၊
မင်းကို ကောင်းကောင်း အသက်ရှင် နေထိုင်ပါတဲ့ ..ဘာဖြစ်လို့လဲဆိုတော့ အသက်ရှင်နေသည်ဖြစ်စေသို့ မဟုတ် သေပြီးတဲ့နောက်
မင်းကို ထပ်မတွေ့ ချင်တော့ဘူး တဲ့ "

အိုက်ကျိယွီ မှလွဲ၍ ထိုစကားများအား
ကျစ်ရှု တကယ် မှာခဲ့လား မမှာခဲ့လားဆိုတာကို မည်သူမျှ မသိနိုင်ပါ၊အိုက်ကျိယွီကသူ့ကို တမင်ပြောတာလဲ ဖြစ်နိုင်တာဘဲ ဟု သူတွေးလိုက်မိသည်။ကျန်းဝမ်ရွှီ ဂရုမစိုက်ဘဲ ဖုန်းကို ချက်ခြင်းပိတ်လိုက်တယ်။

"ဟယ်ကျစ်ရှူ မသေနိုင်ဘူး "

ခုနှစ်နာရီမျှ ကြာသွားပြီးတဲ့နောက်
သူနဲ့ ကျစ်ရှု ကိုးနှစ် ကြာမျှ အတူ နေထိုင်ခဲ့ သည့် တိုက်ခန်းထဲ၌ သူ မတ်တပ်ရပ်နေခဲ့သည်။သူ ခေါ်လိုက်တယ်။

"ကျစ်ရှု မင်းအိမ် မှာလား ?"

ပြန်မဖြေခဲ့။

ကျန်းဝမ်ရွှီ စိတ်ဆိုးနေခဲ့သည်။သူက
မီးများကို ဖွင့်ကာ အိပ်ရာပေါ်တွင်ထိုင်လျက် မျက်လုံးများက တံခါးဝ၌သာရှိနေခဲ့သည်။
ငါက မင်းကို စောင့် ခိုင်းခဲ့တယ်။အခုက ငါက မင်းကို ပြန်စောင့်ပါ့မယ် ကျစ်ရှု။ငါမင်းကို
အိမ်ပြန်လာဖို့ ငါစောင့်နေမယ်နော် ။

ကျန်းဝမ်ရွှီ သူ့ လည်ပင်း၌ ဆွဲထားသော ကျစ်ရှုရဲ့ လက်စွပ်လေးအားကိုင်ကာ နူးညံ့သော အပြုံးဖြင့် ပြောနေခဲ့သည်။

"မင်းအပြင်မှာ ကစားလို့ဝရင် အိမ်ကို စောစော ပြန်လာခဲ့နော် ...ငါ မင်းကို တကယ်ကြီး တကယ်ကြီး အရမ်းလွမ်းနေပြီ "

ကျန်းဝမ်ရွှီ အိမ်ကြမ်းပြင်ပေါ် ကုပ်ကုပ်လေးနှစ်ရက်ကြာအထိ ဘာမှ မစားမသောက် မအိပ်လဲ မအိပ်ဘဲ ထိုင်နေမြဲသာရှိနေခဲ့သည်။
သူ့ အသိစိတ်များ ပျောက်ဆုံးနေခဲ့သည်။မျက်လုံးများက ပိတ်ထားသော တံခါးဆီသို့သာ လှမ်းမျှော်ကြည့်နေခဲ့မိသည်။သူ့ဘာသာ တစ်ယောက်တည်း စကားတွေပြောပြီး ပြုံးနေခဲ့သည် သို့တည်းမဟုတ် ဘာအမူ အရာမှ မပြဘဲ ငုတ်တုတ်ကြီးလဲ ရှိချင်ရှိနေခဲ့သည်။

အဆုံးသတ်၌ ကျန်းဝမ်ရွှီ တံခါးပွင့်ဟလာတယ်လို့ ခံစားလိုက်ရသည်။တံခါးဝ၌
ကျစ်ရှု ရပ်နေသည်။အသက် 17နှစ်အရွယ် ငယ်ရွယ်သော ကျစ်ရှု လေး က ကျောင်းဝတ်စုံလေးဖြင့် သူ့အားလက်ဝှေ့ရမ်း၍ ပြုံးပြကာ လာခဲ့သည်။ပြီးတော့ ကျစ်ရှု ရဲ့ နောက်ဖက်က လက်ထဲ မှာ တော့ သူအရမ်းတန်ဖိုးထားခဲ့ရတဲ့ စံပယ်ပန်းလေးတွေအများကြီးနဲ့ပေါ့ ။

တံခါးဝ၌ ရှိနေဆဲ ကျန်းဝမ်ရွှီ ကျစ်ရှုလေးဆီ လက်ကမ်းလိုက်ပြီးနူးညံ့စွာပြောလိုက်သည်။

"ရှူလေး ကျောင်းဆင်းပြီလေ၊ငါတို့ အတူ အိမ်ပြန်ကြစို့ "

နောက်ဆုံး၌ သူ့မျက်ရည်များကအလိုလိုပင် စီးကျလာခဲ့တော့သည်။

မိမိချစ်ရသူတွေ အနားမှာရှိစဥ် တန်ဖိုးထားကြပါနော်။ဘယ်ချိန် သူတို့က ကိုယ့်ကို ခွဲခွာသွားမယ်ဆိုတာ မသိနိုင်ဘူးလေ။ချစ်ခြင်းမေတ္တာကို တန်ဖိုး ထားတတ်ပြီး ချစ်ခြင်းမေတ္တာ ပြည့်ဝစွာ ထားတတ်ကြသူများနှင့်သာဘဝတစ်လျှောက်ဆုံစည်းနိုင်ကြပါစေ
ဟုသာ တောင်းဆု ပြုရင်း.......။

ပြီးပါပြီ။

W 3225
26.3.2021
စာပြီးချိန် ....မနက် 4နာရီ ။

(TN...မနက်စောစော စီးစီး မျက်ရည်တွေနဲ့ ငိုနေခဲ့မိတယ်။မနေ့ကထဲက အဆုံးသတ်ဖို့ စဥ်းစားခဲ့ပေမယ့် အပိုင်း 80မှာတင် စိတ်အခြေမကောင်းသို့ဆက်မရေးနိုင်ပေမယ့် ပြီးအောင် 81ထိ ဆက်ရေး မိခဲ့တယ်။ရင်ထဲမှာ တင်းကြပ်ပြီး ဆို့နင့်နေတယ်။ဘာစကားမှလဲ မပြောနိုင် မနေ့က တစ်နေ့လုံး ဘာမှလဲမစားနိုင်
တနေ့ကုန်ငူငိုင်နေမိတာ ခုမနက် လေးနာရီထိ အိပ်ချင်စိတ်လဲမရှိခဲ့ဘူး ။အသည်းကွဲတာထက် ခံရခက်နေတယ်။

Extra 5ပိုင်း မနက်ဖြန် စရေးပေးပါမယ်နော်။

Re-Edit Date...31-12-2021

...............Main Story End --------------------

EP81 သူေအးစက္သြားခဲ့တယ္

ေနာက္ႏွစ္ရက္မွ် ၾကာသည္အထိ သူလာ
ၾကည့္ခဲ့တယ္။ထို ဗလာက်င္းေနေသာအိမ္ေလးကဘဲ
က်န္းဝမ္႐ႊီအား ေစာင့္ႀကိဳေနခဲ့ လ်က္သူ႕ရဲ႕ ေနာက္ဆုံး
ေသာ ႀကိဳးစားအားထုတ္မႈအား အေဝးသို႔ တြန္းပို႔ခဲ့လ်က္ရွိေနခဲ့တယ္။ဒါေပမယ့္ သူဆက္ေစာင့္ေနဆဲပဲ၊အနည္းဆုံး သူ႕မွာေစာင့္ေနပိုင္ခြင့္ေလးေတာ့ ရွိေနေသးတယ္ မဟုတ္လား ?။

က်န္းဝမ္႐ႊီ ဒီေလာက္ထိ ျပတ္ျပတ္သားသား ထြက္သြား
ရက္ၾကတာကို ဝမ္းနည္းေနမိတယ္ သို႔မဟုတ္ ဒီအနီးအနားရွိ တစ္စုံတစ္ေယာက္က ဒီအိမ္နဲ႕ ပတ္သက္ေသာ အရာ
တစ္ခုခုကိုမ်ား သိရွိၾကေလမလား ဟု သူေတြးေနမိတယ္။

ဟယ္က်စ္ရႈ ထြက္သြားၿပီးခ်ိန္ထဲက က်န္းဝမ္႐ႊီရဲ႕ ခံစား
ခ်က္မ်ားက အသုံးမဝင္မႈနဲ႕အတူ နာက်င္ေနခဲ့ရသည္။က်စ္ရႈ သူ႕ဆီမွ ထြက္သြားၿပီးခ်ိန္မွစၿပီးသူ႕အား က်စ္ရႈ ေပြ႕ဖက္ခဲ့သည္ကို တႀကိမ္ထက္မကသူျပန္သတိရေနမိခဲ့သည္။ထိုေန႕က သူသာ အိမ္မွ ထြက္မလာမိခဲ့ပါက သူက်စ္ရႈအားေထြးေပြ႕ခြင့္ရနိုင္ေပဦးမည္ ၊ယခုအခ်ိန္ကဲ့သို႔
အေျခအေနမ်ား ကြဲျပားခဲ့စရာ
အေၾကာင္းလဲ ရွိမေနနိုင္ဘူး မဟုတ္လား ?

သူ႕ကို ဘယ္သူမွ အေျဖမေပးနိုင္ခဲ့။

တကယ္လို႔ တစ္စုံတစ္ေယာက္ကမ်ား
သူ႕ကို ေျပာလာခဲ့ပါလွ်င္ လြန္ခဲ့တဲ့ 14ႏွစ္
ကလားလို႔ သာ သူ႕ကို ေမးၾကလိမ့္မယ္။

"မင္းနဲ႕ သူ ရွိေနခဲ့ရင္ မင္းက်စ္ရႈကို စိတ္ခ်မ္းသာေအာင္ထားမွာ လား ?"

အဲဒီအခါက် သူတို႔ ငါ့ကို ေျပာၾကလိမ့္မယ္ ,
ဒီ 4ႏွစ္အတြင္းကေကာဘာလို႔ မပါခဲ့တာလို႔ေပါ့ ၊
မင္းအျပင္မွာ အေပ်ာ္ေတြရွာေနခဲ့ခ်ိန္မွာ
ဟယ္က်စ္ရႈရဲ႕ အခ်စ္စစ္အခ်စ္မွန္ အတြက္
မင္း မွာအျပစ္ရွိတယ္လို႔မခံစားခဲ့ရဘူးလား ?

မင္းႏွလုံးသားေတြကေက်ာက္စိုင္ေက်ာက္ခဲ ေတြမ်ားလား ?

မင္းအလြန္ျမတ္နိုးသင့္ေသာ သူတစ္ဦးကို
မင္းဘယ္လို စိတ္ေတြနဲ႕မ်ား ဒီေလာက္ထိ
ဆိုးဝါးေအာင္ ရက္စက္စြာ ဆက္ဆံနိုင္ခဲ့ရတာလဲ ?

ထိုသို႔သာ တစ္စုံတစ္ေယာက္ကမ်ား သတိေပးခဲ့ပါလွ်င္မူ က်န္းဝမ္႐ႊီ မည္သို႔ေသာ အမွားေတြကိုမွ လုပ္ခဲ့မည္
မဟုတ္ခဲ့။

ယခုကေတာ့မူ က်န္းဝမ္႐ႊီအတြက္ က်ဴးလြန္ခဲ့ေသာ အျပစ္မ်ားစြာက သူ႕အား ဒဏ္ခတ္ေနခဲ့ၿပီလား ၊သူ ေၾကာက္႐ြံ႕မိတယ္။သူ ေရွ႕ေလွ်ာက္ ဘာဆက္လုပ္ရမွန္းမသိေအာင္အထိ သူ မသိေတာ့ဘူးေတာင္ျဖစ္ေနခဲ့တယ္။
သူဘာဆက္လုပ္ရမွာလဲ ?။

ဒီရက္ေတြမွာ သူနဲ႕ လက္ေထာက္စုန္တို႔ သူတို႔ ႏွစ္ေယာက္ဘယ္ေနရာမွာမ်ား ရွိေနနိုင္မလဲ ဆိုတာကို ေနရာအစုံလိုက္ရွာခဲ့မိတယ္။က်န္းဝမ္႐ြီ ကားထဲမွာသာအိပ္ခဲ့တယ္။
က်စ္ရႈ ေနထိုင္ခဲ့တဲ့ လက္ဖက္ ဥယ်ာဥ္ေလးနားမွာဘဲ သူလာေစာင့္ေနခဲ့တယ္။

ေလးရက္ေျမာက္ေန႕၊သူ ဟန္က်ိဳးကို လာခဲ့တဲ့
ၾကာခ်ိန္ အပါအဝင္ဆို တပတ္ျပည့္တဲ့ေန႕ ။
ထိုေန႕က ေနာက္ဆုံးေတာ့ ဘဝတစ္ခုရဲ႕ အလွည့္အေျပာင္းအျဖစ္ရွိေနခဲ့တယ္။က်န္းဝမ္႐ႊီ စိတ္ဓာတ္ေတြယိမ္းယိုင္ကာၿပိဳကြဲလုနီးပါး ျဖစ္ေနစဥ္မွာဘဲ တစ္စုံတစ္ေယာက္ေပၚလာခဲ့တယ္။

အဲဒီလူက အိုက္က်ိယြီ ျဖစ္ေနခဲ့တယ္။သူ တစ္ေယာက္
တည္းေပါ့၊သူက အနက္ေရာင္ ကုတ္အက်ီရွည္ကို
ဝတ္ဆင္ထားလ်က္ သူ႕လက္ထဲမွာ ခရီးေဆာင္ ေသတၱာအေသးေလး တစ္လုံးဆြဲလ်က္ တေ႐ြ႕ေ႐ြ႕ လွမ္းလာတာကို ေတြ႕ရတယ္။လြန္ခဲ့တဲ့ လဝက္ေလာက္ကထက္ ကိုယ္
အေလးခ်ိန္ အမ်ားႀကီး က်သြားခဲ့တယ္။ပိန္ခ်ဳံးေနတဲ့
အိုက္က်ိယြီ ကိုၾကည့္ၿပီးက်န္းဝမ္႐ႊီခ်က္ျခင္းမွတ္ေတာင္မ
မွတ္မိခဲ့။

အိုက္က်ိယြီ ဒီမနက္ဘဲ ျပန္လာခဲ့တယ္။သူက တက္စီနဲ႕
ျပန္လာခဲ့ခ်ိန္ က်န္းဝမ္႐ႊီ ကလည္း လာေစာင့္ေနခဲ့တယ္။က်န္းဝမ္႐ႊီ ႏွစ္ခါ မေတြးေတာ့ ၊သူ ကားတံခါးကို ခ်က္ျခင္းဖြင့္လိုက္တာမို႔ အိုက္က်ိယြီဆီ ေျပးသြားလိုက္တယ္။

"အိုက္က်ိယြီ ...အိုက္က်ိယြီ က်စ္ရႈ ဘယ္မွာလဲ ?က်စ္ရႈ
ဘယ္မွာလဲ လို႔ ? ဘယ္ေဆး႐ုံမွာ တင္ထားတာလဲ ?ဟမ္ ေျပာေလကြာ ၊မင္း ဒီကို ျပန္လာေတာ့ သူ႕ကို အခု ဘယ္သူေစာင့္ေရွာက္ေနလဲ ?ငါ့ကို ေျပာပါကြာ "

က်န္းဝမ္႐ႊီ အိုက္က်ိယြီ ဘယ္လို အေနအထားရွိေနတာကို သူသိေနေသာ္လည္း သူ ေမးခြန္းမ်ားကို တရစပ္ေမးေနမိတယ္။အိုက္က်ိယြီရဲ႕ ေသြးေျခဥေနတဲ့
မ်က္လုံးေတြကို သူအရမ္းေၾကာက္ေနတယ္။

အိုက္က်ိယြီ က်န္းဝမ္႐ႊီ ရွိေနတယ္ဆိုတဲ့ အသိသာသူမွာ
ရွိေတာ့တယ္။သူ႕မ်က္လုံးမ်ားက စိတ္ခံစားမႈ ကင္းမဲ့ ေနခဲ့တယ္။သူ ထိုသု႔အား မုန္းတီးမႈ ၊နာၾကည္းမႈနဲ႕ မေက်နပ္မႈ စတဲ့ ခံစားမႈ မ်ားကလည္း လုံးဝကိုပင္ရပ္တန့္သြားခဲ့တယ္။

အိုက္က်ိယြီ သူ႕ လက္ေလးကို ေျမႇာက္ကာ ေလထဲကို
ေမာ့ၾကည့္လာရင္း က်န္းဝမ္႐ႊီရဲ႕ စကားေတြအတိုင္း အ႐ူးတစ္ေယာက္လို သူ႕ဘာသာ သူ ျပန္ေျပာေနမိတယ္။

"က်စ္ရႈ ...ရႉေလး ...ဘယ္မွာလဲဟင္ ?
က်စ္ရႈ ဘယ္မွာလဲ လို႔ "

အိုက္က်ိယြီ အသံက တိတ္ဆိတ္ ၿငိမ္သက္သြားခဲ့တယ္။သူ႕ အသံတိုင္းက သူ႕ ပါးစပ္လႈပ္႐ုံေသာက္သာ
အသံတိုးတိုးေလး ထြက္လာခဲ့တယ္။

"သူ ထြက္သြားခဲ့ ၿပီ ...ကြၽန္ေတာ့္လက္ေမာင္း
ေပၚမွာဘဲ ..တေျဖးေျဖး နဲ႕ တေျဖးေျဖး နဲ႕
သူေအးစက္လာခဲ့တယ္ "

သူ အဆုံးမဲ့ တိတ္ဆိတ္သြားခဲ့တယ္။ထိုခဏ
က်န္းဝမ္႐ႊီ သူဘာမွ မၾကားလိုက္ဘူးဟု ေတြးလိုက္တယ္၊သူ ပါးစပ္ကို ဖြင့္ဟလိုက္ေသာ္လည္း သူ ဘာသံမွ ထြက္မလာနိုင္ခဲ့။တစ္ ကမၻာလုံး သူ႕ ေဘးပတ္လည္မွာရွိတဲ့
အေရာင္ေတြ ၊ေလျပည္ညင္းေတြ အားလုံး ေပ်ာက္ကြယ္ သြားခဲ့တယ္။ မဟုတ္ဘူးေလ သူနားၾကားမွားတာေနမွာပါ ။ ပတ္ဝန္းက်င္က ေလတိုး သံေတြေၾကာင့္ သူနားၾကား
မွားမိတာ ။

တစ္စုံတစ္ေယာက္က ဗီဒီယို ၾကည့္ေနရာမွ
ခလုတ္ႏွိပ္ၿပီး ရပ္ပစ္လိုက္သလိုဘဲ
အိုက္က်ိယြီ ေကာ္လာအား သူ႐ုတ္တရက္
အျမန္ဆြဲကိုင္လိုက္တယ္။သူ မ်က္လုံးေတြက
အ႐ူးတစ္ေယာက္လို နီရဲေနတယ္။
က်န္းဝမ္႐ႊီ လူသံႏွင့္ေတာင္မတူေသာအသံမ်ား ဗလုံးဗေထြးထြက္လာတယ္၊သြားမ်ားကလွ်ာကို ေတာင္ကိုက္မိလာခဲ့လို႔ေသြးမ်ားပင္ထြက္လာခဲ့တယ္။ေသြးမ်ားအား ေထြးထုတ္လိုက္ရင္း နာက်င္မႈ ျဖင့္ ေျပာလိုက္တယ္။

"မင္း ငါ့ကို လိမ္ေနတာ ၊မျဖစ္နိုင္ဘူး ၊
မင္း လိမ္တာ ၊လုံးဝမျဖစ္နိုင္ဘူး "

'မင္းေျပာေတာ့ သူ အဆင္ေျပတယ္ဆို "

"မင္း သူ႕ကို ဂ႐ုစိုက္ေနပါတယ္ဆို ?"

"မျဖစ္နိုင္ဘူး မင္းလိမ္ေနတာ မင္းသူ႕ကို အေဝး
တစ္ေနရာရာမွာ မ်ား ဖြက္ထားတာလား ဟမ္ ?"

"ေက်းဇူးျပဳၿပီး ငါ့ကို အဲလို မေျပာပါနဲ႕ ၊
ငါသူ႕ကိူ ျပန္မေခၚပါဘူးကြာ ၊ငါ့ကို
အဲလို မေနာက္ပါနဲ႕ "

မေမွ်ာ္လင့္ဘဲ က်န္းဝမ္႐ႊီ အိုက္က်ိယြီ အား
ဒူးေထာက္ေတာင္းပန္လာခဲ့ရင္း,

"ေျပာေပးပါ ..မင္းငါ့ကိုလိမ္ေနတာလို႔ အဲလိုသာဆို
ငါ မင္းေရွ႕ကို ဘယ္ေတာ့မွေပၚမလာေတာ့ပါဘူးကြာ
၊ငါေတာင္းပန္ပါတယ္ ကြာ ၊ငါ့ကို ေျပာပါ "

အိုက္က်ိယြီ က်န္းဝမ္႐ႊီ အား ေျမျပင္ေပၚမွ ဆြဲထူလိုက္ၿပီး,

"မင္း ကိုယ့္ကိုကိုယ္ လိမ္ေနတာကိုေပ်ာ္စရာလို႔ မွတ္ေနတာလား?,က်စ္ရႈ ဆုံးသြားၿပီ ၊ရႈေလး ...ရႈေလး
ဆုံးသြားၿပီ ,အတိအက်ေျပာရရင္ ဒီေန႕ ဆို တပတ္ျပည့္ၿပီ"

အိုက္က်ိယြီ က်န္းဝမ္႐ႊီ အားငုံ႕ၾကည့္လိုက္ရင္း မ်က္ရည္မ်ားစြာ စီးက်လာခဲ့သည္။သူ႕စိတ္ခံစားခ်က္ကို သူဘယ္လိုမွ မထိန္းခ်ဳပ္နိုင္ေတာ့ဘဲ မ်က္ရည္မ်ား တသြင္သြင
္စီးက်ေနခဲ့သည္။

က်စ္ရႈ လြန္ခဲ့တဲ့ တပတ္က ဆုံးပါးခဲ့သည္။
အိုက္က်ိယြီ က်စ္ရႈရဲ႕ စ်ာပနအခမ္းအနားႏွင့္
ေသဆုံးစာ႐ြက္စာတမ္းမ်ားအား မည္သို႔ ေအးေဆး
တည္ၿငိမ္စြာ ကိုင္တြယ္ ခဲ့မည္ကို ပင္ မသိနိုင္ခဲ့။ မ်က္ရည္မက်ဘဲ လူတစ္ေယာက္ရဲ႕ လက္ထဲ က်စ္ရႈ အိပ္ေပ်ာ္ေနရာမွ ျပာ အျဖစ္သို႔ ေျပာင္းလဲသြားခဲ့သည္ကို သူ ၾကည့္ေနခဲ့ရသည္။သူ႕အား လ်စ္လ်ဴရႈ ခဲ့မႈေၾကာင့္ သူ အလြန္ပင္
ေၾကာက္လန့္ ေနခဲ့မိသည္။

သို႔ေသာ္ ယခု အိုက္က်ိယြီ သူတို႔ အတူ ေနခဲ့ေသာ ၿခံေလးထဲတြင္ ေနာက္တႀကိမ္ မတ္တပ္ရပ္ေနခဲ့ သည္။သူတို႔ရဲ႕
ေခြးေလး ေရကန္ထဲသို႔ ခုန္ခ်သြားခဲ့သည့္ ေရကန္ကို
ၾကည့္ေနခဲ့ၿပီး က်စ္ရႈ ထိုင္ခဲ့ေသာခုံေလး ၊သူ က်စ္ရႈ
အတြက္ ဝယ္ေပးခဲ့ေသာ ဒုတိယထပ္ ျပတင္းေပါက္နားမွ
ေကာ္ေဇာေလး ႏွင့္ သူ စိုက္ပ်ိဳးေပးခဲ့ေသာ ေသဆုံးေန
ၿပီျဖစ္တဲ့ စံပယ္ပင္ေလးမ်ား ၊သူ႕ ႏွလုံးသားေတြ အရမ္းနာေနသည္။သူ သုံးရက္ၾကာစုေဆာင္းထားခဲ့ရေသာ
နာၾကင္မႈမ်ားအား ထုတ္ေဖာ္ခဲ့လိုက္သည္။သူ႕ေရွ႕က
လူက သူ႕ကို ေမးလာတယ္ ။က်စ္ရႈ ဘယ္မွာလဲ တဲ့ ၊
ၿပီးေတာ့ သူ႕က က်စ္ရႈကိုေကာင္းေကာင္း
ေစာင့္ေရွာက္မယ္လို႔မေျပာခဲ့ဘူးလားတဲ့ ။
သူ မ်က္ရည္ေတြ ထပ္မက်နိဳင္ေတာ့ဘူး ၊
ဒီတစ္ခါက က်စ္ရႈ ဆုံးပါးသြားၿပီးေနာက္
ပထမ ဆုံးအႀကိမ္ ငိုျခင္းနဲ႕ က်န္းဝမ္႐ႊီ
အေရွ႕တြင္သူငို မိခဲ့ျခင္း ျဖစ္သည္။

က်န္းဝမ္႐ႊီ ေျခလွမ္းမ်ား ေနာက္သို႔ ယိုင္သြားသည္။သူ႕ကိုယ္သူ မနည္း တည္ၿငိမ္ေအာင္ ႀကိဳးပမ္းေနရသည္။
ၿပီးေနာက္ ရယ္ လာခဲ့ရင္း ,

"ငါ မယုံဘူး ၊ငါမင္းကို မယုံဘူး ၊က်စ္ရႈက ငါ့ကို ထားသြား
မယ့္သူ ဆိုတာကို ငါမယုံဘူး ...သူ "

က်န္းဝမ္႐ႊီ က်စ္ရႈက သူ႕အား မည္သို႔ေသာ အခြင့္အေရး ကိုမွ် မေပးေတာ့ဘဲ ထြက္ခြာသြားလိမ့္မယ္ ၊သူ႕ကို
ျမင္ေတြ႕ခြင့္ မေပးေတာ့ဘဲ ထြက္ခြာသြားလိမ့္မယ္လို႔
သူ လုံးဝမေတြးမိခဲ့။

အိုက္က်ိယြီ က်န္းဝမ္႐ႊီ အား အဆိပ္ျပင္းေသာ
မ်က္လုံးမ်ားျဖင့္ ၾကည့္ကာ ေျပာလာခဲ့တယ္။

"မဟုတ္ဘူး ၊ဘယ္သူက သူ႕ကို ဒီလိုမ်ိဳး အဆုံးသတ္ေစခဲ့တာလဲ ?"

"မင္း သိလား က်စ္ရႈ ဘာမွ ထားမသြားခဲ့ဘူး ၊အဆုံးသတ္တဲ့ ေသခ်င္တဲ့ ဆႏၵလုံးဝမရွိခဲ့ဘူး ၊သူ႕ရဲ႕ စ်ာပနာ
အစီအစဥ္ကလြဲလို႔ေပါ့ ၊ဒီ ကမၻာႀကီးက သူ႕ကို ၾကာရွည္
မေနေစခ်င္ခဲ့ဘူး "

အိုက္က်ိယြီ ရဲ႕ အၿပဳံးက ငိုေနရင္းမွ ထြက္ေပၚ လာခဲ့သည္။

" သူ ေနာက္ဆုံး ဘာေတြထားခဲ့လဲ ခင္ဗ်ားသိလား ....
ဥကၠဌ က်န္း "

"သူ ဟန္က်ိဳး ကို လာတဲ့ အခ်ိန္ သူဝတ္ခဲ့တဲ့ အဝတ္အစားနဲ႕ ယြမ္ 150000ဘဲ ရွိတဲ့ ဘဏ္ကဒ္တစ္ခုဘဲ "

အိုက္က်ိယြီ က်န္းဝမ္႐ႊီ ရဲ႕ အက်ီအား ဆုပ္ကိုင္လိုက္ရင္း သူတို႔ ႏွစ္ဦး လုံးမွာ တုန္ယင္လ်က္ရွိေနခဲ့သည္။

"150000သိလား အဲ့ဒီပိုက္ဆံက သၿဂိဳလ္
စားရိတ္ေတာင္ မေလာက္ငွဘူး ၊
က်န္းဝမ္႐ႊီ ခင္ဗ်ား ဘယ္လို ေတာင္ ရက္စက္ခဲ့တာလဲ ?
သူ ခင္ဗ်ားနဲ႕ အတူ ဆယ္ႏွစ္ေက်ာ္ ေတာင္ ေနလာခဲ့တာ ၊သူေနမေကာင္းခဲ့ဘူး ၊သူ႕ ႏွလုံးသားလဲ နာက်င္ရတယ္ ၊
ေနာက္ဆုံးေတာ့ သူ႕ခမ်ာ သၿဂိဳလ္စရိတ္ေတာင္ မတတ္နိုင္ရွာဘူး ၊ေျပာစမ္းပါဦး ၊ဥကၠဌက်န္း ခင္ဗ်ားရဲ႕ အိမ္သူအေပၚ
150000ထက္ေတာင္ ပိုၿပီး သုံးခဲ့ဖူးရဲ႕လား?"

က်န္းဝမ္႐ႊီ ဘာမွ မေျပာနိုင္ခဲ့။သူ႕ ႏႈတ္ခမ္းမ်ားကထိတ္
လန့္ တုန္လႈပ္မႈေၾကာင့္ ျပာႏွမ္းလာခဲ့ၿပီး သူ႕မ်က္ႏွာမွာ
ျဖဴေဖ်ာ့ လာခဲ့ရသည္။သူ႕ လည္ေခ်ာင္းတစ္ေလွ်ာက္ပိတ္ဆို႔လာခဲ့သည္မို႔ သူ ေခါင္းဆိုးလိုက္ရာ ေသြးမ်ားပါလာ
ခဲ့သည္။

တခ်ိန္တည္းမွာဘဲ လက္ေထာက္စုန္ေရာက္လာသည္။
က်န္းဝမ္႐ႊီ ရင္ဘတ္အား လက္ျဖင့္ဖိကာ အဝတ္မ်ားက
ေသြးမ်ားျဖင့္ ဖုံးလႊမ္းေနလ်က္ မပီမျပင္ ေအာ္ဟစ္
ေနခဲ့သည္။

"တစ္စုံတစ္ေယာက္ကငါ့ကို ေျပာတယ္
က်စ္ရႈ မရွိေတာ့ဘူး တဲ့ "

က်န္းဝမ္႐ႊီ လဲ က်သြားခဲ့သည္။

လက္ေထာက္စုန္က အေရးေပၚကို ဖုန္းဆက္ေခၚခဲ့သည္။
ေဆးစစ္ခ်က္အရ အစာအိမ္ေပါက္ျခင္း ေၾကာင့္ျဖစ္သည္။အရက္အလြန္အကြၽံေသာက္ျခင္းနဲ႕ အလြန္အမင္း ပင္ပန္း
ျခင္းတို႔ေၾကာင့္ ျဖစ္သည္။လက္ေထာက္စုန္ က်န္းဝမ္႐ႊီ နိုးလာသည္ကို ေတြ႕ေသာအခါ က်န္းဝမ္႐ႊီ မ်က္ႏွာက်က္အား ေငးၾကည့္ေနခဲ့သည္။မ်က္လုံးမ်ား က
အဓိပ္ပါယ်မဲ့နေလျက် ရွိေနခဲ့သည္။

"သူေဌး ..

လက္ေထာက္စုန္ ဘာမွမေျပာနိုင္ေပမယ့္

"အရမ္း ဝမ္းနည္းမေနပါနဲ႕ "

"ငါ့ကို လက္မွတ္ဘိုကင္လုပ္ေပး ...ငါ ေပက်င္းကို ျပန္သြားရမယ္ "

က်န္းဝမ္႐ြီ အသံက အားနည္းကာ ေဖ်ာ့ေတာ့ ေနခဲ့တယ္။

"က်စ္ရႈက ငါလုပ္ခဲ့တဲ့ လုပ္ရပ္ေတြေၾကာင့္ ငါ့ကို စိတ္
ဆိုးေနတယ္ ၊ငါ အခု ငါမွားမွန္းသိပါၿပီ ၊သူ ငါ့ကို စိတ္ဆိုးမွာေၾကာက္တယ္ ၊သူငါ့ကို ေတာ့ အိမ္မွာ ေစာင့္ေန
ေလာက္ပါတယ္ ဟုတ္တယ္မလား ?"

က်န္းဝမ္႐ႊီ သူ႕ မ်က္လုံးမ်ားအား လက္ျဖင့္ အုပ္လိုက္ၿပီး
ေျပာလာတယ္။

"ငါခုန က က်စ္ရႈကို အိပ္မက္မက္တယ္ ၊
သူငါ့ကို အရမ္းလြမ္းေနၿပီလိူ႕ ေျပာတယ္
အဲဒါေၾကာင့္မို႔ ငါသူ႕ကို အိမ္ျပန္ၿပီး
သြားေတြ႕မွ ရမယ္ "

'သူေဌး "

လက္ေထာက္စုန္ သူ႕စကားအား ျဖတ္ေတာက္လိုက္တယ္။သူသိတယ္ က်န္းဝမ္႐ႊီ အစြဲႀကီးကာ စိတ္ ကစဥ့္
ကလ်ားျဖစ္ေနၿပီဆိုတာကို ,

ကြၽန္ေတာ္ ေတာင္းပန္ပါတယ္ "

"ဘာအတြက္ ေတာင္းပန္တာလဲ ?"

က်န္းဝမ္႐ႊီ ႐ုတ္တရက္ ထလာတယ္။သူ႕လက္မွာ
ေဆးသြင္းထားလ်က္ရွိေနေသာ အပ္ကိုဆြဲ ျဖဳတ္လိုက္ၿပီး,

"မင္း လုပ္သမွ် ေတြအားလုံး က သူ႕ကို က်ိန္ဆဲ ေနသလိုပဲ ၊သူဘယ္လိုလုပ္ေသနိုင္မွာလဲ ?၊သူငါ့ကိုဘယ္လို
လုပ္္စြန့္ပစ္ မွာလဲ ?"

ဝါက် အဆုံးမွာေတာ့သူတိတ္ဆိတ္ သြားခဲ့တယ္။

က်န္းဝမ္႐ႊီ ငိုလုနီးပါးျဖစ္ေနခဲ့တယ္။

"အားလုံးက ငါ့ကို စြန့္ပစ္ခဲ့ရင္ေတာင္
က်စ္ရႈ ကေတာ့ လုပ္မွာမဟုတ္ဘူး "

လက္ေထာက္စုန္ က်န္းဝမ္႐ႊီ အား နားမခ်ေတာ့ဘူး ၊မြန္းလြဲပိုင္းတြင္ ေလယာဥ္ျဖင့္ ေပက်င္းသို႔ ျပန္သြားခဲ့တယ္။ေလယာဥ္မပ်ံသန္းမီ သူ႕ ဖုန္းမွ မက္ေဆ့ တစ္ခု လက္ခံရရွိခဲ့
တယ္၊သူ ၾကည့္လိုက္ရာ အိုက္က်ိယြီ ဆီမွ ျဖစ္ေနခဲ့သည္။

"က်စ္ရႈက သူေသခါနီးမင္းကို မွာခဲ့တယ္၊
မင္းကို ေကာင္းေကာင္း အသက္ရွင္ ေနထိုင္ပါတဲ့ ..
ဘာျဖစ္လို႔လဲဆိုေတာ့ အသက္ရွင္ေနသည္ျဖစ္ေစ
သို႔ မဟုတ္ ေသၿပီးတဲ့ေနာက္မင္းကို ထပ္မေတြ႕
ခ်င္ေတာ့ဘူး တဲ့ "

အိုက္က်ိယြီ မွလြဲ၍ ထိုစကားမ်ားအား
က်စ္ရႈ တကယ္ မွာခဲ့လား မမွာခဲ့လားဆိုတာကို မည္သူမွ် မသိနိုင္ပါ၊အိုက္က်ိယြီကသူ႕ကို တမင္ေျပာတာလဲ ျဖစ္နိုင္တာဘဲ ဟု သူေတြးလိုက္မိသည္။က်န္းဝမ္႐ႊီ ဂ႐ုမစိုက္ဘဲ
ဖုန္းကို ခ်က္ျခင္းပိတ္လိုက္တယ္။

"ဟယ္က်စ္ရႉ မေသနိုင္ဘူး "

ခုႏွစ္နာရီမွ် ၾကာသြားၿပီးတဲ့ေနာက္ သူနဲ႕ က်စ္ရႈ ကိုးႏွစ္
ၾကာမွ် အတူ ေနထိုင္ခဲ့ သည့္ တိုက္ခန္းထဲ၌ သူ
မတ္တပ္ရပ္ေနခဲ့သည္။သူ ေခၚလိုက္တယ္။

"က်စ္ရႈ မင္းအိမ္ မွာလား ?"

ျပန္မေျဖခဲ့။

က်န္းဝမ္႐ႊီ စိတ္ဆိုးေနခဲ့သည္။သူက
မီးမ်ားကို ဖြင့္ကာ အိပ္ရာေပၚတြင္ထိုင္လ်က္
မ်က္လုံးမ်ားက တံခါးဝ၌သာရွိေနခဲ့သည္။
ငါက မင္းကို ေစာင့္ ခိုင္းခဲ့တယ္။အခုက ငါက
မင္းကို ျပန္ေစာင့္ပါ့မယ္ က်စ္ရႈ။ငါမင္းကို
အိမ္ျပန္လာဖို႔ ငါေစာင့္ေနမယ္ေနာ္ ။

က်န္းဝမ္႐ႊီ သူ႕ လည္ပင္း၌ဆြဲထားေသာက်စ္ရႈရဲ႕လက္စြပ္
ေလးအားကိုင္ကာ ႏူးညံ့ေသာ အၿပဳံးျဖင့္ ေျပာေနခဲ့သည္။

"မင္းအျပင္မွာ ကစားလို႔ဝရင္ အိမ္ကို ေစာေစာ ျပန္
လာခဲ့ေနာ္ ...ငါ မင္းကို တကယ္ႀကီး တကယ္ႀကီး
အရမ္းလြမ္းေနၿပီ "

က်န္းဝမ္႐ႊီ အိမ္ၾကမ္းျပင္ေပၚ ကုပ္ကုပ္ေလးႏွစ္ရက္ၾကာအထိ ဘာမွ မစားမေသာက္ မအိပ္လဲ မအိပ္ဘဲ ထိုင္ေနၿမဲသာရွိေနခဲ့သည္။သူ႕ အသိစိတ္မ်ား ေပ်ာက္ဆုံးေနခဲ့သည္။မ်က္လုံးမ်ားက ပိတ္ထားေသာ တံခါးဆီသို႔သာ လွမ္း
ေမွ်ာ္ၾကည့္ေနခဲ့မိသည္။သူ႕ဘာသာ တစ္ေယာက္တည္း
စကားေတြေျပာၿပီး ၿပဳံးေနခဲ့သည္ သို႔တည္းမဟုတ္ ဘာအမူ အရာမွ မျပဘဲ ငုတ္တုတ္ႀကီးလဲ ရွိခ်င္ရွိေနခဲ့သည္။

အဆုံးသတ္၌ က်န္းဝမ္႐ႊီ တံခါးပြင့္ဟလာတယ္လို႔ ခံစား
လိုက္ရသည္။တံခါးဝ၌ က်စ္ရႈ ရပ္ေနသည္။အသက္17ႏွစ္အ႐ြယ္ ငယ္႐ြယ္ေသာ က်စ္ရႈ ေလး က ေက်ာင္းဝတ္စုံေလးျဖင့္ သူ႕အားလက္ေဝွ႕ရမ္း၍ ၿပဳံးျပကာ လာခဲ့သည
္။ၿပီးေတာ့ က်စ္ရႈ ရဲ႕ ေနာက္ဖက္က လက္ထဲ မွာ ေတာ့
သူအရမ္းတန္ဖိုးထားခဲ့ရတဲ့ စံပယ္ပန္းေလးေတြအမ်ားႀကီးနဲ႕ေပါ့ ။

တံခါးဝ၌ ရွိေနဆဲ က်န္းဝမ္႐ႊီ က်စ္ရႈေလးဆီ
လက္ကမ္းလိုက္ၿပီးႏူးညံ့စြာေျပာလိုက္သည္။

"ရႉေလး ေက်ာင္းဆင္းၿပီေလ၊ငါတို႔ အတူ အိမ္ျပန္ၾကစို႔ "

ေနာက္ဆုံး၌ သူ႕မ်က္ရည္မ်ားကအလိုလိုပင္ စီးက်လာ
ခဲ့ေတာ့သည္။

မိမိခ်စ္ရသူေတြ အနားမွာရွိစဥ္ တန္ဖိုးထားၾကပါေနာ္။
ဘယ္ခ်ိန္ သူတို႔က ကိုယ့္ကို ခြဲခြာသြားမယ္ဆိုတာ မသိနိုင္ဘူးေလ။ခ်စ္ျခင္းေမတၱာကို တန္ဖိုး ထားတတ္ၿပီး ခ်စ္ျခင္း
ေမတၱာ ျပည့္ဝစြာ ထားတတ္ၾကသူမ်ားႏွင့္သာ
ဘဝတစ္ေလွ်ာက္ဆုံစည္းနိုင္ၾကပါေစ
ဟုသာ ေတာင္းဆု ျပဳရင္း.......။

ၿပီးပါၿပီ။

W 3225
26.3.2021
စာၿပီးခ်ိန္ ....မနက္ 4နာရီ ။

(TN...မနက္ေစာေစာ စီးစီး မ်က္ရည္ေတြနဲ႕ ငိုေနခဲ့မိ
တယ္။မေန႕ကထဲက အဆုံးသတ္ဖို႔ စဥ္းစားခဲ့ေပမယ့္
အပိုင္း 80မွာတင္ စိတ္အေျခမေကာင္းသို႔ဆက္မေရး
နိုင္ေပမယ့္ ၿပီးေအာင္ 81ထိ ဆက္ေရး မိခဲ့တယ္။ရင္ထဲမွာ တင္းၾကပ္ၿပီး ဆို႔နင့္ေနတယ္။ဘာစကားမွလဲ မေျပာနိုင္ မေန႕က တစ္ေန႕လုံး ဘာမွလဲမစားနိုင္
တေန႕ကုန္ငူငိုင္ေနမိတာ ခုမနက္ ေလးနာရီထိအိပ္ခ်င္စိတ္လဲမရွိခဲ့ဘူး ။အသည္းကြဲတာထက္ ခံရခက္ေနတယ္။

Extra 5ပိုင္း မနက္ျဖန္ စေရးေပးပါမယ္ေနာ္။

Re-Edit Date...31-12-2021

...............Main Story End --------------------



























































Continue Reading

You'll Also Like

1.7M 293K 198
ဝိဉာဥ္ကူးေျပာင္းခဲ့ၿပီးေနာက္ ေသာက္တလြဲေတြ ျဖစ္ကုန္ၿပီ..! ... သူလုပ်ခဲ့မိသမျှထဲက အဆိုးဆုံးတစ်ခုကို ပြောပါဆိုရင် -'ရာဇဝင်ထဲက အင်အားအကြီးဆုံးအရှင်' ဆိုတ...
279K 40.1K 49
Associated Title - [家有Omega初长成] / [My Family's Omega Has Just Grown Up] Author- 秋千在时 (Qiu Qian Zai Shi) Chapters- 55 + 3 extras [Translated from Engl...
2.2M 351K 144
Name - တော်ဝင်ကြင်ရာတော် ချန်အန်း /ေတာ္ဝင္ႀကင္ယာေတာ္ ခ်န္အန္း Gener - Historical Romance Myanmar translator _ May King Male pregnant, boy love တော်ဝင...
278K 38.6K 68
Chinese name System ! 別耍我 System ! Bié shuǎ wǒ System ! ကၽြန္ေတာ့္ကို မလွည့္စားပါနဲ႔ Myanmar name မီးနတ္ဘုရား၏ " what the fuck ဘယ္လုိကမၻာျကီးထဲေရာက...