ဒီတစ်ခါလည်းဇာတ်လမ်းသွေဖည်သွား...

By Dilly_Dally20

484K 69.4K 2.6K

Just a fan translation. Eng name- Did the affectionate love interest collapse today. cover pic from pintere... More

Synopsis
Arc(1): အပိုင်း(၁)
အပိုင်း(၂)
အပိုင်း(၃.၁)
အပိုင်း(၃.၂)
အပိုင်း(၄.၁)
အပိုင်း(၄.၂)
အပိုင်း(၅.၁)
အပိုင်း(၅.၂)
အပိုင်း(၆.၁)
အပိုင်း(၆.၂)
အပိုင်း(၇.၁)
အပိုင်း(၇.၂)
အပိုင်း(၈.၁)
အပိုင်း(၈.၂)
အပိုင်း(၉.၁)
အပိုင်း(၉.၂)
အပိုင်း(၁၀.၁)
အပိုင်း(၁၀.၂)
အပိုင်း(၁၁.၁)
အပိုင်း(၁၁.၂)
အပိုင်း(၁၂.၁)
အပိုင်း(၁၂.၂)
အပိုင်း(၁၃.၁)
အပိုင်း(၁၃.၂)
အပိုင်း(၁၄.၁)
အပိုင်း(၁၄.၂)
အပိုင်း(၁၅.၁)
အပိုင်း(၁၅.၂)
အပိုင်း(၁၆.၁)
အပိုင်း(၁၇.၁)
အပိုင်း(၁၇.၂)
အပိုင်း (၁၈)
အပိုင်း(၁၉)
အပိုင်း(၂၀)
Arc(2) အပိုင်း(၂၁.၁)
အပိုင်း(၂၁.၂)
အပိုင်း(၂၁.၃)
အပိုင်း(၂၂.၁)
အပိုင်း(၂၂.၂)
အပိုင်း(၂၃.၁)
အပိုင်း(၂၃.၂)
အပိုင်း(၂၄.၁)
အပိုင်း(၂၄.၂)
အပိုင်း(၂၄.၃)
အပိုင်း(၂၅.၁)
အပိုင်း(၂၅.၂)
အပိုင်း(၂၅.၃)
အပိုင်း(၂၆.၁)
အပိုင်း(၂၆.၂)
အပိုင်း(၂၆.၃)
အပိုင်း(၂၇.၁)
အပိုင်း(၂၇.၂)
အပိုင်း(၂၇.၃)
အပိုင်း(၂၈.၁)
အပိုင်း(၂၈.၂)
အပိုင်း(၂၉.၁)
အပိုင်း(၂၉.၂)
အပိုင်း(၃၀.၁)
အပိုင်း(၃၀.၂)
အပိုင်း(၃၁.၁)
အပိုင်း(၃၁.၂)
အပိုင်း(၃၂.၁)
အပိုင်း(၃၂.၂)
အပိုင်း(၃၃.၁)
အပိုင်း(၃၃.၂)
အပိုင်း(၃၃.၃)
အပိုင်း(၃၄.၁)
အပိုင်း(၃၄.၂)
အပိုင်း(၃၄.၃)
အပိုင်း(၃၅.၁)
အပိုင်း(၃၅.၂)
အပိုင်း(၃၅.၃)
အပိုင်း(၃၆.၁)
အပိုင်း(၃၆.၂)
အပိုင်း(၃၆.၃)
အပိုင်း(၃၇.၁)
အပိုင်း (၃၇.၂)
အပိုင်း(၃၇.၃)
အပိုင်း(၃၈.၁)
အပိုင်း(၃၈.၂)
အပိုင်း(၃၈.၃)
အပိုင်း(၃၉.၁)
အပိုင်း(၃၉.၂)
အပိုင်း(၃၉.၃)
အပိုင်း(၄၀.၁)
အပိုင်း(၄၀.၂)
အပိုင်း(၄၀.၃)
အပိုင်း(၄၁.၁)
အပိုင်း(၄၁.၂)
အပိုင်း(၄၁.၃)
အပိုင်း(၄၂.၁)
အပိုင်း(၄၂.၂)
အပိုင်း(၄၂.၃)
အပိုင်း(၄၃.၁)
အပိုင်း(၄၃.၂)
အပိုင်း(၄၃.၃)
အပိုင်း(၄၄.၁)
အပိုင်း(၄၄.၂)
အပိုင်း(၄၄.၃-Final Episode)

အပိုင်း(၁၆.၂)

6.2K 946 36
By Dilly_Dally20

Unicode.

F***. .ဒီဗီလိန်က သူ့အကွက်ထဲ မဝင်ရုံနဲ့ တင်ဘဲ ငါ့ကိုသတ် ၊ သေတမ်းစာအတုလုပ်ပြီး ပိုင်ဆိုင်မှုတွေကိုလက်ဝါးကြီးအုပ်ပစ်တော့မှာလား? လင်းကျစ်ရန်တစ်ယောက် ယုံမှား သံသရများစွာဖြင့်​​
ဗျာများလို့နေ၏ ။ သူက တကယ် တိုက်ခိုက်ရမည်ဆိုလျှင် ကြောက်ဒူးသာတုန်နေပြီး ဘာမှမလုပ်တတ်ပေ ။ သို့သော် သေချာအနီးကပ်ကြည့်လိုက်မှ ကျောက်မင်ဇယ်၏ အမူအရာက ထူးဆန်းနေသည် ။

ကျောက်မင်ဇယ်၏ မျက်နှာကအနည်းငယ် နီမြန်းနေပြီး မျက်ဝန်းများက ရီဝေနေသည် ။ ပြီးတော့ အရက်နံ့ကလည်း တထောင်းထောင်းရနေသေး၏ ။
သူမူးနေတာပဲ...ဒါနဲ့ ဘယ်အချိန်ကတည်းက အိမ်ရှေ့ရောက်နေတာလဲ?

လင်းကျစ်ရန်မှာ ပတ်ပတ်လည်ကိုတစ်ချက်ကြည့်လိုက်သော် အိမ်တံခါးရှေ့တွင် ပွစာကြဲနေသည့် အရက်ပုလင်းအခွံများကိုတွေ့လိုက်ရ၏ ။ ဒီလိုဆို ကျောက်မင်ဇယ်က အိမ်ရှေ့လှေကားမှာထိုင်ပြီး တစ်ညလုံးသောက်နေတာလား? ဒီလူက အိမ်အပြင်မှာ တစ်ချိန်လုံးရှိနေတုန်း သူကတော့ ဂိမ်းကိုသာ သည်းကြီးမဲကြီး ဆော့နေလေ၏ ။

ပြန်တွေးကြည့်ရင်း ကျောပင်ချမ်းချင်လာသည်...

လင်းကျစ်ရန်မှာ ရုတ်တရတ် စိုးရိမ်မိသွားပြီး ကျောက်မင်ဇယ်၏ မျက်နှာကို အသာပုတ်ကာစူးစမ်းကြည့်လိုက်သည် ။

" မင်းဘာတွေဖြစ်နေတာလဲ..အဆင်ပြေရဲ့လား "

ထိုလူ၏ နှုတ်ခမ်းနှစ်လွှာက မဆိုသလောက်လေး ပွင့်လာပြီး ခပ်တိုးတိုး ညည်းလေ၏ ။ လင်းကျစ်ရန်မှာ ကျောက်မင်ဇယ်အား အဝေးသို့ တွန်းထုတ်ပစ်ချင်မိသည့်တိုင် ပြန်တွေးကြည့်မိသော် ဒီဗီလိန်ကောင်က မူးချင်ယောင်ဆောင်နေတာမျိုးလည်း ဖြစ်နိုင်ပေ၏ ။ သူ မဆင်မခြင် လုပ်လိုက်ပါက ကောင်းကျိုးမရှိသလို ဗီလိန်ကိုလည်း အလွယ်တကူ ရန်မစရဲသောကြောင့် လင်းကျစ်ရန်မှာ ကျောက်မင်ဇယ်ကိုသယ်ပိုးပြီး ဆိုဖာပေါ်တွင်နေရာချပေးဖို့ ကြိုးပမ်းတော့၏ ။

သို့သော် ဒီအမူးသမား ကျောက်မင်ဇယ်က တော်တော်ကြီးကို လေးလံ၏ ။ အရွယ်ရောက်ပြီးသား အမျိုးသားတစ်ယောက်ကို သယ်ဖို့ရာကပင် တော်တော်ကြီးမလွယ်ကူရာ ၊ ပိုဆိုးသည်က ကျောက်မင်ဇယ်မှာ အရပ်ရှည်နေခြင်း ဖြစ်သည် ။ ၁.၉ မီတာလောက် ရှိမည်ထင်၏ ။

ဘယ်လိုတောင် ကံဆိုးတာလဲ!

လင်းကျစ်ရန်မှာ ကျောက်မင်ဇယ်အား အနည်းငယ် မ ကြည့်ပြီးသည့်နောက် ပြန်၍တွန်းထုတ်မည် အလုပ်တွင် ၊ ကျောက်မင်ဇယ်က ရုတ်တရတ်အသံပြုလာပြီး လင်းကျစ်ရန်၏ လက်ကောက်ဝတ်နှစ်ဖက်အား ဆွဲကိုင်၍​ သူ့အောက်သို့ဖိချလိုက်ပြီး ခေါင်းငုံ့ကာ လည်တိုင်အား ကိုက်ခဲလေသည် ။

လင်းကျစ်ရန်: "!"

ဒီလူက တူညီတဲ့ လှည့်ကွက်ကိုပဲ ထပ်လုပ်တော့မလားဆိုတာ သူတွေးဆ ကြည့်နေမိ၏ ။

ခဏမျှ သတိလက်လွတ်ဖြစ်ပြီး အတွေးကျွံနေမိချိန်တွင် ကျောက်မင်ဇယ်ကမူ သူ့အားလွှတ်ပေးလိုက်ပြီး ဖြစ်သည် ။ သူ တဖန်ပြန်ကြည့်လိုက်သော် လှပသော ဇာမဏီမျက်ဝန်းများနှင့် ရင်ဆိုင်လိုက်ရပြီးထိုအထဲတွင် ဖော်ကြူးလို့မရနိုင်သော ခံစားချက်များ ကိန်းအောင်နေလျက် ။ သူက လင်းကျစ်ရန်၏ မျက်နှာနားသို့ တိုးကပ်လာပြီး ညင်သာစွာနမ်းရှိုက်ကာ အဝတ်များအား စတင်၍ ဆွဲချွတ်လာလျှင်....

လင်းကျစ်ရန်: တော်တော့!

လင်းကျစ်ရန်မှာ အဝတ်များကိုပြန်ဆွဲကာ ကျောက်မင်ဇယ်အား အားကုန်တွန်းထုတ် ကန်ကျောက်ပြီးရုန်းထွက်မှသာ အမူးသမားလက်မှလွတ်တော့သည် ။ သူ့အမူအရာတစ်ခုလုံးက ဂဏှာမငြိမ်ပေ ။ ပိုဆိုးသည်က ဗိုက်ဟောင်းလောင်းနှင့် ကြောက်လန့်နေရခြင်းပင် ။ အစက သူဒီတိုင်း ကျောက်မင်ဇယ်၏မျက်နှာကိုနင်းပြီး လှေကားမှဆင်းသွားချင်ရုံတင်..သို့သော်ထိုသို့မလုပ်နိုင်ပေ ။

ဒီ ဖြောင့်တန်းနေတဲ့ နှာတံကိုသာ သူကျိုးအောင် လုပ်လိုက်မယ်ဆိုလျှင်...ဒီ ထင်းထွက်နေတဲ့ မေးရိုးလှလှကိုသာ သူကောက်ကွေးသွားအောင် လုပ်လိုက်မယ်ဆိုလျှင်...

ဒီလူက စမတ်ကျကျဝတ်ထားတဲ့ သားရဲကြီးဆိုပေမယ့် ရုပ်ရည်ပိုင်းမှာတော့ အပြစ်ပြောစရာမရှိဘူးဆိုတာ သူဝန်မခံချင် ပေမယ့် လည်း ဝန်ခံရလိမ့်မည် ။ သူတကယ့်ကို ဒီမျက်နှာအား မထောက်လို့မရပေ ။

လင်းကျစ်ရန်မှာ သက်ပြင်းအသာချလိုက်ပြီး သူ့ကံတရားကိုသာ ကျေကျေနပ်နပ်ကြီး လက်ခံလိုက်ပါတော့သည် ။ သူက ကျောက်မင်ဇယ်ကို အင်္ကျီကော်လာမှဆွဲခေါ်ပြီး ဆိုဖာပေါ်တွင်နေရာချပေး ပြီပြီးချင်း လှည့်ထွက်မည် အလုပ်တွင် ထိုလူက သူ့အား လှမ်းဆွဲလိုက်လေသည် ။ ထိတ်လန့်မှုကြောင့် လျှပ်တစ်ပြတ်အချိန်အတွင်းမှာပင် လင်းကျစ်ရန်မှာ သူ့ကိုယ်ပေါ်သို့လဲကျသွားရ၏ ။ သူ၏နှာခေါင်းထိပ်က တောင်တင်းသောရင်အုံနှင့် သွားဆောင့်မိသော် မျက်ရည်မိုးပင် အသွန်သွန်ရွာဖြိုးချင်မိလာသည်...မင်းမွှေလို့ပြီးပြီလား? နောက်ဆုံးတွင် ချိုးနှိမ်ထားသော စိတ်ထဲရှိမကောင်းဆိုးဝါးမှာ တဖန်ပြန်၍နိုးထလာခဲ့ချေသည် ။

ကျောက်မင်ဇယ်က လင်းကျစ်ရန်၏ ခါးအား တင်းကျပ်စွာဖက်ထားပြီး မျက်ခုံးတန်းများက တွန့်ချိုးနေ၏ ။ သူက မျက်လုံးမှိတ်ထားလျက်နှင့်ပင် ရီဝေသောအသံဖြင့် နာကျင်စွာရေရွတ်လေသည် ။

" မသွားနဲ့ "

ကျောက်မင်ဇယ်က သူ့အား အတင်းကြီးဖက်ထားသဖြင့် နှစ်ယောက်သားမှာ တစ်ယောက်နှင့်တစ်ယောက် ပူးကပ်ပြီးထပ်လျက်သားဖြစ်နေသည် ။ လင်းကျစ်ရန်လည်း လွတ်အောင်ရုန်းကန်ရင်းမှ မတော်တဆ တစ်ခုခုကို ထိမိလိုက်ပါသော်...သူ့မျက်နှာက ချက်ချင်းနီမြန်းသွား၏ ။ ခေါင်းငုံ့ပြီး အနှီချောမောသော မျက်နှာအား မဝံ့မရဲကြည့်လိုက်သော် နားရွက်ဖျားများပင် ပူနွေးလာလေသည် ။

လင်းကျစ်ရန်: သူကငါ့ကို အရမ်းချစ်ပြနေတယ်.. ငါ့အတွက်နဲ့ အရက်တွေသောက်ပြီး လှေကားမှာ တစ်ညလုံးထိုင်နေတာ..သူ့ကို ဒီတိုင်းမောင်းထုတ်လိုက််ရင် ငါအရမ်းရက်စက်ရာကြ သွားမလား?

【system:......? ?] ဒီကစားသမား မနေ့ကတင်ပဲ လှည့်ကွက်ထဲမဝင်ဘူးလို့ ပြောခဲ့တာမလား...

လင်းကျစ်ရန်: ဘာလုပ်သင့်လဲ...သူက ငါ့အပေါ်အရမ်း စွဲလမ်းနေပြီး ဒီလိုမျိုးအခြေအနေထိ ခံစားပြနေတော့..နည်းနည်းစိတ်လှုပ်ရှားမိသွားတယ်ထင်တယ်...

system:......? ? ?...ဒီ gong ကတော့ အမျိုးမျိုးပဲ ။

လင်းကျစ်ရန်မှာ ပင့်သက်ရှိုက်လိုက်သည် ။ မျက်ဝန်းထဲတွင် ရှုပ်ထွေးသော ခံစားချက်များ ဖြတ်ပြေးနေပြီး စိတ်ပိုင်းဆိုင်ရာစစ်ပွဲတစ်ခု ဆင်နွှဲနေသလိုပင် ။ သူ့အမူအရာက အမျိုးမျိုးပြောင်းလဲနေပြီး နောက်ဆုံးတွင်တော့ အကြောင်းပြချက်ရရှိလို့သွား၏ ။ သူက ကျောက်မင်ဇယ်၏ လက်ကို အကြင်နာမဲ့စွာ ဆွဲဖယ်ပစ်လိုက်သည် ။

system လည်း ပြန်ပြီး စိတ်သက်သာရာရသွားသည် ။ ဒီကစားသမားက ကျောက်မင်ဇယ်၏ ခန္ဓာကိုယ်ကြောင့် တကယ်ကြီး စိတ်လှုပ်ရှားသွားပေမယ့် နောက်ဆုံးတွင် သရုပ်ဆောင်မှုကို ပြန်ပြီးထိန်းထားနိုင်ခဲ့သည် ။

[System: စိတ်လှုပ်ရှား သွားတာလား?]

လင်းကျစ်ရန်က ဝန်ခံသည်: အင်း..ငါထိမိတဲ့ ဟာကို မင်းမမြင်ဘူးလား..ငါကသူ့ခန္ဓာကိုယ်ကိုပဲ လိုချင်တယ်ထင်နေလား..ငါက အဲ့လောက် အပေါ်ယံကြည့်တတ်တဲ့လူမျိုးလား?

【system:......】

ဘာပဲပြောပြော အခုချိန်မှာ အဲ့တာကိုလုပ်ဖို့ မသင့်တော်ပေ ။ သူ့ရင်ထဲတွင် အနည်းငယ် လှုပ်လှုပ်ရှားရှားခံစားလိုက်ရပြီး ကျောက်မင်ဇယ်ကိုလည်း အရင်ကထက်စာလျှင် ပိုပြီးအမြင်ကြည်လာပြီဆိုပေမယ့်၊ သူ့ရည်မှန်းချက်ကိုဘေးချိတ်ထားလျှင်တောင် ထိုအတိုင်းအတာထိသွားပြီး ကိုယ့်ကိုယ်ကို ထိုးကျွေးဖို့ဆိုတာ လုံးဝမလွယ်ကူသည့်အရာပါပေ ။

လင်းကျစ်ရန်မှာ သူ့ကိုယ်ပေါ်သို့ စောင်တစ်ထည်လွှားပေးလိုက်ပြီး ဝတ်များကိုဆွဲဆန့်ကာအပြင်သို့ တစ်ခုခုစားရန်ထွက်လာခဲ့တော့သည် ။ သူကဗိုက်ကားအောင်စားပြီး ကျောက်မယ်ဇယ်အတွက်ပါ ပါဆယ်ဝယ်လာခဲ့သည် ။

နှစ်နာရီကျော်ကြာပြီးသော် ။

သူအိမ်ပြန်ရောက်လာလျှင် ကျောက်မင်ဇယ်မှာ ဆိုဖာပေါ်တွင် လှဲနေပြီး အိပ်ပျော်နေဆဲဖြစ်၏ ။

လင်းကျစ်ရန်မှာ သူနိုးအောင်စောင့်ဖို့အထိ စိတ်မရှည်ပေ ။ မဟုတ်လျှင် ဝယ်လာသော ဆန်ပြုတ်က အေးသွားလိမ့်မည် ။ သူ့စေတနာနည်းနည်းကို
အလဟဿတော့မဖြစ်စေလို ။ အော်ဒါပြန်မှာပြီး ပါဆယ်ယူလာရတာ ငွေဖြုန်းတီးသလိုဖြစ်သွားလိမ့်မည် ။ ထို့ကြောင့်သူက ကျောက်မင်ဇယ်၏မျက်နှာအား အားထည့်ပြီးရိုက်လိုက်သည် ။

ကျောက်မင်ဇယ်က မျက်မှောင်ကြုပ်သည် ။ ထို့နောက်နိုးလာပြီး လင်းကျစ်ရန်အား အမူအရာမဲ့စွာ ကြည့်နေလေ၏ ။

နောက်ဆုံးတော့ နိုးလာသည်ကိုကြည့်ရင်း လင်းကျစ်ရန်မှာ စိတ်ကျေနပ်သွားပြီး ဆို၏ ။

" ထပြီး အဆာပြေ ဆန်ပြုတ်သောက်လိုက်ဦး "

ကျောက်မင်ဇယ်က စိတ်ရှုပ်ထွေးနေသလိုပင် အခုထိ အမူအရာမဲ့နေဆဲ ဖြစ်သည် ။

" ဘာလို့ ကိုယ်က ဒီမှာ ရောက်နေတာလဲ.. "

လင်းကျစ်ရန်မှာ မသက်မသာဖြစ်နေသည့် အမူအရာဖြင့် ခဏလောက် တုန့်ဆိုင်းနေပြီးမှ ဆို၏ ။

" မင်း မနေ့က အများကြီးသောက်ထားတယ် "

ကျောက်မင်ဇယ်က ခေါင်းမော့ကြည့်လိုက်သော် လင်းကျစ်ရန်၏ နှုတ်ခမ်းထောင့်က မြင်ကွင်းထဲသို့ဝင်ရောက်လာသည် ။ သူက ချက်ချင်းပင် တစ်ခုခုကို နားလည်သွားဟန်ပေါ်ပြီး အပြစ်မကင်းသောအမူအရာဖြင့် ။

" ကိုယ်တောင်းပန်ပါတယ်..ကိုယ်မနေ့က အိမ်ပြန်မလို့ပဲ..ဘာလို့ဒီနေရာ ရောက်လာလဲမသိဘူး "

သူက ပြောနေရင်းပင် ဆိုဖာပေါ်မှ မူးဝေစွာထပြီး ပြောသည် ။

" ကိုယ်ပြန်သင့်ပြီ "

သူဒီလောက် ခက်ခက်ခဲခဲ အိမ်ထဲဆွဲခေါ်လာရတာ အနည်းဆုံးတော့ ဆန်ပြုတ်လေး သောက်သွားသင့်သည် ။

လင်းကျစ်ရန်မှာ ကျောက်မင်ဇယ်၏ပုခုံးအား ပုတ်ပေးလိုက်ပြီး နွေးထွေးစွာဆိုသည် ။

" မင်း ဒီတိုင်း ဘယ်လိုလုပ် ပြန်နိုင်မှာလဲ..တစ်ခုခုအရင်စား..ပြီးမှ တစ်ယောက်ယောက်ကို လိုက်ပို့ခိုင်းပေးမယ် "

ကျောက်မင်ဇယ်က ဘယ်လိုမှမနေပေ ။ သူ့ကိုယ်သူ ထပ်ခါထပ်ခါ အပြစ်တင်နေပုံရသည် ။

" မင်း...ကိုယ့်ကို အပြစ်မတင်ဘူးလား "

ဒါက ဘယ်လိုပြောရမလဲ...?

လင်းကျစ်ရန်မှာ သက်ပြင်းအသာချပြီး ရှက်ရွံ့မှုများကိုခါထုတ်ကာ ။

" မင်း မူးနေလို့ပါ "

ကျောက်မင်ဇယ်၏ မျက်လုံးများက သူ့အပေါ်တွင်သာ ပုံသေရှိနေပြီး နောက်တော့ နားလည်သွားပုံပင် ။ သူက ရုတ်တရတ်ပြုံးလာပြီး ခေါင်းငုံ့ကာ ဆန်ပြုတ်ကို စတင်စားတော့သည် ။

လင်းကျစ်ရန်မှာ ဘေးတွင်အသာရပ်နေပြီး ဆန်ပြုတ်သောက်နေသည့် ကျောက်မင်ဇယ်၏ ဘေးတိုက်မျက်နှာကိုကြည့်ရင်း စိတ်ကျေနပ်နေသည့် အဖိုးကြီးတစ်ယောက်နှင့် တူသလို ခံစားနေရသည်..ပြီးတော့ ခံစားချက်များလည်း ရှုပ်ထွေးနေမိ၏ ။

အကယ်၍ ကျောက်မင်ဇယ်က ထိုအကြောင်းကို ထပ်ပြီးကမ်းလှမ်းလာလျှင် သူ လက်ခံလိုက်ရမလား?

ရင်ထဲတွင် တစ်ခြားတစ်ယောက်ရှိနေသောလူက ကျောက်မင်ဇယ်၏ ခံစားချက်များကို လက်ခံလိုက်ဖို့က သင့်တော်ဘူးဆိုပေမယ့် ကျောက်မင်ဇယ်က သူ့ကိုတကယ်ကြိုက်တာ ဘယ်လိုမှမဖြစ်နိုင်ပေ ။

သူဒီအခွင့်အရေးကိုအသုံးချပြီး ဝမ်းယွီနဲ့သူ့ကြားတွင် ပြတ်ပြတ်သားသား စည်းတစ်ခုချထားလို့ရပြီး ဝမ်းယွီကို မကြာခင်မှာ လက်လျှော့သွားအောင် လုပ်လို့ရသည် ။ ဒါက တစ်ယောက်ကိုတစ်ယောက် အကျိုးရှိရှိ အသုံးချတာပဲ!

လင်းကျစ်ရန်မှာ ကျောက်မင်ဇယ်၏ သရုပ်ဆောင်နိုင်စွမ်းကို လုံးဝသဘောကျမိသည် ။ တကယ်ကို ဟာကွက်တစ်ခုမှမရှိပေ ။ ရုတ်တရတ်ဆိုသလိုပင် သူ တစ်ခုခုကိုတွေးမိသွား ၏ ။ မူလဇာတ်ကြောင်းတွင် ကျောက်မင်ဇယ်က ဘာလို့ အမြဲပြဿနာလိုက်ရှာ နေရတာလဲ? သူက လုကျန်းနှင့် ဝမ်းယွီကို လမ်းခွဲအောင်လုပ်သည် ။ ထို့နောက်လုဆွေ့ကိုပစ်မှတ်ထားပြန်သည် ။ ဒါက သူလုကျန်းကို ကြိုက်နေလို့ဖြစ်နိုင်လား...ဒါပေမယ့် ဇာတ်ညွှန်းထဲမှာ အဲ့လိုကိစ္စမရှိပါဘူး ။ ကွယ်ဝှက်ထားတဲ့ ဇာတ်ကြောင်းများ ဖြစ်နိုင်မလား ။

လင်းကျစ်ရန်: System ကျောက်မင်ဇယ်က လုကျန်းကို ကြိုက်နေတာ ဖြစ်နိုင်လား?

[System: ကျွန်တော် မသိဘူး]

လင်းကျစ်ရန်: မင်းကဘာလို့မသိတာလဲ? တစ်မျိုးပြောင်း နေတာလဲ ဖြစ်နိုင်တာပဲ..ဇာတ်ညွှန်းထဲမှာ သူလုကျန်းကို ကြိုက်တယ်လို့ လုံးဝရေးမထားဘူး ။

system ၏ အဖြေက ခံစားချက်မဲ့နေဆဲပင်: တကယ်လို့ ဇာတ်ညွှန်းထဲမှာ သူလုကျန်းကို ကြိုက်တယ်လို့ရေးမထားရင်တောင် မကြိုက်ဘူးလို့လည်းရေးမထားဘူးလေ...ဇာတ်ညွှန်းထဲမှာမပါတဲ့ အကြောင်းအရာတွေကို ကျွန်တော်ခန့်မှန်းကြည့်လို့မရဘူး..ကစားသမားတွေကိုယ်တိုင် စဥ်းစားရမှာ ။

system က ခဏလောက်တွေးပြီးနောက် ထပ်ဖြည့်ပြောလေသည်: ဒီgame ထဲက ဇတ်ကောင်တိုင်းရဲ့ ခံစားချက်နဲ့အပြုအမူတွေက ကစားသမားရဲ့ လုပ်ဆောင်ချက်အပေါ်မူတည်ပြီး ပြောင်းလဲသွားတယ်..တကယ်လို့ သွေဖည်မှု တစ်ခုခုဖြစ်မယ်ဆိုရင် ကစားသမားကိုယ်တိုင်အဖြေရှာရမယ် ။

[လင်းကျစ်ရန်:...]

ဒါဆို ကျောက်မင်ဇယ် ငါ့ကိုကြိုက်ချင်ယောင်ဆောင်တာက ငါ့အမှားကြောင့်ပေါ့လေ?

ကျောက်မင်ဇယ်က ဆန်ပြုတ်ပန်းကန်လုံးကိုချလိုက်ပြီး လက်ဖြင့်နှဖူးကို အသာနှိပ်နှယ်နေသည် ။ သူအခုထိ အရက်နာကျနေသေးသော်လည်း မျက်မှောင်ကြုပ်လျက်ပင် မတ်တပ် ထရပ်လေသည် ။

ကြည့်ရတာ သူတကယ် အများကြီးသောက်ထားပုံပင် ။ ဒီလူက သရုပ်ဆောင်နေရင်း အရက်အလွန်အကျွံသောက်မိပြီး သေသွားမှာကိုပင် မကြောက်...တကယ့်ကို အညှာအတာမဲ့တဲ့ လူ ။

လင်းကျစ်ရန်မှာ သူ့အား ခပ်မြန်မြန် ကူတွဲပေးလိုက်ပြီး ဆို၏။

" မင်းကိုယ်မင်း တွန်းအားမပေးနဲ့.. မင်းကိုလာခေါ်ဖို့ လူခေါ်ပေးမယ်..ခဏစောင့် "

သူက ကျောက်မင်ဇယ်၏ အတွင်းရေးမှူးအား ဖုန်းခေါ် ဖို့လုပ်သည် ။ ကျောက်မင်ဇယ်က လင်းကျစ်ရန်၏ မျက်နှာအား မမှိတ်မသုန်စိုက်ကြည့်နေ၏ ။ အလွန် နီးကပ်လွန်းသဖြင့် တစ်ဖက်လူ၏ တုန်ရီနေသောမျက်ခွံလေးများကိုပင် မြင်နေရလေရာ..သူ့ လည်ချောင်းက ခြောက်ကပ်လာပြီး မျက်ဝန်းများလည်း မဲနက်လာလေသည် ။

လင်းကျစ်ရန်မှာ ကျောက်မင်ဇယ်အား ခေါင်းငုံ့ပြီး ကူတွဲပေးထားရသောကြောင့် သူ့အမူအရာများကိုလုံးဝမမြင်နိုင် ။ ထိုနည်းတူစွာပင် သူ့အနောက်ရှိ အိမ်တံခါးက ပွင့်လာသည်ကိုလည်း သတိမထားမိသည်ပေ ။

ကျောက်မင်ဇယ်မှာ ရုတ်တရတ် မူးဝေသွားပြီး အနောက်သို့ ယိုင်သွားရာ လင်းကျစ်ရန်ကိုပါ တစ်ပါတည်း ဆွဲခေါ်မိသွား၏ ။ လင်းကျစ်ရန်လည်း ဟန်ချက်ပျက်သွားပြီး ကျောက်မင်ဇယ် အပေါ်လဲကျမိမှာ စိုးသောကြောင့် ဒူးတစ်ဖက် ဖြင့်ထောက်ကန်ထားမိလေသည် ။ သူ့လက်က ကျောက်မင်ဇယ်၏ ပုခုံးအားဆုပ်ကိုင်ထားမိ လျက်သားဖြစ်၏ ။

လင်းကျစ်ရန်မှာ ပင့်သက်ရှိုက်လိုက်သည် ။ ဒီအနေအထားက အရမ်းကို အထင်မှားစရာကောင်း၏ ။ သူ့နှာခေါင်းက ကျောက်မင်ဇယ်၏ နှဖူးအားထိလုနီပါးဖြစ်နေကာ တစ်ခုခုလုပ်ကြတော့မည့် ပုံစံအတိုင်းပင် ။

ထိုခဏတွင် အေးစက်သော အသံတစ်ခုက သူ့အနောက်မှ ထွက်ပေါ်လာသည် ။

" ကြည့်ရတာ ကျွန်တော် အချိန်မှားပြီး ရောက်လာတဲ့ပုံပဲ "

လင်းကျစ်ရန်၏ ခန္ဓာကိုယ်မှာတောင့်တင်းသွားပြီး အလွန်အံံ့သြစွာဖြင့်အနောက်သို့လှည့်ကြည့်လိုက်ပါသော် သူ့အား အလွန် သွေးအေးသောအကြည့်ဖြင့်စိုက်ကြည့်နေသော တံခါးရှေ့တွင်ရပ်နေသည့် ဝမ်းယွီကိုမြင်လိုက်ရ၏ ။

လင်းကျစ်ရန်:...

လခွမ်း.. အထင်လွဲသွားပြီ!

💜💜💜💜💜💜💜

Zawgyi.

F***. .ဒီဗီလိန္က သူ႕အကြက္ထဲ မဝင္႐ုံနဲ႔ တင္ဘဲ ငါ့ကိုသတ္ ၊ ေသတမ္းစာအတုလုပ္ၿပီး ပိုင္ဆိုင္မႈေတြကိုလက္ဝါးႀကီးအုပ္ပစ္ေတာ့မွာလား? လင္းက်စ္ရန္တစ္ေယာက္ ယုံမွား သံသရမ်ားစြာျဖင့္​​
ဗ်ာမ်ားလို႔ေန၏ ။ သူက တကယ္ တိုက္ခိုက္ရမည္ဆိုလွ်င္ ေၾကာက္ဒူးသာတုန္ေနၿပီး ဘာမွမလုပ္တတ္ေပ ။ သို႔ေသာ္ ေသခ်ာအနီးကပ္ၾကည့္လိုက္မွ ေက်ာက္မင္ဇယ္၏ အမူအရာက ထူးဆန္းေနသည္ ။

ေက်ာက္မင္ဇယ္၏ မ်က္ႏွာကအနည္းငယ္ နီျမန္းေနၿပီး မ်က္ဝန္းမ်ားက ရီေဝေနသည္ ။ ၿပီးေတာ့ အရက္နံ႔ကလည္း တေထာင္းေထာင္းရေနေသး၏ ။
သူမူးေနတာပဲ...ဒါနဲ႔ ဘယ္အခ်ိန္ကတည္းက အိမ္ေ႐ွ႕ေရာက္ေနတာလဲ?

လင္းက်စ္ရန္မွာ ပတ္ပတ္လည္ကိုတစ္ခ်က္ၾကည့္လိုက္ေသာ္ အိမ္တံခါးေ႐ွ႕တြင္ ပြစာႀကဲေနသည့္ အရက္ပုလင္းအခြံမ်ားကိုေတြ႕လိုက္ရ၏ ။ ဒီလိုဆို ေက်ာက္မင္ဇယ္က အိမ္ေ႐ွ႕ေလွကားမွာထိုင္ၿပီး တစ္ညလုံးေသာက္ေနတာလား? ဒီလူက အိမ္အျပင္မွာ တစ္ခ်ိန္လုံး႐ွိေနတုန္း သူကေတာ့ ဂိမ္းကိုသာ သည္းႀကီးမဲႀကီး ေဆာ့ေနေလ၏ ။

ျပန္ေတြးၾကည့္ရင္း ေက်ာပင္ခ်မ္းခ်င္လာသည္...

လင္းက်စ္ရန္မွာ ႐ုတ္တရတ္ စိုးရိမ္မိသြားၿပီး ေက်ာက္မင္ဇယ္၏ မ်က္ႏွာကို အသာပုတ္ကာစူးစမ္းၾကည့္လိုက္သည္ ။

" မင္းဘာေတြျဖစ္ေနတာလဲ..အဆင္ေျပရဲ႕လား "

ထိုလူ၏ ႏႈတ္ခမ္းႏွစ္လႊာက မဆိုသေလာက္ေလး ပြင့္လာၿပီး ခပ္တိုးတိုး ညည္းေလ၏ ။ လင္းက်စ္ရန္မွာ ေက်ာက္မင္ဇယ္အား အေဝးသို႔ တြန္းထုတ္ပစ္ခ်င္မိသည့္တိုင္ ျပန္ေတြးၾကည့္မိေသာ္ ဒီဗီလိန္ေကာင္က မူးခ်င္ေယာင္ေဆာင္ေနတာမ်ိဳးလည္း ျဖစ္ႏိုင္ေပ၏ ။ သူ မဆင္မျခင္ လုပ္လိုက္ပါက ေကာင္းက်ိဳးမ႐ွိသလို ဗီလိန္ကိုလည္း အလြယ္တကူ ရန္မစရဲေသာေၾကာင့္ လင္းက်စ္ရန္မွာ ေက်ာက္မင္ဇယ္ကိုသယ္ပိုးၿပီး ဆိုဖာေပၚတြင္ေနရာခ်ေပးဖို႔ ႀကိဳးပမ္းေတာ့၏ ။

သို႔ေသာ္ ဒီအမူးသမား ေက်ာက္မင္ဇယ္က ေတာ္ေတာ္ႀကီးကို ေလးလံ၏ ။ အ႐ြယ္ေရာက္ၿပီးသား အမ်ိဳးသားတစ္ေယာက္ကို သယ္ဖို႔ရာကပင္ ေတာ္ေတာ္ႀကီးမလြယ္ကူရာ ၊ ပိုဆိုးသည္က ေက်ာက္မင္ဇယ္မွာ အရပ္႐ွည္ေနျခင္း ျဖစ္သည္ ။ ၁.၉ မီတာေလာက္ ႐ွိမည္ထင္၏ ။

ဘယ္လိုေတာင္ ကံဆိုးတာလဲ!

လင္းက်စ္ရန္မွာ ေက်ာက္မင္ဇယ္အား အနည္းငယ္ မ ၾကည့္ၿပီးသည့္ေနာက္ ျပန္၍တြန္းထုတ္မည္ အလုပ္တြင္ ၊ ေက်ာက္မင္ဇယ္က ႐ုတ္တရတ္အသံျပဳလာၿပီး လင္းက်စ္ရန္၏ လက္ေကာက္ဝတ္ႏွစ္ဖက္အား ဆြဲကိုင္၍​ သူ႕ေအာက္သို႔ဖိခ်လိုက္ၿပီး ေခါင္းငုံ႔ကာ လည္တိုင္အား ကိုက္ခဲေလသည္ ။

လင္းက်စ္ရန္: "!"

ဒီလူက တူညီတဲ့ လွည့္ကြက္ကိုပဲ ထပ္လုပ္ေတာ့မလားဆိုတာ သူေတြးဆ ၾကည့္ေနမိ၏ ။

ခဏမွ် သတိလက္လြတ္ျဖစ္ၿပီး အေတြးကြၽံေနမိခ်ိန္တြင္ ေက်ာက္မင္ဇယ္ကမူ သူ႕အားလႊတ္ေပးလိုက္ၿပီး ျဖစ္သည္ ။ သူ တဖန္ျပန္ၾကည့္လိုက္ေသာ္ လွပေသာ ဇာမဏီမ်က္ဝန္းမ်ားႏွင့္ ရင္ဆိုင္လိုက္ရၿပီးထိုအထဲတြင္ ေဖာ္ၾကဴးလို႔မရႏိုင္ေသာ ခံစားခ်က္မ်ား ကိန္းေအာင္ေနလ်က္ ။ သူက လင္းက်စ္ရန္၏ မ်က္ႏွာနားသို႔ တိုးကပ္လာၿပီး ညင္သာစြာနမ္း႐ိႈက္ကာ အဝတ္မ်ားအား စတင္၍ ဆြဲခြၽတ္လာလွ်င္....

လင္းက်စ္ရန္: ေတာ္ေတာ့!

လင္းက်စ္ရန္မွာ အဝတ္မ်ားကိုျပန္ဆြဲကာ ေက်ာက္မင္ဇယ္အား အားကုန္တြန္းထုတ္ ကန္ေက်ာက္ၿပီး႐ုန္းထြက္မွသာ အမူးသမားလက္မွလြတ္ေတာ့သည္ ။ သူ႕အမူအရာတစ္ခုလုံးက ဂဏွာမၿငိမ္ေပ ။ ပိုဆိုးသည္က ဗိုက္ေဟာင္းေလာင္းႏွင့္ ေၾကာက္လန္႔ေနရျခင္းပင္ ။ အစက သူဒီတိုင္း ေက်ာက္မင္ဇယ္၏မ်က္ႏွာကိုနင္းၿပီး ေလွကားကဆင္းသြားခ်င္႐ုံတင္..သို႔ေသာ္ ထိုသို႔မလုပ္ႏိုင္ ။

ဒီ ေျဖာင့္တန္းေနတဲ့ ႏွာတံကိုသာ သူက်ိဳးေအာင္ လုပ္လိုက္မယ္ဆိုလွ်င္...ဒီ ထင္းထြက္ေနတဲ့ ေမး႐ိုးလွလွကိုသာ သူေကာက္ေကြးသြားေအာင္ လုပ္လိုက္မယ္ဆိုလွ်င္...

ဒီလူက စမတ္က်က်ဝတ္ထားတဲ့ သားရဲႀကီးဆိုေပမယ့္ ႐ုပ္ရည္ပိုင္းမွာေတာ့ အျပစ္ေျပာစရာမ႐ွိဘူးဆိုတာ သူဝန္မခံခ်င္ ေပမယ့္ လည္း ဝန္ခံရလိမ့္မည္ ။ သူတကယ့္ကို ဒီမ်က္ႏွာအား မေထာက္လို႔မရေပ ။

လင္းက်စ္ရန္မွာ သက္ျပင္းအသာခ်လိုက္ၿပီး သူ႕ကံတရားကိုသာ ေက်ေက်နပ္နပ္ႀကီး လက္ခံလိုက္ပါေတာ့သည္ ။ သူက ေက်ာက္မင္ဇယ္ကို အက်ႌေကာ္လာမွဆြဲေခၚၿပီး ဆိုဖာေပၚတြင္ေနရာခ်ေပး ၿပီၿပီးခ်င္း လွည့္ထြက္မည္ အလုပ္တြင္ ထိုလူက သူ႕အား လွမ္းဆြဲလိုက္ေလသည္ ။ ထိတ္လန္႔မႈေၾကာင့္ လွ်ပ္တစ္ျပတ္အခ်ိန္အတြင္းမွာပင္ လင္းက်စ္ရန္မွာ သူ႕ကိုယ္ေပၚသို႔လဲက်သြားရ၏ ။ သူ၏ႏွာေခါင္းထိပ္က ေတာင္တင္းေသာရင္အုံႏွင့္ သြားေဆာင့္မိေသာ္ မ်က္ရည္မိုးပင္ အသြန္သြန္႐ြာၿဖိဳးခ်င္မိလာသည္...မင္းေမႊလို႔ၿပီးၿပီလား? ေနာက္ဆုံးတြင္ ခ်ိဳးႏွိမ္ထားေသာ စိတ္ထဲ႐ွိမေကာင္းဆိုးဝါးမွာ တဖန္ျပန္၍ႏိုးထလာခဲ့ေခ်သည္ ။

ေက်ာက္မင္ဇယ္က လင္းက်စ္ရန္၏ ခါးအား တင္းက်ပ္စြာဖက္ထားၿပီး မ်က္ခုံးတန္းမ်ားက တြန္႔ခ်ိဳးေန၏ ။ သူက မ်က္လုံးမွိတ္ထားလ်က္ႏွင့္ပင္ ရီေဝေသာအသံျဖင့္ နာက်င္စြာေရ႐ြတ္ေလသည္ ။

" မသြားနဲ႔ "

ေက်ာက္မင္ဇယ္က သူ႕အား အတင္းႀကီးဖက္ထားသျဖင့္ ႏွစ္ေယာက္သားမွာ တစ္ေယာက္ႏွင့္တစ္ေယာက္ ပူးကပ္ၿပီးထပ္လ်က္သားျဖစ္ေနသည္ ။ လင္းက်စ္ရန္လည္း လြတ္ေအာင္႐ုန္းကန္ရင္းမွ မေတာ္တဆ တစ္ခုခုကို ထိမိလိုက္ပါေသာ္...သူ႕မ်က္ႏွာက ခ်က္ခ်င္းနီျမန္းသြား၏ ။ ေခါင္းငုံ႔ၿပီး အႏွီေခ်ာေမာေသာ မ်က္ႏွာအား မဝံ့မရဲၾကည့္လိုက္ေသာ္ နား႐ြက္ဖ်ားမ်ားပင္ ပူေႏြးလာေလသည္ ။

လင္းက်စ္ရန္: သူကငါ့ကို အရမ္းခ်စ္ျပေနတယ္.. ငါ့အတြက္နဲ႔ အရက္ေတြေသာက္ၿပီး ေလွကားမွာ တစ္ညလုံးထိုင္ေနတာ..သူ႕ကို ဒီတိုင္းေမာင္းထုတ္လိုက္္ရင္ ငါအရမ္းရက္စက္ရာၾက သြားမလား?

【system:......? ?] ဒီကစားသမား မေန႔ကတင္ပဲ လွည့္ကြက္ထဲမဝင္ဘူးလို႔ ေျပာခဲ့တာမလား...

လင္းက်စ္ရန္: ဘာလုပ္သင့္လဲ...သူက ငါ့အေပၚအရမ္း စြဲလမ္းေနၿပီး ဒီလိုမ်ိဳးအေျခအေနထိ ခံစားျပေနေတာ့..နည္းနည္းစိတ္လႈပ္႐ွားမိသြားတယ္ထင္တယ္...

system:......? ? ?...ဒီ gong ကေတာ့ အမ်ိဳးမ်ိဳးပဲ ။

လင္းက်စ္ရန္မွာ ပင့္သက္႐ိႈက္လိုက္သည္ ။ မ်က္ဝန္းထဲတြင္ ႐ႈပ္ေထြးေသာ ခံစားခ်က္မ်ား ျဖတ္ေျပးေနၿပီး စိတ္ပိုင္းဆိုင္ရာစစ္ပြဲတစ္ခု ဆင္ႏႊဲေနသလိုပင္ ။ သူ႕အမူအရာက အမ်ိဳးမ်ိဳးေျပာင္းလဲေနၿပီး ေနာက္ဆုံးတြင္ေတာ့ အေၾကာင္းျပခ်က္ရ႐ွိလို႔သြား၏ ။ သူက ေက်ာက္မင္ဇယ္၏ လက္ကို အၾကင္နာမဲ့စြာ ဆြဲဖယ္ပစ္လိုက္သည္ ။

system လည္း ျပန္ၿပီး စိတ္သက္သာရာရသြားသည္ ။ ဒီကစားသမားက ေက်ာက္မင္ဇယ္၏ ခႏၶာကိုယ္ေၾကာင့္ တကယ္ႀကီး စိတ္လႈပ္႐ွားသြားေပမယ့္ ေနာက္ဆုံးတြင္ သ႐ုပ္ေဆာင္မႈကို ျပန္ၿပီးထိန္းထားႏိုင္ခဲ့သည္ ။

[System: စိတ္လႈပ္႐ွား သြားတာလား?]

လင္းက်စ္ရန္က ဝန္ခံသည္: အင္း..ငါထိမိတဲ့ ဟာကို မင္းမျမင္ဘူးလား..ငါကသူ႕ခႏၶာကိုယ္ကိုပဲ လိုခ်င္တယ္ထင္ေနလား..ငါက အဲ့ေလာက္ အေပၚယံၾကည့္တတ္တဲ့လူမ်ိဳးလား?

【system:......】

ဘာပဲေျပာေျပာ အခုခ်ိန္မွာ အဲ့တာကိုလုပ္ဖို႔ မသင့္ေတာ္ေပ ။ သူ႕ရင္ထဲတြင္ အနည္းငယ္ လႈပ္လႈပ္႐ွား႐ွားခံစားလိုက္ရၿပီး ေက်ာက္မင္ဇယ္ကိုလည္း အရင္ကထက္စာလွ်င္ ပိုၿပီးအျမင္ၾကည္လာၿပီဆိုေပမယ့္၊ သူ႕ရည္မွန္းခ်က္ကိုေဘးခ်ိတ္ထားလွ်င္ေတာင္ ထိုအတိုင္းအတာထိသြားၿပီး ကိုယ့္ကိုယ္ကို ထိုးေကြၽးဖို႔ဆိုတာ လုံးဝမလြယ္ကူသည့္အရာပါေပ ။

လင္းက်စ္ရန္မွာ သူ႕ကိုယ္ေပၚသို႔ ေစာင္တစ္ထည္လႊားေပးလိုက္ၿပီး ဝတ္မ်ားကိုဆြဲဆန္႔ကာအျပင္သို႔ တစ္ခုခုစားရန္ထြက္လာခဲ့ေတာ့သည္ ။ သူကဗိုက္ကားေအာင္စားၿပီး ေက်ာက္မယ္ဇယ္အတြက္ပါ ပါဆယ္ဝယ္လာခဲ့သည္ ။

ႏွစ္နာရီေက်ာ္ၾကာၿပီးေသာ္ ။

သူအိမ္ျပန္ေရာက္လာလွ်င္ ေက်ာက္မင္ဇယ္မွာ ဆိုဖာေပၚတြင္ လွဲေနၿပီး အိပ္ေပ်ာ္ေနဆဲျဖစ္၏ ။

လင္းက်စ္ရန္မွာ သူႏိုးေအာင္ေစာင့္ဖို႔အထိ စိတ္မ႐ွည္ေပ ။ မဟုတ္လွ်င္ ဝယ္လာေသာ ဆန္ျပဳတ္က ေအးသြားလိမ့္မည္ ။ သူ႕ေစတနာနည္းနည္းကို
အလဟႆေတာ့မျဖစ္ေစလို ။ ေအာ္ဒါျပန္မွာၿပီး ပါဆယ္ယူလာရတာ ေငြျဖဳန္းတီးသလိုျဖစ္သြားလိမ့္မည္ ။ ထို႔ေၾကာင့္သူက ေက်ာက္မင္ဇယ္၏မ်က္ႏွာအား အားထည့္ၿပီး႐ိုက္လိုက္သည္ ။

ေက်ာက္မင္ဇယ္က မ်က္ေမွာင္ၾကဳပ္သည္ ။ ထို႔ေနာက္ႏိုးလာၿပီး လင္းက်စ္ရန္အား အမူအရာမဲ့စြာ ၾကည့္ေနေလ၏ ။

ေနာက္ဆုံးေတာ့ ႏိုးလာသည္ကိုၾကည့္ရင္း လင္းက်စ္ရန္မွာ စိတ္ေက်နပ္သြားၿပီး ဆို၏ ။

" ထၿပီး အဆာေျပ ဆန္ျပဳတ္ေသာက္လိုက္ဦး "

ေက်ာက္မင္ဇယ္က စိတ္႐ႈပ္ေထြးေနသလိုပင္ အခုထိ အမူအရာမဲ့ေနဆဲ ျဖစ္သည္ ။

" ဘာလို႔ ကိုယ္က ဒီမွာ ေရာက္ေနတာလဲ.. "

လင္းက်စ္ရန္မွာ မသက္မသာျဖစ္ေနသည့္ အမူအရာျဖင့္ ခဏေလာက္ တုန္႔ဆိုင္းေနၿပီးမွ ဆို၏ ။

" မင္း မေန႔က အမ်ားႀကီးေသာက္ထားတယ္ "

ေက်ာက္မင္ဇယ္က ေခါင္းေမာ့ၾကည့္လိုက္ေသာ္ လင္းက်စ္ရန္၏ ႏႈတ္ခမ္းေထာင့္က ျမင္ကြင္းထဲသို႔ဝင္ေရာက္လာသည္ ။ သူက ခ်က္ခ်င္းပင္ တစ္ခုခုကို နားလည္သြားဟန္ေပၚၿပီး အျပစ္မကင္းေသာအမူအရာျဖင့္ ။

" ကိုယ္ေတာင္းပန္ပါတယ္..ကိုယ္မေန႔က အိမ္ျပန္မလို႔ပဲ..ဘာလို႔ဒီေနရာ ေရာက္လာလဲမသိဘူး "

သူက ေျပာေနရင္းပင္ ဆိုဖာေပၚမွ မူးေဝစြာထၿပီး ေျပာသည္ ။

" ကိုယ္ျပန္သင့္ၿပီ "

သူဒီေလာက္ ခက္ခက္ခဲခဲ အိမ္ထဲဆြဲေခၚလာရတာ အနည္းဆုံးေတာ့ ဆန္ျပဳတ္ေလး ေသာက္သြားသင့္သည္ ။

လင္းက်စ္ရန္မွာ ေက်ာက္မင္ဇယ္၏ပုခုံးအား ပုတ္ေပးလိုက္ၿပီး ေႏြးေထြးစြာဆိုသည္ ။

" မင္း ဒီတိုင္း ဘယ္လိုလုပ္ ျပန္ႏိုင္မွာလဲ..တစ္ခုခုအရင္စား..ၿပီးမွ တစ္ေယာက္ေယာက္ကို လိုက္ပို႔ခိုင္းေပးမယ္ "

ေက်ာက္မင္ဇယ္က ဘယ္လိုမွမေနေပ ။ သူ႕ကိုယ္သူ ထပ္ခါထပ္ခါ အျပစ္တင္ေနပုံရသည္ ။

" မင္း...ကိုယ့္ကို အျပစ္မတင္ဘူးလား "

ဒါက ဘယ္လိုေျပာရမလဲ...?

လင္းက်စ္ရန္မွာ သက္ျပင္းအသာခ်ၿပီး ႐ွက္႐ြံ႕မႈမ်ားကိုခါထုတ္ကာ ။

" မင္း မူးေနလို႔ပါ "

ေက်ာက္မင္ဇယ္၏ မ်က္လုံးမ်ားက သူ႕အေပၚတြင္သာ ပုံေသ႐ွိေနၿပီး ေနာက္ေတာ့ နားလည္သြားပုံပင္ ။ သူက ႐ုတ္တရတ္ျပဳံးလာၿပီး ေခါင္းငုံ႔ကာ ဆန္ျပဳတ္ကို စတင္စားေတာ့သည္ ။

လင္းက်စ္ရန္မွာ ေဘးတြင္အသာရပ္ေနၿပီး ဆန္ျပဳတ္ေသာက္ေနသည့္ ေက်ာက္မင္ဇယ္၏ ေဘးတိုက္မ်က္ႏွာကိုၾကည့္ရင္း စိတ္ေက်နပ္ေနသည့္ အဖိုးႀကီးတစ္ေယာက္ႏွင့္ တူသလို ခံစားေနရသည္..ၿပီးေတာ့ ခံစားခ်က္မ်ားလည္း ႐ႈပ္ေထြးေနမိ၏ ။

အကယ္၍ ေက်ာက္မင္ဇယ္က ထိုအေၾကာင္းကို ထပ္ၿပီးကမ္းလွမ္းလာလွ်င္ သူ လက္ခံလိုက္ရမလား?

ရင္ထဲတြင္ တစ္ျခားတစ္ေယာက္႐ွိေနေသာလူက ေက်ာက္မင္ဇယ္၏ ခံစားခ်က္မ်ားကို လက္ခံလိုက္ဖို႔က သင့္ေတာ္ဘူးဆိုေပမယ့္ ေက်ာက္မင္ဇယ္က သူ႕ကိုတကယ္ႀကိဳက္တာ ဘယ္လိုမွမျဖစ္ႏိုင္ေပ ။

သူဒီအခြင့္အေရးကိုအသုံးခ်ၿပီး ဝမ္းယြီနဲ႔သူ႕ၾကားတြင္ ျပတ္ျပတ္သားသား စည္းတစ္ခုခ်ထားလို႔ရၿပီး ဝမ္းယြီကို မၾကာခင္မွာ လက္ေလွ်ာ့သြားေအာင္ လုပ္လို႔ရသည္ ။ ဒါက တစ္ေယာက္ကိုတစ္ေယာက္ အက်ိဳး႐ွိ႐ွိ အသုံးခ်တာပဲ!

လင္းက်စ္ရန္မွာ ေက်ာက္မင္ဇယ္၏ သ႐ုပ္ေဆာင္ႏိုင္စြမ္းကို လုံးဝသေဘာက်မိသည္ ။ တကယ္ကို ဟာကြက္တစ္ခုမွမ႐ွိေပ ။ ႐ုတ္တရတ္ဆိုသလိုပင္ သူ တစ္ခုခုကိုေတြးမိသြား ၏ ။ မူလဇာတ္ေၾကာင္းတြင္ ေက်ာက္မင္ဇယ္က ဘာလို႔ အၿမဲျပႆနာလိုက္႐ွာ ေနရတာလဲ? သူက လုက်န္းႏွင့္ ဝမ္းယြီကို လမ္းခြဲေအာင္လုပ္သည္ ။ ထို႔ေနာက္လုေဆြ႕ကိုပစ္မွတ္ထားျပန္သည္ ။ ဒါက သူလုက်န္းကို ႀကိဳက္ေနလို႔ျဖစ္ႏိုင္လား...ဒါေပမယ့္ ဇာတ္ၫႊန္းထဲမွာ အဲ့လိုကိစၥမ႐ွိပါဘူး ။ ကြယ္ဝွက္ထားတဲ့ ဇာတ္ေၾကာင္းမ်ား ျဖစ္ႏိုင္မလား ။

လင္းက်စ္ရန္: System ေက်ာက္မင္ဇယ္က လုက်န္းကို ႀကိဳက္ေနတာ ျဖစ္ႏိုင္လား?

[System: ကြၽန္ေတာ္ မသိဘူး]

လင္းက်စ္ရန္: မင္းကဘာလို႔မသိတာလဲ? တစ္မ်ိဳးေျပာင္း ေနတာလဲ ျဖစ္ႏိုင္တာပဲ..ဇာတ္ၫႊန္းထဲမွာ သူလုက်န္းကို ႀကိဳက္တယ္လို႔ လုံးဝေရးမထားဘူး ။

system ၏ အေျဖက ခံစားခ်က္မဲ့ေနဆဲပင္: တကယ္လို႔ ဇာတ္ၫႊန္းထဲမွာ သူလုက်န္းကို ႀကိဳက္တယ္လို႔ေရးမထားရင္ေတာင္ မႀကိဳက္ဘူးလို႔လည္းေရးမထားဘူးေလ...ဇာတ္ၫႊန္းထဲမွာမပါတဲ့ အေၾကာင္းအရာေတြကို ကြၽန္ေတာ္ခန္႔မွန္းၾကည့္လို႔မရဘူး..ကစားသမားေတြကိုယ္တိုင္ စဥ္းစားရမွာ ။

system က ခဏေလာက္ေတြးၿပီးေနာက္ ထပ္ျဖည့္ေျပာေလသည္: ဒီgame ထဲက ဇတ္ေကာင္တိုင္းရဲ႕ ခံစားခ်က္နဲ႔အျပဳအမူေတြက ကစားသမားရဲ႕ လုပ္ေဆာင္ခ်က္အေပၚမူတည္ၿပီး ေျပာင္းလဲသြားတယ္..တကယ္လို႔ ေသြဖည္မႈ တစ္ခုခုျဖစ္မယ္ဆိုရင္ ကစားသမားကိုယ္တိုင္အေျဖ႐ွာရမယ္ ။

[လင္းက်စ္ရန္:...]

ဒါဆို ေက်ာက္မင္ဇယ္ ငါ့ကိုႀကိဳက္ခ်င္ေယာင္ေဆာင္တာက ငါ့အမွားေၾကာင့္ေပါ့ေလ?

ေက်ာက္မင္ဇယ္က ဆန္ျပဳတ္ပန္းကန္လုံးကိုခ်လိုက္ၿပီး လက္ျဖင့္ႏွဖူးကို အသာႏွိပ္ႏွယ္ေနသည္ ။ သူအခုထိ အရက္နာက်ေနေသးေသာ္လည္း မ်က္ေမွာင္ၾကဳပ္လ်က္ပင္ မတ္တပ္ ထရပ္ေလသည္ ။

ၾကည့္ရတာ သူတကယ္ အမ်ားႀကီးေသာက္ထားပုံပင္ ။ ဒီလူက သ႐ုပ္ေဆာင္ေနရင္း အရက္အလြန္အကြၽံေသာက္မိၿပီး ေသသြားမွာကိုပင္ မေၾကာက္...တကယ့္ကို အညႇာအတာမဲ့တဲ့ လူ ။

လင္းက်စ္ရန္မွာ သူ႕အား ခပ္ျမန္ျမန္ ကူတြဲေပးလိုက္ၿပီး ဆို၏။

" မင္းကိုယ္မင္း တြန္းအားမေပးနဲ႔.. မင္းကိုလာေခၚဖို႔ လူေခၚေပးမယ္..ခဏေစာင့္ "

သူက ေက်ာက္မင္ဇယ္၏ အတြင္းေရးမႉးအား ဖုန္းေခၚ ဖို႔လုပ္သည္ ။ ေက်ာက္မင္ဇယ္က လင္းက်စ္ရန္၏ မ်က္ႏွာအား မမွိတ္မသုန္စိုက္ၾကည့္ေန၏ ။ အလြန္ နီးကပ္လြန္းသျဖင့္ တစ္ဖက္လူ၏ တုန္ရီေနေသာမ်က္ခြံေလးမ်ားကိုပင္ ျမင္ေနရေလရာ..သူ႕ လည္ေခ်ာင္းက ေျခာက္ကပ္လာၿပီး မ်က္ဝန္းမ်ားလည္း မဲနက္လာေလသည္ ။

လင္းက်စ္ရန္မွာ ေက်ာက္မင္ဇယ္အား ေခါင္းငုံ႔ၿပီး ကူတြဲေပးထားရေသာေၾကာင့္ သူ႕အမူအရာမ်ားကိုလုံးဝမျမင္ႏိုင္ ။ ထိုနည္းတူစြာပင္ သူ႕အေနာက္႐ွိ အိမ္တံခါးက ပြင့္လာသည္ကိုလည္း သတိမထားမိသည္ေပ ။

ေက်ာက္မင္ဇယ္မွာ ႐ုတ္တရတ္ မူးေဝသြားၿပီး အေနာက္သို႔ ယိုင္သြားရာ လင္းက်စ္ရန္ကိုပါ တစ္ပါတည္း ဆြဲေခၚမိသြား၏ ။ လင္းက်စ္ရန္လည္း ဟန္ခ်က္ပ်က္သြားၿပီး ေက်ာက္မင္ဇယ္ အေပၚလဲက်မိမွာ စိုးေသာေၾကာင့္ ဒူးတစ္ဖက္ ျဖင့္ေထာက္ကန္ထားမိေလသည္ ။ သူ႕လက္က ေက်ာက္မင္ဇယ္၏ ပုခုံးအားဆုပ္ကိုင္ထားမိ လ်က္သားျဖစ္၏ ။

လင္းက်စ္ရန္မွာ ပင့္သက္႐ိႈက္လိုက္သည္ ။ ဒီအေနအထားက အရမ္းကို အထင္မွားစရာေကာင္း၏ ။ သူ႕ႏွာေခါင္းက ေက်ာက္မင္ဇယ္၏ ႏွဖူးအားထိလုနီပါးျဖစ္ေနကာ တစ္ခုခုလုပ္ၾကေတာ့မည့္ ပုံစံအတိုင္းပင္ ။

ထိုခဏတြင္ ေအးစက္ေသာ အသံတစ္ခုက သူ႕အေနာက္မွ ထြက္ေပၚလာသည္ ။

" ၾကည့္ရတာ ကြၽန္ေတာ္ အခ်ိန္မွားၿပီး ေရာက္လာတဲ့ပုံပဲ "

လင္းက်စ္ရန္၏ ခႏၶာကိုယ္မွာေတာင့္တင္းသြားၿပီး အလြန္အံံ႕ၾသစြာျဖင့္အေနာက္သို႔လွည့္ၾကည့္လိုက္ပါေသာ္ သူ႕အား အလြန္ ေသြးေအးေသာအၾကည့္ျဖင့္စိုက္ၾကည့္ေနေသာ တံခါးေ႐ွ႕တြင္ရပ္ေနသည့္ ဝမ္းယြီကိုျမင္လိုက္ရ၏ ။

လင္းက်စ္ရန္:...

လခြမ္း.. အထင္လြဲသြားၿပီ!

💜💜💜💜💜💜💜

Continue Reading

You'll Also Like

134K 5.6K 64
အချစ်က အဆိပ်တစ်ခွက်ဖြစ်နေခဲ့ရင်တောင် ပျားရည်အမှတ်နဲ့ကျွန်တော်ကတော့ သောက်သုံးနေမိအုံးမှာဘဲ။
2.1M 162K 36
No descriptions here
744K 57K 103
All photos I use are not mine. It's all from google. Both Unicode and Zawgyi. "ငါမင္းကိုသိပ္မုန္းတယ္ေမာင္" "ေမာင္မင္းကိုရေအာင္ျပန္ကယ္မယ္ ေမာင့္လူဆိုး...