ထိုမှစခဲ့သော အချစ်များစွာသည်

De Fiendyy

635K 68.9K 1K

Translation of ❛ The Long-awaited Mr. Han『韩先生,情谋已久』❜ written by the author As If Dawn『恍若晨曦』. Story Cover is n... Mais

INTRO
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36
37
38
39
40
41
42
43
44
45
46
47
48
49
50
51
52
53
54
55
56
57
58
59
60
61
62
63
64
65
66
67
68
69
70 + Paid Group Details
71
72
73
74
75
76
77
78
79
80
81
82
83
84
86
87
88
89
90
91
92
93
94
95
96
97
98
99
100
101
102
103
104
105
106
107
108
109
110
111 ~ 113
114 ~ 115
116 ~ 120
121 ~ 125
126 ~ 130
131 ~ 135
136 ~ 140
141 ~ 145
146 ~ 150
151 ~ 155
156 ~ 160
161 ~ 165
166 ~ 170
171 ~ 175
176 ~ 180
181 ~ 185
186 ~ 190
191 + 192
193 + 194
195 + 196
197 + 198
199 + 200
201 + 202
203 + 204
205 + 206

85

3.8K 418 11
De Fiendyy

အခန်း [ ၈၅ ]

“ ဖုန်းခေါ်နေတာကို ဘာလို့ ခုမှကိုင်တာလဲ ”
လုချီယွမ် မကျေမနပ် ကြိမ်းမောင်းလေသည်။

လုမန် ခပ်မဲ့မဲ့ ပြုံးလိုက်မိ၏။ နောက်ကျမှ ဖုန်းကိုင်တော့လည်း ကိုယ့်အမှား ..။ 
“ မကြားလိုက်လို့ပါ ”

“ ညည်းကို အိမ်ပြန်လာဖို့ မပြောထားဘူးလား ” 

“ ပြန်လာသားပဲ .. ရှချင်းယန်မှ ပေးမဝင်တာ .. ဘယ်တတ်နိုင်မလဲ ”

“ ငါ့ကို နလပိန်းတုံးမှတ်နေလား .. ညည်း တမင် အထင်လွဲအောင် လုပ်သွားတာ ငါသိတယ်  ”

“ ဟား .. သူများ အဲ့ဒီကိုသွားတုန်းက စကားတစ်ခွန်းတောင် မပြောခဲ့ရဘူးနော် .. သူ့ဟာသူ လာသရော်တယ် ပိုက်ဆံလာတောင်းတယ် ထင်ပြီး လုံးဝကို အထဲပေးမဝင်တာ .. ခုက သူများကို အပြစ်တင်နေတာလား .. ရယ်ရတယ်နော်! ”

“ ဘာမှမပြောတာနဲ့ပဲ ညည်းမှာ အပြစ်လွတ်ပြီ ထင်နေတာလား .. ဟွန်း .. ဘာမှတော့မပြောဘူး၊ ညည်းအမေ အထင်လွဲပြီး မောင်းထုတ်အောင်ပဲ လုပ်တာ ဟုတ်သလား .. အဲ့ဒါမှ ညည်း အိမ်ထဲကို ဝင်စရာ မလိုတော့မယ့် အကြောင်းရမှာလေ၊ တို့တွေကို အရူးမှတ်ပြီး အရူးလုပ်နေတာ ဟုတ်သလား! ”

“ တစ်အချက် ရှချင်းယန်က ကျွန်မရဲ့အမေ မဟုတ်ဘူး .. သူ့လို မိန်းမကြီးသာ ကျွန်မကိုမွေးခဲ့တာဆိုရင် အိပ်မက်ထဲမှာတောင် ငိုရလိမ့်မယ် .. နှစ်အချက် ကျွန်မဘာလုပ်လုပ် အမြဲ ကျွန်မပဲ မှားတယ်မို့လား .. ကျွန်မမှာပဲ တာဝန်ရှိတယ် .. ရှင် မဟုတ်ဘူး .. ”

“ ဘာကို မဟုတ်တာလဲ .. သူက ငါ့ဇနီးဖြစ်တဲ့အတွက် မင်းရဲ့အမေပဲ ”

“ ကျွန်မမှာ အမေတစ်ယောက်ပဲ ရှိတယ် .. သူက အခု ဆေးရုံခုတင်မှာ လှဲနေရတယ် .. တွေ့ကရာ ခွေးတွေ ဝက်တွေကို ကျွန်မရဲ့မိဘ လာမလုပ်ခိုင်းပါနဲ့ .. ဟွန်း .. အရည်မရအဖတ်မရတွေပြောတာ​တော်လောက်ပြီ .. တကယ့်ကိစ္စက ဘာလဲ ”
လုမန် စိတ်မရှည်တော့ပါ။

လုချီယွမ်လည်း ဒေါသူပုန်ထနေပြီ ဖြစ်၏။
“ ဘယ်သူ့ကို ဝက်တွေ ခွေးတွေလို့ ပြောနေတာလဲ! မင်း ခုချက်ချင်း ပြန်လာခဲ့စမ်း ”

သူမကို လုချီယွမ် တစ်ခုခု လုပ်ခိုင်းချင်နေတာလို့တော့ ခန့်မှန်းမိသည်။

ဒါပေမယ့် အကူအညီတောင်းမယ့်သူက ဒီလိုအချိုးနဲ့ ဆိုတော့ တကယ်ပဲ သူမကို လွယ်လွယ် ထိန်းချုပ်နိုင်မယ်လို့ ထင်နေသလား ?

“ ပြောစရာရှိတာကိုဖုန်းထဲကနေပဲပြောလိုက်ပါ .. မေမေနဲ့ ခြိမ်းခြောက်စရာ မလိုပါဘူး .. အဖေရယ် အရင်တစ်ခါ ဆေးရုံကိုလာခဲ့တုန်းက မေမေ့အခြေအနေကိုတောင် မမေးဘူးနော် .. အဟွန်း .. မမေးပေမယ့်လည်း ပြောပြရဦးမယ် .. မေမေက အမြန်နှုန်းနဲ့ သက်သာလာတာ သိလား .. အနာက ကျက်တော့မယ် .. ချုပ်ရိုးတွေလည်း ဖြေခါနီးပြီ၊ ခုနေ အဖေ သူ့ရှေ့မှာ ထပ်ပေါ်လာခဲ့ရင်တောင် ခွေခနဲ ခေါက်ခနဲ ဖြစ်တော့မှာ မဟုတ်ဘူး.. ”

“ ကျွန်မကို အဖေက သမီးလို မဆက်ဆံပေမယ့် မေမေကတော့ သူ့သမီးလေးမို့ ဂရုစိုက်တုန်းပဲ။ အဖေ ကျွန်မကို သူနဲ့ ကိုင်ခြိမ်းခြောက်တာမျိုး မေမေက အဖြစ်ခံမှာ မဟုတ်တာမို့ ကျွန်မအနေနဲ့ စိုးရိမ်စရာ မရှိပါဘူး .. နောက်ပြီး အခု အဖေက သူ့လူနာခန်းထဲတောင် ဝင်ခွင့်ရတာ မဟုတ်ဘူး .. ကော်ရစ်တာကနေပဲ ရုတ်ရုတ်သဲသဲလုပ်လို့ရမှာ၊ အဲ့ဒီလို ကိုယ့်ပေါင်ကိုယ်လှန်ထောင်းချင်တာဆိုရင် ကျွန်မက ပိုပြီးတော့တောင် ကျေးဇူးတင်ပါသေးတယ် .. အင်တာနက်လောကသားတွေအားလုံး သိကြတာပဲ .. ကျွန်မရဲ့အဖေတူ အမေကွဲညီမလေးက ကျွန်မကောင်လေးကို ဖြတ်ခုတ်သွားတာလေ၊ အဲ့တော့ သူတို့အနေနဲ့ ဘာများပြောစရာရှိသေးလို့တုံး .. ကျွန်မတစ်ယောက်ပဲအရှက်ကွဲမယ်လို့ ထင်နေတာလား .. ဟင် .. အဖေလည်း မလွတ်ဘူးနော် .. အဖေပါပြီဆိုရင် လုချီလည်း လွတ်မှာ မဟုတ်တာ သေချာတယ်.. သူလေးက မီဒီယာတွေရဲ့အချစ်တော်လေး ဖြစ်နေတော့ ခုနေ တစ်ခုခုသာ ထဖြစ်ကြည့်ပါလား.. ဝိုင်းဆွဲကြလိမ့််မယ် .. ဒါကြောင့်မို့လို့ ပြောစရာရှိနေရင် ပြောသာပြောလိုက်ပါ .. မဟုတ်ရင်လည်း ပြောမနေနဲ့တော့ ”

အကူအညီတောင်းမယ့်သူက သူမမှမဟုတ်ဘဲ..

လုချီယွမ်ကြောင့် လုမန်ခံစားရတာတွေများပြီ.. ဒါပေမဲ့ ခုတော့ သူ လုမန်ကိုမထိန်းနိုင်တော့ဘူး..

“ ညည်းက ဟန်မီဒီယာကုမ္ပဏီမှာ အလုပ်ဝင်တော့မှာလား ”

ပြတင်းပေါက်ကနေ အပြင်က လမ်းမကြီးကို ငေးမောနေတုန်း လုချီယွမ်ရဲ့မေးခွန်းကြောင့် စိတ်နှင့်ကိုယ်ကပ်ကာ မျက်မှောင်ကုတ်မိသွားသည်။

“ ဟိုမှာတုန်းက ကြားခဲ့တာလား .. ဟုတ်တယ် .. ကျွန်မကို အလုပ်ခန့်လိုက်ကြပြီ ”

“ နုတ်ထွက်လိုက်ပါ ”
လုချီယွမ်မျက်နှာမှာ ဒေါသသည်းနေသည်။
“ ငါတို့မှာ ကိုယ်ပိုင်ကုမ္ပဏီရှိတယ် .. ညည်း ဒီပြင်နေရာမှာ အလုပ်သွားလုပ်လို့ လူတွေကဲ့ရဲ့မှာကို မကြောက်ဘူးလား! ”

“ အဟွန်း .. ကဲ့ရဲ့ခံနေရပြီပဲ မဟုတ်ဘူးလား .. အဖေက သိပ်မျက်နှာပြောင်တိုက်လွန်းတာကိုး .. လုချီကို ကိုယ့်သမီးလေးလို ဖူးဖူးမှုတ်ပြီး ကျွန်မကို အမှိုက်လို ဆက်ဆံကတည်းက ယုတ္တိမှမရှိတော့တာ .. ကျွတ် .. ပြောစရာရှိတာက ဘာလဲ .. မပြောရင် ဖုန်းချလိုက်တော့မယ် ”

*****

အခန္း [ ၈၅ ]

“ ဖုန္းေခၚေနတာကို ဘာလို႔ ခုမွကိုင္တာလဲ ”
လုခ်ီယြမ္ မေက်မနပ္ ႀကိမ္းေမာင္းေလသည္။

လုမန္ ခပ္မဲ့မဲ့ ၿပံဳးလိုက္မိ၏။ ေနာက္က်မွ ဖုန္းကိုင္ေတာ့လည္း ကိုယ့္အမွား ..။ 
“ မၾကားလိုက္လို႔ပါ ”

“ ညည္းကို အိမ္ျပန္လာဖို႔ မေျပာထားဘူးလား ” 

“ ျပန္လာသားပဲ .. ရွခ်င္းယန္မွ ေပးမဝင္တာ .. ဘယ္တတ္ႏိုင္မလဲ ”

“ ငါ့ကို နလပိန္းတံုးမွတ္ေနလား .. ညည္း တမင္ အထင္လြဲေအာင္ လုပ္သြားတာ ငါသိတယ္  ”

“ ဟား .. သူမ်ား အဲ့ဒီကိုသြားတုန္းက စကားတစ္ခြန္းေတာင္ မေျပာခဲ့ရဘူးေနာ္ .. သူ႔ဟာသူ လာသေရာ္တယ္ ပိုက္ဆံလာေတာင္းတယ္ ထင္ၿပီး လံုးဝကို အထဲေပးမဝင္တာ .. ခုက သူမ်ားကို အျပစ္တင္ေနတာလား .. ရယ္ရတယ္ေနာ္! ”

“ ဘာမွမေျပာတာနဲ႔ပဲ ညည္းမွာ အျပစ္လြတ္ၿပီ ထင္ေနတာလား .. ဟြန္း .. ဘာမွေတာ့မေျပာဘူး၊ ညည္းအေမ အထင္လြဲၿပီး ေမာင္းထုတ္ေအာင္ပဲ လုပ္တာ ဟုတ္သလား .. အဲ့ဒါမွ ညည္း အိမ္ထဲကို ဝင္စရာ မလိုေတာ့မယ့္ အေၾကာင္းရမွာေလ၊ တို႔ေတြကို အရူးမွတ္ၿပီး အရူးလုပ္ေနတာ ဟုတ္သလား! ”

“ တစ္အခ်က္ ရွခ်င္းယန္က ကြၽန္မရဲ့အေမ မဟုတ္ဘူး .. သူ႔လို မိန္းမႀကီးသာ ကြၽန္မကိုေမြးခဲ့တာဆိုရင္ အိပ္မက္ထဲမွာေတာင္ ငိုရလိမ့္မယ္ .. ႏွစ္အခ်က္ ကြၽန္မဘာလုပ္လုပ္ အၿမဲ ကြၽန္မပဲ မွားတယ္မို႔လား .. ကြၽန္မမွာပဲ တာဝန္ရိွတယ္ .. ရွင္ မဟုတ္ဘူး .. ”

“ ဘာကို မဟုတ္တာလဲ .. သူက ငါ့ဇနီးျဖစ္တဲ့အတြက္ မင္းရဲ့အေမပဲ ”

“ ကြၽန္မမွာ အေမတစ္ေယာက္ပဲ ရိွတယ္ .. သူက အခု ေဆးရံုခုတင္မွာ လွဲေနရတယ္ .. ေတြ့ကရာ ေခြးေတြ ဝက္ေတြကို ကြၽန္မရဲ့မိဘ လာမလုပ္ခိုင္းပါနဲ႔ .. ဟြန္း .. အရည္မရအဖတ္မရေတြေျပာတာ​ေတာ္ေလာက္ၿပီ .. တကယ့္ကိစၥက ဘာလဲ ”
လုမန္ စိတ္မရွည္ေတာ့ပါ။

လုခ်ီယြမ္လည္း ေဒါသူပုန္ထေနၿပီ ျဖစ္၏။
“ ဘယ္သူ႔ကို ဝက္ေတြ ေခြးေတြလို႔ ေျပာေနတာလဲ! မင္း ခုခ်က္ခ်င္း ျပန္လာခဲ့စမ္း ”

သူမကို လုခ်ီယြမ္ တစ္ခုခု လုပ္ခိုင္းခ်င္ေနတာလို႔ေတာ့ ခန္႔မွန္းမိသည္။

ဒါေပမယ့္ အကူအညီေတာင္းမယ့္သူက ဒီလိုအခ်ိဳးနဲ႔ ဆိုေတာ့ တကယ္ပဲ သူမကို လြယ္လြယ္ ထိန္းခ်ဳပ္ႏိုင္မယ္လို႔ ထင္ေနသလား ?

“ ေျပာစရာရိွတာကိုဖုန္းထဲကေနပဲေျပာလိုက္ပါ .. ေမေမနဲ႔ ၿခိမ္းေျခာက္စရာ မလိုပါဘူး .. အေဖရယ္ အရင္တစ္ခါ ေဆးရံုကိုလာခဲ့တုန္းက ေမေမ့အေျခအေနကိုေတာင္ မေမးဘူးေနာ္ .. အဟြန္း .. မေမးေပမယ့္လည္း ေျပာျပရဦးမယ္ .. ေမေမက အျမန္ႏႈန္းနဲ႔ သက္သာလာတာ သိလား .. အနာက က်က္ေတာ့မယ္ .. ခ်ဳပ္ရိုးေတြလည္း ေျဖခါနီးၿပီ၊ ခုေန အေဖ သူ႔ေရ႔ွမွာ ထပ္ေပၚလာခဲ့ရင္ေတာင္ ေခြခနဲ ေခါက္ခနဲ ျဖစ္ေတာ့မွာ မဟုတ္ဘူး.. ”

“ ကြၽန္မကို အေဖက သမီးလို မဆက္ဆံေပမယ့္ ေမေမကေတာ့ သူ႔သမီးေလးမို႔ ဂရုစိုက္တုန္းပဲ။ အေဖ ကြၽန္မကို သူနဲ႔ ကိုင္ၿခိမ္းေျခာက္တာမ်ိဳး ေမေမက အျဖစ္ခံမွာ မဟုတ္တာမို႔ ကြၽန္မအေနနဲ႔ စိုးရိမ္စရာ မရိွပါဘူး .. ေနာက္ၿပီး အခု အေဖက သူ႔လူနာခန္းထဲေတာင္ ဝင္ခြင့္ရတာ မဟုတ္ဘူး .. ေကာ္ရစ္တာကေနပဲ ရုတ္ရုတ္သဲသဲလုပ္လို႔ရမွာ၊ အဲ့ဒီလို ကိုယ့္ေပါင္ကိုယ္လွန္ေထာင္းခ်င္တာဆိုရင္ ကြၽန္မက ပိုၿပီးေတာ့ေတာင္ ေက်းဇူးတင္ပါေသးတယ္ .. အင္တာနက္ေလာကသားေတြအားလံုး သိၾကတာပဲ .. ကြၽန္မရဲ့အေဖတူ အေမကြဲညီမေလးက ကြၽန္မေကာင္ေလးကို ျဖတ္ခုတ္သြားတာေလ၊ အဲ့ေတာ့ သူတို႔အေနနဲ႔ ဘာမ်ားေျပာစရာရိွေသးလို႔တံုး .. ကြၽန္မတစ္ေယာက္ပဲအရွက္ကြဲမယ္လို႔ ထင္ေနတာလား .. ဟင္ .. အေဖလည္း မလြတ္ဘူးေနာ္ .. အေဖပါၿပီဆိုရင္ လုခ်ီလည္း လြတ္မွာ မဟုတ္တာ ေသခ်ာတယ္.. သူေလးက မီဒီယာေတြရဲ့အခ်စ္ေတာ္ေလး ျဖစ္ေနေတာ့ ခုေန တစ္ခုခုသာ ထျဖစ္ၾကည့္ပါလား.. ဝိုင္းဆြဲၾကလိမ့္္မယ္ .. ဒါေၾကာင့္မို႔လို႔ ေျပာစရာရိွေနရင္ ေျပာသာေျပာလိုက္ပါ .. မဟုတ္ရင္လည္း ေျပာမေနနဲ႔ေတာ့ ”

အကူအညီေတာင္းမယ့္သူက သူမမွမဟုတ္ဘဲ..

လုခ်ီယြမ္ေၾကာင့္ လုမန္ခံစားရတာေတြမ်ားၿပီ.. ဒါေပမဲ့ ခုေတာ့ သူ လုမန္ကိုမထိန္းႏိုင္ေတာ့ဘူး..

“ ညည္းက ဟန္မီဒီယာကုမၸဏီမွာ အလုပ္ဝင္ေတာ့မွာလား ”

ျပတင္းေပါက္ကေန အျပင္က လမ္းမႀကီးကို ေငးေမာေနတုန္း လုခ်ီယြမ္ရဲ့ေမးခြန္းေၾကာင့္ စိတ္ႏွင့္ကိုယ္ကပ္ကာ မ်က္ေမွာင္ကုတ္မိသြားသည္။

“ ဟိုမွာတုန္းက ၾကားခဲ့တာလား .. ဟုတ္တယ္ .. ကြၽန္မကို အလုပ္ခန္႔လိုက္ၾကၿပီ ”

“ ႏုတ္ထြက္လိုက္ပါ ”
လုခ်ီယြမ္မ်က္ႏွာမွာ ေဒါသသည္းေနသည္။
“ ငါတို႔မွာ ကိုယ္ပိုင္ကုမၸဏီရိွတယ္ .. ညည္း ဒီျပင္ေနရာမွာ အလုပ္သြားလုပ္လို႔ လူေတြကဲ့ရဲ့မွာကို မေၾကာက္ဘူးလား! ”

“ အဟြန္း .. ကဲ့ရဲ့ခံေနရၿပီပဲ မဟုတ္ဘူးလား .. အေဖက သိပ္မ်က္ႏွာေျပာင္တိုက္လြန္းတာကိုး .. လုခ်ီကို ကိုယ့္သမီးေလးလို ဖူးဖူးမႈတ္ၿပီး ကြၽန္မကို အမိႈက္လို ဆက္ဆံကတည္းက ယုတၲိမွမရိွေတာ့တာ .. ကြၽတ္ .. ေျပာစရာရိွတာက ဘာလဲ .. မေျပာရင္ ဖုန္းခ်လိုက္ေတာ့မယ္ ”

*****

Continue lendo

Você também vai gostar

34.8K 921 32
"ᴛʀᴜsᴛ ᴍᴇ, ᴛʀᴜsᴛ ᴍᴇ ɪ ᴅᴏɴ'ᴛ ʟɪᴋᴇ ʙᴇɪɴɢ ᴀʟᴏɴᴇ ᴛʜɪɴᴋɪɴɢ ʙᴏᴜᴛ ʀɪɴɢɪɴɢ ʏᴏᴜʀ ʟɪɴᴇ ɪ ᴡɪsʜ ʏᴏᴜ ᴡᴏᴜʟᴅ ᴄᴏᴍᴇ ʜᴏᴍᴇ ʙᴜᴛ ɪ'ᴍ ᴊᴜsᴛ ᴛʀʏɴᴀ ʙᴀʟᴀɴᴄᴇ ᴍʏ sᴘᴀᴄᴇ ɪ'ᴍ ᴊᴜsᴛ...
102K 2.6K 45
Two people, separate souls, equal affiliations Destined to be together eventually... Pierre Gasly, Alpine Driver, Grand Prix Winner Francesca Lewis...
200K 19.1K 104
Unicode+Zawgyi #အပိုင်းသစ်ကို ဒီမှာဖတ်ပါ #အပိုင္းသစ္ကို ဒီမွာဖတ္ပါ *I don't own this novel * *I just translate this.* *All credit goes to original a...
1.4M 34.2K 46
When young Diovanna is framed for something she didn't do and is sent off to a "boarding school" she feels abandoned and betrayed. But one thing was...