ထိုမှစခဲ့သော အချစ်များစွာသည်

By Fiendyy

637K 69K 1K

Translation of ❛ The Long-awaited Mr. Han『韩先生,情谋已久』❜ written by the author As If Dawn『恍若晨曦』. Story Cover is n... More

INTRO
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36
37
38
39
40
41
42
43
44
45
46
47
48
49
50
51
52
53
54
55
56
57
58
59
60
61
62
63
64
65
66
67
68
69
70 + Paid Group Details
71
72
73
74
75
76
77
78
79
80
81
83
84
85
86
87
88
89
90
91
92
93
94
95
96
97
98
99
100
101
102
103
104
105
106
107
108
109
110
111 ~ 113
114 ~ 115
116 ~ 120
121 ~ 125
126 ~ 130
131 ~ 135
136 ~ 140
141 ~ 145
146 ~ 150
151 ~ 155
156 ~ 160
161 ~ 165
166 ~ 170
171 ~ 175
176 ~ 180
181 ~ 185
186 ~ 190
191 + 192
193 + 194
195 + 196
197 + 198
199 + 200
201 + 202
203 + 204
205 + 206
207 + 208
209 + 210

82

3.3K 407 14
By Fiendyy

အခန်း [ ၈၂ ]

“ ဒီမှာ .. သံသယတောင်ဝင်ချင်လာပြီ .. လုမန်က တကယ်ပဲ ခင်ဗျားရဲ့သမီးအရင်းဟုတ်ရဲ့လား ”

“ ဟုတ်ပြီလား ”

“ ဟုတ်ရင် ဘာဖြစ်လို့ မကောင်းပြောတာလဲ .. ဧကန္တ သူ့ကို အလုပ်မရပါစေနဲ့လို့ မျှော်လင့်ထားတာများလား .. ကုမ္ပဏီကို လာပြီးတော့တောင် မကောင်းပြောတယ်ဆိုတော့လေ.. ”

လုချီယွမ်မျက်နှာနီတွတ်သွားသည်။
“ ဟွန်း.. ငါက မင်းတို့ အရူးလုပ်ခံရမှာစိုးလို့ စေတနာနဲ့ သတိပေးတာ .. ကျေးဇူးကန်းလှချေလား!! ”

“ ဒါ ကျုပ်ကုမ္ပဏီနော် .. ခင်ဗျား ကျုပ်လူတွေကို သဟောက်သရမ်းလုပ်စရာမလိုဘူး! ”
တံခါးသည် ရုတ်တရက် ဆွဲဖွင့်ခံလိုက်ရကာ ဟန်ကျိုးလီက ခြေလှမ်းကျဲများနှင့် လှမ်းဝင်လာ၏။ မျက်နှာကလည်း မာထန်နေသည်။

တံခါးနားမှာတုန်းက အခန်းထဲမှာ လုချီယွမ် ပြောနေတာတွေအားလုံးကို သူ ကြားပြီးပြီ။ 

“ ဥက္ကဋ္ဌ ”
ဝူလီကျဲ အမြန် ထရပ်လိုက်သည်။

ဟန်ကျိုးလီကို မြင်တာနှင့် လုချီယွမ်က လေးစားသလို မြှောက်စားချင်သလို မျက်နှာသို့ ချက်ချင်း ပြောင်းလဲသွား၏။
“ သခင်လေးဟန် .. တွေ့ရတာဝမ်းသာပါတယ် .. ကျုပ်က လုချီယွမ်ပါ .. ဒါက ကျုပ်သမီး ”

“ သိတယ် .. ဒါရိုက်တာနဲ့ အိပ်ပြီး ဝေဒနာတွေ ပေးလိုက်တဲ့တစ်ယောက် .. လုချီ မို့လား ”
ဟန်ကျိုးလီက သူတို့ကို တစ်ချက်မှ မကြည့်။ 

လုချီမျက်နှာ ဒေါသကြောင့် နီမြန်းသွားကာ
“ မဟုတ်ပါဘူး .. အဲ့ဒါ .. အကုန် အထင်လွဲတာ .. မမကြောင့် .. ”

“ တို့ရှေ့မှာ မဟုတ်တရုတ်တွေပြောပြီး ယုံအောင် သိမ်းသွင်းဖို့ မကြိုးစားနဲ့ .. လုဟန်လိဒဏ်ရာရတဲ့နေ့တုန်းက မင်းကိုရဲတွေခေါ်သွားတာကို တို့မျက်လုံးနဲ့ မြင်တယ် ”
ဟန်ကျိုးလီက အေးစက်စက် ပြောသည်။

လုချီမျက်နှာလေး ဖွေးဆုတ်သွား၏။
မမှတ်မိဘဲ နေပါ့မလား! ဟန်ကျိုးလီလည်း အဲ့ဒီနေ့က အဲ့မှာရှိနေခဲ့တာပဲ!

လုမန်လိုမျိုး သူကလည်း ခါးမှာ တဘက်လေးပဲပတ်ထားတာရယ်!

ခု လုချီယွမ်က လုမန်မကောင်းကြောင်းတွေ သွားပြောတယ်ဆိုတော့ ဟန်ကျိုးလီ သူ...

“ သခင်လေး လုမန်ကို မသိပါဘူး.. ”

“ အဲ့လိုဖြစ်နေရင်တောင် ခင်ဗျားဆီကနေတော့ သိစရာ မလိုဘူး .. ခင်ဗျားက ဇနီးဖြစ်သူရဲ့ညီမနဲ့ဖောက်ပြန်တဲ့လူ .. ကွာရှင်းပြီးတာနဲ့ ခယ်မကိုလက်ထပ်ပြီး လုမန်ကို အတင်းအဓမ္မကျောင်းနုတ်တယ် .. လုချီလက်ထောက်လုပ်ခိုင်းတယ် .. လုချီကြောင့် လုဟန်လိဒဏ်ရာရသွားတော့လည်း ခင်ဗျားပဲ လုမန်ကို အစားဝင်ခံခိုင်းတာ၊ လုမန်က မလိုလားတော့ ဆေးရုံမှာ လိုက်ဖမ်းဖို့လုပ်တယ် .. ပထမအိမ်ထောင်နဲ့ အကျပ်ကိုင်ဖို့ ကြိုးစားတယ် .. ဒါပေမဲ့ ခင်ဗျားရဲ့အစီအစဥ်က ပျက်စီးသွားတယ် ဒါကြောင့် ခု ခင်ဗျား လုမန်ကို အသရေဖျက်ဖို့ ကြိုးစားနေတာ.. ”

“ အဲ့ဒါတွေ အားလုံး နားလည်မှုလွဲနေတာ .. နားလည်မှုလွဲကြတာပါ.. ”
ချွေးတို့သည် လုချီယွမ်၏ မျက်နှာအနှံ့တွင် နေရာယူလာ၏။

ဘေးကနေ နားထောင်နေသည့် ဝူလီကျဲကတော့ အံ့သြတကြီးကြီးဖြစ်နေလေသည်။ ဒီလောက်အဓိပ္ပာယ်မရှိတဲ့သူလည်း ရှိသေးတယ်လား!!

နားလည်မှုလွဲနေတာပါ လို့တောင် ပြောရဲနေသေးသည်။

အဲ့ဒါ အဖေအရင်းတဲ့! ပထွေးတောင် ဒီလောက်ဆိုးမယ်မထင်ပါဘူး!

“ ဒီလိုပါ .. တကယ်တော့ ဒီနေ့ဒီကိုလာရတာက သခင်လေးရဲ့ကုမ္ပဏီမှာ လုချီနဲ့သင့်တော်မယ့် နေရာရှိမလား မေးဖို့ပါ ”
လုမန်မကောင်းကြောင်းပြောလို့ မအောင်မြင်တော့သဖြင့် လုချီယွမ် စကားလွှဲတော့၏။

တကယ်က ထုတ်လုပ်ရေးအဖွဲ့မန်နေဂျာနှင့် ချိန်းထားပြီးသားဖြစ်သည်။ ဒါပေမဲ့ ကုမ္ပဏီတစ်ခုလုံးရဲ့ ဟိုက်ဘော့စ်က ဒီမှာရောက်နေပြီပဲဥစ္စာ.. ဘာလို့ တခြားသူကို ရှာနေတော့မှာလဲ။ 

“ အဟွန်း ”
ဟန်ကျိုးလီက နှုတ်ခမ်းတွေမဲ့အောင် ရယ်သည်။ လုမန်အဖေက ဘယ်လိုတောင်လဲ။
“ သူက တို့ကုမ္ပဏီမှာ တစ်နေရာလိုချင်တာလား.. မရဘူး ”

“ အဲ.. ”
လုချီယွမ် အာစေးမိသွားသည်။
“ လုချီက နာမည်ကျသွားတော့ ကျုပ်ကလည်း ခေါင်းဆောင်မင်းသမီးနေရာကို တောင်းနေတာမဟုတ်ပါဘူး .. ဇာတ်ပို့နေရာလောက်ရမယ်ဆိုရင်တောင် ဖြစ်ပါတယ် .. နောက်ပြီး လုချီက ထုတ်လုပ်ရေးအတွက် ထောက်ပံ့ငွေတွေလည်း ယူလာပေးမှာပါ .. ထုတ်လုပ်ရေးနဲ့ ကြော်ငြာရေးကဏ္ဍအတွက် ကုန်ကျမယ့် စရိတ်စကရဲ့ တစ်ချိုးစာလောက်ကို ကျုပ်တို့ယီလုကာလ်ချာက ရင်းနှီးမြှုပ်နှံပါမယ် ”

“ ဟန်မီဒီယာကုမ္ပဏီက ထုတ်လုပ်တာသာဆိုရင် အမျိုးသမီးဇာတ်ပို့နေရာအတွက် လျှောက်ချင်တဲ့ လူတွေမှ မှိုလိုပေါလို့ .. နောက်ပြီး ကျုပ်က ခင်ဗျားရဲ့မစို့မပို့ ရင်းနှီးမြှုပ်နှံမှုလေးကို မှုစရာလား ”
ဟန်ကျိုးလီက စားပွဲကို ထုပစ်လိုက်သေးသည်။
“ ခုပဲ တစ်ခါတည်း ရှင်းအောင် ပြောထားလိုက်မယ် .. ခုကစပြီး ဟန်မီဒီယာကုမ္ပဏီကထုတ်တဲ့ဘယ်ရုပ်ရှင် ဘယ်ပွဲမှာမှ လုချီ မပါစေရဘူး! ဇာတ်ပို့နေရာ မပြောနဲ့ .. သစ်ပင်နေရာမှာတောင် ဝင်မကရဘူး ”

လုချီယွမ်မျက်နှာ ခရမ်းပုပ်ရောင်တွေ ပြောင်းကုန်သည်။

ဟန်ကျိုးလီ များသွားပြီ!

“ ကဲ .. ကိုယ့်ခြေထောက်နဲ့ကိုယ် ထွက်မလား .. လုံခြုံရေးတွေ ခေါ်ပေးရမလား ”
ဟန်ကျိုးလီက စိမ်းစိမ်းကားကား ကြည့်၏။

ဘယ်လောက်ပင် အရှက် မရှိသည် ဆိုပါစေဦး လုချီယွမ်သည် ကုမ္ပဏီကြီးတစ်ခု၏ သူဌေးဖြစ်နေသေးသည်။ ဟန်ကျိုးလီနှင့် မယှဥ်နိုင်လျှင်တောင် သည်လိုနေရာမှာ အရှက်တကွဲတော့ အဖြစ်မခံသင့်ပေ။ 

*****

အခန္း [ ၈၂ ]

“ ဒီမွာ .. သံသယေတာင္ဝင္ခ်င္လာၿပီ .. လုမန္က တကယ္ပဲ ခင္ဗ်ားရဲ့သမီးအရင္းဟုတ္ရဲ့လား ”

“ ဟုတ္ၿပီလား ”

“ ဟုတ္ရင္ ဘာျဖစ္လို႔ မေကာင္းေျပာတာလဲ .. ဧကႏၲ သူ႔ကို အလုပ္မရပါေစနဲ႔လို႔ ေမ်ွာ္လင့္ထားတာမ်ားလား .. ကုမၸဏီကို လာၿပီးေတာ့ေတာင္ မေကာင္းေျပာတယ္ဆိုေတာ့ေလ.. ”

လုခ်ီယြမ္မ်က္ႏွာနီတြတ္သြားသည္။
“ ဟြန္း.. ငါက မင္းတို႔ အရူးလုပ္ခံရမွာစိုးလို႔ ေစတနာနဲ႔ သတိေပးတာ .. ေက်းဇူးကန္းလွေခ်လား!! ”

“ ဒါ က်ဳပ္ကုမၸဏီေနာ္ .. ခင္ဗ်ား က်ဳပ္လူေတြကို သေဟာက္သရမ္းလုပ္စရာမလိုဘူး! ”
တံခါးသည္ ရုတ္တရက္ ဆြဲဖြင့္ခံလိုက္ရကာ ဟန္က်ိဳးလီက ေျခလွမ္းက်ဲမ်ားႏွင့္ လွမ္းဝင္လာ၏။ မ်က္ႏွာကလည္း မာထန္ေနသည္။

တံခါးနားမွာတုန္းက အခန္းထဲမွာ လုခ်ီယြမ္ ေျပာေနတာေတြအားလံုးကို သူ ၾကားၿပီးၿပီ။ 

“ ဥကၠ႒ ”
ဝူလီက်ဲ အျမန္ ထရပ္လိုက္သည္။

ဟန္က်ိဳးလီကို ျမင္တာႏွင့္ လုခ်ီယြမ္က ေလးစားသလို ေျမႇာက္စားခ်င္သလို မ်က္ႏွာသို႔ ခ်က္ခ်င္း ေျပာင္းလဲသြား၏။
“ သခင္ေလးဟန္ .. ေတြ့ရတာဝမ္းသာပါတယ္ .. က်ဳပ္က လုခ်ီယြမ္ပါ .. ဒါက က်ဳပ္သမီး ”

“ သိတယ္ .. ဒါရိုက္တာနဲ႔ အိပ္ၿပီး ေဝဒနာေတြ ေပးလိုက္တဲ့တစ္ေယာက္ .. လုခ်ီ မို႔လား ”
ဟန္က်ိဳးလီက သူတို႔ကို တစ္ခ်က္မွ မၾကည့္။ 

လုခ်ီမ်က္ႏွာ ေဒါသေၾကာင့္ နီျမန္းသြားကာ
“ မဟုတ္ပါဘူး .. အဲ့ဒါ .. အကုန္ အထင္လြဲတာ .. မမေၾကာင့္ .. ”

“ တို႔ေရ႔ွမွာ မဟုတ္တရုတ္ေတြေျပာၿပီး ယံုေအာင္ သိမ္းသြင္းဖို႔ မႀကိဳးစားနဲ႔ .. လုဟန္လိဒဏ္ရာရတဲ့ေန့တုန္းက မင္းကိုရဲေတြေခၚသြားတာကို တို႔မ်က္လံုးနဲ႔ ျမင္တယ္ ”
ဟန္က်ိဳးလီက ေအးစက္စက္ ေျပာသည္။

လုခ်ီမ်က္ႏွာေလး ေဖြးဆုတ္သြား၏။
မမွတ္မိဘဲ ေနပါ့မလား! ဟန္က်ိဳးလီလည္း အဲ့ဒီေန့က အဲ့မွာရိွေနခဲ့တာပဲ!

လုမန္လိုမ်ိဳး သူကလည္း ခါးမွာ တဘက္ေလးပဲပတ္ထားတာရယ္!

ခု လုခ်ီယြမ္က လုမန္မေကာင္းေၾကာင္းေတြ သြားေျပာတယ္ဆိုေတာ့ ဟန္က်ိဳးလီ သူ...

“ သခင္ေလး လုမန္ကို မသိပါဘူး.. ”

“ အဲ့လိုျဖစ္ေနရင္ေတာင္ ခင္ဗ်ားဆီကေနေတာ့ သိစရာ မလိုဘူး .. ခင္ဗ်ားက ဇနီးျဖစ္သူရဲ့ညီမနဲ႔ေဖာက္ျပန္တဲ့လူ .. ကြာရွင္းၿပီးတာနဲ႔ ခယ္မကိုလက္ထပ္ၿပီး လုမန္ကို အတင္းအဓမၼေက်ာင္းႏုတ္တယ္ .. လုခ်ီလက္ေထာက္လုပ္ခိုင္းတယ္ .. လုခ်ီေၾကာင့္ လုဟန္လိဒဏ္ရာရသြားေတာ့လည္း ခင္ဗ်ားပဲ လုမန္ကို အစားဝင္ခံခိုင္းတာ၊ လုမန္က မလိုလားေတာ့ ေဆးရံုမွာ လိုက္ဖမ္းဖို႔လုပ္တယ္ .. ပထမအိမ္ေထာင္နဲ႔ အက်ပ္ကိုင္ဖို႔ ႀကိဳးစားတယ္ .. ဒါေပမဲ့ ခင္ဗ်ားရဲ့အစီအစဥ္က ပ်က္စီးသြားတယ္ ဒါေၾကာင့္ ခု ခင္ဗ်ား လုမန္ကို အသေရဖ်က္ဖို႔ ႀကိဳးစားေနတာ.. ”

“ အဲ့ဒါေတြ အားလံုး နားလည္မႈလြဲေနတာ .. နားလည္မႈလြဲၾကတာပါ.. ”
ေခြၽးတို႔သည္ လုခ်ီယြမ္၏ မ်က္ႏွာအႏွံ႔တြင္ ေနရာယူလာ၏။

ေဘးကေန နားေထာင္ေနသည့္ ဝူလီက်ဲကေတာ့ အံ့ၾသတႀကီးႀကီးျဖစ္ေနေလသည္။ ဒီေလာက္အဓိပၸာယ္မရိွတဲ့သူလည္း ရိွေသးတယ္လား!!

နားလည္မႈလြဲေနတာပါ လို႔ေတာင္ ေျပာရဲေနေသးသည္။

အဲ့ဒါ အေဖအရင္းတဲ့! ပေထြးေတာင္ ဒီေလာက္ဆိုးမယ္မထင္ပါဘူး!

“ ဒီလိုပါ .. တကယ္ေတာ့ ဒီေန့ဒီကိုလာရတာက သခင္ေလးရဲ့ကုမၸဏီမွာ လုခ်ီနဲ႔သင့္ေတာ္မယ့္ ေနရာရိွမလား ေမးဖို႔ပါ ”
လုမန္မေကာင္းေၾကာင္းေျပာလို႔ မေအာင္ျမင္ေတာ့သျဖင့္ လုခ်ီယြမ္ စကားလႊဲေတာ့၏။

တကယ္က ထုတ္လုပ္ေရးအဖြဲ႔မန္ေနဂ်ာႏွင့္ ခ်ိန္းထားၿပီးသားျဖစ္သည္။ ဒါေပမဲ့ ကုမၸဏီတစ္ခုလံုးရဲ့ ဟိုက္ေဘာ့စ္က ဒီမွာေရာက္ေနၿပီပဲဥစၥာ.. ဘာလို႔ တျခားသူကို ရွာေနေတာ့မွာလဲ။ 

“ အဟြန္း ”
ဟန္က်ိဳးလီက ႏႈတ္ခမ္းေတြမဲ့ေအာင္ ရယ္သည္။ လုမန္အေဖက ဘယ္လိုေတာင္လဲ။
“ သူက တို႔ကုမၸဏီမွာ တစ္ေနရာလိုခ်င္တာလား.. မရဘူး ”

“ အဲ.. ”
လုခ်ီယြမ္ အာေစးမိသြားသည္။
“ လုခ်ီက နာမည္က်သြားေတာ့ က်ဳပ္ကလည္း ေခါင္းေဆာင္မင္းသမီးေနရာကို ေတာင္းေနတာမဟုတ္ပါဘူး .. ဇာတ္ပို႔ေနရာေလာက္ရမယ္ဆိုရင္ေတာင္ ျဖစ္ပါတယ္ .. ေနာက္ၿပီး လုခ်ီက ထုတ္လုပ္ေရးအတြက္ ေထာက္ပံ့ေငြေတြလည္း ယူလာေပးမွာပါ .. ထုတ္လုပ္ေရးနဲ႔ ေၾကာ္ျငာေရးက႑အတြက္ ကုန္က်မယ့္ စရိတ္စကရဲ့ တစ္ခ်ိဳးစာေလာက္ကို က်ဳပ္တို႔ယီလုကာလ္ခ်ာက ရင္းႏွီးျမႇဳပ္ႏွံပါမယ္ ”

“ ဟန္မီဒီယာကုမၸဏီက ထုတ္လုပ္တာသာဆိုရင္ အမ်ိဳးသမီးဇာတ္ပို႔ေနရာအတြက္ ေလ်ွာက္ခ်င္တဲ့ လူေတြမွ မိႈလိုေပါလို႔ .. ေနာက္ၿပီး က်ဳပ္က ခင္ဗ်ားရဲ့မစို႔မပို႔ ရင္းႏွီးျမႇဳပ္ႏွံမႈေလးကို မႈစရာလား ”
ဟန္က်ိဳးလီက စားပြဲကို ထုပစ္လိုက္ေသးသည္။
“ ခုပဲ တစ္ခါတည္း ရွင္းေအာင္ ေျပာထားလိုက္မယ္ .. ခုကစၿပီး ဟန္မီဒီယာကုမၸဏီကထုတ္တဲ့ဘယ္ရုပ္ရွင္ ဘယ္ပြဲမွာမွ လုခ်ီ မပါေစရဘူး! ဇာတ္ပို႔ေနရာ မေျပာနဲ႔ .. သစ္ပင္ေနရာမွာေတာင္ ဝင္မကရဘူး ”

လုခ်ီယြမ္မ်က္ႏွာ ခရမ္းပုပ္ေရာင္ေတြ ေျပာင္းကုန္သည္။

ဟန္က်ိဳးလီ မ်ားသြားၿပီ!

“ ကဲ .. ကိုယ့္ေျခေထာက္နဲ႔ကိုယ္ ထြက္မလား .. လံုၿခံဳေရးေတြ ေခၚေပးရမလား ”
ဟန္က်ိဳးလီက စိမ္းစိမ္းကားကား ၾကည့္၏။

ဘယ္ေလာက္ပင္ အရွက္ မရိွသည္ ဆိုပါေစဦး လုခ်ီယြမ္သည္ ကုမၸဏီႀကီးတစ္ခု၏ သူေဌးျဖစ္ေနေသးသည္။ ဟန္က်ိဳးလီႏွင့္ မယွဥ္ႏိုင္လ်ွင္ေတာင္ သည္လိုေနရာမွာ အရွက္တကြဲေတာ့ အျဖစ္မခံသင့္ေပ။ 

*****

Continue Reading

You'll Also Like

2.8M 160K 50
"You all must have heard that a ray of light is definitely visible in the darkness which takes us towards light. But what if instead of light the dev...
4.3K 373 97
Story Name- Your Highness, I Know My Wrongs Chapter- 95 Chapters(Completed) Not my story I just translation English to Myanmar Language All rights go...
20.6K 1.5K 35
A LOT out of my usual thing here, but what if both Dream AND Nightmare impregnated Blueberry at the same time. Terrified of what his brother and au w...
19.7K 1.2K 69
绝色倾城 ဆိုတဲ့စကားလုံးက အရိုးရှင်းဆုံးဆိုရလျှင် 'မိန်း​မောသွား​လောက်တဲ့ထိစွဲလမ်းခြင်း' လို့အဓိပ္ပါယ်ရပါတယ်။လူတစ်​​ယောက်ကိုပဲဖြစ်ဖြစ် အရာဝတ္ထုတစ်ခုကိုပဲဖ...