ပင္လယ္ဖ်ံေလးရဲ႕ ေဒါက္တာ

By Zhang-Nerio-Thwe

7K 783 90

Chanbeak More

Ep.....2
Ep........3
Ep....4
Ep...5
Ep.....6
Ep....7
Ep...8
Ep....9
Ep.....10
Ep....11
Ep...12
Ep....13
Ep...14
Ep...15
Ep...16
Ep.....17
Ep.....18
Ep.....19
Ep.....20
Ep....21
Ep....22
Ep...23
Ep....24
Ep....25
Ep.....26
Ep....27
Ep....28
Ep....29
Ep....30
Ep...31
Ep....32
Ep..33
Ep....34
Ep....35
Final
Bye Bye

Ep......1

738 40 7
By Zhang-Nerio-Thwe

Zawgyi

ႏွင္းမ်ား တဖြဲဖြဲက်ေနတဲ့ မနက္ခင္း တစ္ခုမွာ ႀကီးမားထည္ဝါလွသည့္ အိမ္ႀကီးေရွ႕တြင္ ကားေပၚ အထုတ္ေတြ တင္ေနတဲ့ အမ်ိဳးသားတစ္ဦ း။ ကားထဲ အထုတ္အပိုးေတြ ထည့္ၿပီးတဲ့ေနာက္ သူေက်ာအေနာက္က အိမ္ႀကီးကို တစ္ခ်က္ၾကည့္ၿပီး ပင့္သပ္ရႈိက္လိုက္သည္။

ထိုအမ်ိဳးသားရဲ႕ မ်က္လုံးထဲ ဝမ္းနည္းေၾကကြဲျခင္း ဆိုသည့္ အရိပ္အေယာင္မ်ားနဲ႔ မ်က္ရည္စတို႔က မ်က္ဝန္းထဲ တည္ရွိေနသည္။

"ႏႈတ္ဆက္ပါတယ္ ဒယ္ဒီ"

ႏႈတ္ခမ္းလႈပ္႐ုံမွ် ႏႈတ္ခမ္းစကားတို႔ ဆိုကာ ကားထဲ ဝင္လိုက္သည္။

ကားစက္ႏႈိးလိုက္သည့္ အခ်ိန္မွာ အိမ္ထဲက ေျပးထြက္လာသည့္ လူႏွစ္ေယာက္.....

"သခင္ေလးးးးးမသြားပါနဲ႔လား ဒီမွာဘဲ ေနပါ သခင္ေလးရယ္"

ငိုယိုကာ ကားအျပင္က ေတာင္းဆိုေနသည့္ အိမ္အထိန္းေတာ္ႀကီးလင္မယားကို သူၿပဳံးျပလိုက္သည္။

"ကြၽန္ေတာ့္ကို ခြင့္ျပဳေပးပါေနာ္....မဟုတ္ရင္ မာမီျဖစ္ေစခ်င္တဲ့ လူတစ္ေယာက္ ကြၽန္ေတာ္ျဖစ္ခြင့္ရမွာ မဟုတ္ဘူး"

"သခင္ေလးကို သခင္ႀကီးက စိတ္ဆိုးတုန္းမလို႔ပါ။ ဒီတစ္ခါဘဲ ထပ္သည္းခံၾကည့္ပါလားဟင္"

ထပ္သည္းခံၾကည့္ပါလား ဆိုသည့္ စကားေၾကာင့္ သူ႔စိတ္ထဲ ရယ္လိုက္သည္။ Park Chanyeolဆိုသည့္ သူ႔ဘဝ တစ္ေလွ်ာက္လုံး သည္းခံျခင္း ဆိုသည့္ အရာကို လက္စြဲေတာ္ ဓားလို ဆြဲၿမဲကိုင္ေဆာင္လာခဲ့ရတယ္။

အခုလဲ ထပ္ၿပီး ကိုင္ေဆာင္ေစခ်င္ျပန္ၿပီလား.......ထပ္ၿပီးေတာ့လား....

အထိန္းေတာ္ႀကီး လင္မယားကို အၿပဳံးတစ္ခ်က္ ၿပဳံးျပၿပီး ကားကိုစက္ႏႈိးကာ ထြက္လာခဲ့လိုက္သည္။

တစ္ခါေလာက္ဘဲ ကိုယ့္လမ္း ကိုယ္ေလွ်ာက္ပါရေစ......

Parkမ်ိဳး႐ိုးဆိုတာ သူတို႔ႏိုင္ငံရဲ႕ ထိပ္တန္းစာရင္းဝင္ မ်ိဳး႐ိုးတစ္ခု.....

အားလုံးက ထင္ၾကလိမ့္မယ္ ဒီလိုမ်ိဳး႐ိုးရဲ႕ တစ္ဦးတည္းေသာ သားျဖစ္တဲ့ park chanyeolဆိုတဲ့ သူက သိပ္ကံေကာင္းပါတယ္လို႔ေလ....

ဒါေတြက တစ္ခုမွ မမွန္ကန္ခဲ့ဘူး။ Parkမ်ိဳး႐ိုး ဆိုတဲ့ ဂုဏ္ပုဒ္နဲ႔ အညီ ေနထိုင္ႏိုင္ဖို႔ ငယ္ငယ္ကတည္းက သူ႔အတြက္ ေပ်ာ္စရာဆိုတာ မရွိခဲ့တာ။

ငယ္ငယ္က တျခားကေလးေတြလို လမ္းေဘး ဂိမ္းစက္ေလးေတြ ေဆာ့ခ်င္ပင္မယ့္ ဘာသာစကား သင္တန္းေက်ာင္းေတြသာ တတ္ခဲ့ရသည္။

တျခားကေလးေတြ သူတို႔အေဖနဲ႔ ေဆာ့သလို သူလဲ ဒယ္ဒီနဲ႔ ေဆာခ်င္ပင္မယ့္ ဒယ္ဒီက အိမ္မွာ မရွိတာ မ်ားသည္။

ကေလးဆိုသည့္ အ႐ြယ္နဲ႔မလိုက္ေအာင္ အရာရာကို ေလ့လာခဲ့ရသည္။ဒါပင္မယ့္ ေဘးမွာ အၿမဲ အားေပးတတ္တဲ့ မာမီေၾကာင့္ ေနသားက်ေအာင္ ေနတတ္ခဲ့သည္။

Parkသခင္ႀကီးက ပိုက္ဆံအရွာေကာင္းသေလာက္ မိန္းမလဲ ေပြသည္။ Parkသခင္မႀကီးက သိပင္မယ့္ ဘာမွမေျပာဘဲ ေရငုံႏႈတ္ပိတ္ေနကာ အိမ္ထဲမွာဘဲ အၿမဲေနသည္။

အ႐ြယ္နဲ႔ မလိုက္ေအာင္ စာေတြသင္ရ ေလ့လာရနဲ႔မို႔ မာမီကို ဂ်ီက်ခဲ့ပင္မယ့္ ဒယ္ဒီရဲ႕ အမိန႔္ဆိုသည့္ အာဏာကို မလြန္ဆန္န္ုင္ခဲ့ေပ။

သူေနခ်င္သည့္ ဘဝေလးက ႐ိုးရွင္းပါတယ္။ ဂုဏ္ေတြ ေငြေတြ မရွိလဲရတယ္။ မိသားစုေလး သိုက္သိုက္ဝန္းဝန္းနဲ႔ ေအးခ်မ္းစြာ ေနထိူင္ၿပီး သူ႔ဝါသနာျဖစ္တဲ့ ဆရာဝန္အလုပ္ေလး လုပ္ကာ ေနခ်င္သည္။

သူအထက္တန္းၿပီးေတာ့ ေဆးလိုင္းယူဖို႔အတြက္ မာမီနဲ႔ ဒယ္ဒီ ရန္အႀကီးအက်ယ္ျဖစ္ခဲ့ၾကသည္။ မာမီက သူ႔ဝါသနာကို လက္ေလ်ာခ်င္ပင္မယ့္ ဒယ္ဒီက LAမွာ စီးပြားေရးသာ သြားတတ္ခိုင္းသည္။

ေနာက္ဆုံး မာမီက ေဆးလိုင္းဝင္ခြင့္ေျဖဖို႔ ဒယ္ဒီမသိေအာင္ တိတ္တဆိတ္ ေလွ်ာက္လႊာတင္ခဲ့သည္။ အဲ့ကိစၥနဲ႔ ပက္သတ္ၿပီး ဒယ္ဒီနဲ႔ ရန္ထပ္ျဖစ္ကာ မာမီ ေလွကားက ျပဳတ္က်ကာ ေသဆုံးသြားခဲ့သည္။

ထိုေန႔က သူ႔အတြက္ ဆိုး႐ြားလြန္းတဲ့ ေန႔တစ္ေန႔ျဖစ္ၿပီး အခုထိ ေျခာက္လန႔္ေနတုန္းပင္။ သူ႔ဘက္အၿမဲရွိေနေပးတဲ့ မာမီက သူ႔အတြက္ေၾကာင့္ဘဲ အသက္ဆုံးရႈံးခဲ့ရသည္။

ဒယ္ဒီကေတာ့ မာမီ ဆႏၵဆိုၿပီး ေဆးေက်ာင္းတတ္တာ လက္ခံေပးပင္မယ့္ အခ်ိန္တန္ သူ႔ကုမၼဏီေတြ ဦးစီးဖို႔ တဖက္ကလဲ စီးပြားေရးေလ့လာခဲ့ရသည္။

မာမီဆုံးၿပီး တစ္ႏွစ္မျပည့္ေသး မာမီေနရာ အစားထိုးဖို႔ အိမ္ေပၚ တင္ေခၚလာသည္။ အဲ့တာကလဲ တျခားသူမဟုတ္။ သူနဲ႔ အထက္တန္းတုန္းက အတန္းေဖာ္ေကာင္မေလးပင္။

ဘယ္သူနဲ႔မွ စကားမေျပာဘဲ ေအးေဆးေနတတ္တဲ့ သူ႔ကို
ေျခပုတ္လက္ပုတ္ျဖင့္ စကားလာေျပာတတ္သည့္ ထိုမိန္းမကို သူမုန္းသည္။ ဒယ္ဒီမရွိရင္ လာလာ ခနဲ႔တတ္သည့္ ထိုမိန္းမကို သူမုန္းသည္။

ဒါပင္မယ့္ ဒယ္ဒီေၾကာင့္ သူသည္းခံခဲ့သည္။ တျဖည္းျဖည္း တရားလြန္လာတဲ့ ထိုမိန္းမက သူ႔ေဆးက်ာင္း ေနာက္ဆုံးႏွစ္ စာေမးပြဲၿပီးမွာ ေက်ာင္းကိုလာကာ သူ႔အတန္းေဖာ္ေတြကို မိေထြးဆိုၿပီး ဂုဏ္ပုဒ္ကို လာယူသည္။

ဒီကိစၥဒယ္ဒီကို ေျပာေတာ့ ဒယ္ဒီက သူ႔ကို ဆူသည္။ လိုအပ္ေနသည့္ မိခင္ေမတၱာ ေပးခ်င္လို႔ အဲ့မိန္ူမက ႀကိဳးစားတာပါတဲ့။ သူ႔အတြက္ တကယ္မလိုအပ္တာပါ။ ဘာလို႔ဆို မိခင္ေမတၱာကို သူ႔မာမီက အျပည့္အဝ ေပးထားခဲ့ၿပီးသားပါ။

အဲ့ကိစၥနဲ႔ ပက္သတ္ၿပီး ေဆးေက်ာင္းက ၿပီးတာနဲ႔ ကုမၸဏီတန္းဝင္ဖို႔ ေျပာတာေၾကာင့္ ရန္ျဖစ္ရင္း ႏွင္ခ်ခံလိုက္ရသည္။

ႏွင္ခ်ေတာ့လဲ သူ႔အတြက္ ၿပဳံးၿပဳံးပါဘဲ။ မာမီေပးထားတဲ့ ေငြေတြနဲ႔ သူ႔ဘဝ စတင္ဖို႔ အခြင့္အေရးေတာင္ ရွိေသး။

ဒီတစ္ခါေတာ့ Park မ်ိဳး႐ိုးဆိုသည့္ ဂုဏ္ပုဒ္ေအာက္က ထြက္ၿပီး သူေနခ်င္သည့္ ေအးခ်မ္းတဲ့ ဘဝေလး ဖန္တီးၾကည့္ဖို႔ အရာအားလုံးဆီ ႐ုန္းထြက္ေတာ့မယ္............

~~~~~~~~~~~~~~~~~~~
"Beakhyun ဟဲ့ Byun Beakhyun ထေတာ့ဟဲ့ ေနက နင့္ဖင္ထဲ ဝင္ေနၿပီ"

"ဟာ အဘြားကလဲ မဝင္ပါဘူး"

"ဟဲ့ မဝင္လဲ ထေတာ့ တကယ္ဘဲ....ပင္လယ္ထဲ ဆင္းရေတာ့မယ္ေလ"

အဘြားျဖစ္သူရဲ႕ ေအာင္ျမင္လွတဲ့ အသံေၾကာင့္ Beakhyun ေခါင္းစုတ္ဖြားျဖင့္ ထလာသည္။ မ်က္ႏွာကလဲ ဆူပုတ္ေနသည္။

"ညညဆို မအိပ္ဘူး....ဂိမ္းဘဲ ေဆာ့ေနတာ ...မနက္ဆို ႏႈိးရၿပီ"

"အဘြားကလဲ တစ္ေန႔ တစ္ေန႔ မိုးလင္းလာရင္ ဒါဘဲ ေျပာေနတယ္ သားေတာင္ အလြတ္ရေနၿပီ"

"အလြတ္ရေတာ့ေရာ ထလို႔လား မနက္တိုင္း ႏွိူးေနရတယ္ ...."

အဘြားျဖစ္သူရဲ႕ ပြစိပြစိ ေျပာတာေတြကို Beakhyun ၿပဳံးၿပီး နားေထာင္ေနသည္။

"ဟဲ့ ဒီကေလး လုပ္စရာရွိတာ မလုပ္ဘဲ ငါ့ကို ၿပဳံးၿပီး ၾကည့္ေနတယ္"

"အဘြားဆူတာ သေဘာက်လို႔ပါ ....အဘြား သားနဲ႔ အၾကာႀကီး အတူေနသြားေနာ္ ...သားကို မနက္တိုင္းႏႈိးေပး ေန႔တိုင္း ဆူေပး"

"ဟြန္းးသြားစမ္းပါကြယ္ လုပ္စရာရွိတာလုပ္ လာခြၽဲမေနနဲ႔....
မနက္စာျပင္ထားထားတယ္ ၿပီးရင္လာခဲ့"

အိမ္ေရွ႕ ကြက္ပ်စ္ေပၚ မနက္စာေတြ ေ႐ြ႕ေနသည့္ အဘြားကို ၿပဳံးျပကာ သူလဲ မ်က္ႏွာသစ္လိုက္သည္။ လူရယ္လို႔ သိတတ္စကတည္းက ဒီအဘြားျဖစ္သူလက္ထဲ ႀကီးျပင္လာရသူမို႔
အဘြားေပၚ အခ်စ္ပိုရသည္။ မိဘ ဆိုတာမ်ိဳးနဲ႔ ထိေတြ႕ခြင့္မရွိသလို ျမင္ေတတင္ မျမင္ဖူးတာမို႔ အဘြားကဘဲ မိဘလိုတစ္မ်ိဳး အဘြားလို တစ္ဖုံ ျပဳစုေစာင့္ေရွာက္ခဲ့သည္။

သူတို႔က မခ်မ္းသာပင္မယ့္ ေအးခ်မ္းတယ္လို႔ ေျပာလို႔ရသည္။ ဂ်ယ္ဂ်ဴနဲ႔ နီးတဲ့ ရပ္ကြက္ေလးမွာ ေနၿပီး ပင္လယ္က သူတို႔အတြက္ အသက္ေသြးေၾကာပင္။

ပိုက္ဆံအတြက္ ပင္လယ္က ဂဏန္းေတြ ငါးေတြ ဂုံးေတြ ရွာကာ ဂ်ယ္ဂ်ဴေဈးမွာ သြားေရာင္းသည္။ ဝမ္းစာအတြက္ကလဲ ဒီပင္လယ္က ရွာလို႔ရတာေတြဘဲ တဝက္ဖယ္ခဲ့သည္။

တစ္ခါတစ္ေလ ပယ္လယ္အေကာင္ေတြ မ်ားမ်ားရရင္ ဆိုးလ္ကို တတ္ေရာင္းသည္။ ဒါပင္မယ့္ Beakhyunတို႔ကေတာ့ တစ္ခါဘဲ တတ္ေရာင္းဖူးသည္။ဂ်ယ္ဂ်ဴမွာ ေရာင္းရင္ဘဲသူတို႔အတြက္ ဖူလုံသည္။

"အဟြတ္....အဟြတ္"

"ေခ်ာင္းေတြ ဆိုးေနျပန္ၿပီလား "

"နဲနဲေအးလို႔ပါ "

မနက္စာစားရင္ ေခ်ာင္းဆိုးေနသည့္ အဘြားကို ၾကည့္ကာ ၿမိဳ႕ေပၚသြားတဲ့ လူႀကဳံနဲ႔ ေဆးမွာဖို႔ Beakhyunေတြးလိုက္သည္။

သူတို႔ေနရာက ေဆး႐ုံေဆးခန္း ေဝးၿပီး ေဆးဆိုင္ ဆိုတာလဲ ေဆး အစုံမရွိေပ။

~~~~~~~~~~~~~~~~~~~~~
အေျခအေနေလး🙄

______________________________________
Unicode

နှင်းများ တဖွဲဖွဲကျနေတဲ့ မနက်ခင်း တစ်ခုမှာ ကြီးမားထည်ဝါလှသည့် အိမ်ကြီးရှေ့တွင် ကားပေါ် အထုတ်တွေ တင်နေတဲ့ အမျိုးသားတစ်ဦ း။ ကားထဲ အထုတ်အပိုးတွေ ထည့်ပြီးတဲ့နောက် သူကျောအနောက်က အိမ်ကြီးကို တစ်ချက်ကြည့်ပြီး ပင့်သပ်ရှိုက်လိုက်သည်။

ထိုအမျိုးသားရဲ့ မျက်လုံးထဲ ဝမ်းနည်းကြေကွဲခြင်း ဆိုသည့် အရိပ်အယောင်များနဲ့ မျက်ရည်စတို့က မျက်ဝန်းထဲ တည်ရှိနေသည်။

"နှုတ်ဆက်ပါတယ် ဒယ်ဒီ"

နှုတ်ခမ်းလှုပ်ရုံမျှ နှုတ်ခမ်းစကားတို့ ဆိုကာ ကားထဲ ဝင်လိုက်သည်။

ကားစက်နှိုးလိုက်သည့် အချိန်မှာ အိမ်ထဲက ပြေးထွက်လာသည့် လူနှစ်ယောက်.....

"သခင်လေးးးးးမသွားပါနဲ့လား ဒီမှာဘဲ နေပါ သခင်လေးရယ်"

ငိုယိုကာ ကားအပြင်က တောင်းဆိုနေသည့် အိမ်အထိန်းတော်ကြီးလင်မယားကို သူပြုံးပြလိုက်သည်။

"ကျွန်တော့်ကို ခွင့်ပြုပေးပါနော်....မဟုတ်ရင် မာမီဖြစ်စေချင်တဲ့ လူတစ်ယောက် ကျွန်တော်ဖြစ်ခွင့်ရမှာ မဟုတ်ဘူး"

"သခင်လေးကို သခင်ကြီးက စိတ်ဆိုးတုန်းမလို့ပါ။ ဒီတစ်ခါဘဲ ထပ်သည်းခံကြည့်ပါလားဟင်"

ထပ်သည်းခံကြည့်ပါလား ဆိုသည့် စကားကြောင့် သူ့စိတ်ထဲ ရယ်လိုက်သည်။ Park Chanyeolဆိုသည့် သူ့ဘဝ တစ်လျှောက်လုံး သည်းခံခြင်း ဆိုသည့် အရာကို လက်စွဲတော် ဓားလို ဆွဲမြဲကိုင်ဆောင်လာခဲ့ရတယ်။

အခုလဲ ထပ်ပြီး ကိုင်ဆောင်စေချင်ပြန်ပြီလား.......ထပ်ပြီးတော့လား....

အထိန်းတော်ကြီး လင်မယားကို အပြုံးတစ်ချက် ပြုံးပြပြီး ကားကိုစက်နှိုးကာ ထွက်လာခဲ့လိုက်သည်။

တစ်ခါလောက်ဘဲ ကိုယ့်လမ်း ကိုယ်လျှောက်ပါရစေ......

Parkမျိုးရိုးဆိုတာ သူတို့နိုင်ငံရဲ့ ထိပ်တန်းစာရင်းဝင် မျိုးရိုးတစ်ခု.....

အားလုံးက ထင်ကြလိမ့်မယ် ဒီလိုမျိုးရိုးရဲ့ တစ်ဦးတည်းသော သားဖြစ်တဲ့ park chanyeolဆိုတဲ့ သူက သိပ်ကံကောင်းပါတယ်လို့လေ....

ဒါတွေက တစ်ခုမှ မမှန်ကန်ခဲ့ဘူး။ Parkမျိုးရိုး ဆိုတဲ့ ဂုဏ်ပုဒ်နဲ့ အညီ နေထိုင်နိုင်ဖို့ ငယ်ငယ်ကတည်းက သူ့အတွက် ပျော်စရာဆိုတာ မရှိခဲ့တာ။

ငယ်ငယ်က တခြားကလေးတွေလို လမ်းဘေး ဂိမ်းစက်လေးတွေ ဆော့ချင်ပင်မယ့် ဘာသာစကား သင်တန်းကျောင်းတွေသာ တတ်ခဲ့ရသည်။

တခြားကလေးတွေ သူတို့အဖေနဲ့ ဆော့သလို သူလဲ ဒယ်ဒီနဲ့ ဆောချင်ပင်မယ့် ဒယ်ဒီက အိမ်မှာ မရှိတာ များသည်။

ကလေးဆိုသည့် အရွယ်နဲ့မလိုက်အောင် အရာရာကို လေ့လာခဲ့ရသည်။ဒါပင်မယ့် ဘေးမှာ အမြဲ အားပေးတတ်တဲ့ မာမီကြောင့် နေသားကျအောင် နေတတ်ခဲ့သည်။

Parkသခင်ကြီးက ပိုက်ဆံအရှာကောင်းသလောက် မိန်းမလဲ ပွေသည်။ Parkသခင်မကြီးက သိပင်မယ့် ဘာမှမပြောဘဲ ရေငုံနှုတ်ပိတ်နေကာ အိမ်ထဲမှာဘဲ အမြဲနေသည်။

အရွယ်နဲ့ မလိုက်အောင် စာတွေသင်ရ လေ့လာရနဲ့မို့ မာမီကို ဂျီကျခဲ့ပင်မယ့် ဒယ်ဒီရဲ့ အမိန့်ဆိုသည့် အာဏာကို မလွန်ဆန်န်ုင်ခဲ့ပေ။

သူနေချင်သည့် ဘဝလေးက ရိုးရှင်းပါတယ်။ ဂုဏ်တွေ ငွေတွေ မရှိလဲရတယ်။ မိသားစုလေး သိုက်သိုက်ဝန်းဝန်းနဲ့ အေးချမ်းစွာ နေထိူင်ပြီး သူ့ဝါသနာဖြစ်တဲ့ ဆရာဝန်အလုပ်လေး လုပ်ကာ နေချင်သည်။

သူအထက်တန်းပြီးတော့ ဆေးလိုင်းယူဖို့အတွက် မာမီနဲ့ ဒယ်ဒီ ရန်အကြီးအကျယ်ဖြစ်ခဲ့ကြသည်။ မာမီက သူ့ဝါသနာကို လက်လျောချင်ပင်မယ့် ဒယ်ဒီက LAမှာ စီးပွားရေးသာ သွားတတ်ခိုင်းသည်။

နောက်ဆုံး မာမီက ဆေးလိုင်းဝင်ခွင့်ဖြေဖို့ ဒယ်ဒီမသိအောင် တိတ်တဆိတ် လျှောက်လွှာတင်ခဲ့သည်။ အဲ့ကိစ္စနဲ့ ပက်သတ်ပြီး ဒယ်ဒီနဲ့ ရန်ထပ်ဖြစ်ကာ မာမီ လှေကားက ပြုတ်ကျကာ သေဆုံးသွားခဲ့သည်။

ထိုနေ့က သူ့အတွက် ဆိုးရွားလွန်းတဲ့ နေ့တစ်နေ့ဖြစ်ပြီး အခုထိ ခြောက်လန့်နေတုန်းပင်။ သူ့ဘက်အမြဲရှိနေပေးတဲ့ မာမီက သူ့အတွက်ကြောင့်ဘဲ အသက်ဆုံးရှုံးခဲ့ရသည်။

ဒယ်ဒီကတော့ မာမီ ဆန္ဒဆိုပြီး ဆေးကျောင်းတတ်တာ လက်ခံပေးပင်မယ့် အချိန်တန် သူ့ကုမ္မဏီတွေ ဦးစီးဖို့ တဖက်ကလဲ စီးပွားရေးလေ့လာခဲ့ရသည်။

မာမီဆုံးပြီး တစ်နှစ်မပြည့်သေး မာမီနေရာ အစားထိုးဖို့ အိမ်ပေါ် တင်ခေါ်လာသည်။ အဲ့တာကလဲ တခြားသူမဟုတ်။ သူနဲ့ အထက်တန်းတုန်းက အတန်းဖော်ကောင်မလေးပင်။

ဘယ်သူနဲ့မှ စကားမပြောဘဲ အေးဆေးနေတတ်တဲ့ သူ့ကို
ခြေပုတ်လက်ပုတ်ဖြင့် စကားလာပြောတတ်သည့် ထိုမိန်းမကို သူမုန်းသည်။ ဒယ်ဒီမရှိရင် လာလာ ခနဲ့တတ်သည့် ထိုမိန်းမကို သူမုန်းသည်။

ဒါပင်မယ့် ဒယ်ဒီကြောင့် သူသည်းခံခဲ့သည်။ တဖြည်းဖြည်း တရားလွန်လာတဲ့ ထိုမိန်းမက သူ့ဆေးကျာင်း နောက်ဆုံးနှစ် စာမေးပွဲပြီးမှာ ကျောင်းကိုလာကာ သူ့အတန်းဖော်တွေကို မိထွေးဆိုပြီး ဂုဏ်ပုဒ်ကို လာယူသည်။

ဒီကိစ္စဒယ်ဒီကို ပြောတော့ ဒယ်ဒီက သူ့ကို ဆူသည်။ လိုအပ်နေသည့် မိခင်မေတ္တာ ပေးချင်လို့ အဲ့မိန်ူမက ကြိုးစားတာပါတဲ့။ သူ့အတွက် တကယ်မလိုအပ်တာပါ။ ဘာလို့ဆို မိခင်မေတ္တာကို သူ့မာမီက အပြည့်အဝ ပေးထားခဲ့ပြီးသားပါ။

အဲ့ကိစ္စနဲ့ ပက်သတ်ပြီး ဆေးကျောင်းက ပြီးတာနဲ့ ကုမ္ပဏီတန်းဝင်ဖို့ ပြောတာကြောင့် ရန်ဖြစ်ရင်း နှင်ချခံလိုက်ရသည်။

နှင်ချတော့လဲ သူ့အတွက် ပြုံးပြုံးပါဘဲ။ မာမီပေးထားတဲ့ ငွေတွေနဲ့ သူ့ဘဝ စတင်ဖို့ အခွင့်အရေးတောင် ရှိသေး။

ဒီတစ်ခါတော့ Park မျိုးရိုးဆိုသည့် ဂုဏ်ပုဒ်အောက်က ထွက်ပြီး သူနေချင်သည့် အေးချမ်းတဲ့ ဘဝလေး ဖန်တီးကြည့်ဖို့ အရာအားလုံးဆီ ရုန်းထွက်တော့မယ်............

~~~~~~~~~~~~~~~~~~~
"Beakhyun ဟဲ့ Byun Beakhyun ထတော့ဟဲ့ နေက နင့်ဖင်ထဲ ဝင်နေပြီ"

"ဟာ အဘွားကလဲ မဝင်ပါဘူး"

"ဟဲ့ မဝင်လဲ ထတော့ တကယ်ဘဲ....ပင်လယ်ထဲ ဆင်းရတော့မယ်လေ"

အဘွားဖြစ်သူရဲ့ အောင်မြင်လှတဲ့ အသံကြောင့် Beakhyun ခေါင်းစုတ်ဖွားဖြင့် ထလာသည်။ မျက်နှာကလဲ ဆူပုတ်နေသည်။

"ညညဆို မအိပ်ဘူး....ဂိမ်းဘဲ ဆော့နေတာ ...မနက်ဆို နှိုးရပြီ"

"အဘွားကလဲ တစ်နေ့ တစ်နေ့ မိုးလင်းလာရင် ဒါဘဲ ပြောနေတယ် သားတောင် အလွတ်ရနေပြီ"

"အလွတ်ရတော့ရော ထလို့လား မနက်တိုင်း နှိူးနေရတယ် ...."

အဘွားဖြစ်သူရဲ့ ပွစိပွစိ ပြောတာတွေကို Beakhyun ပြုံးပြီး နားထောင်နေသည်။

"ဟဲ့ ဒီကလေး လုပ်စရာရှိတာ မလုပ်ဘဲ ငါ့ကို ပြုံးပြီး ကြည့်နေတယ်"

"အဘွားဆူတာ သဘောကျလို့ပါ ....အဘွား သားနဲ့ အကြာကြီး အတူနေသွားနော် ...သားကို မနက်တိုင်းနှိုးပေး နေ့တိုင်း ဆူပေး"

"ဟွန်းးသွားစမ်းပါကွယ် လုပ်စရာရှိတာလုပ် လာချွဲမနေနဲ့....
မနက်စာပြင်ထားထားတယ် ပြီးရင်လာခဲ့"

အိမ်ရှေ့ ကွက်ပျစ်ပေါ် မနက်စာတွေ ရွေ့နေသည့် အဘွားကို ပြုံးပြကာ သူလဲ မျက်နှာသစ်လိုက်သည်။ လူရယ်လို့ သိတတ်စကတည်းက ဒီအဘွားဖြစ်သူလက်ထဲ ကြီးပြင်လာရသူမို့
အဘွားပေါ် အချစ်ပိုရသည်။ မိဘ ဆိုတာမျိုးနဲ့ ထိတွေ့ခွင့်မရှိသလို မြင်တေတင် မမြင်ဖူးတာမို့ အဘွားကဘဲ မိဘလိုတစ်မျိုး အဘွားလို တစ်ဖုံ ပြုစုစောင့်ရှောက်ခဲ့သည်။

သူတို့က မချမ်းသာပင်မယ့် အေးချမ်းတယ်လို့ ပြောလို့ရသည်။ ဂျယ်ဂျူနဲ့ နီးတဲ့ ရပ်ကွက်လေးမှာ နေပြီး ပင်လယ်က သူတို့အတွက် အသက်သွေးကြောပင်။

ပိုက်ဆံအတွက် ပင်လယ်က ဂဏန်းတွေ ငါးတွေ ဂုံးတွေ ရှာကာ ဂျယ်ဂျူဈေးမှာ သွားရောင်းသည်။ ဝမ်းစာအတွက်ကလဲ ဒီပင်လယ်က ရှာလို့ရတာတွေဘဲ တဝက်ဖယ်ခဲ့သည်။

တစ်ခါတစ်လေ ပယ်လယ်အကောင်တွေ များများရရင် ဆိုးလ်ကို တတ်ရောင်းသည်။ ဒါပင်မယ့် Beakhyunတို့ကတော့ တစ်ခါဘဲ တတ်ရောင်းဖူးသည်။ဂျယ်ဂျူမှာ ရောင်းရင်ဘဲသူတို့အတွက် ဖူလုံသည်။

"အဟွတ်....အဟွတ်"

"ချောင်းတွေ ဆိုးနေပြန်ပြီလား "

"နဲနဲအေးလို့ပါ "

မနက်စာစားရင် ချောင်းဆိုးနေသည့် အဘွားကို ကြည့်ကာ မြို့ပေါ်သွားတဲ့ လူကြုံနဲ့ ဆေးမှာဖို့ Beakhyunတွေးလိုက်သည်။

သူတို့နေရာက ဆေးရုံဆေးခန်း ဝေးပြီး ဆေးဆိုင် ဆိုတာလဲ ဆေး အစုံမရှိပေ။

~~~~~~~~~~~~~~~~~~~~~
အခြေအနေလေး🙄

Continue Reading

You'll Also Like

84K 2.8K 27
Yn was married to a cold man, Kim Taehyung, the Mafia King, who never showed any emotion towards her. He never trusted her and it caused him to take...
128K 2.3K 47
Alexis Piastri is Oscar Piastri's older sister. After feeling unfulfilled with her life, Alexis decides to drop everything to take a gap year and joi...
1M 33.5K 79
"𝙾𝚑, 𝚕𝚘𝚘𝚔 𝚊𝚝 𝚝𝚑𝚎𝚖! 𝚃𝚠𝚘 𝚕𝚒𝚝𝚝𝚕𝚎 𝚗𝚞𝚖𝚋𝚎𝚛 𝚏𝚒𝚟𝚎𝚜! 𝙸𝚝'𝚜 𝚕𝚒𝚔𝚎 𝚝𝚑𝚎𝚢'𝚛𝚎...𝚍𝚘𝚙𝚙𝚎𝚕𝚐ä𝚗𝚐𝚎𝚛𝚜 𝚘𝚏 𝚎𝚊𝚌𝚑...
1.5M 26.2K 55
What if Aaron Warner's sunshine daughter fell for Kenji Kishimoto's grumpy son? - This fanfic takes place almost 20 years after Believe me. Aaron and...