ထိုမှစခဲ့သော အချစ်များစွာသည်

By Fiendyy

633K 68.8K 1K

Translation of ❛ The Long-awaited Mr. Han『韩先生,情谋已久』❜ written by the author As If Dawn『恍若晨曦』. Story Cover is n... More

INTRO
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36
37
38
39
40
41
42
43
44
45
46
47
48
49
50
51
52
53
54
55
56
57
58
59
60
61
62
63
64
65
66
67
68
69
71
72
73
74
75
76
77
78
79
80
81
82
83
84
85
86
87
88
89
90
91
92
93
94
95
96
97
98
99
100
101
102
103
104
105
106
107
108
109
110
111 ~ 113
114 ~ 115
116 ~ 120
121 ~ 125
126 ~ 130
131 ~ 135
136 ~ 140
141 ~ 145
146 ~ 150
151 ~ 155
156 ~ 160
161 ~ 165
166 ~ 170
171 ~ 175
176 ~ 180
181 ~ 185
186 ~ 190
191 + 192
193 + 194
195 + 196
197 + 198
199 + 200
201 + 202
203 + 204
205 + 206

70 + Paid Group Details

5.6K 452 14
By Fiendyy

၇၀။ [ ရှချင်းဝေဆေးဖိုးဝါးခတွေမပေးနိုင်တော့ရင် တို့စကားကို သူ နားထောင်လာရမှာပဲ! ]

ရှချင်းယန်က စိတ်ပျက်သွားတဲ့ မျက်နှာလေးနဲ့
" စိတ်တိုစရာပဲ .. ချီယွမ် ရှင် ကျွန်မအဆိုးမဆိုတော့နဲ့ .. ကျွန်မ သူ့ကို ဘာမှမလုပ်ခဲ့ပါဘဲနဲ့ သူက ဘာလို့ ဒီလို လုပ်ဖို့ ကြံစည်ရတာလဲဟင် .. ဘာလို့ ဒီလောက်တောင် ယုတ်မာရတာလဲ! ခုကစပြီး သူ့ကို သမီးအဖြစ် မသတ်မှတ်တော့ဘူး! "

" သူက စပြီး တို့တွေကို မိသားစုလို့ သတ်မှတ်ခဲ့တာမှမဟုတ်ဘဲ .. မင်းကို အပြစ်မတင်ပါဘူး .. "
လုချီယွမ် တွေးလေ ဒေါသထွက်လေမို့ လက်ဖက်ရည်ခွက်ကို ပန်းကန်ပြားလေးပေါ်ဆောင့်ချပစ်လိုက်သည်။
" ခု သူ အရွယ်ရောက်လာပြီ .. လုပ်ချင်တာကို လုပ်တယ် .. အဖေဖြစ်တဲ့ ငါတောင် တားလို့မရဘူး .. အဲ့ဒီကလေး တကယ်ကို ပါးနပ်လာတယ် .. ဒီနေ့ မင်းကို လုပ်ကြံရင် မနက်ဖြန်မှာ ငါ့ကို လုပ်ကြံနိုင်တယ် .. အဲ့ဒီဟာမလေးက တို့တွေကို မိသားစုလို့ကို မသတ်မှတ်ခဲ့တာ! ရှချင်းဝေကတော့ သူ့ကို ရတနာထုပ်ကြီးလိုပဲ .. မြင်ချင်သေးတယ် .. လုမန်နဲ့သာနေရင် ရှချင်းဝေ ဘယ်လိုနိဂုံးချုပ်သွားမလဲ "

" ဒီတစ်ခါတော့ တကယ်​လွန်တာနော်.. တို့တွေက သူ့ကို မိသားစုလို သဘောထားခဲ့ပေမယ့် သူကတော့ ဆန့်ကျင်ဘက်ပဲ .. လုမိသားစုရဲ့သခင်မလေးအဖြစ် ပြုစုပျိုးထောင်ပေးထားခဲ့တာတွေ ဘယ်မလဲ .. အားလုံး အလကားပဲ .. သူများတွေမှာတော့ ဘွဲ့ရပြီး အလုပ်လက်မဲ့ဖြစ်နေမှာကို စိုးရိမ်နေကြရတာ .. သူ့ကျတော့ရော .. သူဘွဲ့မရသေးတာတောင်မှ တို့တွေက ကုမ္ပဏီမှာ အလုပ်တစ်ခု စီစဥ်ပေးခဲ့တာပဲ "
ရှချင်းယန် ဤသို့ အရှက်မရှိစွာ ဆို၏။

လုမန်ကို အတင်းကျောင်းထွက်စေခဲ့တာ သူမနဲ့ လုချီယွမ်ပဲဖြစ်ပေမယ့် ခုကျတော့ လှီးလွဲပြောနေပြန်သည်။ ဘွဲ့မရခင် အလုပ်ပေးသတဲ့..။

ကုမ္ပဏီမှာ လုချီလက်ထောက်လုပ်ရတာက အစေခံလုပ်ခိုင်းတာနဲ့ ဘာမှမခြား။

ခုနေ လုမန်သာ ဒီမှာရှိနေရင် သူမပါးနှစ်ဖက်ကို လွှဲရိုက်မိမှာပင်။

ရှချင်းယန်က လိုချင်သလိုပြောယူတတ်၏။

" ကျေးဇူးကန်းတဲ့ကောင်မ အလကားကောင်မ "
လုချီယွမ် ဒေါသဖြင့် ဆိုဖာကို ထုရိုက်ပစ်သည်။

" ချီယွမ်ရယ် .. ကျွန်မတို့ဘက်က သူ့အတွက် ငွေဆိုလည်းငွေ .. ဘဝကောင်းရအောင်လည်း လုပ်ပေးခဲ့တယ် .. ဒါပေမဲ့ သူကတော့ ကျွေးတဲ့လက်ကို ပြန်ကိုက်ဖို့ ကြိုးစားလာတယ်လေ။ ဒီတစ်ခါ ပြင်းပြင်းထန်ထန် အပြစ်ပေးရမယ် .. မဟုတ်ရင် ရှင့်ခေါင်းပေါ်ချီးတက်ပါတော့မှာ သိလား.. ကျွန်မက ဖြစ်တယ်.. သူ့ရဲ့အမေအရင်း မဟုတ်တဲ့အတွက် သူ မလေးစားလည်း ဘာမှမဖြစ်ဘူး .. ကျွန်မကို သေပါစေလို့ ဆုတောင်းနေလားတောင်မှ မသိတာ "

" အမေ့! ကိုယ့်ကိုယ်ကိုယ် မကျိန်နဲ့လေ.. "
လုချီ မျက်ရည်ကျပြတော့၏။

ရှချင်းယန်က လုချီလက်ကို ပုတ်လိုက်ရင်း
" ကျိန်နေတာမဟုတ်ဘူး သမီး .. လုမန်က အဲ့လိုဖြစ်စေချင်နေတာ .. ရဲစခန်းမှာနေခဲ့ရတဲ့နှစ်ရက်အတွင်း အမေ အများကြီး ခံစားခဲ့ရတယ် .. ညည်းတို့သားအဖကို ထပ်မတွေ့နိုင်တော့မှာကို ပူနေခဲ့ရတာ .. လုမန်ဘာလို့ဒီလောက်ရက်စက်ရတာလဲ နားမလည်နိုင်ဘူး .. ချီယွမ် ကျွန်မက ဘာမှမဖြစ်ပေမယ့် ရှင်က သူ့အဖေနော် .. ကျွန်မကို မလေးစားတာ အပြစ်မဆိုဘူး .. ရှင့်ကိုတော့ မလေးမစားလုပ်လို့မရဘူးလေ! ဘာဖြစ်ဖြစ် အတူတူပဲ ရှင် သူများကြောင့် အရှက်မကွဲရဘူး။ အခု ဒီကိစ္စက အွန်လိုင်းမှာ ပွထနေပြီ .. ရှင်အပြင်ထွက်ရင် အရှက်ရတော့မှာပဲ .. ရှင့်သမီးကတော့ ဒါကို နည်းနည်းမှ ဂရုမစိုက်ဘူးနော်.. "

ဒါဟာ လုချီယွမ် ဒေါသထွက်ရသည့် အကြောင်း ဖြစ်သည်။ သူ အလုပ်ကိစ္စဆွေးနွေးလိုက်တိုင်း တွေ့သည့်လူက လုမန်အကြောင်း မေးသည်။

လုချီယွမ်အဖို့ လုချီဟာ အလိမ္မာဆုံးသမီး ..
ဒါတွေအားလုံး လုမန်ကြောင့် ဖြစ်ရတာ ..

" ဟွန့် .. ဒီအဆောင်အယောင်တွေအားလုံးကို ငါ ပေးနိုင်သလို ပြန်လည်းယူနိုင်တယ် .. အိမ်တစ်လုံး အလုပ်တစ်နေရာ ပေးထားသလိုပဲ .. ဆင်းရဲလွန်းလို့ ငတ်ပြတ်သွားအောင်လည်း လုပ်နိုင်တယ် .. ချီချီလက်ထောက်လုပ်ရတာကို နိမ့်ကျတယ်လို့ ထင်နေတာမဟုတ်လား.. အဟွန်း .. လက်ထောက်ရာထူးကနေ ဖြုတ်ပေးလိုက်မယ် .. တခြားအလုပ်ရှာရင်လည်း ရမှာမဟုတ်ဘူး .. ငါဟာ သိပ်သြဇာမညောင်းပေမယ့် ဘီမြို့မှာတော့ သူ ငတ်သွားအောင် လုပ်နိုင်ပါသေးတယ် .. ရှချင်းဝေရဲ့ ဆေးဖိုးဝါးခတွေမပေးနိုင်တော့ရင် တို့စကားကို သူ နားထောင်လာရမှာပဲ! "
လုချီယွမ် ဘဝင်ခိုက်စွာ ပြောဆိုခဲ့လေ၏။

***

ယခုထိတိုင်အောင် လုမန်ကတော့ လုချီယွမ်အကြံကို မသိသေးပေ။ ပြီးခဲ့တဲ့ရက်အနည်းငယ်အတွင်းမှာ အလုပ်တွေတော့လျှောက်ခဲ့သည်။

သို့ပေမယ့် မေးလ်ပို့တိုင်းမှာ ပယ်ချခံရတာတွေရှိသလို အကြောင်းမပြန်တာတွေလည်း ရှိခဲ့၏။ နှုတ်ဖြေ ရေးဖြေလုပ်ဖို့တော့ အခွင့်မရသေး။

ခုနေ့လယ်မှာတော့ ကျိုးချန်က ဆေးရုံထဲသို့ ကုပ်ကုပ်လေး ဝင်သွားပြီး ရွှီဟွေ့က အပေါက်ဝမှာ စောင့်ကျန်ရစ်ခဲ့၏။

__________________________________________

Paid Gp
Group တစ်ခုလျှင်

ပါဝင်မည့် အပိုင်းရေ - ၁၈၀

• တန်ဖိုး - ၃၀၀၀ ( ကျပ် )
Payment Method - KBZpay / Wave Pay / OK $


Total Chapter က သုံးထောင့်ငါးရာ စွန်းစွန်း ( including Side Stories ) ရှိပါတယ်။ ဝတ္ထုက ခွေးစာနဲ့ Showbiz တစ်လိုင်းသွားပါ။ ကျန်တာလည်း ပါချင်ပါလိမ့်မယ်။

Wattpad CB [ Message Box ] သို့မဟုတ် About မှာ တင်ပေးထားတဲ့ အကောင့်ကနေ Payment Method နှင့်တကွ ဆက်သွယ်နိုင်ပါတယ်။ Edited*

ကွိစိကွစ များခြင်း သည်းခံပါ 3
Sankyuu<3

__________________________________________

၇၀။ [ ရွခ်င္းေဝေဆးဖိုးဝါးခေတြမေပးႏိုင္ေတာ့ရင္ တို႔စကားကို သူ နားေထာင္လာရမွာပဲ! ]

ရွခ်င္းယန္က စိတ္ပ်က္သြားတဲ့ မ်က္ႏွာေလးနဲ႔
" စိတ္တိုစရာပဲ .. ခ်ီယြမ္ ရွင္ ကြၽန္မအဆိုးမဆိုေတာ့နဲ႔ .. ကြၽန္မ သူ႔ကို ဘာမွမလုပ္ခဲ့ပါဘဲနဲ႔ သူက ဘာလို႔ ဒီလို လုပ္ဖို႔ ႀကံစည္ရတာလဲဟင္ .. ဘာလို႔ ဒီေလာက္ေတာင္ ယုတ္မာရတာလဲ! ခုကစၿပီး သူ႔ကို သမီးအျဖစ္ မသတ္မွတ္ေတာ့ဘူး! "

" သူက စၿပီး တို႔ေတြကို မိသားစုလို႔ သတ္မွတ္ခဲ့တာမွမဟုတ္ဘဲ .. မင္းကို အျပစ္မတင္ပါဘူး .. "
လုခ်ီယြမ္ ေတြးေလ ေဒါသထြက္ေလမို႔ လက္ဖက္ရည္ခြက္ကို ပန္းကန္ျပားေလးေပၚေဆာင့္ခ်ပစ္လိုက္သည္။
" ခု သူ အရြယ္ေရာက္လာၿပီ .. လုပ္ခ်င္တာကို လုပ္တယ္ .. အေဖျဖစ္တဲ့ ငါေတာင္ တားလို႔မရဘူး .. အဲ့ဒီကေလး တကယ္ကို ပါးနပ္လာတယ္ .. ဒီေန့ မင္းကို လုပ္ႀကံရင္ မနက္ျဖန္မွာ ငါ့ကို လုပ္ႀကံႏိုင္တယ္ .. အဲ့ဒီဟာမေလးက တို႔ေတြကို မိသားစုလို႔ကို မသတ္မွတ္ခဲ့တာ! ရွခ်င္းေဝကေတာ့ သူ႔ကို ရတနာထုပ္ႀကီးလိုပဲ .. ျမင္ခ်င္ေသးတယ္ .. လုမန္နဲ႔သာေနရင္ ရွခ်င္းေဝ ဘယ္လိုနိဂံုးခ်ဳပ္သြားမလဲ "

" ဒီတစ္ခါေတာ့ တကယ္​လြန္တာေနာ္.. တို႔ေတြက သူ႔ကို မိသားစုလို သေဘာထားခဲ့ေပမယ့္ သူကေတာ့ ဆန္႔က်င္ဘက္ပဲ .. လုမိသားစုရဲ့သခင္မေလးအျဖစ္ ျပဳစုပ်ိဳးေထာင္ေပးထားခဲ့တာေတြ ဘယ္မလဲ .. အားလံုး အလကားပဲ .. သူမ်ားေတြမွာေတာ့ ဘြဲ႔ရၿပီး အလုပ္လက္မဲ့ျဖစ္ေနမွာကို စိုးရိမ္ေနၾကရတာ .. သူ႔က်ေတာ့ေရာ .. သူဘြဲ႔မရေသးတာေတာင္မွ တို႔ေတြက ကုမၸဏီမွာ အလုပ္တစ္ခု စီစဥ္ေပးခဲ့တာပဲ "
ရွခ်င္းယန္ ဤသို႔ အရွက္မရိွစြာ ဆို၏။

လုမန္ကို အတင္းေက်ာင္းထြက္ေစခဲ့တာ သူမနဲ႔ လုခ်ီယြမ္ပဲျဖစ္ေပမယ့္ ခုက်ေတာ့ လွီးလြဲေျပာေနျပန္သည္။ ဘြဲ႔မရခင္ အလုပ္ေပးသတဲ့..။

ကုမၸဏီမွာ လုခ်ီလက္ေထာက္လုပ္ရတာက အေစခံလုပ္ခိုင္းတာနဲ႔ ဘာမွမျခား။

ခုေန လုမန္သာ ဒီမွာရိွေနရင္ သူမပါးႏွစ္ဖက္ကို လႊဲရိုက္မိမွာပင္။

ရွခ်င္းယန္က လိုခ်င္သလိုေျပာယူတတ္၏။

" ေက်းဇူးကန္းတဲ့ေကာင္မ အလကားေကာင္မ "
လုခ်ီယြမ္ ေဒါသျဖင့္ ဆိုဖာကို ထုရိုက္ပစ္သည္။

" ခ်ီယြမ္ရယ္ .. ကြၽန္မတို႔ဘက္က သူ႔အတြက္ ေငြဆိုလည္းေငြ .. ဘဝေကာင္းရေအာင္လည္း လုပ္ေပးခဲ့တယ္ .. ဒါေပမဲ့ သူကေတာ့ ေကြၽးတဲ့လက္ကို ျပန္ကိုက္ဖို႔ ႀကိဳးစားလာတယ္ေလ။ ဒီတစ္ခါ ျပင္းျပင္းထန္ထန္ အျပစ္ေပးရမယ္ .. မဟုတ္ရင္ ရွင့္ေခါင္းေပၚခ်ီးတက္ပါေတာ့မွာ သိလား.. ကြၽန္မက ျဖစ္တယ္.. သူ႔ရဲ့အေမအရင္း မဟုတ္တဲ့အတြက္ သူ မေလးစားလည္း ဘာမွမျဖစ္ဘူး .. ကြၽန္မကို ေသပါေစလို႔ ဆုေတာင္းေနလားေတာင္မွ မသိတာ "

" အေမ့! ကိုယ့္ကိုယ္ကိုယ္ မက်ိန္နဲ႔ေလ.. "
လုခ်ီ မ်က္ရည္က်ျပေတာ့၏။

ရွခ်င္းယန္က လုခ်ီလက္ကို ပုတ္လိုက္ရင္း
" က်ိန္ေနတာမဟုတ္ဘူး သမီး .. လုမန္က အဲ့လိုျဖစ္ေစခ်င္ေနတာ .. ရဲစခန္းမွာေနခဲ့ရတဲ့ႏွစ္ရက္အတြင္း အေမ အမ်ားႀကီး ခံစားခဲ့ရတယ္ .. ညည္းတို႔သားအဖကို ထပ္မေတြ့ႏိုင္ေတာ့မွာကို ပူေနခဲ့ရတာ .. လုမန္ဘာလို႔ဒီေလာက္ရက္စက္ရတာလဲ နားမလည္ႏိုင္ဘူး .. ခ်ီယြမ္ ကြၽန္မက ဘာမွမျဖစ္ေပမယ့္ ရွင္က သူ႔အေဖေနာ္ .. ကြၽန္မကို မေလးစားတာ အျပစ္မဆိုဘူး .. ရွင့္ကိုေတာ့ မေလးမစားလုပ္လို႔မရဘူးေလ! ဘာျဖစ္ျဖစ္ အတူတူပဲ ရွင္ သူမ်ားေၾကာင့္ အရွက္မကြဲရဘူး။ အခု ဒီကိစၥက အြန္လိုင္းမွာ ပြထေနၿပီ .. ရွင္အျပင္ထြက္ရင္ အရွက္ရေတာ့မွာပဲ .. ရွင့္သမီးကေတာ့ ဒါကို နည္းနည္းမွ ဂရုမစိုက္ဘူးေနာ္.. "

ဒါဟာ လုခ်ီယြမ္ ေဒါသထြက္ရသည့္ အေၾကာင္း ျဖစ္သည္။ သူ အလုပ္ကိစၥေဆြးေနြးလိုက္တိုင္း ေတြ့သည့္လူက လုမန္အေၾကာင္း ေမးသည္။

လုခ်ီယြမ္အဖို႔ လုခ်ီဟာ အလိမၼာဆံုးသမီး ..
ဒါေတြအားလံုး လုမန္ေၾကာင့္ ျဖစ္ရတာ ..

" ဟြန္႔ .. ဒီအေဆာင္အေယာင္ေတြအားလံုးကို ငါ ေပးႏိုင္သလို ျပန္လည္းယူႏိုင္တယ္ .. အိမ္တစ္လံုး အလုပ္တစ္ေနရာ ေပးထားသလိုပဲ .. ဆင္းရဲလြန္းလို႔ ငတ္ျပတ္သြားေအာင္လည္း လုပ္ႏိုင္တယ္ .. ခ်ီခ်ီလက္ေထာက္လုပ္ရတာကို နိမ့္က်တယ္လို႔ ထင္ေနတာမဟုတ္လား.. အဟြန္း .. လက္ေထာက္ရာထူးကေန ျဖဳတ္ေပးလိုက္မယ္ .. တျခားအလုပ္ရွာရင္လည္း ရမွာမဟုတ္ဘူး .. ငါဟာ သိပ္ၾသဇာမေညာင္းေပမယ့္ ဘီၿမိဳ႔မွာေတာ့ သူ ငတ္သြားေအာင္ လုပ္ႏိုင္ပါေသးတယ္ .. ရွခ်င္းေဝရဲ့ ေဆးဖိုးဝါးခေတြမေပးႏိုင္ေတာ့ရင္ တို႔စကားကို သူ နားေထာင္လာရမွာပဲ! "
လုခ်ီယြမ္ ဘဝင္ခိုက္စြာ ေျပာဆိုခဲ့ေလ၏။

***

ယခုထိတိုင္ေအာင္ လုမန္ကေတာ့ လုခ်ီယြမ္အႀကံကို မသိေသးေပ။ ၿပီးခဲ့တဲ့ရက္အနည္းငယ္အတြင္းမွာ အလုပ္ေတြေတာ့ေလ်ွာက္ခဲ့သည္။

သို႔ေပမယ့္ ေမးလ္ပို႔တိုင္းမွာ ပယ္ခ်ခံရတာေတြရိွသလို အေၾကာင္းမျပန္တာေတြလည္း ရိွခဲ့၏။ ႏႈတ္ေျဖ ေရးေျဖလုပ္ဖို႔ေတာ့ အခြင့္မရေသး။

ခုေန့လယ္မွာေတာ့ က်ိဳးခ်န္က ေဆးရံုထဲသို႔ ကုပ္ကုပ္ေလး ဝင္သြားၿပီး ရႊီေဟြ့က အေပါက္ဝမွာ ေစာင့္က်န္ရစ္ခဲ့၏။

__________________________________________

Paid Gp
Group တစ္ခုလ်ွင္
• ပါဝင္မည့္ အပိုင္းေရ - ၁၈၀
• တန္ဖိုး - ၃၀၀၀ ( က်ပ္ )
Payment Method - KBZpay / Wave Pay / OK $

Total Chapter က သံုးေထာင့္ငါးရာ စြန္းစြန္း ( Including Side Stories ) ရိွပါတယ္။ ဝတၴုက ေခြးစာနဲ႔ Showbiz တစ္လိုင္းသြားပါ။ က်န္တာလည္း ပါခ်င္ပါလိမ့္မယ္။

Wattpad CB [ Message Box ] သို႔မဟုတ္ About မွာ တင္ေပးထားတဲ့ အေကာင့္ကေန Payment Method ႏွင့္တကြ ဆက္သြယ္ႏိုင္ပါတယ္။ Edited*

ကြိစိကြစ မ်ားျခင္း သည္းခံပါ 3
Sankyuu<3

__________________________________________

Continue Reading

You'll Also Like

7.5K 299 36
Sheila Villaester is from broken family. His parents separated when she was a child. Her mommy left her and she only came back when her daddy died. S...
14K 282 34
"hey freak!" "hey sparky!" when raven the girl who got dealt the hand of he devil in her life over comes her past and moves forward, making friends...
2.5M 147K 48
"You all must have heard that a ray of light is definitely visible in the darkness which takes us towards light. But what if instead of light the dev...
1.4M 33.4K 46
When young Diovanna is framed for something she didn't do and is sent off to a "boarding school" she feels abandoned and betrayed. But one thing was...