ထိုမှစခဲ့သော အချစ်များစွာသည်

بواسطة Fiendyy

638K 69.1K 1K

Translation of ❛ The Long-awaited Mr. Han『韩先生,情谋已久』❜ written by the author As If Dawn『恍若晨曦』. Story Cover is n... المزيد

INTRO
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36
37
38
39
40
41
42
43
44
45
46
47
48
49
50
51
52
53
54
55
56
57
58
59
60
61
62
63
64
65
66
67
69
70 + Paid Group Details
71
72
73
74
75
76
77
78
79
80
81
82
83
84
85
86
87
88
89
90
91
92
93
94
95
96
97
98
99
100
101
102
103
104
105
106
107
108
109
110
111 ~ 113
114 ~ 115
116 ~ 120
121 ~ 125
126 ~ 130
131 ~ 135
136 ~ 140
141 ~ 145
146 ~ 150
151 ~ 155
156 ~ 160
161 ~ 165
166 ~ 170
171 ~ 175
176 ~ 180
181 ~ 185
186 ~ 190
191 + 192
193 + 194
195 + 196
197 + 198
199 + 200
201 + 202
203 + 204
205 + 206
207 + 208
209 + 210

68

3.9K 463 5
بواسطة Fiendyy

၆၈။ [ အဲ့ဒီမှာ အနိုင်ကျင့်ခံခဲ့ရတယ် ]

နောက်ဆုံးစကားဟာ ထန်းကျိ၏ စိတ်ရင်းမှန် ဖြစ်နိုင်သည်။ လုမန်ရင်ထဲကြည်နူးဝမ်းမြောက်သွားရကာ သူ့အကြံကို သဘောတူလိုက်သည်။

“ အလုပ်ဖြစ်ပြီနော် ငါ့တာဝန်ထားလိုက် ”
ထန်းကျိ ဖုန်းချသွား၏။

***

နှစ်ရက်အကြာတွင် လုချီယွမ်က ရှချင်းယန်ကို စခန်းမှ ထုတ်နိုင်ခဲ့သည်။

စခန်းဝင်ပေါက်မှာ ရှချင်းယန် ပေါ်လာချိိန်တွင် လုချီယွမ်နှင့် လုချီတို့မှာ မှတ်ပင်မမှတ်မိကြ။

ရှချင်းယန်၏ တန်ဖိုးကြီးအဝတ်အစားတွေသည် လမ်းဘေးစျေးတန်းမှ ဝယ်ယူဝတ်ဆင်ထားသကဲ့သို့ ခြေဆုံးခေါင်းဆုံး တွန့်ကြေနေလေ၏။ မျက်နှာက ဖြူဆုတ်နေပြီး ကာလာမဲ့နေကာ မျက်တွင်းတွေလည်း ချိုင့်ဝင်နေသလို အိပ်ရေးပျက်ထား၍ နီရဲနေလျက်။ မျက်နှာက ချောင်ကျသွား၍ ပါးနှစ်ဖက်သည် တွင်းနက်ပမာ ခွက်ဝင်နေလေ၏။

ထို့ပြင် အမြဲ အစဥ်တစိုက် ထိန်းသိမ်းလာခဲ့သော အသားအရေသည်လည်း ယခုတော့ အိုမင်းရင့်ရော်ခြင်း ဖြစ်စဥ်ကို ဖော်ကျူးနေခဲ့လေပြီ။

နှစ်ရက်ပဲရှိသေးတယ်ဆိုပေမယ့် ရှချင်းယန်ရဲ့အရွယ်မှာ အသားအရေကို နှစ်ရက်လောက် ဂရုမစိုက်ခြင်းက နှစ်နှစ်လောက် ဂရုမစိုက်ခြင်းနဲ့ ညီမျှနေသည်။ ခုတော့ သူမပုံက ဖြူဖပ်ဖြူရော်နဲ့ လူမမာရုပ်လည်း ပေါက်နေရှာ၏။

လုချီယွမ် တုန်လှုပ်သွားသည်။ သူ့ရှေ့က အမျိုးသမီးဟာ မျက်လုံးတစ်ဝိုက်မှာ အရေးအကြောင်းတွေ ရှိနေသည်။ ဒါ တကယ်ပဲ သူ့ဇနီး ရှချင်းယန် ဟုတ်ရဲ့လား?

ဘယ်လို..ဘယ်လိုဖြစ်လို့ ခုလို အိုစာသွားရတာလဲ?

ချက်ချင်းပဲ လုချီယွမ်မှာ မနှစ်မြို့စိတ်တွေ ဖြစ်ရသည်။

ရှချင်းယန် အပြင်ရောက်တော့ နေရောင်ခြည်ကြောင့် မျက်လုံးတွေကျိန်းစက်သွားခဲ့၏။ လုချီယွမ်နဲ့ လုချီကို မြင်ရချိန်မှာ စိတ်လှုပ်ရှားလွန်းလို့ မနှစ်မြို့သော မျက်ဝန်းတွေကို မမြင်နိုင်ဘဲ သွက်သွက် ပြေးသွားလိုက်သည်။

“ ချီယွမ် ချီချီ! ”
ရှချင်းယန်ဆံပင်တွေ ဖရိုဖရဲရှုပ်ပွနေ၏။ နှစ်ရက်လုံး ရေမချိုး သွားမတိုက်ရသဖြင့် စကားပြောလိုက်တာနဲ့ အနံ့ဆိုးတွေ ထွက်လာသည်။

လုချီယွမ်နဲ့ လုချီက ရွံလို့ ချက်ချင်း နောက်ဆုတ်သွား၏။ ဒါကို သတိမမူမိတဲ့ ရှချင်းယန်က လုချီယွမ်ကို ဖက်ပြီး စတင်ငိုကြွေးတော့သည်။
“ ချီယွမ် ရှင်သိရဲ့လား ကျွန်မလေ အဲ့ဒီမှာ အရမ်းအနိုင်ကျင့်နှိပ်စက်ခံခဲ့ရတာပဲ.. သက်သေမရှိဘဲနဲ့ တူညီတဲ့မေးခွန်းကို ဖန်တစ်ရာထပ်အောင် မေးတယ် .. မျက်လုံးတွေကိုတောင် မီးနဲ့ ထိုးထားခဲ့တာ.. အိပ်စက်ခွင့် မပေး .. ရေလည်းမတိုက်နဲ့ နေ့နေ့ညည တူညီတဲ့မေးခွန်းတွေချည်းမေးတာ .. ကျွန်မ ရူးတော့မလို့ .. ”

ထိုအကြောင်းများကြောင့် ရဲစခန်းဆိုင်းဘုတ်နှင့် ဝင်ပေါက်ကို မြင်တိုင်း ရှချင်းယန် ကြောက်ကြောက်လန့်လန့်ဖြင့် အသားတွေတုန်သည်။

ဒါပေမဲ့ သူမစကား တစ်ခွန်းတစ်ပါဒမျှ လုချီယွမ် နားထဲမရောက်။ နှစ်ရက်ထိန်းသိမ်းခံရပြီးနောက် အသက်ရှူသံတွေ ဆိုးရွားလာသလို ဆံပင်တွေ ဆီတဝင်းဝင်း စိုကပ်လျက် နံဟောင်နေသော ရှချင်းယန်။

လုချီယွမ် မနှစ်မြို့စိတ်ကို ကွယ်ဝှက်လိုက်ရ၏။  “ ကားထဲအရင်ဝင်လိုက်ပါ .. အိမ်ရောက်မှစကားပြောကြမယ် ”

လမ်းလျှောက်ရင်း တငိုငိုတရီရီဖြစ်နေသော ရှချင်းယန်ကို လုချီက တွဲကူသည်။

ကားထဲဝင်မယ်ပြင်တော့ ဘယ်ကမှန်းမသိတဲ့ သတင်းထောက်တစ်အုပ်ကြီးရောက်ချလာတာ ဝံပုလွေအုပ်ကြီးအတိုင်း..

လုချီနဲ့ ရှချင်းယန် ဓာတ်ပုံတွေကို သည်းကြီးမည်းကြီး ရိုက်ယူကြလေသည်။

“ လုချီ ရဲစခန်းကိုလာတာ တစ်ညပေးအိပ်ပြီး အနာပေးလိုက်တဲ့ ကိစ္စကြောင့်လား ”

“ ရှချင်းယန် ခင်ဗျား သူခိုးတစ်ယောက်ကို သူတစ်ပါးအိမ် ဝင်ဓားပြတိုက်ဖို့ စေခိုင်းလိုက်တယ်နော် .. ဘာလို့ အဲ့ဒီလို လုပ်ခဲ့တာလဲ ”

“ တစ်ခုခုပြောပါ လုချီ! အင်တာနက်လောကသားတွေအားလုံးက မင်းကို အနုပညာလောကကနေ နုတ်ထွက်ခိုင်းဖို့ လိုက်ရှာနေကြတယ်.. မင်းဘယ်လိုဆုံးဖြတ်ထားလဲ ”

“ သွား .. သွားကြစမ်း! ”
လုချီအနားမှာ ဝိုင်းနေသော သတင်းထောက်တွေအားလုံးကို မြင်လိုက်ရတော့ ရှချင်းယန် လုချီကို ကာပေးလိုက်သည်။

လုချီယွမ်က ကားတံခါး အမြန်ဖွင့်ပြီး လုချီကို တွန်းထည့်လိုက်သည်။

ဒါပေမဲ့ ရှချင်းယန်က သတင်းထောက်ပင်လယ်မှာ နစ်မွန်းသွားခဲ့ရှာ၏။

“ လုမိသားစုက စည်းစိမ်ချမ်းသာရှိပါလျက်နဲ့ ခင်ဗျား ဘာကြောင့် သူများအိမ်က ပိုက်ဆံကို ဝင်ခိုးခိုင်းခဲ့တာလဲ .. ”

“ မဟုတ်ဘူး .. ငါမဟုတ်ဘူး.. ”
ရှချင်းယန် လက်တို့ကို ဆန့်ထုတ်၍ သတင်းထောက်တွေကို တွန်းပစ်ဖို့ ကြိုးစားသည်။

ဒါပေမဲ့ လူတွေအများကြီးအဝိုင်းခံထားရသလို နှစ်ရက်ကြာ ထိန်းသိမ်းခံရမှုအပြီး မောပန်းနေသော စိတ်အခြေအနေနဲ့ လက်တွေက ကိုးရိုးကားရား ဖြစ်နေခဲ့၏။ သတင်းထောက်ရဲ့အင်္ကျီကို မထိမိဘဲ ရှိနေလေရာ..

“ ခုတစ်ကြိမ် ဖောက်ထွင်းခံခဲ့ရတဲ့ အိမ်က လုမန်အမေအိမ်လို့ ကြားတယ်။ လုမန်အမေဟာ လုချီယွမ်ရဲ့ဇနီးဟောင်းလည်း ဖြစ်နေပြန်တယ် .. ခင်ဗျား ယောက်ျားဖြစ်သူရဲ့အရင်ဇနီးပိုင် ပိုက်ဆံတွေကို ခိုးခိုင်းခဲ့တာက ဘာကြောင့်လဲ ”

“ တွေ့ကရာရှစ်သောင်းလျှောက်မပြောနဲ့ .. နင့်မှာ ဘာသက်သေရှိလို့လဲ.. ”
ရှချင်းယန် စီခနဲ အော်၏။

ဒီလူတွေ ဒီရောက်လာခဲ့တာ လုမန်ကြောင့်မှန်း အတိအကျသိနေသည်။ အဲ့ကောင်မလေးက သူမကို နာမည်ပျက်နဲ့ ဖျက်ဆီးချင်တာ.. 

“ ခိုးခံရတော့မယ့် ငွေက ယွမ်တစ်သိန်းရှိတယ်တဲ့။ အဲ့ဒါ လုမန်မေမေ ခွဲစိတ်ဖို့ လိုအပ်နေတဲ့ ငွေပမာဏပဲ။ ခင်ဗျား ဘာလို့ ပထမအိမ်ထောင်ကို ဒုက္ခပေးဖို့ ကြိုးစားနေတာလဲ ... ”

 
*****

၆၈။ [ အဲ့ဒီမွာ အႏိုင္က်င့္ခံခဲ့ရတယ္ ]

ေနာက္ဆံုးစကားဟာ ထန္းက်ိ၏ စိတ္ရင္းမွန္ ျဖစ္ႏိုင္သည္။ လုမန္ရင္ထဲၾကည္ႏူးဝမ္းေျမာက္သြားရကာ သူ႔အႀကံကို သေဘာတူလိုက္သည္။

“ အလုပ္ျဖစ္ၿပီေနာ္ ငါ့တာဝန္ထားလိုက္ ”
ထန္းက်ိ ဖုန္းခ်သြား၏။

***

ႏွစ္ရက္အၾကာတြင္ လုခ်ီယြမ္က ရွခ်င္းယန္ကို စခန္းမွ ထုတ္ႏိုင္ခဲ့သည္။

စခန္းဝင္ေပါက္မွာ ရွခ်င္းယန္ ေပၚလာခ်ိန္တြင္ လုခ်ီယြမ္ႏွင့္ လုခ်ီတို႔မွာ မွတ္ပင္မမွတ္မိၾက။

ရွခ်င္းယန္၏ တန္ဖိုးႀကီးအဝတ္အစားေတြသည္ လမ္းေဘးေစ်းတန္းမွ ဝယ္ယူဝတ္ဆင္ထားသကဲ့သို႔ ေျခဆံုးေခါင္းဆံုး တြန္႔ေၾကေနေလ၏။ မ်က္ႏွာက ျဖဴဆုတ္ေနၿပီး ကာလာမဲ့ေနကာ မ်က္တြင္းေတြလည္း ခ်ိဳင့္ဝင္ေနသလို အိပ္ေရးပ်က္ထား၍ နီရဲေနလ်က္။ မ်က္ႏွာက ေခ်ာင္က်သြား၍ ပါးႏွစ္ဖက္သည္ တြင္းနက္ပမာ ခြက္ဝင္ေနေလ၏။

ထို႔ျပင္ အၿမဲ အစဥ္တစိုက္ ထိန္းသိမ္းလာခဲ့ေသာ အသားအေရသည္လည္း ယခုေတာ့ အိုမင္းရင့္ေရာ္ျခင္း ျဖစ္စဥ္ကို ေဖာ္က်ူးေနခဲ့ေလၿပီ။

ႏွစ္ရက္ပဲရိွေသးတယ္ဆိုေပမယ့္ ရွခ်င္းယန္ရဲ့အရြယ္မွာ အသားအေရကို ႏွစ္ရက္ေလာက္ ဂရုမစိုက္ျခင္းက ႏွစ္ႏွစ္ေလာက္ ဂရုမစိုက္ျခင္းနဲ႔ ညီမ်ွေနသည္။ ခုေတာ့ သူမပံုက ျဖဴဖပ္ျဖဴေရာ္နဲ႔ လူမမာရုပ္လည္း ေပါက္ေနရွာ၏။

လုခ်ီယြမ္ တုန္လႈပ္သြားသည္။ သူ႔ေရ႔ွက အမ်ိဳးသမီးဟာ မ်က္လံုးတစ္ဝိုက္မွာ အေရးအေၾကာင္းေတြ ရိွေနသည္။ ဒါ တကယ္ပဲ သူ႔ဇနီး ရွခ်င္းယန္ ဟုတ္ရဲ့လား?

ဘယ္လို..ဘယ္လိုျဖစ္လို႔ ခုလို အိုစာသြားရတာလဲ?

ခ်က္ခ်င္းပဲ လုခ်ီယြမ္မွာ မႏွစ္ၿမိဳ႔စိတ္ေတြ ျဖစ္ရသည္။

ရွခ်င္းယန္ အျပင္ေရာက္ေတာ့ ေနေရာင္ျခည္ေၾကာင့္ မ်က္လံုးေတြက်ိန္းစက္သြားခဲ့၏။ လုခ်ီယြမ္နဲ႔ လုခ်ီကို ျမင္ရခ်ိန္မွာ စိတ္လႈပ္ရွားလြန္းလို႔ မႏွစ္ၿမိဳ႔ေသာ မ်က္ဝန္းေတြကို မျမင္ႏိုင္ဘဲ သြက္သြက္ ေျပးသြားလိုက္သည္။

“ ခ်ီယြမ္ ခ်ီခ်ီ! ”
ရွခ်င္းယန္ဆံပင္ေတြ ဖရိုဖရဲရႈပ္ပြေန၏။ ႏွစ္ရက္လံုး ေရမခ်ိဳး သြားမတိုက္ရသျဖင့္ စကားေျပာလိုက္တာနဲ႔ အနံ႔ဆိုးေတြ ထြက္လာသည္။

လုခ်ီယြမ္နဲ႔ လုခ်ီက ရြံလို႔ ခ်က္ခ်င္း ေနာက္ဆုတ္သြား၏။ ဒါကို သတိမမူမိတဲ့ ရွခ်င္းယန္က လုခ်ီယြမ္ကို ဖက္ၿပီး စတင္ငိုေႂကြးေတာ့သည္။
“ ခ်ီယြမ္ ရွင္သိရဲ့လား ကြၽန္မေလ အဲ့ဒီမွာ အရမ္းအႏိုင္က်င့္ႏိွပ္စက္ခံခဲ့ရတာပဲ.. သက္ေသမရိွဘဲနဲ႔ တူညီတဲ့ေမးခြန္းကို ဖန္တစ္ရာထပ္ေအာင္ ေမးတယ္ .. မ်က္လံုးေတြကိုေတာင္ မီးနဲ႔ ထိုးထားခဲ့တာ.. အိပ္စက္ခြင့္ မေပး .. ေရလည္းမတိုက္နဲ႔ ေန့ေန့ညည တူညီတဲ့ေမးခြန္းေတြခ်ည္းေမးတာ .. ကြၽန္မ ရူးေတာ့မလို႔ .. ”

ထိုအေၾကာင္းမ်ားေၾကာင့္ ရဲစခန္းဆိုင္းဘုတ္ႏွင့္ ဝင္ေပါက္ကို ျမင္တိုင္း ရွခ်င္းယန္ ေၾကာက္ေၾကာက္လန္႔လန္႔ျဖင့္ အသားေတြတုန္သည္။

ဒါေပမဲ့ သူမစကား တစ္ခြန္းတစ္ပါဒမ်ွ လုခ်ီယြမ္ နားထဲမေရာက္။ ႏွစ္ရက္ထိန္းသိမ္းခံရၿပီးေနာက္ အသက္ရႉသံေတြ ဆိုးရြားလာသလို ဆံပင္ေတြ ဆီတဝင္းဝင္း စိုကပ္လ်က္ နံေဟာင္ေနေသာ ရွခ်င္းယန္။

လုခ်ီယြမ္ မႏွစ္ၿမိဳ႔စိတ္ကို ကြယ္ဝွက္လိုက္ရ၏။  “ ကားထဲအရင္ဝင္လိုက္ပါ .. အိမ္ေရာက္မွစကားေျပာၾကမယ္ ”

လမ္းေလ်ွာက္ရင္း တငိုငိုတရီရီျဖစ္ေနေသာ ရွခ်င္းယန္ကို လုခ်ီက တြဲကူသည္။

ကားထဲဝင္မယ္ျပင္ေတာ့ ဘယ္ကမွန္းမသိတဲ့ သတင္းေထာက္တစ္အုပ္ႀကီးေရာက္ခ်လာတာ ဝံပုေလြအုပ္ႀကီးအတိုင္း..

လုခ်ီနဲ႔ ရွခ်င္းယန္ ဓာတ္ပံုေတြကို သည္းႀကီးမည္းႀကီး ရိုက္ယူၾကေလသည္။

“ လုခ်ီ ရဲစခန္းကိုလာတာ တစ္ညေပးအိပ္ၿပီး အနာေပးလိုက္တဲ့ ကိစၥေၾကာင့္လား ”

“ ရွခ်င္းယန္ ခင္ဗ်ား သူခိုးတစ္ေယာက္ကို သူတစ္ပါးအိမ္ ဝင္ဓားျပတိုက္ဖို႔ ေစခိုင္းလိုက္တယ္ေနာ္ .. ဘာလို႔ အဲ့ဒီလို လုပ္ခဲ့တာလဲ ”

“ တစ္ခုခုေျပာပါ လုခ်ီ! အင္တာနက္ေလာကသားေတြအားလံုးက မင္းကို အႏုပညာေလာကကေန ႏုတ္ထြက္ခိုင္းဖို႔ လိုက္ရွာေနၾကတယ္.. မင္းဘယ္လိုဆံုးျဖတ္ထားလဲ ”

“ သြား .. သြားၾကစမ္း! ”
လုခ်ီအနားမွာ ဝိုင္းေနေသာ သတင္းေထာက္ေတြအားလံုးကို ျမင္လိုက္ရေတာ့ ရွခ်င္းယန္ လုခ်ီကို ကာေပးလိုက္သည္။

လုခ်ီယြမ္က ကားတံခါး အျမန္ဖြင့္ၿပီး လုခ်ီကို တြန္းထည့္လိုက္သည္။

ဒါေပမဲ့ ရွခ်င္းယန္က သတင္းေထာက္ပင္လယ္မွာ နစ္မြန္းသြားခဲ့ရွာ၏။

“ လုမိသားစုက စည္းစိမ္ခ်မ္းသာရိွပါလ်က္နဲ႔ ခင္ဗ်ား ဘာေၾကာင့္ သူမ်ားအိမ္က ပိုက္ဆံကို ဝင္ခိုးခိုင္းခဲ့တာလဲ .. ”

“ မဟုတ္ဘူး .. ငါမဟုတ္ဘူး.. ”
ရွခ်င္းယန္ လက္တို႔ကို ဆန္႔ထုတ္၍ သတင္းေထာက္ေတြကို တြန္းပစ္ဖို႔ ႀကိဳးစားသည္။

ဒါေပမဲ့ လူေတြအမ်ားႀကီးအဝိုင္းခံထားရသလို ႏွစ္ရက္ၾကာ ထိန္းသိမ္းခံရမႈအၿပီး ေမာပန္းေနေသာ စိတ္အေျခအေနနဲ႔ လက္ေတြက ကိုးရိုးကားရား ျဖစ္ေနခဲ့၏။ သတင္းေထာက္ရဲ့အက်ႌကို မထိမိဘဲ ရိွေနေလရာ..

“ ခုတစ္ႀကိမ္ ေဖာက္ထြင္းခံခဲ့ရတဲ့ အိမ္က လုမန္အေမအိမ္လို႔ ၾကားတယ္။ လုမန္အေမဟာ လုခ်ီယြမ္ရဲ့ဇနီးေဟာင္းလည္း ျဖစ္ေနျပန္တယ္ .. ခင္ဗ်ား ေယာက္်ားျဖစ္သူရဲ့အရင္ဇနီးပိုင္ ပိုက္ဆံေတြကို ခိုးခိုင္းခဲ့တာက ဘာေၾကာင့္လဲ ”

“ ေတြ့ကရာရွစ္ေသာင္းေလ်ွာက္မေျပာနဲ႔ .. နင့္မွာ ဘာသက္ေသရိွလို႔လဲ.. ”
ရွခ်င္းယန္ စီခနဲ ေအာ္၏။

ဒီလူေတြ ဒီေရာက္လာခဲ့တာ လုမန္ေၾကာင့္မွန္း အတိအက်သိေနသည္။ အဲ့ေကာင္မေလးက သူမကို နာမည္ပ်က္နဲ႔ ဖ်က္ဆီးခ်င္တာ.. 

“ ခိုးခံရေတာ့မယ့္ ေငြက ယြမ္တစ္သိန္းရိွတယ္တဲ့။ အဲ့ဒါ လုမန္ေမေမ ခြဲစိတ္ဖို႔ လိုအပ္ေနတဲ့ ေငြပမာဏပဲ။ ခင္ဗ်ား ဘာလို႔ ပထမအိမ္ေထာင္ကို ဒုကၡေပးဖို႔ ႀကိဳးစားေနတာလဲ ... ”

 
*****

واصل القراءة

ستعجبك أيضاً

77.4K 4.1K 39
"Oh, Yunho, what do lavender roses mean?" Wooyoung asked. "Oh them? They mean, love at first sight " { Story inspired by the famous book series, Perc...
4.1M 170K 63
The story of Abeer Singh Rathore and Chandni Sharma continue.............. when Destiny bond two strangers in holy bond accidentally ❣️ Cover credit...
2.8M 161K 50
"You all must have heard that a ray of light is definitely visible in the darkness which takes us towards light. But what if instead of light the dev...
4.3K 373 97
Story Name- Your Highness, I Know My Wrongs Chapter- 95 Chapters(Completed) Not my story I just translation English to Myanmar Language All rights go...