(Unicode)
၆၀။ [ လူရွယ်တစ်ယောက် ကြမ်းပြင်ပေါ်မှာထိုင်လျက်သားဖြင့် မျက်နှာက ပွန်းပဲ့ထိခိုက်လို့ပါ ]
ပြီးတော့ ကိုယ်ရံတော်နှစ်ဦးကလည်း သည်နေ့ဖြစ်ပျက်ခဲ့သမျှကို ဟန်ကျိုးလီအား ကျိန်းသေပေါက် အစီရင်ခံတင်ပြပါလိမ့်မည်။
ဒါကို သူမဘက်က ဘာမှမဆိုရင် ကျေးဇူးကန်းရာကျဦးမည်။
“ အင်းပါ သမီးခုပဲ အိမ်ကို ပြန်ယူလိုက်ပါမယ်၊ ပြီးတော့ နေ့လယ်စာချက်ပြုတ်ပြင်ဆင်ပြီးမှ ယူလာခဲ့မယ်နော်.. ဆေးရုံစာတွေချည်းစားနေလို့ဘယ်ဖြစ်မလဲ ”
သူမမှတစ်ပါး ရှချင်းဝေအား ပြုစုစောင့်ရှောက်မည့်သူ မရှိသောကြောင့် လုမန် နေ့တိုင်း ဆေးရုံကန်တင်းကနေပဲ စားစရာတွေဝယ်ခဲ့ရ၏။
“ သွားမှသာသွားပါ .. အမေ့ကိုပူစရာမလိုဘူး.. နာရီပိုင်းလောက်ပဲကြာမယ့်ဥစ္စာ.. ဖြစ်မှာပါ ”
လုမန် အိတ်လေးဆွဲပြီး အပြင်ထွက်လာတော့ လူနာခန်းရှေ့မျက်နှာစာရှိ ကုလားထိုင်များပေါ်တွင်ထိုင်နေသော ကျိုးချန်နှင့် ရွှီဟွေ့ကို တွေ့လိုက်ရသည်။
သူမကိုမြင်တော့ နှစ်ယောက်သားထရပ်ကြ၏။
“ အစ်ကိုကျိုး .. အစ်ကိုရွှီ .. ကျွန်မအိမ်ကိုပြန်ပြီး မေမေ့အတွက် နေ့လယ်စာပြင်ဖို့လေးရှိလို့ .. ဒီမှာစိတ်ချရအောင် စောင့်ပေးကြပါဦးနော် ”
လုမန် အားနာစွာဖြင့် ပြောလိုက်ရ၏။
“ ဘာမှအားနာနေစရာမလိုဘူး နာမည်ပဲခေါ်ပါ ”
ကျိုးချန်က ချက်ချင်းပြောလိုက်သည်။ သူဟာ လုမန်က အစ်ကိုကျိုး ဟု တယဥ်တကျေးတပ်ခေါ်ရလောက်သည့်လူ မဟုတ်။
ဟန်ကျိုးလီက ဘာအတွက်ကြောင့်ပဲ သူတို့ကို ချန်ထားရစ်ခဲ့ပါစေ ဟန်ကျိုးလီမျက်ဝန်းထဲမှာ လုမန် အရေးပါသည်က ထင်ရှားနေပေ၏။
ထို့ပြင် ကျိုးချန်နှင့် ရွှီဟွေ့ နှစ်ဦးစလုံးသည် ဟန်ကျိုးလီလက်အောက်တွင် အချိန်ကြာမြင့်စွာ တာဝန်ထမ်းဆောင်နေခဲ့သည့်တိုင် မည်သည့်မိန်းမကိုမျှ ဟန်ကျိုးလီ တစ်ခါထက်ပိုကြည့်သည်ကိုတော့ မမြင်မတွေ့ခဲ့ရဖူးချေ။
ဟန်ကျိုးလီသည် အနုပညာလောကကို အုပ်စိုးနေသော ကုမ္ပဏီဖြစ်သည့် ဟန်ကော်ပိုရေးရှင်းမှ စီအီးအိုတစ်ဦး ဖြစ်လေသည်။ သူကိုယ်တိုင်က အနုပညာလောက၏ တစ်စိတ်တစ်ပိုင်းဖြစ်နေခဲ့သော်လည်း မည်သည့်အမျိုးသမီးနှင့်မျှ ပတ်သက်ခြင်းမရှိခဲ့။ သူတို့ပြောပြလျှင် ယုံမည့်သူပင် ရှိပါ့မလား။
ဒါပေမဲ့ ခုတော့လည်း ဒီလိုဖြစ်ရပြန်သည်။
လုမန်တစ်ဦးတည်းသာလျှင် ဟန်ကျိုးလီအတွက် ခြွင်းချက်တစ်ခု ဖြစ်နေခဲ့သတဲ့။
ထို့ကြောင့် ကျိုးချန်နှင့် ရွှီဟွေ့မှာ လုမန်ကို နည်းနည်းမျှ အထင်မသေးရဲပါချေ။
စီအီးအိုကြီး၏ အနာဂတ်ဇနီးလောင်းအဖြစ် ဆက်ဆံသည် မဟုတ်လျှင်တောင်မှ ထိုက်သင့်သည့်အလျောက် လေးစားမှုဖြင့် သူမအား ဆက်ဆံရပေမည်။
“ ဟုတ်တယ် ဟုတ်တယ် တို့တွေကို အားနာစရာလည်း မလိုဘူး ယဥ်ကျေးစရာလည်း မလိုဘူး၊ တို့နှစ်ယောက်ထဲက တစ်ယောက်ကိုပါ ရွေးပြီး ဘာလို့မခေါ်သွားတာလဲ ”
ရွှီဟွေ့က ပြောလာခဲ့သည်။
လုမန် ငြင်းလိုက်ပါသည်။ သူတို့တွေဟာ ဟန်ကျိုးလီထားခဲ့သည့် လူတွေဖြစ်သော်ငြား ကိုယ့်သက်တော်စောင့်တွေ မဟုတ်၍ အသုံးချရမည်ကို သူမ ရှက်မိသည်။
“ ရွှီဟွေ့ကို ခေါ်သွားရင်ကော ဘယ့်နှယ်လဲ..။ လုချီယွမ်က ဆေးရုံကိုတောင် လူတွေခေါ်လာပြီး မင်းကိုအဖမ်းလွှတ်တာဆိုတော့ အိမ်ကိုပါ လူလွှတ်ထားရင် မလွယ်ဘူး။ တကယ်လို့သာဟုတ်နေရင် ရွှီဟွေ့လည်းရှိနေတော့ စိတ်ပူစရာနည်းသွားမယ် ”
တွေးကြည့်လိုက်မှ သူပြောတာမှန်နေသည် ဟု လုမန် ထင်သည်။ အားလုံးကို မစဥ်းစားကြည့်ရင်တောင်မှ သတ္တဝါရိုင်းတွေကဲ့သို့ ထင်ရာစိုင်းတတ်သော၊ ရမ်းကားကြမ်းတမ်းသော လုချီယွမ်နှင့် ရှချင်းဝေ၏ စိတ်နေစိတ်ထားအရဆိုလျှင် ထိုသို့လုပ်မည်က ဖြစ်နိုင်ပါသည်။
ထို့ကြောင့် ရွှီဟွေ့ကို သူမ ခေါ်ခဲ့လိုက်၏။
ထို့ပြင် ကျိုးချန်နှင့် ရွှီဟွေ့၏ ကားကို ဆေးရုံကားပါကင်တွင် ထိုးထားကြသည်ဖြစ်ရာ သူမ အများသုံးယာဥ်စီးရမည့် ဝဋ်က ကျွတ်သွား၏။
နေအိမ်တံခါးသို့ ရောက်လျှင် လုမန် တံခါးဖွင့်ရန် ပြင်လိုက်ပေမယ့် တံခါးသော့မှာ ချွတ်ယွင်းချက်ရှိနေသည်ကို သတိထားမိလိုက်၏။
သဘာဝအလျောက် ရွှီဟွေ့ကလည်း ဒါကို သတိထားမိပါသည်။ သူက လုမန်ကို ချက်ချင်း သူ့ကျောဘက်သို့ပို့ပြီး တိုးတိုး ပြောလိုက်သည်။
“ အပြင်မှာပဲစောင့်နေပါ .. ပြဿနာမရှိဘူးဆိုမှ လိုက်ဝင်လာခဲ့ ”
လုမန် ခေါင်းညိတ်လိုက်၏။
ရွှီဟွေ့ကတံခါးလက်ကိုင်ကိုအသာလေးလှည့်ဖွင့်သည်။ အသံနည်းနည်းမျှ မထွက်ဘဲ တံခါးဟာ သူ့အတိုင်း ပွင့်သွားခဲ့၏။
လုမန်မျက်နှာမည်းလျက်ရှိသည်။ ရွှီဟွေ့က လက်အမူအရာဖြင့် သတိထားရန် မှာကာ အရင်ဝင်သွားနှင့်၏။
ရွှီဟွေ့ကို နှောင့်နှေးမည်စိုး၍ လုမန်က တံခါးမှာ စောင့်လျက် အသံနည်းနည်းမျှ မပြုခဲ့ပေ။ သို့ပေမယ့် ထွေးလုံးသတ်ပုတ်သံတွေကို ရုတ်တရက် ကြားလိုက်ရသောအခါ လည်ပင်းလေးဆန့်လို့ တံခါးကနေ ခေါင်းပြူကြည့်မိ၏။
နောက်တော့ ပြိုကျသံတွေလည်း ထွက်လာကာ လူတစ်ယောက် မြေပေါ်ပစ်လှဲခံလိုက်ရတာဖြစ်ဖို့များသည်။
ခဏကြာတော့ ရွှီဟွေ့ဆီမှ အသံထွက်လာ၏။
“ လုမန် .. အခုဝင်လာလို့ရပြီ ”
အစောပိုင်းက အိမ်သို့ပြန်ရာလမ်းတွင် လုမန်က ရွှီဟွေ့ကို နာမည်ပဲခေါ်ဖို့ရန် တောင်းဆိုခဲ့၏။
သူမသည် ရွှီဟွေ့နှင့် ကျိုးချန်၏ သူဌေး မဟုတ်သလို အထက်လူကြီးလည်း မဟုတ်၊ ကိုယ်က သူတို့ဆီမှ အကူအညီယူနေရသည်ဖြစ်ရာ မောက်မာထောင်လွှားနေရင် တော်တော်ရုပ်ပေါက်မည်။
လုမန် ပြေးဝင်သွားလိုက်တော့ လူရွယ်တစ်ယောက် ကြမ်းပြင်ပေါ်မှာထိုင်လျက်သားဖြင့် မျက်နှာက ပွန်းပဲ့ထိခိုက်လို့ပါ။ လက်တွေကိုတော့ ရွှီဟွေ့က ခန်းဆီးစဖြင့် အနောက်မှာတုပ်ချည်ထားသည်။ အနှီယောက်ျား၏ ဆံပင်ကို ရွှီဟွေ့က ဆွဲထား၍သာ မဟုတ်လျှင် ရထားသည့် နာကျင်မှုတွေကြောင့် အကြင်သူမှာ မတ်မတ်ထိုင်ရန်ပင် မဖြစ်နိုင်လောက်ပေ။
*****
(Zawgyi)
၆၀။ [ လူရြယ္တစ္ေယာက္ ၾကမ္းျပင္ေပၚမွာထိုင္လ်က္သားျဖင့္ မ်က္ႏွာက ပြန္းပဲ့ထိခိုက္လို႔ပါ ]
ၿပီးေတာ့ ကိုယ္ရံေတာ္ႏွစ္ဦးကလည္း သည္ေန့ျဖစ္ပ်က္ခဲ့သမ်ွကို ဟန္က်ိဳးလီအား က်ိန္းေသေပါက္ အစီရင္ခံတင္ျပပါလိမ့္မည္။
ဒါကို သူမဘက္က ဘာမွမဆိုရင္ ေက်းဇူးကန္းရာက်ဦးမည္။
“ အင္းပါ သမီးခုပဲ အိမ္ကို ျပန္ယူလိုက္ပါမယ္၊ ၿပီးေတာ့ ေန့လယ္စာခ်က္ျပဳတ္ျပင္ဆင္ၿပီးမွ ယူလာခဲ့မယ္ေနာ္.. ေဆးရံုစာေတြခ်ည္းစားေနလို႔ဘယ္ျဖစ္မလဲ ”
သူမမွတစ္ပါး ရွခ်င္းေဝအား ျပဳစုေစာင့္ေရွာက္မည့္သူ မရိွေသာေၾကာင့္ လုမန္ ေန့တိုင္း ေဆးရံုကန္တင္းကေနပဲ စားစရာေတြဝယ္ခဲ့ရ၏။
“ သြားမွသာသြားပါ .. အေမ့ကိုပူစရာမလိုဘူး.. နာရီပိုင္းေလာက္ပဲၾကာမယ့္ဥစၥာ.. ျဖစ္မွာပါ ”
လုမန္ အိတ္ေလးဆြဲၿပီး အျပင္ထြက္လာေတာ့ လူနာခန္းေရ႔ွမ်က္ႏွာစာရိွ ကုလားထိုင္မ်ားေပၚတြင္ထိုင္ေနေသာ က်ိဳးခ်န္ႏွင့္ ရႊီေဟြ့ကို ေတြ့လိုက္ရသည္။
သူမကိုျမင္ေတာ့ ႏွစ္ေယာက္သားထရပ္ၾက၏။
“ အစ္ကိုက်ိဳး .. အစ္ကိုရႊီ .. ကြၽန္မအိမ္ကိုျပန္ၿပီး ေမေမ့အတြက္ ေန့လယ္စာျပင္ဖို႔ေလးရိွလို႔ .. ဒီမွာစိတ္ခ်ရေအာင္ ေစာင့္ေပးၾကပါဦးေနာ္ ”
လုမန္ အားနာစြာျဖင့္ ေျပာလိုက္ရ၏။
“ ဘာမွအားနာေနစရာမလိုဘူး နာမည္ပဲေခၚပါ ”
က်ိဳးခ်န္က ခ်က္ခ်င္းေျပာလိုက္သည္။ သူဟာ လုမန္က အစ္ကိုက်ိဳး ဟု တယဥ္တေက်းတပ္ေခၚရေလာက္သည့္လူ မဟုတ္။
ဟန္က်ိဳးလီက ဘာအတြက္ေၾကာင့္ပဲ သူတို႔ကို ခ်န္ထားရစ္ခဲ့ပါေစ ဟန္က်ိဳးလီမ်က္ဝန္းထဲမွာ လုမန္ အေရးပါသည္က ထင္ရွားေနေပ၏။
ထို႔ျပင္ က်ိဳးခ်န္ႏွင့္ ရႊီေဟြ့ ႏွစ္ဦးစလံုးသည္ ဟန္က်ိဳးလီလက္ေအာက္တြင္ အခ်ိန္ၾကာျမင့္စြာ တာဝန္ထမ္းေဆာင္ေနခဲ့သည့္တိုင္ မည္သည့္မိန္းမကိုမ်ွ ဟန္က်ိဳးလီ တစ္ခါထက္ပိုၾကည့္သည္ကိုေတာ့ မျမင္မေတြ့ခဲ့ရဖူးေခ်။
ဟန္က်ိဳးလီသည္ အႏုပညာေလာကကို အုပ္စိုးေနေသာ ကုမၸဏီျဖစ္သည့္ ဟန္ေကာ္ပိုေရးရွင္းမွ စီအီးအိုတစ္ဦး ျဖစ္ေလသည္။ သူကိုယ္တိုင္က အႏုပညာေလာက၏ တစ္စိတ္တစ္ပိုင္းျဖစ္ေနခဲ့ေသာ္လည္း မည္သည့္အမ်ိဳးသမီးႏွင့္မ်ွ ပတ္သက္ျခင္းမရိွခဲ့။ သူတို႔ေျပာျပလ်ွင္ ယံုမည့္သူပင္ ရိွပါ့မလား။
ဒါေပမဲ့ ခုေတာ့လည္း ဒီလိုျဖစ္ရျပန္သည္။
လုမန္တစ္ဦးတည္းသာလ်ွင္ ဟန္က်ိဳးလီအတြက္ ႁခြင္းခ်က္တစ္ခု ျဖစ္ေနခဲ့သတဲ့။
ထို႔ေၾကာင့္ က်ိဳးခ်န္ႏွင့္ ရႊီေဟြ့မွာ လုမန္ကို နည္းနည္းမ်ွ အထင္မေသးရဲပါေခ်။
စီအီးအိုႀကီး၏ အနာဂတ္ဇနီးေလာင္းအျဖစ္ ဆက္ဆံသည္ မဟုတ္လ်ွင္ေတာင္မွ ထိုက္သင့္သည့္အေလ်ာက္ ေလးစားမႈျဖင့္ သူမအား ဆက္ဆံရေပမည္။
“ ဟုတ္တယ္ ဟုတ္တယ္ တို႔ေတြကို အားနာစရာလည္း မလိုဘူး ယဥ္ေက်းစရာလည္း မလိုဘူး၊ တို႔ႏွစ္ေယာက္ထဲက တစ္ေယာက္ကိုပါ ေရြးၿပီး ဘာလို႔မေခၚသြားတာလဲ ”
ရႊီေဟြ့က ေျပာလာခဲ့သည္။
လုမန္ ျငင္းလိုက္ပါသည္။ သူတို႔ေတြဟာ ဟန္က်ိဳးလီထားခဲ့သည့္ လူေတျြဖစ္ေသာ္ျငား ကိုယ့္သက္ေတာ္ေစာင့္ေတြ မဟုတ္၍ အသံုးခ်ရမည္ကို သူမ ရွက္မိသည္။
“ ရႊီေဟြ့ကို ေခၚသြားရင္ေကာ ဘယ့္ႏွယ္လဲ..။ လုခ်ီယြမ္က ေဆးရံုကိုေတာင္ လူေတြေခၚလာၿပီး မင္းကိုအဖမ္းလႊတ္တာဆိုေတာ့ အိမ္ကိုပါ လူလႊတ္ထားရင္ မလြယ္ဘူး။ တကယ္လို႔သာဟုတ္ေနရင္ ရႊီေဟြ့လည္းရိွေနေတာ့ စိတ္ပူစရာနည္းသြားမယ္ ”
ေတြးၾကည့္လိုက္မွ သူေျပာတာမွန္ေနသည္ ဟု လုမန္ ထင္သည္။ အားလံုးကို မစဥ္းစားၾကည့္ရင္ေတာင္မွ သတၲဝါရိုင္းေတြကဲ့သို႔ ထင္ရာစိုင္းတတ္ေသာ၊ ရမ္းကားၾကမ္းတမ္းေသာ လုခ်ီယြမ္ႏွင့္ ရွခ်င္းေဝ၏ စိတ္ေနစိတ္ထားအရဆိုလ်ွင္ ထိုသို႔လုပ္မည္က ျဖစ္ႏိုင္ပါသည္။
ထို႔ေၾကာင့္ ရႊီေဟြ့ကို သူမ ေခၚခဲ့လိုက္၏။
ထို႔ျပင္ က်ိဳးခ်န္ႏွင့္ ရႊီေဟြ့၏ ကားကို ေဆးရံုကားပါကင္တြင္ ထိုးထားၾကသည္ျဖစ္ရာ သူမ အမ်ားသံုးယာဥ္စီးရမည့္ ဝဋ္က ကြၽတ္သြား၏။
ေနအိမ္တံခါးသို႔ ေရာက္လ်ွင္ လုမန္ တံခါးဖြင့္ရန္ ျပင္လိုက္ေပမယ့္ တံခါးေသာ့မွာ ခြၽတ္ယြင္းခ်က္ရိွေနသည္ကို သတိထားမိလိုက္၏။
သဘာဝအေလ်ာက္ ရႊီေဟြ့ကလည္း ဒါကို သတိထားမိပါသည္။ သူက လုမန္ကို ခ်က္ခ်င္း သူ႔ေက်ာဘက္သို႔ပို႔ၿပီး တိုးတိုး ေျပာလိုက္သည္။
“ အျပင္မွာပဲေစာင့္ေနပါ .. ျပႆနာမရိွဘူးဆိုမွ လိုက္ဝင္လာခဲ့ ”
လုမန္ ေခါင္းညိတ္လိုက္၏။
ရႊီေဟြ့ကတံခါးလက္ကိုင္ကိုအသာေလးလွည့္ဖြင့္သည္။ အသံနည္းနည္းမ်ွ မထြက္ဘဲ တံခါးဟာ သူ႔အတိုင္း ပြင့္သြားခဲ့၏။
လုမန္မ်က္ႏွာမည္းလ်က္ရိွသည္။ ရႊီေဟြ့က လက္အမူအရာျဖင့္ သတိထားရန္ မွာကာ အရင္ဝင္သြားႏွင့္၏။
ရႊီေဟြ့ကို ေနွာင့္ေနွးမည္စိုး၍ လုမန္က တံခါးမွာ ေစာင့္လ်က္ အသံနည္းနည္းမ်ွ မျပဳခဲ့ေပ။ သို႔ေပမယ့္ ေထြးလံုးသတ္ပုတ္သံေတြကို ရုတ္တရက္ ၾကားလိုက္ရေသာအခါ လည္ပင္းေလးဆန္႔လို႔ တံခါးကေန ေခါင္းျပဴၾကည့္မိ၏။
ေနာက္ေတာ့ ၿပိဳက်သံေတြလည္း ထြက္လာကာ လူတစ္ေယာက္ ေျမေပၚပစ္လွဲခံလိုက္ရတာျဖစ္ဖို႔မ်ားသည္။
ခဏၾကာေတာ့ ရႊီေဟြ့ဆီမွ အသံထြက္လာ၏။
“ လုမန္ .. အခုဝင္လာလို႔ရၿပီ ”
အေစာပိုင္းက အိမ္သို႔ျပန္ရာလမ္းတြင္ လုမန္က ရႊီေဟြ့ကို နာမည္ပဲေခၚဖို႔ရန္ ေတာင္းဆိုခဲ့၏။
သူမသည္ ရႊီေဟြ့ႏွင့္ က်ိဳးခ်န္၏ သူေဌး မဟုတ္သလို အထက္လူႀကီးလည္း မဟုတ္၊ ကိုယ္က သူတို႔ဆီမွ အကူအညီယူေနရသည္ျဖစ္ရာ ေမာက္မာေထာင္လႊားေနရင္ ေတာ္ေတာ္ရုပ္ေပါက္မည္။
လုမန္ ေျပးဝင္သြားလိုက္ေတာ့ လူရြယ္တစ္ေယာက္ ၾကမ္းျပင္ေပၚမွာထိုင္လ်က္သားျဖင့္ မ်က္ႏွာက ပြန္းပဲ့ထိခိုက္လို႔ပါ။ လက္ေတြကိုေတာ့ ရႊီေဟြ့က ခန္းဆီးစျဖင့္ အေနာက္မွာတုပ္ခ်ည္ထားသည္။ အႏွီေယာက္်ား၏ ဆံပင္ကို ရႊီေဟြ့က ဆြဲထား၍သာ မဟုတ္လ်ွင္ ရထားသည့္ နာက်င္မႈေတြေၾကာင့္ အၾကင္သူမွာ မတ္မတ္ထိုင္ရန္ပင္ မျဖစ္ႏိုင္ေလာက္ေပ။
*****