(Unicode)
၅၉။ [ ဟန်ကျိုးလီကို ကျေးဇူးတင်စကားပြောကိုပြောရမယ် ]
“ နှစ်ယောက်လုံးရေသောက်ပါဦးလား ”
လုမန်က ရေခွက်တစ်ခွက်စီပေးလိုက်ကာ
“ ဒီမှာတစ်ချိန်လုံးနေပြီး အားလုံးအဆင်ပြေအောင်စောင့်ကြပ်ပေးရတာခက်ခဲမှာပါနော်.. ရေသောက်ချင်တာတို့ သန့်စင်ခန်းဝင်ချင်တာတို့ဆိုရင်တောင် လွယ်လွယ်ထွက်သွားလို့မရဘူး ”
သူတို့ရေဆာနေသည်မှာအမှန်ဖြစ်၍ မငြင်းဘဲ ပေးသည့်ရေခွက်ကိုယူကာ တစ်ကျိုက်တည်းမော့သောက်ပစ်လိုက်သည်။
လုမန်က ထပ်ယူပေးမည်ပြင်တော့ သူတို့က တစ်ခွက်ဖြင့် လုံလောက်ပါပြီ ဟု ဆိုကာ တားခဲ့၏။
“ မေးပါရစေနော်..သခင်လေးဟန်ကဘာလို့ဒီလိုတွေလုပ်ပေးတာတဲ့လဲ? ”
လုမန်မေးလိုက်တော့ ကျိုးချန်က ခေါင်းခါ၏။
“ ကျုပ်တို့လည်းမသိပါဘူး သခင်လေးဟန်က စိတ်ချရအောင် ဒီမှာနေခဲ့ပြောလို့ ဒီမှာကျန်ခဲ့ပြီး မိန်းကလေးနဲ့ မိခင်ဖြစ်သူကို စောင့်ရှောက်ပေးနေတာပါ၊ တခြားတော့မေးလို့မရပါဘူး ”
“ ဟုတ်ကဲ့ ”
လုမန်က နှုတ်ခမ်းတစ်ချက်သပ်လိုက်ကာ..
“ ကျွန်မကတော့ မာရေကျောရေနဲ့ ရှင်တို့အကူအညီမလိုဘူးလို့ ပြောလွှတ်မယ့်သူမျိုး မဟုတ်ပါဘူး..ဒီနေ့လိုပဲ ရှင်တို့နှစ်ဦးသာမရှိခဲ့ရင် ကျွန်မတစ်ယောက်တည်းဖြေရှင်းနိုင်မှာမဟုတ်တာကြောင့် နောက်ကိုလည်း ဒီမှာ စောင့်ကြပ်ပေးဖို့ ဒုက္ခပေးရပါဦးမယ် ”
“ ရတာပေါ့ ကိစ္စမရှိပါဘူး ”
ကျိုးချန်က ခုမှ စိုးရိမ်ဝန်တွေပေါ့သွားပြီ ဟူသော အပြုံးဖြင့် ပြုံးသည်။
“ တို့က တွေ့သွားရင် နှင်ထုတ်မလားဆိုပြီး တွေးပူနေတာ ”
“ ..ကျွန်မအဲ့လောက်မထုံပါဘူးရယ် လက်ရှိအခြေအနေကိုလည်း အရှင်းကြီးနားလည်တယ်၊ အခု ရှင်တို့နှစ်ယောက်လည်း ပုန်းနေဖို့ မလိုတော့ဘူးဆိုမှတော့ ဘာလို့ လူနာဆောင်ထဲကို မဝင်တာလဲဟင်.. ”
“ ဟာ..မဟုတ်တာ..ဆေးရုံက လူနာခန်းတွေကကျယ်တာမဟုတ်ဘူး၊ တို့တွေဝင်သွားရင် ကျပ်သိပ်ပြီး အဆင်မပြေလည်းဖြစ်ရမယ်၊ ဒီမှာပဲ ထိုင်နေပါမယ် လူလာရင်လည်း ချက်ချင်းတန်းသိရတာပေါ့ ”
လုမန်ဘာပြောပြော နှစ်ယောက်လုံးက အထဲဝင်ရန် ငြင်းဆန်နေသည်မို့ လုမန်လွှတ်ထားလိုက်ရုံပဲတတ်နိုင်သည်။
လူနာဆောင်ထဲသို့ ပြန်ရောက်သောအခါ ရှချင်းဝေက ချက်ချင်း မေးလာပါသည်။
“ အပြင်က ကလေးနှစ်ယောက်ကဘယ်သူလဲ ”
“ သမီးမိတ်ဆွေရဲ့လူတွေပါ မေမေ၊ အဖေလာပြီးပြဿနာရှာမှာစိုးလို့ သူက စောင့်ရှောက်ရအောင် လူနှစ်ယောက်ထားရစ်ခဲ့တာပါ ”
ဟန်ကျိုးလီကို မိတ်ဆွေအဖြစ်ပဲ လုမန် သတ်မှတ်နိုင်သည်။
“ မနေ့က မိတ်ဆွေဆိုတာလား ”
အန်တီချိုင်က စိတ်ဝင်တစား မေးလာပါ၏။
လုမန် ခေါင်းညိတ်ပြလိုက်ကာ..
“ ဟုတ်ကဲ့ အန်တီ...”
ရှချင်းဝေက အန်တီချိုင်ကို လှည့်မေး၏။
“ အစ်မချိုင်..အစ်မ မြင်ဖူးတယ်လား ”
“ အင်းပေါ့.. သူက အရပ်ရှည်ပြီး ချောတယ်ကွ.. အထက်တန်းကျပြီး သိက္ခာရှိတဲ့ပုံလေးလည်းပေါ်တယ်၊ မျက်နှာလေးက တော်တော်ကိုကြည့်ကောင်းတာကွယ်၊ ငါ့အမြင်မှာတော့ ခုခေတ်ပေါ်နေကြတဲ့ အနုပညာရှင်မင်းသားတွေအားလုံးထဲမှာတောင် သူနဲ့ယှဥ်နိုင်တဲ့သူတစ်ယောက်မှမရှိဘူးပဲ၊ နင့်ခွဲစိတ်ခကိုတောင် သူက ဇွတ်တွေရှင်းပေးသွားတာဟဲ့ သိရဲ့လား ”
အန်တီချိုင်က ပြုံးပြုံးကြီး စီကာတန်းကာဖြင့် သွက်သွက်ပြောချသွားလိုက်တာ...လုမန်မှာ တားချိန်ပင် မရလိုက်။
“ အို ကျွန်မခွဲစိတ်ခက နည်းတာမှမဟုတ်ဘဲကို.. မန်မန်.. သူက ဘယ်လိုမိတ်ဆွေမျိုးမို့လို့ သမီးကို ဒီလောက်များတဲ့ငွေပမာဏကြီးကို တစ်ခါတည်းပေးပြီး ကူညီရတာလဲ သမီး၊ ဒီလိုပဲ ပိုက်ဆံတွေအမြဲဆောင်လာတတ်သလား သူက ”
ရှချင်းဝေတော့ ယုတ္တိမရှိဘူးလို့ ထင်မိသည်။
သို့သော် ရှချင်းဝေအား မည်သို့မည်ပုံရှင်းပြရမည်ကို လုမန် မသိပါ။ ဘေးမှာရှိနေသည့် အန်တီချိုင်ကလည်း စူးစူးစိုက်စိုက်ကို နားစွင့်နေ၏။
လုမန်ရင်တုန်သွားသည်။ အန်တီချိုင်ဟာ လူကောင်းတစ်ယောက်ဖြစ်ပေမည့် ပါးစပ်ဖွာပြီး အတင်းစကားဆိုရတာကြိုက်လေသည်။
“ အလုပ်မှာဆုံတာပါမေမေ..မတိုင်ခင်ကလည်း အတူအလုပ်တွဲလုပ်ခဲ့ဖူးပါတယ်။ ကျွန်မရဲ့ကိုယ်ကျင့်တရားကိုယုံတာမို့လို့ ဒီမှာကြုံရင်း ကူညီပေးသွားတာပါ ”
လုမန်ပြောတာကို ရှချင်းဝေ ယုံသည်။ သူမသည်လည်း သမီးဖြစ်သူ၏ ကိုယ်ကျင့်တရားကို ယုံစားသည် မဟုတ်ပါလား။
“ ပိုက်ဆံကပြန်ပေးပြီးပြီလား သမီး ”
တွေးကြည့်လိုက်မှ ငွေတွေအများကြီးချေးထားတာမို့ ရှချင်းဝေ အေးဆေးမနေနိုင်။
“ မပေးရသေးပါဘူး..ကတ်က အိမ်မှာကျန်ခဲ့တယ်..အရင်ရက်တွေကလည်း အိမ်ကိုမပြန်ဖြစ်ဘူးလေ ”
ထိုအခါ ရှချင်းဝေက နှိုးဆော်တော့သည်။
“ ဒါဖြင့်ရင် အိမ်ကိုအမြန်ပြန် ကတ်ယူပြီးတာနဲ့ သူငယ်ချင်းဖြစ်သူရဲ့ပိုက်ဆံကို ပြန်ဆပ်လိုက်ပါ။ ငွေတွေအများကြီးချေးထားပြီး မေမေ နည်းနည်းမှ စိတ်မအေးရဘူး ရှက်လည်းရှက်မိတယ် ”
ပထမတော့ ရှချင်းဝေ နေကောင်းကျန်းမာလာမှ လုမန် အိမ်သို့ပြန်မည်ဟု စဥ်းစားထားခြင်းပါ။
သို့သော် ဒီနေရာကိုစောင့်ရှောက်ဖို့အတွက် ဟန်ကျိုးလီက သူ့လူတွေချန်ထားခဲ့သည့်အကြောင်း သူမ ဒီနေ့သိလိုက်ရတော့ ဘာတွေပဲဖြစ်ဖြစ် ကျေးဇူးတင်စကား ဆိုရမည်ပင်။
*****
(Zawgyi)
၅၉။ [ ဟန္က်ိဳးလီကို ေက်းဇူးတင္စကားေျပာကိုေျပာရမယ္ ]
“ ႏွစ္ေယာက္လံုးေရေသာက္ပါဦးလား ”
လုမန္က ေရခြက္တစ္ခြက္စီေပးလိုက္ကာ
“ ဒီမွာတစ္ခ်ိန္လံုးေနၿပီး အားလံုးအဆင္ေျပေအာင္ေစာင့္ၾကပ္ေပးရတာခက္ခဲမွာပါေနာ္.. ေရေသာက္ခ်င္တာတို႔ သန္႔စင္ခန္းဝင္ခ်င္တာတို႔ဆိုရင္ေတာင္ လြယ္လြယ္ထြက္သြားလို႔မရဘူး ”
သူတို႔ေရဆာေနသည္မွာအမွန္ျဖစ္၍ မျငင္းဘဲ ေပးသည့္ေရခြက္ကိုယူကာ တစ္က်ိဳက္တည္းေမာ့ေသာက္ပစ္လိုက္သည္။
လုမန္က ထပ္ယူေပးမည္ျပင္ေတာ့ သူတို႔က တစ္ခြက္ျဖင့္ လံုေလာက္ပါၿပီ ဟု ဆိုကာ တားခဲ့၏။
“ ေမးပါရေစေနာ္..သခင္ေလးဟန္ကဘာလို႔ဒီလိုေတြလုပ္ေပးတာတဲ့လဲ? ”
လုမန္ေမးလိုက္ေတာ့ က်ိဳးခ်န္က ေခါင္းခါ၏။
“ က်ဳပ္တို႔လည္းမသိပါဘူး သခင္ေလးဟန္က စိတ္ခ်ရေအာင္ ဒီမွာေနခဲ့ေျပာလို႔ ဒီမွာက်န္ခဲ့ၿပီး မိန္းကေလးနဲ႔ မိခင္ျဖစ္သူကို ေစာင့္ေရွာက္ေပးေနတာပါ၊ တျခားေတာ့ေမးလို႔မရပါဘူး ”
“ ဟုတ္ကဲ့ ”
လုမန္က ႏႈတ္ခမ္းတစ္ခ်က္သပ္လိုက္ကာ..
“ ကြၽန္မကေတာ့ မာေရေက်ာေရနဲ႔ ရွင္တို႔အကူအညီမလိုဘူးလို႔ ေျပာလႊတ္မယ့္သူမ်ိဳး မဟုတ္ပါဘူး..ဒီေန့လိုပဲ ရွင္တို႔ႏွစ္ဦးသာမရိွခဲ့ရင္ ကြၽန္မတစ္ေယာက္တည္းေျဖရွင္းႏိုင္မွာမဟုတ္တာေၾကာင့္ ေနာက္ကိုလည္း ဒီမွာ ေစာင့္ၾကပ္ေပးဖို႔ ဒုကၡေပးရပါဦးမယ္ ”
“ ရတာေပါ့ ကိစၥမရိွပါဘူး ”
က်ိဳးခ်န္က ခုမွ စိုးရိမ္ဝန္ေတြေပါ့သြားၿပီ ဟူေသာ အၿပံဳးျဖင့္ ၿပံဳးသည္။
“ တို႔က ေတြ့သြားရင္ ႏွင္ထုတ္မလားဆိုၿပီး ေတြးပူေနတာ ”
“ ..ကြၽန္မအဲ့ေလာက္မထံုပါဘူးရယ္ လက္ရိွအေျခအေနကိုလည္း အရွင္းႀကီးနားလည္တယ္၊ အခု ရွင္တို႔ႏွစ္ေယာက္လည္း ပုန္းေနဖို႔ မလိုေတာ့ဘူးဆိုမွေတာ့ ဘာလို႔ လူနာေဆာင္ထဲကို မဝင္တာလဲဟင္.. ”
“ ဟာ..မဟုတ္တာ..ေဆးရံုက လူနာခန္းေတြကက်ယ္တာမဟုတ္ဘူး၊ တို႔ေတြဝင္သြားရင္ က်ပ္သိပ္ၿပီး အဆင္မေျပလည္းျဖစ္ရမယ္၊ ဒီမွာပဲ ထိုင္ေနပါမယ္ လူလာရင္လည္း ခ်က္ခ်င္းတန္းသိရတာေပါ့ ”
လုမန္ဘာေျပာေျပာ ႏွစ္ေယာက္လံုးက အထဲဝင္ရန္ ျငင္းဆန္ေနသည္မို႔ လုမန္လႊတ္ထားလိုက္ရံုပဲတတ္ႏိုင္သည္။
လူနာေဆာင္ထဲသို႔ ျပန္ေရာက္ေသာအခါ ရွခ်င္းေဝက ခ်က္ခ်င္း ေမးလာပါသည္။
“ အျပင္က ကေလးႏွစ္ေယာက္ကဘယ္သူလဲ ”
“ သမီးမိတ္ေဆြရဲ့လူေတြပါ ေမေမ၊ အေဖလာၿပီးျပႆနာရွာမွာစိုးလို႔ သူက ေစာင့္ေရွာက္ရေအာင္ လူႏွစ္ေယာက္ထားရစ္ခဲ့တာပါ ”
ဟန္က်ိဳးလီကို မိတ္ေဆြအျဖစ္ပဲ လုမန္ သတ္မွတ္ႏိုင္သည္။
“ မေန့က မိတ္ေဆြဆိုတာလား ”
အန္တီခ်ိဳင္က စိတ္ဝင္တစား ေမးလာပါ၏။
လုမန္ ေခါင္းညိတ္ျပလိုက္ကာ..
“ ဟုတ္ကဲ့ အန္တီ...”
ရွခ်င္းေဝက အန္တီခ်ိဳင္ကို လွည့္ေမး၏။
“ အစ္မခ်ိဳင္..အစ္မ ျမင္ဖူးတယ္လား ”
“ အင္းေပါ့.. သူက အရပ္ရွည္ၿပီး ေခ်ာတယ္ကြ.. အထက္တန္းက်ၿပီး သိကၡာရိွတဲ့ပံုေလးလည္းေပၚတယ္၊ မ်က္ႏွာေလးက ေတာ္ေတာ္ကိုၾကည့္ေကာင္းတာကြယ္၊ ငါ့အျမင္မွာေတာ့ ခုေခတ္ေပၚေနၾကတဲ့ အႏုပညာရွင္မင္းသားေတြအားလံုးထဲမွာေတာင္ သူနဲ႔ယွဥ္ႏိုင္တဲ့သူတစ္ေယာက္မွမရိွဘူးပဲ၊ နင့္ခြဲစိတ္ခကိုေတာင္ သူက ဇြတ္ေတြရွင္းေပးသြားတာဟဲ့ သိရဲ့လား ”
အန္တီခ်ိဳင္က ၿပံဳးၿပံဳးႀကီး စီကာတန္းကာျဖင့္ သြက္သြက္ေျပာခ်သြားလိုက္တာ...လုမန္မွာ တားခ်ိန္ပင္ မရလိုက္။
“ အို ကြၽန္မခြဲစိတ္ခက နည္းတာမွမဟုတ္ဘဲကို.. မန္မန္.. သူက ဘယ္လိုမိတ္ေဆြမ်ိဳးမို႔လို႔ သမီးကို ဒီေလာက္မ်ားတဲ့ေငြပမာဏႀကီးကို တစ္ခါတည္းေပးၿပီး ကူညီရတာလဲ သမီး၊ ဒီလိုပဲ ပိုက္ဆံေတြအၿမဲေဆာင္လာတတ္သလား သူက ”
ရွခ်င္းေဝေတာ့ ယုတၲိမရိွဘူးလို႔ ထင္မိသည္။
သို႔ေသာ္ ရွခ်င္းေဝအား မည္သို႔မည္ပံုရွင္းျပရမည္ကို လုမန္ မသိပါ။ ေဘးမွာရိွေနသည့္ အန္တီခ်ိဳင္ကလည္း စူးစူးစိုက္စိုက္ကို နားစြင့္ေန၏။
လုမန္ရင္တုန္သြားသည္။ အန္တီခ်ိဳင္ဟာ လူေကာင္းတစ္ေယာက္ျဖစ္ေပမည့္ ပါးစပ္ဖြာၿပီး အတင္းစကားဆိုရတာႀကိဳက္ေလသည္။
“ အလုပ္မွာဆံုတာပါေမေမ..မတိုင္ခင္ကလည္း အတူအလုပ္တြဲလုပ္ခဲ့ဖူးပါတယ္။ ကြၽန္မရဲ့ကိုယ္က်င့္တရားကိုယံုတာမို႔လို႔ ဒီမွာႀကံဳရင္း ကူညီေပးသြားတာပါ ”
လုမန္ေျပာတာကို ရွခ်င္းေဝ ယံုသည္။ သူမသည္လည္း သမီးျဖစ္သူ၏ ကိုယ္က်င့္တရားကို ယံုစားသည္ မဟုတ္ပါလား။
“ ပိုက္ဆံကျပန္ေပးၿပီးၿပီလား သမီး ”
ေတြးၾကည့္လိုက္မွ ေငြေတြအမ်ားႀကီးေခ်းထားတာမို႔ ရွခ်င္းေဝ ေအးေဆးမေနႏိုင္။
“ မေပးရေသးပါဘူး..ကတ္က အိမ္မွာက်န္ခဲ့တယ္..အရင္ရက္ေတြကလည္း အိမ္ကိုမျပန္ျဖစ္ဘူးေလ ”
ထိုအခါ ရွခ်င္းေဝက ႏိႈးေဆာ္ေတာ့သည္။
“ ဒါျဖင့္ရင္ အိမ္ကိုအျမန္ျပန္ ကတ္ယူၿပီးတာနဲ႔ သူငယ္ခ်င္းျဖစ္သူရဲ့ပိုက္ဆံကို ျပန္ဆပ္လိုက္ပါ။ ေငြေတြအမ်ားႀကီးေခ်းထားၿပီး ေမေမ နည္းနည္းမွ စိတ္မေအးရဘူး ရွက္လည္းရွက္မိတယ္ ”
ပထမေတာ့ ရွခ်င္းေဝ ေနေကာင္းက်န္းမာလာမွ လုမန္ အိမ္သို႔ျပန္မည္ဟု စဥ္းစားထားျခင္းပါ။
သို႔ေသာ္ ဒီေနရာကိုေစာင့္ေရွာက္ဖို႔အတြက္ ဟန္က်ိဳးလီက သူ႔လူေတြခ်န္ထားခဲ့သည့္အေၾကာင္း သူမ ဒီေန့သိလိုက္ရေတာ့ ဘာေတြပဲျဖစ္ျဖစ္ ေက်းဇူးတင္စကား ဆိုရမည္ပင္။
*****