ထိုမှစခဲ့သော အချစ်များစွာသည်

Od Fiendyy

638K 69.1K 1K

Translation of ❛ The Long-awaited Mr. Han『韩先生,情谋已久』❜ written by the author As If Dawn『恍若晨曦』. Story Cover is n... Více

INTRO
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36
37
38
39
40
41
42
43
44
45
46
47
48
49
50
51
53
54
55
56
57
58
59
60
61
62
63
64
65
66
67
68
69
70 + Paid Group Details
71
72
73
74
75
76
77
78
79
80
81
82
83
84
85
86
87
88
89
90
91
92
93
94
95
96
97
98
99
100
101
102
103
104
105
106
107
108
109
110
111 ~ 113
114 ~ 115
116 ~ 120
121 ~ 125
126 ~ 130
131 ~ 135
136 ~ 140
141 ~ 145
146 ~ 150
151 ~ 155
156 ~ 160
161 ~ 165
166 ~ 170
171 ~ 175
176 ~ 180
181 ~ 185
186 ~ 190
191 + 192
193 + 194
195 + 196
197 + 198
199 + 200
201 + 202
203 + 204
205 + 206
207 + 208
209 + 210

52

4.6K 500 8
Od Fiendyy

အခန်း ၅၂။ ဟန်ကျိုးလီ ဘယ်လိုစိတ်နဲ့ ကြည့်ကြည့် ဂရုစိုက်စရာလား!

“ ကိုယ့်ကိုယ်ကိုယ်ကြည့်ပါဦး၊ နင်က အဖေအထင်လွဲခံရမှာကို​ကြောက်နေပေမယ့် ကိုယ့်ကိုယ်ကိုယ်တော့ အထင်လွဲခံရလည်း လွှတ်ထားတယ်။ လုမန်က အဖေ အထင်လွဲခံရမှာတွေဘာတွေကို နည်းနည်းမှ ဂရုစိုက်တာမဟုတ်ဘူး။ စိတ်ခုသွားမလား ဘာလားလည်း ခေါင်းထဲတောင်ထည့်တာမဟုတ်။ ပြီးတော့ အဲ့လိုပြုမူတတ်တဲ့သူက အဖေ့ကို ဘက်လိုက်တယ်ဆိုပြီး အပြစ်တင်ရတယ် ရှိသေးလေ! ”
လုချီ၏ သိတတ်မှုကြောင့် လုချီယွမ်ရင်ထဲထိသွားပေမည့် မိသားစုသံယောဇဥ်ကို အလေးမထားသော လုမန်ကြောင့် ဒေါသလည်းဖြစ်မိသည်။ 

“ အဲ့လိုမပြောပါနဲ့ အဖေရယ်၊ မမက ဒီနှစ်တွေမှာ အဖေ သမီးကို ဂရုစိုက်အလေးပေးတာတွေနဲ့ ပတ်သက်ပြီး မကျေနပ်ရုံပဲ ဖြစ်ပါလိမ့်မယ်။ ဘာလို့ဆို သမီး ဒီမိသားစုထဲကိုရောက်မလာခင်မှာ မမက လုမိသားစုရဲ့မင်းသမီးလေး အဖေ့ရဲ့တစ်ဦးတည်းသော သမီးလေးဖြစ်ခဲ့လို့ အဖေ့ဆီက အချစ်တွေအားလုံးကိုရရှိခဲ့တယ်။ ဒါပေမဲ့ သမီးရောက်လာတဲ့အခါကျတော့ သူ့အပေါ်မှာ ထားရှိတဲ့ အဖေ့မေတ္တာတွေမှာ သမီးကပါ နေရာယူလာတယ်။ ဒါကြောင့် သူ့နေရာကို လုတယ်ဆိုပြီး မမက မကျေနပ်တာပဲဖြစ်ရပါမယ်။ ဒါကို သမီး နားလည်နိုင်ပါတယ် ”
လုချီက ပြောလိုက်သည်။ သူမမှာ လုချီယွမ်ကို နှစ်သိမ့်ရန် ကြိုးပမ်းနေသည်ဟု ထင်ရသော်ငြား လုမန်မကောင်းကြောင်းတွေ ပြောသွားတာဖြစ်သဖြင့် သူ့ဒေါသအတွက် လောင်စာဖြည့်ပေးသလိုဖြစ်သွား၏။

“ ဟွန့်! ​နင်ပြောသလိုပဲ နင်ရောက်မလာခင်မှာ သူက အချစ်တွေအားလုံးကိုရရှိခံစားထားတာမို့ နင့်ကို ခွဲပေးလိုက်ရတာက ဘာများဖြစ်သွားမှာမို့လို့လဲ? သူက နှစ်တွေနဲ့ချီအောင် အချစ်ခံရပြီးပြီ၊ လုမိသားစုရဲ့သမီးတစ်ယောက်အနေနဲ့ နင့်ထက်တောင် အခွင့်အရေးတွေအများကြီး ရရှိခံစားခဲ့ရပြီးပြီ။ အဲ့ဒါကို ဘာတွေမမျှတဘူးလို့ ခံစားနေရသလဲ? ဟင်? နင်ကတော့ အများကြီးနစ်နာခဲ့ရပြီးပြီမို့လို့ အဖေ နင့်ကို ကောင်းကောင်းဆက်ဆံပေးဖို့ လိုတယ်လေ! ဒါလေးတောင် သူက နားမလည်ဘူးလား? ပွင့်ပွင့်လင်းလင်းပြောရရင် သူက တစ်ကိုယ်ကောင်းဆန်နေတာ.. အကျင့်ကလည်း ဆိုးသေး။ အဖေတို့ဘာပြောပြော ခုလိုပဲ သမီးအတွက် ကူညီဖို့ ငြင်းနေဦးမှာ! ”
လုချီယွမ်က စကားပြောနေရင်း ဒေါသတွေထောင်းထောင်းထလာသည်။

လုချီယွမ်ကို ငတုံးလို့ ခေါ်ဆိုသင့်လား?

ဟင့်အင်း သူ မတုံးပါဘူး..

မဟုတ်ရင် မိသားစုလုပ်ငန်းကို ဒီလောက်ထိ တိုးတက်အောင် သူလုပ်နိုင်မှာ မဟုတ်ဘူး..

ထို့ပြင် လုပ်ငန်းက ကြီးသည်ဖြစ်စေ သေးငယ်သည်ဖြစ်စေ အစွမ်းအစမရှိပါက အရှုံးပေါ်ရုံပဲရှိပေလိမ့်မည်။

လုပ်ငန်းတွေကို ဒီလိုတိုးတက်အောင်လုပ်နိုင်ခဲ့သည်ဆိုကတည်းက လုချီယွမ်သည် ငတုံးမဟုတ်။ မဟုတ်လျှင် လူတွေလိမ်လို့ သူ့ဥစ္စာတွေပြုတ်တာကြာလှပြီ။ 

သို့ပေမယ့် အလုပ်မှာ လိမ္မာပါးနပ်ရုံဖြင့် ဘဝ၏ ကဏ္ဍအစုံအလင်မှာ လိမ္မာပါးနပ်မည်ဟု မဆိုလိုပေ။ 

သို့ရာတွင်လည်း ရှချင်းယန်နှင့် လုချီက ကောင်းစွာ သရုပ်ဆောင်နိုင်ခဲ့ကာ ဒီနှစ်တွေတစ်လျှောက်လုံး လုမန်မကောင်းကြောင်းတွေကို လုချီယွမ်ရှေ့တွင် ​စဥ်ဆက်မပြတ် ပြောဆိုနေခဲ့သဖြင့် သူ့မှာ ဦးနှောက်ကျင်းခံထားရသလိုဖြစ်နေ၏။

အရင်က လုမန်ဟာလည်း ဉာဏ်များသည့်လူမဟုတ်ပေ။ ရှူးရှူးရှားရှားဖြစ်လွယ်သော ဒေါသအိုးမို့ ရှချင်းယန်နှင့် လုချီ၏ မြှောက်ထိုးပင့်ကော်စကားများ​တွင် မကြာမကြာ ထကြွသောင်းကျန်းတတ်လေ၏။ ပြီးတော့ လုချီရဲ့သရုပ်မှန်ကို မသိ၍လည်း လုချီယွမ်ကို မျှမျှတတမရှိဟု အစဥ်အပြစ်တင်ကာ ရှချင်းယန်နှင့် လုချီထောင်ထားသော ထောက်ချောက်ထဲသို့ အမြဲ ကျရောက်ခဲ့ရသည်။

နောက်ပြီး လူဆိုသည့် အမျိုးက နားတွင် နေ့စဥ် အမြဲ ကြားနေရသည်များကို နားယောင်၍ ယုံကြည်တတ်ကြလေသည်။

“ ချီချီ မိုက်မိုက်ကန်းကန်းတွေလျှောက်မလုပ်နဲ့ အဖေ နင့်ကို ထောင်ထဲမပို့နိုင်ဘူး ”

“ အဖေ ” သူ့စကားတွေကြောင့် စိတ်လှုပ်ရှားသွားရသူ လုချီမှာ လုချီယွမ်အနားက မခွာနိုင်တော့။ သူ့ကိုကြည့်လျက် ရိုးသားစွာ ဆိုလိုက်တော့၏။ “ အဖေ့လိုအဖေမျိုးရထားတဲ့အတွက် ကျေးဇူးတင်မိပါတယ်။ အဖေက သမီးအပေါ်မှာ အရမ်းကောင်းရှာပါတယ် ”

သို့သော်လည်း လုမန်ကမူ သူ့အားကြည်ညိုလေးစားခြင်းမရှိသည့်အပြင် ထိုသို့သော စကားတွေကို ဘယ်သောအခါမှ မပြောဆိုခဲ့ပေ။ ဤသို့ ပြုမူမည့် သူမှာ လုချီတစ်ယောက်သာ ရှိသည်။

သမီးငယ်၏ သူ့အား ရင်းနှီးတွယ်တာမှုကြောင့် လုချီယွမ်မျက်နှာမှာ ပို၍ပင် ပီတိလျှမ်းလာခဲ့၏။

***

တစ်ဖက်က လုမန်မှာတော့ လက်ရှိတွင် ရှချင်းယန်နှင့် လုချီတို့ သူမမကောင်းကြောင်းပြောနေခြင်းကို မသိပေ။ သို့ပေမယ့် အခု သိရလျှင်တောင် အရေးစိုက်မည်တော့ မဟုတ်ပါ။

ဘယ်လိုပဲဆိုဆို ဒီလောက်နှစ်တွေကြာပြီးသည့်နောက်မှာ ဒါတွေမြင်ရကြားရသိရတာဟာ သူမအတွက် အဆန်းမှမဟုတ်တော့ပဲ။

ထို့ပြင် ခုချိန်မှာ သူမစိတ်က ဟန်ကျိုးလီဆီတွင် လုံးလုံး ရောက်နေ၏။ သူ့အတွေးတွေကိုလည်း တကယ် နားမလည်နိုင်။

တွေ့ဆုံလိုက်တိုင်းမှာ ပေါ့ပေါ့တန်တန်နဲ့ နမ်းရှုပ်ရလောက်တဲ့အထိ သူက သူမကို အထင်သေးတာလား? 

စိတ်တိုစွာဖြင့် တွေးမိသည်က ဒါဟာ သူမတို့ ပထမဦးဆုံး စတွေ့ချိန်က သူမအပြုအမူတွေကြောင့်လား ဟု။ သူမက အဝတ်တွေအားလုံးကို ဖယ်ရှားကာ တဘက်တစ်ထည်တည်းဖြင့် ခြုံလွှမ်းလျက် ဟန်ကျိုးလီ၏ ရင်ခွင်ထဲသို့ ပစ်ဝင်ခဲ့မိသည်ပင်။ ပြီးတော့ သူမဘက်က စပြီးတော့ နမ်းရှုပ်ခဲ့သည်ကြောင့် လွယ်လွယ်ရနိုင်သော မိန်းမ ဟု သူက အထင်ရှိသွားတာပဲ ဖြစ်ရမည်။ ထို့ကြောင့် သဘောရှိ ကရောဟိ လုပ်နေခြင်းပေလော။

ထိုအတွေးများကြောင့် လုမန်မှာ ရှချင်းဝေ၏ ခုတင်ဘေးရှိ ခေါက်ခုတင်လေးပေါ်တွင် ဟိုလှိမ့်သည်လှိမ့်နှင့် အိပ်မပျော်နိုင်ရှာပေ။

နေထွက်ပြူစအချိန်သို့ ရောက်မှသာလျှင် ထိုကိစ္စကို ထပ်မတွေးတော့ဖို့ရန် ဆုံးဖြတ်လိုက်၏။ ဟန်ကျိုးလီကို ပိုက်ဆံတွေပြန်ဆပ်ပြီးရင် နောက်ကို တစ်ယောက်နဲ့တစ်ယောက် တွေ့စရာအကြောင်းကို မရှိဘူး.. 

ပြီးတော့ Alipay ကနေတစ်ဆင့် ပြန်ဆပ်မှာမို့လို့ လူကိုယ်တိုင်လည်း တွေ့စရာ မလိုဘူး..

ဟန်ကျိုးလီ ဘယ်လိုစိတ်နဲ့ကြည့်ကြည့် ဂရုစိုက်စရာလား!


အခန္း ၅၂။ ဟန္က်ိဳးလီ ဘယ္လိုစိတ္နဲ႔ ၾကည့္ၾကည့္ ဂရုစိုက္စရာလား!

“ ကိုယ့္ကိုယ္ကိုယ္ၾကည့္ပါဦး၊ နင္က အေဖအထင္လြဲခံရမွာကို​ေၾကာက္ေနေပမယ့္ ကိုယ့္ကိုယ္ကိုယ္ေတာ့ အထင္လြဲခံရလည္း လႊတ္ထားတယ္။ လုမန္က အေဖ အထင္လြဲခံရမွာေတြဘာေတြကို နည္းနည္းမွ ဂရုစိုက္တာမဟုတ္ဘူး။ စိတ္ခုသြားမလား ဘာလားလည္း ေခါင္းထဲေတာင္ထည့္တာမဟုတ္။ ၿပီးေတာ့ အဲ့လိုျပဳမူတတ္တဲ့သူက အေဖ့ကို ဘက္လိုက္တယ္ဆိုၿပီး အျပစ္တင္ရတယ္ ရိွေသးေလ! ”
လုခ်ီ၏ သိတတ္မႈေၾကာင့္ လုခ်ီယြမ္ရင္ထဲထိသြားေပမည့္ မိသားစုသံေယာဇဥ္ကို အေလးမထားေသာ လုမန္ေၾကာင့္ ေဒါသလည္းျဖစ္မိသည္။ 

“ အဲ့လိုမေျပာပါနဲ႔ အေဖရယ္၊ မမက ဒီႏွစ္ေတြမွာ အေဖ သမီးကို ဂရုစိုက္အေလးေပးတာေတြနဲ႔ ပတ္သက္ၿပီး မေက်နပ္ရံုပဲ ျဖစ္ပါလိမ့္မယ္။ ဘာလို႔ဆို သမီး ဒီမိသားစုထဲကိုေရာက္မလာခင္မွာ မမက လုမိသားစုရဲ့မင္းသမီးေလး အေဖ့ရဲ့တစ္ဦးတည္းေသာ သမီးေလးျဖစ္ခဲ့လို႔ အေဖ့ဆီက အခ်စ္ေတြအားလံုးကိုရရိွခဲ့တယ္။ ဒါေပမဲ့ သမီးေရာက္လာတဲ့အခါက်ေတာ့ သူ႔အေပၚမွာ ထားရိွတဲ့ အေဖ့ေမတၲာေတြမွာ သမီးကပါ ေနရာယူလာတယ္။ ဒါေၾကာင့္ သူ႔ေနရာကို လုတယ္ဆိုၿပီး မမက မေက်နပ္တာပဲျဖစ္ရပါမယ္။ ဒါကို သမီး နားလည္ႏိုင္ပါတယ္ ”
လုခ်ီက ေျပာလိုက္သည္။ သူမမွာ လုခ်ီယြမ္ကို ႏွစ္သိမ့္ရန္ ႀကိဳးပမ္းေနသည္ဟု ထင္ရေသာ္ျငား လုမန္မေကာင္းေၾကာင္းေတြ ေျပာသြားတာျဖစ္သျဖင့္ သူ႔ေဒါသအတြက္ ေလာင္စာျဖည့္ေပးသလိုျဖစ္သြား၏။

“ ဟြန္႔! ​နင္ေျပာသလိုပဲ နင္ေရာက္မလာခင္မွာ သူက အခ်စ္ေတြအားလံုးကိုရရိွခံစားထားတာမို႔ နင့္ကို ခြဲေပးလိုက္ရတာက ဘာမ်ားျဖစ္သြားမွာမို႔လို႔လဲ? သူက ႏွစ္ေတြနဲ႔ခ်ီေအာင္ အခ်စ္ခံရၿပီးၿပီ၊ လုမိသားစုရဲ့သမီးတစ္ေယာက္အေနနဲ႔ နင့္ထက္ေတာင္ အခြင့္အေရးေတြအမ်ားႀကီး ရရိွခံစားခဲ့ရၿပီးၿပီ။ အဲ့ဒါကို ဘာေတြမမ်ွတဘူးလို႔ ခံစားေနရသလဲ? ဟင္? နင္ကေတာ့ အမ်ားႀကီးနစ္နာခဲ့ရၿပီးၿပီမို႔လို႔ အေဖ နင့္ကို ေကာင္းေကာင္းဆက္ဆံေပးဖို႔ လိုတယ္ေလ! ဒါေလးေတာင္ သူက နားမလည္ဘူးလား? ပြင့္ပြင့္လင္းလင္းေျပာရရင္ သူက တစ္ကိုယ္ေကာင္းဆန္ေနတာ.. အက်င့္ကလည္း ဆိုးေသး။ အေဖတို႔ဘာေျပာေျပာ ခုလိုပဲ သမီးအတြက္ ကူညီဖို႔ ျငင္းေနဦးမွာ! ”
လုခ်ီယြမ္က စကားေျပာေနရင္း ေဒါသေတြေထာင္းေထာင္းထလာသည္။

လုခ်ီယြမ္ကို ငတံုးလို႔ ေခၚဆိုသင့္လား?

ဟင့္အင္း သူ မတံုးပါဘူး..

မဟုတ္ရင္ မိသားစုလုပ္ငန္းကို ဒီေလာက္ထိ တိုးတက္ေအာင္ သူလုပ္ႏိုင္မွာ မဟုတ္ဘူး..

ထို႔ျပင္ လုပ္ငန္းက ႀကီးသည္ျဖစ္ေစ ေသးငယ္သည္ျဖစ္ေစ အစြမ္းအစမရိွပါက အရႈံးေပၚရံုပဲရိွေပလိမ့္မည္။

လုပ္ငန္းေတြကို ဒီလိုတိုးတက္ေအာင္လုပ္ႏိုင္ခဲ့သည္ဆိုကတည္းက လုခ်ီယြမ္သည္ ငတံုးမဟုတ္။ မဟုတ္လ်ွင္ လူေတြလိမ္လို႔ သူ႔ဥစၥာေတျြပဳတ္တာၾကာလွၿပီ။ 

သို႔ေပမယ့္ အလုပ္မွာ လိမၼာပါးနပ္ရံုျဖင့္ ဘဝ၏ က႑အစံုအလင္မွာ လိမၼာပါးနပ္မည္ဟု မဆိုလိုေပ။ 

သို႔ရာတြင္လည္း ရွခ်င္းယန္ႏွင့္ လုခ်ီက ေကာင္းစြာ သရုပ္ေဆာင္ႏိုင္ခဲ့ကာ ဒီႏွစ္ေတြတစ္ေလ်ွာက္လံုး လုမန္မေကာင္းေၾကာင္းေတြကို လုခ်ီယြမ္ေရ႔ွတြင္ ​စဥ္ဆက္မျပတ္ ေျပာဆိုေနခဲ့သျဖင့္ သူ႔မွာ ဦးေနွာက္က်င္းခံထားရသလိုျဖစ္ေန၏။

အရင္က လုမန္ဟာလည္း ဉာဏ္မ်ားသည့္လူမဟုတ္ေပ။ ရႉးရႉးရွားရွားျဖစ္လြယ္ေသာ ေဒါသအိုးမို႔ ရွခ်င္းယန္ႏွင့္ လုခ်ီ၏ ေျမႇာက္ထိုးပင့္ေကာ္စကားမ်ား​တြင္ မၾကာမၾကာ ထႂကြေသာင္းက်န္းတတ္ေလ၏။ ၿပီးေတာ့ လုခ်ီရဲ့သရုပ္မွန္ကို မသိ၍လည္း လုခ်ီယြမ္ကို မ်ွမ်ွတတမရိွဟု အစဥ္အျပစ္တင္ကာ ရွခ်င္းယန္ႏွင့္ လုခ်ီေထာင္ထားေသာ ေထာက္ေခ်ာက္ထဲသို႔ အၿမဲ က်ေရာက္ခဲ့ရသည္။

ေနာက္ၿပီး လူဆိုသည့္ အမ်ိဳးက နားတြင္ ေန့စဥ္ အၿမဲ ၾကားေနရသည္မ်ားကို နားေယာင္၍ ယံုၾကည္တတ္ၾကေလသည္။

“ ခ်ီခ်ီ မိုက္မိုက္ကန္းကန္းေတြေလ်ွာက္မလုပ္နဲ႔ အေဖ နင့္ကို ေထာင္ထဲမပို႔ႏိုင္ဘူး ”

“ အေဖ ” သူ႔စကားေတြေၾကာင့္ စိတ္လႈပ္ရွားသြားရသူ လုခ်ီမွာ လုခ်ီယြမ္အနားက မခြာႏိုင္ေတာ့။ သူ႔ကိုၾကည့္လ်က္ ရိုးသားစြာ ဆိုလိုက္ေတာ့၏။ “ အေဖ့လိုအေဖမ်ိဳးရထားတဲ့အတြက္ ေက်းဇူးတင္မိပါတယ္။ အေဖက သမီးအေပၚမွာ အရမ္းေကာင္းရွာပါတယ္ ”

သို႔ေသာ္လည္း လုမန္ကမူ သူ႔အားၾကည္ညိုေလးစားျခင္းမရိွသည့္အျပင္ ထိုသို႔ေသာ စကားေတြကို ဘယ္ေသာအခါမွ မေျပာဆိုခဲ့ေပ။ ဤသို႔ ျပဳမူမည့္ သူမွာ လုခ်ီတစ္ေယာက္သာ ရိွသည္။

သမီးငယ္၏ သူ႔အား ရင္းႏွီးတြယ္တာမႈေၾကာင့္ လုခ်ီယြမ္မ်က္ႏွာမွာ ပို၍ပင္ ပီတိလ်ွမ္းလာခဲ့၏။

***

တစ္ဖက္က လုမန္မွာေတာ့ လက္ရိွတြင္ ရွခ်င္းယန္ႏွင့္ လုခ်ီတို႔ သူမမေကာင္းေၾကာင္းေျပာေနျခင္းကို မသိေပ။ သို႔ေပမယ့္ အခု သိရလ်ွင္ေတာင္ အေရးစိုက္မည္ေတာ့ မဟုတ္ပါ။

ဘယ္လိုပဲဆိုဆို ဒီေလာက္ႏွစ္ေတြၾကာၿပီးသည့္ေနာက္မွာ ဒါေတျြမင္ရၾကားရသိရတာဟာ သူမအတြက္ အဆန္းမွမဟုတ္ေတာ့ပဲ။

ထို႔ျပင္ ခုခ်ိန္မွာ သူမစိတ္က ဟန္က်ိဳးလီဆီတြင္ လံုးလံုး ေရာက္ေန၏။ သူ႔အေတြးေတြကိုလည္း တကယ္ နားမလည္ႏိုင္။

ေတြ့ဆံုလိုက္တိုင္းမွာ ေပါ့ေပါ့တန္တန္နဲ႔ နမ္းရႈပ္ရေလာက္တဲ့အထိ သူက သူမကို အထင္ေသးတာလား? 

စိတ္တိုစြာျဖင့္ ေတြးမိသည္က ဒါဟာ သူမတို႔ ပထမဦးဆံုး စေတြ့ခ်ိန္က သူမအျပဳအမူေတြေၾကာင့္လား ဟု။ သူမက အဝတ္ေတြအားလံုးကို ဖယ္ရွားကာ တဘက္တစ္ထည္တည္းျဖင့္ ၿခံဳလႊမ္းလ်က္ ဟန္က်ိဳးလီ၏ ရင္ခြင္ထဲသို႔ ပစ္ဝင္ခဲ့မိသည္ပင္။ ၿပီးေတာ့ သူမဘက္က စၿပီးေတာ့ နမ္းရႈပ္ခဲ့သည္ေၾကာင့္ လြယ္လြယ္ရႏိုင္ေသာ မိန္းမ ဟု သူက အထင္ရိွသြားတာပဲ ျဖစ္ရမည္။ ထို႔ေၾကာင့္ သေဘာရိွ ကေရာဟိ လုပ္ေနျခင္းေပေလာ။

ထိုအေတြးမ်ားေၾကာင့္ လုမန္မွာ ရွခ်င္းေဝ၏ ခုတင္ေဘးရိွ ေခါက္ခုတင္ေလးေပၚတြင္ ဟိုလိွမ့္သည္လိွမ့္ႏွင့္ အိပ္မေပ်ာ္ႏိုင္ရွာေပ။

ေနထြက္ျပဴစအခ်ိန္သို႔ ေရာက္မွသာလ်ွင္ ထိုကိစၥကို ထပ္မေတြးေတာ့ဖို႔ရန္ ဆံုးျဖတ္လိုက္၏။ ဟန္က်ိဳးလီကို ပိုက္ဆံေတျြပန္ဆပ္ၿပီးရင္ ေနာက္ကို တစ္ေယာက္နဲ႔တစ္ေယာက္ ေတြ့စရာအေၾကာင္းကို မရိွဘူး.. 

ၿပီးေတာ့ Alipay ကေနတစ္ဆင့္ ျပန္ဆပ္မွာမို႔လို႔ လူကိုယ္တိုင္လည္း ေတြ့စရာ မလိုဘူး..

ဟန္က်ိဳးလီ ဘယ္လိုစိတ္နဲ႔ၾကည့္ၾကည့္ ဂရုစိုက္စရာလား!

Pokračovat ve čtení

Mohlo by se ti líbit

19.7K 1.2K 69
绝色倾城 ဆိုတဲ့စကားလုံးက အရိုးရှင်းဆုံးဆိုရလျှင် 'မိန်း​မောသွား​လောက်တဲ့ထိစွဲလမ်းခြင်း' လို့အဓိပ္ပါယ်ရပါတယ်။လူတစ်​​ယောက်ကိုပဲဖြစ်ဖြစ် အရာဝတ္ထုတစ်ခုကိုပဲဖ...
2M 113K 96
Daksh singh chauhan - the crowned prince and future king of Jodhpur is a multi billionaire and the CEO of Ratore group. He is highly honored and resp...
4.2K 87 3
After enduring months of unimaginable loss, Maisie Monroe rebuilds her life alongside her family. As she navigates the challenges of college and grap...