ဆယ်နှစ်ထက်မကမင်းကိုပိုပြီးချစ...

By pngon677

286K 25.6K 695

..Myanmar Translation of The Ten Years that I loved You Most COO ..81Chapters +5extras Original Author 无仅死 ... More

Announced(U+Z)
စာမြှားချိတ် (U+Z)
Start To(U+Z)
EP1(U+Z)
EP2(U+Z)
EP3(U+Z)
EP4(U+Z)
EP5(U+Z)
EP6(U+Z)
EP7(U+Z)
EP8(U+Z)
EP9(U+Z)
EP10(U+Z)
EP11(U+Z)
EP12(U+Z)
EP13(U+Z)
EP14(U+Z)
EP15(U+Z)
EP16(U+Z)
EP17(U+Z)
EP18(U+Z)
EP19(U+Z)
EP20(U+Z)
EP21(U+Z)
EP22(U+Z)
EP23(U+Z)
EP24(U+Z)
EP25(U+Z)
EP26(U+Z)
EP27(U+Z)
EP28(U+Z)
EP29(U+Z)
EP30(U+Z)
EP31(U+Z)
EP32(U+Z)
EP33(U+Z)
EP34(U+Z)
EP35(U+Z)
EP36(U+Z)
EP37(U+Z)
EP38(U+Z)
EP39(U+Z)
EP40(U+Z)
EP41(U+Z)
EP42(U+Z)
EP43(U+Z)
EP44(U+Z)
EP45(U+Z)
EP46(U+Z)
EP47(U+Z)
EP48(U+Z)
EP49(U+Z)
EP50(U+Z)
EP51(U+Z)
EP52(U+Z)
EP53(U+Z)
EP54(U+Z)
EP56(U+Z)
EP57(U+Z)
EP58(U+Z)
EP59(U+Z)
EP60(U+Z)
EP61(U+Z)
EP62(Ū+Z)
EP63(U+Z)
EP64(U+Z)
EP65(U+Z)
EP66(U+Z)
EP67(U+Z)
EP68(U+Z)
EP69(U+Z)
EP70(U+Z)
EP71(U+Z)
EP72(U+Z)
EP73(U+Z)
EP74(U+Z)
EP75(U+Z)
EP76(U+Z)
EP77(U+Z)
EP78(U+Z)
EP79(U+Z)
EP80(U+Z)
EP81(U+Z)
EP82(U+Z)
EP83(U+Z)
EP84(U+Z)
EP85(U+Z)
EP86(U+Z)
Thank You (U+Z)
Announce (U+Z)

EP55(U+Z)

2.3K 237 5
By pngon677

EP55 အိပ်မက်ဆိုးနဲ့ နာကျင်မှု

အကယ်၍ တစ်စုံတစ်ယောက်သည်
သင့်အတွက် အလွန်ပင်အရေးကြီးပါက အချိန်များစွာကုန်လွန်လာသည်နှင့်အမျှ
သင့်နှလုံးသားပေါ်တွင်အမှတ်အသားလေးတစ်ခု အနေဖြင့်စွဲထင်နေလိမ့်မည်။ထိုသူအား သင့်စိတ်ထဲတွင် စွဲမှတ်ထားသည်ဖြစ်စေ,မမှတ်ထားသည်ဖြစ်စေ...ထိုအမှတ်အသားလေးကဘယ်သောအခါမှ ပျောက်ကွယ်သွားမည်မဟုတ်ပါချေ။

အိုက်ကျိယွီသည်ကျစ်ရှုအားစောင်အောက်သို့ဆွဲသွင်းလိုက်ပြီး စောင်အနားလေးများအား ဖိချလိုက်သည်။ရုတ်တရက်ပင် သူ့
စိတ်ထဲ၌ လည်းမသက်မသာဆိုးဝါးစွာခံစားနေရသည်။သူလုပ်သမျှအရာအားလုံးသည် ကျစ်ရှုအဆင်ပြေစေဖို့သာဖြစ်သည်။

အချိန်များစွာကုန်လွန်သည်က မြန်လှချေ၏။သူတို့အတူနေထိုင်လာခဲ့ကြသည်မှာ ဇန်နဝါရီလ လယ်သို့ပင် ရောက်လာခဲ့ချေပြီ။
နောက်နှစ်ပတ်မျှထပ်မံကုန်လွန်ပြီးလျှင်
ပင် ဖေဖော်ဝါရီလ သို့ရောက်တော့မည်ဖြစ်သည် ။ဖေဖော်ဝါရီလသည်တရုတ်နှစ်သစ်ကူးပွဲတော်နှင့်နီးကပ်စေမည့်
ခြေလှမ်းတစ်ခုပင်ဖြစ်သည်။

နာကျင်မှုနည်းပါးချိန်တွင် ကျစ်ရှုကလမ်းအနည်းအပါးထလျှောက်နိုင်သော်လည်းအိမ်ထဲမှာသာရှိနေရင်း အိမ်အပြင်သို့တော့မသွားနိုင်သေး။သူရဲ့နာကျင်နေသည့် ပုံသဏ္ဌာန်ကို ဆိုးဝါးပုံမရအောင်ထူထဲသောကက်ရှမီးယားစောင်အားနွေးအောင်ခြုံထားရင်းလက်တင်ကုလားထိုင်ပေါ်၌သာစာအုပ်များအားအဖော်ပြုလျက် ငြိမ်သက်နေလေ့ရှိခဲ့သည်။သူကတီဗီနှင့် ရုပ်ရှင်များကြည့်ရသည်ကို နှစ်သက်ခြင်းမရှိသူဖြစ်ပြီးထိုအရာတွေက သူ့ကို ပို၍ပင်ခေါင်းကိုက်ခေါင်းမူးဖြစ်လာစေသည်။စာဖတ်ခြင်းသည်လည်းထိုနည်းတူပင်သူ့အားအဆင်မပြေစေသော်လည်း
စာအုပ်တဝက်မျှရောက်သည်နှင့်သူအိပ်ပျော်ပျော်သွားတတ်သောကြောင့် အနည်း နှင့်အများစိတ်သက်သာရာတော့ရစေသည်ပင်။

ကျိယွီအတွက်မူ ယခုအချိန်အကြောက်ဆုံးကတော့ကျစ်ရှုအိပ်ပျော်သွားချိန်ကိုသာဖြစ်သည်။ကျစ်ရှုသည်အမြဲလိုပင်ပန်းနေပုံရပြီးသူနှင့်လမ်းလျှောက်ချိန်ပင်သိပ်မရှိတော့ဘဲအမြဲလိုပိုပို၍ ငြိမ်သက်လာသည်မို့
ပိုပို၍ပင်သူထိတ်လန့်လာခဲ့သည်။တနေ့တွင် ကျစ်ရှုသည် အေးအေးဆေးဆေးပင်အိပ်ပျော်သွားခဲ့ပြီးနောက်ဘယ်သောအခါမှ ပြန်၍နိုးမထနိုင်တော့မည်ကို နေ့စဥ်နှင့်အမျှ
ကြောက်လန့်နေရသည်။ကျစ်ရှုအိပ်ပျော်နေသည်ကို သူ့မှာအချိန်တိုင်းလို စောင့်ကြည့်နေရပြီး နိုးထချိန်တွင်လည်း မျက်တောင်တခတ်မျှမလစ်ဟင်းရအောင် ဂရုစိုက်နေရသည်။ ကျစ်ရှု အား စောင့်ရှောက်လာရင်း
အိပ်ပျက်ညများပင် ရက်ဆက်လာလျက်
ကျိယွီတစ်ယောက်သူ့ကိုယ်သူယခင်ထက်ပင် ပိုမို ပိန်ပါးလာသည်ဟု ထင်လိုက်မိသည်။

သူ့ရဲ့ဒေါက်တာအိုက်သည်သူ့ရှေ့တွင်သာရှိနေရင်း တစ်စုံတစ်ခုအားကြံစည်နေသကဲ့သို့ ရှိနေသည်ကို မကြာသေးမီကကျစ်ရှုသတိ ထားလိုက်မိသည်။ထိုသူကသူ့အနီးတွင်ထိုင်နေရင်း ကမန်းကတန်း သူမသိအောင်တစ်ခုခုအားလုပ်နေသလိုရှိနေပြီးသူ့ကိုလည်းခိုးခိုးကြည့်လိုက်ပြန်လှည့်သွားလိုက်လုပ်နေလျက် တစ်ခုခုကိုလည်း ပျင်းပျင်းရှိသည်နှင့်ရေးခြစ်နေလေ့ရှိတယ်၊သူ့ရေးခြစ်တဲ့ အရာကိုလည်းလှလှပပ ဖြစ်အောင်သူ့အာရုံတွေကိုစုစည်းထားပုံရနေခဲ့သည်။

ယနေ့တွင် အိုက်ကျိယွီကသူ့ရဲ့ပုံဆွဲခြင်းအား ပြီးစီးသွားသည်နှင့်တပြိုင်နက်လက်နှင့်ခေါင်းကို မြှောက်ပြီးအကြောဆန့်လိုက်ရင်း နေ့လည်ခင်းနေရောင်ခြည်အား ပြည့်ဝစွာခံယူလိုက်သည်။ထို့နောက်သူကသူ့ရှေ့မှ စာအုပ်တစ်အုပ်အားကိုင်လျက်ထိုင်ပြီး
စာဖတ်နေသောကျစ်ရှုအား ကြည့်ကာ
ပြောလိုက်သည်။

'မင်း မွေးနေ့တောင်နီးနေပြီနော် ....
ဟုတ်တယ်မလား?"

ကျစ်ရှုသည် စာအုပ်ထဲတွင်စိတ်နှစ်ထားရင်းမှ သူ့ကို  စကားပြောလာသော အိုက်ကျိယွီ
ကို သတိထားမိပြီးနောက်ပြတင်းပေါက်နားရှိ နံရံအားစောင်းမှီထားသောခန္တာကိုယ်ကိုခပ်မတ်မတ်လေး ပြင်ယူလိုက််သည်။ထို့နောက် အနည်းငယ် ရှေ့တိုးကာကျိယွီအားမေးလိုက်သည်။

"အင်း ....ဟုတ်တယ်ဘယ်လိုလုပ်ပြီး
သိတာလဲ?"

ကျစ်ရှု၏မွေးနေ့သည် တရုတ်နှစ်သစ်ကူး
မတိုင်မီ ပင်ဖြစ်သည်။လွန်ခဲ့သော
ဆယ်စုနှစ်ကျော် အိမ်မှာထွက်ခွာခဲ့ချိန်မှစ၍
မည်သူကမှသူ့မွေးနေ့အား အရေးတယူ
ဂရုမစိုက်ကြတော့သောကြောင့်ပင်ဖြစ်သည်။

အိုက်ကျိယွီကသူ့ကို ပြုံးကာပြောလာသည်။

"မင်းဆေးရုံမှာ...ဖောင်မဖြည့်ခင်တုန်းက
မင်း မှတ်ပုံတင်ကို ကြည့်လိုက်တော့
မင်းမွေးနေ့ကို မြင်လို့ကိုယ်မှတ်ထား
ခဲ့တာလေ"

ကျစ်ရှုတချက်မျှ ငြိမ်သက်နေပြီးမှထို အရာက စိတ်မကောင်းစရာမဟုတ်သောကြောင့်ကျိယွီနှင့် စကားဆက်ပြောလိုက်သည်။

"အော် ....ဟုတ်ပါပြီ ,ဒါနဲ့ မင်းဒီရက်ပိုင်း
ဘာတွေဆွဲနေတာလဲ ?"

အိုက်ကျိယွီကတွန့်တိုဟန်ဖြင့် ပြန်ပြောလာသည်။

" ပြောပါဘူး ....ဒါက လျှို့ဝှက်ချက် !"

သူ့အား ပြောလာသော ကျိယွီအား ခေါင်းညိတ်ပြလျက် ထပ်၍ မစပ်စုတော့ဘဲ

'ဟုတ်ပါပြီ ....အဲဒါဆို အားဂူးကို
ခေါ်လာပေးပါလား ...ငါသူနဲ့ ကစားချင်လို့ "

ကျစ်ရှုသည်အိုက်ကျိယွီအားကလေးဆန်လျက်ချစ်စရာကောင်းနေသော ကြောင့်
တမင်ပင် ကျိယွီ၏နာမည်အားမခေါ်တော့
ဘဲ ပြောနေမိသည်။

အိုက်ကျိယွီရဲ့နှလုံးသားအစုံကကျစ်ရှုအတွက် ဆိုပါက တောင်းဆိုသမျှကို ရအောင်ဖြည့်ဆည်းပေးနေကျဖြစ်ပြီးဧပြီလရှိအနောက်ဖက်ရေကန်ထက်ပင်ပိုမိုနူးညံ့နိုင် သော်လည်း ယခုတကြိမ်တော့မူသူ့ကိုယ်သူ
ငြင်းဆန်ရန် သတိပေးနေခဲ့ရသည်။

"မင်း ဒီထက်ပိုနေကောင်းလာတဲ့အထိ
စောင့်ဦး ၊ခွေးကနေ့တိုင်း အပြင်သွားပြီး လျှောက်ဆော့နေတာ ,အဲဒါကြောင့်
မသန့်ရှင်းဘူး "

ကျစ်ရှုရဲ့ကိုယ်ခံစွမ်းအားက လက်ရှိတွင် အရမ်းပင်အားနည်းလျက်ရှိနေပြီး အားဂူး
က လည်းအရမ်းဆော့သည်မို့ တခုခုထိခိုက်ဒဏ်ရာမဖြစ်စေလိုခြင်းနှင့်အတူ တခြားသောပြင်ပ ရောဂါများ ရုတ်တရက်ထပ်ဝင်လာမည်ကို အိုက်ကျိယွီက အလွန်ပင်စိုးရိမ်နေခဲ့လျက်ရှိနေသည်။

ဒါဆို သူကရော ...ဘယ်လောက်ကြာကြာထပ်စောင့်ရမည်လဲ ?ကျစ်ရှုစိတ်ဓာတ်ကျသွားမိပေမယ့် ကျိယွီကသူ့ကျန်းမာရေးအတွက်လုပ်တာကိုတော့ သူနားလည်မိသည်။

ကျစ်ရှုမျက်နှာညိုးနွမ်းသွားလျက်
ခေါင်းကြီးငုံ့နေသည်ကို တွေ့သည်မို့
ကျစ်ရှုသူ့ကိုစိတ်ဆိုးသွားမှာကိုမခံနိုင်တဲ့
ကျိယွီကကျစ်ရှုရှေ့သို့တိုးသွားပြီး
ချော့သည့်အနေဖြင့်မေးလိုက်သည်။

"ဒါမှမဟုတ် ကိုယ်မင်းရဲ့ ကြောင်လေးတွေထဲက တစ်ကောင်ခေါ်လာပေးမယ်လေ "

ထိုအခါ ကျစ်ရှုတစ်ယောက်အနည်းငယ် ရွှင်လန်းလာလျက်ပြောလာသည်။

"အင်းပါ ...ဒါဆို ငါလေ အနက်ရောင်ကြားလေးပါတဲ့ ခြေထောက်အဖြူရောင်လေးနဲ့ကောင်လေးလိုချင်တယ် "

"အဝဆုံးကောင်လေးလေ ...ဟုတ်တယ်မလား?....ကိုယ်ယူပေးမယ် နော် "

ကျိယွီကသူ့အနားသို့တိုးကာ မချိုမချဥ်
အပြုံးတစ်ခုဖြင့်ထပ်ပြောလာသည် ။

"ဒါပေမယ့် ...ကိုယ့်ကိုနမ်းရမယ်အဲ့ဒါမှကိုယ်မင်းအတွက်ကြောင်လေးသွားယူပေးမှာ "

ကျစ်ရှုကမျက်လုံးလေးများကို ဘေးဘက်သို့လွှဲနေရင်း,

"ငါ့ကို မစ ပါနဲ့ "

ကျိယွီချက်ခြင်းပင် မျက်လုံးများပိတ်အောင်ပြုံးရယ်ပြလိုက်ရင်း သူ့ကိုယ်သူပင်
မထိန်းချုပ်နိုင်ဘဲမြန်မြန်ဆန်ဆန်ပင်
ကျစ်ရှုရဲ့ ပါးလေးတဖက်ကိုထိကပ်ကာ
နမ်းရှိုက်လိုက်မိသည်။

ကျစ်ရှုကတော့အံ့သြမှုကြောင့် မျက်လုံးလေးများပင် ဝိုင်းလာသည်။

သို့သော် ကျိယွီရဲ့မြန်မြန်ဆန်ဆန်ထွက်သွားမှုကိုပင်ကျေးဇူးတင်ရမလိုဖြစ်နေခဲ့သည်။
ကျိယွီရဲ့ကလေးတစ်ယောက်လို ပြေးထွက်သွားမှုသည် သူ့ကို ကယ်တင်လိုက်ခြင်းပင်ဖြစ်ပြီး သူသာနှေးကွေးမိပါကယခင်
တခါကလိုသူအား ကျစ်ရှုက ပါးရိုက်ဦးမလားကိုပင် မသိနိုင်သောကြောင့်ဖြစ်သည်။

ထိုမမျှော်လင့်သော အဖြစ်အပျက်လေးဖြစ်ပြီးနောက်တွင် သူတို့နှစ်ယောက်ရဲ့ရင်းနှီးကျွမ်းဝင်မှုလေးကယခင်ထက်ပင်ပိုလာခဲ့ပြီး
သူတို့နှစ်ယောက်ကြား တစ်ခါမှ ဖြစ်မလာနိုင်တော့ဘူးဟုထင်မှတ်ခဲ့ရသော အချစ်ဇာတ်လမ်းလေးကသူတိူ့နှစ်ယောက်၏
ဘဝလေးထဲသို့တိုးဝင်လာခဲ့သည်။
အစပိုင်းတွင် သူကစာအုပ်များကိုဖတ်ပြရင်း
ကျစ်ရှုနားတွင်ထိုင်သည်။ ညဘက်ဆို
နှစ်ယောက်အတူ နွေးထွေးစွာပင်အိပ်ရာနှင့်စောင်ကိုပါဝေမျှသုံးစွဲသည်။တခါတရံတွင် ကျစ်ရှုက သူ့အပေါ်မှီထားရင်း သူကကျစ်ရှုခါးကို ဖက်ထားခဲ့သည်။နောက်ပိုင်းတွင်
ကျစ်ရှုရဲ့ပါးအား ခဏခဏ နမ်းတတ်လာခဲ့သော်လည်းကျစ်ရှုဖက်ကသူ့ကို ငြင်းပယ်ခြင်းမပြုတော့ဘဲ ရှိလာခဲ့သည်။

ကျိယွီသည်ကျစ်ရှုအား စိတ်ချမ်းသာအောင်ထားကာအလေးပေးသူဖြစ်သည်။ကျစ်ရှု
ကအိုက်ကျစ်ယွီအား တခါတလေစကားမပြောဘဲစိတ်မကြည်ချိန်၌လျစ်လျူရှုပြီး
စာအုပ်လဲမဖတ်တော့ဘဲ အိပ်ဖို့ လုပ်လေသည်။ထိုအချိန်တွင်ကျိယွီကကျစ်ရှုကြိုက်သော နိုင်ငံခြားအချစ်ကဗျာ များနှင့် ရသ စာပေများအားဖတ်ပြလေ့ရှိသည်။သို့သော် ကျိယွီကဖတ်လေ့ဖတ်ထမရှိသောကြောင့်
တခါတလေပင် ပြင်သစ် အဘိဓာန်အား
ဘေးတွင်ချပြီးဘာသာပြန်ရသည်ကသူ့အတွက် အလုပ်တစ်ခု ပင်ဖြစ်သည်။ကျစ်ရှုကိုစာဖတ်ပြချိန်တွင် သူ့လက်ထဲ၌စာအုပ် 3အုပ်လောက်ကအမြဲလိုလှည့်ပတ်နေခဲ့သည်။သို့သော် ကျိယွီကကျစ်ရှုအတွက်ဆိုဘယ်သောအခါမှငြီးငြူခြင်း ၊စိတ်ပျက်ခြင်း
တို့မရှိခဲ့ဘူး။

ထိုသူကဘယ်လောက်တောင်ချစ်စရာကောင်းလှပါသနည်း ။

ကျစ်ရှုရဲ့နှလုံးသားကကျောက်စိုင်ကျောက်ခဲ တို့မဟုတ်ပါလေ။ ယခုတွင်သူအလိုချင်ဆုံး အလိုအပ်ဆုံးသောသူခိုနားရာအေးချမ်းသည့် ရင်ခွင်တစ်ခု ကိုရရှိလာခဲ့သည်။ထို့ကြောင့်ပင်ယခုအခြေအနေတွင်ကျိယွီ၏ချိုမြိန်သော
ချစ်ခြင်းနှင့် ဂရုစိုက်မှုများကို သူလုံးဝပင်
တောင့်မခံနိုင်တော့ဘဲကျိယွီအပေါ်သာ
တဖြေးဖြေး မှီခိုလာခဲ့မိသည်။

အိုက်ကျိယွီအတွက်သူကတစ်ဦးတည်း
သာဖြစ်နေခဲ့သည်။ကျန်းဝမ်ရွှီနှင့် မတွေ့ဆုံခင် ကျိယွီနှင့်သာ အရင်တွေ့ဆုံခဲ့ပါက
သူ့ဘဝကဘယ်လို ပုံစံလေး ဖြစ်လေမလဲလို့
သူတွေးနေမိခဲ့သည်။ကျိယွီကသူ့ကို
သူ့ဘဝ၏အလင်းရောင်လေးတစ်ခုဟုပြောခဲ့ဖူးသည်။ သို့သော်ထိုသူနှစ်ယောက်ကမူ
ဘဝအနေအထားနှင့် အတူ ကွာဟချက်များကမတူညီကြ။ကျန်းဝမ်ရွှီနှင့်တွေ့ဆုံခဲ့ချိန်က ,
ကျန်းဝမ်ရွှီ သူ့ကိုချစ်မြတ်နိုးခဲ့စဥ်က ,
ပန်းများထက်သာလွန်လှပသော,ဆန္ဒများစွာကို ဖြည့်ဆည်းပေးနိုင်ခဲ့သောသူ့ရဲ့ချိုမြိန်မှုများကို အကုန်အစင်စုပ်ယူစားသုံးနိုင်ခဲ့သော
ငယ်ရွယ်သည့် ဆယ်ကျော်သက်အရွယ်ပင်ဖြစ်ခဲ့သည်။အိုက်ကျိယွီ နှင့် သူတွေ့ဆုံလာချိန်တွင်မူ သူနာမကျန်း ဖြစ်ကာ အဆိုးဝါးဆုံးအချိန်များဖြစ်နေခဲ့ပြီး သူ့ဖက်မှဘာမှပင်
ကျိယွီအတွက် ပြန်မပေးနိုင်သော အချိန်ဖြစ်နေခဲ့ရသည်။သူအချစ်ရဆုံးသူက သူ့အနားတွင် ရှိမနေခဲ့ချိန် သူ့ကို အချစ်ဆုံးသူက
သူ့ အနွံတာများကိုခံတာ သူ့အထွေးအငင်များကိုမရွံမရှာစိတ်ရှည်ရှည်ဖြင့်ပြုစုပေး
နေခဲ့သည်။အိပ်ပျက်ညပေါင်းများစွာ၊
စိုးရိမ်ကြောင့်ကြမှုပေါင်းများစွာ၊
ချိုးနှိမ်ခဲ့ရသော ယောကျ်ားသားတစ်ယောက်၏ဆန္ဒပေါင်းများစွာ နှင့်အတူ
အပြုံးများသာ နေ့စဥ်ရက်ဆက် ပင်ပန်းနေသောမျက်နှာထက်ဝယ်ဆင်မြန်းနေခဲ့ရင်း
ငြူစူမှုလည်း အလျဥ်းမရှိစေခဲ့ဘဲနှင့်ပေါ့ ။
ထို့ကြောင့်ပင် မထင်မှတ်ထားခဲ့သည်က
သူသက်ဆုံးတိုင်အတူရှိမည်ဟုရွေးချယ်ခဲ့သော ယောကျ်ားတစ်ဦးကမူ သူ့အနားမှာမရှိလျက်သူ့အတွက်ပင် သီးသန့်ဟုဆိုလာသော
ယောကျ်ားတစ်ဦးနှင့်သာသူ့ဘဝရဲ့နာမကျန်းမှုများနှင့် အဆိုးဝါးဆုံးနေ့ရက်များကို ဖြတ်သန်းနေခဲ့ရပေသည်။သူ့အတွက်
ဒါကဘယ်လို ကံကြမ္မာမျိုးပါလိမ့်။

ပေကျင်း၏ရာသီဥတုသည် အကောင်းဆုံး
နှင့် ဝေးကွာနေခဲ့လျက်ရှိနေခဲ့ရသည်။
လေနှင့် ဆီးနှင်းများမရှိသည့် တိုင်အောင်
နေသာသောနေ့သည်လည်းလွန်စွာရှားပါးလွန်းလှသည်။မြူခိုးများပါသောနှင်းထုသည်
မြို့၏ပုံမှန်အလေ့အထပင်ဖြစ်ပြီး များစွာ
ရူရှိုက်မိပါကလည်ချောင်းအားတစ်ဆို့ယားယံလာစေခဲ့သည်။

ယခုနှစ်ဆောင်းတွင်းကသူ့အတွက် အရှည်လျားဆုံးနှင့် အအေးဆုံးဆောင်းဖြစ်နေခဲ့ပြီးမှတ်ညာဏ်များ၌မီးခိုးရောင်ဆီးနှင်းထုတို့ဝိုးတဝါးဖြင့်သာ အမြဲလို ရစ်သိုင်းနေခဲ့သည်။ညဥ့်နက်လာသည်နှင့်အမျှ တိတ်ဆိတ်လာခဲ့သောသူ့အိပ်ရာခန်းသည် ဤ ကမ္ဘာလောကကြီးတွင် အသက်ရှင်နေသူက သူတစ်ဦးသာ
ကျန်ရစ်နေခဲ့သကဲ့သို့အထီးကျန်ဆန်လွန်း
နေခဲ့ရသည်။

ကျန်းဝမ်ရွှီသည် နှစ်ယောက်အိပ်ခုတင်ကြီးပေါ်တွင် ဘယ်နှစ်ကြိမ်ဘယ်နှစ်ခါပင် မသိတော့အောင်လူးလှိမ့်နေခဲ့သည်။ညလယ်လောက်တွင် လန့်နိုးလာခဲ့ရင်း နောက်တနေ့ အစပိုင်းသို့ပင်ကူးပြောင်းနေခဲ့ချိန်ဖြစ်လျက်အအေးဓာတ်က လွှမ်းခြုံထားသည်မို့
အအေးမိ နှာစေးချင်သလိုပင်ဖြစ်နေခဲ့လေသည်။ကျန်းဝမ်ရွှီသည် မကြာသေးမီကပင်
ဆေးလိပ်ပြန်စွဲလာခဲ့သည်။သူ့အိမ်နဲ့ကုမ္ပဏီရှိ ပြာခွက်များထဲတွင်ဆေးလိပ်အစီခံနှင့်ပြာများက ပြည့်နေခဲ့သည်။အကယ်၍သူက
အရာအားလုံးကိုခဏတာမေ့ပျောက်နိုင်ဖို့အရက်ကိုမူးအောင် သောက်ရင်တော့ ထို
တညတာကိုတိတ်ဆိတ်စွာကျော်ဖြတ်နိုင်
ပေလိမ့်မည်။သို့သော်ညလည်တွင် နိုးထလာပြီးသူ့ရဲ့အထီးကျန်မှုတွေကို ပြန်လည်နိုးထစေခဲ့ရင်းသန်းခေါင်ယံအချိန်အတွေးပေါင်းများစွာတွေးနေမိခြင်းကသူ့အတွက်
အဆိုးဆုံးပင်ဖြစ်နေခဲ့သည်။အိပ်ပျော်သွားပါကလည်း အိပ်မက်ဆိုးများနှင့်သာမကြာခဏကြုံတွေ့ရပြန်သည်။ထိုသို့သောနှိပ်စက်ညှဉ်းပန်းမှုများကရက်ဆက်သာဖြစ်တည်နေခဲ့လျက်အိပ်မက်များကလည်းရက်ဆက်လာပြီးနောက်တနေ့၏အိပ်မက်ဆိုးသည်မနေ့ညက အဆုံးသတ်ခဲ့သောနေရာမှပြန်၍စတင်ခဲ့ပြန်သည်။ကျန်းဝမ်ရွှီကျစ်ရှုအကြောင်းတွေကိုသာနေ့စဥ်ရက်ဆက်မက်နေခဲ့သည်။
ကျစ်ရှုသည်အကျီ အဖြူညဝတ် အကျီဘောင်းဘီရှည်နှင့်အတူ အိမ်ထဲတွင်တစ်ဦးတည်းရှိနေသည်ကိုတွေ့ရသည်၊ထပ်ခါထပ်ခါပင် အိမ်ထဲ၌ ပတ်ကာလမ်းလျှောက်နေရင်း ခေါင်းကို လည်းငုံ့ထားလျက်ရှိနေသည်။ဖြေးဖြေးချင်းတလှမ်းစီလျှောက်နေလျက် အိပ်ခန်းတိုင်းရဲ့တံခါးတွေကို  ဖွင့်လိုက်ပိတ်လိုက်နှင့် မရပ်မနားလုပ်နေခဲ့သည်။နောက်
တနေ့အိပ်မက်တွင်မူအသံများကိုပါ ကြား
လာရသည်။ကျစ်ရှုသည်ယခင်ရက်များအတိုင်းပင်အိမ်ထဲသို့လှည့်ပတ်သွားနေရင်း
တံခါးများကို ယခင်တိုင်း ဖွင့်လိုက်ပိတ်လိုက်ဖြင့် တစ်ခုခုကိုရှာနေဟန်လည်းရှိနေခဲ့သည်။
နောက်ဆုံးတွင် ပင်ပန်းသွားဟန်ဖြင့် ထိုင်ချရင်း ငိုနေခဲ့ပြန်သည်။ သူ့မျက်ရည်များက
ကြမ်းပြင်ထက်သို့ တစက်စက်ဖြင့်ကျလာသည်ကိုလည်းအသေအချာပင်တွေ့နေခဲ့ရပြီး သူ့ကိုပြောလာသည်။

"ဝမ်ရွှီ ....ကျန်းကော ငါ မင်းကိုမတွေ့ရဘူး၊
ငါ့ဆီ ပြန်လာပါ ....ကျေးဇူးပြုပြီးပြန်လာပေးပါ ...ကျန်းကော ...."

ထိုအသံအား သူ့နားဖြင့်ပင်အသေအချာကြားနေခဲ့ရပြီးကြေကွဲဝမ်းနည်းဖွယ်ပြောနေလျက်ကျစ်ရှုပြောနေစဥ်မှာပင်ထိုအသံတွေကသူနှင့်ပို ၍ဝေးဝေးသွားခဲ့ရာမှအရိပ်တစ်ခုပမာတဖြေးဖြေးမှေးမှိန်ပျောက်ကွယ်သွားပြန်သည်။ သို့သော် သူကြည့်နေစဥ်မှာပင်သူ့ရှေ့ရှိကျစ်ရှုငိုနေခဲ့သော မျက်ရည်အိုင်မှ မျက်ရည်စက်
တွေက သွေးများအဖြစ်ပြောင်းလဲသွားခဲ့ပြီး သူ့ရှေ့တွင်ထိုင်နေသော ကျစ်ရှုကလည်း
တဖြေးဖြေးခေါင်းမော့လာလျက်သူ့ကိုကြည့်လာသည်၊ကျစ်ရှုပုံစံကပိန်ပါးဖြူဖျော့တော့ နေလျက် ပါးစပ်ထဲတွင်သွေးများ ပြည့်ကာစီးကျလာခဲ့သည်။

ကျန်းဝမ်ရွှီ ကြောက်လန့်မှုများနှင့်အတူ
လန့်နိုးလာပြီးသူ့ မျက်နှာပေါ်မှမျက်ရည်စီးကြောင်းများက ချွေးများနှင့်ပင်ရောနှောနေခဲ့သည်။ပြန်အိပ်ရဖို့ကိုပင်သူလွန်စွာကြောက်လန့်နေခဲ့သည်။

"ငါ့အမှား တွေ ..ငါ့အမှားတွေပါ "

ကျန်းဝမ်ရွီ အရူးတစ်ယောက်လိုတဖွဖွပင်ရေရွတ်နေခဲ့ရင်းနှလုံးသားတွေပင်အလွန် အမင်း နာကျင်လာရသည်မို့ ရင်ဘတ်များ
ပင် အောင့်လာခဲ့သည်၊ဝမ်းနည်းမှုနှင့်အတူ မျက်ရည်များစွာကျနေခဲ့ရင်း သူ့ကိုယ်သူပင် ဘောလုံးလေးတစ်လုံးလိုကွေးကာထိတ်လန့်မှုများဖြင့်ရှိနေခဲ့ရသည်၊

'ကျစ်ရှူ အဲဒါတွေက အားလုံးငါလုပ်ခဲ့တာပါ
ငါဘယ်တော့မှ အဲလိုအမှားမျိုး ထပ်မလုပ်တော့ပါဘူး ...ငါတောင်းပန်ပါတယ် ..
ငါတကယ်ကြီးတောင်းပန်ပါတယ် ..
ငါ့ဆီ ပြန်လာပေးပါကွာ "

အစပိုင်းတွင်ခေါင်းကိုက်ခြင်းနှင့်
ရင်ဘတ်အောင့်ခြင်းကစိတ်အခြေအနေဆိုးဝါးမှုများကြောင့်ဟုတွေးနေမိသော်လည်း ရင်ဘတ်အောင့်ခြင်းကတော့ ပို၍ပင်ဆိုးဝါးလာခဲ့သည်။သို့သော် နောက်တနေ့ကုမ္ပဏီမှအထွက်လဲကျသွားခဲ့ခြင်းကြောင့်သူ့ကို
ဆေးရုံသို့ ပို့ဆောင်ခဲ့ကြသည်။ဆေးရုံသို့ ရောက်ချိန်တွင်သူ့နှလုံးမှာကြီးစွာထိခိုက်နေခဲ့ပြီးတစ်ခုခုမှားယွင်းနေသည်ဟုသာသိလိုက်ရသည်။

နှလုံးရောဂါသည် ရုပ်ပိုင်းဆိုင်ရာနာကျင်မှုတစ်ခုပင်ဖြစ်သည်။နှုတ်ခမ်းများကပြာလာလျက်မျက်လုံးများကမူမှေးမှိန်နေခဲ့သည်။

သူ တကယ်ပင်ကျစ်ရှုကို လွမ်းနေမိသည်။
မှန်ကန်သော သစ္စာစကားတစ်ခုကသူတကယ်ကျစ်ရှုကိုချစ်သည်။ထို့အတူအခုအချိန်တွင်လည်းသူကျစ်ရှုကိုအရမ်းအရမ်းကို လွမ်းနေမိချေပြီ။

11.2.2021
W5686
Re -Edit Date ...7.11.2021
........................................................................

EP55 အိပ္မက္ဆိုးနဲ႕ နာက်င္မႈ

အကယ္၍ တစ္စုံတစ္ေယာက္သည္သင့္အတြက္
အလြန္ပင္အေရးႀကီးပါက အခ်ိန္မ်ားစြာကုန္လြန္
လာသည္ႏွင့္အမွ် သင့္ႏွလုံးသားေပၚတြင္
အမွတ္အသားေလးတစ္ခု အေနျဖင့္စြဲထင္ေနလိမ့္မည္။
ထိုသူအား သင့္စိတ္ထဲတြင္ စြဲမွတ္ထားသည္ျဖစ္ေစ,
မမွတ္ထားသည္ျဖစ္ေစ...ထိုအမွတ္အသားေလးက
ဘယ္ေသာအခါမွ ေပ်ာက္ကြယ္သြားမည္မဟုတ္ပါေခ်။

အိုက္က်ိယြီသည္က်စ္ရႈအားေစာင္ေအာက္သို႔ဆြဲသြင္း
လိုက္ၿပီး ေစာင္အနားေလးမ်ားအား ဖိခ်လိဳက္သည္။႐ုတ္တရက္ပင္ သူ႕စိတ္ထဲ၌ လည္းမသက္မသာဆိုးဝါးစြာခံစားေနရသည္။သူလုပ္သမွ်အရာအားလုံးသည္
က်စ္ရႈအဆင္ေျပေစဖို႔သာျဖစ္သည္။

အခ်ိန္မ်ားစြာကုန္လြန္သည္က ျမန္လွေခ်၏။
သူတို႔အတူေနထိုင္လာခဲ့ၾကသည္မွာ ဇန္နဝါရီလ လယ္သို႔ပင္ ေရာက္လာခဲ့ေခ်ၿပီ။ေနာက္ႏွစ္ပတ္မွ်ထပ္မံကုန္
လြန္ၿပီးလွ်င္ပင္ ေဖေဖာ္ဝါရီလ သို႔ေရာက္ေတာ့မည္ျဖစ္
သည္ ။ေဖေဖာ္ဝါရီလသည္တ႐ုတ္ႏွစ္သစ္ကူးပြဲေတာ္
ႏွင့္နီးကပ္ေစမည့္ေျခလွမ္းတစ္ခုပင္ျဖစ္သည္။

နာက်င္မႈနည္းပါးခ်ိန္တြင္ က်စ္ရႈကလမ္းအနည္းအပါး
ထေလွ်ာက္နိုင္ေသာ္လည္းအိမ္ထဲမွာသာရွိေနရင္း အိမ္အျပင္သို႔ေတာ့မသြားနိုင္ေသး။သူရဲ႕နာက်င္ေနသည့္
ပုံသဏၭာန္ကို ဆိုးဝါးပုံမရေအာင္ထူထဲေသာကက္ရွမီးယားေစာင္အားႏြေးေအာင္ၿခဳံထားရင္းလက္တင္ကုလား
ထိုင္ေပၚ၌သာစာအုပ္မ်ားအားအေဖာ္ျပဳလ်က္
ၿငိမ္သက္ေနေလ့ရွိခဲ့သည္။သူကတီဗီႏွင့္ ႐ုပ္ရွင္မ်ားၾကည့္ရသည္ကို ႏွစ္သက္ျခင္းမရွိသူျဖစ္ၿပီးထိုအရာေတြက သူ႕ကို ပို၍ပင္ေခါင္းကိုက္ေခါင္းမူးျဖစ္လာေစသည္။
စာဖတ္ျခင္းသည္လည္းထိုနည္းတူပင္သူ႕အားအဆင္မေျပေစေသာ္လည္း စာအုပ္တဝက္မွ်ေရာက္သည္ႏွင့္သူအိပ္ေပ်ာ္ေပ်ာ္သြားတတ္ေသာေၾကာင့္ အနည္း ႏွင့္အမ်ားစိတ္သက္သာရာေတာ့ရေစသည္ပင္။

က်ိယြီအတြက္မူ ယခုအခ်ိန္အေၾကာက္ဆုံးကေတာ့က်စ္ရႈအိပ္ေပ်ာ္သြားခ်ိန္ကိုသာျဖစ္သည္။က်စ္ရႈသည္အၿမဲလိုပင္ပန္းေနပုံရၿပီးသူႏွင့္လမ္းေလွ်ာက္ခ်ိန္ပင္သိပ္မရွိေတာ့ဘဲအၿမဲလိုပိုပို၍ ၿငိမ္သက္လာသည္မို႔ ပိုပို၍ပင္သူထိတ္လန့္လာခဲ့သည္။တေန႕တြင္ က်စ္ရႈသည္ ေအးေအးေဆးေဆးပင္အိပ္ေပ်ာ္သြားခဲ့ၿပီးေနာက္ဘယ္ေသာအခါမွ ျပန္၍နိုးမထနိုင္ေတာ့မည္ကို ေန႕စဥ္ႏွင့္အမွ် ေၾကာက္လန့္ေနရ
သည္။က်စ္ရႈအိပ္ေပ်ာ္ေနသည္ကို သူ႕မွာအခ်ိန္တိုင္းလို
ေစာင့္ၾကည့္ေနရၿပီး နိုးထခ်ိန္တြင္လည္း မ်က္ေတာင္
တခတ္မွ်မလစ္ဟင္းရေအာင္ ဂ႐ုစိုက္ေနရသည္။ က်စ္ရႈ အား ေစာင့္ေရွာက္လာရင္း အိပ္ပ်က္ညမ်ားပင္ ရက္ဆက္လာလ်က္က်ိယြီတစ္ေယာက္သူ႕ကိုယ္သူယခင္ထက္ပင္ ပိုမို ပိန္ပါးလာသည္ဟု ထင္လိုက္မိသည္။

သူ႕ရဲ႕ေဒါက္တာအိုက္သည္သူ႕ေရွ႕တြင္သာရွိေနရင္းတစ္စုံတစ္ခုအားႀကံစည္ေနသကဲ့သို႔ ရွိေနသည္ကို မၾကာေသးမီကက်စ္ရႈသတိ ထားလိုက္မိသည္။ထိုသူကသူ႕အနီးတြင္ထိုင္ေနရင္း ကမန္းကတန္း သူမသိေအာင္တစ္ခုခုအား
လုပ္ေနသလိုရွိေနၿပီးသူ႕ကိုလည္းခိုးခိုးၾကည့္လိုက္ျပန္
လွည့္သြားလိုက္လုပ္ေနလ်က္ တစ္ခုခုကိုလည္း ပ်င္းပ်င္းရွိသည္ႏွင့္ေရးျခစ္ေနေလ့ရွိတယ္၊သူ႕ေရးျခစ္တဲ့ အရာကိုလည္းလွလွပပ ျဖစ္ေအာင္သူ႕အာ႐ုံေတြကိုစုစည္းထားပုံရေနခဲ့သည္။

ယေန႕တြင္ အိုက္က်ိယြီကသူ႕ရဲ႕ပုံဆြဲျခင္းအား ၿပီးစီးသြားသည္ႏွင့္တၿပိဳင္နက္လက္ႏွင့္ေခါင္းကို ျမႇောက္ၿပီး
အေၾကာဆန့္လိုက္ရင္း ေန႕လည္ခင္းေနေရာင္ျခည္အား ျပည့္ဝစြာခံယူလိုက္သည္။ထို႔ေနာက္သူကသူ႕ေရွ႕မွစာအုပ္တစ္အုပ္အားကိုင္လ်က္ထိုင္ၿပီးစာဖတ္ေနေသာက်စ္ရႈအား ၾကည့္ကာေျပာလိုက္သည္။

'မင္း ေမြးေန႕ေတာင္နီးေနၿပီေနာ္ ....
ဟုတ္တယ္မလား?"

က်စ္ရႈသည္ စာအုပ္ထဲတြင္စိတ္ႏွစ္ထားရင္းမွ
သူ႕ကို စကားေျပာလာေသာ အိုက္က်ိယြီ
ကို သတိထားမိၿပီးေနာက္ျပတင္းေပါက္နားရွိ
နံရံအားေစာင္းမွီထားေသာခႏၱာကိုယ္ကိုခပ္မတ္မတ္ေလး ျပင္ယူလိုက္္သည္။ထို႔ေနာက္ အနည္းငယ္
ေရွ႕တိုးကာက်ိယြီအားေမးလိုက္သည္။

"အင္း ....ဟုတ္တယ္ဘယ္လိုလုပ္ၿပီးသိတာလဲ?"

က်စ္ရႈ၏ေမြးေန႕သည္ တ႐ုတ္ႏွစ္သစ္ကူး
မတိုင္မီ ပင္ျဖစ္သည္။လြန္ခဲ့ေသာ
ဆယ္စုႏွစ္ေက်ာ္ အိမ္မွာထြက္ခြာခဲ့ခ်ိန္မွစ၍
မည္သူကမွသူ႕ေမြးေန႕အား အေရးတယူ
ဂ႐ုမစိုက္ၾကေတာ့ေသာေၾကာင့္ပင္ျဖစ္သည္။

အိုက္က်ိယြီကသူ႕ကို ၿပဳံးကာေျပာလာသည္။

"မင္းေဆး႐ုံမွာ...ေဖာင္မျဖည့္ခင္တုန္းက
မင္း မွတ္ပုံတင္ကို ၾကည့္လိုက္ေတာ့
မင္းေမြးေန႕ကို ျမင္လို႔ကိုယ္မွတ္ထားခဲ့တာေလ"

က်စ္ရႈတခ်က္မွ် ၿငိမ္သက္ေနၿပီးမွထို အရာက
စိတ္မေကာင္းစရာမဟုတ္ေသာေၾကာင့္က်ိယြီႏွင့္
စကားဆက္ေျပာလိုက္သည္။

"ေအာ္ ....ဟုတ္ပါၿပီ ,ဒါနဲ႕ မင္းဒီရက္ပိုင္း
ဘာေတြဆြဲေနတာလဲ ?"

အိုက္က်ိယြီကတြန့္တိုဟန္ျဖင့္ ျပန္ေျပာလာသည္။

" ေျပာပါဘူး ....ဒါက လွ်ို႔ဝွက္ခ်က္ !"

သူ႕အား ေျပာလာေသာ က်ိယြီအား ေခါင္းညိတ္ျပလ်က္ ထပ္၍ မစပ္စုေတာ့ဘဲ

'ဟုတ္ပါၿပီ ....အဲဒါဆို အားဂူးကို
ေခၚလာေပးပါလား ...ငါသူနဲ႕ ကစားခ်င္လို႔ "

က်စ္ရႈသည္အိုက္က်ိယြီအားကေလးဆန္လ်က္
ခ်စ္စရာေကာင္းေနေသာ ေၾကာင့္ တမင္ပင္ က်ိယြီ၏
နာမည္အားမေခၚေတာ့ဘဲ ေျပာေနမိသည္။

အိုက္က်ိယြီရဲ႕ႏွလုံးသားအစုံကက်စ္ရႈအတြက္ ဆိုပါက
ေတာင္းဆိုသမွ်ကို ရေအာင္ျဖည့္ဆည္းေပးေနက်ျဖစ္ၿပီးဧၿပီလရွိအေနာက္ဖက္ေရကန္ထက္ပင္ပိုမိုႏူးညံ့နိုင္ ေသာ္လည္း ယခုတႀကိမ္ေတာ့မူသူ႕ကိုယ္သူ ျငင္းဆန္ရန္
သတိေပးေနခဲ့ရသည္။

"မင္း ဒီထက္ပိုေနေကာင္းလာတဲ့အထိ ေစာင့္ဦး
၊ေခြးကေန႕တိုင္း အျပင္သြားၿပီး ေလွ်ာက္ေဆာ့
​ေနတာ ,.အဲဒါေၾကာင့္ မသန့္ရွင္းဘူး "

က်စ္ရႈရဲ႕ကိုယ္ခံစြမ္းအားက လက္ရွိတြင္ အရမ္းပင္အား
နည္းလ်က္ရွိေနၿပီး အားဂူးက လည္းအရမ္းေဆာ့သည္မို႔ တခုခုထိခိုက္ဒဏ္ရာမျဖစ္ေစလိုျခင္းႏွင့္အတူ
တျခားေသာျပင္ပ ေရာဂါမ်ား ႐ုတ္တရက္ထပ္ဝင္လာမည္ကို အိုက္က်ိယြီက အလြန္ပင္စိုးရိမ္ေနခဲ့လ်က္ရွိေနသည္။

ဒါဆို သူကေရာ ...ဘယ္ေလာက္ၾကာၾကာထပ္ေစာင့္
ရမည္လဲ ?က်စ္ရႈစိတ္ဓာတ္က်သြားမိေပမယ့္ က်ိယြီကသူ႕က်န္းမာေရးအတြက္လုပ္တာကိုေတာ့ သူနားလည္မိသည္။

က်စ္ရႈမ်က္ႏွာညိုးႏြမ္းသြားလ်က္
ေခါင္းႀကီးငုံ႕ေနသည္ကို ေတြ႕သည္မို႔
က်စ္ရႈသူ႕ကိုစိတ္ဆိုးသြားမွာကိုမခံနိုင္တဲ့
က်ိယြီကက်စ္ရႈေရွ႕သို႔တိုးသြားၿပီး
ေခ်ာ့သည့္အေနျဖင့္ေမးလိုက္သည္။

"ဒါမွမဟုတ္ ကိုယ္မင္းရဲ႕ ေၾကာင္ေလးေတြထဲက
တစ္ေကာင္ေခၚလာေပးမယ္ေလ "

ထိုအခါ က်စ္ရႈတစ္ေယာက္အနည္းငယ္႐ႊင္လန္း
လာလ်က္ေျပာလာသည္။

"အင္းပါ ...ဒါဆို ငါေလ အနက္ေရာင္ၾကားေလးပါတဲ့ ေျခေထာက္အျဖဴေရာင္ေလးနဲ႕ေကာင္ေလးလိုခ်င္တယ္ "

"အဝဆုံးေကာင္ေလးေလ ...ဟုတ္တယ္မလား?....
ကိုယ္ယူေပးမယ္ ေနာ္ "

က်ိယြီကသူ႕အနားသို႔တိုးကာ မခ်ိဳမခ်ဥ္
အၿပဳံးတစ္ခုျဖင့္ထပ္ေျပာလာသည္ ။

"ဒါေပမယ့္ ...ကိုယ့္ကိုနမ္းရမယ္အဲ့ဒါမွကိုယ္မင္း
အတြက္ေၾကာင္ေလးသြားယူေပးမွာ "

က်စ္ရႈကမ်က္လုံးေလးမ်ားကို ေဘးဘက္သို႔လႊဲေနရင္း,

"ငါ့ကို မစ ပါနဲ႕ "

က်ိယြီခ်က္ျခင္းပင္ မ်က္လုံးမ်ားပိတ္ေအာင္ၿပဳံးရယ္ျပလိုက္ရင္း သူ႕ကိုယ္သူပင္မထိန္းခ်ဳပ္နိုင္ဘဲျမန္ျမန္ဆန္ဆန္ပင္
က်စ္ရႈရဲ႕ ပါးေလးတဖက္ကိုထိကပ္ကာနမ္းရွိုက္လိုက္
မိသည္။

က်စ္ရႈကေတာ့အံ့ၾသမႈေၾကာင့္ မ်က္လုံးေလးမ်ားပင္
ဝိုင္းလာသည္။

သို႔ေသာ္ က်ိယြီရဲ႕ျမန္ျမန္ဆန္ဆန္ထြက္သြားမႈကိုပင္ေက်းဇူးတင္ရမလိုျဖစ္ေနခဲ့သည္။က်ိယြီရဲ႕ကေလးတစ္ေယာက္လို ေျပးထြက္သြားမႈသည္ သူ႕ကို ကယ္တင္လိုက္ျခင္း
ပင္ျဖစ္ၿပီး သူသာေႏွးေကြးမိပါကယခင္တခါကလိုသူအား က်စ္ရႈက ပါးရိုက္ဦးမလားကိုပင္ မသိနိုင္ေသာေၾကာင့္ျဖစ္သည္။

ထိုမေမွ်ာ္လင့္ေသာ အျဖစ္အပ်က္ေလးျဖစ္ၿပီးေနာက္တြင္ သူတို႔ႏွစ္ေယာက္ရဲ႕ရင္းႏွီးကြၽမ္းဝင္မႈေလးကယခင္
ထက္ပင္ပိုလာခဲ့ၿပီးသူတို႔ႏွစ္ေယာက္ၾကား တစ္ခါမွ
ျဖစ္မလာနိုင္ေတာ့ဘူးဟုထင္မွတ္ခဲ့ရေသာ အခ်စ္ဇာတ္လမ္းေလးကသူတိူ႕ႏွစ္ေယာက္၏ဘဝေလးထဲသို႔တိုးဝင္လာခဲ့သည္။အစပိုင္းတြင္ သူကစာအုပ္မ်ားကိုဖတ္ျပရင္း
က်စ္ရႈနားတြင္ထိုင္သည္။ ညဘက္ဆို ႏွစ္ေယာက္အတူ ႏြေးေထြးစြာပင္အိပ္ရာႏွင့္ေစာင္ကိုပါေဝမွ်သုံးစြဲသည္။
တခါတရံတြင္ က်စ္ရႈက သူ႕အေပၚမွီထားရင္း သူကက်စ္ရႈခါးကို ဖက္ထားခဲ့သည္။ေနာက္ပိုင္းတြင္ က်စ္ရႈရဲ႕ပါးအား ခဏခဏ နမ္းတတ္လာခဲ့ေသာ္လည္းက်စ္ရႈဖက္ကသူ႕ကို ျငင္းပယ္ျခင္းမျပဳေတာ့ဘဲ ရွိလာခဲ့သည္။

က်ိယြီသည္က်စ္ရႈအား စိတ္ခ်မ္းသာေအာင္ထားကာ
အေလးေပးသူျဖစ္သည္။က်စ္ရႈကအိုက္က်စ္ယြီအားတခါတေလစကားမေျပာဘဲစိတ္မၾကည္ခ်ိန္၌လ်စ္လ်ဴရႈၿပီး
စာအုပ္လဲမဖတ္ေတာ့ဘဲ အိပ္ဖို႔ လုပ္ေလသည္။ထိုအခ်ိန္တြင္က်ိယြီကက်စ္ရႈႀကိဳက္ေသာ နိုင္ငံျခားအခ်စ္ကဗ်ာ မ်ားႏွင့္ ရသ စာေပမ်ားအားဖတ္ျပေလ့ရွိသည္။သို႔ေသာ္ က်ိယြီကဖတ္ေလ့ဖတ္ထမရွိေသာေၾကာင့္
တခါတေလပင္ ျပင္သစ္ အဘိဓာန္အား
ေဘးတြင္ခ်ၿပီးဘာသာျပန္ရသည္ကသူ႕အတြက္ အလုပ္တစ္ခု ပင္ျဖစ္သည္။က်စ္ရႈကိုစာဖတ္ျပခ်ိန္တြင္ သူ႕လက္ထဲ၌စာအုပ္ 3အုပ္ေလာက္ကအၿမဲလိုလွည့္ပတ္ေနခဲ့သည္။သို႔ေသာ္ က်ိယြီကက်စ္ရႈအတြက္ဆိုဘယ္ေသာအခါမွၿငီးျငဴျခင္း ၊စိတ္ပ်က္ျခင္းတို႔မရွိခဲ့ဘူး။

ထိုသူကဘယ္ေလာက္ေတာင္ခ်စ္စရာေကာင္းလွ
ပါသနည္း ။

က်စ္ရႈရဲ႕ႏွလုံးသားကေက်ာက္စိုင္ေက်ာက္ခဲ တို႔မဟုတ္ပါေလ။ ယခုတြင္သူအလိုခ်င္ဆုံး အလိုအပ္ဆုံးေသာ
သူခိုနားရာေအးခ်မ္းသည့္ ရင္ခြင္တစ္ခု ကိုရရွိလာခဲ့သည္။ထို႔ေၾကာင့္ပင္ယခုအေျခအေနတြင္က်ိယြီ၏ခ်ိဳၿမိန္ေသာ
ခ်စ္ျခင္းႏွင့္ ဂ႐ုစိုက္မႈမ်ားကို သူလုံးဝပင္ေတာင့္မခံ
နိုင္ေတာ့ဘဲက်ိယြီအေပၚသာတေျဖးေျဖး မွီခိုလာခဲ့မိသည္။

အိုက္က်ိယြီအတြက္သူကတစ္ဦးတည္း
သာျဖစ္ေနခဲ့သည္။က်န္းဝမ္႐ႊီႏွင့္ မေတြ႕ဆုံခင္က်ိယြီႏွင့္သာ အရင္ေတြ႕ဆုံခဲ့ပါက သူ႕ဘဝကဘယ္လို ပုံစံေလး
ျဖစ္ေလမလဲလို႔သူေတြးေနမိခဲ့သည္။က်ိယြီကသူ႕ကို
သူ႕ဘဝ၏အလင္းေရာင္ေလးတစ္ခုဟုေျပာခဲ့ဖူးသည္။ သို႔ေသာ္ထိုသူႏွစ္ေယာက္ကမူ ဘဝအေနအထားႏွင့္ အတူ ကြာဟခ်က္မ်ားကမတူညီၾက။က်န္းဝမ္႐ႊီႏွင့္ေတြ႕ဆုံခဲ့ခ်ိန္က ,က်န္းဝမ္႐ႊီ သူ႕ကိုခ်စ္ျမတ္နိုးခဲ့စဥ္က ,
ပန္းမ်ားထက္သာလြန္လွပေသာ,ဆႏၵမ်ားစြာကို ျဖည့္ဆည္းေပးနိုင္ခဲ့ေသာသူ႕ရဲ႕ခ်ိဳၿမိန္မႈမ်ားကို အကုန္အစင္စုပ္ယူစားသုံးနိုင္ခဲ့ေသာငယ္႐ြယ္သည့္ ဆယ္ေက်ာ္သက္
အ႐ြယ္ပင္ျဖစ္ခဲ့သည္။အိုက္က်ိယြီ ႏွင့္ သူေတြ႕ဆုံလာခ်ိန္တြင္မူ သူနာမက်န္း ျဖစ္ကာ အဆိုးဝါးဆုံးအခ်ိန္မ်ား
ျဖစ္ေနခဲ့ၿပီး သူ႕ဖက္မွဘာမွပင္က်ိယြီအတြက္ ျပန္မေပး
နိုင္ေသာ အခ်ိန္ျဖစ္ေနခဲ့ရသည္။သူအခ်စ္ရဆုံးသူက သူ႕အနားတြင္ ရွိမေနခဲ့ခ်ိန္ သူ႕ကို အခ်စ္ဆုံးသူက
သူ႕ အႏြံတာမ်ားကိုခံတာ သူ႕အေထြးအငင္မ်ားကိုမ႐ြံမရွာစိတ္ရွည္ရွည္ျဖင့္ျပဳစုေပးေနခဲ့သည္။အိပ္ပ်က္ညေပါင္းမ်ားစြာ၊စိုးရိမ္ေၾကာင့္ၾကမႈေပါင္းမ်ားစြာ၊ခ်ိဳးႏွိမ္ခဲ့ရေသာ
​ေယာက်္ားသားတစ္ေယာက္၏ဆႏၵေပါင္းမ်ားစြာ ႏွင့္အတူ
အၿပဳံးမ်ားသာ ေန႕စဥ္ရက္ဆက္ ပင္ပန္းေနေသာမ်က္ႏွာထက္ဝယ္ဆင္ျမန္းေနခဲ့ရင္း ျငဴစူမႈလည္း အလ်ဥ္းမရွိေစခဲ့ဘဲႏွင့္ေပါ့ ။ထို႔ေၾကာင့္ပင္ မထင္မွတ္ထားခဲ့သည္က
သူသက္ဆုံးတိုင္အတူရွိမည္ဟုေ႐ြးခ်ယ္ခဲ့ေသာ
​ေယာက်္ားတစ္ဦးကမူ သူ႕အနားမွာမရွိလ်က္သူ႕အတြက္
ပင္ သီးသန့္ဟုဆိုလာေသာ ေယာက်္ားတစ္ဦးႏွင့္သာသူ႕ဘဝရဲ႕နာမက်န္းမႈမ်ားႏွင့္ အဆိုးဝါးဆုံးေန႕ရက္မ်ားကို ျဖတ္သန္းေနခဲ့ရေပသည္။သူ႕အတြက္
ဒါကဘယ္လို ကံၾကမၼာမ်ိဳးပါလိမ့္။

ေပက်င္း၏ရာသီဥတုသည္ အေကာင္းဆုံး
ႏွင့္ ေဝးကြာေနခဲ့လ်က္ရွိေနခဲ့ရသည္။
ေလႏွင့္ ဆီးႏွင္းမ်ားမရွိသည့္ တိုင္ေအာင္
ေနသာေသာေန႕သည္လည္းလြန္စြာရွားပါး
လြန္းလွသည္။ျမဴခိုးမ်ားပါေသာႏွင္းထုသည္
ၿမိဳ႕၏ပုံမွန္အေလ့အထပင္ျဖစ္ၿပီး မ်ားစြာ
႐ူရွိုက္မိပါကလည္ေခ်ာင္းအားတစ္ဆို႔ယားယံ
လာေစခဲ့သည္။

ယခုႏွစ္ေဆာင္းတြင္းကသူ႕အတြက္ အရွည္လ်ားဆုံးႏွင့္ အေအးဆုံးေဆာင္းျဖစ္ေနခဲ့ၿပီးမွတ္ညာဏ္မ်ား၌မီးခိုးေရာင္ဆီးႏွင္းထုတို႔ဝိုးတဝါးျဖင့္သာ အၿမဲလို ရစ္သိုင္းေနခဲ့သည္။ညဥ့္နက္လာသည္ႏွင့္အမွ် တိတ္ဆိတ္လာခဲ့ေသာသူ႕အိပ္ရာခန္းသည္ ဤ ကမၻာေလာကႀကီးတြင္ အသက္ရွင္ေနသူက သူတစ္ဦးသာက်န္ရစ္ေနခဲ့သကဲ့သို႔အထီးက်န္ဆန္
လြန္းေနခဲ့ရသည္။

က်န္းဝမ္႐ႊီသည္ ႏွစ္ေယာက္အိပ္ခုတင္ႀကီးေပၚတြင္
ဘယ္ႏွစ္ႀကိမ္ဘယ္ႏွစ္ခါပင္ မသိေတာ့ေအာင္လူးလွိမ့္ေနခဲ့သည္။ညလယ္ေလာက္တြင္ လန့္နိုးလာခဲ့ရင္း ေနာက္တေန႕ အစပိုင္းသို႔ပင္ကူးေျပာင္းေနခဲ့ခ်ိန္ျဖစ္လ်က္အေအးဓာတ္က လႊမ္းၿခဳံထားသည္မို႔ အေအးမိ ႏွာေစးခ်င္သလို
ပင္ျဖစ္ေနခဲ့ေလသည္။က်န္းဝမ္႐ႊီသည္ မၾကာေသးမီကပင္
ေဆးလိပ္ျပန္စြဲလာခဲ့သည္။သူ႕အိမ္နဲ႕ကုမၸဏီရွိ ျပာခြက္မ်ားထဲတြင္ေဆးလိပ္အစီခံႏွင့္ျပာမ်ားက ျပည့္ေနခဲ့သည္။အကယ္၍သူက အရာအားလုံးကိုခဏတာေမ့ေပ်ာက္နိုင္ဖို႔အရက္ကိုမူးေအာင္ ေသာက္ရင္ေတာ့ ထို
တညတာကိုတိတ္ဆိတ္စြာေက်ာ္ျဖတ္နိုင္
ေပလိမ့္မည္။သို႔ေသာ္ညလည္တြင္ နိုးထလာၿပီးသူ႕ရဲ႕အထီးက်န္မႈေတြကို ျပန္လည္နိုးထေစခဲ့ရင္းသန္းေခါင္ယံအခ်ိန္အေတြးေပါင္းမ်ားစြာေတြးေနမိျခင္းကသူ႕အတြက္
အဆိုးဆုံးပင္ျဖစ္ေနခဲ့သည္။အိပ္ေပ်ာ္သြားပါကလည္း အိပ္မက္ဆိုးမ်ားႏွင့္သာမၾကာခဏႀကဳံေတြ႕ရျပန္သည္။ထို
သို႔ေသာႏွိပ္စက္ညွဥ္းပန္းမႈမ်ားကရက္ဆက္သာျဖစ္
တည္ေနခဲ့လ်က္အိပ္မက္မ်ားကလည္းရက္ဆက္လာၿပီး
းေနာက္တေန႕၏အိပ္မက္ဆိုးသည္မေန႕ညကအဆုံးသတ္ခဲ့ေသာေနရာမွျပန္၍စတင္ခဲ့ျပန္သည္။က်န္းဝမ္႐ႊီက်စ္ရႈအေၾကာင္းေတြကိုသာေန႕စဥ္ရက္ဆက္မက္ေနခဲ့သည္။
က်စ္ရႈသည္အက်ီ အျဖဴညဝတ္ အက်ီေဘာင္းဘီရွည္ႏွင့္အတူ အိမ္ထဲတြင္တစ္ဦးတည္းရွိေနသည္ကိုေတြ႕ရသည္၊ထပ္ခါထပ္ခါပင္ အိမ္ထဲ၌ ပတ္ကာလမ္းေလွ်ာက္ေနရင္း ေခါင္းကို လည္းငုံ႕ထားလ်က္ရွိေနသည္။ေျဖးေျဖးခ်င္းတလွမ္းစီေလွ်ာက္ေနလ်က္ အိပ္ခန္းတိုင္းရဲ႕တံခါးေတြကို ဖြင့္လိုက္ပိတ္လိုက္ႏွင့္ မရပ္မနားလုပ္ေနခဲ့သည္။ေနာက္
တေန႕အိပ္မက္တြင္မူအသံမ်ားကိုပါ ၾကား
လာရသည္။က်စ္ရႈသည္ယခင္ရက္မ်ားအတိုင္းပင္အိမ္ထဲသို႔လွည့္ပတ္သြားေနရင္း တံခါးမ်ားကို ယခင္တိုင္း
ဖြင့္လိုက္ပိတ္လိုက္ျဖင့္ တစ္ခုခုကိုရွာေနဟန္လည္းရွိေနခဲ့သည္။ေနာက္ဆုံးတြင္ ပင္ပန္းသြားဟန္ျဖင့္ ထိုင္ခ်ရင္း
ငိုေနခဲ့ျပန္သည္။ သူ႕မ်က္ရည္မ်ားကၾကမ္းျပင္ထက္သို႔
တစက္စက္ျဖင့္က်လာသည္ကိုလည္းအေသအခ်ာ
ပင္ေတြ႕ေနခဲ့ရၿပီး သူ႕ကိုေျပာလာသည္။

"ဝမ္႐ႊီ ....က်န္းေကာ ငါ မင္းကိုမေတြ႕ရဘူး၊
ငါ့ဆီ ျပန္လာပါ ....ေက်းဇူးျပဳၿပီးျပန္လာေပးပါ ...
က်န္းေကာ ...."

ထိုအသံအား သူ႕နားျဖင့္ပင္အေသအခ်ာၾကားေနခဲ့ရၿပီးေၾကကြဲဝမ္းနည္းဖြယ္ေျပာေနလ်က္က်စ္ရႈေျပာေနစဥ္မွာပင္ထိုအသံေတြကသူႏွင့္ပို ၍ေဝးေဝးသြားခဲ့ရာမွအရိပ္တစ္ခုပမာတေျဖးေျဖးေမွးမွိန္ေပ်ာက္ကြယ္သြားျပန္သည္။ သို႔ေသာ္ သူၾကည့္ေနစဥ္မွာပင္သူ႕ေရွ႕ရွိက်စ္ရႈငိုေနခဲ့ေသာ မ်က္ရည္အိုင္မွ မ်က္ရည္စက္ေတြက ေသြးမ်ားအျဖစ္
​ေျပာင္းလဲသြားခဲ့ၿပီး သူ႕ေရွ႕တြင္ထိုင္ေနေသာ က်စ္ရႈက
လည္းတေျဖးေျဖးေခါင္းေမာ့လာလ်က္သူ႕ကိုၾကည့္လာ
သည္၊က်စ္ရႈပုံစံကပိန္ပါးျဖဴေဖ်ာ့ေတာ့ ေနလ်က္ ပါးစပ္ထဲတြင္ေသြးမ်ား ျပည့္ကာစီးက်လာခဲ့သည္။

က်န္းဝမ္႐ႊီ ေၾကာက္လန့္မႈမ်ားႏွင့္အတူ
လန့္နိုးလာၿပီးသူ႕ မ်က္ႏွာေပၚမွမ်က္ရည္စီးေၾကာင္းမ်ားက ေခြၽးမ်ားႏွင့္ပင္ေရာႏွောေနခဲ့သည္။ျပန္အိပ္ရဖို႔ကိုပင္
သူလြန္စြာေၾကာက္လန့္ေနခဲ့သည္။

"ငါ့အမွား ေတြ ..ငါ့အမွားေတြပါ "

က်န္းဝမ္႐ြီ အ႐ူးတစ္ေယာက္လိုတဖြဖြပင္ေရ႐ြတ္ေနခဲ့
ရင္းႏွလုံးသားေတြပင္အလြန္ အမင္း နာက်င္လာရသည္မို႔ ရင္ဘတ္မ်ားပင္ ေအာင့္လာခဲ့သည္၊ဝမ္းနည္းမႈႏွင့္အတူ
မ်က္ရည္မ်ားစြာက်ေနခဲ့ရင္း သူ႕ကိုယ္သူပင္ေဘာလုံးေလးတစ္လုံးလိုေကြးကာထိတ္လန့္မႈမ်ားျဖင့္ရွိေနခဲ့ရသည္၊

'က်စ္ရႉ အဲဒါေတြက အားလုံးငါလုပ္ခဲ့တာပါ
ငါဘယ္ေတာ့မွ အဲလိုအမွားမ်ိဳး ထပ္မလုပ္ေတာ့ပါဘူး ...ငါေတာင္းပန္ပါတယ္ ..ငါတကယ္ႀကီးေတာင္းပန္ပါတယ္ ..ငါ့ဆီ ျပန္လာေပးပါကြာ "

အစပိုင္းတြင္ေခါင္းကိုက္ျခင္းႏွင့္ ရင္ဘတ္ေအာင့္ျခင္း
ကစိတ္အေျခအေနဆိုးဝါးမႈမ်ားေၾကာင့္ဟုေတြးေနမိေသာ္လည္း ရင္ဘတ္ေအာင့္ျခင္းကေတာ့ ပို၍ပင္ဆိုးဝါးလာခဲ့
သည္။သို႔ေသာ္ ေနာက္တေန႕ကုမၸဏီမွအထြက္လဲက်သြားခဲ့ျခင္းေၾကာင့္သူ႕ကို ေဆး႐ုံသို႔ ပို႔ေဆာင္ခဲ့ၾကသည္။ေဆး႐ုံသို႔ ေရာက္ခ်ိန္တြင္သူ႕ႏွလုံးမွာႀကီးစြာထိခိုက္ေနခဲ့ၿပီးတစ္ခုခုမွားယြင္းေနသည္ဟုသာသိလိုက္ရသည္။

ႏွလုံးေရာဂါသည္ ႐ုပ္ပိုင္းဆိုင္ရာနာက်င္မႈတစ္ခုပင္ျဖစ္
သည္။ႏႈတ္ခမ္းမ်ားကျပာလာလ်က္မ်က္လုံးမ်ားက
မူေမွးမွိန္ေနခဲ့သည္။

သူ တကယ္ပင္က်စ္ရႈကို လြမ္းေနမိသည္။
မွန္ကန္ေသာ သစၥာစကားတစ္ခုကသူတကယ္က်စ္ရႈကို
ခ်စ္သည္။ထို႔အတူအခုအခ်ိန္တြင္လည္း
သူက်စ္ရႈကိုအရမ္းအရမ္းကို လြမ္းေနမိေခ်ၿပီ။

11.2.2021
W5686
Re -Edit Date ...7.11.2021
........................................................................













































































Continue Reading

You'll Also Like

247K 14K 32
Credit ရၿပီး ေရးသားထားပါတယ္။ Moonerေတြ ႀကိဳက္ႏွစ္သက္ေအာင္ sentenceေတြ မ႐ိုင္းရေအာင္ျပင္ဆင္ ထားပါတယ္။ 18+ Mature content ေတြပါလာႏိုင္တာကိုလဲႀကိဳသတိေပး...
1M 142K 95
သာမန်ရိုးရှင်းတဲ့အိမ်ထောင်သည်ဘဝဟာသဘာသာပြန်လေးပါ.. All Credit original authors & translators. Fan translation and offlline purpose .
1M 189K 106
Title - This Omega is Immune to All Abilities Author - Green Plum Sauce(青梅酱) Both Unicode and Zawgyi ရိကျားမူက'စွမ်းရည်ချို့တဲ့ခြင်းရောဂါ'ရှိနေတဲ့လူန...
6M 748K 199
Main Story ( Completed ) ~~~~~~~°°°°°~~~~~~~ Title - Transmigrated into the film empreor's death-seeking finance (穿成影帝作死未婚夫) Author - Lin Ang Si (林盎...