ဆယ်နှစ်ထက်မကမင်းကိုပိုပြီးချစ...
Bởi pngon677
264K 24.4K 686
..Myanmar Translation of The Ten Years that I loved You Most COO ..81Chapters +5extras Original Author 无仅死 ... Xem Thêm
Announced(U+Z)
စာမြှားချိတ် (U+Z)
Start To(U+Z)
EP1(U+Z)
EP2(U+Z)
EP3(U+Z)
EP4(U+Z)
EP5(U+Z)
EP6(U+Z)
EP7(U+Z)
EP8(U+Z)
EP9(U+Z)
EP10(U+Z)
EP11(U+Z)
EP12(U+Z)
EP13(U+Z)
EP14(U+Z)
EP15(U+Z)
EP16(U+Z)
EP17(U+Z)
EP18(U+Z)
EP19(U+Z)
EP20(U+Z)
EP21(U+Z)
EP22(U+Z)
EP23(U+Z)
EP24(U+Z)
EP25(U+Z)
EP26(U+Z)
EP27(U+Z)
EP28(U+Z)
EP29(U+Z)
EP30(U+Z)
EP31(U+Z)
EP32(U+Z)
EP33(U+Z)
EP34(U+Z)
EP35(U+Z)
EP36(U+Z)
EP37(U+Z)
EP38(U+Z)
EP39(U+Z)
EP40(U+Z)
EP41(U+Z)
EP42(U+Z)
EP43(U+Z)
EP44(U+Z)
EP45(U+Z)
EP46(U+Z)
EP47(U+Z)
EP48(U+Z)
EP50(U+Z)
EP51(U+Z)
EP52(U+Z)
EP53(U+Z)
EP54(U+Z)
EP55(U+Z)
EP56(U+Z)
EP57(U+Z)
EP58(U+Z)
EP59(U+Z)
EP60(U+Z)
EP61(U+Z)
EP62(Ū+Z)
EP63(U+Z)
EP64(U+Z)
EP65(U+Z)
EP66(U+Z)
EP67(U+Z)
EP68(U+Z)
EP69(U+Z)
EP70(U+Z)
EP71(U+Z)
EP72(U+Z)
EP73(U+Z)
EP74(U+Z)
EP75(U+Z)
EP76(U+Z)
EP77(U+Z)
EP78(U+Z)
EP79(U+Z)
EP80(U+Z)
EP81(U+Z)
EP82(U+Z)
EP83(U+Z)
EP84(U+Z)
EP85(U+Z)
EP86(U+Z)
Thank You (U+Z)
Announce (U+Z)
EP49(U+Z)
2.5K 227 2
Bởi pngon677
EP49ချစ်သောသူအတွက် Memory
အိုက်ကျိယွီ၏အကိုဖြစ်သူသည်
Tea shopတစ်ခုနှင့်အတူ လက်ဖက်ဥယျာဥ်ခြံများလည်း ပိုင်ဆိုင်သူဖြစ်လေသည်။
ထိုပတ်ဝန်းကျင်လေးသည် အလွန်ပင်
ဆိတ်ငြိမ်တိတ်ဆိတ်ပြီး နေလို့ထိုင်လို့ပင် ကောင်းလျက် အေးချမ်းလှသည်။
သူတို့ လက်ရှိနေထိုင်မည့်နေရာလေးသည်
Lingyin ဘုရားကျောင်းအနီးတွင်ရှိပြီး
မိနစ်20လောက်ရှေ့ဆက်သွားပါက ဝူလင်ဂိတ်သိူ့ရောက်ရှိပြီး ထိုမှတဆင့် ဟန်ကျိုးရှိ
အလွန်လှပသော အနောက်ဖက် ရေကန်
(West Lake)ကြီးဆီသိူ့ လည်းသွားလို့
ရလေသည်။
အားဂူးသည် တလမ်းလုံးကားပေါ်တွင်
အချိန်ကြာမြင့်စွာ ထိုင်လာရသောပြီး
အောက်သို့ဆင်းဆင်းချင်းတွင် ခြေလက်များ
ညောင်းပြေရန်နှင့် ရေအလွန်ကြိုက်သောကြောင့် ကားပေါ်မှ ဆင်းဆင်းခြင်းပင်
လက်ဖက်ခြံဘေးရှိ ရေကူးကန်ထဲသိူ့
ဆင်းချသွားခဲ့သည်။အိုက်ကျိယွီသည်
အားဂူးအားကြည့်ကာရယ်လိုက်မိသည်။
ဟန်ကျိုး၏ရာသီဥတုသည် အနည်းငယ်
ပူနွေးနေလျက်ရှိနေသည်။မနက်6နာရီပင်ရှိသေးသော်လည်း အပူချိန်က 10ဒီကရီလောက်ထိ ယခင်ထက် တိုးမြင့်လာခဲ့သည်။
ကျစ်ရှုကမူ အိပ်ပျော်နေဆဲ ရှိနေသည်။
မျက်အိတ်လေးများကအနည်းငယ်
ဖောင်းဖောင်းလေးဖြစ်နေလျက် မျက်တောင်ရှည်ခပ်စိတ်စိတ်လေးက မဟူရာရောင်
မျက်လုံးလေးများကို ဖုံးကွယ်ထားလျက်
ရှိနေသည်။ နှစ်ရှည်လများကောင်းစွာပင်
အိပ်မပျော်နိုင်ခဲ့သည့်အလား ငြိမ်သက်စွာ
အိပ်မောကျနေခဲ့လေသည်။
အိုက်ကျိယွီသည် ကျစ်ရှု၏ ခန္ဓာကိုယ်ပေါ်သို့ ငုံ့လျက် ဂရုတစိုက်ဖြင့် ပွေ့ယူလိုက်သည်။
အိုက်ကျိယွီသည် ပေါ့ပေါ့ပါးပါးပင်
ကျစ်ရှုအား ပွေ့ချီလိုက်သော်လည်း
ချက်ခြင်းပင် ကျစ်ရှုက နိုးလာခဲ့သည်။
"အရမ်းမလှုပ်နဲ့ "
သူ့အား မျက်လုံးဝိုင်း ကြီးများဖြင့်
မော့ကြည့်လာသောကျစ်ရှုအား
အိုက်ကျိယွီသည် မြဲမြဲ ပွေ့ချီထားရင်း
ရယ်မော ကာပြောလိုက်သည်။
"မင်း ပြုတ်ကျသွားမှာစိုးလို့"
အိုက်ကျိယွီနှင့် အရမ်းပင်နီးကပ်နေသောအနေအထားတစ်ခုကြောင့်ကျစ်ရှုရှက်ရွံစွာခံစားနေရလျက် ရှိနေသည်။ထို့ကြောင့်ပင် သူ့လက်မောင်းများအားအနည်းမျှ ရုန်းကြည့်ပါသော်လည်းအဆင်မပြေသောကြောင့်
ကျိယွီအားပြောလိုက်သည်။
"ဟိုလေ ကျွန်တော့်ဘာသာ
လမ်းလျှောက်နိုင်ပါတယ် "
အိုက်ကျိယွီဘေးကိုကြည့်လိုက်ချိန်
သူ့ဘေးတွင် တကိုယ်လုံးရေများစိုလျက်ရှိနေသော အားဂူးအား မြင်သောကြောင့်
"အခုအချိန်သာ မင်းကို အောက်ချပေးရင်
အားဂူးက မင်းဆီ ခုန်တက်မှာ"
အိုက်ကျိယွီသည်ကျစ်ရှုအား ဆက်၍ ပွေ့ထားလျက် အိမ်ဖက်ဆီသို့ လျှောက်လာရင်း
ပြောလာသည်။
"ကိုယ်မင်းကို မင်းကောင်းကောင်းအနားယူလို့ရမယ့်နေရာထိ ပို့ပေးမယ် ...ပြီးမှ ကြောင်လေးတွေကို လာပြန်ခေါ်ပေးမယ်"
အိုက်ကျိယွီသည် နာရီ (20)ထက်မနည်း
မရပ်မနား ကားမောင်းလာရသောကြောင့်
အလွန်ပင်ပင်ပန်းနေပုံလည်းရနေခဲ့သည်။
ထို့ကြောင့် ကျစ်ရှုသည် အိုင်ကျိယွီ
စိတ်မကောင်းစေမည့်အရာအားမလုပ်တော့ဘဲ သဘောတူလိုက်ရင်း ခေါင်းညိတ်ပြခဲ့သည်။
ရာသီဥတုသည် အနည်းငယ်နွေးထွေးကာ
နေရာင်ကမူ ဖြာကျလျက် ရှိနေခဲ့သည်။
အိုက်ကျိယွီသည် စောင်နှင့် အိပ်ရာခင်း
အသစ်များ ပြောင်းလဲလိုက်ခိုင်းပြီးဖြစ်သည်။ကျိယွီသည် ကျစ်ရှုအား
အိပ်ရာပေါ်တွင် ညင်သာစွာချပေးလိုက်ရင်း
"အခု ခဏလောက် အိပ်လိုက်ဦး၊နေ့လည်စာစားချိန်ကျ ဟန်ကျိုးရဲ့နာမည်ကြီးစားသောက်ဆိုင် LOUWAILOU မှာ
စပျစ်ဝိုင်ပုစွန်စားဖို့ ခေါ်သွားမယ်
"ဒေါက်တာအိုက် ကျွန်တော် ဒေါက်တာ့ကို
ဒုက္ခတွေအများကြီး ပေးနေမိလို့
တောင်းပန်ပါတယ်!
"ကိုယ့်သူငယ်ချင်းတွေအများကြီးဒီကို
လာလည်တဲ့အခါလဲ ကိုယ်ဒီလိုဘဲ လုပ်ပေးတာဘဲ အများကြီး လျှောက်တွေးမနေနဲ့၊
ကိုယ် အားဂူးနဲ့ ကြောင်လေးတွေအတွက်
နေရာစီစဥ်ပေးလိုက်ဦးမယ် ၊ကိုယ်လဲ
အချိန်ခဏလောက် အိပ်ဖို့လိုတယ်၊
ကိုယ့်ကို စိတ်ပျက်စေမယ့် စကားတွေ
ဘာမှထပ်မပြောပါနဲ့ "
အိုက်ကျိယွီသည် ကျစ်ရှုအား ခေါင်းစဥ်ပြောင်းကာပြောလိုက်ရင်း သူပုံကိုလည်း
စိတ်ရောလူရောအလွန်ပင်ပင်ပန်းနွယ်နယ်
နေဟန် ပြုလိုက်သည်။
တကယ်တမ်းတွင်မူ ဆရာဝန်တစ်ဦးသည်
10၊နာရီထက်ပင် ပိုကြာအောင်
နူးညံ့သော ခွဲစိတ်မှုတစ်ခုကို လုပ်နိုင်ပေသည်။အိုက်ကျိယွီသည် လက်ရှိတွင်
စိတ်ရော လူပါလန်းဆန်းလျက်ရှိနေခဲ့သော်လည်းခုနကမူ ကျစ်ရှုအား လိမ်လိုက်ခြင်းသာဖြစ်သည်။ဟန်ကျိုးထိ မရပ်မနား
ကားမောင်းလာရသည့်အချိန်မူကား
သူ့အတွက် ပင်ပန်းသည်ဟုပင်ထင်မနေခဲ့ဘဲ
ကျစ်ရှုအတွက်ပင် ဆိုပါက ပို၍ ပို၍ ပင်
ပင်ပန်းသည်က ပြသနာပင် ဟုတ်မနေခဲ့။
အိုက်ကျိယွီသည် အိပ်ခန်းထဲမှ ထွက်လာလာချင်း ရှန်ဟိုင်းရှိ သူ၏သူငယ်ချင်းဆရာဝန်ထံ ဖုန်းခေါ်လိုက်ရင်း ကျစ်ရှုအတွက်
ကုသမှု အားလုံးကို စီစဥ်သည် ။ပြုစုကုသမှု
အစီအစဥ်များသည် သည်နေရာတွင်လည်း ပြုလုပ်လို့ရနေသည်။ဟန်ကျိုး၌
ဆေးကုသမှုအဆင့်နှင့် လိုအပ်သောဆေးဝါးများသည်ပေကျင်းကဲ့သို့ပြည့်စုံစွာရှိသည်။
ကျစ်ရှုအတွက် သင့်လျော်သည့်
ရိုးတွင်းခြင်ဆီ ရဖို့ရန် သူ၏အသိုင်းအဝိုင်း
အဆက်အစပ်များမှ တဆင့် ယခုထိ သူလိုက်လံ ရှာဖွေခိုင်းထားဆဲပင် ဖြစ်သည်။
အိုက်ကျိယွီသည် အားဂူးအားအပြင်တွင်
ခဏထားရင်းတံခါးပိတ်ကာ ငါးနာရီ ခြောက်နာရီခန့် အေးချမ်းစွာအိပ်စက်ခဲ့လိုက်သည်။
အချိန်အတော်ကြာကြာတွင် အေးလာသည်ကို ခံစားရသောကြောင့် ထလိုက်ရင်း
မျက်နှာသစ်ပြီး နောက် ကျစ်ရှုအတွက်
လျှပ်စစ်အပူပေးစက်ဝယ်ပြီး တပ်ဆင်ရန်
မည်သည့်နေရာ၌ ဝယ်ရမည်ကို
စဥ်းစားနေခဲ့သည်။
အိုက်ကျိယွီသည် ဆရာဝန်တစ်ဦးဖြစ်သောကြောင့် သာမန်လူထက်ပင် အရာရာကို
ထောင့်စေ့အောင်တွေးကာ ပိုဂရုစိုက်တတ်သည်။ ယခု သူ့ဘေးတွင် ကျစ်ရှု
ရှိလာပြီ ဖြစ်လေသည်။ထို့အပြင် သူသည်
ကျစ်ရှုကို အလွန်ချစ်သည်။ထို့ကြောင့်ပင်
ကျစ်ရှုအတွက်ဆို ကမ္ဘာကြီးတစ်ခုလုံးကိုလည်း ရအောင်ဖန်ဆင်းပေးနိုင်သည်။
ကျစ်ရှု အတွေးထဲမှ လိုအပ်သည်များကို
အကုန်ပင်ဖြည့်ဆည်းပေးချင်သည်။
သူ့ခေါင်းထဲတွင် ကျစ်ရှုအတွက် လိုအပ်သည်များကို ဖြည့်ဆည်းပေးချင်စိတ်သာရှိနေပြီး
ကျစ်ရှု၏ဝေဒနာများနှင့်နစ်နာမှုများကို
မည်သို့ကုစားပေးနိုင်မည်ကိုသာ တွေးနေမိသည်။ ကျစ်ရှုသူ့အနား ရှိနေခိုက် အချိန်လေးတွင် လိုလေးသေးမရှိဖြည့်ဆည်းပေးလျက်ကျစ်ရှုအား အေးချမ်းနွေးထွေးမှု ပေးချင်သည်။ ကျစ်ရှုထံမှ မည်သည့်အရာကိုမှ
ပြန်လည်ရယူလိုစိတ်မရှိသော အဖြူထည်
စိတ်ရင်းဖြစ်သာ ကျစ်ရှုကို သူ့ဖက်ကချစ်နေခြင်းဖြစ်ပြီးတောင်းဆု တခုသာ ပြည့်ခွင့်ရပါက ကျစ်ရှု၏ဝေဒနာရောဂါများကို သူ့ထံသို့သာလွှဲပြောင်းယူချင်ပြီး ကျစ်ရှု ပြုံးနေသည်ကိုသာ သူမြင်ချင်မိသည်။
ဟယ်ကျစ်ရှုအိပ်ရာမှနိုးလာခဲ့သည်။
လမ်းတစ်လျှောက်တွင်လည်း ငိုက်မြည်းလျက်အိပ်လာခဲ့သောကြောင့်ခဏမျှသာ
အိပ်နိုင်သည်။ကျစ်ရှုသည် အစက ဒေါက်တာအိမ်အား ကူညီ၍ သန့်ရှင်းပေးမည်ဟု တွေးနေသော်လည်း အံ့သြစရာက သူတို့စရောက်ကတည်းကမူ အိမ်ကကြိုတင်သန့်ရှင်းထားပုံပေါ်လျက်ရှိနေသည်။ထို့ကြောင့်ပင် အိမ်ပြင်သို့ထွက်လာခဲ့လိုက်သည်။အိမ်၏မြင်ကွင်း လေးနှင့်အတူ ပတ်ဝန်းကျင်လေးကမူ အလွန်ပင် စိတ်ကြည်နူးစရာကောင်းလွန်းလှသည်။
လတ်ဆတ်သော လေထုအေးလေးက
ချိုမြနေလျက် ပတ်ဝန်းကျင်ရှိ အပင်လေးများက စိမ်းစိုကာ အေးမြနေပြီး ရာသီဥတုက
သမမျှတလျက်ရှိနေခဲ့လေသည်။
သူ၏အတိတ်က ခြံဝန်းလေးထဲမှ
စိမ်းစိုငြိမ်းချမ်းမှုများကိုပင် ပြန်ရလိုက်
သကဲ့သို့ခံစားနေရလျက်ရှိနေသည်။
အိုက်ကျိယွီထွက်လာချိန် ကျစ်ရှုသည်
အားဂူးအားရေချိုးပေးနေလျက်ရှိသည်။
သူ၏ခြေသည်းလက်သည်းများသည်
စီးကျလာသောရေကြောင့်မြေကြီးထဲတွင်
နစ်မြုပ်နေခဲ့သည်။ကျစ်ရှု၏မျက်နှာလေးတွင် ဆပ်ပြာမြုပ်လေးများပင်ကပ်နေလျက်ရှိနေသည်။အကျီများသည်လည်းစိုစွတိနေခဲ့သည်။အလွန်ပင်ပျော်ရွှင်နေလျက်ရှိပြီး
မျက်လုံးလေးများမှာ လင်းလက်နေလျက်
ရယ်မောနေခဲ့ပြီး ကျစ်ရှုသည် သူ့ကို မြင်လိုက်ချိန်တွင်မူ အားရဝမ်းသာဖြင့်
ပြုံးပြလာခဲ့လေသည်။
"ကဲကဲ တော်ပြီ ကိုယ်ဆက်လုပ်လိုက်မယ်၊
မြန်မြန် ရေချိုးပြီး အဝတ်အစားတွေလဲလိုက်
ပြီးရင်ကိုယ်တို့ နေ့လည်စာသွားစားကြမယ်"
အိုက်ကျိယွီသည် ကျစ်ရှုအအေးပတ်ကာ
ဖျားမှာစိုးသောကြောင့် ပင်
ခပ်မြန်မြန်ပင် ကျစ်ရှုအား ပြောလိုက်ရင်း
အားဂူးကို ရေဆက်ချိုးပေးဖို့ အနားသိူ့
လျှောက်သွားလိုက်သည်။
ကျစ်ရှုသည် ခေါင်းညိတ်ပြလျက် သဘောတူ
သော်လည်း ချက်ခြင်းပင်ထွက်မသွားသေးဘဲ အိုက်ကျိယွီ ဘေးတွင်ထိုင်လျက် အားဂူးအား ရေချိုးပေးသည်ကို ကြည့်နေလိုက်လေသည်။အိုက်ကျိယွီသည် အားဂူးအား
အလျင်စလိုပင်ကြမ်းတမ်းစွာ လုပ်မိသောကြောင့် အားဂူးက ထဟောင်လေသည်။
"အားဂူးကို အရမ်းမလုပ်နဲ့လေ ...ဆပ်ပြာမြုပ်တွေ မျက်လုံးထဲဝင်ကုန်ပြီ"
ကျစ်ရှုသည် အိုက်ကျိယွီ ဘက်သို့လှည့်ကာ
ပြောပြီးနောက် အားဂူး၏ခေါင်းအား သူ့လက်ဖြင့်ဆွဲလှည့်လျက် မျက်လုံးနားရှိ ဆပ်ပြာမြုပ်များအားလက်ဖြင့် သုတ်ပေးနေလေသည်။
အိုက်ကျိယွီသည် ခွေးလေးအား အမြဲလိုပင်
Pet careတွင် သာ ရေချိုးပေးလေ့ရှိခဲ့သည်။
ယခုမူ သူ့ဘာသာလုပ်ရသောအခါ
အားဂူးနှင့်သူ မသင့်မတင့်ဖြစ်ရသည်။
နောက်ဆုံးတွင်သူသည် အပျော်ဝင်ကစားနေသော ကလေးလေးလိုမျိုးဖြစ်နေခဲ့လေသည်။
"ကျစ်ရှု မင်းက အံ့ဖွယ်ဘဲ "
အိုင်ကျိယွီသည် ကျစ်ရှုဘေးတွင် ဆောင့်ကြောင့်ထိုင်လိုက်ရင်း ကျစ်ရှုအား ရယ်လျက်
ပြောလိုက်မိသည်။အိုက်ကျိယွီ၏မျက်လုံးလေးများက လင်းလက်တောက်ပနေလျက်
ချစ်စရာခွေးလေးတစ်ကောင်လို ကျစ်ရှုနားတွင် ကပ်ချွဲသကဲ့သို့ ရှိနေသည်။အိုက်ကျိယွီ၏အကြည့်တစ်ခုသည်မင်းအကြည့်တချက်နှင့်အတူ အားလုံးကို စွန့်စားဝင့်သည်ဆိုသကဲ့သို့ ပင် ရှိနေချေသည်။
ဟယ်ကျစ်ရှုသည် နှုတ်ခမ်းအားတချက်ကိုက်လိုက်ရင်း အိုက်ကျိယွီအားပြန်ကြည့်လိုက်သည်။သူအတွေးထဲတွင် သူသည်
အိုက်ကျိယွီအား မျှော်လင့်ချက်ပေးလို့မရဟု
အကြိမ်ကြိမ်သတိပေးနေခဲ့မိသည်။
သူက အနှေးနှင့်အမြန် ထွက်ခွာသွားရမည့်သူ
တာမို့ အနည်းငယ်သော စိတ်ပျက်စေမှုက အများကြီးအား ဝမ်းနည်းစေမှုထက်
သာလွန်၍ပင်ကောင်းမွန်ပေလိမ့်မည် ဖြစ်ပေသည်။သူ့အတွက်မျှော်လင့်ချက်သည်က
မသေချာ မရေရာသည်မို့ သူ့ဖက်မှ ကျိယွီအား လုံးဝမျှော်လင့်ချက် မပေးမိမှသာ
အိုက်ကျိယွီ သူ့အတွက် ခံစားရသက်သာမည်သာဖြစ်လေသည်။
Louwailou ၏ စပျစ်ဝိုင်ပုဇွန်သည်
ဟန်ကျိုးတွင်ကျော်ကြားလှသည် ။
အိုက်ကျိယွီ၏ကြိုတင်ဘိုကင်လုပ်ထားမှုသည် ကံကောင်းလှစွာပင် ပြတင်းပေါက်ဘေးရှိ ထိုင်ခုံနေရာတွင်ရရှိခဲ့ပြီး
အနောက်ဖက် ရေကန်၏အလှကိုပင်
ကြည့်နိုင်လေသည်။နေသာ လျက်ရှိပြီး
ထုံးစံအတိုင်းပင် Broken Bridge တွင်မူ
လူအများအပြားရှိနေကြလေသည်။
ဟယ်ကျစ်ရှုသည် ပုဇွန်အား ခက်ရင်းဖြင့်
အနည်းငယ် စားနေလိုက်ရင်း မြင်ကွင်းများကိုကြည့်နေခဲ့လေသည်။သူကျောင်းသား
ဘဝတုန်းက သူနှင့်ကျန်းဝမ်ရွှီသည် ဤနေရာသိူ့ တခါတရံ မိုးရွာသည့်နေ့များတွင် လာခဲ့ကြဖူးသည်။ဆောင်းရာသီတွင်တော့
မလာနိုင်သည်က များခဲ့သည်။ကျန်းက သူ့အားစက်ဘီးဖြင့်တင်ကာလိုက်ပို့ခဲ့ခြင်း ဖြစ်သည်။ဒီအချိန်တုန်းက ကင်မရာပင်
ရှိမနေခဲ့သည်မိူ့ နောက်ခံမြင်ကွင်း
ကောင်းကောင်းလေးအားရွေးကာသူ့ပုံလေးအား ကျန်းက ခဲပန်းချီလေးဆွဲပေးခဲ့ဖူးသည်။
ဟယ်ကျစ်ရှုနူးနူးညံ့ညံ့ပင် ပြုံးမိလိုက်လေသည်။ရာသီဥတုကလည်း ပူနွေးလျက်ရှိနေသည်။အတိတ်က အကြောင်းများကို
ပြန်၍ တွေးကြည့်မိပါက တချို့အချိန်များအားဖယ်ထုတ်နိုင်ခဲ့ပါလျှင်မူ အချိန်တိုင်းသည် အဆင်ပြေချောမွေ့လျက်တောက်ပသော နေ့ရက်များပင်ဖြစ်လာ
နိုင်ပေမည်။
အိုက်ကျိယွီသည် ကျစ်ရှု၏ပြောင်းလဲနေခဲ့သော အပြုံးတစ်ခုအား သတိထားမိခဲ့လေသည်။သူသည် ကျစ်ရှုနားတွင် ထိုင်နေခဲ့ရင်း
ကျစ်ရှု၏အောက်မေ့ သတိရမှုများကို
စောင့်ဆိုင်းပေးနေခဲ့သည်။နေရောင်ခြည်က
ကျစ်ရှုရဲ့မျက်တောင်လေးများပေါ်ကျနေလျက်ရွှေညိုရောင်တောက်ပနေခဲ့သည်။
ကျစ်ရှု၏ကျေနပ်သဘောကျနေသော မျက်နှာလေးအား ပြုံးလျက် ဘေးမှ ကြည့်နေမိရင်း ကျစ်ရှုအမြဲ စိတ်ကျေနပ်စေမည့်
အရာများသာ သူပေးအပ်ဖို့ စဥ်းစားနေမိခဲ့သည်။
သို့သော် သူ၏ပျော်ရွှင်မှုများသည်
လွန်ခဲ့လေပြီးသော အတိတ်၏အမှတ်တရများသာရှိခဲ့ပြီး သူလက်ရှိအဖြစ်မှန်ကမူ
စိတ်ပျက်ငြီးငွေ့ဖွယ်ရာများသာ ဖြစ်လေသည်။အိုက်ကျိယွီကလည်း ပြုံးလျက်ကြည့်နေရင်း သူ့အားမနှောင့်ယှက်ခဲ့ပေ။
သို့ သော် သူ ကျေနပ်မိပေသည် ။
ယခုလတ်တလောအခြေအနေအတွက်မူ
သူသည်အိုက်ကျိယွီအတွက် လှပသော
အမှတ်တရ လေးတစ်ခုတော့ ချန်ထားပေးခဲ့နိုင်မည် ဖြစ်လေသည်။
ဤယနေ့၏အမှတ်တရလေးများသည်
အလွန်ပင် ကောင်းမွန်လှပေသည်။
(ပုံလေးတွေ အောက်မှာ တင်ထားပါတယ်❤❤)
1.2.2021
W..3012
.................................................
မိနစ်20လောက်ရှေ့ဆက်သွားပါက ဝူလင်ဂိတ်သို့ရောက်ရှိပြီး ထိုမှတဆင့် ဟန်ကျိုးရှိအလွန်လှပသော
အနောက်ဖက် ရေကန် (West Lake)ကြီးဆီသို့
လည်းသွားလို့ရလေသည်။
လက်ဖက်ခြံဘေးရှိ ရေကူးကန်ထဲသို့
ဆင်းချသွားခဲ့သည်။အိုက်ကျိယွီသည်
အိပ်မောကျနေခဲ့လေသည်။
"အရမ်းမလှုပ်နဲ့ "
"ဟိုလေ ကျွန်တော့်ဘာသာ
မြင်သောကြောင့်
လာပြန်ခေါ်ပေးမယ်"
တောင်းပန်ပါတယ်!
ဘာမှထပ်မပြောပါနဲ့ "
နေဟန် ပြုလိုက်သည်။
စဉ်းစားနေခဲ့သည်။
သူမြင်ချင်မိသည်။
ဖျားမှာစိုးသောကြောင့် ပင် ခပ်မြန်မြန်ပင် ကျစ်ရှုအား ပြောလိုက်ရင်းအားဂူးကို ရေဆက်ချိုးပေးဖို့ အနားသို့
လျှောက်သွားလိုက်သည်။
သုတ်ပေးနေလေသည်။
သာဖြစ်လေသည်။
ကြည့်နိုင်လေသည်။နေသာ လျက်ရှိပြီး
ကိုကြည့်နေခဲ့လေသည်။သူကျောင်းသား
ဘဝတုန်းက သူနှင့်ကျန်းဝမ်ရွှီသည် ဤနေရာသို့
ဖြစ်သည်။ဒီအချိန်တုန်းက ကင်မရာပင်ရှိမနေခဲ့သည်မို့
ပင်ဖြစ်လာနိုင်ပေမည်။
ယှက်ခဲ့ပေ။
1.2.2021
W..3012
Đọc tiếp
Bạn Cũng Sẽ Thích
626K 51.1K 46
冰山男的猎物 Eng Title : Iceberg Man's Prey Author:乌蒙小燕 (Wumeng Xiaoyan) Status in Original Country: 11 chapters (Complete) Genres: Sadist, BL, Smut, Moder...
424K 16.1K 44
ကိုယ်ဟာ ကြိုးဝိုင်းထဲမှာ ကိုယ့်ကိုစိန်ခေါ်လာသမျှကောင်တွေအကုန် ထိုးရဲတယ် သတ်ရဲတယ် ကိုယ်နိုင်မယ်ဆိုတဲ့ယုံကြည်မှုရှိတယ် ကိုယ်မလုပ်ရဲတာဘာမှမရှိဘူးလို့ထင...
448K 10.8K 87
"ပူတင်းလေးကဘာလဲ" "ကိုကို့အပိုင်" "ကိုကိုတို့ကရောဘာလဲ " "မောင်နှမ" "ဟာ..."
2.2M 325K 191
Title - 又被前男友盯上了(Be watched by my Ex again) Author - 橘猫哥哥(Ju Mao Gege) Status - 183 chapters + 36 extras I don't own anything. This is not for commer...