ဆယ်နှစ်ထက်မကမင်းကိုပိုပြီးချစ...

By pngon677

264K 24.4K 686

..Myanmar Translation of The Ten Years that I loved You Most COO ..81Chapters +5extras Original Author 无仅死 ... More

Announced(U+Z)
စာမြှားချိတ် (U+Z)
Start To(U+Z)
EP1(U+Z)
EP2(U+Z)
EP3(U+Z)
EP4(U+Z)
EP5(U+Z)
EP6(U+Z)
EP7(U+Z)
EP8(U+Z)
EP9(U+Z)
EP10(U+Z)
EP11(U+Z)
EP12(U+Z)
EP13(U+Z)
EP14(U+Z)
EP15(U+Z)
EP16(U+Z)
EP17(U+Z)
EP18(U+Z)
EP19(U+Z)
EP20(U+Z)
EP21(U+Z)
EP22(U+Z)
EP23(U+Z)
EP24(U+Z)
EP25(U+Z)
EP26(U+Z)
EP27(U+Z)
EP28(U+Z)
EP29(U+Z)
EP30(U+Z)
EP31(U+Z)
EP32(U+Z)
EP33(U+Z)
EP34(U+Z)
EP35(U+Z)
EP36(U+Z)
EP37(U+Z)
EP38(U+Z)
EP39(U+Z)
EP40(U+Z)
EP41(U+Z)
EP42(U+Z)
EP43(U+Z)
EP44(U+Z)
EP45(U+Z)
EP46(U+Z)
EP48(U+Z)
EP49(U+Z)
EP50(U+Z)
EP51(U+Z)
EP52(U+Z)
EP53(U+Z)
EP54(U+Z)
EP55(U+Z)
EP56(U+Z)
EP57(U+Z)
EP58(U+Z)
EP59(U+Z)
EP60(U+Z)
EP61(U+Z)
EP62(Ū+Z)
EP63(U+Z)
EP64(U+Z)
EP65(U+Z)
EP66(U+Z)
EP67(U+Z)
EP68(U+Z)
EP69(U+Z)
EP70(U+Z)
EP71(U+Z)
EP72(U+Z)
EP73(U+Z)
EP74(U+Z)
EP75(U+Z)
EP76(U+Z)
EP77(U+Z)
EP78(U+Z)
EP79(U+Z)
EP80(U+Z)
EP81(U+Z)
EP82(U+Z)
EP83(U+Z)
EP84(U+Z)
EP85(U+Z)
EP86(U+Z)
Thank You (U+Z)
Announce (U+Z)

EP47(U+Z)

2.3K 283 1
By pngon677

EP47 လက်စွပ်လေးများ

ပေကျင်းမြို့ရှိ ပွဲတော်များတွင်မီးရှူးမီးပန်းများအား မမြင်တွေ့ခဲ့ရသည်မှာ နှစ်များပင်
အတော်ကြာခဲ့ပြီဖြစ်လေသည်။ကျန်းဝမ်ရွှီသည် ဧည့်ခန်းထဲတွင် တစ်ယောက်တည်း
မတ်တပ်ရပ်နေရင်း ကမ္ဘာကြီး တစ်ခုလုံးတွင်
သူတစ်ဦးသာကျန်ရစ်နေသကဲ့သို့
များစွာအထီးကျန်လျက် မကြုံဘူးအောင်
တိတ်ဆိတ်ငြိမ်သက်လျက်ရှိနေခဲ့ရသည်။
သူ့ရဲ့ ကိုယ်ပိုင် ကမ္ဘာလေးတစ်ခုမှာ
ပြန်ပြင်လို့ပင် မရတော့ဟန်တူသော
အပြစ်များအား မိုက်မဲစွာလုပ်ခဲ့ရင်း
သူ့ဘဝ၏တန်ဖိုးအထားရဆုံးသော
ရတနာလေးတစ်ခုက လုံးဝပင်ပျောက်ဆုံး
ခဲ့ရပြီ ဖြစ်ချေသည်။

ကျန်းဝမ်ရွှီမသိတော့သည်က....

ကျစ်ရှုဘယ်ကို သွားမည်နည်း? ...
နောက်တစ်ခုက ဒီနှစ်များတွင်
ကျစ်ရှုတွင် ရင်းနှီးသော သူငယ်ချင်း
အသစ်များ ရှိ မရှိ ကိုလည်း သူမသိ ။
ကျစ်ရှုနှင့် ပတ်သက်ပြီး သူသိသည်က
သူ့ဖုန်းထဲတွင် ထည့်ထားခဲ့သော
ကျစ်ရှု၏ဖုန်းနံပါတ်တစ်ခုသာ ဖြစ်ပြီး
သူယခုချိန်ထိ ခဏခဏပင် ထိုဖုန်းအား
ဆက်သော်လည်း ဖုန်းက မူ ပိတ်ထားမြဲ။

ဆက်စပ်ကြည့်ပါက ကျန်းဝမ်ရွှီ၏
အတွေးထဲတွင် ကျစ်ရှုနှင့် ပတ်သက်သည်ဟု
သူထင်မြင်ခဲ့သော ဆရာဝန်တစ်ဦးသာရှိနေသည်။ပထမအကြိမ်တွင် သူတို့နှစ်ဦး
ပေါင်းစည်းသည် ဟူသော အတွေးအားငြင်းပယ်လိုက်ရင်း အတွေးထဲတွင်ပင်
စိုးစဥ်းမျှ မတွေးရဲအောင် ကြောက်ရွံနေလျက်
အကြိမ်ကြိမ်အခါ ခါ ပင် ပယ်ချနေခဲ့မိလေသည်။ အကယ်၍ ထိုအတွေးတို့သည်
အမှန်ဖြစ်ပါက ကျစ်ရှုအား တို့ထိသူမှန်သမျှအတွက်သူက မီးခိုချောင်မှ ဓားထက်ထက်ကို
လက်တွေ့အသုံးချ ရမည် ဖြစ်ပြီးအရာအာလုံးကို ရှင်းလင်းပစ်မည်ပင်ဖြစ်လေသည်။

သူသတိမထားလိုက်မိချိန်မှာပင်
နှစ်သစ်ကူးသွားခဲ့ပြီ ဖြစ်ပြီး
Jan 1,2015ကိုပင် ရောက်လာခဲ့သည်။
ဒီနေ့သည် သူ့နှင့် ကျစ်ရှု အတူရှိခဲ့သည့်
15နှစ်မြောက် မဂ်လာနှစ်ပတ်လည်နေ့
ဟုလည်း ခေါ်လို့ရချေသည်။
သူတို့နှစ်ဦး၏ချစ်ခြင်းမေတ္တာအစပြုခဲ့ချိန် သိကျွမ်းရင်းနှီးခဲ့ချိန်မှစ၍မည်သည်နဲ့မှ နှိုင်းစာမရသော ချစ်ခြင်းတစ်ခု၏ 15နှစ်မြောက် ပင်ဖြစ်လေသည်။ကျန်းဝမ်ရွှီသည် တညလုံးဆေးလိပ်ထိုင်သောက်နေခဲ့သည်။အာရုဏ်တက်ချိန်ထိသူ၏ရှည်လျားသောအရပ်နှင့် ခန္ဓာကိုယ်မှာထုံကျင်နေလျက် မတ်တပ်ရပ်ပြီး နာရီကိုကြည့်မိတော့ မနက်7နာရီပင်ရောက်ရှိနေခဲ့ပြီဖြစ်သည်ကိုတွေ့လိုက်ရသည်။

သူကအိမ်ခြံမြေစီမံခန့်ခွဲရေးဌာန ကို
ဖုန်းဆက်လိုက်ပြီး သူတို့အိမ် ခန်းနှင့်ဆက်စပ်သော နောက်ဆုံးရက်၏ CCTVအား
ကြည့်ရှု၍ ရနိုင်မလားဟု မေးမြန်းခဲ့လိုက်သည်။တဖက်ကမူ သူ့အား အနီးဆုံး
တပတ်တွင်း မှတိတမ်းများကို တော့
ကြည့်ရှု၍ ရနိုင်သည်ဟု ဖြေကြားလာခဲ့သည်။

ကျန်းဝမ်ရွှီ၏ရှပ်အကျီသည် များစွာ
တွန့်ကြေနေခဲ့သည်။သို့သော်သူအကျီ ပင်
မလဲတော့ဘဲ အပေါ်မှကုတ်အကျီသာ
ထပ်ဝတ်ကာ ထွက်လာခဲ့လိုက်သည်။

ကျန်းဝမ်ရွှီက အိမ်ရာ၏CCTV မှတ်တမ်းသည်ကျစ်ရှုထွက်သွားသည်ကိုသာပြသည်နိုင်မည်ကို သူကောင်းစွာသိပေသည်။
တကယ့်တကယ်တွင် မစ္စတာလီအားဖုန်းဆက်ကာရဲကို အကူအညီ ပင်တောင်းသင့်သည်ပင်။သို့သော် သူ့စိတ်ထဲလေးဖင့်ကာ ထူးဆန်းနေသည်ဟုတွေးနေလျက် စစ်ဆေးပေးဖို့ကိုသာအတင်းအကြပ်ထပ်မံ၍ တောင်းဆို နေခဲ့ခြင်းဖြစ်သည်။

တပတ်ဟူသောအချိန်တွင် အကြောင်းအရာ
မျိုးစုံဖြစ်ပျက်နိုင်သည်မို့ သိသင့်သိထိုက်သောအရာများမှတဆင့် တိုက်ဆိုင်စစ်ဆေးလိုက်ပါက ကျစ်ရှအား နောက်ယောင်ခံနိုင်ရန်
သဲလွန်စ တစ်စုံတစ်ရာတော့ထွက်ပေါ်လာနိုင်မည်ပင်ဖြစ်သည်။

ထိုအချိန်တွင် ရှန်ကျွီသည် CCTV မှတ်တမ်းများတွင် ပေါ်လာခဲ့လေသည်။

ကျန်းဝမ်ရွှီသည် ရှန်ကျွီအား တွေ့လိုက်ရချိန်တွင် သူ၏နှလုံးသားများအားတစ်စုံတစ်ယောက်ကဆွဲမြှောက်ပစ်လိုက်
သကဲ့သို့ရင်ထဲတွင်ဟာလျက်နာကျင်သွားရသည်။သူနောက်ဆုံးတွင်သိလိုက်ရသည်ကား
သူသည် ကျစ်ရှုအပေါ် လုံးဝပင် ပြင်၍မရတော့သော အမှားတစ်ခုကို ကျူးလွန်မိသည်ပင်ဖြစ်သည်။မည်သိူ့မှ ပြင်လို့မရသော
ပြန်လည်၍ ပင် ပြုပြင်လို့မရတော့သောအမှားမျိုးပင်။အစပထမက ရှန်ကျွီသည် အနေအေးသည်၊သူထားရာနေစေရာသွား ဘဝတွင်သာရှိနေခဲ့ပြီး သု့အလိုက်အထိုက်ကို သိကာသူ့အားအခက်တွေ့အောင်မလုပ်ဟု
သူထင်မိခဲ့သည်။သိူ့သော် သူလုံံးဝပင်
မမျှော်မှန်းခဲ့သော အခြေအနေတစ်ခုက
ရှန်ကျွီသည် သူ့အိမ်သို့သွားကာသူချစ်ရသော သူ့အိမ်သူ ကျစ်ရှုအားလာတွေ့ခဲ့လေသည်။

အလွန်မှပင် စိတ်စေတနာကောင်းကာ အေးချမ်းလှသူ ၊နူးညံ့သိမ်မွေ့လျက် အမြဲ တစေ အကောင်းဖက်မှ တွေးပေးနိုင်သူ၊သန်မာသူဟုထင်ရသော်လည်း စိတ်အားငယ်တတ်ရှာသူ၊မည်သူနဲ့မှ ဖက်ပြိုင်ရန်မဖြစ်ဝံ့ခဲ့သူ၊အခြားတစ်ဦးက သူ့အားမည်မျှပင်
စော်ကားလာပါစေ ပြန်လှန်ပြီးမပြောရဲလို့
မျက်ရည်များသာကျတတ်ခဲ့သူ၊သူစိမ်းတစ်ဦးက သူအား မည်မျှပင်ဖိနှိပ်ပြောဆိုခဲ့ပါစေ သူ့ရှေ့တွင်တော့ မကျေနပ်သည့် အမူအရာ တစ်ခုတောင်မပြခဲ့ရှာသော သူ့အိမ်သူအား
သူကိုယ်တိုင်ကပင် ပြင်ပသူစိမ်းမှ
စော်ကားသည်ကိုပင် ကာကွယ်ပေးရမည့်
အစား သူကြောင့်ပင် ပြင်ပလူတစ်ဦးအား
ကျစ်ရှုကို တိုက်ခိုက်ဖို့ ရန် အခွင့်အရေး
ပေးခဲ့မိသော သူ့ကိုယ်သူပင်ရွံမုန်းမိခဲ့သည်။သူ့အရမ်းတွေမှားခဲ့ပြီးအရမ်းပင် ဝေးကွာလာခဲ့ရသည်။သို့သော် သူ့အမှားကို ပြင်ဆင်ကာ
ဘဝလမ်းကြောင်းအမှန်ကို လျှောက်ဖို့
ဆုံးဖြတ်ခဲ့ပြီး ကျစ်ရှု၏ရှေ့တွင်သူ့အမှားများအားဝန်မခံခဲ့ခြင်းသည်နောက်ပိုင်းတွင်သူ့အားကျစ်ရှုက လွှမ်းမိုးလာမည်ကို ကြောက်ရွံ့သောကြောင့်ဖြစ်ပြီး သူမထင်ထားခဲ့သည်က
ကျစ်ရှုသည် သူထားပစ်ခဲ့သောအရုပ်လေးတစ်ခုမှ ခြေရာကောက်ခဲ့ရင်းအရာအားလုံးသည် လုံးဝပင် ကျိုးပျက်ခဲ့ရလေပြီ ဖြစ်လေသည်။ကျစ်ရှုသည် သူ့အတွက်တော့
မည်သူမှ တို့ထိလို့မရနိုင်သော သူ၏ပင်မ
အသက်သွေးကြောလေးတစ်ခုပင်ဖြစ်သည်။

ရှန်ကျွီဆီသို့ .....

သူတံခါးဖွင့်လိုက်ချိန်၌ တံခါးဝတွင် ရပ်နေသူအား တွေ့လိုက်ရသောအခါ ရှန်ကျွီသည်
အလွန်ပင်ပျော်ရွှင်သွားခဲ့ပြီး မျက်လုံးလေးများတောက်ပလာခဲ့သည်။ကျိုးနွံကာချစ်စဖွယ် ကောင်းသောမျက်နှာ ၌အပြုံးများသည် တောက်ပနေလျက်သူ့ကို ပြောလာသည်။

"ကျန်းကော...ကော နောက်ဆုံးတော့
ကျွန်တော့ဆီလာပြီပေါ့ ....
ကျွန်တော် ခင်ဗျားကို အရမ်းလွမ်းနေခဲ့တာ"

သင်လူတစ်ယောက်အား အမှန်တကယ်ပင်
ချစ်မိပါက သင်သူ့အားတွေ့လိုက်ရသောအခါ အလွန်ပင်ဝမ်းသာပျော်ရွှင်ရပေလိမ့်မည်။ရှန်ကျွီသည် ကျန်းအားမြင်လိုက်ရချိန်၌ မကျေနပ်ချက်များသည်ထိုအချိန်ခဏ၌ ပျောက်ကွယ်သွားခဲ့ရင်းကျန်း၏မျက်လုံးများတွင် သူ့အားလျစ်လျူရှုခြင်းနှင့် အေးစက်နေသော အရိပ်တချို့တို့ရှိနေခဲ့သော်လည်းမသိကျေးကျွန်ပင် ပြုခဲ့လိုက်
လေသည်။

ကျန်းဝမ်ရွှီအခန်းထဲသို့ ဝင်လာပြီး
မှောင်မှိုင်းနေသောမျက်လုံးများဖြင့်
ရှန်ကျွီအားကြည့်နေသည်။ရှန်ကျွီသည် တံခါးကို ပိတ်လိုက်ရင်းကျန်းဝမ်ရွှီအတွက် အိမ်တွင်းစီးဖိနပ်ကို ရှာဖွေလိုက်သည်။

"မင်း ကျစ်ရှုကို သွားရှာခဲ့တာလား"

ထိုစကားတစ်ခွန်းသည် စိတ်လှုပ်ရှားစရာ
အရိပ်အမြွက်မရှိ သော်လည်း
ရှန်ကျွီအတွက်မှု ရုတ်တရက်ပင်ဦးခေါင်း
တည့်တည့်အား မိုးကြိုးပစ်ချလိုက်သကဲ့သို့
သူ့ ခန္ဓာကိုယ်ပင် တုန်ယင်သွားခဲ့သည်။
ရှန်ကျွီကအရာအားလုံးအဆင်ပြေနေပြီ
ဟုသူထင်ခဲ့မိသည်။ရက်အနည်းငယ်မျှလည်းကြာခဲ့ပြီဖြစ်ပြီး ကျစ်ရှုက ကျန်းအား
ပြောပြခဲ့ပါက ထိုရက်ထဲကပင် သူ့အား
လာရှာမှာဖြစ်သည်။

ကျန်းဝမ်ရွှီသည် ရှန်ကျွီနားသို့ ခြေတလှမ်းဆီ
လှမ်းသွားရင်း ပြောလာသည်။

"ငါ မင်းကို ပြင်သစ်မှာထဲက
နောက်ဆုံးအနေနဲ့ သတိပေးပြီးသား....
မင်းက အရမ်းတွေ တတ်နိုင်နေတယ်ပေါ့၊
မင်း ဘယ်လို နည်းလမ်းသုံးပြီးကျစ်ရှုကို
ငါ့အနားကမောင်းထုတ်လိုက်တာလဲ"

ကျန်းဝမ်ရွှီသည် ရုတ်တရက်ပင်
ရှန်ကျွီ၏ဗိုက်အားပိတ်ကန်လိုက်ရင်း လူတစ်ယောက်အားရက်ရက််စက်စက်ပင်သတ်ဖြတ်ချင်နေလျက်ရှိနေသည်။

"ငါ ကျစ်ရှုကို ပြန်ရှာမတွေ့ခဲ့ရင်...
မင်းကို ....ငါအသေသတ်မယ် "

ကျန်းဝမ်ရွှီသည် အခန်းထဲမှလှည့်အထွက်
ရှန်ကျွီ၏အပြင်သို့ လွှင့်ပစ် ရန် စုထုတ်ထားသော အထုပ်ကို ခလုတ်တိုက်မိချိန်အိတ်အတွင်းမှ ပစ္စည်းများပွင့်ကျလာရင်းထိုအိတ်ထဲမှ ဟောင်းနွမ်းလှပြီဖြစ်သော ငွေရောင်ကွင်းလေးတစ်ခုက ကြမ်းပြင်တစ်လျှောက်လိမ့်ထွက်လာခဲ့သည်။ကျန်းဝမ်ရွှီသည်
ထိုအရာလေးအား ကြည့်လိုက်ရင်း
အသေအချာအနီးထိ တိုးကြည့်လိုက်သည်။

ရှန်ကျွီ၏မျက်နှာသည် နာကျင်မှုကြောင့်
ဖြူဖျော့နေရာမှ လက်စွပ်အားမြင်လိုက်ချိန်တွင် ပို၍ ပင်ဖြူဖျော့သွားပြီးကျန်းဝမ်ရွှီ၏
အနားသို့ တိုးကပ်သွားကာကတုန် ကယင်ဖြင့်

"ကျန်းကော ...ကျွန်တော်ရှင်းပြပါရစေ"

သူသည် ကျန်းဝမ်ရွှီနှင့် ပထမဆုံး အကြိမ် အိပ်ခဲ့စဥ်က ကျန်းဝမ်ရွှီသည် အရက်အမူး
လွန်နေချိန်ဖြစ်သည်။ထို့ကြောင့်ပင်
ကျန်းဝမ်ရွှီသည် အတော်နောက်ကျသည်အထိအိပ်ပျော်နေခဲ့သည်။သူ့ ခန္ဓာကိုယ်က အေးစက်နေသောကြောင့်စောစောနိုးလာသည်၊အဲ့အချိန်ကလည်းကျန်းဝမ်ရွှီတွင် အိမ်ထောင်ရှိမှန်း သူမသိခဲ့။သူကကျန်းဝမ်ရွှီအား တိတ်တခိုးကြိုက်ခဲ့ရသူဖြစ်ပြီး
ကျန်းဝမ်ရွှီလက်၌ တခြားတန်ဖိုးအရာများအစားထိုလက်စွပ်လေးကိုသာဝတ်ဆင်ထားသည်မို့ စပ်စုချင်စိတ်ဖြင့် ချွတ်ကြည့်မိချင်းဖြစ်လေသည်။သို့သော် သူ့လက်ထဲတွင်ကိုင်ထားမိရင်း ပြန်အိပ်ပျော်သွားခဲ့ရသည်။
သူမနက်မိုးလင်းထလာချိန်၌ လက်စွပ်က
သူ့လက်ထဲတွင်ရှိနေခဲ့သော်လည်းကျန်းကမူသူအနားတွင်မရှိတော့။ကျန်းဝမ်ရွှီသည်သူ့အားနောက်နှစ်ရက်အကြာတွင် လက်စွပ်အကြောင်းကို တိုက်ရိုက်မေးလာခဲ့သည်။
ထိုအချိန်က ကျန်းဝမ်ရွှီ၏ပုံစံသည်
အလွန်ပင်ကြောက်ဖို့ကောင်းနေလျက်
သူ၏အဖိုးတန်အရာလေးဆုံးရှုံးသွားရ
သကဲ့သို့ မျက်လုံးများက နီရဲနေလျက်ရှိနေခဲ့ရသည်။ရှန်ကျွီသည် ကြောက်လန့်မှုကြောင့် အမှန်တိုင်းမပြောဝံ့ခဲ့ဘဲမတွေ့မိမသိမိဟုသာ
ပြောခဲ့လိုက်မိသည်။

ကျန်းဝမ်ရွီသည် လက်စွပ်လေးနောက်ကွယ်ရှိ
မရေမတွက်နိုင်သော ထူးခြားမှုများနှင့်အတူ
ထူးခြားသော တိုက်ဆိုင်မှုများကို
ဂရုမပြုမိခဲ့ချေ။ထိုပြောင်ငွေရောင်ကွင်းလေးရှိ သူ့တို့နှစ်ယောက်နာမည်လေးများသည် ကျစ်ရှုကိုယ်တိုင်လအတော်ကြာအောင်လက်များအနာဖြစ်သည်အထိ ထွင်းခဲ့ရသော
လက်စွပ်လေးဖြစ်သည်။သူတို့နှစ်ယောက်၏ချစ်သက်သေ လေးတစ်ခုဖြစ်ပြီး သူကိုယ်တိုင် နှစ်ပေါင်းများစွာဝတ်ဆင်ခဲ့သော အရာလဲ ဖြစ်သည်။ယခုတော့မူ လက်စွပ်လေးသည်မကြာမီစွန့်ပစ်ခံရမည့် အမှိုက်ထုပ်ထဲကထွက်လာခဲ့ရရှာလေသည်။

နှလုံးသားမှ သွေးများပင်ဆူပွက်လာလျက်
စူးနင့်အောင်နာကျင်လွန်းလှသည်။

သူသည် လက်စွပ်လေးအား
ချက်ခြင်းပင်ကောက်ယူလိုက်ရင်း
သူ့လက်တွင် ပြန်ဝတ်လိုက်သည်။
သူ့စိတ်ထဲတွင် ထူးဆန်းတဲ့ အေးဆေးတည်ငြိမ်မှုမျိုးကို ချက်ခြင်းပင်ခံစားလိုက်
ရသည်။မှီတွယ်ရာနေရာမရှိခဲ့သော
ဝိညာဥ်လေးတစ်ခုက အဆုံး၌ မှီတည်ရာလေးရှိသွားခဲ့သလိုပင်၊သူရှန်ကျွီနှင့် စကားအချီအချပြောရန်ကို လုံးဝပင် စိတ်မဝင်စားတော့ဘဲလက်စွပ်လေးပြန်ရပြီမို့ကျစ်ရှုကို ရှာတွေ့ပြီဆိုပါလျှင် ကျစ်ရှုအားလက်စွပ်လေးကို သူပြန်ဝတ်ဆင်ထားကြောင်းပြောမည်ဟုသာ စိတ်ထဲ၌ပြင်ဆင်ထားခဲ့သည်။

"ငါနဲ့ အတူ ရှိပေးခဲ့တဲ့ နှစ်တွေအတွက်
လက်စွပ်ကိစ္စကို ငါမေ့ပေးလိုက်မယ်၊
နောက်ဆုံးစကားတခွန်းပြောမယ်
ငါ မင်းကို နောက်တခါထပ်မတွေ့ချင်ဘူး"

ကျန်းဝမ်ရွီီသည် ရှန်ကျွီအား ပြောပြီး
သွားရန်အပြင်တွင် ရှန်ကျွီကသူ့ခါးအား
နောက်မှဖက်လိုက်သည်။

ရှန်ကျွီသည် ငိုရင်း သူ့အားတောင်းပန်လာခဲ့သည်။

"ကျန်းကော ...ကျွန်တော့ကို မထားခဲ့ပါနဲ့။
ကျွန်တော်ကို မခွဲသွားပါနဲ့ ...ကျွန်တော်မှားပါတယ်  .....ကျွန်တော် နောက်တကြိမ်
ဒါမျိုးမလုပ်တော့ပါဘူး....ကျွန်တော့်ကို သတိရပေးရုံလာတွေ့ချင်တဲ့စိတ်လေးရှိပေးရုံနဲ့ကျွန်တော်ကျေနပ်ပါတယ်၊ကျွန်တော့ကိုလေ .....ကော သတိရမှ လာတွေ့ပါ ၊ကျွန်တော်စောင့်နိုင်ပါတယ်...ကောနှလုံးသားထဲမှာ ကော တကယ်ချစ်တဲ့သူရှိတာလဲသိပါတယ်၊ကျွန်တော် သူ့ကို မယှဥ်နိုင်တာလဲသိပါတယ် ၊ကော အနားမှာဘဲ ရှိခွင့်လေးပေးပါ
ကျွန်တော်လေ ..ဘာဘဲ လုပ်ပေးရလုပ်ပေးရ
ကော မျက်နှာကို အဝေးကမြင်ရရင်တောင်
ကျွန်တော် ကျေနပ်ပါတယ် ....
ကျွန်တော် ကောကို အရမ်းချစ်တယ်"

ရှန်ကျွီသည် ကျစ်ရှုနှင့်အလွန်တူသော
ကလေးဖြစ်ပြီး သူ့စိတ်ထဲတွင်လည်း
များစွာစိတ်မကောင်းနေခဲ့ရသည်။သို့သော်
ကျန်းဝမ်ရွှီသည် သူ့ကို ဖက်ထားသော
လက်အားဖြုတ်လိုက်ရင်း ရှန်ကျွီဖက်လှည့်ကာခေါင်းအားလက်ဖြင့်ထိလိုက်သည်။

"မင်း ကိုယ့်ဘာသာကိုယ် မဖျက်ဆီးနဲ့
ငါ့ရင်ထဲမှာ ....လူတစ်ယောက်ကရှိပြီးသား
သူကလွဲလို့ ငါ အတွက်နောက်တစ်ယောက်ဆိုတာ ထပ်မရှိတော့ဘူး၊ငါအတိတ်က အမှားတွေ အများကြီးလုပ်ခဲ့မိတယ် ၊ငါ့ အတွက် ပြင်ဆင်ဖို့ဆိုတာ မသေချာပေမယ့်
မင်းကတော့ ငယ်သေးတယ်အနာဂတ်မှာ
ငါ့ထက် ပိုကောင်းတဲ့သူမင်းတွေ့နိုင်မှာပါ"

ကျန်းဝမ်ရွှီသည် ပြောအပြီး
တဖက်သို့ လှည့်လာရင်း ထွက်ခွာလာခဲ့သည်။ရှန်ကျွီကတော့မူ ငိုလျက်အခန်းထဲ၌
ကျန်ရစ်ခဲ့လေသည်။

ကျန်းဝမ်ရွှီသည် ပန်းခြံအတွင်းရှိ
ခုံတန်းလေးတစ်ခုတွင် ဝင်ထိုင်လိုက်ရင်း
သူ့လက်ရှိလက်စွပ်လေးအား
ညာင်သာစွာဖြင့် ထိတွေ့နေမိသည်။
ကျစ်ရှု ခဏခဏပင် သူ့ကိုမေးလာသော
လက်စွပ်လေးသည် ယနေ့တွင် သူ့ထံသို့
ပြန်ရောက်လာခဲ့ပြီ ဖြစ်သော်လည်း
ကျစ်ရှုကမူ ဘယ်နေရာတွင်ရှိနေမှနိးသူမသိရသေး။သူတွေးမိသည်က ရှန်ကျွီသည် လက်စွပ်နှင့်ပတ်သက်ပြီးကျစ်ရှုအားတစ်ခုခု နာကြည်းအောင်ပင်ပြောခဲ့ပုံ ရနေခဲ့လေသည်။

ထိုအချိန် သူ့ဖုန်းမြည်လာသည်မို့
ကြည့်လိုက်ရာ ကျန်းဝမ်ဆီမှ ခေါ်ခြင်းဖြစ်သည်။သူဖုန်းအားကိုင်လိုက်ရင်း
ဖြေလိုက်သည်။

"ဟယ်လို"

"လာမယ့် တနလ်ာနေ့ ငါလက်ထပ်တော့မှာ
အဲဒါငါမင်းကို လှမ်းဖိတ်တာ ....
မင်းရော ကျစ်ရှုလေးရော လာကြ"

တဖက်မှ သူ့အား ရွှင်မြုးစွာပြောနေခဲ့သော်လည်း ကျန်းသည်တိုးလျသော
အသံဖြင့် ....

"ကျစ်ရှု ထွက်သွားပြီ ကွာ ...
သူဘယ်သွားမှန်းလဲ ငါမသိဘူး"

"မင်းတို့ စကားများကြသေးလား?"

ကျင်းဝမ်သည် ခဏမျှတိတ်သွားပြီး
မေးလာသည်။

"သူတစ်ယောက်တည်း ထွက်သွားတာလား
သူနဲ့အတူ အခြားတစ်ယောက်ကော
ပါသေးလား? "

ကျန်းဝမ်ရွှီနှင့် ကျန်းဝမ်သည်
တစ်ယောက်အကြောင်း တစ်ယောက်
သိနေကြသော ကွယ်ဝှက်စရာမလိုသည့်
သူများမို့ ကျန်းဝမ်ရွှီက ပြောလိုက်သည်။

"ဟိုးရက်တွေတုန်းကတော့ ဒေါက်တာ
တစ်ယောက်နဲ့ တွေ့နေတာဘဲ အဲဒေါက်တာကလဲသူ့ကို စိတ်ဝင်စားနေပုံရတယ်"

"ဒေါက်တာ ဟုတ်လား?"

ကျန်းဝမ်အံ့သြနေသည်ကအိမ်ထဲမှာဘဲ နေသော ကျစ်ရှုက ဘယ်လိုနည်းဖြင့် ဒေါက်တာ တစ်ဦးနှင့်ကျွမ်းဝင်နိုင်ပါမည်နည်း။

ကျန်းဝမ်ရွှီသည် စိတ်ပျက်နေသောအသံဖြင့်

"ဒါပေမယ့် သူက မင်းတို့လို
ရိုးရိုးဆရာဝန်မဟုတ်ဘူးထင်တယ်။
သူက Ferrari ကားစီးတယ်
ပြီးတော့ ကျစ်ရှုကို လက်ဆောင်ပေးတဲ့
သစ်ခွပန်းတောင် ယွမ်နှစ်သန်းကျော်
တန်ဖိုးရှိတယ် သူ့ပုံကြည့်ရတာ
အသက်သိပ်မကြီးသေးဘူး
30လောက်တော့ ရှိမယ်ထင်တယ်"

ကျန်းဝမ်ရွှီ၏စကားများကို နားထောင်ရင်း
ကျန်းဝမ်သည် ယခင်တခါကလို ကျစ်ရှုအား
သဝန်တိုကာ အနိုင်ကျင့်သည် ကြောင့်
အိမ်မှထွက်သွားသည်ဟု ကျန်းဝမ်ရွှီအား
အပြစ်တင်ဖို့ စဥ်းစားလိုက်သေးသည်။
သို့သော် ထို အတွေးထက် သူ့ခေါင်းထဲတွင် ဒုတိယ အတွေးတစ်ခုက ဝင်လာခဲ့ပြီး သူသည် ထိုအတွေးအားလုံးဝပင် မဟုတ်ပါစေနဲ့ဟုသာဆုတောင်းနေခဲ့မိရင်း...

"တန်ဖိုးကြီး ကားတွေဘဲစီးတယ်။
ပန်းတွေကို သဘောကျတယ်။
အသက်လည်း ငယ်တဲ့ ဆရာဝန်ဆိုတော့
နေဦး ...အဲဒါ အိုက်ကျိယွီ များလား ?
ဒါပေမယ့် သူကသွေးကင်ဆာ အထူးကုလေ"

ကျန်းဝမ်ရွှီသည် ကျန်းဝမ်၏စကားအား
ရုတ်တရက်ကြားလိုက်ရသော အခါ

"ဘယ်လို သွေးကင်ဆာ အထူးကု
ဟုတ်လား?"

29.1.2021
W 4700

........

EP47 လက္စြပ္ေလးမ်ား

ေပက်င္းၿမိဳ႕ရွိ ပြဲေတာ္မ်ားတြင္မီးရႉးမီးပန္းမ်ားအား
မျမင္ေတြ႕ခဲ့ရသည္မွာ ႏွစ္မ်ားပင္
အေတာ္ၾကာခဲ့ၿပီျဖစ္ေလသည္။က်န္းဝမ္႐ႊီသည္
ဧည့္ခန္းထဲတြင္ တစ္ေယာက္တည္း
မတ္တပ္ရပ္ေနရင္း ကမၻာႀကီး တစ္ခုလုံးတြင္
သူတစ္ဦးသာက်န္ရစ္ေနသကဲ့သို႔
မ်ားစြာအထီးက်န္လ်က္ မႀကဳံဘူးေအာင္
တိတ္ဆိတ္ၿငိမ္သက္လ်က္ရွိေနခဲ့ရသည္။
သူ႕ရဲ႕ ကိုယ္ပိုင္ ကမၻာေလးတစ္ခုမွာ
ျပန္ျပင္လို႔ပင္ မရေတာ့ဟန္တူေသာ
အျပစ္မ်ားအား မိုက္မဲစြာလုပ္ခဲ့ရင္း
သူ႕ဘဝ၏တန္ဖိုးအထားရဆုံးေသာ
ရတနာေလးတစ္ခုက လုံးဝပင္ေပ်ာက္ဆုံး
ခဲ့ရၿပီ ျဖစ္ေခ်သည္။

က်န္းဝမ္႐ႊီမသိေတာ့သည္က....

က်စ္ရႈဘယ္ကို သြားမည္နည္း? ...
ေနာက္တစ္ခုက ဒီႏွစ္မ်ားတြင္
က်စ္ရႈတြင္ ရင္းႏွီးေသာ သူငယ္ခ်င္း
အသစ္မ်ား ရွိ မရွိ ကိုလည္း သူမသိ ။
က်စ္ရႈႏွင့္ ပတ္သက္ၿပီး သူသိသည္က
သူ႕ဖုန္းထဲတြင္ ထည့္ထားခဲ့ေသာ
က်စ္ရႈ၏ဖုန္းနံပါတ္တစ္ခုသာ ျဖစ္ၿပီး
သူယခုခ်ိန္ထိ ခဏခဏပင္ ထိုဖုန္းအား
ဆက္ေသာ္လည္း ဖုန္းက မူ ပိတ္ထားၿမဲ။

ဆက္စပ္ၾကည့္ပါက က်န္းဝမ္႐ႊီ၏
အေတြးထဲတြင္ က်စ္ရႈႏွင့္ ပတ္သက္သည္ဟု
သူထင္ျမင္ခဲ့ေသာ ဆရာဝန္တစ္ဦးသာရွိေနသည္။
ပထမအႀကိမ္တြင္ သူတို႔ႏွစ္ဦး ေပါင္းစည္းသည္ ဟူေသာ အေတြးအားျငင္းပယ္လိုက္ရင္း အေတြးထဲတြင္ပင္
စိုးစဥ္းမွ် မေတြးရဲေအာင္ ေၾကာက္႐ြံေနလ်က္
အႀကိမ္ႀကိမ္အခါ ခါ ပင္ ပယ္ခ်ေနခဲ့မိေလသည္။
အကယ္၍ ထိုအေတြးတို႔သည္ အမွန္ျဖစ္ပါက က်စ္ရႈအား တို႔ထိသူမွန္သမွ်အတြက္သူက မီးခိုေခ်ာင္မွ ဓားထက္
ထက္ကို လက္ေတြ႕အသုံးခ် ရမည္ ျဖစ္ၿပီးအရာအားလုံးကို ရွင္းလင္းပစ္မည္ပင္ျဖစ္ေလသည္။

သူသတိမထားလိုက္မိခ်ိန္မွာပင္ႏွစ္သစ္ကူးသြားခဲ့ၿပီ
ျဖစ္ၿပီး Jan 1,2015ကိုပင္ ေရာက္လာခဲ့သည္။
ဒီေန႕သည္ သူ႕ႏွင့္ က်စ္ရႈ အတူရွိခဲ့သည့္
15ႏွစ္ေျမာက္ မဂ္လာႏွစ္ပတ္လည္ေန႕
ဟုလည္း ေခၚလို႔ရေခ်သည္။သူတို႔ႏွစ္ဦး၏ခ်စ္ျခင္းေမတၱာအစျပဳခဲ့ခ်ိန္ သိကြၽမ္းရင္းႏွီးခဲ့ခ်ိန္မွစ၍မည္သည္နဲ႕မွ
ႏွိုင္းစာမရေသာ ခ်စ္ျခင္းတစ္ခု၏ 15ႏွစ္ေျမာက္
ပင္ျဖစ္ေလသည္။က်န္းဝမ္႐ႊီသည္ တညလုံးေဆးလိပ္
ထိုင္ေသာက္ေနခဲ့သည္။အာ႐ုဏ္တက္ခ်ိန္ထိသူ၏ရွည္လ်ားေသာအရပ္ႏွင့္ ခႏၶာကိုယ္မွာထုံက်င္ေနလ်က္
မတ္တပ္ရပ္ၿပီး နာရီကိုၾကည့္မိေတာ့ မနက္7နာရီ
ပင္ေရာက္ရွိေနခဲ့ၿပီျဖစ္သည္ကိုေတြ႕လိုက္ရသည္။

သူကအိမ္ၿခံေျမစီမံခန့္ခြဲေရးဌာန ကို ဖုန္းဆက္လိုက္ၿပီး
သူတို႔အိမ္ ခန္းႏွင့္ဆက္စပ္ေသာ ေနာက္ဆုံးရက္၏ CCTVအားၾကည့္ရႈ၍ ရနိုင္မလားဟု ေမးျမန္းခဲ့လိုက္
သည္။တဖက္ကမူ သူ႕အား အနီးဆုံး
တပတ္တြင္း မွတိတမ္းမ်ားကို ေတာ့
ၾကည့္ရႈ၍ ရနိုင္သည္ဟု ေျဖၾကားလာခဲ့သည္။

က်န္းဝမ္႐ႊီ၏ရွပ္အက်ီသည္ မ်ားစြာ
တြန့္ေၾကေနခဲ့သည္။သို႔ေသာ္သူအက်ီ ပင္
မလဲေတာ့ဘဲ အေပၚမွကုတ္အက်ီသာ
ထပ္ဝတ္ကာ ထြက္လာခဲ့လိုက္သည္။

က်န္းဝမ္႐ႊီက အိမ္ရာ၏CCTV မွတ္တမ္းသည္က်စ္ရႈ
ထြက္သြားသည္ကိုသာျပသည္နိုင္မည္ကို သူေကာင္းစြာသိေပသည္။တကယ့္တကယ္တြင္ မစၥတာလီအား
ဖုန္းဆက္ကာရဲကို အကူအညီ ပင္ေတာင္းသင့္သည္ပင္။သို႔ေသာ္ သူ႕စိတ္ထဲေလးဖင့္ကာ ထူးဆန္းေနသည္
ဟုေတြးေနလ်က္ စစ္ေဆးေပးဖို႔ကိုသာအတင္းအၾကပ္
ထပ္မံ၍ ေတာင္းဆို ေနခဲ့ျခင္းျဖစ္သည္။

တပတ္ဟူေသာအခ်ိန္တြင္ အေၾကာင္းအရာ
မ်ိဳးစုံျဖစ္ပ်က္နိုင္သည္မို႔ သိသင့္သိထိုက္ေသာအရာမ်ားမွတဆင့္ တိုက္ဆိုင္စစ္ေဆးလိုက္ပါက က်စ္ရွအား
​ေနာက္ေယာင္ခံနိုင္ရန္ သဲလြန္စ တစ္စုံတစ္ရာေတာ့
ထြက္ေပၚလာနိုင္မည္ပင္ျဖစ္သည္။

ထိုအခ်ိန္တြင္ ရွန္ကြၽီသည္ CCTV မွတ္တမ္းမ်ားတြင္
ေပၚလာခဲ့ေလသည္။

က်န္းဝမ္႐ႊီသည္ ရွန္ကြၽီအား ေတြ႕လိုက္ရခ်ိန္တြင္
သူ၏ႏွလုံးသားမ်ားအားတစ္စုံတစ္ေယာက္ကဆြဲေျမႇာက္
ပစ္လိုက္သကဲ့သို႔ရင္ထဲတြင္ဟာလ်က္နာက်င္သြားရ
သည္။သူေနာက္ဆုံးတြင္သိလိုက္ရသည္ကားသူသည္
က်စ္ရႈအေပၚ လုံးဝပင္ ျပင္၍မရေတာ့ေသာ အမွားတစ္ခုကို က်ဴးလြန္မိသည္ပင္ျဖစ္သည္။မည္သိူ႕မွ ျပင္လို႔မ
ရေသာ ျပန္လည္၍ ပင္ ျပဳျပင္လို႔မရေတာ့ေသာအမွားမ်ိဳးပင္။အစပထမက ရွန္ကြၽီသည္ အေနေအးသည္၊သူထားရာေနေစရာသြား ဘဝတြင္သာရွိေနခဲ့ၿပီး သု႔အလိုက္
အထိုက္ကို သိကာသူ႕အားအခက္ေတြ႕ေအာင္မလုပ္ဟု
သူထင္မိခဲ့သည္။သိူ႕ေသာ္ သူလုံံးဝပင္မေမွ်ာ္မွန္းခဲ့ေသာ အေျခအေနတစ္ခုက ရွန္ကြၽီသည္ သူ႕အိမ္သို႔သြားကာသူခ်စ္ရေသာ သူ႕အိမ္သူ က်စ္ရႈအားလာေတြ႕ခဲ့ေလသည္။

အလြန္မွပင္ စိတ္ေစတနာေကာင္းကာ ေအးခ်မ္းလွသူ
၊ႏူးညံ့သိမ္ေမြ႕လ်က္ အၿမဲ တေစ အေကာင္းဖက္မွ
​ေတြးေပးနိုင္သူ၊သန္မာသူဟုထင္ရေသာ္လည္း
စိတ္အားငယ္တတ္ရွာသူ၊မည္သူနဲ႕မွ ဖက္ၿပိဳင္ရန္မျဖစ္ဝံ့ခဲ့သူ၊အျခားတစ္ဦးက သူ႕အားမည္မွ်ပင္
ေစာ္ကားလာပါေစ ျပန္လွန္ၿပီးမေျပာရဲလို႔
မ်က္ရည္မ်ားသာက်တတ္ခဲ့သူ၊သူစိမ္းတစ္ဦးက သူအား
မည္မွ်ပင္ဖိႏွိပ္ေျပာဆိုခဲ့ပါေစ သူ႕ေရွ႕တြင္ေတာ့ မေက်နပ္သည့္ အမူအရာ တစ္ခုေတာင္မျပခဲ့ရွာေသာ သူ႕အိမ္သူအားသူကိုယ္တိုင္ကပင္ ျပင္ပသူစိမ္းမွ
ေစာ္ကားသည္ကိုပင္ ကာကြယ္ေပးရမည့္
အစား သူေၾကာင့္ပင္ ျပင္ပလူတစ္ဦးအား
က်စ္ရႈကို တိုက္ခိုက္ဖို႔ ရန္ အခြင့္အေရး
ေပးခဲ့မိေသာ သူ႕ကိုယ္သူပင္႐ြံမုန္းမိခဲ့သည္။
သူ႕အရမ္းေတြမွားခဲ့ၿပီးအရမ္းပင္ ေဝးကြာလာခဲ့ရသည္။သို႔ေသာ္ သူ႕အမွားကို ျပင္ဆင္ကာဘဝလမ္းေၾကာင္း
အမွန္ကို ေလွ်ာက္ဖို႔ဆုံးျဖတ္ခဲ့ၿပီး က်စ္ရႈ၏ေရွ႕တြင္သူ႕
အမွားမ်ားအားဝန္မခံခဲ့ျခင္းသည္ေနာက္ပိုင္းတြင္သူ႕အားက်စ္ရႈက လႊမ္းမိုးလာမည္ကို ေၾကာက္႐ြံ႕ေသာေၾကာင့္
ျဖစ္ၿပီး သူမထင္ထားခဲ့သည္ကက်စ္ရႈသည္ သူထားပစ္
ခဲ့ေသာအ႐ုပ္ေလးတစ္ခုမွ ေျခရာေကာက္ခဲ့ရင္းအရာအားလုံးသည္ လုံးဝပင္ က်ိဳးပ်က္ခဲ့ရေလၿပီ ျဖစ္ေလသည္။က်စ္ရႈသည္ သူ႕အတြက္ေတာ့ မည္သူမွ တို႔ထိလို႔
မရနိုင္ေသာ သူ၏ပင္မအသက္ေသြးေၾကာေလး
တစ္ခုပင္ျဖစ္သည္။

ရွန္ကြၽီဆီသို႔ .....

သူတံခါးဖြင့္လိုက္ခ်ိန္၌ တံခါးဝတြင္ ရပ္ေနသူအား ေတြ႕
လိုက္ရေသာအခါ ရွန္ကြၽီသည္အလြန္ပင္ေပ်ာ္႐ႊင္သြားခဲ့ၿပီး မ်က္လုံးေလးမ်ားေတာက္ပလာခဲ့သည္။က်ိဳးႏြံကာခ်စ္
စဖြယ္ ေကာင္းေသာမ်က္ႏွာ ၌အၿပဳံးမ်ားသည္
​ေတာက္ပေနလ်က္သူ႕ကို ေျပာလာသည္။

"က်န္းေကာ...ေကာ ေနာက္ဆုံးေတာ့
ကြၽန္ေတာ့ဆီလာၿပီေပါ့ ....
ကြၽန္ေတာ္ ခင္ဗ်ားကို အရမ္းလြမ္းေနခဲ့တာ"

သင္လူတစ္ေယာက္အား အမွန္တကယ္ပင္
ခ်စ္မိပါက သင္သူ႕အားေတြ႕လိုက္ရေသာအခါ အလြန္ပင္ဝမ္းသာေပ်ာ္႐ႊင္ရေပလိမ့္မည္။ရွန္ကြၽီသည္ က်န္းအားျမင္လိုက္ရခ်ိန္၌ မေက်နပ္ခ်က္မ်ားသည္ထိုအခ်ိန္ခဏ၌
​ေပ်ာက္ကြယ္သြားခဲ့ရင္းက်န္း၏မ်က္လုံးမ်ားတြင္ သူ႕အားလ်စ္လ်ဴရႈျခင္းႏွင့္ ေအးစက္ေနေသာ အရိပ္တခ်ိဳ႕တို႔ရွိေနခဲ့ေသာ္လည္းမသိေက်းကြၽန္ပင္ ျပဳခဲ့လိုက္ေလသည္။

က်န္းဝမ္႐ႊီအခန္းထဲသို႔ ဝင္လာၿပီးေမွာင္မွိုင္းေနေသာမ်က္လုံးမ်ားျဖင့္ရွန္ကြၽီအားၾကည့္ေနသည္။ရွန္ကြၽီသည္
တံခါးကို ပိတ္လိုက္ရင္းက်န္းဝမ္႐ႊီအတြက္ အိမ္တြင္းစီး
ဖိနပ္ကို ရွာေဖြလိုက္သည္။

"မင္း က်စ္ရႈကို သြားရွာခဲ့တာလား"

ထိုစကားတစ္ခြန္းသည္ စိတ္လႈပ္ရွားစရာ
အရိပ္အႁမြက္မရွိ ေသာ္လည္း
ရွန္ကြၽီအတြက္မႈ ႐ုတ္တရက္ပင္ဦးေခါင္း
တည့္တည့္အား မိုးႀကိဳးပစ္ခ်လိဳက္သကဲ့သို႔
သူ႕ ခႏၶာကိုယ္ပင္ တုန္ယင္သြားခဲ့သည္။
ရွန္ကြၽီကအရာအားလုံးအဆင္ေျပေနၿပီ
ဟုသူထင္ခဲ့မိသည္။ရက္အနည္းငယ္မွ်
လည္းၾကာခဲ့ၿပီျဖစ္ၿပီး က်စ္ရႈက က်န္းအား
ေျပာျပခဲ့ပါက ထိုရက္ထဲကပင္ သူ႕အား
လာရွာမွာျဖစ္သည္။

က်န္းဝမ္႐ႊီသည္ ရွန္ကြၽီနားသို႔ ေျခတလွမ္းဆီ
လွမ္းသြားရင္း ေျပာလာသည္။

"ငါ မင္းကို ျပင္သစ္မွာထဲက
ေနာက္ဆုံးအေနနဲ႕ သတိေပးၿပီးသား....
မင္းက အရမ္းေတြ တတ္နိုင္ေနတယ္ေပါ့၊
မင္း ဘယ္လို နည္းလမ္းသုံးၿပီးက်စ္ရႈကို
ငါ့အနားကေမာင္းထုတ္လိုက္တာလဲ"

က်န္းဝမ္႐ႊီသည္ ႐ုတ္တရက္ပင္
ရွန္ကြၽီ၏ဗိုက္အားပိတ္ကန္လိုက္ရင္း လူတစ္ေယာက္အားရက္ရက္္စက္စက္ပင္သတ္ျဖတ္ခ်င္ေနလ်က္ရွိေနသည္။

"ငါ က်စ္ရႈကို ျပန္ရွာမေတြ႕ခဲ့ရင္...
မင္းကို ....ငါအေသသတ္မယ္ "

က်န္းဝမ္႐ႊီသည္ အခန္းထဲမွလွည့္အထြက္
ရွန္ကြၽီ၏အျပင္သို႔ လႊင့္ပစ္ ရန္ စုထုတ္ထားေသာအထုပ္ကို ခလုတ္တိုက္မိခ်ိန္အိတ္အတြင္းမွ ပစၥည္းမ်ားပြင့္က်လာရင္းထိုအိတ္ထဲမွ ေဟာင္းႏြမ္းလွၿပီျဖစ္ေသာ ေငြေရာင္ကြင္းေလးတစ္ခုက ၾကမ္းျပင္တစ္ေလွ်ာက္လိမ့္ထြက္လာခဲ့သည္။က်န္းဝမ္႐ႊီသည္ထိုအရာေလးအား ၾကည့္လိုက္
ရင္းအေသအခ်ာအနီးထိ တိုးၾကည့္လိုက္သည္။

ရွန္ကြၽီ၏မ်က္ႏွာသည္ နာက်င္မႈေၾကာင့္
ျဖဴေဖ်ာ့ေနရာမွ လက္စြပ္အားျမင္လိုက္ခ်ိန္တြင္
ပို၍ ပင္ျဖဴေဖ်ာ့သြားၿပီးက်န္းဝမ္႐ႊီ၏
အနားသို႔ တိုးကပ္သြားကာကတုန္ ကယင္ျဖင့္

"က်န္းေကာ ...ကြၽန္ေတာ္ရွင္းျပပါရေစ"

သူသည္ က်န္းဝမ္႐ႊီႏွင့္ ပထမဆုံး အႀကိမ္
အိပ္ခဲ့စဥ္က က်န္းဝမ္႐ႊီသည္ အရက္အမူး
လြန္ေနခ်ိန္ျဖစ္သည္။ထို႔ေၾကာင့္ပင္
က်န္းဝမ္႐ႊီသည္ အေတာ္ေနာက္က်သည္အထိ
အိပ္ေပ်ာ္ေနခဲ့သည္။သူ႕ ခႏၶာကိုယ္က ေအးစက္
​ေနေသာေၾကာင့္ေစာေစာနိုးလာသည္၊အဲ့အခ်ိန္ကလည္းက်န္းဝမ္႐ႊီတြင္ အိမ္ေထာင္ရွိမွန္း သူမသိခဲ့။သူက
က်န္းဝမ္႐ႊီအား တိတ္တခိုးႀကိဳက္ခဲ့ရသူျဖစ္ၿပီး
က်န္းဝမ္႐ႊီလက္၌ တျခားတန္ဖိုးအရာမ်ားအစားထို
လက္စြပ္ေလးကိုသာဝတ္ဆင္ထားသည္မို႔ စပ္စုခ်င္
စိတ္ျဖင့္ ခြၽတ္ၾကည့္မိခ်င္းျဖစ္ေလသည္။သို႔ေသာ္
သူ႕လက္ထဲတြင္ကိုင္ထားမိရင္း ျပန္အိပ္ေပ်ာ္သြားခဲ့
ရသည္။သူမနက္မိုးလင္းထလာခ်ိန္၌ လက္စြပ္က
သူ႕လက္ထဲတြင္ရွိေနခဲ့ေသာ္လည္းက်န္းကမူသူအနားတြင္မရွိေတာ့။က်န္းဝမ္႐ႊီသည္သူ႕အားေနာက္ႏွစ္ရက္အၾကာတြင္ လက္စြပ္အေၾကာင္းကို တိုက္ရိုက္ေမးလာခဲ့သည္။
ထိုအခ်ိန္က က်န္းဝမ္႐ႊီ၏ပုံစံသည္အလြန္ပင္ေၾကာက္
ဖို႔ေကာင္းေနလ်က္သူ၏အဖိုးတန္အရာေလးဆုံးရႈံးသြားရ
သကဲ့သို႔ မ်က္လုံးမ်ားက နီရဲေနလ်က္ရွိေနခဲ့ရသည္။
ရွန္ကြၽီသည္ ေၾကာက္လန့္မႈေၾကာင့္ အမွန္တိုင္းမေျပာဝံ့ခဲ့ဘဲမေတြ႕မိမသိမိဟုသာေျပာခဲ့လိုက္မိသည္။

က်န္းဝမ္႐ြီသည္ လက္စြပ္ေလးေနာက္ကြယ္ရွိ
မေရမတြက္နိုင္ေသာ ထူးျခားမႈမ်ားႏွင့္အတူ
ထူးျခားေသာ တိုက္ဆိုင္မႈမ်ားကို
ဂ႐ုမျပဳမိခဲ့ေခ်။ထိုေျပာင္ေငြေရာင္ကြင္းေလးရွိ
သူ႕တို႔ႏွစ္ေယာက္နာမည္ေလးမ်ားသည္ က်စ္ရႈကိုယ္တိုင္လအေတာ္ၾကာေအာင္လက္မ်ားအနာျဖစ္သည္အထိ
ထြင္းခဲ့ရေသာ လက္စြပ္ေလးျဖစ္သည္။သူတို႔ႏွစ္
​ေယာက္၏ခ်စ္သက္ေသ ေလးတစ္ခုျဖစ္ၿပီး သူကိုယ္တိုင္ ႏွစ္ေပါင္းမ်ားစြာဝတ္ဆင္ခဲ့ေသာ အရာလဲ ျဖစ္သည္။
ယခုေတာ့မူ လက္စြပ္ေလးသည္မၾကာမီစြန့္ပစ္ခံရမည့္
အမွိုက္ထုပ္ထဲကထြက္လာခဲ့ရရွာေလသည္။

ႏွလုံးသားမွ ေသြးမ်ားပင္ဆူပြက္လာလ်က္
စူးနင့္ေအာင္နာက်င္လြန္းလွသည္။

သူသည္ လက္စြပ္ေလးအား
ခ်က္ျခင္းပင္ေကာက္ယူလိုက္ရင္း
သူ႕လက္တြင္ ျပန္ဝတ္လိုက္သည္။
သူ႕စိတ္ထဲတြင္ ထူးဆန္းတဲ့ ေအးေဆး
တည္ၿငိမ္မႈမ်ိဳးကို ခ်က္ျခင္းပင္ခံစားလိုက္
ရသည္။မွီတြယ္ရာေနရာမရွိခဲ့ေသာ
ဝိညာဥ္ေလးတစ္ခုက အဆုံး၌ မွီတည္ရာေလးရွိသြားခဲ့သလိုပင္၊သူရွန္ကြၽီႏွင့္ စကားအခ်ီအခ်ေျပာရန္ကို
လုံးဝပင္ စိတ္မဝင္စားေတာ့ဘဲလက္စြပ္ေလးျပန္ရၿပီမို႔
က်စ္ရႈကို ရွာေတြ႕ၿပီဆိုပါလွ်င္ က်စ္ရႈအားလက္စြပ္ေလးကို သူျပန္ဝတ္ဆင္ထားေၾကာင္းေျပာမည္ဟုသာ စိတ္ထဲ၌ျပင္ဆင္ထားခဲ့သည္။

"ငါနဲ႕ အတူ ရွိေပးခဲ့တဲ့ ႏွစ္ေတြအတြက္
လက္စြပ္ကိစၥကို ငါေမ့ေပးလိုက္မယ္၊
ေနာက္ဆုံးစကားတခြန္းေျပာမယ္
ငါ မင္းကို ေနာက္တခါထပ္မေတြ႕ခ်င္ဘူး"

က်န္းဝမ္႐ြီီသည္ ရွန္ကြၽီအား ေျပာၿပီး
သြားရန္အျပင္တြင္ ရွန္ကြၽီကသူ႕ခါးအား
ေနာက္မွဖက္လိုက္သည္။

ရွန္ကြၽီသည္ ငိုရင္း သူ႕အားေတာင္းပန္လာခဲ့သည္။

"က်န္းေကာ ...ကြၽန္ေတာ့ကို မထားခဲ့ပါနဲ႕။
ကြၽန္ေတာ္ကို မခြဲသြားပါနဲ႕ ...ကြၽန္ေတာ္မွားပါတယ္ .....ကြၽန္ေတာ္ ေနာက္တႀကိမ္
ဒါမ်ိဳးမလုပ္ေတာ့ပါဘူး....ကြၽန္ေတာ့္ကို သတိရေပး႐ုံလာေတြ႕ခ်င္တဲ့စိတ္ေလးရွိေပး႐ုံနဲ႕ကြၽန္ေတာ္ေက်နပ္
ပါတယ္၊ကြၽန္ေတာ့ကိုေလ .....ေကာ သတိရမွ လာေတြ႕ပါ ၊ကြၽန္ေတာ္ေစာင့္နိုင္ပါတယ္...ေကာႏွလုံးသားထဲမွာ ေကာ တကယ္ခ်စ္တဲ့သူရွိတာလဲသိပါတယ္၊ကြၽန္ေတာ္ သူ႕ကို မယွဥ္နိုင္တာလဲသိပါတယ္ ၊ေကာ အနားမွာဘဲ
ရွိခြင့္ေလးေပးပါကြၽန္ေတာ္ေလ ..ဘာဘဲ လုပ္ေပးရ
လုပ္ေပးရေကာ မ်က္ႏွာကို အေဝးကျမင္ရရင္ေတာင္
ကြၽန္ေတာ္ ေက်နပ္ပါတယ္ ....
ကြၽန္ေတာ္ ေကာကို အရမ္းခ်စ္တယ္"

ရွန္ကြၽီသည္ က်စ္ရႈႏွင့္အလြန္တူေသာ
ကေလးျဖစ္ၿပီး သူ႕စိတ္ထဲတြင္လည္း
မ်ားစြာစိတ္မေကာင္းေနခဲ့ရသည္။သို႔ေသာ္
က်န္းဝမ္႐ႊီသည္ သူ႕ကို ဖက္ထားေသာ
လက္အားျဖဳတ္လိုက္ရင္း ရွန္ကြၽီဖက္
လွည့္ကာေခါင္းအားလက္ျဖင့္ထိလိုက္သည္။

"မင္း ကိုယ့္ဘာသာကိုယ္ မဖ်က္ဆီးနဲ႕
ငါ့ရင္ထဲမွာ ....လူတစ္ေယာက္ကရွိၿပီးသား
သူကလြဲလို႔ ငါ အတြက္ေနာက္တစ္ေယာက္ဆိုတာ
ထပ္မရွိေတာ့ဘူး၊ငါအတိတ္က အမွားေတြ အမ်ားႀကီး
လုပ္ခဲ့မိတယ္ ၊ငါ့ အတြက္ ျပင္ဆင္ဖို႔ဆိုတာ
မေသခ်ာေပမယ့္ မင္းကေတာ့ ငယ္ေသးတယ္အနာဂတ္မွာ ငါ့ထက္ ပိုေကာင္းတဲ့သူမင္းေတြ႕နိုင္မွာပါ"

က်န္းဝမ္႐ႊီသည္ ေျပာအၿပီးတဖက္သို႔ လွည့္လာရင္း
ထြက္ခြာလာခဲ့သည္။ရွန္ကြၽီကေတာ့မူ ငိုလ်က္အခန္းထဲ၌
က်န္ရစ္ခဲ့ေလသည္။

က်န္းဝမ္႐ႊီသည္ ပန္းၿခံအတြင္းရွိ
ခုံတန္းေလးတစ္ခုတြင္ ဝင္ထိုင္လိုက္ရင္း
သူ႕လက္ရွိလက္စြပ္ေလးအား
ညာင္သာစြာျဖင့္ ထိေတြ႕ေနမိသည္။
က်စ္ရႈ ခဏခဏပင္ သူ႕ကိုေမးလာေသာ
လက္စြပ္ေလးသည္ ယေန႕တြင္ သူ႕ထံသို႔
ျပန္ေရာက္လာခဲ့ၿပီ ျဖစ္ေသာ္လည္း
က်စ္ရႈကမူ ဘယ္ေနရာတြင္ရွိေနမွနိးသူမသိရေသး။
သူေတြးမိသည္က ရွန္ကြၽီသည္ လက္စြပ္ႏွင့္ပတ္သက္ၿပီးက်စ္ရႈအားတစ္ခုခု နာၾကည္းေအာင္ပင္ေျပာခဲ့ပုံ
ရေနခဲ့ေလသည္။

ထိုအခ်ိန္ သူ႕ဖုန္းျမည္လာသည္မို႔
ၾကည့္လိုက္ရာ က်န္းဝမ္ဆီမွ ေခၚျခင္းျဖစ္သည္။သူဖုန္းအားကိုင္လိုက္ရင္းေျဖလိုက္သည္။

"ဟယ္လို"

"လာမယ့္ တနလ္ာေန႕ ငါလက္ထပ္ေတာ့မွာ
အဲဒါငါမင္းကို လွမ္းဖိတ္တာ ....
မင္းေရာ က်စ္ရႈေလးေရာ လာၾက"

တဖက္မွ သူ႕အား ႐ႊင္ျမဳးစြာေျပာေနခဲ့ေသာ္လည္း
က်န္းသည္တိုးလ်ေသာအသံျဖင့္ ....

"က်စ္ရႈ ထြက္သြားၿပီ ကြာ ...
သူဘယ္သြားမွန္းလဲ ငါမသိဘူး"

"မင္းတို႔ စကားမ်ားၾကေသးလား?"

က်င္းဝမ္သည္ ခဏမွ်တိတ္သြားၿပီး
ေမးလာသည္။

"သူတစ္ေယာက္တည္း ထြက္သြားတာလား
သူနဲ႕အတူ အျခားတစ္ေယာက္ေကာ
ပါေသးလား? "

က်န္းဝမ္႐ႊီႏွင့္ က်န္းဝမ္သည္
တစ္ေယာက္အေၾကာင္း တစ္ေယာက္
သိေနၾကေသာ ကြယ္ဝွက္စရာမလိုသည့္
သူမ်ားမို႔ က်န္းဝမ္႐ႊီက ေျပာလိုက္သည္။

"ဟိုးရက္ေတြတုန္းကေတာ့ ေဒါက္တာ
တစ္ေယာက္နဲ႕ ေတြ႕ေနတာဘဲ
အဲေဒါက္တာကလဲသူ႕ကို စိတ္ဝင္စားေနပုံရတယ္"

"ေဒါက္တာ ဟုတ္လား?"

က်န္းဝမ္အံ့ၾသေနသည္ကအိမ္ထဲမွာဘဲ ေနေသာ က်စ္ရႈက ဘယ္လိုနည္းျဖင့္ ေဒါက္တာ တစ္ဦးႏွင့္ကြၽမ္းဝင္နိုင္ပါမည္နည္း။

က်န္းဝမ္႐ႊီသည္ စိတ္ပ်က္ေနေသာအသံျဖင့္

"ဒါေပမယ့္ သူက မင္းတို႔လို
ရိုးရိုးဆရာဝန္မဟုတ္ဘူးထင္တယ္။
သူက Ferrari ကားစီးတယ္
ၿပီးေတာ့ က်စ္ရႈကို လက္ေဆာင္ေပးတဲ့
သစ္ခြပန္းေတာင္ ယြမ္ႏွစ္သန္းေက်ာ္
တန္ဖိုးရွိတယ္ သူ႕ပုံၾကည့္ရတာ
အသက္သိပ္မႀကီးေသးဘူး
30ေလာက္ေတာ့ ရွိမယ္ထင္တယ္"

က်န္းဝမ္႐ႊီ၏စကားမ်ားကို နားေထာင္ရင္း
က်န္းဝမ္သည္ ယခင္တခါကလို က်စ္ရႈအား
သဝန္တိုကာ အနိုင္က်င့္သည္ ေၾကာင့္
အိမ္မွထြက္သြားသည္ဟု က်န္းဝမ္႐ႊီအား
အျပစ္တင္ဖို႔ စဥ္းစားလိုက္ေသးသည္။
သို႔ေသာ္ ထို အေတြးထက္ သူ႕ေခါင္းထဲတြင္ ဒုတိယ
အေတြးတစ္ခုက ဝင္လာခဲ့ၿပီး သူသည္ထိုအေတြး
အားလုံးဝပင္ မဟုတ္ပါေစနဲ႕ဟုသာဆုေတာင္းေန
ခဲ့မိရင္း...

"တန္ဖိုးႀကီး ကားေတြဘဲစီးတယ္။
ပန္းေတြကို သေဘာက်တယ္။
အသက္လည္း ငယ္တဲ့ ဆရာဝန္ဆိုေတာ့
ေနဦး ...အဲဒါ အိုက္က်ိယြီ မ်ားလား ?
ဒါေပမယ့္ သူကေသြးကင္ဆာ အထူးကုေလ"

က်န္းဝမ္႐ႊီသည္ က်န္းဝမ္၏စကားအား
႐ုတ္တရက္ၾကားလိုက္ရေသာ အခါ

"ဘယ္လို ေသြးကင္ဆာ အထူးကု ဟုတ္လား?"

29.1.2021
W 4700



























































Continue Reading

You'll Also Like

64.9K 4.8K 141
I do not own this story this is a fan translation credit to the original author lin yu က သူဟာ အစားထိုးခံတစ်ယောက်လို့ မထင်ထား ခဲ့ဖူး။ သူ့ကိုယ်တိုင်ဟင...
1.2M 63.3K 50
အမိန္႔စည္း+သခြပ္႐ိုး ( ႐ွင္မႈန္းနံ႔သာ) အမိန့်စည်း+သခွပ်ရိုး ( ရှင်မှုန်းနံ့သာ) ခြင့္ျပဳခ်က္မရပဲ ငါ့အနားကထြက္ခြာခြင့္မျပဳနိင္ဘူး အသက္နဲ႔ခႏၶာတည္ျမဲေနသ...
240K 36K 87
»This is not my own story »Just translate for fun »All credits go to the original author and translator »Cover photo from pinterest
447K 10.8K 87
"ပူတင်းလေးကဘာလဲ" "ကိုကို့အပိုင်" "ကိုကိုတို့ကရောဘာလဲ " "မောင်နှမ" "ဟာ..."