I accidentally became a Villa...

By MrDerick

657K 56K 7.8K

အလွန်အဆဲသန်ပြီး wattpad ဖတ်တိုင်း ဇာတ်ကောင်များကို အချိုးမပြေလျှင် မဟားတရား ဆဲတတ်သော ကောင်လေးတစ်ယောက် သူ ပိုး... More

Episode 1 (U+Z)
Episode 2 (U+Z)
Episode 3 (U+Z)
Episode 4 (U+Z)
Episode 5 (U+Z)
Episode 6 (U+Z)
Episode 7 (U+Z)
Episode 8 (U+Z)
Epidsoe 9 (U+Z)
Episode 10 (U+Z)
Episode 11 (U+Z)
Episode 12 (U+Z)
Episode 14 (U+Z)
Episode 15 (U+Z)
Episode 16 (U+Z) 🛑⛔🚫
Episode 17 (U+Z) (Slightly 📛📛)
Episode 18(U+Z)
Episode 19 (U+Z)
Episode 20 (U+Z)
Episode 21 (U+Z)
Episode 22 (U+Z)
Episode 23 (U+Z)
Episode 24 (U+Z)
Episode 25 (U+Z)
Episode 26 (U+Z)
Episode 27 (U+Z)
Episode 28 (U+Z)
Episode 29 (U+Z)
Episode 30 (U+Z)
Episode 31 (U+Z)
Episode 32 (U+Z)
Episode 33 (U+Z)
Episode 34 (U+Z)
Episode 35 (U+Z)
Episode 36 (U+Z)
Episode 37 (U+Z)
Episode 38 (U+Z)
Episode 39 (U+Z)
Episode 40 (U+Z)
Episode 41 (U+Z)
Episode 42 (U+Z)
Episode 43 (U+Z)
Episode 44 (U+Z)
Episode 45 (U+Z)
Episode 46 (U+Z)
Episode 47 (U+Z)
Episode 48 (U+Z) 🛑⛔📛
Episode 49 (U+Z)
Episode 50 (U+Z)
Episode 51 (U+Z)
Episode 52 (U+Z)
Episode 53 (U+Z)
Episode 54 (U+Z)
Episode 55 (U+Z)
Episode 56 (U+Z)
Episode 57 (U+Z)
Description for Extra Side Story
Episode 58 (U+Z) 🛑⛔📛
Episode 59 (U+Z) (Final Episode)
Extra Side Story Episode 1
Extra Side Story Episode 2
Extra Side Story Episode 3
Erxtra Side Story Episode 4 (Slightly 🚫⛔)
Extra Side Story Episode 5
Extra Side Story Episode 6
Extra Side Story Episode 7
Extra Side Story Episode 8
Extra Side Story Episode 9
Extra Side Story Episode 10
Extra Side Story Episode 11 🛑⛔📛🚫
Extra Side Story Episode 12
Extra Side Story Episode 13
Extra Side Story Episode 14
Extra Side Story Episode 15
Extra Side Story Episode 16
Extra Side Story Episode 17
Extra Side Story Episode 18
Extra Side Story Episode 19
Extra Side Story Final Episode 🛑⛔📛

Episode 13 (U+Z)

8.6K 874 34
By MrDerick

အပိုင်း ၁၃

ဒီနေ့တော့ ခန့်လင်းအောင် တစ်ယောက် သူ့ယောင်းမလေး ဧကရီထိပ်ထား တို့ လင်မယား ပြန်လာမည်မို့ စိတ်ထဲ အနည်းငယ် လှုပ်ရှားနေမိသည် ။
အစက သူကိုယ်တိုင် ယောင်းမလေးကို လေဆိပ် အထိ မျက်နှာလုပ်ကာ သွားကြိုမလား တွေးမိလိုက်သေးသော်လည်း ထိုအပြုအမူက နေတာရာ၏ စတိုင်လ် မဟုတ်လောက် ။

ထို့ကြောင့်ပင် အိမ်မှ ငြိမ်ငြိမ်လေး စောင့်ရင်း နေ့လည်စာအတွက်ကို သူ့လက်ရာ ဟင်း သုံးလေးခွက်လောက် လက်စွမ်းပြလိုက်တော့သည် ။

နေ့လည် ထမင်းစားချိန် မတိုင်မီ ဧကရီထိပ်ထားနှင့် ရှိန်းဝေယံတို့ကို ဒရိုင်ဘာကြီးက ကြိုလာပေးသည် ။
ဒေါ်လင်းသီရိ က ပုံမှန်ဆို အိမ်မှာ နေ့လည်ပြန်၍ ထမင်းစားလေ့ မရှိသော်လည်း ဒီနေ့တော့ သမီးနှင့် သားမက်တို့ ပြန်လာသည်မို့ ထမင်းစားချိန်အမီ အိမ်ပြန်လာလေသည် ။

" ဟာ... ကိုတာရာ... နောက်ဖေးခန်းတွေဘာတွေ ဝင်လို့ပါလား... "

ဧကရီထိပ်ထားက အိမ်ရောက်ရောက်ချင်း နောက်ဖေးတွင် အရွက်ကြော် တစ်မျိုး ကြော်ရင်း အလုပ်ရှုပ်နေသော သူ့အနားသို့ လာရင်း သူ့ကို လာနှုတ်ဆက်လေသည် ။

" ထိပ်ထား ပြန်လာပြီလား... အကို ဒီတစ်ခွက်ပြီးရင် ပြီးပြီ... ခဏစောင့်လိုက်ဦး... ဗိုက်ဆာနေပြီလား... "

ထိပ်ထားက သူ့ကို ပြုံးကာကြည့်ရင်း အထူးအဆန်းဖြစ်နေပုံပေါ်လေသည် ။

" ကိုတာရာ ချက်တဲ့ဟင်းကို စားရလိမ့်မယ်လို့ ထိပ်ထားတော့ ယုံတောင် မယုံမိဘူး... တကယ်ကြီး ကိုနေတာရာ အစစ် ဟုတ်ပါတယ်နော်... "

တစ်ဖက်က နောက်ပြောင်ပြီး ပြောလိုက်ခြင်း ဖြစ်သော်လည်း သူ့ရင်ထဲတွင်မူ လန့်သွားပြီး ဒိတ်ကနဲ ဖြစ်သွားရလေသည် ။
ငါက အဲ့သည့် ချီးထုပ်ကောင် နေတာရာ ဟုတ်မနေဘူးလေ... ။

" ကိုယ့်ယောင်းမလေးကို ခရီးက ပြန်လာလာချင်း လျှာလည်သွားအောင် လုပ်ပေးမလို့လေ... ဘာလို့လဲ... မကြိုက်ဘူးလား... "

" အိုး... ကြိုက်တာပေါ့... ကြိုက်တယ်... ထိပ်ထား ပစ္စည်းတွေ အခန်းထဲ သွားထားလိုက်ဦးမယ်... ကိုတာရာ့လက်ရာကို မျှော်နေမှာနော်.."

ဧကရီထိပ်ထား က သူ့ကို ရင်းနှီးစွာပင် စကားပြောသွားပြီး ထွက်သွားလေသည် ။

သူ ဟင်းကို စိတ်ပါလက်ပါ ချက်နေစဥ် အနောက်က နီးကပ်စွာသော ခြေသံ ကြားလိုက်ရသောကြောင့် ဧကရီထိပ်ထား ဟု ထင်သွားပြီး လှမ်းမေးလိုက်သည် ။

" ခုပဲ ထွက်သွားပြီး ခုပဲ ပြန်လာတာလား... ဗိုက်ဆာနေလို့လား... ဒါမှမဟုတ် အဆာပြေ... "

သူ ပြောလို့မှ မဆုံးသေး... အနောက်က သူ့ဖင်ကို လက်နှင့် ညှစ်လိုက်သည်ကို ခံစားလိုက်ရသည် ။
ဘယ်ခွေးသားက ငါ့ဖင်ကို လာညှစ်ရတာတုန်း ။
ချီးပဲ... ။
သူ ဆဲမလို့ လှည့်ကြည့်လိုက်တော့ သူ့ကို ပြီတီတီ ကြည့်နေသော ရှိန်းဝေယံကို တွေ့လိုက်ရသည် ။

" ကိုတာရာ... ကျွန်တော့်ကို မတွေ့တာကြာလို့ လွမ်းနေတာလား... ကျွန်တော့်အတွက်တောင် ဟင်းတွေဘာတွေ ချက်လို့... "

" အော်... အမ်.... အွန်း... "

သူ ဘာဖြေရမှန်း မသိသောကြောင့် ပါးစပ်က အာမေဋိတ်သံတွေသာ တန်းစီ ထွက်သွားမိသည် ။
ချီးမို့ မင်းကို လွမ်းရမှာလား ။
အားမှပဲ ... ၊ ဆုတောင်းနေလိုက်... ။

" ကျွန်တော်လည်း ကိုတာရာ့ရဲ့ တင်ပါးလုံးလုံးလေးတွေကို သတိရနေတာ.... "

" အဟင်း... ဝေယံ... မကောင်းဘူး ထင်တယ်... အဲ့လက်တွေကို လွှတ်လိုက်တော့... "

" မကိုင်ရတာ နှစ်ပတ်လောက်တောင် ရှိနေပြီလေ... မီးဖိုထဲ ဘယ်သူမှ မှ မရှိတာ... ခဏ ကိုင်တော့ ဘာဖြစ်လဲ... "

" ကိုယ်က ဟင်းချက်နေတာလေ... မင်းကို ထိခိုက်မိမှာ စိုးလို့ပါ... "

" အို... ထိခိုက်လည်း ဂရုမစိုက်ပေါင်ဗျာ... "

အိုး အို... ။ တကယ်လား ။
ဒါဖြင့် ဒီက ခန့်လင်းအောင် ရဲ့ အကြောင်းကို ပြရသေးတာပေါ့... ။

သူ ခုနက ပန်းကန်လုံးထဲ၌ စစ်ထုတ်ထားသော ဆီ အနည်းငယ်ကို ဇွန်းဖြင့် ယူလိုက်ပြီး ရှိန်းဝေယံ ခြေထောက်ပေါ် အနည်းငယ် လောင်းချပေးလိုက်သည် ။
ဆီက ပွက်ပွက်ဆူနေသော ဆီ မဟုတ်သောကြောင့် အရမ်းမပူတော့သော်လည်း အီဆိမ့်သွားမည်ကတော့ သေချာသည် ။

" အားလားလား... ပူလိုက်တာ... "

" အကို ပြောသားပဲ... မင်းကို မတော်တဆ ထိခိုက်မိလိမ့်မယ်လို့... "

ကဲ... မှတ်ပလား... မိန်းမ ရှိလျက်နဲ့ ယွချင်ဦးလေ... ။
သို့သော်လည်း သူ ပြန်တွေးကြည့်တော့ သူ ဝင်နေရသည့် ခန္ဓာကိုယ် ပိုင်ရှင် နေတာရာကကော ဘာများ ထူးနေလို့တုန်း ။
သူများလင်ကို အသုံးချပြီး ကလေးမရအောင်တောင် ကြံစည်လိုက်သေးတာ ။

ကြည့်ရတာ သူ အရင်ဘဝက အရမ်းဆဲလွန်းခဲ့သောကြောင့် ဤမျှ ဆိုးဝါးသည့် ခန္ဓာကိုယ်ထဲ ရောက်လာခဲ့ရသည် ထင်သည် ။
ငလူးပဲ... နောက် ဘယ်တော့မှ မဆဲတော့ဘူး... bull shitt... ။

" ဒါဆိုလည်း ကျွန်တော် သွားတော့မယ်... "

ရှိန်းဝေယံက သူ့အကြံအစည် မအောင်မြင်တော့မှန်း ရိပ်မိသောကြောင့် မကျေမနပ်နှင့် ထွက်သွားဖို့ လုပ်လေသည် ။

သို့သော် ထို တဏှာရူးကို သူ အနည်းငယ်တော့ အသုံးချရဦးမည် ။
ဒီ တဏှာရူး မရှိဘဲ သူ ဧကရီထိပ်ထားတို့ အခန်းကို မဝင်နိုင် ။
ထိုသို့ မဝင်နိုင်လျှင် သူ ဆေးဗူးကိုလည်း လဲနိုင်လိမ့်မည် မဟုတ်ပေ ။

ပြဿနာတွေက သပွတ်အူလိုပဲ ရှုပ်ထွေးလိုက်တာ... ချီးတဲ့မှပဲ ။

" ဝေယံ... "

သူ ရွံစရာကောင်းသော ချွဲတဲတဲ အသံဖြင့် ဟို တဏှာရူးကောင်ကို လှမ်းခေါ်လိုက်ရသည် ။
စိတ်ထဲတွင် အမှုန့်ကြိတ်ချင်နေသော်လည်း သူ့တွင် လောလောဆယ် ထိုအခွင့်အရေး မရှိပေ ။

ရှိန်းဝေယံက သူ့ကို ရမ္မက်ခိုးဝေသော မျက်လုံးများဖြင့် လှည့်ကြည့်လာသည် ။
အား... မြင်ရတာနဲ့တင် ကျက်သရေတုံးလိုက်တာ ။

" ဧကရီ အပြင်သွားတဲ့အချိန် မင်းအခန်းကို အကို့ကို ခေါ်လည်ပါဦး.... "

ထိုစကားကို ကြားလိုက်သည်နှင့် ရှိန်းဝေယံ ၏ မျက်နှာကြီးက စားနေကျ ကြောင်ပါးကြီးလို ရွံစရာကောင်းစွာ အဆီတပြန်ပြန်နှင့် ဝင်းလက်သွားသလိုပင် ။

" အာ... ကောင်းပြီ... ကျွန်တော် ဖုန်းဆက်လိုက်မယ်... ကျွန်တော် ဖုန်းဆက်လိုက်မယ်... "

စံအိမ်ကြီးတွင် ဦးသုခစံနှင့် ဒေါ်လင်းသီရိတို့ လင်မယား က ပထမ ထပ်တွင် နေကြသည် ။
ဧကရီထိပ်ထားတို့ လင်မယားက ဒုတိယ ထပ်တွင် နေကြပြီး သူနှင့် မိုးသောက်ကြယ် တို့က တတိယထပ်တွင် နေကြသည် ။

ထို့ကြောင့်ပင် ယခင်က နေတာရာက ရှိန်းဝေယံဆီ သွားသွားနေသည်ကို ဒေါ်လင်းသီရိ ကိုယ်တိုင်ပင် မရိပ်မိခဲ့ခြင်း ဖြစ်မည် ။

နေ့လည်စာ စားချိန်တွင်တော့ ဦးသုခစံကော ဧကရီထိပ်ထား ကပါ သူ့ကို အတင်း ဝင်စားခိုင်းသောကြောင့် သူ မလွှဲသာဘဲ ဝင်စားလိုက်ရသည် ။
ကံဆိုးချင်တော့ ဒေါ်လင်းသီရိ၏ အရှေ့တည့်တည့်တွင် ထိုင်ရခြင်း ဖြစ်ပြီး သူ့ခမျာ ဒေါ်လင်းသီရိ၏ မျက်နှာရိပ် မျက်နှာကဲကို ကြည့်နေရသောကြောင့် ထမင်းပင် ဖြောင့်ဖြောင့် မစားနိုင်ချေ ။

ဒေါ်လင်းသီရိက မနေ့ကပင် လောလောလတ်လတ် သူ့ကို ပက်ပင်း မိထားသူမို့ အမြင်ကြ​ည်မှာ မဟုတ်သည်ကတော့ အသေအချာပင် ဖြစ်သည် ။

" ကိုတာရာက ဒီလို ဟင်းချက် လက်ရာ ကောင်းလိမ့်မယ်လို့ ထင်တောင်မထင်ထားဘူး ... အရမ်း အရသာ ရှိတာပဲ... စားဖိုမှူးလုပ်ရင်တောင် ရလောက်တယ်... "

ဧကရီ ထိပ်ထားက သူ့ကို မြှောက်ပင့် ပြောနေသောကြောင့် သူ အနေရခက်စွာ ပြုံးပြလိုက်ရသည် ။
သူ အနည်းငယ်သာ စားလိုက်ပြီးနောက် စားပြီး ပန်းကန်ကို ဘေစင်ယူသွားဖို့ လုပ်လိုက်တော့ ဒေါ်လင်းသီရိက သူ့ကို တားလိုက်သည် ။

" အိမ်အကူ အဒေါ်ကြီးတွေ သိမ်းလိမ့်မယ်... ဟင်းချက်ထားတာဆိုတော့ ပင်ပန်းနေမှာပဲ... နားရင်သွားနားလိုက်တော့လေ... "

ဒေါ်လင်းသီရိဆီက အသိမှတ်ပြု စကား ကြားရသောကြောင့် သူ့စိတ်ထဲ အနည်းငယ်တော့ ဝမ်းသာသွားမိသည် ။

" ဟုတ်ကဲ့ပါ အမေ ... "

သူ မျက်နှာ ပူစွာပင် အမေဟု ခေါ်လိုက်ပြီး မျက်နှာချို သွေးပြလိုက်သည် ။
ဒေါ်လင်းသီရိက သူ့ကို တစ်ချက်ပင် လှည့်ကြည့်မလာဘဲ မျက်နှာကို တင်းထားဆဲ မို့ သူ ဇက်ကလေး ပုကာ ငြိမ်လိုက်ရသည် ။

" အဖေကြီး... ညနေ လမ်းလျှောက်ရင် မနေ့ ညနေကလိုပဲ ကျွန်တော် လာကူပေးမယ်နော်... "

ဒီတစ်ခါတော့ ဒေါ်လင်းသီရိကော ဧကရီ ထိပ်ထားကပါ သူ့ကို ဇဝေဇဝါနှင့် ကြည့်နေလေသည် ။

" ကိုတာရာ... တကယ်ကြီးပဲ လူတစ်ယောက် ချိန်းသွားတာလား... ဟုတ်လား... "

ဧကရီထိပ်ထား က သူ့ကို တအံ့တသြ ကြည့်၍ မေးလာလေသည် ။

" မဟုတ်ပါဘူး ... အခု ကျွန်တော်က ကုမ္ပဏီ ကိစ္စတွေမှာ ဝင်ပါတော့မှာ မဟုတ်တဲ့အတွက် အချိန်တွေ ပိုနေမှာမို့ မိသားစုအတွက် အချိန် ပိုပေးချင်လို့ပါ... "

သူ ထိုစကားတို့ကို ဖျစ်ညှစ်ကာ ပြောလိုက်ပြီးသည်နှင့် အခန်းထဲ ​ပြန်တက်သွားလိုက်တော့သည် ။

အခန်းထဲ ရောက်တော့ မိုးသောက်ကြယ်က သူ့ကို ဖုန်းဆက်လာသည် ။
ကြည့်ရသည်မှာ ဧကရီထိပ်ထားက သူ့ဟင်းပွဲတွေအကြောင်း သူ့အစ်ကို ဖြစ်သူကို ​ဖောက်သည်ချထားပြီး ဖြစ်ပေလိမ့်မည် ။

" ကိုယ့်မိန်းမလေး ချက်ကျွေးမယ့်ဟင်းကို ကိုယ်တော့ အရမ်းစားချင်နေပြီကွာ... "

" ပြန်လာရင် စားရပါစေ့မယ် ကိုကို... "

" ဒါနဲ့ ကိုကို့ အဖေကိုလည်း လမ်းလျှောက်တာ ကူပေးနေတယ်ဆို... ဟုတ်လား... "

" ဟုတ်တယ်... ကျွန်တော်ကိုယ်တိုင်လည်း လမ်းလျှောက်ပြီး ကျန်းမာရေးလေးဘာလေး လုပ်ချင်တာနဲ့ အတော်ပဲ ဖြစ်သွားလို့ပါ... "

" ဘယ်လိုပဲ ဖြစ်ဖြစ် တာတာ့ကို ကိုယ် အများကြီး ကျေးဇူးတင်ပါတယ်... "

အကြောင်းစုံ မသိခင် ကျေးဇူးတင်ထားနှင့်ဦးပေါ့လေ ။
သိသွားတဲ့အခါ ဘယ်လိုတွေ နုပ်နုပ်စဥ်းချင်နေမလဲ ။
ဘာပဲ ဖြစ်ဖြစ် နုပ်နုပ်စဥ်းမခံရရင်ပဲ သူ ကျေးဇူးတင်လှပြီ ဖြစ်သည် ။

" သဘက်ခါလောက်ဆို ကိုယ် ပြန်လာတော့မယ်... တာတာ့ကို ကိုယ်လွမ်းတယ်နော်... "

" ကျွန်တော်လည်း ကိုကို့ကို လွမ်းပါတယ်... "

ဒီတစ်ခါ ပြောပြီးချိန်တွင်တော့ သူ့ရင်ထဲတွင် မိုးသောက်ကြယ်နှင့် ပတ်သတ်ပြီး အနည်းငယ်လောက် လှုပ်လှုပ်ရှားရှားကလေး ဖြစ်သွားရသည်ကို သူ့ကိုယ်သူ ဝန်ခံရပေလိမ့်မည် ။

ညနေခင်းကျတော့ ဦးသုခစံနှင့် သူ လမ်းအတူ လျှောက်ပေးလိုက်သည် ။
ဘာပဲ ပြောပြော ဦးသုခစံက မနေ့ကထက် စာလျှင် သူ့အပေါ် အနည်းငယ် ရင်းနှီးလာသည်ဟု သူ ခံစားမိသည် ။

သူတို့ လမ်းလျှောက်နေသော အချိန်၌ပင် ညည့်ခေတ်ယံက သူတို့အနားသို့ ရောက်လာလေသည် ။

" အဖေကြီးနဲ့ သခင်လေး.... မင်္ဂလာပါ... "

" ညည့်ခေတ်ယံ... အဖေကြီးကို လာကူပေးတာလား... ရပြီ ... ငါပဲ ကူလျှောက်ပေးလိုက်တော့မယ်... "

" ဟုတ်ကဲ့ပါ သခင်လေး... "

ညည့်ခေတ်ယံကို သူ ပြန်ပြုံးပြလိုက်ချိန်တွင် ညည့်ခေတ်ယံ၏ မျက်နှာက အနည်းငယ် ခပ်တင်းတင်း ဖြစ်နေသည်ကို သူ သတိထားမိလိုက်သည် ။
ဝတ္ထုထဲတွင် အမြဲတမ်း သနားစရာပုံ ဖြစ်နေသော ညည့်ခေတ်ယံမှ ဟုတ်ပါရဲ့လားဟု သူ သံသယ ဖြစ်မိရသည် အထိပင် ။

နေစမ်းပါဦး ။ ညည့်ခေတ်ယံ၏ လည်ပင်းတွင် ဆွဲကြိုးတစ်ကြိုး ဆွဲထားတာပါလား ။
ထိုဆွဲကြိုးကို ညည့်ခေတ်ယံအား သူ ဝတ္ထုထဲ ရောက်လာပြီး တွေ့ရသည့် နှစ်ခါစလုံး၌ ဝတ်ထားသည်ကို မတွေ့ခဲ့ရပေ ။
ယနေ့မှပင် ထိုဆွဲကြိုးကို သူ တွေ့လိုက်ရခြင်း ဖြစ်သည် ။

ဟုတ်တာပေါ့... ။ ဒါက သံသယ ဖြစ်နေစရာပင် မလို။
နယ်တွင် ရှိစဥ်က မိုးသောက်ကြယ် နှင့် ညည့်ခေတ်ယံတို့ ဆင်တူ ဝယ်ခဲ့သော ဆွဲကြိုး ဖြစ်ပြီး မိုးသောက်ကြယ်၏ ဆွဲကြိုးကိုတော့ နေတာရာက ဝတ္ထုအစပိုင်းကတည်းကပင် လွှင့်ပစ်ခဲ့ပြီးပြီ ဖြစ်လေသည် ။

အပိုင္း ၁၃

ဒီေန႕ေတာ့ ခန့္လင္းေအာင္ တစ္ေယာက္ သူ႕ေယာင္းမေလး ဧကရီထိပ္ထား တို႔ လင္မယား ျပန္လာမည္မို႔ စိတ္ထဲ အနည္းငယ္ လႈပ္ရွားေနမိသည္ ။
အစက သူကိုယ္တိုင္ ေယာင္းမေလးကို ေလဆိပ္ အထိ မ်က္ႏွာလုပ္ကာ သြားႀကိဳမလား ေတြးမိလိုက္ေသးေသာ္လည္း ထိုအျပဳအမူက ေနတာရာ၏ စတိုင္လ္ မဟုတ္ေလာက္ ။

ထို႔ေၾကာင့္ပင္ အိမ္မွ ၿငိမ္ၿငိမ္ေလး ေစာင့္ရင္း ေန႕လည္စာအတြက္ကို သူ႕လက္ရာ ဟင္း သုံးေလးခြက္ေလာက္ လက္စြမ္းျပလိုက္ေတာ့သည္ ။

ေန႕လည္ ထမင္းစားခ်ိန္ မတိုင္မီ ဧကရီထိပ္ထားႏွင့္ ရွိန္းေဝယံတို႔ကို ဒရိုင္ဘာႀကီးက ႀကိဳလာေပးသည္ ။
ေဒၚလင္းသီရိ က ပုံမွန္ဆို အိမ္မွာ ေန႕လည္ျပန္၍ ထမင္းစားေလ့ မရွိေသာ္လည္း ဒီေန႕ေတာ့ သမီးႏွင့္ သားမက္တို႔ ျပန္လာသည္မို႔ ထမင္းစားခ်ိန္အမီ အိမ္ျပန္လာေလသည္ ။

" ဟာ... ကိုတာရာ... ေနာက္ေဖးခန္းေတြဘာေတြ ဝင္လို႔ပါလား... "

ဧကရီထိပ္ထားက အိမ္ေရာက္ေရာက္ခ်င္း ေနာက္ေဖးတြင္ အ႐ြက္ေၾကာ္ တစ္မ်ိဳး ေၾကာ္ရင္း အလုပ္ရႈပ္ေနေသာ သူ႕အနားသို႔ လာရင္း သူ႕ကို လာႏႈတ္ဆက္ေလသည္ ။

" ထိပ္ထား ျပန္လာၿပီလား... အကို ဒီတစ္ခြက္ၿပီးရင္ ၿပီးၿပီ... ခဏေစာင့္လိုက္ဦး... ဗိုက္ဆာေနၿပီလား... "

ထိပ္ထားက သူ႕ကို ၿပဳံးကာၾကည့္ရင္း အထူးအဆန္းျဖစ္ေနပုံေပၚေလသည္ ။

" ကိုတာရာ ခ်က္တဲ့ဟင္းကို စားရလိမ့္မယ္လို႔ ထိပ္ထားေတာ့ ယုံေတာင္ မယုံမိဘူး... တကယ္ႀကီး ကိုေနတာရာ အစစ္ ဟုတ္ပါတယ္ေနာ္... "

တစ္ဖက္က ေနာက္ေျပာင္ၿပီး ေျပာလိုက္ျခင္း ျဖစ္ေသာ္လည္း သူ႕ရင္ထဲတြင္မူ လန့္သြားၿပီး ဒိတ္ကနဲ ျဖစ္သြားရေလသည္ ။
ငါက အဲ့သည့္ ခ်ီးထုပ္ေကာင္ ေနတာရာ ဟုတ္မေနဘူးေလ... ။

" ကိုယ့္ေယာင္းမေလးကို ခရီးက ျပန္လာလာခ်င္း လွ်ာလည္သြားေအာင္ လုပ္ေပးမလို႔ေလ... ဘာလို႔လဲ... မႀကိဳက္ဘူးလား... "

" အိုး... ႀကိဳက္တာေပါ့... ႀကိဳက္တယ္... ထိပ္ထား ပစၥည္းေတြ အခန္းထဲ သြားထားလိုက္ဦးမယ္... ကိုတာရာ့လက္ရာကို ေမွ်ာ္ေနမွာေနာ္.."

ဧကရီထိပ္ထား က သူ႕ကို ရင္းႏွီးစြာပင္ စကားေျပာသြားၿပီး ထြက္သြားေလသည္ ။

သူ ဟင္းကို စိတ္ပါလက္ပါ ခ်က္ေနစဥ္ အေနာက္က နီးကပ္စြာေသာ ေျခသံ ၾကားလိုက္ရေသာေၾကာင့္ ဧကရီထိပ္ထား ဟု ထင္သြားၿပီး လွမ္းေမးလိုက္သည္ ။

" ခုပဲ ထြက္သြားၿပီး ခုပဲ ျပန္လာတာလား... ဗိုက္ဆာေနလို႔လား... ဒါမွမဟုတ္ အဆာေျပ... "

သူ ေျပာလို႔မွ မဆုံးေသး... အေနာက္က သူ႕ဖင္ကို လက္ႏွင့္ ညွစ္လိုက္သည္ကို ခံစားလိုက္ရသည္ ။
ဘယ္ေခြးသားက ငါ့ဖင္ကို လာညွစ္ရတာတုန္း ။
ခ်ီးပဲ... ။
သူ ဆဲမလို႔ လွည့္ၾကည့္လိုက္ေတာ့ သူ႕ကို ၿပီတီတီ ၾကည့္ေနေသာ ရွိန္းေဝယံကို ေတြ႕လိုက္ရသည္ ။

" ကိုတာရာ... ကြၽန္ေတာ့္ကို မေတြ႕တာၾကာလို႔ လြမ္းေနတာလား... ကြၽန္ေတာ့္အတြက္ေတာင္ ဟင္းေတြဘာေတြ ခ်က္လို႔... "

" ေအာ္... အမ္.... အြန္း... "

သူ ဘာေျဖရမွန္း မသိေသာေၾကာင့္ ပါးစပ္က အာေမဋိတ္သံေတြသာ တန္းစီ ထြက္သြားမိသည္ ။
ခ်ီးမို႔ မင္းကို လြမ္းရမွာလား ။
အားမွပဲ ... ၊ ဆုေတာင္းေနလိုက္... ။

" ကြၽန္ေတာ္လည္း ကိုတာရာ့ရဲ႕ တင္ပါးလုံးလုံးေလးေတြကို သတိရေနတာ.... "

" အဟင္း... ေဝယံ... မေကာင္းဘူး ထင္တယ္... အဲ့လက္ေတြကို လႊတ္လိုက္ေတာ့... "

" မကိုင္ရတာ ႏွစ္ပတ္ေလာက္ေတာင္ ရွိေနၿပီေလ... မီးဖိုထဲ ဘယ္သူမွ မွ မရွိတာ... ခဏ ကိုင္ေတာ့ ဘာျဖစ္လဲ... "

" ကိုယ္က ဟင္းခ်က္ေနတာေလ... မင္းကို ထိခိုက္မိမွာ စိုးလို႔ပါ... "

" အို... ထိခိုက္လည္း ဂ႐ုမစိုက္ေပါင္ဗ်ာ... "

အိုး အို... ။ တကယ္လား ။
ဒါျဖင့္ ဒီက ခန့္လင္းေအာင္ ရဲ႕ အေၾကာင္းကို ျပရေသးတာေပါ့... ။

သူ ခုနက ပန္းကန္လုံးထဲ၌ စစ္ထုတ္ထားေသာ ဆီ အနည္းငယ္ကို ဇြန္းျဖင့္ ယူလိုက္ၿပီး ရွိန္းေဝယံ ေျခေထာက္ေပၚ အနည္းငယ္ ေလာင္းခ်ေပးလိုက္သည္ ။
ဆီက ပြက္ပြက္ဆူေနေသာ ဆီ မဟုတ္ေသာေၾကာင့္ အရမ္းမပူေတာ့ေသာ္လည္း အီဆိမ့္သြားမည္ကေတာ့ ေသခ်ာသည္ ။

" အားလားလား... ပူလိုက္တာ... "

" အကို ေျပာသားပဲ... မင္းကို မေတာ္တဆ ထိခိုက္မိလိမ့္မယ္လို႔... "

ကဲ... မွတ္ပလား... မိန္းမ ရွိလ်က္နဲ႕ ယြခ်င္ဦးေလ... ။
သို႔ေသာ္လည္း သူ ျပန္ေတြးၾကည့္ေတာ့ သူ ဝင္ေနရသည့္ ခႏၶာကိုယ္ ပိုင္ရွင္ ေနတာရာကေကာ ဘာမ်ား ထူးေနလို႔တုန္း ။
သူမ်ားလင္ကို အသုံးခ်ၿပီး ကေလးမရေအာင္ေတာင္ ႀကံစည္လိုက္ေသးတာ ။

ၾကည့္ရတာ သူ အရင္ဘဝက အရမ္းဆဲလြန္းခဲ့ေသာေၾကာင့္ ဤမွ် ဆိုးဝါးသည့္ ခႏၶာကိုယ္ထဲ ေရာက္လာခဲ့ရသည္ ထင္သည္ ။
ငလူးပဲ... ေနာက္ ဘယ္ေတာ့မွ မဆဲေတာ့ဘူး... bull shitt... ။

" ဒါဆိုလည္း ကြၽန္ေတာ္ သြားေတာ့မယ္... "

ရွိန္းေဝယံက သူ႕အႀကံအစည္ မေအာင္ျမင္ေတာ့မွန္း ရိပ္မိေသာေၾကာင့္ မေက်မနပ္ႏွင့္ ထြက္သြားဖို႔ လုပ္ေလသည္ ။

သို႔ေသာ္ ထို တဏွာ႐ူးကို သူ အနည္းငယ္ေတာ့ အသုံးခ်ရဦးမည္ ။
ဒီ တဏွာ႐ူး မရွိဘဲ သူ ဧကရီထိပ္ထားတို႔ အခန္းကို မဝင္နိုင္ ။
ထိုသို႔ မဝင္နိုင္လွ်င္ သူ ေဆးဗူးကိုလည္း လဲနိုင္လိမ့္မည္ မဟုတ္ေပ ။

ျပႆနာေတြက သပြတ္အူလိုပဲ ရႈပ္ေထြးလိုက္တာ... ခ်ီးတဲ့မွပဲ ။

" ေဝယံ... "

သူ ႐ြံစရာေကာင္းေသာ ခြၽဲတဲတဲ အသံျဖင့္ ဟို တဏွာ႐ူးေကာင္ကို လွမ္းေခၚလိုက္ရသည္ ။
စိတ္ထဲတြင္ အမႈန့္ႀကိတ္ခ်င္ေနေသာ္လည္း သူ႕တြင္ ေလာေလာဆယ္ ထိုအခြင့္အေရး မရွိေပ ။

ရွိန္းေဝယံက သူ႕ကို ရမၼက္ခိုးေဝေသာ မ်က္လုံးမ်ားျဖင့္ လွည့္ၾကည့္လာသည္ ။
အား... ျမင္ရတာနဲ႕တင္ က်က္သေရတုံးလိုက္တာ ။

" ဧကရီ အျပင္သြားတဲ့အခ်ိန္ မင္းအခန္းကို အကို႔ကို ေခၚလည္ပါဦး.... "

ထိုစကားကို ၾကားလိုက္သည္ႏွင့္ ရွိန္းေဝယံ ၏ မ်က္ႏွာႀကီးက စားေနက် ေၾကာင္ပါးႀကီးလို ႐ြံစရာေကာင္းစြာ အဆီတျပန္ျပန္ႏွင့္ ဝင္းလက္သြားသလိုပင္ ။

" အာ... ေကာင္းၿပီ... ကြၽန္ေတာ္ ဖုန္းဆက္လိုက္မယ္... ကြၽန္ေတာ္ ဖုန္းဆက္လိုက္မယ္... "

စံအိမ္ႀကီးတြင္ ဦးသုခစံႏွင့္ ေဒၚလင္းသီရိတို႔ လင္မယား က ပထမ ထပ္တြင္ ေနၾကသည္ ။
ဧကရီထိပ္ထားတို႔ လင္မယားက ဒုတိယ ထပ္တြင္ ေနၾကၿပီး သူႏွင့္ မိုးေသာက္ၾကယ္ တို႔က တတိယထပ္တြင္ ေနၾကသည္ ။

ထို႔ေၾကာင့္ပင္ ယခင္က ေနတာရာက ရွိန္းေဝယံဆီ သြားသြားေနသည္ကို ေဒၚလင္းသီရိ ကိုယ္တိုင္ပင္ မရိပ္မိခဲ့ျခင္း ျဖစ္မည္ ။

ေန႕လည္စာ စားခ်ိန္တြင္ေတာ့ ဦးသုခစံေကာ ဧကရီထိပ္ထား ကပါ သူ႕ကို အတင္း ဝင္စားခိုင္းေသာေၾကာင့္ သူ မလႊဲသာဘဲ ဝင္စားလိုက္ရသည္ ။
ကံဆိုးခ်င္ေတာ့ ေဒၚလင္းသီရိ၏ အေရွ႕တည့္တည့္တြင္ ထိုင္ရျခင္း ျဖစ္ၿပီး သူ႕ခမ်ာ ေဒၚလင္းသီရိ၏ မ်က္ႏွာရိပ္ မ်က္ႏွာကဲကို ၾကည့္ေနရေသာေၾကာင့္ ထမင္းပင္ ေျဖာင့္ေျဖာင့္ မစားနိုင္ေခ် ။

ေဒၚလင္းသီရိက မေန႕ကပင္ ေလာေလာလတ္လတ္ သူ႕ကို ပက္ပင္း မိထားသူမို႔ အျမင္ၾကည္မွာ မဟုတ္သည္ကေတာ့ အေသအခ်ာပင္ ျဖစ္သည္ ။

" ကိုတာရာက ဒီလို ဟင္းခ်က္ လက္ရာ ေကာင္းလိမ့္မယ္လို႔ ထင္ေတာင္မထင္ထားဘူး ... အရမ္း အရသာ ရွိတာပဲ... စားဖိုမႉးလုပ္ရင္ေတာင္ ရေလာက္တယ္... "

ဧကရီ ထိပ္ထားက သူ႕ကို ျမႇောက္ပင့္ ေျပာေနေသာေၾကာင့္ သူ အေနရခက္စြာ ၿပဳံးျပလိုက္ရသည္ ။
သူ အနည္းငယ္သာ စားလိုက္ၿပီးေနာက္ စားၿပီး ပန္းကန္ကို ေဘစင္ယူသြားဖို႔ လုပ္လိုက္ေတာ့ ေဒၚလင္းသီရိက သူ႕ကို တားလိုက္သည္ ။

" အိမ္အကူ အေဒၚႀကီးေတြ သိမ္းလိမ့္မယ္... ဟင္းခ်က္ထားတာဆိုေတာ့ ပင္ပန္းေနမွာပဲ... နားရင္သြားနားလိုက္ေတာ့ေလ... "

ေဒၚလင္းသီရိဆီက အသိမွတ္ျပဳ စကား ၾကားရေသာေၾကာင့္ သူ႕စိတ္ထဲ အနည္းငယ္ေတာ့ ဝမ္းသာသြားမိသည္ ။

" ဟုတ္ကဲ့ပါ အေမ ... "

သူ မ်က္ႏွာ ပူစြာပင္ အေမဟု ေခၚလိုက္ၿပီး မ်က္ႏွာခ်ိဳ ေသြးျပလိုက္သည္ ။
ေဒၚလင္းသီရိက သူ႕ကို တစ္ခ်က္ပင္ လွည့္ၾကည့္မလာဘဲ မ်က္ႏွာကို တင္းထားဆဲ မို႔ သူ ဇက္ကေလး ပုကာ ၿငိမ္လိုက္ရသည္ ။

" အေဖႀကီး... ညေန လမ္းေလွ်ာက္ရင္ မေန႕ ညေနကလိုပဲ ကြၽန္ေတာ္ လာကူေပးမယ္ေနာ္... "

ဒီတစ္ခါေတာ့ ေဒၚလင္းသီရိေကာ ဧကရီ ထိပ္ထားကပါ သူ႕ကို ဇေဝဇဝါႏွင့္ ၾကည့္ေနေလသည္ ။

" ကိုတာရာ... တကယ္ႀကီးပဲ လူတစ္ေယာက္ ခ်ိန္းသြားတာလား... ဟုတ္လား... "

ဧကရီထိပ္ထား က သူ႕ကို တအံ့တၾသ ၾကည့္၍ ေမးလာေလသည္ ။

" မဟုတ္ပါဘူး ... အခု ကြၽန္ေတာ္က ကုမၸဏီ ကိစၥေတြမွာ ဝင္ပါေတာ့မွာ မဟုတ္တဲ့အတြက္ အခ်ိန္ေတြ ပိုေနမွာမို႔ မိသားစုအတြက္ အခ်ိန္ ပိုေပးခ်င္လို႔ပါ... "

သူ ထိုစကားတို႔ကို ဖ်စ္ညွစ္ကာ ေျပာလိုက္ၿပီးသည္ႏွင့္ အခန္းထဲ ျပန္တက္သြားလိုက္ေတာ့သည္ ။

အခန္းထဲ ေရာက္ေတာ့ မိုးေသာက္ၾကယ္က သူ႕ကို ဖုန္းဆက္လာသည္ ။
ၾကည့္ရသည္မွာ ဧကရီထိပ္ထားက သူ႕ဟင္းပြဲေတြအေၾကာင္း သူ႕အစ္ကို ျဖစ္သူကို ေဖာက္သည္ခ်ထားၿပီး ျဖစ္ေပလိမ့္မည္ ။

" ကိုယ့္မိန္းမေလး ခ်က္ေကြၽးမယ့္ဟင္းကို ကိုယ္ေတာ့ အရမ္းစားခ်င္ေနၿပီကြာ... "

" ျပန္လာရင္ စားရပါေစ့မယ္ ကိုကို... "

" ဒါနဲ႕ ကိုကို႔ အေဖကိုလည္း လမ္းေလွ်ာက္တာ ကူေပးေနတယ္ဆို... ဟုတ္လား... "

" ဟုတ္တယ္... ကြၽန္ေတာ္ကိုယ္တိုင္လည္း လမ္းေလွ်ာက္ၿပီး က်န္းမာေရးေလးဘာေလး လုပ္ခ်င္တာနဲ႕ အေတာ္ပဲ ျဖစ္သြားလို႔ပါ... "

" ဘယ္လိုပဲ ျဖစ္ျဖစ္ တာတာ့ကို ကိုယ္ အမ်ားႀကီး ေက်းဇူးတင္ပါတယ္... "

အေၾကာင္းစုံ မသိခင္ ေက်းဇူးတင္ထားႏွင့္ဦးေပါ့ေလ ။
သိသြားတဲ့အခါ ဘယ္လိုေတြ ႏုပ္ႏုပ္စဥ္းခ်င္ေနမလဲ ။
ဘာပဲ ျဖစ္ျဖစ္ ႏုပ္ႏုပ္စဥ္းမခံရရင္ပဲ သူ ေက်းဇူးတင္လွၿပီ ျဖစ္သည္ ။

" သဘက္ခါေလာက္ဆို ကိုယ္ ျပန္လာေတာ့မယ္... တာတာ့ကို ကိုယ္လြမ္းတယ္ေနာ္... "

" ကြၽန္ေတာ္လည္း ကိုကို႔ကို လြမ္းပါတယ္... "

ဒီတစ္ခါ ေျပာၿပီးခ်ိန္တြင္ေတာ့ သူ႕ရင္ထဲတြင္ မိုးေသာက္ၾကယ္ႏွင့္ ပတ္သတ္ၿပီး အနည္းငယ္ေလာက္ လႈပ္လႈပ္ရွားရွားကေလး ျဖစ္သြားရသည္ကို သူ႕ကိုယ္သူ ဝန္ခံရေပလိမ့္မည္ ။

ညေနခင္းက်ေတာ့ ဦးသုခစံႏွင့္ သူ လမ္းအတူ ေလွ်ာက္ေပးလိုက္သည္ ။
ဘာပဲ ေျပာေျပာ ဦးသုခစံက မေန႕ကထက္ စာလွ်င္ သူ႕အေပၚ အနည္းငယ္ ရင္းႏွီးလာသည္ဟု သူ ခံစားမိသည္ ။

သူတို႔ လမ္းေလွ်ာက္ေနေသာ အခ်ိန္၌ပင္ ညည့္ေခတ္ယံက သူတို႔အနားသို႔ ေရာက္လာေလသည္ ။

" အေဖႀကီးနဲ႕ သခင္ေလး.... မဂၤလာပါ... "

" ညည့္ေခတ္ယံ... အေဖႀကီးကို လာကူေပးတာလား... ရၿပီ ... ငါပဲ ကူေလွ်ာက္ေပးလိုက္ေတာ့မယ္... "

" ဟုတ္ကဲ့ပါ သခင္ေလး... "

ညည့္ေခတ္ယံကို သူ ျပန္ၿပဳံးျပလိုက္ခ်ိန္တြင္ ညည့္ေခတ္ယံ၏ မ်က္ႏွာက အနည္းငယ္ ခပ္တင္းတင္း ျဖစ္ေနသည္ကို သူ သတိထားမိလိုက္သည္ ။
ဝတၳဳထဲတြင္ အၿမဲတမ္း သနားစရာပုံ ျဖစ္ေနေသာ ညည့္ေခတ္ယံမွ ဟုတ္ပါရဲ႕လားဟု သူ သံသယ ျဖစ္မိရသည္ အထိပင္ ။

ေနစမ္းပါဦး ။ ညည့္ေခတ္ယံ၏ လည္ပင္းတြင္ ဆြဲႀကိဳးတစ္ႀကိဳး ဆြဲထားတာပါလား ။
ထိုဆြဲႀကိဳးကို ညည့္ေခတ္ယံအား သူ ဝတၳဳထဲ ေရာက္လာၿပီး ေတြ႕ရသည့္ ႏွစ္ခါစလုံး၌ ဝတ္ထားသည္ကို မေတြ႕ခဲ့ရေပ ။
ယေန႕မွပင္ ထိုဆြဲႀကိဳးကို သူ ေတြ႕လိုက္ရျခင္း ျဖစ္သည္ ။

ဟုတ္တာေပါ့... ။ ဒါက သံသယ ျဖစ္ေနစရာပင္ မလို။
နယ္တြင္ ရွိစဥ္က မိုးေသာက္ၾကယ္ ႏွင့္ ညည့္ေခတ္ယံတို႔ ဆင္တူ ဝယ္ခဲ့ေသာ ဆြဲႀကိဳး ျဖစ္ၿပီး မိုးေသာက္ၾကယ္၏ ဆြဲႀကိဳးကိုေတာ့ ေနတာရာက ဝတၳဳအစပိုင္းကတည္းကပင္ လႊင့္ပစ္ခဲ့ၿပီးၿပီ ျဖစ္ေလသည္ ။

Continue Reading

You'll Also Like

14 2 2
Je m'appelle Loris Birz, j'ai 19 ans et je vis aux Etats-Unis. Mon père est mort d'une crise cardiaque il y a moins d'une semaine. C'est pour cela qu...
101K 8.5K 40
အချစ်အတွက်သာဆိုရင် လယ်ပဲစိုက်ရစိုက်ရ ကျားပဲဖမ်းရ ဖမ်းရ သွေး မမှုပါဘူး ။ အဓိက မယွန်းသဒ္ဓါသိမ့် နဲ့ပေါင်းရဖို့ပဲ ။ #ခွန်းစစ်လွန်းသွေး
128K 9.5K 42
(Uni) သောင်အိုခေတ်ကတည်းက ကွယ်ပျောက်သွားပြီဖြစ်သောမိမိရဲ့သခင်ကို ပြန်လည်မွေးဖွားလာမလားဟု မျှော်လင့်ချက်နှင့်စောင့်မျှော်ခဲ့ရသော werewolfတစ်ကောင်ရဲ့ စိ...