ဒီတစ်ခါလည်းဇာတ်လမ်းသွေဖည်သွား...

By Dilly_Dally20

484K 69.4K 2.6K

Just a fan translation. Eng name- Did the affectionate love interest collapse today. cover pic from pintere... More

Synopsis
Arc(1): အပိုင်း(၁)
အပိုင်း(၂)
အပိုင်း(၃.၁)
အပိုင်း(၃.၂)
အပိုင်း(၄.၁)
အပိုင်း(၄.၂)
အပိုင်း(၅.၁)
အပိုင်း(၅.၂)
အပိုင်း(၆.၁)
အပိုင်း(၆.၂)
အပိုင်း(၇.၁)
အပိုင်း(၇.၂)
အပိုင်း(၈.၁)
အပိုင်း(၈.၂)
အပိုင်း(၉.၁)
အပိုင်း(၉.၂)
အပိုင်း(၁၀.၁)
အပိုင်း(၁၀.၂)
အပိုင်း(၁၁.၂)
အပိုင်း(၁၂.၁)
အပိုင်း(၁၂.၂)
အပိုင်း(၁၃.၁)
အပိုင်း(၁၃.၂)
အပိုင်း(၁၄.၁)
အပိုင်း(၁၄.၂)
အပိုင်း(၁၅.၁)
အပိုင်း(၁၅.၂)
အပိုင်း(၁၆.၁)
အပိုင်း(၁၆.၂)
အပိုင်း(၁၇.၁)
အပိုင်း(၁၇.၂)
အပိုင်း (၁၈)
အပိုင်း(၁၉)
အပိုင်း(၂၀)
Arc(2) အပိုင်း(၂၁.၁)
အပိုင်း(၂၁.၂)
အပိုင်း(၂၁.၃)
အပိုင်း(၂၂.၁)
အပိုင်း(၂၂.၂)
အပိုင်း(၂၃.၁)
အပိုင်း(၂၃.၂)
အပိုင်း(၂၄.၁)
အပိုင်း(၂၄.၂)
အပိုင်း(၂၄.၃)
အပိုင်း(၂၅.၁)
အပိုင်း(၂၅.၂)
အပိုင်း(၂၅.၃)
အပိုင်း(၂၆.၁)
အပိုင်း(၂၆.၂)
အပိုင်း(၂၆.၃)
အပိုင်း(၂၇.၁)
အပိုင်း(၂၇.၂)
အပိုင်း(၂၇.၃)
အပိုင်း(၂၈.၁)
အပိုင်း(၂၈.၂)
အပိုင်း(၂၉.၁)
အပိုင်း(၂၉.၂)
အပိုင်း(၃၀.၁)
အပိုင်း(၃၀.၂)
အပိုင်း(၃၁.၁)
အပိုင်း(၃၁.၂)
အပိုင်း(၃၂.၁)
အပိုင်း(၃၂.၂)
အပိုင်း(၃၃.၁)
အပိုင်း(၃၃.၂)
အပိုင်း(၃၃.၃)
အပိုင်း(၃၄.၁)
အပိုင်း(၃၄.၂)
အပိုင်း(၃၄.၃)
အပိုင်း(၃၅.၁)
အပိုင်း(၃၅.၂)
အပိုင်း(၃၅.၃)
အပိုင်း(၃၆.၁)
အပိုင်း(၃၆.၂)
အပိုင်း(၃၆.၃)
အပိုင်း(၃၇.၁)
အပိုင်း (၃၇.၂)
အပိုင်း(၃၇.၃)
အပိုင်း(၃၈.၁)
အပိုင်း(၃၈.၂)
အပိုင်း(၃၈.၃)
အပိုင်း(၃၉.၁)
အပိုင်း(၃၉.၂)
အပိုင်း(၃၉.၃)
အပိုင်း(၄၀.၁)
အပိုင်း(၄၀.၂)
အပိုင်း(၄၀.၃)
အပိုင်း(၄၁.၁)
အပိုင်း(၄၁.၂)
အပိုင်း(၄၁.၃)
အပိုင်း(၄၂.၁)
အပိုင်း(၄၂.၂)
အပိုင်း(၄၂.၃)
အပိုင်း(၄၃.၁)
အပိုင်း(၄၃.၂)
အပိုင်း(၄၃.၃)
အပိုင်း(၄၄.၁)
အပိုင်း(၄၄.၂)
အပိုင်း(၄၄.၃-Final Episode)

အပိုင်း(၁၁.၁)

6.2K 961 11
By Dilly_Dally20

Unicode.

ဖိုင်အိတ်ထဲတွင်မူ ရှယ်ရာလွှဲပြောင်းပေးကြောင်း စာရွက် စာတမ်းများပင် ။ လုကျန်းက ဖခင်လု မဆုံးခင်ကပေးခဲ့သောရှယ်ရာ ၅၀ ရာခိုင်နှုန်းကို ပိုင်ဆိုင်ထားသော်လည်း သူ့ဖခင်၏စိတ်ထဲတွင် လုဆွေ့ရှိနေသေးကြောင်း သိထားပါ၏ ။ သူက ယာယီ ထိန်းသိမ်းပေးထားခြင်းသာ ဖြစ်ပြီး လုဆွေ့ပြန်ရောက်သည့်အချိန်တွင် ရှယ်ရာ၂၅ရာခိုင်နှုန်းကို လွှဲပေးရမည် ဖြစ်ကာ ရှယ်ရာများအား လုဆွေ့ကို လွှဲပြောင်းပေးခဲ့၏ ။ သို့သော် ၄င်းက သူ၏ရှုံးနိမ့်ခြင်းအတွက် အထောက်အကူတစ်ခုဖြစ်နေလိမ့်မည်ဟု မထင်ထားမိခဲ့ပါချေ ။

လင်းကျစ်ရန်၏ ရှုထောင့်မှကြည့်လျှင် လုဆွေ့ဆီသို့ အတော်များများကို လွှဲပေးလိုက်ရလို့လည်း ဘယ်လိုမှမနေသလို သူ့အနေဖြင့် ကုမ္ပဏီတစ်ခုလုံးကို လုဆွေ့ဆီသို့ လွှဲပေးပြီး ပျော်ရွှင်စွာ ထွက်သွားချင်ပြီပင် ။ သို့သော် လုကျန်း၏ ရှုထောင့်မှကြည့်လျှင် ဒါက ကြီးမားသော ဆုံးဖြတ်ချက်တစ်ခု ဖြစ်ပြီးသူက လုဆွေ့ကိုညီလေးတစ်ယောက်အဖြစ် အမှန်ပင်သတ်မှတ်ထားလေ၏ ။

လင်းကျစ်ရန်မှာ လုကျန်း ၏အတွေးကိုမသိနိုင်ပါသော်လည်း သူမှန်းဆမိပါ၏ ။ လုကျန်းက လု​ဆွေ့အ​​မေ သေဆုံးရသည်မှာ သူ့အမှားကြောင့်ဟု ယုံကြည်နေသည် ။ နောက်ဆုံးတော့ ရာဇဝတ်ကောင်များ၏ ရည်ရွယ်ချက်ကသူ့အားပြန်ပေးဆွဲဖို့ပင် ဖြစ်ပြီး ရှူးလန်န မှာ သူ့ကိုကျောင်းလာကြိုသည်နှင့် တိုက်ဆိုင်သွား၍သာ သူမအား ဤအမှုထဲသို့ ဆွဲခေါ်မိခြင်း ။ ထို့အပြင် သူ့မိဘများ၏ လုဆွေ့အပေါ် လျစ်လျူရှုမှုနှင့်မမျှတမှုများကြောင့် သူဟာ လုဆွေ့ ကိုအကြွေးတင်ခဲ့လေရာ လုဆွေ့အား ပြန်လည်ဖြည့်ဆည်း ပေးချင်သည်ပင် ။ လုကျန်း က လု​ဆွေ့အပေါ် တကယ်ကောင်းသည်ဟု လင်းကျစ်ရန်ယုံကြည်သည် ။ သူက အစ်ကိုကောင်းတစ်ယောက် မဟုတ်ရင် ဘာလို့ဒါတွေအားလုံးကိုလုပ်ခဲ့ပါ့ မလဲ?

သို့သော် လုဆွေ့က သူ၏စိတ်ရင်း အားနားမလည်နိုင်ခဲ့သည်မှာ စိတ်မကောင်းစရာပင် ။ လုဆွေ့၏ စိတ်ထဲတွင် ကောင်းသောအမှတ်တရများက တစ်ခုမျှမကျန်ရစ်တော့ လေဘဲ နှလုံးသားထဲတွင် နာကြည်းမှုများသာ ထင်ကျန်နေပေသည် ။ လင်းကျစ်ရန် က လု​ဆွေ့၏မှင်တက်နေသော အမူအရာကို ကြည့်ပြီး ဖြည်းဖြည်းချင်းပင် ပြောလိုက်ပါ၏ ။

" မင်းပြန်ရောက်ကတည်းက... ငါအဲ့ဒါတွေကိုမင်းဆီ လွှဲပေးချင်ခဲ့တာ...ဒါပေမယ့်ဘယ်လို လုပ်ရင်​ကောင်းမလဲ မသိတာကြောင့် မင်းမွေးနေ့ရောက်တဲ့အထိ စောင့်နေလိုက်တာ "

လုဆွေ့၏ မျက်ခွံများက တုန်ရီနေလျက် စာရွက်၏ အစွန်းပိုင်းကို တင်းကျပ်စွာ ဆုပ်ကိုင်ထားပြီး ။

" ဘာလို့လဲ "

လင်းကျစ်ရန်က ပြုံးလိုက်ပြီး ။

" ဘာလို့ဆိုတော့ မင်းက ငါ့ညီလေးမို့လို့..ဒါတွေက မင်းနဲ့လည်း သက်ဆိုင်တယ် "

လုဆွေ့က မှုန်ကုပ်ကုပ်ဖြင့် တစ်ခုခုကိုတွေးတောနေကာ မေးရိုးများကို တင်းနေအောင် အံကြိတ်လိုက်ပြီး တစ်လုံးချင်းပြောလာ လေ၏ ။

" ဒါတွေက အဖေ ခင်ဗျားကို ပေးခဲ့တာလေ "

လင်းကျစ်ရန်က သက်ပြင်းချလိုက်သည် ။

" အဖေအသက်ရှိစဥ်က မင်းပြန်လာမယ့်အချိန်ကို ငါ့ကိုအမြဲမေးတယ်...သူကမင်းကို ချစ်ပါတယ်..ဘယ်လိုဖော်ပြရမှန်း မသိလို့သာ...ဒါကလည်း သူဆန္ဒရှိတဲ့အရာလို့ ငါယုံတယ်..ဒီနေ့ ကိစ္စသာသူမြင်နိုင်ရင် ငါတို့အတွက် ဝမ်းသာနေမှာ သေချာတယ် "

' ဒီလိုလား..သူက ကျွန်တော့်ကို ကရုစိုက်တယ်ပေါ့..ကျွန်တော့်ကို လိမ်မနေနဲ့..သူ ကရုစိုက်တယ်ဆိုရင် ဘာလို့ အဝေးကို ပို့ပစ်သေးလဲ....ပြီးတော့ ခင်ဗျား..ဒီအရာတွေကိုပြောဖို့အတွက်နဲ့ ကောင်းချင်ယောင်ဆောင်ပြမနေနဲ့..အဲ့တုန်းက ကျွန်တော် ခင်ဗျားကို အပြစ်မတင်ခဲ့ဘူး..အမှန်တရားကို လက်မခံနိုင်ရုံပါ..ကျွန်တော်ကြောက်တယ်..ကူကယ်ရာမဲ့တယ်...ခင်ဗျားကို ကျွန်တော့်အမေဘယ်မှာလဲ..ဘာလို့ပြန်မလာတာလဲလို့ မေးခဲ့တယ်..ကျွန်တော်လိုချင်တာက..ခင်ဗျား ကျွန်တော့်ကို နှစ်သိမ့်ပေးပြီး...မင်းမှာ ငါရှိပါသေးတယ်..ငါပြန်လာခဲ့ပြီ..ငါမင်းနဲ့အတူရှိပေးမှာပါ...မကြောက်နဲ့တော့..လို့ပြောပေးဖို့ပဲ....။

ဒါပေမယ့် ခင်ဗျားဘာလို့ ကျွန်တော့်ကို ငြင်းဆန်ခဲ့တာလဲ..ဘာလို့ ကျွန်တော့်ရဲ့ လက်တွေကို တွန်းဖယ်ပြီး မျက်နှာချင်းတောင် မဆိုင်ရဲခဲ့တာလဲ..အဖေက ကျွန်တော့်ကို အဝေးပို့လိုက်တဲ့အချိန် ဘာလို့ဒီတိုင်းကြည့်နေခဲ့တာလဲ...။

ဘာလို့ ကျွန်တော့်ကို လာမရှာတာလဲ...?

ခင်ဗျား စိတ်ထဲမှာ ကျွန်တော်က ဘယ်တုန်းကမှ မရှိခဲ့ပါဘူး...။ '

လုဆွေ့၏ နှုတ်ခမ်းထက်တွင် မပြတ်မသား လှောင်ပြုံးတစ်ခု ဖြစ်တည်လာလျက် မျက်ဝန်းများ၌ ရန်လိုသော အရိပ်အရောင်များက ပြန်လည်၍ ထင်ဟပ်လာလေ၏ ။ သူက လက်ထဲရှိစာရွက်များအား ဤလူ၏ မျက်နှာသို့ ပစ်ပေါက်ကာ...

' ဒီအရာများကို သူကရုမစိုက်ပါကြောင်း..ဒါက သူလိုချင်တဲ့အရာမဟုတ်ကြောင်း ' ပြောလိုက်ချင်ပါ၏...

သို့သော ထိုသို့မလုပ်နိုင်သည့်အပြင် ကြံ့ကြံ့ခံထားရုံသာတတ်နိုင်သည် ။ ဒီနှစ်တွေအတွင်း သူ၏ စိတ်လိုက်မာန်ပါ စရိုက်အား ချိုးနှိမ်ထားနိုင်ခဲ့သည် ။

'ကျွန်တော့်ရဲ့ အကိုကြီးရယ်...ခင်ဗျား ဘယ်လိုနောင်တရပြီးနာကျင်နေလိမ့် မလဲဆိုတာ ကြည့်ချင်မိတယ်...အမြဲတမ်း သနားစရာကောင်းနေတဲ့ အရှုံးသမားက...ခင်ဗျာ့ဆီက ညှာတာမှုနည်းနည်းလောက်ရဖို့ မျှော်လင့်နေမယ်လို့ ထင်ထားမှာပေါ့...ဒါပေမယ့် ကျွန်တော်က အောင်မြင်ဖို့ အရည်အချင်းရှိပြီးသား...'

လုဆွေ့က စာရွက်စာတမ်းများအား ဘေးသို့ချလိုက်လိုက်ပြီး လက်ဆန့်ကာ လင်းကျစ်ရန်အားပွေ့ဖက်လိုက်လေ၏ ။ သူ၏ မျက်ဝန်းများက အေးစက်နေပါလျက် တိုးပျစွာဖြင့် ပြောလာသည် ။

" ကျေးဇူးတင်ပါတယ်...ကော "

နောက်ဆုံးတော့ သူလက်ခံလိုက်သည်ကိုကြည့်ရင်း လင်းကျစ်ရန်မှာ စိတ်သက်သာရာရပြီး ပျော်ရွှင်စွာဖြင့် သက်ပြင်းချလိုက်တော့၏ ။

" မလိုပါဘူးကွာ "

' အရူးကောင်လေး...ဒီ​ဖေဖေ မင်းကို တကယ်သဘောကျနေပြီ..မင်းက ဇာတ်ကြောင်းနောက်ကို အသည်းအသန် လိုက်နေတော့တာပဲ.... '

သူ၏ တစ်ခုတည်းသော နောင်တမှာ ခံစားချက်ဇာတ်ကြောင်းက သွေဖယ်သွား​စေခြင်းပင် ။ သူ့အနေဖြင့် ပြန်ပြီးကယ်တင် နိုင်မလားဆိုတာ မသေချာ ။

' ငါ ဝမ်းယွီကိုရှာပြီး အခြေအနေတိုးတက်အောင် လုပ်ရမလား? မင်းကို ဝမ်းယွီက မကြိုက်ပေမယ့် မင်းကတော့ ဝမ်းယွီကို ကြိုက်တယ်မို့လား? '

ဤအကြောင်းအား တွေးရင်းဖြင့် လင်းကျစ်ရန်၏ မျက်ဝန်းများက လှုပ်ရှားသွားပြီး အနည်းငယ်ရှက်ရွံကာ တွန့်ဆုတ်နေသည့် ပုံဖမ်း လိုက်သည် ။ လုဆွေ့က သတိထားမိသော်လည်း တုန့်ပြန်ခြင်းမရှိ ။ လင်းကျစ်ရန် ပြောလာမည့် အကြောင်းအရာကိုသာ စိတ်ဝင်စားလို့နေ၏ ။

လင်းကျစ်ရန်က ခဏမျှ ချီတုံချတုံ ဖြစ်နေပြီးမှ လုဆွေ့၏ အကြည့်များကို ရှောင်ဖယ်ကာ မသက်မသာဖြင့် ပြောလာသည်။

" ဟုတ်သား..ငါ ဝမ်းယွီကို proposeလုပ်ဖို့ စီစဥ်ထားပြီးသားဆိုတော့..မင်း...မင်းငါတို့အတွက် ဂုဏ်ပြုပေးမယ် မို့လား "

လုဆွေ့၏ နှုတ်ခမ်းထောင့်များက ကော့တက်သွားလျက် လင်းကျစ်ရန်အား ကြည့်လာပါ၏ ။

' ခင်ဗျားမေ့သွားလောက်ပြီထင်တာ...မှတ်မိသားပဲ...ခင်ဗျားက သူ့ကို ကျွန်တော့်ဆီ မပေးချင်တာများ သွယ်ဝိုက်ပြီး ပြောနေသေးတယ်...ကျွန်တော့်အပေါ်ကောင်းချင်ယောင်ဆောင်ပြနေရင်း သူနဲ့ဝေးဝေးနေဖို့ သတိပေးနေပြန်တယ်...တကယ့်ကို သူတော်ကောင်းယောင် ဆောင်တတ်လိုက်တဲ့ ခင်ဗျားပဲ... '

လုဆွေ့က ခပ်ဖွဖွလေးပြုံးလာသော်လည်း မျက်လုံးများကတော့ မှုန်ကုပ်နေလျက်သား ။

" ဒါပေါ့ "

ခင်ဗျား ဆန္ဒရှိသလို...

ကျွန်တော် ' ဂုဏ်ပြု ' ပေးမှာပါ ။
..................

လင်းကျစ်ရန်က လုဆွေ့အား မွေ့နေ့လက်ဆောင်ပေးပြီးသော် အငြိမ်စား ယူလိုက်မည့်အချိန်ကိုသာ စောင့်နေလိုက်သည် ။ ဒါဆိုလျှင် နေ့တိုင်း အဲ့ဒီ overtime meetingတွေ ထိုင်စရာမလိုတော့ ပါချေ ။ သူ့အနေဖြင့် ဂိမ်းဆော့တာကတောင် ဘာလို့ အလုပ်ကြိုးစားပေးဖို့ လိုအပ်နေတာလဲ...ဒီတိုင်း စိတ်ရှိသလို အိပ်ရေးဝ,ဝ အိပ်ပစ်ချင်ပါ၏ ။

ဝမ်းယွီကတော့ ထိုနေ့က ထွက်သွားပြီးနောက် လင်းကျစ်ရန်အား ရှောင်နေသည် ။ သူ့အိမ်သို့လည်း အတော်ကြာအောင်အထိ ရောက်မလာသဖြင့် လုဆွေ့နှင့် မတော်တဆ တွေ့မိစရာ အကြောင်းမရှိချေ ။ ဝမ်းယွီ၏ ရှောင်ဖယ်မှုနှင့်ပတ်သတ်၍ သူဘာမှမပြောနိုင် ။ သူတို့နှစ်ယောက်တွေ့ကြဖို့ အခွင့်အရေးပင် မဖန်တီးနိုင် ပါပေ ။

ဒီအတောအတွင်း တွင်မူ လင်းကျစ်ရန်နှင့်ဝမ်းယွီတို့နှစ်ဦးသားမှာ အပြင်တွင်သာ ဆုံဖြစ်တာများသည် ။ သို့သော် လင်းကျန်ရန်က သူအားမတွေ့ချင် ။ နဂိုကတည်းက ဇာတ်ကြောင်းမှာ သွေဖယ်နေလေရာ ဘာလို့ ဇာတ်လိုက်ရဲ့ လူနဲ့ နေ့တိုင်း တွေ့ပေးရမှာလဲ...တကယ်လို့ အိုင်ဒေါကို ငမ်းချင်လျှင်တောင် အိမ်က ကွန်ပြူတာကတဆင့် အဝငမ်းလို့ရသည် ။ သူကအရမ်း စွဲလမ်းတတ်သည့် fan တစ်ယောက်လည်းမဟုတ် ။ ထို့အပြင် ပိုအရေးကြီးတာက ဒီအတိုင်းသာ ဆက်လုပ်နေရင် ဇာတ်ကြောင်းက ဘာဖြစ်သွားမှာလဲ? Taskတွေ completeဖြစ်အောင်ရော လုပ်နိုင်ပါ့မလား?

ထို့ကြောင့်ပင် လင်းကျစ်ရန်မှာ အချိန်ပိုလုပ်ခြင်း၊ အစည်းအဝေးနှင့် စီးပွားရေး ခရီးတိုများကို စတင်ငြင်းဆန်ရန် စဥ်းစားလာခဲ့၏ ။ သို့သော် အချိန်ဆွဲတာက ရေရှည်အတွက်မူ မကောင်းတတ် ။ တစ်ပတ်ကျော်လောက်ကြာပြီးသော် လင်းကျစ်ရန်မှာ သူ၏ လက်ထောက်ကို ချန်ထားခဲ့ပြီး ကုမ္ပဏီ အောက်ထပ်သို့ဆင်းလာပါသော် သူ့အားစောင့်နေသည့် ဝမ်းယွီနှင့် ကွက်တိကို သွားတိုးလေ၏ ။ မတတ်နိုင်ပေ...ဝမ်းယွီနှင့် ညစာ dateရတော့မည်ပင် ။ သိပ်မကြာခင်မှာပင် နှစ်ဦးသားမှာ ဟိုတယ်တစ်ခုသို့ ရောက်လာကာ ထိုင်နေနှင့်ပြီး ကြပြီ ။

ဝမ်းယွီက နေကာမျက်မှန်ကို ချွတ်လိုက်ပြီး လင်းကျစ်ရန်အား အဓိပ္ပါယ်ပါပါဖြင့် ကြည့်လာပြီးနောက် ပြောလာ၏ ။

" ဒီရက်ပိုင်း အရမ်းအလုပ်များနေပုံပဲ "

လင်းကျစ်ရန်က လုပ်ချောင်းဆိုးကာ ။

" အင်း..ဟုတ်တယ်..ဒီရက်ပိုင်း ကိုင်တွယ်စရာတွေ အရမ်းများနေလို့ "

ဝမ်းယွီက နှုတ်ခမ်းကိုသာ တင်းတင်းစေ့ပိတ်ထားပြီး စကားမဆိုတော့ ။ လင်းကျစ်ရန်က ဘာမှမပြောသော်လည်း သူ သူ့ကိုရှောင်နေကြောင်း ခံစားမိပါ၏...သူ့ကို ယုံကြည်ပေးနိုင်ရင်တောင် လုဆွေ့က တစ်ခုခုများ ကလန်ကဆန် လုပ်ခဲ့လို့လား၊ ဒါမှမဟုတ် ဘယ်လို ရင်ဆိုင်သင့်ကြောင်း မတွေးမိသေးလို့ဖြစ်နိုင်သည် ။ ထိုသို့မှမဟုတ်လျှင် သူ့ကို ဘာလို့ ရှောင်နေတာလဲ?

အမှန်တိုင်းပြောရလျှင် သူသည်လည်း အလုပ်များသူပင် ။ သို့သော် လင်းကျစ်ရန်အတွက်နှင့် သူ၏ အလုပ်တော်တော်,များများကို လွှတ်ချခဲ့သည် ။ ဘာလို့ဆို ဒီအတိုင်းသာ ဆက်သွားနေရင် သူတို့ရဲ့ relationshipကအဆုံးသတ်သွားနိုင်ပေသည် ။ ဘာလို့ဒီလို တွေးမိမှန်း မသိပါသော်လည်း သူ၏ ဆုံးဖြတ်ချက်က အမြဲလိုလို သင့်တော်တတ်သည် ။ သူ့အား အမြဲတမ်း ကရုစိုက်ပေးသူ၊ နားလည်ပေးသူ ၊ စောင့်ဆိုင်းပေးသူက လုကျန်းပင် ဖြစ်ကာ...ယခုတွင် သူလည်း ထိုအမျိုးသား၏ နေရာမှဝင်ရောက်၍၊ ခံစားရခြင်းဆိုသည့် ဝေဒနာကို နားလည်လာလေပြီ ။

ဒီီတိုင်း ဖြစ်ချင်တာဖြစ်ခွင့်ပေးမထားနိုင်ပေ ။ အဘယ်ကြောင့်ဆို သူ့အနေဖြင့် ဒီလူကိုလွှတ်မပေးချင်ပါသောကြောင့်ပင် ။ ဝမ်းယွီမှာ သူ၏ခံစားချက်များအား ပထမဆုံး အကြိမ် ရှင်းလင်းစွာနားလည် လာခဲ့ချေ၏ ။ လင်းကျစ်ရန်က နှုတ်ဆိတ်နေလိုက်ပြီး အဆင်မပြေသလိုလည်း ခံစားနေရကာ သိချင်စိတ်ဖြင့် မေးလိုက်ပါ၏ ။

" ဒါနဲ့ မင်းလည်း အလုပ်များ မနေဘူးလား "

ဝမ်းယွီက ဇာတ်ကားအသစ်ရိုက်စရာ မရှိဘူးလာ?
ဘာလို့ အလေလိုက် နေသလို ခံစားနေရပါလိမ့်...

ခင်ဗျားက ကျွန်တော့်ကို အလုပ်များစေချင်တာလား...

ဝမ်းယွီက စားပွဲကို လက်ချောင်းများဖြင့် အသာခေါက်နေလျက် လင်းကျစ်ရန်အား အသာ ပြုံးပြလေ၏ ။

" ကျွန်တော်အလုပ်မများပါဘူး..ခဏလောက် ကိုယ့်ကိုယ်ကို အနားပေးဦးမလို့ "

လင်းကျစ်ရန်: ". ..."

ဝမ်းယွီက လင်းကျစ်ရန်၏ အနားသို့ တိုးကပ်လာပြီး နှုတ်ခမ်းများက ကော့တက်သွားတာနှင့် စနောက်သည့် အပြုံးတစ်ပွင့်က ပေါ်ထွက်လာလျက်သား ။

" ဘာလဲ..ကျွန်တော် အခု ခင်ဗျားနဲ့ ပိုပြီး အချိန်ဖြုန်းရတော့မှာမို့ မပျော်တာလား? "

" မဟုတ်ပါဘူးကွာ..သေချာပေါက်မဟုတ်ဘူးပေါ့ "

လင်းကျစ်ရန်မှာ လျှာကိုက်မိတော့ မလိုပင်ဖြစ်သွားရကာ ခြောက်ကပ်ကပ်ပင်ရယ်လိုက်ပါ၏ ။

" ကိုယ် ရှေ့လျှောက် အလုပ်များတော့မှာမို့..မင်းကို ပစ်ထားမိသလိုဖြစ်မှာ စိုးလို့ပါ "

တကယ်လား...မေးခွန်းပေါင်းများစွာက ရင်ထဲမှဆန်တက်လာသော်လည်း ဝမ်းယွီက ပြန်၍ ​မျိုသိပ်ထားလိုက်သည် ။ သူလိုချင်သည့် အဖြေ မရမှာကို စိုးထိတ်မိပါ၍ ။

ဝမ်းယွီက ခဏမျှ တိတ်ဆိတ်နေပြီးနောက် ဖြည်းဖြည်းချင်း ပြုံးပြကာ။

" အခုတလော ရသီဥတုကလည်း သာယာတယ်ဆိုတော့...ကျွန်တော်တို့ အားလပ်ရက်မှာ ကမ်းခြေ သွားကြမလား...ခင်ဗျားလည်း အမြဲ... "

" လုကျန်း..မင်းလည်း ဒီရောက်နေတာလား? "

ကျောက်မင်ဇယ်၏ ရယ်သွမ်း နေသည့်အသံက ရုတ်တရတ်ထွက်လာသည် ။ ကြည့်ရတာ သူက ဒီနှစ်ယောက်နှင့် မတော်တဆ ဆုံမိသည့် အတိုင်းပင် ။

" ငါလည်း ဘာမှ မစားရသေးဘူးဆိုတော့..မင်းတို့နဲ့ အတူ တစ်ခါတည်း စားလိုက်တော့မယ်လေ..စိတ်မရှိဘူးမလား "

လင်းကျစ်ရန်မှာ ဝမ်းယွီ၏ အကြံပြုစကားကို ကြားသော် စိုးရိမ်သွားရသည် ။ သူက ငြင်းဆန်မည့် နည်းလမ်းတစ်ခုကို မစဥ်းစားနိုင်သေးခင်မှာ ကျောက်မင်ဇယ်က ပေါ်လာလေရာ သူ့အနေဖြင့် စိတ်သက်သာရာရပြီး သက်ပြင်းချကာ ပြုံးလိုက်ပါ၏ ။

" ဒါပေါ့...စိတ်ရှိစရာလားကွာ "

ထိုသို့ပြောပြီးနောက် သူက ဝိတ်တာလေးအား ဟင်းပွဲနှစ်ခု ထပ်ချခိုင်းလိုက်သည်။ ပတ်ဝန်းကျင်လေထုက အနည်းငယ်တော့ ကသိကအောက် ဖြစ်လျက်သား ။

အရမ်းနီးလွန်းတယ်!

.

(T/N: Tmr rest^^ )

💜💜💜💜💜💜💜

Zawgyi.

ဖိုင္အိတ္ထဲတြင္မူ ႐ွယ္ရာလႊဲေျပာင္းေပးေၾကာင္း စာ႐ြက္ စာတမ္းမ်ားပင္ ။ လုက်န္းက ဖခင္လု မဆုံးခင္ကေပးခဲ့ေသာ႐ွယ္ရာ ၅၀ ရာခိုင္ႏႈန္းကို ပိုင္ဆိုင္ထားေသာ္လည္း သူ႕ဖခင္၏စိတ္ထဲတြင္ လုေဆြ႕႐ွိေနေသးေၾကာင္း သိထားပါ၏ ။ သူက ယာယီ ထိန္းသိမ္းေပးထားျခင္းသာ ျဖစ္ၿပီး လုေဆြ႕ျပန္ေရာက္သည့္အခ်ိန္တြင္ ႐ွယ္ရာ၂၅ရာခိုင္ႏႈန္းကို လႊဲေပးရမည္ ျဖစ္ကာ ႐ွယ္ရာမ်ားအား လုေဆြ႕ကို လႊဲေျပာင္းေပးခဲ့၏ ။ သို႔ေသာ္ ၎က သူ၏႐ႈံးနိမ့္ျခင္းအတြက္ အေထာက္အကူတစ္ခုျဖစ္ေနလိမ့္မည္ဟု မထင္ထားမိခဲ့ပါေခ် ။

လင္းက်စ္ရန္၏ ႐ႈေထာင့္မွၾကည့္လွ်င္ လုေဆြ႕ဆီသို႔ အေတာ္မ်ားမ်ားကို လႊဲေပးလိုက္ရလို႔လည္း ဘယ္လိုမွမေနသလို သူ႕အေနျဖင့္ ကုမၸဏီတစ္ခုလုံးကို လုေဆြ႕ဆီသို႔ လႊဲေပးၿပီး ေပ်ာ္႐ႊင္စြာ ထြက္သြားခ်င္ၿပီပင္ ။ သို႔ေသာ္ လုက်န္း၏ ႐ႈေထာင့္မွၾကည့္လွ်င္ ဒါက ႀကီးမားေသာ ဆုံးျဖတ္ခ်က္တစ္ခု ျဖစ္ၿပီးသူက လုေဆြ႕ကိုညီေလးတစ္ေယာက္အျဖစ္ အမွန္ပင္သတ္မွတ္ထားေလ၏ ။

လင္းက်စ္ရန္မွာ လုက်န္း ၏အေတြးကိုမသိႏိုင္ပါေသာ္လည္း သူမွန္းဆမိပါ၏ ။ လုက်န္းက လု​ေဆြ႕အ​​ေမ ေသဆုံးရသည္မွာ သူ႕အမွားေၾကာင့္ဟု ယုံၾကည္ေနသည္ ။ ေနာက္ဆုံးေတာ့ ရာဇဝတ္ေကာင္မ်ား၏ ရည္႐ြယ္ခ်က္ကသူ႕အားျပန္ေပးဆြဲဖို႔ပင္ ျဖစ္ၿပီး ႐ွဴးလန္န မွာ သူ႕ကိုေက်ာင္းလာႀကိဳသည္ႏွင့္ တိုက္ဆိုင္သြား၍သာ သူမအား ဤအမႈထဲသို႔ ဆြဲေခၚမိျခင္း ။ ထို႔အျပင္ သူ႕မိဘမ်ား၏ လုေဆြ႕အေပၚ လ်စ္လ်ဴ႐ႈမႈႏွင့္မမွ်တမႈမ်ားေၾကာင့္ သူဟာ လုေဆြ႕ ကိုအေႂကြးတင္ခဲ့ေလရာ လုေဆြ႕အား ျပန္လည္ျဖည့္ဆည္း ေပးခ်င္သည္ပင္ ။ လုက်န္း က လု​ေဆြ႕အေပၚ တကယ္ေကာင္းသည္ဟု လင္းက်စ္ရန္ယုံၾကည္သည္ ။ သူက အစ္ကိုေကာင္းတစ္ေယာက္ မဟုတ္ရင္ ဘာလို႔ဒါေတြအားလုံးကိုလုပ္ခဲ့ပါ့ မလဲ?

သို႔ေသာ္ လုေဆြ႕က သူ၏စိတ္ရင္း အားနားမလည္ႏိုင္ခဲ့သည္မွာ စိတ္မေကာင္းစရာပင္ ။ လုေဆြ႕၏ စိတ္ထဲတြင္ ေကာင္းေသာအမွတ္တရမ်ားက တစ္ခုမွ်မက်န္ရစ္ေတာ့ ေလဘဲ ႏွလုံးသားထဲတြင္ နာၾကည္းမႈမ်ားသာ ထင္က်န္ေနေပသည္ ။ လင္းက်စ္ရန္ က လု​ေဆြ႕၏မွင္တက္ေနေသာ အမူအရာကို ၾကည့္ၿပီး ျဖည္းျဖည္းခ်င္းပင္ ေျပာလိုက္ပါ၏ ။

" မင္းျပန္ေရာက္ကတည္းက... ငါအဲ့ဒါေတြကိုမင္းဆီ လႊဲေပးခ်င္ခဲ့တာ...ဒါေပမယ့္ဘယ္လို လုပ္ရင္​ေကာင္းမလဲ မသိတာေၾကာင့္ မင္းေမြးေန႔ေရာက္တဲ့အထိ ေစာင့္ေနလိုက္တာ "

လုေဆြ႕၏ မ်က္ခြံမ်ားက တုန္ရီေနလ်က္ စာ႐ြက္၏ အစြန္းပိုင္းကို တင္းက်ပ္စြာ ဆုပ္ကိုင္ထားၿပီး ။

" ဘာလို႔လဲ "

လင္းက်စ္ရန္က ျပဳံးလိုက္ၿပီး ။

" ဘာလို႔ဆိုေတာ့ မင္းက ငါ့ညီေလးမို႔လို႔..ဒါေတြက မင္းနဲ႔လည္း သက္ဆိုင္တယ္ "

လုေဆြ႕က မႈန္ကုပ္ကုပ္ျဖင့္ တစ္ခုခုကိုေတြးေတာေနကာ ေမး႐ိုးမ်ားကို တင္းေနေအာင္ အံႀကိတ္လိုက္ၿပီး တစ္လုံးခ်င္းေျပာလာ ေလ၏ ။

" ဒါေတြက အေဖ ခင္ဗ်ားကို ေပးခဲ့တာေလ "

လင္းက်စ္ရန္က သက္ျပင္းခ်လိုက္သည္ ။

" အေဖအသက္႐ွိစဥ္က မင္းျပန္လာမယ့္အခ်ိန္ကို ငါ့ကိုအၿမဲေမးတယ္...သူကမင္းကို ခ်စ္ပါတယ္..ဘယ္လိုေဖာ္ျပရမွန္း မသိလို႔သာ...ဒါကလည္း သူဆႏၵ႐ွိတဲ့အရာလို႔ ငါယုံတယ္..ဒီေန႔ ကိစၥသာသူျမင္ႏိုင္ရင္ ငါတို႔အတြက္ ဝမ္းသာေနမွာ ေသခ်ာတယ္ "

' ဒီလိုလား..သူက ကြၽန္ေတာ္႕ကို က႐ုစိုက္တယ္ေပါ့..ကြၽန္ေတာ္႕ကို လိမ္မေနနဲ႔..သူ က႐ုစိုက္တယ္ဆိုရင္ ဘာလို႔ အေဝးကို ပို႔ပစ္ေသးလဲ....ၿပီးေတာ့ ခင္ဗ်ား..ဒီအရာေတြကိုေျပာဖို႔အတြက္နဲ႔ ေကာင္းခ်င္ေယာင္ေဆာင္ျပမေနနဲ႔..အဲ့တုန္းက ကြၽန္ေတာ္ ခင္ဗ်ားကို အျပစ္မတင္ခဲ့ဘူး..အမွန္တရားကို လက္မခံႏိုင္႐ုံပါ..ကြၽန္ေတာ္ေၾကာက္တယ္..ကူကယ္ရာမဲ့တယ္...ခင္ဗ်ားကို ကြၽန္ေတာ္႕အေမဘယ္မွာလဲ..ဘာလို႔ျပန္မလာတာလဲလို႔ ေမးခဲ့တယ္..ကြၽန္ေတာ္လိုခ်င္တာက..ခင္ဗ်ား ကြၽန္ေတာ္႕ကို ႏွစ္သိမ့္ေပးၿပီး...မင္းမွာ ငါ႐ွိပါေသးတယ္..ငါျပန္လာခဲ့ၿပီ..ငါမင္းနဲ႔အတူ႐ွိေပးမွာပါ...မေၾကာက္နဲ႔ေတာ့..လို႔ေျပာေပးဖို႔ပဲ....။

ဒါေပမယ့္ ခင္ဗ်ားဘာလို႔ ကြၽန္ေတာ္႕ကို ျငင္းဆန္ခဲ့တာလဲ..ဘာလို႔ ကြၽန္ေတာ္႕ရဲ႕ လက္ေတြကို တြန္းဖယ္ၿပီး မ်က္ႏွာခ်င္းေတာင္ မဆိုင္ရဲခဲ့တာလဲ..အေဖက ကြၽန္ေတာ္႕ကို အေဝးပို႔လိုက္တဲ့အခ်ိန္ ဘာလို႔ဒီတိုင္းၾကည့္ေနခဲ့တာလဲ...။

ဘာလို႔ ကြၽန္ေတာ္႕ကို လာမ႐ွာတာလဲ...?

ခင္ဗ်ား စိတ္ထဲမွာ ကြၽန္ေတာ္က ဘယ္တုန္းကမွ မ႐ွိခဲ့ပါဘူး...။ '

လုေဆြ႕၏ ႏႈတ္ခမ္းထက္တြင္ မျပတ္မသား ေလွာင္ျပဳံးတစ္ခု ျဖစ္တည္လာလ်က္ မ်က္ဝန္းမ်ား၌ ရန္လိုေသာ အရိပ္အေရာင္မ်ားက ျပန္လည္၍ ထင္ဟပ္လာေလ၏ ။ သူက လက္ထဲ႐ွိစာ႐ြက္မ်ားအား ဤလူ၏ မ်က္ႏွာသို႔ ပစ္ေပါက္ကာ...

' ဒီအရာမ်ားကို သူက႐ုမစိုက္ပါေၾကာင္း..ဒါက သူလိုခ်င္တဲ့အရာမဟုတ္ေၾကာင္း ' ေျပာလိုက္ခ်င္ပါ၏...

သို႔ေသာ ထိုသို႔မလုပ္ႏိုင္သည့္အျပင္ ၾကံ့ၾကံ့ခံထား႐ုံသာတတ္ႏိုင္သည္ ။ ဒီႏွစ္ေတြအတြင္း သူ၏ စိတ္လိုက္မာန္ပါ စ႐ိုက္အား ခ်ိဳးႏွိမ္ထားႏိုင္ခဲ့သည္ ။

'ကြၽန္ေတာ္႕ရဲ႕ အကိုႀကီးရယ္...ခင္ဗ်ား ဘယ္လိုေနာင္တရၿပီးနာက်င္ေနလိမ့္ မလဲဆိုတာ ၾကည့္ခ်င္မိတယ္...အၿမဲတမ္း သနားစရာေကာင္းေနတဲ့ အ႐ႈံးသမားက...ခင္ဗ်ာ့ဆီက ညႇာတာမႈနည္းနည္းေလာက္ရဖို႔ ေမွ်ာ္လင့္ေနမယ္လို႔ ထင္ထားမွာေပါ့...ဒါေပမယ့္ ကြၽန္ေတာ္က ေအာင္ျမင္ဖို႔ အရည္အခ်င္း႐ွိၿပီးသား...'

လုေဆြ႕က စာ႐ြက္စာတမ္းမ်ားအား ေဘးသို႔ခ်လိုက္လိုက္ၿပီး လက္ဆန္႔ကာ လင္းက်စ္ရန္အားေပြ႕ဖက္လိုက္ေလ၏ ။ သူ၏ မ်က္ဝန္းမ်ားက ေအးစက္ေနပါလ်က္ တိုးပ်စြာျဖင့္ ေျပာလာသည္ ။

" ေက်းဇူးတင္ပါတယ္...ေကာ "

ေနာက္ဆုံးေတာ့ သူလက္ခံလိုက္သည္ကိုၾကည့္ရင္း လင္းက်စ္ရန္မွာ စိတ္သက္သာရာရၿပီး ေပ်ာ္႐ႊင္စြာျဖင့္ သက္ျပင္းခ်လိုက္ေတာ့၏ ။

" မလိုပါဘူးကြာ "

' အ႐ူးေကာင္ေလး...ဒီ​ေဖေဖ မင္းကို တကယ္သေဘာက်ေနၿပီ..မင္းက ဇာတ္ေၾကာင္းေနာက္ကို အသည္းအသန္ လိုက္ေနေတာ့တာပဲ.... '

သူ၏ တစ္ခုတည္းေသာ ေနာင္တမွာ ခံစားခ်က္ဇာတ္ေၾကာင္းက ေသြဖယ္သြား​ေစျခင္းပင္ ။ သူ႕အေနျဖင့္ ျပန္ၿပီးကယ္တင္ ႏိုင္မလားဆိုတာ မေသခ်ာ ။

' ငါ ဝမ္းယြီကို႐ွာၿပီး အေျခအေနတိုးတက္ေအာင္ လုပ္ရမလား? မင္းကို ဝမ္းယြီက မႀကိဳက္ေပမယ့္ မင္းကေတာ့ ဝမ္းယြီကို ႀကိဳက္တယ္မို႔လား? '

ဤအေၾကာင္းအား ေတြးရင္းျဖင့္ လင္းက်စ္ရန္၏ မ်က္ဝန္းမ်ားက လႈပ္႐ွားသြားၿပီး အနည္းငယ္႐ွက္႐ြံကာ တြန္႔ဆုတ္ေနသည့္ ပုံဖမ္း လိုက္သည္ ။ လုေဆြ႕က သတိထားမိေသာ္လည္း တုန္႔ျပန္ျခင္းမ႐ွိ ။ လင္းက်စ္ရန္ ေျပာလာမည့္ အေၾကာင္းအရာကိုသာ စိတ္ဝင္စားလို႔ေန၏ ။

လင္းက်စ္ရန္က ခဏမွ် ခ်ီတုံခ်တုံ ျဖစ္ေနၿပီးမွ လုေဆြ႕၏ အၾကည့္မ်ားကို ေ႐ွာင္ဖယ္ကာ မသက္မသာျဖင့္ ေျပာလာသည္။

" ဟုတ္သား..ငါ ဝမ္းယြီကို proposeလုပ္ဖို႔ စီစဥ္ထားၿပီးသားဆိုေတာ့..မင္း...မင္းငါတို႔အတြက္ ဂုဏ္ျပဳေပးမယ္ မို႔လား "

လုေဆြ႕၏ ႏႈတ္ခမ္းေထာင့္မ်ားက ေကာ့တက္သြားလ်က္ လင္းက်စ္ရန္အား ၾကည့္လာပါ၏ ။

' ခင္ဗ်ားေမ့သြားေလာက္ၿပီထင္တာ...မွတ္မိသားပဲ...ခင္ဗ်ားက သူ႕ကို ကြၽန္ေတာ္႕ဆီ မေပးခ်င္တာမ်ား သြယ္ဝိုက္ၿပီး ေျပာေနေသးတယ္...ကြၽန္ေတာ္႕အေပၚေကာင္းခ်င္ေယာင္ေဆာင္ျပေနရင္း သူနဲ႔ေဝးေဝးေနဖို႔ သတိေပးေနျပန္တယ္...တကယ့္ကို သူေတာ္ေကာင္းေယာင္ ေဆာင္တတ္လိုက္တဲ့ ခင္ဗ်ားပဲ... '

လုေဆြ႕က ခပ္ဖြဖြေလးျပဳံးလာေသာ္လည္း မ်က္လုံးမ်ားကေတာ့ မႈန္ကုပ္ေနလ်က္သား ။

" ဒါေပါ့ "

ခင္ဗ်ား ဆႏၵ႐ွိသလို...

ကြၽန္ေတာ္ ' ဂုဏ္ျပဳ ' ေပးမွာပါ ။
..................

လင္းက်စ္ရန္က လုေဆြ႕အား ေမြ႕ေန႔လက္ေဆာင္ေပးၿပီးေသာ္ အၿငိမ္စား ယူလိုက္မည့္အခ်ိန္ကိုသာ ေစာင့္ေနလိုက္သည္ ။ ဒါဆိုလွ်င္ ေန႔တိုင္း အဲ့ဒီ overtime meetingေတြ ထိုင္စရာမလိုေတာ့ ပါေခ် ။ သူ႕အေနျဖင့္ ဂိမ္းေဆာ့တာကေတာင္ ဘာလို႔ အလုပ္ႀကိဳးစားေပးဖို႔ လိုအပ္ေနတာလဲ...ဒီတိုင္း စိတ္႐ွိသလို အိပ္ေရးဝ,ဝ အိပ္ပစ္ခ်င္ပါ၏ ။

ဝမ္းယြီကေတာ့ ထိုေန႔က ထြက္သြားၿပီးေနာက္ လင္းက်စ္ရန္အား ေ႐ွာင္ေနသည္ ။ သူ႕အိမ္သို႔လည္း အေတာ္ၾကာေအာင္အထိ ေရာက္မလာသျဖင့္ လုေဆြ႕ႏွင့္ မေတာ္တဆ ေတြ႕မိစရာ အေၾကာင္းမ႐ွိေခ် ။ ဝမ္းယြီ၏ ေ႐ွာင္ဖယ္မႈႏွင့္ပတ္သတ္၍ သူဘာမွမေျပာႏိုင္ ။ သူတို႔ႏွစ္ေယာက္ေတြ႕ၾကဖို႔ အခြင့္အေရးပင္ မဖန္တီးႏိုင္ ပါေပ ။

ဒီအေတာအတြင္း တြင္မူ လင္းက်စ္ရန္ႏွင့္ဝမ္းယြီတို႔ႏွစ္ဦးသားမွာ အျပင္တြင္သာ ဆုံျဖစ္တာမ်ားသည္ ။ သို႔ေသာ္ လင္းက်န္ရန္က သူအားမေတြ႕ခ်င္ ။ နဂိုကတည္းက ဇာတ္ေၾကာင္းမွာ ေသြဖယ္ေနေလရာ ဘာလို႔ ဇာတ္လိုက္ရဲ႕ လူနဲ႔ ေန႔တိုင္း ေတြ႕ေပးရမွာလဲ...တကယ္လို႔ အိုင္ေဒါကို ငမ္းခ်င္လွ်င္ေတာင္ အိမ္က ကြန္ျပဴတာကတဆင့္ အဝငမ္းလို႔ရသည္ ။ သူကအရမ္း စြဲလမ္းတတ္သည့္ fan တစ္ေယာက္လည္းမဟုတ္ ။ ထို႔အျပင္ ပိုအေရးႀကီးတာက ဒီအတိုင္းသာ ဆက္လုပ္ေနရင္ ဇာတ္ေၾကာင္းက ဘာျဖစ္သြားမွာလဲ? Taskေတြ completeျဖစ္ေအာင္ေရာ လုပ္ႏိုင္ပါ့မလား?

ထို႔ေၾကာင့္ပင္ လင္းက်စ္ရန္မွာ အခ်ိန္ပိုလုပ္ျခင္း၊ အစည္းအေဝးႏွင့္ စီးပြားေရး ခရီးတိုမ်ားကို စတင္ျငင္းဆန္ရန္ စဥ္းစားလာခဲ့၏ ။ သို႔ေသာ္ အခ်ိန္ဆြဲတာက ေရ႐ွည္အတြက္မူ မေကာင္းတတ္ ။ တစ္ပတ္ေက်ာ္ေလာက္ၾကာၿပီးေသာ္ လင္းက်စ္ရန္မွာ သူ၏ လက္ေထာက္ကို ခ်န္ထားခဲ့ၿပီး ကုမၸဏီ ေအာက္ထပ္သို႔ဆင္းလာပါေသာ္ သူ႕အားေစာင့္ေနသည့္ ဝမ္းယြီႏွင့္ ကြက္တိကို သြားတိုးေလ၏ ။ မတတ္ႏိုင္ေပ...ဝမ္းယြီႏွင့္ ညစာ dateရေတာ့မည္ပင္ ။ သိပ္မၾကာခင္မွာပင္ ႏွစ္ဦးသားမွာ ဟိုတယ္တစ္ခုသို႔ ေရာက္လာကာ ထိုင္ေနႏွင့္ၿပီး ၾကၿပီ ။

ဝမ္းယြီက ေနကာမ်က္မွန္ကို ခြၽတ္လိုက္ၿပီး လင္းက်စ္ရန္အား အဓိပၸါယ္ပါပါျဖင့္ ၾကည့္လာၿပီးေနာက္ ေျပာလာ၏ ။

" ဒီရက္ပိုင္း အရမ္းအလုပ္မ်ားေနပုံပဲ "

လင္းက်စ္ရန္က လုပ္ေခ်ာင္းဆိုးကာ ။

" အင္း..ဟုတ္တယ္..ဒီရက္ပိုင္း ကိုင္တြယ္စရာေတြ အရမ္းမ်ားေနလို႔ "

ဝမ္းယြီက ႏႈတ္ခမ္းကိုသာ တင္းတင္းေစ့ပိတ္ထားၿပီး စကားမဆိုေတာ့ ။ လင္းက်စ္ရန္က ဘာမွမေျပာေသာ္လည္း သူ သူ႕ကိုေ႐ွာင္ေနေၾကာင္း ခံစားမိပါ၏...သူ႕ကို ယုံၾကည္ေပးႏိုင္ရင္ေတာင္ လုေဆြ႕က တစ္ခုခုမ်ား ကလန္ကဆန္ လုပ္ခဲ့လို႔လား၊ ဒါမွမဟုတ္ ဘယ္လို ရင္ဆိုင္သင့္ေၾကာင္း မေတြးမိေသးလို႔ျဖစ္ႏိုင္သည္ ။ ထိုသို႔မွမဟုတ္လွ်င္ သူ႕ကို ဘာလို႔ ေ႐ွာင္ေနတာလဲ?

အမွန္တိုင္းေျပာရလွ်င္ သူသည္လည္း အလုပ္မ်ားသူပင္ ။ သို႔ေသာ္ လင္းက်စ္ရန္အတြက္ႏွင့္ သူ၏ အလုပ္ေတာ္ေတာ္,မ်ားမ်ားကို လႊတ္ခ်ခဲ့သည္ ။ ဘာလို႔ဆို ဒီအတိုင္းသာ ဆက္သြားေနရင္ သူတို႔ရဲ႕ relationshipကအဆုံးသတ္သြားႏိုင္ေပသည္ ။ ဘာလို႔ဒီလို ေတြးမိမွန္း မသိပါေသာ္လည္း သူ၏ ဆုံးျဖတ္ခ်က္က အၿမဲလိုလို သင့္ေတာ္တတ္သည္ ။ သူ႕အား အၿမဲတမ္း က႐ုစိုက္ေပးသူ၊ နားလည္ေပးသူ ၊ ေစာင့္ဆိုင္းေပးသူက လုက်န္းပင္ ျဖစ္ကာ...ယခုတြင္ သူလည္း ထိုအမ်ိဳးသား၏ ေနရာမွဝင္ေရာက္၍၊ ခံစားရျခင္းဆိုသည့္ ေဝဒနာကို နားလည္လာေလၿပီ ။

ဒီီတိုင္း ျဖစ္ခ်င္တာျဖစ္ခြင့္ေပးမထားႏိုင္ေပ ။ အဘယ္ေၾကာင့္ဆို သူ႕အေနျဖင့္ ဒီလူကိုလႊတ္မေပးခ်င္ပါေသာေၾကာင့္ပင္ ။ ဝမ္းယြီမွာ သူ၏ခံစားခ်က္မ်ားအား ပထမဆုံး အႀကိမ္ ႐ွင္းလင္းစြာနားလည္ လာခဲ့ေခ်၏ ။ လင္းက်စ္ရန္က ႏႈတ္ဆိတ္ေနလိုက္ၿပီး အဆင္မေျပသလိုလည္း ခံစားေနရကာ သိခ်င္စိတ္ျဖင့္ ေမးလိုက္ပါ၏ ။

" ဒါနဲ႔ မင္းလည္း အလုပ္မ်ား မေနဘူးလား "

ဝမ္းယြီက ဇာတ္ကားအသစ္႐ိုက္စရာ မ႐ွိဘူးလာ?
ဘာလို႔ အေလလိုက္ ေနသလို ခံစားေနရပါလိမ့္...

ခင္ဗ်ားက ကြၽန္ေတာ္႕ကို အလုပ္မ်ားေစခ်င္တာလား...

ဝမ္းယြီက စားပြဲကို လက္ေခ်ာင္းမ်ားျဖင့္ အသာေခါက္ေနလ်က္ လင္းက်စ္ရန္အား အသာ ျပဳံးျပေလ၏ ။

" ကြၽန္ေတာ္အလုပ္မမ်ားပါဘူး..ခဏေလာက္ ကိုယ့္ကိုယ္ကို အနားေပးဦးမလို႔ "

လင္းက်စ္ရန္: ". ..."

ဝမ္းယြီက လင္းက်စ္ရန္၏ အနားသို႔ တိုးကပ္လာၿပီး ႏႈတ္ခမ္းမ်ားက ေကာ့တက္သြားတာႏွင့္ စေနာက္သည့္ အျပဳံးတစ္ပြင့္က ေပၚထြက္လာလ်က္သား ။

" ဘာလဲ..ကြၽန္ေတာ္ အခု ခင္ဗ်ားနဲ႔ ပိုၿပီး အခ်ိန္ျဖဳန္းရေတာ့မွာမို႔ မေပ်ာ္တာလား? "

" မဟုတ္ပါဘူးကြာ..ေသခ်ာေပါက္မဟုတ္ဘူးေပါ့ "

လင္းက်စ္ရန္မွာ လွ်ာကိုက္မိေတာ့ မလိုပင္ျဖစ္သြားရကာ ေျခာက္ကပ္ကပ္ပင္ရယ္လိုက္ပါ၏ ။

" ကိုယ္ ေ႐ွ႕ေလွ်ာက္ အလုပ္မ်ားေတာ့မွာမို႔..မင္းကို ပစ္ထားမိသလိုျဖစ္မွာ စိုးလို႔ပါ "

တကယ္လား...ေမးခြန္းေပါင္းမ်ားစြာက ရင္ထဲမွဆန္တက္လာေသာ္လည္း ဝမ္းယြီက ျပန္၍ ​မ်ိဳသိပ္ထားလိုက္သည္ ။ သူလိုခ်င္သည့္ အေျဖ မရမွာကို စိုးထိတ္မိပါ၍ ။

ဝမ္းယြီက ခဏမွ် တိတ္ဆိတ္ေနၿပီးေနာက္ ျဖည္းျဖည္းခ်င္း ျပဳံးျပကာ။

" အခုတေလာ ရသီဥတုကလည္း သာယာတယ္ဆိုေတာ့...ကြၽန္ေတာ္တို႔ အားလပ္ရက္မွာ ကမ္းေျခ သြားၾကမလား...ခင္ဗ်ားလည္း အၿမဲ... "

" လုက်န္း..မင္းလည္း ဒီေရာက္ေနတာလား? "

ေက်ာက္မင္ဇယ္၏ ရယ္သြမ္း ေနသည့္အသံက ႐ုတ္တရတ္ထြက္လာသည္ ။ ၾကည့္ရတာ သူက ဒီႏွစ္ေယာက္ႏွင့္ မေတာ္တဆ ဆုံမိသည့္ အတိုင္းပင္ ။

" ငါလည္း ဘာမွ မစားရေသးဘူးဆိုေတာ့..မင္းတို႔နဲ႔ အတူ တစ္ခါတည္း စားလိုက္ေတာ့မယ္ေလ..စိတ္မ႐ွိဘူးမလား "

လင္းက်စ္ရန္မွာ ဝမ္းယြီ၏ အၾကံျပဳစကားကို ၾကားေသာ္ စိုးရိမ္သြားရသည္ ။ သူက ျငင္းဆန္မည့္ နည္းလမ္းတစ္ခုကို မစဥ္းစားႏိုင္ေသးခင္မွာ ေက်ာက္မင္ဇယ္က ေပၚလာေလရာ သူ႕အေနျဖင့္ စိတ္သက္သာရာရၿပီး သက္ျပင္းခ်ကာ ျပဳံးလိုက္ပါ၏ ။

" ဒါေပါ့...စိတ္႐ွိစရာလားကြာ "

ထိုသို႔ေျပာၿပီးေနာက္ သူက ဝိတ္တာေလးအား ဟင္းပြဲႏွစ္ခု ထပ္ခ်ခိုင္းလိုက္သည္။ ပတ္ဝန္းက်င္ေလထုက အနည္းငယ္ေတာ့ ကသိကေအာက္ ျဖစ္လ်က္သား ။

အရမ္းနီးလြန္းတယ္!

.

(T/N: Tmr rest^^ )

💜💜💜💜💜💜💜

Continue Reading

You'll Also Like

3M 192K 103
ဘုန်းပြည့်ချမ်းဟန်ဆိုတာ ချမ်း, တစ်ယောက် တည်းရဲ့အမည်နာမပဲဖြစ်စေရမယ်...။ 1.10.2021 >> 6.2.2022
917K 68.5K 109
"host ရဲ့တာဝန်ကဇာတ်လိုက်ကိုကယ်တင်ပေးရမှာပါ" "ငါကဘာလို့လဲ!" "host ရဲ႕တာဝန္ကဇာတ္လိုက္ကိုကယ္တင္ေပးရမွာပါ" "ငါကဘာလို႔လဲ!" Start Date -27.7.2022 End Date...
2.7M 75.1K 20
"ညိုလဲ လူတွေထဲက လူသားတစ်ယောက်ပါ ညို့ရဲ့ ဖြစ်တည်မှုက ဘယ်သူတွေကို ထိခိုက်နေလို့လဲ..မေမေ" "ညို မရှင်သန်ချင်တော့ဘူး... ဒီလောကကြီးမှာ ညိုတို့လိုလူတွေအတွက်...