ဒီတစ်ခါလည်းဇာတ်လမ်းသွေဖည်သွား...

By Dilly_Dally20

484K 69.4K 2.6K

Just a fan translation. Eng name- Did the affectionate love interest collapse today. cover pic from pintere... More

Synopsis
Arc(1): အပိုင်း(၁)
အပိုင်း(၂)
အပိုင်း(၃.၁)
အပိုင်း(၃.၂)
အပိုင်း(၄.၁)
အပိုင်း(၄.၂)
အပိုင်း(၅.၁)
အပိုင်း(၅.၂)
အပိုင်း(၆.၁)
အပိုင်း(၆.၂)
အပိုင်း(၇.၁)
အပိုင်း(၇.၂)
အပိုင်း(၈.၁)
အပိုင်း(၈.၂)
အပိုင်း(၉.၁)
အပိုင်း(၉.၂)
အပိုင်း(၁၀.၁)
အပိုင်း(၁၁.၁)
အပိုင်း(၁၁.၂)
အပိုင်း(၁၂.၁)
အပိုင်း(၁၂.၂)
အပိုင်း(၁၃.၁)
အပိုင်း(၁၃.၂)
အပိုင်း(၁၄.၁)
အပိုင်း(၁၄.၂)
အပိုင်း(၁၅.၁)
အပိုင်း(၁၅.၂)
အပိုင်း(၁၆.၁)
အပိုင်း(၁၆.၂)
အပိုင်း(၁၇.၁)
အပိုင်း(၁၇.၂)
အပိုင်း (၁၈)
အပိုင်း(၁၉)
အပိုင်း(၂၀)
Arc(2) အပိုင်း(၂၁.၁)
အပိုင်း(၂၁.၂)
အပိုင်း(၂၁.၃)
အပိုင်း(၂၂.၁)
အပိုင်း(၂၂.၂)
အပိုင်း(၂၃.၁)
အပိုင်း(၂၃.၂)
အပိုင်း(၂၄.၁)
အပိုင်း(၂၄.၂)
အပိုင်း(၂၄.၃)
အပိုင်း(၂၅.၁)
အပိုင်း(၂၅.၂)
အပိုင်း(၂၅.၃)
အပိုင်း(၂၆.၁)
အပိုင်း(၂၆.၂)
အပိုင်း(၂၆.၃)
အပိုင်း(၂၇.၁)
အပိုင်း(၂၇.၂)
အပိုင်း(၂၇.၃)
အပိုင်း(၂၈.၁)
အပိုင်း(၂၈.၂)
အပိုင်း(၂၉.၁)
အပိုင်း(၂၉.၂)
အပိုင်း(၃၀.၁)
အပိုင်း(၃၀.၂)
အပိုင်း(၃၁.၁)
အပိုင်း(၃၁.၂)
အပိုင်း(၃၂.၁)
အပိုင်း(၃၂.၂)
အပိုင်း(၃၃.၁)
အပိုင်း(၃၃.၂)
အပိုင်း(၃၃.၃)
အပိုင်း(၃၄.၁)
အပိုင်း(၃၄.၂)
အပိုင်း(၃၄.၃)
အပိုင်း(၃၅.၁)
အပိုင်း(၃၅.၂)
အပိုင်း(၃၅.၃)
အပိုင်း(၃၆.၁)
အပိုင်း(၃၆.၂)
အပိုင်း(၃၆.၃)
အပိုင်း(၃၇.၁)
အပိုင်း (၃၇.၂)
အပိုင်း(၃၇.၃)
အပိုင်း(၃၈.၁)
အပိုင်း(၃၈.၂)
အပိုင်း(၃၈.၃)
အပိုင်း(၃၉.၁)
အပိုင်း(၃၉.၂)
အပိုင်း(၃၉.၃)
အပိုင်း(၄၀.၁)
အပိုင်း(၄၀.၂)
အပိုင်း(၄၀.၃)
အပိုင်း(၄၁.၁)
အပိုင်း(၄၁.၂)
အပိုင်း(၄၁.၃)
အပိုင်း(၄၂.၁)
အပိုင်း(၄၂.၂)
အပိုင်း(၄၂.၃)
အပိုင်း(၄၃.၁)
အပိုင်း(၄၃.၂)
အပိုင်း(၄၃.၃)
အပိုင်း(၄၄.၁)
အပိုင်း(၄၄.၂)
အပိုင်း(၄၄.၃-Final Episode)

အပိုင်း(၁၀.၂)

6.1K 980 13
By Dilly_Dally20

Unicode.

ကျောက်မင်ဇယ်က မျက်မှောင်ကြုပ်လိုက် ပြီး ။

" ဆီတွေရွှဲနေတယ်...မင်း ပါးစပ်ကို သုတ်လိုက်ဦး "

လင်းကျစ်ရန်: ". .."

ထို့သို့ပြောပြီးနောက် ကျောက်မင်ဇယ်မှာ မတ်တပ်ထရပ်လိုက်ပြီး သူ၏လက်ကို တစ်ရှူးဖြင့် ပွတ်သုပ်ကာ ယုံကြည်မှုရှိစွာဖြင့် ပြုံးလိုက်လေ၏ ။

" ဒါဆိုငါအရင်ပြန်လိုက်တော့မယ်...အရမ်း တွန်းအားမပေးနဲ့ ပြဿနာတိုင်းမှာ ဖြေရှင်းချက်က ရှိပြီးသား "

ထို့နောက် သူက တိမ်လို၊ လေလိုပင် အလျင်အမြန် ထွက်သွားတော့သည် ။ လင်းကျစ်ရန်မှာကား ကျောက်မင်ဇယ်၏ ကျောပြင်အား ရှုပ်ထွေးသော အမူအရာဖြင့်သာ စိုက်ကြည့်လိုက်ပြီးနောက် တစ်ရှုး​ဖြင့် ပါးစပ်ကို ပွတ်သုတ်လိုက်ပါ၏ ။ ဘယ်မှာ ဆီတွေရွှဲနေလို့လဲ? ဒီလောက် နည်းနည်းလေးပဲ ဆိုတာ သိသာနေတာကို...

[လင်းကျစ်ရန်: ငါ့ရဲ့ ဥက္ကဌ ပုံရိပ်က အက်ကြောင်းတစ်ခုထင် သွားပြီ!]

[System: အိုး...]

..................

ရက်အနည်းငယ်ကြာပြီးနောက်၊ ကုမ္ပဏီ၏ ကိစ္စရပ်များမှာ ပြန်လည်၍ လည်ပတ်လာခဲ့ချေ၏ ။ လူအများ၏ အမြင်တွင် လူဆွေ့၏ အရည်အချင်းကြောင့် အင်တာနက်ပေါ်ရှိ သီတင်းများအား ထိန်းချုပ်နိုင်လိုက်ပြီး ရပ်တန့်နေသော ပရောဂျက်များကို ဆက်လက် အကောင်အထည်ဖော် လာနိုင်ခဲ့သည်ပင် ။ လင်းကျစ်ရန်မှာ ဤအရာအားလုံးကို ကြိုတင်၍ သိနေပြီးသားဖြစ်ပါ၍ အထူးတလည် အံ့သြမနေတော့ပေ ။ ဤသည်မှာ လုဆွေ့က သူနှင့် ရှယ်ရာရှင်များအား မြင်စေချင်သောအရာပင် ဖြစ်လေသည် ။

အနည်းဆုံးတော့ ဒါက အပြင်ပိုင်းတွင် ညီအစ်ကိုနှစ်ယောက်၏ ပူးပေါင်းကြိုးစားမှုကြောင့် စိန်ခေါ်မှုများကို အောင်မြင်နိုင်သည်ဟူသော ရင်ထဲထိဖွယ် ဇာတ်လမ်းတစ်ခု ဖြစ်ခဲ့သည်ပင် ။ လင်းကျစ်ရန်မှာကား လုဆွေ့၏ ဇာတ်ကြောင်းအတိုင်း အသည်းအသန်လိုက်၍ အကောင်အထည်ဖော်ချင်စိတ်ရှိနေသည်ကို ကြည့်ရင်းဖြင့် အတော်လေးခံစားသွားရချေ၏ ။

လုဆွေ့၏ ပူပေါင်းပါဝင်မှု ကိုကြည့်ပါလျှင် နောက်ဆက်တွဲ ဇာတ်ကြောင်းများအား ဖြည့်ရန်အတွက် အတော်လေး ယုံကြည်ချက်ရှိသွားစေ ၏ ။ သူတို့အတူတကွ ပူးပေါင်းနေသရွေ့၊ အောင်မြင်ဖို့ မည်သည့်အခက်အခဲမျှ ရှိမနေပါချေ ။ နောက်အပတ်တွင်မူ လုဆွေ့၏ မွေးနေ့ပင်ဖြစ်သည် ။ လုဆွေ့ကတရုတ်ကို ပြန်ရောက်လာခဲ့သည်မှာ ၂လပင် ကြာခဲ့လေပြီ။ သူ့အနေဖြင့် လုဆွေ့အား မွေးနေ့ပွဲတစ်ခု ကျင်းပပေး၍ အကောင်းဆုံးလက်ဆောင်တစ်ခုကို ပေးသင့်ပေသည် ။

တစ်ပတ်ကြာပြီးနောက်....။ လုဆွေ့မှာကား ရုံးခန်းထဲတွင် တစ်ယောက်တည်း ထိုင်နေလျက် လက်ထဲတွင် ဘောပင်တစ်ချောင်းကိုလှည့်နေလေသည်။ သူ၏မျက်ဝန်းများက သွေးအေးကာ ဘာကိုမျှ အလေးမထားသည့် ဟန်ပင် ။ ပြီးခဲ့တဲ့ လပိုင်းအတွင်း သူဟာ ကုမ္ပဏီ၏ လုပ်ငန်းလည်ပတ်မှုနှင့်ပတ်သတ်၍ သေချာလေ့လာခဲ့ပြီး ဌာနတိုင်းတွင် သက်ဆိုင်ရာ ဝန်ထမ်းအင်အားစုများက သပ်သပ်စီရှိနေကာ သူ့အနေဖြင့်လည်း ကုမ္ပဏီ၏ ရှယ်ရာများနှင့် ပတ်သတ်၍ စုံစမ်းလေ့လာခဲ့ ပြီးသားပင် ဖြစ်ပါ၏ ။ လုကျန်းအပေါ် အမြင်မကြည်သော နိုင်ငံခြားရှိ ဘုတ်အဖွဲ့ဝင်ဒါရိုက်တာများနှင့်လည်း ဆွေးနွေးခဲ့ချေ၏ ။

အရာအားလုံးက အဆင်ပြေချောမွေ့နေပေ၏ ။ လုကျန်းက ရှယ်ရာတစ်ဝက်အား လက်ကိုင်ထားတာတစ်ခုပင် ။ ထို့ကြောင့်သာ သူ၏ နေရာအား လှုပ်ခက်နိုင်ရန် ခက်ခဲနေသည် ။ သူ၏အဖေ သေဆုံးသွားသည့်အချိန်တွင် လုကျန်းအတွက် အရာအားလုံးကို ချန်ထားပေးခဲ့၏ ။ သူ့အနေဖြင့်လည်း ၄င်းကိစ္စအပေါ်တွက် ဘာစိတ်မှရှိမနေပေ...တကယ်ပါ...။ သူက အဲ့ဒီ လူဆီကနေ ဘာကိုမှ မျှော်လင့်ထားခြင်း မရှိပါချေ ။ ထို့ကြောင့် စိတ်လည်းမပျက်မိသလို သေတာတောင်မှ ပြန်လာမတွေ့ခဲ့ပါ ချေ ။ ထိုစဥ်က သူတို့ကြားတွင် ပြတ်သားသော ဖြတ်မျဥ်းတစ်ကြောင်းကို သူကိုယ်တိုင်ဆွဲကာ ထွက်သွားခဲ့သည်ပင် ။ သို့သော် နောက်ဆုံးတွင် ဘာလို့ပြန်လာခဲ့ရ တာပါလဲ?

လုဆွေ့၏ မျက်နှာထားက ခက်ထန်နေလျက်သား ။

' ဟုတ်သား...ဒီနေ့ ငါ့မွေးနေ့ပဲ '

သို့သော် သူ့အနေဖြင့် မွေးနေ့ပွဲမလုပ်ဖြစ်သည်မှာ နှစ်အတော်ကြာခဲ့ လေပြီ ။ သူ၏ မိခင် ဆုံးသွားပြီးကတည်းက သူ၏မွေးနေ့အား ဘယ်သူမှ ထပ်ပြီး မမှတ်မိကြတော့ပေ ။ သူနှင့်အတူ မွေးနေ့ပွဲကျင်းပ ပေးလေ့ရှိသော သူ၏ အစ်ကိုကြီးဖြစ်သူမှာလည်း အခုတွင် မရှိတော့ပါချေ...သူက ကမ္ဘာပေါ်တွင် အမေ့ပျောက်ခံ လူသားတစ်ယောက်သာ ဖြစ်လို့ နေ၏ ။ သူ၏ ပတ်ဝန်းကျင်တွင် လူများစွာရှိနေပါသည့်တိုင် ဘာမှ မရှိတာနှင့် မထူးမခြားနားသာ ။ လုဆွေ့က လှောင်ပြုံး ပြုံးလိုက်ကာ မတ်တပ်ရပ်လိုက် လေ၏ ။

သူအိမ်ပြန်ရောက်သော အချိန်တွင် ညနေ၇နာရီပင် ထိုးနေပြီ ။ အိမ်တစ်ခုလုံးမှာ အထီးကျန်ဆန်လျက် လူသူကင်းမဲ့ နေသည့်အတိုင်းသာဖြစ်နေပြီး လုဆွေ့မှာ ပတ်ပတ်လည်ကို တစ်ချက်ဝေ့ကြည့် လိုက်ပြီးနောက် အပေါ်ထပ်ကိုသာတက်ရန် ဆုံးဖြတ်လိုက်တော့သည် ။ ထိုစဥ်တွင် မီးဖိုချောင်ဘက်မှ ရုတ်တရတ်ဆိုသလိုပင် မီးများလင်းလက် လာပြီး လင်းကျစ်ရန်မှာ လက်နှစ်ဖက်ဖြင့် ကိတ်မုန့် အလတ်စား တစ်လုံးကို ကိုင်လျက် သူ့ဆီသို့ လျှောက်လာကာ နူးညံ့စွာ ပြုံးလိုက်လေ၏ ။

" happy birthday ရှောင်ဆွေ့ "

လုဆွေ့၏ အကြည့်စူးစူးများက တစ်ဖြည်းဖြည်းနှင့် အောက်သို့ငုံ့သွားကာ လက်ထဲရှိ ကိတ်မုန့်ပေါ်သို့ ကျဆင်းသွားသည့်အချိန်၌မူ တစ်စုံတစ်ရာကြောင့် စူးရှသည့်ခံစားချက်မျိုး ဖြစ်သွားရာ မျက်လုံးများကို မှေးဆင်း လိုက်ပါ၏ ။

ခင်ဗျား...တကယ် မှတ်မိတယ်...

လင်းကျစ်ရန်ကာ ပြုံးလျက်ပင် လုဆွေ့အား ကြည့်လိုက်ပါ၏ ။

လုဆွေ့လေးမှာ အရင်တုန်းက လုမိသားစုကို ရောက်လာခါစတွင် နည်းနည်း ရှက်တတ်ပြီး သီးသန့်သာ နေတတ်သော်လည်း အလွန်ဥာဏ်ကောင်းသော ကလေး ပင် ဖြစ်လေ၏ ။ သူ့မိခင် လက်ထပ်လိုက်သော အမျိုးသား၏ အိမ်သို့လိုက်လာခဲ့ရသော်လည်း သူ့နောက်ခံကမူ မတောင့်တင်းပါချေ ။ သူ့မိခင်ကလည်း သူ့အား လိမ်မာရန်၊ နာခံတတ်ရန်၊ ဂျစ်တီးဂျစ်ကန်မလုပ်ရန်၊ မရိုင်းစိုင်းရန် နှင့် လုကျန်းအား မနာလိုမဖြစ်ရန် အမြဲလိုလို မှာကြားလေ့ ရှိပါ၏ ။

လုကျန်းမှာလည်း အစပိုင်းတွင် လုဆွေ့နှင့် အကွာအဝေးတစ်ခုတွင်သာနေခဲ့လေ၏ ။ သူ့အနေဖြင့် ဤညီငယ်လေးအား မဆန့်ကျင်ပါသော်လည်း သဘောတော့ မကျပါပေ ။ တကယ်တမ်း မှားသည့်လူမှာ သူ့ဖခင်ပင် ဖြစ်နေပါ​သောကြောင့် သူက အမြဲတမ်းပင် ပို၍ သည်းခံပေးခဲ့သည် ။ ထိုအပြင် ဒီကလေးမှာလည်း လုမိသားစုတွင် ရှိမနေသည့် ပုံစံမျိုးပင် ဖြစ်နေလေသည် ။ လုဆွေ့၏ မွေးနေ့ကို သိခဲ့ရခြင်းက မတော်တဆ တစ်ခုပင် ဖြစ်နေပါ၏ ။

ရှူးလန်န သည် လုမိသားစုသို့ လက်ထပ်ပြီး ဝင်ရောက်လာတာနှင့်အညီ အလွန် တာဝန်ယူမှုရှိကာ သူ၏ သားထက်ပင် လုကျန်းအပေါ် ကောင်းကောင်းဆက်ဆံခဲ့ချေ၏ ။ သူမက လုကျန်း၏ မွေးနေ့တွင် အထူးတလည် ကျင်းပပေးကာ နွေးထွေးစွာအဖော်ပြုပေးတတ်ပြီး မိထွေးတစ်ယောက်အနေဖြင့် အကောင်းမွန်ဆုံးဖြည့်ဆည်းပေးလျက် ပြင်ပရှိ အတင်းအဖျင်း များကိုပင် ငြိမ်သက်စေခဲ့ပါသည် ။ သို့သော် သူမက သားအရင်း၏ မွေးနေ့တွင်မူ လက်ဆောင်များကိုသာဝယ်ပေးကာ တစ်ယောက်တည်း ကစားခိုင်းလိုက်သည်သာ...သို့သော်ငြား လုဆွေ့လေးကတော့ မွေးနေ့ကိတ်တစ်ခုကို လိုချင်မိ လေ၏...

လုကျန်းမှာ ဒုတိယအထပ်ရှိ လသာဆောင်တွင် ထိုင်လျက် စာအုပ်ဖတ်နေစဥ် အောက်ထပ်မှ ဆူပူသံများကို အမှတ်မထင် ကြားလိုက်ရလေသည် ။ လုဆွေ့လေးက ရှူးလန်နအား မွေးနေ့ကိတ်တစ်ခုကိုပူဆာနေ၍ လက်ဆောင်များကိုပင် ပစ်ထုတ်နေလေ၏ ။ လုဆွေ့မှာ သာမန်နေ့ရက်များတွင် ဘယ်လိုပဲ အလိုက်သိပြီး လိမ္မာရေးခြားရှိနေပါစေ...သူက ကလေးတစ်ယောက်သာ ဖြစ်သည် ။ သို့သော် ရှူးလန်န ကမူ လုကျန်း၏ ကျောင်းယူနီဖောင်းများကို ပြင်ဆင်ပေးပြီးနောက်၊ ဖခင်လုနှင့် ညစာစားပွဲ တစ်ခုကို တက်ရဦးမည် ဖြစ်သောကြောင့် လုဆွေ့လေးအား မဆိုးဖို့နှင့် သူမကို စိတ်ပူရအောင်မလုပ်ဖို့ ဆူပူနေလေ၏ ။

လုကျန်းမှာ တစ်ယောက်ထဲ ကျန်ခဲ့သော လုဆွေ့လေးကိုကြည့် ရင်းဖြင့် မိမိကဲ့သို့ အထီးကျန်ဆန်မှုအား ခံစားလိုက်ရပေရာ သူက ဘာကိုမှမတွေးတော့ဘဲ အောက်ထပ်သို့ ဆင်းလာပြီး ကောင်လေး၏ လက်ကို ဆုပ်ကိုင်လိုက်တော့သည် ။

" ကိုကြီး မင်းအတွက် ကိတ်မုန့် လုပ်ပေးရမလား "

လုကျန်း လုပ်သော ကိတ်မုန့်များက အကောင်းကြီးထဲသို့မရောက် သည့်တိုင် မအောင်မမြင် လက်ရာများဟု ဆို၍ ရသည် ။ သို့သော် လုဆွေ့လေးမှာတော့ ကိတ်မုန့်စားရဖို့အရေးကို တစ်နေ့လုံး ပျော်ရွှင်နေရှာ၏ ။ သူက ကိတ်မုန့်စားပြီးပါသော် အနည်းငယ် စိုးရိမ်နေမိပြန်ပါသည် ။ သူ့အနေဖြင့် လုကျန်းကို ယခုကဲ့သို့ ဒုက္ခပေးခဲ့ကြောင်း သူ့အမေသိသွားပါလျှင် အဆူခံရပေ ဦးမည် ။

လုကျန်းက အပေးအယူတစ်ခု လုပ်ခဲ့လေ၏ ။

" ဒါငါတို့ကြားက လျှို့ဝှက်ချက်နော်...ဘယ်သူမှ သိလို့မရဘူး "

လင်းကျစ်ရန်မှာ ဇာတ်ကြောင်းအား တိတ်တဆိတ် တွေးတော နေမိလေသည် ။ အဆုံးတွင်တော့ ထိုအဖြစ်အပျက်လေးကပင် လုကျန်းနှင့်လုဆွေ့ကို ပိုမိုရင်းနှီးလာစေပြီး တစ်မိုးအောက်တွင် အတူနေသည့် သူစိမ်းများ အဖြစ်မှ ရုန်းထွက်စေခဲ့ချေ၏ ။ ဒါမှမဟုတ်...အထီးကျန်သော လူနှစ်ယောက်က တစ်ယောက်နှင့်တစ်ယောက် အမှီသဟဲပြုခြင်း ပင် ဖြစ်နိုင်လောက်သည် ။

လုကျန်းအတွက်မူ ထိုစဥ်တုန်း​က လုဆွေ့မှာ အလွန်ပင်အရေးပါသောလူ ဖြစ်ခဲ့သော်လည်း လုဆွေ့အတွက်လည်း ထိုကဲ့သို့မဖြစ်ခဲ့,လို့တော့ မဆိုလိုသည် မဟုတ်ပါလား...?

လင်းကျစ်ရန်က လုဆွေ့အား ပြုံးပြလိုက်ပါ၏ ။

" ငါလုပ်ထားတာ ကြာလှပြီ...မင်း စိတ်တော့မပျက်နဲ့ ကွာ "

လုဆွေ့က ဖြည်းညှင်းစွာဖြင့် လက်သီးဆုပ်လိုက်ပြီး ညင်သာစွာ ပြုံးလိုက်သည် ။

" ကောရဲ့ လက်ရာက ဘယ်တုန်းကမှမကောင်းဘဲ...ကြည့်ရတာ ကျွန်တော်တစ်ယောက်ပဲ စိတ်မပျက်နိုင်တဲ့လူ ဖြစ်မယ်ထင်ပါတယ် "

လင်းကျစ်ရန်မှာလည်း အတိတ်အကြောင်းကို ပြန်တွေးလိုက်ပါ၍ မသိလိုက်မသိပါဖြင့် သူ၏ မျက်ဝန်းများက နူးညံ့သွားရပြီး ကိတ်မုန့်ကို စားပွဲပေါ်သို့ချလိုက်ကာ ပြောလိုက်ပါ၏ ။

" မွေ့နေ့ ဆုတောင်း လုပ်ဦးမလား "

လုဆွေ့က ခပ်ဖွဖွလေး ပြုံးလိုက်ပြီး ။

" အင်း "

သူက ခေါင်းငုံ့ကာ ဖယောင်းတိုင်မီးကို ညင်သာစွာထွန်းညှိလိုက်သည်။

လုဆွေ့မှာ မျက်လုံးမှိတ်ထားလျက်ပင် လွန်ခဲ့သောနှစ်များစွာက အဖြစ်အပျက်များကို ပြန်၍ မြင်ယောင်လာချေ၏ ။

သူက လုမိသားစုထဲသို့ ဝင်ရောက်လာချိန်တွင် အသက်၈နှစ် တောင်ရောက်လို့နေပြီ ။ ထို၈နှစ် မပြည့်ခင်ကမူ သူ့တွင် အဖေတစ်ယောက် သက်ရှိထင်ရှား ရှိနေသေးသည်ဟု ဘယ်တုန်းကမှ မထင်ထားမိခဲ့ပေ ။ တစ်နေ့တွင် သူ့မိခင်က သူ့အား ဇိမ်ခံအိမ်ရာကြီးတစ်ခုသို့ ခေါ်လာပြီး သူ့အဖေနှင့် သူ့အစ်ကိုကြီးအား မိတ်ဆက်ပေးသည့် အချိန်ကာလ အထိပေါ့....။

အစပိုင်းတွင်တော့ သူသည်ကား အလွန်ပင် ပျော်ရွှင်ခဲ့ရပါ၏ ။ သူ့တွင်လည်း အခြားသော ကလေးများလို မိသားစုတစ်ခုရှိလာခဲ့ပြီပင် ။ သူ့အဖေက သူ့အား ချစ်ခင် ကြင်နာပြီး၊ သူ့အစ်ကိုကြီးမှာလည်း သူနှင့်အတူ အဖော်ပြုကစားပေးလိမ့်မည် ဟုထင်ထားခဲ့သည် ။ သို့သော် သိပ်မကြာခင်မှာပင် ဤသည်က မဖြစ်နိုင်ကြောင်း အမှန်တရားကပင် ပြောပြပေးခဲ့ချေ၏ ။ သူ့အမေက သူ့အား နာခံမှုရှိရန်၊ လိမ္မာရန် ၊ အလိုက်သိရန်၊ သူ့အဖေနှင့် အစ်ကိုကြီးတို့အား စိတ်မကွက်စေရန် ၊ အစ်ကိုကြီးဆီမှ အမြင်ကောင်း,ကောင်း ရရန် စသဖြင့် အမြဲလိုလိုဆုံးမခဲ့ချေ၏ ။ အကယ်၍ သူအမှားလုပ်မိလျှင် သူ့အမေက ဆူပူလေ့ရှိပြီး သူ့အ​ဖေကတော့ လျစ်လျူရှုထားလျက်၊ သူ့အစ်ကိုကြီးကမူ သူစိမ်းတစ်ယောက်ကဲ့သို့ပင် ။ တစ်ခြားလူများက သူ့အား စိတ်ပျက်ဖွယ်လူတစ်ယောက်, ဒီနေရာတွင် ရှိမနေသင့်သည့် လူတစ်ယောက်သဖွယ် ထူးဆန်းသောမျက်လုံးများဖြင့် ကြည့်ကြသည်သာ ။

ဤနေရာတွင်ကား...သူ၏အမေမှာ သူ့အဖေနှင့် သူ့အစ်ကိုကြီး၏ အရေးကိစ္စများနှင့်သာ နေတိုင်းတွင် အလုပ်များနေတတ်ပြီး အကောင်းဆုံးဟူသည့် အရာများကိုမူ သူ့အစ်ကိုကြီးအတွက်သာ ရည်စူးထားလေ့ရှိလေ၏ ။ ဤ အိမ်ကြီးမှာ အလွန်ပင် ကြီးမား ကျယ်ဝန်းပါသော်လည်း သူ့အတွက်မူ နေရာလွတ်တစ်ခုမျှတောင် ရှိမနေသလို ခံစားရချေသည် ။ သူ့အမေဟာ ဒီကိုရောက်မလာခင်တုန်းကဆိုလျှင် သူ့အား အလွန်ပင်ဂရုစိုက်ကာ ယခုတွင်တော့ သူမသည်လည်း တစ်ခြားလူများကိုသာ ပြောင်း၍ မေတ္တာပေးကာ သူ့အား တစ်ယောက်တည်း အထီးကျန်ခိုင်းထား သည်ပင် ။ သူ့တွင် တစ်ဖြည်းဖြည်းနှင့် ပို၍ ပို၍ ဆုံးရှုံးလာသလိုမျိုး ခံစားလာရသည်...။ သူ့ကိုယ်သူ မည်သူကမှ မလိုအပ်သောလူတစ်ယောက်ဟု...။

သူဒီနေရာကို သဘောမကျတော့ပါချေ ။ သူ့အစ်ကိုကြီးဆီမှ ဘာကိုမျှ လုယူချင်စိတ်လည်း မရှိပါဘဲ ဒီအိမ်ကြီးမှ ထွက်သွားချင်စိတ် တစ်ခုသာ ရှိပါ၏ ။ ဘယ်တော့မှ နောက်တစ်ခေါက် ပြန်မလာချင် မိတော့သည်အထိ ။ ထိုစိတ်ကူးမှာ တစ်နေ့တစ်ခြား ပို၍ ကြီးထွားလာပြီး သူ၏မွေးနေ့ကို လုမိသားစု၏ အိမ်တွင် ပထမဆုံးဖြတ်သန်းရသည့်နေ့တွင်... သူ့အနေဖြင့် လုံးဝကို လွတ်မြောက်ချင်စိတ် ဖြစ်လာမိသည့်အချိန်၌ သူ့အား အမြဲလိုလို လျစ်လျူရှုထားကာ စိမ်းကားနေတတ်သည့် သူ၏ အစ်ကိုကြီးဖြစ်သူက မျက်စိရှေ့သို့ရောက်လာလေ၏ ။ သူက သူ့လက်ကို ဆုပ်ကိုင်ကာ ပြောလာသည်က__

" ကိုကြီး မင်းအတွက် ကိတ်မုန့်လုပ်ပေးရမလား? "

" ဘယ်လိုပုံလေး..လိုချင်လဲ "

" အချိုကြိုက်လား..ဒါမှမဟုတ် အနေတော်လား "

ဆယ်ကျော်သက်ကောင်လေးမှာ သူ့အား ပြုံးလျက်ပင် ကြည့်လာပါ၏ ။ အမှန်တကယ်တော့ သူက သူ့ထက် အသက်အများကြီး မကြီးပါသော်လည်း သူ့ထက် များစွာပင် ပို၍ ရင့်ကျက်ပြီး စဥ်းစားချင့်ချိန် တတ်သည် ။ သူသည် အမြဲတမ်း သူ့အစ်ကိုကြီးအား မနာလို၊အားကျခဲ့ ပါ၏ ။ လူတိုင်းက သ​ဘောကျလို့ မနာလိုသည်...အရမ်းတော်လို့ မနာလိုသည်...သူနှင့် အလွန်ကွာခြားစွာ မွေးဖွားလာလို့ မနာလိုသည်...။ ဘာလို့ ခင်ဗျားက အရမ်း ကြင်နာပြီး ကောင်းပြနေတာလဲ...ဒီအတိုင်းဆို ကျွန်တော် ခင်ဗျားကို မမုန်းနိုင်​​တော့ဘူးလေ...ကျွန်တော်က အရမ်းနိမ့်ကျနေလို့...ခင်ဗျားနဲ့ နီးကပ်ဖို့ အဆင့်မမှီသေးလို့... ကျွန်တော့်ကို ကျွန်တော်သာ မုန်းလိုက်မိ တော့တယ်...။

ထိုကိတ်မုန့်က အရသာတော့ အရမ်းမကောင်းပေ ။ သို့သော် သူပျော်ရွှင်စွာပင် စားလိုက်ပါ၏ ။ သူ့အတွက်မူ အရင်တုန်းက စာဖူးတာများထက် ပိုကောင်းသည်ပင် ။ နှစ်ဦးသားမှာ မီးဖိုချောင်ထဲတွင် အလုပ်ရှုပ်နေ​ကြပြီး နောက်တော့ ဒီကိစ္စအား ဘယ်သူ့ကိုမှ ပြန်မပြောရန် သဘောတူညီချက် လုပ်လိုက်ကြ လေ၏ ။

ထိုနေ့မှစ၍ သူ့အစ်ကိုကြီးမှာ မကြာခဏ သူ့အားလာတွေ့လေ့ရှိပြီး၊ အဖော်ပြုကစားပေးလေ့ရှိကာ သူ၏အရုပ်များကိုပင် ပေးလေ့ရှိပါ၏ ။ တစ်ယောက်ယောက်က သူ့အား အနိုင်ကျင့်လာပါလျှင် ' ဒါက ငါ့ညီလေး ' ဟု ပြောလိုက်ရန် တွန့်ဆုတ်မနေ ပေ ။ ထိုအချိန်တုန်းက သူဟာ သူ့အစ်ကိုကြီး၏ ဘေးတွင်သာ ဤကဲ့သို့ ဆက်ရှိနိုင်သရွေ့ အရမ်းကို ပြည့်စုံလှပြီဟု တွေးမိခဲ့ လေ၏ ။

ထို မတော်တဆမှု မဖြစ်ခင်အထိ...။

အကယ်၍ သူ့တွင် အမှန်တကယ်ပဲ ဆုတောင်းတစ်ခုရှိပါလျှင် ၄င်းက လွန်ခဲ့သော ဆယ်လေးနှစ်က အချိန်များကို ရပ်တန့်စေဖို့သာ ။ သို့သော် မဖြစ်နိုင်ပေ ။ လှပသော ထင်ယောင်ထင်မှား ကာလတို လေးတစ်ခုမှာ ရက်စက်သော အမှန်တရားမျက်နှာပြင်ရှေ့တွင် ဘယ်လိုမှ ဖော်ပြ၍ မထိုက်တန်ပါချေ ။

လုဆွေ့သည်ကား မျက်လုံးများကို ပြန်ဖွင့်လိုက်ပါ၏ ။ သူအတိတ်ကို ပြန်တွေးနေတာ ကြာလှပြီ ဖြစ်ရာ စိတ်ယိုင်မိသွားမှာကို မလိုချင်ပါချေ ။ အဆုံးသတ်တွင် ဒီလူက သူ့အား ဘယ်လိုမျိုး အဝေးသို့ တွန်းထုတ်ခဲ့ကြောင်း မေ့မပစ်ချင် ။

' ခင်ဗျား ကျွန်တော့်ရှေ့မှာ ကောင်းချင်ယောင် လာဆောင်ပြဖို့မလိုဘူး...ခင်ဗျား ဘယ်တုန်းကမှ ကျွန်တော့်ကို တကယ်ကရုမစိုက်ခဲ့ဘူး '

လင်းကျစ်ရန်မှာ လုဆွေ့က ဖယောင်းတိုင်မှုတ်လိုက်သည်ကိုကြည့်ရင်း သူ၏ဆုတောင်းကို သိချင်မိသော်လည်း အဲ့တာက အရေးမကြီးဘူး...။ သူက ပြင်ဆင်ထားသော မွေးနေ့လက်ဆောင်ကိုထုတ်ကာ လုဆွေ့အား ပြုံးပြပြီး ပြောလိုက်လေ၏ ။

" ဒါ မင်းအတွက် မွေးနေ့လက်ဆောင် "

၄င်းက ရိုးရှင်းသော ဖိုင်အိတ် တစ်ခုသာ ။

လုဆွေ့ကမူ သိပ်ပြီး ကရုမစိုက်ဘဲ ဖွင့်ကြည့်လိုက်ပြီးနောက် လင်းကျစ်ရန်အား မယုံကြည်နိုင်စွာဖြင့် ကြည့်လာချေ၏ ။

💜💜💜💜💜💜💜

Zawgyi.

ေက်ာက္မင္ဇယ္က မ်က္ေမွာင္ၾကဳပ္လိုက္ ၿပီး ။

" ဆီေတြ႐ႊဲေနတယ္...မင္း ပါးစပ္ကို သုတ္လိုက္ဦး "

လင္းက်စ္ရန္: ". .."

ထို႔သို႔ေျပာၿပီးေနာက္ ေက်ာက္မင္ဇယ္မွာ မတ္တပ္ထရပ္လိုက္ၿပီး သူ၏လက္ကို တစ္႐ွဴးျဖင့္ ပြတ္သုပ္ကာ ယုံၾကည္မႈ႐ွိစြာျဖင့္ ျပဳံးလိုက္ေလ၏ ။

" ဒါဆိုငါအရင္ျပန္လိုက္ေတာ့မယ္...အရမ္း တြန္းအားမေပးနဲ႔ ျပႆနာတိုင္းမွာ ေျဖ႐ွင္းခ်က္က ႐ွိၿပီးသား "

ထို႔ေနာက္ သူက တိမ္လို၊ ေလလိုပင္ အလ်င္အျမန္ ထြက္သြားေတာ့သည္ ။ လင္းက်စ္ရန္မွာကား ေက်ာက္မင္ဇယ္၏ ေက်ာျပင္အား ႐ႈပ္ေထြးေသာ အမူအရာျဖင့္သာ စိုက္ၾကည့္လိုက္ၿပီးေနာက္ တစ္႐ႈး​ျဖင့္ ပါးစပ္ကို ပြတ္သုတ္လိုက္ပါ၏ ။ ဘယ္မွာ ဆီေတြ႐ႊဲေနလို႔လဲ? ဒီေလာက္ နည္းနည္းေလးပဲ ဆိုတာ သိသာေနတာကို...

[လင္းက်စ္ရန္: ငါ့ရဲ႕ ဥကၠဌ ပုံရိပ္က အက္ေၾကာင္းတစ္ခုထင္ သြားၿပီ!]

[System: အိုး...]

..................

ရက္အနည္းငယ္ၾကာၿပီးေနာက္၊ ကုမၸဏီ၏ ကိစၥရပ္မ်ားမွာ ျပန္လည္၍ လည္ပတ္လာခဲ့ေခ်၏ ။ လူအမ်ား၏ အျမင္တြင္ လူေဆြ႕၏ အရည္အခ်င္းေၾကာင့္ အင္တာနက္ေပၚ႐ွိ သီတင္းမ်ားအား ထိန္းခ်ဳပ္ႏိုင္လိုက္ၿပီး ရပ္တန္႔ေနေသာ ပေရာဂ်က္မ်ားကို ဆက္လက္ အေကာင္အထည္ေဖာ္ လာႏိုင္ခဲ့သည္ပင္ ။ လင္းက်စ္ရန္မွာ ဤအရာအားလုံးကို ႀကိဳတင္၍ သိေနၿပီးသားျဖစ္ပါ၍ အထူးတလည္ အံ့ၾသမေနေတာ့ေပ ။ ဤသည္မွာ လုေဆြ႕က သူႏွင့္ ႐ွယ္ရာ႐ွင္မ်ားအား ျမင္ေစခ်င္ေသာအရာပင္ ျဖစ္ေလသည္ ။

အနည္းဆုံးေတာ့ ဒါက အျပင္ပိုင္းတြင္ ညီအစ္ကိုႏွစ္ေယာက္၏ ပူးေပါင္းႀကိဳးစားမႈေၾကာင့္ စိန္ေခၚမႈမ်ားကို ေအာင္ျမင္ႏိုင္သည္ဟူေသာ ရင္ထဲထိဖြယ္ ဇာတ္လမ္းတစ္ခု ျဖစ္ခဲ့သည္ပင္ ။ လင္းက်စ္ရန္မွာကား လုေဆြ႕၏ ဇာတ္ေၾကာင္းအတိုင္း အသည္းအသန္လိုက္၍ အေကာင္အထည္ေဖာ္ခ်င္စိတ္႐ွိေနသည္ကို ၾကည့္ရင္းျဖင့္ အေတာ္ေလးခံစားသြားရေခ်၏ ။

လုေဆြ႕၏ ပူေပါင္းပါဝင္မႈ ကိုၾကည့္ပါလွ်င္ ေနာက္ဆက္တြဲ ဇာတ္ေၾကာင္းမ်ားအား ျဖည့္ရန္အတြက္ အေတာ္ေလး ယုံၾကည္ခ်က္႐ွိသြားေစ ၏ ။ သူတို႔အတူတကြ ပူးေပါင္းေနသေ႐ြ႕၊ ေအာင္ျမင္ဖို႔ မည္သည့္အခက္အခဲမွ် ႐ွိမေနပါေခ် ။ ေနာက္အပတ္တြင္မူ လုေဆြ႕၏ ေမြးေန႔ပင္ျဖစ္သည္ ။ လုေဆြ႕ကတ႐ုတ္ကို ျပန္ေရာက္လာခဲ့သည္မွာ ၂လပင္ ၾကာခဲ့ေလၿပီ။ သူ႕အေနျဖင့္ လုေဆြ႕အား ေမြးေန႔ပြဲတစ္ခု က်င္းပေပး၍ အေကာင္းဆုံးလက္ေဆာင္တစ္ခုကို ေပးသင့္ေပသည္ ။

တစ္ပတ္ၾကာၿပီးေနာက္....။ လုေဆြ႕မွာကား ႐ုံးခန္းထဲတြင္ တစ္ေယာက္တည္း ထိုင္ေနလ်က္ လက္ထဲတြင္ ေဘာပင္တစ္ေခ်ာင္းကိုလွည့္ေနေလသည္။ သူ၏မ်က္ဝန္းမ်ားက ေသြးေအးကာ ဘာကိုမွ် အေလးမထားသည့္ ဟန္ပင္ ။ ၿပီးခဲ့တဲ့ လပိုင္းအတြင္း သူဟာ ကုမၸဏီ၏ လုပ္ငန္းလည္ပတ္မႈႏွင့္ပတ္သတ္၍ ေသခ်ာေလ့လာခဲ့ၿပီး ဌာနတိုင္းတြင္ သက္ဆိုင္ရာ ဝန္ထမ္းအင္အားစုမ်ားက သပ္သပ္စီ႐ွိေနကာ သူ႕အေနျဖင့္လည္း ကုမၸဏီ၏ ႐ွယ္ရာမ်ားႏွင့္ ပတ္သတ္၍ စုံစမ္းေလ့လာခဲ့ ၿပီးသားပင္ ျဖစ္ပါ၏ ။ လုက်န္းအေပၚ အျမင္မၾကည္ေသာ ႏိုင္ငံျခား႐ွိ ဘုတ္အဖြဲ႕ဝင္ဒါ႐ိုက္တာမ်ားႏွင့္လည္း ေဆြးေႏြးခဲ့ေခ်၏ ။

အရာအားလုံးက အဆင္ေျပေခ်ာေမြ႕ေနေပ၏ ။ လုက်န္းက ႐ွယ္ရာတစ္ဝက္အား လက္ကိုင္ထားတာတစ္ခုပင္ ။ ထို႔ေၾကာင့္သာ သူ၏ ေနရာအား လႈပ္ခက္ႏိုင္ရန္ ခက္ခဲေနသည္ ။ သူ၏အေဖ ေသဆုံးသြားသည့္အခ်ိန္တြင္ လုက်န္းအတြက္ အရာအားလုံးကို ခ်န္ထားေပးခဲ့၏ ။ သူ႕အေနျဖင့္လည္း ၎ကိစၥအေပၚတြက္ ဘာစိတ္မွ႐ွိမေနေပ...တကယ္ပါ...။ သူက အဲ့ဒီ လူဆီကေန ဘာကိုမွ ေမွ်ာ္လင့္ထားျခင္း မ႐ွိပါေခ် ။ ထို႔ေၾကာင့္ စိတ္လည္းမပ်က္မိသလို ေသတာေတာင္မွ ျပန္လာမေတြ႕ခဲ့ပါ ေခ် ။ ထိုစဥ္က သူတို႔ၾကားတြင္ ျပတ္သားေသာ ျဖတ္မ်ဥ္းတစ္ေၾကာင္းကို သူကိုယ္တိုင္ဆြဲကာ ထြက္သြားခဲ့သည္ပင္ ။ သို႔ေသာ္ ေနာက္ဆုံးတြင္ ဘာလို႔ျပန္လာခဲ့ရ တာပါလဲ?

လုေဆြ႕၏ မ်က္ႏွာထားက ခက္ထန္ေနလ်က္သား ။

' ဟုတ္သား...ဒီေန႔ ငါ့ေမြးေန႔ပဲ '

သို႔ေသာ္ သူ႕အေနျဖင့္ ေမြးေန႔ပြဲမလုပ္ျဖစ္သည္မွာ ႏွစ္အေတာ္ၾကာခဲ့ ေလၿပီ ။ သူ၏ မိခင္ ဆုံးသြားၿပီးကတည္းက သူ၏ေမြးေန႔အား ဘယ္သူမွ ထပ္ၿပီး မမွတ္မိၾကေတာ့ေပ ။ သူႏွင့္အတူ ေမြးေန႔ပြဲက်င္းပ ေပးေလ့႐ွိေသာ သူ၏ အစ္ကိုႀကီးျဖစ္သူမွာလည္း အခုတြင္ မ႐ွိေတာ့ပါေခ်...သူက ကမ႓ာေပၚတြင္ အေမ့ေပ်ာက္ခံ လူသားတစ္ေယာက္သာ ျဖစ္လို႔ ေန၏ ။ သူ၏ ပတ္ဝန္းက်င္တြင္ လူမ်ားစြာ႐ွိေနပါသည့္တိုင္ ဘာမွ မ႐ွိတာႏွင့္ မထူးမျခားနားသာ ။ လုေဆြ႕က ေလွာင္ျပဳံး ျပဳံးလိုက္ကာ မတ္တပ္ရပ္လိုက္ ေလ၏ ။

သူအိမ္ျပန္ေရာက္ေသာ အခ်ိန္တြင္ ညေန၇နာရီပင္ ထိုးေနၿပီ ။ အိမ္တစ္ခုလုံးမွာ အထီးက်န္ဆန္လ်က္ လူသူကင္းမဲ့ ေနသည့္အတိုင္းသာျဖစ္ေနၿပီး လုေဆြ႕မွာ ပတ္ပတ္လည္ကို တစ္ခ်က္ေဝ့ၾကည့္ လိုက္ၿပီးေနာက္ အေပၚထပ္ကိုသာတက္ရန္ ဆုံးျဖတ္လိုက္ေတာ့သည္ ။ ထိုစဥ္တြင္ မီးဖိုေခ်ာင္ဘက္မွ ႐ုတ္တရတ္ဆိုသလိုပင္ မီးမ်ားလင္းလက္ လာၿပီး လင္းက်စ္ရန္မွာ လက္ႏွစ္ဖက္ျဖင့္ ကိတ္မုန္႔ အလတ္စား တစ္လုံးကို ကိုင္လ်က္ သူ႕ဆီသို႔ ေလွ်ာက္လာကာ ႏူးညံ့စြာ ျပဳံးလိုက္ေလ၏ ။

" happy birthday ေ႐ွာင္ေဆြ႕ "

လုေဆြ႕၏ အၾကည့္စူးစူးမ်ားက တစ္ျဖည္းျဖည္းႏွင့္ ေအာက္သို႔ငုံ႔သြားကာ လက္ထဲ႐ွိ ကိတ္မုန္႔ေပၚသို႔ က်ဆင္းသြားသည့္အခ်ိန္၌မူ တစ္စုံတစ္ရာေၾကာင့္ စူး႐ွသည့္ခံစားခ်က္မ်ိဳး ျဖစ္သြားရာ မ်က္လုံးမ်ားကို ေမွးဆင္း လိုက္ပါ၏ ။

ခင္ဗ်ား...တကယ္ မွတ္မိတယ္...

လင္းက်စ္ရန္ကာ ျပဳံးလ်က္ပင္ လုေဆြ႕အား ၾကည့္လိုက္ပါ၏ ။

လုေဆြ႕ေလးမွာ အရင္တုန္းက လုမိသားစုကို ေရာက္လာခါစတြင္ နည္းနည္း ႐ွက္တတ္ၿပီး သီးသန္႔သာ ေနတတ္ေသာ္လည္း အလြန္ဥာဏ္ေကာင္းေသာ ကေလး ပင္ ျဖစ္ေလ၏ ။ သူ႕မိခင္ လက္ထပ္လိုက္ေသာ အမ်ိဳးသား၏ အိမ္သို႔လိုက္လာခဲ့ရေသာ္လည္း သူ႕ေနာက္ခံကမူ မေတာင့္တင္းပါေခ် ။ သူ႕မိခင္ကလည္း သူ႕အား လိမ္မာရန္၊ နာခံတတ္ရန္၊ ဂ်စ္တီးဂ်စ္ကန္မလုပ္ရန္၊ မ႐ိုင္းစိုင္းရန္ ႏွင့္ လုက်န္းအား မနာလိုမျဖစ္ရန္ အၿမဲလိုလို မွာၾကားေလ့ ႐ွိပါ၏ ။

လုက်န္းမွာလည္း အစပိုင္းတြင္ လုေဆြ႕ႏွင့္ အကြာအေဝးတစ္ခုတြင္သာေနခဲ့ေလ၏ ။ သူ႕အေနျဖင့္ ဤညီငယ္ေလးအား မဆန္႔က်င္ပါေသာ္လည္း သေဘာေတာ့ မက်ပါေပ ။ တကယ္တမ္း မွားသည့္လူမွာ သူ႕ဖခင္ပင္ ျဖစ္ေနပါ​ေသာေၾကာင့္ သူက အၿမဲတမ္းပင္ ပို၍ သည္းခံေပးခဲ့သည္ ။ ထိုအျပင္ ဒီကေလးမွာလည္း လုမိသားစုတြင္ ႐ွိမေနသည့္ ပုံစံမ်ိဳးပင္ ျဖစ္ေနေလသည္ ။ လုေဆြ႕၏ ေမြးေန႔ကို သိခဲ့ရျခင္းက မေတာ္တဆ တစ္ခုပင္ ျဖစ္ေနပါ၏ ။

႐ွဴးလန္န သည္ လုမိသားစုသို႔ လက္ထပ္ၿပီး ဝင္ေရာက္လာတာႏွင့္အညီ အလြန္ တာဝန္ယူမႈ႐ွိကာ သူ၏ သားထက္ပင္ လုက်န္းအေပၚ ေကာင္းေကာင္းဆက္ဆံခဲ့ေခ်၏ ။ သူမက လုက်န္း၏ ေမြးေန႔တြင္ အထူးတလည္ က်င္းပေပးကာ ေႏြးေထြးစြာအေဖာ္ျပဳေပးတတ္ၿပီး မိေထြးတစ္ေယာက္အေနျဖင့္ အေကာင္းမြန္ဆုံးျဖည့္ဆည္းေပးလ်က္ ျပင္ပ႐ွိ အတင္းအဖ်င္း မ်ားကိုပင္ ၿငိမ္သက္ေစခဲ့ပါသည္ ။ သို႔ေသာ္ သူမက သားအရင္း၏ ေမြးေန႔တြင္မူ လက္ေဆာင္မ်ားကိုသာဝယ္ေပးကာ တစ္ေယာက္တည္း ကစားခိုင္းလိုက္သည္သာ...သို႔ေသာ္ျငား လုေဆြ႕ေလးကေတာ့ ေမြးေန႔ကိတ္တစ္ခုကို လိုခ်င္မိ ေလ၏...

လုက်န္းမွာ ဒုတိယအထပ္႐ွိ လသာေဆာင္တြင္ ထိုင္လ်က္ စာအုပ္ဖတ္ေနစဥ္ ေအာက္ထပ္မွ ဆူပူသံမ်ားကို အမွတ္မထင္ ၾကားလိုက္ရေလသည္ ။ လုေဆြ႕ေလးက ႐ွဴးလန္နအား ေမြးေန႔ကိတ္တစ္ခုကိုပူဆာေန၍ လက္ေဆာင္မ်ားကိုပင္ ပစ္ထုတ္ေနေလ၏ ။ လုေဆြ႕မွာ သာမန္ေန႔ရက္မ်ားတြင္ ဘယ္လိုပဲ အလိုက္သိၿပီး လိမၼာေရးျခား႐ွိေနပါေစ...သူက ကေလးတစ္ေယာက္သာ ျဖစ္သည္ ။ သို႔ေသာ္ ႐ွဴးလန္န ကမူ လုက်န္း၏ ေက်ာင္းယူနီေဖာင္းမ်ားကို ျပင္ဆင္ေပးၿပီးေနာက္၊ ဖခင္လုႏွင့္ ညစာစားပြဲ တစ္ခုကို တက္ရဦးမည္ ျဖစ္ေသာေၾကာင့္ လုေဆြ႕ေလးအား မဆိုးဖို႔ႏွင့္ သူမကို စိတ္ပူရေအာင္မလုပ္ဖို႔ ဆူပူေနေလ၏ ။

လုက်န္းမွာ တစ္ေယာက္ထဲ က်န္ခဲ့ေသာ လုေဆြ႕ေလးကိုၾကည့္ ရင္းျဖင့္ မိမိကဲ့သို႔ အထီးက်န္ဆန္မႈအား ခံစားလိုက္ရေပရာ သူက ဘာကိုမွမေတြးေတာ့ဘဲ ေအာက္ထပ္သို႔ ဆင္းလာၿပီး ေကာင္ေလး၏ လက္ကို ဆုပ္ကိုင္လိုက္ေတာ့သည္ ။

" ကိုႀကီး မင္းအတြက္ ကိတ္မုန္႔ လုပ္ေပးရမလား "

လုက်န္း လုပ္ေသာ ကိတ္မုန္႔မ်ားက အေကာင္းႀကီးထဲသို႔မေရာက္ သည့္တိုင္ မေအာင္မျမင္ လက္ရာမ်ားဟု ဆို၍ ရသည္ ။ သို႔ေသာ္ လုေဆြ႕ေလးမွာေတာ့ ကိတ္မုန္႔စားရဖို႔အေရးကို တစ္ေန႔လုံး ေပ်ာ္႐ႊင္ေန႐ွာ၏ ။ သူက ကိတ္မုန္႔စားၿပီးပါေသာ္ အနည္းငယ္ စိုးရိမ္ေနမိျပန္ပါသည္ ။ သူ႕အေနျဖင့္ လုက်န္းကို ယခုကဲ့သို႔ ဒုကၡေပးခဲ့ေၾကာင္း သူ႕အေမသိသြားပါလွ်င္ အဆူခံရေပ ဦးမည္ ။

လုက်န္းက အေပးအယူတစ္ခု လုပ္ခဲ့ေလ၏ ။

" ဒါငါတို႔ၾကားက လွ်ိဳ႕ဝွက္ခ်က္ေနာ္...ဘယ္သူမွ သိလို႔မရဘူး "

လင္းက်စ္ရန္မွာ ဇာတ္ေၾကာင္းအား တိတ္တဆိတ္ ေတြးေတာ ေနမိေလသည္ ။ အဆုံးတြင္ေတာ့ ထိုအျဖစ္အပ်က္ေလးကပင္ လုက်န္းႏွင့္လုေဆြ႕ကို ပိုမိုရင္းႏွီးလာေစၿပီး တစ္မိုးေအာက္တြင္ အတူေနသည့္ သူစိမ္းမ်ား အျဖစ္မွ ႐ုန္းထြက္ေစခဲ့ေခ်၏ ။ ဒါမွမဟုတ္...အထီးက်န္ေသာ လူႏွစ္ေယာက္က တစ္ေယာက္ႏွင့္တစ္ေယာက္ အမွီသဟဲျပဳျခင္း ပင္ ျဖစ္ႏိုင္ေလာက္သည္ ။

လုက်န္းအတြက္မူ ထိုစဥ္တုန္း​က လုေဆြ႕မွာ အလြန္ပင္အေရးပါေသာလူ ျဖစ္ခဲ့ေသာ္လည္း လုေဆြ႕အတြက္လည္း ထိုကဲ့သို႔မျဖစ္ခဲ့,လို႔ေတာ့ မဆိုလိုသည္ မဟုတ္ပါလား...?

လင္းက်စ္ရန္က လုေဆြ႕အား ျပဳံးျပလိုက္ပါ၏ ။

" ငါလုပ္ထားတာ ၾကာလွၿပီ...မင္း စိတ္ေတာ့မပ်က္နဲ႔ ကြာ "

လုေဆြ႕က ျဖည္းညႇင္းစြာျဖင့္ လက္သီးဆုပ္လိုက္ၿပီး ညင္သာစြာ ျပဳံးလိုက္သည္ ။

" ေကာရဲ႕ လက္ရာက ဘယ္တုန္းကမွမေကာင္းဘဲ...ၾကည့္ရတာ ကြၽန္ေတာ္တစ္ေယာက္ပဲ စိတ္မပ်က္ႏိုင္တဲ့လူ ျဖစ္မယ္ထင္ပါတယ္ "

လင္းက်စ္ရန္မွာလည္း အတိတ္အေၾကာင္းကို ျပန္ေတြးလိုက္ပါ၍ မသိလိုက္မသိပါျဖင့္ သူ၏ မ်က္ဝန္းမ်ားက ႏူးညံ့သြားရၿပီး ကိတ္မုန္႔ကို စားပြဲေပၚသို႔ခ်လိုက္ကာ ေျပာလိုက္ပါ၏ ။

" ေမြ႕ေန႔ ဆုေတာင္း လုပ္ဦးမလား "

လုေဆြ႕က ခပ္ဖြဖြေလး ျပဳံးလိုက္ၿပီး ။

" အင္း "

သူက ေခါင္းငုံ႔ကာ ဖေယာင္းတိုင္မီးကို ညင္သာစြာထြန္းညႇိလိုက္သည္။

လုေဆြ႕မွာ မ်က္လုံးမွိတ္ထားလ်က္ပင္ လြန္ခဲ့ေသာႏွစ္မ်ားစြာက အျဖစ္အပ်က္မ်ားကို ျပန္၍ ျမင္ေယာင္လာေခ်၏ ။

သူက လုမိသားစုထဲသို႔ ဝင္ေရာက္လာခ်ိန္တြင္ အသက္၈ႏွစ္ ေတာင္ေရာက္လို႔ေနၿပီ ။ ထို၈ႏွစ္ မျပည့္ခင္ကမူ သူ႕တြင္ အေဖတစ္ေယာက္ သက္႐ွိထင္႐ွား ႐ွိေနေသးသည္ဟု ဘယ္တုန္းကမွ မထင္ထားမိခဲ့ေပ ။ တစ္ေန႔တြင္ သူ႕မိခင္က သူ႕အား ဇိမ္ခံအိမ္ရာႀကီးတစ္ခုသို႔ ေခၚလာၿပီး သူ႕အေဖႏွင့္ သူ႕အစ္ကိုႀကီးအား မိတ္ဆက္ေပးသည့္ အခ်ိန္ကာလ အထိေပါ့....။

အစပိုင္းတြင္ေတာ့ သူသည္ကား အလြန္ပင္ ေပ်ာ္႐ႊင္ခဲ့ရပါ၏ ။ သူ႕တြင္လည္း အျခားေသာ ကေလးမ်ားလို မိသားစုတစ္ခု႐ွိလာခဲ့ၿပီပင္ ။ သူ႕အေဖက သူ႕အား ခ်စ္ခင္ ၾကင္နာၿပီး၊ သူ႕အစ္ကိုႀကီးမွာလည္း သူႏွင့္အတူ အေဖာ္ျပဳကစားေပးလိမ့္မည္ ဟုထင္ထားခဲ့သည္ ။ သို႔ေသာ္ သိပ္မၾကာခင္မွာပင္ ဤသည္က မျဖစ္ႏိုင္ေၾကာင္း အမွန္တရားကပင္ ေျပာျပေပးခဲ့ေခ်၏ ။ သူ႕အေမက သူ႕အား နာခံမႈ႐ွိရန္၊ လိမၼာရန္ ၊ အလိုက္သိရန္၊ သူ႕အေဖႏွင့္ အစ္ကိုႀကီးတို႔အား စိတ္မကြက္ေစရန္ ၊ အစ္ကိုႀကီးဆီမွ အျမင္ေကာင္း,ေကာင္း ရရန္ စသျဖင့္ အၿမဲလိုလိုဆုံးမခဲ့ေခ်၏ ။ အကယ္၍ သူအမွားလုပ္မိလွ်င္ သူ႕အေမက ဆူပူေလ့႐ွိၿပီး သူ႕အ​ေဖကေတာ့ လ်စ္လ်ဴ႐ႈထားလ်က္၊ သူ႕အစ္ကိုႀကီးကမူ သူစိမ္းတစ္ေယာက္ကဲ့သို႔ပင္ ။ တစ္ျခားလူမ်ားက သူ႕အား စိတ္ပ်က္ဖြယ္လူတစ္ေယာက္, ဒီေနရာတြင္ ႐ွိမေနသင့္သည့္ လူတစ္ေယာက္သဖြယ္ ထူးဆန္းေသာမ်က္လုံးမ်ားျဖင့္ ၾကည့္ၾကသည္သာ ။

ဤေနရာတြင္ကား...သူ၏အေမမွာ သူ႕အေဖႏွင့္ သူ႕အစ္ကိုႀကီး၏ အေရးကိစၥမ်ားႏွင့္သာ ေနတိုင္းတြင္ အလုပ္မ်ားေနတတ္ၿပီး အေကာင္းဆုံးဟူသည့္ အရာမ်ားကိုမူ သူ႕အစ္ကိုႀကီးအတြက္သာ ရည္စူးထားေလ့႐ွိေလ၏ ။ ဤ အိမ္ႀကီးမွာ အလြန္ပင္ ႀကီးမား က်ယ္ဝန္းပါေသာ္လည္း သူ႕အတြက္မူ ေနရာလြတ္တစ္ခုမွ်ေတာင္ ႐ွိမေနသလို ခံစားရေခ်သည္ ။ သူ႕အေမဟာ ဒီကိုေရာက္မလာခင္တုန္းကဆိုလွ်င္ သူ႕အား အလြန္ပင္ဂ႐ုစိုက္ကာ ယခုတြင္ေတာ့ သူမသည္လည္း တစ္ျခားလူမ်ားကိုသာ ေျပာင္း၍ ေမတၱာေပးကာ သူ႕အား တစ္ေယာက္တည္း အထီးက်န္ခိုင္းထား သည္ပင္ ။ သူ႕တြင္ တစ္ျဖည္းျဖည္းႏွင့္ ပို၍ ပို၍ ဆုံး႐ႈံးလာသလိုမ်ိဳး ခံစားလာရသည္...။ သူ႕ကိုယ္သူ မည္သူကမွ မလိုအပ္ေသာလူတစ္ေယာက္ဟု...။

သူဒီေနရာကို သေဘာမက်ေတာ့ပါေခ် ။ သူ႕အစ္ကိုႀကီးဆီမွ ဘာကိုမွ် လုယူခ်င္စိတ္လည္း မ႐ွိပါဘဲ ဒီအိမ္ႀကီးမွ ထြက္သြားခ်င္စိတ္ တစ္ခုသာ ႐ွိပါ၏ ။ ဘယ္ေတာ့မွ ေနာက္တစ္ေခါက္ ျပန္မလာခ်င္ မိေတာ့သည္အထိ ။ ထိုစိတ္ကူးမွာ တစ္ေန႔တစ္ျခား ပို၍ ႀကီးထြားလာၿပီး သူ၏ေမြးေန႔ကို လုမိသားစု၏ အိမ္တြင္ ပထမဆုံးျဖတ္သန္းရသည့္ေန႔တြင္... သူ႕အေနျဖင့္ လုံးဝကို လြတ္ေျမာက္ခ်င္စိတ္ ျဖစ္လာမိသည့္အခ်ိန္၌ သူ႕အား အၿမဲလိုလို လ်စ္လ်ဴ႐ႈထားကာ စိမ္းကားေနတတ္သည့္ သူ၏ အစ္ကိုႀကီးျဖစ္သူက မ်က္စိေ႐ွ႕သို႔ေရာက္လာေလ၏ ။ သူက သူ႕လက္ကို ဆုပ္ကိုင္ကာ ေျပာလာသည္က__

" ကိုႀကီး မင္းအတြက္ ကိတ္မုန္႔လုပ္ေပးရမလား? "

" ဘယ္လိုပုံေလး..လိုခ်င္လဲ "

" အခ်ိဳႀကိဳက္လား..ဒါမွမဟုတ္ အေနေတာ္လား "

ဆယ္ေက်ာ္သက္ေကာင္ေလးမွာ သူ႕အား ျပဳံးလ်က္ပင္ ၾကည့္လာပါ၏ ။ အမွန္တကယ္ေတာ့ သူက သူ႕ထက္ အသက္အမ်ားႀကီး မႀကီးပါေသာ္လည္း သူ႕ထက္ မ်ားစြာပင္ ပို၍ ရင့္က်က္ၿပီး စဥ္းစားခ်င့္ခ်ိန္ တတ္သည္ ။ သူသည္ အၿမဲတမ္း သူ႕အစ္ကိုႀကီးအား မနာလို၊အားက်ခဲ့ ပါ၏ ။ လူတိုင္းက သ​ေဘာက်လို႔ မနာလိုသည္...အရမ္းေတာ္လို႔ မနာလိုသည္...သူႏွင့္ အလြန္ကြာျခားစြာ ေမြးဖြားလာလို႔ မနာလိုသည္...။ ဘာလို႔ ခင္ဗ်ားက အရမ္း ၾကင္နာၿပီး ေကာင္းျပေနတာလဲ...ဒီအတိုင္းဆို ကြၽန္ေတာ္ ခင္ဗ်ားကို မမုန္းႏိုင္​​ေတာ့ဘူးေလ...ကြၽန္ေတာ္က အရမ္းနိမ့္က်ေနလို႔...ခင္ဗ်ားနဲ႔ နီးကပ္ဖို႔ အဆင့္မမွီေသးလို႔... ကြၽန္ေတာ္႕ကို ကြၽန္ေတာ္သာ မုန္းလိုက္မိ ေတာ့တယ္...။

ထိုကိတ္မုန္႔က အရသာေတာ့ အရမ္းမေကာင္းေပ ။ သို႔ေသာ္ သူေပ်ာ္႐ႊင္စြာပင္ စားလိုက္ပါ၏ ။ သူ႕အတြက္မူ အရင္တုန္းက စာဖူးတာမ်ားထက္ ပိုေကာင္းသည္ပင္ ။ ႏွစ္ဦးသားမွာ မီးဖိုေခ်ာင္ထဲတြင္ အလုပ္႐ႈပ္ေန​ၾကၿပီး ေနာက္ေတာ့ ဒီကိစၥအား ဘယ္သူ႕ကိုမွ ျပန္မေျပာရန္ သေဘာတူညီခ်က္ လုပ္လိုက္ၾက ေလ၏ ။

ထိုေန႔မွစ၍ သူ႕အစ္ကိုႀကီးမွာ မၾကာခဏ သူ႕အားလာေတြ႕ေလ့႐ွိၿပီး၊ အေဖာ္ျပဳကစားေပးေလ့႐ွိကာ သူ၏အ႐ုပ္မ်ားကိုပင္ ေပးေလ့႐ွိပါ၏ ။ တစ္ေယာက္ေယာက္က သူ႕အား အႏိုင္က်င့္လာပါလွ်င္ ' ဒါက ငါ့ညီေလး ' ဟု ေျပာလိုက္ရန္ တြန္႔ဆုတ္မေန ေပ ။ ထိုအခ်ိန္တုန္းက သူဟာ သူ႕အစ္ကိုႀကီး၏ ေဘးတြင္သာ ဤကဲ့သို႔ ဆက္႐ွိႏိုင္သေ႐ြ႕ အရမ္းကို ျပည့္စုံလွၿပီဟု ေတြးမိခဲ့ ေလ၏ ။

ထို မေတာ္တဆမႈ မျဖစ္ခင္အထိ...။

အကယ္၍ သူ႕တြင္ အမွန္တကယ္ပဲ ဆုေတာင္းတစ္ခု႐ွိပါလွ်င္ ၎က လြန္ခဲ့ေသာ ဆယ္ေလးႏွစ္က အခ်ိန္မ်ားကို ရပ္တန္႔ေစဖို႔သာ ။ သို႔ေသာ္ မျဖစ္ႏိုင္ေပ ။ လွပေသာ ထင္ေယာင္ထင္မွား ကာလတို ေလးတစ္ခုမွာ ရက္စက္ေသာ အမွန္တရားမ်က္ႏွာျပင္ေ႐ွ႕တြင္ ဘယ္လိုမွ ေဖာ္ျပ၍ မထိုက္တန္ပါေခ် ။

လုေဆြ႕သည္ကား မ်က္လုံးမ်ားကို ျပန္ဖြင့္လိုက္ပါ၏ ။ သူအတိတ္ကို ျပန္ေတြးေနတာ ၾကာလွၿပီ ျဖစ္ရာ စိတ္ယိုင္မိသြားမွာကို မလိုခ်င္ပါေခ် ။ အဆုံးသတ္တြင္ ဒီလူက သူ႕အား ဘယ္လိုမ်ိဳး အေဝးသို႔ တြန္းထုတ္ခဲ့ေၾကာင္း ေမ့မပစ္ခ်င္ ။

' ခင္ဗ်ား ကြၽန္ေတာ္႕ေ႐ွ႕မွာ ေကာင္းခ်င္ေယာင္ လာေဆာင္ျပဖို႔မလိုဘူး...ခင္ဗ်ား ဘယ္တုန္းကမွ ကြၽန္ေတာ္႕ကို တကယ္က႐ုမစိုက္ခဲ့ဘူး '

လင္းက်စ္ရန္မွာ လုေဆြ႕က ဖေယာင္းတိုင္မႈတ္လိုက္သည္ကိုၾကည့္ရင္း သူ၏ဆုေတာင္းကို သိခ်င္မိေသာ္လည္း အဲ့တာက အေရးမႀကီးဘူး...။ သူက ျပင္ဆင္ထားေသာ ေမြးေန႔လက္ေဆာင္ကိုထုတ္ကာ လုေဆြ႕အား ျပဳံးျပၿပီး ေျပာလိုက္ေလ၏ ။

" ဒါ မင္းအတြက္ ေမြးေန႔လက္ေဆာင္ "

၎က ႐ိုး႐ွင္းေသာ ဖိုင္အိတ္ တစ္ခုသာ ။

လုေဆြ႕ကမူ သိပ္ၿပီး က႐ုမစိုက္ဘဲ ဖြင့္ၾကည့္လိုက္ၿပီးေနာက္ လင္းက်စ္ရန္အား မယုံၾကည္ႏိုင္စြာျဖင့္ ၾကည့္လာေခ်၏ ။

💜💜💜💜💜💜💜

Continue Reading

You'll Also Like

1.6M 205K 163
အမျိုးသားကိုယ်ဝန်ဆောင် "ကော"များပါဝင်သည်။ အမ်ိဳးသားကိုယ္ဝန္ေဆာင္ "ေကာ"မ်ားပါဝင္သည္။
240K 27.4K 78
Author. - Ye Yilou English translator. - Yuel-23 Status - Complete Genre . - Fanta...
383K 27.1K 43
မိုက်ကယ်အာဒန်မင်လုချက်စ် ညိုမင်းမို 21.7.2023 9:20 PM.
917K 68.5K 109
"host ရဲ့တာဝန်ကဇာတ်လိုက်ကိုကယ်တင်ပေးရမှာပါ" "ငါကဘာလို့လဲ!" "host ရဲ႕တာဝန္ကဇာတ္လိုက္ကိုကယ္တင္ေပးရမွာပါ" "ငါကဘာလို႔လဲ!" Start Date -27.7.2022 End Date...