ဒီတစ်ခါလည်းဇာတ်လမ်းသွေဖည်သွား...

De Dilly_Dally20

484K 69.4K 2.6K

Just a fan translation. Eng name- Did the affectionate love interest collapse today. cover pic from pintere... Mais

Synopsis
Arc(1): အပိုင်း(၁)
အပိုင်း(၂)
အပိုင်း(၃.၁)
အပိုင်း(၃.၂)
အပိုင်း(၄.၁)
အပိုင်း(၄.၂)
အပိုင်း(၅.၁)
အပိုင်း(၅.၂)
အပိုင်း(၆.၁)
အပိုင်း(၆.၂)
အပိုင်း(၇.၁)
အပိုင်း(၇.၂)
အပိုင်း(၈.၁)
အပိုင်း(၈.၂)
အပိုင်း(၉.၁)
အပိုင်း(၉.၂)
အပိုင်း(၁၀.၂)
အပိုင်း(၁၁.၁)
အပိုင်း(၁၁.၂)
အပိုင်း(၁၂.၁)
အပိုင်း(၁၂.၂)
အပိုင်း(၁၃.၁)
အပိုင်း(၁၃.၂)
အပိုင်း(၁၄.၁)
အပိုင်း(၁၄.၂)
အပိုင်း(၁၅.၁)
အပိုင်း(၁၅.၂)
အပိုင်း(၁၆.၁)
အပိုင်း(၁၆.၂)
အပိုင်း(၁၇.၁)
အပိုင်း(၁၇.၂)
အပိုင်း (၁၈)
အပိုင်း(၁၉)
အပိုင်း(၂၀)
Arc(2) အပိုင်း(၂၁.၁)
အပိုင်း(၂၁.၂)
အပိုင်း(၂၁.၃)
အပိုင်း(၂၂.၁)
အပိုင်း(၂၂.၂)
အပိုင်း(၂၃.၁)
အပိုင်း(၂၃.၂)
အပိုင်း(၂၄.၁)
အပိုင်း(၂၄.၂)
အပိုင်း(၂၄.၃)
အပိုင်း(၂၅.၁)
အပိုင်း(၂၅.၂)
အပိုင်း(၂၅.၃)
အပိုင်း(၂၆.၁)
အပိုင်း(၂၆.၂)
အပိုင်း(၂၆.၃)
အပိုင်း(၂၇.၁)
အပိုင်း(၂၇.၂)
အပိုင်း(၂၇.၃)
အပိုင်း(၂၈.၁)
အပိုင်း(၂၈.၂)
အပိုင်း(၂၉.၁)
အပိုင်း(၂၉.၂)
အပိုင်း(၃၀.၁)
အပိုင်း(၃၀.၂)
အပိုင်း(၃၁.၁)
အပိုင်း(၃၁.၂)
အပိုင်း(၃၂.၁)
အပိုင်း(၃၂.၂)
အပိုင်း(၃၃.၁)
အပိုင်း(၃၃.၂)
အပိုင်း(၃၃.၃)
အပိုင်း(၃၄.၁)
အပိုင်း(၃၄.၂)
အပိုင်း(၃၄.၃)
အပိုင်း(၃၅.၁)
အပိုင်း(၃၅.၂)
အပိုင်း(၃၅.၃)
အပိုင်း(၃၆.၁)
အပိုင်း(၃၆.၂)
အပိုင်း(၃၆.၃)
အပိုင်း(၃၇.၁)
အပိုင်း (၃၇.၂)
အပိုင်း(၃၇.၃)
အပိုင်း(၃၈.၁)
အပိုင်း(၃၈.၂)
အပိုင်း(၃၈.၃)
အပိုင်း(၃၉.၁)
အပိုင်း(၃၉.၂)
အပိုင်း(၃၉.၃)
အပိုင်း(၄၀.၁)
အပိုင်း(၄၀.၂)
အပိုင်း(၄၀.၃)
အပိုင်း(၄၁.၁)
အပိုင်း(၄၁.၂)
အပိုင်း(၄၁.၃)
အပိုင်း(၄၂.၁)
အပိုင်း(၄၂.၂)
အပိုင်း(၄၂.၃)
အပိုင်း(၄၃.၁)
အပိုင်း(၄၃.၂)
အပိုင်း(၄၃.၃)
အပိုင်း(၄၄.၁)
အပိုင်း(၄၄.၂)
အပိုင်း(၄၄.၃-Final Episode)

အပိုင်း(၁၀.၁)

6.5K 990 40
De Dilly_Dally20

Unicode.

လင်းကျစ်ရန်မှာ ဒေါသထွက်ချင်ယောင်ဆောင်ကာ ကျောက်မင်ဇယ်၏အိမ်မှ ထွက်လာခဲ့ပြီးနောက် လမ်းလျှောက်နေရင်းဖြင့် နောက်တစ်ဆင့်တွင် ဆက်လုပ်ရမည့်အကြောင်းအရာများကို စဥ်းစားခန်းဖွင့် နေလေ၏ ။ ဤကမ္ဘာတွင်ကား အဓိကဇာတ်ကြောင်းမှာ ၂ခုသာရှိချေသည် ။ ပထမတစ်ခုက လုဆွေ့နှင့် ဝမ်းယွီကြားရှိ ဆက်ဆံရေးဖြစ်ပြီး နောက်တစ်ခုကမူ လုဆွေ့၏ လုကျန်းအားလက်စားခြေခြင်း ဟူသော ကဏ္ဍပင် ဖြစ်ပါ၏ ။

လုဆွေ့နှင့် ဝမ်းယွီ၏ relationshipမှာကား လမ်းကြောင်းပေါ်၌သာရပ်တန့်လို့နေသေးပါသော်လည်း လုဆွေ့ကမူ လက်စားခြေခြင်းအား အလျော့မပေးနိုင်သည့်သဘောဖြင့် ဝမ်းယွီကို အဆက်မပြတ်နှောက်ယှက် နေသည်ပင် ။ ထို့ကြောင့် ဇာတ်ကြောင်းအတိုင်းလိုက်ကာ လုဆွေ့အား အောင်မြင်စွာလက်စားချေခွင့် ပေးလိုက်ပါလျှင် ဇာတ်လမ်းသွေဖယ်မှုအား ပြန်၍ ကယ်ဆယ်နိုင်လိမ့်မည် ။ ဤကဲ့သို့တွေးရင်းဖြင့် လင်းကျစ်ရန်မှာ အားတက်လာရ ချေ၏ ။

..................

လုဆွေ့သည်ကား စည်းပွားရေးခရီးတိုမှ အလျင်အမြန်ပင် ပြန်လာခဲ့လိုက်၏ ။ ဝမ်းယွီ၏ ဖုန်းထဲကစကားများအရဆိုလျှင် အခုအချိန်၌ လင်းကျစ်ရန်မှာသူ့အား မည်သို့ မျက်နှာချင်းဆိုင်လိမ့်မည်ကို သိချင်မိပါသေးသည် ။ ဒီတစ်ခါတွင် ဝမ်းယွီတစ်ယောက် ဘယ်လို ဆင်ခြေများကိုပေးလိုက်မှန်းတော့ သူမသိပါချေ ။

လင်းကျစ်ရန်က လုဆွေ့အားတစ်ချက်ကြည့်လိုက်ပြီးနောက် ယခုချိန်တွင်မူ ဘာကိစ္စကိုမှ ရှင်းလင်းခန်းဖွင့်ရန် စိတ်ကူးမရှိသေး သည်ပင် ။ မူလဇာတ်ကြောင်းအရဆိုလျှင် ဝမ်းယွီက သူ့အား လမ်းခွဲရန် တောင်းဆိုနေပြီ ဖြစ်ကာ သူကလည်း အတင်းအကျပ် တောင်းပန်၍ အဆင်ပြေအောင် ​ကြိုးစားနေရသည့် အချိန်ပင် ဖြစ်၏ ။ အခုတွင်မူ ဝမ်းယွီနှင့် လမ်းမခွဲရသေးသလို လမ်းခွဲမည့် စကားကိုတောင်မှ မပြောရသေးပေရာ ထိုအကြောင်းအား လုဆွေ့ရှေ့တွင် ထုတ်ပြောရန် မည့်သည့်အကြောင်းပြချက်မျှ မရှိသေးပါချေ။ ထိုသို့ အကုန်အစင်မေးလိုက်ပါက လုဆွေ့ဇာတ်ကောင်အား လမ်းပျောက်သွားစေနိုင် သည်မဟုတ်ပါလား?

အကယ်၍ သူသိနေလျှင်တောင် လု​ဆွေ့ရှေ့တွင် ထုတ်မပြောပါက အနည်းဆုံးတော့ တစ်ယောက်နှင့်တစ်ယောက် မျက်နှာမပျက် သေးပါပေ။

လင်းကျစ်ရန်က လုဆွေ့အား အတွေးများနှင့် မေးလိုက်လေ၏။

" မင်းဒီရက်ပိုင်းအတွင်း အရမ်းကြိုးစားနေတယ်ဆိုတာငါသိပါတယ်..အခက်အခဲရှိရင် ငါ့ကို ပြောရမယ်နော် "

လုဆွေ့က လင်းကျစ်ရန်၏ ကြင်နာပြီးဂရုစိုက်ဟန် ရှိသော မျက်ဝန်းများကို ကြည့်လိုက်လေ၏။

' ထူးဆန်းလိုက်တာ...ဝမ်းယွီက ဘယ်လို ဖြေရှင်းချက်တွေများပေးလိုက်လို့ ကျွန်တော်နဲ့ မျက်နှာချင်းဆိုင်ရတာတောင် ဘယ်လိုမှမနေတာလဲ...ကျွန်တော့်ကိုတောင် ကရုစိုက်​ပေးနိုင် သေးတယ်... အမြဲတမ်း သူတော်ကောင်းယောင် ဆောင်နေတော့တာပဲ... '

လုဆွေ့က ပြုံးကာ။

" ကျွန်တော် အဆင်ပြေပါတယ် "

သူက ဝမ်းယွီအား ပျော့ပျော့လေးနှင့်နံသည့်ကြောင်ချေး ကောင်ဟု အသံတိတ်ဆဲရေးလိုက်ချေ၏ ။ လောလောဆယ်တွင်တော့ ဒီကိစ္စအား ခဏမေ့ထားသင့်သည် ဖြစ်ပြီး သူပြန်လာရသည့်အကြောင်းအရင်းမှာလည်း သက်သက်ရှိနေသေး သည်ပင် ။

..................

လင်းကျစ်ရန်မှာကား သူ၏ ရုံးသွား၊ရုံးပြန် ဥက္ကဌ အလုပ်မှာ ပြန်လည်၍ စတင်လာချေ၏ ။ သူ၏ အလုပ်များကို လုဆွေ့အား လွှဲပြောင်းပေးလိုက်ပြီးနောက် အတော်လေးဝန်ပေါ့သွားရကာ လုဆွေ့ကိုလည်း ' သူ၏ အရည်အချင်းအား အကဲဖြတ်ခြင်း ' ဟူသည့် ခေါင်းစဥ် အောက်သို့ ထိုးသွင်းထားလိုက်လေ၏ ။ လုပ်စရာ ထွေထူး မရှိသည့် သူ့အနေဖြင့်ကား နေ့ရက်များက အနည်းငယ်တော့ ပျင်းစရာကောင်းလှသည် ။ ဝမ်းယွီ၏ ဇာတ်ကားများကို ကြည့်လိုက် တစ်ခြား ဇာတ်လမ်းတွဲများကို ကြည့်လိုက်ဖြင့်သာ အချိန်ဖြုန်းနေရ လေ၏ ။

တစ်နေ့ပြီးတစ်နေ့က လျင်မြန်စွာပင် ကုန်လွန်ခဲ့၏ ။ တစ်နေ့တွင် လင်းကျစ်ရန်မှာ ဖုန်းပွတ်နေရင်းဖြင့် သူ၏ ကိုယ်ပိုင်အတင်းအဖျင်းသတင်းများကို ဖတ်ရှုနေရလေသည် ။ တစ်ယောက်ယောက်က သူတို့ကုမ္ပဏီ၏ ဟိုတယ်အခန်းများအား ဓာတ်ပုံရိုက်ယူကာ ဟိုတယ်၏ သန့်ရှင်းစနစ်က ဆိုးဝါးကြောင်း၊ ထို့အပြင် ဖုံးကွယ်ထားသော ဝိုးတိုးဝါးတား ဓာတ်ပုံများနှင့်အတူ စီမံခန့်ခွဲမှုစနစ်မှာ ညံ့ဖျင်းကြောင်း ပျစ်ပျစ်နှစ်နှစ်ကို ဝေဖန်ထားလေရာ ဆိုရှယ်မီဒီယာ ပေါ်တွင် ၄င်းသတင်းများက ပွက်လောရိုက် နေချေ၏။ ဆယ်လီနှင့် ဘလော့ဂါ များမှာလည်း ဝေဖန်မှုများလုပ်လေရာ မီးတောက်ထဲသို့ ဓာတ်ဆီလောင်းသကဲ့သို့ပင် ပြဿနာအား ပို၍ ကြီးထွားစေကာ ကုမ္ပဏီ၏ စတော့စျေးကွက်မှာကား ရုတ်ခြည်းဆိုသလို ထိုးကျသွားလေသည် ။

လင်းကျစ်ရန်မှာ ချက်ချင်းပင် တက်ကြွသွားလေ၏။ သူက ဇာတ်ကြောင်းကို သိထားပြီးသားပင် ။ တကယ်တော့ ဒီကိစ္စက လုဆွေ့ စီစဥ်ထားခြင်းသာ ။ လုကျန်းအား ဖိနှိပ်နိုင်ရန်နှင့် ကုမ္ပဏီကို လျင်မြန်စွာ ထိန်းချုပ်နိုင်ရန် ဤကဲ့သို့ အသရေပျက်စေသော ကလိန်ကကျစ်အကွက် များကို ထုတ်သုံးရန် ဝန်လေးနေမည် မဟုတ်ပါချေ ။ လုဆွေ့မှာ ကုမ္ပဏီ၏ အ​ခြားသောရှယ်ရာရှင် များနှင့် တိတ်တဆိတ် ညှိနှိုင်းထားပြီးဖြစ်ရာ သူ့လက်ထဲတွင် ပူးပေါင်းထားသော ရှယ်ရာ ပမာဏက ကုမ္ပဏီတွင် အတော်လေးကို သြဇာ သက်ရောက်မှုရှိနေပြီပင် ။ သို့သော် ယခုကိစ္စတွင်မူ လုကျန်းအနေဖြင့် ကြိုတင်ပြင်ဆင်ထားခြင်း မရှိပါပဲ ရုန်းရင်းဆန်ခတ် အခြေအနေကြားသို့ ရုတ်တရတ် ရောက်ရှိလာလေရာ သူ့အနေဖြင့် စိတ်ဓာတ်ကျခြင်းနှင့်အတူ လုဆွေ့အား အားကိုးသည့်သဘောဖြင့် ဤကိစ္စကို တာဝန်ယူခိုင်းလိုက်လေ၏ ။ သူက လုဆွေ့ကို အလွန်ပင် ယုံကြည်လွန်းသည်ပင် ။

လင်းကျစ်ရန်မှာ လုဆွေ့အား ချက်ချင်းဖုန်းခေါ်လိုက်ပြီး သူ၏ရုံးခန်းသို့ လာရန် ပြောလိုက်သည်။ လုဆွေ့သည်လည်း ချက်ချင်းပင် ရောက်လာချေ၏ ။

" ကော..ဘာကိစ္စရှိလို့လဲ "

လင်းကျစ်ရန်က စိတ်ထဲတွင်တွေးလိုက်​လေ၏ ။ ' ကောင်ဆိုးလေး ' သို့သော် မျက်နှာထက်တွင်တော့ စိုးရိမ်နေသည့်အမူအရာအား တပ်ဆင်ထားပါလျက် ပြောလိုက်လေ၏ ။

" မင်း လိုင်းပေါ်က သတင်းတွေကို မြင်ပြီးပြီလား? " ပြောရင်း ဆိုရင်းဖြင့် သူက ဖုန်းကိုယူ၍ လုဆွေ့အား ကမ်းပေး လိုက်ချေ၏ ။

လုဆွေ့က ၄င်းကို ကြည့်ပြီးနောက် သူ၏အမူအရာမှာ ချက်ချင်းပင် ပျက်ယွင်းသွားရလေသည် ။ လင်းကျစ်ရန်က မျက်မှောင်ကြုပ် လိုက်၏ ။

" ငါတို့ ဒီကိစ္စကို မြန်မြန်ရှင်းသင့်တယ်...ငါမင်းကို ယုံလို့ရတယ်မို့လား? "

လုဆွေ့က ပြန်ဖြေ၏ ။

" စိတ်မပူပါနဲ့...ကျွန်တော် ဖြေရှင်းလိုက်ပါ့မယ် "

လင်းကျစ်ရန်မှာက သူ၏ အဖြေကိုကြားသော် စိတ်ကျေနပ်သွားကာ ပြုံးလိုက်ပါ၏ ။

" မင်းပြန်လာတာက..ငါ့အတွက် အရမ်းအားကိုးရတယ် "

လုဆွေ့၏ နှုတ်ခမ်းထောင့်များက ကော့တက်သွားလျက်သား ။

" ကျွန်တော် မရှိရင်တောင် ကော အတွက် ဒီလို အသေးအဖွဲ ပြဿနာလေးတွေကို ကိုင်တွယ်ဖို့က ဘာမှခက်မနေဘဲ...ကောကို ကူညီဖို့က ကျွန်တော့်ရဲ့ တာဝန်ပါ "

လင်းကျစ်ရန်မှာကား စိတ်ထိခိုက် သောအမူအရာကို လုပ်ယူလိုက်ချေ၏ ။

လုဆွေ့အား အလုပ်ပေးပြီးပါသော် သူ့ကို ပြန်လွှတ်လိုက်လေပြီး ကွန်ပြူတာကိုဖွင့်ကာ သတင်းများကို ဆက်လက်ဖတ်ရှုနေလိုက် ပါ၏ ။ ဒါက အခုမှ အစပင် ရှိပါသေးသည် ။

..................

လုဆွေ့သည်ကား နိုင်ငံခြားတွင် အလကားသက်သက်အချိန်ဖြုန်းနေခြင်း မဟုတ်ပေ ။ အဆက်အသွယ်ကောင်းများ ရလာခဲ့သည့်အပြင် တရုတ်ပြည်ရှိ အဆက်အသွယ်များနှင့်လည်း ပြတ်တောက်မသွား ခဲ့ပေ ။ ဇာတ်ညွှန်းထဲ တွင် လုဆွေ့က ဘယ်လိုမျိုး ကြိုးစားခဲ့သည့်အကြောင်း ထည့်သွင်းမထားပါသော်လည်း သူ့တွင် အရည်အချင်းကောင်းများက သေချာပေါက်ရှိနေလိမ့်မည် ။ တစ်နည်းအားဖြင့် ထိုအရာများကပင် လုကျန်းအား ကမောက်ကမ ဖြစ်စေ လိမ့်မည် ။

ကာစတန်မာများနှင့် စပ်လျဥ်းသော ပြဿနာ တစ်ရပ်က ဖြစ်ပေါ်လာခဲ့သည်နှင့် ကုမ္ပဏီ၏ ပရောဂျက်အသစ်ဖြစ်သည့် ဟိုတယ်အသစ်ဆောက်လုပ်မည့် ကဏ္ဍမှာလည်း မူလကမှန်းဆထားသည့် ဆောက်လုပ်ရေးကာလထက် ပို၍ပင် ကြန့်ကြာ လာပြီး နေ့ရက်တိုင်းတွင် စီးပွားရေးဆိုင်ရာ ဆုံးရှုံးမှုများက ဆက်တိုက် ဖြစ်ပေါ်လာချေ၏ ။

၄င်း သတင်းခေါင်းစဥ်မှာကား အင်တာနက်ပေါ်တွင် အုံကြွနေစဲပင်ဖြစ်ချေပြီး ကုမ္ပဏီဘက်မှ ​ချေပ,စာ တင်ခဲ့သော်ငြား လူအများကတော့ ၄င်းကို အလွယ်တကူ မယုံကြည်ပေးနိုင်ကြပါချေ ။ ပြိုင်ဘက်ကုမ္ပဏီများကလည်း သူတို့ ဒုက္ခရောက်နေသည်ကို ကူညီဖို့နေနေသာသာ ဝမ်းသာအားရပင် ထိုင်ကြည့်နေကြသေး ပေ၏ ။ ယခုအချိန်၌မူ လူတိုင်းက ကြမ်းတမ်းသော စကားများဖြင့် ဆဲရေး၊ ကျိန်ဆဲ နေကြစမြဲသာ ။

ထို့အပြင်၊ ဤနှစ်များထဲတွင် ကုမ္ပဏီ၏ ပြန်လည်ဖွဲ့စည်းပုံက သေချာ စီမံထားခြင်းမရှိသေးပေရာ များစွာသော ပြဿနာများက အလုံးအရင်းပင် ဝင်ရောက်လာချေ၏ ။ ဤနှစ်၏ လုပ်ငန်းဆောင်တာများ မှာလည်း ကျေနပ်ဖွယ်ရာမရှိ ။ အဆင်မပြေမှုများကြားတွင် ဟိုတယ် တစ်ချို့အား ရောင်းထုတ်ရန်ပင် တွေးဆမိသည်အထိပင် ။ လုဆွေ့၏ စနက်ကြောင့် ပြည်ပရှိ ဒါရိုက်တာတစ်ချို့ မှာလည်း လင်းကျစ်ရန်ကို အမြင်မကြည်ဖြစ် လာကြချေသည် ။ လင်းကျစ်ရန်မှာကား ထိုအရာများကို စိတ်ထဲပင် မထည့်ဘဲ လျစ်လျူရှု ထားလိုက်သည်ပင် ။ ကုမ္ပဏီက ဒေဝါလီ ခံသွားရလျှင်တောင် သူ့ကိစ္စ မဟုတ်ပါချေ ။ အရာအားလုံးသည်က လုဆွေ့၏ လုကျန်းအား ဖယ်ထုတ်ပစ်မည့် အစီအစဥ် အောက်တွင် ဖြစ်ပျက်နေသည်သာ ။ လုဆွေ့အနေဖြင့် လုကျန်းအား ဖယ်ရှားပစ်ရန် အခွင့်အရေးဖန်တီး​ပြီးသည့်နောက်တွင် အခြေအနေကို ပြန်၍ ပြင်စဥ်ရန် နည်းလမ်းတစ်ခုကို သဘာဝကျကျ စဥ်းစားထားပြီးသားပင် ဖြစ်ကာ ပြဿနာက ယာယီမျှ သာဖြစ်ပါ၏ ။

လုကျန်းမှာကား စိတ်ထဲတွင် သဘောမတူပါသော်လည်း ကုမ္ပဏီကို သူ၏ ကိုယ်ပိုင်အလုပ်တစ်ခုအဖြစ်မှတ်ယူထားခဲ့လေ၏ ။ သူ့ဖခင်က အမွေပေးခဲ့သည့်အချိန်မှစ၍ သူဟာ နှစ်အတော်ကြာအောင်အထိ ကြိုးစားပြီး လုပ်ကိုင်ခဲ့ချေသည် ။ ဒီတစ်ခါတွင်လည်း ကုမ္ပဏီက ပြဿနာတက်နေပါသဖြင့် စိတ်ဖီစီးကာ အလုပ်ကြိုးစားသည့် ဇာတ်ရုပ်အတိုင်း သရုပ်ဆောင်ပေးရဦးမည် ။ ထို့ကြောင့် လင်းကျစ်ရန်မှာ အချိန်ပို စတင်ဆင်း တော့လေသည် ။ ဥက္ကဌရုံးခန်းမှာကား ညလယ်ပိုင်းအထိပင် မီးလင်းနေလျက်သား ။ လင်းကျစ်ရန်သည်ကား ရုံးခန်းထဲတွင် ဇာတ်ကားကြည့်လိုက်၊ ဖုန်းပွတ်လိုက်ဖြင့် သာယာနေလေ၏ ။ ညလယ်စာ အချိုပွဲလေးများပါရင်တော့ ပိုတောင်ကောင်းဦးမှာ...

ထိုကဲ့သို့ တွေးနေစဥ်တွင် ရုံခန်းတံခါးဆီမှ တံခါးခေါက်သံတစ်စ ထွက်ပေါ်လာချေ၏ ။ လင်းကျစ်ရန်မှာ ထိုင်ခုံပေါ်မှ ထခုန်မိတော့ မလိုပင် ဖြစ်သွားရချေပြီး စိတ်ပူပန်စွာဖြင့် နာရီကိုတစ်ချက်ကြည့်လိုက် လေ၏ ။ ည၁၁နာရီ ထိုးနေပြီပင် ။ ဒီအချိန်ကြီး ဘယ်သူကတံခါးလာခေါက်တာလဲ? ရုံးက ဝန်ထမ်းတွေအကုန်လုံးပြန်သွားကြပါပြီ ။ သူ့အနေဖြင့် အလုပ်မလုပ်ဘဲ အလေလိုက်ကာ အချိန်ဖြုန်းနေသည်ကို တစ်ယောက်ယောက်ရှာတွေ့သွားမည်ကို စိုးရိမ်မိပါ၍ အချိန်ပို အတူဆင်းနေကျဖြစ်သော အတွင်းရေးမှုး ရှောင်လျှိုကိုတောင်မှ အိမ်ပြန်ခိုင်းခဲ့ သေးသည်ပင် ။

[လင်းကျစ်ရန်မှာ ကတုန်ကယင်ဖြင့်: ဟို...ဒီgameထဲမှာ သရဲတော့ မပါဘူးမို့လား?]

ညလယ်ခေါင်အချိန် တိတ်ဆိတ်နေတဲ့ရုံးခန်းထဲမှာ၊ တံခါးခေါက်သံ ' ဒုန်းဒုန်းဒုန်း! ' ကရုတ်တရတ် ထွက်လာတယ်ဆိုတော့လေ....

[System: ...မပါဘူး]

ဒီsystemမှာ အကောင်းစားကြီး မဟုတ်သည့်အပြင် ရုပ်သံလွှင့်ပေးဖို့ပင် မတတ်နိုင်ပါသော်လည်း လင်းကျစ်ရန်ကတော့ ၄င်းကို အလွန်ပင်ယုံကြည်၏ ။ အဘယ့်ကြောင့်ဆိုပါသော် systemမှာကား မသေချာဘဲ ဘယ်တော့မှ ပြောလေ့မရှိသောကြောင့်ပါပင် ။ systemကိုယ်တိုင်က သရဲမရှိဘူးလို့ပြောမှတော့ သေချာပေါက်ရှိနေမှာ မဟုတ်ပါပေ ။

လင်းကျစ်ရန်က စိတ်သက်သာရာရစွာဖြင့် သက်ပြင်းချလိုက်ပြီး ။

" ဝင်ခဲ့ပါ "

ကျောက်မင်ဇယ်က တံခါးကိုတွန်းဖွင့်ပြီး အထဲသို့ဝင်လာလိုက်၏ ။ သူက လင်းကျစ်ရန်၏ အံ့သြနေသော အကြည့်အား မြင်တွေ့ရပါသော် ခပ်ဖွဖွလေး ရယ်လိုက်သည် ။

" ငါ့ကိုတွေ့လို့ အံ့သြသွားတာလား "

လင်းကျစ်ရန်: " အင်း..နည်းနည်း "

ကျောက်မင်ဇယ်က နေရာနှင့် ကျွမ်းဝင်မှုရှိစွာပင် အရှေ့သို့လျှောက်လာပြီး လက်ကိုင်အိတ်အား စားပွဲပေါ်တွင်တင်လိုက်ကာသူ့အား ပြုံးပြလာသည် ။

" ငါမင်းကုမ္ပဏီရဲ့အခြေအနေကိုကြားတယ်...မင်း နောက်ကျတဲ့အထိ အလုပ်များနေမှာမှန်း သိလို့ ရှောင်လျှိုဆီ ဖုန်းဆက်ပြီးမေးကြည့်လိုက်တာ..သူက မင်း ကုမ္ပဏီမှာ overtimeဆင်းနေတုန်းပဲ တဲ့....အဲ့တာနဲ့ ငါ မင်းအတွက် လမ်းက ညလယ်စာ ဝယ်လာပေးတာ "

ဘာ...ညလယ်စာ?

လင်းကျစ်ရန်၏ မျက်ဝန်းများက ရုတ်တရတ်ပင် တောက်ပသွားပြီး ကျောက်မင်ဇယ်အပေါ် ကျရောက်နေသည့်သူ၏ အကြည့်များထဲတွင် ကျေးဇူးတင်မှုများက စတင်ပေါက်ပွားလာချေ၏ ။ ဘယ်လိုလုပ်ပြီးများ ဒီလောက် ကောင်းတဲ့လူ ရှိနေပါလိမ့်! ဥက္ကဌဆိုတိုင်း ညလယ်စာကို ငြင်းဖို့တော့ မလိုဘူးမှတ်လား?

" ကျေးဇူး "

လင်းကျစ်ရန်မှာကား သူ၏အမူအရာကိုထိန်းကာအပြစ်ကင်းပြီး ရည်မွန်သော အပြုံတစ်ပွင့်ကိုဖန်တီးလိုက်ချေ၏ ။

ကျောက်မင်ဇယ်ကာ ထိုင်ခုံတွင် သက်တောင့်သက်သာ မှီထိုင်နေလျက် မသိမသာ ပြုံးလာပါ၏ ။

" ရပါတယ်..ပူတုန်းစားလိုက်လေ "

ဒါပေါ့...စားမှာပေါ့!

လင်းကျစ်ရန်မှာ ကျောက်မင်ဇယ်အား လောကွတ်ချော်မနေတော့ဘဲ ပလက်စတစ်ဘူး အဖုံးကိုသာ ဖွင့်လိုက်လေသော် သွားရည်ကျချင်စရာကောင်းသည့် အနံ့မွှေးမွှေးကြူကြူက နှာခေါင်းအတွင်းသို့ တိုးဝင်လာချေ၏ ။ ဒီတစ်ခါတွင်တော့ သူ့ဘဝတွင် အကောင်းဆုံးအခိုက်အတန့်သို့ ရောက်နေသလိုမျိုးပင် ခံစားလိုက်ရလေ၏ ။ ဒီဗီလိန်ကို တော်တော်လေး သဘောကျနေပြီ...မင်းသာ သူတော်ကောင်းယောင် ဆက်ဆောင်နေလိုက်...ဒါဆိုရင် ငါတို့ သူငယ်ချင်းတွေ ဖြစ်နိုင်သေးတယ်...

ကျောက်မင်ဇယ်မှာ ဘေးတွင် တိတ်တဆိတ်ထိုင်နေပြီး အစားအပေါ်တွင်သာ အာရုံရောက်နေသည့် လင်းကျစ်ရန်အား ငေးကြည့်နေလိုက်ပါ၏ ။ သူ၏ မျက်ဝန်းများအောက်တွင် အမဲရောင်အဝန်းပိုင်းများပင် ပေါ်ထွက်လာချေပြီး ဒီရက်ပိုင်းထဲတွင် အတော်လေး ပင်ပန်းနေသည့် ပုံစံ ပါပင် ။ သူက လင်းကျစ်ရန် စားပြီးသည်အထိ ဇိမ်ပြေနပြေ စောင့်ပေးနေကာ ခပ်ဖွဖွလေး ရယ်မောလာပါ၏ ။

" အကူအညီလိုရင် ငါ့ကိုပြော..တတ်နိုင်သလောက်ကူညီပေးမယ် "

လင်းကျစ်ရန်မှာမူ သူ့ကိုအစာကျွေးသောလူအပေါ်၌တော့ ကောင်းသည်ဖြစ်ရာ ကျောက်မင်ဇယ်အား ပို၍နူးညံ့စွာစိုက်ကြည့်လိုက်ပါ၏ ။ ဒီလူက မကောင်းသော အကြံရှိနေကြောင်း သိပါသော်လည်း သိပ်အလေးမထားတော့ ပါချေ ။

" ကျေးဇူးပါကွာ...ဒါပေမယ့် အခုလုဆွေ့လည်းရှိနေတော့...သူ့ကိုပဲ အားကိုးလိုက်ဦးမယ် "

ယခုကိစ္စတွင်မူ ကျောက်မင်ဇယ်အား ဆွဲသွင်းရန် အမှန်ပင်မလိုအပ်ပါချေ ။ လုဆွေ့အား လုပ်ကွက်တစ်ခုကို ပေးလိုက်သင့် သည်သာ ဖြစ်ပါ၏ ။

ကျောက်မင်ဇယ်၏ မျက်ဝန်းများက မည်းနက်နေပါလျက် ။ သူက လင်းကျစ်ရန်၏ နှုတ်ခမ်းများကိုသာ မမှိတ်မသုန် စိုက်ကြည့်လို့နေ၏ ။ အစားတစ်ခုခုကို စားနေသောကြောင့်ပင် ဖြစ်နိုင်ကာ ခါတိုင်းတွင် အနည်းငယ် ဖျော့တော့နေတတ်သည့် ထိုနှုတ်ခမ်းပါးများက ယခု၌မူ ပို၍ပင် နီဆွေးနေလျက် ပြည့်ဝင်းသော ချယ်ရီသီးမှည့်တစ်လုံးပမာ ။ သူ၏ ပြုံးယောင်သန်းနေသော မျက်ဝန်းများကမူ တောက်ပပြီး ကြည်လင်နေလျက် ကြည့်မိသူများအဖို့ မျက်စိလွှဲနိုင်ရန် ခက်ခဲစေလျက်သား ။ သူ့အနေဖြင့် တစ်နည်းအား​ဖြင့်တော့ ထပ်ပြီး နောက်မဆုတ်ချင်တော့ ပါချေ ။ ရုတ်တရတ်ဆိုသလိုဖြင့် သူက လက်ဆန့်ကာ လင်းကျစ်ရန်၏ နှုတ်ခမ်းထောင့်အား လက်မဖြင့် ပွတ်ဆွဲလိုက်လေ၏ ။

လင်းကျစ်ရန်မှာ ရုတ်တရတ်ပင် မှင်သက်သွားရကာ ကျောက်မင်ဇယ်ကိုသာ စိုက်ကြည့်လိုက်လေ၏ ။ မဖြစ်ဘူး...မင်းဘာတွေလုပ်နေတာလဲ!

နေပါဦး...မင်း ငါ့နှုတ်ခမ်းပေါ်မှာ တစ်ခုခုပေနေတယ်လို့ ပြောမလို့လား၊ ဒါမှမဟုတ် ငါ့ကိုနမ်းတော့မလို့လား?

ငါတို့ တစ်ကြိမ် အတူအိပ်ဖူးတယ်ဆိုပေမယ့်ကွာ...အဲ့တာကမတော်တဆပဲလေ...ဘယ်သူမှထပ်ပြီးထုတ်မပြောဖို့ သဘောတူထားပြီးသားကို...မင့်အတွက် ငါ့ကိုဒီလိုတွေ တွေးနေ..လုပ်နေတာက မသင့်တော်ဘူးလေ!

တကယ်ကို မသင့်တော်ဘူးကွာ!

💜💜💜💜💜💜💜

Zawgyi.

လင္းက်စ္ရန္မွာ ေဒါသထြက္ခ်င္ေယာင္ေဆာင္ကာ ေက်ာက္မင္ဇယ္၏အိမ္မွ ထြက္လာခဲ့ၿပီးေနာက္ လမ္းေလွ်ာက္ေနရင္းျဖင့္ ေနာက္တစ္ဆင့္တြင္ ဆက္လုပ္ရမည့္အေၾကာင္းအရာမ်ားကို စဥ္းစားခန္းဖြင့္ ေနေလ၏ ။ ဤကမ႓ာတြင္ကား အဓိကဇာတ္ေၾကာင္းမွာ ၂ခုသာ႐ွိေခ်သည္ ။ ပထမတစ္ခုက လုေဆြ႕ႏွင့္ ဝမ္းယြီၾကား႐ွိ ဆက္ဆံေရးျဖစ္ၿပီး ေနာက္တစ္ခုကမူ လုေဆြ႕၏ လုက်န္းအားလက္စားေျချခင္း ဟူေသာ က႑ပင္ ျဖစ္ပါ၏ ။

လုေဆြ႕ႏွင့္ ဝမ္းယြီ၏ relationshipမွာကား လမ္းေၾကာင္းေပၚ၌သာရပ္တန္႔လို႔ေနေသးပါေသာ္လည္း လုေဆြ႕ကမူ လက္စားေျချခင္းအား အေလ်ာ့မေပးႏိုင္သည့္သေဘာျဖင့္ ဝမ္းယြီကို အဆက္မျပတ္ေႏွာက္ယွက္ ေနသည္ပင္ ။ ထို႔ေၾကာင့္ ဇာတ္ေၾကာင္းအတိုင္းလိုက္ကာ လုေဆြ႕အား ေအာင္ျမင္စြာလက္စားေခ်ခြင့္ ေပးလိုက္ပါလွ်င္ ဇာတ္လမ္းေသြဖယ္မႈအား ျပန္၍ ကယ္ဆယ္ႏိုင္လိမ့္မည္ ။ ဤကဲ့သို႔ေတြးရင္းျဖင့္ လင္းက်စ္ရန္မွာ အားတက္လာရ ေခ်၏ ။

..................

လုေဆြ႕သည္ကား စည္းပြားေရးခရီးတိုမွ အလ်င္အျမန္ပင္ ျပန္လာခဲ့လိုက္၏ ။ ဝမ္းယြီ၏ ဖုန္းထဲကစကားမ်ားအရဆိုလွ်င္ အခုအခ်ိန္၌ လင္းက်စ္ရန္မွာသူ႕အား မည္သို႔ မ်က္ႏွာခ်င္းဆိုင္လိမ့္မည္ကို သိခ်င္မိပါေသးသည္ ။ ဒီတစ္ခါတြင္ ဝမ္းယြီတစ္ေယာက္ ဘယ္လို ဆင္ေျခမ်ားကိုေပးလိုက္မွန္းေတာ့ သူမသိပါေခ် ။

လင္းက်စ္ရန္က လုေဆြ႕အားတစ္ခ်က္ၾကည့္လိုက္ၿပီးေနာက္ ယခုခ်ိန္တြင္မူ ဘာကိစၥကိုမွ ႐ွင္းလင္းခန္းဖြင့္ရန္ စိတ္ကူးမ႐ွိေသး သည္ပင္ ။ မူလဇာတ္ေၾကာင္းအရဆိုလွ်င္ ဝမ္းယြီက သူ႕အား လမ္းခြဲရန္ ေတာင္းဆိုေနၿပီ ျဖစ္ကာ သူကလည္း အတင္းအက်ပ္ ေတာင္းပန္၍ အဆင္ေျပေအာင္ ​ႀကိဳးစားေနရသည့္ အခ်ိန္ပင္ ျဖစ္၏ ။ အခုတြင္မူ ဝမ္းယြီႏွင့္ လမ္းမခြဲရေသးသလို လမ္းခြဲမည့္ စကားကိုေတာင္မွ မေျပာရေသးေပရာ ထိုအေၾကာင္းအား လုေဆြ႕ေ႐ွ႕တြင္ ထုတ္ေျပာရန္ မည့္သည့္အေၾကာင္းျပခ်က္မွ် မ႐ွိေသးပါေခ်။ ထိုသို႔ အကုန္အစင္ေမးလိုက္ပါက လုေဆြ႕ဇာတ္ေကာင္အား လမ္းေပ်ာက္သြားေစႏိုင္ သည္မဟုတ္ပါလား?

အကယ္၍ သူသိေနလွ်င္ေတာင္ လု​ေဆြ႕ေ႐ွ႕တြင္ ထုတ္မေျပာပါက အနည္းဆုံးေတာ့ တစ္ေယာက္ႏွင့္တစ္ေယာက္ မ်က္ႏွာမပ်က္ ေသးပါေပ။

လင္းက်စ္ရန္က လုေဆြ႕အား အေတြးမ်ားႏွင့္ ေမးလိုက္ေလ၏။

" မင္းဒီရက္ပိုင္းအတြင္း အရမ္းႀကိဳးစားေနတယ္ဆိုတာငါသိပါတယ္..အခက္အခဲ႐ွိရင္ ငါ့ကို ေျပာရမယ္ေနာ္ "

လုေဆြ႕က လင္းက်စ္ရန္၏ ၾကင္နာၿပီးဂ႐ုစိုက္ဟန္ ႐ွိေသာ မ်က္ဝန္းမ်ားကို ၾကည့္လိုက္ေလ၏။

' ထူးဆန္းလိုက္တာ...ဝမ္းယြီက ဘယ္လို ေျဖ႐ွင္းခ်က္ေတြမ်ားေပးလိုက္လို႔ ကြၽန္ေတာ္နဲ႔ မ်က္ႏွာခ်င္းဆိုင္ရတာေတာင္ ဘယ္လိုမွမေနတာလဲ...ကြၽန္ေတာ္႕ကိုေတာင္ က႐ုစိုက္​ေပးႏိုင္ ေသးတယ္... အၿမဲတမ္း သူေတာ္ေကာင္းေယာင္ ေဆာင္ေနေတာ့တာပဲ... '

လုေဆြ႕က ျပဳံးကာ။

" ကြၽန္ေတာ္ အဆင္ေျပပါတယ္ "

သူက ဝမ္းယြီအား ေပ်ာ့ေပ်ာ့ေလးႏွင့္နံသည့္ေၾကာင္ေခ်း ေကာင္ဟု အသံတိတ္ဆဲေရးလိုက္ေခ်၏ ။ ေလာေလာဆယ္တြင္ေတာ့ ဒီကိစၥအား ခဏေမ့ထားသင့္သည္ ျဖစ္ၿပီး သူျပန္လာရသည့္အေၾကာင္းအရင္းမွာလည္း သက္သက္႐ွိေနေသး သည္ပင္ ။

..................

လင္းက်စ္ရန္မွာကား သူ၏ ႐ုံးသြား၊႐ုံးျပန္ ဥကၠဌ အလုပ္မွာ ျပန္လည္၍ စတင္လာေခ်၏ ။ သူ၏ အလုပ္မ်ားကို လုေဆြ႕အား လႊဲေျပာင္းေပးလိုက္ၿပီးေနာက္ အေတာ္ေလးဝန္ေပါ့သြားရကာ လုေဆြ႕ကိုလည္း ' သူ၏ အရည္အခ်င္းအား အကဲျဖတ္ျခင္း ' ဟူသည့္ ေခါင္းစဥ္ ေအာက္သို႔ ထိုးသြင္းထားလိုက္ေလ၏ ။ လုပ္စရာ ေထြထူး မ႐ွိသည့္ သူ႕အေနျဖင့္ကား ေန႔ရက္မ်ားက အနည္းငယ္ေတာ့ ပ်င္းစရာေကာင္းလွသည္ ။ ဝမ္းယြီ၏ ဇာတ္ကားမ်ားကို ၾကည့္လိုက္ တစ္ျခား ဇာတ္လမ္းတြဲမ်ားကို ၾကည့္လိုက္ျဖင့္သာ အခ်ိန္ျဖဳန္းေနရ ေလ၏ ။

တစ္ေန႔ၿပီးတစ္ေန႔က လ်င္ျမန္စြာပင္ ကုန္လြန္ခဲ့၏ ။ တစ္ေန႔တြင္ လင္းက်စ္ရန္မွာ ဖုန္းပြတ္ေနရင္းျဖင့္ သူ၏ ကိုယ္ပိုင္အတင္းအဖ်င္းသတင္းမ်ားကို ဖတ္႐ႈေနရေလသည္ ။ တစ္ေယာက္ေယာက္က သူတို႔ကုမၸဏီ၏ ဟိုတယ္အခန္းမ်ားအား ဓာတ္ပုံ႐ိုက္ယူကာ ဟိုတယ္၏ သန္႔႐ွင္းစနစ္က ဆိုးဝါးေၾကာင္း၊ ထို႔အျပင္ ဖုံးကြယ္ထားေသာ ဝိုးတိုးဝါးတား ဓာတ္ပုံမ်ားႏွင့္အတူ စီမံခန္႔ခြဲမႈစနစ္မွာ ညံ့ဖ်င္းေၾကာင္း ပ်စ္ပ်စ္ႏွစ္ႏွစ္ကို ေဝဖန္ထားေလရာ ဆို႐ွယ္မီဒီယာ ေပၚတြင္ ၎သတင္းမ်ားက ပြက္ေလာ႐ိုက္ ေနေခ်၏။ ဆယ္လီႏွင့္ ဘေလာ့ဂါ မ်ားမွာလည္း ေဝဖန္မႈမ်ားလုပ္ေလရာ မီးေတာက္ထဲသို႔ ဓာတ္ဆီေလာင္းသကဲ့သို႔ပင္ ျပႆနာအား ပို၍ ႀကီးထြားေစကာ ကုမၸဏီ၏ စေတာ့ေစ်းကြက္မွာကား ႐ုတ္ျခည္းဆိုသလို ထိုးက်သြားေလသည္ ။

လင္းက်စ္ရန္မွာ ခ်က္ခ်င္းပင္ တက္ႂကြသြားေလ၏။ သူက ဇာတ္ေၾကာင္းကို သိထားၿပီးသားပင္ ။ တကယ္ေတာ့ ဒီကိစၥက လုေဆြ႕ စီစဥ္ထားျခင္းသာ ။ လုက်န္းအား ဖိႏွိပ္ႏိုင္ရန္ႏွင့္ ကုမၸဏီကို လ်င္ျမန္စြာ ထိန္းခ်ဳပ္ႏိုင္ရန္ ဤကဲ့သို႔ အသေရပ်က္ေစေသာ ကလိန္ကက်စ္အကြက္ မ်ားကို ထုတ္သုံးရန္ ဝန္ေလးေနမည္ မဟုတ္ပါေခ် ။ လုေဆြ႕မွာ ကုမၸဏီ၏ အ​ျခားေသာ႐ွယ္ရာ႐ွင္ မ်ားႏွင့္ တိတ္တဆိတ္ ညႇိႏိႈင္းထားၿပီးျဖစ္ရာ သူ႕လက္ထဲတြင္ ပူးေပါင္းထားေသာ ႐ွယ္ရာ ပမာဏက ကုမၸဏီတြင္ အေတာ္ေလးကို ၾသဇာ သက္ေရာက္မႈ႐ွိေနၿပီပင္ ။ သို႔ေသာ္ ယခုကိစၥတြင္မူ လုက်န္းအေနျဖင့္ ႀကိဳတင္ျပင္ဆင္ထားျခင္း မ႐ွိပါပဲ ႐ုန္းရင္းဆန္ခတ္ အေျခအေနၾကားသို႔ ႐ုတ္တရတ္ ေရာက္႐ွိလာေလရာ သူ႕အေနျဖင့္ စိတ္ဓာတ္က်ျခင္းႏွင့္အတူ လုေဆြ႕အား အားကိုးသည့္သေဘာျဖင့္ ဤကိစၥကို တာဝန္ယူခိုင္းလိုက္ေလ၏ ။ သူက လုေဆြ႕ကို အလြန္ပင္ ယုံၾကည္လြန္းသည္ပင္ ။

လင္းက်စ္ရန္မွာ လုေဆြ႕အား ခ်က္ခ်င္းဖုန္းေခၚလိုက္ၿပီး သူ၏႐ုံးခန္းသို႔ လာရန္ ေျပာလိုက္သည္။ လုေဆြ႕သည္လည္း ခ်က္ခ်င္းပင္ ေရာက္လာေခ်၏ ။

" ေကာ..ဘာကိစၥ႐ွိလို႔လဲ "

လင္းက်စ္ရန္က စိတ္ထဲတြင္ေတြးလိုက္​ေလ၏ ။ ' ေကာင္ဆိုးေလး ' သို႔ေသာ္ မ်က္ႏွာထက္တြင္ေတာ့ စိုးရိမ္ေနသည့္အမူအရာအား တပ္ဆင္ထားပါလ်က္ ေျပာလိုက္ေလ၏ ။

" မင္း လိုင္းေပၚက သတင္းေတြကို ျမင္ၿပီးၿပီလား? " ေျပာရင္း ဆိုရင္းျဖင့္ သူက ဖုန္းကိုယူ၍ လုေဆြ႕အား ကမ္းေပး လိုက္ေခ်၏ ။

လုေဆြ႕က ၎ကို ၾကည့္ၿပီးေနာက္ သူ၏အမူအရာမွာ ခ်က္ခ်င္းပင္ ပ်က္ယြင္းသြားရေလသည္ ။ လင္းက်စ္ရန္က မ်က္ေမွာင္ၾကဳပ္ လိုက္၏ ။

" ငါတို႔ ဒီကိစၥကို ျမန္ျမန္႐ွင္းသင့္တယ္...ငါမင္းကို ယုံလို႔ရတယ္မို႔လား? "

လုေဆြ႕က ျပန္ေျဖ၏ ။

" စိတ္မပူပါနဲ႔...ကြၽန္ေတာ္ ေျဖ႐ွင္းလိုက္ပါ့မယ္ "

လင္းက်စ္ရန္မွာက သူ၏ အေျဖကိုၾကားေသာ္ စိတ္ေက်နပ္သြားကာ ျပဳံးလိုက္ပါ၏ ။

" မင္းျပန္လာတာက..ငါ့အတြက္ အရမ္းအားကိုးရတယ္ "

လုေဆြ႕၏ ႏႈတ္ခမ္းေထာင့္မ်ားက ေကာ့တက္သြားလ်က္သား ။

" ကြၽန္ေတာ္ မ႐ွိရင္ေတာင္ ေကာ အတြက္ ဒီလို အေသးအဖြဲ ျပႆနာေလးေတြကို ကိုင္တြယ္ဖို႔က ဘာမွခက္မေနဘဲ...ေကာကို ကူညီဖို႔က ကြၽန္ေတာ္႕ရဲ႕ တာဝန္ပါ "

လင္းက်စ္ရန္မွာကား စိတ္ထိခိုက္ ေသာအမူအရာကို လုပ္ယူလိုက္ေခ်၏ ။

လုေဆြ႕အား အလုပ္ေပးၿပီးပါေသာ္ သူ႕ကို ျပန္လႊတ္လိုက္ေလၿပီး ကြန္ျပဴတာကိုဖြင့္ကာ သတင္းမ်ားကို ဆက္လက္ဖတ္႐ႈေနလိုက္ ပါ၏ ။ ဒါက အခုမွ အစပင္ ႐ွိပါေသးသည္ ။

..................

လုေဆြ႕သည္ကား ႏိုင္ငံျခားတြင္ အလကားသက္သက္အခ်ိန္ျဖဳန္းေနျခင္း မဟုတ္ေပ ။ အဆက္အသြယ္ေကာင္းမ်ား ရလာခဲ့သည့္အျပင္ တ႐ုတ္ျပည္႐ွိ အဆက္အသြယ္မ်ားႏွင့္လည္း ျပတ္ေတာက္မသြား ခဲ့ေပ ။ ဇာတ္ၫႊန္းထဲ တြင္ လုေဆြ႕က ဘယ္လိုမ်ိဳး ႀကိဳးစားခဲ့သည့္အေၾကာင္း ထည့္သြင္းမထားပါေသာ္လည္း သူ႕တြင္ အရည္အခ်င္းေကာင္းမ်ားက ေသခ်ာေပါက္႐ွိေနလိမ့္မည္ ။ တစ္နည္းအားျဖင့္ ထိုအရာမ်ားကပင္ လုက်န္းအား ကေမာက္ကမ ျဖစ္ေစ လိမ့္မည္ ။

ကာစတန္မာမ်ားႏွင့္ စပ္လ်ဥ္းေသာ ျပႆနာ တစ္ရပ္က ျဖစ္ေပၚလာခဲ့သည္ႏွင့္ ကုမၸဏီ၏ ပေရာဂ်က္အသစ္ျဖစ္သည့္ ဟိုတယ္အသစ္ေဆာက္လုပ္မည့္ က႑မွာလည္း မူလကမွန္းဆထားသည့္ ေဆာက္လုပ္ေရးကာလထက္ ပို၍ပင္ ၾကန္႔ၾကာ လာၿပီး ေန႔ရက္တိုင္းတြင္ စီးပြားေရးဆိုင္ရာ ဆုံး႐ႈံးမႈမ်ားက ဆက္တိုက္ ျဖစ္ေပၚလာေခ်၏ ။

၎ သတင္းေခါင္းစဥ္မွာကား အင္တာနက္ေပၚတြင္ အုံႂကြေနစဲပင္ျဖစ္ေခ်ၿပီး ကုမၸဏီဘက္မွ ​ေခ်ပ,စာ တင္ခဲ့ေသာ္ျငား လူအမ်ားကေတာ့ ၎ကို အလြယ္တကူ မယုံၾကည္ေပးႏိုင္ၾကပါေခ် ။ ၿပိဳင္ဘက္ကုမၸဏီမ်ားကလည္း သူတို႔ ဒုကၡေရာက္ေနသည္ကို ကူညီဖို႔ေနေနသာသာ ဝမ္းသာအားရပင္ ထိုင္ၾကည့္ေနၾကေသး ေပ၏ ။ ယခုအခ်ိန္၌မူ လူတိုင္းက ၾကမ္းတမ္းေသာ စကားမ်ားျဖင့္ ဆဲေရး၊ က်ိန္ဆဲ ေနၾကစၿမဲသာ ။

ထို႔အျပင္၊ ဤႏွစ္မ်ားထဲတြင္ ကုမၸဏီ၏ ျပန္လည္ဖြဲ႕စည္းပုံက ေသခ်ာ စီမံထားျခင္းမ႐ွိေသးေပရာ မ်ားစြာေသာ ျပႆနာမ်ားက အလုံးအရင္းပင္ ဝင္ေရာက္လာေခ်၏ ။ ဤႏွစ္၏ လုပ္ငန္းေဆာင္တာမ်ား မွာလည္း ေက်နပ္ဖြယ္ရာမ႐ွိ ။ အဆင္မေျပမႈမ်ားၾကားတြင္ ဟိုတယ္ တစ္ခ်ိဳ႕အား ေရာင္းထုတ္ရန္ပင္ ေတြးဆမိသည္အထိပင္ ။ လုေဆြ႕၏ စနက္ေၾကာင့္ ျပည္ပ႐ွိ ဒါ႐ိုက္တာတစ္ခ်ိဳ႕ မွာလည္း လင္းက်စ္ရန္ကို အျမင္မၾကည္ျဖစ္ လာၾကေခ်သည္ ။ လင္းက်စ္ရန္မွာကား ထိုအရာမ်ားကို စိတ္ထဲပင္ မထည့္ဘဲ လ်စ္လ်ဴ႐ႈ ထားလိုက္သည္ပင္ ။ ကုမၸဏီက ေဒဝါလီ ခံသြားရလွ်င္ေတာင္ သူ႕ကိစၥ မဟုတ္ပါေခ် ။ အရာအားလုံးသည္က လုေဆြ႕၏ လုက်န္းအား ဖယ္ထုတ္ပစ္မည့္ အစီအစဥ္ ေအာက္တြင္ ျဖစ္ပ်က္ေနသည္သာ ။ လုေဆြ႕အေနျဖင့္ လုက်န္းအား ဖယ္႐ွားပစ္ရန္ အခြင့္အေရးဖန္တီး​ၿပီးသည့္ေနာက္တြင္ အေျခအေနကို ျပန္၍ ျပင္စဥ္ရန္ နည္းလမ္းတစ္ခုကို သဘာဝက်က် စဥ္းစားထားၿပီးသားပင္ ျဖစ္ကာ ျပႆနာက ယာယီမွ် သာျဖစ္ပါ၏ ။

လုက်န္းမွာကား စိတ္ထဲတြင္ သေဘာမတူပါေသာ္လည္း ကုမၸဏီကို သူ၏ ကိုယ္ပိုင္အလုပ္တစ္ခုအျဖစ္မွတ္ယူထားခဲ့ေလ၏ ။ သူ႕ဖခင္က အေမြေပးခဲ့သည့္အခ်ိန္မွစ၍ သူဟာ ႏွစ္အေတာ္ၾကာေအာင္အထိ ႀကိဳးစားၿပီး လုပ္ကိုင္ခဲ့ေခ်သည္ ။ ဒီတစ္ခါတြင္လည္း ကုမၸဏီက ျပႆနာတက္ေနပါသျဖင့္ စိတ္ဖီစီးကာ အလုပ္ႀကိဳးစားသည့္ ဇာတ္႐ုပ္အတိုင္း သ႐ုပ္ေဆာင္ေပးရဦးမည္ ။ ထို႔ေၾကာင့္ လင္းက်စ္ရန္မွာ အခ်ိန္ပို စတင္ဆင္း ေတာ့ေလသည္ ။ ဥကၠဌ႐ုံးခန္းမွာကား ညလယ္ပိုင္းအထိပင္ မီးလင္းေနလ်က္သား ။ လင္းက်စ္ရန္သည္ကား ႐ုံးခန္းထဲတြင္ ဇာတ္ကားၾကည့္လိုက္၊ ဖုန္းပြတ္လိုက္ျဖင့္ သာယာေနေလ၏ ။ ညလယ္စာ အခ်ိဳပြဲေလးမ်ားပါရင္ေတာ့ ပိုေတာင္ေကာင္းဦးမွာ...

ထိုကဲ့သို႔ ေတြးေနစဥ္တြင္ ႐ုံခန္းတံခါးဆီမွ တံခါးေခါက္သံတစ္စ ထြက္ေပၚလာေခ်၏ ။ လင္းက်စ္ရန္မွာ ထိုင္ခုံေပၚမွ ထခုန္မိေတာ့ မလိုပင္ ျဖစ္သြားရေခ်ၿပီး စိတ္ပူပန္စြာျဖင့္ နာရီကိုတစ္ခ်က္ၾကည့္လိုက္ ေလ၏ ။ ည၁၁နာရီ ထိုးေနၿပီပင္ ။ ဒီအခ်ိန္ႀကီး ဘယ္သူကတံခါးလာေခါက္တာလဲ? ႐ုံးက ဝန္ထမ္းေတြအကုန္လုံးျပန္သြားၾကပါၿပီ ။ သူ႕အေနျဖင့္ အလုပ္မလုပ္ဘဲ အေလလိုက္ကာ အခ်ိန္ျဖဳန္းေနသည္ကို တစ္ေယာက္ေယာက္႐ွာေတြ႕သြားမည္ကို စိုးရိမ္မိပါ၍ အခ်ိန္ပို အတူဆင္းေနက်ျဖစ္ေသာ အတြင္းေရးမႈး ေ႐ွာင္လွ်ိဳကိုေတာင္မွ အိမ္ျပန္ခိုင္းခဲ့ ေသးသည္ပင္ ။

[လင္းက်စ္ရန္မွာ ကတုန္ကယင္ျဖင့္: ဟို...ဒီgameထဲမွာ သရဲေတာ့ မပါဘူးမို႔လား?]

ညလယ္ေခါင္အခ်ိန္ တိတ္ဆိတ္ေနတဲ့႐ုံးခန္းထဲမွာ၊ တံခါးေခါက္သံ ' ဒုန္းဒုန္းဒုန္း! ' က႐ုတ္တရတ္ ထြက္လာတယ္ဆိုေတာ့ေလ....

[System: ...မပါဘူး]

ဒီsystemမွာ အေကာင္းစားႀကီး မဟုတ္သည့္အျပင္ ႐ုပ္သံလႊင့္ေပးဖို႔ပင္ မတတ္ႏိုင္ပါေသာ္လည္း လင္းက်စ္ရန္ကေတာ့ ၎ကို အလြန္ပင္ယုံၾကည္၏ ။ အဘယ့္ေၾကာင့္ဆိုပါေသာ္ systemမွာကား မေသခ်ာဘဲ ဘယ္ေတာ့မွ ေျပာေလ့မ႐ွိေသာေၾကာင့္ပါပင္ ။ systemကိုယ္တိုင္က သရဲမ႐ွိဘူးလို႔ေျပာမွေတာ့ ေသခ်ာေပါက္႐ွိေနမွာ မဟုတ္ပါေပ ။

လင္းက်စ္ရန္က စိတ္သက္သာရာရစြာျဖင့္ သက္ျပင္းခ်လိုက္ၿပီး ။

" ဝင္ခဲ့ပါ "

ေက်ာက္မင္ဇယ္က တံခါးကိုတြန္းဖြင့္ၿပီး အထဲသို႔ဝင္လာလိုက္၏ ။ သူက လင္းက်စ္ရန္၏ အံ့ၾသေနေသာ အၾကည့္အား ျမင္ေတြ႕ရပါေသာ္ ခပ္ဖြဖြေလး ရယ္လိုက္သည္ ။

" ငါ့ကိုေတြ႕လို႔ အံ့ၾသသြားတာလား "

လင္းက်စ္ရန္: " အင္း..နည္းနည္း "

ေက်ာက္မင္ဇယ္က ေနရာႏွင့္ ကြၽမ္းဝင္မႈ႐ွိစြာပင္ အေ႐ွ႕သို႔ေလွ်ာက္လာၿပီး လက္ကိုင္အိတ္အား စားပြဲေပၚတြင္တင္လိုက္ကာသူ႕အား ျပဳံးျပလာသည္ ။

" ငါမင္းကုမၸဏီရဲ႕အေျခအေနကိုၾကားတယ္...မင္း ေနာက္က်တဲ့အထိ အလုပ္မ်ားေနမွာမွန္း သိလို႔ ေ႐ွာင္လွ်ိဳဆီ ဖုန္းဆက္ၿပီးေမးၾကည့္လိုက္တာ..သူက မင္း ကုမၸဏီမွာ overtimeဆင္းေနတုန္းပဲ တဲ့....အဲ့တာနဲ႔ ငါ မင္းအတြက္ လမ္းက ညလယ္စာ ဝယ္လာေပးတာ "

ဘာ...ညလယ္စာ?

လင္းက်စ္ရန္၏ မ်က္ဝန္းမ်ားက ႐ုတ္တရတ္ပင္ ေတာက္ပသြားၿပီး ေက်ာက္မင္ဇယ္အေပၚ က်ေရာက္ေနသည့္သူ၏ အၾကည့္မ်ားထဲတြင္ ေက်းဇူးတင္မႈမ်ားက စတင္ေပါက္ပြားလာေခ်၏ ။ ဘယ္လိုလုပ္ၿပီးမ်ား ဒီေလာက္ ေကာင္းတဲ့လူ ႐ွိေနပါလိမ့္! ဥကၠဌဆိုတိုင္း ညလယ္စာကို ျငင္းဖို႔ေတာ့ မလိုဘူးမွတ္လား?

" ေက်းဇူး "

လင္းက်စ္ရန္မွာကား သူ၏အမူအရာကိုထိန္းကာအျပစ္ကင္းၿပီး ရည္မြန္ေသာ အျပဳံတစ္ပြင့္ကိုဖန္တီးလိုက္ေခ်၏ ။

ေက်ာက္မင္ဇယ္ကာ ထိုင္ခုံတြင္ သက္ေတာင့္သက္သာ မွီထိုင္ေနလ်က္ မသိမသာ ျပဳံးလာပါ၏ ။

" ရပါတယ္..ပူတုန္းစားလိုက္ေလ "

ဒါေပါ့...စားမွာေပါ့!

လင္းက်စ္ရန္မွာ ေက်ာက္မင္ဇယ္အား ေလာကြတ္ေခ်ာ္မေနေတာ့ဘဲ ပလက္စတစ္ဘူး အဖုံးကိုသာ ဖြင့္လိုက္ေလေသာ္ သြားရည္က်ခ်င္စရာေကာင္းသည့္ အနံ႔ေမႊးေမႊးၾကဴၾကဴက ႏွာေခါင္းအတြင္းသို႔ တိုးဝင္လာေခ်၏ ။ ဒီတစ္ခါတြင္ေတာ့ သူ႕ဘဝတြင္ အေကာင္းဆုံးအခိုက္အတန္႔သို႔ ေရာက္ေနသလိုမ်ိဳးပင္ ခံစားလိုက္ရေလ၏ ။ ဒီဗီလိန္ကို ေတာ္ေတာ္ေလး သေဘာက်ေနၿပီ...မင္းသာ သူေတာ္ေကာင္းေယာင္ ဆက္ေဆာင္ေနလိုက္...ဒါဆိုရင္ ငါတို႔ သူငယ္ခ်င္းေတြ ျဖစ္ႏိုင္ေသးတယ္...

ေက်ာက္မင္ဇယ္မွာ ေဘးတြင္ တိတ္တဆိတ္ထိုင္ေနၿပီး အစားအေပၚတြင္သာ အာ႐ုံေရာက္ေနသည့္ လင္းက်စ္ရန္အား ေငးၾကည့္ေနလိုက္ပါ၏ ။ သူ၏ မ်က္ဝန္းမ်ားေအာက္တြင္ အမဲေရာင္အဝန္းပိုင္းမ်ားပင္ ေပၚထြက္လာေခ်ၿပီး ဒီရက္ပိုင္းထဲတြင္ အေတာ္ေလး ပင္ပန္းေနသည့္ ပုံစံ ပါပင္ ။ သူက လင္းက်စ္ရန္ စားၿပီးသည္အထိ ဇိမ္ေျပနေျပ ေစာင့္ေပးေနကာ ခပ္ဖြဖြေလး ရယ္ေမာလာပါ၏ ။

" အကူအညီလိုရင္ ငါ့ကိုေျပာ..တတ္ႏိုင္သေလာက္ကူညီေပးမယ္ "

လင္းက်စ္ရန္မွာမူ သူ႕ကိုအစာေကြၽးေသာလူအေပၚ၌ေတာ့ ေကာင္းသည္ျဖစ္ရာ ေက်ာက္မင္ဇယ္အား ပို၍ႏူးညံ့စြာစိုက္ၾကည့္လိုက္ပါ၏ ။ ဒီလူက မေကာင္းေသာ အၾကံ႐ွိေနေၾကာင္း သိပါေသာ္လည္း သိပ္အေလးမထားေတာ့ ပါေခ် ။

" ေက်းဇူးပါကြာ...ဒါေပမယ့္ အခုလုေဆြ႕လည္း႐ွိေနေတာ့...သူ႕ကိုပဲ အားကိုးလိုက္ဦးမယ္ "

ယခုကိစၥတြင္မူ ေက်ာက္မင္ဇယ္အား ဆြဲသြင္းရန္ အမွန္ပင္မလိုအပ္ပါေခ် ။ လုေဆြ႕အား လုပ္ကြက္တစ္ခုကို ေပးလိုက္သင့္ သည္သာ ျဖစ္ပါ၏ ။

ေက်ာက္မင္ဇယ္၏ မ်က္ဝန္းမ်ားက မည္းနက္ေနပါလ်က္ ။ သူက လင္းက်စ္ရန္၏ ႏႈတ္ခမ္းမ်ားကိုသာ မမွိတ္မသုန္ စိုက္ၾကည့္လို႔ေန၏ ။ အစားတစ္ခုခုကို စားေနေသာေၾကာင့္ပင္ ျဖစ္ႏိုင္ကာ ခါတိုင္းတြင္ အနည္းငယ္ ေဖ်ာ့ေတာ့ေနတတ္သည့္ ထိုႏႈတ္ခမ္းပါးမ်ားက ယခု၌မူ ပို၍ပင္ နီေဆြးေနလ်က္ ျပည့္ဝင္းေသာ ခ်ယ္ရီသီးမွည့္တစ္လုံးပမာ ။ သူ၏ ျပဳံးေယာင္သန္းေနေသာ မ်က္ဝန္းမ်ားကမူ ေတာက္ပၿပီး ၾကည္လင္ေနလ်က္ ၾကည့္မိသူမ်ားအဖို႔ မ်က္စိလႊဲႏိုင္ရန္ ခက္ခဲေစလ်က္သား ။ သူ႕အေနျဖင့္ တစ္နည္းအား​ျဖင့္ေတာ့ ထပ္ၿပီး ေနာက္မဆုတ္ခ်င္ေတာ့ ပါေခ် ။ ႐ုတ္တရတ္ဆိုသလိုျဖင့္ သူက လက္ဆန္႔ကာ လင္းက်စ္ရန္၏ ႏႈတ္ခမ္းေထာင့္အား လက္မျဖင့္ ပြတ္ဆြဲလိုက္ေလ၏ ။

လင္းက်စ္ရန္မွာ ႐ုတ္တရတ္ပင္ မွင္သက္သြားရကာ ေက်ာက္မင္ဇယ္ကိုသာ စိုက္ၾကည့္လိုက္ေလ၏ ။ မျဖစ္ဘူး...မင္းဘာေတြလုပ္ေနတာလဲ!

ေနပါဦး...မင္း ငါ့ႏႈတ္ခမ္းေပၚမွာ တစ္ခုခုေပေနတယ္လို႔ ေျပာမလို႔လား၊ ဒါမွမဟုတ္ ငါ့ကိုနမ္းေတာ့မလို႔လား?

ငါတို႔ တစ္ႀကိမ္ အတူအိပ္ဖူးတယ္ဆိုေပမယ့္ကြာ...အဲ့တာကမေတာ္တဆပဲေလ...ဘယ္သူမွထပ္ၿပီးထုတ္မေျပာဖို႔ သေဘာတူထားၿပီးသားကို...မင့္အတြက္ ငါ့ကိုဒီလိုေတြ ေတြးေန..လုပ္ေနတာက မသင့္ေတာ္ဘူးေလ!

တကယ္ကို မသင့္ေတာ္ဘူးကြာ!

💜💜💜💜💜💜💜

Continue lendo

Você também vai gostar

143K 15.6K 113
How to say I love you Description လူအချို့မှာ စတင်ကြုံတွေ့စဉ်က မျက်မုန်းကျိုးမိသော်ငြား ပိုပြီး ရင်းနှီးလာလေလေ သဘောကျမိလာလေဟူသည့် ခံစားချက်ကို ပေးစ...
1.1M 89K 102
All photos I use in this story are not mine. It's all from google. both unicode and zawgyi "mission တေလုပ်ကြမယ် let's go!!!" "အော်... ငါ့ရဲ့hostလေးယေ...