ဗီလိန်ရဲ့ကိုယ်ဝန်ကိုလွယ်ထားရပ...

By YinLay4

310K 44.5K 1.2K

ဒီNovelေလးကို ဖတ္ဖူးၾကမယ္ထင္ပါတယ္ အရင္ဘာသာျပန္တ႔ဲသူက ဆက္မျပန္ေတာ့ဘူးဆိုလို႔ Vကဆက္ၿပီး ဘာသာျပန္မွာပါ💜 အပုိင္း... More

Chapter_100
💜💜💜
Chapter_101
Chapter_102
Chapter_103
Chapter_104
Chapter_105
Chapter_106
Chapter_107
Chapter 108
Chapter 109
Chapter 110
Chapter 111
Chapter 112
Chapter 113
Chapter 114
Chapter 115
Chapter 116
Chapter_117
Chapter 118
Chapter 119
Chapter 120
Chapter 121
Chapter 122
Chapter 123
Chapter 124
Chapter 125
Chapter 126
Chapter 127
Chapter 128
Chapter 129
Chapter 130
Chaptee 131
Chapter 132
Chapter 133
Chapter 134
Chapter 135
Chapter 136
Chapter 137
Chapter 138
Chapter 139+140
Chapter 141
Chapter 142+143
Chapter 144+145
Chapter 146+147
Chapter 148+149
Chapter 150+151+152
Chapter 153
Chapter 154+155
Chapter 156+157
Chapter 158+159
Chapter 163
Chapter 164
Chapter 166 to 169
Chapter 170 to 173
Chapter 174 + 175
Chapter 176+177
Chapter 178 +179
Chat with Calla
Chapter 180 +181
Chapter 182 +183
Chapter 184 +185
Chapter 186 to 187
Chapter 188 to 190
Chapter 191 to 193
Chapter 194 to 195
Chapter 197 to 198
Chapter 199
Chapter 200 to 202
Chapter 203 to 204
Chapter 205 to 206
Chapter 207 to 210 (U)
Chapter 207 to 210 (Z)
Chapter 211 to 214 U
Chapter 211 to 214 Z
Chapter 215 to 216 U
Chapter 215 to 216 Z
Chapter 217 to 218 U
Chapter 217 to 218 Z

Chapter 160 to 162

3.2K 615 27
By YinLay4

Zawgyi
Chapter 160
{ ေနာက္ပိုင္းမွာ မင္းလိုသေလာက္သံုးႏိုင္ဖို႔ အလုပ္ႀကိဳးစားရေတာ့မွာေပါ့ - ၂ }

" မင္းက လင္းက်န္ကို လုမိသားစုဝင္အျဖစ္ လံုးဝ လက္မခံႏိုင္ဘူးလို႔ ေျပာခ်င္တာလား "

လြန္ခဲ့ေသာတစ္ႏွစ္က လုေပရႊမ္း ကိုမာဝင္ေနခ်ိန္တြင္ လုေရွာင္ရန္သည္ သူ၏တရားမဝင္သားတစ္ေယာက္ျဖစ္တဲ့ လုေပဖန္ကို လုအိမ္ထဲ ေခၚသြင္းခဲ့ေလ၏...

လုေပဖန္ရဲ့အေမဟာ လူပံုအလယ္တြင္ ထြက္ျပႏိုင္ေလာက္သည့္အမ်ိဳးသမီး မဟုတ္ေခ်... လုေပရႊမ္းသည္ ကိုမာဝင္ေနေသာ္လည္း အသက္ရွင္ေနဆဲျဖစ္တာေၾကာင့္ လုေရွာင္ရန္ဟာ လုေပဖန္အား လုအိမ္သို႔ ဝရုန္းသံုးကားေခၚလာခဲ့ကာ လုေကာ္ပိုေရးရွင္းရိွ လုေပရႊမ္းရဲ့ေနရာကို ယူႏိုင္ရန္ မိသားစုစီးပြားေရးအားလံုးကို သင္ၾကားေပးခဲ့ေသးသည္... ထိုခ်ိန္၌ အေမလုသည္ သူမရဲ့ေဒါသကို ၿမိဳသိပ္ထားရံုမွအပ ေရြးခ်ယ္စရာမရိွခဲ့သလို ရီက်န္းသည္လည္း လုေပဖန္ရဲ့ပေရာပရည္စကားတို႔ ေျပာျခင္းခံခဲ့ရေလတယ္...

လုေပရႊမ္းသည္ ထိုသို႔ေသာအျဖစ္မ်ိဳးကို ထပ္တစ္ႀကိမ္အျဖစ္ခံမည္မဟုတ္...

" ကြၽန္ေတာ္ ေျပာၿပီးသားပါ... အဲ့ကိစၥက အဖိုးသေဘာပါလို႔... ဒါေပမယ့္ ကြၽန္ေတာ့္ဘက္က ဆံုးျဖတ္ခ်က္ကေတာ့ ေျပာင္းမွာမဟုတ္ဘူး... ကြၽန္ေတာ္လံုးဝ လက္မခံႏိုင္ဘူးဆိုတဲ့အေျဖပဲရိွပါတယ္... "

လုေပရႊမ္းသည္ ယခုတြင္ လုေကာ္ပိုေရးရွင္း၏၅၀%ကို ပိုင္ဆိုင္ထားၿပီးၿပီျဖစ္၏...

အဖိုးလုရဲ့ရည္ရြယ္ခ်က္ဟာ လင္းက်န္ကို သူ႔ေျမးအျဖစ္ သတ္မွတ္ခ်င္ရံုပဲဆိုေသာ အေၾကာင္းအရာတစ္ခုတည္းပဲလား...?

ထိုသို႔သာဆိုပါလ်ွင္ အဖိုးလုဟာ လုေပရႊမ္း၏ဆံုးျဖတ္ခ်က္ကို ေမးေနရန္ပင္ မလိုေပ...

အမွန္တကယ္ေတာ့ အဖိုးလုဟာ လင္းက်န္အေပၚ လုေပရႊမ္းရဲ့အျမင္နဲ႔ လင္းက်န္ကို လုေကာ္ပိုေရးရွင္းထဲထည့္ဖို႔ အဆင္ေျပႏိုင္ မေျပႏိုင္ သိခ်င္ေနျခင္းသာျဖစ္သည္...

" အဖိုးက လုေပဖန္ကိစၥကို ေမ့သြားတာလား... ဘာပဲျဖစ္ျဖစ္ လင္းက်န္က ကြၽန္ေတာ့္အတြက္ေတာ့ ရန္သူပဲ...  အေဖတူအေမကြဲ ညီအစ္ကိုေတြၾကားက ၿပိဳင္ဆိုင္မႈက ပံုမွန္ပဲေလ... ၿပီးေတာ့ လုေကာ္ပိုေရးရွင္မွာ ဆက္ခံသူေတြ မ်ားေနတာက အႏၲရာယ္မ်ားလြန္းတယ္... ေကာ္ပိုေရးရွင္းမွာ လုဆိုရင္ ကြၽန္ေတာ္တစ္ေယာက္တည္းနဲ႔တင္ လံုေလာက္ေနပါၿပီ... "

အဖိုးလုသည္ လုေပရႊမ္းကိုၾကည့္ရင္းျဖင့္ သူ႔လက္ထဲမွ တုတ္ေကာက္ကို က်စ္က်စ္ဆုပ္ထားရာမွ ေျဖေလ်ာ့လိုက္ေလတယ္... အဖိုးလုသည္ လုေပရႊမ္းမ်က္ႏွာေပၚမွ ေျပာင္းလဲမႈကို ေစာင့္ၾကည့္ေနေလ၏... သို႔ေသာ္ လုေပရႊမ္းဟာ ေရေသလိုတည္ၿငိမ္ေနခဲ့ေလသည္...  လုေပရႊမ္းသည္ သူ႔ခံစားခ်က္ႏွင့္ မ်က္ႏွာအမူအရာကို ထိန္းခ်ဳပ္ရာ၌ ကြၽမ္းက်င္သူတစ္ေယာက္ျဖစ္ေနခဲ့ေခ်ၿပီ...

အခ်ိန္တစ္ခုၾကာၿပီးေနာက္တြင္ အဖိုးလုသည္ သက္ျပင္းခ်လိုက္ရင္း " မင္းေျပာတာကို အဖိုး နားလည္ပါတယ္... ဒီလိုလုပ္ကြာ... လင္းက်န္ကို အဖိုးေျမးအျဖစ္ သတ္မွတ္လိုက္မယ္... ဒါေပမယ့္ လုေကာ္ပိုေရးရွင္းထဲကို လင္းက်န္ ​လံုးဝေျခ,မခ်ေစရဘူးလို႔ အဖိုး အာမခံတယ္ကြာ... "

ဒါဟာ အဖိုးလုဘက္မွ အေလ်ွာ့ေပးလိုက္သည္ဟု ဆိုႏိုင္ေပ၏...

ထိုအခါ လုေပရႊမ္းဟာ ေခါင္းတညိမ့္ညိမ့္လုပ္လိုက္ၿပီး " အဖိုးက ဘယ္သူ႔ကို ေျမးသတ္မွတ္ သတ္မွတ္ အဖိုးသေဘာပါ... ကြၽန္ေတာ္ ဝင္မစြတ္ဖက္ပါဘူး... အဖိုးမွာ ေျပာစရာမရိွေတာ့ရင္ ကြၽန္ေတာ့္ကို ခြင့္ျပဳပါအံုး... "

ထိုသို႔ေျပာလိုက္ၿပီးေနာက္တြင္ လုေပရႊမ္းဟာ အခန္းထဲမွ ထြက္ရန္ မတ္တပ္ရပ္လိုက္ေလတယ္...

ထိုခ်ိန္တြင္ အဖိုးလုက " မင္းလက္ထဲကို လုေကာ္ပိုေရးရွင္းကို အပ္ထားလိုက္ရတာ အဆင္ေျပတယ္...  "

" အဖိုးရဲ့ယံုၾကည္မႈ မပ်က္စီးေစရပါဘူး... "

လုေပရႊမ္းတစ္ေယာက္ အခန္းထဲမွ ထြက္သြားၿပီးေနာက္တြင္ အဖိုးလုတစ္ေယာက္တည္းသာ က်န္ခဲ့ေတာ့၏...

အဖိုးလုဟာ သူ႔ရဲ့တုတ္ေကာက္ကို အမွီျပဳရင္း ျပတင္းေပါက္နားသို႔ ဒယိမ္းဒယိုင္ေလ်ွာက္သြားခဲ့ၿပီး ၿခံထဲတြင္ သန္႔ရွင္းေရးလုပ္ေနၾကေသာအေစခံတို႔ကို ၾကည့္ေနခ်ိန္၌ အခန္းတံခါးပြင့္လာခဲ့ၿပီး အိမ္ေတာ္ထိန္းအိုႀကီး အခန္းထဲသို႔ ဝင္လာခဲ့ေလတယ္...

" လူေတြက အသက္ႀကီးရင္ အရႈံးကို လက္ခံတတ္ရၿပီ... အခုပဲၾကည့္... ေပရႊမ္းအရြယ္ေရာက္လာေတာ့ ငါ သူ႔ကိုထိန္းလို႔ေတာင္ မရေတာ့ဘူး "

ထိုအခါ အိမ္ေတာ္ထိန္းအိုႀကီးက " သခင္ႀကီး အရမ္း စိတ္မပူပါနဲ႔...  "

" ဟုတ္ပါၿပီ " ထို႔ေနာက္တြင္ အဖိုးလုဟာ အိမ္ေတာ္ထိန္းအိုႀကီးဘက္သို႔ လွၫ့္ၾကည့္လိုက္ကာ " မနက္ျဖန္ၾကရင္ ဘိုးဘြားပိုင္စံအိမ္ကို ျပန္မယ္... ၿပီးေတာ့ ေရ႔ွေနေခၚလိုက္... ငါ့ေသတမ္းစာကို ျပင္ရမယ္... "

" ေသတမ္းစာကို ျပန္ျပင္မယ္ ဟုတ္လား?? သခင္ႀကီး "

အိမ္ေတာ္ထိန္းအိုႀကီးရဲ့အေမးေၾကာင့္ အဖိုးလုသည္ " အဲ့ေကာင္စုတ္ေလးေပရႊမ္းက တျခားသူေတြေရ႔ွမွာေတာင္ ဒီအဖိုးႀကီးကို မ်က္ႏွာသာမေပးဘူးေလ... အဲ့ေကာင္စုတ္ေလးကို ငါ့ရဲ့ရွယ္ယာနဲ႔အေမြေတြ မေပးႏိုင္ပါဘူး... ဒီတစ္ခါေတာ့ သူ႔ကို သင္ခန္းစာေကာင္းေကာင္းေပးရမယ္... "

" ဒါေပမယ့္ သခင္ႀကီး... " အိမ္ေတာ္ထိန္းအိုႀကီးသည္ သခင္ႀကီးက လင္းက်န္းနဲ႔ပတ္သက္ၿပီး အျပစ္မကင္းသလို ခံစားေန တာေၾကာင့္ ျပန္ေပးဆပ္ခ်င္ေနသည္ကို နားလည္ေသာ္လည္း အကယ္၍သာ သခင္ႀကီးလုဟာ လင္းက်န္စိတ္ႀကိဳက္ အေမြခြဲေပးလိုက္ပါက လင္းက်န္သည္ လုေပရႊမ္းအတြက္ အဆိပ္ျပင္းတစ္ခု ျဖစ္လာႏိုင္သည္ကို ခံစားမိေန၏...

အဖိုးလုသည္ ေခတၲအၾကာအထိ တိတ္ဆိတ္ေနခဲ့ၿပီးမွ အားရပါးရရယ္ေမာလိုက္ကာ " ငါ့အထင္ေတာ့ ခ်င္ဖိန္႔(က်ိဳးက်ိဳးေလး)က မဆိုးဘူးလားလို႔... ဒီေန့ပြဲမွာ လူအမ်ားႀကီးနဲ႔ ေတြ့ရတာေတာင္ တစ္ခ်က္ေလးမွ မငိုဘူး... သူသာ အရြယ္ေရာက္လာရင္ အေရးႀကီးတဲ့ကိစၥႀကီးေတြကို ေသခ်ာကိုင္တြယ္ႏိုင္မွာ အမွန္ပဲ... ၿပီးေတာ့ သူက ေမြးစတည္းက ငါ့ကို ၿပံဳးျပတာ... ငါ့ကို အၿမဲေဒါသထြက္ေအာင္လုပ္တတ္တဲ့သူ႔အေဖနဲ႔ကြာပါ့... "

ထိုအခါမွသာ အိမ္ေတာ္ထိန္းအိုႀကီးသည္ အဖိုးလုႏွင့္အတူ အားရပါးရ ရယ္ေမာလိုက္ၿပီး " ဟုတ္ကဲ့ပါ... မနက္ျဖန္ၾကရင္ ေရ႔ွေနေခၚထားလိုက္ပါ့မယ္  "

အဖိုးလုသည္ ဘာမွထပ္မေျပာေတာ့ဘဲ ေခါင္းသာျပန္ညိမ့္ျပလိုက္ေတာ့၏...
💙💙💙💙💙💙💙
Chapter 161
{ ေနာက္ပိုင္းမွာ မင္းလိုသေလာက္သံုးႏိုင္ဖို႔ အလုပ္ႀကိဳးစားရေတာ့မွာေပါ့ - ၃ }

ရီက်န္းသည္ အေမလုကို ကူတြဲေပးရင္း အေမလုရဲ့အခန္းသို႔ ပို႔ေပးၿပီးေနာက္ ေခတၲမ်ွ ေဖ်ာင္းဖ်စကားေျပာကာ သူမအခန္းရိွရာသို႔ ျပန္လာခဲ့ေတာ့သည္...

သူမသည္ လုေပရႊမ္းအတြက္ စိတ္မပူပါေခ်... လက္ရိွတြင္ လင္းက်န္သည္ အင္အားမျပည့္ဝေသးသလို၊ လုေရွာင္ယန္သည္လည္း သူ႔အႀကံအစည္တို႔ကို မေအာင္ျမင္တာေၾကာင့္ပင္... အဖိုးလုသည္လည္း လူရည္လည္သူတစ္ၪီးျဖစ္တာေၾကာင့္ ဘယ္ေရြးခ်ယ္မႈက မွန္ကန္သည္ကို ေကာင္းေကာင္းနားလည္ေပလိမ့္မည္... ဒီလိုကိစၥေလးႏွင့္ ပတ္သက္ၿပီး သူနဲ႔ သူ႔ေျမးျဖစ္သူၾကားတြင္ သေဘာထားကြဲလြဲကာ ရန္စရိွသြားစရာအေၾကာင္းမရိွေခ်...

ေခတၲအၾကာတြင္ေတာ့ သူမရဲ့အခန္းကို အိမ္ေဖာ္တခ်ိဳ႕ တံခါးလာေခါက္ခဲ့ၿပီး ပြဲမွရသမ်ွလက္ေဆာင္ပစၥည္းမ်ားကို ယူလာေပးၾက၏... လက္ေဆာင္အားလံုးဟာ ေစ်းႀကီးပစၥည္းမ်ားသာ...

ရီက်န္းသည္ လုေရွာင္ယန္က သူမႏွင့္လုေပရႊမ္းအတြက္ေပးေသာစံုတြဲနာရီကို ပထမဆံုးသတိထားမိသြားခဲ့ေလတယ္... ထို႔ေနာက္တြင္ သူမသည္ အိမ္ေဖာ္တခ်ိဳ႕ကို သူမအတြက္ ထိပ္ခြၽန္ပလာယာႏွင့္တျခားကိရိယာမ်ား သြားယူေခၚလိုက္ေလသည္... ရီက်န္းသည္ သူမလိုအပ္သည့္ပစၥည္းတို႔ရသည္ႏွင့္ နာရီ၏ေနာက္ေက်ာကို တံုဆိုင္းျခင္းမရိွ ကေလာ္ထုတ္ပစ္ေတာ့၏... နာရီ၏ေနာက္ေက်ာကို ဖြင့္လိုက္သည့္အခါ အထဲရိွရႈပ္ေထြးလွေသာေခြးသြားစိပ္ေလးမ်ားၾကားတြင္ ေျခရာခံစက္ကို ေတြ့လိုက္ရေပသည္...

လုေရွာင္ယန္သည္ သူ႔ရဲ့သရုပ္မွန္ကို ႏွစ္ေပါင္းမ်ားစြာ ပိရိစြာ ဖံုးကြယ္ထားႏိုင္ခဲ့ၿပီး အကြက္က်က် ေထာင္ေခ်ာက္ဆင္တတ္သည့္ လူယုတ္မာတစ္ေယာက္ပင္... လင္းက်န္တြင္သာ ဇာတ္လိုက္အရိွန္အဝါမရိွေတာ့ပါက လုေရွာင္ယန္သည္ လုေပရႊမ္းကို ရွင္းၿပီးေနာက္တြင္ လင္းက်န္ကိုလည္း ရွင္းပစ္ႏိုင္ေလာက္ေပတယ္...

လုေရွာင္ယန္သည္ ေသာက္စားေပ်ာ္ပါးၿပီး ေလလႊင့္ေနသည့္ပံုစံမ်ိဳးေနထိုင္ကာ သူ႔ရဲ့သရုပ္မွန္ျဖစ္တဲ့ ပါးနပ္ၿပီး ေကာက္က်စ္သည့္ပံုစံကို ဖံုးကြယ္ထားခဲ့ေလသည္... လုေရွာင္ယန္လိုလူမ်ိဳးကို ရင္ဆိုင္ရတာဟာ လင္းက်န္ကို ရင္ဆိုင္ရသည္ထက္ အမ်ားႀကီးပိုခက္ခဲႏိုင္၏...

အနည္းဆံုးေတာ့ လင္းက်န္သည္ လူသိထင္ရွားစိန္ေခၚကာ ယွဥ္ၿပိဳင္တတ္ေသးေပသည္... လုေရွာင္ယန္ကေတာ့ အေမွာင္ထဲတြင္ ပုန္းေနေသာအဆိပ္ျပင္းေႁမြတစ္ေကာင္လိုပင္... သတိတစ္ခ်က္ေလး လြတ္သြားသည္ႏွင့္ ထြက္ကိုက္လာႏိုင္ေပတယ္...

ရီက်န္း နားမလည္ေသးသည္က ထိုသို႔ေသာလူႏွစ္ၪီးဟာ ဘာေၾကာင့္မ်ား အတူတူအလုပ္လုပ္ေနရသည္လဲ...

ထိုအခ်ိန္တြင္ အခန္းတံခါးပြင့္လာခဲ့ကာ လုေပရႊမ္းတစ္ေယာက္အခန္းထဲသို႔ ဝင္လာခဲ့လတယ္... လုေပရႊမ္းသည္ သူ႔အေပၚအက်ႌကို ခြၽတ္ကာ ဆိုဖာေပၚပစ္တင္လိုက္ၿပီး သူ႔ရဲ့နက္ကတိုင္ကို ေျဖေလ်ွာ့လိုက္ေလ၏... အေျခအေနသိပ္ေကာင္းပံုမရေခ်...

" အဖိုးနဲ႔ အေျခအေန ဘယ္လိုလဲ "

လုေပရႊမ္းသည္ ရီက်န္းအား ၾကည့္လိုက္ၿပီးေနာက္ စားပြဲေပၚတြင္ တစ္စစီျဖစ္ေနခဲ့ၿပီျဖစ္ေသာနာရီကို ေတြ့လိုက္ေသာ္ျငား ဘာမ်ွမေမးခဲ့ေပ...

" အဖိုးက လင္းက်န္ကို သူ႔ေျမးအျဖစ္ သတ္မွတ္ခ်င္ေနတုန္းပဲ... ဒါေပမယ့္ လင္းက်န္ကို လုေကာ္ပိုေရးရွင္းထဲေျခမခ်ေစရပါဘူးလို႔ အာမခံပါတယ္တဲ့ "

" ႏွစ္ဖက္လံုးအတြက္ အဆင္ေျပတာေပါ့ "

" ဟုတ္တယ္... " လုေပရႊမ္း၏မ်က္ဝန္းတို႔တြင္ ေလးနက္မႈတို႔ ျပည့္ႏွက္သြားခဲ့ၿပီးေနာက္ " တကယ္လို႔ တစ္ေန့ေန့ ကိုယ္... "

" စိတ္မပူပါနဲ႔... တစ္ေန့ ရွင္ မရိွေတာ့တဲ့အခါၾကရင္ ရွင္ ထားခဲ့တဲ့အေမြေတြနဲ႔ ကြၽန္မ ေပ်ာ္ေအာင္ေနမွာပါ... သားကိုလည္း ကြၽန္မတစ္ေယာက္တည္း ေစာင့္ေရွာက္ပါ့မယ္... " ရီက်န္းသည္ လုေပရႊမ္းကို ထိုသို႔စေနာက္ၿပီးေနာက္မွာေတာ့ ေလးနက္စြာၾကည့္လိုက္ရင္း " ရွင္သာ မရိွေတာ့ရင္ ကြၽန္မ ရွင့္ကို လြမ္းေနမွာ... "

ထိုအခါ လုေပရႊမ္းက ရီက်န္းကို ၾကင္နာစြာ ၾကည့္လိုက္ကာ " ေနာက္ပိုင္းမွာ မင္းလိုသေလာက္သံုးႏိုင္ဖို႔ အလုပ္ႀကိဳးစားရေတာ့မွာေပါ့ "

" အလုပ္ႀကိဳးစားေပးလို႔ ေက်းဇူးပါ ဥကၠ႒လု  "

ရီက်န္းရဲ့ခ်စ္စရာေကာင္းတဲ့အမူအရာနဲ႔ ခ်ိဳသာတဲ့စကားတို႔က လုေပရႊမ္းရဲ့မေပ်ာ္ရႊင္မႈတို႔ကို လႊင့္စင္သြားေစ၏... လုေပရႊမ္းသည္ ရီက်န္းကို ခ်စ္ျခင္းအျပည့္ျဖင့္ ၾကည့္ေနခဲ့ေခ်တယ္...

လုေပရႊမ္းသည္ ရီက်န္း၏ႏႈတ္ခမ္းပါးတို႔ကိုၾကည့္ရင္း နမ္းလိုက္ခ်င္စိတ္တို႔ ထႂကြလာေတာ့သည္... ထိုအေျခအေနကို သတိထားလိုက္မိေသာရီက်န္းဟာ လုေပရႊမ္းကို ေရွာင္လိုက္ၿပီး သူမရဲ့ႏႈတ္ခမ္းကို လက္ျဖင့္အုပ္လိုက္ကာ " ဘာလုပ္ဖို႔ႀကံစည္ေနတာလဲ...  အခုက အျပင္မွာ မဟုတ္ဘူးေနာ္... သရုပ္ေဆာင္ဖို႔ မလိုေတာ့ဘူး... မဟုတ္မွ... ရွင္ ကြၽန္မကို အခြင့္ေကာင္းယူဖို႔ ႀကံစည္ေနတာလား... "

ရီက်န္းက ေရွာင္လိုက္တာေၾကာင့္ လုေပရႊမ္းဟာ ေလထုကိုသာ နမ္းလိုက္ရေပ၏... သူဟာ သူ႔ဇနီးသည္၏စကားေၾကာင့္ အနည္းငယ္ရယ္ေမာလိုက္ၿပီးေနာက္ " ဟုတ္ပါၿပီ... အခြင့္ေကာင္းမယူေတာ့ပါဘူး... မင္းလည္း ပင္ပန္းေနေရာေပါ့... ေစာေစာသြားအိပ္ေတာ့... "

လုေပရႊမ္းတစ္ေယာက္ ေရခ်ိဳးခန္းဆီသို႔ ထြက္သြားေတာ့မည့္အခ်ိန္တြင္ ရီက်န္းက လုေပရႊမ္းကို ေျပာျပသင့္သည့္သတင္းကို ေျပာရန္ " ဟို ခဏေလး... "
💙💙💙💙💙💙💙
Chapter 162
{ ခ်မ္းသာတဲ့မိသားစုထဲကလူကို လက္ထပ္လိုက္ရံုနဲ႔ သူ႔မိသားစုတစ္ခုကို ျပန္ေထာက္ပံ့ႏိုင္မယ္လို႔ ထင္ေနတာလား - ၁ }

ရီက်န္းသည္ နာရီထဲမွ ရွာေတြ့ခဲ့ေသာေျခရာခံစက္ေလးအား လုေပရႊမ္းေရ႔ွသို႔ထုတ္ျပလိုက္ရင္း " ဒီေျခရာခံစက္ေလးကို ရွင့္ၪီးေလးေပးတဲ့နာရီထဲကေတြ့တာ... တကယ္လို႔ ရွင္မယံုဘူးဆိုရင္ ေနာက္နာရီတစ္လံုးကို ဖြင့္ၾကည့္လိုက္လို႔ရတယ္... "

လုေပရႊမ္းသည္ ဇနီးျဖစ္သူျပေသာေျခရာခံစက္ေလးကို ေသခ်ာကိုင္ၾကည့္ၿပီးေနာက္ စားပြဲေပၚျပန္တင္လိုက္ကာ " ဒီကိစၥေတြမွာ မင္းဝင္မပါပါနဲ႔... ကိုယ္ရွင္းလိုက္မယ္... ဟုတ္ၿပီလား... "

ဆရာႀကီးက ရွင္းေပးမယ္ဆိုေတာ့လည္း ရီက်န္းသည္ ဒီကိစၥတြင္ ဝင္ပါစရာ မလိုေတာ့ေခ်... ဒါ့ျပင္ ဒီကိစၥဟာ သူမကိုယ္တိုင္ ေျဖရွင္းႏိုင္သည့္ကိစၥမဟုတ္သည္ေလ...

ထို႔ေနာက္ရီက်န္းသည္ ေရခ်ိဳးသန္႔စင္ရန္ ေရခ်ိဳးခန္းထဲ ဝင္သြားေတာ့သည္...

ေရခ်ိဳးခန္းဆီမွ ေရက်သံၾကားရခ်ိန္မွာေတာ့ လုေပရႊမ္းသည္ စံုတြဲနာရီမွ ေယာက်္ားဝတ္နာရီကို ယူလိုက္ကာ ေသခ်ာၾကည့္ရႈလိုက္ေလတယ္...

ဒီနာရီကို လုပ္ထားသည့္လက္မႈပညာသည္ အေတာ္ေလး ေကာင္းမြန္သည္ဟု ဆိုႏိုင္၏... တစ္ခ်က္ေလးၾကည့္လိုက္ရံုႏွင့္ပင္ ေစ်းႀကီးလြန္းသည့္ပစၥည္းမွန္း သိႏိုင္ေပတယ္...

ဒီလိုပစၥည္းမ်ိဳးတြင္ ေျခရာခံစက္ပါေနလိမ့္မည္ဟု ဘယ္သူကမွ ထင္ၾကမည္မဟုတ္...

ပထမဆံုးအေနနဲ႔ လုေရွာင္ယန္ဟာ လင္းက်န္အား လုဗီလာထဲ ဆြဲသြင္းခဲ့ၿပီး ယခုတြင္လည္း မေကာင္းေသာအႀကံအစည္ျဖင့္ လက္ေဆာင္ေပးျပန္တယ္... ဒီအေၾကာင္းတြင္နဲ႔တင္ လုေရွာင္ယန္ဟာလည္း ေလာဘသားရဲတစ္ေကာင္ဆိုသည္ကို သိႏိုင္ေပလိမ့္မည္...

လုေရွာင္ယန္က ဘာလို႔ ဒီလိုမ်ိဳးကိစၥေတြ လုပ္ေနရသည္ကို လုေပရႊမ္းတစ္ေယာက္ နားမလည္ေတာ့ေခ်...

ထို႔ေနာက္တြင္ လုေပရႊမ္းသည္ ဖုန္းနံပါတ္တစ္ခုကို ေခၚလိုက္ကာ အေလးအနက္အသံျဖင့္ အမိန္႔ေပးလိုက္ေလသည္...
" မင္းအတြက္ အလုပ္ႏွစ္ခုရိွတယ္... ပထမတစ္ခုက ငါ၁၈ႏွစ္တုန္းက ျပန္ေပးအမႈနဲ႔ပတ္သက္တာေတြရွာလာခဲ့၊ ျပန္ေပးသမားေတြရဲ့အေၾကာင္းကိုပါ ရွာလာေပး၊ ဒုတိယတစ္ခုက လြန္ခဲ့တဲ့ႏွစ္ေတြတုန္းက လုေရွာင္ယန္ ႏိုင္ငံျခားမွာ ဘာေတြလုပ္ေနတယ္ဆိုတာကို အေသးစိတ္စံုစမ္းခဲ့ ဘာကိစၥေသးေသးေလးမွ မက်န္ခဲ့ေစနဲ႔... အကုန္လံုးကို အေသးစိတ္ သိခ်င္တယ္ " ထိုသို႔ေျပာၿပီးေနာက္တြင္ ဖုန္းခ်လိုက္ေတာ့၏...

ေခတၲအၾကာတြင္ ရီက်န္းသည္ ေရခ်ိဳးခန္းထဲမွ ထြက္လာခဲ့ေတာ့သည္... သူမသည္ ပိုးသားညဝတ္အက်ႌကို ဝတ္ဆင္ထားၿပီး သူမရဲ့ဆံႏြယ္တို႔ ေရစိုလို႔ေန၏... သူမသည္ အဝတ္ဗီရိုေရ႔ွတြင္ ထိုင္လိုက္ကာ သူမရဲ့ေခါင္းကို သုတ္ေနခဲ့ေလတယ္...

သူမ သတိမထားသည့္အခ်ိန္တြင္ ညဝတ္အက်ႌတစ္ဖက္ဟာ ပုခံုးအထိ ေလ်ွာ့က်ေနခဲ့ၿပီး သူမရဲ့လွပတဲ့လည္တိုင္ဟာလည္း ဆြဲေဆာင္မႈ ျပင္းလို႔ေနေလ၏... ေရႏြေးနဲ႔ေရခ်ိဳးလာခဲ့တာေၾကာင့္ သူမရဲ့အသားအရည္ဟာ ႏွင္းဆီေသြးေရာင္သန္းေနခဲ့ေလၿပီ...

မနီးမေဝးတြင္ ထိုင္ေနေသာလုေပရႊမ္းဟာ ရီက်န္းဆီမွ လြင့္ပ်ံ့လာေသာရနံ႔တို႔ေၾကာင့္ သူ႔စိတ္ကို ထိန္းခ်ဳပ္ေနရ၏...

ယခုအေျခအေနသည္ သာမန္ေယာက်္ားတစ္ေယာက္အတြက္ သူ႔ဆႏၵကို သိကၡာႏွင့္ ထိန္းခ်ဳပ္ႏိုင္ရန္ပင္ ခက္ခဲလွေပတယ္... လုေပရႊမ္းကဲ့သို႔ အခ်ိန္အၾကာႀကီး ထိန္းခ်ဳပ္ထားခဲ့ရသူဆိုလ်ွင္ ပိုလို႔ပင္ ထိန္းခ်ဳပ္ရခက္ေစမည္အေျခအေနပင္...

သို႔ေသာ္ လုေပရႊမ္းသည္ သူ႔ကိုယ္သူ ထိန္းခ်ဳပ္ရမွန္းသိေပတယ္... ' နည္းနည္းေလးပဲ ထပ္သည္းခံႏိုင္ရင္ ရၿပီ '

လုေပရႊမ္းရဲ့ေလာင္ကြၽမ္းေနေသာအၾကည့္တို႔ကို ခံစားမိသြားသည့္ရီက်န္းဟာ ေခါင္းသုတ္ေနရာမွ လုေပရႊမ္းဘက္သို႔ လွည့္ၾကည့္လိုက္ခ်ိန္တြင္ လုေပရႊမ္းဟာ ေအးေဆးတည္ၿငိမ္စြာ သူ႔စာရြက္စာတမ္းတို႔ႏွင့္ အလုပ္လုပ္ေနခဲ့ေလသည္...

လုေပရႊမ္းက သူမကို ျပန္ၾကည့္ကာ " ဘာျဖစ္လို႔လဲ " ဟုပင္ ျပန္ေမးေနေသး၏...

ထိုအခါ ရီက်န္းသည္ သူမကသာ စိတ္ထင္ေနသည္ဟု ေတြးလိုက္ၿပီး ေခါင္းဆက္သုတ္ေနခဲ့ေတာ့တယ္...
~~~~~~~~~~~~~~~
တစ္ခ်ိန္တည္းမွာပဲ ရွန္းရွီးေဖ်ာ္ေျဖေရး၏ကားပါကင္ရိွ ကားတစ္စီးထဲ၌ လွပစြာဝတ္စားထားေသာအမ်ိဳးသမီးတစ္ေယာက္ႏွင့္ ေနာက္ထပ္အမ်ိဳးသမီးတစ္ေယာက္ရိွေနခဲ့၏... ရွန္းရွီးေဖ်ာ္ေျဖေရးသည္ ကမ္းေျခၿမိဳ႔ေတာ္ရိွေဖ်ာ္ေျဖေရးကုမၼဏီမ်ားထဲတြင္ အႀကီးမားဆံုးေဖ်ာ္ေျဖေရးကုမၼဏီတစ္ခုပင္...

ကားထဲတြင္ မီးေရာင္မိွန္ပ်ပ်သာရိွၿပီး အထဲရိျွမင္ကြင္းတို႔ကို သဲသဲကြဲကြဲမျမင္ရေခ်... ညဥ္နက္ေနၿပီျဖစ္ေသာ္လည္း လွပစြာဝတ္စားထားေသာအမ်ိဳးသမီးဟာ သူမရဲ့မ်က္လံုးတို႔ကို ကြယ္ထားႏိုင္ရန္ ေနကာမ်က္မွန္တပ္ဆင္ထားေခ်တယ္...

" ဒီဖိုင္ေတြထဲက နင္အဆင္ေျပေလာက္မယ္ထင္တဲ့ဖိုင္ကို ေရြးလိုက္... ငါစီစဥ္ေပးမယ္ "

ထိုစကားေၾကာင့္ ေနာက္အမ်ိဳးသမီးတစ္ေယာက္က ဖိုင္တို႔ကို သိခ်င္စိတ္ျပင္းျပစြာၾကည့္လိုက္ခ်ိန္မွာေတာ့ အမ်ိဳးသားမ်ားရဲ့ကိုယ္ေရးအက်ဥ္းမ်ားပါသည့္ဖိုင္မ်ားျဖစ္ေနေလ၏... ထိုဖိုင္တစ္ခုခ်င္းဆီတြင္ အမ်ိဳးသားရဲ့ဓါတ္ပံု၊ ေအာင္ျမင္မႈ၊ ပိုင္ဆိုင္မႈနဲ႔ သူတို႔ရဲ့ကုမၼဏီမ်ား ပါဝင္ေလသည္... သို႔ေသာ္ျငား အမ်ိဳးသားအားလံုးဟာ အသက္ ၄၀နဲ႔ ၅၀မ်ားသာျဖစ္ေလတယ္...

" ဒါေတြက ဘာကို ဆိုလိုခ်င္တာလဲ... ကြၽန္မကို ေျပာေတာ့ ဒါရိုက္တာေတြနဲ႔ ဆက္သြယ္ႏိုင္မယ့္နည္းလမ္းကို ေျပာျပမလို႔ဆို "
💞💞💞💞💞💞💞💞💞💞
Vအခု Covidျပန္ျဖစ္ေနလို႔ updateေလး ေနာက္က်သြားပါတယ္
ေတာင္းပန္ပါတယ္ ဒါဒါတို႔😔
❤️❤️❤️❤️❤️❤️❤️❤️❤️❤️

Unicode
Chapter 160
{ နောက်ပိုင်းမှာ မင်းလိုသလောက်သုံးနိုင်ဖို့ အလုပ်ကြိုးစားရတော့မှာပေါ့ - ၂ }

" မင်းက လင်းကျန်ကို လုမိသားစုဝင်အဖြစ် လုံးဝ လက်မခံနိုင်ဘူးလို့ ပြောချင်တာလား "

လွန်ခဲ့သောတစ်နှစ်က လုပေရွှမ်း ကိုမာဝင်နေချိန်တွင် လုရှောင်ရန်သည် သူ၏တရားမဝင်သားတစ်ယောက်ဖြစ်တဲ့ လုပေဖန်ကို လုအိမ်ထဲ ခေါ်သွင်းခဲ့လေ၏...

လုပေဖန်ရဲ့အမေဟာ လူပုံအလယ်တွင် ထွက်ပြနိုင်လောက်သည့်အမျိုးသမီး မဟုတ်ချေ... လုပေရွှမ်းသည် ကိုမာဝင်နေသော်လည်း အသက်ရှင်နေဆဲဖြစ်တာကြောင့် လုရှောင်ရန်ဟာ လုပေဖန်အား လုအိမ်သို့ ဝရုန်းသုံးကားခေါ်လာခဲ့ကာ လုကော်ပိုရေးရှင်းရှိ လုပေရွှမ်းရဲ့နေရာကို ယူနိုင်ရန် မိသားစုစီးပွားရေးအားလုံးကို သင်ကြားပေးခဲ့သေးသည်... ထိုချိန်၌ အမေလုသည် သူမရဲ့ဒေါသကို မြိုသိပ်ထားရုံမှအပ ရွေးချယ်စရာမရှိခဲ့သလို ရီကျန်းသည်လည်း လုပေဖန်ရဲ့ပရောပရည်စကားတို့ ပြောခြင်းခံခဲ့ရလေတယ်...

လုပေရွှမ်းသည် ထိုသို့သောအဖြစ်မျိုးကို ထပ်တစ်ကြိမ်အဖြစ်ခံမည်မဟုတ်...

" ကျွန်တော် ပြောပြီးသားပါ... အဲ့ကိစ္စက အဖိုးသဘောပါလို့... ဒါပေမယ့် ကျွန်တော့်ဘက်က ဆုံးဖြတ်ချက်ကတော့ ပြောင်းမှာမဟုတ်ဘူး... ကျွန်တော်လုံးဝ လက်မခံနိုင်ဘူးဆိုတဲ့အဖြေပဲရှိပါတယ်... "

လုပေရွှမ်းသည် ယခုတွင် လုကော်ပိုရေးရှင်း၏၅၀%ကို ပိုင်ဆိုင်ထားပြီးပြီဖြစ်၏...

အဖိုးလုရဲ့ရည်ရွယ်ချက်ဟာ လင်းကျန်ကို သူ့မြေးအဖြစ် သတ်မှတ်ချင်ရုံပဲဆိုသော အကြောင်းအရာတစ်ခုတည်းပဲလား...?

ထိုသို့သာဆိုပါလျှင် အဖိုးလုဟာ လုပေရွှမ်း၏ဆုံးဖြတ်ချက်ကို မေးနေရန်ပင် မလိုပေ...

အမှန်တကယ်တော့ အဖိုးလုဟာ လင်းကျန်အပေါ် လုပေရွှမ်းရဲ့အမြင်နဲ့ လင်းကျန်ကို လုကော်ပိုရေးရှင်းထဲထည့်ဖို့ အဆင်ပြေနိုင် မပြေနိုင် သိချင်နေခြင်းသာဖြစ်သည်...

" အဖိုးက လုပေဖန်ကိစ္စကို မေ့သွားတာလား... ဘာပဲဖြစ်ဖြစ် လင်းကျန်က ကျွန်တော့်အတွက်တော့ ရန်သူပဲ...  အဖေတူအမေကွဲ ညီအစ်ကိုတွေကြားက ပြိုင်ဆိုင်မှုက ပုံမှန်ပဲလေ... ပြီးတော့ လုကော်ပိုရေးရှင်မှာ ဆက်ခံသူတွေ များနေတာက အန္တရာယ်များလွန်းတယ်... ကော်ပိုရေးရှင်းမှာ လုဆိုရင် ကျွန်တော်တစ်ယောက်တည်းနဲ့တင် လုံလောက်နေပါပြီ... "

အဖိုးလုသည် လုပေရွှမ်းကိုကြည့်ရင်းဖြင့် သူ့လက်ထဲမှ တုတ်ကောက်ကို ကျစ်ကျစ်ဆုပ်ထားရာမှ ဖြေလျော့လိုက်လေတယ်... အဖိုးလုသည် လုပေရွှမ်းမျက်နှာပေါ်မှ ပြောင်းလဲမှုကို စောင့်ကြည့်နေလေ၏... သို့သော် လုပေရွှမ်းဟာ ရေသေလိုတည်ငြိမ်နေခဲ့လေသည်...  လုပေရွှမ်းသည် သူ့ခံစားချက်နှင့် မျက်နှာအမူအရာကို ထိန်းချုပ်ရာ၌ ကျွမ်းကျင်သူတစ်ယောက်ဖြစ်နေခဲ့ချေပြီ...

အချိန်တစ်ခုကြာပြီးနောက်တွင် အဖိုးလုသည် သက်ပြင်းချလိုက်ရင်း " မင်းပြောတာကို အဖိုး နားလည်ပါတယ်... ဒီလိုလုပ်ကွာ... လင်းကျန်ကို အဖိုးမြေးအဖြစ် သတ်မှတ်လိုက်မယ်... ဒါပေမယ့် လုကော်ပိုရေးရှင်းထဲကို လင်းကျန် ​လုံးဝခြေ,မချစေရဘူးလို့ အဖိုး အာမခံတယ်ကွာ... "

ဒါဟာ အဖိုးလုဘက်မှ အလျှော့ပေးလိုက်သည်ဟု ဆိုနိုင်ပေ၏...

ထိုအခါ လုပေရွှမ်းဟာ ခေါင်းတညိမ့်ညိမ့်လုပ်လိုက်ပြီး " အဖိုးက ဘယ်သူ့ကို မြေးသတ်မှတ် သတ်မှတ် အဖိုးသဘောပါ... ကျွန်တော် ဝင်မစွတ်ဖက်ပါဘူး... အဖိုးမှာ ပြောစရာမရှိတော့ရင် ကျွန်တော့်ကို ခွင့်ပြုပါအုံး... "

ထိုသို့ပြောလိုက်ပြီးနောက်တွင် လုပေရွှမ်းဟာ အခန်းထဲမှ ထွက်ရန် မတ်တပ်ရပ်လိုက်လေတယ်...

ထိုချိန်တွင် အဖိုးလုက " မင်းလက်ထဲကို လုကော်ပိုရေးရှင်းကို အပ်ထားလိုက်ရတာ အဆင်ပြေတယ်...  "

" အဖိုးရဲ့ယုံကြည်မှု မပျက်စီးစေရပါဘူး... "

လုပေရွှမ်းတစ်ယောက် အခန်းထဲမှ ထွက်သွားပြီးနောက်တွင် အဖိုးလုတစ်ယောက်တည်းသာ ကျန်ခဲ့တော့၏...

အဖိုးလုဟာ သူ့ရဲ့တုတ်ကောက်ကို အမှီပြုရင်း ပြတင်းပေါက်နားသို့ ဒယိမ်းဒယိုင်လျှောက်သွားခဲ့ပြီး ခြံထဲတွင် သန့်ရှင်းရေးလုပ်နေကြသောအစေခံတို့ကို ကြည့်နေချိန်၌ အခန်းတံခါးပွင့်လာခဲ့ပြီး အိမ်တော်ထိန်းအိုကြီး အခန်းထဲသို့ ဝင်လာခဲ့လေတယ်...

" လူတွေက အသက်ကြီးရင် အရှုံးကို လက်ခံတတ်ရပြီ... အခုပဲကြည့်... ပေရွှမ်းအရွယ်ရောက်လာတော့ ငါ သူ့ကိုထိန်းလို့တောင် မရတော့ဘူး "

ထိုအခါ အိမ်တော်ထိန်းအိုကြီးက " သခင်ကြီး အရမ်း စိတ်မပူပါနဲ့...  "

" ဟုတ်ပါပြီ " ထို့နောက်တွင် အဖိုးလုဟာ အိမ်တော်ထိန်းအိုကြီးဘက်သို့ လှည့်ကြည့်လိုက်ကာ " မနက်ဖြန်ကြရင် ဘိုးဘွားပိုင်စံအိမ်ကို ပြန်မယ်... ပြီးတော့ ရှေ့နေခေါ်လိုက်... ငါ့သေတမ်းစာကို ပြင်ရမယ်... "

" သေတမ်းစာကို ပြန်ပြင်မယ် ဟုတ်လား?? သခင်ကြီး "

အိမ်တော်ထိန်းအိုကြီးရဲ့အမေးကြောင့် အဖိုးလုသည် " အဲ့ကောင်စုတ်လေးပေရွှမ်းက တခြားသူတွေရှေ့မှာတောင် ဒီအဖိုးကြီးကို မျက်နှာသာမပေးဘူးလေ... အဲ့ကောင်စုတ်လေးကို ငါ့ရဲ့ရှယ်ယာနဲ့အမွေတွေ မပေးနိုင်ပါဘူး... ဒီတစ်ခါတော့ သူ့ကို သင်ခန်းစာကောင်းကောင်းပေးရမယ်... "

" ဒါပေမယ့် သခင်ကြီး... " အိမ်တော်ထိန်းအိုကြီးသည် သခင်ကြီးက လင်းကျန်းနဲ့ပတ်သက်ပြီး အပြစ်မကင်းသလို ခံစားနေ တာကြောင့် ပြန်ပေးဆပ်ချင်နေသည်ကို နားလည်သော်လည်း အကယ်၍သာ သခင်ကြီးလုဟာ လင်းကျန်စိတ်ကြိုက် အမွေခွဲပေးလိုက်ပါက လင်းကျန်သည် လုပေရွှမ်းအတွက် အဆိပ်ပြင်းတစ်ခု ဖြစ်လာနိုင်သည်ကို ခံစားမိနေ၏...

အဖိုးလုသည် ခေတ္တအကြာအထိ တိတ်ဆိတ်နေခဲ့ပြီးမှ အားရပါးရရယ်မောလိုက်ကာ " ငါ့အထင်တော့ ချင်ဖိန့်(ကျိုးကျိုးလေး)က မဆိုးဘူးလားလို့... ဒီနေ့ပွဲမှာ လူအများကြီးနဲ့ တွေ့ရတာတောင် တစ်ချက်လေးမှ မငိုဘူး... သူသာ အရွယ်ရောက်လာရင် အရေးကြီးတဲ့ကိစ္စကြီးတွေကို သေချာကိုင်တွယ်နိုင်မှာ အမှန်ပဲ... ပြီးတော့ သူက မွေးစတည်းက ငါ့ကို ပြုံးပြတာ... ငါ့ကို အမြဲဒေါသထွက်အောင်လုပ်တတ်တဲ့သူ့အဖေနဲ့ကွာပါ့... "

ထိုအခါမှသာ အိမ်တော်ထိန်းအိုကြီးသည် အဖိုးလုနှင့်အတူ အားရပါးရ ရယ်မောလိုက်ပြီး " ဟုတ်ကဲ့ပါ... မနက်ဖြန်ကြရင် ရှေ့နေခေါ်ထားလိုက်ပါ့မယ်  "

အဖိုးလုသည် ဘာမှထပ်မပြောတော့ဘဲ ခေါင်းသာပြန်ညိမ့်ပြလိုက်တော့၏...
💙💙💙💙💙💙💙
Chapter 161
{ နောက်ပိုင်းမှာ မင်းလိုသလောက်သုံးနိုင်ဖို့ အလုပ်ကြိုးစားရတော့မှာပေါ့ - ၃ }

ရီကျန်းသည် အမေလုကို ကူတွဲပေးရင်း အမေလုရဲ့အခန်းသို့ ပို့ပေးပြီးနောက် ခေတ္တမျှ ဖျောင်းဖျစကားပြောကာ သူမအခန်းရှိရာသို့ ပြန်လာခဲ့တော့သည်...

သူမသည် လုပေရွှမ်းအတွက် စိတ်မပူပါချေ... လက်ရှိတွင် လင်းကျန်သည် အင်အားမပြည့်ဝသေးသလို၊ လုရှောင်ယန်သည်လည်း သူ့အကြံအစည်တို့ကို မအောင်မြင်တာကြောင့်ပင်... အဖိုးလုသည်လည်း လူရည်လည်သူတစ်ဦးဖြစ်တာကြောင့် ဘယ်ရွေးချယ်မှုက မှန်ကန်သည်ကို ကောင်းကောင်းနားလည်ပေလိမ့်မည်... ဒီလိုကိစ္စလေးနှင့် ပတ်သက်ပြီး သူနဲ့ သူ့မြေးဖြစ်သူကြားတွင် သဘောထားကွဲလွဲကာ ရန်စရှိသွားစရာအကြောင်းမရှိချေ...

ခေတ္တအကြာတွင်တော့ သူမရဲ့အခန်းကို အိမ်ဖော်တချို့ တံခါးလာခေါက်ခဲ့ပြီး ပွဲမှရသမျှလက်ဆောင်ပစ္စည်းများကို ယူလာပေးကြ၏... လက်ဆောင်အားလုံးဟာ စျေးကြီးပစ္စည်းများသာ...

ရီကျန်းသည် လုရှောင်ယန်က သူမနှင့်လုပေရွှမ်းအတွက်ပေးသောစုံတွဲနာရီကို ပထမဆုံးသတိထားမိသွားခဲ့လေတယ်... ထို့နောက်တွင် သူမသည် အိမ်ဖော်တချို့ကို သူမအတွက် ထိပ်ချွန်ပလာယာနှင့်တခြားကိရိယာများ သွားယူခေါ်လိုက်လေသည်... ရီကျန်းသည် သူမလိုအပ်သည့်ပစ္စည်းတို့ရသည်နှင့် နာရီ၏နောက်ကျောကို တုံဆိုင်းခြင်းမရှိ ကလော်ထုတ်ပစ်တော့၏... နာရီ၏နောက်ကျောကို ဖွင့်လိုက်သည့်အခါ အထဲရှိရှုပ်ထွေးလှသောခွေးသွားစိပ်လေးများကြားတွင် ခြေရာခံစက်ကို တွေ့လိုက်ရပေသည်...

လုရှောင်ယန်သည် သူ့ရဲ့သရုပ်မှန်ကို နှစ်ပေါင်းများစွာ ပိရိစွာ ဖုံးကွယ်ထားနိုင်ခဲ့ပြီး အကွက်ကျကျ ထောင်ချောက်ဆင်တတ်သည့် လူယုတ်မာတစ်ယောက်ပင်... လင်းကျန်တွင်သာ ဇာတ်လိုက်အရှိန်အဝါမရှိတော့ပါက လုရှောင်ယန်သည် လုပေရွှမ်းကို ရှင်းပြီးနောက်တွင် လင်းကျန်ကိုလည်း ရှင်းပစ်နိုင်လောက်ပေတယ်...

လုရှောင်ယန်သည် သောက်စားပျော်ပါးပြီး လေလွှင့်နေသည့်ပုံစံမျိုးနေထိုင်ကာ သူ့ရဲ့သရုပ်မှန်ဖြစ်တဲ့ ပါးနပ်ပြီး ကောက်ကျစ်သည့်ပုံစံကို ဖုံးကွယ်ထားခဲ့လေသည်... လုရှောင်ယန်လိုလူမျိုးကို ရင်ဆိုင်ရတာဟာ လင်းကျန်ကို ရင်ဆိုင်ရသည်ထက် အများကြီးပိုခက်ခဲနိုင်၏...

အနည်းဆုံးတော့ လင်းကျန်သည် လူသိထင်ရှားစိန်ခေါ်ကာ ယှဥ်ပြိုင်တတ်သေးပေသည်... လုရှောင်ယန်ကတော့ အမှောင်ထဲတွင် ပုန်းနေသောအဆိပ်ပြင်းမြွေတစ်ကောင်လိုပင်... သတိတစ်ချက်လေး လွတ်သွားသည်နှင့် ထွက်ကိုက်လာနိုင်ပေတယ်...

ရီကျန်း နားမလည်သေးသည်က ထိုသို့သောလူနှစ်ဦးဟာ ဘာကြောင့်များ အတူတူအလုပ်လုပ်နေရသည်လဲ...

ထိုအချိန်တွင် အခန်းတံခါးပွင့်လာခဲ့ကာ လုပေရွှမ်းတစ်ယောက်အခန်းထဲသို့ ဝင်လာခဲ့လတယ်... လုပေရွှမ်းသည် သူ့အပေါ်အင်္ကျီကို ချွတ်ကာ ဆိုဖာပေါ်ပစ်တင်လိုက်ပြီး သူ့ရဲ့နက်ကတိုင်ကို ဖြေလျှော့လိုက်လေ၏... အခြေအနေသိပ်ကောင်းပုံမရချေ...

" အဖိုးနဲ့ အခြေအနေ ဘယ်လိုလဲ "

လုပေရွှမ်းသည် ရီကျန်းအား ကြည့်လိုက်ပြီးနောက် စားပွဲပေါ်တွင် တစ်စစီဖြစ်နေခဲ့ပြီဖြစ်သောနာရီကို တွေ့လိုက်သော်ငြား ဘာမျှမမေးခဲ့ပေ...

" အဖိုးက လင်းကျန်ကို သူ့မြေးအဖြစ် သတ်မှတ်ချင်နေတုန်းပဲ... ဒါပေမယ့် လင်းကျန်ကို လုကော်ပိုရေးရှင်းထဲခြေမချစေရပါဘူးလို့ အာမခံပါတယ်တဲ့ "

" နှစ်ဖက်လုံးအတွက် အဆင်ပြေတာပေါ့ "

" ဟုတ်တယ်... " လုပေရွှမ်း၏မျက်ဝန်းတို့တွင် လေးနက်မှုတို့ ပြည့်နှက်သွားခဲ့ပြီးနောက် " တကယ်လို့ တစ်နေ့နေ့ ကိုယ်... "

" စိတ်မပူပါနဲ့... တစ်နေ့ ရှင် မရှိတော့တဲ့အခါကြရင် ရှင် ထားခဲ့တဲ့အမွေတွေနဲ့ ကျွန်မ ပျော်အောင်နေမှာပါ... သားကိုလည်း ကျွန်မတစ်ယောက်တည်း စောင့်ရှောက်ပါ့မယ်... " ရီကျန်းသည် လုပေရွှမ်းကို ထိုသို့စနောက်ပြီးနောက်မှာတော့ လေးနက်စွာကြည့်လိုက်ရင်း " ရှင်သာ မရှိတော့ရင် ကျွန်မ ရှင့်ကို လွမ်းနေမှာ... "

ထိုအခါ လုပေရွှမ်းက ရီကျန်းကို ကြင်နာစွာ ကြည့်လိုက်ကာ " နောက်ပိုင်းမှာ မင်းလိုသလောက်သုံးနိုင်ဖို့ အလုပ်ကြိုးစားရတော့မှာပေါ့ "

" အလုပ်ကြိုးစားပေးလို့ ကျေးဇူးပါ ဥက္ကဋ္ဌလု  "

ရီကျန်းရဲ့ချစ်စရာကောင်းတဲ့အမူအရာနဲ့ ချိုသာတဲ့စကားတို့က လုပေရွှမ်းရဲ့မပျော်ရွှင်မှုတို့ကို လွှင့်စင်သွားစေ၏... လုပေရွှမ်းသည် ရီကျန်းကို ချစ်ခြင်းအပြည့်ဖြင့် ကြည့်နေခဲ့ချေတယ်...

လုပေရွှမ်းသည် ရီကျန်း၏နှုတ်ခမ်းပါးတို့ကိုကြည့်ရင်း နမ်းလိုက်ချင်စိတ်တို့ ထကြွလာတော့သည်... ထိုအခြေအနေကို သတိထားလိုက်မိသောရီကျန်းဟာ လုပေရွှမ်းကို ရှောင်လိုက်ပြီး သူမရဲ့နှုတ်ခမ်းကို လက်ဖြင့်အုပ်လိုက်ကာ " ဘာလုပ်ဖို့ကြံစည်နေတာလဲ...  အခုက အပြင်မှာ မဟုတ်ဘူးနော်... သရုပ်ဆောင်ဖို့ မလိုတော့ဘူး... မဟုတ်မှ... ရှင် ကျွန်မကို အခွင့်ကောင်းယူဖို့ ကြံစည်နေတာလား... "

ရီကျန်းက ရှောင်လိုက်တာကြောင့် လုပေရွှမ်းဟာ လေထုကိုသာ နမ်းလိုက်ရပေ၏... သူဟာ သူ့ဇနီးသည်၏စကားကြောင့် အနည်းငယ်ရယ်မောလိုက်ပြီးနောက် " ဟုတ်ပါပြီ... အခွင့်ကောင်းမယူတော့ပါဘူး... မင်းလည်း ပင်ပန်းနေရောပေါ့... စောစောသွားအိပ်တော့... "

လုပေရွှမ်းတစ်ယောက် ရေချိုးခန်းဆီသို့ ထွက်သွားတော့မည့်အချိန်တွင် ရီကျန်းက လုပေရွှမ်းကို ပြောပြသင့်သည့်သတင်းကို ပြောရန် " ဟို ခဏလေး... "
💙💙💙💙💙💙💙
Chapter 162
{ ချမ်းသာတဲ့မိသားစုထဲကလူကို လက်ထပ်လိုက်ရုံနဲ့ သူ့မိသားစုတစ်ခုကို ပြန်ထောက်ပံ့နိုင်မယ်လို့ ထင်နေတာလား - ၁ }

ရီကျန်းသည် နာရီထဲမှ ရှာတွေ့ခဲ့သောခြေရာခံစက်လေးအား လုပေရွှမ်းရှေ့သို့ထုတ်ပြလိုက်ရင်း " ဒီခြေရာခံစက်လေးကို ရှင့်ဦးလေးပေးတဲ့နာရီထဲကတွေ့တာ... တကယ်လို့ ရှင်မယုံဘူးဆိုရင် နောက်နာရီတစ်လုံးကို ဖွင့်ကြည့်လိုက်လို့ရတယ်... "

လုပေရွှမ်းသည် ဇနီးဖြစ်သူပြသောခြေရာခံစက်လေးကို သေချာကိုင်ကြည့်ပြီးနောက် စားပွဲပေါ်ပြန်တင်လိုက်ကာ " ဒီကိစ္စတွေမှာ မင်းဝင်မပါပါနဲ့... ကိုယ်ရှင်းလိုက်မယ်... ဟုတ်ပြီလား... "

ဆရာကြီးက ရှင်းပေးမယ်ဆိုတော့လည်း ရီကျန်းသည် ဒီကိစ္စတွင် ဝင်ပါစရာ မလိုတော့ချေ... ဒါ့ပြင် ဒီကိစ္စဟာ သူမကိုယ်တိုင် ဖြေရှင်းနိုင်သည့်ကိစ္စမဟုတ်သည်လေ...

ထို့နောက်ရီကျန်းသည် ရေချိုးသန့်စင်ရန် ရေချိုးခန်းထဲ ဝင်သွားတော့သည်...

ရေချိုးခန်းဆီမှ ရေကျသံကြားရချိန်မှာတော့ လုပေရွှမ်းသည် စုံတွဲနာရီမှ ယောကျ်ားဝတ်နာရီကို ယူလိုက်ကာ သေချာကြည့်ရှုလိုက်လေတယ်...

ဒီနာရီကို လုပ်ထားသည့်လက်မှုပညာသည် အတော်လေး ကောင်းမွန်သည်ဟု ဆိုနိုင်၏... တစ်ချက်လေးကြည့်လိုက်ရုံနှင့်ပင် စျေးကြီးလွန်းသည့်ပစ္စည်းမှန်း သိနိုင်ပေတယ်...

ဒီလိုပစ္စည်းမျိုးတွင် ခြေရာခံစက်ပါနေလိမ့်မည်ဟု ဘယ်သူကမှ ထင်ကြမည်မဟုတ်...

ပထမဆုံးအနေနဲ့ လုရှောင်ယန်ဟာ လင်းကျန်အား လုဗီလာထဲ ဆွဲသွင်းခဲ့ပြီး ယခုတွင်လည်း မကောင်းသောအကြံအစည်ဖြင့် လက်ဆောင်ပေးပြန်တယ်... ဒီအကြောင်းတွင်နဲ့တင် လုရှောင်ယန်ဟာလည်း လောဘသားရဲတစ်ကောင်ဆိုသည်ကို သိနိုင်ပေလိမ့်မည်...

လုရှောင်ယန်က ဘာလို့ ဒီလိုမျိုးကိစ္စတွေ လုပ်နေရသည်ကို လုပေရွှမ်းတစ်ယောက် နားမလည်တော့ချေ...

ထို့နောက်တွင် လုပေရွှမ်းသည် ဖုန်းနံပါတ်တစ်ခုကို ခေါ်လိုက်ကာ အလေးအနက်အသံဖြင့် အမိန့်ပေးလိုက်လေသည်...
" မင်းအတွက် အလုပ်နှစ်ခုရှိတယ်... ပထမတစ်ခုက ငါ၁၈နှစ်တုန်းက ပြန်ပေးအမှုနဲ့ပတ်သက်တာတွေရှာလာခဲ့၊ ပြန်ပေးသမားတွေရဲ့အကြောင်းကိုပါ ရှာလာပေး၊ ဒုတိယတစ်ခုက လွန်ခဲ့တဲ့နှစ်တွေတုန်းက လုရှောင်ယန် နိုင်ငံခြားမှာ ဘာတွေလုပ်နေတယ်ဆိုတာကို အသေးစိတ်စုံစမ်းခဲ့ ဘာကိစ္စသေးသေးလေးမှ မကျန်ခဲ့စေနဲ့... အကုန်လုံးကို အသေးစိတ် သိချင်တယ် " ထိုသို့ပြောပြီးနောက်တွင် ဖုန်းချလိုက်တော့၏...

ခေတ္တအကြာတွင် ရီကျန်းသည် ရေချိုးခန်းထဲမှ ထွက်လာခဲ့တော့သည်... သူမသည် ပိုးသားညဝတ်အင်္ကျီကို ဝတ်ဆင်ထားပြီး သူမရဲ့ဆံနွယ်တို့ ရေစိုလို့နေ၏... သူမသည် အဝတ်ဗီရိုရှေ့တွင် ထိုင်လိုက်ကာ သူမရဲ့ခေါင်းကို သုတ်နေခဲ့လေတယ်...

သူမ သတိမထားသည့်အချိန်တွင် ညဝတ်အင်္ကျီတစ်ဖက်ဟာ ပုခုံးအထိ လျှော့ကျနေခဲ့ပြီး သူမရဲ့လှပတဲ့လည်တိုင်ဟာလည်း ဆွဲဆောင်မှု ပြင်းလို့နေလေ၏... ရေနွေးနဲ့ရေချိုးလာခဲ့တာကြောင့် သူမရဲ့အသားအရည်ဟာ နှင်းဆီသွေးရောင်သန်းနေခဲ့လေပြီ...

မနီးမဝေးတွင် ထိုင်နေသောလုပေရွှမ်းဟာ ရီကျန်းဆီမှ လွင့်ပျံ့လာသောရနံ့တို့ကြောင့် သူ့စိတ်ကို ထိန်းချုပ်နေရ၏...

ယခုအခြေအနေသည် သာမန်ယောကျ်ားတစ်ယောက်အတွက် သူ့ဆန္ဒကို သိက္ခာနှင့် ထိန်းချုပ်နိုင်ရန်ပင် ခက်ခဲလှပေတယ်... လုပေရွှမ်းကဲ့သို့ အချိန်အကြာကြီး ထိန်းချုပ်ထားခဲ့ရသူဆိုလျှင် ပိုလို့ပင် ထိန်းချုပ်ရခက်စေမည်အခြေအနေပင်...

သို့သော် လုပေရွှမ်းသည် သူ့ကိုယ်သူ ထိန်းချုပ်ရမှန်းသိပေတယ်... ' နည်းနည်းလေးပဲ ထပ်သည်းခံနိုင်ရင် ရပြီ '

လုပေရွှမ်းရဲ့လောင်ကျွမ်းနေသောအကြည့်တို့ကို ခံစားမိသွားသည့်ရီကျန်းဟာ ခေါင်းသုတ်နေရာမှ လုပေရွှမ်းဘက်သို့ လှည့်ကြည့်လိုက်ချိန်တွင် လုပေရွှမ်းဟာ အေးဆေးတည်ငြိမ်စွာ သူ့စာရွက်စာတမ်းတို့နှင့် အလုပ်လုပ်နေခဲ့လေသည်...

လုပေရွှမ်းက သူမကို ပြန်ကြည့်ကာ " ဘာဖြစ်လို့လဲ " ဟုပင် ပြန်မေးနေသေး၏...

ထိုအခါ ရီကျန်းသည် သူမကသာ စိတ်ထင်နေသည်ဟု တွေးလိုက်ပြီး ခေါင်းဆက်သုတ်နေခဲ့တော့တယ်...
~~~~~~~~~~~~~~~
တစ်ချိန်တည်းမှာပဲ ရှန်းရှီးဖျော်ဖြေရေး၏ကားပါကင်ရှိ ကားတစ်စီးထဲ၌ လှပစွာဝတ်စားထားသောအမျိုးသမီးတစ်ယောက်နှင့် နောက်ထပ်အမျိုးသမီးတစ်ယောက်ရှိနေခဲ့၏... ရှန်းရှီးဖျော်ဖြေရေးသည် ကမ်းခြေမြို့တော်ရှိဖျော်ဖြေရေးကုမ္မဏီများထဲတွင် အကြီးမားဆုံးဖျော်ဖြေရေးကုမ္မဏီတစ်ခုပင်...

ကားထဲတွင် မီးရောင်မှိန်ပျပျသာရှိပြီး အထဲရှိမြင်ကွင်းတို့ကို သဲသဲကွဲကွဲမမြင်ရချေ... ညဥ်နက်နေပြီဖြစ်သော်လည်း လှပစွာဝတ်စားထားသောအမျိုးသမီးဟာ သူမရဲ့မျက်လုံးတို့ကို ကွယ်ထားနိုင်ရန် နေကာမျက်မှန်တပ်ဆင်ထားချေတယ်...

" ဒီဖိုင်တွေထဲက နင်အဆင်ပြေလောက်မယ်ထင်တဲ့ဖိုင်ကို ရွေးလိုက်... ငါစီစဥ်ပေးမယ် "

ထိုစကားကြောင့် နောက်အမျိုးသမီးတစ်ယောက်က ဖိုင်တို့ကို သိချင်စိတ်ပြင်းပြစွာကြည့်လိုက်ချိန်မှာတော့ အမျိုးသားများရဲ့ကိုယ်ရေးအကျဥ်းများပါသည့်ဖိုင်များဖြစ်နေလေ၏... ထိုဖိုင်တစ်ခုချင်းဆီတွင် အမျိုးသားရဲ့ဓါတ်ပုံ၊ အောင်မြင်မှု၊ ပိုင်ဆိုင်မှုနဲ့ သူတို့ရဲ့ကုမ္မဏီများ ပါဝင်လေသည်... သို့သော်ငြား အမျိုးသားအားလုံးဟာ အသက် ၄၀နဲ့ ၅၀များသာဖြစ်လေတယ်...

" ဒါတွေက ဘာကို ဆိုလိုချင်တာလဲ... ကျွန်မကို ပြောတော့ ဒါရိုက်တာတွေနဲ့ ဆက်သွယ်နိုင်မယ့်နည်းလမ်းကို ပြောပြမလို့ဆို "
💞💞💞💞💞💞💞💞💞💞
Vအခု Covidပြန်ဖြစ်နေလို့ updateလေး နောက်ကျသွားပါတယ်
တောင်းပန်ပါတယ် ဒါဒါတို့😔
❤️❤️❤️❤️❤️❤️❤️❤️❤️❤️

Continue Reading

You'll Also Like

2.3M 152K 97
လူတိုင်းပါးစပ်ဖျားမှ ဇမ်းဆိုတဲ့ကောင်က အပေအတေကောင်လို့သမုတ်လဲ သူတို့သတ်မှတ်ချက်အတိုင်းသွားပါစေ.....ကိုယ့်ထမင်းကိုယ်စားပြီး သူများစကားတွေကိုထိုင်ခံစားန...
187K 18.8K 73
လှပကြော့ရှင်းသော ချစ်ခြင်းမေတ္တာသည် အမုန်းတရားမှ စတင်ပေါက်ဖွားလာခြင်းဖြစ်၏။ Own Creation by Moe(JE Rain)
360K 14.2K 42
ကိုယ်ဟာ ကြိုးဝိုင်းထဲမှာ ကိုယ့်ကိုစိန်ခေါ်လာသမျှကောင်တွေအကုန် ထိုးရဲတယ် သတ်ရဲတယ် ကိုယ်နိုင်မယ်ဆိုတဲ့ယုံကြည်မှုရှိတယ် ကိုယ်မလုပ်ရဲတာဘာမှမရှိဘူးလို့ထင...
1.1M 57.2K 48
အမိန္႔စည္း+သခြပ္႐ိုး ( ႐ွင္မႈန္းနံ႔သာ) အမိန့်စည်း+သခွပ်ရိုး ( ရှင်မှုန်းနံ့သာ) ခြင့္ျပဳခ်က္မရပဲ ငါ့အနားကထြက္ခြာခြင့္မျပဳနိင္ဘူး အသက္နဲ႔ခႏၶာတည္ျမဲေနသ...