Part (57) U
"အကြာကြီး အညောင်းထိုင်တာ မကောင်းဘူး လို့ ကိုကိုပြောထားတယ်နော်..."
"အင်းပါ ကိုကိုရဲ့...ဒါလေး လတ်စသတ်ပြီးရင် ပြီးပြီနော်..."
ခြေအိတ်ပိစိလေး ထိုးနေရင်းက မျက်နှာချိုသွေးလာသည့် ဝမ်လေး။ ဆိုဖာခြေရင်းမှာထိုင်ချလိုက်ပြီး မို့ဖောင်းနေသည့် ခြေဖျားလေးတွေကို ပေါင်ပေါ်တင်ကာ ဖွဖွနှိပ်ပေးနေမိသည်။
"ကိုကို...အောက်မှာ မထိုင်နဲ့လေ...ဝမ်လေး ငရဲကြီးလိမ့်မယ်..."
"အချစ်က ငရဲထက် ပိုကြီးတာ မသိဘူးလား..."
"ကိုကို့...ပိစိလေး ကြားသွားမယ် လို့..."
"သူ့ဒက်ဒီ ဘယ်လောက်အချစ်ကြီးကြောင်း သိသွားတာပေါ့...မဟုတ်ဘူးလား..."
ပွစိပွစိလုပ်နေသည့် နှုတ်ခမ်းလေးကို အသာဖိကပ်နမ်းမိတော့ ရင်ဘတ်ဆီတွန်းကန်လာသည့် လက်ကလေးတွေ။
"အဟမ်း...အဟမ်း..."
"......."
"နေကောင်းတယ်နော် အကိုကြီး...ဟိ..."
"အေး...ကောင်းတယ်...စပ်ဖြဲဖြဲနဲ့ ကလေးမသာရုပ် လုပ်မနေနဲ့ ဟောက်ရွှမ်း...လာလေ...ကျိရန်..."
အသီးခြင်းဆွဲလာသည့် ဟောက်ရွှမ်းက အလွတ်ကြီးဟောက်ခံလိုက်ရတာမို့ ရှုံ့မဲ့မဲ့။ ဆေးအိတ်နှင့်မုန့်တွေဆွဲလာသည့် ကျိရန်ကတော့ ခပ်ပြုံးပြုံး။
ချည်လုံးတွေ မြန်မြန်ကောက်သိမ်းရင်း ကော်ဖီပန်းကန်တွေနှင့် ပြန်ထွက်လာသည့် ဝမ်လေးက မျက်နှာထားရခက်နေသည့်ဟန်။
"အကိုကြီးတို့များ ကိုယ့်ညီလေးကို တွေ့တွေ့ချင်း ဆောက်နဲ့ထွင်းတော့တာပဲဗျာ...ရင်ဘတ်ထဲက နာတယ်..."
"မင်း ဒီကောင့်ကို ဘယ်လိုများ ကြိုက်ခဲ့တာလဲ ကျိရန်ရာ..."
"များသွားပြီ အကိုကြီး...ကြိုက်တာမဟုတ်ဘူး...ချစ်တာ...ချစ်တာ..."
အကိုကျိရန်ကတော့ စကားနိုင်လုနေသည့်နှစ်ယောက်ကို မနိုင်ဘူးဟူသောအကြည့်ဖြင့်ကြည့်ကာ ဝမ်ဝမ့်ဘက် တစ်ဆက်တည်း မေးလာသည်။
"နေသာရဲ့လား ဝမ်ဝမ်...ခြေထောက် ကိုက်သေးလား..."
မေးလည်းမေးရင်း စမ်းလည်းစမ်းသပ်ရင်းက အနည်းငယ်မို့ဖောင်းနေသော ခြေလက်လေးတွေကို ဖွဖွဖိကြည့်နေသည်။
"ဟုတ်...ခြေထောက်က နည်းနည်းယောင်တာကျန်ပေမယ့် ကိုကိုနှိပ်ပေးနေ
လို့လားမသိ... မကိုက်တော့ဘူး..."
"ကောင်းပါ့ဗျား...ဒါဆို လိုတဲ့ဆေးတွေပဲ ေပးခဲ့တော့မယ်..."
"သေနတ်ကိုင်တဲ့လက်တွေက အနှိပ်လည်းဖြစ်တယ်နော်...စီနီယာဆိုတာ ငှက်ပျောခွံနင်းပြီး ရှေ့ရောက်လာတာမဟုတ်ဘူးဆိုတာ တယ်မှန်သကိုး..."
"လာ လာချည်သေး...ဟောက်ရွှမ်းရေဆို ရေပါခပ်ပြီးသား ကောင်ကများကွာ..."
အကိုကျိရန်နှင့် ဝမ်ဝမ်လေးကတော့ တွေ့တာနဲ့သတ်နေသည့်နှစ်ယောက်ကို ပလစ်ကာ ထမင်းဝိုင်းပြင်ရင်း ဆေးတွေ၊ ဆောင်ရန်ရှောင်ရန် ကျန်းမာရေးကိစ္စတွေအကြောင်း ပြောနေလိုက်ကြသည်။
လေးယောက်သား ရှေးဟောင်းနှောင်းဖြစ်တွေ စပ်မိစပ်ရာ ပြောကြဆိုကြနှင့် အတော်လေး စကားကောင်းပြီးမှ ပြန်သွားကြတာဖြစ်သည်။
အကိုဟောက်ရွှမ်းလည်း အကိုကျိရန်တာဝန်ကျသည့် ဆေးတပ်ကို ပြောင်းမိန့်ကျလာသည်မို့ လူရင်းတွေပြန်ဆုံကြရခြင်းကို ပိုအားတက်ရပါသည်လေ။
"ဘာပြုံးတာလဲ ကိုယ့်ကလေးလေးရဲ့..."
ပုခုံးလေးတစ်ဖက်ကို ဖွဖွဖက်ရင်း လက်ချင်းဆုပ်ကာ လျှောက်နေကြရင်းမှ ပါးလေးတွေ မို့တက်သွားသည့် ဝမ်လေးကြောင့် အသည်းတယားယား မေးမိရသည်။ ညနေစာစားပြီးသည်နှင့် ခြံရှေ့မှာ ခြေညောင်းလက်ဆန့် လမ်းထွက်လျှောက်နေကြတာ ဖြစ်သည်။
"ဒီပန်းဝါဝါလေးတွေ တွေ့ရတော့ ကိုကိုနဲ့ဝမ်လေးတို့ canola ပန်းခင်းကြီးထဲမှာ ချစ်သူဖြစ်ခဲ့ကြတာကို သတိရသွားလို့..."
လမ်းဘေးမြက်ခင်းများဆီမှာ အလေ့ကျပေါက်နေသည့် ပန်းဝါဝါလေးများကို မေးငေါ့ရင်း ဖြေလာသည့် ဝမ်လေး။
"ဟုတ်တယ်နော်...ကိုကို့မှာ အံတွေသြလို့..."
"ရေခဲတုံးကြီး..."
"အဲ့ဒီတုန်းက ကောင်လေးတစ်ယောက် စိတ်တွေမရှည်ပဲ အတင်းပေါက်ကွဲပစ်တာ..."
"ကိုကိုနော်...လာမစနဲ့..."
"အဲ...ဖြည်းဖြည်းလျှောက်လေ...စွာတေးရ...ပိစိမူးနေလိမ့်မယ်..."
ရှက်ရမ်းရမ်းပြီး ဘောက်ဆတ်ဆတ်လှမ်းနေသည့် ဝမ်လေးက ပိစိနှင့်ခြောက်မှ မျက်နှာလေးငယ်ပြီး အရှိန်လျှော့တော့သည်။
မှောင်စပျိုးပြီမို့ ဝမ်လေးကို ခြေလက်မျက်နှာဆေးပေးပြီး၊ ရေစင်အောင်သုတ်ပေးပြီး အရင်နားခိုင်းရသည်။
မီးဖိုထဲဝင်ကာ နွားနို့ကျိုပြီး အာလူးကိတ်နှင့်နွားနို့ပန်းကန်အသင့်ပြင်ရသည်။ ပါးပါးပေါက်စက ခဏတိုင်းဆာသလို စားသမျှလည်းဝင်သည်မို့ အမြဲအသင့်လုပ်ထားရသည်။
"ပူတုန်းလေး အရင်သောက်လိုက်နော်၊ အားဆေးသောက်ပြီးရင် ကိုကို ပုံပြင်ဖတ်ပြမယ်..."
ခေါင်းလေးပုတ်ကာ ပြောတော့ ငြိမ်ငြိမ်လေးထိုင်စားနေသည်။
စစ်ဆင်ရေးမရှိသည့် နောက်တန်းတွင်လည်း အုပ်ချုပ်မှုဆိုင်ရာ ကိစ္စရပ်များ၊ တပ်ရေးတပ်ရာ ဗာဟီရများက အစုံစုံအလင်လင်။
တာဝန်တွေနှင့် အားလပ်ချိန်နည်းသော စစ်သားဘဝပေမို့ ရသမျှအချိန်လေးမှာ မိသားစုကို အချိန်ပေးဂရုစိုက်ချင်သည်။ စောင့်ရှောက်ကြင်နာချင်ပါသည်။
ကိုယ်နွေးနွေးလေးကို ရင်ခွင်ထဲထည့်ထားရင်း အခန်းမီးလျှော့ပြီး စားပွဲတင်မီးလေးဖွင့်ကာ ချစ်စဖွယ် ကလေးပုံပြင်လေးများ ဖတ်ပြနေမိသည်။
"အာ့...ကို...ကို..."
"ဝမ်လေး...ဘာလို့လဲ...ဘယ်နားနာလဲ..."
"ပိစိလေး..."
တိုးတိုးလေးပြောရင်း သူ့လက်ကိုဆွဲယူထိကပ်လိုက်သည့်ခဏ လက်ဖဝါးမှ အထိအတွေ့ သေးသေးလေးတို့ကြောင့် ကြည်နူးမျက်ရည်ရည်တို့ လည်လာရသည်။
နဖူးပြင်လေးကို ဖွဖွနမ်းရင်း ဟူဒီပွပွဖောင်းဖောင်းလေးကို မထိရက်ထိရက် အသာဖွဖွပွတ်သပ်ကာ တ်ကိုယ်တည်း စကားတွေပြောနေမိသည်။
ဒက်ဒီက ပါးပါးနဲ့ပိစိလေးကို နွေးထွေးလုံခြုံစွာ စောင့်ရှောက်သွားမှာမို့ ကျန်းကျန်းမာမာရောက်လာပြီး ကောင်းကောင်းကြီးပြင်းလာရမယ်နော်...
ဒက်ဒီရယ်...ပါးပါးရယ်...ပိစိလေးရယ်...
ပျော်ရွှင်ကြည်နူးစရာ မိသားစုဘဝလေးပေါ့ကွယ်...
အတွေးစကိုသိမ်းရင်း ပုံပြင်စာအုပ်လေးပိတ်မိတော့ အသက်ရှူသံမှန်မှန်လေးနှင့် ပါးပါးပေါက်စက အိပ်ပျော်သွားပြီ။
........................................
"အခွင့်သာတုန်း တက်တာ ကောင်းတယ် တပည့်ရေ...နောက်နောင် ရာထူးတွေမြင့်လာတာနဲ့အမျှ ကျွဲကူးရေပါ ဆိုသလို စာတွေ့လက်တွေ့ အသုံးဝင်လာတာတွေချည်းပဲ..."
"ဟုတ်ကဲ့ပါ တပ်ရင်းမှူး...အရင်သင်တန်းတွေတုန်းကလည်း စစ်ဆင်ရေးထွက်နေလို့ ကျန်နေခဲ့တာတွေရှိတော့ ဒီတစ်ခေါက်တော့ ပိုအဆင်ပြေသွားပါတယ်ပဲ တွေးပါတယ်..."
"နောက်လိုက်ကောင်းမှ ခေါင်းဆောင်ကောင်းဖြစ်တယ် တဲ့...အများကြီး မျှော်လင့်ထားတယ်...ကြိုးစားကွာ..."
"ဟုတ်ကဲ့...စိတ်မပျက်စေရပါဘူး ခင်ဗျာ..."
"ကဲ...ပြောလည်းပြော...စားလည်းစားကြဦး...ကန်စွန်းဥပေါင်း ပူပူလေး..."
အပြုံးအေးလေးနှင့် ပန်းကန်တွေနေချနေသည့် မမရွှမ်လုက မြင်သူအေးချမ်းစေသည့် အပြုံးကလေးနှင့် ဆိုရှာသည်။
"စိတ်ချလက်ချထားခဲ့ပါ ဗိုလ်မှူးရဲ့...အမလည်း ရှိတယ်၊ သူ့အမတွေ အန်တီတွေကလည်း စောင့်ရှောက်ကြတယ်...ဝမ်ဝမ်ကလည်း လိမ်မာပါတယ်...သင်တန်းသာ အာရုံစိုက်ထား...ကျန်တာဘာမှ တွေးပူမနေနဲ့..."
"ဟုတ်တယ်...လုလုရေ...ကိုယ်တွေနဲ့ သူ့မိဘများကလည်း ရပ်ဆွေရပ်မျိုးထက်ပိုတဲ့ တပ်ဆွေတပ်မျိုးတွေ မဟုတ်လား...လိုတာရှိ ဝိုင်းဝန်းကြရမှာပဲ...မင်းလည်း စိတ်ဖြောင့်လက်ဖြောင့်သာ ဆက်လုပ်...တပည့်ရေ..."
ထို့နေ့က သင်တန်းကိစ္စ တပ်ရင်းမှူးထံ သတင်းပို့နှုတ်ဆက်ရင်း၊ ဝမ်လေးကိုလည်း မမရွှမ်လုဆီ အပ်ရင်း တပ်ရင်းမှူးအိမ် ရောက်နေခဲ့တာဖြစ်သည်။
ဝမ်ဝမ့်အတွက် စိတ်မပူစေရေး မှာနေသည့် တပ်ရင်းမှူးက နောင်အခါ ဝမ်ဝမ့်ကြောင့် ခေါင်းပါပူရမည့်အဖြစ်မျိုး ရောက်လာမည်ဟု မထင်ထားခဲ့ချေ။
ပြီးခဲ့သည့်စစ်ဆင်ရေးမှာ စစ်ဦးစီးချုပ်၏ သူရဲကောင်းလက်မှတ် ချီးမြှင့်ခြင်းခံရသည့်အပြင် တစ်ဆင့်မြှင့်ရာထူးတိုးပါ ပါခဲ့သည်။
နှစ်ယောက်တစ်ဘဝမှသည် ရောက်လာတော့မည့် ဆည်းလည်းလေးကို စောင့်ကြိုနေရသည်မို့ သားရွှေအိုးထမ်းလာသည့်နှယ်။
သို့သော် မိသားစုဘဝလေးက အသက်ဝင်ရုံရှိသေး၊ ခွဲရန်အကြောင်းကံက ဖန်လာပြန်သည်။
သင်တန်းတက်ရန်ဟူသော အမိန့်စာ ရောက်လာခဲ့သည်။ ပညာတော်သင်သွားခဲ့တာကြောင့် တစ်ချို့သင်တန်းတွေ သူ မတက်ရသေး။
ရှိစေတော့။
ပျော်ရာမနေ၊ တော်ရာနေ...
မင်းခယောကျ်ား၊ ကမ်းနားသစ်ပင်...တဲ့။
ကျောပိုးအိတ်တစ်လုံး၊ သေတ္တာတစ်လုံးနဲ့ သင်ယူရင်လေ့ကျင့်ရင်း မကြာခင် သင်တန်းပင် ဆင်းတော့မည်။
ပိစိလေးရောက်လာမည့်ရက်နီးလေ၊ နေမထိထိုင်မသာဖြစ်လေ။ နင့်နင့်သည်းသည်းလွမ်းမိရသလို အားငယ်နေမလားတွေးကာ စိုးရိမ်မိပြန်သည်။
ဆွေမျိုးအဝေး၊ မိသားစုအဝေးမှာ လာဆုံကြသူတွေပေမယ့် ခင်ရာဆွေမျိုး ဆိုသည့်နှယ် စောင့်ရှောက်ဖေးကူကြမည်ကိုတော့ သံသယဝင်စရာမရှိ။
အိမ်နီးချင်းအမတွေရော၊ မမရွှမ်လုရော ဝိုင်းဝန်းကူညီကြကြောင်း၊ ကျိရန်လည်း နှစ်ရက်ခြားတစ်ခါလာကြည့်ပေးကြောင်း သိနေ၍သာ အတန်ငယ် စိတ်သက်သာရတော့သည်။
တစ်ခုတော်သေးသည်က စစ်ဆင်ရေးကာလများလို အဆက်အသွယ်မခက်ခဲ၊ သင်တန်းချိန်၊ study ချိန်က လွဲလျှင် ဖုန်းရော၊ video call ရော ဆက်လို့ပြောလို့ ရနေသည်။
"ညစာ သေချာစားလား...ဘာနဲ့စားလဲ...စားကောင်းရဲ့လား ဝမ်လေး...အားဆေးရော သောက်ပြီးပြီလား..."
"ဟုတ်...ငါးမွှေနဲ့ စွန်တန်ဟင်းချိုရယ်၊ ကြက်သားလုံးကြော်ရယ် စားတယ်...စားကောင်းတယ်...နွားနို့နဲ့အားဆေးလည်း သောက်ပြီးပြီ...ကိုကိုရော စားလို့အဆင်ပြေရဲ့လား...မျက်နှာချောင်သွားသလိုပဲရော..."
"လိမ်မာတယ်...ကိုကိုက အဆင်ပြေပါတယ်...မျက်နှာချောင်တာက စာတွေ့လက်တွေ့တွေ များလာလို့...အားစိုက်ရမယ်လေ...မိသားစုအတွက် အားထားရတဲ့ အိမ်ထောင်ဦးစီးဖြစ်အောင် ကြိုးစားနေတယ်..."
"ကျန်းမာရေးလည်း ဂရုစိုက်နော် ကိုကို...အအိပ်အစား သတိထားဦး...မေကြီး ဟင်းဘူးတွေ ပို့ထားတယ်ပြောတယ်...ရောက်ရင် သွားထုတ်လိုက်ဦးနော်..."
"လူကြီးတွေ အားနာစရာ...အင်းပါ...ဒီကဒေသထွက်အသီးအနှံတွေ မှာထားတာနဲ့အတော်ပဲ...သွားထုတ်ရင်း တစ်ခါတည်းပို့လိုက်မယ်...မေကြီးတို့ရော...ဝမ်လေးရော..."
"မေကြီး နောက်တစ်ပါတ် လာမယ်ပြောတယ် ကိုကို...Dute Date နီးနေ...အာ့...."
"ပိစိ ဆော့ပြန်ပြီလား...ပါးပါး နာသွားမယ်လေ..."
"တအား ကန်တာ...နွားနို့တန်ခိုးနဲ့ အားတွေရှိနေတာဖြစ်မယ်..."
"ပဲတန်ခိုးလည်း ပါတယ်...အဘိုးရောအဖေရော စစ်သားတွေဆိုတော့..."
"ကိုကိုနော်...စလာပြီ..."
"ကိုးနာရီတောင် ထိုးခါနီးပြီ...အိပ်ရေးမဝပဲနေမယ်...နားတော့နော် ဝမ်လေး...အရမ်းချစ်တယ်နော်..."
"ကိုကိုလည်း နားတော့နော် အစစအရာရာဂရုစိုက်ပါ...အရမ်းချစ်တယ် ကိုကို..."
V call ပြီးသည့်တိုင် ဖုန်းထဲက ဓါတ်ပုံလေးတွေ ပြန်ကြည့်ရင်း ပြုံးနေမိသည်။
ပိစိလေးကြီးလာရင် ပြန်ပြဖို့ဆိုကာ လအလိုက် ရိုက်ထားသည့်ပုံလေးတွေ။
Album လုပ်ရင်း အမြဲပို့နေကြမို့ တဖြည်းဖြည်းဖူးရာက ပွင့်လာသည့် လူသားပန်းကလေးကို တစိမ့်စိမ့်မြင်ခွင့်ရနေခဲ့သည်ပဲ။
တစ်တောဝင်တစ်တောင်တက်နှင့် သေနတ်တစ်လက်ကိုသာ အဖော်ပြုရင်း အထီးကျန်ခဲ့သည့်ဘဝကနေ မိသားစုဘဝလေး စိုပြည်လှပလာတော့မည်။
ကျေးဇူးပါ ဝမ်လေး...
မပြည့်စုံတဲ့ ကိုယ့်ဘဝထဲကို ရဲရဲဝင်လာရဲခဲ့လို့...
လက်တွေ မြဲမြဲတွဲခဲ့ပေးလို့...
မိသားစုဘဝလေး ဖန်တီးပေးခဲ့လို့...
ကျေးဇူးပါ အချစ်ရယ်...
..........................................
Note >>>
ဝမ်ပိစိလေး လာတော့မယ်
Love U All ♥
#NwayOo
2.10.2021 (10:05) PM
~~~~~~~~~~~~~~~~~~~~
Part (57) Z
"အၾကာႀကီး အေညာင္းထိုင္တာ မေကာင္းဘူး လို႔ ကိုကိုေျပာထားတယ္ေနာ္..."
"အင္းပါ ကိုကိုရဲ႕...ဒါေလး လတ္စသတ္ၿပီးရင္ ၿပီးၿပီေနာ္..."
ေျခအိတ္ပိစိေလး ထိုးေနရင္းက မ်က္ႏွာခ်ိဳေသြးလာသည့္ ဝမ္ေလး။ ဆိုဖာေျခရင္းမွာထိုင္ခ်လိုက္ၿပီး မို႔ေဖာင္းေနသည့္ ေျခဖ်ားေလးေတြကို ေပါင္ေပၚတင္ကာ ဖြဖြႏွိပ္ေပးေနမိသည္။
"ကိုကို...ေအာက္မွာ မထိုင္နဲ႔ေလ...ဝမ္ေလး ငရဲႀကီးလိမ့္မယ္..."
"အခ်စ္က ငရဲထက္ ပိုႀကီးတာ မသိဘူးလား..."
"ကိုကို႔...ပိစိေလး ၾကားသြားမယ္ လို႔..."
"သူ႔ဒက္ဒီ ဘယ္ေလာက္အခ်စ္ႀကီးေၾကာင္း သိသြားတာေပါ့...မဟုတ္ဘူးလား..."
ပြစိပြစိလုပ္ေနသည့္ ႏႈတ္ခမ္းေလးကို အသာဖိကပ္နမ္းမိေတာ့ ရင္ဘတ္ဆီတြန္းကန္လာသည့္ လက္ကေလးေတြ။
"အဟမ္း...အဟမ္း..."
"......."
"ေနေကာင္းတယ္ေနာ္ အကိုႀကီး...ဟိ..."
"ေအး...ေကာင္းတယ္...စပ္ၿဖဲၿဖဲနဲ႔ ကေလးမသာ႐ုပ္ လုပ္မေနနဲ႔ ေဟာက္႐ႊမ္း...လာေလ...က်ိရန္..."
အသီးျခင္းဆြဲလာသည့္ ေဟာက္႐ႊမ္းက အလြတ္ႀကီးေဟာက္ခံလိုက္ရတာမို႔ ရႈံ႕မဲ့မဲ့။ ေဆးအိတ္ႏွင့္မုန္႔ေတြဆြဲလာသည့္ က်ိရန္ကေတာ့ ခပ္ၿပဳံးၿပဳံး။
ခ်ည္လုံးေတြ ျမန္ျမန္ေကာက္သိမ္းရင္း ေကာ္ဖီပန္းကန္ေတြႏွင့္ ျပန္ထြက္လာသည့္ ဝမ္ေလးက မ်က္ႏွာထားရခက္ေနသည့္ဟန္။
"အကိုႀကီးတို႔မ်ား ကိုယ့္ညီေလးကို ေတြ႕ေတြ႕ခ်င္း ေဆာက္နဲ႔ထြင္းေတာ့တာပဲဗ်ာ...ရင္ဘတ္ထဲက နာတယ္..."
"မင္း ဒီေကာင့္ကို ဘယ္လိုမ်ား ႀကိဳက္ခဲ့တာလဲ က်ိရန္ရာ..."
"မ်ားသြားၿပီ အကိုႀကီး...ႀကိဳက္တာမဟုတ္ဘူး...ခ်စ္တာ...ခ်စ္တာ..."
အကိုက်ိရန္ကေတာ့ စကားႏိုင္လုေနသည့္ႏွစ္ေယာက္ကို မႏိုင္ဘူးဟူေသာအၾကည့္ျဖင့္ၾကည့္ကာ ဝမ္ဝမ့္ဘက္ တစ္ဆက္တည္း ေမးလာသည္။
"ေနသာရဲ႕လား ဝမ္ဝမ္...ေျခေထာက္ ကိုက္ေသးလား..."
ေမးလည္းေမးရင္း စမ္းလည္းစမ္းသပ္ရင္းက အနည္းငယ္မို႔ေဖာင္းေနေသာ ေျခလက္ေလးေတြကို ဖြဖြဖိၾကည့္ေနသည္။
"ဟုတ္...ေျခေထာက္က နည္းနည္းေယာင္တာက်န္ေပမယ့္ ကိုကိုႏွိပ္ေပးေန
လို႔လားမသိ... မကိုက္ေတာ့ဘူး..."
"ေကာင္းပါ့ဗ်ား...ဒါဆို လိုတဲ့ေဆးေတြပဲ ေပးခဲ့ေတာ့မယ္..."
"ေသနတ္ကိုင္တဲ့လက္ေတြက အႏွိပ္လည္းျဖစ္တယ္ေနာ္...စီနီယာဆိုတာ ငွက္ေပ်ာခြံနင္းၿပီး ေရွ႕ေရာက္လာတာမဟုတ္ဘူးဆိုတာ တယ္မွန္သကိုး..."
"လာ လာခ်ည္ေသး...ေဟာက္႐ႊမ္းေရဆို ေရပါခပ္ၿပီးသား ေကာင္ကမ်ားကြာ..."
အကိုက်ိရန္ႏွင့္ ဝမ္ဝမ္ေလးကေတာ့ ေတြ႕တာနဲ႔သတ္ေနသည့္ႏွစ္ေယာက္ကို ပလစ္ကာ ထမင္းဝိုင္းျပင္ရင္း ေဆးေတြ၊ ေဆာင္ရန္ေရွာင္ရန္ က်န္းမာေရးကိစၥေတြအေၾကာင္း ေျပာေနလိုက္ၾကသည္။
ေလးေယာက္သား ေရွးေဟာင္းေႏွာင္းျဖစ္ေတြ စပ္မိစပ္ရာ ေျပာၾကဆိုၾကႏွင့္ အေတာ္ေလး စကားေကာင္းၿပီးမွ ျပန္သြားၾကတာျဖစ္သည္။
အကိုေဟာက္႐ႊမ္းလည္း အကိုက်ိရန္တာဝန္က်သည့္ ေဆးတပ္ကို ေျပာင္းမိန္႔က်လာသည္မို႔ လူရင္းေတြျပန္ဆုံၾကရျခင္းကို ပိုအားတက္ရပါသည္ေလ။
"ဘာၿပဳံးတာလဲ ကိုယ့္ကေလးေလးရဲ႕..."
ပုခုံးေလးတစ္ဖက္ကို ဖြဖြဖက္ရင္း လက္ခ်င္းဆုပ္ကာ ေလွ်ာက္ေနၾကရင္းမွ ပါးေလးေတြ မို႔တက္သြားသည့္ ဝမ္ေလးေၾကာင့္ အသည္းတယားယား ေမးမိရသည္။ ညေနစာစားၿပီးသည္ႏွင့္ ၿခံေရွ႕မွာ ေျခေညာင္းလက္ဆန္႔ လမ္းထြက္ေလွ်ာက္ေနၾကတာ ျဖစ္သည္။
"ဒီပန္းဝါဝါေလးေတြ ေတြ႕ရေတာ့ ကိုကိုနဲ႔ဝမ္ေလးတို႔ canola ပန္းခင္းႀကီးထဲမွာ ခ်စ္သူျဖစ္ခဲ့ၾကတာကို သတိရသြားလို႔..."
လမ္းေဘးျမက္ခင္းမ်ားဆီမွာ အေလ့က်ေပါက္ေနသည့္ ပန္းဝါဝါေလးမ်ားကို ေမးေငါ့ရင္း ေျဖလာသည့္ ဝမ္ေလး။
"ဟုတ္တယ္ေနာ္...ကိုကို႔မွာ အံေတြၾသလို႔..."
"ေရခဲတုံးႀကီး..."
"အဲ့ဒီတုန္းက ေကာင္ေလးတစ္ေယာက္ စိတ္ေတြမရွည္ပဲ အတင္းေပါက္ကြဲပစ္တာ..."
"ကိုကိုေနာ္...လာမစနဲ႔..."
"အဲ...ျဖည္းျဖည္းေလွ်ာက္ေလ...စြာေတးရ...ပိစိမူးေနလိမ့္မယ္..."
ရွက္ရမ္းရမ္းၿပီး ေဘာက္ဆတ္ဆတ္လွမ္းေနသည့္ ဝမ္ေလးက ပိစိႏွင့္ေျခာက္မွ မ်က္ႏွာေလးငယ္ၿပီး အရွိန္ေလွ်ာ့ေတာ့သည္။
ေမွာင္စပ်ိဳးၿပီမို႔ ဝမ္ေလးကို ေျခလက္မ်က္ႏွာေဆးေပးၿပီး၊ ေရစင္ေအာင္သုတ္ေပးၿပီး အရင္နားခိုင္းရသည္။
မီးဖိုထဲဝင္ကာ ႏြားႏို႔က်ိဳၿပီး အာလူးကိတ္ႏွင့္ႏြားႏို႔ပန္းကန္အသင့္ျပင္ရသည္။ ပါးပါးေပါက္စက ခဏတိုင္းဆာသလို စားသမွ်လည္းဝင္သည္မို႔ အၿမဲအသင့္လုပ္ထားရသည္။
"ပူတုန္းေလး အရင္ေသာက္လိုက္ေနာ္၊ အားေဆးေသာက္ၿပီးရင္ ကိုကို ပုံျပင္ဖတ္ျပမယ္..."
ေခါင္းေလးပုတ္ကာ ေျပာေတာ့ ၿငိမ္ၿငိမ္ေလးထိုင္စားေနသည္။
စစ္ဆင္ေရးမရွိသည့္ ေနာက္တန္းတြင္လည္း အုပ္ခ်ဳပ္မႈဆိုင္ရာ ကိစၥရပ္မ်ား၊ တပ္ေရးတပ္ရာ ဗာဟီရမ်ားက အစုံစုံအလင္လင္။
တာဝန္ေတြႏွင့္ အားလပ္ခ်ိန္နည္းေသာ စစ္သားဘဝေပမို႔ ရသမွ်အခ်ိန္ေလးမွာ မိသားစုကို အခ်ိန္ေပးဂ႐ုစိုက္ခ်င္သည္။ ေစာင့္ေရွာက္ၾကင္နာခ်င္ပါသည္။
ကိုယ္ေႏြးေႏြးေလးကို ရင္ခြင္ထဲထည့္ထားရင္း အခန္းမီးေလွ်ာ့ၿပီး စားပြဲတင္မီးေလးဖြင့္ကာ ခ်စ္စဖြယ္ ကေလးပုံျပင္ေလးမ်ား ဖတ္ျပေနမိသည္။
"အာ့...ကို...ကို..."
"ဝမ္ေလး...ဘာလို႔လဲ...ဘယ္နားနာလဲ..."
"ပိစိေလး..."
တိုးတိုးေလးေျပာရင္း သူ႔လက္ကိုဆြဲယူထိကပ္လိုက္သည့္ခဏ လက္ဖဝါးမွ အထိအေတြ႕ ေသးေသးေလးတို႔ေၾကာင့္ ၾကည္ႏူးမ်က္ရည္ရည္တို႔ လည္လာရသည္။
နဖူးျပင္ေလးကို ဖြဖြနမ္းရင္း ဟူဒီပြပြေဖာင္းေဖာင္းေလးကို မထိရက္ထိရက္ အသာဖြဖြပြတ္သပ္ကာ တ္ကိုယ္တည္း စကားေတြေျပာေနမိသည္။
ဒက္ဒီက ပါးပါးနဲ႔ပိစိေလးကို ေႏြးေထြးလုံၿခဳံစြာ ေစာင့္ေရွာက္သြားမွာမို႔ က်န္းက်န္းမာမာေရာက္လာၿပီး ေကာင္းေကာင္းႀကီးျပင္းလာရမယ္ေနာ္...
ဒက္ဒီရယ္...ပါးပါးရယ္...ပိစိေလးရယ္...
ေပ်ာ္႐ႊင္ၾကည္ႏူးစရာ မိသားစုဘဝေလးေပါ့ကြယ္...
အေတြးစကိုသိမ္းရင္း ပုံျပင္စာအုပ္ေလးပိတ္မိေတာ့ အသက္ရႉသံမွန္မွန္ေလးႏွင့္ ပါးပါးေပါက္စက အိပ္ေပ်ာ္သြားၿပီ။
........................................
"အခြင့္သာတုန္း တက္တာ ေကာင္းတယ္ တပည့္ေရ...ေနာက္ေနာင္ ရာထူးေတြျမင့္လာတာနဲ႔အမွ် ကြၽဲကူးေရပါ ဆိုသလို စာေတြ႕လက္ေတြ႕ အသုံးဝင္လာတာေတြခ်ည္းပဲ..."
"ဟုတ္ကဲ့ပါ တပ္ရင္းမႉး...အရင္သင္တန္းေတြတုန္းကလည္း စစ္ဆင္ေရးထြက္ေနလို႔ က်န္ေနခဲ့တာေတြရွိေတာ့ ဒီတစ္ေခါက္ေတာ့ ပိုအဆင္ေျပသြားပါတယ္ပဲ ေတြးပါတယ္..."
"ေနာက္လိုက္ေကာင္းမွ ေခါင္းေဆာင္ေကာင္းျဖစ္တယ္ တဲ့...အမ်ားႀကီး ေမွ်ာ္လင့္ထားတယ္...ႀကိဳးစားကြာ..."
"ဟုတ္ကဲ့...စိတ္မပ်က္ေစရပါဘူး ခင္ဗ်ာ..."
"ကဲ...ေျပာလည္းေျပာ...စားလည္းစားၾကဦး...ကန္စြန္းဥေပါင္း ပူပူေလး..."
အၿပဳံးေအးေလးႏွင့္ ပန္းကန္ေတြေနခ်ေနသည့္ မမ႐ႊမ္လုက ျမင္သူေအးခ်မ္းေစသည့္ အၿပဳံးကေလးႏွင့္ ဆိုရွာသည္။
"စိတ္ခ်လက္ခ်ထားခဲ့ပါ ဗိုလ္မႉးရဲ႕...အမလည္း ရွိတယ္၊ သူ႔အမေတြ အန္တီေတြကလည္း ေစာင့္ေရွာက္ၾကတယ္...ဝမ္ဝမ္ကလည္း လိမ္မာပါတယ္...သင္တန္းသာ အာ႐ုံစိုက္ထား...က်န္တာဘာမွ ေတြးပူမေနနဲ႔..."
"ဟုတ္တယ္...လုလုေရ...ကိုယ္ေတြနဲ႔ သူ႔မိဘမ်ားကလည္း ရပ္ေဆြရပ္မ်ိဳးထက္ပိုတဲ့ တပ္ေဆြတပ္မ်ိဳးေတြ မဟုတ္လား...လိုတာရွိ ဝိုင္းဝန္းၾကရမွာပဲ...မင္းလည္း စိတ္ေျဖာင့္လက္ေျဖာင့္သာ ဆက္လုပ္...တပည့္ေရ..."
ထို႔ေန႔က သင္တန္းကိစၥ တပ္ရင္းမႉးထံ သတင္းပို႔ႏႈတ္ဆက္ရင္း၊ ဝမ္ေလးကိုလည္း မမ႐ႊမ္လုဆီ အပ္ရင္း တပ္ရင္းမႉးအိမ္ ေရာက္ေနခဲ့တာျဖစ္သည္။
ဝမ္ဝမ့္အတြက္ စိတ္မပူေစေရး မွာေနသည့္ တပ္ရင္းမႉးက ေနာင္အခါ ဝမ္ဝမ့္ေၾကာင့္ ေခါင္းပါပူရမည့္အျဖစ္မ်ိဳး ေရာက္လာမည္ဟု မထင္ထားခဲ့ေခ်။
ၿပီးခဲ့သည့္စစ္ဆင္ေရးမွာ စစ္ဦးစီးခ်ဳပ္၏ သူရဲေကာင္းလက္မွတ္ ခ်ီးျမႇင့္ျခင္းခံရသည့္အျပင္ တစ္ဆင့္ျမႇင့္ရာထူးတိုးပါ ပါခဲ့သည္။
ႏွစ္ေယာက္တစ္ဘဝမွသည္ ေရာက္လာေတာ့မည့္ ဆည္းလည္းေလးကို ေစာင့္ႀကိဳေနရသည္မို႔ သားေ႐ႊအိုးထမ္းလာသည့္ႏွယ္။
သို႔ေသာ္ မိသားစုဘဝေလးက အသက္ဝင္႐ုံရွိေသး၊ ခြဲရန္အေၾကာင္းကံက ဖန္လာျပန္သည္။
သင္တန္းတက္ရန္ဟူေသာ အမိန္႔စာ ေရာက္လာခဲ့သည္။ ပညာေတာ္သင္သြားခဲ့တာေၾကာင့္ တစ္ခ်ိဳ႕သင္တန္းေတြ သူ မတက္ရေသး။
ရွိေစေတာ့။
ေပ်ာ္ရာမေန၊ ေတာ္ရာေန...
မင္းခေယာက်္ား၊ ကမ္းနားသစ္ပင္...တဲ့။
ေက်ာပိုးအိတ္တစ္လုံး၊ ေသတၱာတစ္လုံးနဲ႔ သင္ယူရင္ေလ့က်င့္ရင္း မၾကာခင္ သင္တန္းပင္ ဆင္းေတာ့မည္။
ပိစိေလးေရာက္လာမည့္ရက္နီးေလ၊ ေနမထိထိုင္မသာျဖစ္ေလ။ နင့္နင့္သည္းသည္းလြမ္းမိရသလို အားငယ္ေနမလားေတြးကာ စိုးရိမ္မိျပန္သည္။
ေဆြမ်ိဳးအေဝး၊ မိသားစုအေဝးမွာ လာဆုံၾကသူေတြေပမယ့္ ခင္ရာေဆြမ်ိဳး ဆိုသည့္ႏွယ္ ေစာင့္ေရွာက္ေဖးကူၾကမည္ကိုေတာ့ သံသယဝင္စရာမရွိ။
အိမ္နီးခ်င္းအမေတြေရာ၊ မမ႐ႊမ္လုေရာ ဝိုင္းဝန္းကူညီၾကေၾကာင္း၊ က်ိရန္လည္း ႏွစ္ရက္ျခားတစ္ခါလာၾကည့္ေပးေၾကာင္း သိေန၍သာ အတန္ငယ္ စိတ္သက္သာရေတာ့သည္။
တစ္ခုေတာ္ေသးသည္က စစ္ဆင္ေရးကာလမ်ားလို အဆက္အသြယ္မခက္ခဲ၊ သင္တန္းခ်ိန္၊ study ခ်ိန္က လြဲလွ်င္ ဖုန္းေရာ၊ video call ေရာ ဆက္လို႔ေျပာလို႔ ရေနသည္။
"ညစာ ေသခ်ာစားလား...ဘာနဲ႔စားလဲ...စားေကာင္းရဲ႕လား ဝမ္ေလး...အားေဆးေရာ ေသာက္ၿပီးၿပီလား..."
"ဟုတ္...ငါးေမႊနဲ႔ စြန္တန္ဟင္းခ်ိဳရယ္၊ ၾကက္သားလုံးေၾကာ္ရယ္ စားတယ္...စားေကာင္းတယ္...ႏြားႏို႔နဲ႔အားေဆးလည္း ေသာက္ၿပီးၿပီ...ကိုကိုေရာ စားလို႔အဆင္ေျပရဲ႕လား...မ်က္ႏွာေခ်ာင္သြားသလိုပဲေရာ..."
"လိမ္မာတယ္...ကိုကိုက အဆင္ေျပပါတယ္...မ်က္ႏွာေခ်ာင္တာက စာေတြ႕လက္ေတြ႕ေတြ မ်ားလာလို႔...အားစိုက္ရမယ္ေလ...မိသားစုအတြက္ အားထားရတဲ့ အိမ္ေထာင္ဦးစီးျဖစ္ေအာင္ ႀကိဳးစားေနတယ္..."
"က်န္းမာေရးလည္း ဂ႐ုစိုက္ေနာ္ ကိုကို...အအိပ္အစား သတိထားဦး...ေမႀကီး ဟင္းဘူးေတြ ပို႔ထားတယ္ေျပာတယ္...ေရာက္ရင္ သြားထုတ္လိုက္ဦးေနာ္..."
"လူႀကီးေတြ အားနာစရာ...အင္းပါ...ဒီကေဒသထြက္အသီးအႏွံေတြ မွာထားတာနဲ႔အေတာ္ပဲ...သြားထုတ္ရင္း တစ္ခါတည္းပို႔လိုက္မယ္...ေမႀကီးတို႔ေရာ...ဝမ္ေလးေရာ..."
"ေမႀကီး ေနာက္တစ္ပါတ္ လာမယ္ေျပာတယ္ ကိုကို...Dute Date နီးေန...အာ့...."
"ပိစိ ေဆာ့ျပန္ၿပီလား...ပါးပါး နာသြားမယ္ေလ..."
"တအား ကန္တာ...ႏြားႏို႔တန္ခိုးနဲ႔ အားေတြရွိေနတာျဖစ္မယ္..."
"ပဲတန္ခိုးလည္း ပါတယ္...အဘိုးေရာအေဖေရာ စစ္သားေတြဆိုေတာ့..."
"ကိုကိုေနာ္...စလာၿပီ..."
"ကိုးနာရီေတာင္ ထိုးခါနီးၿပီ...အိပ္ေရးမဝပဲေနမယ္...နားေတာ့ေနာ္ ဝမ္ေလး...အရမ္းခ်စ္တယ္ေနာ္..."
"ကိုကိုလည္း နားေတာ့ေနာ္ အစစအရာရာဂ႐ုစိုက္ပါ...အရမ္းခ်စ္တယ္ ကိုကို..."
V call ၿပီးသည့္တိုင္ ဖုန္းထဲက ဓါတ္ပုံေလးေတြ ျပန္ၾကည့္ရင္း ၿပဳံးေနမိသည္။
ပိစိေလးႀကီးလာရင္ ျပန္ျပဖို႔ဆိုကာ လအလိုက္ ႐ိုက္ထားသည့္ပုံေလးေတြ။
Album လုပ္ရင္း အၿမဲပို႔ေနၾကမို႔ တျဖည္းျဖည္းဖူးရာက ပြင့္လာသည့္ လူသားပန္းကေလးကို တစိမ့္စိမ့္ျမင္ခြင့္ရေနခဲ့သည္ပဲ။
တစ္ေတာဝင္တစ္ေတာင္တက္ႏွင့္ ေသနတ္တစ္လက္ကိုသာ အေဖာ္ျပဳရင္း အထီးက်န္ခဲ့သည့္ဘဝကေန မိသားစုဘဝေလး စိုျပည္လွပလာေတာ့မည္။
ေက်းဇူးပါ ဝမ္ေလး...
မျပည့္စုံတဲ့ ကိုယ့္ဘဝထဲကို ရဲရဲဝင္လာရဲခဲ့လို႔...
လက္ေတြ ၿမဲၿမဲတြဲခဲ့ေပးလို႔...
မိသားစုဘဝေလး ဖန္တီးေပးခဲ့လို႔...
ေက်းဇူးပါ အခ်စ္ရယ္...
..........................................
Note >>>
ဝမ္ပိစိေလး လာေတာ့မယ္
Love U All ♥
#NwayOo
2.10.2021 (10:05) PM