..EP42 ထွက်ခွာခြင်း
..ကျန်းဝမ်ရွှီသည်တကယ့်ကိုပင် ထိန်းချုပ်ကာငြင်သာစွာဖြင့်တကြိမ်သာ အတူနေပြီးနောက် ကျစ်ရှု၏နူးညံ့သော ဆံပင်လေး
များကို ထိကိုင်လိုက်ရင်း
"ကိုယ် မင်းကို ရေချိုးပေးရမလား?"
ဟယ်ကျစ်ရှုခေါင်းခါလိုက်ပြီးသူ၏ ဘောင်းဘီအား ခေါက်တင်လိုက်လျက်ရင်း ပြောလိုက်သည်။
"မနက်ဖြန် ငါ ဗိုက်အောင့်နေမှာစိုးလို့လား"
ဟယ်ကျစ်ရှုသည် အရမ်းကိုပင်ပင်ပန်းနေသောကြောင့် အိပ်ပျော်သွားခဲ့သည်။
ကျန်းဝမ်ရွှီသည် ကျစ်ရှု၏ကျောပြင်အား
ဖွဖွလေးပုတ်ပေးရင်း ရှိနေခဲ့လေသည်။
ကျစ်ရှုအား မည်သူကမှပင် သူ့ထံမှ မလုယုပါက ယခင်က ဆူဆဲရိုက်နှက်သော အပြုအမူများကို သူပြုလုပ်ခဲ့မည် မဟုတ်ဟုပင်
သူတွေးနေမိခဲ့သည်။ကျန်းဝမ်ရွှီသည်
ကျစ်ရှုအား နောက်ဖက်မှပင် ပွေ့ဖက်ထားလိုက်ရင်း ပြောနေခဲ့သည်။
"ကောင်းကောင်းအိပ်လိုက်နော်...
ငါမင်းကို ဖက်ထားပေးမယ်"
ဟယ်ကျစ်ရှုသည် ကျန်းဝမ်ရွှီထက်အရင်ပင်
နှစ်ခြိုက်စွာအိပ်ပျော်သွားခဲ့သည်။ကျစ်ရှုသည်ကျန်း၏လက်မောင်းပေါ်တွင် ငြိမ်းချမ်းစွာ အိပ်စက်နေခဲ့ရင်းကျစ်ရှု၏ဆံပင်လေးများသည် ကျန်း၏ရင်အုပ်ကိုပင်ထိတွေ့နေခဲ့သည်။ထိုအပြုအမူလေးကပင်ကျန်းဝမ်ရွှီ၏နှလုံးသားအားနွေးထွေးစေလျက်ရှိနေခဲ့လေသည်။ကျန်းဝမ်ရွှီမနက်စောစောနိုးလာခဲ့သည်။နာရီအနည်းငယ်အကြာသူအိပ်ခန်းထဲ
ပြန်ရောက်ချိန်တွင်ကျစ်ရှုနိုးမလာသေးသည်မို့ အိပ်ရာပေါ်တွင်ထိုင်လိုက်ရင်းကျစ်ရှုအားသေသေချာချာပင် သူကြည့်မိလိုက်သည်။ကျစ်ရှုအလွန်ပင်ပိန်သွားခဲ့သည်။မေးရိုးများမှာ ပိုမို ချွန်ထွက်နေလျက် နှုတ်ခမ်းများ
မှာ ပါးလျကာ ဖြူဖျော့နေခဲ့သည်။ကျစ်ရှုသည် သူတစ်ယောက်တည်းအိမ်တွင်နေစဥ်
အစားအသောက်စားဖို့ကိုပင် ဂရုမစိုက်ဘဲနေခဲ့ပုံရနေလျက် ရှိနေခဲ့မည်ဟုသူထင်မိလိုက်သည်။ထို့ပြင်သူနှင့်ပတ်သက်သော
နာကျင်မှုများ, မကျေနပ်မှုများအားလုံးကိုပါ
သည်းခံကာ သိုဝှက်ပြီး နေခဲ့ရရှာသည်။
ထို့ကြောင့်ပင် ပိုမိုကာပိန်လာသည်လည်း
ဖြစ်ပေလိမ့်မည်။
ဟယ်ကျစ်ရှုမျက်လုံးဖွင့်လိုက်ချိန်၌
သူ့အားအနီးကပ် ကြည့်နေသော
ကျန်းဝမ်ရွှီကို တွေ့လိုက်ရသည်။ကျန်းဝမ်ရွှီသည် ယနေ့တွင် အလုပ်ရှုပ်မည့်ပုံရှိနေခဲ့သည်မှာသူဝတ်ဆင်ထားသော ဝတ်စုံကို
ကြည့်လျှင်ပင်သိနိုင်မည်ဖြစ်သည်။
ကျန်းဝမ်ရွှီသည် ကျယ်ပြန့်သောပခုံး၊ရှည်လျားသည့်ခြေတံတို့နှင့်အတူ
ချောမောသောမျက်နှာကြောင့်ထိုဝတ်စုံနှင့်
အလွန်ကြည့်ကောင်းနေခဲ့သည်။
ကျန်းဝမ်ရွှီ၏မျက်နှာတွင်အပြုံးလေးတစ်ခုကလင်းလက်နေလျက်သူ့ကို အလွန်ပင်ချစ်မြတ်နိုးနေပုံများလည်းပေါ်လွင်နေခဲ့သည်။ကျန်းက သူ့အားပြုံး၍ ကြည့်လာရင်း
"နိုးလာပြီလား?အိပ်ရာကထပြီး ရေချိုးလိုက်
ငါမင်းအတွက် မနက်စာပြင်ပေးထားတယ်"
ကျစ်ရှုသည် အိပ်ရာမှပင်ထထိုင်လိုက်ရင်း
ကျန်းအားခေါင်းညိတ်ပြလိုက်သည်။
သူညက နှစ်နှစ်ခြိုက်ခြိုက်ပင်အိပ်ထားခဲ့ရသောကြောင့် အနည်းငယ်လဲလန်းဆန်းနေခဲ့သည်။ကျန်းဝမ်ရွှီသည်သူ့အား ပြုံးကာကြည့်လာရင်းရှုပ်ပွနေသော သူ့ခေါင်းမှ ဆံပင်များကိုလက်နှင့်သပ်ကာ ရှင်းပေးလိုက်ပြီး
နာရီကို ကြည့်ရင်းပြောလာသည်။
"ကျစ်ရှု ငါဒီနေ့ ကုမ္ပဏီမှာစာချုပ်တစ်ခုချုပ်ဖို့ရှိတယ်၊ဒီနေ့တော့ အိမ်မှာမင်းနဲ့အဖော်မလုပ်ပေးတော့ဘူးနော်၊စာချုပ်ကိစ္စပြီးရင်
မနက်ဖြန် နှစ်သစ်ကူးမှာ...မင်းအတွက်
အနီရောင် လက်ဆောင်အကြီးကြီးပေးဖို့
ငါစီစဥ်ထားတယ်"
ကျန်းဝမ်ရွှီသည် အိပ်ခန်းထဲမှ လှည့်ထွက်သွားပြီးနောက် ပြန်လှည့်လာရင်း
ကျစ်ရှုအား မေးပြန်လေသည်။
"မင်း ညနေဘာစားချင်လဲ?
ငါမင်းဆီ ညနေအစောကြီးပြန်လာပြီး
မင်းနဲ့အတူ ညစာစားမယ်လေ"
ဟယ်ကျစ်ရှုသည် ကျန်းဝမ်ရွှီပြောသော
စကားများကိုနားထောင်နေရင်းနှုတ်ခမ်းများကို ကိုက်ကာအားတင်း၍ ပြုံးလိုက်ရင်း
ကျန်းဝမ်ရွှီအား လက်ကမ်းလျက်
ပြောလိုက်သည်။
"ကျန်းကော ဒီကိုလာပါဦး "
ကျန်းဝမ်ရွှီသည် ယခုလိုပုံမျိုးဘယ်သောအခါမှမတွေ့ဖူးခဲ့တာမို့ ရုတ်တရက်ပင်သူ့ရင်ထဲ၌ ဝမ်းနည်းမှုနှင့်အတူ ပုံမှန်မဟုတ်သောထိတ်လန့်မှုတို့ပေါ်လာခဲ့သည်။
ကျစ်ရှု၏ပြုမူနေပုံက အပြုံးအောက်တွင် တစ်ခုခုကိုပင် အားတင်းကာဖုံးကွယ်နေပုံရနေလျက်သေဆုံးတော့မည့်သူတစ်ဦးကသူ့အားအပြီးအပိုင်နှုတ်ဆက်နေသည်ဟုပင်
သူ့မသိစိတ်မှာခံစားရမိနေလျက်ရှိနေသည်။ထိုအခိုက်အတန့်တွင် ခဏမျှ ဆွံ့အနေခဲ့သော်လည်း ချက်ခြင်းပင်သူကျစ်ရှုဆီ
လှမ်းသွားကာ ပွေ့ဖက်လိုက်သည်။ကျစ်ရှုကသူ့အား မိနစ်ဝက်ခန့် ပွေ့ဖက်ထားရင်း သူ့ မေးစေ့အား ဖွဖွလေးကိုက်ကာပြောလာခဲ့သည်။
"ဒီည စောစော ပြန်လာခဲ့နော်"
ကျန်းဝမ်ရွှီသည် ကျစ်ရှု၏အပြုအမူကြောင့်ပင် စိတ်ထဲ၌ လေးပင်လာခဲ့ရင်း
"ငါ မသွားတော့ဘူး ....မင်းနဲ့ဘဲ
အိမ်မှာ ဒီနေ့နေတော့မယ် ....
ငါ့ အတွင်းရေးမှူးကို လှမ်းပြောပြီး
ရက်ရွေ့လိုက်မယ် "
ကျစ်ရှုသည် သူ့အား ဖက်ထားရာမှ
ခွာလိုက်ရင်း တိုက်တွန်းလာခဲ့သည်။
"ကဲ... သွားပါ ....ဒီလောက်ဆို ရပြီလေ၊
ခုမှဘာလို့ ချက်ခြင်း အကဲပိုနေရတာလဲ?
လူတိုင်းက မင်းကို အလုပ်အရမ်းလုပ်တဲ့သူလို့သိကြတာလေ"
ကျစ်ရှုကထိုသို့ပြောလာခဲ့သော်လည်း
သူစိတ်ထဲတွင် အိမ်ကိုရော အလုပ်ကိုပါ
စိတ်ပူနေခဲ့ရသည်။အလုပ်ကလည်း
အီလက်ထရောနစ်ကုမ္ပဏီတစ်ခုနှင့်
အရေးကြီးသော အလုပ်အတွက်စာချုပ်ချုပ်ရန်ဖြစ်ပြီး သူဒီနေ့မသွားပါက ထိုစာချုပ်သည်လုံးဝနောက်တကြိမ်ပြန်ချုပ်ဖို့ကအဆင်မပြေတော့ဘူးဖြစ်သည်။
ကျစ်ရှုကိုစိတ်မချ သော်လည်းအချိန်ခဏလေးသွားရုံဖြင့်ကျစ်ရှုက အိမ်၌ နေသည်မို့ ဘာမှတော့ မဖြစ်နိုင်လောက်ဟု သူတွေးနေမိသည်။ထို့ကြောင့်နောက်ဆုံးတွင်ကျန်းဝမ်ရွှီသည် ကုမ္ပဏီသွားဖို့ကိုလုပ်လိုက်သည်။
ဟယ်ကျစ်ရှုသည် ကျန်းဝမ်ရွှီထွက်ခွာသွားချိန် ခဏမျှအိပ်ရာပေါ်မှာကြောင်အမ်းလျက်
ထိုင်နေမိခဲ့သည်။သို့သော် ဓာတ်လှေကားပိတ်သွားသံကြားသောအခါအိပ်ရာပေါ်မှဆင်းလိုက်သည်။ထို့နောက်တွင် အလျှင်
အမြန်ပင်ဧည့်ခန်းထဲသို့ဝင်လျက် ပြတင်းပေါက်ကနေကျန်းဝမ်ရွှီ၏ နောက်ကျောအား မျက်ရည်များကျကာ
ကြည့်နေခဲ့မိသည်။ကျန်းဝမ်ရွှီအိမ်မှထွက်သွားတိုင်းသူအမြဲတမ်းပြတင်းပေါက်လေးမှပင် ထိုသူ၏နောက်ကျောအား အမြဲလိုပင်
ကြည့်နေခဲ့ပေမယ့် ထိုသူကတော့
ဘယ်သောအခါမှ နောက်ပြန်လှည့်ကြည့်ခဲ့ခြင်းရှိမနေခဲ့ပါချေ။
ကျစ်ရှုတစ်ယောက်သူ့ ခန္ဓာကိုယ်အား
ပြတင်းပေါက်တွင် ဖိကပ်ထားခဲ့ရင်း
တီးတိုးလေးရေရွတ်ကာပြောနေမိခဲ့သည်။
"ကျန်းဝမ်ရွှီ....ဒီဖက်ကို လှည့်ကြည့်ပါဦး၊
ငါ့ကို တခေါက်လောက်လှည့်ကြည့်ပေးပါ၊
ငါ....မင်းမျက်နှာကိုနောက်ဆုံးတစ်ခေါက်လောက်ကြည့်သွားချင်လို့ပါ"
ကျန်းဝမ်ရွှီကတော့မူ
ထိုခဏတွင် သူ့အားလှည့်မကြည့်ခဲ့ပါချေ။
နောက်ဆုံးအကြိမ်အဖြစ် ငိုနေခဲ့မိသည်မှာ
ပြတင်းပေါက် မှန်ဘောင်ပေါ်သို့ပင်
မျက်ရည်များက စိုစွတ်စေခဲ့ရသည်။
သူသည်းထန်စွာငို နေခဲ့ရသည် ။
ဤ သည်ကားနောက်ဆုံးအကြိမ် ။
ဤ အိမ်၌ ငိုသည်ကား နောက်ဆုံးအကြိမ်။
ဤ အိမ်ထောင်ရေး၏နောက်ဆုံးအကြိမ်။
ချစ်ခဲ့ကြတဲ့ 14နှစ်တာ အတွက် နောက်ဆုံးအကြိမ် ။များစွာများစွာသော
အမှတ်တရများအတွက် နောက်ဆုံးအကြိမ်
အဖြစ် သူငိုနေမိခဲ့ခြင်း ဖြစ်လေသည်။
(ကျမလဲ ငိုနေရပါတယ် ရေးရင်း
မျက်ရည်တွေတောင်ကျလာတယ်😢)
အချိန်ခဏ၌ ကျစ်ရှုသည် ရေချိုးလျက်
အဝတ်အစားများကို ဝတ်ဆင်လိုက်ပြီး
အပေါ်ထပ်လေး အဖြစ်သူအနှစ်သက်ဆုံးသော ကုတ်အကျီလေးအားဝတ်ဆင်လိုက်သည်။ထိုအကျီလေးသည်လွန်ခဲ့သော 7နှစ်က ကျန်းဝမ်ရွှီကသူ့အားဝယ်ပေးခဲ့သော ကုတ်အကျီလေးပင် ဖြစ်သည်။ကုတ်အကျီလေးကခရင်မ် အရောင်လေးဖြစ်ပြီး အလွန်ပင်နွေးထွေးစေသည်။အဲ့ဒီနှစ် ဆောင်းရာသီက ထိုသူသည်သူ့အား လက်ဆောင်ပေးဖို့ရန်
သူ၏အတွင်းရေးမှုးဆီမှ အကြံညာဏ်တောင်းခဲ့လေသည်။ထို့နောက် သူကအစီ
အစဥ်ဆွဲကာ သူ့အား ရုပ်ရှင်ကြည့်ဖို့ခေါ်ခဲ့သည်။အဲဒီနေ့က နှင်းတွေလဲအရမ်းကျနေခဲ့ရင်းသူတိူ့အပြင်ထွက်ခဲ့ကြသည်။
ကျစ်ရှုသည် ကျန်းဝမ်ရွှီအားထိုနေ့ကပင်
နှင်းတွေကြားထဲမှာ ချစ်ရတဲ့သူနဲ့
အတူ ရိုမက်တစ်ဆန်စွာ ရင်ခုန်နှစ်သက်ဖွယ်
အတူရှိရခြင်းသည် သူ့အတွက်ကံအကောင်းဆုံးဟု ပင် ပြောခဲ့မိသည်။ကျစ်ရှုထိုနေ့က အရမ်းပင်အေးနေခဲ့ရင်း သူ့တို့အတူ
အနွေးအကျီဝယ်ဖို့ဆိုင်ရှာကြရင်းမပိတ်သေးသောအကျီ အရောင်းဆိုင်တစ်ခုအားတွေ့ခဲ့ကြသည်။
ထိုနေ့မှာကျတဲ့ နှင်းများကအလွန်ပင်လှနေခဲ့သည်။ကျန်းဝမ်ရွှီသည်ကျစ်ရှုအားသူ့ဂျာကင်ဖြင့်ပင်အုပ်ကာလက်မောင်းများဖြင့်ထွေးပွေ့ထားခဲ့သည်။ကျစ်ရှု၏မျက်လုံးလေးများက ကြယ်လေးတွေအလားတောက်ပနေခဲ့လျက် ကျစ်ရှုအတွက်ထိုဆိုင်မှ ပင် ထိုကုတ်အကျီလေးအားဝယ်ပေးခဲ့ခြင်းဖြစ်လေသည်။
ကျစ်ရှုသည် ကုတ်အကျီအားဝတ်ကာ
သူ၏မှတ်ပုံတင်ကဒ်နှင့်အတူ 500ယွမ်သာကျန်ရှိနေသာဘဏ်ကဒ်လေးအားကုတ်အကျီထဲတွင်ထည့်လိုက်သည်။ထို့နောက် သူသည် ကြောင်လေးများအတွက်ချက်ပြုတ်ထားသောအစာအားကြောင်စာခွက်အတွင်းထည့်လိုက်ရင်းကြောင်လေးများကို လည်းနှုတ်ဆက်လိုက်သည်။
"ငါ တောင်းပန်ပါတယ်....ငါမင်းတို့ကို ဆက်ပြီး အဖော်လုပ်မပေးနိုင်တော့ဘူး "
ကျစ်ရှုများစွာ စိတ်မကောင်းဖြစ်နေခဲ့ရင်း
သူ့အားတိုးဝှေ့လာခဲ့သောကြောင်လေးများကို ပြောနေမိခဲ့သည်။သို့သော်သူထွက်လာချိန်တွင် ကျန်းဝမ်ရွှီသည်ကြောင်လေးများအား
စွန့်ပစ်နိုင်သည်ဟုသူတွေးမိခဲ့သော်လည်းသူဆုံးဖြတ်ထားပြီးပြီမို့ပင် ဘယ်အရာကိုမှသူမတွေးချင်တော့သည်လည်းဖြစ်နေခဲ့လေသည်။
ကျစ်ရှုသည် ဘယ်သောအခါမှ
ကျန်းဝမ်ရွှီ၏အရိပ်အောက်မှ
ထွက်ခွာရမည်ဟု မတွေးမိခဲ့။
သို့သော် ယနေ့၌သူ့ဘဏ်စာအုပ်များ ၊
သူချစ်သော ကြောင်လေးများ၊
သူတန်ဖိုးထားခဲ့ရသောလက်စွပ်လေးနှင့်အတူသူသောက်နေကျ ဆေးများကို
သူတို့ အတူ နေထိုင်ခဲ့သော အိမ်လေး၌ပင်
အကုန်ထားခဲ့လျက် သူအချစ်ရဆုံးသောသူအား ထားခဲ့ကာ ထိုသူပေးခဲ့သောကုတ်အကျီလေးတစ်ခုထဲကိုသာသူနဘေး၌အဖော်ပြုလျက်ထွက်ခွာလာခဲ့လိုက်သည်။
ဘယ်သောအခါမှ နောက်လှည့်မကြည့်မိသောခြေလှမ်းများဖြင့်သူ့အားအပြင်သူတစ်ယောက်အနေဖြင့်ကြည့်ပါက
ကုတ်အကျီလေးအားဝတ်ဆင်ကာတရွေ့ရွေ့ထွက်ခွာသွားသောသူ၏ကျောပြင်လေး
တစ်ခုသာ ။
ကျစ်ရှူသည် ရထားဘူတာသိူ့ တက်စီငှားကာလာလိုက်ရင်း ဘူတာသိူ့ရောက်ချိန်အထိ
သူ့ ဖုန်းကို ပိတ်ထားခဲ့လိုက်သည်။ဖုန်းခဏ
ဖွင့်လိုက်ချိန်တွင်များစွာသော စာများနှင့်အတူ များစွာသော ဖုန်းcallများကိုတွေ့လိုက်ရလေသည်။ အများစုမှာ အိုက်ကျိယွီဆီမှပင်
ဖြစ်လေသည်။
"ကိုယ်တကယ်တောင်းပန်ပါတယ်
ကိုယ်တကယ်မင်းကို ချစ်မိတာပါ'
"မင်းမှာ အိမ်ထောင်ဖက်ရှိတာလဲကိုယ်သိပါတယ် ....ဒါပေမယ့် ကိုယ်သူ့ထက်မင်းအပေါ် ပိုကောင်းပေး ပိုချစ်ပေးနိုင်ပါတယ်"
"ကိုယ်ကို စိတ်မဆိုးပါနဲ့တော့
စာလေးပြန်ပို့ပေးပါနော်"
"ကျေးဇူးပြုပြီး ကိုယ့်ဖုန်းလေးကိုင်ပေးပါ"
"ကိုယ်တကယ်တောင်းပန်ပါတယ်
စာလေးတော့ပြန်ပါဦး ...ကိုယ့်ဆီကို "
"မင်းကိုယ့်ကို လျစ်လျူရှုလို့ရပါတယ်၊
ဒါပေမယ့် ဆေးရုံကို သွားပြီးကုထုံးကုသမှုကို ခံယူပေးပါနော်"
"ဒီနေ့က ဓာတုကုထုံးကုသရမယ့်အချိန်လေ
မင်း ခုထိ ဘာလို့မလာသေးတာလဲ?
ကိုယ့်ကြောင့် မင်းရဲ့ဘဝကိုဟာသအနေနဲ့
မလုပ်ပါနဲ့နော် ...ဆေးရုံကိုလာခဲ့ပေးပါ"
"တကယ်လို့ ..တကယ်လို့လေ
အခု မင်း မလာရင် ကိုယ်မင်းအိမ်ကို
လာပြီး မင်းကို လာခေါ်မှာနော်"
"ကျစ်ရှု မင်းကို ...ကိုယ်တောင်းပန်ပါတယ်
မင်း မကြိုက်ရင်လေကိုယ် မင်းရှေ့မှာ
မနေပါဘူး.မင်းကိုလည်း ပတ်သက်ဖို့
ကိုယ်မကြိုးစားတော့ပါဘူး၊
မင်း ဆေးရုံတော့ လာခဲ့ပေးပါနော်"
ကျစ်ရှုစာများကိုဖတ်ပြီးနောက်တွင်စိတ်ထဲ၌ အိုက်ကျိယွီအပေါ် အားနာကာစိတ်မကောင်းဖြစ်နေခဲ့ရင်း ထိုခဏ၌ဒေါက်တာအိုက်ဆီသိူ့ သူဖုန်းခေါ်လိုက်သည်။သိပ်မကြာခဲ့ဘဲချက်ခြင်းပင်ဒေါက်တာဖက်မှ ဖြေကြားလာခဲ့သည်။
"ကျစ်ရှုလား"
"ဒေါက်တာ့ကို စိတ်ဒုက္ခတွေပေးမိလို့
ကျွန်တော်တောင်းပန်ပါတယ်၊ကျွန်တော့ ရောဂါအတွက်ကုထုံးကိုဆက်မကုတော့
ပါဘူး"
အိုက်ကျိယွီသည် ခဏမျှ တိတ်ဆိတ်သွားရင်း ချက်ခြင်းပင် ပြန်ပြောလာခဲ့သည်။
"ကိုယ် ခွင့်မပြုဘူး"
ဟယ်ကျစ်ရှုသည်အကူအညီမဲ့စွာဖြင့်
"ဘာဖြစ်လို့လဲ?...ကျွန်တော် ဆက်ပြီးကုကု
မကုကုကျွန်တော်က အချိန်အကြာကြီး
နေရတော့မှာမှ မဟုတ်ဘဲ "
"ကိုယ်အခု မင်းအိမ်ကို လာခဲ့မယ်"
ဟယ်ကျစ်ရှုသည် အိုက်ကျိယွီ၏စကားကြောင့် တချက်မျှပြုံးလိုက်ရင်း
"ကျွန်တော် သွားတော့မယ်
ကိုယ့်ကိုယ်ကို ဂရုစိုက်ပါ ဒေါက်တာ"
ဟယ်ကျစ်ရှုသည် ဖုန်းကို ပိတ်လိုက်ပြီး
သူ့လက်ထဲရှိ ည တစ်နာရီ မှထွက်ခွာမည့်
ရထားလက်မှတ်ကို ကြည့်ကာ
မျက်လုံးများ ကို ပိတ်ချလိုက်ခဲ့သည်။
"အခု တော့ အကုန် ပြီးဆုံးသွားခဲ့ပြီ ၊
နှစ်ဦးလုံးကိုယ့်ဘဝနှင့် ကိုယ်
ပျော်အောင် နေရစ်ခဲ့ကြပါ "
ကျစ်ရှုသည် ရထားလက်မှတ်လေးအား
ကိုင်ကာဘူတာရှိ ခုံတန်းလေးတွင် ထိုင်ရင်း တိုးတိတ်စွာ ရေရွတ်နေလျက်ရှိနေခဲ့လေသည်။
23.1.2021
2. 00 AM
W 3545
........
..EP42 ထြက္ခြာျခင္း
..က်န္းဝမ္႐ႊီသည္တကယ့္ကိုပင္ ထိန္းခ်ဳပ္ကာျငင္သာစြာျဖင့္တႀကိမ္သာ အတူေနၿပီးေနာက္ က်စ္ရႈ၏ႏူးညံ့ေသာ ဆံပင္ေလးမ်ားကို ထိကိုင္လိုက္ရင္း
"ကိုယ္ မင္းကို ေရခ်ိဳးေပးရမလား?"
ဟယ္က်စ္ရႈေခါင္းခါလိုက္ၿပီးသူ၏ ေဘာင္းဘီအား
ေခါက္တင္လိုက္လ်က္ရင္း ေျပာလိုက္သည္။
"မနက္ျဖန္ ငါ ဗိုက္ေအာင့္ေနမွာစိုးလို႔လား"
ဟယ္က်စ္ရႈသည္ အရမ္းကိုပင္ပင္ပန္းေနေသာေၾကာင့္ အိပ္ေပ်ာ္သြားခဲ့သည္။က်န္းဝမ္႐ႊီသည္ က်စ္ရႈ၏ေက်ာျပင္အားဖြဖြေလးပုတ္ေပးရင္း ရွိေနခဲ့ေလသည္။
က်စ္ရႈအား မည္သူကမွပင္ သူ႕ထံမွ မလုယုပါက
ယခင္က ဆူဆဲရိုက္ႏွက္ေသာ အျပဳအမူမ်ားကို သူျပဳလုပ္ခဲ့မည္ မဟုတ္ဟုပင္သူေတြးေနမိခဲ့သည္။က်န္းဝမ္႐ႊီသည္
က်စ္ရႈအား ေနာက္ဖက္မွပင္ ေပြ႕ဖက္ထားလိုက္ရင္း ေျပာေနခဲ့သည္။
"ေကာင္းေကာင္းအိပ္လိုက္ေနာ္...
ငါမင္းကို ဖက္ထားေပးမယ္"
ဟယ္က်စ္ရႈသည္ က်န္းဝမ္႐ႊီထက္အရင္ပင္
ႏွစ္ၿခိဳက္စြာအိပ္ေပ်ာ္သြားခဲ့သည္။က်စ္ရႈသည္က်န္း၏
လက္ေမာင္းေပၚတြင္ ၿငိမ္းခ်မ္းစြာ အိပ္စက္ေနခဲ့ရင္းက်စ္ရႈ၏ဆံပင္ေလးမ်ားသည္ က်န္း၏ရင္အုပ္ကိုပင္ထိေတြ႕ေနခဲ့သည္။ထိုအျပဳအမူေလးကပင္က်န္းဝမ္႐ႊီ၏ႏွလုံးသားအားႏြေးေထြးေစလ်က္ရွိေနခဲ့ေလသည္။က်န္းဝမ္႐ႊီ
မနက္ေစာေစာနိုးလာခဲ့သည္။နာရီအနည္းငယ္အၾကာသူအိပ္ခန္းထဲျပန္ေရာက္ခ်ိန္တြင္က်စ္ရႈနိုးမလာေသးသည္မို႔ အိပ္ရာေပၚတြင္ထိုင္လိုက္ရင္းက်စ္ရႈအားေသေသခ်ာ
ခ်ာပင္ သူၾကည့္မိလိုက္သည္။က်စ္ရႈအလြန္ပင္ပိန္သြားခဲ့သည္။ေမးရိုးမ်ားမွာ ပိုမို ခြၽန္ထြက္ေနလ်က္ ႏႈတ္ခမ္းမ်ား
မွာ ပါးလ်ကာ ျဖဴေဖ်ာ့ေနခဲ့သည္။က်စ္ရႈသည္
သူတစ္ေယာက္တည္းအိမ္တြင္ေနစဥ္အစားအေသာက္စားဖို႔ကိုပင္ ဂ႐ုမစိုက္ဘဲေနခဲ့ပုံရေနလ်က္ ရွိေနခဲ့မည္ဟုသူထင္မိလိုက္သည္။ထို႔ျပင္သူႏွင့္ပတ္သက္ေသာ
နာက်င္မႈမ်ား, မေက်နပ္မႈမ်ားအားလုံးကိုပါ
သည္းခံကာ သိုဝွက္ၿပီး ေနခဲ့ရရွာသည္။
ထို႔ေၾကာင့္ပင္ ပိုမိုကာပိန္လာသည္လည္း
ျဖစ္ေပလိမ့္မည္။
ဟယ္က်စ္ရႈမ်က္လုံးဖြင့္လိုက္ခ်ိန္၌သူ႕အားအနီးကပ္
ၾကည့္ေနေသာ က်န္းဝမ္႐ႊီကို ေတြ႕လိုက္ရသည္။
က်န္းဝမ္႐ႊီသည္ ယေန႕တြင္ အလုပ္ရႈပ္မည့္ပုံရွိေနခဲ့သည္မွာသူဝတ္ဆင္ထားေသာ ဝတ္စုံကိုၾကည့္လွ်င္ပင္သိ
နိုင္မည္ျဖစ္သည္။က်န္းဝမ္႐ႊီသည္ က်ယ္ျပန့္ေသာပခုံး
၊ရွည္လ်ားသည့္ေျခတံတို႔ႏွင့္အတူ ေခ်ာေမာေသာ
မ်က္ႏွာေၾကာင့္ထိုဝတ္စုံႏွင့္အလြန္ၾကည့္ေကာင္းေနခဲ့
သည္။က်န္းဝမ္႐ႊီ၏မ်က္ႏွာတြင္အၿပဳံးေလးတစ္ခုက
လင္းလက္ေနလ်က္သူ႕ကို အလြန္ပင္ခ်စ္ျမတ္နိုးေနပုံမ်ားလည္းေပၚလြင္ေနခဲ့သည္။က်န္းက သူ႕အားၿပဳံး၍ ၾကည့္လာရင္း
"နိုးလာၿပီလား?အိပ္ရာကထၿပီး ေရခ်ိဳးလိုက္
ငါမင္းအတြက္ မနက္စာျပင္ေပးထားတယ္"
က်စ္ရႈသည္ အိပ္ရာမွပင္ထထိုင္လိုက္ရင္း
က်န္းအားေခါင္းညိတ္ျပလိုက္သည္။
သူညက ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္ပင္အိပ္ထားခဲ့ရေသာေၾကာင့္ အနည္းငယ္လဲလန္းဆန္းေနခဲ့သည္။က်န္းဝမ္႐ႊီသည္သူ႕အား ၿပဳံးကာၾကည့္လာရင္းရႈပ္ပြေနေသာ သူ႕ေခါင္းမွ ဆံပင္မ်ားကိုလက္ႏွင့္သပ္ကာ ရွင္းေပးလိုက္ၿပီး
နာရီကို ၾကည့္ရင္းေျပာလာသည္။
"က်စ္ရႈ ငါဒီေန႕ ကုမၸဏီမွာစာခ်ဳပ္တစ္ခုခ်ဳပ္ဖို႔ရွိတယ္
၊ဒီေန႕ေတာ့ အိမ္မွာမင္းနဲ႕အေဖာ္မလုပ္ေပးေတာ့ဘူးေနာ္၊စာခ်ဳပ္ကိစၥၿပီးရင္မနက္ျဖန္ ႏွစ္သစ္ကူးမွာ...မင္းအတြက္
အနီေရာင္ လက္ေဆာင္အႀကီးႀကီးေပးဖို႔
ငါစီစဥ္ထားတယ္"
က်န္းဝမ္႐ႊီသည္ အိပ္ခန္းထဲမွ လွည့္ထြက္သြားၿပီးေနာက္ ျပန္လွည့္လာရင္းက်စ္ရႈအား ေမးျပန္ေလသည္။
"မင္း ညေနဘာစားခ်င္လဲ?
ငါမင္းဆီ ညေနအေစာႀကီးျပန္လာၿပီး
မင္းနဲ႕အတူ ညစာစားမယ္ေလ"
ဟယ္က်စ္ရႈသည္ က်န္းဝမ္႐ႊီေျပာေသာ
စကားမ်ားကိုနားေထာင္ေနရင္းႏႈတ္ခမ္းမ်ားကို
ကိုက္ကာအားတင္း၍ ၿပဳံးလိုက္ရင္း
က်န္းဝမ္႐ႊီအား လက္ကမ္းလ်က္
ေျပာလိုက္သည္။
"က်န္းေကာ ဒီကိုလာပါဦး "
က်န္းဝမ္႐ႊီသည္ ယခုလိုပုံမ်ိဳးဘယ္ေသာအခါမွမေတြ႕ဖူးခဲ့တာမို႔ ႐ုတ္တရက္ပင္သူ႕ရင္ထဲ၌ ဝမ္းနည္းမႈႏွင့္အတူ ပုံမွန္မဟုတ္ေသာထိတ္လန့္မႈတို႔ေပၚလာခဲ့သည္။
က်စ္ရႈ၏ျပဳမူေနပုံက အၿပဳံးေအာက္တြင္ တစ္ခုခုကိုပင္ အားတင္းကာဖုံးကြယ္ေနပုံရေနလ်က္ေသဆုံးေတာ့မည့္သူတစ္ဦးကသူ႕အားအၿပီးအပိုင္ႏႈတ္ဆက္ေနသည္ဟုပင္
သူ႕မသိစိတ္မွာခံစားရမိေနလ်က္ရွိေနသည္။ထိုအခိုက္အတန့္တြင္ ခဏမွ် ဆြံ႕အေနခဲ့ေသာ္လည္း ခ်က္ျခင္းပင္သူက်စ္ရႈဆီလွမ္းသြားကာ ေပြ႕ဖက္လိုက္သည္။က်စ္ရႈကသူ႕အား မိနစ္ဝက္ခန့္ ေပြ႕ဖက္ထားရင္း သူ႕ ေမးေစ့အား ဖြဖြေလးကိုက္ကာေျပာလာခဲ့သည္။
"ဒီည ေစာေစာ ျပန္လာခဲ့ေနာ္"
က်န္းဝမ္႐ႊီသည္ က်စ္ရႈ၏အျပဳအမူေၾကာင့္ပင္
စိတ္ထဲ၌ ေလးပင္လာခဲ့ရင္း
"ငါ မသြားေတာ့ဘူး ....မင္းနဲ႕ဘဲ
အိမ္မွာ ဒီေန႕ေနေတာ့မယ္ ....
ငါ့ အတြင္းေရးမႉးကို လွမ္းေျပာၿပီး
ရက္ေ႐ြ႕လိုက္မယ္ "
က်စ္ရႈသည္ သူ႕အား ဖက္ထားရာမွ
ခြာလိုက္ရင္း တိုက္တြန္းလာခဲ့သည္။
"ကဲ... သြားပါ ....ဒီေလာက္ဆို ရၿပီေလ၊
ခုမွဘာလို႔ ခ်က္ျခင္း အကဲပိုေနရတာလဲ?
လူတိုင္းက မင္းကို အလုပ္အရမ္းလုပ္တဲ့
သူလို႔သိၾကတာေလ"
က်စ္ရႈကထိုသို႔ေျပာလာခဲ့ေသာ္လည္း
သူစိတ္ထဲတြင္ အိမ္ကိုေရာ အလုပ္ကိုပါ
စိတ္ပူေနခဲ့ရသည္။အလုပ္ကလည္း
အီလက္ထေရာနစ္ကုမၸဏီတစ္ခုႏွင့္
အေရးႀကီးေသာ အလုပ္အတြက္စာခ်ဳပ္ခ်ဳပ္ရန္ျဖစ္ၿပီးသူဒီေန႕မသြားပါက ထိုစာခ်ဳပ္သည္လုံးဝေနာက္တႀကိမ္ျပန္ခ်ဳပ္ဖို႔ကအဆင္မေျပေတာ့ဘူးျဖစ္သည္။
က်စ္ရႈကိုစိတ္မခ် ေသာ္လည္းအခ်ိန္ခဏေလးသြား႐ုံျဖင့္က်စ္ရႈက အိမ္၌ ေနသည္မို႔ ဘာမွေတာ့ မျဖစ္နိုင္ေလာက္ဟု သူေတြးေနမိသည္။ထို႔ေၾကာင့္ေနာက္ဆုံးတြင္
က်န္းဝမ္႐ႊီသည္ ကုမၸဏီသြားဖို႔ကိုလုပ္လိုက္သည္။
ဟယ္က်စ္ရႈသည္ က်န္းဝမ္႐ႊီထြက္ခြာသြားခ်ိန္
ခဏမွ်အိပ္ရာေပၚမွာေၾကာင္အမ္းလ်က္
ထိုင္ေနမိခဲ့သည္။သို႔ေသာ္ ဓာတ္ေလွကားပိတ္သြားသံၾကားေသာအခါအိပ္ရာေပၚမွဆင္းလိုက္သည္
။ထို႔ေနာက္တြင္ အလွ်င္အျမန္ပင္ဧည့္ခန္းထဲသို႔ဝင္လ်က္ ျပတင္းေပါက္ကေနက်န္းဝမ္႐ႊီ၏ ေနာက္ေက်ာအား
မ်က္ရည္မ်ားက်ကာၾကည့္ေနခဲ့မိသည္။က်န္းဝမ္႐ႊီအိမ္မွထြက္သြားတိုင္းသူအၿမဲတမ္းျပတင္းေပါက္ေလးမွပင္
ထိုသူ၏ေနာက္ေက်ာအား အၿမဲလိုပင္ ၾကည့္ေနခဲ့ေပမယ့္ ထိုသူကေတာ့ ဘယ္ေသာအခါမွ ေနာက္ျပန္လွည့္ၾကည့္ခဲ့ျခင္းရွိမေနခဲ့ပါေခ်။
က်စ္ရႈတစ္ေယာက္သူ႕ ခႏၶာကိုယ္အား
ျပတင္းေပါက္တြင္ ဖိကပ္ထားခဲ့ရင္း
တီးတိုးေလးေရ႐ြတ္ကာေျပာေနမိခဲ့သည္။
"က်န္းဝမ္႐ႊီ....ဒီဖက္ကို လွည့္ၾကည့္ပါဦး၊
ငါ့ကို တေခါက္ေလာက္လွည့္ၾကည့္ေပးပါ၊
ငါ....မင္းမ်က္ႏွာကိုေနာက္ဆုံးတစ္ေခါက္
ေလာက္ၾကည့္သြားခ်င္လို႔ပါ"
က်န္းဝမ္႐ႊီကေတာ့မူ
ထိုခဏတြင္ သူ႕အားလွည့္မၾကည့္ခဲ့ပါေခ်။
ေနာက္ဆုံးအႀကိမ္အျဖစ္ ငိုေနခဲ့မိသည္မွာ
ျပတင္းေပါက္ မွန္ေဘာင္ေပၚသို႔ပင္
မ်က္ရည္မ်ားက စိုစြတ္ေစခဲ့ရသည္။
သူသည္းထန္စြာငို ေနခဲ့ရသည္ ။
ဤ သည္ကားေနာက္ဆုံးအႀကိမ္ ။
ဤ အိမ္၌ ငိုသည္ကား ေနာက္ဆုံးအႀကိမ္။
ဤ အိမ္ေထာင္ေရး၏ေနာက္ဆုံးအႀကိမ္။
ခ်စ္ခဲ့ၾကတဲ့ 14ႏွစ္တာ အတြက္
ေနာက္ဆုံးအႀကိမ္ ။မ်ားစြာမ်ားစြာေသာ
အမွတ္တရမ်ားအတြက္ ေနာက္ဆုံးအႀကိမ္
အျဖစ္ သူငိုေနမိခဲ့ျခင္း ျဖစ္ေလသည္။
(က်မလဲ ငိုေနရပါတယ္ ေရးရင္း
မ်က္ရည္ေတြေတာင္က်လာတယ္😢)
အခ်ိန္ခဏ၌ က်စ္ရႈသည္ ေရခ်ိဳးလ်က္
အဝတ္အစားမ်ားကို ဝတ္ဆင္လိုက္ၿပီး
အေပၚထပ္ေလး အျဖစ္သူအႏွစ္သက္ဆုံးေသာ
ကုတ္အက်ီေလးအားဝတ္ဆင္လိုက္သည္။ထိုအက်ီေလးသည္လြန္ခဲ့ေသာ 7ႏွစ္က က်န္းဝမ္႐ႊီကသူ႕အားဝယ္ေပးခဲ့ေသာ ကုတ္အက်ီေလးပင္ ျဖစ္သည္။ကုတ္အက်ီေလးကခရင္မ္ အေရာင္ေလးျဖစ္ၿပီး အလြန္ပင္ေႏြးေထြးေစ
သည္။အဲ့ဒီႏွစ္ ေဆာင္းရာသီက ထိုသူသည္သူ႕အား
လက္ေဆာင္ေပးဖို႔ရန္ သူ၏အတြင္းေရးမႈးဆီမွ
အႀကံညာဏ္ေတာင္းခဲ့ေလသည္။ထို႔ေနာက္ သူက
အစီအစဥ္ဆြဲကာ သူ႕အား ႐ုပ္ရွင္ၾကည့္ဖို႔ေခၚခဲ့သည္။
အဲဒီေန႕က ႏွင္းေတြလဲအရမ္းက်ေနခဲ့ရင္းသူတိူ႕အျပင္
ထြက္ခဲ့ၾကသည္။က်စ္ရႈသည္ က်န္းဝမ္႐ႊီအားထိုေန႕ကပင္
ႏွင္းေတြၾကားထဲမွာ ခ်စ္ရတဲ့သူနဲ႕အတူ ရိုမက္တစ္ဆန္စြာ ရင္ခုန္ႏွစ္သက္ဖြယ္အတူရွိရျခင္းသည္ သူ႕အတြက္
ကံအေကာင္းဆုံးဟု ပင္ ေျပာခဲ့မိသည္။က်စ္ရႈထိုေန႕က အရမ္းပင္ေအးေနခဲ့ရင္း သူ႕တို႔အတူ အေႏြးအက်ီဝယ္ဖို႔
ဆိုင္ရွာၾကရင္းမပိတ္ေသးေသာအက်ီ အေရာင္းဆိုင္
တစ္ခုအားေတြ႕ခဲ့ၾကသည္။
ထိုေန႕မွာက်တဲ့ ႏွင္းမ်ားကအလြန္ပင္လွေနခဲ့သည္။က်န္းဝမ္႐ႊီသည္က်စ္ရႈအားသူ႕ဂ်ာကင္ျဖင့္ပင္အုပ္ကာ
လက္ေမာင္းမ်ားျဖင့္ေထြးေပြ႕ထားခဲ့သည္။က်စ္ရႈ၏မ်က္လုံးေလးမ်ားက ၾကယ္ေလးေတြအလားေတာက္ပေနခဲ့
လ်က္ က်စ္ရႈအတြက္ထိုဆိုင္မွ ပင္ ထိုကုတ္အက်ီေလးအားဝယ္ေပးခဲ့ျခင္းျဖစ္ေလသည္။
က်စ္ရႈသည္ ကုတ္အက်ီအားဝတ္ကာ
သူ၏မွတ္ပုံတင္ကဒ္ႏွင့္အတူ 500ယြမ္သာက်န္ရွိေနသာဘဏ္ကဒ္ေလးအားကုတ္အက်ီထဲတြင္ထည့္လိုက္သည္။ထို႔ေနာက္ သူသည္ ေၾကာင္ေလးမ်ားအတြက္ခ်က္ျပဳတ္ထားေသာအစာအားေၾကာင္စာခြက္အတြင္းထည့္လိုက္
ရင္းေၾကာင္ေလးမ်ားကို လည္းႏႈတ္ဆက္လိုက္သည္။
"ငါ ေတာင္းပန္ပါတယ္....ငါမင္းတို႔ကို ဆက္ၿပီး
အေဖာ္လုပ္မေပးနိုင္ေတာ့ဘူး "
က်စ္ရႈမ်ားစြာ စိတ္မေကာင္းျဖစ္ေနခဲ့ရင္း
သူ႕အားတိုးေဝွ႕လာခဲ့ေသာေၾကာင္ေလးမ်ားကို
ေျပာေနမိခဲ့သည္။သို႔ေသာ္သူထြက္လာခ်ိန္တြင္က်န္းဝမ္႐ႊီသည္ေၾကာင္ေလးမ်ားအား စြန့္ပစ္နိုင္သည္ဟုသူေတြးမိခဲ့ေသာ္လည္းသူဆုံးျဖတ္ထားၿပီးၿပီမို႔ပင္ ဘယ္အရာကိုမွသူမေတြးခ်င္ေတာ့သည္လည္းျဖစ္ေနခဲ့ေလသည္။
က်စ္ရႈသည္ ဘယ္ေသာအခါမွ
က်န္းဝမ္႐ႊီ၏အရိပ္ေအာက္မွ
ထြက္ခြာရမည္ဟု မေတြးမိခဲ့။
သို႔ေသာ္ ယေန႕၌သူ႕ဘဏ္စာအုပ္မ်ား ၊
သူခ်စ္ေသာ ေၾကာင္ေလးမ်ား၊
သူတန္ဖိုးထားခဲ့ရေသာလက္စြပ္ေလးႏွင့္
အတူသူေသာက္ေနက် ေဆးမ်ားကို
သူတို႔ အတူ ေနထိုင္ခဲ့ေသာ အိမ္ေလး၌ပင္
အကုန္ထားခဲ့လ်က္ သူအခ်စ္ရဆုံးေသာသူအား ထားခဲ့ကာ ထိုသူေပးခဲ့ေသာကုတ္အက်ီေလးတစ္ခုထဲကိုသာသူနေဘး၌အေဖာ္ျပဳလ်က္ထြက္ခြာလာခဲ့လိုက္သည္။
ဘယ္ေသာအခါမွ ေနာက္လွည့္မၾကည့္မိေသာေျခလွမ္းမ်ားျဖင့္သူ႕အားအျပင္သူတစ္ေယာက္အေနျဖင့္ၾကည့္ပါက
ကုတ္အက်ီေလးအားဝတ္ဆင္ကာတေ႐ြ႕ေ႐ြ႕ထြက္ခြာသြားေသာသူ၏ေက်ာျပင္ေလးတစ္ခုသာ ။
က်စ္ရႉသည္ ရထားဘူတာသိူ႕ တက္စီငွားကာလာလိုက္
ရင္း ဘူတာသိူ႕ေရာက္ခ်ိန္အထိ သူ႕ ဖုန္းကို ပိတ္ထားခဲ့
လိုက္သည္။ဖုန္းခဏဖြင့္လိုက္ခ်ိန္တြင္မ်ားစြာေသာ
စာမ်ားႏွင့္အတူ မ်ားစြာေသာ ဖုန္းcallမ်ားကိုေတြ႕လိုက္ရေလသည္။ အမ်ားစုမွာ အိုက္က်ိယြီဆီမွပင္
ျဖစ္ေလသည္။
"ကိုယ္တကယ္ေတာင္းပန္ပါတယ္
ကိုယ္တကယ္မင္းကို ခ်စ္မိတာပါ'
"မင္းမွာ အိမ္ေထာင္ဖက္ရွိတာလဲကိုယ္သိပါတယ္ ....
ဒါေပမယ့္ ကိုယ္သူ႕ထက္မင္းအေပၚ ပိုေကာင္းေပး
ပိုခ်စ္ေပးနိုင္ပါတယ္"
"ကိုယ္ကို စိတ္မဆိုးပါနဲ႕ေတာ့
စာေလးျပန္ပို႔ေပးပါေနာ္"
"ေက်းဇူးျပဳၿပီး ကိုယ့္ဖုန္းေလးကိုင္ေပးပါ"
"ကိုယ္တကယ္ေတာင္းပန္ပါတယ္
စာေလးေတာ့ျပန္ပါဦး ...ကိုယ့္ဆီကို "
"မင္းကိုယ့္ကို လ်စ္လ်ဴရႈလို႔ရပါတယ္၊
ဒါေပမယ့္ ေဆး႐ုံကို သြားၿပီးကုထုံးကုသမႈကို
ခံယူေပးပါေနာ္"
"ဒီေန႕က ဓာတုကုထုံးကုသရမယ့္အခ်ိန္ေလ
မင္း ခုထိ ဘာလို႔မလာေသးတာလဲ?
ကိုယ့္ေၾကာင့္ မင္းရဲ႕ဘဝကိုဟာသအေနနဲ႕
မလုပ္ပါနဲ႕ေနာ္ ...ေဆး႐ုံကိုလာခဲ့ေပးပါ"
"တကယ္လို႔ ..တကယ္လို႔ေလ
အခု မင္း မလာရင္ ကိုယ္မင္းအိမ္ကို
လာၿပီး မင္းကို လာေခၚမွာေနာ္"
"က်စ္ရႈ မင္းကို ...ကိုယ္ေတာင္းပန္ပါတယ္
မင္း မႀကိဳက္ရင္ေလကိုယ္ မင္းေရွ႕မွာ
မေနပါဘူး.မင္းကိုလည္း ပတ္သက္ဖို႔
ကိုယ္မႀကိဳးစားေတာ့ပါဘူး၊
မင္း ေဆး႐ုံေတာ့ လာခဲ့ေပးပါေနာ္"
က်စ္ရႈစာမ်ားကိုဖတ္ၿပီးေနာက္တြင္စိတ္ထဲ၌ အိုက္က်ိယြီအေပၚ အားနာကာစိတ္မေကာင္းျဖစ္ေနခဲ့ရင္း ထိုခဏ
၌ေဒါက္တာအိုက္ဆီသိူ႕ သူဖုန္းေခၚလိုက္သည္။သိပ္မၾကာခဲ့ဘဲခ်က္ျခင္းပင္ေဒါက္တာဖက္မွ ေျဖၾကားလာခဲ့သည္။
"က်စ္ရႈလား"
"ေဒါက္တာ့ကို စိတ္ဒုကၡေတြေပးမိလို႔
ကြၽန္ေတာ္ေတာင္းပန္ပါတယ္၊ကြၽန္ေတာ့ ေရာဂါအတြက္ကုထုံးကိုဆက္မကုေတာ့ပါဘူး"
အိုက္က်ိယြီသည္ ခဏမွ် တိတ္ဆိတ္သြားရင္း
ခ်က္ျခင္းပင္ ျပန္ေျပာလာခဲ့သည္။
"ကိုယ္ ခြင့္မျပဳဘူး"
ဟယ္က်စ္ရႈသည္အကူအညီမဲ့စြာျဖင့္
"ဘာျဖစ္လို႔လဲ?...ကြၽန္ေတာ္ ဆက္ၿပီးကုကု
မကုကုကြၽန္ေတာ္က အခ်ိန္အၾကာႀကီး
ေနရေတာ့မွာမွ မဟုတ္ဘဲ "
"ကိုယ္အခု မင္းအိမ္ကို လာခဲ့မယ္"
ဟယ္က်စ္ရႈသည္ အိုက္က်ိယြီ၏စကားေၾကာင့္
တခ်က္မွ်ၿပဳံးလိုက္ရင္း
"ကြၽန္ေတာ္ သြားေတာ့မယ္
ကိုယ့္ကိုယ္ကို ဂ႐ုစိုက္ပါ ေဒါက္တာ"
ဟယ္က်စ္ရႈသည္ ဖုန္းကို ပိတ္လိုက္ၿပီး
သူ႕လက္ထဲရွိ ည တစ္နာရီ မွထြက္ခြာမည့္
ရထားလက္မွတ္ကို ၾကည့္ကာ
မ်က္လုံးမ်ား ကို ပိတ္ခ်လိဳက္ခဲ့သည္။
"အခု ေတာ့ အကုန္ ၿပီးဆုံးသြားခဲ့ၿပီ ၊
ႏွစ္ဦးလုံးကိုယ့္ဘဝႏွင့္ ကိုယ္
ေပ်ာ္ေအာင္ ေနရစ္ခဲ့ၾကပါ "
က်စ္ရႈသည္ ရထားလက္မွတ္ေလးအား
ကိုင္ကာဘူတာရွိ ခုံတန္းေလးတြင္ ထိုင္ရင္း
တိုးတိတ္စြာ ေရ႐ြတ္ေနလ်က္ရွိေနခဲ့ေလသည္။
23.1.2021
2. 00 AM
W 3545