ဝင်္ကပါထဲက သရဲစံအိမ် [Complet...
By cuttiehsumindooly
122K 18.8K 14.6K
မကြောက်တတ်သူများ ဖတ်ပါ 😌😌 ငိုချင်သူများ နှင့်​ မရယ်​ချင်​သူများမဖတ်​ရ🙊🙊 ✌Kim Namjoon ✌Kim Seok Jin ... More
ဝင်္ကပါ (နိဒါန်း)
ဝင်္ကပါ (မှတ်တမ်း - ၁)
ဝင်္ကပါ ( မှတ်တမ်း - ၂)
ဝင်္ကပါ ( မှတ်တမ်း - ၃ )
ဝင်္ကပါ (မှတ်တမ်း - ၅)
ဝင်္ကပါ (မှတ်တမ်း - ၆)
ဝင်္ကပါ (မှတ်တမ်း - ၇)
ဝင်္ကပါ (မှတ်တမ်း - ၈)
ဝင်္ကပါ ( မှတ်တမ်း - ၉)
ဝင်္ကပါ (မှတ်တမ်း - ၁၀)
ဝင်္ကပါ (မှတ်တမ်း - ၁၁)
ဝင်္ကပါ (မှတ်တမ်း - ၁၂)
ဝင်္ကပါ (မှတ်တမ်း - ၁၃)
ဝင်္ကပါ (မှတ်တမ်း - ၁၄)
ဝင်္ကပါ (မှတ်တမ်း - ၁၅)
ဝင်္ကပါ (မှတ်တမ်း - ၁၆)
ဝင်္ကပါ (မှတ်တမ်း - ၁၇)
ဝင်္ကပါ (မှတ်တမ်း - ၁၈)
ဝင်္ကပါ (မှတ်တမ်း - ၁၉)
ဝင်္ကပါ (မှတ်တမ်း - ၂၀)
ဝင်္ကပါ ( နိဂုံး - အစ)
ဝင်္ကပါ (နိဂုံး - အဆုံး)
Surprise ? Season 3 ?
👻Horror Fics👻
Instock 📣
Give Away 📣 [Closed]
Winner Announcement 🎉
ဝင်္ကပါ (မှတ်တမ်း - ၄)
5.4K 854 1.3K
By cuttiehsumindooly
Unicode 🌸
လွဲချော်မှန်းမသိ
လွဲချော်နေဆဲ
ပျောက်ဆုံးမှန်းမသိ
လမ်းပျောက်ဆဲပဲ
ဝင်္ကပါဆိုတာ
ထိုကဲ့သို့
အဆုံးထိ လှည့်စားမြဲ။
======= ဝင်္ကပါထဲကသရဲစံအိမ်=======
ဇာတ်လိုက်ကျော်ကြီး ၇ ယောက် စီးနင်းလိုက်ပါသွားသော Taxi နောက်သို့ အပြေးလိုက်ကာ အခြေအနေအရပ်ရပ်အား နှစ်ကိုယ်ကြားပြောပြပေးရန် စာရေးသူမှ စာဖတ်သူတို့အား တောင်းဆိုခဲ့ပါသော်လည်း
၁။ သူတို့နောက်ကို လိုက်သွားဖို့ Taxi ကားခ မရှိလို့ စာရေးသူထံမှ ငွေပြန်ချေးနေတဲ့ အဖွဲ့က တစ်ဖွဲ့။
၂။ "လိုက်မယ်နော် ခဏလေး" ဟုဆိုကာ စက်ဘီးပဲ ဆွဲထုတ်နေသလိုလို ...
ခြေကျင်ပဲ ပြေးလိုက်တော့မလိုလို ...
အဝတ်ဗီဒိုထဲက အင်္ကျီတွေ ထည်လဲရွေးရင်း သူတို့နဲ့တွေ့ရမှာမို့ ရင်ခုန်စိတ်လှုပ်ရှားစွာနဲ့ အလှပဲစိမ်ပြေနပြေ ထိုင်ပြင်နေသလိုလိုနဲ့
ဟိုလိုလို ဒီလိုလိုများစွာဖြင့်
အချိန်ဆွဲနေကြတဲ့ အဖွဲ့က တစ်ဖွဲ့ ။
၃။ "မလိုက်ချင်ပါဘူး လိုက်သွားပြီးပြောလိုက်တဲ့အခါ သရဲအိမ်မသွားတော့ရင် အတွဲချောင်းလို့ ဘယ်ရတော့မှာလဲ" ဟု မချိုမချဉ်အပြုံးကြီးဖြင့် ပြုံးကာဆိုရင်း အတွဲချောင်းရရေး ဒို့အရေးဟူသော အတွဲချောင်းရတာ ဝါသနာပါလွန်းတဲ့ အဖွဲ့က တစ်ဖွဲ့ ။
စသဖြင့် အမျိုးမျိုး ကွဲထွက်နေကြသော အဖွဲ့တွေကို ကြုံတွေ့ခဲ့ရပြီးနောက်
အဆုံးသတ်မှာတော့ Taxi နောက်သို့ လိုက်ပြောပေးမဲ့သူ တစ်ယောက်မှမရှိဖြစ်ကာ အခြေအနေအရပ်ရပ်အား ဘာမှ မသိနားမလည်သေးသော ကောင်လေး ၇ ယောက်ကတော့ သရဲစံအိမ် သွားဖို့အတွက် အကြိတ်အနယ်ဆွေးနွေးတိုင်ပင်ပြီး ဆုံးဖြတ်ချက်ချတော့မည်ပင် ဖြစ်ပေတော့သည်။
-------- Ghost House ---------
Ghost House Admin ထံမှအပြန် အိမ်အပြန်လမ်းသို့ ဦးတည်ကာ တရွေ့ရွေ့သွားနေသော Taxi ကားလေးပေါ်တွင် တိတ်ဆိတ်ငြိမ်သက်စွာဖြင့် လိုက်ပါရင်း နမ်ဂျွန်းတစ်ယောက် သက်ပြင်းအကြိမ်ကြိမ်သာ ချနေမိတော့တယ်။
သူ့ဘေးတွင်တော့ ဂျင် နှင့် ဟိုဆော့ ။ကားရှေ့ခန်းက ဒရိုင်ဘာဘေးနေရာတွင်တော့ ယွန်းဂီ ။
သူတို့ လေးယောက်လုံး ဘာစကားမှ မဆိုဖြစ်ဘဲ ကိုယ်စီကိုယ်စီ အတွေးတွေနဲ့ တိတ်ဆိတ်လျက်သာ။
ဂျီမင် ၊ ထယ်ယောင်း နှင့် ဂျောင်ကု တို့ကတော့ တခြား Taxi ကားပေါ်မှာ။ သေချာတာကတော့ သူတို့လဲ ထိုနည်းတူစွာဖြင့် အသံတိတ်ကာ အတွေးများနေကြပေလိမ့်မည်။
ထိုသို့အတွေးတွေထဲ နစ်မျောရင်း ဆုံးဖြတ်ချက် တိတိကျကျ ချလို့မရနိုင်သေးအောင် လုပ်ဆောင်လိုက်တဲ့ တရားခံကတော့ Ghost House Page Admin ။
သူပြောလိုက်တဲ့အကြောင်းအရာကိုသာ တဝဲလည်လည်ပြန်တွေးရင်းနဲ့ နမ်ဂျွန်း သက်ပြင်းထပ်မံချမိပြန်တယ်။
ဟိုဆော့ ပြောပြတဲ့ အိမ်မက်ထဲဝယ်တွင်တော့ ဂျင်က ထမင်းစားခန်းထဲမှာ နေရစ်ရပြီး အစားတွေစားရင်း သရဲကို စောင့်မျှော်ဖို့ တာဝန်ယူရသလို ထယ်ယောင်းက အဝတ်လဲခန်းထဲဝင်ပြီး သရဲစံအိမ်ရှိအကျီအဟောင်းတွေကို ယူဝတ်ရတယ်။
ယွန်းဂီနဲ့ ဂျီမင်ကတော့ အိပ်ခန်းတခုအတွင်း အတူတူဝင်ကာ တစ်ယောက်က ကုတင်ထက်ဝယ် မှောက်အိပ်လျက်သားနေဖို့ တာဝန်ကျသလို တစ်ယောက်ကလဲ မှန်တင်ခုံဝယ် ကျကျနနထိုင်ကာ အလှပြင်နေခဲ့ရတယ်။
ဂျောင်ကု နဲ့ ဟိုဆော့ကတော့ ရေချိုးခန်းအတွင်းရှိ Bath Tub အတွင်းဝင်ပြီးနေဖို့ တာဝန်ခွဲဝေချထားခြင်း ခံခဲ့ရတယ်။
အဲ့အချိန်မှာ မိမိကတော့ အခေါင်းတလားတွေ ထားတဲ့အခန်းကို လိုက်ရှာခဲ့ရပြီး နောက်ဆုံးမှာတော့ သရဲမတောင် ဝင်ပူးခံခဲ့ရသေးတယ်တဲ့လေ ။
ဘယ်လိုတောင် ထိတ်လန့်စရာကောင်းတဲ့ ဟိုဆော့ရဲ့ အိမ်မက်လဲဟု တွေးရင်း ရုပ်ပျက်ဆင်းပျက် သရဲမကြီးပုံရိပ်အား မြင်ယောင်မိကာ ကြက်သီးတွေထလာသည်မို့ နမ်ဂျွန်း ထိုအတွေးတွေ ပြေပျောက်သွားအောင် ခေါင်းကို အသာခါထုတ်ပစ်လိုက်မိတယ်။
သို့ပေမဲ့လဲ ဖျောက်ဖျက်၍မရပါ။ အတွေးတွေက ဆက်လက်ပြီး စိုးမိုးထားဆဲ ။
အဘယ့်ကြောင့်ဆိုတော့ Admin ပြောပြလိုက်တဲ့စကားက နားထဲပြန်ကြားယောင်လာသည်မို့ ။
သူ့စကားအရဆိုလျှင် သရဲစံအိမ်ရောက်သောအခါ  မိမိတို့ လုပ်ရမည့်အရာက အိမ်အတွင်းရှိ သက်ဆိုင်ရာအခန်းတွေထဲဝင်ကာ မှတ်တမ်းတင် Video ရိုက်ကူးပေးရမည် ဟူ၍ ။
အခုနောက်ပိုင်းခေတ်စားနေတဲ့ Horror Vlog ပုံစံမျိုးဖြစ်အောင် ထိုစံအိမ်အကြောင်း လူတိုင်းပိုမိုစိတ်ဝင်စားသွားစေဖို့ ရိုက်ကူးတင်ဆက်ပြယုံသာ။
ထိုသို့ရိုက်ကူးနေစဉ်အတွင်း ထူးဆန်းတဲ့ ခြောက်လှန့်မှုတွေက ကံဆိုးရင် ကြုံချင်လဲ ကြုံမယ် ၊ ကံကောင်းရင် ကြုံချင်မှလဲ ကြုံမယ်။
နောက်ပြီး သရဲတွေက အမှန်တကယ် ရှိချင်လဲရှိနေမယ်၊  ရှိချင်မှလဲ ရှိမယ် ။
အဓိကက အိမ်ကြီးအနှံ့သွားရောက်ပြီး မှတ်တမ်းတင် Video ရိုက်ကူးတင်ဆက်ခြင်းသာ လုပ်ပေးရန်ဟူသော Admin ရဲ့ ပြောစကားကြောင့် သရဲစံအိမ်အတွင်းလုပ်ဆောင် ကြုံတွေ့ရမည့်ထိုအရာများက ဟိုဆော့ အိမ်မက်နဲ့ ကွဲလွဲနေပြန်သည်မလား။
ဘာကိုယုံလို့ အဘယ်သို့လုပ်လိုက်ရမည်နည်းဆိုတာ ဝေခွဲရခက်လှသည်။
သို့ပေမဲ့ ကင်နမ်ဂျွန်းပါ ။ IQ 148 အထက်ရှိသည့်သူမို့ အရာရာကို အကောင်းဆုံး တွေးတောကြံစည်ကာ ဆုံးဖြတ်လုပ်ဆောင်နိုင်မည်ဟု တထစ်ချ မိမိကိုယ်ကို မိမိ ယုံကြည်ထားတယ်။
ကျန်သည့်အပေါင်းအဖော်များအတွက် အားအကိုးရဆုံးသူအဖြစ်လဲ ဦးစီးဦးဆောင်ပြုနိုင်မှာ သေချာပြီးသား။
ဘယ်လိုပဲ ဖြစ်ဖြစ် နောက်ဆုံးမှာတော့ အကောင်းဘက်ကပဲ လှည့်တွေးမိတော့ စိတ်ချမ်းသာရသည်။
ဒါကြောင့်လဲ ဘယ်သူမမြှောက်မြှောက်
မိမိကိုယ်မိမိသာမြှောက်စားပြီး တိမ်ပေါ်ခုန်တက်လောက်အောင်ထိ ကျေနပ်ပီတိဖြာကာ ပါးချိုင့်နက်နက်ကြီးတွေပေါ်ရင်း  နမ်ဂျွန်းတစ်ယောက် ပြုံးနေခဲ့မိတော့သည်။
=========
နမ်ဂျွန်းနည်းတူ သူ့ဘေးဝယ်ထိုင်လျက်သားဖြင့် ပြုံးနေလေသူက တခြားသူမဟုတ် ။ ဆော့ဂျင်ပင် ။
သူပြုံးနေလေသည်မှာလဲ သူ့အတွေးနဲ့သူ ကျေနပ်နေသောကြောင့် ။
တခြားသူတွေက သရဲခြောက်ခံရမှာကြောက်လို့
ထိုစံအိမ်သို့သွားဖို့ တွန့်ဆုတ်နေကြခြင်းကို ဆော့ဂျင်နားလည်ပါတယ်။
ဒါပေမဲ့ သူအတွေးကတော့ ရှင်းသည်။ ထိုသရဲတွေ သရဲမတွေက သူ့လို ချောမောလှပတဲ့ ကောင်လေးကို တွေ့မြင်သွားကြတဲ့အခါ အားလုံး သူ့အလှမှာ မှင်သက်ပျော်ဝင်ပြီး နစ်မျောသွားကြမှာမို့ ခြောက်လှန့်ချိန်တောင် ရမည်မဟုတ် ။
ဒါ့ကြောင့်လဲ သရဲတွေကို ကြောက်စရာဟုကို သူ မသတ်မှတ်တော့ပဲ မိမိ Fan ၊ မိမိ ပရိသတ် ဟုသာ သူယူဆထားပေသည်။ ထို့အတွက် သရဲစံအိမ် သို့ သွားမည့်ကိစ္စ ဆုံးဖြတ်ပွဲတွင်တော့ သူသည် သွားရန်ဆန္ဒရှိသည့် ထောက်ခံမဲအဖြစ် တည်ရှိနေမည်သာ။
ဆိုလိုရင်းကတော့ ချောမောလှပတဲ့သူတွေဟာ လူချစ်လူခင်၊ သရဲချစ်သရဲခင်ပေါများနေမှာပဲဟု ဆော့ဂျင် တွက်ဆရင်း ကျေကျေနပ်နပ်ကြီး ပြုံးနေမိခဲ့ခြင်းပင်။
နမ်ဂျွန်းရော ဆော့ဂျင်ရော အတွေးတွေနစ်မျောရင်း ပြုံးနေကြပေမဲ့ ကားရှေ့ခန်းတွင် ထိုင်နေသည့် ယွန်းဂီမှာတော့ မျက်နှာသေလေးနှင့်သာ ။
မသိရင်တော့ တိတ်ဆိတ်ငြိမ်သက်ရင်း သူအတွေးထဲမှာစျာန်ဝင်နေသည်ပေါ့။ သို့သော် တကယ်တမ်း သေချာအနီးကပ်ကြည့်မည်ဆိုရင်တော့ ယွန်းဂီမှာ အိပ်ပျော်နေခြင်းပင်။
အချိန် ၁ နာရီလောက် ကြာအောင် ကားစီးရဦးမည့် ဒီအိမ်အပြန်လမ်းခရီးမှာ အချိန်ကို အကျိုးရှိရှိအသုံးချဖို့ရာ အိပ်စက်ခြင်းကသာ အကောင်းဆုံးဟု သူယူဆခဲ့ခြင်းမှာလဲ မမှားပေ ။
ကားပေါ်မှာ ဘာမှလုပ်လို့မရဘဲ ကျောက်ရုပ်လို ငြိမ်နေရမဲ့အတူတူ အဲ့အစား အိပ်နေတာက အိပ်ရေးဝသည်မို့ သူ့လုပ်ဆောင်ချက်ကတကယ် အကျိုးရှိသည်မဟုတ်ပါလား။
သူတို့ ၃ ယောက် ထိုသို့ ကိုယ်စီကိုယ်စီ အနေအထားဖြစ်နေချိန်တွင် သူတို့နဲ့ ဆန့်ကျင်စွာ ဟိုဆော့တစ်ယောက်သာ ဂဏာမငြိမ်သေးသည့် ပုံစံဖြင့် ရှိနေခဲ့လေသည်။
ဘယ်လိုပင် Admin ဟာ အိမ်မက်ထဲကနှင့် ရုပ်ရည်သွင်ပြင် ပုံစံမတူညီခဲ့ဖူးပဲ ဖြစ်လေစွ ထိုစံအိမ်သို့သွားရမည့်အရေးဝယ် မကောင်းသော အငွေ့အသက်တွေ ဖုံးလွှမ်းနေသည်ဟု သူထင်နေဆဲ ။
တကယ်ဆို ထိုစံအိမ်သို့ ဘယ်တော့မှ မသွားတော့ဘူးဟု အိမ်မက်ထဲမှာ သူကြုံးဝါးထားခဲ့ပြီးသားလေ ။
အခု ထပ်များ သွားဖြစ်ရင် သူ့စကားသူ မတည်ရာ ကျလေမလား ။ အပြောတမျိုး အလုပ်တမျိုးနဲ့ဆိုပြီး အိမ်မက်ထဲရှိ သူ့ကိုခြောက်လှန့်ခဲ့တဲ့ သရဲတွေကြားမှာ ရှက်စရာကောင်းနေမလားဟု သူတွေးနေမိပြန်သည်။
စံအိမ်သို့ မလိုက်ဘဲ ဖြစ်ချင်ရာဖြစ်ဆိုပြီး အရှေ့ဘက်အိမ်က ဂျိတ် တို့ ဆောင်းဟွန်းတို့ ညီအစ်ကိုတွေဆီ သွားနေရကောင်းမလား တွေးကြည့်ပါသော်လည်း အဲ့ကလေးတွေကလဲ အိမ်ကပ်သည်မရှိ။ လူငယ်လေးတွေဆိုတော့ အလည်အပတ်ပျော်စရာတွေရှာကာ ညဘက်အပြင်ထွက်ရင်း အပေါင်းအသင်းအိမ်လိုက်သွားပြီး နေသည်က ခပ်များများ။
အနောက်ဘက်အိမ်က ဆူဘင်းတို့ တဖွဲ့လုံးကလဲ မြန်မာနိုင်ငံကို Trip သွားနေကြလေရဲ့ ။
ဒါ့ကြောင့် ပြောပါတယ်။ အရေးအကြောင်း အကူအညီတောင်းတော့မယ်ဆို အနားနားဝယ် ဘယ်သူမှ မရှိတော့။
"ဟူး"
လေပူသာ မှုတ်ထုတ်လိုက်ရင်း ဘာလုပ်လို့ ဘာကိုင်ရမှန်း မသိတော့။
ဘေးက နမ်ဂျွန်းနဲ့ ဆော့ဂျင်ကို အကဲခတ်ကြည့်တော့လဲ သူတို့နှစ်ယောက်က ခပ်ပြုံးပြုံး ။ မိမိတယောက်သာ ငိုမဲ့မဲ့။
တော်ပါပြီ ။ အိမ်ပြန်ရောက်တဲ့အခါ လူစုံတက်စုံ ဆန္ဒဖော်ထုတ် ဆွေးနွေးကြတဲ့အခါမှပဲ မီးစင်ကြည့်ကတော့မယ်ဟု တွေးရင်း ဟိုဆော့လဲ စိတ်ကို အတတ်နိုင်ဆုံး ထိန်းချုပ်ထားလိုက်တော့သည်။
ဒါတောင်မှ ရေချိုးခန်းထဲမှာ လာခြောက်တဲ့ သရဲကြောင့် ကြောက်လန့်ပြီး ရှူးပေါက်ချမိခဲ့သည့်အဖြစ်ကို ပြန်တွေးမိတော့ ကတုန်ကယင်နဲ့ ငိုချချင်တင်တင်  ။
တကယ် မလွယ်ပါလားနော် ။
==========
အားလုံး အိမ်သို့ လျှောလျှောရှူရှူ ပြန်ရောက်ရှိခဲ့ကြပြီးနောက် လုပ်စရာရှိတာလုပ် ၊ စားစရာရှိတာစား ၊ နားစရာရှိတာ နားပြီးနောက်တွင်တော့ ၇ ယောက် ပြိုင်တူ မျက်နှာချင်းဆိုင် စုံညီအစည်းအဝေးစတင်ရန် အချိန်သို့ ကျရောက်လာခဲ့ပြီ ဖြစ်သည်။
ဂျောင်ကု ၊ ထယ်ယောင်း နှင့် ဂျီမင် တို့ တယောက် မျက်နှာ တစ်ယောက်ကြည့်ပြီးနောက် ဂျောင်ကုက ဦးစွာစတင်ပြောလေသည်။
"ကျွန်တော်တို့ ၃ ယောက် အပြန်လမ်းကားပေါ်မှာတုန်းက သေချာဆွေးနွေးခဲ့ပြီးပါပြီ ၊
၃ ယောက်လုံး ဘယ်လိုအခက်အခဲကြုံကြုံ ရင်ဆိုင်ဖို့အသင့်ရှိတာမို့ သရဲစံအိမ်ကို သွားဖို့ ဆန္ဒရှိပါတယ်"
သူတို့ ၃ ယောက်ပုံစံမှာ တကယ့်ကို ခိုင်မာတဲ့ ဆုံးဖြတ်ချက်တွေ ချခဲ့ပြီးတဲ့ပုံ။
"ငါလဲ သွားမဲ့အဖွဲ့ဘက်ကပဲ တစ်မဲ ထပ်ပေးပါမယ် ၊ ငါလိုက်ခဲ့မယ်"
ပြတ်ပြတ်သားသား ပြောလာလေသူက ဆော့ဂျင် ။
"မဟုတ်သေးဘူးနော် ... ငါကတော့ မသွားစေချင်ဘူး ... ငါတကယ် ခံစားချက်တွေ မကောင်းဘူး"
၄ မဲ တဖွဲ့ ဖြစ်နေချိန်မှာ ဟိုဆော့ကတော့ ထိုသို့ဝင်ပြောရင်း တားစီးနားချကြည့်တဲ့ဘက်က ။
"မင်းက အိမ်မက်ထဲကအတိုင်း တထစ်ချ ဖြစ်လာ
လိမ့်မယ်လို့ စိတ်စွဲနေတဲ့အတွက်ကြောင့်ပါ ဟိုဆော့ရာ ... ဒါပေမဲ့ အခုပဲ ကြည့်လေ ငါတို့ကြုံတွေ့လာတဲ့တလျှောက် အားလုံးက ​အိမ်မက်ထဲက အတိုင်း ဖြစ်ခဲ့တာမှ မဟုတ်တာ ... Admin ဘိုးတော်ကြီးက အစ မတူဘူး မဟုတ်လား"
ယွန်းဂီက ဟိုဆော့အပြောကို တန်ပြန်ခုခံသည့်နေရာက ဝင်ပါလာပြီး သူ့အမြင်ကို ဖော်ထုတ်ပြတယ်။
"ငါလဲ အဲ့လိုပဲ မြင်တယ် ... ဆော့ကီရာ့ ... မင်းအရမ်း အစိုးရိမ်လွန်နေတာပဲ ဖြစ်မှာပါ ... ၊
အိမ်မက်ကို ပြောင်းပြန်ယူရတယ်လို့ပဲ မင်းစိတ်ကို ပြောင်းလဲကြည့်လိုက်ယုံနဲ့တင် အရာအားလုံးက အဆင်ပြေသွားမှာ ...
နမ်ဂျွန်းကလဲ ဝင်ထောက်​ပြလိုက်တယ်။
ဟော သရဲစံအိမ် မှာ သူတို့လုပ်ခိုင်းတဲ့အတိုင်း ငါတို့ Video ရိုက်ကူးတယ် ၊ အဲ့သလိုနဲ့ တညတာ ကုန်ဆုံးသွားပြီးနောက် ငါတို့ တာဝန်တွေ ပြီးဆုံးသွားတယ်။ အဲ့နောက် သူတို့ပေးတဲ့ ဆုကြေးငွေတွေ ရလာတယ် ...
ကဲ ... အဲ့သလို ဖြစ်နေခဲ့မယ်ဆိုရင်ရော
ဘယ်လောက်တောင် အဆင်ပြေလိုက်သလဲ "
"ငါ နဲ့ ဆော့ဂျင်က ကမ္ဘာပတ်ပြီး သွားမယ် လာမယ် စားမယ်  "
"Gucci ထိပ်ခေါင် အကုန်ပြောင် ထယ်ယောင်းကလဲ ပြောင်စရာမလိုတော့ဘဲ
// Gucci လား... လာထား ...အာဘွား //ဆိုပြီး Gucci တွေ အကုန်စိတ်ကြိုက်ဝယ်နိုင်တယ်
သူ့အတွက်ဝယ်ယုံသာမက မ​ကျေနပ်သေးရင် တန်နီးအတွက်ပါ တကိုယ်လုံး Gucci တွေ ဆင်မြန်းနိုင်မယ်"
"ယွန်းဂီကလဲ Producer ကြီးလုပ်ပြီး စတူဒီယိုထောင် Diss Song တွေ အပီအပြင်ရေး အဲ့လိုကနေ ဝက်ဝက်ကွဲ အောင်မြင်"
" ဟိုဆော့ကလဲ တိရစ္ဆာန်ပြတိုက်ဆောက်ပြီး အဲ မြွေတော့မပါဘူးပေါ့နော် ကမ္ဘာ့အကြီးဆုံးပြတိုက်ဖြစ်အောင်လုပ်"
" ဂျီမင်က Entertainment ထောင်ပြီး CEO လုပ်ကွာ"
"ဂျောင်ကုကီးလေးကတော့ ငါတို့အားလုံးထဲ အစုရှယ်ယာ ထည့်ထားပြီး သူဌေးလေး ပေါ့"
"ဘယ်လိုလဲ ပျော်စရာကြီးမလား"
စကားအရှည်ကြီး ပြောပြပြီး Happy Ending အဖြစ် တစ်ယောက်ထဲ စိတ်ကူးယဉ် ဇာတ်လမ်းရေးကာ နားချလိုက်တဲ့ နမ်ဂျွန်းကြောင့် အားလုံးရဲ့ စိတ်ဓာတ်တွေက တက်ကြွသွားသယောင် ဖြစ်သွားကြတယ်။
မသိရင် သူတို့ရမဲ့ ဆုကြေးငွေက တသက်စားမကုန်ဟု ထင်ချင်စရာ ။  သို့သော် သူပြောသမျှ စကားက အားလုံးအတွက် စိတ်ဓာတ်မြှင့်တင်ပေးတဲ့ သဘောဆိုတာ သိသာပါတယ်။
ဟိုဆော့ ကြည့်ရတာလဲ ဘာပဲဖြစ်ဖြစ် နမ်ဂျွန်းရဲ့ ပြောစကားကို လက်ခံလိုက်တော့မယ့်ပုံစံပေါ်ပြီးမှ ရုတ်တရက် စိတ်ပြောင်းသွားပြီး ထပ်မေးလာပြန်သည်က
" ခုပြောသလို အားလုံးအဆင်ပြေတယ်ပဲထား ၊ အဲ့မှာ သရဲတွေ အရမ်းခြောက်နေရင်ရော ဘယ်လိုလုပ်မလဲ ၊ ငါတကယ် ကြောက်တယ်နော်"
"အဲ့လိုဆို ငါမင်းကို အပြည့်အဝ ကာကွယ်ပေးမယ်ကွာ .. ငါ့ကိုငါထက် မင်းကို ပိုဦးစားပေးပြီး စောင့်ရှောက်ပေးမယ် ... သရဲများ ဘာကြောက်စရာရှိလဲ အသာလေး တောက်ချပစ်လိုက်မယ်"
စိတ်မရှည်တော့သည့်ဟန်နဲ့ သရဲလောက်တော့ အပျော့လေး ဆိုတဲ့ပုံစံဖြင့် ယွန်းဂီက ဝင်ပြောလိုက်သော်လည်း
"အေး အဲ့လို သရဲမကြောက်ဘူး ပြောတဲ့ မင်းက
ငါ့အိမ်မက်ထဲမှာတော့ သရဲကြောက်တာက ထိပ်ဆုံးက"
ဟိုဆော့ ပြန်ခံပြောလိုက်တဲ့စကားကြောင့် ကျန်သူများထံမှ "ခွိကနဲ" တိုးတိုးတိတ်တိတ် ရယ်သံလေးတွေက ထွက်ကျလာတယ် ။ ပေါ်တင် အူလှိုက်သည်းလိုက် ရယ်လို့လဲ မဖြစ် ။ မင်ယွန်းဂီ ရဲ့ နဂါးမျက်စောင်းတို့ သံမဏိလက်ခလယ် တို့ကို အားလုံး ကြောက်ရသည်မလား။
"စိတ်လျော့ပါဗျာ ... ကျွန်တော်တို့အားလုံး ဟိုဆော့ကို မှဲ့တပေါက်မစွန်း ၊ ယင်ဖိုတကောင်မသန်းစေရအောင် ဝိုင်းစောင့်ရှောက်ပေးပါ့မယ် ဟုတ်ပြီလား"
ပါလေရာ ဂျောင်ကွတ်ကီးလေးက ထုံးစံအတိုင်း ဝင်ပါလိုက်ပေမဲ့ အသုံးနှုန်းက ဒီလိုနေရာမှာ သုံးရတဲ့စကားမဟုတ်ဘဲ နည်းနည်းလွဲနေတော့ အားလုံးရဲ့ ရယ်သံတွေက ဝါးလုံးကွဲ ထွက်ချလာပါတော့တယ်။
ဒါ့ကြောင့် ဟိုဆော့လဲ အားလုံးကို မနိုင်ဘူးဆိုတဲ့ အကြည့်နဲ့ ကြည့်ရင်း
"လုပ်ဟေ့ လုပ်ဟေ့ ကြိုက်သလိုသာ လုပ်ကြတော့
အားလုံးသွားမယ်ဆိုလဲ သွားကြတာပေါ့"
ပြောပြီး သူ့အခန်းဆီသို့သာ ထွက်သွားလေတော့တယ်။
ထိုအချိန်မှာပဲ
နမ်ဂျွန်းဖုန်းက မြည်လာတာမို့ ကြည့်လိုက်တော့ Ghost House Page Admin ဆီက ။
အခုတင် ဆွေးနွေးပွဲပြီးသွားချိန် သူ့ဆီက ဖုန်းအကိုက်ဝင်ချလာတာမို့ ဘိုးတော်ကတော့ အသက်ရှည်ဦးမယ် ဟု တွေးမိလိုက်တယ်။
"ကျွန်တော်တို့ သရဲစံအိမ်ကို သွားဖို့ ဆုံးဖြတ်ပြီးပါပြီ "
"ဟား... တကယ်လား ... ဝမ်းသာတယ်ကွာ...
မင်းတို့ဆုံးဖြတ်ချက် မှန်ကန်ပါတယ်
မနက်ဖြန် နေ့လည်ပိုင်းလောက်ကထဲက ငါတို့ လာခေါ်လှည့်မယ်နော် အားလုံးအဆင်သင့်ပြင်ထား"
"ဟုတ်ကဲ့ပါ"
"အိုကေလူလေး ... See you ..Good Luck"
"See you"
အားလုံးကြားအောင် Speaker ဖွင့်ပေးထားသည်မို့ တဖက်က Admin အသံကို အတိုင်းသားကြားနေခဲ့ရသည်။
ဒါ့ကြောင့်လဲ Admin အသံက အရင်ရက်က အသံနဲ့မတူဘဲ နည်းနည်း တမျိုးဖြစ်နေတယ်ဆိုတာကို သူတို့သတိထားမိပေမဲ့ စိတ်ထင်တာပဲ နေမှာဟုသာ တွေးရင်း ထုတ်မပြောဖြစ်ခဲ့ကြပေ။ သာမာန်အနေအထားအဖြစ် ပေါ့ပေါ့ပါးပါးသာ ထားလိုက်မိသည်။
တကယ်လို့
အိမ်ခန်းထဲ ဝင်ချသွားတဲ့ ဟိုဆော့သာ အထဲမဝင်ဖြစ်သေးဘဲ ထိုနေရာတွင်သာ ရှိနေခဲ့လျှင်
ယခုဖုန်းဆက်လာသော အသံမှာ
သူ့အိမ်မက်ထဲတွင် တဂျစ်ဂျစ် မြည်တဲ့ ဝေါ်ကီတော်ကီကြီးထဲကနေ ကြားနေကျအသံဖြစ်တဲ့ Admin အဘိုးကြီးရဲ့ အသံဖြစ်မှန်းသာ သိသွားခဲ့မည် ဆိုပါလျှင်
ဤခရီးစဉ်သည် အဘယ်သို့ ပြောင်းလဲသွားနိုင်ပါသလဲ ။
သို့သော်
ယခုကတော့
"ဝင်္ကပါထဲကသရဲစံအိမ်" သို့ ကောင်လေး ၇ ယောက်လုံး သွားကြတော့မည်ပင် ဖြစ်ပေတော့သည်။
To Be Continued ~~~~
(လိုက်မည့်သူများလဲ အသင့်ပြင်ထားကြပါတော့) 😝
A/N Update မလုပ်ဖြစ်တာ ကြာခဲ့ပြီဖြစ်တဲ့ ဒီ Fic လေးကို စာရေးသူရဲ့ ယနေ့ (20.9.2021) မှာ ကျရောက်တဲ့ မွေးနေ့ အမှတ်တရလေးအဖြစ် up လိုက်ရပါတယ်။
ဒီ Fic လေးကို 2 ရက်ခြား/3 ရက်ခြားတခါလောက် up ပေးမှာမို့ လိုက်ပါစီးမျောရင်း သရဲအိမ်ကို ပျော်ပျော်ပါးပါး သွားကြပါစို့နော် ။
ဒီ အပိုင်းလေးနဲ့ပက်သက်ပြီး ပေးချင်သမျှ Feedback တွေကိုလဲ လွတ်လပ်ပျော်ရွှင်စွာ ရေးခဲ့လို့ရပါတယ်။ နောက်တပိုင်း up ခါနီးတိုင်း တန်းစီပြီး Reply ပြန်ပေးပါ့မယ်လို့ 😍
အားလုံးကို ချစ်ခင်ခြင်းများစွာဖြင့်
Cuttiehsumindooly
✍️✍️✍️
Zawgyi 🌸
လွဲချော်မှန်းမသိ
လွဲချော်နေဆဲ
ပျောက်ဆုံးမှန်းမသိ
လမ်းပျောက်ဆဲပဲ
ဝင်္ကပါဆိုတာ
ထိုကဲ့သို့
အဆုံးထိ လှည့်စားမြဲ။
======= ဝင်္ကပါထဲကသရဲစံအိမ်=======
၁။ သူတို့နောက်ကို လိုက်သွားဖို့ Taxi ကားခ မရှိလို့ စာရေးသူထံမှ ငြွေပန်ချေးနေတဲ့ အဖွဲ့က တစ်ဖွဲ့။
အဆုံးသတ်မှာတော့ Taxi နောက်သို့ လိုက်ပြောပေးမဲ့သူ တစ်ယောက်မှမရြှိဖစ်ကာ အခြေအနေအရပ်ရပ်အား ဘာမှ မသိနားမလည်သေးသော ကောင်လေး ၇ ယောက်ကတော့ သရဲစံအိမ် သွားဖို့အတွက် အကြိတ်အနယ်ဆွေးနွေးတိုင်ပင်ပြီး ဆုံးဖြတ်ချက်ချတော့မည်ပင် ဖြစ်ပေတော့သည်။
-------- Ghost House ---------
Ghost House Admin ထံမှအပြန် အိမ်အပြန်လမ်းသို့ ဦးတည်ကာ တရွေ့ရွေ့သွားနေသော Taxi ကားလေးပေါ်တွင် တိတ်ဆိတ်ငြိမ်သက်စွာဖြင့် လိုက်ပါရင်း နမ်ဂျွန်းတစ်ယောက် သက်ပြင်းအကြိမ်ကြိမ်သာ ချနေမိတော့သည်။
သူပြောလိုက်တဲ့အကြောင်းအရာကိုသာ တဝဲလည်လည်ပြန်တွေးရင်းနဲ့ နမ်ဂျွန်း သက်ပြင်းထပ်မံချမိပြန်သည်။
ဟိုဆော့ ပြောပြတဲ့ အိမ်မက်ထဲဝယ်တွင်တော့ ဂျင်က ထမင်းစားခန်းထဲမှာ နေရစ်ရပြီး အစားတွေစားရင်း သရဲကို စောင့်မျှော်ဖို့ တာဝန်ယူရသလို ထယ်ယောင်းက အဝတ်လဲခန်းထဲဝင်ပြီး သရဲစံအိမ်ရှိအကျီအဟောင်းတွေကို ယူဝတ်ရသည်။
ယွန်းဂီနဲ့ ဂျီမင်ကတော့ အိပ်ခန်းတခုအတွင်း အတူတူဝင်ကာ တစ်ယောက်က ကုတင်ထက်ဝယ် မှောက်အိပ်လျက်သားနေဖို့ တာဝန်ကျသလို တစ်ယောက်ကလဲ မှန်တင်ခုံဝယ် ကျကျနနထိုင်ကာ အလြှပင်နေခဲ့ရသည်။
ဂျောင်ကု နဲ့ ဟိုဆော့ကတော့ ရေချိုးခန်းအတွင်းရှိ Bath Tub အတွင်းဝင်ပြီးနေဖို့ တာဝန်ခွဲဝေချထားခြင်း ခံခဲ့ရသည်။
ဘယ်လိုတောင် ထိတ်လန့်စရာကောင်းတဲ့ ဟိုဆော့ရဲ့ အိမ်မက်လဲဟု တွေးရင်း ရုပ်ပျက်ဆင်းပျက် သရဲမကြီးပုံရိပ်အား မြင်ယောင်မိကာ ကြက်သီးတွေထလာသည်မို့ နမ်ဂျွန်း ထိုအတွေးတွေ ပြေပျောက်သွားအောင် ခေါင်းကို အသာခါထုတ်ပစ်လိုက်မိသည်။
=========
ထိုစံအိမ်သို့သွားဖို့ တွန့်ဆုတ်နေကြခြင်းကို ဆော့ဂျင်နားလည်ပါသည်။
"ဟူး"
တကယ် မလွယ်ပါလားနော် ။
==========
၎ မဲ တဖွဲ့ ဖြစ်နေချိန်မှာ ဟိုဆော့ကတော့ ထိုသို့ဝင်ပြောရင်း တားစီးနားချကြည့်တဲ့ဘက်က ။
ယွန်းဂီက ဟိုဆော့အပြောကို တန်ပြန်ခုခံသည့်နေရာက ဝင်ပါလာပြီး သူ့အမြင်ကို ဖော်ထုတ်ပြသည်။