Unicode.
ဝမ်းယွီ လင်းကျစ်ရန်အား ကြင်နာစွာ စိုက်ကြည့်လိုက်ပြီး သူတို့၏ အတိတ်ကအကြောင်းအရာများကို ပြန်တွေးကြည့်ရင်း သူ့ဘက်မှ တာဝန်မကျေခဲ့သလို ခံစားနေရသည်။ အနာဂါတ်တွင်တော့ သူဒီလူ့အပေါ် အချိန်အများကြီး ပေးချင်မိသည်။ ထိုစဥ် သူ့ဖုန်းမှာ တုန်ခါ လာ၏။
ဝမ်းယွီ လျစ်လျူရှုထား လိုက်သည်။ သို့သော် ထပ်မံ၍ နောက်တစ်ကြိမ် တုန်ခါ လာပြန်သည်။ အရေးကြီးသော messageဖြစ်လောက်မည်ဟု တွေးမိကာ ဖုန်းဖွင့်ကြည့်လိုက်ပါသော် သူ၏အမူအရာမှာ ရုတ်ခြည်း ပြောင်းလဲ သွားရသည်။
လင်းကျစ်ရန် ဝမ်းယွီကို သံသယဖြစ်စွာကြည့်လိုက် ပြီးသော် သူ၏ ပျက်ယွင်းနေသော အမူအရာကြောင့် စိတ်ပူနေဟန်ဖြင့် အလျင်အမြန်မေးလိုက် ချေ၏။
" ဘာဖြစ်လို့လဲ "
ဝမ်းယွီက ဖုန်းကို မြန်မြန်ချလိုက်ပြီး အမူအရာကိုပြန်သိမ်းကာ ပြုံးလိုက်လေ၏။
" ဘာမှမဟုတ်ပါဘူး "
ထို့နောက် ခေါင်းမော့ကာလုဆွေ့ကို ကြည့်လိုက်သည်။ လုဆွေ့မှာ ဘာမှမဖြစ်ထားသလို အေးအေးလူလူပါပင်။ ဒီအယုတ်တမာကောင်ကတော့!
လုဆွေ့ ပြုံးလိုက်ပြီး စာထပ်ရိုက်လိုက်သည်။
'ဘာလို့replyမပြန်တာလဲ...မင်း ငါ့စာကို မင်းမြင်ရဲ့သားနဲ့ မသိချင်ယောင်ဆောင်နေတော့ ငါအရမ်း စိတ်မကောင်းဖြစ်ရ တယ်ကွာ။
ငါမင်းကို တစ်ကယ်သဘောကျ တာလို့ မနေ့က ပြောခဲ့တယ်လေ...ဘာလို့မစဥ်းစားပေးတာလဲ... အာ... ငါမင်းကို စိတ်ကျေနပ်အောင် လုပ်မပေးနိုင်မှာ စိုးလို့လား... မပူပါနဲ့ ငါ့ရဲ့ bed skillက ငါ့အကိုကြီးလောက်တော့ မဆိုးသေးဘူး... ငါတို့ စမ်းကြည့်ကြမယ်လေ... တကယ်လို့ မင်းမကြိုက်ရင် ငါမင်းကို မနှောင့်ယှက်တော့ဘူး...ကတိ။
ငါတို့ မပြောသရွေ့ ငါ့အကိိုကြီး သိနိုင်မှာမဟုတ်ပါဘူး။ '
ဝမ်းယွီမှာ သည်းမခံနိုင်တော့သည့် အဆုံးတွင် စကားလုံးနှစ်လုံး ရိုက်လိုက်ချေ၏။
' ပိတ်ထား '
လုဆွေ့: မင်းက ငါ့ကို အသံတောင်ပေးမထွက် ချင်တော့ဘူးလား... ဆောတီးပဲ...ငါက ဘာမှမလုပ်ပဲ မနေနိုင်ဘူး... ဆိုတော့ မင်းဒီပါးစပ်ကို လိုက်ပြီးထိန်းချုပ်နေလို့ မရဘူး။
လုဆွေ့ သူ၏ဖုန်းကို ချလိုက်ပါပြီး လင်းကျစ်ရန်ကို မျက်ခုံးပင့်ပြီး ကြည့်ကာ ပြုံးလိုက်လေသည်။
" ကော။ ကျွန်တော်မနေ့က ဘယ်သူနဲ့တွေ့ခဲ့တယ် ထင်လဲ "
လင်းကျစ်ရန် သူ့အား ရှုပ်ထွေး သည့်အမူအရာဖြင့်ကြည့်လိုက်ပါ၏။ မင်းမနေ့က ဘယ်သူနဲ့တွေ့ခဲ့လဲ သိတာပေါ့ဟ။ ဒါနဲ့ ဘာလို့ ငါ့ကိုလာပြောနေတာတုန်း။ လျှို့ ဝှက်ထား သင့်တာမဟုတ်ဘူးလား ။
ဝမ်းယွီ၏ မျက်နှာက စိုးရိမ် ရိပ်လွှမ်းသွားလေသည်။ သူ၏ လက်ချောင်းများက ဖုန်းမျက်နှာပြင်ကို တင်းတင်းဖိထားကာ တစ်လုံးချင်း စာရိုက်လိုက်သည်။
' မင်းဘာလိုချင်တာလဲ '
လုဆွေ့ ဝမ်းယွီကို တစ်ချက်ကြည့်လိုက်ချေသည်။ သူ၏ နှုတ်ခမ်းများက ကော့တက်သွားပြီး ပုခုံးတွန့်က လင်းကျစ်ရန်ကိုပြောလိုက်သည်။
" ကျွန်တော့် ကျောင်းတုန်းက အတန်းဖော်တစ်ယောက်လေ။ သူက ကျွန်တော့်ကို မြင်မြင်ချင်းမှတ်မိတယ်။ နောက်ထပ် တွေ့ဖို့တောင် ချိန်းထားသေးတယ် "
လင်းကျစ်ရန်: " သြော် "
ဝမ်းယွီ အနည်းငယ် စိတ်သက်သာရ ရသွားပြီးခဏတွင် လုဆွေ့ဆီမှ messageထပ် ဝင်လာသည်။
' ဒါပြီးရင် ဥယျာဥ်ထဲမှာတွေ့ကြမယ် '
ဝမ်းယွီ လှောင်ပြုံးပြုံးလိုက်ပြီး ဖုန်းကိုအောက်ချလိုက်သည်။
လင်းကျစ်ရန် အစပိုင်းတွင်တော့ နားမလည်နိုင်ဖြစ်နေပြီးမှ သူ၏ဘေးက နှစ်ယောက်မှာ မကြာခဏ ဖုန်းကိုကြည့်လိုက် အကြည့်ချင်းဖလှယ်လိုက် ဖြစ်နေတာကို သတိထားမိသွာသည်။ ငါ့ရှေ့မှာတောင် chatနေကြတာလား... အတင့်ရဲလိုက်တာ! တတ်လည်းတတ်နိုင်ပါတယ်...အကြံကလည်း အဆန်းကြီး...စိတ်လှုပ်ရှားဖို့တော့ ကောင်းသား!
ဒီနေ့ ညစာကတော့ အချည်းအနှီးမဖြစ်တော့ဘူး။
အဓိက ဇာတ်လိုက်နှစ်ယောက်မှာ သူ၏ အကြံကြောင့် တစ်ဖက်နှင့်တစ်ဖက် အပြန်အလှန် ကောင်းမွန်သည့် သက်ရောက်မှုများရှိနေကြ
သဖြင့် လင်းကျစ်ရန် အပျော်လွန်ပြီး အစားအသောက်များကလည်း ပို၍ပင်ခံတွင်းတွေ့နေသယောင်။ သူဆက်ပြီး မမြင်ချင်ယောင်ဆောင် နေလိုက်ပြီး ဝမ်းယွီနှင့် စကားအနည်းငယ်ပြောလိုက်သည်။ ထို့နောက် လုဆွေ့ကို ကုမ္ပဏီမှာ အခက်အခဲ တစ်စုံတစ်ရာရှိသလား မေးမြန်းလိုက်သည်။ ဒီလို ညီလေးအတွက် တွေးပေးတတ်သော အကိုကောင်းတစ်ယောက်၏ အပြုအမူများနှင့် သူ ကျင့်သားရနှင့်နေပြီးသား ဖြစ်၏။
ဝမ်းယွီမှာ ဤ မြင်ကွင်းကို မြင်နေရပါသော် သူကြိုက်သောဟင်းလျာများနှင့် သူကြိုက်နှစ်သက်သော လူတစ်ယောက်ဘေးတွင် အဖော်ပြုပေးနေတာတောင်မှ စားချင်စိတ်မရှိတော့ပါချေ။ သို့သော် လင်းကျစ်ရန်၏ ပျော်ရွှင်နေသောအမူအရာကို ကြည့်ရင်း ဘာမှ မဖြစ်ခဲ့သလို ဟန်ဆောင်၍ အားယူပြီး ပြုံးလိုက်ချေသည်။
ညစာ စားပြီးသော် လုဆွေ့မှာ ဝမ်းယွီကိုကြည့်ပြီး အပြင်ထွက်သွားလေသည်။ဝမ်းယွီ လုဆွေ့ထွက်သွားတာကို ကြည့်လိုက်ချေ၏။ ဒီနေရာတွင် သူနှင့် လင်းကျစ်ရန်သာ ကျန်ရစ်ခဲ့လေရာ သူနှုတ်ခမ်းသပ်ပြီး စကား လက်စသပ် လိုက်သည်။
ကြည့်ရတာ လုကျန်းမှာ သူ၏ညီလေးကို တကယ်ချစ်ပြီး ယုံကြည်ပုံရပေသည်။ သို့သော် သူတို့အကြောင်းအား လုဆွေ့မှမလည်ရှုပ် ပြောလိုက်ပါလျှင်လည်း အလွယ်တကူတော့ ယုံကြည်လိမ့်မည်မဟုတ်။ မယုံကြည်လျှင်တောင် အနည်းဆုံးတော့ စိတ်မကောင်း ဖြစ်သွားမှာ အမှန်ပါပင်။ လုဆွေ့ သာ စကားနည်းနည်း ထပ်ပြောလိုက်ပါက လုံးဝ အခက်တွေ့သည့် အခြေအနေသို့ ရောက်သွားနိုင်ပေသည်။
ထို့အပြင် လုဆွေ့မှာ သူ့ကို ဆက်တိုက်ဖိအားပေးနေသည်။ တစ်နေ့ ဤအကြောင်းအရာကို လင်းကျစ်ရန် ရှာတွေ့သွားခဲ့ပါလျှင် သူ့ကိုယ်သူ မြစ်ဝါမြစ်ထဲ သို့ခုန်ချပြီး ဆေးကြောလျှင်တောင် စင်ကြယ်နိုင်တော့ မည်မထင်ပါပေ။
ဝမ်းယွီ မျက်မျောင်ကြုပ်ပြီး ခဏမျှ တိတ်ဆိတ်စွာနေပြီးနောက် ပေါ့ပေါ့ ပါးပါးပင် မေးလိုက်သည်။
" ခင်ဗျားရဲ့ညီလေးက ဖော်ရွေတတ်သားပဲ။ ဒါပေမယ့် ခင်ဗျားအရင်က သူ့အကြောင်း တစ်ခါမှ မပြောဖူးဘူးနော် "
လင်းကျစ်ရန် ချက်ချင်းပင် ရွှင်မြူးသွားရသည်။ ဝမ်းယွီက လုဆွေ့ အကြောင်းမေးလာပြီ။ ဒါသူ လုဆွေ့အကြောင်း စတင်ပြီး စိတ်ဝင်စားလာတဲ့သဘောပေါ့။ မသိမသာတောင် ဖုံးဖိပြီး စုံစမ်းလာပြီ ဆိုတော့။ ကောင်းတယ်...အရမ်းကောင်းတယ်။
လင်းကျစ်ရန် ချက်ချင်း အပြစ်မကင်းသည့် ဟန်အမူအရာကို လုပ်ယူလိုက်ပြီး ခါးသက်စွာပြုံး လိုက်ချေသည်။
" ကိုယ်က ရယ်တော့ရယ်ချင်စရာကောင်းပါတယ်။ အတိတ်က ဖြစ်ရပ်တွေကြောင့် လုဆွေ့က ကိုယ့်ကို စိတ်ဆိုးနေတော့ အိမ်ပြန်လာလာဖို့တောင် အကြိမ်ကြိမ် ငြင်းခဲ့တာ။ ဒါကြောင့် ကိုယ်သူ့အကြောင်း ထုတ်မပြောဖြစ်ခဲ့တာပါ "
လင်းကျစ်ရန် လုဆွေ့အကြောင်းပြောသည့်အချိန်၌ သူ၏မျက်ဝန်းထဲတွင် အားကိုးရာမဲ့မှုများ ပြည့်နှက်နေပြီး မျက်မှောင်ကြုပ်ထားတာကို ဝမ်းယွီ မြင်တွေ့နေရလေ၏။ အခုချိန်၌ သူသာ လုဆွေ့ အကြောင်း ပြောပြလိုက်ပါလျှင် လင်းကျစ်ရန် အတော်လေး စိတ်မကောင်းဖြစ်သွားနိုင်ပေသည်။ သူ၏ညီလေးမှာ နောက်ဆုံးတော့ ပြန်လာခဲ့ ပါသော်လည်း ကောင်းသော စိတ်ကူးနှင့်တော့ မဟုတ်....
သူ အသက်ပြင်းပြင်းရှုလိုက်ကာ လည်ချောင်းထဲရှိ စကားလုံးများကို ပြန်ပြီးမျိုချလိုက်ပါ၏။ ထားလိုက်တော့။ သူအရင်ဆုံး လုဆွေ့နဲ့ စာရင်းရှင်းရမယ်။
ဝမ်းယွီ မတ်တပ်ရပ်ပြီး ပြောလိုက်သည်။
" ကျွန်တော် သန့်စင်ခန်း ခဏ သွားဦးမယ် "
လင်းကျစ်ရန် စိတ်ထဲမှ ကြိတ်ပြီး အော်ပြောလိုက်သည်: မင်းတို့ကောင်တွေကလည်းကွာ...ဘာလို့ အမြဲတမ်း သန့်စင်ခန်းကိုပဲ ဆင်ခြေပေးနေကြတာလဲ။
သို့သော် အပြင်ပိုင်းတွင်တော့ တည်ငြိမ်စွာပြုံးလိုက်ပြီး။
" အင်း "
..................
ဝမ်းယွီ သန့်စင်ခန်းသို့မသွားဘဲ လသာဆောင် ၏ အနောက်ဘက်ရှိ ဥယျာဥ်အတွင်းသို့ ဝင်လာလိုက်သည်။ လုဆွေ့က ဝရန်တာ လက်ရန်းတွင် မှီထားပြီး ဝမ်းယွီအား ပျင်းတိပျင်းရွဲ့ ပုံစံဖြင့်ပြုံးပြလိုက်ကာ။
" ရောက်လာပြီလား "
ဝမ်းယွီ၏ မျက်နှာက ဆီးနှင်းများသဖွယ် အေးစက်နေလျက်။ သူ၏ ပင်ကိုယ် စိတ်နေစိတ်ထားအရဆိုလျှင် ဒီနှစ်တွေထဲမှာ တစ်ခါမှဒေါသမထွက်ဖူးခဲ့ ပါသော်လည်း အခုတွင်မူ အလွန်ဒေါသ ထွက်နေရပြီပင်။ သူ လုဆွေ့ကိုပြောလိုက်သည်။
" ငါမင်းကို နောက်ဆုံးတစ်ခေါက်က ပြောခဲ့တာ၊ မင်းနားမလည်ဘူးထင်တယ် "
လုဆွေ့၏ မျက်ဝန်းများက လှောင်ရိပ်သန်းနေလျက်။
" မင်းပြောခဲ့တာ...အာ...မင်းက ငါ့အကိုရဲ့ ချစ်သူမို့ ငါတို့ဝေးဝေး နေသင့်တဲ့ အကြောင်းလား "
" မှတ်မိသားပဲ "
လုဆွေ့ ဂရုမစိုက်။ မျက်ခုံးပင့်ပြီး မသိမသာ ပြုံးသည်။
" မင်းက လက်ထပ်ရသေးတာလဲ မဟုတ်ဘူး။ မင်းရဲ့ relationship အကြောင်းလည်း တရားဝင်ကြေညာ သေးတာမဟုတ်ဘူး။ တစ်နေ့ကျရင် ပြတ်ချင်လည်း ပြတ်သွားနိုင်တာပဲ...ငါဘာလို့ ကြိုက်လို့မရရ မှာလဲ "
ဝမ်းယွီ ရင်ထဲမှ ဆန်တက်လာသော ဒေါသလုံးများကို အတင်းမျိုချ ထားရပြီး လှောင်ထေ့စွာပြောလိုက်ချေ၏။
" မင်းငါ့ကို ကြိုက်တယ်ပြောတိုင်း ငါကယုံပေးရမှာလား "
အကယ်၍ လုဆွေ့သာ ဒီငါးနှစ်တာအတွင်း သူ့ကို မမေ့နိုင်ခဲ့ပါလျှင် အသံမလာ အကြောင်းမကြား လုံးဝ ပျောက်ကွယ်သွားမည် မဟုတ်ပါချေ။ သူ သူ့ကို လုံးဝမေ့သွားခဲ့သည်မှာ အသိသာ ပင်။ သို့သော် ဤသို့ အဆက်မပြတ် နှောင့်ယှက်နေရသည့် အကြောင်းအရင်းမှာ သူက လုကျန်း၏ ကောင်လေး ဖြစ်နေသည့်အတွက်ကြောင့်သာ။ သူ နှင့် လုကျန်းကြားတွင် အရင်က ဘယ်လိုမျိုး မကျေချမ်းဖွယ် အဖြစ်အပျက်ရှိခဲ့လဲ ဆိုတာ သူမသိပါသော်လည်း ဒီလိုအဓိပ္ပါယ်မရှိသည့် အရာကို ယုံပေးနိုင်ရ လောက်အောင်အထိတော့ မတုံးသေးပါပေ။
လုဆွေ့၏ လတ်တလော အပြုအမူများကို ကြည့်ခြင်းဖြင့် သူ့အပေါ် လေးစားမှု တစ်စွန်းတစ်စမျှပင် မရှိကြောင်းမှာ သိသာလှသည်ပင်။ သူ့ကိုကြိုက်ပါတယ်လို့ပြောနေခြင်းက ထို ' ကြိုက်သည် ' ဟူသော စကားလုံးအား စော်ကားနေသလိုမျိုးပင်။
လုဆွေ့ မျက်ခုံးပင့်ကာ ပြောလာပါ၏။
" ငါမင်း ယုံအောင် လုပ်ပေးမယ်လေ "
ဝမ်းယွီ၏ မျက်နှာတွင် နွေးထွေးသည့် အရိပ်အယောင် တစ်စွန်းတစ်စမျှပင် ရှိမနေပါချေ။ သူ ပြုံးလိုက်ပြီး။
" အင်း။ ငါယုံတယ်။ ဒါပေမယ့် မင်းဘက်က တကယ်ကြိုက်တယ်ဆိုရင်တောင် ငါမင်းကို မကြိုက်နိုင်ဘူး "
လုဆွေ့၏ မျက်ဝန်းများမှာ ညဥ့် ကောင်းကင်ထက်ပင် ပို၍ နက်ရှိုင်းနေပါလျက် နှုတ်ခမ်းများက ကော့တက်သွားလေ၏။ သူလှောင်ရယ်လျက် ပင်။
" ဒါက ကိစ္စမရှိပါဘူး။ မင်း ငါ့ခံစားချက်တွေကို နားလည်လာတဲ့အထိ ငါ့ဘက်က စိတ်ရှည်ပေးနိုင်ပါတယ် "
ဝမ်းယွီ နောက်ဆုံးတော့ ဒေါသထွက်လာလေပြီ။ သူဘာလုပ်ရ မလဲ...ဒီခွေးကောင် အကြောင်း လုကျန်းကိုပြောပြမှရမယ်...လုကျန်းက မင်းကို အရမ်းယုံကြည်ထားတာကို သူ့နောက်ကွယ်မှာ မင်းက ဒီလိုလုပ်ရဲသေးတယ်...
မင်းက လုကျန်းရဲ့ ကြင်နာမှုနဲ့ မတန်ဘူး!
ဝမ်းယွီ အရှေ့သို့ တိုးလျှောက် လာလိုက်ပြီး လုဆွေ့၏ ကော်လာကို မြဲမြံစွာ ဆုပ်ကိုင်လျက် နံရံဘက်သို့ တွန်းကာ အေးစက်စွာပင် ပြောလိုက်လေ၏။
" မင်းကိုရပ်လိုက်တော့လို့ ငါပြောတယ်နော် "
..................
ဝမ်းယွီ ထွက်သွားသည်ကို ကြည့်ရင်း ၊ သူ လုဆွေ့နှင့် သွားတွေ့မည်ဖြစ်ကြောင်း လင်းကျစ်ရန် သိထားသည်ပင်။ ထိုနှစ်ယောက်မှာ သူ့ရှေ့မှာပင် အချိန်းအချက် လုပ်ထားကြသေးသည်။ အရမ်းကောင်းတယ်...သူတို့ ဒီလိုအကြံအစည်တောင် ထုတ်တတ်နေကြပြီး...ဒါပေမယ့် သိပ်တော့ မလုံလောက်သေးဘူး။
သူ ပတ်ဝန်းကျင်ကို တစ်ချက်ကြည့်လိုက်ချေ၏။ အခုချိန်လောက်ဆို ထိုကောင်လေးနှစ်ယောက်မှာ ဆုံတွေ့နေကြပြီ ဖြစ်ရာ ဘယ်လို ခံစားချက် မီးပွားတွေများ စတင် ပွတ်တိုက်မိကြမလဲ ဆိုတာ တွေးကြည့်ရင်း မနေနိုင်စွာဖြင့် ပြုံးလိုက်မိလေသည်။
[လင်းကျစ်ရန်: 'အရိပ်တကြည့်ကြည့်' ရေ GO!GO!ပါးပါး မင်းကို အားကိုးလိုက်မယ်နော်!!!]
[System: အရိပ်တကြည့်ကြည့်က ဘာတုန်း?]
[လင်းကျစ်ရန်: မင်းမသိဘူးလား ' နံမည်ကြီး ' နဲ့ ' အရိပ်တကြည့်ကြည့်' က အသံထွက်တူတယ်လေ။ ဒါ ငါသူတို့အတွဲကို နာမည်ပေးထားတာ။ ဘယ်လိုလဲ...မိုက်တယ်မလား]
[T/N: '遂誉而安' နဲ့'随遇而安 ကတရုတ်လိုဆို အသံထွက်ချင်တူပြီးတော့ အဓိပ္ပါယ်ကွဲတယ်တဲ့]
[system:......]
[ လင်းကျစ်ရန်: အေးဆေးတည်ငြိမ်၊ ယုံကြည်ချက်ရှိပြီး ဥာဏ်များတဲ့ စူပါစတားနဲ့ ကလိန်ကျတတ်တဲ့ ဥက္ကဌလောင်း...ဒီဥာဏ်များတဲ့အတွဲကြားက ကြမ်းတမ်းတဲ့ အချစ်ပွဲကို မင်းတွေးကြည့်စမ်း! အရမ်းစိတ်ဝင်စားဖို့ ကောင်းတယ်မလား ]
ကိုယ့်အစ်ကိုရဲ့ ချစ်သူကို မရရအောင် လိုက်နှောက်ယှက်နေတဲ့အချိန်က တကယ့်ကို ခွေးသွေးဆန်တယ်မဟုတ်လား...လင်းကျစ်ရန် ဒီအတွဲကို စိတ်ဝင်စားလာသည်။ အမှားနည်းနည်း ရှိသွားပါသော်ငြား သူ၏ စိတ်ရှည်လက်ရှည် စွမ်းဆောင်ပေးမှု ကြောင့် နောက်ဆုံးတော့ ဒီနေ့တွင် ဒီအတွဲ သကြားထုတ်တာကိုမြင်ရပေတော့ မည်။
တွေ့ကြည့်ရင်း သူတို့ဘာဖြစ်နေပြီလဲဆိုတာ မစောင့်နိုင်တော့ဘူး....
[System: သွားမကြည့်ပါနဲ့လို့ အကြံပေး ချင်ပါတယ်]
မင်းက မင်းကိုယ်တိုင်ကျလည်း မပြ။ ငါကိုယ်တိုင်သွားကြည့်မယ်ဆိုတော့လည်း မကြည့်ခိုင်း။ လင်းကျစ်ရန် စိတ်ပျက်စွာဖြင့် နှာမှုတ်လိုက်သည်။ ဒီတစ်ခါမှ သွားမကြည့်လိုက်ရရင် တကယ်နောင်တရပြီပဲ...
လင်းကျစ်ရန် အတော်ကြာအောင် တွေးနေပြီးမှ နောက်ဆုံးတော့ သိချင်စိတ်က ဆင်ခြင်တုံတရားကို အနိုင်ယူသွားလေရာ လသာဆောင် အနောက်ဘက်သို့လမ်းလျှောက်လာလိုက်သည်။
ခဏလေးပဲ ချောင်းကြည့်မှာလေ။ ကိစ္စမရှိ လောက်ပါဘူး။
နေပါဦး...သူတို့ဘာလုပ်နေကြတာလဲ?
လင်းကျစ်ရန် မသိလိုက်မသိပါဖြင့် အရှေ့သို့လျှောက်လာလိုက်ချေ၏။ ဝရန်တာဘက်မှ အသံများကို မသဲမကွဲကြားနေရလေသည်။ သူရောက်သွားသော် လုဆွေ့၏ ကော်လာကို ဆုပ်ကိုင်ပြီး နံရံတွင် ဖိကပ်ထားသော ဝမ်းယွီကို တွေ့လိုက်ရသည်။
သောက်ရမ်း စိတ်ဝင်စားဖို့ကောင်းတယ်ဟ!
လင်းကျစ်ရန် ထောင့်တစ်နေရာရှာပြီး ကွာစေ့စားရန် ပြင်လိုက်စဥ်မှာပင် ထိုနှစ်ယောက်က ခေါင်းလှည့်ပြီးသူ့ကို ကြည့်လာသည်။
[ကွာစေ့စား:ပွဲကြည့်ဖို့ ]
လင်းကျစ်ရန်:...
[System: မသွားပါနဲ့လို့ ပြောသားပဲ]
လင်းကျစ်ရန် ဘာမှမသိနားမလည်သလို ရပ်နေလိုက် သည်။ သူ လုဆွေ့နှင့် ဝမ်းယွီကို တလှည့်စီ စိုက်ကြည့်လိုက်ပြီး အလွန်ရှုပ်ထွေးနေသော အမူအရာဖြင့်မေးလိုက် လေသည်။
" ဒါနဲ့ မင်းသန့်စင်ခန်းသွားမယ်လို့ ပြောခဲ့တာ မဟုတ်ဘူးလား "
💜💜💜💜💜💜💜
Zawgyi.
ဝမ္းယြီ လင္းက်စ္ရန္အား ၾကင္နာစြာ စိုက္ၾကည့္လိုက္ၿပီး သူတို႔၏ အတိတ္ကအေၾကာင္းအရာမ်ားကို ျပန္ေတြးၾကည့္ရင္း သူ႕ဘက္မွ တာဝန္မေက်ခဲ့သလို ခံစားေနရသည္။ အနာဂါတ္တြင္ေတာ့ သူဒီလူ႕အေပၚ အခ်ိန္အမ်ားႀကီး ေပးခ်င္မိသည္။ ထိုစဥ္ သူ႕ဖုန္းမွာ တုန္ခါ လာ၏။
ဝမ္းယြီ လ်စ္လ်ဴ႐ႈထား လိုက္သည္။ သို႔ေသာ္ ထပ္မံ၍ ေနာက္တစ္ႀကိမ္ တုန္ခါ လာျပန္သည္။ အေရးႀကီးေသာ messageျဖစ္ေလာက္မည္ဟု ေတြးမိကာ ဖုန္းဖြင့္ၾကည့္လိုက္ပါေသာ္ သူ၏အမူအရာမွာ ႐ုတ္ျခည္း ေျပာင္းလဲ သြားရသည္။
လင္းက်စ္ရန္ ဝမ္းယြီကို သံသယျဖစ္စြာၾကည့္လိုက္ ၿပီးေသာ္ သူ၏ ပ်က္ယြင္းေနေသာ အမူအရာေၾကာင့္ စိတ္ပူေနဟန္ျဖင့္ အလ်င္အျမန္ေမးလိုက္ ေခ်၏။
" ဘာျဖစ္လို႔လဲ "
ဝမ္းယြီက ဖုန္းကို ျမန္ျမန္ခ်လိုက္ၿပီး အမူအရာကိုျပန္သိမ္းကာ ျပဳံးလိုက္ေလ၏။
" ဘာမွမဟုတ္ပါဘူး "
ထို႔ေနာက္ ေခါင္းေမာ့ကာလုေဆြ႕ကို ၾကည့္လိုက္သည္။ လုေဆြ႕မွာ ဘာမွမျဖစ္ထားသလို ေအးေအးလူလူပါပင္။ ဒီအယုတ္တမာေကာင္ကေတာ့!
လုေဆြ႕ ျပဳံးလိုက္ၿပီး စာထပ္႐ိုက္လိုက္သည္။
'ဘာလို႔replyမျပန္တာလဲ...မင္း ငါ့စာကို မင္းျမင္ရဲ႕သားနဲ႔ မသိခ်င္ေယာင္ေဆာင္ေနေတာ့ ငါအရမ္း စိတ္မေကာင္းျဖစ္ရ တယ္ကြာ။
ငါမင္းကို တစ္ကယ္သေဘာက် တာလို႔ မေန႔က ေျပာခဲ့တယ္ေလ...ဘာလို႔မစဥ္းစားေပးတာလဲ... အာ... ငါမင္းကို စိတ္ေက်နပ္ေအာင္ လုပ္မေပးႏိုင္မွာ စိုးလို႔လား... မပူပါနဲ႔ ငါ့ရဲ႕ bed skillက ငါ့အကိုႀကီးေလာက္ေတာ့ မဆိုးေသးဘူး... ငါတို႔ စမ္းၾကည့္ၾကမယ္ေလ... တကယ္လို႔ မင္းမႀကိဳက္ရင္ ငါမင္းကို မေႏွာင့္ယွက္ေတာ့ဘူး...ကတိ။
ငါတို႔ မေျပာသေ႐ြ႕ ငါ့အကိိဳႀကီး သိႏိုင္မွာမဟုတ္ပါဘူး။ '
ဝမ္းယြီမွာ သည္းမခံႏိုင္ေတာ့သည့္ အဆုံးတြင္ စကားလုံးႏွစ္လုံး ႐ိုက္လိုက္ေခ်၏။
' ပိတ္ထား '
လုေဆြ႕: မင္းက ငါ့ကို အသံေတာင္ေပးမထြက္ ခ်င္ေတာ့ဘူးလား... ေဆာတီးပဲ...ငါက ဘာမွမလုပ္ပဲ မေနႏိုင္ဘူး... ဆိုေတာ့ မင္းဒီပါးစပ္ကို လိုက္ၿပီးထိန္းခ်ဳပ္ေနလို႔ မရဘူး။
လုေဆြ႕ သူ၏ဖုန္းကို ခ်လိုက္ပါၿပီး လင္းက်စ္ရန္ကို မ်က္ခုံးပင့္ၿပီး ၾကည့္ကာ ျပဳံးလိုက္ေလသည္။
" ေကာ။ ကြၽန္ေတာ္မေန႔က ဘယ္သူနဲ႔ေတြ႕ခဲ့တယ္ ထင္လဲ "
လင္းက်စ္ရန္ သူ႕အား ႐ႈပ္ေထြး သည့္အမူအရာျဖင့္ၾကည့္လိုက္ပါ၏။ မင္းမေန႔က ဘယ္သူနဲ႔ေတြ႕ခဲ့လဲ သိတာေပါ့ဟ။ ဒါနဲ႔ ဘာလို႔ ငါ့ကိုလာေျပာေနတာတုန္း။ လွ်ိဳ႕ ဝွက္ထား သင့္တာမဟုတ္ဘူးလား ။
ဝမ္းယြီ၏ မ်က္ႏွာက စိုးရိမ္ ရိပ္လႊမ္းသြားေလသည္။ သူ၏ လက္ေခ်ာင္းမ်ားက ဖုန္းမ်က္ႏွာျပင္ကို တင္းတင္းဖိထားကာ တစ္လုံးခ်င္း စာ႐ိုက္လိုက္သည္။
' မင္းဘာလိုခ်င္တာလဲ '
လုေဆြ႕ ဝမ္းယြီကို တစ္ခ်က္ၾကည့္လိုက္ေခ်သည္။ သူ၏ ႏႈတ္ခမ္းမ်ားက ေကာ့တက္သြားၿပီး ပုခုံးတြန္႔က လင္းက်စ္ရန္ကိုေျပာလိုက္သည္။
" ကြၽန္ေတာ္႕ ေက်ာင္းတုန္းက အတန္းေဖာ္တစ္ေယာက္ေလ။ သူက ကြၽန္ေတာ္႕ကို ျမင္ျမင္ခ်င္းမွတ္မိတယ္။ ေနာက္ထပ္ ေတြ႕ဖို႔ေတာင္ ခ်ိန္းထားေသးတယ္ "
လင္းက်စ္ရန္: " ေၾသာ္ "
ဝမ္းယြီ အနည္းငယ္ စိတ္သက္သာရ ရသြားၿပီးခဏတြင္ လုေဆြ႕ဆီမွ messageထပ္ ဝင္လာသည္။
' ဒါၿပီးရင္ ဥယ်ာဥ္ထဲမွာေတြ႕ၾကမယ္ '
ဝမ္းယြီ ေလွာင္ျပဳံးျပဳံးလိုက္ၿပီး ဖုန္းကိုေအာက္ခ်လိုက္သည္။
လင္းက်စ္ရန္ အစပိုင္းတြင္ေတာ့ နားမလည္ႏိုင္ျဖစ္ေနၿပီးမွ သူ၏ေဘးက ႏွစ္ေယာက္မွာ မၾကာခဏ ဖုန္းကိုၾကည့္လိုက္ အၾကည့္ခ်င္းဖလွယ္လိုက္ ျဖစ္ေနတာကို သတိထားမိသြာသည္။ ငါ့ေ႐ွ႕မွာေတာင္ chatေနၾကတာလား... အတင့္ရဲလိုက္တာ! တတ္လည္းတတ္ႏိုင္ပါတယ္...အၾကံကလည္း အဆန္းႀကီး...စိတ္လႈပ္႐ွားဖို႔ေတာ့ ေကာင္းသား!
ဒီေန႔ ညစာကေတာ့ အခ်ည္းအႏွီးမျဖစ္ေတာ့ဘူး။
အဓိက ဇာတ္လိုက္ႏွစ္ေယာက္မွာ သူ၏ အၾကံေၾကာင့္ တစ္ဖက္ႏွင့္တစ္ဖက္ အျပန္အလွန္ ေကာင္းမြန္သည့္ သက္ေရာက္မႈမ်ား႐ွိေနၾက
သျဖင့္ လင္းက်စ္ရန္ အေပ်ာ္လြန္ၿပီး အစားအေသာက္မ်ားကလည္း ပို၍ပင္ခံတြင္းေတြ႕ေနသေယာင္။ သူဆက္ၿပီး မျမင္ခ်င္ေယာင္ေဆာင္ ေနလိုက္ၿပီး ဝမ္းယြီႏွင့္ စကားအနည္းငယ္ေျပာလိုက္သည္။ ထို႔ေနာက္ လုေဆြ႕ကို ကုမၸဏီမွာ အခက္အခဲ တစ္စုံတစ္ရာ႐ွိသလား ေမးျမန္းလိုက္သည္။ ဒီလို ညီေလးအတြက္ ေတြးေပးတတ္ေသာ အကိုေကာင္းတစ္ေယာက္၏ အျပဳအမူမ်ားႏွင့္ သူ က်င့္သားရႏွင့္ေနၿပီးသား ျဖစ္၏။
ဝမ္းယြီမွာ ဤ ျမင္ကြင္းကို ျမင္ေနရပါေသာ္ သူႀကိဳက္ေသာဟင္းလ်ာမ်ားႏွင့္ သူႀကိဳက္ႏွစ္သက္ေသာ လူတစ္ေယာက္ေဘးတြင္ အေဖာ္ျပဳေပးေနတာေတာင္မွ စားခ်င္စိတ္မ႐ွိေတာ့ပါေခ်။ သို႔ေသာ္ လင္းက်စ္ရန္၏ ေပ်ာ္႐ႊင္ေနေသာအမူအရာကို ၾကည့္ရင္း ဘာမွ မျဖစ္ခဲ့သလို ဟန္ေဆာင္၍ အားယူၿပီး ျပဳံးလိုက္ေခ်သည္။
ညစာ စားၿပီးေသာ္ လုေဆြ႕မွာ ဝမ္းယြီကိုၾကည့္ၿပီး အျပင္ထြက္သြားေလသည္။ဝမ္းယြီ လုေဆြ႕ထြက္သြားတာကို ၾကည့္လိုက္ေခ်၏။ ဒီေနရာတြင္ သူႏွင့္ လင္းက်စ္ရန္သာ က်န္ရစ္ခဲ့ေလရာ သူႏႈတ္ခမ္းသပ္ၿပီး စကား လက္စသပ္ လိုက္သည္။
ၾကည့္ရတာ လုက်န္းမွာ သူ၏ညီေလးကို တကယ္ခ်စ္ၿပီး ယုံၾကည္ပုံရေပသည္။ သို႔ေသာ္ သူတို႔အေၾကာင္းအား လုေဆြ႕မွမလည္႐ႈပ္ ေျပာလိုက္ပါလွ်င္လည္း အလြယ္တကူေတာ့ ယုံၾကည္လိမ့္မည္မဟုတ္။ မယုံၾကည္လွ်င္ေတာင္ အနည္းဆုံးေတာ့ စိတ္မေကာင္း ျဖစ္သြားမွာ အမွန္ပါပင္။ လုေဆြ႕ သာ စကားနည္းနည္း ထပ္ေျပာလိုက္ပါက လုံးဝ အခက္ေတြ႕သည့္ အေျခအေနသို႔ ေရာက္သြားႏိုင္ေပသည္။
ထို႔အျပင္ လုေဆြ႕မွာ သူ႕ကို ဆက္တိုက္ဖိအားေပးေနသည္။ တစ္ေန႔ ဤအေၾကာင္းအရာကို လင္းက်စ္ရန္ ႐ွာေတြ႕သြားခဲ့ပါလွ်င္ သူ႕ကိုယ္သူ ျမစ္ဝါျမစ္ထဲ သို႔ခုန္ခ်ၿပီး ေဆးေၾကာလွ်င္ေတာင္ စင္ၾကယ္ႏိုင္ေတာ့ မည္မထင္ပါေပ။
ဝမ္းယြီ မ်က္ေမ်ာင္ၾကဳပ္ၿပီး ခဏမွ် တိတ္ဆိတ္စြာေနၿပီးေနာက္ ေပါ့ေပါ့ ပါးပါးပင္ ေမးလိုက္သည္။
" ခင္ဗ်ားရဲ႕ညီေလးက ေဖာ္ေ႐ြတတ္သားပဲ။ ဒါေပမယ့္ ခင္ဗ်ားအရင္က သူ႕အေၾကာင္း တစ္ခါမွ မေျပာဖူးဘူးေနာ္ "
လင္းက်စ္ရန္ ခ်က္ခ်င္းပင္ ႐ႊင္ျမဴးသြားရသည္။ ဝမ္းယြီက လုေဆြ႕ အေၾကာင္းေမးလာၿပီ။ ဒါသူ လုေဆြ႕အေၾကာင္း စတင္ၿပီး စိတ္ဝင္စားလာတဲ့သေဘာေပါ့။ မသိမသာေတာင္ ဖုံးဖိၿပီး စုံစမ္းလာၿပီ ဆိုေတာ့။ ေကာင္းတယ္...အရမ္းေကာင္းတယ္။
လင္းက်စ္ရန္ ခ်က္ခ်င္း အျပစ္မကင္းသည့္ ဟန္အမူအရာကို လုပ္ယူလိုက္ၿပီး ခါးသက္စြာျပဳံး လိုက္ေခ်သည္။
" ကိုယ္က ရယ္ေတာ့ရယ္ခ်င္စရာေကာင္းပါတယ္။ အတိတ္က ျဖစ္ရပ္ေတြေၾကာင့္ လုေဆြ႕က ကိုယ့္ကို စိတ္ဆိုးေနေတာ့ အိမ္ျပန္လာလာဖို႔ေတာင္ အႀကိမ္ႀကိမ္ ျငင္းခဲ့တာ။ ဒါေၾကာင့္ ကိုယ္သူ႕အေၾကာင္း ထုတ္မေျပာျဖစ္ခဲ့တာပါ "
လင္းက်စ္ရန္ လုေဆြ႕အေၾကာင္းေျပာသည့္အခ်ိန္၌ သူ၏မ်က္ဝန္းထဲတြင္ အားကိုးရာမဲ့မႈမ်ား ျပည့္ႏွက္ေနၿပီး မ်က္ေမွာင္ၾကဳပ္ထားတာကို ဝမ္းယြီ ျမင္ေတြ႕ေနရေလ၏။ အခုခ်ိန္၌ သူသာ လုေဆြ႕ အေၾကာင္း ေျပာျပလိုက္ပါလွ်င္ လင္းက်စ္ရန္ အေတာ္ေလး စိတ္မေကာင္းျဖစ္သြားႏိုင္ေပသည္။ သူ၏ညီေလးမွာ ေနာက္ဆုံးေတာ့ ျပန္လာခဲ့ ပါေသာ္လည္း ေကာင္းေသာ စိတ္ကူးႏွင့္ေတာ့ မဟုတ္....
သူ အသက္ျပင္းျပင္း႐ႈလိုက္ကာ လည္ေခ်ာင္းထဲ႐ွိ စကားလုံးမ်ားကို ျပန္ၿပီးမ်ိဳခ်လိုက္ပါ၏။ ထားလိုက္ေတာ့။ သူအရင္ဆုံး လုေဆြ႕နဲ႔ စာရင္း႐ွင္းရမယ္။
ဝမ္းယြီ မတ္တပ္ရပ္ၿပီး ေျပာလိုက္သည္။
" ကြၽန္ေတာ္ သန္႔စင္ခန္း ခဏ သြားဦးမယ္ "
လင္းက်စ္ရန္ စိတ္ထဲမွ ႀကိတ္ၿပီး ေအာ္ေျပာလိုက္သည္: မင္းတို႔ေကာင္ေတြကလည္းကြာ...ဘာလို႔ အၿမဲတမ္း သန္႔စင္ခန္းကိုပဲ ဆင္ေျခေပးေနၾကတာလဲ။
သို႔ေသာ္ အျပင္ပိုင္းတြင္ေတာ့ တည္ၿငိမ္စြာျပဳံးလိုက္ၿပီး။
" အင္း "
..................
ဝမ္းယြီ သန္႔စင္ခန္းသို႔မသြားဘဲ လသာေဆာင္ ၏ အေနာက္ဘက္႐ွိ ဥယ်ာဥ္အတြင္းသို႔ ဝင္လာလိုက္သည္။ လုေဆြ႕က ဝရန္တာ လက္ရန္းတြင္ မွီထားၿပီး ဝမ္းယြီအား ပ်င္းတိပ်င္း႐ြဲ႕ ပုံစံျဖင့္ျပဳံးျပလိုက္ကာ။
" ေရာက္လာၿပီလား "
ဝမ္းယြီ၏ မ်က္ႏွာက ဆီးႏွင္းမ်ားသဖြယ္ ေအးစက္ေနလ်က္။ သူ၏ ပင္ကိုယ္ စိတ္ေနစိတ္ထားအရဆိုလွ်င္ ဒီႏွစ္ေတြထဲမွာ တစ္ခါမွေဒါသမထြက္ဖူးခဲ့ ပါေသာ္လည္း အခုတြင္မူ အလြန္ေဒါသ ထြက္ေနရၿပီပင္။ သူ လုေဆြ႕ကိုေျပာလိုက္သည္။
" ငါမင္းကို ေနာက္ဆုံးတစ္ေခါက္က ေျပာခဲ့တာ၊ မင္းနားမလည္ဘူးထင္တယ္ "
လုေဆြ႕၏ မ်က္ဝန္းမ်ားက ေလွာင္ရိပ္သန္းေနလ်က္။
" မင္းေျပာခဲ့တာ...အာ...မင္းက ငါ့အကိုရဲ႕ ခ်စ္သူမို႔ ငါတို႔ေဝးေဝး ေနသင့္တဲ့ အေၾကာင္းလား "
" မွတ္မိသားပဲ "
လုေဆြ႕ ဂ႐ုမစိုက္။ မ်က္ခုံးပင့္ၿပီး မသိမသာ ျပဳံးသည္။
" မင္းက လက္ထပ္ရေသးတာလဲ မဟုတ္ဘူး။ မင္းရဲ႕ relationship အေၾကာင္းလည္း တရားဝင္ေၾကညာ ေသးတာမဟုတ္ဘူး။ တစ္ေန႔က်ရင္ ျပတ္ခ်င္လည္း ျပတ္သြားႏိုင္တာပဲ...ငါဘာလို႔ ႀကိဳက္လို႔မရရ မွာလဲ "
ဝမ္းယြီ ရင္ထဲမွ ဆန္တက္လာေသာ ေဒါသလုံးမ်ားကို အတင္းမ်ိဳခ် ထားရၿပီး ေလွာင္ေထ့စြာေျပာလိုက္ေခ်၏။
" မင္းငါ့ကို ႀကိဳက္တယ္ေျပာတိုင္း ငါကယုံေပးရမွာလား "
အကယ္၍ လုေဆြ႕သာ ဒီငါးႏွစ္တာအတြင္း သူ႕ကို မေမ့ႏိုင္ခဲ့ပါလွ်င္ အသံမလာ အေၾကာင္းမၾကား လုံးဝ ေပ်ာက္ကြယ္သြားမည္ မဟုတ္ပါေခ်။ သူ သူ႕ကို လုံးဝေမ့သြားခဲ့သည္မွာ အသိသာ ပင္။ သို႔ေသာ္ ဤသို႔ အဆက္မျပတ္ ေႏွာင့္ယွက္ေနရသည့္ အေၾကာင္းအရင္းမွာ သူက လုက်န္း၏ ေကာင္ေလး ျဖစ္ေနသည့္အတြက္ေၾကာင့္သာ။ သူ ႏွင့္ လုက်န္းၾကားတြင္ အရင္က ဘယ္လိုမ်ိဳး မေက်ခ်မ္းဖြယ္ အျဖစ္အပ်က္႐ွိခဲ့လဲ ဆိုတာ သူမသိပါေသာ္လည္း ဒီလိုအဓိပၸါယ္မ႐ွိသည့္ အရာကို ယုံေပးႏိုင္ရ ေလာက္ေအာင္အထိေတာ့ မတုံးေသးပါေပ။
လုေဆြ႕၏ လတ္တေလာ အျပဳအမူမ်ားကို ၾကည့္ျခင္းျဖင့္ သူ႕အေပၚ ေလးစားမႈ တစ္စြန္းတစ္စမွ်ပင္ မ႐ွိေၾကာင္းမွာ သိသာလွသည္ပင္။ သူ႕ကိုႀကိဳက္ပါတယ္လို႔ေျပာေနျခင္းက ထို ' ႀကိဳက္သည္ ' ဟူေသာ စကားလုံးအား ေစာ္ကားေနသလိုမ်ိဳးပင္။
လုေဆြ႕ မ်က္ခုံးပင့္ကာ ေျပာလာပါ၏။
" ငါမင္း ယုံေအာင္ လုပ္ေပးမယ္ေလ "
ဝမ္းယြီ၏ မ်က္ႏွာတြင္ ေႏြးေထြးသည့္ အရိပ္အေယာင္ တစ္စြန္းတစ္စမွ်ပင္ ႐ွိမေနပါေခ်။ သူ ျပဳံးလိုက္ၿပီး။
" အင္း။ ငါယုံတယ္။ ဒါေပမယ့္ မင္းဘက္က တကယ္ႀကိဳက္တယ္ဆိုရင္ေတာင္ ငါမင္းကို မႀကိဳက္ႏိုင္ဘူး "
လုေဆြ႕၏ မ်က္ဝန္းမ်ားမွာ ညဥ့္ ေကာင္းကင္ထက္ပင္ ပို၍ နက္႐ိႈင္းေနပါလ်က္ ႏႈတ္ခမ္းမ်ားက ေကာ့တက္သြားေလ၏။ သူေလွာင္ရယ္လ်က္ ပင္။
" ဒါက ကိစၥမ႐ွိပါဘူး။ မင္း ငါ့ခံစားခ်က္ေတြကို နားလည္လာတဲ့အထိ ငါ့ဘက္က စိတ္႐ွည္ေပးႏိုင္ပါတယ္ "
ဝမ္းယြီ ေနာက္ဆုံးေတာ့ ေဒါသထြက္လာေလၿပီ။ သူဘာလုပ္ရ မလဲ...ဒီေခြးေကာင္ အေၾကာင္း လုက်န္းကိုေျပာျပမွရမယ္...လုက်န္းက မင္းကို အရမ္းယုံၾကည္ထားတာကို သူ႕ေနာက္ကြယ္မွာ မင္းက ဒီလိုလုပ္ရဲေသးတယ္...
မင္းက လုက်န္းရဲ႕ ၾကင္နာမႈနဲ႔ မတန္ဘူး!
ဝမ္းယြီ အေ႐ွ႕သို႔ တိုးေလွ်ာက္ လာလိုက္ၿပီး လုေဆြ႕၏ ေကာ္လာကို ၿမဲျမံစြာ ဆုပ္ကိုင္လ်က္ နံရံဘက္သို႔ တြန္းကာ ေအးစက္စြာပင္ ေျပာလိုက္ေလ၏။
" မင္းကိုရပ္လိုက္ေတာ့လို႔ ငါေျပာတယ္ေနာ္ "
..................
ဝမ္းယြီ ထြက္သြားသည္ကို ၾကည့္ရင္း ၊ သူ လုေဆြ႕ႏွင့္ သြားေတြ႕မည္ျဖစ္ေၾကာင္း လင္းက်စ္ရန္ သိထားသည္ပင္။ ထိုႏွစ္ေယာက္မွာ သူ႕ေ႐ွ႕မွာပင္ အခ်ိန္းအခ်က္ လုပ္ထားၾကေသးသည္။ အရမ္းေကာင္းတယ္...သူတို႔ ဒီလိုအၾကံအစည္ေတာင္ ထုတ္တတ္ေနၾကၿပီး...ဒါေပမယ့္ သိပ္ေတာ့ မလုံေလာက္ေသးဘူး။
သူ ပတ္ဝန္းက်င္ကို တစ္ခ်က္ၾကည့္လိုက္ေခ်၏။ အခုခ်ိန္ေလာက္ဆို ထိုေကာင္ေလးႏွစ္ေယာက္မွာ ဆုံေတြ႕ေနၾကၿပီ ျဖစ္ရာ ဘယ္လို ခံစားခ်က္ မီးပြားေတြမ်ား စတင္ ပြတ္တိုက္မိၾကမလဲ ဆိုတာ ေတြးၾကည့္ရင္း မေနႏိုင္စြာျဖင့္ ျပဳံးလိုက္မိေလသည္။
[လင္းက်စ္ရန္: 'အရိပ္တၾကည့္ၾကည့္' ေရ GO!GO!ပါးပါး မင္းကို အားကိုးလိုက္မယ္ေနာ္!!!]
[System: အရိပ္တၾကည့္ၾကည့္က ဘာတုန္း?]
[လင္းက်စ္ရန္: မင္းမသိဘူးလား ' နံမည္ႀကီး ' နဲ႔ ' အရိပ္တၾကည့္ၾကည့္' က အသံထြက္တူတယ္ေလ။ ဒါ ငါသူတို႔အတြဲကို နာမည္ေပးထားတာ။ ဘယ္လိုလဲ...မိုက္တယ္မလား]
[T/N: '遂誉而安' နဲ႔'随遇而安 ကတ႐ုတ္လိုဆို အသံထြက္ခ်င္တူၿပီးေတာ့ အဓိပၸါယ္ကြဲတယ္တဲ့]
[system:......]
[ လင္းက်စ္ရန္: ေအးေဆးတည္ၿငိမ္၊ ယုံၾကည္ခ်က္႐ွိၿပီး ဥာဏ္မ်ားတဲ့ စူပါစတားနဲ႔ ကလိန္က်တတ္တဲ့ ဥကၠဌေလာင္း...ဒီဥာဏ္မ်ားတဲ့အတြဲၾကားက ၾကမ္းတမ္းတဲ့ အခ်စ္ပြဲကို မင္းေတြးၾကည့္စမ္း! အရမ္းစိတ္ဝင္စားဖို႔ ေကာင္းတယ္မလား ]
ကိုယ့္အစ္ကိုရဲ႕ ခ်စ္သူကို မရရေအာင္ လိုက္ေႏွာက္ယွက္ေနတဲ့အခ်ိန္က တကယ့္ကို ေခြးေသြးဆန္တယ္မဟုတ္လား...လင္းက်စ္ရန္ ဒီအတြဲကို စိတ္ဝင္စားလာသည္။ အမွားနည္းနည္း ႐ွိသြားပါေသာ္ျငား သူ၏ စိတ္႐ွည္လက္႐ွည္ စြမ္းေဆာင္ေပးမႈ ေၾကာင့္ ေနာက္ဆုံးေတာ့ ဒီေန႔တြင္ ဒီအတြဲ သၾကားထုတ္တာကိုျမင္ရေပေတာ့ မည္။
ေတြ႕ၾကည့္ရင္း သူတို႔ဘာျဖစ္ေနၿပီလဲဆိုတာ မေစာင့္ႏိုင္ေတာ့ဘူး....
[System: သြားမၾကည့္ပါနဲ႔လို႔ အၾကံေပး ခ်င္ပါတယ္]
မင္းက မင္းကိုယ္တိုင္က်လည္း မျပ။ ငါကိုယ္တိုင္သြားၾကည့္မယ္ဆိုေတာ့လည္း မၾကည့္ခိုင္း။ လင္းက်စ္ရန္ စိတ္ပ်က္စြာျဖင့္ ႏွာမႈတ္လိုက္သည္။ ဒီတစ္ခါမွ သြားမၾကည့္လိုက္ရရင္ တကယ္ေနာင္တရၿပီပဲ...
လင္းက်စ္ရန္ အေတာ္ၾကာေအာင္ ေတြးေနၿပီးမွ ေနာက္ဆုံးေတာ့ သိခ်င္စိတ္က ဆင္ျခင္တုံတရားကို အႏိုင္ယူသြားေလရာ လသာေဆာင္ အေနာက္ဘက္သို႔လမ္းေလွ်ာက္လာလိုက္သည္။
ခဏေလးပဲ ေခ်ာင္းၾကည့္မွာေလ။ ကိစၥမ႐ွိ ေလာက္ပါဘူး။
ေနပါဦး...သူတို႔ဘာလုပ္ေနၾကတာလဲ?
လင္းက်စ္ရန္ မသိလိုက္မသိပါျဖင့္ အေ႐ွ႕သို႔ေလွ်ာက္လာလိုက္ေခ်၏။ ဝရန္တာဘက္မွ အသံမ်ားကို မသဲမကြဲၾကားေနရေလသည္။ သူေရာက္သြားေသာ္ လုေဆြ႕၏ ေကာ္လာကို ဆုပ္ကိုင္ၿပီး နံရံတြင္ ဖိကပ္ထားေသာ ဝမ္းယြီကို ေတြ႕လိုက္ရသည္။
ေသာက္ရမ္း စိတ္ဝင္စားဖို႔ေကာင္းတယ္ဟ!
လင္းက်စ္ရန္ ေထာင့္တစ္ေနရာ႐ွာၿပီး ကြာေစ့စားရန္ ျပင္လိုက္စဥ္မွာပင္ ထိုႏွစ္ေယာက္က ေခါင္းလွည့္ၿပီးသူ႕ကို ၾကည့္လာသည္။
[ကြာေစ့စား:ပြဲၾကည့္ဖို႔ ]
လင္းက်စ္ရန္:...
[System: မသြားပါနဲ႔လို႔ ေျပာသားပဲ]
လင္းက်စ္ရန္ ဘာမွမသိနားမလည္သလို ရပ္ေနလိုက္ သည္။ သူ လုေဆြ႕ႏွင့္ ဝမ္းယြီကို တလွည့္စီ စိုက္ၾကည့္လိုက္ၿပီး အလြန္႐ႈပ္ေထြးေနေသာ အမူအရာျဖင့္ေမးလိုက္ ေလသည္။
" ဒါနဲ႔ မင္းသန္႔စင္ခန္းသြားမယ္လို႔ ေျပာခဲ့တာ မဟုတ္ဘူးလား "
💜💜💜💜💜💜💜