ဒီတစ်ခါလည်းဇာတ်လမ်းသွေဖည်သွား...

By Dilly_Dally20

542K 74.1K 2.8K

Just a fan translation. Eng name- Did the affectionate love interest collapse today. cover pic from pintere... More

Synopsis
Arc(1): အပိုင်း(၁)
အပိုင်း(၂)
အပိုင်း(၃.၁)
အပိုင်း(၃.၂)
အပိုင်း(၄.၁)
အပိုင်း(၄.၂)
အပိုင်း(၅.၁)
အပိုင်း(၆.၁)
အပိုင်း(၆.၂)
အပိုင်း(၇.၁)
အပိုင်း(၇.၂)
အပိုင်း(၈.၁)
အပိုင်း(၈.၂)
အပိုင်း(၉.၁)
အပိုင်း(၉.၂)
အပိုင်း(၁၀.၁)
အပိုင်း(၁၀.၂)
အပိုင်း(၁၁.၁)
အပိုင်း(၁၁.၂)
အပိုင်း(၁၂.၁)
အပိုင်း(၁၂.၂)
အပိုင်း(၁၃.၁)
အပိုင်း(၁၃.၂)
အပိုင်း(၁၄.၁)
အပိုင်း(၁၄.၂)
အပိုင်း(၁၅.၁)
အပိုင်း(၁၅.၂)
အပိုင်း(၁၆.၁)
အပိုင်း(၁၆.၂)
အပိုင်း(၁၇.၁)
အပိုင်း(၁၇.၂)
အပိုင်း (၁၈)
အပိုင်း(၁၉)
အပိုင်း(၂၀)
Arc(2) အပိုင်း(၂၁.၁)
အပိုင်း(၂၁.၂)
အပိုင်း(၂၁.၃)
အပိုင်း(၂၂.၁)
အပိုင်း(၂၂.၂)
အပိုင်း(၂၃.၁)
အပိုင်း(၂၃.၂)
အပိုင်း(၂၄.၁)
အပိုင်း(၂၄.၂)
အပိုင်း(၂၄.၃)
အပိုင်း(၂၅.၁)
အပိုင်း(၂၅.၂)
အပိုင်း(၂၅.၃)
အပိုင်း(၂၆.၁)
အပိုင်း(၂၆.၂)
အပိုင်း(၂၆.၃)
အပိုင်း(၂၇.၁)
အပိုင်း(၂၇.၂)
အပိုင်း(၂၇.၃)
အပိုင်း(၂၈.၁)
အပိုင်း(၂၈.၂)
အပိုင်း(၂၉.၁)
အပိုင်း(၂၉.၂)
အပိုင်း(၃၀.၁)
အပိုင်း(၃၀.၂)
အပိုင်း(၃၁.၁)
အပိုင်း(၃၁.၂)
အပိုင်း(၃၂.၁)
အပိုင်း(၃၂.၂)
အပိုင်း(၃၃.၁)
အပိုင်း(၃၃.၂)
အပိုင်း(၃၃.၃)
အပိုင်း(၃၄.၁)
အပိုင်း(၃၄.၂)
အပိုင်း(၃၄.၃)
အပိုင်း(၃၅.၁)
အပိုင်း(၃၅.၂)
အပိုင်း(၃၅.၃)
အပိုင်း(၃၆.၁)
အပိုင်း(၃၆.၂)
အပိုင်း(၃၆.၃)
အပိုင်း(၃၇.၁)
အပိုင်း (၃၇.၂)
အပိုင်း(၃၇.၃)
အပိုင်း(၃၈.၁)
အပိုင်း(၃၈.၂)
အပိုင်း(၃၈.၃)
အပိုင်း(၃၉.၁)
အပိုင်း(၃၉.၂)
အပိုင်း(၃၉.၃)
အပိုင်း(၄၀.၁)
အပိုင်း(၄၀.၂)
အပိုင်း(၄၀.၃)
အပိုင်း(၄၁.၁)
အပိုင်း(၄၁.၂)
အပိုင်း(၄၁.၃)
အပိုင်း(၄၂.၁)
အပိုင်း(၄၂.၂)
အပိုင်း(၄၂.၃)
အပိုင်း(၄၃.၁)
အပိုင်း(၄၃.၂)
အပိုင်း(၄၃.၃)
အပိုင်း(၄၄.၁)
အပိုင်း(၄၄.၂)
အပိုင်း(၄၄.၃-Final Episode)
အပိုင်း(၄၅)
အပိုင်း(၄၅.၁)

အပိုင်း(၅.၂)

7.7K 1.1K 64
By Dilly_Dally20

Unicode.

ချောမောသည့်အမျိုးသားတစ်ယောက် အိပ်ရာပေါ်တွင်ခွေခေါက်လို့နေပြီး သူ၏ မျက်ခုံးများက အနည်းငယ် တွန့်ချိုးနေသယောင်ရှိသော်လည်း အလွန်ပင်ပန်းထား၍ဖြစ်မည်...ချက်ချင်းပင် အိပ်ပျော်သွားပါတော့သည်။

ကျောက်မင်ဇယ်၏ မျက်ဝန်းများက နက်မှောင်လျက် တစ်ဖက်လူအပေါ်သို့ အုပ်မိုးကာ ထိုလူ၏ နှုတ်ခမ်းထောင့်အားနမ်းရှိုက်ပြီးသော် ထိုမှတစ်ဆင့် လည်စလုတ်ဆီသို့ နိမ့်ဆင်းလာကာ ခပ်ဖွဖွ ဖိကိုက် လိုက်ချေသည်။

ထိုလူက ' အင့်ခနဲ ' ညည်းလေသည်။

ကျောက်မင်ဇယ်မှာ ထိုလူ၏လက်ကောက်ဝတ်အား ရုတ်တရတ် တင်းကျပ်စွာ ဆုပ်ကိုင်လိုက်ပြီး သက်ပြင်းတစ်ချက် ချကာ ​ဖြည်းညှင်းစွာ လွှတ်ပေးလိုက်ချေသည်။ သူ အလွန်အမင်း စိတ်မထိန်းနိုင် ဖြစ်သွားခဲ့ရသည်။

ထို့နောက် စောင်ကိုဆွဲကာ လင်းကျစ်ရန်အားခြုံပေးလိုက်ပြီး ကြမ်းပြင်တွင် ပြန့်ကျဲနေသည့် အဝတ်များအား ကောက်ယူလိုက်သော် တစ်ဖက်လူ၏ ဘောင်းဘီအိပ်ကပ်ထဲမှ မာ​ကျောသည့်ဗူးလေးတစ်ခု အား ရှာတွေ့သွား လေရာ ဖွင့်ကြည့်လိုက်ပါသော် ပလက်တီနမ် လက်စွပ်တစ်စုံအား မြင်လိုက်ရလေသည်။

ကျောက်မင်ဇယ်၏ မျက်လုံးများက ရုတ်တရတ် မှုန်ကုပ်လို့ သွားခဲ့ပြီး လင်းကျစ်ရန် သူ့အား မနေ့က ပြောခဲ့တာကို မှတ်မိလို့သွား လေ၏။ ဒါဆိုမင်းက ဝမ်းယွီကို လက်ထပ်ခွင့်တောင်းဖို့စီစဥ်ထားတာပေါ့...ဒါပေမယ့် ဝမ်းယွီက ရောက်မလာခဲ့ဘူးလေ...

ဒါတောင်မှ မင်းက သူ့ကိုအရမ်းချစ်၊ အရမ်းကိုဂရုစိုက်နေသေးပြီး လိုလိုလားလား အနစ်မွန်းခံနေသေးတယ်ပေါ့....

အာ....

ကျောက်မင်ဇယ်၏ နှုတ်ခမ်းပါးများက လှောင်ထေ့စွာဖြင့် ကွေးညွှတ်လို့ သွားချေ၏။ သူလက်စွပ်ဗူးအား ဘောင်းဘီအိပ်ကပ်ထဲသို့ ပြန်ထည့်လိုက်ကာ ဘောင်းဘီနှင့်အတူလက်စွပ်ကိုပါ အမှိုက်တစ်စလို ကြမ်းပြင်ပေါ်သို့ပစ်ထုတ်လိုက်လေသည်။

........................

တကယ်ကောင်းတဲ့ အိပ်မက်ပဲ...

လင်းကျစ်ရန် အနည်းငယ် လူးလှိမ့်ပြီးမှ မျက်လုံးဖွင့်ကြည့်လိုက်လေသည်။

ဒီအိမ်က...ဘာလို့အရမ်း စိမ်းသက်နေပါလိမ့်...

မနေ့ညက သူ ကျောက်မင်ဇယ်နဲ့ အတူသောက်ပြီး အိမ်ပြန်လိုက်ပို့ပေးဖို့ ပြောခဲ့တာဘဲ...

နေပါအုံး...ဒါသူ့အိမ်လည်းမဟုတ်ဘူး!

လင်းကျစ်ရန် နောက်ဆုံးတွင်တော့ လုံးဝနိုးကြားသွားပြီး ချက်ချင်းထထိုင်လိုက်ပါသော်လည်း သူ၏ခန္ဓာကိုယ်တစ်ခုလုံးက နာကျင်ကိုက်ခဲလို့ နေလေရာ စုတ်သပ်လိုက်ပြီး စောင်ကိုဖယ်ကာ ကြည့်လိုက်သည်။ မနေ့ညက တကယ်တော့ ဘာမှ ခုန်ပေါက်ကစားနေတဲ့ အိပ်မက်မဟုတ်ဘူးဟေ့...တကယ်တော့ ဒါကြီးက တကယ်ကြီးဟ!

[လင်းကျစ်ရန်: ငါညစ်ပတ်သွားပြီ ]

[system:? ]

[လင်းကျစ်ရန်: ငါမသန့်ရှင်းတော့ဘူး...]

[System မှာလည်း အပြစ်ရှိသလိုခံစားလိုက်ရပြီး: ကျွန်တော်မနေ့က လူ​ကြီးမင်း ကို အကြိမ်ပေါင်းများစွာအော်ခေါ်တာဘဲ၊ ဒါပေမယ့် လူ​ကြီးမင်းကအရမ်းမူးနေပြီး...ကျွန်တော့်ကို အဖက်တောင်မလုပ်ဘူး ]

[ လင်းကျစ်ရန်: ငါဘယ်လိုလုပ်ရမလဲ ။ အဓိကဇာတ်လိုက်shouကို ကြိုက်နေတဲ့ ဇာတ်ပို့gongအနေနဲ့၊ ဘယ်လိုပဲ ဇာတ်လိုက်ရဲ့ အလွဲသုံးစားလုပ်တာ ခံနေရပါစေဦး...သူ့ကိုငါ့ရဲ့ ရုပ်နဲ့နာမ်လိုသဘောထားပြီး ခန္ဓာကိုယ်ကို ကျောက်စိမ်းရုပ်တုလို ကာကွယ်စောင့်ရှောက်ပေးရမှာကွ၊ အခုတော့ ငါကိုယ်တိုင်က တစ်ခြားလူတစ်ယောက်အောက်မှာ အဖိခံလိုက်ရပြီ၊ စာဖတ်ပရိတ်သတ်ရဲ့ အဆဲ​ခံရတော့မှာပဲ! ]

[System:...အိုး]

စကားဆုံးသော် လင်းကျစ်ရန်မှာ မျက်နှာကိုလက်ဖြင့်အုပ်ကိုင်လိုက်ချေပြီး အချိန်အတော်ကြာမှ လက်ချောင်းများကြားမှ ဂနှာမငြိမ်သော မျက်ဝန်းတစ်စုံလှစ်ဟာလာကာ မကောင်းတာတစ်ခုခု လုပ်မိထားသည့် လူတစ်ယောက်ကဲ့သို့။

[ လင်းကျစ်ရန်၏ မျက်နှာက နီရဲလို့နေပါပြီး: အဟွတ်...ပြောရရင်တော့ ဒီgameက ဒီလိုမျိုးအတွေအကြုံတွေကိုပါ ထည့်ထားတာလား...ဒါက ၁၈နှစ်အောက်တွေ ကို တားမြစ်ထားတယ်လေ... ]

[ systemက ခံစားချက်မဲ့စွာဖြင့်: လူ​ကြီးမင်းဟာ ဒီgameထဲ log in စလုပ်တော့ game idမှာကတည်းက အသက်ပြည့်ပြီးကြောင်း အတည်ပြုပြီးသား မို့ သက်ငယ်ကာကွယ်ခြင်းmodeကိုမဖွင့်ထားပါဘူး။ ဒါကြောင့် gameရဲ့ အကောင်းဆုံး ဝန်ဆောင်မှု အတွေ့အကြုံတွေကို ခံစားရခြင်းဖြစ်ပါတယ်]

ဝိုး...ဒီလိုကိုး!

သူရုတ်တရတ်ပင် စိတ်လှုပ်ရှားမှုများက တစ်ဖျဥ်းဖျဥ်း မြင့်တက်လာချေ၏။ ကျောက်မင်ဇယ်၏ မျက်နှာအား ပြန်တွေးကြည့်ပါသော် ဘယ်ရှုထောင့်ကပဲ ကြည့်ကြည့် သူ့တွင် နစ်နာစရာအ​ကြောင်း မရှိပါချေ။ ဒီလိုမျိုး ထိပ်တန်းအရည်အသွေး မြင့်သည့် အမျိုးသားမှာ တကယ့်ကမ္ဘာအစစ်တွင် ရှားမှရှား၊ တကယ်လို့ ရှာတွေ့ခဲ့ပါလည်း သင့်တွင် ကြည့်ခွင့်သာရှိပြီး ထိခွင့်မရှိ...ဒီgameက အရမ်း ကိုရေပန်းစားနေတာလည်း မဆန်းပါဘူး။

[ လင်းကျစ်ရန် ခဏမျှတွေးနေပြီးပါသော် သူ system အထင်လွဲအောင် လုပ်မိလိုက်သလို ခံစားလိုက်ရသဖြင့်: ငါ့လိုတည်ငြိမ်တဲ့လူတစ်ယောက်အနေနဲ့၊ ဒီလိုဝန်ဆောင်မှုမျိုးကို ဘယ်တုန်းကမှတွေးမထား ခဲ့ဘူး...ဒါတော့ယုံပေးနော် ]

[System: ဟားဟား] ဖုံးလေ ပေါ်လေ ဆိုတာ ကြားဖူးလားဟင်?

လင်းကျစ်ရန် တစ်ခဏမျှ စေ့စပ်စွာ တွေးတောနေမိသည်။ ကျောက်မင်ဇယ်က ဘာလို့သူနဲ့အိပ်ချင်ရတာလဲ...

ဒါကလုံးဝ ဇာတ်ကြောင်းနဲ့ သွေဖည်သွားခဲ့ပြီ ...မူလဇာတ်ကြောင်းအရဆို ကျောက်မင်ဇယ်နဲ့ လုကျန်းက ဒီလိုဆက်ဆံရေး မျိုးမှမဟုတ်ဘဲ...ကျောက်မင်ဇယ်သူနဲ့ အတူအိပ်ရအောင် ဘယ်နေရာကများစပြီး လွဲသွားခဲ့တာလဲ...ဖြစ်နိုင်တာက သူကြိုးစားပန်းစားနဲ့ အချစ်ကြီးသမား ပုံဖမ်းလိုက်တာက ဒီ တစ်ကိုယ်တည်းသမားဗီလိန်ကို စိတ်မသက်မသာဖြစ်သွားစေပြီး သဝန်တိုမှုကြောင့် ဒီလိုဖြစ်သွားရတာလား...မတတ်နိုင်ဘူး နည်းနည်းတော့ အပြစ်ရှိသလို ခံစားရသား...

မင်းက ဒီလိုလူစားလို့ မထင်ထားဘူး...'ငါ့ကုမ္ပဏီကို တိတ်တဆိတ် ကြံနေရုံတင်မကဘဲ ငါ့ခန္ဓာကိုယ်ကိုပါ လိုချင်နေသေးး...'

လင်းကျစ်ရန် စိတ်ဓာတ် ကျချင်လာ၏။

ထိုစဥ်မှာပင် တံခါးဖွင့်သံနှင့်အတူ ကျောက်မင်ဇယ်မှာ အခန်းအတွင်းသို့ ဝင်လာသည်။

ဒီတစ်ခါတွင်တော့ လင်းကျစ်ရန် အမျိုးမျိုးတွေးကြည့်သည်။ အရာအားလုံးဖြစ်ပျက်ပြီးမှတော့ သူ့အနေဖြင့် အတတ်နိုင်ဆုံး ဇာတ်ကြောင်းကို ပြန်ဖာထေးရမည်။ ကံကောင်းစွာဖြင့် မနေ့ညက အဖြစ်အပျက်ကို သူနှင့်ကျောက်မင်ဇယ်မှလွဲ၍ ဘယ်သူမှ မသိပါချေ။ ထို့ကြောင့် မတော်တဆ အဖြစ်အပျက်လှလှလေး တစ်ခုအဖြစ်သာ သတ်မှတ်လိုက်သင့်ပေသည်။ ဘာပဲဖြစ်ဖြစ် သူ၏ ဇာတ်ကောင်စရိုက်အရဆို ကောင်းကောင်း အလုပ်ဖြစ်ပါလိမ့်မည်။

လင်းကျစ်ရန် မျက်မှောင်ကြုပ်ကာ ကျောက်မင်ဇယ်အား အေးစက်စွာပင် စိုက်ကြည့်လိုက်သည်။

ကျောက်မင်ဇယ်မှာ အဝတ်စားလဲထားပြီး ဆံပင်ကို ဖြစ်သလို ဖီးသင်ထားရာ ဆံနွယ်များက ဘိုသီဘက်သီ ကျဆင်းလို့နေလျက်...ကြည့်ရတာ အနအခက်တွေ့နေပုံပေါ်ပြီး အနည်းငယ်ပျင်းတိပျင်းရွဲဖြစ်နေပုံပေါ်ကာ သာမန်ဆန်နေပေသည်။ သူ လင်းကျစ်ရန်၏ အမူအရာကိုမြင်ပါသော် မျက်ဝန်းများက မည်းမှောင်လို့သွားရပြီး အလွန်ပင် အပြစ်မကင်းသလို ခံစားလိုက်ရသည့်ဟန်နှင့်....နှုတ်ခမ်းများလှုပ်ကာ ရေရွတ်လိုက်ချေ၏။

" ဆောရီးကွာ... မနေ့ညက သောက်တာများသွားလို့...အကုန်ငါ့အမှားပါ "

လည်လိုက်တာဟေ့!

မနေ့ညက ယောက်ျားရင့်မာကြီးနှစ်ယောက် အရက်မူးပြီး လူးလှိမ့်ခဲ့ကြတာ အသိအသာကြီးပဲလေ...ဒါပေမယ့် မင်းက နည်းနည်းလေးတောင် မတွေဝေပဲ အပြစ်တင်ခံဖို့ အဆင်သင့်ဖြစ်နေတယ်တဲ့...လုကျန်းအနေနဲ့ ကြည့်ရင် သူ့ရဲ့အချစ်ဆုံးသူငယ်ချင်းကို ဘယ်လိုလုပ်ပြီး စကားကြမ်းတွေ ပြောနိုင်မှာလဲ...ကိုယ့်ကိုယ်ကိုတောင် အပြစ်တင်နေဦးမယ်...သူငယ်ချင်းနဲ့ ဒီလိုအမှားမျိုး ကျူးလွန်မိတာက ရှက်စရာကြီး!

လင်းကျစ်ရန်၏ မျက်နှာက အနည်းငယ်တောင့်တင်းလို့နေပြီး ရှက်ရွံ့နေလေသည်။ သူနှုတ်ခမ်းများကို တင်းတင်းစေ့ပိတ်ကာ အချိန်အတော်ကြာမှ စကားပြောလာလေ၏။

" ငါဒီကိစ္စကို မဖြစ်ခဲ့သလို သဘောထားလိုက်မယ် "

ကျောက်မင်ဇယ်က လှောင်ပြုံး ပြုံးလာသည်။

လင်းကျစ်ရန် အိပ်ရာမှထကာ အဝတ်များကို ကောက်ယူပြီး မြန်မြန်ဝတ်လိုက်သည်။ ထို့နောက် အင်္ကျီကော်လာကို ဆွဲဆန့်ကာ ကျောက်မင်ဇယ်အား တည့်တည့်စိုက်ကြည့်လိုက်ပြီး ပြောလိုက်သည်။

" ဒီကိစ္စကို ငါဘယ်သူ့မှမပြောဘူး...မင်းလည်း အဲ့လိုလုပ်ပေးဖို့ မျှော်လင့်ပါတယ် "

ကျောက်မင်ဇယ်က ခေါင်းငြိမ့်ပြပြီး ပြန်ဖြေလာသည်။

" စိတ်ချပါ...ငါဘယ်သူ့ကိုမှမပြောဘူး "

လင်းကျစ်ရန် အနည်းငယ် စိတ်သက်သာရာရသွား၏။ ဒီရှက်စရာကောင်းတဲ့ အခြေအနေကြီးကနေ မြန်မြန်လစ်ထွက် ရမယ်...

သူလှည့်ထွက်ရန် ပြင်လိုက်ပါသော် ကျောက်မင်ဇယ်က ရုတ်တရတ်လှမ်းခေါ်လေသည်။

လင်းကျစ်ရန် ခေါင်းလှည့်ကြည့်လိုက်သည်နှင့် ကျောက်မင်ဇယ်၏ အလွန်အမင်း အားနာနေသည့်မျက်ဝန်းများနှင့် ရင်ဆိုင်လိုက်ရချေသည်။ သူက တိုးပြပြီး အက်ကွဲသော အသံဖြင့် အနည်းငယ် မသာမသာ ဖြစ်နေသလို ပြောလာပါ၏။

" ငါတို့ အရင်တိုင်း သူငယ်ချင်းတွေ ဖြစ်နေကြတုန်းမလား? "

💜💜💜💜💜💜💜

Zawgyi

ေခ်ာေမာသည့္အမ်ိဳးသားတစ္ေယာက္ အိပ္ရာေပၚတြင္ေခြေခါက္လို႔ေနၿပီး သူ၏ မ်က္ခုံးမ်ားက အနည္းငယ္ တြန္႔ခ်ိဳးေနသေယာင္႐ွိေသာ္လည္း အလြန္ပင္ပန္းထား၍ျဖစ္မည္...ခ်က္ခ်င္းပင္ အိပ္ေပ်ာ္သြားပါေတာ့သည္။

ေက်ာက္မင္ဇယ္၏ မ်က္ဝန္းမ်ားက နက္ေမွာင္လ်က္ တစ္ဖက္လူအေပၚသို႔ အုပ္မိုးကာ ထိုလူ၏ ႏႈတ္ခမ္းေထာင့္အားနမ္း႐ိႈက္ၿပီးေသာ္ ထိုမွတစ္ဆင့္ လည္စလုတ္ဆီသို႔ နိမ့္ဆင္းလာကာ ခပ္ဖြဖြ ဖိကိုက္ လိုက္ေခ်သည္။

ထိုလူက ' အင့္ခနဲ ' ညည္းေလသည္။

ေက်ာက္မင္ဇယ္မွာ ထိုလူ၏လက္ေကာက္ဝတ္အား ႐ုတ္တရတ္ တင္းက်ပ္စြာ ဆုပ္ကိုင္လိုက္ၿပီး သက္ျပင္းတစ္ခ်က္ ခ်ကာ ​ျဖည္းညႇင္းစြာ လႊတ္ေပးလိုက္ေခ်သည္။ သူ အလြန္အမင္း စိတ္မထိန္းႏိုင္ ျဖစ္သြားခဲ့ရသည္။

ထို႔ေနာက္ ေစာင္ကိုဆြဲကာ လင္းက်စ္ရန္အားျခဳံေပးလိုက္ၿပီး ၾကမ္းျပင္တြင္ ျပန္႔က်ဲေနသည့္ အဝတ္မ်ားအား ေကာက္ယူလိုက္ေသာ္ တစ္ဖက္လူ၏ ေဘာင္းဘီအိပ္ကပ္ထဲမွ မာ​ေက်ာသည့္ဗူးေလးတစ္ခု အား ႐ွာေတြ႕သြား ေလရာ ဖြင့္ၾကည့္လိုက္ပါေသာ္ ပလက္တီနမ္ လက္စြပ္တစ္စုံအား ျမင္လိုက္ရေလသည္။

ေက်ာက္မင္ဇယ္၏ မ်က္လုံးမ်ားက ႐ုတ္တရတ္ မႈန္ကုပ္လို႔ သြားခဲ့ၿပီး လင္းက်စ္ရန္ သူ႕အား မေန႔က ေျပာခဲ့တာကို မွတ္မိလို႔သြား ေလ၏။ ဒါဆိုမင္းက ဝမ္းယြီကို လက္ထပ္ခြင့္ေတာင္းဖို႔စီစဥ္ထားတာေပါ့...ဒါေပမယ့္ ဝမ္းယြီက ေရာက္မလာခဲ့ဘူးေလ...

ဒါေတာင္မွ မင္းက သူ႕ကိုအရမ္းခ်စ္၊ အရမ္းကိုဂ႐ုစိုက္ေနေသးၿပီး လိုလိုလားလား အနစ္မြန္းခံေနေသးတယ္ေပါ့....

အာ....

ေက်ာက္မင္ဇယ္၏ ႏႈတ္ခမ္းပါးမ်ားက ေလွာင္ေထ့စြာျဖင့္ ေကြးၫႊတ္လို႔ သြားေခ်၏။ သူလက္စြပ္ဗူးအား ေဘာင္းဘီအိပ္ကပ္ထဲသို႔ ျပန္ထည့္လိုက္ကာ ေဘာင္းဘီႏွင့္အတူလက္စြပ္ကိုပါ အမိႈက္တစ္စလို ၾကမ္းျပင္ေပၚသို႔ပစ္ထုတ္လိုက္ေလသည္။

........................

တကယ္ေကာင္းတဲ့ အိပ္မက္ပဲ...

လင္းက်စ္ရန္ အနည္းငယ္ လူးလွိမ့္ၿပီးမွ မ်က္လုံးဖြင့္ၾကည့္လိုက္ေလသည္။

ဒီအိမ္က...ဘာလို႔အရမ္း စိမ္းသက္ေနပါလိမ့္...

မေန႔ညက သူ ေက်ာက္မင္ဇယ္နဲ႔ အတူေသာက္ၿပီး အိမ္ျပန္လိုက္ပို႔ေပးဖို႔ ေျပာခဲ့တာဘဲ...

ေနပါအုံး...ဒါသူ႕အိမ္လည္းမဟုတ္ဘူး!

လင္းက်စ္ရန္ ေနာက္ဆုံးတြင္ေတာ့ လုံးဝႏိုးၾကားသြားၿပီး ခ်က္ခ်င္းထထိုင္လိုက္ပါေသာ္လည္း သူ၏ခႏၶာကိုယ္တစ္ခုလုံးက နာက်င္ကိုက္ခဲလို႔ ေနေလရာ စုတ္သပ္လိုက္ၿပီး ေစာင္ကိုဖယ္ကာ ၾကည့္လိုက္သည္။ မေန႔ညက တကယ္ေတာ့ ဘာမွ ခုန္ေပါက္ကစားေနတဲ့ အိပ္မက္မဟုတ္ဘူးေဟ့...တကယ္ေတာ့ ဒါႀကီးက တကယ္ႀကီးဟ!

[လင္းက်စ္ရန္: ငါညစ္ပတ္သြားၿပီ ]

[system:? ]

[လင္းက်စ္ရန္: ငါမသန္႔႐ွင္းေတာ့ဘူး...]

[System မွာလည္း အျပစ္႐ွိသလိုခံစားလိုက္ရၿပီး: ကြၽန္ေတာ္မေန႔က လူျကီးမင္း ကို အႀကိမ္ေပါင္းမ်ားစြာေအာ္ေခၚတာဘဲ၊ ဒါေပမယ့္ လူႀကီးမင္း ကအရမ္းမူးေနၿပီး...ကြၽန္ေတာ္႕ကို အဖက္ေတာင္မလုပ္ဘူး ]

[ လင္းက်စ္ရန္: ငါဘယ္လိုလုပ္ရမလဲ ။ အဓိကဇာတ္လိုက္shouကို ႀကိဳက္ေနတဲ့ ဇာတ္ပို႔gongအေနနဲ႔၊ ဘယ္လိုပဲ ဇာတ္လိုက္ရဲ႕ အလြဲသုံးစားလုပ္တာ ခံေနရပါေစဦး...သူ႕ကိုငါ့ရဲ႕ ႐ုပ္နဲ႔နာမ္လိုသေဘာထားၿပီး ခႏၶာကိုယ္ကို ေက်ာက္စိမ္း႐ုပ္တုလို ကာကြယ္ေစာင့္ေ႐ွာက္ေပးရမွာကြ၊ အခုေတာ့ ငါကိုယ္တိုင္က တစ္ျခားလူတစ္ေယာက္ေအာက္မွာ အဖိခံလိုက္ရၿပီ၊ စာဖတ္ပရိတ္သတ္ရဲ႕ အဆဲ​ခံရေတာ့မွာပဲ! ]

[System:...အိုး]

စကားဆုံးေသာ္ လင္းက်စ္ရန္မွာ မ်က္ႏွာကိုလက္ျဖင့္အုပ္ကိုင္လိုက္ေခ်ၿပီး အခ်ိန္အေတာ္ၾကာမွ လက္ေခ်ာင္းမ်ားၾကားမွ ဂႏွာမၿငိမ္ေသာ မ်က္ဝန္းတစ္စုံလွစ္ဟာလာကာ မေကာင္းတာတစ္ခုခု လုပ္မိထားသည့္ လူတစ္ေယာက္ကဲ့သို႔။

[ လင္းက်စ္ရန္၏ မ်က္ႏွာက နီရဲလို႔ေနပါၿပီး: အဟြတ္...ေျပာရရင္ေတာ့ ဒီgameက ဒီလိုမ်ိဳးအေတြအၾကဳံေတြကိုပါ ထည့္ထားတာလား...ဒါက ၁၈ႏွစ္ေအာက္ေတြ ကို တားျမစ္ထားတယ္ေလ... ]

[ systemက ခံစားခ်က္မဲ့စြာျဖင့္: hostဒီgameထဲ log in စလုပ္ေတာ့ game idမွာကတည္းက အသက္ျပည့္ၿပီးေၾကာင္း အတည္ျပဳၿပီးသား မို႔ သက္ငယ္ကာကြယ္ျခင္းmodeကိုမဖြင့္ထားပါဘူး။ ဒါေၾကာင့္ gameရဲ႕ အေကာင္းဆုံး ဝန္ေဆာင္မႈ အေတြ႕အၾကဳံေတြကို ခံစားရျခင္းျဖစ္ပါတယ္]

ဝိုး...ဒီလိုကိုး!

သူ႐ုတ္တရတ္ပင္ စိတ္လႈပ္႐ွားမႈမ်ားက တစ္ဖ်ဥ္းဖ်ဥ္း ျမင့္တက္လာေခ်၏။ ေက်ာက္မင္ဇယ္၏ မ်က္ႏွာအား ျပန္ေတြးၾကည့္ပါေသာ္ ဘယ္႐ႈေထာင့္ကပဲ ၾကည့္ၾကည့္ သူ႕တြင္ နစ္နာစရာအ​ေၾကာင္း မ႐ွိပါေခ်။ ဒီလိုမ်ိဳး ထိပ္တန္းအရည္အေသြး ျမင့္သည့္ အမ်ိဳးသားမွာ တကယ့္ကမ႓ာအစစ္တြင္ ႐ွားမွ႐ွား၊ တကယ္လို႔ ႐ွာေတြ႕ခဲ့ပါလည္း သင့္တြင္ ၾကည့္ခြင့္သာ႐ွိၿပီး ထိခြင့္မ႐ွိ...ဒီgameက အရမ္း ကိုေရပန္းစားေနတာလည္း မဆန္းပါဘူး။

[ လင္းက်စ္ရန္ ခဏမွ်ေတြးေနၿပီးပါေသာ္ သူ system အထင္လြဲေအာင္ လုပ္မိလိုက္သလို ခံစားလိုက္ရသျဖင့္: ငါ့လိုတည္ၿငိမ္တဲ့လူတစ္ေယာက္အေနနဲ႔၊ ဒီလိုဝန္ေဆာင္မႈမ်ိဳးကို ဘယ္တုန္းကမွေတြးမထား ခဲ့ဘူး...ဒါေတာ့ယုံေပးေနာ္ ]

[System: ဟားဟား] ဖုံးေလ ေပၚေလ ဆိုတာ ၾကားဖူးလားဟင္?

လင္းက်စ္ရန္ တစ္ခဏမွ် ေစ့စပ္စြာ ေတြးေတာေနမိသည္။ ေက်ာက္မင္ဇယ္က ဘာလို႔သူနဲ႔အိပ္ခ်င္ရတာလဲ...

ဒါကလုံးဝ ဇာတ္ေၾကာင္းနဲ႔ ေသြဖည္သြားခဲ့ၿပီ ...မူလဇာတ္ေၾကာင္းအရဆို ေက်ာက္မင္ဇယ္နဲ႔ လုက်န္းက ဒီလိုဆက္ဆံေရး မ်ိဳးမွမဟုတ္ဘဲ...ေက်ာက္မင္ဇယ္သူနဲ႔ အတူအိပ္ရေအာင္ ဘယ္ေနရာကမ်ားစၿပီး လြဲသြားခဲ့တာလဲ...ျဖစ္ႏိုင္တာက သူႀကိဳးစားပန္းစားနဲ႔ အခ်စ္ႀကီးသမား ပုံဖမ္းလိုက္တာက ဒီ တစ္ကိုယ္တည္းသမားဗီလိန္ကို စိတ္မသက္မသာျဖစ္သြားေစၿပီး သဝန္တိုမႈေၾကာင့္ ဒီလိုျဖစ္သြားရတာလား...မတတ္ႏိုင္ဘူး နည္းနည္းေတာ့ အျပစ္႐ွိသလို ခံစားရသား...

မင္းက ဒီလိုလူစားလို႔ မထင္ထားဘူး...'ငါ့ကုမၸဏီကို တိတ္တဆိတ္ ၾကံေန႐ုံတင္မကဘဲ ငါ့ခႏၶာကိုယ္ကိုပါ လိုခ်င္ေနေသးး...'

လင္းက်စ္ရန္ စိတ္ဓာတ္ က်ခ်င္လာ၏။

ထိုစဥ္မွာပင္ တံခါးဖြင့္သံႏွင့္အတူ ေက်ာက္မင္ဇယ္မွာ အခန္းအတြင္းသို႔ ဝင္လာသည္။

ဒီတစ္ခါတြင္ေတာ့ လင္းက်စ္ရန္ အမ်ိဳးမ်ိဳးေတြးၾကည့္သည္။ အရာအားလုံးျဖစ္ပ်က္ၿပီးမွေတာ့ သူ႕အေနျဖင့္ အတတ္ႏိုင္ဆုံး ဇာတ္ေၾကာင္းကို ျပန္ဖာေထးရမည္။ ကံေကာင္းစြာျဖင့္ မေန႔ညက အျဖစ္အပ်က္ကို သူႏွင့္ေက်ာက္မင္ဇယ္မွလြဲ၍ ဘယ္သူမွ မသိပါေခ်။ ထို႔ေၾကာင့္ မေတာ္တဆ အျဖစ္အပ်က္လွလွေလး တစ္ခုအျဖစ္သာ သတ္မွတ္လိုက္သင့္ေပသည္။ ဘာပဲျဖစ္ျဖစ္ သူ၏ ဇာတ္ေကာင္စ႐ိုက္အရဆို ေကာင္းေကာင္း အလုပ္ျဖစ္ပါလိမ့္မည္။

လင္းက်စ္ရန္ မ်က္ေမွာင္ၾကဳပ္ကာ ေက်ာက္မင္ဇယ္အား ေအးစက္စြာပင္ စိုက္ၾကည့္လိုက္သည္။

ေက်ာက္မင္ဇယ္မွာ အဝတ္စားလဲထားၿပီး ဆံပင္ကို ျဖစ္သလို ဖီးသင္ထားရာ ဆံႏြယ္မ်ားက ဘိုသီဘက္သီ က်ဆင္းလို႔ေနလ်က္...ၾကည့္ရတာ အနအခက္ေတြ႕ေနပုံေပၚၿပီး အနည္းငယ္ပ်င္းတိပ်င္း႐ြဲျဖစ္ေနပုံေပၚကာ သာမန္ဆန္ေနေပသည္။ သူ လင္းက်စ္ရန္၏ အမူအရာကိုျမင္ပါေသာ္ မ်က္ဝန္းမ်ားက မည္းေမွာင္လို႔သြားရၿပီး အလြန္ပင္ အျပစ္မကင္းသလို ခံစားလိုက္ရသည့္ဟန္ႏွင့္....ႏႈတ္ခမ္းမ်ားလႈပ္ကာ ေရ႐ြတ္လိုက္ေခ်၏။

" ေဆာရီးကြာ... မေန႔ညက ေသာက္တာမ်ားသြားလို႔...အကုန္ငါ့အမွားပါ "

လည္လိုက္တာေဟ့!

မေန႔ညက ေယာက်္ားရင့္မာႀကီးႏွစ္ေယာက္ အရက္မူးၿပီး လူးလွိမ့္ခဲ့ၾကတာ အသိအသာႀကီးပဲေလ...ဒါေပမယ့္ မင္းက နည္းနည္းေလးေတာင္ မေတြေဝပဲ အျပစ္တင္ခံဖို႔ အဆင္သင့္ျဖစ္ေနတယ္တဲ့...လုက်န္းအေနနဲ႔ ၾကည့္ရင္ သူ႕ရဲ႕အခ်စ္ဆုံးသူငယ္ခ်င္းကို ဘယ္လိုလုပ္ၿပီး စကားၾကမ္းေတြ ေျပာႏိုင္မွာလဲ...ကိုယ့္ကိုယ္ကိုေတာင္ အျပစ္တင္ေနဦးမယ္...သူငယ္ခ်င္းနဲ႔ ဒီလိုအမွားမ်ိဳး က်ဴးလြန္မိတာက ႐ွက္စရာႀကီး!

လင္းက်စ္ရန္၏ မ်က္ႏွာက အနည္းငယ္ေတာင့္တင္းလို႔ေနၿပီး ႐ွက္႐ြံ႕ေနေလသည္။ သူႏႈတ္ခမ္းမ်ားကို တင္းတင္းေစ့ပိတ္ကာ အခ်ိန္အေတာ္ၾကာမွ စကားေျပာလာေလ၏။

" ငါဒီကိစၥကို မျဖစ္ခဲ့သလို သေဘာထားလိုက္မယ္ "

ေက်ာက္မင္ဇယ္က ေလွာင္ျပဳံး ျပဳံးလာသည္။

လင္းက်စ္ရန္ အိပ္ရာမွထကာ အဝတ္မ်ားကို ေကာက္ယူၿပီး ျမန္ျမန္ဝတ္လိုက္သည္။ ထို႔ေနာက္ အက်ႌေကာ္လာကို ဆြဲဆန္႔ကာ ေက်ာက္မင္ဇယ္အား တည့္တည့္စိုက္ၾကည့္လိုက္ၿပီး ေျပာလိုက္သည္။

" ဒီကိစၥကို ငါဘယ္သူ႕မွမေျပာဘူး...မင္းလည္း အဲ့လိုလုပ္ေပးဖို႔ ေမွ်ာ္လင့္ပါတယ္ "

ေက်ာက္မင္ဇယ္က ေခါင္းၿငိမ့္ျပၿပီး ျပန္ေျဖလာသည္။

" စိတ္ခ်ပါ...ငါဘယ္သူ႕ကိုမွမေျပာဘူး "

လင္းက်စ္ရန္ အနည္းငယ္ စိတ္သက္သာရာရသြား၏။ ဒီ႐ွက္စရာေကာင္းတဲ့ အေျခအေနႀကီးကေန ျမန္ျမန္လစ္ထြက္ ရမယ္...

သူလွည့္ထြက္ရန္ ျပင္လိုက္ပါေသာ္ ေက်ာက္မင္ဇယ္က ႐ုတ္တရတ္လွမ္းေခၚေလသည္။

လင္းက်စ္ရန္ ေခါင္းလွည့္ၾကည့္လိုက္သည္ႏွင့္ ေက်ာက္မင္ဇယ္၏ အလြန္အမင္း အားနာေနသည့္မ်က္ဝန္းမ်ားႏွင့္ ရင္ဆိုင္လိုက္ရေခ်သည္။ သူက တိုးျပၿပီး အက္ကြဲေသာ အသံျဖင့္ အနည္းငယ္ မသာမသာ ျဖစ္ေနသလို ေျပာလာပါ၏။

" ငါတို႔ အရင္တိုင္း သူငယ္ခ်င္းေတြ ျဖစ္ေနၾကတုန္းမလား? "

💜💜💜💜💜💜💜

Continue Reading

You'll Also Like

108K 15.2K 71
'' အကောင်ပေါက်လေး ဒီကိုလာ ပြီးတော့ မင်းရဲ့ချစ်စရာ ကောင်းမှု တွေကို ပြသ ပေး!'' English title ' Little orc comes hear , show off your cuteness! '' Titl...
3.3M 206K 92
ဘုန်းပြည့်ချမ်းဟန်ဆိုတာ ချမ်း, တစ်ယောက် တည်းရဲ့အမည်နာမပဲဖြစ်စေရမယ်...။ 1.10.2021 >> 6.2.2022
154K 4.9K 38
ကျွန်တော်ဘဝမှာဘာကိုမှမျှော်လင့်ချက်မထားတော့တာတော်တော်ကြာပြီးကိုကို။ဒါပေမဲ့ကိုကိုကိုတွေ့ပြီးထဲကကျွန်တော်ကို့ကို့အချစ်ကိုမျှော်လင့်ချက်ထားခဲ့တယ်။အဲ့မျှ...
1.3M 149K 178
Description မရေးတော့ဘူနော်။ရေးရင် တင်မရတော့လို့။ IQ team ထံမှ တစ်ဆင့်ပြန်တင်ပြီးဖော်ပြဖို့ ခွင့်ပြုချက်ရပြီးသားပါရှင့်။ဒီစာစဥ်လေးက IQ team အပိုင်ဖြစ်...