ဆယ်နှစ်ထက်မကမင်းကိုပိုပြီးချစ...

By pngon677

264K 24.4K 686

..Myanmar Translation of The Ten Years that I loved You Most COO ..81Chapters +5extras Original Author 无仅死 ... More

Announced(U+Z)
စာမြှားချိတ် (U+Z)
Start To(U+Z)
EP1(U+Z)
EP2(U+Z)
EP3(U+Z)
EP4(U+Z)
EP5(U+Z)
EP6(U+Z)
EP7(U+Z)
EP8(U+Z)
EP9(U+Z)
EP10(U+Z)
EP11(U+Z)
EP12(U+Z)
EP13(U+Z)
EP14(U+Z)
EP15(U+Z)
EP16(U+Z)
EP17(U+Z)
EP18(U+Z)
EP19(U+Z)
EP20(U+Z)
EP21(U+Z)
EP22(U+Z)
EP23(U+Z)
EP24(U+Z)
EP25(U+Z)
EP26(U+Z)
EP27(U+Z)
EP28(U+Z)
EP29(U+Z)
EP30(U+Z)
EP32(U+Z)
EP33(U+Z)
EP34(U+Z)
EP35(U+Z)
EP36(U+Z)
EP37(U+Z)
EP38(U+Z)
EP39(U+Z)
EP40(U+Z)
EP41(U+Z)
EP42(U+Z)
EP43(U+Z)
EP44(U+Z)
EP45(U+Z)
EP46(U+Z)
EP47(U+Z)
EP48(U+Z)
EP49(U+Z)
EP50(U+Z)
EP51(U+Z)
EP52(U+Z)
EP53(U+Z)
EP54(U+Z)
EP55(U+Z)
EP56(U+Z)
EP57(U+Z)
EP58(U+Z)
EP59(U+Z)
EP60(U+Z)
EP61(U+Z)
EP62(Ū+Z)
EP63(U+Z)
EP64(U+Z)
EP65(U+Z)
EP66(U+Z)
EP67(U+Z)
EP68(U+Z)
EP69(U+Z)
EP70(U+Z)
EP71(U+Z)
EP72(U+Z)
EP73(U+Z)
EP74(U+Z)
EP75(U+Z)
EP76(U+Z)
EP77(U+Z)
EP78(U+Z)
EP79(U+Z)
EP80(U+Z)
EP81(U+Z)
EP82(U+Z)
EP83(U+Z)
EP84(U+Z)
EP85(U+Z)
EP86(U+Z)
Thank You (U+Z)
Announce (U+Z)

EP31(U+Z)

2.2K 293 10
By pngon677

EP31ဒေါက်တာအိုက်၏ချစ်စကား

ကျန်းဝမ်ရွှီသည် ခုရက်ပိုင်း သူ၏ ရှုပ်ပွေမှုများကိုရပ်တန့်ထားပုံရနေသည်။
ကျစ်ရှု၏ အမြင်တွင် အနည်းဆုံးတော့
သူ အိမ်ပြန်လာရန် သိတတ်နေသည်ဟု
တွေ့မြင်လာရသည်။အချိန်မှီပုံမှန်
အလုပ်သွားပြီး အိမ်သို့ မည်မျှ ပင်
နောက်ကျစေကာမူ အိမ်ပြန်လာလေ့
ရှိနေခဲ့လေသည်။

ဟယ်ကျစ်ရှု၏ ရောဂါအခြေအနေသည်
ယခင်အတိုင်းပင်ရှိနေခဲ့ရင်းအရမ်း လဲ ကောင်းလာခြင်းမရှိသလိုထိန်းချုပ်နိုင်
သည်ဟုလည်း မဆိုနိုင်ရှိနေခဲ့ရသည်။
ကျစ်ရှုသည် ဆေးရုံသို့ အကြိမ်ကြိမ်
သွားခဲ့သည်တိုင်အောင်ဒေါက်တာအိုက်
သည် သူ့ကိုပင်တမင်ရှောင်နေခဲ့သည်
ကိုတွေ့ခဲ့ရလေသည် ။

ဟယ်ကျစ်ရှုသည် အိုက်ကျိယွီ
အလုပ်များနေသည်ဟုသာ
သဘောပိုက်ထားရင်း သူ၏ဆရာဝန်
ပြောင်းလဲမှုနှင့် ပတ်သက် ပြီး
များစွာ စောဒက မတက်မိခဲ့ပေ။
သို့သော် အိုက်ကျိယွီသည် ရုံးခန်းမှ
အထွက် သူ့အားမမြင်ချင်ယောင်
ဆောင်သွားခဲ့သောအခါမှသာ
သူတခုနားလည်ခဲ့သည်ကား
ဒေါက်တာအိုက်ကသူ့အားတမင်ရှောင်နေခြင်းဖြစ်သည်ကိုပင်ဖြစ်လေသည်။

ဟယ်ကျစ်ရှုသည် ဘာကြောင့် ပင်
အိုက်ကျိယွီသည် သူ့အပေါ်
စိမ်းကားသွားသည်ကို နားမလည်ခဲ့ပေ။
သူထင်မြင်ခဲ့သည်က ဒေါက်တာအိုက်သည်
အမြဲလို ဂရုစိုက် နွေးထွေးပေးခဲ့သည်။
ထိုတစ်ခုဖြင့်ပင် သူတို့နှစ်ဦး အခင်မင်ဆုံး
သူငယ်ချင်းများအ ဖြစ်သတ်မှတ်လို့
ရနိုင်ပေသည်။ သို့သော် ဘာအကြောင်းကြောင့်များ ဒေါက်တာအိုက်သည်
သူ့အပေါ် အေးစက်သွားရပါသနည်း။
ကျစ်ရှုသည် လူတို့၏ ခံစားချက်များနှင့်
လူတချို့ကို ရှုပ်ထွေးမှုများကြောင့်ပင်
နားမလည်နိုင်ဖြစ်လျက်ရှိ နေခဲ့ရလေသည်။

ဟယ်ကျစ်ရှုသည် ဓာတုကုထုံးအတွက်
ဆေးရုံသို့လာခဲ့ရသည်။ယခု တစ်ခေါက်သည် ဒီလ၏ 3ကြိမ်မြောက်ဖြစ်ပြီး
မည်သူမှ သူ့ဘေးမှာရှိမနေခဲ့ဘဲ
သူတစ်ယောက်ထဲသာကုသမှုကို
ခံယူ ခဲ့ရသည်။

ဓာတုကုထုံးသည် အလွန်ပင်ကြာမြင့်ပြီး
ယခင်ထက်ပင် ပိုမို၍ နာကျင်ရသော
ကြောင့်သူ၏ မှတ်ညာဏ်များသည်
လက်ရှိ ဖြစ်ပျက်နေသော ဆောင်းရာသီ၏
အလွန်ပင် အေးချမ်းမှုနှင့် လေတိုက်နှုန်း
ပြင်းထန်နေသည်ကိုလည်း သူမသိနိုင်
သူသိသည်က မီးခိုးရောင်ကောင်းကင်
အဖြစ် မြင်နေသော ဆေးရုံ၏မျက်နှာကျက်
ဖြူဖြူရှိ နှင်းမှုန် လေးများပင် ဖြစ်လေသည်။

ဓာတု ဆေးသွင်း ကုသမှု ခံယူပြီး နောက် ဆယ်မိနစ်မျှတွင် သူနိုးလာခဲ့လေသည်။
သူသည် နံရံကို လက်ဖြင့်အားပြုထိန်းကိုင်လျှောက်သွားကာမျက်နှာမှာဆေးသွင်းထားမှုကြောင့်နာကျင်မှုတိူ့ဖြင့်ဖြူဖျော့နေရင်း
နှင်းငွေ့များနှင့်အတူ နံရံမှာလဲ ရွဲစိုလျက်
ရှိနေခဲ့သည်။သူသည် ပိန်ပါးသောခန္ဓာကိုယ်
နှင့် အားငယ်စိတ် အထီးကျန်စိတ်တိူ့ဖြင့်
ခဏမျှ ထိုင်ချမိလိုက်သည်။

ခေါင်းကိုက်ခြင်းနှင့် ဓာတုကုထုံး၏
နောက်ဆက်တဆိုးကျိုးများ ဖြစ်သော ပျို့အန်စေမှုတို့ကသူ့အားလမ်းပင်မလျှောက်နိုင်သည်အထိဆိုးဝါးနေစေသောကြောင့်ပင်ဖြစ်သည်။သူ၏ မျက်စိများမှာမှုန်ဝါးလာစေရင်းခြေထောက်ပင်ဆက်မရပ်နိုင်တော့သောကြောင့် ဖြေးဖြေးချင်းထိုင်ချလိုက်ရင်း
မူးဝေခြင်းကိုလည်းခံစားနေရလျက် ရှိနေခဲ့လေသည်။အချိန်ခဏမျှအကြာမျက်လုံးဖွင့်လိုက်ချိန်၌ သူ့ရှေ့တွင်လူတစ်ယောက်ရှိနေသည်ကို သူတွေ့လိုက်ရသည်။သူ့မျက်လုံးများမော့ကြည့်လိုက်ချိန်၌အဖြူရောင်ကုတ် လေးနှင့်အတူ ချောမောကာသဘောထား
ပြည့်ဝသောမျက်နှာလေးတစ်ခုကိုတွေ့လိုက်ရသည်။

"ကိုယ့်ရုံးခန်းမှာခဏအနားယူလိုက်ပါလား"

အိုက်ကျိယွီသည် သူ့အား ဂရုဏာသက်စွာ
ကြည့်ရင်း ပြောလာခဲ့လေသည်။
အိုက်ကျိယွီ၏ မျက်ဝန်းညို ထဲတွင်နားလည်နိုင်ခြင်းမရှိသောဝမ်းနည်းမှုအရိပ်တို့ဖြင့်
ပြည့်နှက်လျက်ရှိနေခဲ့ သည်။

ဟယ်ကျစ်ရှုသည် ခေါင်းခါပြလိုက်ရင်း
နှုတ်ခမ်းများကို ဖိကိုက်ကာ ထရပ်ဖို့
ပြင်သော်လည်း သူ့အတွက် မတ်တပ်ရပ်ဖို့ပင်
အလွန််ခက်ခဲလျက် ရှိနေခဲ့ရလေသည်။
အိုက်ကျိယွီသည် သူ့ကို ပုံမှန်အတိုင်း
ဖေးမကာ ဆွဲထူမှု လုပ်မပေးခဲ့ဘဲထိုအစား ရုတ်တရက်ပင်သူ့အားလက်မောင်းများဖြင့်ပွေ့ချီကာ သယ်မလိုက်သည်ကိုတွေ့လိုက်
ရသည်။

"ဒေါက်တာ "

ဟယ်ကျစ်ရှုသည် ရုတ်တရက်
အံ့သြ သွားခဲ့ရင်း ဝမ်းနည်းစိတ်ကြောင့်ပင် မျက်ရည်များပင် ကျဆင်းလာသည်အထိ
ငိုလိုက်မိလေသည်။

အိုက်ကျိယွီသည် ဘယ်သူ့ကိုမှဂရုစိုက်ဟန်
မရှိဘဲ ကျစ်ရှုအား ပွေ့ချီကာ လှမ်းလျှောက်လာခဲ့သည်။သို့သော် သူသည်ရုတ်တရက် ကျစ်ရှုရှက်ရွံ့မှု မဖြစ်ပေါ်စေဖို့

"ဘေးဖယ် အရေးပေါ် အရေးပေါ် "

ဟု အော်လိုက်သည်။
သူတို့အား ကြည့်နေသောပတ်ဝန်းကျင်ရှိ
နပ်စ်မလေးများနှင့် လူအများသည်
ယခုမှပင် သံသယကင်းစွာနားလည်သွားကြရင်း လမ်းဖယ်ပေးလျက်သူတို့အားကြည့်နေကြလေသည်။

နားနေခန်း၏အပြင်အဆင်သည်
ယခင်အတိုင်းပင်များစွာမပြောင်းလဲခဲ့သော်လည်းဂွမ်းစောင်လေးမှာမူနေရောင်နှင့်ထိတွေ့ခွင့်နည်းပါးသည်ထင်လျက် အနည်းငယ်စိုထိုင်းစပြုနေခဲ့လေသည်။

"ကျေးဇူးတင်ပါတယ် ဒေါက်တာ"

ဟယ်ကျစ်ရှုသည် စိတ်မငြိမ်သေးလျက်
အိုက်ကျိယွီအား နီမြန်းသောမျက်နှာလေးဖြင့်
ပြုံးပြကာ စကားဆိုခဲ့မိလေသည်။

အိုက်ကျိယွီသည် သူ့အားဘာမှမပြောဘဲ
ခေါင်းကိုငုံ့ချလိုက်ရင်းသူ့အား ငြင်ငြင်သာသာပင် အိပ်ရာပေါ် သို့ချပေးလိုက်လေသည်။ ထိုနောက်အိုက်ကျိယွီသည်ခဏမျှ တိတ်ဆိတ်စွာ ရှိနေခဲ့သည်။

ဟယ်ကျစ်ရှု နှုတ်ခမ်းအစွန်းလေးအားဖိကိုက်ထားရင်း အိုက်ကျိယွီ၏ဂျူတီကုတ် အဖြူရောင်လေး၏အကျီလက်အဖျားစွန်းလေးအားနှစ်ကြိမ်မျှ ဆွဲကာ မေးလိုက်လေသည်။

"ဒေါက်တာ ဘာဖြစ်လို့လဲဟင်
တခုခု ဖြစ်လို့လား"

ဒေါက်တာအိုက်သည် သူ့အား ဆို့နစ်စွာ
ကြည့်လာရင်း ရုတ်တရက်ပင်သူ့အား
တင်းကြပ်စွာ ပွေ့ဖက်လာရင်းငိုသံများစွက်လျက်သူ့အားပြောလာခဲ့လေသည်။

"ကျစ်ရှုရယ် ကိုယ်တောင်းပန်ပါတယ်
တောင်းပန်ပါတယ် ...
တကယ်... တောင်းပန်ပါတယ်!

အိုက်ကျိယွီ၏ မျက်လုံးများသည်
နီရဲနေလျက်နင့်နင့်သီးသီးပင်စိတ်မကောင်းဖြစ်လျက်ရှိပြီး သူ့အတွက် အိုက်ကျိယွီဘေးမှာရှိခြင်းသည်အနည်းငယ်သန်မာလာစေသည်ဟုပင်သူခံစားနေရသည်။

"ရိုးတွင်းချဥ်ဆီ ရိုးတွင်းချဥ်ဆီက လေ"

အိုက်ကျိယွီသည် အသံသည်ခဏမျှ
ပြတ်တောက်သွားရင်း

"ကိုယ် မင်းနဲ့ ကိုက်တဲ့ ရိုးတွင်းချဥ်ဆီကို
ရှာ တွေ့ခဲ့တယ် ဒါပေမယ့် မြို့တော်ဝန်ရဲ့
သားကလဲ အရေးတကြီးလိုအပ်နေတယ်
စမ်းသပ်မှုတွေ လုပ်ပြီးပြီးချင်းဘဲ
သူက တခြားတစ်ယောက်အတွက်
အဲဒီ ရိုးတွင်းချဥ်ဆီကို ယူသွားကြတယ်တဲ့"

ဟယ်ကျစ်ရှုသည် အလွန်ပင်
အံ့အားသင့်သွားခဲ့ရင်း ထို့နောက်ရယ်လျက်

"အော် အဲဒါကြောင့်လား
ဘာမှ မဖြစ်ပါဘူး အရေးမကြီးဘူး
ကျွန်တော်က ဒေါက်တာများ တစ်ခုခု
ဘာများဖြစ်လဲ စိတ်ပူသွားတာ"

ဟယ်ကျစ်ရှုသည် သူ့စိတ်ထဲ၌ ဝမ်းနည်းသွားခဲ့သော်လည်း နူးညံ့သောအသံဖြင့်
ပြောလိုက်ရင်း အိုက်ကျိယွီ၏ ကျောပြင်အား
ဖွဖွပုတ်ကာ နှစ်သိမ့်ပေးလိုက်သည်။

"နောက်တကြိမ် သင့်တော်တာလဲ
ထပ်တွေ့နိုင်တာဘဲ မြို့တော်ဝန်ရဲ့သားက
ကျွန်တော့်ထက် ပို အရေးကြီးတယ်လေ
အဲဒါ ကြောင့် သူနဲ့ထိုက်တန်လို့ရတာဘဲ
ဘာမှမဖြစ်ပါဘူး"

"မဟုတ်ဘူး သူ့အတွက်မဟုတ်ဘူး
မြို့တော်ဝန်ရဲ့သားကနေမကောင်းဖြစ်နေတဲ့ သူ့ချစ်သူအတွက်တဲ့...သူ ကိုယ်တိုင်အတွက် မဟုတ်ဘဲတမင် အာဏာဗန်းပြပြီးယူသွားတာ အဲ့လူ တကယ်ဆိုးရွားလွန်းတယ်"

ဟယ်ကျစ်ရှုသည် သူ့အတွက် နှင့်
ပေါက်ကွဲ နေသောအိုက်ကျိယွီ အား
သူမည်သို့ဖြောင်းဖျရမည်ကို စဥ်းစား
နေခဲ့လေသည်။ တကယ် တော့ ရိုးတွင်းခြင်ဆီ ရှာတွေ့ဖို့ဆိုသည်မှာ
မလွယ်ကူမှန်း သူသိသည်။သူသည် ရိုးတွင်းခြင်ဆီအား အချိန်မှီမရ ရှိပါက သေဆုံးနိုင်ကိုလည်းသူသိသည်။သို့သော်
သူကကံတရားကြီးအားအလုံး စုံပုံအပ်ထားသည်မို့ဤသည်လည်း သူ့၏ကံ ပင်ဖြစ်ပေသည်ဟုသူမှတ်ယူမိသည်။

"ကိုယ်... ကိုယ့်ရဲ့ အကိုကို
အကူအညီတောင်းထားတယ်
နည်းလမ်း တစ်ခုခုနဲ့ရအောင်ရှာပေးဖို့ "

ဟယ်ကျစ်ရှုသည် ရိုးတွင်းခြင်ဆီ
မရ ခြင်းကြောင့်မဟုတ်ဘဲအိုက်ကျိယွီက
သူ့အပေါ်အလွန်ပင်ကောင်းပေးပြီး
သူ့အတွက် စိုးရိမ်ပေးနေသောကြောင့်
သူတကယ်ပင်စိတ်မကောင်းဖြစ်နေမိသည်။
သူမငိုမိအောင်အားတင်းထားသော်လည်း
သူ့ကို တကယ်နွေးထွေးပေးသောသူအတွက်
သူဖက်မှ ဘာမှပြန်မပေးနိုင်သောကြောင့်
မျက်ရည်များစွာ ကျဆင်းလာခဲ့ရလေသည်။

"ဒေါက်တာ ....ဒေါက်တာအိုက်
ဘာမှမဖြစ်ပါဘူး ...ဒါက လေ
အဆင်ပြေပါတယ် ...ကျွန်တော်က
ဒေါက်တာရဲ့ လူနာအများကြီးထဲက
တစ်ယောက်ဘဲကို ၊ကျွန်တော့ကို
မကုသနိုင်ဘူးဆိုရင်လည်းဖြစ်တတ်တာဘဲဟာ ဒါက အထူးအဆန်းမဟုတ်ပါဘူး
စိတ်မကောင်း မဖြစ်ပါနဲ့ "

အိုက်ကျိယွီသည် မတ်တပ်ရပ်ကာသူ့ကို ငေးကြည့်လာခဲ့ရင်း သူ၏ မျက်လုံးများတွင်
တောက်ပနူးညံ့နေမှုတို့ ရှိနေလျက်သူ့အား
ပြောလာခဲ့ပေသည်။

"ကိုယ်လေ မင်းကို ကိုယ့်ရဲ့
လူနာတစ်ယောက်အဖြစ်
ကိုယ် မသတ်မှတ်နိုင်တော့ဘူး "

ဟယ်ကျစ်ရှုဘာမှပြန်မပြောနိုင်ခင်မှာပင် အိုက်ကျိယွီသည် ပခုံးများအားဆုပ်ကိုင်လာခဲ့ရင်းနှုတ်ခမ်းများပေါ်သို့အနမ်းများက နူးညံ့စွာကျရောက်လာခဲ့လေသည်။ထို့နောက် မျက်ရည်များကျလာလျက် သူ့ကို စကားများ များစွာ ပြောလာခဲ့သည်ကား။

"ကိုယ်မင်းကို အရမ်းချစ်တယ်
ကျစ်ရှုရယ် ...ကိုယ်မင်းကိုအရမ်းချစ်တာ
ဒီခံစားချက် ကြီးကိုထိန်းချုပ်ဖို့
ကြိုးစားပြီး မင်းကိုရှောင်ပေမယ့်
ကိုယ့်နှလုံးသားကလက်မခံခဲ့ဘူး
ကိုယ် အရမ်းကြောက်တယ်
မင်းကို ဆုံးရှုံးရမှာ ကို "

(AN ရှောင်ဟွား ဒါလေးကို ဒါဒါလေးတို့
အစောကြီး ဖတ်ရအောင် တင်ပေးချင်လို့
ညက 3နာရီခွဲမှ အိပ်ပြီး ရေးပေးလိုက်ပါတယ် ဒေါက်တာရဲ့ ကောင်မလေးတွေက
ကျစ်ရှုလေးနေရာမှာ ခံစားပြီး
ပျော်လိုက်ကျနော် ရှောင်ဟွားတော့
ပျော်လဲ ပျော်ဝမ်းလည်းနည်းတယ် )

11.1.2021

......

EP31ေဒါက္တာအိုက္၏ခ်စ္စကား

က်န္းဝမ္႐ႊီသည္ ခုရက္ပိုင္း သူ၏ ရႈပ္ေပြမႈမ်ားကိုရပ္တန့္ထားပုံရေနသည္။က်စ္ရႈ၏ အျမင္တြင္ အနည္းဆုံးေတာ့
သူ အိမ္ျပန္လာရန္ သိတတ္ေနသည္ဟုေတြ႕ျမင္လာရ
သည္။အခ်ိန္မွီပုံမွန္အလုပ္သြားၿပီး အိမ္သို႔ မည္မွ် ပင္
ေနာက္က်ေစကာမူ အိမ္ျပန္လာေလ့ ရွိေနခဲ့ေလသည္။

ဟယ္က်စ္ရႈ၏ ေရာဂါအေျခအေနသည္
ယခင္အတိုင္းပင္ရွိေနခဲ့ရင္းအရမ္း လဲ
ေကာင္းလာျခင္းမရွိသလိုထိန္းခ်ဳပ္နိုင္
သည္ဟုလည္း မဆိုနိုင္ရွိေနခဲ့ရသည္။
က်စ္ရႈသည္ ေဆး႐ုံသို႔ အႀကိမ္ႀကိမ္
သြားခဲ့သည္တိုင္ေအာင္ေဒါက္တာအိုက္
သည္ သူ႕ကိုပင္တမင္ေရွာင္ေနခဲ့သည္
ကိုေတြ႕ခဲ့ရေလသည္ ။

ဟယ္က်စ္ရႈသည္ အိုက္က်ိယြီ
အလုပ္မ်ားေနသည္ဟုသာ
သေဘာပိုက္ထားရင္း သူ၏ဆရာဝန္
ေျပာင္းလဲမႈႏွင့္ ပတ္သက္ ၿပီး
မ်ားစြာ ေစာဒက မတက္မိခဲ့ေပ။
သို႔ေသာ္ အိုက္က်ိယြီသည္ ႐ုံးခန္းမွ
အထြက္ သူ႕အားမျမင္ခ်င္ေယာင္
ေဆာင္သြားခဲ့ေသာအခါမွသာ
သူတခုနားလည္ခဲ့သည္ကား
ေဒါက္တာအိုက္ကသူ႕အားတမင္
​ေရွာင္ေနျခင္းျဖစ္သည္ကိုပင္ျဖစ္ေလသည္။

ဟယ္က်စ္ရႈသည္ ဘာေၾကာင့္ ပင္
အိုက္က်ိယြီသည္ သူ႕အေပၚ
စိမ္းကားသြားသည္ကို နားမလည္ခဲ့ေပ။
သူထင္ျမင္ခဲ့သည္က ေဒါက္တာအိုက္သည္
အၿမဲလို ဂ႐ုစိုက္ ႏြေးေထြးေပးခဲ့သည္။
ထိုတစ္ခုျဖင့္ပင္ သူတို႔ႏွစ္ဦး အခင္မင္ဆုံး
သူငယ္ခ်င္းမ်ားအ ျဖစ္သတ္မွတ္လို႔
ရနိုင္ေပသည္။ သို႔ေသာ္ဘာအေၾကာင္း
းေၾကာင့္မ်ား ေဒါက္တာအိုက္သည္
သူ႕အေပၚ ေအးစက္သြားရပါသနည္း။
က်စ္ရႈသည္ လူတို႔၏ ခံစားခ်က္မ်ားႏွင့္
လူတခ်ိဳ႕ကို ရႈပ္ေထြးမႈမ်ားေၾကာင့္ပင္
နားမလည္နိုင္ျဖစ္လ်က္ရွိ ေနခဲ့ရေလသည္။

ဟယ္က်စ္ရႈသည္ ဓာတုကုထုံးအတြက္
ေဆး႐ုံသို႔လာခဲ့ရသည္။ယခု တစ္ေခါက္သည္ ဒီလ၏ 3ႀကိမ္ေျမာက္ျဖစ္ၿပီးမည္သူမွ သူ႕ေဘးမွာရွိမေနခဲ့ဘဲ
သူတစ္ေယာက္ထဲသာကုသမႈကို ခံယူ ခဲ့ရသည္။

ဓာတုကုထုံးသည္ အလြန္ပင္ၾကာျမင့္ၿပီး
ယခင္ထက္ပင္ ပိုမို၍ နာက်င္ရေသာ
ေၾကာင့္သူ၏ မွတ္ညာဏ္မ်ားသည္
လက္ရွိ ျဖစ္ပ်က္ေနေသာ ေဆာင္းရာသီ၏
အလြန္ပင္ ေအးခ်မ္းမႈႏွင့္ ေလတိုက္ႏႈန္း
ျပင္းထန္ေနသည္ကိုလည္း သူမသိနိုင္
သူသိသည္က မီးခိုးေရာင္ေကာင္းကင္
အျဖစ္ ျမင္ေနေသာ ေဆး႐ုံ၏မ်က္ႏွာက်က္
ျဖဴျဖဴရွိ ႏွင္းမႈန္ ေလးမ်ားပင္ ျဖစ္ေလသည္။

ဓာတု ေဆးသြင္း ကုသမႈ ခံယူၿပီး ေနာက္
ဆယ္မိနစ္မွ်တြင္ သူနိုးလာခဲ့ေလသည္။
သူသည္ နံရံကို လက္ျဖင့္အားျပဳထိန္းကိုင္ေလွ်ာက္သြားကာမ်က္ႏွာမွာေဆးသြင္းထားမႈေၾကာင့္နာက်င္မႈ
တိူ႕ျဖင့္ျဖဴေဖ်ာ့ေနရင္းႏွင္းေငြ႕မ်ားႏွင့္အတူ နံရံမွာလဲ
႐ြဲစိုလ်က္ရွိေနခဲ့သည္။သူသည္ ပိန္ပါးေသာခႏၶာကိုယ္
ႏွင့္ အားငယ္စိတ္ အထီးက်န္စိတ္တိူ႕ျဖင့္
ခဏမွ် ထိုင္ခ်မိလိုက္သည္။

ေခါင္းကိုက္ျခင္းႏွင့္ ဓာတုကုထုံး၏
ေနာက္ဆက္တဆိုးက်ိဳးမ်ား ျဖစ္ေသာ ပ်ိဳ႕အန္ေစမႈတို႔ကသူ႕အားလမ္းပင္မေလွ်ာက္နိုင္သည္အထိဆိုးဝါး
​ေနေစေသာေၾကာင့္ပင္ျဖစ္သည္။သူ၏ မ်က္စိမ်ားမွာမႈန္ဝါးလာေစရင္းေျခေထာက္ပင္ဆက္မရပ္နိုင္ေတာ့
​ေသာေၾကာင့္ ေျဖးေျဖးခ်င္းထိုင္ခ်လိဳက္ရင္း
မူးေဝျခင္းကိုလည္းခံစားေနရလ်က္ ရွိေနခဲ့ေလသည္
။အခ်ိန္ခဏမွ်အၾကာမ်က္လုံးဖြင့္လိုက္ခ်ိန္၌ သူ႕ေရွ႕တြင္လူတစ္ေယာက္ရွိေနသည္ကို သူေတြ႕လိုက္ရသည္။
သူ႕မ်က္လုံးမ်ားေမာ့ၾကည့္လိုက္ခ်ိန္၌အျဖဴေရာင္ကုတ္
ေလးႏွင့္အတူ ေခ်ာေမာကာသေဘာထား
ျပည့္ဝေသာမ်က္ႏွာေလးတစ္ခုကိုေတြ႕လိုက္ရသည္။

"ကိုယ့္႐ုံးခန္းမွာခဏအနားယူလိုက္ပါလား"

အိုက္က်ိယြီသည္ သူ႕အား ဂ႐ုဏာသက္စြာ
ၾကည့္ရင္း ေျပာလာခဲ့ေလသည္။
အိုက္က်ိယြီ၏ မ်က္ဝန္းညို ထဲတြင္
နားလည္နိုင္ျခင္းမရွိေသာဝမ္းနည္းမႈအရိပ္တို႔ျဖင့္
ျပည့္ႏွက္လ်က္ရွိေနခဲ့ သည္။

ဟယ္က်စ္ရႈသည္ ေခါင္းခါျပလိုက္ရင္း
ႏႈတ္ခမ္းမ်ားကို ဖိကိုက္ကာ ထရပ္ဖို႔
ျပင္ေသာ္လည္း သူ႕အတြက္ မတ္တပ္ရပ္ဖို႔ပင္
အလြန္္ခက္ခဲလ်က္ ရွိေနခဲ့ရေလသည္။
အိုက္က်ိယြီသည္ သူ႕ကို ပုံမွန္အတိုင္း
ေဖးမကာ ဆြဲထူမႈ လုပ္မေပးခဲ့ဘဲထိုအစား
႐ုတ္တရက္ပင္သူ႕အားလက္ေမာင္းမ်ားျဖင့္ေပြ႕ခ်ီကာ
သယ္မလိုက္သည္ကိုေတြ႕လိုက္ရသည္။

"ေဒါက္တာ "

ဟယ္က်စ္ရႈသည္ ႐ုတ္တရက္
အံ့ၾသ သြားခဲ့ရင္း ဝမ္းနည္းစိတ္ေၾကာင့္ပင္
မ်က္ရည္မ်ားပင္ က်ဆင္းလာသည္အထိ
ငိုလိုက္မိေလသည္။

အိုက္က်ိယြီသည္ ဘယ္သူ႕ကိုမွဂ႐ုစိုက္ဟန္
မရွိဘဲ က်စ္ရႈအား ေပြ႕ခ်ီကာ လွမ္းေလွ်ာက္လာခဲ့သည္။သို႔ေသာ္ သူသည္႐ုတ္တရက္ က်စ္ရႈရွက္႐ြံ႕မႈ
မျဖစ္ေပၚေစဖို႔

"ေဘးဖယ္ အေရးေပၚ အေရးေပၚ "

ဟု ေအာ္လိုက္သည္။
သူတို႔အား ၾကည့္ေနေသာပတ္ဝန္းက်င္ရွိ
နပ္စ္မေလးမ်ားႏွင့္ လူအမ်ားသည္
ယခုမွပင္ သံသယကင္းစြာနားလည္သြားၾကရင္း
လမ္းဖယ္ေပးလ်က္သူတို႔အားၾကည့္ေနၾကေလသည္။

နားေနခန္း၏အျပင္အဆင္သည္
ယခင္အတိုင္းပင္မ်ားစြာမေျပာင္းလဲခဲ့ေသာ္လည္း
ဂြမ္းေစာင္ေလးမွာမူေနေရာင္ႏွင့္ထိေတြ႕ခြင့္နည္းပါးသည္ထင္လ်က္ အနည္းငယ္စိုထိုင္းစျပဳေနခဲ့ေလသည္။

"ေက်းဇူးတင္ပါတယ္ ေဒါက္တာ"

ဟယ္က်စ္ရႈသည္ စိတ္မၿငိမ္ေသးလ်က္
အိုက္က်ိယြီအား နီျမန္းေသာမ်က္ႏွာေလးျဖင့္
ၿပဳံးျပကာ စကားဆိုခဲ့မိေလသည္။

အိုက္က်ိယြီသည္ သူ႕အားဘာမွမေျပာဘဲ
ေခါင္းကိုငုံ႕ခ်လိဳက္ရင္းသူ႕အား ျငင္ျငင္သာသာပင္
အိပ္ရာေပၚ သို႔ခ်ေပးလိုက္ေလသည္။ ထိုေနာက္
အိုက္က်ိယြီသည္ခဏမွ် တိတ္ဆိတ္စြာ ရွိေနခဲ့သည္။

ဟယ္က်စ္ရႈ ႏႈတ္ခမ္းအစြန္းေလးအားဖိကိုက္ထားရင္း
အိုက္က်ိယြီ၏ဂ်ဴတီကုတ္ အျဖဴေရာင္ေလး၏အက်ီလက္အဖ်ားစြန္းေလးအားႏွစ္ႀကိမ္မွ် ဆြဲကာ ေမးလိုက္သည္။

"ေဒါက္တာ ဘာျဖစ္လို႔လဲဟင္
တခုခု ျဖစ္လို႔လား"

ေဒါက္တာအိုက္သည္ သူ႕အား ဆို႔နစ္စြာ
ၾကည့္လာရင္း ႐ုတ္တရက္ပင္သူ႕အား
တင္းၾကပ္စြာ ေပြ႕ဖက္လာရင္းငိုသံမ်ားစြက္လ်က္သူ႕အားေျပာလာခဲ့ေလသည္။

"က်စ္ရႈရယ္ ကိုယ္ေတာင္းပန္ပါတယ္
ေတာင္းပန္ပါတယ္ ...
တကယ္... ေတာင္းပန္ပါတယ္!

အိုက္က်ိယြီ၏ မ်က္လုံးမ်ားသည္
နီရဲေနလ်က္နင့္နင့္သီးသီးပင္စိတ္မေကာင္းျဖစ္လ်က္ရွိၿပီး သူ႕အတြက္ အိုက္က်ိယြီေဘးမွာရွိျခင္းသည္အနည္းငယ္သန္မာလာေစသည္ဟုပင္သူခံစားေနရသည္။

"ရိုးတြင္းခ်ဥ္ဆီ ရိုးတြင္းခ်ဥ္ဆီက ေလ"

အိုက္က်ိယြီသည္ အသံသည္ခဏမွ်
ျပတ္ေတာက္သြားရင္း

"ကိုယ္ မင္းနဲ႕ ကိုက္တဲ့ ရိုးတြင္းခ်ဥ္ဆီကို
ရွာ ေတြ႕ခဲ့တယ္ ဒါေပမယ့္ ၿမိဳ႕ေတာ္ဝန္ရဲ႕
သားကလဲ အေရးတႀကီးလိုအပ္ေနတယ္
စမ္းသပ္မႈေတြ လုပ္ၿပီးၿပီးခ်င္းဘဲ
သူက တျခားတစ္ေယာက္အတြက္
အဲဒီ ရိုးတြင္းခ်ဥ္ဆီကို ယူသြားၾကတယ္တဲ့"

ဟယ္က်စ္ရႈသည္ အလြန္ပင္
အံ့အားသင့္သြားခဲ့ရင္း ထို႔ေနာက္ရယ္လ်က္

"ေအာ္ အဲဒါေၾကာင့္လား
ဘာမွ မျဖစ္ပါဘူး အေရးမႀကီးဘူး
ကြၽန္ေတာ္က ေဒါက္တာမ်ား တစ္ခုခု
ဘာမ်ားျဖစ္လဲ စိတ္ပူသြားတာ"

ဟယ္က်စ္ရႈသည္ သူ႕စိတ္ထဲ၌
ဝမ္းနည္းသြားခဲ့ေသာ္လည္း ႏူးညံ့ေသာအသံျဖင့္
ေျပာလိုက္ရင္း အိုက္က်ိယြီ၏ ေက်ာျပင္အား
ဖြဖြပုတ္ကာ ႏွစ္သိမ့္ေပးလိုက္သည္။

"ေနာက္တႀကိမ္ သင့္ေတာ္တာလဲ
ထပ္ေတြ႕နိုင္တာဘဲ ၿမိဳ႕ေတာ္ဝန္ရဲ႕သားက
ကြၽန္ေတာ့္ထက္ ပို အေရးႀကီးတယ္ေလ
အဲဒါ ေၾကာင့္ သူနဲ႕ထိုက္တန္လို႔ရတာဘဲ
ဘာမွမျဖစ္ပါဘူး"

"မဟုတ္ဘူး သူ႕အတြက္မဟုတ္ဘူး
ၿမိဳ႕ေတာ္ဝန္ရဲ႕သားကေနမေကာင္းျဖစ္ေနတဲ့
သူ႕ခ်စ္သူအတြက္တဲ့...သူ ကိုယ္တိုင္အတြက္
မဟုတ္ဘဲတမင္ အာဏာဗန္းျပၿပီးယူသြားတာ
အဲ့လူ တကယ္ဆိုး႐ြားလြန္းတယ္"

ဟယ္က်စ္ရႈသည္ သူ႕အတြက္ ႏွင့္
ေပါက္ကြဲ ေနေသာအိုက္က်ိယြီ အား
သူမည္သို႔ေျဖာင္းဖ်ရမည္ကို စဥ္းစား
ေနခဲ့ေလသည္။ တကယ္ ေတာ့ ရိုးတြင္းျခင္ဆီ
ရွာေတြ႕ဖို႔ဆိုသည္မွာ မလြယ္ကူမွန္း သူသိသည္။သူသည္ ရိုးတြင္းျခင္ဆီအား အခ်ိန္မွီမရ ရွိပါက ေသဆုံးနိုင္ကို
လည္းသူသိသည္။သို႔ေသာ္ သူကကံတရားႀကီးအားအလုံး စုံပုံအပ္ထားသည္မို႔ဤသည္လည္း သူ႕၏ကံပင္ျဖစ္ေပ
သည္ဟုသူမွတ္ယူမိသည္။

"ကိုယ္... ကိုယ့္ရဲ႕ အကိုကို
အကူအညီေတာင္းထားတယ္
နည္းလမ္း တစ္ခုခုနဲ႕ရေအာင္ရွာေပးဖို႔ "

ဟယ္က်စ္ရႈသည္ ရိုးတြင္းျခင္ဆီ
မရ ျခင္းေၾကာင့္မဟုတ္ဘဲအိုက္က်ိယြီက
သူ႕အေပၚအလြန္ပင္ေကာင္းေပးၿပီး
သူ႕အတြက္ စိုးရိမ္ေပးေနေသာေၾကာင့္
သူတကယ္ပင္စိတ္မေကာင္းျဖစ္ေနမိသည္။
သူမငိုမိေအာင္အားတင္းထားေသာ္လည္း
သူ႕ကို တကယ္ႏြေးေထြးေပးေသာသူအတြက္
သူဖက္မွ ဘာမွျပန္မေပးနိုင္ေသာေၾကာင့္
မ်က္ရည္မ်ားစြာ က်ဆင္းလာခဲ့ရေလသည္။

"ေဒါက္တာ ....ေဒါက္တာအိုက္
ဘာမွမျဖစ္ပါဘူး ...ဒါက ေလ
အဆင္ေျပပါတယ္ ...ကြၽန္ေတာ္က
ေဒါက္တာရဲ႕ လူနာအမ်ားႀကီးထဲက
တစ္ေယာက္ဘဲကို ၊ကြၽန္ေတာ့ကို
မကုသနိုင္ဘူးဆိုရင္လည္းျဖစ္တတ္တာ
ဘဲဟာ ဒါက အထူးအဆန္းမဟုတ္ပါဘူး
စိတ္မေကာင္း မျဖစ္ပါနဲ႕ "

အိုက္က်ိယြီသည္ မတ္တပ္ရပ္ကာသူ႕ကို
ေငးၾကည့္လာခဲ့ရင္း သူ၏ မ်က္လုံးမ်ားတြင္
ေတာက္ပႏူးညံ့ေနမႈတို႔ ရွိေနလ်က္သူ႕အား
ေျပာလာခဲ့ေပသည္။

"ကိုယ္ေလ မင္းကို ကိုယ့္ရဲ႕
လူနာတစ္ေယာက္အျဖစ္
ကိုယ္ မသတ္မွတ္နိုင္ေတာ့ဘူး "

ဟယ္က်စ္ရႈဘာမွျပန္မေျပာနိုင္ခင္မွာပင္ အိုက္က်ိယြီသည္ ပခုံးမ်ားအားဆုပ္ကိုင္လာခဲ့ရင္းႏႈတ္ခမ္းမ်ားေပၚသို႔အနမ္းမ်ားက ႏူးညံ့စြာက်ေရာက္လာခဲ့ေလသည္။ထို႔ေနာက္
မ်က္ရည္မ်ားက်လာလ်က္ သူ႕ကို စကားမ်ား
မ်ားစြာ ေျပာလာခဲ့သည္ကား။

"ကိုယ္မင္းကို အရမ္းခ်စ္တယ္
က်စ္ရႈရယ္ ...ကိုယ္မင္းကိုအရမ္းခ်စ္တာ
ဒီခံစားခ်က္ ႀကီးကိုထိန္းခ်ဳပ္ဖို႔
ႀကိဳးစားၿပီး မင္းကိုေရွာင္ေပမယ့္
ကိုယ့္ႏွလုံးသားကလက္မခံခဲ့ဘူး
ကိုယ္ အရမ္းေၾကာက္တယ္
မင္းကို ဆုံးရႈံးရမွာ ကို "

(AN ေရွာင္ဟြား ဒါေလးကို ဒါဒါေလးတို႔
အေစာႀကီး ဖတ္ရေအာင္ တင္ေပးခ်င္လို႔
ညက 3နာရီခြဲမွ အိပ္ၿပီး ေရးေပးလိုက္ပါတယ္
ေဒါက္တာရဲ႕ ေကာင္မေလးေတြက
က်စ္ရႈေလးေနရာမွာ ခံစားၿပီး
ေပ်ာ္လိုက္က်ေနာ္ ေရွာင္ဟြားေတာ့
ေပ်ာ္လဲ ေပ်ာ္ဝမ္းလည္းနည္းတယ္ )

11.1.2021

























Continue Reading

You'll Also Like

424K 16.1K 44
ကိုယ်ဟာ ကြိုးဝိုင်းထဲမှာ ကိုယ့်ကိုစိန်ခေါ်လာသမျှကောင်တွေအကုန် ထိုးရဲတယ် သတ်ရဲတယ် ကိုယ်နိုင်မယ်ဆိုတဲ့ယုံကြည်မှုရှိတယ် ကိုယ်မလုပ်ရဲတာဘာမှမရှိဘူးလို့ထင...
348K 11.8K 45
ဖီးနစ်ငှက်တစ်ကောင်ရဲ့ ရင်ကွဲမတတ်အော်ဟစ်သံဟာ လောင်ကျွမ်းအံ့ဆဲဆဲ အတောင်ပံတွေနဲ့အတူ ပျောက်ကွယ်ပျက်စီးသွားတော့မယ့်အချိန်မှာ ငါဟာ မင်းနဲ့နောက်တစ်ကြိမ်...
2.2M 325K 191
Title - 又被前男友盯上了(Be watched by my Ex again) Author - 橘猫哥哥(Ju Mao Gege) Status - 183 chapters + 36 extras I don't own anything. This is not for commer...