ဆယ်နှစ်ထက်မကမင်းကိုပိုပြီးချစ...

By pngon677

286K 25.6K 695

..Myanmar Translation of The Ten Years that I loved You Most COO ..81Chapters +5extras Original Author 无仅死 ... More

Announced(U+Z)
စာမြှားချိတ် (U+Z)
Start To(U+Z)
EP1(U+Z)
EP2(U+Z)
EP3(U+Z)
EP4(U+Z)
EP5(U+Z)
EP6(U+Z)
EP7(U+Z)
EP8(U+Z)
EP9(U+Z)
EP10(U+Z)
EP11(U+Z)
EP12(U+Z)
EP13(U+Z)
EP14(U+Z)
EP15(U+Z)
EP16(U+Z)
EP17(U+Z)
EP18(U+Z)
EP19(U+Z)
EP20(U+Z)
EP21(U+Z)
EP22(U+Z)
EP23(U+Z)
EP24(U+Z)
EP25(U+Z)
EP27(U+Z)
EP28(U+Z)
EP29(U+Z)
EP30(U+Z)
EP31(U+Z)
EP32(U+Z)
EP33(U+Z)
EP34(U+Z)
EP35(U+Z)
EP36(U+Z)
EP37(U+Z)
EP38(U+Z)
EP39(U+Z)
EP40(U+Z)
EP41(U+Z)
EP42(U+Z)
EP43(U+Z)
EP44(U+Z)
EP45(U+Z)
EP46(U+Z)
EP47(U+Z)
EP48(U+Z)
EP49(U+Z)
EP50(U+Z)
EP51(U+Z)
EP52(U+Z)
EP53(U+Z)
EP54(U+Z)
EP55(U+Z)
EP56(U+Z)
EP57(U+Z)
EP58(U+Z)
EP59(U+Z)
EP60(U+Z)
EP61(U+Z)
EP62(Ū+Z)
EP63(U+Z)
EP64(U+Z)
EP65(U+Z)
EP66(U+Z)
EP67(U+Z)
EP68(U+Z)
EP69(U+Z)
EP70(U+Z)
EP71(U+Z)
EP72(U+Z)
EP73(U+Z)
EP74(U+Z)
EP75(U+Z)
EP76(U+Z)
EP77(U+Z)
EP78(U+Z)
EP79(U+Z)
EP80(U+Z)
EP81(U+Z)
EP82(U+Z)
EP83(U+Z)
EP84(U+Z)
EP85(U+Z)
EP86(U+Z)
Thank You (U+Z)
Announce (U+Z)

EP26(U+Z)

2.3K 280 1
By pngon677

...EP26 ကျန်းကသူ့အားသတိရသည်တဲ့

..ဟယ်ကျစ်ရှုသည် အိမ်တံခါးဖွင့်လိုက်ချိန်တွင် သူ၏ အိမ်လေးသည်သပ်သပ်ရပ်ရပ်လေးနှင့် သန့်ရှင်းလျက်ရှိနေသည်ကို
တွေ့လိုက်ရသည်။ဒေါက်တာအိုက်သည်
တစ်ယောက်ယောက်အားသန့်ရှင်းရေးသေချာပင်လုပ်ခိုင်းထားမှန်းသိသာနေခဲ့လေသည်။ ကြောင်လေး၄ကောင်သည်လည်း
တစ်ကောင်နှင့်တစ်ကောင် တိုးဝှေ့ကာ အိပ်ပျော်နေလျက်ရှိနေကြလေသည်။

ဟယ်ကျစ်ရှုသည် သက်ပြင်းချလိုက်ရင်း
သူ့အိမ်လေးသည် ယခင်ကသူစဉ်းစားထားသောစိတ်ကူးလေးများထက်ပိုမိုလှပနေလျက်ရှိနေကြောင်း ထိတွေ့နေရလေသည်။သူလက်မခံမှာသိသောကြောင့်ပင်
ဒေါက်တာအိုက်သည် သူမသိအောင်အိမ်လေးအားပြင်ဆင်ထားခိုင်းပုံရနေသည်
ပင်ဖြစ်လေသည်။

ဒီရက်များအတွင်း ဒေါက်တာအိုက်ကို
ဟယ်ကျစ်ရှုသည်အထပ်ထပ်အခါခါ
ဖုန်းတွေဆက်နေခဲ့သော်လည်း
မည်သည့်အကြောင်းကြောင့်ရယ်မသိ
ဒေါက်တာအိုက်မှ သူ့ဖုန်းအားလုံးဝပင်ဖြေဆိုခြင်းလဲမရှိခဲ့သလို ဖုန်းပြန်ခေါ်ခြင်းသည်လည်းရှိမလာခဲ့သည်မို့ကျစ်ရှု၏ ဘဝလေးသည် အလွန်ပင်တိတ်ဆိတ်ငြိမ်သက်လျက် အထီးကျန်နေခဲ့ရသည်။ဟယ်ကျစ်ရှုသည် ဒေါက်တာအိုက်ကို ညစာစားဖို့အတွက် ထပ်ပြောရန်ဖြစ်သည်။ ကျန်းဝမ်ရွီကလည်း သူ့ဆီကို ဒီရက်များတွင်ဖုန်းမခေါ်ခဲ့သော်လည်း ညဖက်ရောက်ချိန်တွင်တော့
မက်ဆေ့များပို့ထားတတ်ခဲ့သည်။

နောက်လေးငါးရက်ခန့်အကြာတွင်
ဟယ်ကျစ်ရှုသည်အိမ်မှထွက်ခဲ့ပြီး သူသည်
အစားစားချင်စိတ်လုံးဝမရှိသော်လည်း သစ်သီးနှင့်ဟင်းသီးဟင်းရွက်အချို့အား ဝယ်ဖို့လိုအပ်သောကြောင့်ဖြစ်သည်။သူထွက်လာချိန်တွင်အပြင်ဖက်၌နှင်းပွင့်များပင်ကျဆင်းနေလျက် လေတို့ကတိုက်ခတ်နေကြချိန်ဖြစ်သည်။ ကျစ်ရှုသည်လည်ပင်းတွင် ပဝါလေးအား တင်းတင်းပတ်ကာထွက်လာခဲ့ပြီး လိုအပ်သည့် ပစ္စည်းများကို ဝယ်ပြီးနောက် အိမ်သို့တတ်နိုင်သမျှ မြန်မြန်ပြန်ဖို့သာစိတ်လောနေခဲ့လေသည်။

ခေါင်းထဲ၌ အတွေးပေါင်းစုံတွေးလာရင်း
လမ်းလျှောက်နေစဉ် လမ်းမပေါ်ရှိ
ရေခဲနေသောရေအိုင်နက်နက်တစ်ခုအား သတိမထားမိဘဲခြေထောက်လှမ်းလိုက်ချိန်တွင် ထိုရေအိုင်ငယ်သည်အက်ကွဲကာ ခြေထောက်ကျွံသွားခဲ့သည်။ဆီးနှင်းများကျနေသောလမ်းမဖြစ်သော ကြောင့်လမ်းပြင်မှာချောနေလျက်ရှိနေခဲ့လျက်ရှိနေသည်။ကျစ်ရှုသည် ခြေထောက်အရှိန်အား
ထိန်းလိုက်ချိန်တွင်မူမမှီတော့ဘဲ ထိုနေရာမှာပင်ပြင်းထန်သောအရှိန်ဖြင့်ချော်လဲကာ ဒူးခေါင်းတို့ပင်အနည်းငယ်ပွန်းပဲ့သွားခဲ့
လေသည်။

ထိုချော်လဲမှုသည် အမှန်တကယ်ပင်
သူ့အားနာကျင်စေခဲ့သည်။ သို့သော်သူ့ဘေးနားတွင်ဘယ်သူမှသူ့အား ကူညီမည့်သူလဲမရှိသည်မို့ ထို့ပြင်သူတစ်ယောက်တည်းနေလာခဲ့သည်မှာ ကြာခဲ့ပြီဖြစ်ပြီးသူ့ကို ဘယ်သူကမှ
ကောင်းခြင်းဆိုးခြင်းအားအရေးမစိုက်ကြသည်မို့ သူကိုယ်သူသနားဖို့ပင်မေ့နေခဲ့သည်မှာအလွန်ပင်ကြာလှခဲ့ပြီဖြစ်လေသည်။ထို့ကြောင့်ပင် နှုတ်ခမ်းတိူ့အားဖိကိုက်ကာ ရုန်းထရင်းသူ့ဘေးနားရှိ မြေပြင်ပေါ်တွင်ပြန့်ကျဲသွားသောပစ္စည်းများအား
အိတ်ထဲသို့ အမြန်ပင်ကောက်ယူကာ
ပြန်စုထည့်လိုက်သည်။ ဒူးခေါင်းမှာ
အတော်ပင်ပွန်းပဲ့သွားသည်မို့
မတ်တပ်ကောင်းကောင်းရပ်မရသော်လည်း အားတင်းကာရပ်ရင်းအိမ်သို့ရောက်အောင်တော့ဖြေးညှင်းစွာ သူပြန်လာခဲ့လိုက်သည်။

ဟယ်ကျစ်ရှုသည်ယခင်ကတစ်ယောက် တည်းဘဲအချိန်ကြာစွာနေထိုင်နေရသည်မို့
တခါတလေအထီးကျန်မှုလေးတော့
ဖြစ်ဖူးသည်။လူတချို့ကပြောကြသည်။ တစ်ယောက်တည်းနေပါကစိတ်ချမ်းသာ၍ အသက်ရှည်ကြသည်ဟုပင်။သို့သော်သူ့တွင်တော့ ထိုအခွင့်အရေးက မရှိနိုင်ပေမယ့်
သူ့ဘဝရဲ့ နာကျင်မှုတွေထဲကတော့
တခါတလေ သူလွတ်မြောက်နိုင်ခွင့်ကို
တော့သူရချင်ခဲ့မိသည်။

သူမွေးထားသောကြောင်လေးများသည် လျင်မြန်စွာကြီးထွားလာကြလျက်
အတော်ပင်လှလာကြကာသူ့အားအလွန်ပင်ခင်တွယ်ကြသည်။ ကျစ်ရှုသည်သူမည်မျှပင် ပင်ပန်းစေကာမူအမြဲတမ်း ငါးဟင်းချိုတစ်ခွက်တော့ချက်ဖို့အတွက်သူသတိရမြဲလည်းဖြစ်သည်။

ထိုနေ့၌ ဟယ်ကျစ်ရှုသည် ကျန်းဝမ်ရွီအား
ည၁၁နာရီနောက်ပိုင်းအိမ်ပြန်ရောက်လာခဲ့မည်ဟုလုံးဝမထင်ထားခဲ့ပေ။ သူသည် အအိပ်ဆတ်သူဖြစ်ပြီးတံခါးဖွင့်သံကြားသောကြောင့် ချက်ချင်းပင်သူနိုးလာခဲ့သည်။
သူအခန်းထဲမှ ထွက်လာခဲ့လိုက်ရာကျန်းဝမ်ရွီ သည်သူ၏ အီတလီ သားရေဖိနပ်ကို ချွတ်ပြီး
သူ၏ သိုးမွှေးကုတ်ကို ပင်ဆိုဖာပေါ်၌တင်ထားလျက်ထိုင်နေသည်ကိုတွေ့လိုက်ရသည်။

"မင်းပြန်လာပြီလား
မင်းဘာလို့ ဖုန်းမဆက်တာလဲ'

သူ့စကားကိုကြားသောအခါကျန်းဝမ်ရွီသည်
အံ့သြမှုကြောင့်မျက်ခုံးများတွန့်လျက်
သူ့အားကြည့်နေခဲ့လေသည်။

ဟယ်ကျစ်ရှုသည်ကျန်းဝမ်ရွှီနားသို့လျှောက်သွားကာအေးဆေးသောအသံဖြင့်

!မင်းတံခါးဖွင့်သံကြောင့်ငါနိုးလာတာ
မင်းဘာလို့ ပြန်လာမယ်လို့
ငါ့ကိုကြိုမပြောတာလဲ
ဘာလဲငါ့ကိုလာမကြိုစေချင်လို့လား!

ဟုမေးလိုက်သည်။

ကျန်းသည် ကျစ်ရှုနားသို့လျှောက်လာရင်း နဖူးလေးအားတချက်နမ်းကာ
သူ့အားအဖြေပေးလာသည်။

!လေယာဉ်ချိန်က အရမ်းနောက်ကျတယ်
ငါမင်းကို အလုပ်မပေးချင်လို့ ပြီးတော့
ပေကျင်းရဲ့ ဆောင်းရာသီက
ညဖက်အရမ်းအေးလို့!

ဟယ်ကျစ်ရှုသည် ကျန်းဝမ်ရွီ ၏စကားကိုကြားချိန်တွင်မပြုံးချင်ပြုံးချင်ဖြင့် ပြုံးလိုက်မိရင်းသူလှည့်ထွက်မည်အလုပ်ကျန်းဝမ်ရွီ က သူ့လက်အားထပ်မံ၍ ဆွဲထားသည်မို့

!ငါးဟင်းချိုရှိတယ် ဟင်းချိုကအေးလို့
မီးဖိုချောင်ဝင်ပြီး နွေးပေးမယ်!

ဟုပြောကာ ကျန်းလက်ကိုဖြုတ်ချခဲ့လိုက်သည်။

ကျန်းဝမ်ရွီ သည် ကျစ်ရှုအားပြုံးပြလာရင်း

"အင်း ငါရေအရင်ချိုးလိုက်မယ် '

ဟုပြောကာရေချိုးခန်းထဲသို့ ဝင်သွားခဲ့သည်။

ကျန်းဝမ်ရွီ ရေအမြန်ချိုးပြီး ထွက်လာချိန်တွင် ဟယ်ကျစ်ရှုသည် ဟင်းချိုပူပူအားတရုတ်ပန်းကန်လုံးထဲသို့ထည့်ပြီး ကျန်းအားပေးလိုက်သည်။ ကျန်းဝမ်ရွီ သည် ဟင်းချိုအား တချက်မြည်းရင်း

!ဟင်းချိုက ပေါ့လိုက်တာ!

ဟုပြောလာသည်။

'ကြောင်တွေက အဆီပါရင် မစားဘူးလေ
ပြီးတော့ ငါလဲငန်တာမကြိုက်ဘူး'

ဟယ်ကျစ်ရှုသည်ကျန်းအားပြုံးလျက်ပြောလိုက်သည်။သို့သော်ကျန်းဝမ်ရွှီသည် ဟင်းချိုအားဆေးသောက်သကဲ့သို့တခါတည်းပင်မော့ချလိုက်ပြီးနောက်
ကျစ်ရှုက ပန်းကန်သိမ်းမည်အပြု
ကျစ်ရှုအား သူ့ရင်ခွင်ထဲသို့ဆွဲထည့်ကာ
ဖက်ထားလျက် မေးလာခဲ့လေသည်။

'မင်းငါ့ကိုမလွမ်းဘူးလားဒီရက်ပိုင်းတွင်း မင်းကြောင်လေးတွေနဲ့ဘဲပျော်နေတာလား'

ဟယ်ကျစ်ရှုသည် ခေါင်းကိုတချက်ခါလိုက်ရင်းကျစ်ရှု၏ မျက်နှာသည် အမြဲလိုပင်
အေးဆေးတည်ငြိမ်လျက်ရှိနေသော်လည်း
သူ၏ ကျန်းဝမ်ရွှီအား အေးစက်စွာဆက်ဆံပုံကိုတော့ဖြင့်ကျန်းဝမ်ရွှီသိသင့်လောက်သည်ဟုသူထင်မြင်မိခဲ့သည်။

ကျန်းသည် ဖွဖွလေးပြုံးကာ
ကျစ်ရှု၏ နှုတ်ခမ်းများအနီးသို့
တိုးကပ်ကာ နမ်းမည်အပြု တွင်
ကျစ်ရှုမှ ခေါင်းကို
စောင်းမော့လိုက်သည်မို့ ပါးပြင်ပေါ်သို့သာ
အနမ်းတစ်ခုက ကျရောက်လာခဲ့လေသည်။

!ငါအရမ်း ပင်ပန်းနေပြီ!

ဟယ်ကျစ်ရှုသည် ကျန်းဝမ်ရွီ ၏ နှုတ်ခေါင်းထိပ်အား လက်ဖြင့်တွန်းဖယ်ရင်း
တဆက်တည်း ပြောလိုက်သည်။

'မင်းလည်း ပင်ပန်းလာမှာပေါ့
အိပ်ရာဝင်တော့လေ'

ကျန်းဝမ်ရွှီသည် ကျစ်ရှုအား
တင်းကြပ်စွာပွေ့ဖက်လာရင်း

'ဒါပေမယ့် ကိုယ်က
မင်းကို အရမ်းလွမ်းနေခဲ့တာ'

ဟုပြောကာကျစ်ရှု၏
ပါးပြင်ပေါ်အား အနမ်းတစ်ခုက
ထပ်မံကျရောက်လာခဲ့လေသည်။
ဟယ်ကျစ်ရှုသည်ကျန်းဝမ်ရွီ အား
ရှောင်ရှားဖို့ရာသာတွေးနေခဲ့ရင်း
ထိုခဏ၌ ကျန်းဝမ်ရွီီသည်
ကျစ်ရှု၏ နားရွက်နားသို့
လေသံတိုးတိုးလေးဖြင့် ပြောလာခဲ့သည်ကား

'ကိုယ်မင်းကိုဖက်ထားမယ်နော် '

ဟယ်ကျစ်ရှုသည် ကျန်းဝမ်ရွီ နှင့်ပေါင်းသင်းလာခဲ့သည်မှာဆယ်စုနှစ်တစ်ခုပင်
ကျော်လွန်ခဲ့သည်မို့ ကျန်းဝမ်ရွီ သည်
ဘယ်လိုပြုမူဆက်ဆံလာပါက သူ့ထံမှ
ဘာအလိုရှိသည်ကိုပါးစပ်ကထုတ်မပြောသော်လည်းဟယ်ကျစ်ရှုကသိနေခဲ့သည်သာဖြစ်လေသည်။ကျန်းဝမ်ရွီ သည် ကျစ်ရှုအားသူနှင့်ကိုယ်လက်နှီးနှောရန်အလိုရှိနေသည်ကို ဟယ်ကျစ်ရှုက သိနေခဲ့ပြီး ကျန်းဝမ်ရွီကလည်း သူခန္ဒာကိုယ်၏ သူအလွန်ပင်
အထိမခံနိုင်သော နားရွက်ဖျားလေးများ
အားတို့ထိလျက်ရှိနေခဲ့လေသည်။

သို့သော် ဟယ်ကျစ်ရှုသည်
လည်ချောင်းကို ရုတ်တရက်
ရှင်းလျက် မျက်မှောင်ကြုတ်ရင်း
ကျန်းဝမ်ရွီ ၏အပြုအမူများကို
မနှစ်သက်သောကြောင့် မည်သို့
ငြင်းပယ်ရမည်ကို စဉ်းစားလျက်
ကျန်းဝမ်ရွီ ကတော့မူသူ့အား
တင်းတင်းကြပ်ကြပ်ပင် ပွေ့ဖက်ထားရင်း
စကားတို့က ဆက်ပြောလာခဲ့လေသည်။

"ကိုယ်မင်းကို​သတိရလို့ပါ
ကိုယ်မင်းကိူ ဖက်ထားချင်လို့ပါ
အိပ်ရာထဲသွားပြီး အိပ်ကြမယ်နော်''

5.1.2021

....

Zawgyi

...EP26 က်န္းကသူ႕အားသတိရသည္တဲ့

..ဟယ္က်စ္ရႈသည္ အိမ္တံခါးဖြင့္လိုက္ခ်ိန္တြင္
သူ၏ အိမ္ေလးသည္သပ္သပ္ရပ္ရပ္ေလးႏွင့္
သန႔္ရွင္းလ်က္ရွိေနသည္ကိုေတြ႕လိုက္ရသည္
။ေဒါက္တာအိုက္သည္ တစ္ေယာက္ေယာက္အား
သန႔္ရွင္းေရးေသခ်ာပင္လုပ္ခိုင္းထားမွန္း
သိသာေနခဲ့ေလသည္။ ေၾကာင္ေလး၄ေကာင္သည္လည္း
တစ္ေကာင္ႏွင့္တစ္ေကာင္ တိုးေဝွ႕ကာ
အိပ္ေပ်ာ္ေနလ်က္ရွိေနၾကေလသည္။

ဟယ္က်စ္ရႈသည္ သက္ျပင္းခ်လိဳက္ရင္း
သူ႕အိမ္ေလးသည္ ယခင္ကသူစဥ္းစားထားေသာစိတ္ကူးေလးမ်ားထက္ပိုမိုလွပေနလ်က္ရွိေနေၾကာင္း ထိေတြ႕ေနရေလသည္။သူလက္မခံမွာသိေသာေၾကာင့္ပင္
ေဒါက္တာအိုက္သည္ သူမသိေအာင္အိမ္ေလး
အားျပင္ဆင္ထားခိုင္းပုံရေနသည္ပင္ျဖစ္ေလသည္။

ဒီရက္မ်ားအတြင္း ေဒါက္တာအိုက္ကို
ဟယ္က်စ္ရႈသည္အထပ္ထပ္အခါခါ
ဖုန္းေတြဆက္ေနခဲ့ေသာ္လည္း
မည္သည့္အေၾကာင္းေၾကာင့္ရယ္မသိ
ေဒါက္တာအိုက္မွ သူ႕ဖုန္းအားလုံးဝပင္ေျဖဆိုျခင္းလဲမရွိခဲ့သလို ဖုန္းျပန္ေခၚျခင္းသည္လည္းရွိမလာခဲ့သည္မို႔က်စ္ရႈ၏ ဘဝေလးသည္ အလြန္ပင္တိတ္ဆိတ္ၿငိမ္သက္လ်က္ အထီးက်န္ေနခဲ့ရသည္။ဟယ္က်စ္ရႈသည္ ေဒါက္တာ
အိုက္ကို ညစာစားဖို႔အတြက္ ထပ္ေျပာရန္ျဖစ္သည္။
က်န္းဝမ္႐ြီကလည္း သူ႕ဆီကို ဒီရက္မ်ားတြင္
ဖုန္းမေခၚခဲ့ေသာ္လည္း ညဖက္ေရာက္ခ်ိန္တြင္ေတာ့
မက္ေဆ့မ်ားပို႔ထားတတ္ခဲ့သည္။

ေနာက္ေလးငါးရက္ခန႔္အၾကာတြင္
ဟယ္က်စ္ရႈသည္အိမ္မွထြက္ခဲ့ၿပီး သူသည္
အစားစားခ်င္စိတ္လုံးဝမရွိေသာ္လည္း သစ္သီးႏွင့္ဟင္းသီးဟင္း႐ြက္အခ်ိဳ႕အား ဝယ္ဖို႔လိုအပ္ေသာေၾကာင့္ျဖစ္
သည္။သူထြက္လာခ်ိန္တြင္အျပင္ဖက္၌ႏွင္းပြင့္မ်ားပင္
က်ဆင္းေနလ်က္ ေလတို႔ကတိုက္ခတ္ေနၾကခ်ိန္ျဖစ္
သည္။ က်စ္ရႈသည္လည္ပင္းတြင္ ပဝါေလးအား
တင္းတင္းပတ္ကာထြက္လာခဲ့ၿပီး လိုအပ္သည့္ ပစၥည္းမ်ားကို ဝယ္ၿပီးေနာက္ အိမ္သို႔တတ္နိုင္သမွ် ျမန္ျမန္ျပန္ဖို႔သာစိတ္ေလာေနခဲ့ေလသည္။

ေခါင္းထဲ၌ အေတြးေပါင္းစုံေတြးလာရင္း
လမ္းေလွ်ာက္ေနစဥ္ လမ္းမေပၚရွိ
ေရခဲေနေသာေရအိုင္နက္နက္တစ္ခုအား သတိမထားမိဘဲေျခေထာက္လွမ္းလိုက္ခ်ိန္တြင္ ထိုေရအိုင္ငယ္သည္
အက္ကြဲကာ ေျခေထာက္ကြၽံသြားခဲ့သည္။ဆီးႏွင္းမ်ား
က်ေနေသာလမ္းမျဖစ္ေသာ ေၾကာင့္လမ္းျပင္မွာေခ်ာေနလ်က္ရွိေနခဲ့လ်က္ရွိေနသည္။က်စ္ရႈသည္ ေျခေထာက္
အရွိန္အားထိန္းလိုက္ခ်ိန္တြင္မူမမွီေတာ့ဘဲ ထိုေနရာမွာ
ပင္ျပင္းထန္ေသာအရွိန္ျဖင့္ေခ်ာ္လဲကာ ဒူးေခါင္းတို႔ပင္
အနည္းငယ္ပြန္းပဲ့သြားခဲ့ေလသည္။

ထိုေခ်ာ္လဲမႈသည္ အမွန္တကယ္ပင္
သူ႕အားနာက်င္ေစခဲ့သည္။ သို႔ေသာ္သူ႕ေဘးနားတြင္
ဘယ္သူမွသူ႕အား ကူညီမည့္သူလဲမရွိသည္မို႔ ထို႔ျပင္
သူတစ္ေယာက္တည္းေနလာခဲ့သည္မွာ ၾကာခဲ့ၿပီျဖစ္ၿပီးသူ႕ကို ဘယ္သူကမွ ေကာင္းျခင္းဆိုးျခင္းအားအေရး
မစိုက္ၾကသည္မို႔ သူကိုယ္သူသနားဖို႔ပင္ေမ့ေနခဲ့သည္မွာအလြန္ပင္ၾကာလွခဲ့ၿပီျဖစ္ေလသည္။ထို႔ေၾကာင့္ပင္
ႏႈတ္ခမ္းတိူ႕အားဖိကိုက္ကာ ႐ုန္းထရင္းသူ႕ေဘးနားရွိ ေျမျပင္ေပၚတြင္ျပန႔္က်ဲသြားေသာပစၥည္းမ်ားအား
အိတ္ထဲသို႔ အျမန္ပင္ေကာက္ယူကာျပန္စုထည့္လိုက္
သည္။ ဒူးေခါင္းမွာ အေတာ္ပင္ပြန္းပဲ့သြားသည္မို႔
မတ္တပ္ေကာင္းေကာင္းရပ္မရေသာ္လည္း အားတင္းကာရပ္ရင္းအိမ္သို႔ေရာက္ေအာင္ေတာ့ေျဖးညွင္းစြာ သူျပန္လာခဲ့လိုက္သည္။

ဟယ္က်စ္ရႈသည္ယခင္ကတစ္ေယာက္
တည္းဘဲအခ်ိန္ၾကာစြာေနထိုင္ေနရသည္မို႔
တခါတေလအထီးက်န္မႈေလးေတာ့
ျဖစ္ဖူးသည္။လူတခ်ိဳ႕ကေျပာၾကသည္။ တစ္ေယာက္
တည္းေနပါကစိတ္ခ်မ္းသာ၍ အသက္ရွည္ၾကသည္
ဟုပင္။သို႔ေသာ္သူ႕တြင္ေတာ့ ထိုအခြင့္အေရးက
မရွိနိုင္ေပမယ့္သူ႕ဘဝရဲ႕ နာက်င္မႈေတြထဲကေတာ့
တခါတေလ သူလြတ္ေျမာက္နိုင္ခြင့္ကို
ေတာ့သူရခ်င္ခဲ့မိသည္။

သူေမြးထားေသာေၾကာင္ေလးမ်ားသည္
လ်င္ျမန္စြာႀကီးထြားလာၾကလ်က္
အေတာ္ပင္လွလာၾကကာသူ႕အားအလြန္ပင္
ခင္တြယ္ၾကသည္။ က်စ္ရႈသည္သူမည္မွ်ပင္
ပင္ပန္းေစကာမူအၿမဲတမ္း ငါးဟင္းခ်ိဳတစ္ခြက္ေတာ့
ခ်က္ဖို႔အတြက္သူသတိရၿမဲလည္းျဖစ္သည္။

ထိုေန႕၌ ဟယ္က်စ္ရႈသည္ က်န္းဝမ္႐ြီအား
ည၁၁နာရီေနာက္ပိုင္းအိမ္ျပန္ေရာက္လာခဲ့မည္ဟုလုံးဝမထင္ထားခဲ့ေပ။ သူသည္ အအိပ္ဆတ္သူျဖစ္ၿပီးတံခါးဖြင့္သံၾကားေသာေၾကာင့္ ခ်က္ခ်င္းပင္သူနိုးလာခဲ့သည္။
သူအခန္းထဲမွ ထြက္လာခဲ့လိုက္ရာက်န္းဝမ္႐ြီ
သည္သူ၏ အီတလီ သားေရဖိနပ္ကို ခြၽတ္ၿပီး
သူ၏ သိုးေမႊးကုတ္ကို ပင္ဆိုဖာေပၚ၌တင္ထား
လ်က္ထိုင္ေနသည္ကိုေတြ႕လိုက္ရသည္။

"မင္းျပန္လာၿပီလား
မင္းဘာလို႔ ဖုန္းမဆက္တာလဲ'

သူ႕စကားကိုၾကားေသာအခါက်န္းဝမ္႐ြီသည္
အံ့ၾသမႈေၾကာင့္မ်က္ခုံးမ်ားတြန႔္လ်က္
သူ႕အားၾကည့္ေနခဲ့ေလသည္။

ဟယ္က်စ္ရႈသည္က်န္းဝမ္႐ႊီနားသို႔ေလွ်ာက္သြား
ကာေအးေဆးေသာအသံျဖင့္

!မင္းတံခါးဖြင့္သံေၾကာင့္ငါနိုးလာတာ
မင္းဘာလို႔ ျပန္လာမယ္လို႔
ငါ့ကိုႀကိဳမေျပာတာလဲ
ဘာလဲငါ့ကိုလာမႀကိဳေစခ်င္လို႔လား!

ဟုေမးလိုက္သည္။

က်န္းသည္ က်စ္ရႈနားသို႔ေလွ်ာက္လာရင္း
နဖူးေလးအားတခ်က္နမ္းကာ
သူ႕အားအေျဖေပးလာသည္။

!ေလယာဥ္ခ်ိန္က အရမ္းေနာက္က်တယ္
ငါမင္းကို အလုပ္မေပးခ်င္လို႔ ၿပီးေတာ့
ေပက်င္းရဲ႕ ေဆာင္းရာသီက
ညဖက္အရမ္းေအးလို႔!

ဟယ္က်စ္ရႈသည္ က်န္းဝမ္႐ြီ ၏စကားကိုၾကားခ်ိန္တြင္မၿပဳံးခ်င္ၿပဳံးခ်င္ျဖင့္ ၿပဳံးလိုက္မိရင္းသူလွည့္ထြက္မည္
အလုပ္က်န္းဝမ္႐ြီ က သူ႕လက္အားထပ္မံ၍
ဆြဲထားသည္မို႔

!ငါးဟင္းခ်ိဳရွိတယ္ ဟင္းခ်ိဳကေအးလို႔
မီးဖိုေခ်ာင္ဝင္ၿပီး ေႏြးေပးမယ္!

ဟုေျပာကာ က်န္းလက္ကိုျဖဳတ္ခ်ခဲ့လိုက္သည္။

က်န္းဝမ္႐ြီ သည္ က်စ္ရႈအားၿပဳံးျပလာရင္း

"အင္း ငါေရအရင္ခ်ိဳးလိုက္မယ္ '

ဟုေျပာကာေရခ်ိဳးခန္းထဲသို႔ ဝင္သြားခဲ့သည္။

က်န္းဝမ္႐ြီ ေရအျမန္ခ်ိဳးၿပီး ထြက္လာခ်ိန္တြင္ဟယ္က်စ္ရႈသည္ ဟင္းခ်ိဳပူပူအားတ႐ုတ္ပန္းကန္လုံးထဲသို႔ထည့္ၿပီး က်န္းအားေပးလိုက္သည္။ က်န္းဝမ္႐ြီ သည္ဟင္းခ်ိဳအား တခ်က္ျမည္းရင္း

!ဟင္းခ်ိဳက ေပါ့လိုက္တာ!

ဟုေျပာလာသည္။

'ေၾကာင္ေတြက အဆီပါရင္ မစားဘူးေလ
ၿပီးေတာ့ ငါလဲငန္တာမႀကိဳက္ဘူး'

ဟယ္က်စ္ရႈသည္က်န္းအားၿပဳံးလ်က္ေျပာလိုက္သည္။သို႔ေသာ္က်န္းဝမ္႐ႊီသည္ ဟင္းခ်ိဳအားေဆးေသာက္သကဲ့သို႔တခါတည္းပင္ေမာ့ခ်လိဳက္ၿပီးေနာက္
က်စ္ရႈက ပန္းကန္သိမ္းမည္အျပဳ
က်စ္ရႈအား သူ႕ရင္ခြင္ထဲသို႔ဆြဲထည့္ကာ
ဖက္ထားလ်က္ ေမးလာခဲ့ေလသည္။

'မင္းငါ့ကိုမလြမ္းဘူးလားဒီရက္ပိုင္းတြင္း
မင္းေၾကာင္ေလးေတြနဲ႕ဘဲေပ်ာ္ေနတာလား'

ဟယ္က်စ္ရႈသည္ ေခါင္းကိုတခ်က္ခါလိုက္ရင္း
က်စ္ရႈ၏ မ်က္ႏွာသည္ အၿမဲလိုပင္
ေအးေဆးတည္ၿငိမ္လ်က္ရွိေနေသာ္လည္း
သူ၏ က်န္းဝမ္႐ႊီအား ေအးစက္စြာဆက္ဆံပုံကိုေတာ့ျဖင့္က်န္းဝမ္႐ႊီသိသင့္ေလာက္သည္ဟုသူထင္ျမင္မိခဲ့သည္။

က်န္းသည္ ဖြဖြေလးၿပဳံးကာ
က်စ္ရႈ၏ ႏႈတ္ခမ္းမ်ားအနီးသို႔
တိုးကပ္ကာ နမ္းမည္အျပဳ တြင္ က်စ္ရႈမွ ေခါင္းကို
ေစာင္းေမာ့လိုက္သည္မို႔ ပါးျပင္ေပၚသို႔သာ
အနမ္းတစ္ခုက က်ေရာက္လာခဲ့ေလသည္။

!ငါအရမ္း ပင္ပန္းေနၿပီ!

ဟယ္က်စ္ရႈသည္ က်န္းဝမ္႐ြီ ၏ ႏႈတ္ေခါင္းထိပ္အား
လက္ျဖင့္တြန္းဖယ္ရင္း တဆက္တည္း ေျပာလိုက္သည္။

'မင္းလည္း ပင္ပန္းလာမွာေပါ့
အိပ္ရာဝင္ေတာ့ေလ'

က်န္းဝမ္႐ႊီသည္ က်စ္ရႈအား
တင္းၾကပ္စြာေပြ႕ဖက္လာရင္း

'ဒါေပမယ့္ ကိုယ္က မင္းကို အရမ္းလြမ္းေနခဲ့တာ'

ဟုေျပာကာက်စ္ရႈ၏
ပါးျပင္ေပၚအား အနမ္းတစ္ခုက
ထပ္မံက်ေရာက္လာခဲ့ေလသည္။
ဟယ္က်စ္ရႈသည္က်န္းဝမ္႐ြီ အား
ေရွာင္ရွားဖို႔ရာသာေတြးေနခဲ့ရင္း
ထိုခဏ၌ က်န္းဝမ္႐ြီီသည္
က်စ္ရႈ၏ နား႐ြက္နားသို႔
ေလသံတိုးတိုးေလးျဖင့္ ေျပာလာခဲ့သည္ကား

'ကိုယ္မင္းကိုဖက္ထားမယ္ေနာ္ '

ဟယ္က်စ္ရႈသည္ က်န္းဝမ္႐ြီ ႏွင့္ေပါင္းသင္းလာခဲ့သည္မွာဆယ္စုႏွစ္တစ္ခုပင္ေက်ာ္လြန္ခဲ့သည္မို႔ က်န္းဝမ္႐ြီ သည္
ဘယ္လိုျပဳမူဆက္ဆံလာပါက သူ႕ထံမွဘာအလိုရွိသည္ကိုပါးစပ္ကထုတ္မေျပာေသာ္လည္းဟယ္က်စ္ရႈကသိေနခဲ့
သည္သာျဖစ္ေလသည္။က်န္းဝမ္႐ြီ သည္ က်စ္ရႈအား
သူႏွင့္ကိုယ္လက္ႏွီးႏွောရန္အလိုရွိေနသည္ကို
ဟယ္က်စ္ရႈက သိေနခဲ့ၿပီး က်န္းဝမ္႐ြီကလည္း
သူခႏၵာကိုယ္၏ သူအလြန္ပင္အထိမခံနိုင္ေသာ
နား႐ြက္ဖ်ားေလးမ်ားအားတို႔ထိလ်က္ရွိေနခဲ့ေလသည္။

သို႔ေသာ္ ဟယ္က်စ္ရႈသည္
လည္ေခ်ာင္းကို ႐ုတ္တရက္
ရွင္းလ်က္ မ်က္ေမွာင္ၾကဳတ္ရင္း
က်န္းဝမ္႐ြီ ၏အျပဳအမူမ်ားကို
မႏွစ္သက္ေသာေၾကာင့္ မည္သို႔
ျငင္းပယ္ရမည္ကို စဥ္းစားလ်က္
က်န္းဝမ္႐ြီ ကေတာ့မူသူ႕အား
တင္းတင္းၾကပ္ၾကပ္ပင္ ေပြ႕ဖက္ထားရင္း
စကားတို႔က ဆက္ေျပာလာခဲ့ေလသည္။

"ကိုယ္မင္းကိုသတိရလို႔ပါ
ကိုယ္မင္းကိူ ဖက္ထားခ်င္လို႔ပါ
အိပ္ရာထဲသြားၿပီး အိပ္ၾကမယ္ေနာ္''

5.1.2021

Continue Reading

You'll Also Like

339K 27.9K 21
Original Title - Quickly wear the face of the devil (快穿之打脸狂魔) Author - ©® Fengliu Shudai Original translation - ©® keztranslations က်ိဴးယြင္​႐ွန္​႔ဆိ...
9.2K 699 4
BOOK 2 Chinese story written in English by Original Author -skies- English Name - Stealing The Heart of A God မူရင္​းစာ​ေရးသူ၏ ခြင္​့ျပဳခ်က္​ျဖင္​့ ဘ...
32.3K 2.7K 47
Supernatural Fiction.White Frozen GOD and handsome masculine prince met with reasons.
1M 142K 95
သာမန်ရိုးရှင်းတဲ့အိမ်ထောင်သည်ဘဝဟာသဘာသာပြန်လေးပါ.. All Credit original authors & translators. Fan translation and offlline purpose .